Thursday, November 27, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၁)

ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၁)

ဆောင်းပါးရှင် - ဆရာဂါမဏိ

အီဂျစ်နိုင်ငံက ဆိုင်ဘာ အတိုက်အခံ တစ်ယောက် ကျဆုံးခဲ့ရတဲ့ အကြောင်းရင်းကို ဆရာဂါမဏိက ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။ ကျွန်တော်တို့ အိုင်တီ လောကာသား၊ ဆိုင်ဘာ အတိုက်အခံ တစ်ယောက် အနေနဲ့လည်း ဒီဆောင်းပါးမှာပါတဲ့ အချက်အလက်များကို လေ့လာကာ နောင် ဒီလိုမျိုး မဖြစ်ရအောင် အကောင်းဆုံး ကြိုးစားကြစေလိုတဲ့ ဆန္ဒနဲ့ ဒီဆောင်းပါး ကို ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြလိုက်ရပါတယ်။

တနေ့တာ ဆူညံလှုပ်ရှားခဲ့ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုင်ရိုမြို့ရဲ့ အင်တာနက်ကဖီးဆိုင်တဆိုင် ထဲမှာတော့ နာရီကသန်းခေါင်ကျော်ပြီး ၁ နာရီ ၄၉ မိနစ်ကိုညွှန်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် အာမက်ဒ်မာဟာ ဟာကွန်ပျုတာတလုံးရှေ့မှာ အလုပ်လုပ်နေပါတယ်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီဟာ ဒီက နေ့ပါဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အခြေခံအသုံးအဆောင်တွေက ကွန်ပျူတာကီးဘုဒ်ဘေးမှာ ပျံ့ကျဲတည်ရှိနေပါတယ်။ အဲဒါတွေကတော့ ကားသော့၊ စီးကရက်နဲ့ ဆဲလ်ဖုံးတလုံးတို့ဖြစ်ပါတယ်။

မာဟာ ဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားရင်း စာရိုက်နေပါတယ်။ သူစိတ်ကူးယဉ်ခဲ့တဲ့ အင်တာနက် ဖေ့စ်ဘွတ်က် အကျိုးဆောင်ဝက်ဘ်ဆိုက်ကတဆင့် လူထုအုံကြွမှုတခုစည်းရုံးလှုံ့ဆော်ခဲ့တာဟာ အခုတော့ ကီးဘုဒ်ပေါ် လူးလာလှုပ်ရှားနေတဲ့ သူ့လက်ချောင်းတွေကြားထဲက ချော်ထွက်သွားနေပါပြီ။ အိဂျစ်နိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှုရဲ့ အန္တရာယ်အကျိုးဆက်တွေအပေါ် စိုးရိမ်ပူပန်မှုတွေကို ကွန်ပျုတာမြင်ကွင်း မှာ တင်လာကြပါတယ်။ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တယောက်ကရိုက်လာပါတယ်။ အစိုးရက ငါတို့အထဲ ကို စိမ့်ဝင်ထိုး ဖောက်ထားပြီလို့ နောက်တယောက်က ရေးလာတယ်။ အခုလုပ်နေတာက မိုက်မဲဉာဏ်နည်း ရာရောက်တယ်လို့ တတိယတယောက်က စာရိုက်ပါတယ်။

မတ်လကုန်ပိုင်းလောက်ကစပြီး မာဟာနဲ့တခြားအိဂျစ်လူငယ် လေး - ငါးယောက် ဖန်တီးလွှင့်တင်ထိန်း ချုပ်ခဲ့တဲ့ ဖေ့စ်ဘွတ်က် Facebook စာမျက်နှာမှာ အိဂျစ်ပြည်သူ ၇၄၀၀၀ စာရင်းသွင်းမှတ်ပုံတင်ခဲ့ပါတယ်။ အများစုဟာ နိုင်ငံရေးလှုပ်ရှား တက်ကြွရေးနယ်ပယ်မှာ လူသစ်တွေဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အလားအလာကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သက်ကြီးပိုင်းအိဂျစ်လူမျိုးတချို့ကတောင် အမေရိကန် ကောလိပ်ကျောင်းသားတွေ စတီထွင်ခဲ့တဲ့ လူမှုရေး ပေါင်းသင်းသဟာယဖွဲ့မှု ၀က်ဘ်ဆိုက်ဟာ သမတ ဟော့စ်နီမူဘာရတ်ရဲ့ ၂၇ နှစ်တာအုပ်စိုးမှုကို ဆန့်ကျင်ဖို့ အီလက်ထရွန်နစ် နည်းပညာနဲ့စုစည်းတဲ့ အစပြု မှတ်ဖြစ်နိုင်လေမလားလို့ မျှော်လင့်ခဲ့ကြပါတယ်။


မာဟာနဲ့ တခြား အိဂျစ်လူငယ်များ ဖန်တီးလွှင့်တင်ထိန်းချုပ်ခဲ့တဲ့ Facebook အဖွင့်စာမျက်နှာ

ဒါပေမဲ့ ဖေ့စ်ဘွတ်က်လှုပ်ရှားတက်ကြွသူတွေရဲ့အတွေ့အကြုံက ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရတရပ်ကို ဆန့်ကျင် အတိုက်အခံပြုရာမှာ နည်းပညာပိုင်းရဲ့ အကန့်အသတ်တွေကို ပြသခဲ့ပါတယ်။ မာဟာ ဟာ ပြီးခဲ့တဲ့နှစ်လ အတွင်း နိုင်ငံရေးလှုပ်ရှားတက်ကြွမှုကြောင့် အဖမ်းခံရတဲ့ အိဂျစ်နိုင်ငံသား ၅၀၀ ထဲမှာဘဲ လမ်းဆုံးသွားပြီး ကိုင်ရိုမြို့က ရဲစခန်းတခုထဲမှာ ကိုယ်တုံးလုံးချွတ် ထုတ်မှာဆွဲ အရိုက်ခံတဲ့အခြေဆိုက်ဖို့သာ များပါတယ်။

