မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၁၀-၀၈)
- အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံရေး ပိုမိုတင်းကျပ် click- ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၈ ဦးကို ထောင်ပြောင်း click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ click
- ငွေဆောင်တွင် ထူးကုမ္ပဏီမှ လေဆိပ်ဆောက်မည် click
- ကရင်စခန်းတခုကို စစ်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက် click
- ၈၈ ခေါင်းဆောင်များကို မအူပင်ထောင်သို့ ပြောင်းရွှေ့ click
- ကေအဲန်ယူတပ်စခန်းကို ဒီကေဘီအေ သိမ်းပိုက်၊ ဒီကေဘီအေ ၇ ဦး ဒဏ်ရာရ click
- နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်၍ အကြမ်းဖက်သမားအဖြစ် ထွက်ဆိုခိုင်းနေ click
တိရိစ္တာန်ရုံဆောက်ဖို့ လိုသေးလား
ကြပ်ပြေး-နတ်ကလေး
တနေ့သ၌ ပျင်းပျင်းရှိသည်နှင့် ကြပ်ပြေးနတ်ကလေး တကိုယ်တည်း ကိုယ်ယောင်ဖျောက်တော်မူပြီး သကာလ ပြည်သူ့အသံ အစစ်အမှန်ကို ကြားနိုင်ရန်အလို့ငှာ ဖုန်တသောသော ထနေသော ကြပ်ပြေးနယ်ပယ်သစ် အ တွင်းရှိ လူစည်ကားရာ လက်ဖက်ရည်ဆိုင် တဆိုင်အတွင်းသို့ ၀င်ရောက်တော်မူပြီး ချောင်တချောင်မှနေ၍ နား စွင့်နေမိလေ၏။ လက်ဖက်ရည်ဆိုင်ထဲတွင် ကုန်ထမ်းသမား၊ စာရေးစာချီ၊ ထောက်လှမ်းရေး၊ ပွဲစား၊ အလစ် သုတ်သမား၊ ဘိန်းစား၊ ပြည့်တန်ဆာ၊ ကားသမား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည် … စသည်ဖြင့် လူတန်းစားအ လွှာပေါင်းစုံ ကျားမအဖုံဖုံ စတည်းချ စားသောက်နေကြသည်ကို တွေ့ရပေ၏။
တချို့က လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသည့် ဗီစီဒီကာရာအိုကေကို တနေ့လုံးအလုပ်မရှိသည့်အလား စိမ်ပြေန ပြေ ရှုစားအားပေးတော်မူနေကြ၏။ တချို့က ဘုန်းကြီးပေးသည့်ဂဏန်း၊ ဘိုးတော်ပေးသည့်ဂဏန်း၊ အိပ်မက် မက်သည့် ဂဏန်းများအကြောင်း အပြန်အလှန် အမြင်ချင်းဖလှယ်ကာ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်နေကြ ၏။ တချို့က မနေ့ညက ကန်သွားသည့် ချယ်ဆီး-လီဗာပူး ချရတီဒိုင်းလုပွဲတွင် လောင်းကြေးများပလုံသွား၍ ချယ်ဆီးနည်းပြမော်ရင်ဟိုအား အမျိုးမျိုးအဖုံဖုံ ကြိမ်ဆဲတော်မူသံကို ကြားနေရ၏။ အောက်ကြေးနိုင်သူများ ကမူ လီဗာပူးအသင်းမှ ဂိုးသွင်းပေးသည့် ရစ်ဆီနှင့်ပီတာခရော့ခ်ျတို့ကို ဘုရားစင်ပေါ်ပင် တင်ထားတော့မည့်အ လား ချီးမွမ်းခန်းအလီလီ ဖွင့်သံကို ကြားနေရပြန်၏။
