Monday, November 10, 2008

[စကင်ဒီနေးဗီးယား] 1 New Entry: ရေခဲထဲမှာ ပိုက်ဆံရှာ

ရေခဲထဲမှာ ပိုက်ဆံရှာ



ကျနော့်ဇနီးမချို မြန်မာပြည်က မိဘတွေဆီ ငွေပို့တဲ့အခါ ဖုန်းဆက်ရပါတယ်။ တခါတော့ သူ့မောင်လူဆိုး အတွက် ငွေပို့ပေးရင်း "ပို့လိုက်တဲ့ငွေကို အလဟဿ မလုပ်လိုက်နဲ့၊ အကျိုးရှိတဲ့နေရာမှာသုံး" စသည်ဖြင့် ဆုံးမပြောဆိုနေရင်း နောက်ဆုံးပြောလိုက်တဲ့စကားက "ဒီမှာ နင့်အကိုလည်း ရေခဲထဲမှာ ပိုက်ဆံရှာရတာ" တဲ့။
ကျနော့်ယောက်ဖ စိတ်ထဲ "ရေခဲထဲမှာ ပိုက်ဆံရှာရတာ" ဆိုတာကို ဘယ်လိုနားလည်သွားမလဲလို့ ကျနော် ဆက်စဉ်းစားနေမိတယ်။ သူက မြန်မာပြည်ထဲမှာပဲ နေတာ၊ နိုင်ငံခြားဆိုတာလည်း မရောက်ဘူး၊ ဥရောပ ဆိုတာ က သူနဲ့အဝေးကြီးလေ။ ဥရောပမှာ နှင်းတွေကျတယ်ဆိုတာ ရုပ်ရှင်ထဲမှာတော့ သူမြင်ဘူးချင်မြင်ဘူး မယ်။ နောက်ဆုံး သူကောက်ချက်ချသွားနိုင်တာက "ငါ့ယောက်ဖ တယောက် ရေခဲစက်မှာ အလုပ်လုပ်တာ ဖြစ်မယ်၊ ရေခဲတုံးတွေ ဆိုက်ကားပေါ်တင်ပြီး ရေခဲခြစ်ရောင်းတဲ့ ဆိုင်တွေလိုက်ပို့ရတဲ့ အလုပ်ကို လုပ်တာမို့ ငါ့အမ က ဒီလို ပြောတာနေမှာပါ" လို့ ဆိုတာပဲ ဖြစ်ပါတယ်။
သူအဲလို ထင်ရင်တော့ မှားပါလိမ့်မယ်။ ကျနော်တို့ ဒိန်းမတ်ကို ရောက်လာတာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ပါ။ နှင်းမုန်တိုင်းတွေ တိုက်ပြီးကာစ တရက်မို့ ဘယ်နေရာပဲ ကြည့်ကြည့် ရေခဲတွေချည်းပါပဲ။ အေးလိုက်တာလည်း လွန်ပါရော။ ကွာလာလမ်ပူက ၀ယ်လာခဲ့တဲ့ အနွေးထည်တွေလောက်တော့ စကင်ဒီနေးဗီးယားဆောင်းက ရီတာပေါ့ ဖြစ်နေတာလေ။ မတ်လကုန်တော့ လမ်းပေါ်က ရေခဲတွေ အလိုလို ပျောက်ကုန်ပါတယ်။ နွေဦးရာသီ ရောက်လာတော့ မြေပေါ်က ထပေါက်လာတဲ့ ရောင်စုံပန်းလေးတွေက ချစ်စရာ ကောင်းနေပြန်ရော၊ နွေရာသီ ရောက်တော့ တေးဆိုတဲ့ ငှက်တွေရယ်၊ နေရောင်ခြည်ရယ်နဲ့ လူတွေလည်း အနွေးထည်ကြီးတွေ သိပ်မ၀တ်ရ တော့ဘူး။ မြန်မာပြည်က အညာဒေသလို ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လာတာမျိုးတော့ မရှိဘူးပေါ့လေ။
၂၀၀၆ ဆောင်းတွင်းမှာ ကျနော် အလုပ်မ၀င်ရသေးပဲ ဒိန်းမတ်စာသင်ကျောင်းပဲ တက်နေရတာမို့ ဘတ်စ်ကားနဲ့ ကျောင်းကို အသွားလမ်းပေါ်က ရေခဲတွေ တက်နင်းသွားရတာမို့ လမ်းလျှောက်ရတာ တမျိုးအရသာ ဖြစ်လို့ နေပါတယ်။ ၂၀၀၆ ဂျူလိုင်လမှာ ကျနော့်ကို စက်ရုံက အလုပ်ခန့်လိုက်ပါတယ်။ အလုပ်နဲ့အိမ် အတန်ငယ် (၁၄ ကီလိုမီတာ) ဝေးတာမို့ စကူတာလေးနဲ့ အလုပ်သွားပါတယ်။ အလုပ်ချိန်က ကျောင်းအချိန်ထက် စောတာမို့ ဘတ်စ်ကားနဲ့ သွားလို့ မရတော့ပါ။ ကိုယ့်ကားရှိလို့ မောင်းသွားရင် ၁၅ မိနစ်နဲ့ ရောက်ပေမယ့် စကူတာက ကီလိုမီတာ ၃၀ ပဲ ပြေးတာမို့ သူနဲ့ဆို မိနစ်လေးဆယ်လောက်မှ အလုပ်ကို ရောက်ပါတယ်။
ကားမောင်းလိုင်စင်လည်း မရှိ၊ ကိုယ်ပိုင်ကားလည်း မရှိတာမို့ စကူတာလေးနဲ့ အလုပ်သွားနေရင်း ဆောင်းကိုဝင်လာပါ တော့တယ်။ ဆောင်းရောက်ပြီဆိုတာနဲ့ ရာသီဥတုက အေးလာသလို နေ့တာတိုပြီး ညတာ ရှည်လာတာမို့ မိုးလည်း အစောကြီးချုပ်ပြီးတော့ မနက်ဆို ၈ နာရီဝန်းကျင်မှ နေရောင်မြင်ရတာမျိုးပါ။ နှင်းတွေ ကျတဲ့ တမနက် အလုပ်သွားဖို့ အိပ်ရာထပြီး ပြူတင်းပေါက်က ကြည့်လိုက်တော့ လမ်းပေါ်မှာ ရေခဲတွေ ရောက်နေပါပြီ။ စောသေးလို့လားတော့မသိ၊ ရေခဲရှင်းတဲ့စက်တွေလည်း အဲဒီနေ့က အလုပ်မလုပ်ကြသေးပါ။ ရေခဲက သိပ်အထူကြီးလည်း မဟုတ်တော့ ကျနော်လည်း ဆိုင်ကယ်ကို ဖြေးဖြေးစီးမယ်ကွာ ဆိုပြီး အလုပ်ကို လာခဲ့ပါတယ်။ အေးကလည်း အေး၊ မှောင်ကလည်း မှောင်နဲ့ တချို့နေရာတွေမှာဆို ဆိုင်ကယ် လဲမှာစိုးလို့ ခြေထောက်နှစ်ခြောင်းကို အရံသင့် ကားထားရပါတယ်။ ဒီလိုနဲ့ လာလိုက်တာ စက်ရုံနားက ရထားလမ်း ကုန်းကျော်တံတားလေးနားမှာ ဆိုင်ကယ်မှောက်ပါလေရော၊ ရေခဲထဲ လျှောတိုက်ပါသွားပြီဆိုတာ သိလိုက်ပေမယ့် ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။ လူက လမ်းပေါ်ကို ကြောင်ကျမကျပဲ၊ ခွေးကျကျတာမို့ ရင်ပတ်ထဲအောင့်သွားတဲ့ ဝေဒနာနဲ့အတူ ဆိုင်ကယ်စီးဦးထုပ်နဲ့ ကတ္တရာလမ်းခြစ်တဲ့ကိုလည်း ကြားလိုက်ရပါ တယ်။ (ဆိုင်ကယ်စီးရင် ဦးထုပ်အမြဲတမ်းဆောင်းထားသင့်ပါတယ်) ပတ်ဝန်းကျင်ကလည်း မှောင်နေတယ်။ မနက်စောသေးတာမို့ ကားအသွားအလာလည်း မရှိသေးပါဘူး။ အဲဒါနဲ့ အာရုံတွေကို ပြန်စု၊ အသက်ကို ၀အောင်ရှုပြီးတော့ မတ်တပ်ရပ်လိုက်ပါတယ်။ ပြီးတော့ ခပ်ဝေးဝေးမှာ စက်သေနေတဲ့ ဆိုင်ကယ်ကို ပြန်ထောင်ပြီး ခရီးဆက်ခဲ့ရတာပေါ့။ အဲဒီနေ့ တနေ့လုံး အလုပ်ထဲမှာ ရင်ဘတ်အောင့်နေတာပါ။
အဲဒီနှစ်မှာပဲ ဒုတိယအကြိမ် ဆိုင်ကယ်မှောက်ပါသေးတယ်။. အဲဒီအခေါက်က ရေခဲတွေများတယ်၊ သွားလို့မဖြစ် တော့ပါဘူးဆိုပြီး အိမ်ကို ပြန်လှည့်အလာ အိမ်နားရောက်ခါနီးမှာ လဲတာပါ။ လဲနေတုံး နောက်မှာ ကားတစီး ရပ်လာပြီး ကားပေါ်က လူက ဆိုင်ကယ်ကို ၀ိုင်းထောင်ပေးပါတယ်။ လမ်းပေါ်ပြုတ်ကျသွားတဲ့ ထမင်းဘူးလေး ရယ်၊ ကော်ဖီဓါတ်ဗူးလေးရယ်ကိုတော့ ကိုယ့်ဟာကိုယ် ပြန်ကောက်ပြီး အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်။
မနှစ်ကဆောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် ရေခဲတွေ မကျသ လောက်ပါပဲ။ ကျခဲ့ရင်လည်း ရေခဲအကြောင်းတော့ ကိုယ်လည်း နဲနဲတော့ နားလည်နေပါပြီ။
အဲဒီလို ရေခဲထဲ အလဲလဲအကွဲကွဲ အလုပ်သွားရတာမို့ ကျနော့် ဇနီးက သူ့မောင်ကို "ရေခဲထဲ ပိုက်ဆံရှာရတာ" လို့ တင်စားပြောလိုက်ကို ကျနော့်စိတ်ထဲ ဆက်စပ်စဉ်းစားနေရင်း ဒီစာကို ရေးဖြစ်တာပါ။
ပြီးတော့ အေးစက်နေတဲ့ ဆောင်းတွင်းကာလတွေမှာ ဆိုင်ကယ်နဲ့ အလုပ်သွားရတဲ့ ဘ၀က ကျွတ်အောင်၊ ကားလေးဘာလေးလည်း ၀ယ်နိုင်အောင် ယာဉ်မောင်းလိုင်စင်ရအောင် လုပ်အုံးမှပါလို့လည်း စဉ်းစားနေမိ ပါတယ်။ ။

(အပေါ်က ပုံက ကျနော်တို့ ဒိန်းမတ်ရောက်တဲ့နေ့မှာ ရိုက်ထားတဲ့ သမီးပုံပုံ ရဲ့ ပုံပါ)

You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 2 New Entries: ဒေါက်တာစိန်ဝင်း နှင့် ဘလော့ဂါ များသို့ အိတ်ဖွင့် ပေးစာ ၊

ဒေါက်တာစိန်ဝင်း နှင့် ဘလော့ဂါ များသို့ အိတ်ဖွင့် ပေးစာ ၊

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။

အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကိုတင်ပြမယ်ဆိုတုန်းကလေ..ကျုပ်ဗျာ…ဘယ်လိုပြောရမလဲ..ဒီတခါတော့ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။

ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..

မောင်သက်ပြင်း ( အင်းယားမြေ )

( ၇ . ၁၁ . ၂၀၀၈ )

နင်နဲ့ငါနဲ့တူသလား


ချစ်သော ညီလေး ရေ။
ဘာမားနာမည်ကြားကထဲက မင်းကိုလေးစားပြီးသားပါ ။ အရင်ကောင် ဘွတ်ရှ် ကျ အကိုကြီးဖာသာနေတာ သူက အလကားနေ ကြားက အမြင်ကပ်နေတယ်လေ ။ အခုတော့ ဒင်းပြူတ်သွားတာ အကိုကြီးနဲ့ ဘင်လာဒင်က အပျော်ဆုံးပေါ့။ ငါ့ ညီကျ အကိုကြီးက မျက်နှာမြင်ချစ်ခင်တယ်လေ။ ညီလေးလည်း အခုတလောပင်ပန်းနေတာ သိပါရဲ့။
.မဲရေရ..မဲပေးမဲ့လူတွေ ပြုံးပြရ။ ပိုက်ဆံအကုန်ခံမဲဆွယ်ရ။ တရားဥပဒေသိအောင် တသက်လုံးစာသင်ထားရ။ အကိုကြီးတော့ သနားလိုက်ပါ့ဗျာ။

ကျူပ်ဆို မြန်မာသတ်ပုံ ယပင်းရရစ်တောင်မမှန်။ ပညာ မတတ်လည်း သောက်ဂရုစိုက်စရာလိုပေါင် လက်ကလေးကွေး ရုံ တိုင်းပြည် အုပ်ချုပ်ရုံဘဲ။ ဘယ်လောက် ပိုင်ထားလဲ။ ဗမာပြည်မှာလေ.ဘာဥပဒေမှ မလို ရေဘဲလိုတယ်..ဟဲဟဲ။
ညီလေးသမီး မှာ စိန်ပိစိတောင် မူးလို့ ရှူစရာ ရှိလား။ ငါ့သမီး စိန်ဆင်ထားတာ ရွှေတိဂုံ စိန်ဖူးတော် ကိုသာကြည့် စိန်တွေ မှန်တွေ သွေးပြန်ထဲ့  .မှန်ကွဲချည့်ဘဲ ။ မဲဆို ရေစရာမလိုဘူး။ မြန်မာအသံက ငါလိုတဲ့ရာ ခိုင်နှုန်း တိုက်ရိုက် ကြေငြာရုံဘဲ မင်းကြည့်ရတာပင်ပန်းလိုက်တာ သနားတယ်ညီလေးရေ။ ခိုးနည်း သင်ချင် အ ကိုကြီးတာဝန်သာထား။ သင်ပေးရမှာပေါ့။

ဘင်္ဂလားဒေ့ရှ်နဲ့ စစ်တိုက်ရင် အကိုကြီးဘက်က စစ်ကူဦးနော်။ အကိုကြီး စစ်သားတွေ က အ၀ှါပြုတာဘဲ တတ် တာ။ ဒါလည်း တိုင်းရင်းသားတွေ မျိုးဖြုတ်ဖို့ လက်နက်ပေါ့ ။ အကို့ စစ်သား ၅သိန်းရှိတယ်ဆိုတာ စာရင်းဘဲ။ ၁၀ ယောက်မှာ တယောက် ဘဲ သေနတ်ထမ်းနိုင်တာ။ အားကိုးပါတယ်ညီလေး။ အကိုကြီး မားကို့ လိုထွက် ပြေး ရရင် ခိုလှုံခွင့်လည်း ပေးနော်။

ချစ်သော အတိုကြီး
ချုပ်ချုပ်ကြီး သန်းရွှေ

http://arzarni.blogspot.com/

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[We She Me] 1 New Entry: Happy Anniversary

Happy Anniversary

နိုဝင်ဘာလ ၉ ရက်နေ့တွေဟာ ကျွန်တော်တို့ ၂ ယောက် အတွက် Official Anniversary ပါပဲ။ လွန်ခဲ့တဲ့ ၄ နှစ်က ကျွန်တော်တို့ ၂ ယောက် နှစ်ဘက် မိဘတွေနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ကြတယ်။ နှစ်ပတ်လည် အမှတ်တရအနေနဲ့ ကျွန်တော်တို့ ၂ ယောက် အပြန်အလှန် ပေးခဲ့ကြတဲ့ Post Card လေးတွေရယ် ပေးခဲ့တဲ့ သီချင်းရယ် ပေါင်းပြီး ဒီ Clip လေးကို လုပ်လိုက်ပါတယ်။

Happy Anniversary!