စီစဉ်ထားတဲ့သပိတ်တိုက်ပွဲရက်ဖြစ်တဲ့ မေ ၄ ရက် တနင်္ဂနွေနေ့ အရုဏ်မတက်မီမှာတော့ မာဟာရဲ့ ဖေ့စ် ဘွတ်က် လှုပ်ရှားမှုဟာ အချည်းနှီးဖြစ်သွားတဲ့အကြောင်း တစတစ ပေါ်လွင်လာပါတယ်။ မာဟာနဲ့ တခြား စည်းရုံးရေး သမားတွေက မိမိတို့နောက်လိုက်တွေရဲ့ စိတ်ဓာတ်တွေ ပြန်တက်လာအောင် ကြိုးစားကြပါတယ်။ တခုခုတော့ လုပ်မှဖြစ်မယ်လို့ မာဟာက အင်တာနက်ပေါ်မှာပြောပါတယ်။ မနက် ၇ နာရီမှာတော့ မာဟာ ဟာ ကုလားထိုင် နောက်မှီပေါ်လှဲပြီး အဲဒီညအတွက် ပထမဆုံးအဖြစ်မျက်စိမှတ် တရေးအိပ်ခဲ့ပါတယ်။ နောက်တနာရီအကြာ ပြန်နိုးလာတော့ ကွန်ပျူတာမြင်ကွင်းမှာ သူ့စာမျက်နှာပိတ်ခံရပြီဖြစ်ကြောင်း စာတန်းကိုတွေ့ရပါတယ်။ သူဟာ အီးမေးတွေ စာတွေအများကြီးပို့ခဲ့တာကြောင့် ဖေ့စ်ဘွတ်က်က သူ့ကို စပမ် (ကြော်ငြာ အမှိုက်စာ) စာပို့သမားလို့ သံသယဖြစ်ပြီး ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

အစ္စရာအက်ဘ်ဒဲလ်ဖာတာဟာ အသက် ၂၇ နှစ်အရွယ် လူသားရင်းမြစ်စီမံခန့်ခွဲရေး ကျွမ်းကျင်သူဖြစ်ပြီး နိုင်ငံရေး အတွေ့အကြုံ ဘာမှမရှိပါဘူး။ "ဖေ့စ်ဘွတ်က်မိန်းကလေး" လို့လူသိများတဲ့ သူမဟာ မာဟာနဲ့တွဲပြီး အင်တာနက်ပေါ်က စည်းရုံးလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ကန့်ကွက်ဆန္ဒပြတဲ့ ဧပြီ ၆ ရက်ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို အတိအလင်း ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ ချည်မျှင်အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးရေး၊ ကုန်ဈေးနှုန်း ကျ ဆင်းရေး အလုပ်ရပ်သပိတ်မှောက်ပွဲနဲ့ တိုက်ဆိုင်မိသွားတဲ့အခါ အိဂျစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အထူးခြား အကြီးကျယ်ဆုံး နိုင်ငံရေးဆန္ဒပြပွဲ ဖြစ်ပေါ်သွားပါတယ်။

ကိုင်ရိုမြို့တော်ကနေ နှစ်နာရီခရီးမှာရှိတဲ့ အဲလ်မာဟာလာအဲလ်ကူဘရာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒ ပြအရပ်သားတွေကို နှိမ်နင်းတဲ့အခါ အနည်းဆုံး နှစ်ယောက်သေပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မူဘာရတ်ရုပ်ပုံ ပိုစတာကြော်ငြာ ဘုတ်ကြီးတခုကို တွန်းလှဲပစ်တာကိုတွေ့ရတဲ့ အိဂျစ် ပြည်သူအများအပြားဟာ အံ့သြတကြီး ကြက်သီးမွှေးညှင်းထမိပြီး ဒါဟာ အိဂျစ်နိုင်ငံရဲ့ အလှည့်အပြောင်း ဆုံချက်တခုကို ရောက်သွားပြီလားလို့ ထင်မိကြတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကနိုင်ငံတလွှားမှာ အက်ဘ်ဒဲလ်ဖာတာအပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ သူမ ထောင်ကထွက်လာတဲ့အခါမှာတော့ နိုင်ငံရေးကိုစွန့်လွှတ်ကြောင်း ကြေညာခဲ့ပါ တယ်။

အဲဒီအခါ မာဟာကပဲ မူဘာရတ်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ချိန်ရွယ်တဲ့ မေ ၄ ရက်ဆန္ဒပြပွဲကို ဦးစီးစီ စဉ်ခဲ့ပါတယ်။ "ဖေ့စ်ဘွတ်က်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းဟာ အရင်ကဘယ်နိုင်ငံရေးပါတီမှာမှ မပါခဲ့ဖူးဘူး၊ ကျနော်တို့ဟာ နိုင်ငံရေးအုပ်စုမဟုတ်ဘူး" လို့ မာဟာက မေ (၄) ရက်ဆန္ဒပြပွဲမတိုင်မီ နှစ်ရက်အလိုက ပြောပြခဲ့တယ်။ "ကျနော်တို့ရဲ့ အဓိကလုပ်ငန်းတာဝန်က ပြည်သူလူထုတွေ မိမိတို့အခွင့်အရေးကို သိမြင် နားလည်လာပြီး ကိုယ့်ကိုတုပ်နှောင်ထားတဲ့ လက်ထိပ်တွေ သံခြေကျင်းတွေကို ဘယ်လိုရိုက်ချိုးရမလဲ ဆိုတာ သိလာအောင်လုပ်ဖို့ဖြစ်တယ်" လို့ဆက်ပြောပါတယ်။

