Tuesday, November 25, 2008

[အတွေးရပ်ဝန်း] 1 New Entry: လိပ်ပြာလေးတစ်ကောင်သို့…

လိပ်ပြာလေးတစ်ကောင်သို့…

လိပ်ပြာလေးတစ်ကောင်ဆိုတာ ကျွန်မတို့ရဲ့ ဘလော့ဂါညီမငယ်လေး ဆုငယ် ကို ပြောတာပါ။ ကဗျာလေးတွေ၊ စာလေးတွေ၊ ဟင်းချက်နည်းလေးတွေနဲ့ ချစ်စရာကောင်းလှတဲ့ ဘလော့ပိုင်ရှင် ညီမငယ်လေးက ကျွန်မကို tag ထားပါတယ်ဆိုပြီး လာအော်သွားပါတယ်။ ဘာအကြောင်းပါလိမ့်ဆိုပြီး သွားကြည့်လိုက်တော့ အကြိုက်ဆုံးကာတွန်းကား ပါတဲ့။ အဲဒါနဲ့ ကျွန်မလဲ ရေးပေးပါ့မယ်… ခဏတော့ စောင့်နော်…ဆိုပြီး ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မခေါင်းထဲမှာ ကာတွန်းကားနဲ့ ပတ်သက်ပြီး ဘာရေးရမလဲဆိုတာ အတွေးပေါ်မလာပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မက ကာတွန်းကားတွေနဲ့ သိပ်မရင်းနှီးတဲ့ သူတစ်ယောက်ပါ။

ကလေးဘ၀ကို ဖြတ်သန်းလာတဲ့သူတိုင်း ကာတွန်းကားတွေကို ကြည့်ဖူးကြမှာပါပဲ။ ကျွန်မကိုယ်တိုင်လဲ ငယ်ငယ်တုန်းက ကာတွန်းကားလေးတွေ ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ စွဲစွဲလမ်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။ ကာတွန်းကားမှ မဟုတ်ပါဘူး၊ ရုပ်ရှင်၊ ဗွီဒီယို…ဘယ်အရာကိုမှ ကျွန်မ မစွဲလမ်းခဲ့တာပါ။ စာအုပ်နဲ့ သီချင်းလေးတွေက လွဲရင်ပေါ့…။ ဒါပေမယ့် ကျွန်မသဘောကျတဲ့ ကာတွန်းကားလေးတော့ ရှိပါတယ်။ လူတိုင်းလဲ သိကြမှာပါ။ "ကြောင်နဲ့ကြွက်" ရဲ့ မတည့်တဲ့ သဘာဝကို ပီပီပြင်ပြင် ရိုက်ပြထားတဲ့ Tom & Jerry ဆိုတဲ့ ကာတွန်းကားလေးပါ။

သူက အပိုင်းဆက်တွေနဲ့ ခွဲခွဲပြီး ရိုက်ထားတာဆိုတော့ ဘယ်အပိုင်းတိုလေးကို ကြည့်လိုက် ကြည့်လိုက်၊ ရီရပြီး စိတ်အပန်းပြေစေပါတယ်။ အကောင်သေးသလောက် ဥာဏ်ကောင်းတဲ့၊ ဥာဏ်လဲများတဲ့ ကြွက်ကလေးရဲ့ ကျီစယ်နှိပ်စက်မှုအောက်မှာ ကြောင်ကြီးခမျာ အလဲအကွဲ ခံနေရတာချည်းပါပဲ။ ငယ်ငယ်ကဆို အဲဒီကာတွန်းလေးကြည့်တိုင်း ကြွက်ကလေးရဲ့ ဥာဏ်ကောင်းပုံကို သဘောကျလို့ မဆုံးပါဘူး။ ကိုယ်တိုင်ကလဲ ကြွက်ကလေးလို သေးကွေးသူဆိုတော့ ကိုယ့်ထက် အကောင်ကြီးတဲ့သူတွေကို ကြွက်ကလေးလို ဥာဏ်သုံးပြီး အနိုင်ယူမယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။ အခုအသက်အရွယ်ထိလဲ Tom & Jerry ကာတွန်းလေးကို ပြန်ကြည့်ဖြစ်တိုင်း ရိုးမသွားဘဲ ကြိုက်နေတုန်းပါပဲ။

ကာတွန်းကားနဲ့ ပတ်သက်လို့ ကျွန်မရဲ့ ရှားရှားပါးပါး ဗဟုသုတလေးကတော့ ဒါပါပဲ။ ဒီထက်ပိုပြီး ပြောပြစရာ မရှိတော့တဲ့အတွက် ကျွန်မကို ရေးပေးဖို့ပြောထားတဲ့ ညီမလေးဆုငယ် ကိုလဲ အားနာမိပါတယ်။ နောက်ထပ်တစ်ခါများ ကြုံကြိုက်ခဲ့မယ်ဆိုရင် စာကောင်းကောင်းလေးတစ်ပုဒ်လောက် ရေးပေးချင်ပါသေးတယ်လို့ ပြောရင်း လိပ်ပြာလေးတစ်ကောင်ကို အားနာစွာနဲ့ tag ပို့စ်လေးကို ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့…။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်မြေ] 1 New Entry: ဂူပြောက်ငယ် (မြင်းကပါ)

ဂူပြောက်ငယ် (မြင်းကပါ)







ဂူပြောက်ငယ် (မြင်းကပါ) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈) တွင် တည်ခဲ့သည်။ ဂူပြောက်ငယ် (မြင်းကပါ)သည် နားထောင်များ (ထီးလိုမင်းလို) မင်းငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့ မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်း သုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။

ဂူပြောင်ငယ် (မြင်းကပါ) ဘုရားတွင် နံရံဆေးရေး ပန်းချီဆေးရေးပန်းချီ အင်္ဂတေ ပန်းတော့လက်ရာနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ ကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား အတွင်း အ၀င်ခန်းမ၊ စင်္ကြလမ်းနှင့်  တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ်ဇာတ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ (၁၃၁၃) နှစ်ရေး ကမ္ပည်းစာ (၁၃)ကြောင်း ရှိပြီး "ကျောင်းဖြူ နန်းကျမင်း ကောင်းမှု ဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း " မှတ်တမ်း ဖြစ်သည်။

ဂူပြောက်ငယ် (မြင်းကပါ)ဘုရား၏ အပြင်ဘက် မျက်နှာစာ တွင် အင်္ဂတေပန်းတော့ လက်ရာများ လေ့လာနိုင်သည်။ ဘုရားအလယ် မဏ္ဍိုင်လေး မျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးချယ် အင်္ဂတေ တံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။

ဂူပြောက်ငယ် (မြင်းကပါ) ဘုရား၏ အလယ်မဏ္ဍိုင် ပတ်လည်တွင် စင်္ကြလမ်းရှိပြီး စင်္ကြပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓ၀င်ခန်း ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိသည်။ (၁၉၉၃) ခုနှစ်တွင် ဗုဒ္ဓ၀င် ခန်းကျောက်ဆစ် ရုပ်တုရှစ်ဆူကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြုတိုက်သို့ ရွှေ့ပြောင်း ပြသထားသည်။

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ကျနော့်ရဲ့ကံဆိုးမူများ

ကျနော့်ရဲ့ကံဆိုးမူများ

သူ..ချစ်အောင်မနေခဲ့ပါဘူး
သူ..မုန်းအောင်လည်း မလုပ်ခဲ့ဘူး
သူ့သဘောနဲ့သူဝင်လာပြီး
သူ့သဘောနဲ့သူပြန်ထွက်သွားတယ်
ဝင်လာစဉ်ကမသိသာပေမဲ့
သူ..ပြန်ထွက်သွားတဲ့အခါ
ကိုယ့်ဒိုင်ယာရီလေး
မျက်ရည်တွေနဲ့ရွှဲသွားတော့တယ်
သွားပြီ.. ဒီဘ၀တော့……။

ဆယ်ကျော်သက်ကရေးခဲ့ဖူးတဲ့ကဗျာလေးပါ..။ သို့ပေမဲ့ ကျနော့်ဘ၀ရဲ့ အစိတ်အပိုင်းတော်တော်များများ ဟာလည်း ကဗျာထဲကအတိုင်းပဲမို့ ပြန်လည်တင်ပြလိုက်ခြင်းပါ..။ အချစ်နဲ့ယက်ဖွဲ့ထားတဲ့ နူးညံ့တဲ့ကဗျာလေးတွေဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်..။ ပြီးတော့ အပြစ်ကင်းစင်တယ်..။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: Ten Things I Hate About Myself

Ten Things I Hate About Myself

တကယ်တော့ ကိုယ့်ကိုကိုယ် တော်တော်ချစ်တာ.. ကိုယ့်ရုပ်ကြီး ဘယ်လောက် ဆိုးဆိုး မှန်ထဲမှာ ကြည့်မိရင် ရင်တောင်ခုန်မိသေး အရမ်းချစ်.. မယုံရင် မှန်ရှေ့မှာ ကိုယ့်မျက်နှာကိုယ် သေချာကြည့်.. မျက်လုံးချင်းဆုံပြီး စကားတွေပြောကြည့် တစ်မျိုးလေး ခံစားရတယ်.. အဲ့.. ရယ်ချင်လာရင်တော့ မအောင့်နဲ့ ရယ်သာ ရယ်လိုက်.. အဟီးး.. ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ပြောပြော အဲ့ဒါ လျှောက်ပြောတာ.. လူတိုင်းက ကိုယ့်ကိုကိုယ် အချစ်ဆုံး.. အဟုတ်..!

ကိုယ့်ကိုကိုယ် မုန်းတာတွေလည်း ရှိတော့ ရှိတာပေါ့လေ.. အဲ့ဒီလို ကိုယ့်ကိုကိုယ် တကယ်.. အရမ်း.. တားမရစီးမရ မုန်းပြီးဟေ့ ဆိုရင်တော့ ကိုယ့်ကိုကိုယ် သတ်သေတော့တာပဲ.. ကိုယ့်ကိုကိုယ်တော့ မမုန်းကြပါနဲ့ သတ်လည်းမသေသင့်ပါဘူး.. ချစ်သထက်သာ ပိုပိုချစ်ကြပါ..။

ကျနော်လည်း ကိုယ့်ကိုကိုယ် အရမ်းချစ်.. ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် ဖက်ဖက်ပြီးကို နမ်းနေချင်တာ.. အဟေးး.. အဲ့.. အခုတော့ မဖြစ်မနေ မုန်းရတော့မယ်.. ဒီပုဂ္ဂိုလ်ကြီး က Tag ချလိုက်ပြန်ပြီလေ.. ကိုယ့်ကိုကိုယ် မုန်းနေတာတွေ ပြောရမယ်တဲ့ . . ခက်ပြီ.. ကျနော်က ကျနော့်ကို အရမ်းချစ်ပါတယ်ဆိုမှ ကျနော်ကိုယ် ကျနော် ပြန်မုန်းနေတာတွေ ပြောလိုက်ရင်.. ကျနော်က ကျနော့်ကို ပြန်မုန်းသွားမှာပေါ့.. ဘယ်လိုလုပ်မလဲနော်.. အင်း.. Tag တို့ရဲ့ ထုံးစံအတိုင်း ပြောတော့ ပြောပြရတော့မှာပေါ့.. ဆယ်ခုတဲ့.. ရင်နာစွာနဲ့ မုန်းပြလိုက်တော့မယ်..။

အဲ့ဒီလို အာရွှီးပေးနေတုန်း ရုတ်တရက်...............

"ရွှီးးးးးးးးးးးးးးးးးးးးးးးးး............. ဝုန်းးး.. ဟေ့ကောင်.. ရင်နော်.."
"ဟားး.. ဘာသံကြီးလဲ..!!! လန့်လိုက်တာ..! ဗျာ..ဟုတ်..! ဘယ်သူလဲ.. ကျနော့ကို ခေါ်နေတာ ဘယ်သူလဲ..?.."

"ဟားဟား.. ဟားဟား.. ငါဒီမှာကွ.. မင်း အူကြောင်ကြောင်မလုပ်နဲ့ မင်းကို မကျေနပ်လို့ ငါရောက်လာတာကွ..."
"ဟင်းးးးး ခင်ဗျာက ကျနော့် မျက်နှာကြီးနဲ့..!! ခင်ဗျားးး ခင်ဗျားးး..??????.. "

"အေးးး.. ဟုတ်တယ်.. ငါက မင်းပဲ.."
"ဗျာာာာာာာာာာာာာာာ.."

"ဗျာ မလုပ်နဲ့ မင်းကို ငါ သတိပေးချင်လို့ ထွက်လာတာ.. မင်းဟာ ရုပ်ကြည့်တော့ သနားကမားနဲ့ မင်းမှာ အကျင့်ဆိုးတွေရှိတယ်.. အဲ့ဒါ သိလား.. အေ.. မင်းရဲ့ အဲ့ဒီ အကျင့်ဆိုးတွေကြောင့် မင်းဟာ တော်တော် မုန်းစရာကောင်းတဲ့လူ ဖြစ်နေတယ်.. မင်းမုန်းစရာကောင်းတာ အရေးမကြီးဘူး ငါပါ ရောပြီး မုန်းခံနေရတယ် ငါ မခံနိုင်ဘူးကွ.. မင်းကိုလည်း ငါ.. တစ်ဖြေးဖြေးနဲ့ မုန်းချင်လာပြီ.. ဒီနေ့တော့ စာရင်းရှင်းမှဖြစ်မယ်.."
"ကျနော်.. ကျနော်.. ခင်ဗျာဟာကျနော်.. ကျနော်ဟာ ခင်ဗျားး.. ကျနော် ခင်ဗျားကို အရမ်းချစ်တာပါ.. ကျနော့်ကို မမုန်းပါနဲ့ဗျာာ.."

"အေး.. ငါမင်းကို မမုန်းစေချင်ရင် မင်း ငါပြောတာတွေကို ပြင်မှရမယ်.. ဒါဘဲ.."
"ဟုတ်..! ဟုတ်...!! ဟုတ်ကဲ့..!!! ပြောပါ ကျနော် ပြင်ပါ့မယ်.. မုန်းတော့ မမုန်းပါနဲ့..း( "

"အေး.. ဒီမှာ ငါ စာရွက်နဲ့ ရေးထားတယ် မင်းရဲ့ မုန်းစရာကောင်းတဲ့ ........က် ကျင့်တွေ.. ဖတ်..!!! ကိုယ့်ဟာကိုယ်.."
"....................."

ဒီမှာ.. ရင်နော်..!! မင်းဆိုတဲ့ကောင်ဟာ..
  • ရုပ်ချောသလောက် လုပ်ပြောတတ် တဲ့ကောင်
  • အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
  • အရပ်ရှည်သလောက် ဖိနပ်ပေစီးတတ် တဲ့ကောင်
  • ဗလကောင်းသလောက် နှစ်ဆတောင်းတတ် တဲ့ကောင်
  • စတိုင်မိုက်သလောက် အပိုင်ရိုက်တတ် တဲ့ကောင်
  • ဆော်ကြည်သလောက် အော်ရီ(ရယ်)တတ် တဲ့ကောင်
  • အသက်ငယ်သလောက် အရက်တွယ်တတ် တဲ့ကောင်
  • ခေတ်ဆန်သလောက် အလစ်ကြံတတ် တဲ့ကောင်
  • ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်
  • ချစ်တတ်သလောက် ညစ်ပတ်တတ် တဲ့ကောင်
  • ၁၀ ခုပဲ ပြောခိုင်းလို့ နောက်ထပ် မုန်းစရာတွေ ရှိသေးတယ်... ဒါဘဲ..။
ပုံ/
ကိုရင်နော်

"ကျနော်.. ကျနော်.."
"အေးးးး... မင်းဘာ ပြောချင်သေးလည်း အေး.. မင်းဒါတွေကို မြန်မြန်ပြင်.. မပြင်လို့ကတော့ မင်းကို လိုက်ကြိုက်တဲ့ ကောင်မလေးတွေကို ငါပြန်မကြိုက်ဘူးးးး.. ဒါဘဲ.. ရွှီးးးးးးးးးးးးးးးးးးးးးးးးး......... ဝုန်းးး.."
"ဟင်းးးးး.... ဘယ်ရောက်သွားပြီလဲ...!!! သေနာကြီးးးး ငါ့ကို အကောင်းမပြောသွားဘူးးး..."