You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Honey's Private Thought] 1 New Entry: ဘာမီးလဲတဲ့

ဘာမီးလဲတဲ့

အလင်းလက်ဆုံး ကို လောင်ကျွမ်းပြခဲ့တာ
အရှိန်မထိန်းနိုင်တာကိုက အလှ
တကယ်တော့ ငါက ကောက်ရိုးမီး
ပွဲ ပြီးပြီး မပြီးပြီး သေတဲ့မီး။ ။

.................. မဖြေဖြစ်လိုက်တဲ့ စာမေးပွဲတခုသို့

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[mm.it.lad] 1 New Entry: Conversation ကောင်းတစ်ခုမှာ ဘာတွေပြောကြလဲ။ [ဘာသာပြန်]

Conversation ကောင်းတစ်ခုမှာ ဘာတွေပြောကြလဲ။ [ဘာသာပြန်]

၁။ ဖြူစင်တဲ့ ချီးကျူးမှုလေးတွေ ပြုလုပ်ပေးပါ။ "ဟာ ဖိနပ်လေး လှလိုက်တာ.."၊ "ဟေ့ကောင်… မင်း Presentation လုပ်သွားတာ တော်တော်ကောင်းတယ်။"၊ "နင် ဂစ်တာတီးတာ ငါ ကြိုက်တယ်။"၊ စသဖြင့် သူတို့ရဲ့ အပြုအမူ (သို့) လုပ်ရပ် ပေါ်မှာ ချီးကျူးပါ။ သူတို့ ဘာ(ကောင်)လဲဆိုတာကို သွားမချီးကျူးပါနဲ့။ သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးပြီးတာနဲ့ သူတို့ အဲ့ဒီကိစ္စကို ဘယ်လိုစွမ်းဆောင်နိုင်ခဲ့ကြောင်း မေးမြန်းပြီး Conversation ကို ဆက်သယ်သွားပါ။ "ဖိနပ်လေး ဘယ်မှာ ဝယ်တာလဲ။"… ဒါမှမဟုတ်.. "နင့်ကို ဂစ်တာတီး ဘယ်သူသင်ပေးတာတုန်း" စသဖြင့် ဆက်မေးလို့ ရသွားပါပြီ။ အကယ်၍ သင်က တစ်စုံတစ်ယောက်ကို "နင့်မျက်လုံးလေးတွေ လှတယ်။" လို့ သွားပြောရင်တော့ သူက "ကျေးဇူးပါ" လို့ ပြောပြီး Conversation လည်း ရပ်သွားပါလိမ့်မယ်။ မလုပ်မိပါစေနဲ့။

၂။ မိသားစုအကြောင်း နဲ့ စပါ။ မောင်နှမအကြောင်းမေးတာက စိတ်အချရဆုံး အနေအထားပါ။ မိဘအကြောင်း မေးတာက မိဘနဲ့ပတ်သက်ပြီး အကြောင်းအမျိုးမျိုးနဲ့ စိတ်ညစ်စရာရှိတဲ့ သူတွေအတွက် နည်းနည်းလေး အထစ်အငေါ့ရှိသွားနိုင်ပါတယ်။ သားသမီးအကြောင်း မေးတာမျိုးကလည်း (ဒီနေ့ခေတ်မှာ) ဇနီးမောင်နှံကြားမှာ ရှိနေတဲ့ ပြဿနာကို အစပြန် ဆွဲထုတ်သလို ဖြစ်သွားနိုင်ပါတယ်။ မောင်နှမအကြောင်းကိုပဲ အဓိကထားမေးပါ။

မွေးချင်း ဘယ်နှယောက် ရှိလဲ။… နာမည် ဘယ်လိုတွေ ခေါ်ကြလဲ။… ခင်ဗျားတို့ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ချင်း ဆင်ကြလား။… စရိုက်တွေကော တူကြလား။… ခင်ဗျားက ဘယ်သူနဲ့ အတည့်ဆုံးလဲ။...

၂၀၀၇ က တွေ့ရှိချက် တစ်ခုအကြောင်းလဲ ပြောနိုင်ပါသေးတယ်။ မွေးချင်းတွေထဲမှာ အကြီးဆုံးတွေက IQ အမြင့်ဆုံး ဖြစ်ပြီး အငယ်ဆုံးတွေက အားကစား၊ အနုပညာ စတဲ့ ဝန်းကျင်တွေမှာ ထက်ကြတယ်။ ကိုယ့်မှာလည်း မွေးချင်းများ ရှိမယ်ဆိုရင်… အဲ့ဒီ တွေ့ရှိချက်က ကိုယ့်အတွက်တော့ မမှန်ကြောင်း၊ နဲ့ သူအတွက် မှန်တယ်ထင်၊ မထင် မေးနိုင်ပါတယ်။

၃။ ခရီးအကြောင်း မေးပါ။ ဘယ်တွေ ရောက်ဖူးလဲ မေးပါ။ အပြင်သိပ်မထွက်တတ်တဲ့ လူတွေကိုတောင် သွားမယ်ဆိုရင် ဘယ်သွားချင်တဲ့ ဆန္ဒရှိလဲ မေးနိုင်ပါတယ်။

- နိုင်ငံတစ်နိုင်ငံကို အပြီးအပိုင် ပြောင်းရမယ်ဆိုရင် ဘယ်နိုင်ငံမှာ နေချင်လဲ။
- ရောက်ခဲ့ဖူးတဲ့ မြို့တွေထဲမှာ ဘယ်မြို့ကို အကြိုက်ဆုံးလဲ။
- ပြီးခဲ့တဲ့ နွေရာသီ ဘယ်ရောက်ဖြစ်လဲ။ ကြိုက်ရဲ့လား။
- ထွက်ခဲ့သမျှခရီးတွေထဲမှာ ဘယ်ခရီးကို မကြိုက်ဆုံးလဲ။

၎။ အစားအသောက်အကြောင်း ပြောပါ။

- သေခါနီး နောက်ဆုံး ထမင်းတစ်နပ်စားရမယ်ဆိုရင် ဘယ်လို အစားအသောက်မျိုး စားချင်လဲ။ (သတိထားပါ။ ဒီမေးခွန်းက တချို့တွေအတွက် Shock ရှိတယ်။)
- Breakfast မှာ ဘာစားရတာ အကြိုက်ဆုံးလဲ။
- ဘယ်ဆိုင် အကြိုက်ဆုံးလဲ။
- ကိုယ်ချက်တတ်တဲ့ အကောင်းဆုံး ဟင်းတစ်ခွက်က ဘာဟင်းဖြစ်မလဲ။
- ဘယ်စားသောက်ဆိုင်ကို အညံ့ဆုံးဆိုင်အဖြစ် သတ်မှတ်ခဲ့ဖူးသလဲ။

၅။ အလုပ်အကြောင်း ပြောပါ။ ခပ်တိုတိုနဲ့ ပြောစရာရှိတာလောက်ပဲ ပြောပါ။ ဒါမှမဟုတ်ရင် ဘယ်သူ့အလုပ်ရှင်က ပိုဆိုးသလဲ ငြင်းနေတာနဲ့တင် Conversation က မချောတော့ပါဘူး။

- ပထမဆုံးအလုပ်က ဘယ်လို အလုပ်မျိုးလဲ။
- ကိုယ့်အပေါ် အကောင်းဆုံး အလုပ်ရှင်က ဘယ်သူလဲ။
- ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာလဲ။

၆။ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေ အကြောင်း မေးပါ။ (ဒီ Topic တွေက နည်းနည်း ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်လာပြီဆိုတာကို သတိပြုပါ။) သင့်တော်တဲ့ မေးခွန်းပုံစံမျိုးနဲ့ အပြုသဘောဆောင်တဲ့ မေးခွန်းလေးတွေ မေးပါ။

- အားတဲ့ အချိန် ဘာလုပ်တတ်လေ့ရှိလဲ။
- ဘယ်လို ဂီတကို ကြိုက်တတ်သလဲ။
- ရုပ်ရှင်ဆို ဘယ်လိုကားမျိုး ကြိုက်တတ်သလဲ။

၇။ အောက်မှာ စာရင်းချထားတဲ့ ခေါင်းစဉ်တွေကိုတော့ ရှောင်ပါ။

- အတိတ်က သံယောဇဉ်တွေအကြောင်း
- တစ်လုံးထဲနဲ့ အဖြေပေးလို့ရတဲ့ မေးခွန်းမျိုးတွေ
- နိုင်ငံရေး
- ဘာသာရေး
- မကျန်းမာမှု
- အနံ့ဆိုး
- အလုပ်ထဲက ဒုက္ခတွေ

၈။ ထပ်ပြီး ရှောင်ရမယ့် ကိစ္စတွေ

- ကြွားဝါခြင်း
- အပျက်သဘောဆောင်တဲ့ Judgement
- အကြံဥာဏ်ပေးခြင်း

Conversation မှာ အောင်မြင်နိုင်ကြပါစေ…

mgthantzin

You received this email because you are subscribed to the real_time feed for http://feeds.feedburner.com/mgthantzin. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: "ချစ်သူကို ဘယ်တော့မှ မငိုစေရဘူး"

"ချစ်သူကို ဘယ်တော့မှ မငိုစေရဘူး"

ရယ်ချင်လာတဲ့အခါ ရယ်ချလိုက်ပါ။
ဆုံးရှုံးမှုတွေချည်းပဲ ဆိုပေမယ့်....

ပိုက်ဆံကော သတ္တိကော ဘာတစ်ခုမှ မရှိပေမယ့်
အားအင်ရှိနေသရွေ့ အသက်ရှင်နေသွားနိုင်တယ်ကွ.....

မလိုအပ်တဲ့ မာနတွေကို လွှင့်ပစ်လိုက်ရင်
မနက်ဖြန်ကို မြင်ရမှာ အသေအချာပါ...

မစိုးရိမ်နဲ့ 〜မစိုးရိမ်ပါနဲ့ကွာ.... မငိုပါနဲ့ကွာ.....
မျက်ရည်နဲ့ မလိုက်ဖက်ဘူး၊ ကိုယ့်ရင်ခွင်ထဲကို လာခဲ့ကွာ.....

ရှူးချိရှင်း ....ရှူးချိရှင်း ...ရှူးချိရှင်း
ကိုယ်တို့တစ်တွေက
အားအင်ရှိတယ် အမြဲတမ်း
ဘယ်အချိန်ပဲ ဖြစ်ဖြစ် အရှုံးမပေးဘူး

ဘဝ... ဘဝ...ဘဝ...
မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်
ဘဝခရီးက ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်ပေမယ့်
ရယ်ချင်လာတဲ့ အခါ ရယ်ပစ်လိုက်

ကိုယ် .... ဂုဏ်ယူပြီး ကတိပေးနိုင်တာ တစ်ခုပဲ ရှိတယ်။
"ချစ်သူကို ဘယ်တော့မှ မငိုစေရဘူး"


ရှူးချိရှင်း ရှိတယ် ...ရှူးချိရှင်း ရှိတယ် ...
မစိုးရိမ်နဲ့ 〜မစိုးရိမ်ပါနဲ့ကွာ.... မငိုပါနဲ့ကွာ.....
*မှတ်ချက်၊ ရှူးချိရှင်း (Bandနာမည်ကို ဆိုလိုသည်။) :z


ဂျပန်သီချင်းကို ဘာသာပြန်ကြည့်တာ။ :z ဘာသာပြန်ရတာ တော်တော်ခက်တဲ့ သီချင်း သိလား။ ;) အထာတွေနဲ့ ပြောထားတာလေ။ ဘာပြောချင်လည်းကို တော်တော်စဉ်းစားယူရတယ်သိလား။ ဟူး.......မောသွားပြီ။ :( ဦးနှောက်လည်း ပင်ပန်းသွားပြီ။ :c သီချင်းဆိုတော့ အကြောင်းအရာက ဟိုရောက်ဒီရောက်နဲ့ ဘာတွေမှန်းကို သိဘူး။ ဒါပေမယ့်၊ စာသားကတော့ လန်းတယ်နော်။ :z အဲဒီ စာသားတွေထဲက ဇာတ်ကောင်က သူ့ကောင်မလေးက သူ့ကို ချက်ချင်း ယုံကြည်အားကိုးချင်စိတ်ပေါက်အောင် ပြောနိုင်တယ်။ ဟုတ်တယ်ဟုတ်။ ;)


သီချင်းနားထောင်ချင်ရင် ဒီကိုသွားပါရှင့်။ :z

ပြန်လည်ဆန်းစစ်ခြင်း၊

ဟောတော့ ၊ သီချင်းထဲမှာ ပါတဲ့ 羞恥心(しゅうちしん)က အဓိပ္ပာယ်နှစ်မျိုးရှိတယ်သိလား။ ကယ်ကြပါအုန်း။ :y ဟင့် ဟင့်။ သူတို့ ရဲ့ Band နာမည်က 羞恥心(しゅうちしん)(
ရှူးချိရှင်း )တဲ့ သိလား။ တစ်ယောက်က စာလုံးတစ်လုံးနဲ့ သုံးယောက်ဆိုတော့ သုံးလုံးပေါ့နော်။ စိတ်ကူးယဉ်ဆန်ဆန် မှည့်ထားတာတဲ့။ :c နည်းနည်းတော့ များပြီသိလား။ ကျမမှာတော့ ရှာလိုက်ရတာ။ အဲဒီ羞恥心(しゅうちしん)ရဲ့အဓိပ္ပာယ်ကို။ စိတ်တိုတယ် အဟုတ်။ စောစောတုန်းက ဘာသာပြန်ထားတဲ့အထဲက羞恥心(しゅうちしん)က အဘိဓာန်မှာပါတဲ့ အတိုင်း ပြန်ထားတာ။ သီချင်းထဲမှာ ဆိုထားတဲ့ 羞恥心(しゅうちしん)က ဘာကိုဆိုလိုချင်မှန်း သိတော့ဘူး။ သူတို့နာမည် သူတို့ ရွတ်တာလား။ အဓိပ္ပာယ်ကိုပြောတာလား သိတော့ဘူး။ တစ်ကယ်ပဲ။ တစ်ကယ်ပဲ။ ဟင့်ဟင့်။

အခု သူတို့နာမည်ကို ထည့်ပြီး ဘာသာပြန်ကြည့်လိုက်တာ ပိုအဆင်ပြေတယ်သိလား။ ဒါကြောင့် ပြန်ပြင်ရေးလိုက်ပြီနော်။ :z အရင်ဆုံး ဖတ်ထားတဲ့လူတွေကို အားတော့ နားပါတယ်ရှင့်။ :y

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Fine Leaves] 1 New Entry: အမေရိကန်ရွေးကောက်ပွဲမှာ သင်ခန်းစာများရှိနိုင်မလား

အမေရိကန်ရွေးကောက်ပွဲမှာ သင်ခန်းစာများရှိနိုင်မလား

အို
ဘားမား၊ အို ဘားမား..
တီဗွီမှန်သားပြင်ထဲမှာ မြင်နေရတဲ့ ကွင်းလုံးပြည့်လူအုပ်ကြီးက စိတ်လှုပ်ရှားတက်ကြွနေတယ်။ အမေရိကန်သမ္မတလောင်း အို ဘားမား အနိုင်ရပြီလို့ ကြေညာလိုက်တဲ့အခါ တခဲနက်သြဘာသံကြီးက ဟိန်းထွက်လာခဲ့တယ်။ မဲတွေရေတွက်နေချိန် ဒီမို ကရက်တစ်သမ္မတလောင်း အို ဘားမားက အနိုင်ရတော့မယ်လို့ သေချာလောက်တဲ့အချိန်မှာ ရီပတ်ဘလစ်ကန်ပါတီ ဖက်က သမ္မတလောင်း ယှဉ်ပြိုင်အရွေးခံသူ ဂျွန်မက်ကိန်းကလည်း သူ့ဖက်က သပြေခက်ကို ကမ်းခဲ့တယ်။ အခု ရွေးကောက်ပွဲမှာ လူထုတွေက အို ဘားမားကို ရွေးချယ်ခဲ့တာကို သူအသိအမှတ်ပြုကြောင်းနဲ့ သူ့အနေနဲ့ သမ္မတသစ်ရဲ့ နောက်မှာ သစ္စာရှိရှိ ဆက်လက်ရပ်တည်ပံ့ပိုးပေးပါမယ်ဆိုပြီး ကတိက၀တ်ပြုခဲ့တယ်။ သူရှုံးနိမ့်တာကို သူအသိအမှတ်ပြုခဲ့ သလို၊ တဖက်သားကို ရွေးချယ်ခဲ့တဲ့ လူထုဆန္ဒအပေါ်မှာလည်း တလေးတစား အသိအမှတ်ပြုခဲ့တယ်။

မြန်မာနိုင်ငံမှာလည်း စစ်အစိုးရက လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်လို့ ဆိုထားပြန်တယ်။ သည်တော့ မြန်မာနိုင်ငံက အမေရိကန်အခု ရွေးကောက်ပွဲကနေ သင်ခန်းစာယူစရာများ ရှိလေမလား ကျနော်စဉ်းစားကြည့် နေမိတယ်။ တွေးမိတာတော့ သင်ခန်းစာယူစရာတွေက အများသားပါ။

အရေးအကြီးဆုံးကတော့ ကိုယ့်အရှုံးကို အသိအမှတ်ပြုဖို့ပါပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရတယ်။ စစ်တပ်က မှန်းထားတဲ့အတိုင်း အလိုကျမဟုတ်ဘဲ ရှုံးခဲ့တယ် ဆိုပါတော့။ ဒါပေမယ့် ဂျွန်မက်ကိန်းလို သဘောထားမကြီးနိုင်ဘူး။ လူထုဆန္ဒကို အသိအမှတ်ပြုလို့ ရွေးကောက် တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်နောက်က သစ္စာရှိရှိ လိုက်ပါမယ်လို့ ကတိမဆိုနိုင်ခဲ့ဘူး။ နောက်ဆုံး ကောက် ကောက်ကျစ်ကျစ် ဟိုကွေ့ သည် ရှောင်လာလိုက်တာ အခု ၂၀၁၀ မှာ နောက်ထပ် ရွေးကောက်ပွဲ ကျင်းပဦးမယ်ဆိုတာ တခါ ဖြစ်လာပြန်တယ်။

ဆိုပါစို့။ ၂၀၁၀ မှာ နောက်ထပ် ရွေးကောက်ပွဲ ဖြစ်တယ်ပဲထား။ စစ်အစိုးရအလိုကျ ဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဝင်ကြပြီပဲထား။ အခု အမေရိကန် ရွေးကောက်ပွဲကနေ သင်ခန်းစာယူစရာတွေလည်း ရှိနေပြန်သေးတယ်။

စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် သမ္မတစနစ် ဖြစ်နေပြီး အမေရိကန်မှာလိုပဲ သမ္မတကို လူထုက ကိုယ်တိုင် လူတကိုယ်-တမဲနှုန်းနဲ့ ရွေးချယ်တင်မြှောက်တာ မဟုတ်ဘူး။ သမ္မရွေးချယ်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်တာ ဖြစ်နေတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ သူ့သမိုင်းအရ အချို့သော ပြည်နယ်တွေဟာ နစ်နာဖွယ်အကြောင်းရှိလို့၊ ယခင်ပြည်တွင်းစစ်ကြောင့် ကျန်ခဲ့တဲ့ ထူးခြားတဲ့ သမိုင်းအမွေအရ၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အတွက် ဒီလိုသမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ်တယ် ဆိုတယ်။ မြန်မာနိုင်ငံမှာကတော့ ဒီလိုစဉ်းစားချက်မဟုတ်ဘူး။ စစ်တပ် အာဏာမြဲရေးနဲ့ ဗိုလ်ကျစိုးမိုးရေးအတွက်သာ ဒီလိုဥပဒေပြုထားတာ ဖြစ်ပြန်တယ်။ တခါ သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့နဲ့ ပတ်သက်လို့လည်း ဖွဲ့စည်းပုံမှာ ရေးထားပုံက မရှင်းပြန်ဘူး။ ဝေေ၀၀ါးဝါးနိုင်လှတယ်။ လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် (စုစုပေါင်း) က ရွေးမှာလား။ သီးသန့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ထပ်ဖွဲ့မှာလား။ မသေချာပြန် ဘူး။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သမ္မတ အရွေးခံတော့မယ်ဆိုရင်တော့ အမေရိကန်မှာလို ကိုယ့်မျှော်မြင်ချက်တွေကို ပြောပြပြီး စကားစစ်ထိုးကြတာတော့ ကြားလိုလှတယ်။ အခု စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် လူဦးရေအရ မဲနဲ့ တက်လာမယ့် အောက်လွှတ်တော် ကိုယ်စားလှယ်ထဲက သမ္မတလောင်းတဦး ဖြစ်လာမယ်။ ပြည်နယ်/ တိုင်းဒေသကြီးတွေက မဲနဲ့တက် လာမယ့် အထက်လွှတ်တော်က သမ္မတလောင်းတဦး ရှိလာမယ်။ စစ်တပ်က လာမယ့် ကိုယ်စားလှယ်တွေထဲက သမ္မတ လောင်းတဦး ရှိလာမယ်။ အဲသည် ၃ ယောက်က အမေရိကန် အခုရွေးကောက်ပွဲမှာလို စကားစစ်ထိုးကြဖို့ မသင့်ဖူးလား။ သူသာ သမ္မတဖြစ်ခဲ့ရင် တိုင်းပြည်ကို ဘယ်လိုပြုပြင်လိုက်မယ်၊ ဘယ်လိုကောင်းအောင် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတာမျိုး သူတို့ရဲ့ မျှော်မှန်းချက်တွေကို လူထုတွေကြားရဖို့ မသင့်ဖူးလား။ ဥပမာ- ကျနော်သာ သမ္မတဖြစ်ရင် မြန်မာပြည် ၂၄-နာရီ မီးလင်းစေရပါမည် ဆိုတာမျိုးပေါ့။ ဒါပေမယ့် မည်သို့ ပြုလိုက်သည်မသိ၊ သမ္မတအဖြစ် ရွေးကောက်ခံရ လေသတည်း ဆိုတာမျိုးတော့ မဖြစ်သင့်ဖူး ထင်ပါတယ်။

အကယ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က သမ္မတအဖြစ် အရွေးခံဖို့ ပြန်ပြီး စိတ်ကူးထားတယ် ထားဦး။ ဒါဆိုရင် လူထု ရှေ့မှောက် စကားပြောဆိုဖို့၊ စကားစစ်ထိုးပွဲမှာ ချက်ကျလက်ကျ ပိုင်ပိုင်ပြောဆိုနိုင်ဖို့ လေ့ကျင့်နေသင့်ပါပြီ။ နေပြည် တော်က၊ ကန့်လန့်ကာနောက်ကွယ်က လူထုမျက်ကွယ်က အုပ်ချုပ်တာမျိုးထက်စာရင် လူရှေ့ထွက်လာဖို့၊ လူထုကြားထဲ ကိုယ်တိုင် ကိုယ်ကျ လူလုံးပြစည်းရုံးဖို့ သတ္တိတွေကို လည်း မွေးရပါလိမ့်မယ်။ "အင်းဗျာ... ကျနော့်ကို ကိုယ်စားလှယ်တွေ က ရွေးလိုက် လို့သာ သမ္မတဖြစ်ရတာပါ" ဆိုရင်တော့ မနိပ်လှပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလမှာလည်း လူထုရှေ့မှောက် ထွက် စကား ပြောဆိုတာ မတွေ့ရဖူးတော့ အတော်သတ္တိမွေးရပါလိမ့်မယ်။

ဒါ့အပြင် အမေရိကန် ရွေးကောက်ပွဲမှာလို သတင်းမီဒီယာတွေရဲ့ ဟာကွက်ထောက်တာတွေကိုလည်း လုံအောင်ပြင်ဆင် ထားဖို့ လိုပါလိမ့်ဦးမယ်။ (လွတ်လပ်တဲ့ သတင်းမီဒီယာ ရှိရင်ပေါ့လေ)။ ဒီမိုကရက် သမ္မတလောင်း ဟေလာရီ ကလင်တန် က ကော်ဆိုဗိုဒေသခရီးကို လက်ဖြောင့်သေနတ်သမားတွေ ရန်ကြားက စွန့်စားသွားခဲ့ရတယ်ဆိုပြီး အကြွားလွန်တော့ မီဒီယာ တွေက ဖော်ကောင်လုပ်ကြတယ်။ ရီပတ်ဘလစ်ကန် ဒု-သမ္မတလောင်း ပိုင်လင်းမှာလည်း ၀တ်စုံတွေဝယ်တာ ကုန်ကျများ လွန်းချည့်လို့ သတင်းမီဒီယာတွေက ထောက်ကြပြန်တယ်။ အင်တာဗျူးအဖြေ တခုမှားရင် မှားသလို လူထု ထောက်ခံမှု ကလည်း အတက်အကျ ရှိနေပြန်တယ်။ သူတို့ရပ်တည်ချက်၊ နိုင်ငံရေး၊ လူမှုရေး စသဖြင့် အမေရိကန် ရွေးကောက်ပွဲမှာ သတင်း မီဒီယာတွေက အူမ ချေးခါး မကျန်လှန်လေ့ ရှိကြပါတယ်။ ငယ်ကျိုးငယ်နာတွေလည်း ဖော်လေ့ ရှိကြပါတယ်။

အကယ်၍ မြန်မာပြည်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိလာရင်လည်း ကောင်းလိမ့်မယ်။ "ဗိုလ်ချုပ်မှူးကြီးခင်ဗျား.. ဒီပဲယင်းမှာက အမိန့်ပေးလိုက်တာ ခင်ဗျားလား၊ ဒေါ်ကြိုင်ကြိုင်လား" " ဗိုလ်ချုပ်ကြီးသမီးရဲ့ စိန်တွေက ဘယ်က ၀င်ငွေနဲ့ ၀ယ်ပါသလဲ ခင်ဗျား"။ "ရွှေဝါရောင်တော်လှန်ရေးကို နှိမ်နင်းမှုမှာ ဗိုလ်ချုပ်ကြီးက တိုက်ရိုက် အမိန့်ပေးပါသလားခင်ဗျား" စသဖြင့် မေးခွန်းတွေလည်း ကြုံရနိုင်သေးတော့ ဗိုလ်ချုပ်ကြီးက အတော်ပြင်ထားရလိမ့်မယ်။

ဒါတင်မက မျှတတဲ့ ကစားပွဲရဲ့သဘော (fair play) နဲ့ အကယ်၍ ကိုယ်ရှုံးရင် သဘောထားကြီး လိုက်နာရမယ်ဆိုတာကို လည်း အမေရိကန်ရွေးကောက်ပွဲကနေ သင်ခန်းစာ ယူထားသင့်တယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာ ၂၀၁၀ ဖြစ်လာ မယ့် ရွေးကောက်ပွဲက အမေရိကန်ရွေးကောက်ပွဲနဲ့ အဆင့်အတန်း ဘယ်၍ဘယ်မျှ ကွာတယ်၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် မည်၍ မည်မျှ ကွာတယ်၊ ဒီမိုကရေစီ အခွင့်အရေး မည်၍မည်မျှ ကွာတယ် ဆိုတာ လူတိုင်းသိထားကြပါတယ်။

အကယ်၍ မြန်မာစစ်ခေါင်းဆောင်တွေက အခု အမေရိကန်ရွေးကောက်ပွဲကနေ သင်ခန်းစာထုတ်ခဲ့သည်ထားဦး။ သူတို့ ယူတဲ့ သင်ခန်းစာက ကျနော်တွေးမိသလို မဟုတ်ဘဲ ပြောင်းပြန်ကြီးလည်း ဖြစ်နေနိုင်သေးတယ်ဆိုတာ တွေးမိတယ်။

အောင်သူငြိမ်း
၉ နိုဝင်ဘာ ၂၀၀၈။

You received this email because you are subscribed to the real_time feed for http://fine-leaves.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[YNP] 1 New Entry: စိတ်ကူးချွန်ချွန်တွေကြားကအသက်ရှူသံချို၊ချဉ်၊ဖန်၊ခါး၊စပ်

စိတ်ကူးချွန်ချွန်တွေကြားကအသက်ရှူသံချို၊ချဉ်၊ဖန်၊ခါး၊စပ်


ကောင်းကင်တစ်ခု၏အစ

အခန်း(၁)
တစ်ချို့က တောင်ကုန်းအမြင့်ကြီးပေါ်တက် လက်မှာလည်းအတောင်ပံလို
သစ်ရွက်အကြီးကြီးတွေကိုင်ပြီးခုန်ချ။ ပြီးရင်လေထဲမှာတစ်ဖျပ်ဖျပ်ခပ်ပြီးပျံ
နေကြတယ်။တစ်ချို့ကလှေကားအရှည်ကြီးတွေထောင်နေကြတယ်။
လှေကားတွေကလည်းရှည်လိုက်တာများဘယ်နေရာမှာအဆုံးသတ်သွား
လည်းတောင်မမြင်ရတော့ဘူး။တစ်ချို့ကတော့ ငြိမ်ငြိမ်လေးထိုင် ပါးစပ်ကို
ဖွင့်လိုက်ပိတ်လိုက်နဲ့ သမထကျင့်နေသလိုလို.

ကျွန်တော် ရုက္ခစိုးနဲ့ တွေ့ပြီး ရွာထဲ ၀င်လာခဲ့တာပဲ။ ဘယ်သွားလို့ဘယ်
လာရမှန်းမသထိ၊ဗိုက်ကလည်းစာပြီ။ ဟိုရှေ့မှာတော့လူတစ်ယောက်သစ်ပင်
အောက်မှာထိုင်ပြီးစဉ်းစားခန်းဖွင့်နေတယ်ထင်ပါ့။ ထမင်းဆိုင်ဘယ်နားမှာမှန်း
အဲ့ဒီလူကို သွားမေးကြည့်ရင်ကောင်းသားဆိုပြီး ကျွန်တော့်ခြေလှမ်းတွေကို
သူ့ဆီဦးတည်လိုက်ပါတယ်။

'အဟမ်း..အဟမ်း'
ကျွန်တော်မြန်မာရုပ်ရှင်တွေထဲကလို ချောင်းဆိုးပြီးအသံပေးလိုက်ပါတယ်။
သူကတော့ ကျွန်တော်ရှိတယ်လို့တောင်မထင်ဘူး။ လက်ထဲကပန်းသီးကို
ဟိုလှည့်လိုက် ဒီလှည့်လိုက်နဲ့သေသေခြာခြာကိုကြည့်နေတော့တာ။
သူ့ကြည့်ရတာ စိတ်မထင်ရင်ပဲထကိုက်တော့မလိုလိုနဲ့။ ပန်းသီးကိုပြောပါ
တယ်။ကျွန်တော်နောက်တစ်ကြိမ်ချောင်းထပ်ဆိုးလိုက်တယ်။ဒီတစ်ခါတော့
တော်တော်ကျယ်သွားမလားပဲ။
'အဟမ်း..အဟမ်း…အဟမ်း…ဟဟ…ဟဟဟဟ (အက်ကိုး ဟုယူဆပါ)'
ဒီထက်ကျယ်ရင်တော့လိပ်ခေါင်းထွက်ဖို့ပဲရှိတော့တယ်။ တော်သေးတာပေါ့ဗျာ
ဆရာသမားကကြားသွားပြီးလှည့်ကြည့်ရှာလို့။

'မောင်ရင် ကသူစိမ်းထင်တယ်'
မေးပြီးတော့ ကျွန်တော့်ကိုတစ်ချက်စွေကြည့်တယ်။ ဒီလူ့ကြည့်ရတာ ရုက္ခစိုး
တော့ဟုတ်ဟန်မတူဘူး။ မျက်စိကခပ်စွေစွေ၊ နှဖူးကမောက်မောက်။ ပါးလည်း
တော်တော်ဖောင်းတာပါလလား။ထူးခြားတာကတော့သူ့သွား။ခေါလိုက်တဲ့သွား
ဗျာနည်းနည်းနောနောခေါတာမဟုတ်ဘူး။ ခေါတာမှ အပေါ်သွားကောအောက်
သွားပါအပြိုင်ခေါနေတာ။ အပေါ်သွားနဲ့အောက်သွား လက်ခုပ်တီးလို့တောင်
ရတယ်။အဲဒီ လောက်ထိခေါတာ။

'ဟုတ်တယ်။ '
ကျွန်တော်သူ့အမေးကိုချက်ခြင်းအဖြေပေးလိုက်တယ်။
'မောင်ရင်ကချောင်းဆိုးနေတာလား… ချောင်းဆိုးတယ်ဆိုတာကမ္ဘာမြေကြီး
နဲ့နည်းနေလို့ ဆိုးတာ။ လေထဲမှာသာပြန်နေလိုက်ချောင်းမဆိုးတော့ဘူး…'
သွားသာခေါတယ် စကားကတော့ပီသာဗျ။
'အာ.. လူပဲချောင်းဆိုးတာစမ်းသလားဗျ။ ကမ္ဘာမြေပေါ်မှာနေလို့ချောင်းဆိုး
ရတယ်လို့ရှိမလားဗျ။'
'အဲဒါကြောင့်ပြောတာ မင်းငှက်တွေချောင်းဆိုးတာကြားဘူးလား။ '
'ဟင့်အင်း..' သူပြောမှပဲ… ဘယ်လိုလုပ်ကြားဖူးမှာလဲ..
'အေးလူတွေလည်း ငှက်တွေလိုလေထဲမှာ ပျံနိုင်တယ်ဆိုရင်ဘယ်ချောင်းဆိုး
တော့မလဲ..'
ကျွန်တော်တော့ သွားပြီထင်တယ်။ ကိုယ့်ကိစ္စနဲ့ကိုယ်ဆိုတော့လည်းသူပြော
တာငြိမ်ပြီးနားထောင်နေလိုက်တယ်။ သူကတော့လက်ထဲကပန်းသီးကို စိတ်ဝင်
တစားကြည့်နေတုန်းပဲ။
'မောင်ရင် နယူတန်ကိုသိလား'
'သိတာပေါ့ဗျ။ နာမည်ကျော် ပုဂ္ဂိုလ် ပဲဟာ.'
'အေးနယူတန်က ပန်းသီးတစ်လုံးကို အခြေပြုပြီး ကမ္ဘာမြေကြီးရဲ့ဆွဲအားကို
ရှာဖွေတွေ့ရှိခဲ့တယ်။ ငါကတော့ ပန်းသီးတစ်လုံးကိုအခြေပြုပြီး ကမ္ဘာကြီးရဲ့
ဆွဲအားကိုဘယ်လိုလျှော့ချရင်ကောင်းမလဲလို့စဉ်းစားနေတာ။ ဆွဲအားလျော့သွား
မှလူတွေကောင်းကင်မှာပျံနိုင်ကြမှာပေါ့ကွာ။ '
သွားပါပြီ။ သွားပါပြီ။ ကျွန်တော်တော့ အကြီးအကျယ်မှားပြီထင်တယ်။တော်သေး
တယ်ပြောရမလားပဲ ကယ်တင်ရှင်ပေါ်လာပေလို့။
'ကိုပေါက်တူး '
အော်သံတစ်ချက်ကြားလိုက်တယ် ခပ်ညက်ညက်လေးပဲ။
'တော်လည်းတစ်နေ့တစ်နေ့ဒီပန်းသီးတစ်လုံးနဲ့အချိန်ကုန်နေတာပဲ။'
'ဘာမှလည်းဖြစ်မလာသေးဘူး။ ပန်းသီးကိုခဏထားခဲ့ ဒီမှာရေချိုးစရာရေမရှိ
တော့ဘူး။ ရေလာဆွဲပေးဦး။'
ဆရာသမားမျက်နှာနည်းနည်းပျက်သွားတယ်။
'လုပ်ပြီစကားကောင်းနေပြီဆိုရင် မိန်းမတို့ကတော့လုပ်ပြီ။ 'ခပ်တိုးတိုးငြီးတွား
လိုက်တယ်။
'ကဲကဲ မောင်ရင်သွားစရာရှိတာသွားတော့ ငါလည်းရေသွားဆွဲပေးလိုက်ဦးမယ်။'
ဆရာသမားကပြောပြောဆိုဆိုနဲ့ထထွက်မယ်လုပ်..
'ဟဟ နေပါဦးဗျာ.. ခင်ဗျားကိုမေးရာရှိလို့ပါ။'
'မေးမေး မြန်မြန်မေးကွာ..'
'ကျွန်တော့်ကိုထမင်းဆိုင်လမ်းညွှန်ပေးပါဗျာ။'
'သြော်.. အေး.. ဒီကနေရှေ့တည့်တည့်လျှောက်..ပြီးရင်ဘယ်ဘက်ကိုကွေ့..'
'ရွာလယ်လမ်းမကြီးကိုရောက်သွားမယ်။ အဲဒီမှာထမင်းဆိုင်တွေမှ အပေါသား…'
'ကျေးဇူးပဲဗျာ.. သွားလိုက်ဦးမယ်..'
'သြော်ဒါနဲ့.'ကျွန်တော့်ရဲ့ဒါနဲ့စကားကြောင့် သူသွားမယ့်ခြေလှမ်းရပ်ပြီးလှည့်ကြည့်
ပါတယ်။
'နယူတန်က ပန်းသီးတစ်လုံးကြောင့်ကမ္ဘာမြေရဲ့ဆွဲအားကိုတွေ့ရှိသွားတယ်နော်..'
နယူတန်ကိုကြားလို့လား. ပန်သီးကိုကြားလို့လားတော့မသိ သကောင့်သားမျက်လုံး
တွေအရောင်လက်သွားတယ်။ ကျွန်တော်လည်းအခွင့်အရေးကိုလက်လွှတ်မခံပဲ..
'နယူတန်လိုပဲ ပန်းသီးကိုအရင်းပြုပြီး ဆွဲအားကိုတွေ့ရှိသွားတဲ့လူတွေရှိသေးတယ်..'
'ဟင်ဘယ်သူတွေလည်းကွ.'.
'အာဒံနဲ့ဧ၀လေ..'
'ဘာ အေးတင့်နဲ့အောင်ဝင်းလား…'
'အာ..ခင်ဗျားကလည်း..အာဒံနဲ့ဧ၀ပါဗျ..ဘယ်ကလာအေးတင့်နဲ့အောင်ဝင်းရမှာလဲ'
'သူတို့က ပန်းသီးတစ်လုံးကိုအရင်းပြုပြီး အချစ်ရဲ့ဆွဲအားကို တွေ့ရှိသွားကြတာဗျ'
'သြော်..'
'မအော်နဲ့ဦး.. နောက်တစ်ယောက်ရှိသေးတယ်..'
'ဘယ်သူတုန်းကွ သူကကောဘာများတွေ့ရှိသွားတာလည်း..'
'သူကတော့ ပန်းသီးတစ်လုံးကို အရင်းပြုပြီး ရေဆွဲအားကိုတွေ့ရှိသွားတာဗျ..'
'သူကဒီရွာကပဲ.. ဟဲဟဲ..'
'ကဲကဲ သွားလိုက်ဦးမယ်ဗျို့.. '
ပြောပြီးပြီးချင်းပဲကျွန်တော် ထမင်းဆိုင်တွေရှိရာထွက်လာခဲ့ပါတယ်။
'ဟာဟာ.. ဟေ့မောင်ရင်… ဘယ်သူလဲဆိုတာပြောသွားဦးလေကွာ..'
သူ့အမေးကိုမဖြေပဲ ကျွန်တော် လက်ပြပြီး ထွက်လာခဲ့လိုက်ပါတယ်။
ဖြေစရာမလိုဘူးလေ ကိုယ့်ဘာသာစဉ်းစားပေါ့.. ဟဲ ဟဲ