အစိုးရက သူတို့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတယ်လို့ တွက်ဆမိတဲ့အတွက် ခေါင်းဆောင်တွေ က ခရမ်းသီး၊ သခွားသီး စတဲ့ နိုင်ငံရေးပုံမပေါက်တဲ့ နာမည်တွေနဲ့ ဖေ့စ်ဘွတ်က်အုပ်စုခွဲလေးတွေ ထပ်ဖန် တီးခဲ့ပါတယ်။ သူတို့ဟာ အင်တာနက်ပေါ်မှာ အယူအဆတွေ ဖလှယ်ကြ၊ မဟာဗျူဟာတွေ ဆွဲကြပါတယ်။ မွတ်စလင်နိုင်ငံရဲ့ အလုပ်ပိတ်ရက်မဟုတ်တဲ့ တနင်္ဂနွေနေ့ မေ (၄) ရက်မှာ အိမ်ပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲ မှာပဲ နေကြဖို့ ပြည်သူလူထုကို ပန်ကြားဆော်သြခဲ့ပါတယ်။ သတ္တိအရှိဆုံး လူတွေကတော့ သတ်မှတ်ထားတဲ့ နေရာတွေမှာ စုဝေးပြီး ဆန္ဒပြကြဖို့ ဖြစ်ပါတယ်။ စုဝေးဖို့နေရာတွေကို ဖုံးမက်ဆေ့ဂ်ျတွေနဲ့ အကြောင်းကြားဖို့ စဉ်းစားထားပါတယ်။ သတ္တိသိပ်မရှိသူတွေကိုတော့ အနက်ရောင်တီရှပ်တွေဝတ်ကြဖို့ သို့မဟုတ် အိဂျစ်နိုင်ငံ တော်အလံတွေ မိမိတို့အိမ်တံခါးပေါက်တွေ အိမ်ခေါင်မိုးတွေမှာ ထောင်ဖို့ဆော်သြထားပါတယ်။ အကြမ်း ဖက်ရေးလှုံ့ဆော်မှုတွေအားလုံးကို ဆန္ဒပြပွဲ စည်းရုံးစီစဉ်သူတွေက ပယ်ဖျက်ပစ်ခဲ့ပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[B Y A K G A's online] 1 New Entry: နာရီဝက်

နာရီဝက်

ဒါ တရုတ်စကားပန်းပင်ပဲပေါ့.. အပွင့်လေးတွေကို ရေနွေးဖျော.. ပြီးတော့..

ဒီပိုးဟတ်သေးသေးလေးတွေက ဘယ်နားကနေ ထွက်ထွက်လာပြန်ပြီလည်း..

ရှားစောင်းလက်ပတ်ဂျယ်ကို ခေါင်းမှာလိမ်းလိုက်ရင် ဆံပင်သန်မှာလား..

ဟို တရုတ်မပဲ ဖြစ်ရမယ်..

အခုအချိန်ပြတဲ့ တီဗွီ ပရိုဂရမ်တွေက ပျင်းစရာချည်းပါကွာ..

အော်.. အပြင်မှာ မိုးမှုန်မှုန်လေး ကျနေတာကိုး..

လှေကားတက်သွားတဲ့ ဒေါက်ဖိနပ်သံက ကျယ်လိုက်တာ..

ဘေဂွန်ပန်းဆေးဘူးအပြာရောင် က အစိမ်းရောင်လောက် မကောင်းဘူး..

ဗိုက်တောင် ဆာလာသလိုလိုရှိတယ်..

နှာစေးနေတာ ဘယ်တော့မှ ပျောက်မှာလည်း..

ဒီနေ့တော့ ပန်းပင်လေးတွေ ရေလောင်းစရာ မလိုလောက်သေးပါဘူး..

ကျောကုန်း ဒီနား ပဲ ယားယားနေတယ်..

မိုဘိုင်းဖုန်းက ဘက်ထရီ ဖလက်နေတာပဲ..

ရထားလက်မှတ် ဒီည ၀ယ်ဖြစ်အောင် ၀ယ်ရမယ်..

စကင်းကင်ဆာ ဖြစ်ချင်နေလား မသိ..

ဘာမှနားမလည်ပါလားတဲ့.. ဟိုမှာ ကွန်မင့်ထဲ ရေးထားတယ်..

စိန်ပန်းပြာတဲ့.. အခုမှမြင်ဖူးတယ်.. စိန်ပန်းနီကတော့ ကိုယ်တို့ကျောင်းရဲ့ ထရိတ်မတ် လေ..

မီးပူတိုက်ရဦးမှာပဲ..

ကြက်ဥကျော်နဲ့ပဲ စားတော့မယ်..

ဖယောင်းတိုင် ထွန်းရမှာလား..

ပစ္စည်းတွေ ဘယ်တော့လာချမှာလဲ..

စတီဖင်ကင်း ၀တ္ထုလည်း မပြီးသေးဘူး..

မနက်ဖြန်ည ငါခရီးသွားရတော့မှာပဲ..

ဘယ်သူပါလိမ့်..

နာရီဝက်အတွင်းရောက်မယ်ဆိုပါလား..

You received this email because you are subscribed to the real_time feed for http://byakga.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရင်ထဲကပန်းတစ်ပွင့် (သို့) ရင်ခွင်တံခါးကပေါက်ကွဲသံ] 1 New Entry: လက်ကမ်းလင့်တော့

လက်ကမ်းလင့်တော့



တိတ်တခိုး အကြင်နာနဲ့
မေတ္တာတွေ နှစ်ကြာရှည်
ချစ်တာတွေ မင်းမသိခဲ့
ရင်ထဲမှ မင်းမကြည့်တာ

မမြင်လည်း သိနိုင်ရဲ့
သစ္စာခိုင် မေတ္တာလမ်းမှာ
အချစ်ပန်းတစ်ပွင့်မျှ
လက်ကမ်းလင့်ပါတော့ ချစ်သူရယ်


You received this email because you are subscribed to the real_time feed for http://phyonge1985.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တွေးမိတွေးရာ] 2 New Entries: Advertising and Ethics