ကယ်... အဲ့ဒီ ကိုရင်နော် ဆိုတဲ့ မကောင်းဆိုးဝါးကြီး... အဲ့ မဟုတ်ဘူး.. သူတော်ကောင်းကြီး လာပြောသွားလို့ ကျနော်ရဲ့ မုန်းစရာကောင်းတဲ့ အကျင့်တွေကို သိလိုက်ရပါပြီ.. ကျနော်မျိုး ကြိုးစားပြီး ပြင်ပါတော့မယ်ခင်ဗျာ...။

အော်.. Tag ထားတာက သုံးယောက်လုံးကိုဗျ.. ကလေးလေး ကတော့ မုန်းစရာကောင်းတာ တစ်ခုမှ မရှိလို့ မရေးတော့ဘူးတဲ့.. ဒေါ်ခင်လေးငယ် ကတော့ မုန်းစရာကောင်းတာတွေကြီးမို့ ရေးရင် အခု (၁၀၀) ကျော် သွားမှာမို့ မရေးတော့ပါဘူးတဲ့.. အဟေးး.. :)

အားလုံးကို ပျော်ရွှင်စေချင်တဲ့ Bye
(ကိုရင်နော်)


You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: အမျိုးသားနေ့၏ သမိုင်းစာမျက်နှာများ

အမျိုးသားနေ့၏ သမိုင်းစာမျက်နှာများ


(မှတ်ချက်။ ။နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ- ပထမတွဲ မှ ထပ်ဆင့်
ကူးယူဖော်ပြ ပါသည်။ စာမျက်နှာ - ၁၀၅။)

zzst.jpg

(ကုလားထိုင်တွင် ထိုင်နေသော ၀ဲဖက်မှ ပဉ္စမနှင့် ဆဋ္ဌမ ပုဂ္ဂိုလ်ကြီး
များမှာ ဒီးဒုတ်ဦးဘချို( ကွယ်လွန်သူ အာဇာနည် ခေါင်းဆောင်ကြီး)
နှင့် သခင်ကိုယ်တော်မှိုင်းဘွဲ့ခံ ဆရာလွန်း တို့ဖြစ်၏။)

(မှတ်ချက်။ ။တို့ဗမာ အစည်းအရုံးသမိုင်း -ပထမတွဲ မှ ထပ်ဆင့်
ကူးယူ ဖော်ပြပါသည်။ စာမျက်နှာ - ၇၆၊၇၇၊ ၇၈၊၇၉၊၈၀၊၈၁။)

နောက်ခံ သမိုင်း- ကိုလိုနီ ပညာရေး

အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီ ပညာရေးသည် ဗမာနိုင်ငံ၌ ၁၉၂၀
ပြည့်နှစ်အထိ ယင်းတို့အတွက် အခိုင်းအစေ ကျိုးနွံသော မြန်မာ
လူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။
ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ ခေါ်
တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်
နှင့် ဂျပ်ဆင် (ယခင် ယုဒသန် ကောလိပ်)ကောလိပ်သာရှိ၍ ယင်း
တို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ်
ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတန်းများမှာ ကလကတ္တား
ယူနီဗာစီတီမှ ချမှတ်ပေးသည့် အတိုင်း သင်ကြားရသဖြင့် ဗမာ
တက်လူငယ်များနှင့် အံမ၀င် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ
ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေး
သည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း
ကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။

ဝိုင်အမ်ဘီအေက ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား
ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော်
ဗမာပြည် အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူး ဟန်တား
(Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေး
ဆွဲရေး ကျွမ်းကျင်သည့် ကော်မတီ တရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင်
ဖွဲ့စည်းလိုက်၏။ ကော်မတီဝင် ဦးရေ ၃၀ နီးပါးမျှရှိ၍ ၀ိုင်အမ်ဘီအေ
မှ ၀တ်လုံတော်ရ ဦးမေအောင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘဖေ
(ဘီအေ)၊ ဦးကွမ်း (ဘီအေ)ပုသိမ်၊ ဦးဘလှိုင် (ဘီအေ) နှင့် ဦးအမ်
အမ်အုံးခိုင်တို့ ခြောက်ဦးသာပါ၏။

ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ၀ိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေး
သည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ
(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား

ဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာဆန်
သည့် ဘာသာရပ်များကို အဓိက ထားသည့် တခုတည်းသော
ကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန်
တက္ကသိုလ် ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ ၁၉၂၀ ပြည့်နှစ်
စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။

ယူနီဘာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတကျောင်းသာ ရှိရမည်ဟူ
၍၎င်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ်
တကျောင်းသာ ရှိရမည် ဟူ၍၎င်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ်
တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟု၎င်း စသည့်
ကန့်သတ်ချက်များအပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ၀င်ရောက်
သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်း
စားများသာ ဖြစ်စေရမည်ဟု၎င်း စသော မလိုလားအပ်သည့် ကန့်သတ်
ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။

သို့ဖြစ်လေရာ ယင်းယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျ
ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့
၏ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စား
တို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။ တနှစ်လျှင် အနည်းဆုံးငွေ
၆၀၀ ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ ၅၀ ကျပ်ကျော် မတတ်
နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည်
မဟုတ်ပေ။ ထိုခေတ် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ ၆၀၀ ကျပ်ဟူ
သည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် ၅၀ ကျပ်
မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏လခ
သည် ၃၀ ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။ အစိုးရစာရင်းများအရ
ဆိုလျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ
၁၂ ကျပ်ဖြစ်၍ အမြင့်ဆုံး လစာမှာ ၇၅ ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင်
၂၀ ကျပ်ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား
အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန်
မ၀င်ကြသော အချိန် ဖြစ်သည်။

ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက်
သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်း
ပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်း
သား မိဖများကလည်း မကျေမနပ် ဖြစ်လာကြသည်။

ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့်
နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ်
ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာ
စီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသား
ကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်းအတည် ပြု
လိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက
မန္တလေး၊မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထု
အစည်းအဝေးများခေါ်ကာ ကန့်ကွက် ကြလေသည်။

ကျောင်းသားများ၏ ရှေ့ဦးဆုံး လှုပ်ရှားမှု

ဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို
အလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်
ထိုယူနီဘာစီတီ အက်ဥပဒေနှင့် အညီ ရန်ကုန်ကောလိပ်အား ယူနီ
ဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေ
သည်။

သို့ဖြင့် ကောလိပ် ကျောင်းသားများထဲမှ သံတွဲကိုဘဦးကို ခေါင်းဆောင်
အဖြစ် တင်မြှောက်ကာ စည်းဝေးကန့်ကွက်လာကြသည်။ ယူနီဘာစီတီ
အက်ဥပဒေကို မပြင်ဆင်ပဲ ယခုအတိုင်း အတည်ပြုရန် လုပ်ဆောင်ပါက
ကျောင်းသားနှင့် ပြည်သူတွဲ၍ ရှေ့သို့ တလှမ်းတိုးရလိမ့်မည်ဟု ဆုံးဖြတ်
တောင်းဆို လိုက်ကြသည်။ ထိုအခါ မူလကြေညာထားသော ယူနီဘာစီ
တီ ဖွင့်ပွဲကို ဘုရင်ခံသည် ရက်ပြောင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့သို့
ရွေ့လိုက်လေသည်။

၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (တန်ဆောင်မုန်းလဆုတ် ၈ ရက်
သီပေါဘုရင် ပါတော်မူနေ့) နံနက် ၁၁ နာရီအချိန် ကောလိပ်ကျောင်း
သားကြီး (၁၁) ဦးသည် ရွှေတိဂုံ စေတီတော် အနောက်တောင်ထောင့်
(စနေထောင့်) ဗောဓိပင် အရှေ့တွင် လျှို့ဝှက်စုဝေး ဆွေးနွေးပွဲတရပ်ကို
ရှစ်နာရီမျှ ကြာအောင် ပြုလုပ်၍ အမိနိုင်ငံ၏ ဂုဏ်သိက္ခာ ကယ်တင်
ရေးအတွက် ကောလိပ်ကျောင်းသားများ သပိတ်မှောက်ကြရန် ဆုံး
ဖြတ်လိုက်ကြသည်။ အဖွဲ့ဝင် (၁၁)ဦးပါ အမြုတေ သပိတ်ကော်မတီ
ကို ဖွဲ့စည်းကြသည်။

၁။ကိုဘဦး (ဘီအေ အထက်တန်း။)
၂။ကိုဘရှင် (ဘီအက်စီ အထက်တန်း။)
၃။ကိုညီပိတ် (ဘီအက်စီ အထက်တန်း။)
၎။ကိုဖိုးကွန်း (ဘီအက်စီ အထက်တန်း။)
၅။ကိုအေး (ဘီအေ အထက်တန်း။)
၆။ကိုလှတင် (ဘီအေ အထက်တန်း။)
၇။ကိုဖေသိန်း (အိုင်အေ အထက်တန်း။)
၈။ကိုထွန်းဝင်း (အိုင်အေ အထက်တန်း။)
၉။ကိုဘရှင် (အိုင်အေ အထက်တန်း။)
၁၀။ကိုဘခင် (အိုင်အေ အထက်တန်း။)
၁၁။ကိုအောင်ဒင် (အိုင်အေ အထက်တန်း။)

ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသား ၄၀၀
ကျော်သည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅နာရီတွင် ဗဟန်း
ဦးအရိယကျောင်းတိုက်၌ တက္ကသိုလ် ဥပဒေ တိုက်ဖျက်ရေးအတွက်
သပိတ်မှောက်ကြရန် ယေဘုယျအားဖြင့် သဘောမျှကြသော်လည်း
အစိုးရထံ မိမိတို့ လိုအပ်ရာ တောင်းဆို၍ အစိုးရက ငြင်းပယ်သည့်
အခါမှ သပိတ်မှောက်ကြရန် သို့မဟုတ် သပိတ်မှောက်ပြီးမှ အစိုးရ
ထံ လိုအပ်ချက်ကို တောင်းဆိုရန် အယူအဆ ကွဲကြ၏။ သို့ရာတွင်
သပိတ်မှောက်ပြီးနောက် လိုအပ်ချက်တောင်းရန် ဘက်မှ အများစု
ဖြစ်သဖြင့် အားလုံး သဘောတူ သပိတ်မှောက်ကြမည်ဖြစ်ကြောင်း
ဆုံးဖြတ်ကြ၏။

နောက်တနေ့ဖြစ်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့
(မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀
ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဘာစီ
တီ အက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့်
သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။

ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူကျောင်းသားများကလည်း
နောင်တော် ကောလိပ်ကျောင်းသားကြီးများ၏ သပိတ်တိုက်ပွဲသို့
ထောက်ခံသည့်အနေဖြင့် ဗဟန်းသပိတ်စခန်းသို့ ချီတက်လာကြ
သည်။ မြို့လူထု တရပ်လုံးကလည်း မားမားရပ်ကာ ကူညီ ထောက်
ပံ့ကြလေသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ကောလိပ်ကျောင်းသားကြီးများ အစည်း
အဝေးမှ နောက်ထပ် (၁၅)ဦး ပါဝင်သော ယူနီဘာစီတီ သပိတ်မှောက်
ကောင်စီ ခေါ် (၂၆)ဦး အဖွဲ့ ဖြစ်၍ လာခဲ့သည်။

၁၂။ကိုလှစိန် -ဥပဒေ ပညာ
၁၃။ကိုဘတင် -ဥပဒေ ပညာ
၁၄။ကိုမြ -ဘီအက်စီ (အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ)
၁၅။ကိုမြင့် (နေရှင်နယ် ဦးမြင့်)
၁၆။ကိုဖိုးကျား -ဘီအေ (ယုဒသန် ကောလိပ်)
၁၇။ကိုစိုးဝင်း -ဘီအေတန်း
၁၈။ကိုဖိုးလတ် -ဘီအေတန်း (ယုဒသန် ကောလိပ်)
၁၉။ကိုထွန်းဖေ -အိုင်အေတန်း
၂၀။ကိုဘဟန် -ဘီအေတန်း
၂၁။ကိုလူဖေ၀င်း -ဘီအေတန်း
၂၂။ကိုဘကျော် -အိုင်အေတန်း
၂၃။ကိုမောင်ကို -ဘီအေတန်း
၂၄။အီးမောင်စိန် -ဘီအေတန်း
၂၅။အင်စီဆင်း -ဘီအေတန်း
၂၆။မစ္စတာဘို့(စ်)

ကောလိပ် အာဏာပိုင်များသည် ကျောင်းသား သပိတ်ကြီး၏အရေး
ဆိုချက်များကို စဉ်းစားရန်ဝေးစွ၊ ဒီဇင်ဘာ ၂၃ ရက်အတွင်း ကျောင်း
ပြန်မတက်က ကျောင်းမှ နုတ်ပယ်ပစ်မည်ဟု ကြေညာပြန်ရာ သပိတ်
မှောက် ကျောင်းသားကြီးများက မိမိတို့၏ အမည်စာရင်း များကို
ကျောင်းသားစာရင်းမှ အပြီးတိုင်ပယ်ထုတ်ပါမည့် အကြောင်း
အာဏာပိုင်တို့ထံသို့ စာပြန်ကာ တုန့်ပြန်လိုက်လေသည်။ ဒီဇင်ဘာ
၂၉ ရက်နေ့တွင် ဂျီစီဘီအေ အသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်း
သားများကို အစိုးရ ကျောင်းများနှင့် အစိုးရ အထောက်ပံ့ခံကျောင်းများ
သို့ ပြန်လည်မတက်ကြရန် တိုက်တွန်း နှိုးဆော်ချက် တစ်ရပ်
ထုတ်ပြန် စေခဲ့လေသည်။

တချိန်တည်းမှာပင် အမျိုးသားကျောင်း အမြုတေများကို အမြို့
မြို့ရှိ ၀ံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍
တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ
ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန်
အခွင့်အရေး ရခဲ့ကြ၏။ အမျိုးသားကောလိပ်ကြီးကိုလည်း စေတနာ့
ဝန်ထမ်း ပါမောက္ခဆရာကြီးများ ဖြစ်ကြသော

၁။ဆရာကြီး ဦးလွန်း (မစ္စတာမောင်မှိုင်း)- မြန်မာစာနှင့် သမိုင်း။
၂။ဆရာတော်ဦးညာဏ -ပါဠိ။
၃။မစ္စတာရောင်း (မဟာဝိဇ္ဇာ-၀ါရှင်တန်) -စီးပွားရေးနှင့်နိုင်ငံရေး။
၎။မစ္စတာချင်ဒမ်ဘရာ(ဘာမင်ဂမ်)-စက်မှုလက်မှုနှင့်ကူသန်းရောင်းဝယ်ရေး။
၅။မစ္စတာဘနာဂျီ (မဟာဝိဇ္ဇာ-လန်ဒန်)- ဘောဂဗေဒ။
၆။ဒီးဒုတ်ဦးဘချို -ကထိက … တို့ဖြစ်ကြသည်။

နောက်ဆက်တွဲ … … …

နောက်ပိုင်းတွင် ၀ံသာနု၊ ဂျီစီဘီအေ အသင်းချုပ်ကြီးသည် ဗြိတိသျှ
အစိုးရ၏ ငါးထောင်စား အုပ်ချုပ်ရေး ရာထူး ဘွဲ့ဖြူလက်နက်နှင့် နိုင်ငံ
ရေး ဖြားယောင်းမြှူဆွယ်ခြင်းကို ကြံ့ခိုင်ညီညွတ်စွာ ခုခံနိုင်စွမ်း မရှိသဖြင့်
နယ်ချဲ့ ညွှတ်ကွင်းတွင် အမိခံခဲ့ရသည်။ ဗြိတိသျှ အစိုးရအထောက်အပံ့
ကို ယူသင့် မယူသင့် အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့ပြီး အချင်းချင်း ကွဲပြား
ကြရသည့် အခြေအနေသို့ ပို့ဆောင်ခဲ့လေသည်။

နောက်ဆုံးတွင် အစိုးရကြိုက် အထောက်အပံ့ယူ အမျိုးသားကျောင်း
များသာ ဆက်လက် ရပ်တည်နိုင်လျက် အထောက်အပံ့မယူသည့်
အမျိုးသားကျောင်းများမှာ တဖြည်းဖြည်းဖြင့် သုံးနှစ်မျှအကြာ ရပ်စဲ
ဖျက်သိမ်းလိုက်ကြရ၏။ ဤအခြင်းအရာနှင့် စပ်လျဉ်း၍ အမျိုးသား
ကောလိပ်တွင် မြန်မာစာနှင့် သမိုင်း ပါမောက္ခ အဖြစ် စေတနာ့ဝန်ထမ်း
လုပ်အားပေးသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကျောင်းသား
သပိတ်အား ကြိုဆိုခြင်း၊ ထောက်ခံ အားပေးခြင်း၊ အဆုံးသတ်၌
ဝမ်းနည်း ပက်လက်ဖြစ်ရခြင်း တည်းဟူသော ခံစားချက် ဖော်ဆောင်
ရေးသားခဲ့သည့် ရသမြောက် "ဘွိုင်ကောက်ဋီကာ" ခေါ် လေးချိုအနု
စာပေကြီးမှာ နှောင်းခေတ် မြန်မာတက်လူများအဖို့ သင်္ခဏ်းစာ
ထုတ်ယူနိုင်သော စာပေအမွေအနှစ် တခုဖြစ်ခဲ့ပေသည်။

မွေးထုတ်ပေးခြင်း … … …

၁၉၂၀ ပြည်နှစ် ပထမ ကျောင်းသားသပိတ်ကြီးသည် အင်္ဂလိပ်နယ်ချဲ့
တို့ လက်အောက်တွင် ဗမာနိုင်ငံ၏ ပထမဆုံး ပညာရေး လှုပ်ရှားမှု
ကြီး ဖြစ်သည်။ တမျိုးသားလုံး၏ ဂုဏ်ကို ဖော်ဆောင်ပေးခဲ့သော
ကြောင့် နောင်တွင် အမျိုးသားနေ့ဟု ခေါ်ဆိုသတ်မှတ် ခဲ့သည်။

ယင်း အမျိုးသား ပညာရေးလှုပ်ရှားမှုကြီးမှ အစပြု၍ ဗမာ့လွတ်လပ်ရေး
တိုက်ပွဲ သမိုင်းတလျှောက်တွင် ထင်ရှားကျော်ကြားခဲ့ကြသော ဆရာကြီး
သခင် ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒီးဒုတ် ဦးဘချို၊ သခင်ဘသောင်း၊
သခင်မြ၊ သခင်ဖိုးကွန်း (ဗိုလ်ဖိုးကွန်း)၊သခင်ဗဂွမ်း၊ သခင်ထွန်းရွှေ၊သခင်
ဗသီး၊ သခင်သာဒင် စသော အမျိုးသားခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လင်းဦး(စိတ်ပညာ)] 1 New Entry: Ten Things I Hate About Myself

Ten Things I Hate About Myself

ကို Zerotrash က Tag ထားပါတယ်တဲ့.....................