---xxx-----xxx--------xxx------xxx---------xxx----

အခန်း(၂)
ဟုတ်ပါတယ်ဆိုင်တွေမှအပေါသားဗျာ။ ဒါပေမဲ့ထမင်းဆိုင်မဟုတ်ဘူးထီဆိုင်တွေ၊
အပေါင်ဆိုင်တွေ၊ ဘုံဆိုင်တွေစုံလို့ဗျာ။ထမင်းဆိုင်ဘယ်နားမှာမှန်းတောင်မသိဘူး။
ဒီလိုနဲ့လျှောက်ရှာလိုက်တာ ဟောတွေ့ပါပြီဗျာ။ ဘာတဲ့ ပန်းတို့၏ဥယျာဉ်မှူးတဲ့။
ကျွန်တော်လည်းဗိုက်စာပြီဆိုတော့ခပ်သုတ်သုတ်ဝင်လိုက်တယ်။ထမင်းဆိုင်တစ်
ဆိုင်ထဲရှိလို့လားမသိဘူး လူတွေတော့ တော်တော်များတယ်။ တော်သေးတာက
လွတ်နေတဲ့စားပွဲတစ်လုံးရှိသေးလို့… အဲဒီစားပွဲကို ကွေ့ပတ်ရှောင်ရှားပြီးသွားထိုင်
လိုက်တယ်… ထို်င်ပြီးပြီးချင်းပဲ…
'ဘာသုံးဆောင်မလဲရှင်…'
နားထဲမှာချိုပြီးအေးသွားတာပဲ.. အသံနဲ့လူနဲ့လိုက်ပါပေတယ်..
ပါးမှာသနပ်ခါး ပါးကွက်ကြားလေးနဲ့ ကောင်မလေး..ညိုပြာညက်လေးပေါ့…
'သြော်ဘာတွေများရလဲမသိဘူး..'
ကြက်သား၊၀က်သား၊ဆိတ်သား၊အမဲနှပ်၊ပုဇွန်ဆီပြန်၊ငါးရံ့အူ၊ငါးသလောက်၊
ငါးပြေမ၊ငါးသလဲထိုး…….
သူရွတ်သွားတာတွေကလလည်းစုံလို့ဗျာ။
'…. ၊….၊….'
'ဟုတ်ကဲ့ရှင့် ခဏစာင့်ပါနော်…'
စားကောင်းမဲ့ ဟင်းသုံးလေးမျိုးနဲ့ထမင်းမှာလိုက်တာပါ..
'မောင်ရင် က သူစိမ်းထင်တယ်..'
'ဗျာ..'
ကောင်မလေးမလာပဲ လူ၀၀ကြီးတစ်ယောက်ရောက်လာလို့ကျွန်တော်
သြံသြသွားတယ်။
'ဦးကဒီဆိုင်ပိုင်ရှင်ပါ..'ပြောပြောဆိုဆိုနဲ့ ကျွန်တော့်စားပွဲမှာဝင်ထိုင်တယ်။
'သမီးချည်း ၉ ယောက်မွေးထားတယ်။ '
'သြော်ဒါကြောင့် ဆိုင်နာမည်က လှနေတာကိုး..'
'ဒါပေါ့ကွာ သမီးတွေမွေးထားပြီး ထိန်းကျောင်းနေရတော့ ဒီနာမည်လေး
ပေးလိုက်တာပေါ့ကွာ..'
'သြော်..ဒါဆိုရင်ဦးလည်း ပန်းပါမှာပေါ့နော်…'
'အေးလေ.. ပန်းပါလို့လည်း ကလေးတွေ ဒီအရွယ်… အာဟေ့ကောင်
ဘာတွေလျှောက်မေးနေတာလည်း…'
'ကျွန်တော်က ဦးနာမည်မှာ ပန်းပါလားလို့မေးတာပါ… '
'ဥပမာ.. ဦးရွှေပန်းတို့.. ဦးပန်းနာတို့ လို…လို…'
'ဟေ့ကောင် ဘာပန်းမှာမပါဘူး.. ငါ့နာမည်က ဂေါ်ဖီကွ…'
'အဲဒါနဲ့များပန်းမပါဘူးတဲ့.. ဂေါ်ဖီလည်းပန်းပါပဲဗျ'
ပြောရင်းဆိုရင်းမှာထားတာလေးတွေ ရောက်လာလို့စားမယ်ကြံရုံရှိသေး..
'မောင်ရင်က ဒီရွာကိုဘာလာလုပ်တာလည်း..'
'လမ်းကြုံလို့ ၀င်လာတာပါ…' ထမင်းပွဲရောက်လာလို့ထင်တယ်။
'သြော်…မောင်ရင်ဦးကိုအားမနာနဲ့စားစား..'
ပြောနေတာနောက်ကျနေဦးမယ်..ကျွန်တော်ကစားတောင်စားနေပြီ။
သူကတော့ ပြောစရာရှိတာဆက်ပြောနေတော့တာပဲ..
'ဦတို့ရွာလေးကသာယာတယ်ကွ….မြစ်၊ချောင်း၊အင်းအိုင်လည်းပေါတယ်..'
'ဆန်ရေစပါးလည်းကြွယ်ဝတယ်ကွ…'
'ဘုံဆိုင်တွေ၊ ထီဆိုင်တွေ၊ အပေါင်ဆိုင်တွေလည်း ပေါများတယ်နော်..'
ကျွန်တော်သူ့စကားကို စားနေရင်းနဲ့ဖြတ်ပြောလိုက်တာပါ။
'အန်.. အင်း.. ဒါကဒီလိုရှိတယ်ကွ..'
'တို့ရွာက ဘုံဆိုင်တွေ၊ အပေါင်ဆိုင်တွေ၊ထီဆိုင်တွေကအကျိုးတူစီးပွားရေး
လုပ်နေတာကွ..'
'ဗျာ'… စားနေရင်းနဲ့ထမင်းလုပ်တောင်ဘေးချော်သွားသလိုပဲ။ဒါတွေကကအကျိုး
တူစီးပွားရေးတဲ့..
'ဟုတ်တယ်… ရွာကလူတွေက ရှိစုမဲ့စုလေးတွေကို အပေါင်ဆိုင်မှာ လာပေါင်..
ပြီးရတဲ့ ပိုက်ဆံနဲ့ ထီထိုး..ဟော ထီမပေါက်တော့စိတ်ညစ်ညစ်နဲ့ ဘုံဆိုင်ရောက်..
ထီပေါက်တဲ့သူတွေကလည်း ပျော်လို့ဆိုပြီးဘုံဆိုင်ရောက်…ကဲ အကျိုးတူစီးပွားရေး
မဟုတ်လို့ ဘာလဲ ပြော…'
အခုမှပဲ အကျိုးတူစီးပွားရေးကိုနားလည်လာသလိုပဲ… ကြုံဖူးပေါင်ဗျာ..
'ဟုတ်ကဲ့..ဟုတ်ကဲ့…'
'အေးကွာ.. ဦးတို့ရွာမှာက ဒါမျိုးတွေသာပေါတယ်.. အနုပညာသမားကခပ်
ရှားရှားရယ်… ရှားဆို ရွာမြောက်ပိုင်းက နတ်ကတော်ကိုသြရယ် ဦးရာယ်ပဲရှိတာ
ကလား..'
ပြောပြီးတော့ သူ့ကိုယ်သူ ကျေနပ်နေတယ်ထင်ပါ့.. မျက်နှာကြီးကပြုံးလို့…
'မောင်ရင် ဗင်းဆင့်ဗန်ဂိုးတို့ ဂေါ်ဂင် တို့ကိုကြားဖူးလား..'
'ကြားဖူးတာပေါ့ အင်ပ(ရ်)ရှင်းနစ် ပန်းချီကျော် တွေပဲ ကြားဖူးတာပေါ့..'
'အေးဦးလည်း တစ်ခါတုန်းက ကိုယ်ပိုင်ဟန်နဲ့ ပန်းချီ………'
'ဟေ့ ဒီမှာ ပိုက်ဆံဘယ်လောက်ကျလည်း…'
ဝိုင်းတစ်သိဝိုင်းကငွေရှင်းမလို့ လှမ်းအော်တာကိုကြည့်ပြီး.
'အာ.. ဒီခလေးမတွေ ဘယ်ရောက်နေလည်း.. ခဏနော်မောင်ရင်
ဦးငွေသွားသိမ်းလိုက်ဦးမယ်' ဆိုပြီးထွက်ချသွားလေရဲ့။
ကျွန်တော်လည်း ထိုင်နေရင်းဟိုလိုက်ကြည့် ဒီလိုက်ကြည့်ပေါ့။တစ်ယောက်ထဲ
ဆိုတော့လည်း ဒီလိုပဲ လိုက်ကြည့်ရတာပေါ့နော်..
ဟာ.. အထူးအဆန်းပဲ..
နံရံကပ် ကျောက်သင်ပုန်းမှစာတစ်ချို့ရေးထားတယ်။ သဲသဲကွဲကွဲတော့ မမြင်
ရဘူး.. ခေါင်းစဉ် ကတော့ ကြားနာပရစေ တဲ့..
သေခြာမြင်ရအောင်အနည်းကပ်သွားကြည့်လိုက်မှပဲ..
'ရွှေဂေါင်းပြောင် ကောင်းမှကောင်း 'တဲ့
အောက်မှာလည်း အရီးစိန် ဆိုပဲ။ တစ်ခြား ရေးထားတာတွေလည်းရှိသေး
တယ်။ 'မုန်လာချဉ် နှစ်ဖတ်တွဲ ပျိုကညာ တစ်သက်စွဲ…ကာလသားခေါင်း
မောင်မောင်တုတ်.' အဲ… မုန်လာချဉ် နဲ့ ပျိုကညာ.. ဘာမှလည်းမဆိုင်
သလိုပဲ။
'ဒါတွေက ထမင်းလာစားတဲ့သူတွေကမှတ်ချက်ပေးသွားတဲ့ စကားလေး
တွေပေါ့ကွာ။'
စကားသံကြားလို့လှည့်ကြည့်တော့မှဆိုင်ရှင် ဦးဂေါ်ဖီဖြစ်နေတယ်။
'ကမ္ဘာကျော်ပန်းပုဆရာကြီးမိုက်ကယ်အိန်ဂျလိုရဲ့ယောင်္ကျားအာဇာနည်ဒေးဗစ်
ပန်းပုရုပ်ကိုဖွင့်ပွဲလုပ်တော့ဖလော်ရင့်မြီု့သားတွေကချီကျူးထောပနာပြုတဲ့စာ
တွေကိုစာရွက်အပိုင်းလေးတွေမှာရေးပြီးရုပ်ထုမှာလာကပ်ထားကြတယ်။
ဦးလည်းအဲဒီယဉ်ကျေးမှုကိုသဘောကျလို့ဦးဆိုင်မှာ ကျောက်သင်ပုန်းလေးကပ်
ထားပြီး ကြားနာပရစေ လို့ရေးထားလိုက်တာပေါ့။' 'ပထမတော့မရေးသွားကြဘူး။
နောက်တော့လည်း ကြားနာပရစေဆိုတာဘာလည်းဆိုလို့ရှင်းပြတော့မှ ရေးသွား
ကြတာပဲ။ မောင်ရင်ကောရေးသွားပါဦးလား။'
'ကောင်းသားပဲ ရေးမယ်ဗျာ။ ကျွန်တော်လည်းဒီယဉ်ကျေးမှုကိုသဘောကျတယ်။'
ပြောပြောဆိုဆိုနဲ့မြေဖြူခဲကောက်ပြီးရေးလိုက်ပါတယ်။

ဝက်သားရယ်ဆီပြန်..
ပုဇွန်ငယ်ခပ်ကွေးကွေး..
ဘောလောပေါ် ချဉ်ပေါင်ဟင်းမှာ
လက်ကုန်ကာလွေးရသည့်နှယ်
ကောင်းလွန်းသည့်ကြောင်း…

ရှေးခေတ်ကဗျာဆန်ဆန်လေးရေးပေးလိုက်တယ်။ဆိုင်ရှင်ကတော့ဘာမှမပြာပါဘူး။
ကဗျာဖတ်ပြီးသဘောကျနေတယ်ထင်တယ်။
'ကဲဦးရေ…စားလို့လည်းပြီးပြီ ရေးလို့လည်းပြီးပြီဆိုတော့ သွားလိုက်ပါဦးမယ်ဗျာ..'
'ကျေးဇူးပဲ မောင်ရာ.. နောင်လည်းလာစားပါဦး..'
'ဟုတ်ကဲ့..ဟုတ်ကဲ့..'
ပြောသာပြောရတယ် ကိုယ့်မှာဘယ်ရောက်လို့ဘယ်ပေါက်မယ်မသိ..
ဒါနဲ့ပဲသူု့ကိုနှုတ်ဆက်ပြီး ထွက်လာလိုက်ပါတယ်။

ကျွန်တော်လည်းစထွက်လာကတည်းက ဘယ်ရောက်လို့ဘယ်ပေါက်မယ်မှန်း
မသိဘူး။ရွာတစ်ရွာဝင်..ပြီးတော့လည်းပြန်ထွက်သွားရတာပဲလေ…နောင်လည်း
ဘယ်ရောက်ဦးမယ်မှန်းမသိ..သေခြာတာတော့ခရီးဆုံးမှာပန်းတိုင်ရှိတယ်။
ပန်းတိုင်ရောက်ဖို့ကအသက်ရှူသံမပြီးဆုံးသ၍သွားနေရဦးမှာပဲ။

ဒီကမ္ဘာမှာ အသက်ရှူသံတွေ အရောင်အဆင်းအမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုးနဲ့ ပျံ့
လွင့်နေတယ်။တစ်ချို့အသက်ရှူသံတွေက အားပါတယ်။ တက်ကြွတယ်။
တစ်ချို့က ခြောက်ခြားနေတယ်။ဝမ်းနည်းနေတယ်။ တစ်ချို့က ခါးသက်နေတယ်။
ကျွန်တော်တို့လူတွေဟာ လွပ်လပ်စွာစိတ်ကူးယဉ်ခွင့်ရှိတယ်။ ကိုယ်စိတ်ကူးထားတာ
တွေကိုပုံဖော်ခွင့်ရှိတယ်။ အဲဒီလိုစိတ်ကူးတွေကို ပုံဖော်တဲ့အချိန်မှာကျွန်တော်တို့
အသက်ရှူသံတွေမခါးသက်နေဖို့လိုတယ်။

ဘာပဲဖြစ်ဖြစ် အဆုံးတစ်နေရာမှာ တံခါးတစ်ချပ်ကကျွန်တော်တို့ကိုဆီးကြို
နေမှာပါ။ အဲဒီတံခါးကို တွန်းဖွင့်ဖို့အတွက် ကျွန်တော်တို့ရဲ့
အသက်ရှူသံတွေချိုမြိန်ပါစေလို့….