Advertising and Ethics

ကြော်ငြာတစ်ခု လုပ်မယ်ဆိုရင် ..........
အခု ပို့စ်မှာတော့ Advertising နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ၂၀၀၀ခုနစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ကြော်ငြာတွေအရမ်းကို ခေတ်စားလာပါတယ်။ ဖြစ်သင့်ပါတယ်လေ။ အခုနောက်ပိုင်းမှာ ကိုယ့်ကုန်စည် သူ့ကုန်စည် အပြိုင်အဆိုင်ဖြစ်နေတာကို........။ market ထဲမှာ ကိုယ့် ကုန်စည် နေရာ တစ်ခု ရရေး၊ ပေါ်လွင်နေရေးအတွက်လည်း နည်းဗျူဟာ အမျိုးမျိုးကို သုံးနေပါတယ်။ market share အရင်ရဖို့ ၀ယ်သူကို အရင် ဆွဲခေါ်နေရပါတယ်။ ပြီးတော့ ဒီဝယ်သူတွေ ကျမသွားအောင် သူများဘက်မလှည့်သွားအောင် ဆက်ထိန်းထားဖို့ နည်းဗျူဟာတွေ ဆက်သုံးရပါတယ်။ နောက်ထပ် ၀ယ်သူထပ်ဖို့ လုံးပမ်းရပါသေးတယ်။ ဒါကြောင့် marketing ဆိုတာ အရမ်းတွင်ကျယ်လာခဲ့ပါပြီ။ လုပ်ငန်းတိုင်း marketing ကို ငွေပမာဏအတော်များများထည့်ပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေပါပြီ။ ဒီထဲမှာလည်း ကြေငြာကဏ္ဍက အရမ်း အရေးပါပြီး တွင်ကျယ်လာပါတယ်။ မိမိကုန်စည်ကို လူသိအောင်၊ ကိုယ်ဘာတွေထုတ်နေလဲ ၊ စားသုံးသူလိုအပ်ချက်ကို ဘယ်လို ဖြည့် ဆည်းနေလဲဆိုတာကို communicate လုပ်ပေးပါတယ်။
ဈေးကွက်စီးပွားရေးစနစ်မှာ marketing definition အခြေခံက to satisfy customer's needs and want ပါ။ ဘာပဲ ထုတ်ထုတ် ၀ယ်သူကျေနပ်စေရပါမယ်။ ကိုယ်လုပ်ငန်းလည်း အမြတ်လည်း ကျန်စေပေါ့။ ၀ယ်သူဟာ ဦးစားပေးပေါ့။
ဒါပေမယ့် ယနေ့ တီဗွီကြော်ငြာ်တွေမှာ ကိုယ့်ကုန်စည်ကို ပေါ်လွင်စေရေးကို ရှေးရှုပြီး ကျင့်ဝတ်တွေ ကို ဖောက်ဖျက်နေတာကို တွေ့ရပါတယ်။ မိမိကုန်စည်ရဲ့ အားသာချက်ကို ပြဆိုနိုင်ပြီး ၀ယ်သူရရှိဖို့ ကြံဆောင်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒီလို information ကို ပေးပုံပေးနည်းက သူများ ကုန်စည်ကို မကောင်းပြောသွားပြီး ကြေငြာသွားတာတွေ တွေ့ရပါတယ်။ ဒီထက်ပိုဆိုးတာက ၀ယ်သူကို စော်ကားမှုတွေပါ ပါလာတာကို တွေ့ရပါတယ် ။ကြော်ငြာတစ်ခုမှာဆိုရင် ` ...........ပျော့ပျော့သောက်ချင်ရင် ရေသောက်ပါ..........´ ဆိုတာမျိုးပါ။ သူ့ကုန်စည်မကောင်းပြောတဲ့သူကို ပြန်စော်ကားရာ ရောက်နေပါတယ်။ `နောက် ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို ကုန်စည်ကို မသိတဲ့အတွက် ` ပိန်းတာကွာ ´ `ဒါသုံး (ခေါင်းကို လက်ညှိုး ဖြင့် ခေါက်၍ ) ´ ဆိုတာမျိုးတွေပါ။ ကိုယ့် ကုန်စည်ရဲ့ နမည်ကတော့ ကျန်သွားပါတယ်။ဒါပေမယ့် ၀ယ်သူ ၊ လူထုဆိုရင် ပိုမှန်ပါမယ် social cost တွေများလာပါတယ်။ တနည်းအားဖြင့် ကလေးငယ်တွေ စကားပြောတွေ ရိုင်းလာပါတယ်။ နောက်ကြော်ငြာတစ်ခုကတော့ ဓါတုဗေဒ ပစ္စည်းတစ်ခုကို စားသုံးကုန်အနေနဲ့ ရောကြော်ငြာသွားတာ။ ဆပ်ပြာကို နို့ဖျော်ပြီး ကြော်ငြာသွားတာ။ ဒါကလည်း ကလေးငယ်တွေကို မှားယွင်းတဲ့မှတ်သားမှုကို ဖြစ်စေပါတယ်။
ဒါကြောင့် ကြော်ငြာလုပ်တော့မယ်ဆိုရင် အများကြီး ၊ အဝေးဆုံးထိ မျှော်တွေးစေချင်ပါတယ်။ မိမိ ကြော်ငြာ ပေါ်လွင်ထိုးဖောက်ရေးအတွက်သာမက social ကိုလည်း ကြည့်သင့်ပါတယ်။ ကျင့်ဝတ်ကိုလည်း မချိုးဖောက်ပဲ ကြော်ငြာသွားတယ်ဆိုရင် အကောင်းဆုံးပေါ့ရှင်။

အနိုင် နှင့် အရှုံး

တခါက...........
မြစ်နှင့် ကမ်းပါးတွေ ရန်ဖြစ်ကြပါတယ်။
မြစ်။ ။ တွေ့ကြရောပေါ့ကွာ
သူ့ရဲ့ လှိုင်းတွေနဲ့ ကမ်းပါးတွေကို ဖြိုဖျက်ပစ်ပါတယ်။ကမ်းပါးတွေက တအိအိပြိုကျလို့ ..................
မြစ် ။ ။ ဟား .........ဟား ငါ့ရဲ့ အစွမ်းကို တွေ့ပြီ မဟုတ်လားကွ ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ...
ကမ်းပါးတွေက ဘာမှ ပြန်မပြောပါဘူး။
အချိန်တန်တော့လည်း ပြိုကျသွားတဲ့ ကမ်းပါးတွေကပဲ သောင်တွေထွန်းပြီ မြစ်ကို ကောက်ကွေ့စေလိုက်ပါတယ်။
( ဖတ်ဖူးသော စာအုပ်လေးတစ်အုပ်မှ သဘောကျ၍ ထုတ်နုတ် ဖော်ပြထားခြင်း ဖြစ်သည် )

You received this email because you are subscribed to the real_time feed for http://phupwintaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မြင်သမျှတွေ.သမျှ] 2 New Entries: ပျဉ်းမနားသို. လွမ်းခြင်း ....

ပျဉ်းမနားသို. လွမ်းခြင်း ....