၁။ ကော်ဖီအလွန့် အလွန်သောက်တတ်တဲ့အကျင့် (တစ်နေ့ ကော်ဖီထုပ် -၂၀ကျော်သောက်လို့) ။

၂။ ရိုက်ကွင်းတွင် ဟောင်ဖွာဟောင်ဖွာ လုပ်တတ်ခြင်း။
၃။ တဇွတ်ထိုး မလုပ်ဖြစ်အောင်ထိန်းသော်လည်း လုပ်လုပ်ဖြစ်သွားတဲ့အကျင့် ။
၎။ အတွေးနယ် လွန်တတ်ခြင်း ။
၅။ ကိုယ်မှန်တယ်ထင်ရင် တစ်ဖက်သားကို မညှာမတာ ပြောတတ်တဲ့အကျင့် ။
၆။ သူများရည်းစားအတွင်းရေးတွေကို ကဗျာ လုပ်လုပ်ပစ်တဲ့အကျင့် ။
၇။ သီချင်းဆိုရင် မိုက်ကိုလုံးဝ လက်ကမချတော့ခြင်း ။ (အပေါင်းအသင်းတွေကို အားနာဖို့ကောင်း၏)
၈။ မသွားချင်ဆုံး နေရာဖြစ်သော ဆေးရုံသို့ ခဏခဏသွားနေရခြင်း ။
၉။ ညဖက် တော်ရုံနှင့် မအိပ်တတ်ခြင်း ။
၁၀။မရေးနိုင်သေးဘဲ စာမူခ ကြိုကြိုထုတ်တတ်ခြင်း ။

လင်းဦး(စိတ်ပညာ)

You received this email because you are subscribed to the real_time feed for http://linoo.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: ဘ၀မှာ ..ဘာတွေတည်ဆောက်ကြမလဲ ..

ဘ၀မှာ ..ဘာတွေတည်ဆောက်ကြမလဲ ..

တခါတုံးက ညီအကိုနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ လယ်ကွင်းတွေက ဘေးချင်းကပ်ရက် ဖြစ်သလို အလုပ်လုပ်တဲ့ နေရာမှာလဲ သူ့ပစ္စည်း ကိုယ့်ပစ္စည်း၊ သူ့အလုပ်သမား ကိုယ့်အလုပ်သမား မခွဲခြားပဲ အတူတကွ လယ်လုပ်လာကြတာ နှစ်ပေါင်း ၄၀ လောက်ရှိသွားပြီ။ တနေ့ကျတော့ ညီအကိုအချင်းချင်း နားလည်မှုတွေလွဲပြီး ကတောက်ကဆဖြစ်ရာကနေ နောက်ဆုံး မချေမငံစကားတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင်၊ မပြောနိုင် အခြေအနေထိအောင် ဖြစ်သွားကြတယ်။ အချိန်တွေလဲ တော်တော်ကြာသွားတယ်ပေါ့။

တနေ့ကျတော့ လက်သမားတစ်ယောက်က အကိုကြီးရဲ့ အိမ်ကို တံခါးလာခေါက်ပြီး သူ့အတွက် အလုပ်လေးဘာလေးရှိ၊ မရှိမေးတယ်။ အဲ့တော့ အကိုကြီးက ….

" အေး ရှိတယ်။ ဟိုမှာတွေ့လား၊ ဟိုဘက်က လယ်ကွင်းနားမှာ မြစ်ချောင်းလေး။ အဲ့ဒါ ငါ့အိမ်နီးချင်း၊ အမှန်တော့ ငါ့ညီပါ။ လွန်ခဲ့တဲ့ တစ်ပတ်က အဲ့ဒီမှာရှိတဲ့ မြက်ခင်းပြင်ကို သူက မြစ်ကမ်းစပ်ထိရောက်အောင် bulldozer နဲ့ ထိုးချလိုက်တော့ ငါတို့ကြားမှာ အဲ့ဒီချောင်းဖြစ်သွားတယ်။ ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် သူ တမင်တကာလုပ်တာ ငါသိတယ်။ ငါက သူ့ထက်ပိုပြီးတောင် လုပ်နိုင်သေးတယ်။ အဲ့ဒီတော့ ဟိုးမှာ ပုံထားတဲ့ သစ်သားတွေနဲ့ မင်းက ၈ပေလောက်မြင့်တဲ့ ခြံစည်းရိုးခပ်ပေးကွာ။ ဒါဆို ငါ သူ့မျက်နှာလဲ မမြင်ရတော့ဘူး။ သူ့နေရာလဲ မတွေ့နိုင်တော့ဘူး၊ အေးရော" လို့ ပြောလိုက်တယ်။

လက်သမားက " ကောင်းပါပြီ။ ငါသဘောပေါက်ပြီ။ မင်းစိတ်တိုင်းကျဖြစ်စေရမယ်" လို့ ပြောပြီး လုပ်ငန်းစတယ်။ အကိုကြီးလဲ သူဝယ်စရာရှိတာဝယ်ဖို့ မြို့ပေါ်ခဏသွားလိုက်တယ်။

ညနေ နေ၀င်ဖျိုးဖျအချိန်လောက် အကိုကြီးလဲ ပြန်လာရော လက်သမားလဲ အလုပ်ပြီးသွားပြီ။ ဒါပေမဲ့ လယ်သမားလုပ်ထားတာကိုလဲ မြင်ရော အကိုကြီးက မျက်လုံးအပြူးသားနဲ့ ကြောင်ပြီးကြည့်နေတယ် ..သူ့မျက်စိရှေ့က (ချောင်း ဟိုဘက်ဒီဘက်ကို ဆက်ထားတဲ့) တံတားလေးကို။ သစ်သားလက်ရန်းတွေဘာတွေနဲ့ အခိုင်အမာဆောက်ထားတဲ့ လှပတဲ့ တံတားလေးတစ်ခု။ အဲ့ဒီအချိန်မှာ ညီငယ်က လက်သမားနဲ့ အကိုကြီးနဲ့ ရပ်နေတဲ့ နေရာကို ရောက်လာပြီး အကိုကြီးရဲ့လက်ကိုကိုင်ပြီး တောင်းပန်တယ်။

" အကို၊ အကိုဟာ တကယ့်ကို စံထားစရာအကိုကြီးတစ်ယောက်ပါပဲ။ ကျနော် ဒီလောက်ပြောဆိုပြီး ဒါမျိုးတွေလုပ်ထားတာတောင် ဒီတံတားကို အကိုဆောက်ပေးနိုင်ခဲ့တယ်နော်" လို့ လှိုက်လှိုက်လှဲလှဲပြောတယ်။

ပြီးတော့ ညီအကိုနှစ်ယောက် တံတားရဲ့ အလယ်မှာ မတ်တပ်ရပ်ပြီး တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လို့ ….

အဲ့ဒီအချိန်မှာ သူ့ပစ္စည်းတွေ သိမ်းပြီး ပြန်ဖို့ပြင်နေတဲ့ လက်သမားကို အကိုကြီးက "ခဏနေပါဦး၊ မင်းအတွက် တခြားအလုပ်တွေအပ်ဖို့ ရှိနေသေးတယ်" လို့ပြောတော့ လက်သမားက "ငါ နေချင်ပါတယ်။ ဒါပေမဲ့ ငါ တံတားတွေ အများကြီးဆောက်ဖို့ ကျန်နေသေးတယ်" လို့ပြောပြီး ခရီးဆက်ထွက်သွားပါတယ်။

by ..DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: သမ္မတကြီး အေ.ပီ.ဂျေ အဗ္ဗဒူဘာလမ် နှင့် တွေ့ဆုံခြင်း

သမ္မတကြီး အေ.ပီ.ဂျေ အဗ္ဗဒူဘာလမ် နှင့် တွေ့ဆုံခြင်း

ကဲ…. မင်းတို့ကဘာလဲ၊ ဘာဖြစ်ချင်ကြတာလဲဆိုတာက စကြရအောင်
ကျွန်တော်က မြို့ပြအင်ဂျင်နီယာပါ
ကျွန်မက ဒုတိယနှစ် စီးပွားရေးကျောင်းသူပါ
ကျွန်တော် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်လိုပါတယ်
ကျွန်မ နိုင်ငံရေးခေါင်းဆောင်ဖြစ်ချင်ပါတယ်
သမ္မတကြီး ဂုဏ်ယူအားကျတာ ဘယ်သူပါလဲခင်ဗျာ
ငှက်တစ်ကောင် ဘယ်လိုပျံသန်းလဲဆိုတာ သင်ပေးခဲ့သူပေါ့
နားမလည်တဲ့သူတွေ ညနေလာခဲ့ကြ
ဟုတ်ကဲ့ပါခင်ဗျာ၊ ဟုတ်ကဲ့ပါရှင့်
ကဲ…. ပြောပါဦး ဘယ်အရာက ငှက်တွေကို ရှေ့တွန်းပို့နေသလဲ
ငှက်တွေမှာ ဘာရှိသလဲ
ငှက်တွေမှာ အသက်ရှိပါတယ်
ဟုတ်တယ်၊ အသက်။ ဒီလိုသူရှင်းပြခဲ့တယ်။
ကြည့်စမ်း…. အတောင်တွေကို ရိုက်ခတ်နေတယ်
ဟော…. အမြီးလေးကို ကော့ထောင်လိုက်တယ်
ပြီး…. ဦးတည်ရာဘက်ကို ပြောင်းပေးလိုက်တယ်
ဒါပေမယ့် သမ္မတကြီးရှင့် အဖြေကိုရော တွေ့ပါရဲ့လား
ငါတို့မှာ ပြဿနာတွေရှိနေပါတယ်
သမ္မတကြီးက သိပ်ကိုအကောင်းမြင်တတ်တာပဲ
တကယ့်လက်တွေကဆန်တယ်လို့ပဲ ပြောကြပါစို့
အရိပ်ကိုရော အရောင်ကိုရောပေါ့
ရည်ရွယ်ချက်ထားပါ၊ ပျော်ပျော်ရွှင်ရွှင်နေပါ
လူ့စွမ်းအားဝန်ကြီးဌာနက အိန္ဒိယတက္ကသိုလ်တွေရဲ့
အဆင့်အတန်းကို နိမ့်ကျစေတယ်လို့ သမ္မတကြီးမထင်မိဘူးလား
ကောင်းပြီ၊ ငါတို့မှာ ရေတွေပိုလျှံနေတဲ့ မြစ်ဝှမ်းတွေရှိသလို
ရေလျော့နည်းနေတဲ့ မြစ်ဝှမ်းတွေလည်း ရှိနေတယ်
ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာမဟုတ်ဘူးလား
မင်းတို့ရဲ့ သုံဖက်မြင် သူငယ်ချင်းတွေအပြင်
ကဗျာတစ်ပုဒ်ရှိတယ်
သေနတ်သံတွေတိတ်နေရင် ကမ္ဘာမြေပေါ်မှာ ပန်းတွေပွင့်လန်းနေရမယ်ဆိုတာလေ
သမ္မတကြီးဟာ ပထမဆုံးဂြိုလ်တုလွှတ်တင်ရေး စီမံကိန်းရဲ့ ဒါရိုက်တာ
ကာကွယ်ရေး၊ ဖွံ့ဖြိုးရေးဒါရိုက်တာ၊ အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ
ပြီးတော့ သမ္မတရာထူး၊ နောက် ဘာများလုပ်ဦးမှာလဲဗျာ
မင်း တစ်ခုမေ့နေတယ်
ငါ အရင်က ကျောင်းဆရာတစ်ယောက်လေ
သင်ကြားရေးဟာ ငါ့ရဲ့ဘ၀ပဲပေါ့
သင်ကြားရေးဘက် ငါပြန်သွားရမှာပေါ့
နောက်ဆုံးမေးခွန်းပါ သမ္မတကြီးခင်ဗျာ။

မိုးဝေး
၁၅၊၁၊၂၀၀၅။
(ကျွန်တော့်စကားလုံး လေးငါးလုံးလောက်ပဲ ပါပါတယ်။
စတိုင်သစ်မဂ္ဂဇင်း၊ ဖေဖော်ဝါရီလထုတ်၊ ၂၀၀၅ ထဲက ကိုလတ်(ဂုဏ်ထူးစံ) ရဲ့
“လူငယ်များက အသွင်ပြောင်းလိမ့်မည်”ဆိုတဲ့ အိန္ဒိယသမ္မတကြီးနှင့် လူငယ်နှစ်ဦး တွေဆုံခန်း
ဆောင်းပါးထဲမှ စကားလုံးတစ်ချို့ကို အသုံးပြုတည်ဆောက်ထားတာဖြစ်ပါတယ်။)
၂၀၀၅ခုနှစ်၊ပြင်သစ်ယဉ်ကျေးမှုဌာန၊ နွေဦးကဗျာရွတ်ပွဲတွင် ရွတ်ဆိုခဲ့။
မဂ္ဂဇင်းတစ်စောင်တွင်လည်း ဖော်ပြခဲ့ဖူး။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: မိသားစု ထမင်းဝိုင်း

မိသားစု ထမင်းဝိုင်း

နေ့ တိုင်း နေ့ တိုင်း ထမင်းစားချိန်တွေမှာ အိမ်က မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းလေးကို အရမ်း သတိရမိပါတယ်…။
ဟိုးအရင် အချိန်တွေ… မိသားစုတွေ အတူတူနေရတဲ့ အချိန်တုန်းကပေါ့…။
သက်ဝေတို့ အားလုံး နေ့ လည်စာကို ထမင်းဘူးထည့်သွားပြီး အလုပ်ထဲမှာ၊ ကျောင်းမှာ အဆင်ပြေသလို စားတတ်ကြပေမယ့် ညနေစာတွေတိုင်းကိုတော့ မိသားစု စုံစုံညီညီရှိမှသာ စားတတ်ကြပါတယ်။ ဖေဖေ (သို့ ) မေမေ တစ်ယောက်ယောက် အိမ်အပြန် နောက်ကျတဲ့နေ့  မျိုး ဆိုရင်လဲ အဆာပြေ မုန့် တစ်ခုခု စားပြီး လူစုံအောင် စောင့်တတ်ကြပါတယ်။ ထမင်းဝိုင်းမှာ အတူတူထိုင်ကြပြီးရင်လဲ ထမင်း ဟင်းတွေ ကို (ဟိုးငယ်ငယ်လေးထဲက အဖိုးအဖွားတွေ သင်ထားတဲ့အတိုင်း) အသက်ကြီးစဉ်ငယ်လိုက် စည်းကမ်းနဲ့  နှိုက်ယူလေ့ရှိကြပါတယ်။ အဖိုး ပြီးရင် ဖေဖေ၊ မေမေ၊ ပြီးတော့ သက်ဝေ.. ပြီးတော့ မောင်လေးပေါ့…။ သူက အငယ်ဆုံးဆိုတော့ နောက်ဆုံးမှ ယူရတာမို့  သူမို့  ဗိုက်ဆာနေပြီဆို လူကြီးတွေ မြန်မြန်ယူကြပါတော့ ဗျို့ လို့  ပူညံပူညံလုပ်တတ်သေးတာ တွေးမိတော့ ပြုံးရသေး…။

မိသားစု စုံစုံညီညီနဲ့ အတူတကွ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့  စားသောက်ခဲ့ရတဲ့ နွေးထွေးလှတဲ့ မိသားစု ထမင်းဝိုင်းလေး အကြောင်းကို ပြန်တွေးမိတိုင်း တစ်ယောက် တစ်နေရာစီမှာ တကွဲတပြား ရောက်နေရတဲ့ ကိုယ့်ရဲ့  လက်ရှိ အခြေအနေတွေကို တကယ်ဘဲ ၀မ်းနည်းမိပါတယ်။ ဘယ်တော့မှ ပြန်ရနိုင်မယ်မှန်း မသိနိုင်တဲ့ မိသားစု ထမင်းဝိုင်းကလေး… အသက် ၈၀ ကျော် (အခုတော့ ဆုံးသွားပါပြီ) အဖိုးရဲ့  ဟိုးတုန်းကဆိုရင်… အစချီတဲ့ စကားဆိုသံတွေ၊ မောင်နှမ နှစ်ယောက်ရဲ့ မမောနိုင် မပန်းနိုင် ငြင်းခုံ စကားနိုင်လုသံတွေ၊ ဖေဖေ မေမေ တို့ ရဲ့  တစ်နေ့ တာ အလုပ်ခွင်အတွေ့ အကြုံ တွေကို ပြန်ပြောပြကြတဲ့ ချိုသာ စကားသံတွေ စည်စည်ညံညံနဲ့  ဘယ်အခါမဆို စားမြိန်ခဲ့ရတဲ့ မေမေ့လက်ရာ ထမင်းဝိုင်းကလေးရဲ့  တန်ဖိုးကို အခုအချိန်မှာ တကယ်ဘဲ အရမ်း လွမ်းဆွတ် တမ်းတမိပါတယ်…။

*****

ဒီလိုနဲ့  မနေ့ ညနေက ထမင်းစားခါနီးမှာ မိုးတွေ သည်းသည်း မဲမဲရွာနေတာကို တွေ့ တော့ မိုးဦးကျ ကာလတွေ မိုးတွင်းကာလတွေမှာ မေမေ ချက်လေ့ရှိတဲ့ ဟင်း အတွဲအစပ်လေးတွေကို ပြန်တွေး စိတ်ကူး ပုံဖေါ် ကြည့်မိပါတယ်…။