မိုးကြယ်

You received this email because you are subscribed to the real_time feed for http://yeinnweipar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[M Y] 1 New Entry: ဦးနာအောက်၊ အောက် မအောက် (၂)

ဦးနာအောက်၊ အောက် မအောက် (၂)

ပထမဆုံး ဦးနာအောက် ရှင်သန်ခဲ့ရတဲ့ ခေတ်ကာလနဲ့ ကမ္ဘာ့အခင်းအကျဉ်း၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုသမိုင်းအကျဉ်းကို အရင်ပြန် ကြည့်မိပါတယ်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ရလာဒ်အနေနဲ့ ဗြိတိသျှ ဟာမြန်မာ့ကမ်းရိုးတန်း အားလုံး နီးပါးလောက် သိမ်းပိုက်နေရာ ယူထားခဲ့တယ်။ ဗြိတိသျှ-ဘားမားဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေက ဆိပ်ကမ်းမြို့ တော် ရန်ကုန်မှာရုံးထိုင်ပြီး အောက်မြန်မာပြည်စီးပွားရေးနဲ့  ကုန်သွယ်ရေးအားလုံး ကို လက်ဝါးကြီးအုပ်ထားခဲ့တာတွေ့ ရပါတယ်။

... .
.
..

ဒီအချိန်မှာ ရန်ကုန်မြို့ မှာ အထက်ဗမာပြည် မင်းနေပြည်တော်ကနေ ခိုလှုံလာတဲ့ ဒုက္ခသည်တွေ၊ ရေကြည်ရာမျက်နုဆိုသလို နယ်မြေပြောင်းရွေှ့အခြေချလာကြတဲ့ စီးပွားရေးသမားတွေလဲ ခြေချင်းလိမ်နေ ခဲ့ပါတယ်။

အဲဒိအချိန်က ကမ္ဘာ့အနေအထားလေးတင်ပြချင်ပါတယ်။ ဦးနာအောက် ဆိုတဲ့ မွန်လူမျိုး နွားကျောင်းသားကလေး မွေးဖွားခဲ့တဲ့ ခေတ် ၊ ၁၉ ရာစု ကာလတွေမှာ ဂရိတ်ဗြိတိန်ခေါ်တဲ့နေမ၀င်အင်ပါယာကြီးဟာ ပထမဆုံးအနေနဲ့  ကြီးထွားလာတဲ့တခြား အင်အားကြီးနိုင်ငံတွေ ရဲ့ အားပြိုင်မှုတွေနဲ့  စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရပါပြီ။ ဂျာမန်တွေ၊ ပြင်သစ်၊ ရာရှန်၊ နဲ့  အမေရိကန်တွေကအစပေါ့။ အဲဒိနိုင်ငံတွေက ပင်လယ်ရပ်ခြားမှာ နယ်ပယ်သစ် သိမ်းပိုက်ခြင်းတွေ၊ စီးပွားရေးအင်အား သွေးတိုးစမ်းမှု ပြုပြီး ဗြိတိန် ကို စယှဉ်ပြိုင်လာ ပါပြီ။

၁၈၈၅ မှာ အမေရိကန်မီးရထားလမ်းတွေဟာအနောက်ဖက် ကယ်လီဖိုးနီးယား ကမ်းခြေအထိ ဆန့်  ထုတ်လာခဲ့ပြီ။ အမေရိကားမှာ စတီးနဲ့ ရေနံလိုအပ်ချက်တွေတိုးလာပြီ။ ၁၈၈၅ မှာပဲ ဓာတ်စက် လို့ ခေါ်ကြတဲ့ ဖိုနိုဂရပ်(ဖ) ကို စထွင်ပြီးခဲ့ပြီ။ ၁၈၈၅မှာပဲ ကမ္ဘာ့ပထမဦး ဆုံး အထပ်ကိုးထပ်ပါတဲ့ မိုးမျှော်တိုက် ကြီး ကို ချီကာဂိုမှာ စဆောက်ပြလိုက်ပြီ။ ၁၈၈၅ မှာ ပဲ လေဘာတီကျောက်ရုပ် နယူးယောက်မှာ စအခြေချခဲ့ပြီ။

ဒါပေမယ့် အင်္ဂလန်နိုင်ငံအတွက်တော့ ၁၈၈၅ မှာ အခြေအနေတွေက ပြောင်းပြန်ဆုတ်ယုတ်ပြီး အကျပ်ရိုက် နေခဲ့ပါတယ်။ သတင်းစာတွေထဲမှာနေမ၀င်ထဲကဆူဒန်နိုင်ငံ ခါတူမ်း မှာ ဗြိတိသျှတွေ တဖြေးဖြေး ကျဆုံးတဲ့သတင်းတွေပါလာပြီ။ ၁၈၈၅ ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်ကြီးချား(လ)စ် ဂေါ်ဒန်ကျဆုံးတဲ့
သတင်း တွေ ကြောင့်အင်္ဂလန်လူထုဒေါသဟာ တိုင်းပြည်မှာ သက်တန်းအရှည်ကြာဆုံး နေရာယူထားခဲ့တဲ့ ၀န်ကြီးချုပ် ၀ီလျှံဂလဒ်စတုန်း ရဲ့ လစ်ဘရယ်အစိုးရ ထံ လှို်င်းတံပိုး လိုရိုက်ခတ်လာနေပြီ။

ဗိုလ်ချုပ်ချား(လ)စ် ဆိုတာ ဂျနရယ်ချား(လ)စ် ချိုင်းနီး(စ)ဂေါ်ဒန် လို့ ခေါ်ဆိုခဲ့ရလောက်အောင် ၁၈၆၀ ခုနှစ်က တရုတ်နိုင်ငံမှာ ဧကရာဇ် ကိုယ်စား တိုင်ပေ ပုန်ကန်သောင်းကျန်းသူတွေကို နိုင်ငံပေါင်းစုံတပ်ကြီးကိုဦးစီးပြီ့း ချေမှုန်း အောင်နိုင်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဖြစ်တယ်။၁၈၈၄ မှာ ပီပြင်တဲ့လမ်းစဉ်မရှိပဲ ဆူဒန်မှာ စစ်အင်အားတွေတိုးချဲ့ ဖို့ အတွက် ဂလဒ်စတုန်း ရဲ့  လစ်ဘရယ်အစိုးရဟာဒီဗိုလ်ချုပ်ကြီး ချား(လ)စ် ချိုင်းနီး(စ)ဂေါ်ဒန် ကို စေလွှတ်ခဲ့တယ်။ မျှော်လင့်တာက မားဒစ် (Mahdist) ဆိုတဲ့ ပုန်ကန်သူတွေကို ဘယ်သူ့ အကူမှမပါပဲ ဖြေရှင်း နိုင်ဖို့ နဲ့ အန်ဂလို-အီဂျစ်(ပ)ရှန် စစ်အခြေစိုက်စခန်းကို ရုတ်သိမ်းရာမှာ ကာဗာလုပ်ပေးနိုင်ဖို့ ပဲဖြစ်တယ်။

အဲဒိအချိန်မှာ ဗမာပြည်ဟာ သိပ်ကိုချမ်းသာနိုင်တဲ့နိုင်ငံမှန်းသိထားတဲ့အတွက် ကတစ်ကြောင်း၊ ဗမာနိုင်ငံဟာ သူတို့ အခေါ် limitless market ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကြီးမားလှတဲ့ ဈေးကွက် ကြီးအတွက် အနောက်ဖက်တံခါးပေါက်တစ်ခုဖြစ်နေတာကတစ်ကြောင်း တို့ ကြောင့် ဒီဗမာနိုင်ငံဟာ ဘာမင်ဂန် နန်းတော်ရဲ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ပြသနာတွေအတွက် အဖြေတစ်ခုဖြစ်နေခဲ့ပါတယ်။ ကုန်သည်တွေအတွက်နှစ်သိမ့်ပေးဖို့ ဝန်ကြီးချုပ်က တစ်ခုခုလုပ်ပေးရတော့မယ့်ထွက်ပေါက်တစ်ခုအဖြစ် နေမ၀င်အင်ပိုင်ယာ ကြီးက မျက်စိကျလိုက်တာ ကျန်တဲ့သမိုင်းဇာတ်ကြောင်းတော့ အားလုံးအသိပါပဲ။့

အဓိက က ဒီ ဧရာဝတီသင်္ဘောကုမ္ပဏီနဲ့ ဦးနာအောက် ကိစ္စ ဆိုတော့ ကျန်တာတွေ အသေးစိတ်မသွားတော့ပါဘူး။ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့နိုင်ငံကြီးတွေတိုးတက်လာစ၊ အင်္ဂလန်ပြည်ကြီးစီးပွားကပ်ကြုံခါစ အဲဒိ ၁၈၈၅ မှာပဲ ကုန်းဘောင်မင်းဆက် နိတ္ထိတံခဲ့ပြီးတစ်မျိုးသားလုံးသူ့  ကျွန်ဖြစ်ခဲ့ရပါတယ်။

စီးပွားရေး စီမံကိန်းတွေ ချထားခဲ့ကြတဲ့အတိုင်း မဟာ ဗြိတိန် ရဲ့ နေမ၀င်အင်ပိုင်ယာ သား တွေအဖြစ်ဝင်လာခဲ့တဲ့ စကော့တလန် က ကုန်သည်တွေ ဦးစီးတဲ့ ဧရာဝတီ သင်္ဘောကုမ္ပဏီကြီးဟာ မြန်မာ့မြစ်တွင်း သယ်ယူပို့ ဆောင်ရေးမှာ အင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်ခင်စောစောကာလတွေကထဲက အခြေပျိုး ရောက်နေခဲ့ပါပြီ။ မြန်မာ့မြစ်ရေကြောင်းတလျှောက်မှာ ဧရာဝတီ ဆိုတဲ့မြန်မာနာမည်တစ်ခုနဲ အဲဒိခေတ်ကာလရဲ့ ခေတ်အမီဆုံး မီးသဘောင်္ နည်းပညာ တွေ နဲ့ တည်ဆောက်ထားတဲ့ စကော့တလန် သားတွေပိုင်တဲ့ သဘောင်္တွေ ပြေးဆွဲနေခဲ့တာကြာပါပြီ။

သမိုင်းကြောင်းအရ ဧရာဝတီ သင်္ဘောကုမ္ပ ဏီဟာ စကော့တလန်၊ ဂလတ်(စ)ဂိုး မှာ အခြေစိုက် ပြီး ၁၈၆၅ ခုနှစ်ကစပြီး မြန်မာပြည်မှာ
Irrawaddy Flotilla Company (IFC) ဆိုပြီး တည်ထောင်ခဲ့ပါတယ်။

အဲဒိ ကာလလေးတွေမြင်သာအောင် ပြန်ကြည့်မယ်ဆိုရင်တော့ မင်းတုန်းမင်း က ၁၈၅၃ ကနေ ၁၈၇၈ အထိ အုပ်ချုပ်ခဲ့ပြီး သီပေါဘုရင်က ၁၈၇၈ ကနေ ပါလွန်တော်မူတဲ့ ၁၈၈၅ အထိပါ။ (၂မင်းဆက်လောက် ဆိုရပြီထင်ပါသည်။ ကုန်းဘောင်မင်းဆက် ၁၁ ဆက်နာမည်အထိတော့ရေးစရာမလို တော့ပါ။)

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရေကြောင်းခရီး အသုံးပြုမှုဟာ မြန်မာပြည်မှာ ထွန်းကားလာပေမယ့်  သိပ်အဆင်ပြေခဲ့သေးတာတော့မဟုတ်။သဘာဝဘေး ရေကြောင်းလမ်း အခက်အခဲတွေ အန္တရာယ်တွေနဲ့  ကြုံခဲ့ရတုန်းပါ။ ဒီ မြစ်ရေကြောင်း သဘာဝဘေးအန္တရာယ်တွေကြားကကို စကော့တလန် ကုမ္ပဏီ ဟာ ဧရာဝတီ နာမည်နဲ့ မြန်မာ့မြစ်ရေကြောင်းမှာ အဲဒိ သဘာဝဘေးရန် အခက်အခဲတွေကြားထဲက ပြေးဆွဲရင်း တဖြေးဖြေး ကြီးထွားလာခဲ့ပါတယ်။

၁၈၆၅ ခုနှစ်က ရေနွေးငွေ့  သင်္ဘောကလေး ၄ စင်းနဲ့ ဧရာဝတီ မြစ်မှာ စတည်ခဲ့တဲ့ ဧရာဝတီ သင်္ဘော ကုမ္ပဏီ လေးဟာ ၁၈၆၈ မှာ မန္တလေးဘုရင်မင်းတုန်းမင်း ရဲ့ ခွင့်ပြုချက်နဲ့  အထက်မြန်မာပြည် ကိုဆွဲခွင့်ရခဲ့ပါတယ်။ ၁၈၆၉မှာ တော့အထက်မြန်မာပြည် ဗန်းမော်အထိ ကို ပြေးနေခဲ့ပါပြီ။

ဒီလိုလုပ်နေခဲ့လိုက်တာ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ မတိုင်ခင်ကာလ ၁၈၈၅ မှာ သုံးကီလိုမီတာရှည်တဲ့ သင်္ဘောတန်းကြီးတွေဟာ အထက်၊အောက်မြန်ပြည်တစ်ခွင် ရေကြောင်းကုန်သွယ်မှု ကို လက်ဝါးကြီးအုပ် ထားနိုင်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ် ရောက်တဲ့အခါမှာတော့ အလျား ၉၃ မီတာ၊ ရွက်တိုင် ၁၂မီတာနဲ့ ခရီးသည်ပေါင်း ၃၀၀၀ အထိသယ်ဆောင်နိုင်တဲ့ ခရီးသည်တင်သင်္ဘောတွေ၊ တန် ၅၀၀ အထိ ဆန့် တဲ့ ကုန်တင်သင်္ဘောကြီးတွေ၊ နဲ့ မြန်မာဘုရင်ပိုင် အထက်မြန်မာပြည်မန္တလေးအထိတွင်ကျယ်နေပါပြီ။

မြန်မာပြည်ရဲ့ စီးပွားရေး ဟာ အရှိန်အဟုန်နဲ့ တက်လာတာနဲ့ အပြိုင်၊ ဧရာဝတီ သင်္ဘောကုမ္ပဏီကြီးကလဲ အင်မတန်အင်အားကောင်းကြီးထွားလာခဲ့ပါတယ်။ ၁၉၁၆ ခုနှစ် ဖရက်ဒရစ်ချား(လ်)(စ) ကနေဒီ အထွေထွေ မန်နေဂျာအဖြစ် အုပ်ချုပ်တဲ့ အချိန်မှာ သင်္ဘောပေါင်း ၅၀၀၊ (ရေနွေးငွေ့ နဲ့  မောင်းတဲ့သင်္ဘောများဖြစ်ပြီး ၊ ၂၀၀ က စက်တပ်သဘောင်္ပါ) အထိရှိခဲ့ပါတယ်။

အင်မတန်ကြီးမားတဲ့ သံလျင်သင်္ဘောကြီး ကနေပြီး ဖလက်ခေါ်တဲ့ ဇက်လို မျိုးအသေးစားလေးတွေ၃၂၀ ခန့်  ပိုင်ဆိုင်ထားပါတယ်။ အဲဒိအချိန်က မြစ်ဧရာတကြောပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ ရွစိတက်နေတဲ့ အင်္ဂလိပ်ပိုင် သင်္ဘောတွေ ကိုမြင်ယောင်ကြည့်နို်င်ပါတယ်။ ဒီဧရာဝတီသင်္ဘောကုမ္ပဏီကြီးဟာမြန်မာနိုင်ငံမှာ ၀န်ထမ်းအများဆုံး ခန့်  ထားနိုင်တဲ့ ကိုလိုနီ လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။ သင်္ဘောကျင်း လေးခုပိုင်ပါတယ်။ သင်္ဘောသားပေါင်း
၅၀၀၀ ကျော်နဲ့ သင်္ဘောကျင်းအလုပ်သမားပေါင်း ၅၀၀၀ ကျော်၊ စုစုပေါင်း ၀န်ထမ်း တစ်သောင်းတစ်ထောင်ကျော် ရှိတဲ့ ဧရာမ ကိုလိုနီအရင်းရှင် ကုမ္ပဏီ အကြီးစားကြီးပါ။

ဒီနေရာမှာ နယ်ချဲ့ လက်အောက်က အအုပ်ချုပ်ခံ မြန်မာလူမျိုး နဲ့ ၊ အုပ်ချုပ်သူ ဗြိတိသျှ နယ်ချဲ့ ကြား အဆင့်အတန်းခွဲခြားပုံကလေး ကို သတိပြု စေချင်ပါတယ်။

(အပိုင်း (၃) ဆက်ပါမည်.....)
မောင်ရင်...

