Saturday, November 1, 2008

[Jewel of Jewel] 1 New Entry: ရွက်ဝါကြွေချိန်

ရွက်ဝါကြွေချိန်


ချစ်စခင်စ-

"ရွက်ဝါတွေ ကြွေနေတာ..လှလိုက်တာ..။ အရွက်တွေ အကုန် ကြွေပြီးရင် အပင်မှာလဲ ရိုးတံချည်းပဲ ငုတ်တုတ်ကျန်တော့မယ်..။"
"အင်း..ဟုတ်တယ်..။ ရှူခင်းလေးက ပို့စကဒ်ထဲကနဲ့ တစ်ပုံစံထဲပဲ မဟုတ်လား..။ လှလဲလှတယ်။ လွမ်းစရာလဲ ကောင်းတယ်..။"


အိမ်ထောင်သက် အနည်းငယ်ကြာသော်-

"အရွက်တွေ ကြွေနေပြီ။ လှလိုက်တာ။ တစ်လမ်းလုံးလဲ အရွက်တွေချည်းပဲ။ ဇော်ဝင်းထွဋ်ရဲ့ အ၀ါရောင်လမ်းကလေး သီချင်းကိုတောင် သတိရမိတယ်။"
"အရွက်တွေ ကြွေတော့ အမှိုက်တွေ စ ရှုပ်ပြီပေါ့။ နောက်ပြီး အရွက်တွေက မခြောက်တခြောက်မှာ မိုးက ရွာ။ ရွက်ခြောက်တွေနဲ့ ရေတွေနဲ့ ရောပြီး လူတွေ ချော်လဲကုန်တော့မယ်။ ရေတံလျှောက်တွေထဲလည်း အရွက်တွေနဲ့ ပိတ်၊ ရှင်းရ ပြုရနဲ့ အလုပ်ရှုပ်ကြရတယ်။"



အိမ်ထောင်သက် အတော်ကြာသော်-

"ရွက်ဝါတွေ ကြွေချိန်ရောက်ပြီပဲ… ။"
"သူ့ဘာသူ ကြွေချိန်တန်ရင် ကြွေမှာပေါ့..။"
"................."

credit to 'www.apparentlynothing.com' and 'www.pfosphene.com' for photos

You received this email because you are subscribed to the real_time feed for http://jewelofjewel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 1 New Entry: ဘယသုတ်- (ဘေး)

ဘယသုတ်- (ဘေး)

ဘယသုတ်- (ဘေး)

ရဟန်းတို့ ...
{{အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော{အမာတာပုတ္တိကဘေး}တို့သည် ဤသုံးမျိုး တို့တည်း}} ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

၁...
ရဟန်းတို့ မီးကြီးစွာ စွဲလောင်သော အခါသည် ဖြစ်တတ်၏၊ မီးကြီးစွာ စွဲလောင် သည်ရှိသော် ထို မီးသည် ရွာတို့ကို လည်းကောင်း၊ နိဂုံးတို့ကို လည်းကောင်း၊ မြို့တို့ကို လည်းကောင်း စွဲလောင် အပ်ကုန်၏၊ ရွာ နိဂုံး မြို့တို့ကို စွဲလောင်အပ် ကုန်သည်ရှိသော် ထိုသို့ လောင်ရာ၌ အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့် သား အချင်းချင်း မကာကွယ်နိုင်သော {{ပဌမ အမာတာ ပုတ္တိကဘေး တည်း}} ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ဆို၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မိုးကြီးစွာ ရွာသွန်းသော အခါသည် ဖြစ်တတ်၏၊ မိုးကြီးစွာ ရွာသွန်းသည် ရှိသော် ကြီးစွာသော ရေအလျဉ်သည် ဖြစ်၏၊ ကြီးစွာ သော ရေအလျဉ် ဖြစ်လတ်သော် ထို ရေအလျဉ်သည် ရွာတို့ကို လည်းကောင်း၊ နိဂုံးတို့ကို လည်းကောင်း၊ မြို့တို့ကို လည်းကောင်း မျောစေအပ် ကုန်၏။ ရွာ နိဂုံး မြို့တို့ကို မျောစေအပ်ကုန်သည်ရှိသော် ထိုသို့ မျောစေရာ၌ အမိသည်လည်း ကာကွယ် နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ် နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း မကာကွယ် နိုင်သော {{ဒုတိယ အမာတာပုတ္တိက ဘေးတည်း}} ဟု အကြား အမြင် မရှိသော ပုထုဇဉ်သည် ဆို၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား တောပုန်းသောင်းကျန်းမှုဘေး တွေ့ကြုံ၍ ဇနပုဒ် နေသူ တို့သည် (ပစ္စည်းများကို) ယာဉ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးရသော အခါသည် ဖြစ်တတ်၏၊ တောပုန်းသောင်းကျန်းမှုဘေး တွေ့ကြုံ ၍ ဇနပုဒ်နေသူတို့ (ပစ္စည်း များကို) ယာဉ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးရသည်ရှိသော် ထိုသို့ ထွက်ပြေး ရာ၌ အမိသည် ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော {{တတိယ အမာတာပုတ္တိကဘေး တည်း}} ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ {{အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤ သုံးမျိုး တို့တည်း}} ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ ထို သုံးမျိုးတို့ကို အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးတို့ လည်း ဖြစ်ကုန်လျက်သာလျှင် {{အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့}} ဟု အကြား အမြင် မရှိသော ပုထုဇဉ်သည် ဆို၏။ ပ-၁-၂-၃။

ရဟန်းတို့ ...
အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း။

အဘယ် သုံးမျိုးတို့နည်း ဟူမူ-

အိုဘေး၊ နာဘေး၊ သေဘေးတို့တည်း။

၁...
ရဟန်းတို့ အမိသည် {{ငါ အိုပါအံ့၊ ငါ၏ သား မအိုပါစေလင့်}} ဟု အိုမင်းသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း {{ငါ အိုပါအံ့၊ ငါ၏ အမိ မအိုပါစေလင့်}} ဟု အိုမင်းသော အမိကို ကာကွယ်ခွင့် မရနိုင်။

၂...
ရဟန်းတို့ အမိသည် {{ငါ နာပါအံ့၊ ငါ၏ သား မနာပါစေလင့်}} ဟု နာသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း {{ငါ နာပါအံ့၊ ငါ၏ အမိ မနာပါစေလင့်}}ဟု နာသော အမိကို ကာကွယ်ခွင့် မရနိုင်။

၃...
ရဟန်းတို့ အမိသည် {{ငါ သေပါအံ့၊ ငါ၏ သား မသေပါစေလင့်}} ဟု သေသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း {{ငါ သေပါအံ့၊ ငါ၏ အမိ မသေပါစေလင့်}} ဟု သေသော အမိကို ကာကွယ်ခွင့် မရနိုင်။

အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ဤအမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေး သုံးမျိုးတို့ကို လည်းကောင်း၊ ဤအမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုး တို့ကို လည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဉ် အကျင့်သည် ရှိ၏။

ရဟန်းတို့ လွတ်မြောက်ရန် လမ်းစဉ်အကျင့်ဟူသည် အဘယ်နည်း-

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ် ပင်တည်း။

၁။ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}၊
၂။ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ}၊
၃။ ကောင်းစွာပြောဆိုမှု {သမ္မာဝါစာ}၊
၎။ ကောင်းစွာ ပြုလုပ်မှု {သမ္မာကမ္မန္တ}၊
၅။ ကောင်းစွာ အသက်မွေးမှု {သမ္မာအာဇီဝ}၊
၆။ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}၊
၇။ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ}၊
၈။ ကောင်းစွာ တည်ကြည်မှု {သမ္မာ သမာဓိ} တို့ပေတည်း။

ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း ကာကွယ် နိုင်သော ဘေးသုံးမျိုး တို့ကို လည်းကောင်း၊ အမိနှင့်သား အချင်းချင်း မကာကွယ် နိုင်သော ဘေးသုံးမျိုး တို့ကို လည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဉ် အကျင့်ကောင်းတည်း ဟု (မိန့်တော်မူ၏)။

၂ - ဘယသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

မဂ္ဂင်ရှစ်ပါး လေ့လာလိုပါသေးလျှင်...

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆူးပြတိုက်] 1 New Entry: “ သေခြင်း၏ အခြားမဲ့၌.....” ။ ၁ ။