မာနတွေနဲ. တိုက်ခိုက်ကျတဲ.
အသံတိတ်တိုက်ပွဲတွေ အဆုံးမှာ
ငါကိုယ် ငါ အောင်နိုင်သူလို. သတ်မှတ်ကျပေမယ်.
ငါ.ခန္ဒိာကိုယ် အစိတ်အပိုင်းတခု(မင်း)ကို ဆုံးရူံးခဲ.ရတာပဲ ။

ငါ.အတွက် နာကျင်အောင်ဆူးရှတတ်တဲ.
ဒဏ်ရာတချို.ကို ခပ်ပါးပါး ပာန်ဆောင်ပြုံးတွေ ဝေဆာလဲ
နောက်ကွယ်က မင်းရိုက်သံတွေက
မင်းထက်ပိုပြီး ငါ.ကို ပူလောင်နေစေတယ် ။

သက်ပြင်းတွေနဲ. ရစ်ထွေးနေတဲ.
ငါ.အခန်းထဲ အလွမ်းတွေသာ အုံ.မှိုင်းလို.
မင်းရဲ. မရိုးပောာင်းနိုင်တဲ. အနမ်းပွင်.တွေကို
ပူလောင်စွာ တမ်းတမိတယ် ။

ချစ်သူ ..... အနေဝေးတော. သွေးအေးတယ်တဲ. ။
ငါအသက်တချက် ရူလိုက်တိုင်း
မျက်လုံး ကိုစုံမှိတ်မိလိုက်တိုင်း
ငါ.ရင်ခွင် က မင်းကိုယ်သင်းရနံတွေ ထထမွေးနေတယ် ။

မာန အတွက် ငါတင်းခံနေပေမယ်.
ဒီဘ၀ရဲ. အဆုံးသတ်အချိန်ထိ
ငါ.ပိုင်ဆိုင်တဲ. နာရီတွေအားလုံးရဲ.ဘေးမှာ
အစဉ်အမြဲ မင်းကို ငါရှိစေချင်တာ ....
ငါ မင်းကို မပြောပြမိခဲ.ဘူး ..................

ပန်းနူရောင် ဘူတာသို.

ဲကြုတ်ကြုတ် ၊ ဂျက်ဂျက် အသံများကြား
လူတွေဆင်းတတ်ခြင်းက
အဆုံးသတ်ခြင်းလား
အစပျိုး ခြင်းလား
ခေါင်းငေါက်ဆိုက် ချရင်း တာဝေးမိုင်တချို.
ဂဏန်သုံးလုံးအထက်မှာ ၀ဲပျံနေပြီ ။
အိပ်ရေးပျက်တဲ. ညတချို.ရယ်
အိပ်ရေး ငတ်တဲ. ညတချို.ရယ်
ပြီးတော.
တခါတခါ အပျင်းကြော ထထ ဆွဲတတ်တဲ.
ဥသြသံတွေရယ် ။
လက်ပြခြင်း တွေ နဲ. ပွေ.ဖက်ခြင်းတွေကြားမှာ
မကြာခဏ ရပ်တည်ပေးခဲ.တဲ.
ပန်းနုရောင် ဘူတာရယ် ။
ငါ ........... ပာန်ဆောင် ပြုံးပြနေတဲ.
ပုံရိပ်တခုရဲ.နောက်မှာ .....
သက်ပြင်းသံနဲ. ရိုက်သံတချို.ရယ်
ငါလွမ်းတယ် ။။။

You received this email because you are subscribed to the real_time feed for http://poutkaya80.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 2 New Entries: ဖိနပ်အကြွား ပို့စ်

ဖိနပ်အကြွား ပို့စ်


မိန်းကလေး အများစုက ရှော့ပင်းထွက်ကြိုက်ကြသလို၊ ပစ္စည်းတစ်ခုကို လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ကြိုက်ပြီဆိုရင် ဝယ်တတ်ကြတယ်။ အဲဒီထဲမှာ ကျွန်မလည်း အပါအဝင်ပါပဲ။ ကျွန်မက ရှော့ပင်းသိပ်မထွက်ပေမယ့် (ပိုက်ဆံမရှိလို့) ကြိုက်ပြီဆိုရင် ဝယ်ကိုဝယ်ပစ်လိုက်ရမှာ စားဝင်၊ အိပ်ပျော်တတ်တယ်။ အခုလည်း လိုအပ်မှန်းသိပေမယ့် လိုအပ်တာထက် ပိုများတဲ့ ဖိနပ်တွေကို ဝယ်ဖြစ်ခဲ့တယ်။ ကျွန်မခြေထောက်က ဆိုက်ကြီးတဲ့အတွက် မြန်မာပြည်မှာ ဖိနပ်ဝယ်ရ သိပ်အဆင်မပြေဘူး။ အရင်တုန်းကဆို ပုံလွန်တွေပဲ မှာစီးရတယ်။ ဒါကြောင့် ကျွန်မနဲ့အစီးတော်တဲ့ ဖိနပ်ကို တစ်ခြားအသုံးအဆောင်ထက် ပိုဝယ်ဖြစ်ခဲ့တယ်။

စင်ဒရဲလားက ဖိနပ်တစ်ဖက်ကြောင့် အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်ဖြစ်ခဲ့ရတယ်။ ဟိုတစ်လောတုန်းကလည်း ဖိနပ်အရှုပ်တော်ပုံကြောင့် ဘလော့တစ်ခု ဟစ် တော်တော်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်မလည်း ရိုက်ထားသမျှ ဖိနပ်ပုံနဲ့ ရှိသမျှ ဖိနပ်တွေ ထုတ်ကြွားလိုက်ပါတယ်။ အကြွားလွန်သွားရင် သည်းခံပေးပါလို့...း) အဲ... ဒီဖိနပ်ပုံတွေကိုတော့ ကော်ပီမကူးနဲ့နော်.. ဘာဖြစ်လို့လဲဆိုတော့.........