Photos adapted from [1] www.scripophily.net/irflcoglsc19.html, [2]
www.irrawaddyflotilla.com without permission

You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: ပြည်သူဖက် ကပြတ်သားစွာရပ်တည်ခဲ့တဲ့ လေတပ် က ဒေါ်နုနုအေး ကွယ်လွန်ခြင်း

ပြည်သူဖက် ကပြတ်သားစွာရပ်တည်ခဲ့တဲ့ လေတပ် က ဒေါ်နုနုအေး ကွယ်လွန်ခြင်း

ဆရာမကြီးဒေါ်နုနုအေး လို့  အများခေါ်ကြတဲ့ လေတပ် မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွါး ဒေါ်နုနုအေး
ဒီကနေ့  ညနေ ၅း၅၀ တွင် မယ်တော် ဆေးခန်း မှာ ကွယ်လွန်သွားပါတယ် ။ ဆရာမကြီး ဟာ ၈၈၈၈
လူထုလှုပ်ရှားမှုမှာ တပ်မတော် ထဲက နေပြည်သူလူထုဖက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာရပ်တည်
ခဲ့တဲ့ စစ်သည်ကောင်းတစ်ယောက်ပါ။ ဆရာမကြီးရဲ့ ရုပ်အလောင်း ကို တောရကျောင်းမှာ ထားမှာဖြစ်
ပြီး ဈာပန ချမဲ့ ၇က်ကို ထပ်မံတင်ပြမှာဖြစ်ပါတယ် ။ ဆရာမကြီး ကိုကျမ လေးစာ ဂါရ၀ ပြု လိုက်ပါ
တယ်။ ဆရာမကြီးကသူဝေဒနာခံစားနေရ၇ှာတာ ဘယ်သူ့ ကိုမှဒုက္ခမပေးချင်ရှာဖူးထင်ပါတယ် ။ သူ
နေထိုင်မကောင်းတာတာအတင်းမေးမှာပြောတာတဲ့ ကဲဗျာပြည်သူတွေကို များများ ပေးသွားသူဆိုတာ
သူလိုလူမျိုးတွေပဲပေါ့ ။။ ဆရာမကြီးကောင်းရာသုဂတိလားပါစေ ။။
ကြေကွဲဝမ်းနည်းစွာဖြင့်
မေအိခင်

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 4 New Entries: သန်းရွေ လူတွေ မိုက်ရိုင်း နေပြီ

သန်းရွေ လူတွေ မိုက်ရိုင်း နေပြီ


မင်းကိုနိင်နဲ့  ကျောင်းသားခေါင်းဆောင်တွေကို သန်းရွေ လက်ကိုင်ဒုတ်ထောင်ဝါဒါများက မအူပင်ထောင် မှာ ရိုက်နက်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသား ခေါင်းဆောင် ကိုးယောက်စလုံးကို မအူပင်ထောင်ရောက်ရောက်ခြင်းမှာ ၀ါဒါ များက ၀ိုင်းဝန်းရိုက် နက်ခဲ့ကြတယ်လို့ သိရပါတယ်။ ထိခိုက် ဒဏ်ရာရရှိ မှု ကိုအသေးစိတ်မသိရသေးပါ။

အကြမ်းဖက်သမား ၃ ဦးကို အင်ဒိုနီးရှား အစိုးရ သေဒဏ်ပေး













-ကိုကိုအောင်(ဂျာကာတာ)-

လွန်ခဲ့တဲ့၂၀၀၂ခုနှစ်ကအင်ဒိုနီရှားနိုင်ငံဘာလီမြို့ည-ကပွဲရုံကိုအကြမ်းဖက်ဗုံးဖောက်ခွဲခဲ့မှုနှင့်ပက်သက်ပြီး၊
ဖေါက်ခွဲရေးသမား
(၃)ဦးကိုပြစ်မှုထင်ရှားသဖြင့်အင်ဒိုနီရှားအစိုးရ၏တရားဥပဒေဆုံးဖြတ်ချက်အရသေနတ်နှင့်ပစ်သက်ပြီးကွပ်မျက်လိုက်ပါပြီ။
ဒီလိုကွပ်မျက်ခဲ့မှုကြောင့်အစ္စလာမ်အစွန်းရောက်သူတွေနှင့်သူတို့(၃)ဦးကိုထောက်ခံသူအစ္စလာမ်အယူအဆပြင်းထန်သူတွေက
ပြန်လည်လက်တုန့်ပြန်လာနိုင်တယ်လို့အင်ဒိုနီရှားအစိုးရကပြည်သူတွေကိုသတိပေးထားပြီး၊နိုင်ငံခြားသံရုံးတွေနှင့်ဂျာဗားကျွန်း
လူစည်းကားရာနေရာတွေမှာလုံခြုံရေးတွေကိုတိုးမြင့်ချထားပါတယ်။လွန်ခဲ့တဲ့၆နှစ်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ဗုံးဖောက်ခွဲခဲ့မှုကြောင့်
သြစတေးလ်လီးယားလူမျိုး၈၈ယောက်အပါအ၀င်နိုင်ငံခြားသား၁၆၀ကျော်၊စုစုပေါင်းအပြစ်မဲ့ပြည်သူစုစုပေါင်း၂၀၂ယောက်သေဆုံးခဲ့ရပါတယ်။

အင်ဒိုနီရှားရောက်မြန်မာလူမျိုးများအသွားအလာသတိပြုကြပါ။



နယူးယောက်မြို့ မှာ စာပေဟောပြောပွဲ ကျင်းပမယ်။ မိတ်ဆွေ တို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။



အသေးစိတ်ကို ပိုစတာ များကို ကလစ်လုပ်ကြည့် ပါ။




Summary

Rest of your post

ဘင်္ဂလားဒေ့ရှ် တပ်မတော် နယ်စပ်စစ်အင်အားတိုးမြှင့်ချထား

ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ မြန်မာ နယ်စပ်တွင် ထပ်မံအင်အားဖြည့် တပ်များ ချထားပြီဖြစ်သည်။
ထိုသို့ အင်အားတိုးမြှင့်ချထားသော်လည်း နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဒက်ကာမြို့တွင် ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။


ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ပြသာနာ ( ကြားဖြတ်သတင်း)

အေပီ -
ဘင်္ဂလားဒေ့ရှ် က မြန်မာ နယ်စပ်ကို မျက်စေ့တောက်ထောက်ကြည့်  နေပြီး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ့ ကိုတပ်လှန့် ထား တယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အရာရှိ အေ-ကေ- အမ် နယူလ် ဘာဟာ က မြန်မာတပ်တွေ နယ်စပ်မှာ တိုးချဲု့ ချလာတယ်လို့ ပြောပါတယ်။ စိုးရိမ်ရတဲ့အနေထားမှာတော့ မရှိသေးဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ် က သူတို့ နယ်နမိတ်လို့ ကြေညာချိန်မှာ မြန်မာကတော့ မှန်းယွင်းစွာ ကြေညာတယ်လို့  တုန့် ပြန် ခဲ့တယ်။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My TLMS] 2 New Entries: The wishing Tree- အာသီသသစ်ပင်

The wishing Tree- အာသီသသစ်ပင်

The wishing Tree



I thought of her as the wishing tree that died
and saw it lifted, root and branch, to heaven,
Trailing a shower of all that had been driven

Need by need by need into its hale
Sap-wood and bark: conin and pin and nail
Came streaming from it like a comet-tail

New-minted and dissloved. I had a vision
Of an airy branch-head rising through damp cloud,
Of turned-up faces where the tree had stood.

Seamus Heaney [From 'The Haw Latern'(1987)]

အာသီသသစ်ပင်


သူမအကြောင်း ငါတွေးနေတဲ့အခိုက်မှာ အဲဒိ အာသီသ သစ်ပင် သေဆုံးလို့..
ကောင်းကင်ဘုံကို အမြစ်နဲ့ အကိုင်းအခက်ပါ ပင့်မြှောက်သွားတာ မြင်လိုက်ရရဲ့....
မိုးရေတွေဖြိုင်ဖြိုင်ကျအောင် မောင်းနှင်ခံရ...

လိုအပ်ပြီးရင်း လိုအပ်ရင်း အဲ့ဒိဆွဲငင်ရာဆီသို့...
သစ်အကာသားနဲ့ အခေါက်၊ ဒင်္ဂါး၊ ပင်အပ်နဲ့ သံတို့ဟာ
ကြယ်တံခွန်ရဲ့ အမြီးပမာ စီးမျောလာခဲ့.....

အသစ်သွန်းဆစ်ပြီးတော့ ပျော်ဝင်...
ပေါ့ပါးတဲ့ အကိုင်းအခက်တခု စွတ်စိုစို တိမ်ထုထဲ ဖြတ်သန်းသွားတဲ့ အာရုံတခု ငါရခဲ့....
သစ်ပင် ရပ်တည်သွားတဲ့ နေရာကနေ အပေါ်ကို မော့ကြည့်နေလိုက်ကြတဲ့ မျက်နှာများ....။

(ဆရာ ကောင်းသာ ရဲ့ အာသီသ သစ်ပင်(ရှေးမတ်စ် ဟင်နီ)စာအုပ်မှ The wishing tree ကို ဆီလျှော်အောင် ထပ်မံ ဘာသာပြန်ပါသည်။)

အာဆင်နယ်တဲ့ဟေ့


မနေ့က အာဆင်နယ် မန်ယူကို ၂-၀ နဲ့နိုင်တယ်။ ဂန်းနားတွေ အောင်ပွဲခံတဲ့နေ့ပေါ့ဗျာ။ ကျက်သရေ ရှိလိုက်ပုံများ.. အဟတ်ဟတ်။ အခုတော့လဲ သရဲနီတို့ အပေါ်မှာ ပြန်ရောက်သွားပြန်ပြီပေါ့ဗျာ...။ အော် အာဆင်နယ်ဆိုတာ ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်း ခြိမ်းခြောက်နိုင်သေးတဲ့ အသင်းအဖြစ်ရှိတုန်းပဲဆိုတာ ပြလိုက်တာပဲပေါ့။ ပျော်လိုက်တာဗျာ။ ကျေးဇူး နာဆရီ ကျေးဇူး အာဆင်နယ်။ Whatever,Whenever I Love Arsenal! :P

(ကျွန်တော်ရေးတဲ့ အာဆင်နယ် ဆောင်းပါးကို ဒီမှာလဲ သွားဖတ်လို့ရပါတယ်။)


You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: How about priority?

How about priority?

ဘွဲ့လက်မှတ်ဆိုတာလည်း အရေးပါပါတယ်။ အခြားသော ပြင်ပ သင်တန်းတွေဆိုတာလည်း အရေးကြီးပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဆိုတာလည်း အဓိကကျပါတယ်။ ကျောင်းသင်ခန်းစာ ပညာရေးကို Academic ၊ ပြင်ပသင်တန်းကို Professional ၊ ကုမ္ပဏီမှာကတော့ Practical Experience ပေါ့ဗျာ။ အားလုံးကတော့ လိုအပ်တာချည်းပါပဲ။ ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာကတော့ အခုနက ပြောခဲ့သလို လက်ရှိအချိန်မှာ လက်တွေ့ကျနေတာကိုပဲ ဦးစားပေးရွေးချယ်ရမှာပါ။.........
သူငယ်ချင်းကြီးမျက်လုံးရဲ့ ဒီပို့စ် ကစာသားလေးနဲ့ပါတ်သက်ပြီး ထပ်ဆင့်ပွားပြီး တွေးတောမိတာလေးပါ။

ကျမလဲ အတန်းပညာရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းနဲ့ လက်တွေ့လုပ်ငန်းခွင်တွေမှာ အဆင့်ဆင့်ဖြတ်သန်းခဲ့ရပါတယ်။ အဲလိုကနေ ဒီနေ့ ဒီအချိန် စင်ကာပူမှာ web developer တစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့်ရရှိလာတာလေးကို ပြန်ပြောင်းသုံးသပ်ကြည့်မိတော့-
၁၉၉၃ ကျမ ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာထွက်တယ်။ ဒါပေသိမြန်မာစာ အမှတ်က အညံ့ဆုံးလူအောက်တောင်ရောက်အောင် နည်းခဲ့ရာက(အမှတ်သွင်းသူလွဲခဲ့တယ်လို့ပဲ စွပ်စွဲချင်ပါတယ် နောက်မှ ပို့စ်တခုတင်ပါဦးမယ်) ကျမဖြစ်ချင်တဲ့ ဆရာဝန်မတစ်ယောက်ဖြစ်ဖို့ ဆေးကျောင်းတက်ခွင့်မသာခဲ့လို့ တက္ကသိုလ်တောင် မတက်ဘူးဆုံးဖြတ်ဖူးပေမဲ့ ကုန်သည်ပွဲစားလုပ်ငန်းရှင်မျိုးရိုးထဲမှာ ပညာတတ်တော့ဖြစ်စေချင်တဲ့ ကျေးဇူးရှင်ဖေဖေ၊မေမေ တို့ရဲ့ဆန္ဒကိုလိုက်လျောပြီး သင်္ချာအဓိကနဲ့ကျောင်းတက်ဖြစ်ခဲ့တာ။(ကွန်ပြူတာကိုလဲ ကူးလို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အီးမေဂျာမယူခဲ့ဘူးလေ)။ ထုံးစံအတိုင်း မြန်မာပြည်ပညာရေး မကြာခဏ ကျောင်းတွေပိတ်တုန်း အချိန်တွေ အလဟဿမဖြစ်ရအောင် ခေတ်နဲ့လဲညီအောင် ကွန်ပြူတာသင်တန်းအခြေခံသင်တန်းတွေတက်ရာကစ IDCS , IAD တွေ ပြီးခဲ့တယ်။ သင်တန်းပရောဂျက်တွေမှာ သာမက လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေရအောင်ပါ အပြင်ပရောဂျက်တွေမှာလဲ ပိုက်ဆံရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ကူရေးပေးခဲ့တယ်။ သင်္ချာဂုဏ်ထူးတန်းတက်လို့ ကျောင်းမပြီး၊ ဘွဲ့မရခင်မှာတင် ကျမ မိုးကုတ် KMD မှာ ဆရာမလုပ်တာ တစ်နှစ်ခွဲလောက်ပါပဲ။ ဘွဲ့လဲရ ၊ စာသင်တဲ့ hardware & networking service အတွေ့အကြုံတွေလဲရ ၊ ရန်ကုန်မှာ နောက်တခါ အလုပ်လာရှာတော့ International School မှာပဲ နောက်ထပ် တစ်နှစ်ခွဲလောက် ဆရာမ ပြန်လုပ်ခဲ့ပြီး Tours Co. မှာ IT Executive ပုံစံမျိုးနဲ့ အလုပ်စ၀င်ရာကနေ Sales & Marketing Manager ဖြစ်လာတဲ့အထိ ကျမ အဆင့်ဆင့်အတွေ့အကြုံတွေ ဖြတ်သန်းလာခဲ့တယ်။ နောက်ဆုံးတော့ စင်ကာပူမှာ လာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ရင်း ကျမ web developer ဖြစ်ဖို့ programming သင်တန်းတွေ၊ စာမေးပွဲတွေ ထရိန်းနင်းတွေကို နားချိန်မရှိ တရစပ် ကြိုးစားရင်း ကျမ အဖြစ်ချင်ဆုံးလမ်းကြောင်းတစ်ခုပေါ်ကို ခြေပြန်ချနိုင်ခဲ့တယ်။

ကျမ ပြန်ပြီး အချုပ်ပြောရမယ်ဆိုရင် first priority က ကျမ ဖေတို့မေတို့ ယူစေချင်တဲ့ ဘွဲ့တစ်ခု မဖြစ်မနေရဖို့က နံပါတ်တစ်ပါ (အသုံးမလိုဘူးဆိုတာ မရှိဘူးလို့ယုံပါတယ်။ ဒီလောက်လွယ်တဲ့ပညာရေးက ဘွဲ့တစ်ခုတောင် ရအောင်မယူထားဖြစ်ရင် ကျမတခြားပိုခက်တာတွေ ဆက်မလုပ်သင့်ဘူးလေ) ဒါပေသိ အဲဒီသချာင်္ဂုဏ်ထူးတန်းဘွဲ့ရပေသိ ကျမ ဘာမှမတတ်ခဲ့သလိုပါ။ ပြီးတော့ ကွန်ပြူတာမေဂျာကိုလဲ ပြောင်းခွင့်မရခဲ့ပါ(ပေါ်လစီတွေ ပြောင်းတယ်လေ ဘာမှအစိုးမရပဲကိုး)။ အဲဒီဘွဲ့နဲ့ ပိုက်ဆံမရှာနိုင်ခဲ့ဘူးပါ။ ပါတ်စပို့လုပ်တော့မှ လျော်ကြေး (EC ) သွင်းခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးတစ်ခုက စင်ကာပူမှာ ကျမ spass approved ဖြစ်စေတဲ့ main factor ဖြစ်ပါတယ်။