အလစ်သုတ်သမားတယောက်က ဆိုင်ရှင်လစ်သည်နှင့် ပေါက်စီနှစ်လုံးနှင့် စီးကရက်တပွဲကိုမကာ ထပြေးဖို့ အကြံထုတ်နေ၏။ ကားဒရိုင်ဘာတဦးက မျက်တွင်းဟောက်ပက် ဖြစ်နေသည့် ပြည့်တန်ဆာမတဦးနှင့် ကလူကျီ စယ် ပွတ်သီးပွတ်သပ် လုပ်နေလေ၏။ ဘိန်းစားတဦးကမူ စီးကရက်တ လိပ်ကို လက်သမားခဲခဲပြီး နံရံကိုမှီကာ သီချင်းသံကို မျက်စိမှတ်ခံစားရင်း မှိန်းနေလေ၏။ အရပ်ဝတ်နှင့် ထောက် လှမ်းရေးတစ်ယောက်ကိုကား သတင်း စာဖတ်ချင်ယောင် ဆောင်လိုက် ဘေးဘီကို ကျီးကြည့်ကြောင်ကြည့် ကြည့်လိုက်နှင့် ဣနြေ္ဒမရ ဖြစ်နေသည်ကို တွေ့ရ၏။ သူအဓိက အာရုံရောက်နေသည်မှာ သတင်းစာကို မဟုတ် ဘဲ မလှမ်းမကမ်းဝိုင်းတွင် ခေါင်းချင်းဆိုင် ကာ တီးတိုးပြောဆိုပြီး ဟားတိုက်ရယ်မောနေကြသည့် ၀န်ထမ်း(၃)ဦး ကို ဖြစ်၏။ သို့သော် သူ့ခမျာ ကြားချင် သည့်အရာကို သဲသဲကွဲကွဲ မကြားရ၍ စိတ်ကသိကအောက် ဖြစ်နေပုံရ၏။ သူ၏အကြည့်က ဒီကောင်(၃)ကောင် 'မင်းတရားကြီး ကိုယ်တော်ရွှေ' အကြောင်းများ အတင်းချနေ လေရော့သ လားဟူသည့် အကြည့်မျိုးဖြစ်၏။
အဆိုပါ ထောက်လှမ်းရေးကို ကြည့်နေရင်းမှ ကြပ်ပြေးနတ်ကလေးလည်း ထိုဝန်ထမ်း(၃)ဦး အဘယ်သို့သော အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုပြီး ဟားတိုက်ရယ်မောတော် မူနေကြပါလိမ့်ဟူသည့် သိချင်စိတ် ကယ်နှင့် ၀န်ထမ်း(၃)ဦး၏ ခေါင်း(၃)လုံးကြားတွင် နေရာယူကာ နားစွင့်တော်မူမိ၏။ ကြပ်ပြေးနတ်ကလေး ရောက်သွားချိန်တွင် ထိုဝန်ထမ်း(၃)ဦး တီးတိုးပြောဆိုနေကြသည်မှာ ကြပ်ပြေးနေပြည်တော်တွင် တိရိစ္ဆာန်ရုံအ သစ် တည်ဆောက်မည့် အကြောင်းအရာဖြစ်၏။ သစ်တောဌာနမှ ၀န်ထမ်းဖြစ်သူက 'ဟေ့ … မနေ့က ကိုယ်တို့ ဌာနကို ဟိုကောင်တွေလာပြီး လိုအပ်သည်များ မှာစားတယ်ကွ။ အဲဒီမှာ ဘာပြောသွားသလဲဆိုတော့ နေပြည် တော်ကို မြို့တော်အင်္ဂါရပ်နဲ့ ပြည့်စုံအောင် တိရိစ္ဆာန်ရုံအသစ်လည်း တည်ဆောက်မယ်လို့ မိန့်မှာသွားတယ်ကွ' တဲ့။
အဲဒီမှာတင် တိုက်ပုံအနက်ဝတ်ထားသော တရားရေးဌာနမှ ၀န်ထမ်းပြောလိုက်သည့်စကားကို သုံးယောက် သား ရယ်မောလိုက်ကြပြန်ရာ ကြပ်ပြေးနတ်ကလေးပင် အဝေးသို့ လွင့်စင်ခဲ့ရလေ၏။ ကမန်းကတန်း ကုန်းထ တော်မူပြီး ခပ်လှမ်းလှမ်းမှ ထောက်လှမ်းရေးငနဲကို အကဲခတ်လိုက်ရာ ထိုဝန်ထမ်း(၃)ဦးအား ချိုကြည့်ကြည့်နေ သည်ကို တွေ့လိုက်ရလေ၏။ ထိုတရားရေးဝန်ထမ်း ပြောလိုက်သည့် စကားကတော့ 'ဟ … အထက်က ကောင်တွေ အားလုံး ဒီမှာရုံးစိုက်နေမှတော့ တိရိစ္ဆာန်ရုံ ထပ်ဆောက်ဖို့ လိုသေးလို့လား' ဟူသတည်း။
ကြပ်ပြေး-နတ်ကလေး
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.