" သေခြင်း၏ အခြားမဲ့၌....." ။ ၁ ။



ကြိမ်ဖန်များစွာ ဘ၀တစ်ခု၌ ဖြစ်တည်ခြင်း၊ မွေးဖွားခြင်း၊သေဆုံးခြင်းတို့ ကို ဖြတ်သန်းကျင်လည်ခဲ့ ရသော်လည်း၊ထိုထိုသော
ဘ၀များစွာထဲမှာပင်၊ မသိနားမလည်မှု၊တွေဝေစွဲလန်းမှုတို့ ဖြင့် ....ဘယ်ကလာမှန်းလဲ ကိုယ်တိုင်မသိ၊ ဘယ်ကိုသွားရမယ်ဆိုတာလဲ
ကိုယ်တိုင်မသိဘဲ လောက အမှောင်တိုက်ထဲတွင် ကိုယ်မပိုင်သော ရုပ်၊ ကိုယ်မနိုင်သော စိတ်တို့ ၏ စေစားခိုင်းစေမှုကိုသာ...
ခုံမင်စွာ ဖြတ်သန်းနေသူတို့ အဘို့  မမြင်မတွေ့ ကြိုတင်မသိနိုင်သော.....သေခြင်းတရားကို မေ့ နေခဲ့ မိသည်....
သေခြင်းတရားကို ကြောက်နေခဲ့ မိသည်.....
တစ်ကယ်တော့ သေခြင်းတရားသည် ကြောက်ရွံ့ စရာ မဟုတ်ပါ...။
လူတစ်ယောက်၊သတ္တ၀ါတစ်ခု သေဆုံးခြင်းသည် ရုပ်ခန္ဒာမှ နာမ်စိတ်ထွက်သွားခြင်းမျှပင်..။
တစ်နည်းပြောရလျှင် အသက်ထွက်သွားခြင်း....။ ထိုသေဆုံးခြင်းသည် လုံးဝမနာကျင် အရမ်းညင်သာသည်...။
ဝေဒနာပြင်းသူ၊ အကုသိုလ်ကြီးမားသူဖြစ်က သေခြင်းကို ပြင်းစွာ ခံစားရသည်ဟု ပြောဆိုနေသော်လည်း အမှန်တစ်ကယ်က သေခြင်း
ကို နာကျင်ကြောက်ရွံ့ နေခြင်းမဖြစ်နိုင်...။
သေခြင်းထက် ကြောက်စရာ အကောင်းဆုံး၊ ထိတ်လန့် အားငယ်စရာ အကောင်းဆုံးသည်ကား ၊ သေခြင်းဆိုသော အသိကို
ကိုယ်တိုင်သိရှိပြီးနောက်...
မိမိကိုယ်တိုင်သိရှိလိုက်ရသော....သေခြင်းအလွန်...စာမျက်နှာ။
သို့ မဟုတ် သေခြင်း၏အခြားတစ်ဖက် ရင်ဆိုင်မှုပင်...။
..............-=-...............
သံယောဇဉ်များဖြင့် ချစ်ခင်လေးစားရသော ဆရာမှာ ဇာတ်မန်နေဂျာ၏ ကလိန်ကျမှုကြောင့် ငွေ အလွဲသုံးစားမှု၊ လိမ်လည်မှုဖြင့်
၇န်ကုန်တရားရုံးသို့  အမှုချိန်းသွားရဘို့ ဖြစ်လာသည်....ဇာတ်ကဘို့ သာ နားလည်ပြီး ငွေကြေးဇယား၊ အ၀င်အထွက် ဘာကိုမှမသိ...။
တစ်ညလုံးကပြပြီး ပင်ပန်းလွန်းပြီး အိပ်နေတတ်သော...သူများကို ယုံတတ်သောဆရာ....။
အင်မတန်ရိုးသားပြီး အသက်၇၀ ကျော်မိခင်အိုကြီးကို လုပ်ကျွေးနေသောဆရာ...။ မျက်ရည်အ၀ဲသားဖြင့် ဇာတ်ကို ကျနော့်လက်ထဲအပ်သည်..။
၂နှစ်ဆိုသော ဇာတ်သဘင်အတွေ့ အကြုံသာ ရှိသေးသည့် ကျနော့်မှာ...လူ၁၀၀ ကျော်ရှိသောဇာတ်ကို မနည်းထိမ်းရသည်..။
တစ်ဖက်အမှုသည်တရားလိုများကလဲ ဇာတ်ကိုပင်ကလို့ မရအောင် ပွဲပါမစ်၊ပွဲမိန့် တွေကအစ အကွက်ကျကျ ပိတ်သည်...။
အမှန်တော့ ဆရာက သူများထံမှ ငွေဖြင့် ဇာတ်ထောင်ခြင်း...။ ပွဲကလို့ ရသမျှငွေကို မန်နေဂျာမှ တစ်ဆင့် ငွေရှင်ထံ မှန်မှန်ပို့ ခိုင်းသည်....။ ဒါပေမယ့် မန်နေဂျာသာ ချမ်းသာသွားသည်...ငွေက ငွေရှင်လက်ထဲမရောက်..။
ဒီတော့ ကတိဖောက်ဖျက်မှု ငွေလိမ်လည်မှုတို့ ဖြင့် ဆရာ ဒုက္ခရောက်လေပြီ...။
ဆရာက ရန်ကုန်ကို သွားနှင့်ပြီ...။ ဆရာသွားပြီး ၁လ လောက်စောင့်သော်လည်း ဆရာပြန်မလာ...။ တစ်ဆင့် သတင်းအရ
ဆရာ့အခြေအနေ မကောင်းဟုသိရသည်....ဆရာက မွန်ဆိုတော့ မြန်မာစကားကိုလဲ ရေလည်အောင်မပြောတတ်...။
မြန်မာပြည်အနှံ့ တော့ နာမည်ကြီးပါသည်..။( ဆရာ့သိက္ခာအတွက် နာမည်မရေးခြင်းကိုတော့ နားလည်ပေးပါ)။
နောက်ဆုံး လူကြုံဖြင့် ဇာတ်တစ်ဖွဲ့ လုံးကို ရန်ကုန်ပြန်သယ်လာဘို့ ၊ မလိုက်ချင်သူတွေကို ငွေကြေးဇယားတွေရှင်းဘို့ လူကြုံဖြင့်မှာသည်..။
နောက်ဆုံးရန်ကုန်ရောက်တော့ ဆရာ ထားပေးသော ချောင်ကျကျ ရပ်ကွက်လေးမှာ ကျနော်နေသည်. ဆရာက မကြာမကြာလာတွေ့ ပါသည်။ ကျနော် ရန်ကုန်ကို မသွားတတ်မလာတတ်မှန်းဆရာသိပါသည်..။
နောက်ဆုံး ဆရာ လာစဉ်က " သား လိမ်လိမ်မာမာနေခဲ့ ၊ ဒီနေ့ ရုံးချိန်းနေ့ ဘဲ...ညနေလောက်ပြန်လာမယ်" လို့ ဆရာပြောတယ်..။
ကျနော့်လည်ကတုန်းအဖြူရောင် အကျီ်လေးနဲ့ ယောပုဆိုး အနက်လေးကို ဆရာ့ ကို ပေးဝတ်လိုက်သည်..။
ဒါနောက်ဆုံးခွဲခွာရမယ့်နေ့ ဆိုတာ မသိခဲ့ ပါ...။ မိုးချုပ်တဲ့ အထိ ထမင်းမစားဘဲ အိမ်ရှေ့ လေးမှာ ထိုင်စောင့်နေခဲ့ တာ..။
ည ၁၀နာရီလောက်မှ လူကြီးတစ်ယောက်ရောက်လာပြီး...မင်းဆရာ...အင်းစိန်ထဲ ၀င်သွားရပြီ။ ၃နှစ်လား၅နှစ်လားမသိဘူးဟုပြောလာသည်...။
ကိုယ့်မှာ လူမသိအောင်မျက်ရည်ကျခဲ့ ရသည်...။ ကိုယ့်ငွေလေးကုန်လာတော့ အိမ်ရှင်တွေရဲ့ စကားသံ ပြောင်းလာသည်။အစက ကိုယ်ကဘဲ အိမ်စားရိတ် ပေးနေရတာလေ.။။။ရှိသမျှ အ၀တ်တွေလည်း အိမ်ရှင်သားအမိ က ခဏဟု
ပြောပြီး ယူပေါင်ရောင်းထားတာလဲ ကုန်သလောက်ဖြစ်နေပြီ။
သိချင်တာလေးရှိလို့ မှ နံဘေးအိမ်ကို မေးမရသော ရန်ကုန်၊ အပြုံးတုတွေနဲ့ ရန်ကုန်...။ သူစိမ်းဆန်လွန်းသောရန်ကုန်ကို ကြောက်လာသည်....။
နောက်ဆုံးလမ်းထိပ် လ္ဘက်ရည်ဆိုင်လေးမှာ မထင်မှတ်ဘဲ တွေ့ ရသော လူတစ်ယောက်၏ အဆက်အသွယ်ဖြင့် ရခိုင်က ဇာတ်ဆရာကို
သွားဆုံသည်...။
ကိုယ့်မိဘတွေကလည်း တွေ့ ရာ ကြားရာ စုံစမ်းပြီး အတင်းခေါ်မည့် အခြေအနေ၊ ဆရာ့ကို ရုတ်တရက်ခွဲခွာခြင်း စိတ်ဖိစီးမှု များလာတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး...ရခိုင်ကို ရူးရူးမိုက်မိုက်လိုက်သွားတော့သည်...။
အဆင်မပြေမှုဆိုတာ အပေါင်းအဖော်နဲ့ လာတတ်တာ သေချာပင်..။
မမြင်ဘူး၊ မတွေ့ ဘူးသော ရေမြေ တောတောင် သဘာဝကို ငေးရင်း နယ်မြေသစ်ကို ရောက်လာသည်...။ မိုးထဲလေထဲ ပင်လယ်ကိုဖြတ်
လို့ လှိုင်းအမူးတွေမခံနိုင်။ နောက်ဆုံးကျောက်ဖြူကမ်းကို ကပ်မှ သက်ပြင်းချနိုင်သည်..။ ကမ်းနားလ္ဘက်ရည်ဆိုင်လေးမှာ ထိုင်နေစဉ်မှာဘဲ
၁၀၀ တန်ငွေစက္ကူတွေ ဖျက်သိမ်းကြောင်း ရေဒီယိုမှ ကျေညာသောအခါ ကမ္ဘာပျက်မတတ်ခံစားရသည်...မျက်လုံးတွေတောင်ပြာကုန်သည်...။ နောက်ဒေါသစိတ်.. ။ ရုတ်တရက် ပေါက်ကွဲမှုဖြင့် ဇာတ်ဆရာထံမှ စာချုပ်ဖြင့် လက်ခံထားသော စဘော်ငွေ ထည့်ထားသော သားရေအိပ်ကို ယူပြီး ကျောက်ဖြူ ပင်လယ်ရေထဲ အပြီးပစ်ချလိုက်သည်...။
ငွေကြေးကြောင့် ဆရာ ထောင်ထဲ ၀င်ရတာကိုလည်း အခံ ဒေါသဖြင့် နာကျည်းစွာအော်ပစ်လိုက်သည်..။
ဇာတ်ဆရာသားအဖကတော့ တားချိန်တောင်မရလိုက်ဘဲ၊ အမှတ်တမဲ့ လုပ်ရပ်ကြောင့် စိတ်ဆိုးသည်...။
လှိုင်းနဲ့ လေနဲ့ မိုးကလည်းရွာနေတာကြောင့်ဆယ်လို့ မရတော့..။
နောက်ဆုံတော့လည်း လာစမ်းကွာ လောက၊ ဘယ်ပုံစံလာမလဲ ရင်ဆိုင်ဘို့ အသင့် ပြင်ထားသည်...။
မိဘတွေကိုလဲ စိတ်ဆိုးသည်...သားသမီးအဖြစ်ကစွန့် လွှတ်ပြီးရင်လဲ ပစ်ထားလိုက်ပေါ့...အခုတော့ ဒီလိုမဟုတ်..၊
ကျနော်ကသော နေ၇ာတိုင်းကို လိုက်တားသည်...ဟိုလူ့ တရားစွဲ၊ ဒီလူ့ ကို ဖြားယောင်းမှုဖြင့်တရားစွဲ...။
ငယ်ဂုဏ်၊ ငယ်ရုပ်၊ကံ၊စန်း ကောင်းလွန်းသော ကျနော့်အောင်မြင်မှု အညွန့်တွေကို လိုက်ချိုးသလို ဖြစ်နေသည်...။
ရန်ကုန်မှာက ရန်ကုန်လိုက်ခေါ်။ မန္တလေးကတော့ ကားဖြင့်လိုက်လာ....ကနေ ရင်း ပြေးပုန်းရတာတွေ....အောင်မြင်မှု လမ်းစတွေ ပိတ်ခဲ့ ကြသော သူတို့ ကိုမကျေနပ်..။နောက်ဆုံးသူတို့ ခြေရာခံ မရနိုင်သော အဝေးသို့ ပြေးခဲ့ ခြင်းလဲဖြစ်သည်..။
ခုတော့ ဝေးလ့လွန်းသော အရပ်တစ်ခုမှာ...။ အဓိက အကြောင်းက ဆရာ့ကို လွမ်းခြင်း...။တစ်နှစ်တာ တွဲက ခဲ့ ပေမယ့်
ဆရာစားမချန် ပညာအမွေပေးခဲ့သော ကြောင့် ပညာရဲရင့် ပွဲလယ်တင့်ခဲ့သည်....။
အစားအစာမတူသော၊ ဓလေ့စရိုက်မတူ၊စကားပြောမတူသော အခက်အခဲတွေကြားမှာ နေသားကျအောင် ကျိုးစားရသည်..။
ကျိုးစားနေထိုင်၇င်းမှပင် ကလေရာနေရာတိုင်းမျာတွေ့ ရသော...ေ၇တံခွန်တောင်ကျရေ တွေ့ လျှင် ဂျိမ်းစဘွန်းစတိုင်ဖြင့် ရေထဲမှာစိမ်ရင်း ဆေးလိပ်လေးဖွာနေ၇တာကို ပီတိဖြစ်နေရင်း....ဌက်ဖျားဆိုတာကြီးက ဘ၀ထဲကို ရောက်လာသည်...တော်တော်ဆိုးသော အဖျားရောဂါပင်..။
ကွီနိုင်ဆေးတွေ သောက်ပါများတော့ သေတ္တာ ၃၊၄လံးပေါ်မှ ဂျွမ်းထိုးနိုင်သောကျနော်...ကြမ်းပြင်မှာလက်ထောက်ထိုးတာတောင် မလည်တော့...ခြေတွေ မခိုင် ဒူးတွေမခိုင်ဖြစ်လာသည်..။ သူများတွေက ရခိုင်မှာ မဖျားချင်ရင် အရက်သောက်ဘို့ ပြောသော်လည်း လုံးဝမသောက်...။ ဒိတော့ အဖျားကို မခုခံနိုင်..။
တစ်ညတော့ ရှိုးပြီးတာနဲ့ ဝမ်းထဲကပါတုန်တက်လာတော့ မခံနိုင် မိဘတွေကို တရင်း ငိုမိသည်....ရခိုင်ပြည်က ငါ့အတွက် သချိုင်္င်းမြေဘဲဟုသာ တွေး၇င်း ကျိတ်မှိတ်ခံသည်။ မခံနိုင်လောက်အောင်အဖျားတက်နေတုန်း ရခိုင်သားအဖနှစ်ယောက် လာမိတ်ဆက်လို့ တုန်တုန်ယင်ယင်နှင့် ဧည့်ခံစကားပြောရသည်..။သူ့ သားလေးကို သိပ်ချစ်ပုံရသည်... သူ့ သားလေးက ရှိုးမှာ ဘရိတ်ဒန့် စ် ကတာ၊ကြိုးတန်းပေါ်မှာ ကသွားတာကို ကြိုက်လွန်းလို့ မိတ်ဆက်လာကြောင်းပြောရင်း...ဌက်ဖျားတက်နေတာကို သိသွားသည်..။ ခုတော့မကူညီနိုင်သေး...ဇာတ်ကပြီးလို့ ဇာတ်ရာသီပြီးလျှင် သူ့ အိမ်ကိုလာခဲ့ ပါ ၊ဌက်ဖျားပြတ်အောင်ကူညီပေးမည်ဟု ကတိပေးလာသည်...။ လိပ်စာတွေလဲပေးသည်..။
နောက်ဆုံး ဇာတ်ခေါင်းပြုတ်တော့ မြန်မာပြည်မကိုဘဲ ပြန်တော့မည်ဟုတွေးထားပေမယ့် ညကြေးငွေ ရှင်းသောအခါ.......
အဖျားတက်နေလို့ ပဏာမ မကနိုင်တာနဲ့  ဆေးဘိုးတွေဖြတ်သည်ဟုဆိုကာ ဇာတ်ဆရာက ရက်ရက်စက်စက် ငွေတွေကို ဖြတ်ချသည်...။
အားမနာ ပါးမနာ ငွေ၃၀ကျပ်ပေးတော့ ကိုယ့်မှာ အံ့သြလို့ မဆုံး...။ ဘာမှပြောနိုင်စရာအားမရှိ၊ သဘင်ရုံးမရှိ ၊ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်လို့ ပြသနာတက်ရင်တောင်...ကိုယ့်အလောင်း ချောင်းထဲမျောနိုင်သည်...။
နောက်ဆုံးတော့လဲ မလောက်မဌငွေလေးနဲ့ ရန်ကုန် ပြန်လို့ မဖြစ်တဲ့ အဆုံး.....
လိပ်စာပေးခဲ့ သော သားအဖဆီကိုသာ ရောက်အောင်သွားခဲ့တော့သည်...။
ရောက်သွားပြီးသည့်နောက်သူတို့ သားအဖတွေက တာဝန်ကျေပါသည်၊ပြုစုကြပါသည်...ဒါပေမယ့် သူ့ မှာအိမ်တွင်ထမင်းဆိုင်ဖွင့်ထားသော်လည်း...၆မိုင်ကျော်ဝေးသောနေရာမှ အရက်ကို ကိုယ်တိုင်ထမ်းယူပြီး...ပင်ပန်းစွာ အရက်ရောင်းနေတာကို ကျနော်မကြည့်ရက်ပါ။ ဒါကြောင့် ဘာလုပ်ချင်ပါသလဲ...တတ်နိုင်သလောက်ကူညီပေးမယ်လို့ ပြောတော့....
သူက ဘာမှ အစီအစဉ်မရှိပါ...ငွေလဲမရှိပါလို့ ပြောလာသည်...။
ဇာတ်ထောင်ပါလား...ကူညီပြီးကျေးဇူးဆပ်တဲ့ အနေနဲ့  တစ်နှစ်ငွေကြေးမယူဘဲ ကပေးမယ်လို့ ပြောတော့...။
သူတို့ မိသားစုတွေတိုင်ပင်ပြီး....ထောင်လို့ ရရင်ဇာတ်ထောင်မယ်လို့ ပြောလာသည်...။
ကိုယ်ကလဲ ဘာမှ မရှိဘဲ...ဘယ်ကစလုပ်ရမလဲစဉ်းစားရင်း..
" ဆိုင်းဆရာတွေဘာတွေရှိလား...."
"ကျေးဇူးမကင်းတဲ့ ဆိုင်းသမားညီအကို၃ယောက်ရှိတယ်...ဒါပေမယ့် ဇင်ကျွန်းမှာ"
"နောက်ပြီး...ဆိုင်းဆိုလို့ အရက်နဲ့ ပေါင်သောက်ပြီးပြန်မရွေးတဲ့ မောင်းဝိုင်းတစ်စုံတော့ရှိတယ်" တဲ့ ...။
ကျနော်ရီမောမိတယ်...။
မောင်းဝိုင်းကိုပြခိုင်းတော့ ဖုန်အလိမ်းလိမ်းနဲ့ အကောင်းပါဘဲ..။
နောက်အသိဆိုင်းဆရာကို ခေါ်ခိုင်း၇တယ်...။
ဆိုင်းဆရာကလဲ ကျနော့်ထက်နဲနဲဘဲကြီးပါတယ်...သူနဲ့ တွေ့ တော့...
" ဘာသီချင်းတွေတီးနိုင်လဲ"
" ဟိုနည်းနည်းဒီနည်းနည်းဘဲ"
" ပွဲကြိုက်ခင်ရလား"
" ကြားတော့ကြားဘူးတယ်....မတီးနိုင်ဘူး၊ အကိုသီချင်းတက်ပေးရင်တော့ ရမှာပါ..."
ကြိုက်ပြီ...။
နောက်အိမ်ရှင်အဘိုးကြီးကိုပြောထားရတယ်..ထမင်းဆိုင်မှာ လူများလာရင် ကျနော်တို့ သီိချင်းဆိုနေမယ်...ဘယ်သူမေးမေး၊ဇာတ်ထောင်ထားတယ်ပြောပါ...။ ဒီလိုညှိပြီး ကျနော်အလုပ်စပါတော့တယ်..။
သူ့ ဆိုင်မှာကလည်းနယ်က ကျောင်းဆရာတွေ ဘာတွေ လခထုတ်ရက်ဆို ထမင်းစား၊ အရက်သောက်တာများတယ်...။
ဒီအချိန်ဆို ကျနော်က ပွဲကြိုက်ခင်သီချင်းကို ဆိုပြီ..။ လူတွေမေးစမ်းစိတ်ဝင်စားကြတယ်..။
မယုံရင်ပုံပြင်တာမှတ်တော့ဗျာ...။ လူ တစ်ယောက်ရဲ့ ကံတရား...အချိန်အခါ၊ အကျိုးပေး....ဖြစ်ချိန်...ကျနော့်ရဲ့ စန်း။
မင်းသားတစ်လက်၊ဆိုင်းဆရာ တစ်ဦး၊ မောင်းတစ်စုံနဲ့ ပွဲကြိုက်ခင်သီချင်းတစ်ပုဒ်ထဲနဲ့ ...လာလိုက်တဲ့ ပွဲဌားတွေ၊ စရံငွေတွေ...။
ငွေတွေကို အိမ်ရှင်က လက်မခံရဲဘူး...ကျနော်က ကျနော့်ကိုယုံပါ...လက်ခံလိုက်ဆိုပြီး စာချုပ်တွေ လက်မှတ်ထိုးကြတယ်။
ဘယ်လိုစာချုပ်လို့ တွေးမိလဲ...။
သူ့ သားကျောင်းသုံးဗလာစာအုပ်လေးမှာ လက်မှတ်ထိုးကြတာပါ...။ ရလာတဲ့ ငွေတွေနဲ့ မီး၊ကားခွင်၊ လူကြမ်းမင်းသမီး၊လူရွှင်တော်...ကျနော် အကုန်ဌားပြစ်တာ..။
အကုန်ဌားပြီးတာတောင် ငွေတွေက ပိုနေသေးတာ...။ပြည်၊ရန်ကုန်အထီ တက်ဝယ်၊တက်ဌားတာ...။
ကိုယ်စလိုက်တဲ့ ကူညီမှုက တော်တော်အခြေခိုင်သွားခဲ့ တယ်...။ ၁နှစ်အတွင်း ကလိုက်ရတဲ့ ပွဲတွေဗျာ...သူတို့ တအိမ်သားလုံး ရွှေဆိုတာ မ၀တ်ချင်မှ အဆုံး...။
ကျနော်အတွက်ကတော့ ရွှေမပြောနဲ့ ညကြေးတောင် မရပါဘူး...ဘာရလဲဆိုတော့ ဌက်ဖျားဖြတ်ရင်း....အရက်ဆိုတာကို
သောက်တတ်လာတာ.။
သူ့ အဖျားဖြတ်ဆေးက အရက်ဦးရေရယ်( လ္ဘက်ရည်ရှယ်ခွက်သေးတစ်ခွက်စာ) ငပိစိမ်းစားကွမ်းသီးလုံးအရွယ်၊ဆနွင်းမှုံ့ စစ်စစ်
ကွမ်းသီးလုံးအရွယ်နဲ့ ကလိုရိုကွင်း၎ လုံးကို မွှေပြီးရောသောက်ရတာပါဘဲ...။ ခါးလိုက်အ၀င်ဆိုးလိုက်တာမှ ဘယ်လိုမျိုချရမှန်းတောင်မသိ။
အဖျားပျောက်ချင်တော့လဲ ကျိတ်မှိတ်သောက်ရတာပေါ့...။
တစ်ဖက်မှာကလဲ ငွေကြေး ရဲ့ ရိုက်ခတ်မှုကြောင့် အပြောအဆိုတွေလွတ်လာကြတယ်...။ စတုန်းကတော့ ဆင်းရဲတဲ့ ဘ၀ကနေအဆင်ပြေတော့ ဇာတ်အဖွဲ့ သားတွေကို ကျေးဇူးရှင်တွေလို ဆက်ဆံပြီး...နောက်ပိုင်း ငွေကြောင့်ပင် ဇာတ်အဖွဲ့ သားတွေအပေါ်မှာ မောက်မာရိုင်းစိုင်းစွာပြောဆိုလာတော့တာပါဘဲ..။
ကျနော်က မပြောသင့်ကြောင်းပြောတဲ့ အခါ ၊ကိုယ့်ကိုပါ ငြူစူလာတော့တာ..။
အဖွဲ့ သားနဲ့ ဇာတ်ဆရာ...။
တစ်ဖက်က ဘ၀တူ သဘင်သည်တွေ...။
တစ်ဖက်က ကိုယ့်ကို ခေါ်ထားပြီး လက်ခံအဖျားဖြတ်ကျွေးမွေးတဲ့ ကျေးဇူးရှင်..။
ဒီနှစ်ခုကြားမှာ စိတ်ညစ်လာတယ်...ထွက်သွားဘို့ ကလဲ...သူတို့ အခြေမခိုင်သေးတာကိုယ်ဘဲသိတာ..။
နောက်ဆုံး...စိတ်ညစ်လာတော့ အရက်ကိုသောက်မိတာပေါ့...အင်မတန်အ၀င်ဆိုးတဲ့ ဌက်ဖျားဆေးကို သောက်လာတဲ့ ကျနော်လေ..။
သူတို့ ပြင်းတယ်လို ပြောတဲ့ ဓနိအရက်ကို ရေမရောဘဲ...ငါးကြင်းဖန်ခွက်နဲ့ အပြည့်သောက်တတ်လာတယ်...သောက်ရင်လဲ...တစ်ခွက်ကို တစ်ကြိုက်ဘဲ...အသက်မရှုေ၇မကူ...အမြည်းမလို..။
နောက်ဆုံး...တစ်ပုလင်းလုံးတစ်ချီထဲမော့တော့ သင်ပေးတဲ့ ဆရာပါတားယူရတယ်...။
အပေါင်းအသင်းတွေစုံလာတာနဲ့ အမျှ ပျက်စီးရေး လမ်းကြောင်းပေါ်မှာ မိုက်မိုက်မှားမှားလျှောက်တော့တာ...။
အရက်၊ ဆေးခြောက်၊ တက်ပလက်၊ ဒိုင်ယာစီဗင် အကုန်ချတော့တာ..။
မူးယစ်ဆေးတွေသုံးသလောက်နာမည်ကလဲတက်နေတာ...စန်းကလဲတက်နေတာ...။
ဘာမှမသိတော့ ဘာမှမကြောက်ဘူး...ဘာမှမစဉ်းစားတော့ ဘာမှမတွေးနိုင်တော့ဘူး...။
ဘယ်လောက်ထိမသိလဲဆို...ကိုယ်သေဘို့ အစီအစဉ်ကိုယ်တိုင်ဆွဲပြီး...ပြဇာတ်တစ်ပုဒ်အသစ်ရေးတော့တာပါဘဲ....။
အချိန်အခါ နေရာဆိုတာ....အသင့်အကွက်ချပြီးသားတွေပါလေ...။

