Tuesday, November 25, 2008

[မေမိုးမခ] 1 New Entry: ဇာဂနာရဲ့ ပျက်လုံး

ဇာဂနာရဲ့ ပျက်လုံး

ဇာဂနာရဲ့ ပျက်လုံး


တခါက ကုလသမဂ္ဂကို နိုင်ငံတကာက လူ့စွမ်းအားအရင်းအမြစ်တိုးတက်မှုနဲ့ ပတ်သက်လို့ ပြောကြရာမှာ... အမေရိကန်က စပြောပါတယ်.. အမေရိကန်နိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်ဘယ်လောက်အထိ တိုးတက်သလဲဆိုရင် လက်နှစ်ဖက်မရှိတဲ့လူက အတ္တလန္တိတ်သမုဒ္ဒရာကြီး ကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိ ဖြတ်ကူးနိုင်တယ်လို့ ပြောပါတယ်။ ရုရှားကလဲ ပြောပြန်ပါတယ်.. ခင်ဗျားတို့ဆီမှာက ဘာဟုတ်သေး။ ကျွန်တော်တို့ ရုရှမှာဆို.. ခြေထောက်နှစ်ဖက်မရှိတဲ့လူက အေဝရတ်(ပ်) တောင်ထိပ်အထိ တက်နိုင်လို့ ကြွားပြီးပြောပြန်ပါတဲ့။ အဲဒီတော့ တခြားနိုင်ငံတွေလဲ ဘာပြန်ပြောရမှန်း မသိလောက်အောင်ကို ဖြစ်သွားကြသတဲ့။ ဒါပေမယ့် မြန်မာနိုင်ငံက ထပြီးပြောလိုက်တော့ အားလုံးက ပိုပြီးအံအားသင့် တွေဝေသွားကြသတဲ့။ မြန်မာနိုင်ငံက ခေါင်းဆောင်ကြီး ပြောလိုက်တာကတော့ ခင်ဗျားတို့ လက်တွေ၊ ခြေတွေ လောက်က မပြောပလောက်ပါဘူး။ ကျွန်တော်တို့ နိုင်ငံကို ခေါင်းမရှိဘဲ အုပ်ချုပ်လာတာ အနှစ်၂၀ ကျော်သွားပါပြီတဲ့။

You received this email because you are subscribed to the real_time feed for http://thepalaungpeople.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.