ဒီပုံထဲမှာ အပေါ်ဆုံးက All star တံဆိပ် ဖိနပ်ကလွဲရင် ကျန်၂ရံက တစ်ရံကို စတာလင်ပေါင် ၃ ပေါင်ပဲ ပေးရပါတယ်။ (တစ်ပေါင်ကို မြန်မာငွေ ၂ထောင်ကျော်နဲ့ ညီမျှပါတယ်)

ဒီပုံထဲက ဖိနပ်တွေအားလုံး တစ်ရံကို စတာလင်ပေါင် ၄ ပေါင်ပဲ ပေးရပါတယ်။ ဈေးချတာနဲ့ ကြုံရင် တစ်ရံကို ၂ ပေါင်ပဲကျတယ်။ (၄ပေါင်ဆိုရင် မက်ဒေါ်နယ် ဟမ်ဘာဂါ meal တစ်ခု ဝယ်စားလို့ မရသေးပါဘူး။ တရုတ်စာဖြစ်ဖြစ်၊ ဂျပန်စာဖြစ်ဖြစ် ဟင်းနဲ့ထမင်းရောရာ တစ်ခုတော့ စားရပါတယ်)

ကော်ပီမကူးနဲ့လို့ ပြောရတာ ဖိနပ်တွေက အပေါစားမို့လို့ပါး) ကင်မရာဓာတ်ခဲကုန်သွားလို့ ဒီလောက်ပဲ ထုတ်..ကြွား...လိုက်ပါတယ်။ မျက်စိနောက်သွားရင် ဆောရီးပါနော်....

တကယ်တော့ ဖိနပ်တစ်ရံ ကောင်းမကောင်းကို တန်ဖိုးငွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ စီးကြည့်မှ၊ မနာမှ၊ လမ်းလျှောက်ရ အဆင်ပြေမှ၊ ခရီးတွင်မှ ဖိနပ်တစ်ရံ ကောင်းမကောင်းကို သိနိုင်ပါတယ်။ တန်ဖိုးကြီးတိုင်း၊ လှတိုင်း စီးမကောင်းပါဘူး... အဲ.. အခုလို ထုတ်ကြွားရတာတော့ ကောင်းတာပေါ့နော်။

(ဒုက္ခပဲ.. ဒီနေ့ ဆေးစားမှားပြီ။ ဒီလို အကြွားကလည်း ပို့စ်တစ်ခုဖြစ်တွားတယ်။ သည်းခံပါ။ +_+ )

နိုင်းနိုင်းစနေ

ရေ ဘယ်လောက်လေးသလဲ?


ဆရာတစ်ဦးက စိတ်ဖိအား စီမံခန့်ခွဲရေး (Stress Management) သင်တန်းတစ်ခုမှာ ကျောင်းသားတွေကို လက်တွေ့စမ်းသပ်မှု တစ်ခု ပြုလုပ်ခိုင်းခဲ့တယ်။

စမ်းသပ်မှုမှာ ဆရာက ရေတစ်ခွက်ကို ကိုင်မြှောက်ပြီး " ကဲ... ဒီခွက်ထဲက ရေ ဘယ်လောက်လေးသလဲ" လို့ မေးခဲ့တယ်။

ကျောင်းသားတွေက ၂ဝ ဂရမ်ပါ၊ ၃ဝ ဂရမ်ပါ.. စသဖြင့် ၅ဝ ဂရမ်အထိ ခန့်မှန်းကြတယ်။ ဆရာကဆက်ပြီး " ဒီခွက်ထဲကရေ ဘယ်လောက်လေးသလဲ ဆိုတာ အဓိက မဟုတ်ဘူး။ အဓိက,က ဒီခွက်ကို ဘယ်လောက်ကြာကြာ ကိုင်ထားနိုင်ကြသလဲ? ၁ မိနစ်အချိန်က လူတိုင်းအတွက် ပြဿနာမရှိနိုင်ဘူး။ ၁နာရီဆိုရင် လက်ညောင်းလာကြလိမ့်မယ်၊ တစ်ရက်ဆိုရင် တစ်ကိုယ်လုံး ကိုက်ခဲလာလိမ့်မယ်။ တူညီတဲ့ ရေအလေးချိန်ဖြစ်ပေမယ့် ကြာကြာကိုင်ထားလေ၊ လေးလံတာကို ခံစားရလေ ဖြစ်လိမ့်မယ်" လို့ ပြောခဲ့တယ်။

ထို့အတူ ကျွန်မတို့ ခံစားရတတ်တဲ့ စိတ်ဖိအား၊ အလုပ်ဖိအားတွေကိုလည်း ကြာကြာလက်ကိုင်ထားရင် အချိန်ကြာလာတာနဲ့အမျှ ပိုမိုလေးလံလာပြီး မခံမရပ်နိုင် ဖြစ်လာတတ်တယ်။ ကျွန်မတို့ လုပ်တတ်ရမှာက ရေခွက်လို ချလိုက် ကောက်ကိုင်လိုက်ဖြစ်ပြီး ဒါမှ အချိန်ဘယ်လောက်ကြာကြာ လေးလံတယ်လို့ မခံစားမိတော့ဘူး။

ခံစားရတဲ့ စိတ်ဖိအားတွေကိုလည်း အချိန်တစ်ချိန်ရောက်ရင် ချထားလိုက်ပြီး ကောင်းကောင်း အနားယူသင့်ပါတယ်။ ဒါမှ နောက်ထပ်တစ်ဖန် ပြန်ခံစားရတဲ့အခါ ဒီလောက် မလေးလံ၊ မထိုင်းမှိုင်းနိုင်တော့ပါဘူး။ ဥပမာပြောရရင် အလုပ်က ရတဲ့ဖိအားကို အိမ်အထိ မသယ်ခဲ့ဘဲ အလုပ်ဆင်းတာနဲ့ အလုပ်မှာပဲ ချထားခဲ့တာ အကောင်းဆုံးပါ။ အိမ်ပြန်ရောက်ရင် ကောင်းကောင်း အနားယူပါ။ နောက်တစ်နေ့ အလုပ်ချိန်မှာ အဲဒီဖိအားကို ပြန်ကောက်ကိုင်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဖိအားက ကိုယ့်အတွက် တစ်ချိန်လုံး မလေးလံနိုင်တော့ပါဘူးကိုယ့်ကို အသက်ရှူမရအောင် ဖိမထားနိုင်တော့ပါဘူး။

ဒီပို့စ်ကို ဖတ်ပြီး ဖိအားမှန်သမျှ လျှော့ချလိုက်ပါ။ (သတိ... ဘလော့ဂ်ဖတ်ရင်း လေမလည်ရ)