ဆက်ပါဦးမယ်.....။

You received this email because you are subscribed to the real_time feed for http://thitnetsue22.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: Driving licence Singapore

Driving licence Singapore

ကိုယ်က မိန်းကလေးဖြစ်ပြီး မော်တော် ကားကို crazy ဖြစ်ပါတယ်။ စလုံးမှာ မော်တော်ကား မရှိပေမဲ့ လိုင်စင် ရှိချင်လို့ အရင်ဆုံး ကိုယ်ရဲ့ရန် ကုန်လိုင် စင် ကို ပြန်စစ်ပါတယ်။ ကိုယ့် လိုင်စင် က အချဉ် မဟုတ် (ဃ) လိုင်စင် ပါ။ တက္ကစီ မောင်းလို့ ရပါတယ်။

ကိုယ်တို့ အနေနဲ့ဆိုရင် Conversion of Foreign Driving Licence ထဲ မှာ အကျူံးဝင်ပါတယ်။ Basic Theory Test (BTT) ကို ဖြေဘို့လိုအပ်ပါတယ်။ အဲဒီ စာအုပ်ကု အရည်ကြို သောက်ဘို့ လိုအပ်ပါတယ်။ ငါးခု ဘဲ မှားခွင့ှ်ရှိပါတယ်။ အမှားအမှန် ခြစ်ရတဲ့ မေးခွန်းတွေ ပါ။ လမ်ကြော က ဘယ်မောင်းညာမောင်း ။ မြန်မာနဲ့ စလုံးက ပြောင်းပြန် ဖြစ်တဲ့ အတွက် တခါ တခါ ကြောင်ပါတယ်။ အထူးသဖြင့် အဝိုင်းပတ် တွေ မှာပါ။

အဲဒီ ကျောင်းမှာဘဲ ကှူရှင် ပြန်ယူမယ် ဆိုရင် စလုံး တရာ (၁၀၀ ) ပေးရပါတယ်။ ကွန်ပြူ တာနှဲု့သော်လည်းကောင်း စာ အုပ် နဲ့သော် လည်းကောင်း လေ့ကျင့်လို့ရပါတယ်။ နှစ်ပါတ်လောက်စောင့် ပြီးရင် စာရွက် ကလေး တရွက် အောင်လက်မှတ် ရပါတယ။်

နောက်တနေရာကို ဘာတွေ ယူ သွားရမလဲဆိုတော့ မြန်မာပြည် က ယဉ်မောင်းလိုင်စင် ပါ။ ဘာသာပြန် နိုထရီ ပြရင် အဆင်ပြေ တယ် လို့ြေ့ပာတဲ့ သူ က ပြော ကြသလို တချီု့ ကလည်း မြန်မာ သံရုံးရဲ့ တဆင့်ထောက်ခံချက်လိုတယ် လိုလဲ့ြေ့ပာကြပါတယ်။

စလုံးလိုင်စင် က ဘာအားသာလဲ ဆိုတော့ မလေးရှား သွားသွား ဥရောပ သွားသွား တွေ့တဲ့ ကားပေါ်တက် မောင်းလို့ရ့ပါတယ်။ အင်တာနေရှင်နယ် ပြောင်းစရာ မလိုပါဘူး။။ ဘာမှန်းမသ် စလုံးလိုင်စင် ထုတ်ပြ လိုက်ရင် လူ အထင်ကြီးခံရ နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။

ရည်ညွန်းချက်းHTTP://WWW.SSDCL.COM.SG/CONVERSION_OF_FOREIGN_DRIVING_LICENCE.HTM

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၅)

ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၅)

ရေးသူ - စစ်ငြိမ်းဒီရေ


(ကျနော် ရေးသား ဖော်ပြထားသော ယခင် အပိုင်း(၁)မှ အပိုင်း(၄)
အထိ ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း တို့မှာ ကျနော့်ဘ၀ တလျှောက်
ဖြတ်သန်းမှု တချို့မှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
အပိုင်း တစ်ခုနှင့် တစ်ခု အဆက်အစပ်မရှိဘဲ မြင်လွယ် သိလွယ်နိုင်
သော အခြေအနေ တချို့ကို တင်ပြ ခဲ့ခြင်းသာ ဖြစ်ပါသည်။ ယခု
အပိုင်း (၅)မှ စ၍ ရွေးချယ်မှုတို့နှင့် ရုန်းကန်မှုတို့ အပေါ် ကျနော်၏
ရူမြင်ပုံကို တင်ပြလိုက် ပါသည်။ (မှတ်ချက်။ ။စာရေးသူ))

ရွေးချယ်ခြင်း …
ရွေးချယ်ခြင်း ဆိုသည့် စကားလုံး အဓိပ္ပါယ်ကို ဘယ်လို ဖွင့်ဆိုနိုင်ပါ
မည်နည်း။ နှစ်ခုထဲမှ တစ်ခုကို ရွေးတာလား။ အရာများစွာထဲက တစ်ခု
သို့မဟုတ် တစ်ခုထက် ပိုသော အရာ တစ်ချို့ကို ရွေးချယ်ပါသလား။
သက်ရှိ လူ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့ များက
သက်ရှိဖြစ်သော လူ၊ အခြား သက်ရှိများ သို့မဟုတ် သက်မဲ့ ပစ္စည်းများ
ကို ရွေးချယ်ခြင်း ပြုလုပ်သောကြောင့် ဤစကားလုံး ပေါ်လာသည်ဟု
ကျနော် ထင်ပါသည်။

zruler.jpg


ဒီနေရာမှာ လွတ်လပ်စွာ ရွေးချယ်ခြင်း၊ ရှိတဲ့အထဲက အကောင်းဆုံးဟု
သတ်မှတ်ပြီး ရွေးချယ်ခြင်း၊ ရွေးစရာမရှိ၍ ယူလိုက်ရသော အဖြစ်သဘော
ရွေးချယ်ခြင်း စသဖြင့် အယူအဆ မျိုးစုံ ရှိနိုင်ပါသည်။ ရွေးချယ်မှုပိုင် ဆိုင်ရာ
စည်းမျဉ်း ဥပဒေသများ၊ ဘောင်များ ရှိတတ် ပါသည်။


ဥပမာ ။ ။ အခြေခံပညာ နောက်ဆုံး စာမေးပွဲ အမှတ်စာရင်း အရ
အရပ်ဘက် နည်းပညာတက္ကသိုလ် ၀င်ခွင့် အမှတ် မပြည့်မီ
သောကြောင့် စစ်ဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် တက်
ရန် ရွေးချယ်လိုက်ပြီး ယခုအခါ ရုန်းထွက်လို့ မရပါ။

တခါတရံ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် ရွေးချယ်လိုက်သော အဖြစ်
များလည်း ရှိတတ်ပါသည်။

ဥပမာ။ ။ ကိုယ့်ချစ်သူက စွန့်ခွာသွားသောကြောင့် အိမ်ရှိ မိဘများက
သဘောတူသော အမျိုးသား/အမျိုးသမီး ကို လက်ထပ်ရခြင်း။