ပုဇွန်ဆိတ် သေးသေးလေးတွေကို အခွံမခွာပဲ အမြီးနဲ့ ခေါင်းကိုဖြုတ် ရေစင်စင်ဆေး၊ ဆီများများ ကြက်သွန်ဖြူ များများ ငရုတ်သီး စပ်စပ်နဲ့ ကျော်၊ သခွားသီးတွေကို ခြစ်ပြီး ကြက်သွန်စိမ်းရယ်၊ ဆီမပါဘဲ လှော်ထားတဲ့ ပုဇွန်ဆိတ်လေးတွေကို မျှင်ငပိ၊ ငြုတ်သီးစိမ်းနဲ့ ပြီး ရောထောင်းထားတာရယ် နဲ့ သံပုရာရည် ညှစ်ပြီး သုပ်ရတဲ့ သခွားသီးသုပ်ရယ်၊ တွဲဖက် ကတော့ ဘူးသီးဟင်းခါးလေးကို ငြုတ်ကောင်းနိုင်နိုင်နဲ့ ချက်ပြီး ပူပူလေးသောက်...။

မိုးရာသီတွေမှာသာ ပေါပေါများများတွေ့ ရတတ်တဲ့ ငါးသလဲတိုး (သို့ ) လယ်ငါးခူ ခပ်သေးသေးလေးတွေကို ဆီများများထဲမှာ ကြွပ်ကြွပ်ကလေးကြော်ရယ်၊ ဈေးထဲမှာ တစ်ခါတရံမှ ရတတ်တဲ့ ကောက်ရိုးမှိုလေးတွေကို ရေစင်စင်ဆေး၊ ပြီးတော့ ဆီလေးနဲနဲနဲ့ လှိမ့်၊ ကြက်သွန်စိမ်း ပါးပါးလှီး၊ ငြုတ်သီးစိမ်းတောင့်လေးတွေကို တုတ်ချောင်းကလေး ထိုးပြီးမီးကင် မညက် တညက်ထောင်း၊ ခုနက မှိုကြော်လေးနဲ့ ရော သံပုရာရည်ညှစ်ပြီးသုပ်တဲ့ မှိုချဉ်သုပ်ရယ် ကြာဆံဟင်းခါး ပူပူလေးရယ်နဲ့  တွဲစားရတဲ့ ဟင်းတွေကတော့ မေမေ့ရဲ့  ဘယ်တော့မှ မရိုးနိုင်တဲ့ လက်ရာပါ။

*****

ဆောင်းဦးပေါက် ချမ်းချမ်းစီးစီး မနက်တွေမှာတော့ မေမေက မနက် အိပ်ရာက အစောကြီးထပြီး ကောက်ညှင်းဆန်အသစ် စေးစေးလေးတွေနဲ့  ဆီထမင်း ထိုးတတ်ပါတယ်။ ဆီထမင်းကျက်လို့  အဖိုးနဲ့  မေမေတို့ ဘုရား ဆွမ်းတော်ကပ်ပြီးချိန်နဲ့  သက်ဝေတို့ တွေ အိပ်ရာနိုးတဲ့ အချိန်နဲ့ တော့ အကိုက်ပါဘဲ။ ဆီထမင်းနဲ့ တွဲဖက် စားစရာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြတာမို့  မေမေက အားလုံးရဲ့  အကြိုက်ကို စိတ်ရှည်လက်ရှည် လုပ်ပေးတတ်ပါတယ်။ အဖိုးအတွက်က နှမ်းလှော်ထောင်း မွှေးမွှေးလေး၊ ဖေဖေ့အတွက်က ငါးရံ့ ခြောက်ဖုတ်ကို ပဲဆီမွှေးမွှေးလေးဆမ်းလို့ တမျိုး၊ အုန်းသီးနဲ့ မှစားချင်တဲ့ သမီး နဲ့ သား အတွက်ကတော့ အုန်းသီးနုနုလေးတွေ ခြစ်လို့ ပေါ့…။

ခရမ်းချဉ်သီး လှိုင်လှိုင်ပေါတဲ့ ဆောင်းတွင်းမှာ မေမေ့ရဲ့ ဟင်း တော်တော်များများမှာ ခရမ်းချဉ်သီးတွေ ပါလေ့ရှိပါတယ်။
ငါးရံ့ ကို ခရမ်းချဉ်သီးများများ နဲ့ အရည်စပ်စပ်လေးချက်၊ မချခင်မှာ နံနံပင်လေးအုပ်၊ ဒီဟင်းက အသက်ကြီးလို့  သွားတွေ သိပ်မကောင်းတော့တဲ့ အဖိုးနဲ့ မေမေ့ရဲ့  အကြိုက် ပါ။ အဲဒီ ငါးဟင်းနဲ့ တွဲဖက်စားဖို့ ကို ငြုတ်သီး၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက် နဲ့ ချက်တဲ့ ငန်ပြာရည်ချက်ရယ်၊ ခရမ်းသီး သေးသေး၊ ဘူးသီး သေးသေးလေးတွေကို ပြုတ်ထားတဲ့ တို့ စရာရယ်…။

အားလုံး အလုပ်အား ကျောင်းအားကြတဲ့ စနေ တနင်္ဂနွေနေ့ တွေမှာ တော့ မေမေက လုပ်ရတာ နဲနဲလက်ဝင်တဲ့ ငါးရံ့  ဆန်လှော်ဟင်း ကို ချက်လေ့ရှိပါတယ်။ ငါးရံ့ ကိုဘဲ အကောင်လိုက် ဆား၊ ဆနွင်း၊ ဆီ၊ ငြုတ်သီး ကြက်သွန်ဖြူ နီတွေရော ပြီးနယ်၊ စပါးလင် အပင်လိုက်ကို ငါးမှာ ချည်၊ မွှေးနေအောင် လှော်ထားတဲ့ ဆန်ကို လေးစိတ်ကွဲလေး ထောင်းပြီး ကြက်သွန်ဖြုလေး ဆီသပ်၊ ပြီးတော့မှ ငါးအကောင်လိုက် ကိုထည့်ချက်ရတဲ့ အဲဒီ ဆန်လှော်ဟင်း ကတော့ တစ်အိမ်သားလုံးရဲ့  အကြိုက်ပေါ့…။ ငါး ဆန်ပြုတ်လို သူ့  အတိုင်းစားလို့ ရသလို ထမင်းနဲ့ အတူ ဟင်းလိုလုပ်ပြီး စားရင်လဲရတာမို့  အဲဒီဟင်းချက်တဲ့နေ့ ဆို အချိန်မဟုတ်သေးဘဲ ဗိုက်က အလိုလိုနေရင်း ဆာနေတတ်ပါတယ်။

တခါတခါ မီးမလာတဲ့နေ့ မျိုးမှာ မီးသွေးမီးဖိုနဲ့  ထမင်းဟင်း ချက်ရတဲ့အခါ မီးသွေးမွှေးရတာ ပင်ပန်းလို့  စိတ်ညစ်စွာ ငြီးငြူမိပေမယ့် ထမင်းဝိုင်းမှာ ခရမ်းချဉ်သီးကို မီးဖုတ်လို့  နံနံပင်နံ့  ငြုတ်သီးနံ့ မွှေးနေတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် စားရတဲ့အခါမှာတော့ မောသမျှတွေ အကုန်ပျောက်ပြီး ထမင်းမြိန်ရပြန်ပါတယ်…။


*****

ပူလောင်လောင် အိုက်စပ်စပ် နွေရာသီအခါမျိုးတွေမှာတော့ မေမေ့ အတွက် နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမို့  ခါတိုင်းနဲ့ မတူ ထူးခြားတဲ့ ထွေလီကာလီ ဟင်းမျိုးတွေ စားရတတ်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့ ရာသီဥတုကြောင့် လူတွေတော်တော်များများ ထမင်းစားပျက်တတ်ကြပေမယ့် အိမ်သားတွေအဖို့ ကတော့ မေမေ့လက်ရာတွေကြောင့် ပိုလို့  တောင်မှ စားကောင်း သောက်ကောင်း ဖြစ်ကြရတယ်လေ။

မေမေချက်လေ့ရှိတဲ့ဟင်းတွေထဲက သက်ဝေ အကြိုက်ဆုံးဟင်းကတော့ မုန်လာပင်ပေါက်နဲ့  ချက်ရတဲ့ ငါးကျည်း ငါးဆုပ် ချဉ်ဟင်းပါ။ ငါးကျည်းအကောင် ခပ်လတ်လတ်တွေကို မန်ကျည်းသီးနဲ့  ဆားနဲ့ နယ်ပြီး ရေစင်စင်ဆေး၊ ပြီးရင် ဒါးမနဲ့  နုတ်နုတ်စင်း၊ ပြီးတော့မှ ဆား၊ အချိုမှုန့် ၊ ငြုတ်သီး တို့ ရယ်၊ စပါးလင် နုတ်နုတ်စင်းရယ်၊ ဆန်လှော်မှုန့် နဲနဲရယ်ထည့်ပြီး နာနာလေးထောင်း၊ မုန်လာပင်ပေါက် နုနုလေးတွေကို ချဉ်ဟင်းအိုး အရင်တည်… ဟင်းအိုး ပွက်ပွက်ဆူလာပြီဆိုမှ ပြီးမှ ခုနက ထောင်းထားတဲ့ ငါးကျည်းတွေကို လက်နဲ့  အနေတော် လုံး ဆုပ်ပြီး ထည့်…။ ငါးဆုပ်လုံးလေးတွေ ကျက်လောက်ပြီဆိုရင် ချ…။ သူနဲ့  လိုက်ဖက်တဲ့ အတွဲက ငြုတ်သီး ဆားထောင်းပါ။ ငြုတ်သီး အလှော်မှုန့် ကို ဆားလေးနဲနဲ နဲ့  ကြက်သွန်ဖြူလေးရောပြီး ထောင်း၊ စားကာနီးမှ ဆီဆမ်းစားရတဲ့ အညာငြုတ်သီးထောင်းပေါ့။ အဲဒီဟင်းချက်တဲ့နေ့ ဆို တအိမ်သားလုံး ခေါင်းမဖေါ်နိုင်အောင် ထမင်းစား ကောင်းခဲ့တာကို ခုထက်ထိ စွဲစွဲလမ်းလမ်း မှတ်မိနေပါတယ်…။ အခုဆိုရင် အဲဒီ ဟင်းနဲ့ ဝေးခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီပေါ့…။

နွေရာသီရဲ့  နေ့ လည်ခင်းတွေမှာတော့ မေမေက လဖက်ကို ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေနဲ့  သုပ်ပြီး ရေနွေးကြမ်းပူပူနဲ့  ကျွေးတတ်ပါသေးတယ်။ နွေနေ့ လည်ခင်း ပူပူမှာ ရေမိုးချိုး၊ ချည်သား အင်္ကျီလေးဝတ်၊ သနပ်ခါး ပါးကွက်ထူထူကွက်ပြီး လဖက်သုပ် ချဉ်ချဉ် စပ်စပ်ကို ရေနွေးကြမ်းပူပူနဲ့  စားခဲ့ရတာ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့ လည်စာပါဘဲ…။


*****

စားသောက်ဖွယ်ရာတွေကို မိသားစုတွေ အတူတကွ တစ်ပျော်တပါး စားသောက်ကြတဲ့အခါတိုင်း မှတ်မှတ်ရရ အဖိုးပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ "လက်ရည်တပြင်တည်း" ဆိုတဲ့ စကားလေးပါဘဲ။ နှီး ဒေါင်းလန်းကြီးတွေထဲမှာ ထမင်းတွေရော ဟင်းတွေပါ စုထည့်ပြီး မိသားစုတွေ ကလေး လူကြီးတွေအားလုံး ပျော်ပျော်ပါးပါး ၀ိုင်းဝန်းနှိုက်ယူ စားသောက်ကြတဲ့ ဟိုး ရှေးရှေးက ချစ်စရာ စည်းလုံးညီညွတ်မှုကို ပြတဲ့ ဓလေ့လေး တစ်ခုပေါ့။

အခုခေတ်မှာတော့ နှီး ဒေါင်လန်းတွေနဲ့  စားတဲ့ခေတ်မဟုတ်တော့ပေမယ့် မိသားစု ဆိုတာ ဘယ်လို အရာမျိုးမှာမဆို အေးအတူ ပူအမျှ၊ အစစ အရာရာမှာ ကောင်းအတူ ဆိုးအတူ သာတူ ညီမျှ ခွဲဝေ ခံစားကြရတယ် ဆိုတာကို သိရှိ နားလည်ဖို့ အတွက် တခြားအချိန်တွေမှာ မဟုတ်တောင် ထမင်းစားချိန်မှာတော့ အားလုံး အတူတူ စကားလေး တပြောပြောနဲ့  အေးအေးလူလူ စားသောက်ကြဖို့ သင့်တယ်လို့  အဖိုးက ခနခန ပြောဖူးပါတယ်။

အဲဒီအချိန်နဲ့  ဆယ်စုနှစ် တစ်ခုလောက်သာ ဝေးကွာတဲ့ အခု လက်ရှိ အချိန်မှာတော့ သွား သုတ်သုတ် စား သုတ်သုတ်နဲ့  ဖွယ်ဖွယ်ရာရာ မဖြစ်တဲ့ အေးစက်စက် မာတောင့်တောင့် ခြောက်ကပ်ကပ် ထမင်းဟင်းတွေကို မိုက်ခရိုဝေ့ဖ် ရဲ့  အကူအညီနဲ့  ပူအောင်လုပ်ပြီး သောက်ရေတစ်ခွက် အနားချလို့  မြန်မြန်ပြီး အေးရော သဘောမျိုးနဲ့  စားလိုက်ရတဲ့ ထမင်း အနပ်တွေတိုင်းမှာ အော်… အဖိုးသာမြင်ရင် ဘယ်လို ကောက်ချက်မျိုးများ ချမှာပါလိမ့်လို့  တွေးတောရင်း၊ ဖေဖေ မေမေ မောင်လေးတို့ နဲ့  နွေးထွေးလှတဲ့ မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းကလေးကို အရမ်း သတိရ လွမ်းဆွတ်နေမိပါတော့တယ်။


*****

You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: မိုင်ဒုက္ခ

မိုင်ဒုက္ခ

မိုင်ဒုက္ခ/ MY TROUBLE

ဘလော့စွဲနေလို့ဘယ်လိုဖြတ်ရင် ကောင်းမလဲလို့ အင်တာနက်ထဲ ရှာကြည့်တယ်။ ကိုယ်လို လူစားအများကြီး ။ စွဲနေတဲ့သူတွေ ရှိတယ်။ အလွယ်ဆုံးက အစိမ်းဖြတ်ပေါု့၊ ဘလော့ ပိတ် လိုက်ရု့ဘ။ဲ ဒီလိုလဲ မလုပ်နိုင်ဘူးလေ.။ ဘလော့လုပ်နေရတာ အတော် စိတ်ချမ်းသာစရာ ကောင်းတော့ မျင်းဖြတ်ကလေးများ ရှိမလားလို့ရှာ။ ထုံးစံအတိုင်း အင်တာနက် ရဲ့ ဆွဲဆောင် မှူအောက် ပါသွားတော့ ကလေးမတစ်ယောက်ရေးထားတာ သဘောကျမိတယ။် ဘာ သာ ပြန်မဟုတ်ပါဘူး။ ကိုယ်ကြိုက်သလို ခံစားထားတာပါ။ ဘာသာမပြန် တတ်တာလဲ ပါ ပါတယ်။

ဘာရေးရမလဲဘဲစဉ်းစားနေမိတယ်ဆိုဘဲ။ မှန်လိုက်တာ။ KMSL ပြော တဲ့ စ ကား တွေ နား ထောင်နေရင်းနဲ့ ဒီနေ့ဘာရေးရရင် ကောင်းမလဲလို့ စဥင်္းစားနေမိတယ်။ မင်းကဘာတွေ တွေးနေတာလဲ လို့သူကဟောက်ရင် ပေါက်တတ်ကရတွေ လျောက်ဖြေမယ်။ အမှန်က တော့ကိုယ်ဘလော့အကြောင်း တွေးနေတာပါ။

တွေးမိတာ. စဥ်းစားမိတာလေးတွေ တွေ့ကြုံတာလေးတွေ မြင်ရင် ရေးချင်လို့ ချက်ချင်း ကွန်ပြူတာရှေ့ရောက်သွားတယ်ဆိုဘဲ။ ဒါလဲ ဖြစ်တယ်။ ဘလော့ရေးဘို့အတွက် WORD ကို STAND BY ဖွင့်ထားတယ်။ မီးပူတိုက်ရင်းနဲ့ အတွေးလေးတွေ ရခဲ့ရင် ကွန် ပြူ တာ ရှေ့ ချက် ချင်းရောက်သွားတယ်။ ကွန်ပြူတာရှေ့မရောက် နိုင်တဲ့ အနေအထားရှိခဲ့ရင် အကြမ်းစာရွက်နဲ့ ဘောပန် ကအဆင်သင့်ရှိတယ်။ ဒါကိုတောင်မှ အဆင်မပြေ နိုင် ဘူးဆိုရင် TELEPHONE ကိုထုတ်ပြီး VOICE RECORDING လုပ်ထားလိုက်တယ။် ကိုယ့်ဘာသာကိုယ် စကားပြောပြီး RECORD လုပ်ထားတာနော်။ ကဲဖတ်ပြီး ရယ်နေပြီမဟုတ်လား. မတတ်နိုင်ပါ။ အမှန်အတိုင်းကတော့ ပြောရမှာဘဲ။