2nd priority အနေနဲ့ ကျမ ကွန်ပြူတာသင်တန်းတွေနဲ့ language သင်တန်း(ဂျပန်စာ၊ တရုတ်စာ)ကို သက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုအနေနဲ့ time line တွေဆွဲပြီး အကြားအလပ်မရှိ ၁၀နှစ်စာ သင်ယူခဲ့တာ တစိုက်မတ်မတ်ပါ။ ပြောမယ်ဆိုရင် IT field & languages skills တွေက အမြဲတမ်း keep in touch ဖြစ်နေခဲ့လို့ မေ့သွားတယ်ဆိုတာ မရှိတော့ဘူး(စကားပုံတစ်ခုမှာတော့ စောင်းနဲ့ ၆လခန့်ကင်းကွာတဲ့စောင်းသမားဟာ စောင်းမတီးတတ်တော့ဘူးဆိုတာရယ် ၊ ကျမဆရာတစ်ယောက်ကပြောတယ် သင်ပြီးမေ့ပစ်လိုက်တာဟာလဲ မတတ်တာ၊ မသင်ရသေးတာနဲ့ အတူတူပဲဆိုတာရယ် အတွက် ကြိုးစားပြင်ဆင်ခဲ့တာပါ)

အဲဒီမှာ first and second priority ဆိုတာက ကျမအတွက် ထွန်ယက်စိုက်ပျိုးခဲ့ချိန်တွေပါ။ (အလုပ်လုပ်ဖို့ ငွေနဲ့အတွေ့အကြုံတွေရဖို့ရာ စိတ်မလောသေးပါဘူး)

3rd priority ကတော့ ကျမ မိဘတွေဆီက ငွေကြေးအထောက်အပံ့ကို ဒီကနေ့ထိ ယူခဲ့တုန်း၊ ယူနေရတုန်းက တပိုင်းတကန့်ပေမဲ့ ကျမ 99 ခုနှစ်ကတည်းက ကိုယ်ပိုင်ဝင်ငွေသုံးနိုင်ဖို့ စီးပွားရှာတာအပြင်၊ ကြုံလာတဲ့ လုပ်ငန်းတွေမှာ အတွေ့အကြုံတွေရဖို့ အမြတ်အနည်းအများ၊ လခ အနည်းအများ အဓိကထား မစဉ်းစားခဲ့ဖူးဘူး။ အဲဒီအတွက်ကျမအလုပ်တွေလုပ်ခဲ့တယ်။ လုပ်ချင်တဲ့အလုပ်တစ်ခုအတွက် ကုမ္ပဏီမှာ အောက်ခြေ၀န်ထမ်းဘ၀က စ၀င်ဖို့လဲ ၀န်မလေးခဲ့ဖူးဘူး။ ပြီးတော့ ကျမလျှောက်ခဲ့တဲ့ ရွေးချယ်ခဲ့တဲ့လမ်းအတွက် ဘယ်တော့မှ နောင်တမရဘူးသလို နောက်ပြန်လှည့်ဖို့လဲမစဉ်းစားဖူးဘူး။ ဒါပေသိ တောင်အမြင့်တစ်ခုကို တက်ပြီးမှ တခြားနောက်ထပ်တောင်အမြင့် တစ်ခုကိုထပ်တက်ဖို့မတက်ဖို့ကတော့ သေချာစဉ်းစားဆုံးဖြတ်ဖို့လိုတာ ခြွင်းချက်တစ်ခုပါလေ။ ဘာပဲဖြစ်ဖြစ် ၀င်ငွေ သို့မဟုတ် လစာနဲ့ အတွေ့အကြုံဆိုတာ ကျမသင်ထား တတ်ထားတဲ့ ပညာရဲ့ အသီးအပွင့်အနေနဲ့ ရိတ်သိမ်းချိန် ခံစားချိန် ဖြစ်လာပါပြီ။ (ပညာတွေ ကတော့ အမြဲမပြတ်ထပ်ဖြည့်ရင်း continuous improvement ပါ)

နောက်ဆုံး ဦးစားပေးအစီအစဉ်ကတော့ ကျမ လူမှုရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့ ဦးဆောင်ပါဝင်ရင်း ကျမ ကူညီပေးတတ်တဲ့လက်တစ်စုံကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းပါ။ (forumer, organizer, action officer, active member စသဖြင့်ပေါ့ အကျယ်တ၀င့်မရှင်းပြလဲ သိတယ်ဟုတ်)

ကျမ ဒီပို့စ်လေးနဲ့အတူ အတွေ့အကြုံတွေ ကျမရဲ့ priority တွေကို ချရေးပြခြင်းရဲ့ ရည်ရွယ်ချက်က အဓိကနဲ့သာမညကို သေချာစွာနဲ့ ကျမရဲ့ မောင်နှမသူငယ်ချင်းတွေ ခွဲခြားဆုံးဖြတ်နိုင်စေချင်တာပါ။
ကိုယ့်အသက်အရွယ်နဲ့ ပညာအရည်အချင်းပေါ်မူတည်ပြီး priority ကို ကြိုတင်စဉ်းစားရင်း ကိုယ့်ဘ၀ရှေ့ဆက်မဲ့ လမ်းကြောင်းတွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်မယ်ဆိုရင် ကျမနဲ့ ကျမသူငယ်ချင်းကြီး မျက်လုံးတို့ ဒီလိုပို့စ်တွေကို အချိန်ကုန်ခံ အပင်ပန်းခံပြီး ရေးရကျိုးနပ်မယ်လို့ ဆန္ဒမှန်ဖြင့်...

စာကြွင်း ။ ။ ကျမ ဦးစားပေးတွေ အခြေကျလို့ ကျမခေါင်းမော့ကြည့်လိုက်တဲ့အချိန်ကျ ကျမဘေးမှာ ကြင်နာစွာစောင့်ရှောက်ပေးမယ်ဆိုတဲ့ စောင့်နေနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့အချိန်ကျမှ ကျမ နှလုံးသားလေးကို ဦးစားပေးဖို့ မေ့နေခဲ့မှန်း အမှတ်ရမိပါတော့တယ်.. :P
နေ့စဉ်တိုင်းမှာတော့ ကုသိုလ်၊ ပညာ၊ ဥစ္စာ.. တခုခုရှာဖို့တော့ မမေ့မလျော့ခဲ့မိသေးတာမို့တော့ ဖြေသာပါတယ်။ :)

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ၀မ်းနည်းကြောင်း သ၀ဏ်လွှာ

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

အမေဒေါ်နုနုအေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။ အမေ ရုပ်ကလာပ်ကို ထိုင်းနိုင်ငံ မဲဆောက် တောရကျောင်းတွင် ထားရှိမည် ဖြစ်ပါတယ်။ အမေ ဒေါ်နုနုအေး ကွယ်လွန် အနိစ္စ ရောက်သွားတဲ့အပေါ် ကျွန်တော် ကိုဖိုးတရုတ်မှ အလွန် ၀မ်းနည်း စိတ်မကောင်းခြင်း များစွာ ဖြစ်ရပါတယ်။ အမေ နောက်ဆုံး ကျွန်တော့် ဘာလောဂ်ကို စာမူရေးသား ပေးပို့ခဲ့တာကိုလည်း စာဖတ်ပရိသတ်များ ဒီနေရာမှာ သွားရောက်ကြည့်ရှု စေလိုပါတယ်။ အမေ ကောင်းရာ သုဂတိ လားပါစေလို့ ကျွန်တော်မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သ လိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MONYWA INFO CITY] 1 New Entry: ကွန်ပျူတာကို ဘယ်လို ကိုင်တွယ် ထိန်းသိမ်းမလဲ?

ကွန်ပျူတာကို ဘယ်လို ကိုင်တွယ် ထိန်းသိမ်းမလဲ?

တစ်နေ့ကပေါ့ နယ်ကသူငယ်ချင်းတယောက် မျက်နှာငယ်လေးနဲ့ ကျနော့်ဆီကို ရောက်လာတယ်. `` ပန်တျာရေ.. ခဏထိုင်ဦးနော်လို့´´လှမ်းပြောပီး.ကျနော် စာဆက်သင် နေလိုက်တယ်.
ကဲပြောဘာကူညီရမလဲ..သိတယ်လေ.ဒီကောင် အိမ်ထောင်ကျပီးကတည်းက အလုပ်ကိစ္စရှိမှ အကူညီလိုမှ အနော့်ဆီကို လာတော့တာမို့..
``ငါ့ လက်တော့ပ်လေးတော့ ပျက်ပီထင်ပါတယ်ကွာ.. ကြည့်ပေးပါဦး´´
`` အေးအေး ခဏနေရင် ဖျက်ပေးပါ့မယ်´´ ရတယ် လက်တော့ဖျက်တာ ပေါက်ဆိန်မလိုပါဘူး..သူငယ်ချင်းရယ်..
``……………………´´´…………….````………………………´´´´……```……………….´´
ဒီလိုနဲ့ ဟိုပြောသည်ပြောနဲ့ သူ့လက်တော့လေးကို ဖျက်ကြည့်လိုက်တော့ ..ဟိုက်! ကျနော်တောင် ဖျက်စရာမလိုတော့ဘူး.. ဟာ့ဒစ်က ဂန့်နေပီလေ..ဘယ်လိုဖြစ်ရတာလည်းပေါ့..၀ယ်ထားတာမှ မကြာသေးဘူးလေ… ( အာမခံတော့ မရှိတော့ပါဘူး) ။ အမှန်ဆို မပျက်သင့်သေးဘူးလေ.. ဒါနဲ့.
သူငယ်ချင်းရေ.မင့် ဟာ့ဒစ်လေးတော့ ဂိန် နေပီပေါ့.. ဘယ်လိုလုပ်လိုက်လည်းမေးတော့လည်း ဘာမှလုပ်ပါဘူးတဲ့ ဘယ်လိုကိုင်တွယ်လည်းပေါ့ ဆက်မေးတော့ ဒီလိုပဲကိုင်တာပါပဲပေါ့. ဆက်မေးကြည့်တော့ အဖြေပေါ်လာတယ်လေ..စက်မှအပြစ်မရှိဘူးထင်တာပဲကွ..မင်းကိုင်တွယ်တာ နည်းလမ်းမကျလို့..ညှာညှာတာတာ ကိုင်မှပေါ့ကွ.. ။ ကွန်ပျူတာသုံးနေတဲ့လူတိုင်း ကိုယ့်ကွန်ပျူတာလေး ပျက်သွားမှာတော့ အားလုံးကြောက်တယ်.ဒါပေမယ့် မပျက်အောင် ဘယ်လို စနစ်တကျ ကိုင်တွယ်ရမယ်ဆိုတာကိုတော့ မလေ့လာကြဘူးကွ. အကြံပေးမယ်သူငယ်ချင်း…(မင့်ကွန်ပျူတာလေး အသက်ရှည်စေချင်ရင်ပေါ့)

၁။ U.P.S ခံသုံးပေါ့။
( မီးက လာလိုက်ပျက်လိုက်နဲ့မို့လား.. ဟီး.. မလာလိုက် ပျက်လိုက်လားသိဘူးနော်။ ကျနော်တို့ ကွန်ပျူတာလေးတွေခမျာ. အလုပ်လုပ်ရတာအရမ်းပင်ပန်းတယ်နော်.. တစက္ကန့် အတွင်းမှာပဲ သန်းနဲ့ချီပြီး လုပ်ရတာလေ.. အဲလို အရှိန်ပြင်းပြင်းနဲ့လုပ်နေရင်း မီးပျက်လို့ စက်ထိုးရပ်သွားရင်.ဘာဖြစ်မယ်ထင်လဲ.
အရှိန်ပြင်းပြင်းမောင်းလာတဲ့ ဆိုင်ကယ်လဲကျတော့ဘာဖြစ်လဲ.. အဆိုးဆုံးဆို သေနိုင်တယ်.ကံကောင်းရင်. ကျိုးမယ်. ဒီထက်ကံကောင်းလို့ ဘာမှ မဖြစ်ဘူးပဲထားပါတော့ ခရီးတော့ ကြန့်ကြာလိမ့်မယ်လေ.
ဒီအတိုင်းပဲဗျာ..ခင်ဗျားကွန်ပျူတာလေးလည်းကံမကောင်းရင် ဂျောင်းသွားနိုင်တယ်.. ကံကောင်းရင် နည်းနည်းပါးပါး ပဲပျက်မှာပေါ့.. ဘာမှ မပျက်ဘူးထားပါ. ခင်ဗျားရဲ့ အလုပ်တွေကို အစက ပြန်စရတော့မယ်လေ.. ဟုတ်ဘူးလား.
ကဲ … ခုနက ဆိုင်ကယ် ရှေ့မှာ အန္တရယ်မြင်ရင် အရှိန်လျော့ စက်ရပ် ဘာမှမဖြစ်တော့ဘူးပေါ့.ဘေးကင်းတယ်လေ . ခုလည်း U.P.S လေးတပ်ထားရင် မီးပျက်ရုံနဲ့ စက်က ထိုးရပ်မသွားဘူးဗျ..မီးပျက်ပီဆိုပီး အချက်ပြလိမ့်မယ်..ခုနကလို ခင်ဗျားရဲ့ အလုပ်လေးတွေ အရှိန်လျော့ စနစ်တကျ စက်ကို ပြန်ပိတ်လိုက်ရင်.. အေးဆေးပေါ့။
၂။ ငြင်ငြင်သာကိုင်ပါ ကိုကိုရယ်..
ခင်ဗျားရဲ့ ကွန်ပျူတာလေး အလုပ်စလုပ်ပီဆိုတာနဲ့ System ပုန်းကို ငြိမ်ငြိမ်လေးထားပါ။ ဆိုလိုတာက မလှုပ်နဲ့လို့ပြောချင်တာ.. ကွန်ပျူတာ အလုပ် လုပ်နေတဲ့ အချိန်တိုင်းမှာ ဘာပစ္စည်းမှ သွားမတပ်လိုက်နဲ့
(USB Port ကလွဲရင်) တချို့ စက်ကိုင်တာတွေအရမ်း ကြမ်းတယ်ဗျာ..၀န်ထမ်းတွေက ကိုယ့်စက်ဟုတ်ပါဘူးဆိုပီး ကြမ်းကြမ်းတမ်းတမ်း ကိုင်တာရှိသလို Service လိုက်လုပ်နေတဲ့ ပညာရှင်ဘွဲ့ ကိုယ့်ဖါသာကိုယ် ယူထားတဲ့ ပေါက်စလေးတွေ စည်းကမ်းမရှိကိုင်တွယ်နေတာ နေရာတကာမှာ မြင်နေရတော့. သနားလိုက်ပါဘိ.. ကျနော်ချစ်သောကွန်ပျူတာလေးတွေ .. ဘယ်ခံနိုင်မလဲဗျာ.. စက်ကြီးဖွင့်လျှက်နဲ့ System ပုန်းကြီး မလို့ မ. ရွေ့လို့ ရွေ့ . I.D.E ကြိုး ဖြုတ် တပ် လုပ်လို့ လုပ်. CD-Drive တွေ တပ်လို့ တပ်.. လျှပ်စစ်ပစ္စည်းတွေလေ..သူတို့ကို ဖြုတ်တပ်လုပ်ချင်ရင်.စက်ကို ခဏ ပိတ်လိုက်ဦးပေါ့..ဟုတ်ဘူးလား.။ ခင်ဗျားသိပါတယ်..အပျင်းကြီးလို့ မလိုက်နာတာ..အေးခင်ဗျား အိတ်ထဲမှာ ပိုက်ဆံထားစရာ မရှိအောင်ချမ်းသာရင်တော့ ခင်ဗျားကြိုက်သလိုလုပ်ပေါ့။
၃၊ Antivirus ကို မှန်မှန် Update လုပ်ပါ။
ဟုတ်တယ် အရင်တုန်းကတော့ ဗိုင်းရပ်စ် ဆိုတာ ကိုယ်နဲ့ မဆိုင်သလိုနေခဲ့ကြတာပဲ.ခုတော့ အဲလိုနေလို့ဘယ်ရပါတော့မလဲ. .. ဓါတ်ပုံလေးတွေ ဘာလေးတွေအစ အင်တာနက်က ဒေါင်းလုပ် ဖိုင်တွေ အဆုံး သယ်ယူပို့ဆောင်ရေးလွယ်ကူတယ်လေ.။ ဖိုင်လေးတွေ သယ်ယူရတာ မြန်သလို ဗိုင်းရပ်စ် သယ်ယူပို့ဆောင်ရေးမှာလည်း မြန်သဗျ.. ကဲဒါဆို မသုံးပဲနေမလား..ဒီလိုလဲ ဟုတ်သေးဘူးလေ။
ဒါလေးတွေ လိုက်နာလိုက် ဗိုင်းရပ်စ် ကင်းစင် ပြုံးပျော်ရွှင် ဖြစ်စေရမယ်..
သူငယ်ချင်းမင့်ရဲ့စက်မှာ.
Autorun Killer တင်ထားပါ။
နာမည်လည်းရ.အလကားလည်း ရတဲ့ AntiVirus တခုခု တင်ထားပေးပါ( ဘယ်ဟာ အကောင်းဆုံးပါလို့ ကျနော် မပြောရဲဘူး.. အကြံပေးရုံဆိုရင်တော့ Kaspersky (ကက်စ်ပါစကီး) မဆိုးဘူး။ ဒါပေမယ့် ဘယ်လောက်ကောင်းကောင်း Update မှန်မှန်မလုပ်ရင် အလကားပဲဗျ။
၎။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ။
ဟုတ်တယ်ဒီကိစ္စကလည်းအရေးကြီးတယ်..ခင်ဗျားရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်ရေချိုးသလို.. ခင်ဗျားကွန်ပျူတာလေးကိုလည်း သန့်ရှင်းရေးလေး ပုံမှန်လုပ်ပေးပေါ့( ရေတော့ချိုးပေးနဲ့နော်) System ပုန်းထဲမှာ ဖုန်တွေဘာတွေဝင်နေမယ်.. ဒါဆို စက်က လေ၀င်လေထွက် မကောင်းတော့ အလုပ်ကောင်းကောင်းလုပ်နိုင်တော့ဘူးလေ.ခင်ဗျားတယောက် အခန်းကျဉ်းထဲမှာ အသက်ရှုမ၀ရင် အနေရခက်သလိုပေါ့ဗျာ..။မော်နီတာ.ကီးဘုတ်. မောက်စ် အကုန်လုံး သန့်ရှင်းရေးမကြာမကြာလုပ်ပေးရတယ်..
နောက်ပီး သန့်ရှင်းရေး Software လေးတွေကိုလည်း သုံးရမယ်.ဥပမာ Ccleaner လိုပေါ့။ လိုအပ်ရင် Reg- Cleaner ကိုလည်းသုံးရမယ်။
ကဲဗျာ နေလို့လည်း သိပ်မကောင်းဘူး.ဒီထက်ပိုသိချင်ရင်.. MONYWA INFO CITY မှာ A+ သင်တန်းသွားတက် လိုက်တော့..အဲဒီသင်တန်းက အတော်ကောင်းဆိုပဲ ( ဟီး….. )။

You received this email because you are subscribed to the real_time feed for http://aungsan.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[SOMETHING IS BETTER THAN NOTHING] 1 New Entry: ကဗျာတွေကပြောမယ့်ငါ့အကြောင်း

ကဗျာတွေကပြောမယ့်ငါ့အကြောင်း

ကဗျာကို ဖက်တွယ်ခဲ့တာ
အသက်ငယ်ငယ်လေးထဲက.....

