Tuesday, November 25, 2008

[ကျွန်တော့်အိမ်] 1 New Entry: ဂျော်နီဝါကာကြောင့် အသည်းကွဲကြသူများ

ဂျော်နီဝါကာကြောင့် အသည်းကွဲကြသူများ


ကျမ ပိုင်ဆိုင်ခဲ့ ဖူးတဲ့ ချစ်ခြင်းတိုင်းကို လေးစားလို့ အလေးထားခဲ့ ဖူးတယ် ။ အချစ်ဆိုတဲ့ အရာကို ထိုင်ရှစ်ခိုးလို့ မကိုးကွယ်တတ်ပေမယ့် မှန်ကန်တဲ့ သဘောထားနဲ့ ပေးအပ်လို့ သခင့်ထံမှာ သစ္စာတရား ရင်ဝယ်ပိုက် လို့ ပေးဆပ်ရင်း ကျေနပ်ခဲ့သူပါ။

ကော်ဖီတစ်ခွက်လို ခါးသက်သက် အရသာရှိတဲ့ ကျမဘ၀မှာ ရင်ခုန်စရာ သံစဉ်တွေကို အချိန်ပြည့် မဖန်တီး နိုင်ခဲ့ပေမယ့် အနာဂတ် အိမ်မက် ခြေလှမ်းတွေကိုတော့ ပုံဖော်ရင်း သေချာခြင်တဲ့ အနာဂတ်ရဲ့ မိခင်၊ အနာဂတ် ဇနီးလောင်းအဖြစ် ခါးသက်သက် ကော်ဖီတစ်ခွက်ကို ကိုင်ရင်း ပုံဖော်နေခဲ့ တာ သခင် မသိခဲ့တာလား မ၇ှိခဲ့တာလား…. မာယာမပါတဲ့ ငါ့ချစ်ခြင်းမှာ ဂုဏ်ပကာသန တွေ မပါခဲ့တဲ့ ရိုးရှင်းတဲ့ အကြင်နာချစ်ခြင်းတွေကို နဲ့ ခစားခဲ့သူပါ။ မာန ကို တန်ဖိုး နဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ နေရာ အတွက် လက်နက်လို့သာ သဘောထားရင်း သခင့် အပါးမှာ မာနတွေမှေးမှိန်သွားပေမယ့် အချစ်တွေ မသေးသိမ်ခဲ့ တာ တော့ အမှန် ပါ သခင်……

ကမ္ဘာကြီးကို ဘယ်သူတွေဘဲ စခဲ့စခဲ့  ကျမ အိမ်မက်ကမ္ဘာ ရင်ခုန်သံရွာကြီးကိုတော့ သခင်ဘဲ စခဲ့တာပါ။ ပုရွတ်ဆိတ်ပေါင်းမြောက်များစွာ၊ ခြင် ပေါင်း မြောက်များစွာကို ကျမ သတ်ခဲ့ဖူးတဲ့ ကျမ ကို ပေးလိုက်တဲ့ တန်ပြန်မှုက သခင့်ကြောင့်မွေးဖွားလာတဲ့ ချစ်ခြင်းတွေသာမက သခင်ကိုယ် တိုင် မွေးဖွားခဲ့တဲ့ သစ္စာတရား ကို ဂျော်နီဝါကာ တစ်ဝက်သောက်လို့ရိုက်ချိုးပစ်နိုင်ခဲ့တယ်နော်….. ဂျော်နီဝါကာ ဆိုတဲ့ ဟိုမရောက်ဒီမရောက် တုတ်ကောက်ကိုင်လို့လမ်းလျှောက်နေတဲ့လူကြီးကိုဘဲ အပြစ်တင်လိုက်ရင် ကောင်းမလားလို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် ညနတ်မိမယ် လေးတွေနဲ့ ပျော်ပါး နေတဲ့ သခင့် မျက်နှာကြီးက သန်းရွှေမျက်နှာကြီးနဲ့တူလွန်းလှပါတယ် သခင်….

ခွေးမသောက်တဲ့ အရည်တွေကို သခင် သောက်တတ်မှန်းသိပေ မယ့် ခွေးတစ်ကောင်လိုသစ္စာ ရှိလိမ့်မယ်လို့ ဘဲ ယုံကြည်ခဲ့ မိတယ်..။ love is blind လို့ ဟိုလူကြီးက ပြောသွားပေမယ့် ကျမ ချစ်ခြင်းမှာ ပါဝါ၁၅၀၀ပါတဲ့ မျက်မှန်တစ်လက်ရှိခဲ့တာ သခင်မသိခဲ့လေသလား။ အတိတ် ဘ၀ က သခင့် မဒီတွေနဲ့ အိပ်စက်ခဲ့တာ သိပေမယ့် ။ အတိတ် ကို အတိတ်မှာထားလို့ အနာဂတ်နဲ့ ယခုလက်ရှိအချိန်ကိုသာ ဦးတည်လို့ ခြေလှမ်းသစ်တွေ စတင်ခဲ့ပါတယ် သခင်….. တကယ်ဆို သခင် ရိုက်ချိုးခဲ့တာ သစ္စာတရား သာ မက နှစ်ဖတ်အသိုင်းဝိုင်းရဲ့ ဂုဏ်သိက္ခာ ကို Golden Gate တံတားပေါ်ကနေ သခင် ရူးနှမ်းနှမ်းနဲ့ ကန်ချပစ်ခဲ့တယ်…. အုတ်မြစ်တွေအသေချလို့ အိမ်မက်တွေကို ဖတ်တွယ် အနာဂတ်ကို မှန်းဆ လို့ တည်ဆောက်ခဲ့တဲ့ ကျမ ချစ်ခြင်းတွေက စူနာမိလှိုင်းကြောင့်နဲ့လဲ မပါသွားသလို နာဂစ်နဲ့လဲမပျက်စီးခဲ့ပါဘဲ သခင်သောက်ခဲ့တဲ့ ဂျော်နီဝါကာနဲ့ မှ ပါသွားတာကြောင့် ရင်နာမိတာ အမှန်ဘဲ သခင်....