ကွန်ပြူတာရှေ့မှာဘဲ ထိုင်နေမိပြီူး ကိုယ့်ဘာလော့ကိုဘဲ ကြည့်နေမိပါတယ်တဲ့.။ တခြား ဘလော့တွေလဲ လျှေက်ဖတ်နေမိပါတယ်။ ON LINE ရှိနေခဲ့ရင် ဘလော့ရဲ့ STAT့ ကိုလည်း ပြောင်းလဲမှူမရှိမယ်မှန်းသိရက်နဲ့ ငါးမိနစ်တခါ ကြည့်နေမိပါတယ်။ WIDGET ကို လည်း ဟိုရွေ့ ဒီရွေ့ပြောင်းနေမိပါတယ်။ ကွန်ပြူတာဖွင့်တာနဲ့ ဘ လော့ ကိုကြည့် တာ က တော့ မ ထူး ဆန်းပါဘူး။ လူတိုင်းလုပ်နေကြတာပါဘဲ။ အိမ်အလုပ်လဲမလုပ်ဘဲ ဘလော့ဘဲ လုပ်နေမိတယ်။ တသက်လုံး မလေ့လာဘူးခဲ့တဲ ဘာမှ မဆိုင်ခဲ့တဲ့ HTML CODE တွေကို လေ့လာနေမိတယ်။ အင်း.. မှန်တာပါဘဲလေ.။

အတော်လေးကြိုက်မိတဲ့ စကားစုကတော့ ကမ္ဘာပေါ်မှာ အကြိုက်ဆုံးနေရာကတော့ ကွန်ပြူတာရှေ့ဘဲဖြစ်ပါတယ်တဲ့။ ခွှုင့်ကိုးရက် ယူပြီး ရန်ကုန် မသွားဘဲ ဘလော့နေရတာကို ရန်ကုန်သွားရတာထက် ပျော်ပါတယ်လို့ ဝန်ခံပြီးသားပါ။။ အိမ်မှာလဲ ကွန် ပြူ တာ ရှေ့ ဘဲ နေ ချင်တယ။် KMSL ကွန်ပြူတာရှေ့ခဏ ထိုင်ရင်တောင် စိတ်ဆိုးချင်တယ်။ g talk ကို ပိတ်ထားတယ်။ ဘလော့ဖတ်တာ..တွေးတာ.. အနှောင့်အယှက်ဖြစ်မှာစိုးလို့ တကယ် ပြောတာပါ။ ကိုးရီးးယားကား /.TV. /သတင်းစာ./.ကျောင်းစာ…/ ဘာမှ လာမပြောကြပါနဲ့ ဘလော့ကလွဲရင် ဘာမှ မလုပ်ချင်ပါ။ မနေ့က အိမ်မှာ တစ်ယောက်ထဲ ဘလော့နေတာ ဖုံး နစ်ခါသုံးခါလာတာ မကိုင်ပါ။

ကွန်မက်ထဲမှာတစုံ တခု အဆင်မပြေခဲ့ရင် သက်ဆိုင်ရာစီကိုလည်း E MAIL ပို့ တတ် ပါ သေး သတဲ့ ။. အင်း ဒါမျှိုး လုပ်ဘူးပါတယ်။ အိပ်ရေးများလည်း ပျက်သလား မမေးပါနဲ့။ မျက် လုံ့း တွေ ညိုနေတာသာ ကိုသာ ကြည့်ပါတော့. ။ တနေ့ကို လေးနာရှီလောက်ဘဲ အိပ်ပါတယ။် ပင်ပန်းလွန်း လို့ အိပ်ရေးမဝလို့ တစ်ချီမ်းချိမ်းချေပါတယ်။ အခု ဆေး ၂ လုံး သောက် ပြီး ဘ လောရေးပါတယ်။ အဲဒီဆေးတွေက အိပ်ငိုက်တတ်ပေမဲ့ ကိုယ့်ဘလော့ ကပိုပြီး ကိုယ့် ကို မျက်စိ ကျယ်စေပါတယ်။ဘယ်သူများ ဘာလေးများ လာရေးသွားပါလိမ့် လို့ စဉ်းစားလိုက်ရင် အိပ်ရာကနေ ချက်ချင်းထလို့ ရသွားပါတယ်။

မိသားစုက စကားပြောရင်တောင် လှည့်မကြည့်ဖြစ်ဘဲ ကွန်ပြူတာရှေ့က မျက်စိ မ ခွာ နိုင် ပါ ဘူးတဲ့။ ဒါမျှိုးလဲဖြစ်ပါတယ်။ KMSL ပြောချင်ရာပြော. အလိုက်သင့်ကလေး အဖြေပေးပြီး မျက်စိကတော့ ဘလော့ဖတ် မပျက်ပါဘူး။

ကိုယ်ဘလော့ရေးနေတုံး မှာ မိသားစု ဟာ ကိုယ့်ဆီက စကားလေး တခွန်း မပြောနဲ့ အသံကလေး. မသဲ မကွဲ ကြားလိုက်ရမယ် ဆိုရင် တောင် သူတို့ ဟာ အန်မတန် ကံကောင်းပါသတဲ့.။

ကဲ ..အဲဒါ မိုင်ဒုက္ခ ပါဘဲ.. ..


သူဘာတွေများပြောဘို့မေ့ခဲ့သေးလဲဆိုတာ မေးထားပါသေးတယ်။ ….
HTTP://CHELLTAN.WORDPRESS.COM/2008/04/02/SURE-SIGNS-OF-BLOG-ADDICTION/ ကိုမှီးပါသည်.

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: ကံအကောင်းဆုံးလူတယောက်ရဲ့ဖွင့်ဟ ၀န်ခံချက်

ကံအကောင်းဆုံးလူတယောက်ရဲ့ဖွင့်ဟ ၀န်ခံချက်

ဆရာဂျမ်းနဲ့ဆရာစွမ်း
အလုပ်လုပ်နေတုန်း စားပွဲဘေးမှာ ချထားတဲ့ ဆဲလ်ဖုန်းက မြည်လာတယ်။ ကျနော့် သူငယ်ချင်း ကိုသန်းဝင်း (ABSDF ရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူး) က ကျနော့်ကို ဖုန်းခေါ်လာတာ။ "ဟေ့ကောင်... ဆရာတင်မိုးရော ဆရာစွမ်းရည်ရော ခု ငါနဲ့ အတူ ရှိနေတယ် အဲဒါ မင်း စကား ပြောလိုက်ဦး..."
----------
ဆရာဂျမ်း (ဆရာတင်မိုး) မဆုံးခင်တုန်းက ၂၀၀၁ ထဲမှာ ဆရာနဲ့ ဆရာစွမ်းရည် မိုင်ယာမီကို စာပေဟောပြောပွဲ လာတော့ ဆရာတို့ ၂ ယောက်ကို လိုက်ပို့ပေးတဲ့ ကိုသန်းဝင်းက ကျနော့်ကို ဖုန်းခေါ်လာတာပါ။ ကျနော် ကတော့ အလုပ်မအားတာနဲ့ မသွားနိုင်ဘူး။ ဒါနဲ့ပဲ ဆရာတို့ ၂ ယောက် အပြန်လမ်းမှာ ကျနော့်ဆီ ခေါ်လာလို့ ရမလားမေးတော့ သူတို့ အချိန်က မရဘူး ဆိုတော့ ဖုန်းထဲမှာပဲ ဆရာ ၂ ယောက်နဲ့ စကားပြောဖြစ်ခဲ့ရတယ်။ ဆရာတို့ ၂ ယောက်လုံးက ကျနော့် ဖခင်ရဲ့ သူငယ်ချင်းတွေ ဆိုတော့ ကျနော်ကလည်း တွေ့ချင်နေတာ။ ဆရာတို့ကလည်း ကျနော့်ကို တွေ့ချင်နေကြတယ်။ သို့သော်လည်း အခြေအနေက မပေးတော့ ကိုသန်းဝင်းရဲ့ ဆဲလ်ဖုန်းထဲကပဲ ဆရာတို့နဲ့ စကားပြောခဲ့ရတာ။ သာကြောင်းမာကြောင်း မေးမြန်းပြီး ဆရာတို့ ၂ ယောက်က ကျနော့်ကို စိတ်ဓါတ်ရေးရာအရ အားပေးကြတာပါ။ မိဘတွေလိုပါပဲ။ ကျနော့်မှာလည်း စိတ်ခွန်အားတွေ ရလို့...။ ဒီလိုနဲ့ပဲ စိတ်ထဲမှာ တေးထားခဲ့တယ်... တနေ့နေ့တော့ ဆရာတို့နဲ့ တွေ့မှာပါ...

အကိုအောင်ဝေး
"ဟဲလို..."
"ဟဲလို...ဘယ်သူတုန်း..."
"ကျနော်ပါ... ကိုလွမ်းဏီရဲ့..."
"ဟား.... ဟေ့ကောင်... တိုက်ဆိုင်နေပြီ.... ခု... ငါ့နားမှာ... ဘယ်သူရှိနေလဲ သိလား..."
"အကို့နားမှာဆို... မအေးမာပဲ ဖြစ်မှာပေါ့... ဘယ်သူရှိမတုန်း..."
"လခွီး... " ကိုလွမ်းဏီ ကျနော့်ကို ဆဲရော
"ခရမ်းပြာ မြင်းရိုင်းကြီး...ဟ..."
"ဟာ...တကယ်လား... ပြောမယ်ဗျာ... တင်ပေး..."
အဲလိုနဲ့ ကိုလွမ်းဏီက အကိုအောင်ဝေးကို လိုင်းပေါ်တင်ပေး...။
"ဟဲလို... "
"အကို... ကျနော်... အောင်ခိုင်ပါ...."
"အေးလေ... သိတယ်လေ... အဆင်ပြေရဲ့လား... ညီလေး..."
နောက်တော့ စကားတွေ အများကြီးပြောကြပေါ့ .... ...... ...... .....
တကယ်တော့ သူ့ကဗျာတွေကို ဖတ်ပြီး ကဗျာဆရာ တယောက် ဖြစ်ချင်ခဲ့တဲ့ ကျနော်က သူ့ကို အပြင်မှာ တခါမှ မတွေ့ခဲ့ဖူးဘူး။
"တွေ့ချင်တယ် အကိုရာ..."
"တနေ့နေ့တော့... တွေ့မှာပေါ့ကွာ..."....

ကိုဇာနီဝင်း
ကျနော့် ဘောင်းဘီအိတ်ထဲက ဆဲလ်ဖုန်းက မြည်လာတယ်။
ဒါနဲ့ ဆွဲထုတ်ပြီး "ဟဲလို...." လုပ်လိုက်တော့
"ဇာနီဝင်းပါ" ...
"ဟေး... ကိုဇာနီ... နေကောင်းလား"
"ကျနော် ခု ဆန်ဖရန်ကနေ အယ်လေကို ထွက်လာပြီ..."
"အိုကေ... ကျနော်က မနက်ဖန် အလုပ်ဆင်းရဦးမှာ.. ညနေမှ ချိုသင်းတို့ အိမ်ကို လာမယ်လေ...အဲကျမှ တွေ့တာပေါ့..."
"ဟုတ်ပြီ... တွေ့မယ်လေ..."
----------
ဒီနှစ် ဧပြီလမှာ ကျနော့် မိခင် ဆုံးသွားတော့ အမေ့ အကြောင်းကို မိုးမခမှာ တင်ထားတာတွေကို ဖတ်ရင်းနဲ့ ကိုဇာနီဝင်းနဲ့ ကျနော် မေးလ်ထဲကတဆင့် အဆက်အသွယ်ရခဲ့တယ်။ သူပဲ အမေ့ ဈာပနအခမ်းအနား ဓါတ်ပုံတွေ၊ ဗီစီဒီတွေ ကျနော့်ဆီ ပို့ပေးခဲ့တာ။ ကျနော်က ကျနော့် အိမ်နဲ့တောင် အဆက်အသွယ်လုပ်ဖို့ အခက်အခဲ မျိုးစုံရှိနေခဲ့တာ။ သူ့ကျေးဇူးနဲ့ အမေ့ဈာပန အခမ်းအနားကို မျက်ရည်တွေကြားက ကြည့်ခဲ့ရတာ။ ဒီလိုနဲ့ ကိုဇာနီဝင်းနဲ့ ကျနော် ညီအကိုရင်းလို ရင်းနှီးလာလိုက်တာ ဖုန်းထဲမှာ ဂျီတော့မှာ စကားတွေ အများကြီး ပြောခဲ့ကြတာပေါ့။ တယောက်နဲ့ တယောက် တခါမှတော့ မတွေ့ခဲ့ဖူးကြ။

မိုးချိုသင်း
ကျနော်က ဘူမိဗေဒနဲ့ ကျောင်းပြီးခဲ့တယ်။ ဘူမိဗေဒ ကျောင်းသားတိုင်း ဘူမိဗေဒကဆိုရင် တယောက်နဲ့တယောက် မောင်နှမအရင်းလို စိတ်ထဲမှာကို ဖြစ်မိတာ။ ကျနော် ဘလော့ စရေးတော့ ပထမဆုံး ခင်ခဲ့တဲ့ ဘလော်ဂါ မကေသွယ် - ဆို ဘူမိဗေဒက ဆိုတော့ မောင်နှမရင်းတွေလို ခင်မိ။ နောက်တော့ မိုးချိုသင်းဘူမိဗေဒကပဲ။ သူ့ကိုလည်း ကိုယ့် ညီမတယောက်လို ခင်နေမိတယ်။ လူချင်းတော့ မတွေ့ဖူးသေး။ ပြီးတော့ ဆရာဂျမ်းရဲ့ သမီး ဆိုတော့လည်း မောင်နှမလို ပိုခင်နေမိပေါ့....။ နောက်တော့ ဖလော်ရီဒါကနေ ကယ်လီဖိုးနီးယားကို ကျနော်တို့ မိသားစု ပြောင်းချလာတော့ ကျနော့် ရဲဘော်ရင်းတယောက်ဖြစ်တဲ့ ကိုသူရထွန်းမော်က မိုးချိုသင်းတို့နဲ့ ရင်းနှီးနေတော့ တရက်မှာ မိုးချိုသင်းနဲ့ ကျနော် ဖုန်းပြောရတယ်။ လူချင်းကတော့ မတွေ့ဖူးသေး...။ တရက်ရက်တော့ တွေ့မှာပေါ့။
-----------------------------------------------------------------------------------------------
သည်လိုနဲ့ ဖုန်းထဲမှာပဲ တွေ့ခဲ့ရတဲ့ လူချင်းတခါမှ မတွေ့ဖူးခဲ့တဲ့ ကိုယ်တွေ့ချင်နေတဲ့သူတွေကို ကျနော်ဟာ... အချိန်ကာလ တခု ရောက်တော့ အားလုံးကို တနေရာတည်းမှာ တခါတည်း တွေ့လိုက်ရတဲ့အခါ.... (စိတ်မကောင်း အလွန်တရာ ဖြစ်မိတာကတော့ ကျနော် တွေ့ရတဲ့ သူတွေထဲမှာ ဆရာဂျမ်း မပါနိုင်တော့တာကိုပါ) ... ကျနော် စကားတွေတောင် ပြောမထွက်တော့ဘူး...
-----------------------------------------------------------------------------------------------
မိုးချိုသင်းတို့ အိမ်ကိုရောက်တော့ ပထမဆုံး ကျနော် ပြေးလွှားရှာမိတာကတော့ မိုးချိုသင်းပဲ... ဧည့်ခန်းထဲကနေ မီးဖိုချောင်ထဲ ရောက်လာတော့ ဆရာတင်မိုး အသေးစားလေးကို ကျနော် တွေ့လိုက်ရပါပြီ... မီးဖိုချောင်ထဲမှာ သူ အလုပ်များနေတယ်။ သူ့အနား သွားတော့ သူကလည်း ပြန်ကြည့်တဲ့အခါ ကျနော့် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက် မိတယ်... "အောင်သာငယ်ပါ..ညီမ." ... သူ... ဘာပြန်ပြောလည်းတောင် ကျနော် မမှတ်မိတော့ဘူး... ၀မ်းသာလွန်းလို့... မှတ်မိတာကတော့ ကျနော့် ညာလက်နဲ့ ဆုပ်မိထားတဲ့ သူ့ ဘယ်ဖက်လက်ပါပဲ... နောက်တော့ ကျနော်ပြောမိတာက "ကိုကျော်ဝဏရော... " ဆိုတော့ သူ လှမ်း..ခေါ်လိုက်တယ်... ကိုကျော်ဝဏနဲ့ ကျနော် လက်ချင်းဆုပ်မိကြ... "အကို့ ဘလော့ကို ကျနော်တို့ နေ့တိုင်းဖတ်တယ်..."တဲ့ ... သူပြောနေတာ။ ကျနော်ကတော့ ဘာပြန်ပြောမိမှန်းတောင် မမှတ်မိတော့ဘူး။ ၀မ်းသာလို့...။