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[A Splendid Rose's . . .] 1 New Entry: My Handcrafts

My Handcrafts

ခုတလောတော့ လက်မှုပညာတွေဖြစ်တဲ့ Crystal Beading နဲ့ သိုးမွှေးတစ်ချောင်းထိုး ပညာရပ်နဲ့လုပ်တဲ့ ဂျပန် Amigurumi အရုပ်ကလေးတွေကိုပဲ စိတ်အားသန်နေတာပါပဲ။


လောလောဆယ် crystal beading အတွက်လိုအပ်တဲ့ size စုံ design စုံ swarovski crystal တွေရယ် bead space, hooks, ear ring, phone string etc တွေ ၀ယ်ရတာကတင် ၁၀၀ နည်းနည်း စွန်းနေပြီပေါ့။

Amigurumi အရုပ်ကလေးတွေကတော့ အချစ်က ပူဆာလို့ သူ့အတွက် အောက်က Pac Man series နဲ့ Mario mushroom လေးတွေ အရင်လုပ်ပေးဖို့အတွက် လိုအပ်တဲ့ ချည်၊ မျက်လုံး လုပ်ဖို့ accessories တွေ ၀ယ်ထားပါတယ်။ကိုယ့်စိတ်ကိုယ်က မျောက်စိတ်ဆိုတော့ကာ.. ဟိုဟာလေး လုပ်လိုက်၊ crystal သီလိုက်၊ အရုပ်ထိုးလိုက် ပေါ့။

လောလောဆယ် crystal နဲ့ Angle ပုံ phone charm ၄ ခု နဲ့ နားစွဲ တစ်စုံ လုပ်ထားပါတယ်။
ထပ်လုပ်မှာကတော့ လည်ဆွဲနဲ့ bracelet ပါ။ ဒီဇိုင်းရှာနေတုန်းပဲ။ ဒီဇိုင်းကို စိတ်ကြိုက်ရရင်တော့ လိုတာလေးတွေ နည်းနည်း ထပ်ဝယ်ဖြစ်ပါမယ်။

မြန်မာပြည်တုန်းကတော့ စကော့ဈေးက ပုလဲ ဆိုင်တွေမှာ ၃နာရီလောက်ကြအောင် သူငယ်ချင်းပီပီနဲ့ တူတူ ရွေးကြ သီကြ အပြန်အလှန်ကြွားကြတာတွေ လုပ်ခဲ့ဘူးတာ သတိရ ပါတယ်။

လုပ်ပြီးသား ဒီဇိုင်းလေးတွေ ဓါတ်ပုံရိုက်ပြီး တင်ရဦးမယ်။

You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[:: My Little World ::] 1 New Entry: The Living Years

The Living Years

အချိန်လွန်မှ နောင်တ ရတယ်ဆိုတာမျိုး မဖြစ်ရအောင်..

Every generation
Blames the one before

And all of their frustrations
Come beating on your door

I know that I'm a prisoner.. To all my father held so dear
I know that I'm a hostage.. To all his hopes and fears
I just wish I could have told him..
In The Living Years

Crumpled bits of paper
Filled with imperfect thought
Stilted conversations
I'm afraid that's all we've got

You say you just don't see it.. He says it's perfect sense
You just can't get agreement .. In this present tense
We all talk a different language.. Talking in defence

Say it loud, say it clear
You can listen as well as you hear
It's too late when we die
To admit we don't see eye to eye


So we open up a quarrel
Between the present and the past
We only sacrifice the future
It's the bitterness that lasts

So don't yield to the fortunes.. You sometimes see as fate
It may have a new perspective... On a different day
And if you don't give up, And don't give in
You may just be OK

Say it loud, say it clear
You can listen as well as you hear
It's too late when we die
To admit we don't see eye to eye

I wasn't there that morning.. When my father passed away
I didn't get to tell him .. All the things I had to say.
I think I caught his spirit .. Later that same year
I'm sure I heard his echo ...In my baby's new born tears
I just wish I could have told him
In the living years

Say it loud, say it clear
You can listen as well as you hear
It's too late when we die
To admit we don't see eye to eye

ခုရက်ပိုင်း အရင်တုန်းက သီချင်းတွေ နားထောင်ဖြစ်နေတယ်။ The Living Years - Mike & The Mechanics သီချင်း စပေါ်တာ ၁၉၈၈ ခုနှစ်ကဆိုတော့ အနှစ် ၂၀ သက်တန်းရှိနေပြီ။ သီချင်းဟောင်းကြီးလို့ မပြောချင်ဘူး၊ သီချင်းရဲ့ သက်တန်းက ကိုယ့်ရဲ့ သက်တန်းထက် ငယ်နေတယ်လေ။ ဒီတော့ ဒီသီချင်းဟာ သစ်တော့ မသစ်ဘူး၊ ဒါပေမယ့် အရမ်း မဟောင်းသေးတဲ့ သီချင်းတစ်ပုဒ်လို ပဲ ပြောချင်တယ်..

This was written from the perspective of a son who has a conflicted relatonship with his Father. After his father dies, he discovers that he and his father had a much stronger bond than he ever realised, and regrets not saying more while he was alive. [more...]

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 3 New Entries: ဘိရုမာတင်တဲ့ ရွှေမင်းသားများ

ဘိရုမာတင်တဲ့ ရွှေမင်းသားများ



မိုးမခ
ပရိသတ်များရွေးချယ်သည့်ကကွက်အတိုင်း ကပြအသုံးတော်ခံမည့် ဖျော်ဖြေပွဲအစီအစဉ်ကြီးတခုကို မိုးမခတွင် ကြည့်ရှုအားပေးနိုင်ပြီဖြစ်သည်။ "၂၀၁၀ အကြို စိန်မျောက်မျောက်တို့ ကတဲ့ပွဲ" ဟု အမည်ပေးထားသော မင်းသားနှစ်ယောက် နှစ်ကိုယ်တော် ကပြသည့် ပွဲအစီအစဉ်ကို ကာတွန်းများ၊ ဂိမ်းများ ဖန်တီးလေ့ရှိသူ ကာတွန်းဘိရုမာက ကမကထပြု စီစဉ်လိုက်ခြင်းဖြစ်သည်။