ခံစားချက်ကို အလေးပေးတော့
ဦးနှောက်ကလည်း မနိုင်
ငါ့နှလုံးအိမ်မှာ
ဒဏ်ရာလှိုင်တာလည်း
ယနေ့ထက်တိုင်ဘဲ....

သံယောဇဉ် ချင်ခြင်းတက်
ရင်တွင်းကအဖြစ်အပျက်ကို
ဖွင့်ဟခဲ့တာလည်း
ဒီကဗျာထဲမှာဘဲ.....

ငါ့ချစ်ခြင်းနဲ့အားပြိုင်
မေတ္တာနဲ့ နိုင်အောင်တိုက်တဲ့
ဒီအချစ်စစ်ပွဲ
ရှုံးနိမ့်ခြင်းကြုံလည်း
ကဗျာတွေကို
ငါလေ
ဖက်တွယ်ဆဲ.....

အဆုံးတစ်နေ့မှာ
လုံးဝမေ့စရာအကြောင်းတွေ
ရှိခဲ့ရင်တောင်မှ
ငါဆိုတဲ့ ကောင်အကြောင်း
ကဗျာတွေက
ကောင်း
ကောင်း
ပြော
လိမ့်
မယ်
....
...
..
.




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[balargout's blogger] 1 New Entry: Eagle Eye

Eagle Eye




Two for the money ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ D.J. Caruso ရိုက်ကူးလိုက်တဲ့ ဇာတ်လမ်း အသစ် တခု ဖြစ်တဲ့ အခု ဒီ ဇာတ် လမ်းကို တင်ပြလိုက်ပါတယ်။ Eagle Eye ဆိုတဲ့ အခု ဇာတ်လမ်း ကို စက်တင်ဘာ ၂၆ မှာ အမေရိကားမှာ ရုံတင် ပြသခဲသလို အောက်တိုဘာ ၁၇ ရက်မှာတော့ အင်္ဂလန်မှာ ပြသခဲ့ပါတယ်။ ပြသချိန် ၁၁၈ မိနစ်ကြာတဲ ဒီကားမှာ အမေရိကန် မင်းသား Shia LaBeouf နဲ့ မင်းသမီး Michelle Monaghan တို့ ပါဝင် သရုပ်ဆောင်ထားပြီး စိတ်ဝင်စားစရာ ကောင်းလှတဲ့ ဒီဇာတ်လမ်းကို ထုတ် လုပ်သူတွေထဲမှာ နာမည်ကျော် ဒါရိုက်တာ Steven Spielberg လဲ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းက ရုံတင်တာမကြာသေး ပေးမယ့် ၀င်ငွေကောင်းတဲ့ဇာတ်ကားတကား အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုချိန်အထိ ၀င်ငွေ ဒေါ်လာ သန်း ၁၆၀ ကျော်ရရှိ ထားပြီး တယ်လို့သိရပါတယ်။

အကြမ်းဖက် လုပ်ငန်းတွေကို အစိုးရဒေတာ အချက်အလက်တွေကိုအခြေခံပြီး အလိုအလျာက် တွက်ချက်ပြီးတာနဲ့ ပစ်မှတ် တွေကို ရှာဖွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပင်တာဂွန်စစ်ဌာန ချုပ်က စူပါကွန်ပျုတာ ဘောရက်ဆိုတာ ရှိပါတယ်။ သူက သတ်မှတ် ချက် တွေကို ဆုံးဖြတ်ရာမှာ လူတဦးလို ဆုံးဖြတ်ပါတယ်။ သူကအချုပ်အချယ် လွတ်ကင်းပြီး အမေရိကန်ပြည်သူတယောက် လို ဆုံးဖြတ် ခွင့်လဲရရှိထားပါတယ်။ အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ၀င်ရောက်မောင်းနှင်ဖို့ ဖုံးထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။

ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းပါတယ်။

Type the rest of your post here.

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပန်းခရမ်းပြာ] 1 New Entry: ဖိနပ်၏ သက်တမ်းကုန် နေ့စွဲ

ဖိနပ်၏ သက်တမ်းကုန် နေ့စွဲ

Vivie ဖိနပ်တစ်ရံ ကို ဈေးပေါပေါနဲ့ Warehouse sale မှာ ရလိုက်တယ်။ အနက်ရောင်ဒေါက် မနိမ့်မမြင့်နဲ့မို့ ကြိုက်မိတာလေ။ ဝယ်ပြီး မစီးရသေးခင် ရုံးမှာ တရုတ်မတစ်ယောက် ဒေါက်ဖိနပ်နဲ့ ချော်လဲတယ်။ လက်ကျိုးတယ်။ ဆေးခွင့်တစ်လ ရသွားတယ်။ ဒါကိုမြင်ပြီး မစီးချင်တော့ဘူး။ သိမ်းထားတာ သုံးနှစ်နီးပါးလောက် ကြာသွားတယ် ထင်ပါရဲ့။ မနေ့ကမှ ပထမဆုံး ထုတ်စီးမိတာ။

ရုံးရောက်တော့ ဖိနပ်က ချောင်လှချည်လားလို့ ကြည့်လိုက်တော့မှ ကော်ရှိတဲ့နေရာတွေ အကုန် ကွာကုန်တာပါလား။ တဲတဲပဲ ကျန်တော့တယ်။ နောက်ထပ် ခြေလှမ်းနှစ်ဆယ်လောက် လှမ်းပြီးရင်တော့ ခြေဖဝါး အတိုင်း လျှောက်ဘို့သာ ပြင်ပေတော့။


ရုံးဆင်းဘို့ အချိန်တွေ အများကြီး ရှိသေးတာပဲ။ စားပွဲအောက်မှာ ရှိတဲ့ ဖိနပ် အဟောင်းတစ်ရံကို စီးပြီး ရုံးထဲမှာ Super glue လိုက်ရှာတယ်။ ဒေါက်ဖိနပ် အသစ်စက်စက် ကွာနေတဲ့ နေရာတွေကို ကော်ကပ်ထားလိုက်တယ်။

ရုံးဆင်းခါနီး ဖိနပ်ကို စွပ်ကြည့်တော့ အိုကေပဲ။ ဒါပေမဲ့ သိပ်စိတ်မချရဲသေးဘူး။ ဘယ်မှ ဟိုဝင်ဒီဝင် မလုပ်ပဲ အိမ်ကို အမြန်ဆုံးပြန်မှ။ ထုံးစံ အတိုင်း ရထားက လူကြပ်နေတာပဲ။ တိုးဝှေ့ အပြင်ထွက်ရင်း ဖိနပ်ထဲက တစ်ခုခု ပြုတ်ထွက်သွားတာ သိလိုက်တယ်။ လူရှင်းတဲ့ နေရာရောက်မှ ကြည့်လိုက်တော့ ကျကျန်ခဲ့တာက ဒေါက်ကခွာ အောက်ခံ သားရေ။ ကိစ္စ မရှိဘူး။ အိမ်ကို လှမ်းမြင်နေရပြီ။ ဒီနားမှာ ခြေဖဝါးနဲ့ လျှောက်သွားလည်း ကိုယ်ဘယ်လိုလူလည်းဆိုတာ သိနေကြတာပဲဟာ … :p

အိမ်ရောက်တာနဲ့ ဒီလောက်တောင် ဒုက္ခပေးတဲ့ဟာ အမှိုက်ပုံးထဲ သွားလေရော့…..
မှတ်သားစရာတော့ ရလိုက်တယ် ….။
လျှော့ဈေးဖြင့် ရောင်းတဲ့ ဖိနပ်များကို ဝယ်ပြီးပါက ချက်ချင်း စီးပစ်ပါရန် ….
မစီးပဲ နှစ်ရှည် သိမ်းထားလိုပါက ရေခဲသေတ္တာထဲ ထည့်ထားပါရန် …..
ဖိနပ်မှာလည်း သက်တမ်းကုန် နေ့စွဲ Expiry Date ရှိသေး ပါလားနော်…။


Image from www.clipart.com

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myanmar OA6] 1 New Entry: ကပ်နိုင်ရင် ကားတစ်စီးရမယ့် Subaru Impreza Challenge 2008

ကပ်နိုင်ရင် ကားတစ်စီးရမယ့် Subaru Impreza Challenge 2008

လုပ်ရမှာက လွယ်လွယ်လေးပါ။ ရပ်ထားတဲ့ အသစ်စက်စက် Subaru အမျိုးအစား ကားတစ်စီးကို လက်ဝါးကလေးနဲ့ ကပ်ထားရုံလေးပါ။ အကြာဆုံးကပ်နိုင်ရင် စင်ကာပူဒေါ်လာ ၈ သောင်းတန်တဲ့ Subaru ကားတစ်စီး အပိုင်ပေးပါမယ်တဲ့။ မယုံမရှိပါနဲ့။ ဒါနဲ့ဆို ဒီပြိုင်ပွဲကို စင်ကာပူမှာ ကျင်းပလာတာ ၇ ကြိမ်ပြည့်ပါပြီ။ တကယ်အကြာဆုံးကပ်နိုင်သူကို တကယ်ချီးမြှင့်လာတဲ့ Subaru ရဲ့ Promotion ပွဲတစ်မျိုးပါပဲ။

လွယ်တယ်ဆိုလို့ ငါတို့လည်းကပ်မယ်ဆိုပြီး ပလက်ကုလားထိုင်လေး၊ ဝတ္ထုစာအုပ်လေးနဲ့ စီးကရက်ဗူးလေးတွေ ယူလာပြီး ဇိမ်ကလေးနဲ့ ထိုင်ကပ်နေလို့တော့မရပါဘူး။ ပြိုင်ပွဲဝင်မယ့်လူတွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်မှုတွေ အရင်လုပ်ပါတယ်။ ပြီးတော့ အဆင့်ဆင့်ယှဉ်ပြိုင်ရပါသေးတယ်။ အဲဒီထဲကမှ လက်ရွေးစင် ၃၆၀ က ယှဉ်ပြိုင်ခွင့်ရပါတယ်။ ဒီနှစ်မှာတော့ ထူးခြားချက်အနေနဲ့ ဒေသတွင်းက Subaru ရုံးခွဲရှိတဲ့ နိုင်ငံတွေက ယှဉ်ပြိုင်နိုင်သူ လက်ရွေးစင် ၄၀ ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ မလေးရှား၊ ဟောင်ကောင်၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က အဆင့်ဆင့် ရွေးချယ်ပြီးသား လက်ရွေးစင် ၁၀ ယောက်စီနဲ့ လူ ၄၀၊ စင်ကာပူလူခံ ၃၆၀ ပေါင်း ၄၀၀ က မနေ့က နေ့လည်က စတင်ပြီး Nee Ang City ရင်ပြင်မှာ ယှဉ်ပြိုင်နေပါပြီ။ တကယ်လို့ စင်ကာပူပြင်ပက လူ ၄၀ ထဲကများ ဗိုလ်စွဲခဲ့ရင် ထပ်စောင်းဆုကြေးငွေ ဒေါ်လာ ၅ ထောင်ပေါင်းပေးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် စည်းကမ်းတွေကတော့ အတော်လေးများပါတယ်။ ပြိုင်ပွဲကို ဟမ်းဖုံး၊ စာအုပ်၊ MP3 Player၊ အစားအသောက်၊ တစ်ရှူးစတာတွေ ယူလာခွင့်မရှိပါဘူး။ ၆ နာရီယှဉ်ပြိုင်ပြီးပါမှ ၅ မိနစ်အနားရပါတယ်။ ၅ မိနစ်အတွင်း ပြိုင်ပွဲကပံ့ပိုးတဲ့ အစားအသောက်တွေ စားခွင့်ရှိသလို အိမ်သာသွားခွင့်၊ လှဲလျောင်းခွင့်တွေလည်း ရပါတယ်။ အနားယူတဲ့ ၅ မိနစ်အတွင်း မိသားစုဝင် တစ်ယောက်နဲ့သာ တွေ့ခွင့်ရှိပါတယ်။ ၅ မိနစ်ပြည့်တဲ့အချိန်မှာ ကိုယ်ကပ်နေတဲ့ကားရဲ့ သက်ဆိုင်ရာ လက်ဝါးအရာနေရာမှာ ပြန်ရောက်နေပြီးသား ဖြစ်ရမှာပါ။ ဒါတွေကတော့ အဓိက စည်းကမ်းကြီးတွေပါ။ တကယ်တော့ စည်းကမ်းချက်ပေါင်း ၃၀ ကျော်ရှိပါတယ်။

ဟုတ်ကဲ့ ... ငါဆို ဘယ်လောက်ကြာကြာကပ်နိုင်မလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်နေပါသေးလား။ မနှစ်က ပြိုင်ပွဲဝင်သူ ၃၈၇ ယောက်ထဲက ချန်ပီယံဖြစ်သွားတဲ့ အမျိုးသမီးငယ် Sandra Yeow က စုစုပေါင်း ၇၇ နာရီနဲ့ ၁၃ မိနစ် ( ၃ ရက်ကျော် ) လက်ဝါးနဲ့ ကားကပ်ထားနိုင်ပြီး စံချိန်ချိုးခဲ့ပါသတဲ့။ ဒီနေ့ Orchard ဘက်ရောက်တုန်း ပြိုင်ပွဲနဲ့တိုးနေလို့ အောက်ကဓါတ်ပုံလေးတွေ ရိုက်လာဖြစ်ပါတယ်။







ကဲ ... ပြိုင်ပွဲဝင်မယ်မှန်းရင် နောက်နှစ်အတွက် အခုကတည်းက ကြိုလေ့ကျင့်ထားကြပါစို့ဗျာ။

(စိတ်ဝင်စားစရာပြိုင်ပွဲအကြောင်းသတင်းပေးတဲ့ ကိုဇင်ကိုလတ်ကို ကျေးဇူးတင်ပါတယ်)

You received this email because you are subscribed to the real_time feed for http://myanmaroa6.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ၉ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၉ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အိုဘားမားရဲ့ အောင်မြင်မှု အတွက် ၀မ်းမြောက် ကြောင်း မြန်မာစစ်အစိုးရ သ၀ဏ်လွှာပို့ - ဗွီအိုအေ click here
  • စင်္ကာပူမှာ မြန်မာနှင့် နိုင်ငံခြားသား အလုပ်သမားများ အလုပ်ဖြုတ်ခံနေရ- မဇ္ဈိမ click here
  • မြန်မာ-ဘင်္ဂလာ နယ်စပ် အလွန်တင်းမာ - နေရဉ္စရာ click here
  • ဥပဒေနဲႚမညီတဲ့ ထောင်တငြ်းတရားစီရင်မကြို ဆန္ႚကဵင္လိုႚ ရဲတပ္ဖၾဲႚဝင္ေတၾရဲႚ အုကမ်းဖက်ြိံမိံငြ်းခံရ - အာရ်အက်ဖ်အေ click here
  • ၈ မဵြိးဆက် ကေဵာင်းသားခေၝင်းဆောင် ၃ ဦး ဆေးရုံပိုႛလိုက်ရ- အာရ်အက်ဖ်အေ click here
  • ကုလသမဂ္ဂ အထေထြေညြီလာခံမြာူမန်မိာိုံင်ငံနဲႛပတ်သက်တဲ့ ဆုံူးဖတ်ခဵက်မူုကမ်းတင်သငြ်း - အာရ်အက်ဖ်အေ click here
  • မင်္ဂလာဆောင် အထူးဝက်ပေ့ခ်ျ လွှင့်တင်မည် - မြန်မာတိုင်းမ် click here
  • ဓာတ်ဆီအစားထိုး ဇီဝအီသနော ပရိုမိုးရှင်းများလိုအပ် - မြန်မာတိုင်းမ် click here
  • စစ်ရေးလေ့ ကျင့်နိုင်မယ့် ဆော့ဝဲလ် - မြန်မာတိုင်းမ် click here
  • ရန်ကုန်မြို့တွင် ဥရောပရုပ်ရှင်ပွဲတော် ကျင်းပမည် - မြန်မာဖိုရမ် click here
  • မောင်တောဝါး ကန်ဒေါ်လာ တစ်သောင်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ - မြန်မာဖိုရမclick here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.