နောက်တော့ ဧည့်ခန်းထဲ ကျနော်သွားထိုင်တယ်။ ဆရာစွမ်းနဲ့ အကိုအောင်ဝေးကိုလည်း တွေ့လိုက်တယ်။ သူတို့လည်း လူတွေနဲ့ စကားတွေ ပြောနေကြတာဆိုတော့ အနှောက်အယှက် ကျနော် မပေးချင်ဘူးလေ။ ပြီးမှ နှုတ်ဆက်မယ်ပေါ့။ သို့သော်လည်း ကျနော် ရင်တွေတော့ ခုန်နေပြီ။ စိတ်တွေ အရမ်း လှုပ်ရှားနေမိပြီ။ ကျနော် တွေ့ချင်ခဲ့တဲ့သူတွေအားလုံးကို ဒီမှာ အားလုံးတွေ့နေရပြီကိုး...။

ဒီလိုနဲ့ ကျနော့်အရှေ့က ဆိုဖာပေါ်မှာ စကားပြောနေတဲ့ ကိုကျော်ဝဏကို "မိုးမခက ကိုဇာနီလည်း လာမယ်ပြောတယ်... ခု ဒီမှာ သူ ရှိလား..." ဆိုတော့ "ဟိုးမှာလေ... ကိုဇာနီ..." လို့ သူပြောနေတုန်းမှာပဲ လက်ပ်တော့ တလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ရုပ်ချောချော လူငယ် တယောက်က လည်ပြန်လှည့်ကြည့်တယ် (ကိုဇာနီရေ့ မြှောက်ပေးလိုက်ပြီ) သူ့ ညာဖက်လက်ကို ဆွဲဆုပ်ရင်း သူ့ကို ကျနော် ဆွဲဖက်မိ...။

နောက်တော့ မိုးမခက ကိုမောင်ရစ်နဲ့ ကိုဇာနီက ကျနော့်ကို မိတ်ဆက်ပေးတယ်။ ကျနော်ကတော့ စိတ်လှုပ်ရှားနေရင် စကား သိပ်မပြောတတ်တာဆိုတော့ ကိုမောင်ရစ်ကတော့ ကျနော့်ကို ဘယ်လို ထင်မလဲ မသိ။

နောက်တော့ ကိုဇာနီက ကျနော့်ကို ဆရာတွေ ထမင်းစားနေတဲ့ဆီ ခေါ်လာတယ်။ အကို အောင်ဝေးနဲ့ သူက ကျနော့်ကို တွေ့ပေးတာလေ။ ခရမ်းပြာမြင်းရိုင်းကြီးရဲ့ ညာဖက်ခွာကို ကျနော် တင်းတင်းဆုပ်လိုက်မိတယ်။ "အကိုနဲ့ ကျနော် ဖုန်းထဲမှာ စကားပြောခဲ့ဖူးတယ်လေဗျာ... ကိုလွမ်းဏီဆီမှာ အကို ရှိနေတုန်းကလေ... မှတ်မိလား... ခု တွေ့ရတာ အရမ်း ၀မ်းသာတယ်ဗျာ..." "မှတ်မိတယ်လေကွာ"

အဲလို ကျနော် ပြောနေရင်း ထမင်းစားပွဲ တဖက်က ဆရာစွမ်းက ကျနော့်ကို လှမ်းကြည့်နေသေး..... ဒါနဲ့ ကျနော် ဆရာ့ဆီ သွားရပ်တယ်။ ဆရာစွမ်းက သူ့လက်ကို ကျနော့်ဆီ ကမ်းပေးတယ်။ ကျနော် လှမ်းဆုပ်လိုက်တဲ့လက်ကို ဆုပ်ကိုင်ရင်း "ခုမှတွေ့တယ်ကွာ..."

ဖုန်းထဲမှာပဲ တွေ့ဖူးတဲ့သူတွေ အားလုံးကို အပြင်မှာ တချိန်တည်း တပြိုက်နက်တည်း တွေ့ရတာ အတော် ပျော်စရာကောင်းသလို အတော် ကံကောင်းတဲ့ ကိစ္စပါပဲ။ ကျနော်ဟာ အတော့ကို ကံကောင်းတဲ့သူပေါ့။ ပြောရရင် ကျနော်ဟာ ကံအကောင်းဆုံး လူတယောက်ပါပဲ။

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: စင်ကာပူ အစိုးရ၏ ကုမ္ပဏီများ အပေါ်လမ်းညွန်ချက်

စင်ကာပူ အစိုးရ၏ ကုမ္ပဏီများ အပေါ်လမ်းညွန်ချက်

စင်ကာပူ နိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အလုပ်အကိုင်များ လျှော့ချရန် စီစဉ်နေသော အလုပ်ရှင်များနှင့် ကုမ္ပဏီများ အတွက် လမ်းညွန်ချက်များကို စင်ကာပူအစိုးရ၊ NTUC တို.က ထုတ်ပြန်ထားသည်။ အလုပ်အကိုင်များမလျှော့ချဘဲ ဆောင်ရွက်နိုင်သည့်နည်းလမ်းများ ၁။ သင်တန်းများ စေလွှတ် ခြင်း အလုပ်သမားများအတွက်...

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 1 New Entry: သံသယစိတ်တွေ ဖြေဖျောက်လိုက်ပါ

သံသယစိတ်တွေ ဖြေဖျောက်လိုက်ပါ


လူ့လောကကြီးမှာ ယုံကြည်မှုဟာ လွန်စွာ အရေးပါလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်ယူဖို့ ခက်ခဲတယ် မှန်ပေမယ့် ထိုယုံကြည်မှုက တစ်ခဏသာ မျက်စိတစ်မှိတ် အတွင်းမှာလည်း ရုတ်ခြည်း ပျောက်ကွက်သွားတတ် တာလည်း ရှိတတ်ပါတယ်။ ဘဝနဲ့ရင်းပြီး အချိန်ကြာမြင့်စွာနဲ့ ခိုင်မြဲခဲ့တဲ့ ယုံကြည်မှုဟာ လူတစ်ချို့ရဲ့ စိတ်လိုက် မာန်ပါ ဆုံးဖြတ်တတ်မှုကြောင့်ပဲ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးနဲ့တင် အဆုံးသတ် သွားရတာ နှမြောစရာရယ်ပါ။

ယုံကြည်မှု ပျက်ပြားသွားတယ် ဆိုရင် နောက်ဆက်တွဲ အဖြစ်နဲ့ သံသယစိတ်က အစားထိုး ၀င်ရောက် လာတတ်တာ သဘာဝပါ။ ဒီသံသယစိတ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ယုံကြည်မှု ကင်းသွားတာဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အဖြစ်အပျက် အမျိုးမျိုးကို ဖြစ်ပေါ်လာနိုင် စွမ်းပါတယ်။ ယုံကြည်မှုကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်တော့ အန္တရာယ် အသွယ်သွယ်ကနေ ကျော်ဖြတ်နိုင်မှာ ဖြစ်သလို ပြဿနာမျိုးစုံကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်စိတ်ချစွာနဲ့ ဆက်ဆံနိုင်မှ သာလျှင် အောင်မြင်မှုနဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာကို ရရှိနိုင်မှာ ဧကန်မလွဲပါပဲ။

စိတ်နဲ့ကိုယ် ကပ်မနေပေမယ့် အများအမြင်မှာတော့ အောင်နိုင်သူအဖြစ် ဂုဏ်ယူဝင့်ကြွားလိုစိတ်နဲ့ ယုံကြည်မှုကို ဖျက်ဆီး ရိုက်ချိုးခဲ့သူများရဲ့ ရင်ထဲမှာတော့ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် တွေရှိမှာ အသေအချာပါပဲ။ တစ်ချို့ကျတော့ စိတ်ထင်တိုင်း ဇွတ်တရွတ် ဖန်းတီးယူတတ်တာကြောင့် ဘဝတက်လမ်း နှောင်းနှေးသွားရတတ် တာလည်း ရှိပါတယ်။ ဇွဲကြီးလွန်းပေမယ့် ထိုဇွဲကို စနစ်တကျ အသုံးမချတတ်တာကြောင့် ဆိုးကျိုးကိုသာ ရရှိတတ်ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားတတ်ကြ ပါတယ်။

လူရယ်လို့ ဖြစ်လာမှတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့၊ အဆင်ပြေ ချောမွေ့စွာ ပြောဆို ဆက်ဆံတတ်ဖို့က အလွန်ပဲ အရေးကြီးလှပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူကို လူအများက ချစ်ခင် ယုံကြည် ကြသလို လောကကို အရွဲ့တိုက်ပြီး စိတ်ထင်ရာစိုင်း နေကြသူတွေကိုလည်း ဖွယ်ခွာ ရှောင်ရှားနေတတ် ကြပါတယ်။ လူ့အသိုင်း အဝိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ အကောင်းမြင် သဘောထားရှိသူ၊ အရာရာကို အဆိုးဘက်ကနေ ကြည့်မြင်တတ်သူ စသဖြင့် လူပေါင်းစုံနဲ့ ထိတွေ့ ပြောဆိုနေကြရပါတယ်။ ဖြူစင်တဲ့ နှလုံးသားနဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှု အပြည့်အဝထား ဆက်ဆံ တတ်သူတွေ အတွက်တော့ ကမ္ဘာလောကကြီးဟာ နေချင့်စဖွယ် ပျော်ရွှင်ကြည်နူးစဖွယ် အတိဖြစ်နေပါမယ်။ သူတစ်ပါးအပေါ် သံသယစိတ်နဲ့ မယုံမကြည် ဆက်ဆံတတ်မှုကနေ ရှောင်ဖယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဟင်းလင်းပြင်] 1 New Entry: ရဲဘော် ဂုရု အတွက် ၀မ်းနည်းမှတ်တမ်းသို့ ....

ရဲဘော် ဂုရု အတွက် ၀မ်းနည်းမှတ်တမ်းသို့ ....



အပြည့်အစုံသို့ ...

You received this email because you are subscribed to the real_time feed for http://hinlinpyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 4 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၁၁-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၁၁-၀၈)

- မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ click
- နိုင်ငံရေးပါတီထောင်ဖို့ စဉ်းစားမည်ဟု '၀' အကြီးအကဲ ပြော click
- နအဖစစ်တပ်ထဲ မ၀င်ချင်သည့် ပြည်သူ့စစ်အဖွဲ့ နယ်စပ်သို့ ထွက်ပြေးကြ click
- ရန်ကုန်ဈေးကွက်မှ ပဲကြိုပွိုင့်ရှုံးသည့် ကုန်သည်အချို့ ထွက်ပြေးတိမ်းရှောင်နေဆဲ click
- ထူးကုမ္ပဏီက Woodland Travel ပိုင် ဟိုတယ်များ လွှဲပြောင်းရယူ click
- တွဲ-ကူ-လက် လူငယ်အဖွဲ့ တွံတေးမြို့နယ်က မိဘမဲ့ကလေးများကို ထောက်ပံ့ click
- ပြည်တွင်းသံဃာများ တရားမ၀င် သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကြိုးပမ်း click
- ပြည်ပပို့ အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ် click
- နိုင်ငံရေးအကျဉ်းသား ၁၈ ဦးကို နယ်ထောင်များသို့ ဆက်လက်ပြောင်းရွှေ့ click
- ရင်ဖွင့်သံလှုပ်ရှားမှု အစီရင်ခံစာ ဖြန့်ဝေ click
- သာသနာ့ဥသျှောင် ပြန်လည်ဖွဲ့စည်း - သာသနာ့ရန် ကာကွယ်ရန် ဆုံးဖြတ် click
- ထိုင်းလွှတ်တော်ကို ပီအေဒီအဖွဲ့ဝင်များဝိုင်းထား click
- ဟာသအလုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးများ (ဆောင်းပါး) click
- နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၅ ဦးထက်မနည်း ထောင်ပြောင်းရွှေ့ခံရ click

ရွှေကျင်သမား

ရွှေကျင်သမား
မွန်ဒရာ

နေထွက်ချိန်ဆို
တလှမ်းချင်း လှမ်းလျှောက်လာ
ငါတို့ရှိရာ
ငါတို့ကမ္ဘာသို့
ငါတို့အားလုံးရဲ့ အိပ်မက်
ငါတို့က ပိုင်တယ်
ငါတို့ကို ပိုင်တယ် …။

ငါတို့ကို အကောင်းဆုံး မောင်းနှင်အား
ငါတို့က အကောင်းဆုံး မောင်းနှင်ပြီး
ငါတို့ရဲ့ လောင်စာ
မျှော်လင့်ခြင်းဆိုတာ
ဟိုးဝေးဝေးက
သက်တန့်ကြီးကိုလည်း
လေဆန်မှာ ခွင်းပစ်နိုင်တယ်
ဒါပေမယ့်
လေစုန်ကို စီးဆင်းသူ
ငါတို့မဟုတ် …။

ချစ်ခြင်းမေတ္တာလား
အမုန်းတရားသက်သက်လား
အဖြူထည်စစ်စစ်
ဒါမှမဟုတ်လည်း
ညစ် … ထေး … မဲ … မှောင်
ဥပေက္ခာထက် ထက်သော
ဓားသွားတလက်ပေါ်သို့
ငါတို့ရဲ့ မျက်လုံးများ
ငါတို့ရဲ့ အသည်းနှလုံးများ
ပစ်တင်ပြီးစတေး
အဲဒီလိုမျိုး
ငါတို့လောင်းကြေးမထပ်လိုပြီ။

တနေ၀င်ချိန်
တိမ်ရောင်စုံတွေ အိမ်မပြန်နိုင်ကြဘူး
ပန်းပွင့်အားလုံးက
လမ်းပြကြယ်ဖြစ်နေလျက်နဲ့ …
သမုဒ္ဒရာတွေ ခြားတယ်
ငါတို့စစ်ချတယ် …
တောင်တန်းကြီးတွေမကခြားတယ်
ငါတို့စစ်ချတယ် …
အမေ့အိမ်နဲ့ အရိပ်စစ်စစ် သီချင်းနှစ်ပုဒ်ခြားတယ်
ငါတို့စစ်ချတယ် …
ရွှေမှုန်ရောင် တဖိတ်ဖိတ်တောက်ပြီဆို
ခေါ်သံတွေပဲ့တင်
ငါတို့ရဲ့ဝိဉာာဉ်
ငါတို့ပြန်သိမ်းတယ်
ငါတို့ကို ပြန်သိမ်းတယ် …
နောက်ထပ်
ကောင်းကင်ကြီးကို မော့ကြည့်တယ်။

မနက်ဖြန်အတွက်က
ငါတို့အားလုံးမော့သောက်နေကျ
မသိသလိုလို သိနေပြီး
သိသလိုလို မသိခြင်းမျိုး …
ကျန်ရစ်ခဲ့တာလား
ချန်ရစ်ခဲ့တာလား
အမှတ်တမဲ့
ငုံ့ကြည့်ဖြစ်မယ်ဆို
ဟောဟို ဆန်ကာပေါက်တွေအောက်မှာက
ငါတို့ဘ၀ရဲ့ မိုင်တိုင်စတွေ …။

(အိမ်ဝေးသူတိုင်းအတွက်)

မွန်ဒရာ

Free Burma Federation- E Newsletter (Nov-2008)

Free Burma Federation- E Newsletter (Nov)

Get your own at Scribd or explore others:

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၁၁-၀၈)

- အစိုးရဖြုတ်ချရေးလှုပ်ရှားသူ တစ်သိန်းကျော် ထိုင်းလွှတ်တော်ကို ချီတက် click
- အေပက်ခေါင်းဆောင်တွေ ဘဏ္ဍာရေးအကျပ်အတည်း ကျော်လွှားနိုင်မယ်လို့ ယုံကြည် click
- စီးပွားရေးကယ်ဆယ်မယ့် အစီအစဉ် အိုဘားမားအစိုးရ ချက်ချင်းကိုင်တွယ်ဖို့ စိုင်းပြင်း click
- ဘလော့ဂါ ကိုနေဘုန်းလတ်က သူခံနိုင်ရည်ရှိကြောင်း ပြောကြား click
- ဆဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယက စည်းဝေးပွဲ click
- ဘိုကလေးနယ်မှာ ကြားပွဲစားတွေကြောင့် မုန်တိုင်းဒုက္ခသည် ရေလုပ်ငန်းသမားတွေ ဘဏ်က ချေးငွေမရ ဖြစ်နေ click
- လှုံ့ဆော်စာတွေ ရန်ကုန်မြို့မှာ ကြဲချသွား click
- ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ၁၄ ဦးကို အမှုတွေ ဆက်လက်စစ်ဆေးနေ click
- နှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာ အမေရိကန်ရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း အခြေအနေတွေအကြောင်း ဆွေးနွေးချက် (တနင်္ဂနွေ ဆွေးနွေး ပွဲ) click
- နိုင်ငံပိုင် ရေနယ်နိမိတ်ပြဿနာ (မျက်မှောက်ရေးရာ) click
- မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု မြစ်ဖျားခံရာ ၁၉၂၀ ပြည့် ပထမအကြိမ် ကျောင်းသားသပိတ်ရဲ့ ၈၈ ကြိမ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွေးနွေးခန်း (ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်) click
- အမေရိကန်စီးပွားရေးတိုးမြှင့်ဖို့ ဒီမိုကရက်တို့ စဉ်းစားနေ click
- တိဘက်လှုပ်ရှားမှုအန္တရာယ် ဒလိုင်းလားမား သတိပေး click
- အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပကြ click
- စစ်အစိုးရ၏ လုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် စစ်သံရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြ click
- ကိုရီးယားက မြန်မာ့အရေးဆန္ဒပြပွဲ (ဗွီဒီယိုသတင်း) click
- ၈၈ မျိုးဆက်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းနဲ့ ပတ်သက်တဲ့ အဖွဲ့ချုပ်ရဲ့ ကြေညာချက် click
- သန်းမြတ်စိုးရဲ့ ဖျော်ဖြေမှု (နယူးယောက် သစ်ရွက်ကြွေရာသီဖျော်ဖြေပွဲ ၂၀၀၆) click
- ဘိုဘိုဟန်ရဲ့ ဖျော်ဖြေမှု - အပိုင်း (၁) (နယူးယောက် သစ်ရွက်ကြွေရာသီဖျော်ဖြေပွဲ ၂၀၀၆) click
- ဘိုဘိုဟန်ရဲ့ ဖျော်ဖြေမှု - အပိုင်း (၂) (နယူးယောက် သစ်ရွက်ကြွေရာသီဖျော်ဖြေပွဲ ၂၀၀၆) click
- မောင်စွမ်းရည်ပြောပြတဲ့ တင်မိုးတို့ရွာ အပိုင်း (၂) (အင်တာဗျူး ဗွီဒီယို) click
- The Freedom Challenge click
- Myanmar, India to cement economic and trade ties click
- Biography of Ashn Gambira click
- Burma's Generals Continued their Ruthless Campaign click