တကယ်ဆို သခင့်ကိုဘဲ စိတ်နာရမလား ဂျော်နီဝါကာကိုဘဲ စိတ်နာရမလား ကျမ စိတ်တွေေ၀၀ါးဆဲပါ သခင်. အပြင်ထွက်လို့ ဂျော်နီဝါကာကြေငြာ ဆိုင်းဘုတ်တွေမြင်တိုင်း သခင့်ကို စိတ်နာသလို အဲဒီ ဆိုင်းဘုတ်ကိုဘဲ ခဲနဲ့ထုပစ်ချင်ခဲ့မိတာကြောင့် အခန်းအောင်းလို့ နေခဲ့မိတယ်… ဂျော်နီဝါကာသောက်လို့ ရူးနှမ်းနှမ်းလုပ်ရက်တွေကိုလုပ်ခဲ့တဲ့သခင့်ကို အကြောင်းကို တွေးရင် သခင်လို ဘဲ လို ခပ်ဆင်ဆင် လူကြီးတွေကိုလည်း သတိရလိုက်မိသေးတယ် သခင်။ သန်းရွှေ တစ်ယောက်ရူးနှမ်းနှမ်းတွေလုပ်နေတာ ဘယ် သေနာတွေက ဂျော်နီဝါကာ လက်ဆောင်သွား ပေးမှန်းမှမသိတာ….

မောင်အေး စခဲ့တဲ့ရုရှားမြန်မာ နူးကလီးယားပရောဂျက်ကြီးမှာလည်း ဗော်ဂါ နဲ့စခဲ့တယ်လို့ သတင်းသဲ့သဲ့ကြားခဲ့ဖူးတယ် ဒါကို ဟိုသေနာကြီးက ရေဗူးပေါက်တာ မလိုချင်ဘူး ရေ ပါတာဘဲလိုချင်တယ်လို့ သွေးရူးသွေးတမ်းအော်ဟစ်နေသေးတယ်… ကျော်ဆန်းပြောတဲ့ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတာ မီဒီယာသမားတွေကိုလဲ အရက်တိုက်မယ်လို့ ပြောတာများလား..ဒါဆိုလဲ သူတို့က ကျေအေးမှာပါ ဒီမိုကရေစီ တိုက်ပွဲ အတွက် တိုက်ပွဲဝင်ဖို့ အစည်းဝေးလုပ်တိုင်း နောက်ဆုံးတော့ ဒီမိုကရေစီစားပွဲပေါ်မှာ အရက်ပုလင်းခွံ၊ ဘီယာပုလင်ခွံတွေသာ ပွစာကျဲလို့ နိုင်ငံေ၇းသမားတစ်ချို့လဲ အရက်နာကျပြီး ဗိုက်ပူလာတယ် ။ သြော်…….နောက်ဆုံးတော့လည်း ဒီမိုကရေစီတိုက်ပွဲရဲ့အဆုံးသတ်မှာ ပြည်ပရောက်နိုင်ငံရေးသမားတစ်ချို့ ဗိုက်ပူပူနဲ့ ဘဲ ဆုတွေ တစ်ဆုပြီးတစ်ဆု ကိုယ်စားယူပေးနေကြတာပါလားလို့ သဘောပေါက်လိုက်တယ်။
ဒီမိုကရေစီတိုက်ပွဲဝင်နေသူတွေ အစွန့်ရှည်ရှည်နဲ့ရပ်တည်ဘို့ ပရိုပိုဆယ်လေးတင်လိုက် စတိတ်မန့်လေးတွေနဲ့ချွေးသိပ်ရင်းနဲ့ အိပ်စက်ခဲ့တာ အနှစ်နှစ်ဆယ်တောင်ကျော်နေပါပြီ သခင်… စတိတ်မန့်တွေပေါင်းချုပ်ထုတ်ပြီး ရောင်းစားရင်တောင် Global Crise အတွက် Recover ဖြစ်မလားမသိ.. ဂျော်နီဝါကာရယ် ခင်ဗျားကို ဒင်းတို့တွေ အသည်းစွဲလို့ ကျမ အသည်းသာမက ကျမ တို့ တိုင်းသူပြည်သားတွေပါ အသည်းကွဲခဲ့ရနေကြရပါပြီ ...

ဂျော်နီရေ ခင်ဗျားကြီးလမ်းလျှောက်နေသမျှ ကျုပ်တို့ အသည်းတွေကွဲနေရအုံးမှာပါ......

လေးစားသင့်သူများကိုလျက်
မေသူ

ps. ဘာရယ်မဟုတ်ဘူး ပျင်းခြောက်ခြောက်ဖြစ်နေလို့ အော်ဟစ်ကြည့်တာလေ ။ ဆရာတီးကလည်း ပို့စ်မတင်တာကြာလို့ ဆဲလှပြီ

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.