ဒီနေရာ လူအတော်များများသည် မိမိတို့ ကိုယ်တိုင် သော်လည်းကောင်း၊
ပတ်ဝန်းကျင်ကြောင့်သော် လည်းကောင်း ရွေးချယ်မှုကို ပေတံ တစ်ခုနဲ့
တိုင်းတာလေ့ ရှိကြပါတယ်။ အဲဒီ ပေတံသည် ဘာသာရေး၊ လူမျိုးရေး၊
အတွေးအခေါ်၊ ဆင်းရဲ ချမ်းသာ ကွာဟမှု၊ အတတ်ပညာ အသိပညာ
အဆင့် အတန်း၊ အခွင့်အရေး ရလိုမှု၊ ရေရှည်အကျိုးစီးပွား၊ လတ်တလော
အကျပ်အတည်း၊ စားဝတ်နေရေး အခက်အခဲ၊ အသက် ဆက်လက်ရှင်သန်
လိုမှု၊ အပန်းဖြေ ပျော်ရွှင်လိုမှု စသဖြင့် ရှိတတ် ပါသည်။

ပေတံ …
လူတိုင်းရယ့် ခေါင်းထဲမှာ သူတို့ရယ့် ယခု လက်ရှိ ဘ၀နဲ့ အနာဂတ်
အကျိုးစီးပွား အတွက် ပေတံလေးတွေ ရှိကြ ပါသည်။ ဘယ်သူကို ဆရာ
တင်မယ်၊ ဘယ်သူကို သူငယ်ချင်း မိတ်သဂ်ဟ လုပ်မယ်၊ ဘယ်သူကို
ဘယ်အချိန်မှာ မြှောက်ပင့် ပြောဆိုပြီး မိတ်ဖွဲ့မယ် စသဖြင့် ကြိုတင်
တွေးခေါ် တိုင်းတာလေ့ ရှိပါသည်။ ကြိုတင် ပြင်ဆင်မှု အချိန်အနည်း
ငယ် မိနစ်ပိုင်း၊ စက္ကန့်ပိုင်း ရသော သူနှင့် ကာလ ကြာရှည်စွာ ပြင်ဆင်
ထားသော သူ ဟူ၍သာ ကွဲပြား ပါသည်။ လူသည် တစ်ခုခုကို ပြုလုပ်
ရန် ကြံစည်နေရင် သေဆုံး ရသည်ဟု ဘာသာရေး ကျမ်းစာများက
ဖော်ပြ ထားပါသည်။ ဘာမှ မကြံစည်ဘဲ သေဆုံးသူ ဟူ၍ မရှိပါလို့
လည်း ဖော်ပြ ထားပါသည်။ သာမန် လူသားသည် သူ့စိတ် အတွင်း
တစုံတရာအား တစ်ခုခု ပြုလုပ်ရန် ကြံစည်လျက် အသက် သေဆုံးခြင်း
ကို တွေ့ကြုံရသည်။ ထိုကြောင့် မသေခင် ပြုလုပ်ခဲ့သော သာယာခဲ့
သော စိတ်အလျင်ကြောင့် သေခါနီး ဖြစ်ပေါ်သော အာရုံနိမိတ်များကို
အဆွဲပြုပြီး ဘ၀ အသစ်ကို ဖြစ်စေကြောင်း ဗုဒ္ဓ ဘာသာဝင်များနှင့်
ဟိန္ဒူဘာသာဝင် တချို့က ယုံကြည်လက်ခံ ကြပါသည်။

zboxing.jpg

ဒါဆို လူဆိုတဲ့ သတ္တ၀ါသည် အကြံအစည် စိတ်ကူးရှိသော သတ္တ၀ါ။
သူရယ့် ကြံစည်မှုမှာ သူက လွဲပြီး ကျန်တဲ့ အရာတွေကို ဘယ်လို
တိုင်းတာ ဆုံးဖြတ်သလဲ။ အဲ ရောက်ပါပြီး ကျနော်ပြောချင်တဲ့ ပေတံ။
ကလေးဘ၀က ပေတံသည် မိဘထံမှ ဆင်းသက် ပါသည်။ မိဘက
ဒါက ပူတယ်၊ ဒါက အေးတယ်၊ ဒါက ချိုတယ်၊ ဒါက စပ်တယ် စသဖြင့်
ပါ။ အဲဒီပေတံကို အမွေဆက်ခံခြင်း သို့မဟုတ် ပုံလောင်းခြင်းလို့ ခေါ်
မယ် ဆိုရင် မမှားနိုင်ပါလို့ ကျနော်တော့ ထင်ပါသည်။

ဥပမာ ။ ။ သမီး ကျောင်းရောက်ရင် ရှေ့ဆုံးတန်းမှာ ထိုင်နော်။
စာတော်တဲ့ သူနဲ့ဘဲ သူငယ်ချင်းလုပ်။ ချမ်းသာတဲ့ သူငယ်
ချင်းကို ရွေးပေါင်း။ အနာရောဂါ ရှိတဲ့ လူတွေကို သတိထား။
အ၀တ်အစား နွမ်းပါးတဲ့ သူတွေနဲ့ သိပ်အရောမ၀င်နဲ့။


(ဆက်လက်ဖော်ပြမည်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: Tokyo Dome သို့အလည်တစ်ခေါက်

Tokyo Dome သို့အလည်တစ်ခေါက်

မဗေဒါနဲ့ တွေ့ရာဝယ် မှာ မဗေဒါနဲ့ စတွေ့တဲ့အကြောင်းတော့ ရေးပြီးပြီ။ ဒီတစ်ခါ Tokyo Dome ကို ရောက်တဲ့အကြောင်း ရေးမယ်နော်။ :z

Tokyo Dome က ဝင်ကြေးမပေးရဘူးသိလား။ နှစ်ယောက်သား ခပ်တည်တည်နဲ့ ဝင်လာလိုက်တယ်။ စစချင်း တွေ့ရတာကတော့ ဖရုံသီးတွေနဲ့ အလှဆင်ထားတဲ့ အဝင်ဝပါ။ Halloween ပွဲတော်ရောက်ခါနီးပြီးမလို့ အလှဆင်ထားတာပါ။ လှတယ်ဟုတ်။ :zဒါလေးကတော့ အလည်လောက်ကို ဝင်လာတော့ တွေ့ရတဲ့ Halloweenလေးပါ။ သရဖူလေးတောင် ဆောင်းထားသေး။ :z ချစ်စရာလေးနော်။ ရယ်ပြနေပုံလေးက ကြောက်စရာလည်း ကောင်းဘူး။ ;) အဲဒီမျက်နှာထဲကိုဝင်ပြီး ဓာတ်ပုံရိုက်လို့ရတယ်သိလား။ :z များသောအားဖြင့်၊ ကလေးလေးတွေ ဝင်ရိုက်နေတာတွေ့ပါတယ်။ ဟိ ဟိ၊ ကလေးဆိုးကြီး နှစ်ယောက်လည်း ဝင်ရိုက်ခဲ့တယ်သိလား။ :p



ဘေးချင်းကပ်ရက်မှာ အဲဒီအရုပ်လေး သုံးရုပ်ထိုင်နေတာတွေ့လို့ သွားရောက် စပ်စုကြည့်တော့ Halloweenဝတ်စုံဝတ်ပြီး အဲဒီအရုပ်တွေနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်တဲ့။ "ဪ၊ ဟုတ်လား။ ဒါဆို၊ ကျမတို့လည်း ရိုက်ချင်ပါတယ်" လို့ ပြောတော့ သူက "Stamp ထုပြီး လာပြပါ"....တဲ့။ Stamp လာပြရင် Halloweenဝတ်စုံနဲ့ အလကား ဓာတ်ပုံရိုက်ပေးမယ်တဲ့။ ကိုယ့် Cameraနဲ့ ကိုယ်ဆိုရင်တော့ အရုပ်နဲ့တော့ ရိုက်လို့ ရတယ်။ Halloweenဝတ်စုံတော့ ပေးမဝတ်ဘူး.....တဲ့။ :c ဟင့် ဟင့်။ Halloweenဝတ်စုံလေး ဝတ်ချင်ပါတယ်ဆိုမှ။ သူတို့က Stamp ပြမှ.....တဲ့။

ဒါနဲ့ မဗေဒါက "Stamp ရအောင် ငါတို့ လက်မှတ်သွားဝယ်ကြရအောင် "လို့ ပြောပါတယ်။ ဒီလိုနဲ့၊ လက်မှတ်ရောင်းတဲ့နေရာဆီကို ချီတက်ခဲ့တော့တာပေါ့နော်။ :z ကံကောင်းချင်တော့ ဒီနေ့က အမျိုးသမီးတွေအတွက် အထူးနေ့ဖြစ်နေပြီး ယန်း(3000)တန်လက်မှတ်ကို ယန်း(500) Discount ရပြီး ယန်း(2500)ပဲ ပေးရတယ်သိလား။ အမျိုးသမီးဖြစ်ရတာ ဒီတစ်ခါတော့ ကောင်းတယ်။ ;)
တကယ်တော့ မဗေဒါတစ်ယောက်တည်း လက်မှတ်ဝယ်တာပါ။ သတ္တိခဲ ကျမက မဝယ်ဘူး။ ;) ဟိဟိ၊ ကျမက ဘာမှ မစီးရဲဘူးလေ။ မြင်တာနဲ့တင် လန့်နေပြီ။ :y စီးလိုက်လို့ကတော့ သေသွားမလားပဲ။ :y အဲလောက် သတ္တိကောင်းတာ။ :p မဗေဒါက သူမတစ်ယောက်တည်း ဖြစ်နေလို့ အတင်းခေါ်သေးတယ်သိလား။ ကျမက "ငါသေရင် နင်တရားခံ ဖြစ်သွားလိမ့်မယ်နော်" ;) လို့ ခြိမ်းခြောက်လိုက်တော့မှ ဒါဆိုလည်း "တစ်ယောက်တည်းပဲ စီးတော့မယ် " ဆိုပြီး ဖြစ်သွားတယ်။ :z

စစချင်း စစီးတာက Thunder Dolphinပါ။ Disney Landမှာ ရှိတဲ့ အရာထက် ပိုမြင့်တယ်ဆိုပဲ။ ကျမကတော့ ကြည့်တာနဲ့တင် လန့်လို့ ဆက်မကြည့်တော့။ ;) ဒါပေမယ့်၊ သူမကို လိုက်ပို့လိုက်ပါတယ်။ အပေါက်ဝထိလေ။ :z သူမကအမှတ်တရ နဲ့ မှတ်တမ်းတင်ခိုင်းလို့ Video ရိုက်ပေးလိုက်တယ်။ ဟိ ဟိ၊ "သတ္တိခဲကြီး မဗေဒါ၊ အဆင်ပြေပါစေ။" လို့တောင် Video ရိုက်ရင်း၊ ကျန်လက်တစ်ဖက်က လက်ပြရင်း၊ ဆုတောင်းပေးလိုက်သေးတယ်သိလား။ :zဟိုရောက်ဒီပေါက်သွားနေတဲ့ Thunder Dolphin ကြီးက အဆောက်အဦးကြီး တစ်ခုကနေ ထွက်လာသေးတယ်သိလား။
အပေါ်ကနေ မြင်ရတဲ့ Thunder Dolphin ပါ။ :z (Big-O စီးတုန်းက မြင်ရတာလေ။) ;)

တတ်သလောက် မှတ်သလောက် Camera နဲ့ Video ရိုက်ထားတာပါ။ မဗေဒါ တင်တော့မှ သေချာ ကြည့်ကြည့်တော့နော်။ :p အခုကတော့ အမြည်းပေါ့။ :z


ဆက်ရန်။
မကြာမီ ၊ လာမည်။
မျှော်။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Republic] 1 New Entry: CONCEPTION

CONCEPTION


စိတ်ကူးစိတ်သန်း

ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ဒါမှမဟုတ် တစ်ချိန်တည်းမှာ တိုးတက်အောင် ပြုလုပ်ဖို့ ဖြစ်တန်ချေ
တစ်စုံတစ်ရာ ရှိနိုင်ပါသလား ၊၊ သတ္တလောက ဘ၀ကြီးထဲ တစ်စုံတစ်ရာ ဖြစ်တည်ရှိလာ နဲ့တစ်ပြိုင်နက် ထိုအရာကို ချက်ချင်းပြောင်းလဲယူဖို့ ၊တိုးတက်အောင်လုပ်ယူဖို့ဆိုတာ အလွန်တရာမှခက်ခဲလှမှာပါ ၊၊ထိုပြောင်းလဲမှုမျိုးကိုလည်း
ကျွန်တော်တို့တွေ ကိုယ်တိုင်မြင်တွေ့နိုင်ရမှလည်း နားလည်လက်ခံပေးလို့ ရမှာပါ ၊၊ပြောင်းလဲမှုတွေကို ကျွန်တော်
တို့နောက်ထပ် မမြင်တွေ့နိုင်တော့မယ့် အချိန်ကာလဟာ ပျက်ဆီးခြင်း(သို့) သေဆုံးခြင်းကာလပါပဲ ၊၊ ဆိုလိုတာက
တော့ ပျက်ဆီးခြင်း(သို့) သေဆုံးခြင်းဟာ ပြောင်းလဲခြင်းတစ်ခု သာဖြစ်ပါတယ် ၊၊

ထိုပြောင်းလဲခြင်းတွေ နောက်ကို ကျွန်တော်တို့ မလိုက်သွားနိုင်ခဲ့ပါဘူး ၊၊အချိတ် အဆက်တွေ ကိုလည်း မမြင်တွေ့နိုင်
လိုက်ပါဘူး ၊၊ပုံဖော်တွက်ချက်မှုတွေ ကိုလည်းမလုပ်လိုက်နိုင်ပါဘူး၊၊ဒါကြောင့်လည်း ကျွန်တော်တို့တွေဟာ နိဂုံးချုပ်မှာ
ပြီးဆုံးခြင်း ၊အဆုံးသတ်ခြင်း စကားလုံးများ အဖြစ်နဲ့သာ ပြောဆိုလက်ခံလိုက်ကြပါတယ် ၊၊ ဒါပေမယ့် ဘ၀ရဲ့အဆုံး
သတ်မှာ ဆုံးရှုံး ပြီးဆုံးသွားခဲ့ရတဲ့ အရာရာတိုင်းကို ပျက်ဆီးခြင်း ၊ သေဆုံးခြင်း အဖြစ်မှတ်ယူလို့မရပါဘူး ၊၊ တစ်ကယ်
တော့ ဒီစကားလုံးတွေ ဟာ ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်ယူဆချက် ၊ စိတ်ကူးစိတ်သန်းတွေပါပဲ ၊၊ ကိုယ်ပိုင်ယူဆချက် စိတ်ကူးစိတ်သန်းတွေ အားလုံးဟာ တည်ငြိမ်ခိုင်မြဲမှု မရချိန် အတွင်းမှာသာ မှန်ကန်တတ် တာပါ၊၊ နက်နဲသိမ်မွေ့မှုတွေ၊ ဆန်းကြယ်မှုတွေ ကို နားလည်သဘောပေါက်တာ နဲ့တစ်ပြိုင်နက် ကိုယ်ပိုင်ယူဆမှု စိတ်ကူးစိတ်သန်းတွေ နောက်ထပ် တည်မြဲနိုင်တော့မှာ မဟုတ်ပါဘူး၊၊

ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သန်း ယူဆချက်တွေဖြစ်တဲ့ အစပြုခြင်း၊အဆုံးသတ်ခြင်း စကားလုံးများအားလုံးဟာ တစ်ခါ
တစ်ရံမှာ လွဲမှားနေတတ်ပါတယ် ၊၊ ဘ၀အကြောင်းအရာများကိုပိုမို လေ့လာသင်ယူမိလေလေ ၊မှားတတ်တဲ့ ကိုယ်ပိုင်ထင်
မြင်ယူဆချက်၊ စိတ်ကူးစိတ်သန်းတွေကိုပိုမို နားလည်သဘောပေါက်မိလာ သလိုပါပဲ ၊၊ ဒါဟာ "မသင်ယူခြင်း နိယာမ"
တစ်ခုပါ ၊၊လူတစ်ချို့( ကိုယ်တိုင်အပါအ၀င်ပါ )ဟာကိုယ်သင်ယူတတ်မြောက်ခဲ့တဲ့ အရာအားလုံးအတွက် ကျေနပ်ဂုဏ်ယူ
တတ်ပါတယ် ၊၊နောက်ထပ် လေ့လာသင်ယူမှု ပြုလေလေ အသစ်အသစ်တွေကို ပိုမိုတွေ့ရှိလာရ စမြဲပါပဲ ၊၊သင်ယူခြင်း
အရာများ အားလုံးရဲ့ အဆုံးသတ်ဟာ " မသင်ယူခြင်း နိယာမ " အတွင်းမှာ ရှိနေတာ ကိုဖော်ပြနေသလိုပါ ၊၊

ကျွန်တော်တို့ တွေအားလုံးဟာ တူညီတဲ့ ကမ္ဘာကြီးပေါ်ရှိ ၊ တူညီတဲ့နေရောင်အောက်မှာအတူတစ်ကွ လမ်းလျှောက်နေ
ခဲ့ကြတာပါ ၊၊ဒါပေမယ့် ကွဲပြားခြားနားတဲ့ အမြင်များစွာတွေနဲ့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ကြည့်မြင်ခဲ့ ကြပါတယ် ၊၊
ကျွန်တော်တို့ရဲ့ မတူနိုင်တဲ့ဘ၀တွေနဲ့ စကားလုံးတိုင်းရဲ့ နားလည်မှု အဓိပ္ပါယ်တွေဟာလည်း ကွဲပြားမှုရှိ ကြမှာပါ ၊၊ဘာ
ပဲဖြစ်ဖြစ် ၊ ကိုယ့်ကိုကိုယ် နားလည်သဘောပေါက်သူ တစ်ယောက်အဖြစ် ကိုယ်ပိုင်ထင်မြင်ယူဆချက် စိတ်ကူးစိတ်သန်း
များစွာနဲ့ ဘ၀ကိုမှန်ကန်စွာ တိုးတက် ပြောင်းလဲယူတတ် နိုင်ပါစေဗျာ ၊၊ ၊၊



Photo originally uploaded by
Dominic Kamp's

You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ - အပိုင်း(၂)

စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ - အပိုင်း(၂)





You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myanmar OA6] 1 New Entry: အရိုင်းအစိုင်း

အရိုင်းအစိုင်း


အပေါ်ကဓါတ်ပုံကတော့ ကျွန်တော့်ဘလော့ဂ်ရဲ့ "Hit တက်ချင်သလား?" ဆိုတဲ့ ပို့စ်မှာ မိုက်ရိုင်းတဲ့ Comment တစ်ခု ရေးခဲ့တဲ့ ဘလော့ဂ်က Banner ဓါတ်ပုံပဲ ဖြစ်ပါတယ်။ အဲဒီဘလော့ဂ်နာမည်ကို "Thura Sao Yan Naing" ဆိုပြီး ပေးထားတာတွေ့ရပါတယ်။ ဘယ်ကမှန်း မသိပေမယ့် လူအများမြင်သာတဲ့ Comment လိုနေရာမှာ ဒီလိုလာရေးတာကတော့ ယဉ်ကျေးမှုခေါင်းပါးလွန်းတဲ့ အရိုင်းအစိုင်းတစ်ယောက်လို့ ကျွန်တော်တော့ သတ်မှတ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://myanmaroa6.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[mAunG mYo's Heartfelt] 1 New Entry: ရင်ဘတ်ထဲ ထည့်သွားတယ်..။

ရင်ဘတ်ထဲ ထည့်သွားတယ်..။


အချိန်က ည ၉ ကျော်ကျော် နယ်မြို့ လေးတစ်မြို့ရဲ့ အင်္ဂါရပ်နဲ့  အညီ လူရှင်းနေပါပြီး ။ အဲ့ဒီညက အိမ်ကလေးမှာ ငိုသံတွေ ရယ်သံတွေ ပျောက်ဆုံးနေတယ် ။
" ပစ္စည်းတွေ ကျန်မယ်နော် ခလေး နင် ဘာယူသွားအုံးမလဲ "
"ဟင်အင်း...တော်ပြီးနေပါစေတော့ " အငယ်လေးတွေက သူ့ ကိုကြည့်နေတယ် ဒီနေ့ အိမ်ကလေးမှာ ထူးဆန်းနေတယ်ဆိုတာကို သူတို့ လည်းသိကြတယ်ထင် တယ်။ လူကြီးတွေကတော့ ၀မ်းနည်းစိုးရိမ် တဲ့ မျက်နှာတွေနဲ့ ပေါ့ ။တစ်ခါခါ မိုးတွေ ရွာတက်တဲ့ ပူပြင်းတဲ့မေလထဲမှာပါ ဘုရားဦးသုံးကြိမ်ချ ပြီးတော့ အဖေ နဲ့  အမေ့ ကို ကန်တော့တယ် ။ ဟန်မပျက်ပဲ ဆုပေးနေတာက အဖေ အသံမထွက်ပဲ မျက်လုံးတွေနဲ့ ပဲစကားပြောနေတဲ့ အမေ ။
"သား ...ကားသွားစောင့်တော့မယ် လိုက်မပို့ ကြနဲ့ တော့ "
အမေက အိမ်နောက်ဖေးထွက်သွားတယ် သူသိတာပေါ့ ကြိတ်ငိုနေမယ်ဆိုတာ ဆိုနင့်နေတဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ် မလှည့်ကြည့်ဘူးး ခြေလှမ်းတွေကို ရပ်တန့် စေနိုင်တဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲလို့ ပါ။

လမ်းမှာ အိပ်ငိုက်မှာစိုးလို့  ကော်င်္ဖီခါးခါးတစ်ခွက် သောက်လိုက်တယ် ရှေ့ဆက်ဖို့ အတွက် ခါးသက်မှုတွေရဲ့ အရိပ်ယောင်တွေကို ကော်ဖီခါးခါးက ဘာသာဗေဒတစ်ခုနဲ့  ပြောပြလိုက်တာပါ။ ကွာတာဘောင်းဘီတိုလေး နဲ့ ရှပ်အကျီင်္လေးတစ်ထည် ကိုဝတ် စာရွက်အပိုင်းစလေးတစ်ခု ၁၂ နှစ်ပါးဒုက္ခတွေနဲ့ ရင်းထားရတဲ့ စာရွက်လေးပေါ့ ပြီးတော့ ၅ စုံလောက်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးကို ထမ်းပြီး စွန့် စားခန်းထွက်ခဲ့တာ ကြောက်တယ် ဘာကိုလဲမသိ ။တစ်ယောက်တည်းနဲ့  တစ်ခါမှမရောက်ဖူးတဲ့ အရပ်ဒေသကို မျှော်လင့်ချက်ရောင်ခြည်သဲ့သဲ့လေးနဲ့  စွန့်စားခန်းတစ်ခု ဘယ်သူက သူရဲကောင်းဖြစ်မလဲဆိုတာ မသိသေးပါဘူးး။ အသက်ကလေးက ၂၀ စွန်းစ လူကြီးစိတ်နဲ့  ခလေးကိုယ် ယောင်ဝါးဝါးနဲ့ ဆန်အိတ်တစ်အိတ်ကိုတောင်မ မနိုင်သေးတဲ့ သူ ။

မမြင်ဖူးတာတွေ မြင်ရ မစားဖူးတာတွေ စားရ တစ်ခါမှ မကိုင်ဖူးတဲ့အသပြာအနည်းငယ်ကို ရွှေတုံးကြီးကောက်ရသလို ပျော်နေလိုက်တာ ။ ဒီတစ်လစာ အမေ ဖွားလေးမြ ဆီက ချေးထားတဲ့ အတိုးနဲ့ ပိုက်ဆံလေးဆပ်ဖို့  ငါပို့ လိုက်အုံးမှပဲ တစ်ဆယ်တိုးတောင်ဆိုတော့ မသက်သာဘူး အမေ၀မ်းသာမှာ ပျော်လိုက်တဲ့ဖြစ်ချင်း သူက သိပ်ကိုတော်တဲ့သားတစ်ယောက်ဖြစ်ချင်တာလေ ။ နောက်တစ်လ အစ်ကိုသူများကို ရိုက်လိုက်ပြန်ပြီး လျှောရအုံးမယ် စိတ်ညစ်ပါတယ်နော် "လူကြုံလာရင် ၀င်လာခိုင်းလိုက် အမေ " အားနာတဲ့အသံနဲ့  အမေက " အေး ငါ့သား " တဲ့ ။ အ၀တ်စားတွေထပ်လာတော့ အလုပ်နားတာနဲ့  လျှော် ချွေစောနံ့ နေပြီး " ဒါပဲ ..ရှိတာလား" ဆိုတဲ့ ခနဲ့ တဲ့စကားတွေကို မြေမြှုပ်ခဲ့တဲ့ မာနတွေက မော်မကြည့်ရဲခဲ့ဘူး ။ ဗိုက်ဆာတယ် ဟင်းလည်းမရှိ မေ့နေလိုက်တာ မြေပဲနဲ့  ငါးပိရည်စပ်စပ်လေးနယ်စားလိုက်လည်းဖြစ်တာပဲ ရွာမှာတုန်းကလည်း ဒီလိုပဲစားခဲ့တာပဲ အားလုံးကိုမေ့ အစာအိမ်ကိုအားဖြည့်လိုက်တယ် ။

ဒီလတော့ အ၀တ်စားလေးတစ်စုံလောက်ဝယ်မှပဲ ပါလာတာလေးတွေလည်းတော်တော်ဟောင်းနေပြီး ။ ကြည့်ပဲကြည့်ခဲ့ရတဲ့ကြွရွနေတဲ့ ကွပ်စိပ်အင်္ကျီလေးတွေ အကောင်းစားတံစိပ် ဘောင်ဘီးတွေ ပိုက်ဆံပြန်တွက်ကြည့်တော့ ဘုရားတရတဲ့အဖြစ် တော်ပါပြီလေ ရှိတာလေးနဲ့ ပဲလှအောင်ဝတ်တော့မယ် တစ်ရာဖိုး ၃ ထည်ရတဲ့ ဘောင်ဘီတွေ ပြီးတော့ အဖြူရောင်ရှပ်ကလေးတွေ စွန့် စားပြီးဝယ်လိုက်တယ် ။အော်ခံရတာလား အော်ပါစေပေါ့ သူအာညောင်းရင် တိတ်သွားလိမ့်မယ် ။ မနာလိုတဲ့သူတွေများတာလား မသိဟန်ဆောင်လိုက်တယ် ထမင်းရှင်ကြည်ဖြူရင်တော်ပြီး ကျန်တာတွေ ခေါင်းထဲမထည့်တော့ဘူးး။ ကျော်ခွခဲ့တဲ့ ချိုက်ခွက်တွေ အများကြီး အပ်ထိုးခံရသလို နာလှတဲ့ စကားတွေ အမျာကြီး ခုနေပြန်ပြော ပါစပ်ရာဇ၀င်ထက် ဘာမှမပိုလာတော့ဘူး ။ဖျက်လတ်နေတယ် ခေါ်သံကြားတာနဲ့  တက်ကြွနေတက်တယ် ။

ရက်တွေကို လစား လတွေကိုနှစ်စားလာတော့ ပြောင်းလဲသွားလိုက်တာ သူ့ ကိုယ်သူတောင်မသိတော့ဘူး မှန်ကြည့်လိုက်တိုင်း မျက်နှာသေနဲ့  လူတစ်ယောက် ၊ ပြုံးလိုက်တိုင်း မပီပြင်တော့တဲ့ မဲ့ပြုံး၊ ပြောလိုက်တဲ့စကားတွေမှာ ဖော်ရွေမှုတွေ မရှိတော့ဘူး ၀တ္တရားကြေ ပုံစံက မသင်ပဲနဲ့ တက်သွားတယ်။ တစ်ခွန်းပဲ ခေါ်ရတဲ့ ခေါ်သံတွေကို မလှုပ်တစ်လှုပ် သူက ၃ ခွန်းလောက်နေမှ ကြားသလိုလို မကြားသလိုလိုနဲ့  အရွဲ့ တွေလည်းတိုက်တက်လာတယ် ။ ရက်ပေါင်း ၇၃၀ မှာ စီးခဲ့တဲ့ ဖိနပ်တစ်ရံကိုလည်း ခဏခဏ လွှင့်ပစ်မိတယ် ။ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးထဲမှာလည်း ရေပါအောင်မခပ်ခဲ့တော့ဘူး ။ မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် ကိုလည်း ဆွဲစုတ်ပစ်လိုက်တယ် မုန်းလွန်းလို့  ။သွားစမ်းပါ ခဏတော့ အားလုံးကို လွှင့်ပစ်တော့ မနေ့ ကလည်းမသိ မနက်ဖြန်ဆိုတာ မရှိပဲ ဒီနေ့ မှပဲ သူပျော်အောင် နေချင်တယ် သေတဲ့အထိနေလို့ ရရင်ပိုတောင်ကောင်းသေး။

မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ်အစား အခုတော့ အရှုံးတွေကိုရင်ဝယ်ပိုက် ၊ ပျက်စီးနေတဲ့အစာအိမ်တစ်ခုတည်း ကို မူးယစ်စေတဲ့ အရည်တွေ မြိုချပစ်လိုက်တယ်။ ထုံအအဖြစ်သွားတဲ့ ပုံစံနဲ့ ပေတေတေ ဖြစ်ချင်တာဖြစ်ပေါ့ လုပ်တာတွေမဖြစ်တော့ ဖြစ်တာတွေ လုပ်လိုက်တာ အကောင်းဆုံးပဲ ။တစ်ချို့ တွေက ပြန်ထစမ်းပါဆိုပြီး လက်ကမ်းကြတယ် ၊ စကားတွေနဲ့  အားဆေးတွေတိုက်ကြတယ် ၊ တစ်ချို့က လူနာသတင်းမေးသလို
ဟန်ဆောင်ခြင်းအနုပညာတွေနဲ့  ။ ဒီနေရာ လမ်းခွဲလေးက ပျော်ခဲ့ရတဲ့ အပေါင်းသင်းတွေနဲ့  ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးဆီ အခွင့်ကြုံရင်လာပြန်ထိုင်ပြီး စကားတွေတစ်ဝကြီးပြောတာပေါ့ ခုတော့ လမ်းခွဲလေးကိုရောက်တော့မှာမို့  အိပ်စက်အနားယူဖို့ အရိပ်ကောင်းကောင်းတစ်ခုကို ရှာလိုက်အုံးမယ် ။ လက်ဖက်ရည်ဆိုင်လေးက အမှတ်တရတွေကို ရင်ဘတ်ထဲ ထည့်သွားတယ် လေးသလားဆိုတော့ မပြောပါရစေနဲ့ တဲ့ ။





You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နေနတ်နွယ်] 1 New Entry: အသိပေးခြင်း

အသိပေးခြင်း

အကြောင်းကြောင်းကြောင့် ကျနော်တို့ မနားတော့ပါ။ စာဖတ်ပရိသတ်များအတွက် များစွာသော သတင်း ပုလင်း ၊ သရော်စာ ၊ ဆော်စာများကို မွေးထုတ်ပေးရန် အတွက် နောက်လာမည့် အပတ်မှ စတင်ပါတော့မည်။ :)

ဒီကို သွားရောက်လည်ပတ်ကဖို့ တိုက်တွန်းလိုပါသည်။ http://mmedwatch.burmabloggers.net/

You received this email because you are subscribed to the real_time feed for http://www.naynatnwe.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: ABSDF နှစ် နှစ်ဆယ်ပြည့် တော်လှန်ရေးအင်အားတွေ ပိုမို ဖြည့်ကြ(နိုဝင်ဘာလ ၁ ရက်)

ABSDF နှစ် နှစ်ဆယ်ပြည့် တော်လှန်ရေးအင်အားတွေ ပိုမို ဖြည့်ကြ(နိုဝင်ဘာလ ၁ ရက်)













ကိုမိုးသီးဇွန် နှင့် မ က ဒ တ ခေါင်းဆောင် ရဲဘော်များ

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 1 New Entry: မင်းကိုနိင်ကို စစ်အစိုးရ က မအူပင်ထောင်ကို ရွှေ့လိုက်ပြီ

မင်းကိုနိင်ကို စစ်အစိုးရ က မအူပင်ထောင်ကို ရွှေ့လိုက်ပြီ


မင်းကိုနိင်နဲ့ ကျောင်းသားခေါင်းဆောင် ၆ ဦးကို နအဖ စစ်အစိုးရ က မအူပင်ထောင်ကို မနေ့ က ရွှေ့ပြောင်းလိုက် တယ် လို့ သတင်းရပါတယ်။ မင်းကိုနိင်နဲ့  ၈၈ကျောင်းသားခေါင်းဆောင်တွေကို တရားရုံးကို မထေမဲ့ မြင်ပြုလုပ်မှုနဲ့  ထောင် ၆ လ မတရားပြစ်ဒဏ် ချမှတ်အပြီး မှာ ခုလို ထောင်ကိုရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MYANMAR POLITICAL NEWS AND IDEAS] 1 New Entry: AUNG SAN POEM

AUNG SAN POEM

ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏
ညွတ်ကားမညွတ်
--------------------------------------------------------------

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကြုံဆုံမိသမျှ] 1 New Entry: Your Title wants to be your loyal fan

Your Title wants to be your loyal fan

Hi kkwinmoe.kkwinmoe!

Your Title wants to be your loyal fan!

Automatically sign in to view Your Title's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

You received this email because you are subscribed to the real_time feed for http://kkwinmoe.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Random] 1 New Entry: ရူးပေါဂိုဏ်းကိုတည်ထောင်ခြင်း

ရူးပေါဂိုဏ်းကိုတည်ထောင်ခြင်း

တွေ့ကရာရှစ်သောင်းတွေရေးတဲ့ မောင်အန်ဒီလက်ဆော့လိုက်တာနဲ့ပဲ ရူးပေါပေါဂိုဏ်းကိစ္စက ကျယ်ပြန့်သွားတော့တာ..
စိတ်ဝင်တစားလာရောက်မေးမြန်းသူများကိုလည်း ကျေးဇူးတင်ပါတယ်..
ရူးပေါဂိုဏ်းဝင်ချင်သူများအနေနဲ့ ဒီ Random မှာပဲဖြစ်ဖြစ် ဂိုဏ်းချုပ် မှာပဲဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ပါတယ်.. အသင်းအမှုဆောင်များကတော့ နန်းညီ..ဗီလိန်.. အန်ဒီနဲ့ ဂျဲဂျယ်တို့ပါပဲ.. စည်းကမ်းချက်ကတော့ အမှန်တကယ်ရူးရပေါရမယ် ဆိုတာကလွဲပြီး ထွေထွေထူးထူးမရှိပါဘူး.. ဂိုဏ်းရဲ့ ပုံမှန် လုပ်ငန်းတွေကတော့ ကိုယ့်ဘလော့မှာ ကိုယ် စိတ်ကြိုက် ရူးခြင်းပေါခြင်းများနဲ့ တစ်ခါတရံ သူများဘလော့လည်ပေါခြင်း.. Tag Post များကို အသုံးပြုကာ သူများတကာတွေနဲ့အတူရူးခြင်းတို့ပဲဖြစ်ပါတယ်..

ဂိုဏ်းဖွဲ့စည်းပုံကတော့..

သဘာပတိ - ကိုဂျဲဂျယ်
နာယက - မတူးတူးသာ
ဥက္ကဌ - ကိုအန်ဒီ
အတွင်းရေးမှူး ၁ - ကိုဂါဒင်နာ
အတွင်းရေးမှူး ၂ - ကိုဗီလိန်
စည်းရုံးရေးအမှုဆောင် - နန်းညီ
အကြံပေးအရာရှိ - ခပ်ပိန်းပိန်းလေး
အသင်းသားချုပ်ကြီး - ခေါင်ခေါင်

အဖွဲ့ဝင် ၁ - daydreamer (ကိုယ်ပိုင်ဘလော့မရှိသော်ညား ဥက္ကဌနဲ့ အမှုဆောင်တို့မျက်နှာဖြင့် အသင်းဝင်ဖြစ်လာသူ)
အဖွဲ့ဝင် ၂ - www.punkrockmee.co.cc (မပေါဖူးပေမယ့် ပေါချင်လွန်းလို့ပါဆိုလို့ လက်ခံလိုက်ရသူ)
အဖွဲ့ဝင် ၃ -
အဖွဲ့ဝင် ၄ -

တို့ပဲဖြစ်ပါကြောင်း..

အဖွဲ့ဝင်သစ်များကို ဆက်လက် ကြိုဆိုပါ၏

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ] 1 New Entry: လတ်တလောဖတ်မိသော စာအုပ်များနှင့်အတွေးများ

လတ်တလောဖတ်မိသော စာအုပ်များနှင့်အတွေးများ

ပန်နီဆူးလားမှာ မြန်မာစာအုပ်တွေသွားဝယ်တိုင်း ကျွန်မ ပထမဆုံးခြေလှမ်းလေ့ရှိသော ဆိုင်က `ဒဏ္ဍာရီ´ဆိုင်ပါပဲ။ ဒီဆိုင်ကလေးဟာ စာအုပ်တွေချည်း သီးသန့်ရောင်းသောဆိုင်ဖြစ်သလို စာပေမြတ်နိုးတဲ့ ဇနီးမောင်နှံနှစ်ဦးက ဖွင့်ထားသလို အကူညီလိုရင် လက်မှတ်ကောက်ခြင်းကဲ့သို့ ကိစ္စများကို စေတနာအပြည့်အ၀ဖြင့် ကူညီလေ့ရှိတဲ့အတွက် စာအုပ်များပြားသော ထိုဆိုင်ကိုပဲ ကျွန်မ ထိပ်ဆုံးသွားလေ့ရှိပါတယ်။ စာအုပ်တော်တော်များများကို မကြာခဏ ၀ယ်လေ့ရှိတဲ့ ကျွန်မနှင့် မြန်မာပြည်နှင့်ပတ်သတ် စာအုပ်များကိုဝယ်လေ့ရှိတဲ့ သူ့ကို ဒီဆိုင်ပိုင်ရှင်ကလည်း ခင်မင်ရင်းနှီးနေခဲ့ပါပြီ။

စာအုပ်တွေမြင်ရင် ၀ါးစားသလို ၀ယ်တတ်တဲ့ ကျွန်မတို့နှစ်ယောက်ကို တစ်ခါတစ်လေ အချို့စာအုပ်တွေ စာကြည့်တိုက်မှာ ငှားလို့ရကြောင်းလည်း အကြံပြုပေးတတ်တဲ့အတွက် ပိုမိုသဘောကျမိပါတယ်။ စာအုပ်တစ်ခါသွားငှားရင် ပြန်ပို့ဖို့ အချိန်မရတာတစ်ချက်၊ ကိုယ်ပိုင်စာအုပ်အဖြစ် သိမ်းထားတာကိုပဲ သဘောကျမိတဲ့အချက်ရောကြောင့် စာအုပ်ငှားဖို့ ကျွန်မ တစ်ခါမှ စိတ်မကူးဖြစ်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်မအခန်းက စာကြည့်တိုက်တစ်ခုလို ဖြစ်နေခဲ့ပြီး အိမ်ပြောင်းစဉ်က ကျွန်မပစ္စည်းအားလုံးက ကားကြီးတစ်စီးစာ ရှိနေခဲ့တာကြောင့် အချို့စာအုပ်တွေကို လှူဖို့ ၊ အချို့ပစ္စည်းတွေကို လွှင့်ပစ်ဖို့ ကျွန်မမိဘတွေက မကြာခဏ တိုက်တွန်းလေ့ရှိတဲ့အတွက် ကျွန်မစာအုပ်အချို့နှင့် ပစ္စည်းအချို့ကို သံယောဇဉ်တွေဖြတ်ခဲ့ရပါတယ်။



အရင်လက ပန်နီဆူးလားကိုခဏရောက်ချိန် ဖတ်ဖို့စာအုပ်တော်တော်များများ ဒဏ္ဍာရီဆိုင်ကပဲ ၀ယ်လာဖြစ်ခဲ့တယ်။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က စာရေးဆရာကြီး မြသန်းတင့်ဘာသာပြန်ခဲ့သော `တဂိုးဝတ္ထုတိုများ´။ ယခင်ပို့စ် `သခင်လေးပြန်လာပြီ´၀တ္ထုတိုက ထိုစာအုပ်ထဲမှ ကူးယူဖော်ပြခဲ့ခြင်းပါ။ တဂိုးဝတ္ထုတိုအနည်းငယ်ကိုပဲ ဖတ်ဖူးတဲ့အတွက် စာရေးဆရာကြီးပါရဂူ ဘာသာပြန်စာအုပ်ကိုလည်း ၀ယ်ယူလာခဲ့တယ်။ ဆရာကြီးပါရဂူ ဘာသာပြန်စာအုပ်ကိုတော့ မဖတ်ရသေးပါဘူး။ တဂိုးဝတ္ထုတိုများကို ဖတ်ရင်း အရေးအသား ၊ အဖြစ်အပျက် ၊ နေရာဒေသ ခေတ်စနစ်တွေကို လေ့လာမှတ်သားခဲ့ရပါတယ်။ ၀ယ်ရကျိုးနပ်သော စာအုပ်တစ်အုပ်ပါပဲ။


ဒုတိယ ကျွန်မဖတ်ဖြစ်သော စာအုပ်က ကျွန်မ လေးစားနှစ်သက်ရပါသော `ဆရာချစ်ဦးညို´ စာအုပ်တွေပါပဲ။ သမိုင်းရာဇ၀င်တွေကို နောက်ခံထားပြီး စကားလုံးလှလှ ၊ ခံစားမှုနက်နက်များဖြင့် ရေးဖွဲ့လေ့ရှိသော ဆရာချစ်ဦးညိုစာပေတွေကို ကျွန်မ သိပ်နှစ်သက်ပါတယ်။ ဆရာချစ်ဦးညိုစာအုပ်များအားလုံးကို ကျွန်မသိပ်နှစ်သက်သလို ကျွန်မအသဲနှလုံးကို အလှုပ်ကိုင်နိုင်ဆုံး စာအုပ်က ကျွန်မသဘောကျသည့် မဏိစန္ဒာမင်းသမီးအကြောင်းကို ရေးဖွဲ့ထားသော `မဏိစန္ဒာဥဒါန်း´စာအုပ်ပါပဲ။ `နှင်းကေသရာချစ်တဲ့ သူရဲကောင်း´စာအုပ်ကို ဖတ်မိရင်း ရာဇ၀င်ထဲမှ သူရဲကောင်းများဘ၀နှင့် သူရဲကောင်းများကို ချစ်မိသော မိန်းမသားများဘ၀ ၊ ဘုရင်များ၏ စစ်မက်များကို လေ့လာသုံးသပ်မိပါတယ်။

ထိုစာအုပ်ထဲမှာ ကျွန်မရင်ထဲစွဲသွားသော စကားလုံးက စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ပြီး အရွယ်ရလာချိန် စစ်သူကြီးတစ်ဦး လေးလေးနက်နက်တွေးမိသော စစ်နှင့်ပတ်သတ် အတွေးအခေါ်တစ်ခုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ယခင်ခေတ်မှာ သစ္စာဖောက်တွေကြောင့် ၊ ဘုရင့်အမိန့်အာဏာကြောင့် ၊ မိမိနိုင်ငံအတွက်ကြောင့် စစ်ပွဲတွေဆင်နွှဲခဲ့ရတယ်။ နိုင်ငံတိုးတက်အေးချမ်းသာယာစေရန်အတွက် စစ်ပွဲတွေနှင့် ဖြေရှင်းနေရတာ ဘယ်လိုမှ မတတ်သာခဲ့တဲ့ စစ်သူကြီးများဘ၀မှာ နောင်အနာဂတ်လူသားတွေရဲ့ ပိုမိုတိုးတက်လာမည့် အတွေးအခေါ် ၊ အုပ်ချုပ်ပုံ ၊ ခေတ်စနစ်များကြောင့် ပိုမိုအေးချမ်းသာယာ တိုးတက်လာမည့် အနာဂတ်ရှေ့ဘ၀များကိုပဲ မျှော်လင့်အားကိုးတော့မည်ဆိုသော စကားတစ်ခွန်းကို သေသေချာချာ တွေးနေမိပါတယ်။

လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက ဘုရင့်လက်အောက်မှ စစ်သူကြီးများဟာ ဒီအတွေးကို တွေးရင်း နောင်အနာဂတ်လူသားများအပေါ်မှာ အားကိုးမျှော်လင့်ခဲ့ဖူးပါတယ်။ သိပ္ပံပညာတွေ ၊ စက်မှုစွမ်းအားတွေ တိုးတက်ထွန်းကားလာတဲ့ ယနေ့ခေတ်မှာ ရာဇ၀င်ထဲမှ သူရဲကောင်းကြီးများ မျှော်လင့်ကြိုးစားခဲ့သလို အမှန်စင်စစ် လွတ်လပ်အေးချမ်းသာယာနေပါရဲ့လားဆိုတာ ကျွန်မစဉ်းစားနေမိပါတယ်။ ဘုရင်စနစ် မကုန်ခမ်းသေးသော အာဏာရှင်နိုင်ငံများမှာ ထိုမျှော်လင့်ချက် အပြည့်အ၀ မဖြစ်မြောက်သေးဘူးလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။


တတိယ ကျွန်မဖတ်ဖြစ်တာက ဝေဖန်ခံရခြင်းများသော ဆရာမဂျူး၏ `သူမင်းကို .. ဘယ်တော့မှ´ စာအုပ်ပါပဲ။ အတွေးအခေါ် ရေးသားဟန် အနည်းငယ် ဦးတည်ချက် ပြောင်းလဲလာပြီဖြစ်သော ဆရာမဂျူး၏ ကလောင်သွားကို ကျွန်မ နားလည်မိပါတယ်။ `မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်´လို စာအုပ်မျိုးများ ရေးသားခဲ့စဉ်က ဆရာမဂျူး၏ ရင်တွင်းနက်ရှိုင်းမှု ခံစားချက်များနှင့် ယနေ့ ဆရာမဂျူးဟာ အချိန်အခြေအနေကြောင့် ပုံစံအသစ်တစ်ခု ဖြစ်သွားပြီလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။ ရင်ကိုမှန်သော မြှားချက်များ ပစ်လွှတ်လေ့ရှိသော ဆရာမဂျူးရင်ထဲမှာ ယနေ့ခေတ် လူငယ်များကို ပိုမိုတိုးတက် ကြိုးစားချင်စိတ် ၊ လမ်းသစ်များ ရှာဖွေလေ့လာသင်ယူစိတ် ၊ မကြောက်မရွံ့ ကြိုးစားလိုစိတ်တို့ ကိန်းဝပ်ရှင်သန်နေတယ်လို့ ကျွန်မမြင်မိပါတယ်။


စတုတ္ထ ကျွန်မဖတ်ပြီးသော စာအုပ်က ဆရာမကြီး ခင်နှင်းယု၏ `မြကြာဖြူ´စာအုပ်။ ချစ်ခင်နှစ်သက်ခြင်း မရှိဘဲ အလိုဆန္ဒနှင့် အနိုင်ယူလိုစိတ်အတ္တဖြင့် ဖွဲ့တည်လာသော တက္ကသိုလ်မှ အလှပဆုံးမိန်းမတစ်ယောက်၏ အိမ်ထောင်ရေးဘ၀ ၊ မိမိအိမ်ထောင်ဖက်ကို ထိမ်းမြားပြီး သားသမီးတွေရလာချိန်ထိ ချစ်ခင်နှစ်သက်ရန် စိတ်မကူးဘဲ ဖြစ်ချင်တိုင်းဖြစ်ပျက်နေသော အိမ်ထောင်ရှင်ယောက်ျား ၊ ချစ်သူ၏ သစ္စာမဲ့ခြင်းကို ခံရပြီး အေးမြသောအရိပ်အောက်မှာ တည်ငြိမ်သွားသော အမျိုးသမီးတစ်ဦး။ စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း သင်ခန်းစာတစ်ခုကို ရသလို မြကြာဖြူစာအုပ်ဟာလည်း လူဆိုသော သတ္တ၀ါများ သတိထားရမည့် အချက်များကို ညွှန်ပြပေးတယ်လို့ ယူဆမိပါတယ်။


ကြည်အေး၏ ၀တ္ထုတိုများပေါင်းချုပ်ကို နောက်ဆုံးဖတ်ပြီးခဲ့ပါတယ်။ ကြည်အေးရေးသော `မီ´ဆိုသော ၀တ္ထုရှည်တစ်ခုကိုလည်း ကြိုက်စာရင်းထဲ ထည့်ထားခဲ့ရင်း ၀တ္ထုတိုများကိုလည်း သူ့ခေတ်သူ့အချိန်နှင့်သူ ခံစားကြည့်ချင်တဲ့အတွက် ၀တ္ထုတိုများကို သေချာဖတ်ရှုဖြစ်ပါတယ်။


စာအုပ်အချို့ကို ဖတ်ပြီးသွားချိန် ရင်ထဲမှာ အတွေးပေါင်းမြောက်များစွာဖြင့် ကျန်ရစ်ခဲ့ပါတယ်။ လက်ရှိ ဖတ်နေဆဲစာအုပ်က စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်သော `လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ´။ ဟားဗတ်စ်တက္ကသိုလ်မှ ဘ၀များကို စိတ်ဝင်စား၍သာ ဖတ်နေခြင်းပါ။ တက္ကသိုလ်နွေညများအကြောင်းဖတ်ရင်း မြန်မာလူမျိုးတွေ လွမ်းမောရသော ရန်ကုန်တက္ကသိုလ်ကြီးကို တစ်ခါမှ အလည်တစ်ခေါက်တောင် မရောက်ခဲ့လိုက်ရတဲ့ ကိုယ့်အဖြစ်ကိုယ်လည်း ရံဖန်ရံခါ စိတ်တိုမိပါတယ်။ ကျွန်မ မိဘတွေက လွမ်းမောစကားတွေပြောတိုင်း ကျွန်မမှာ လေးထောင့်ပုံသဏ္ဍာန် အဆောက်အအုံတွေထဲ စားသုတ်သုတ် လာသုတ်သုတ် အပြေးအလွှား သွားနေရတဲ့ သံယောဇဉ်တွယ်တာခြင်း သိပ်မရှိသော ၊ ခင်မင်မှုပျော်ရွှင်ရီမောသံတွေ …. လွမ်းမောစရာ အဖြစ်အပျက်တွေ သိပ်မများပြားသော ခြင်္သေ့ကျွန်းပေါ်က သက်ဝင်ခြင်းမရှိ ကျောင်းကိုပဲ မြင်ယောင်နေမိပါတော့တယ် … ။

You received this email because you are subscribed to the real_time feed for http://linletkyalsin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ALL FRIEND's WELCOME To My Blog] 1 New Entry: Interesting!!!

Interesting!!!

မိန်းမဆိုတာ...

If you kiss her, you are not gentlemen
သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
If you don't, you are not a man
မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
If you don't, you are good for nothing
မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘော

တူရင်... သူမကောင်းပြောတော့မယ်
If you don't you are not understanding
သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
If you don't, she accuses you of double crossing
မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... သင်ဟာ စတိုင်များသူလို့ သူပြောမယ်
If you don't, you are a dull boy
မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
If you are jealous, she says it's bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
If you don't, she thinks you don't love her
အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
If you attempt a romance, she says you didn't respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
If you don't, she thinks you don't like her
မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
If you do, she thinks it's just one of the man's tactics
အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
If she talks, she wants you to listen
သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
If you listen, she wants you to talk
သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...

In Short:
အတိုချုပ်ရင်
So simple, yet so complex
ရိုးရှင်းသလောက် ရှုပ်ထွေးသူ
So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
So confusing, yet so desirable ... women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!


ယောက်ျားဆိုတာ...

If you kiss him, he kisses you back
သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
If you don't, he patiently waits
မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
If you praise him, he says thanks you
သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
If you don't, he feels secure in your love
မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
If you agree to all his likes, you have met your fantasy man
သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
If you don't, you still get along
မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
If you visit him often, he welcomes you every time
သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
If you don't, he'll visit you instead
သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
If you are well dressed, he says you are beautiful
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့ သူကပြောမယ်
If you don't, you are still beautiful
အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
If you are jealous, he reassures you and holds you
သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
If you're not, he gives you no reason to be
မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
If you kiss him once in a while, he's appreciative of your affection
သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်... သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
If you kiss him often, he will always have you on his mind
မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
If you stare at another man, he knows that you're only admiring
သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
If he is stared by other women you know why-he's one hot babe
သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
If you talk, he'll always listen
သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
If you listen, he'll tell you anything you want to know
သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...

In short:
အတိုချုပ်ရင်
So complex, yet so direct
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
So strong, yet so supportive
ခွန်အားရှိသလို... အရမ်းပံပိုးသူ...
So dazzling, yet so humble
တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
So passionate, yet so marvelous....MEN!
စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား...



ဘ၀ဆိုတာ...

Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား... လေးစားပါ...
Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
Life is a song, sing it.
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
Life is life, fight for it."
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...


Note: Forwarded Message


Copy: Internet

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 2 New Entries: ပဏ္ဍိတသုတ်- (ပညာရှိ)

ပဏ္ဍိတသုတ်- (ပညာရှိ)

ပဏ္ဍိတသုတ်- (ပညာရှိ)

ရဟန်းတို့ ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤ သုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ-

၁...ရဟန်းတို့ အလှူ {ဒါန}ကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏၊
၂...ရဟန်းတို့ ရှင်ရဟန်းပြုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။
၃...ရဟန်းတို့ အမိအဖတို့အား လုပ်ကျွေးပြုစုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။

ရဟန်းတို့ ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤ သုံးမျိုးတို့ ပေတည်း ဟု (မိန့်တော်မူ၏)။ အလှူပေးခြင်းကို လည်းကောင်း၊ (သူတစ်ပါးတို့အား)မညှဉ်းဆဲခြင်းကို လည်းကောင်း၊ စောင့်ထိန်းခြင်းကို လည်း ကောင်း၊ ဣနြေ္ဒတို့ကို ဆုံးမခြင်းကို လည်းကောင်း၊ သူတော်ကောင်း ဖြစ်ကုန် မြတ်သော အကျင့် ရှိကုန်သော သူတို့၏ အမိအဖတို့အား လုပ်ကျွေး ပြုစုခြင်းကို လည်းကောင်း သူတော်ကောင်းတို့ ပညတ်အပ်၏။ သူတော်ကောင်းတို့သည် (ပညတ်အပ် ကုန်သော) အကြင်အကြောင်း သုံးမျိုးတို့သည် ရှိကုန်၏၊ ထို အကြောင်းသုံးမျိုးတို့ကို ဉာဏ် အမြင်နှင့် ပြည့်စုံသော အရိယာပညာရှိသည် မှီဝဲ ရာ၏၊ ထိုသူသည် ချမ်းမြေ့သော နတ်ပြည် လောကသို့ ၀င်ရောက်၏။

၅ - ပဏ္ဍိတသုတ်၊ စူဠ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ခတ္တိယသုတ်- (မင်းမျိုး)

ခတ္တိယသုတ်- (မင်းမျိုး)

ဇာဏုေဿာဏိ ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ၀မ်းမြောက် ၀မ်းသာ နှုတ်ဆက် ပြောဆို၏၊ ၀မ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာ ဘုရားအား-

အသျှင်ဂေါတမ ... မင်းတို့သည် ...
အဘယ်ကို အလိုရှိကုန်သနည်း၊
အဘယ် အလို့ငှါ လေ့လာကုန်သနည်း၊
အဘယ်လျှင် တည်ရာရှိကုန်သနည်း၊
အဘယ်ကို နှလုံးသွင်းကုန်သနည်း၊
အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု လျှောက်၏။

ပုဏ္ဏား ... မင်းတို့သည် ...
စည်းစိမ်ကို အလိုရှိကုန်၏၊
ပညာ အလို့ငှါ လေ့လာကုန်၏၊
ဗိုလ်ပါ အပေါင်းလျှင် တည်ရာရှိကုန်၏၊
ရေမြေကို အစိုးရခြင်းကို နှလုံးသွင်းကုန်၏၊
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ ဟု(မိန့်တော်မူ၏)။

အသျှင်ဂေါတမ ... ပုဏ္ဏားတို့သည် ...
အဘယ်ကို အလိုရှိကုန်သနည်း၊
အဘယ် အလို့ငှါ လေ့လာကုန်သနည်း၊
အဘယ်လျှင် တည်ရာရှိကုန်သနည်း၊
အဘယ်ကို နှလုံးသွင်းကုန်သနည်း၊
အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု လျှောက်၏။

ပုဏ္ဏား ... ပုဏ္ဏားတို့သည် ...
စည်းစိမ်ကို အလိုရှိကုန်၏၊
ပညာ အလို့ငှါ လေ့လာကုန်၏၊
မန္တာန်လျှင် တည်ရာ ရှိကုန်၏၊
ယဇ်ပူဇော်ခြင်းကို နှလုံးသွင်းကုန်၏၊
ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင် အဆုံးရှိကုန်၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ... သူကြွယ်တို့သည် ...
အဘယ်ကို အလိုရှိကုန်သနည်း၊
အဘယ် အလို့ငှါ လေ့လာကုန်သနည်း၊
အဘယ်လျှင် တည်ရာရှိကုန်သနည်း၊
အဘယ်ကို နှလုံးသွင်းကုန်သနည်း၊
အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု လျှောက်၏။

ပုဏ္ဏား ... သူကြွယ်တို့သည် ...
စည်းစိမ်ဥစ္စာကို အလို ရှိကုန်၏၊
ပညာ အလို့ငှါ လေ့လာကုန်၏၊
အတတ်ပညာလျှင် တည်ရာ ရှိကုန်၏၊
အလုပ်ကိစ္စကို နှလုံးသွင်းကုန်၏၊
ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင် အဆုံးရှိကုန်၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ... မိန်းမတို့သည် ...
အဘယ်ကို အလိုရှိကုန်သနည်း၊
အဘယ် အလို့ငှါ လေ့လာကုန်သနည်း၊
အဘယ်လျှင် တည်ရာရှိကုန်သနည်း၊
အဘယ်ကို နှလုံးသွင်းကုန်သနည်း၊
အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု လျှောက်၏။