ကွယ်လွန်သူ ရဲဘော်ဂုရုအတွက် ရည်စူး၍ ဂျပန်ရောက်ရဲဘော်များ ရက်လည်ဆွမ်းသွတ်
ကိုမောင်ဦး၊ ကိုအေးချမ်းတို့ ဦးဆောင်သည့် ဂျပန်ရောက် ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်များက ကွယ်လွန်သူ ကျောင်းသားတပ်မတော် (အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်မတီဝင်ဟောင်းနှင့် ဒေါင်းအိုးဝေမဂ္ဂဇင်း အယ်ဒီ တာအဖွဲ့ဝင် ရဲဘော်နေလ (ခ) ရဲဘော်မြင့်အောင် (ခ) ရဲဘော်ဂုရုအတွက် ရည်စူးပြီး ယနေ့ (၂၄-၁၁-၀၈) နံ နက်ပိုင်းတွင် သံဃာတော်များအား ပင့်ဖိတ် တရားနာကြားကာ ရက်လည်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: ပစ္စတိုနဲ့ လာထောက်နေလို့

ပစ္စတိုနဲ့ လာထောက်နေလို့

ဘာရယ်မဟုတ်ပါဘူး။ တနေ့က လိုင်းကားစီးရင်း ဗမာပြည်က လိုင်းကားတွေအကြောင်း သတိရလိုက်မိလို့။ ဗမာပြည်မှာ လိုင်းကားတိုးစီးရင် ထောက်လှမ်းရေးတို့ ၊ ခါးအနောက်နှိုက်တို့ကို မိန်းခလေးတော်တော်များ ကြံဖူးကြမှာပါ။

ကျနော် ငယ်ငယ်က အမတွေ သူ့သူငယ်ချင်းတွေ ပြောပြောနေတဲ့ ထောက်လှမ်းရေးဆိုတာကို ဟုတ်တာရှိ မဟုတ်တာရှိ အတင်းထောက်လှမ်းပြီး အတင်းဆွဲထည့်တဲ့ ပေးတာယူ ကျွေးတာစားကောင်တွေလို့ ထင်မိတာ။ နောက်တော့မှ အနောက်ကနေ ထောက်ခံတဲ့ ကောင်တွေမှန်းသိတော့တယ်။  

တခါတလေ အနောက်ကနေ နှိုက်တာတို့ ၊ ထောက်တာတို့ ကို နားမလည်နိုင်ဘူး။ ဘာလို့ ဒီလိုလုပ်ရတာလဲ စဉ်းစားမိတယ်။  တကယ်တော့ အောက်တန်းကျတဲ့ လူတွေရဲ့ အကျင့်စရိုက်လို့ ပြောလို့ရတယ်။ နောက် အမျိုးသမီးတွေကို အထင်သေး မလေးစားတာလဲ ပါတယ်။ ဘ၀ကို ရုန်းကန်လူပ်ရှားနေရတဲ့အထဲ ဒီပြသာနာကို ဖြေးရှင်းရတာ အလုပ်တစ်ခုလိုဖြစ်နေတယ်။ အခုခေတ်ကောင်မလေးတွေက တော်တော်နက်လာပါပြီ။ ထောက်လှမ်းရေးပါတယ်ဟေ့ ဆိုပြီး တစ်ယောက်နှင့်တစ်ယောက် ပုံစံအမျိုးမျိုး နဲ့ အသိပေးကြတယ်။ ကားကြပ်တာကို အခွင့်အကောင်းယူပြီး လုပ်စားတဲ့ကောင်တွေပါ။ အဆိုးဆုံးကတော့ အနီးကပ်ရန်သူက စပယ်ရာတွေပဲ။
မှတ်မှတ်ရရ ကျနော် ငါးတန်းနှစ်လောက်မှာ ကျောင်းအဆင်း အိမ်ကိုပြန်တော့ လိုင်းကားပေါ်မှာ ကျနော်တို့ ကျောင်းက အမကြီးတစ်ယောက်ကို အတင်းလိုက်နှိုက်နေတာတွေ့တော့ တော်တော် ဒေါသဖြစ်မိတယ်။ ခံရတဲ့ အမကြီးကိုကြည့်လိုက်တော့ မျက်နှာက တော်တော်လေးကို ရဲနေပြီ။ အဲ့ဒီတုန်းက သူက ခုနှစ်တန်းဆိုတော့ သိပ်လည်း သူ့အသက်က မကြီးသေးပါဘူး။ သူနှိုက်နေတာကို ကျနော်တွေ့တော့ သကောင့်သား လက်ကို အတင်းပြန်ရုပ်လိုက်တယ်။
နောက်တစ်ခေါက်ကြုံရတာကတော့ ရှင်းတယ်။ သူက ထောက်လှမ်းရေဗျ။ ကျနော်တို့ သူငယ်ချင်းတွေ စကော့ဈေးသွားရင်း ၅၁ အဲယားကွန်း (သူ့တို့အခေါ်) ကားပေါ်မှာပါ။ ရုတ်တရက် မိန်းမတစ်ယောက် အော်ကြီး ဟစ်ကျယ် ထအော်လိုက်တယ်။ ```` အမလေး ကားဆရာရေ ပိုက်ဆံမရှိလို့ လိုင်းကားတိုးစီးပါတယ်ဆိုမှ ပစ္စတိုနဲ့ လာထောက်နေတယ်လို့ အော်တော့ တစ်ကားလုံး သူ့ကို ၀ိုင်းကြည့်ကြတယ်။ အားလုံးလည်း တ၀ါးတ၀ါးနဲ့ပေါ့။ သူ့အနောက်က သကောင့်သားခမျာ မျက်နှာတွေပျက်လို့။
သကောင့်သားလည်း သိပ်မကြာပါဘူး။ ရှေ့မှတ်တိုင်းရောက်တော့ တန်းလစ်တော့တာပဲ။ အားလုံးရဲ့ သူ့ကိုကြည့်တဲ့ အကြည့်တွေက မသတီတဲ့ အရိပ်အရောင်တွေပါနေတယ်။ ကျနော်တို့ဆို သူ့အစား ရှက်လွန်းလို့ပါ။ 

တကယ်တော့ ကျနော်တို့ နိုင်ငံမှာ အဲ့ဒီလို နေ့စဉ် ဖြစ်ပျက်နေတာတွေကိုပါ ပြင်ဆင်ရမယ်။ အလေးခိုးတာတို့ ၊ လစ်ရင် လစ်သလို သုတ်တာတို့ကအစ လာဘ်ပေးလာဘ်ယူအဆုံး  ပြင်ဆင်ရမယ်။ ကျနော်တို့ သူငယ်ချင်းတွေ စကားပြောဖြစ်တိုင်း အဲ့ဒီအကြောင်းအရာတွေကို အမြဲတမ်းပြောဖြစ်တယ်။ တိုင်းပြည်ဆင်းရဲတာကို အားလုံး တက်ညီလက်ညီ တိုးတက်သွားအောင် လုပ်ဆောင်နိုင်တယ်။ ကျနော့်တို့ လူမျိုးတွေ အတွေးအခေါ် ဆင်းရဲသွားရင် ဘာမှ မလုပ်နိုင်ဘူး။  

အသေးစိတ်ကပြန်စရရင်တော့ မလွယ်လှပါဘူး။ ကိုယ်ထင်ရာ လျှောက်ပြောတက်တဲ့ ပါးစပ်တွေလည်း ဆင်ခြင်သင့်တယ်။ အဓိက အဲ့ဒီ ပါးစပ်တွေပဲ။ ရှေ့ကနေ သွားမှာလား အနောက်ကနေလိုက်မှာလား နှစ်ခုပဲ ရွေးချယ်စရာရှိတယ်။ အလယ်ကနေ့ ကန့်လန့်တော့ မလုပ်နဲ့။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အမိမြေသို့  ကျေးဇူးဆပ်ခြင်း] 1 New Entry: ဂုဏ်သိက္ခာနဲ့ ခွပ်ဒေါင်းများ။

ဂုဏ်သိက္ခာနဲ့ ခွပ်ဒေါင်းများ။


လောကကြီးထဲ
တချို့ လူက ဆင်းရဲ၊ တချို့ လူက ချမ်းသာ
တချို့ လူက လှ၊ တချို့ လူက ရုပ်ဆိုး
တချို့ လူက ကံကောင်း၊ တချို့ လူက ကံဆိုး
တချို့ လူက တော်၊ တချို့ လူက ညံ့
တချို့ လူက အမျိုးမြတ်၊ တချို့ လူက ယုတ်ညံ့
တချို့ လူက စိတ်ထားမသန့် ၊ တချို့ လူက မြင့်မြတ်
တချို့ လူက အာဇာနည်၊ တချို့ လူက တကိုယ်ကောင်းဆန်သည်။
တချို့ လူက သနား၊ တချို့ လူက ရက်စက်အား

ဒီလိုဆန့် ကျင်ဘက် လူတွေကြား
ဓမ္မနဲ့ အဓမ္မ
အဖြူနဲ့  အမဲ
တွဲ မနေနိုင်တာ အပြစ်လား.
ဆီနဲ့ရေ ကွဲပြားတာ အပြစ်လား။

ဒို့ တွေဟာ ဆင်းရဲချင် ဆင်းရဲမယ်။
အကျင့်သိက္ခာမှာ မဆင်းရဲဘူး။

ဒို့ တွေဟာ နိမ့်ကျချင် နိမ့်ကျမယ်။
စိတ်ဓါတ်ခွန်အားမှာ ဒူးမထောက်ဘူး။

ဒို့ တွေဟာ အေးဆေးရင် အေးဆေးမယ်။
လောင်တဲ့မီးကိုတော့ သတ်နိုင်ကြတယ်။

ဒို့ တွေဟာ လူသတ်ရဲချင်မှ လူသတ်ရဲမယ်။
မတရားတာတွေ့  အသက်စတေးရဲတယ်။

ပါးစပ်ပြော အမျိုးချစ်တဲ့သူတွေ မဟုတ်ဘူး။
မွေးရာပါ အမျိုးဂုဏ်ကို သေထိ ထိမ်းကြတယ်။
ဂုဏ်သရေရှိ အယောင်မဆောင်တဲ့ ဂုဏ်သရေရှိဖြစ်တယ်။

နာကြင်တဲ့ခံစားမှု ဂရုဏာနဲ့ ကုတတ်တယ်။
ဖိနှိပ်တဲ့ ရက်စက်မှု ဒို့ စာနာမှုရှိတယ်။
မတရားတဲ့ခေါင်းပုံဖြတ်မှု တွန်းလှန်ဖို့ သတ္တိရှိတယ်။

ဒို့ တတွေဟာ ခွပ်ဒေါင်းတွေ..
နှိပ်စက်မှုကြောင့် ဘ၀တွေကြေ.
သတ်ဖြတ်မှုကြောင့် အသက်ကြွေကြွေ
ညှင်းပန်းမှုကြောင့် တောင်ပံကျိုးကြေ
မတရား ဖိနှိပ် ခန္ဓာ နွမ်းခွေ
တိုက်ရင်းခိုက်ရင်း..အရောင်ပျက်စေ..
ဒေါင်းဟာ ဒေါင်းဘဲ
သေသည်ထိ အားအင်မွေးဆဲ
အသက်ပေးတောင် ဝိညာဉ်ကျန်မြဲ
ဆက်တိုက်ဆဲလေ။

အာဏာရှင်လူယုတ်လို
ဂုဏ်သိက္ခာအရောင် မမွဲ..
နှလုံးသားအရောင် မမည်း.
ဘ၀ကို ဂုဏ်သိက္ခာအရောင်တင်
ဂုဏ်သိက္ခာရှိရှိဘဲ နေချင်တယ်။
ဂုဏ်သိက္ခာရှိရှိဘဲ သေချင်တယ်။

မသဒ္ဓါ ( ၁၁။၂၃။၂၀၀၈)

You received this email because you are subscribed to the real_time feed for http://thadar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 4 New Entries: အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။




















အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတဲ့ mmcybernet ၀က်ဆိုဒ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီဝက်ဆိုဒ်ကို ကြီးကြပ်နေတဲ့ administrator တွေဟာ ဒီဝက်ဆိုဒ်ထဲမှာ လာရောက်ပြီး register လုပ်ကာသုံးစွဲနေသူတွေရဲ့  စာရေးသားမှုတွေ၊ သွားရောက်ကြည့်ရှူတဲ့ အင်တာနက်စာမျက်နှာတွေကို keylogger သုံးပြီးမှတ်ထားတာကို စစ်ဆေးတွေ့ ရှိရလို့  အဲ့ဒီ ၀က်ဆိုဒ်ကို ရပ်တန့် အောင် လုပ်လိုက်ပြီး သတိပေးစာကို အောက်ပါအတိုင်း ရေးသားထား တွေ့ ရှိရပါတယ်။

နောက်နောင် ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းကို ခိုးကြည့်တာတွေလုပ်မယ်၊ ခိုးမှတ်ထားတာတွေလုပ်မယ်ဆိုရင် အခုလိုမျိုး ဒဏ်ခတ်ခံရမယ်လို့  သတိပေးထားပါတယ်။

ဒီလို စစ်ဆေးကြည့်ရှူပြီး ဒဏ်ခတ်ဆောင်ရွက်သူတွေကတော့ ကိုယ်ရေးကိုယ်တာမှတ်တမ်းများကို စောင့်ရှောက်ကာကွယ်သူများအဖွဲ့ လို့  ခေါ်ဆိုလို့ ရတဲ့ "Privacy Lover Team" အမည်နဲ့  မည်သူမည်ဝါတွေဆိုတာ မဖေါ်ပြထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။



















ဒီလို စစ်ဆေးတွေ့ ရှိရတဲ့ mmcybernet ရဲ့  Admin List ကို ၄င်းတို့ ရဲ့  IP address လိပ်စာများကို ဆက်လက်ကြည့်ရှူတဲ့အခါမှာ နေရာ (၃) ခု ပါဝင်ပတ်သက်နေတာ တွေ့ ရှိရပါတယ်။

ပထမတစ်ခုကတော့ - 203.81.166.10 က ပုဂံနက် (Bagan Cybertech Teleport) ရန်ကုန်က ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ - 220.255.7.248 က စင်နက် (SingNet Pte Ltd) စင်ကာပူက ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ - 213.85.146.5 က အေဗွီကေ (AVK-Systems Ltd) မော်စကိုမြို့ ၊ ရုရှနိုင်ငံက ဖြစ်ပါတယ်။
























ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းများကို မသိအောင် ခိုးပြီးမှတ်သားတာဟာ ပြည်တွင်းရော နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာပါ။ ဒီလို ကိုယ်ရေးကိုယ်တာမှတ်တမ်းတွေကို ခိုးယူမှတ်သားတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာလည်း ပြစ်မှူကျူးလွန်တဲ့သူများအဖြစ် အကျူံးဝင်ပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ အင်တာနက်ဥပဒေနဲ့  ကိုယ်ရေးကိုယ်တာမှတ်တမ်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများဟာ နအဖကိုယ်တိုင်က စဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီ့အတွက် Electronics Act ဥပဒေတို့  Internet Act ဥပဒေတို့ နဲ့  ထောင်ချရမယ်ဆိုရင် နအဖတွေကို ထိပ်ဆုံးကနေ အပြစ်ပေးရမှာ ဖြစ်ပြီး၊ ယခုလို ကျူးလွန်ဖောက်ဖျက်တဲ့ mmcybernet ရဲ့  administrators တွေကိုလည်း ပြစ်ဒဏ်ပေးရမှာ ဖြစ်ပါတယ်။

ကိုရီးယားက မြန်မာ့အရေး ဆန္ဒပြပွဲ (နိုဝင်ဘာ ၂၃ ရက်၊၂၀၀၈၊ ဆိုးလ်မြို့၊ ကိုရီးယား)။



(Burma Today မှ သတင်းဗွီဒီယိုအား ပြန်လည်ဖေါ်ပြပြီး၊ ပေးပို့ လာသူ ကိုရန်နိုင်ထွန်းအား ကျေးဇူးတင်ရှိပါသည်)။

ပြည်သူတွေ သတ္တိရှိကြစေချင်တဲ့ ဇေယျာသော်ရဲ့  မေတ္တာရပ်ခံချက်စကား။ (မတရား အမိန့် မချခံရခင် ၁၀ မိနစ်အလိုတွင် ပြောကြားတာပါ)။












(၈၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ကျင်းပခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခြင်း။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခရမ်းရင့်ပန်းပွင့်] 1 New Entry: မှားယွင်းနေတဲ့ ကောင်းကင်

မှားယွင်းနေတဲ့ ကောင်းကင်

နေလနတ္ခတွေ တီးတိုးညီးတွားသံနဲ့
ဇယားတွေ ကြီးထွားကြိုးညှိသံ ကြားတဲ့အခိုက် ......
အဲဒါ ... နေ့နဲ့ည မှားယွင်း နေတဲ့ Nightဖြစ်တယ်။

ရွေ့လျားမှုတွေကြားမှာ ငုတ်တုတ်မေ့ရပ်ခိုက်
တိုးတိုက်သွားတဲ့ အချိန်နာရီတွေက ပျိုးစိုက်ခဲ့လိုက် ....
မိုးတိမ်တိုက်တို့ မျက်ရည်အဖွဲ့ချိန်မှာ မူးမူးမိုက်မိုက် ...
စူးစူးစိုက်စိုက်လိုက်ကြည့်တော့ မျက်လုံးက ခလုတ်တိုက်
ဦးနှောက်က ပြောတယ် မုန်းမေ့လိုက်ဆိုတဲ့အချိန်မှာ
နှလုံးသားက that's alright တဲ့ဗျာ။

မှားယွင်းနေတဲ့ ငါ့ဘ၀အတွင်း
မင်းက ... အလင်းဖြစ်မလား။
rhythm ပျက်နေတဲ့ ငါ့မြို့အတွင်း
မင်းက ... မြစ်တစင်းဖြစ်မလား။
ခန်းခြောက်နေတဲ့ ငါ့ဘ၀ထဲ
မင်းက ... လှမ်းလျှောက်လာမဲ့ အိုအေစစ်လေးလား။

ရေရာနေတဲ့ ဘ၀ဆိုပေမယ့်
မသေချာတဲ့ ဂုဏ်သိက္ခာအတွက် ငါ့ကိုငါ အားငယ်တယ်။

ပြင်ဆင်ခွင့်ရှိတိုင်း ဆိုးခဲ့ပေမယ့်
မရိုးနိုင်တဲ့ လူတွေရဲ့ စကားလုံးတွေ မင်းကို ထိပါးမှာ ငါကြောက်တယ်။

ငါ့ဘ၀ရဲ့ ညတဖက်ဟာ လှပနေပေမယ့်
နေ့တဖက်ဟာ စုတ်ပြတ်နေလို့
ကူရှင်တွေ ပြန်စုပ်နေရတဲ့ကားလို
ငါ့ဘ၀ထဲ မင်းလိုက်လာမှာကို အားနာတယ်။

နေထွက်တဲ့အချိန်မှာလဲ ခေါင်းမော့ရဲပေမယ့်
အရိပ်ထဲကို ကြည့်တိုင်း အမာရွတ်တွေ ဖွေးလို့...
လထွက်တဲ့အချိန်တိုင်း သာယာမှုကို ခံစားနိုင်ပေမယ့်
အရိပ်နက်ညတွေက ငါ့ကို လှောင်ပြောင်လို့ ....

တွေးထားစမ်း ကောင်လေး ....
မင်းမှန်သလား။
ဘယ်တုန်းကမှ လူတွေကို သောက်ဂရုမစိုက်ဘူးတဲ့ ရင် ....
ခုတော့ အမြင်မှန်ရပြီလား။

ဘယ်တုန်းကမှ လုပ်ချင်တာထက် ပိုမသိတဲ့စိတ်
ခုတော့ အရိပ်တောင် ကြောက်တတ်ပြီလား။

အဖေနဲ့အမေကလွဲရင် ဒါပဲ လို့ ပြောတတ်ခဲ့တဲ့ ပါးစပ်
ခုတော့ နတ်ဝင်သည် လက်လို တုန်ခါတတ်ခဲ့ပြီလား။

အင်အားသာလျှင် ကိုးကွယ်ရာလို့ ခံယူခဲ့တဲ့လက်
ခုတော့ပန်းဆက်ဖို့ ကြိုးပန်းတတ်ပြီလား။

ဟန်ဆောင်မှုတွေကို ရွံ့ရှာတတ်တဲ့ ငါ
ခုတော့ လူပေါင်းကောင်းအောင် လိမ်တတ်ခဲ့ပြီလား။

ထားတော့ ကောင်လေး ....
မင်းအချိန်စေ့ခဲ့ပြီ။
စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ မင်းဘ၀မှာ
လိပ်လို နောက်တခါ ထပ်မတွေးနဲ့တော့
အရိပ်မှာ အရောင်စုံနေခဲ့ပြီးပြီ။

လန်နေတဲ့ဟန်တွေကိုမေ့ကာ
ဒဏ်ရာတွေကို မလိမ်ချင်နဲ့တော့
တိမ်မဲတွေပြည့်နေတဲ့ ကောင်းကင်ကို
ထပ်ပစ်လိုက်လဲ ဘာအရေးလဲ .....
အက်ဆစ်မိုးတွေရွာချရင် သူများတွေပါ လောင်ကျွမ်းကုန်မယ်။

You received this email because you are subscribed to the real_time feed for http://khayannyintpanpwint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဓမ္မ] 1 New Entry: ရဲဘော် ဂုရု အတွက် ၀မ်းနည်းမှတ်တမ်းသို့ ....

ရဲဘော် ဂုရု အတွက် ၀မ်းနည်းမှတ်တမ်းသို့ ....



အပြည့်အစုံသို့ ...

You received this email because you are subscribed to the real_time feed for http://damaahdama.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Khin Ma Ma Myo's Blog] 1 New Entry: ဧည့်ခန်း

ဧည့်ခန်း

ဧည့်ခန်း


ဧည့်ခန်း။

စကားလုံးကား နှစ်လုံးတည်းသာ ဖြစ်သည်။ အိမ်တိုင်း၊ အိမ်တိုင်းတွင် ဧည့်ခန်းဆိုသည်ကို ထားရှိတတ်ကြသည်။ လူမျိုး၊ ဓလေ့၊ ထုံးစံ၊ ဘာသာစကား မည်မျှပင်ကွဲပြား၊ ကွဲပြား၊ တူညီတာတစ်ခု တော့ရှိသည်။ ဤကားမိမိတို့ နေထိုင်ရာအိမ်တွင် ဧည့်ခန်းတစ်ခန်းထားရှိခြင်းပင် ဖြစ်သည်။ လူဆိုသည်ကလဲ တစ်ဦးတည်းနေတတ်သော သတ္တဝါများမဟုတ်ကြ။ ထိုနည်းနှယ်နှယ်ပင် ။ တိုးတက်ပြောင်းလဲလာသော ကမ္ဘာကြီးတွင် တံခါးပိတ် အထီးကျန်နေနိုင်သော နိုင်ငံများကား တဖြည်းဖြည်း ရှားပါးလာလေပြီ။ တံခါးများဖွင့်၍ ဧည့်သည်များလာရန် ဖိတ်ကြရသည်။ အဆိုပါ ကမ္ဘာလှည့် ဧည့်သည်များသည်ကား လက်ချည်းသက်သက်လာသည် မဟုတ်။ အိမ်ရှင်နိုင်ငံများအတွက် အကျိုးစီးပွားများ ဖြစ်ထွန်းစေသဖြင့် နိုင်ငံတိုင်းလိုလိုပင် ဧည့်သည်များအား ဆွဲဆောင်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားကြတော့သည်။ စာရေးသူတို့ မြန်မာပြည်ကြီးလဲ အပါအဝင်ပင်ဖြစ်သည်။


ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၆ရာခိုင်နှုန်းကို ကိုယ်စားပြုလာသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အစီရင်ခံစာထဲတွင် တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် အလွန်ပင်အရေးကြီးသော အခန်းကဏ္ဍတစ်ခုပင်ဖြစ်သည်။ (၂ဝဝ၂)ခုနှစ်၊ သြဂုတ်လတွင် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးမှ မြန်မာအစိုးရ၏ ၁၂ရာခိုင်နှုန်းဝင်ငွေသည် ပုဂ္ဂလိကဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ရသည်ဟုဆိုခဲ့သည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ကိုယ့်မွေးရပ်မြေ မြန်မာပြည်ကြီး ဝင်ငွေများရသည်ကို စာရေးသူတို့ဝမ်းသာရပေမည်။


သို့ပေမယ့်လဲ၊ သို့ပေမယ့်လဲ-----

အဆိုပါဝင်ငွေများ ဘယ်ရောက်ကုန်ပါသနည်း။ စစ်အုပ်စုကတော့ ကြေငြာသည်။ 'တည်ဆောက်ပြုပြင်၊ မြန်ပြည်တခွင်' စီမံကိန်းများတွင် မည်၍မည်မျှကုန်သည် ဟူ၍။ ထိုကိန်းဂဏာန်းများ မှန်သည်၊ မမှန်သည်ကိုတော့ စစ်အုပ်စုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ထမ်းများ အသိဆုံးဖြစ်ပေလိမ့်မည်။ ပြည်သူနှင့် ကမ္ဘာက တကယ် မြင်ခဲ့သည်ကတော့ ထိုတည်ဆောက်ရေး လုပ်ငန်းဆိုသည်များတွင် ထောင်ကျအကျဉ်းသားများအား ရဲဘက်အလုပ်သမားများအဖြစ် မဝရေစာကျွေး၍ အတင်းအဓမ္မ ရိုက်နှက်စေခိုင်းမှုများ၊ လုပ်အားပေး တစ်အိမ်တစ်ယောက်လိုက်ရမည်ဆိုကာ အတင်းအဓမ္မခေါ်ယူ မှုများကိုပင် ဖြစ်သည်။ ထိုလမ်းများ၊ တံတားများပေါ်တွင် ပြည်သူတို့၏သွေးများ၊ချွေးများ၊ အကျဉ်းသမားများစွာ၏ အသက်များ ပေးဆပ်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယင်းအဖြစ်မှန်များကို လိမ်ညာဖုန်းကွယ်၍၊ လုပ်အားခ မည်မျှကုန်သည်ကို စာရင်းထဲထည့်ပြီး၊ မိမိတို့အိတ်ကပ်ထဲထည့်သည်ကတော့ အလွန်ပင် လူမဆန်ရာကျပါသည်။ ထို့အပြင် လမ်း၊ တံတားများအတွက် အမှန်တကယ် လိုအပ်မည့် ပစ္စည်းများကို အသုံးမပြုပဲ အရေအတွက်လျှော့သုံးခြင်း၊ အရည်အသွေး လျှော့သုံးခြင်းများ ပြုလုပ်ကာ ကျန်ငွေများကို ကိုယ်ကျိုးအတွက်သုံးခြင်းသည် ကုန်စီးဆင်းမှု မြန်ဆန်ရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို များစွာ ထိခိုက်နစ်နာစေပါသည်။ နိုင်ငံတော်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်။


အခြားမေးစရာများကလည်း ရှိလာပါသည်။ နိုင်ငံတော်ဝင်ငွေများ တိုးတက်နေပါလျက် အဘယ်ကြောင့် ဆေးရုံများတွင် ဆေးကုရန် ဆေးဝါးများမရှိရပါသနည်း။ စာသင်ခန်းများတွင် သောက်ရေအိုးဖိုး၊တံမြက်စည်းဖိုးများမှအစ ကလေးငယ်များထံမှ ပိုက်ဆံကို ဆရာ၊ဆရာမများ အလှူခံနေရပါသနည်း။လမ်းမများပေါ်တွင် တောင်းစားရသူ ကလေးငယ်လေးများ၊ အမှိုက်ကောက်ကလေးငယ်လေးများ အ ဘယ်ကြောင့် များလာရပါသနည်း။စားစရာဆန်မရှိ၍ ထမင်းရေ ဝယ်သောက်နေရသူများ အဘယ်ကြောင့် များလာရပါသနည်း။ နိုင်ငံတော်ငွေများ ဘယ်ရောက်ကုန်ပါသနည်း။


ငယ်စဉ်ကတော့ အဂ္ဂိရတ်သမားများ ဖိုထိုးပြီး ရွှေရသည်ဟု ကြားရလျှင် စာရေးသူမှာ သိပ်မယုံချင်လှ။ယခု မျက်ဝါးထင်ထင်ဆိုတော့ ယုံရလေပြီ။ နအဖတို့၏အဂ္ဂိရတ်ဖိုများသည် ရွှေတင်မဟုတ်ပဲ၊ စိန်များ၊ရတနာများပင် ထွက်လေသည်။ စစ်အုပ်စုနှင့် အပေါင်းအပါ ခါတော်မှီသူဌေးများထံတွင် စိန်များ၊ရတနာများတင်းတောင်းပြည့် ထွက်လာဖို့ ပြည်သူတို့၏ သွေး၊ချွေး၊မျက်ရည်စက်များကို စတေးနေကြလေသည်။


ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများမှ ရရှိလာသောဝင်ငွေများ မည်သည့်နေရာများသို့ ရောက်သွားခဲ့သည်ဆိုသည်မှာ အဖြေကတော့ ရှင်းနေပါသည်။ ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်သွားသင့်၊ မသွားသင့်၊ မသွားရန် ပိတ်ဆို့ခြင်းလုပ်သင့် မလုပ်သင့် ဆိုသည်ကတော့ မိမိတို့၏ ကိုယ်ပိုင်စိတ်ထား တန်ဖိုးထားမှု နှလုံးသားများဖြင့်သာ စပ်ဆိုင်ပါသည်။


လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသည်က ရှိတတ်ကြပါသည်။ 'အိမ်ကိုဧည့်သည် လာသည်ပဲ။ ဧည့်ခန်းကို လှလှပပ ပြင်ထားရင်ပြီးရောပေါ့။ မြေတိုက်ထဲက အကျဉ်းသားတွေကိစ္စ၊ အိမ်နောက်ဖေးက အလုပ်သမားတွေ အစာမစားရတဲ့ကိစ္စ၊ တချို့အိမ်သားတွေ ငတ်နေတဲ့ကိစ္စ၊ ဧည့်သည်တွေဆီကရတဲ့ ပိုက်ဆံကို အိမ်အတွက်မသုံးပဲ အိတ်ကပ်ထဲထည့် ဖျောင်ပစ်တဲ့ကိစ္စ မီးဖိုချောင်မှာ ယင်တလောင်းလောင်းနဲ့ ညစ်ပတ်ပေရေနေတဲ့ကိစ္စ၊ အိမ်ခန်းတွေထဲမှာ အေအိုင်ဒီအက်စ် ရောဂါသည်တွေ ပြည့်နှက်နေတဲ့ ကိစ္စတွေဟာ ဧည့်သည်တွေ သိဖို့မလိုပါဘူး။သိအောင် လုပ်နေတဲ့ လူတွေကသာ အဖျက်သမားတွေ'ဟူ၍ ဆိုနေကြသူ အိမ်သားများရှိသလို၊ 'သူတို့ဟာ သူတို့သေတာ၊ ငတ်တာ ငါတို့နဲ့ ဘာမှမဆိုင်၊ ငါတို့ဘာသာ အပန်းဖြေ အနားယူချင်လို့သွားတာ။ ဧည့်ခန်းလှနေရင်ပြီးတာပဲ'ဆိုသူ ဧည့်သည်များကလဲ ရှိသည်ဆိုတော့ မြန်မာပြည် အလည်သွားသင့်၊ မသွားသင့်ဆိုသည်မှာ ဆုံးဖြတ်သူများ၏ စိတ်ထားများနှင့်သာ ပတ်သက်ပါသည်။


'ဧည့်ခန်း'ကိုသာ လှအောင်ပြင်မည်ဆိုသော အိမ်သားများအား တစ်ခုတော့ပြောချင်ပါသည်။ ဧည့်သည်များထဲတွင် ဇိမ်ခံချင်သူများသာမကပဲ အခြေအနေမှန်ကို လက်တွေ့လေ့လာချင်သူများလဲ ပါသေးသည်ဆိုသော အချက်ကိုပင်ဖြစ်သည်။ လူတစ်ယောက်၏ မျက်လုံးများကို မျက်မှန်စိမ်းတပ်၍ ရချင်ရပါမည်။ လူတစ်ယောက်၏ နားများကို တခဏတာပိတ်ထား၍ ရချင်ရပါမည်။ သို့ပေမယ့် လူတစ်ယောက်၏ ဦးနှောက်နှင့် အသိဉာဏ်ကို သင်းကွပ်၍မရပါ။ ပို၍ခက်သည်က ကိုယ်ချင်းစာနာစိတ်ရှိသော၊ လူပီသသော နှလုံးသားများကို ရာထူးအာဏာ အခွင့်အရေးများပေး၍ ဆွဲဆောင်သိမ်းသွင်း၍ မရခြင်းပင်ဖြစ်သည်။ အမှန်တရားကို မည်သည့်အရာနှင့်မျှ ဖုန်းကွယ်၍ ရမည်မထင်ပါနှင့်။


မည်သို့ဆိုစေ၊ 'ဧည့်ခန်း'သာမက အိမ်တစ်အိမ်လုံး သာယာလှပရေးအတွက် ကျွနိုပ်တို့ အားလုံး၌ တာဝန်ရှိပါကြောင်းနှင့်၊ အိမ်ကြီးကို အရုပ်ဆိုးအကျည်းတန်အောင် ပြုလုပ်နေသူများကို အမြန်ဆုံး ဖယ်ရှားသင့်ပါကြောင်း ပြောကြားရင်းဖြင့် နိဂုံးချုပ်ပါမည်။


ခင်မမမျိုး (၁၆၊ ၁၂၊ ၂၀၀၆)

You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.