ပုဏ္ဏား ... မိန်းမတို့သည် ...
ယောက်ျားကို အလိုရှိကုန်၏၊
တန်ဆာ ဆင်ခြင်းငှါ လေ့လာကုန်၏၊
သားလျှင် တည်ရာရှိကုန်၏၊
လင်တူမယား မရှိမူကို နှလုံးသွင်းကုန်၏၊
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ... ခိုးသူတို့သည် ...
အဘယ်ကို အလိုရှိကုန်သနည်း၊
အဘယ် အလို့ငှါ လေ့လာကုန်သနည်း၊
အဘယ်လျှင် တည်ရာရှိကုန်သနည်း၊
အဘယ်ကို နှလုံးသွင်းကုန်သနည်း၊
အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု လျှောက်၏။

ပုဏ္ဏား ... ခိုးသူတို့သည် ...
(သူတစ်ပါးဥစ္စာ ပစ္စည်းကို) ယူခြင်းကို အလိုရှိကုန်၏၊
ပုန်းအောင်းရန် အလို့ငှါ လေ့လာကုန်၏၊
လက်နက်လျှင် တည်ရာရှိကုန်၏၊
အမိုက်မှောင်ကို နှလုံးသွင်းကုန်၏၊
(ဥစ္စာရှင်တို့) မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ... ရဟန်းတို့သည် ...
အဘယ်ကို အလိုရှိကုန်သနည်း၊
အဘယ် အလို့ငှါ လေ့လာကုန်သနည်း၊
အဘယ်လျှင် တည်ရာရှိကုန်သနည်း၊
အဘယ်ကို နှလုံးသွင်းကုန်သနည်း၊
အဘယ်လျှင် အဆုံးရှိကုန်သနည်း ဟု လျှောက်၏။

ပုဏ္ဏား ... ရဟန်းတို့သည် ...
သည်းခံမှု သီလ စင်ကြယ်မှုကို အလိုရှိကုန်၏၊
ပညာ အလို့ငှါ လေ့လာကုန်၏၊
သီလလျှင် တည်ရာရှိကုန်၏၊
ကြောင့်ကြ မရှိမှုကို နှလုံးသွင်းကုန်၏၊
နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင် ဂေါတမသည် မင်းတို့၏ အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်း၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။
အသျှင်ဂေါတမသည် ပုဏ္ဏားတို့၏လည်း။ပ။
အသျှင်ဂေါတမသည် သူကြွယ်တို့၏လည်း။ပ။
အသျှင်ဂေါတမသည် မိန်းမတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ခိုးသူတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ရဟန်းတို့၏လည်း အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။

အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏။ပ။
အသျှင်ဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး(ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်တတ်သူ {ဥပါသကာ} ဟူ၍ မှတ်တော်မူပါ ဟု (လျှောက်၏)။

၁၀ - ခတ္တိယသုတ်၊ ဓမ္မိက၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♥ Macro

♥ Macro

ပန်း၊ သစ်ရွက်၊ ရေစက် သုံးမျိုးပေါင်းထည့်လိုက်တော့ ပို့စ်တပို့စ်ဖြစ်တယ်ကွယ့်။





ဒီပုံတွေအားလုံး ကင်မရာက ထွက်လာတဲ့အတိုင်းပါပဲ၊ post processing မလုပ်ထားပါဘူး။

在萊佛士坊 Raffles Place 附近的金融區拍攝.. Nikon D80 + Sigma 70300

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: နောက်ဆုံးအချိန်မရောက်ခင်ထိ သူရှိနေခဲ့တယ်

နောက်ဆုံးအချိန်မရောက်ခင်ထိ သူရှိနေခဲ့တယ်

အောက်မှာဖော်ပြမယ့်စာစုကို လွန်ခဲ့တဲ့ခြောက်လလောက်က ရေးခဲ့တာဖြစ်တယ်။
တစ်စုံတစ်ခုရဲ့ စေ့ဆော်မှုကြောင့်ရေးဖြစ်ခဲ့တာဆိုပေမယ့်
စာပါအကြောင်းအရာတိုင်းဟာ အဲဒီအချိန်ဖြစ်နေခဲ့သောစိတ်ကို ဖြတ်ယူထားခြင်းမျိုး။
တွယ်တာစရာတစ်ချို့၊ ခင်တွယ်စရာတစ်ချို့ အဲ့ဒီအရာတွေ၊
ကွယ်ပျောက်သွား၊ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့အခါ၊
တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်ဖို့ ကြိုးစားကြည့်ပေမယ့် မရခဲ့ပါဘူး။
အငိုလွယ်၊အရှိုက်ခက် ဆိုတဲ့စကားရပ်ကို ဒီနေရာမှာသုံးရင် အဆင်ပြေလိမ့်မယ်ထင်တယ်။
ပျောက်ဆုံးသွားတဲ့လူတွေ၊ လမ်းခွဲသွားတဲ့လူတွေ၊ သူတို့တွေအတွက် ဒီစာကိုရည်ညွှန်းတယ်။
ဒီစာဟာ သူတို့ကို သတိရနေဆဲပဲဆိုတာကို ပြောပြတဲ့အကြောင်းအရာတစ်ခုပါပဲ။

နိုးကြား( အိပ်မပျော်) သော သူအတွက် ညတာရှည်၏။
ခရီးပန်းသော သူအတွက် ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို မသိကုန်သော
လူမိုက်တို့အတွက် သံသရာသည်ရှည်၏။

ဓမ္မပဒစာပိုဒ်တစ်ခုပါ အသွားအလာ အရဆို၊
ကျွန်တော်သည်လည်း လူမိုက်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

နောက်ဆုံးအချိန်မရောက်ခင်ထိ သူရှိနေခဲ့တယ်

လောကနိယာမများ မပြောင်းလဲခဲ့ပါ။
ကောင်းကင်သည်လည်း ရှိမြဲအတိုင်းရှိနေခဲ့၏။
နေသည်ပုံမှန်အချိန်တွင်အပူရှိန်ပြင်းပြင်းဖြင့် ထွက်ရှိလာပြီး
လသည်လည်း အချိန်မှန်အလင်းဆောင်လာတတ်သည်။
ယခုအချိန်တွင်ကား
ကောင်းကင်မှာပိုမိုက်လာသည်။
လရောင်ပျောက်ဆုံးမှုတွေပိုလာကြ၏။
လမိုက်ညတွေ စိုးမိုးလာသည်။
ရှေ့ဆက်ဘာဖြစ်မည်ကို ကျွန်တော်မသိ
ကျွန်တော်သည် ဘာမှမသိသောလူသားတစ်ဦးဖြစ်သည်။
ထိုအရာကပင် ကျွန်တော်ဘ၀ကို အဆုံးသတ်ပေလိမ့်မည်။
မဆိုစလောက်အပွန်းအပဲ့လေးတစ်ခုက
စိတ်ကိုအနှောက်အယှက်ပေးခဲ့သည်။
စိတ်တွေမြန်လာ၏။
အမှားတွေဆက်တိုက်လုပ်မိတော့မည်။
ပတ်ဝန်းကျင်လှိုင်းတို့မကောင်းပါ။
အမှောင်ကြီးစိုးခြင်းတို့ ဘယ်ရွေ့အထိဆက်ရှိနေမည်ဆိုတာ မသိပါ။
အလင်းရောင်အပြည့်နဲ့ အားလုံးပြန်ဆုံတွေ့ကြရမည့်နေ့။
အဲဒီနေ့ကို ကျွန်တော်မျှော်လင့်မိသည်။
ကျွန်တော် မျှော်လင့်နေချင်သည်။
ဘာမှမသိတဲ့အပြင် ဘာမှမတတ်သောကျွန်တော်သည်
အိမ်အပြင်ပြတင်းဝ၌် လှမ်းမျှော်ကြည့်နေရင်းကပင်
တိမ်မည်းတွေ ဖြတ်သွားတဲ့ကြားက
မြင်တွေ့ခွင့်ရမည့် လရောင်ကို မျှော်ကြည့်နေမိသည်။
ကျွန်တော်သည်ကံမကောင်းပါ။
ကံမကောင်းတတ်တော့ကျွန်တော့်အဖို့
ကျွန်တော်လိုချင်သည့်အရာတွေဘယ်သောအခါကမျှမရခဲ့ပါ။
ထိုသည်ပင် ကျွန်တော်သည် ဘာမှမသိ၊ ဘာမှမတတ်သောလူတစ်ယောက်အပြင်
အလွန်တရာ လိုချင်လောဘရှိခဲ့သော လူသားတစ်ယောက်ဖြစ်နေကြောင်း
အလန့်တကြားသိရှိလိုက်ရလေသည်။
ထို့သို့အလန်တကြားတွေ့ရှိခဲ့ပြီးသည့်နောက်
နောက်တစ်နေ့ သတင်းစာနာရေးကြော်ငြာတွင်
ကျွန်တော်၏နာမည်ပါရှိလာပါကလည်း
မည်သူမျှအံ့သြကြလိမ့်မည်ဟု ကျွန်တော်မထင်ပါ။
ထိုနေ့ရက်သည်လည်း ကျွန်တော်၏မျှော်လင့်ချက်တို့ရောက်မလာခင်
ရောက်ရှိလာနိုင်သော အရာတစ်ခုဖြစ်နေပေလိမ့်မည်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: အလံတလက်နဲ့ပန်းပွင့်တွေ

အလံတလက်နဲ့ပန်းပွင့်တွေ



















သည်မှာ ဒေါန...
သူ့ကျောမှာ သယ်လာသမျှ
ပန်းရိုင်းချည်းပါ့လေ...
သမိုင်းကို ခါးကျိုးကျမတတ်
တ၀ ထမ်းပိုးခဲ့ပေတယ်...

သူနဲ့အတူ
သွေးညှီနံ့ ထူထူပြစ်ပြစ်
ကြယ်နီစစ်စစ်တွေကို
မြိုမြိုချထားခဲ့ရတဲ့ မြွေဟာ
သည်မှာပေါ့ ...
သောင်ရင်းလေ...

အဲသည် နဒီဟာ
ဒဏ်ရာတွေ ရခဲ့သမှ အတုံးအရုံး...
သို့သော်လည်း အရှုံးကို ဖတ်စာမလုပ်ခဲ့...
နေ၀န်းနီနီနဲ့
အရှေ့ဆီက အလင်းရောင်
သူ သယ်ဆောင်ထားနေတုန်း...

ဒီလိုနဲ့
နိုဝင်ဘာနှင်းတွေမှုန်တဲ့
ရင်ခုန် စိတ်စော ဆောင်းတရက်...
နှလုံးသားချင်း ကိုင်းဆက်ကူးလူး
အိပ်မက်တစုံစီ ပုံတူကူးပြီးတဲ့အခါ....
ဒေါနနဲ့ သောင်ရင်း ရင်ငွေ့မှာ
ပန်းတပွင့် တွေ့လိုက်တယ်...

ကောင်းကင် အသစ်တခု
ပြက္ခဒိန်ပေါ်မှာ ထုဆစ်ဖို့...
ပန်းပေါင်းတို့စုံရာမြေ
'သေဘောဘိုး'မှာ
ပန်းတပွင့် ပွင့်တယ်၊
ပန်းတခြင်း ပွင့်တယ်၊
ပန်းတခင်း ပွင့်တယ်။
ပန်းပင်လယ်ကြီး ပွင့်တယ်။
အလံတလက်ကို အတူတူ လွှင့်လို့ ....

သင်တို့ ယုံကြည်လိုက်ပါ....
သည်အလံဟာ
မောင်းပြန်ကို တိုက်ခဲ့...
ဒေါင်းအလံကို စိုက်ခဲ့...
သန်းခေါင်ယံကို ရိုက်ခွဲခဲ့...
တိုက်ပွဲဝင်တဲ့ အလံလေ.....

သည်အလံအောက်မှာပဲ
ပန်းတချို့ ကြွေခဲ့တယ်၊
ပန်းတချို့ ဝေခဲ့တယ်၊
ပန်းတချို့ စွင့်ခဲ့တယ်၊
ပန်းတချို့ လွင့်ခဲ့တယ်၊
ပန်းတချို့ မွှေးခဲ့တယ်၊
ပန်းတချို့ ဝေးခဲ့တယ်၊
ပန်းတချို့ ပျောက်ခဲ့တယ်၊
ပန်းတချို့ ခြောက်ခဲ့တယ်၊
သည်အလံအောက်မှာပဲ
ပန်းတွေ ပွင့်နေဆဲပါ့...

အနှစ် နှစ်ဆယ်တိုင်တိုင်
သည်အလံကို ကိုင်စွဲရင်း
အလင်းကို တူးထုတ်နေတဲ့ ပန်းတွေ
ငါ ဦးညွတ်လိုက်ပါပေရဲ့.....

မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မ.က.ဒ.တ. ဖွဲ့စည်းသည့်
အနှစ် နှစ်ဆယ်ပြည့် နိုဝင်ဘာ ၁ ရက်နေ့ အခါသမယအတွက် ဂုဏ်ယူခြင်းနှင့်အတူ
မ.က.ဒ.တ. အလံတော်အား ယနေ့တိုင်ကိုင်စွဲကာ
စစ်အာဏာရှင် စနစ်အား တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်သော မ.က.ဒ.တ ရဲဘော်များအား
လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

(အောင်သာငယ်)

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Lu Lu] 1 New Entry: ယိုးဒယားသင်္ဘောသီးထောင်း

ယိုးဒယားသင်္ဘောသီးထောင်း

အားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ယိုးဒယားသင်္ဘောသီးထောင်းလုပ်ကျွေး ပါမယ်နော်။ မှော်ဘီမှာရှိတဲ့ ကျွန်မညီမလေးက သင်္ဘောသီးစိမ်းတွေ သုပ်စားဖို့ အများကြီးထည့်ပေးလိုက်တာမို့ အိမ်မှာ သင်္ဘောသီးကို အမျိုးမျိုး သုပ်စားနေကြတာ။ အဲ့ဒီထဲက ယိုးဒယားသင်္ဘောသီးထောင်းလုပ်နည်းလေးကို မောင်နှမတွေကို မျှဝေလိုက်ပါတယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား
ဟင်းခတ်မှုန့်တို့ပါနော်။


more...

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.