ခေါင်းအက - ခေါင်းငြိမ်၊ ယိမ်း၊ ပြူတစ်၊ ရှန်တိန်

လက်အက - လက်ငြိမ်၊ ဝှေ့ရမ်းက၊ စက်ရုပ်က၊ လက်လွှဲက

ခြေအက - ခြေငြိမ်၊ ဘေးယိမ်း၊ နောက်ထိုး၊ ခုန်ဆွ တို့မှာ ကပွဲတွင် မျက်နှာမသာမယာဖြစ်နေသူ မင်းသား၏ ကကွက်များ ဖြစ်သည်။

ကျေနပ်နေဟန်မျက်နှာပေးနှင့်မင်းသား၏ ကကွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ခေါင်းအက - ခေါင်းငြိမ်၊ ညိတ်၊ ရမ်း၊ လိပ်ခေါင်း

လက်အက - လက်ငြိမ်၊ ဗလကြီးက၊ ပုံးဆွဲက၊ ဝှေ့ယမ်းက

ခြေအက - ခြေငြိမ်၊ ကီထိုင်၊ ဘိုကြက်ဖ၊ ချီတက်

ခေါင်း၊ လက်၊ ခြေ တခုခုကို ငြိမ်သက် ရပ်နားစေလိုပါက ခေါင်းငြိမ်၊ လက်ငြိမ်၊ ခြေငြိမ် ဟူသော ခလုတ်များကို နှိပ်ရမည်ဟု ဘီရုမာက ဆိုသည်။

ကချင်တာက" ဟူသော အထူးခလုတ်ကို နှိပ်လိုက်လျှင် မင်းသားနှစ်ဦးက ၎င်းတို့နှစ်သက်ရာ ကကွက်များဖြင့် အသုံးတော်ခံမည်ဟု ဆိုသည်။

ကကွက်များ ပြောင်းလဲစေလိုပါက အဆိုပါခလုတ်ကို ဆက်တိုက်နှိပ်ရန် လိုအပ်မည်ဟု သိရသည်။

မင်းသားနှစ်ပါးက "နေပြည်တော်မှာ သူမပျော်ပါ၊ ရွှေမြို့သစ်ကိုပြောင်းချင်တာ" ဟူသည့် နောက်ခံသီချင်းဖြင့် တင်ဆက်ထားသည်။

အဆိုပါသီချင်းမှာ ပရိသတ်များ နားစွဲပြီးဖြစ်သည့် "တို့အညာဒေသ ရွာသာယာ၊ ရွာဦးကျောင်းမှ ထိုအနီးအနားမှာ အလွန် ကြည်စိမ်းလဲ့လဲ့ ရေကန်သာ" ဟူသော ဦးဘသိန်း(မန္တလေး)၏ 'စိမ်းလဲ့ကန်သာ' သီချင်းအလိုက်ကို ယူထားခြင်းဖြစ်သည်။

ယခု အကပဒေသာပွဲသည် ကာတွန်းဆရာဘိရုမာ၏ တတိယမြောက် ဂိမ်း ဖြစ်သည်။ ဘိရုမာသည်

http://thanshwe.blogspot.com/2008/10/ad.html နှင့် http://moemaka.com/images/berumagame02.htm တို့ရှိ ဂိမ်းနှစ်မျိုးကို တီထွင်ခဲ့ပြီးဖြစ်သည်။ အဆိုပါဂိမ်းများမှာ လေးခွ (လေးဂွ၊ ဘတ်ဂွ)၊ ပစ္စတိုသေနတ် တို့ဖြင့် အကြမ်းဖက်၊ ပစ်ခတ်သည့်ကစားနည်းဖြစ်ပြီး၊ ယခု နောက်ဆုံး တီထွင်လိုက်သည့် ဂိမ်းမှာ ဆို၊ က၊ ရေး၊ တီး အနုပညာများကို အားပေးအားမြှောက်ပြုသည့်ဂိမ်းဖြစ်ကြောင်း ကာတွန်းဆရာက ရှင်းပြသည်။ ။

ထိုင်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို ပိတ်လိုက်ရပြီ


ကိုမိုးသီး

ထိုင်းနိုင်ငံ၏ အဓိကအချက်အချာကျတဲ့ ဘန်ကောက်မြို့ရှိ ဆဗန်န်နဘွန် (သုဝဏ္ဏဘူမိ ) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ ဗုဒ္ဓဟူးနေ့ နံနက် (၅:၀၀) ၌ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားပြီး လူ ၄ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ လည်း နံနက် (၆:၄၀) ၌ ပေါက်ကွဲမှုတခု ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် လူ ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ထိုင်းရဲအဖွဲ့က အတည်ပြု ပြောကြား ခဲ့ပါတယ်။ ကျွန်နော်တို့ဆီကို နောက်ထပ် ၀င်ရောက်လာတဲ့ သတင်းတွေ အရ၊ ဆဗန်န်နဘွန် (သုဝဏ္ဏဘူမိ ) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ ဗုံးသုံးလုံး၊ ဒွန်မောင်း အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းမှာ လေးလုံး ဆက်လက် ဗုံး ပေါက်ကွဲ သံတွေ ကြားနေရတယ် လို့ဆိုတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင် က သူဟာ ထိုင်းနိုင်ငံပြန်လာပြီး၊ ထိုင်းနိုင်ငံရေးလောက ကိုပြန်လည်ခြေချဖို့ မနေ့က တရားဝင် ကြေညာခဲ့ပြီးနောက်၊လက်ရှိ ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ နှင့် အတိုက်အခံတွေပါတီတွေ ဟာ တော်တော်ကို အမျက်ဒေါသ ဖြစ်နေကြတယ်။ အတိုက်အခံ ပီအေဒီ ကို ထောက်ခံဆန္ဒပြသူတွေက ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက်မချင်း လေယာဉ်ကွင်းကို သွားတဲ့ အဓိကလမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထား မှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ ဟာ လေဆိပ်အတွင်းထိဆီကိုတောင် အလုံးအရင်နဲ့ ၀င်ရောက် လာပြီး၊၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်၏လေယာဉ်ကိုမဆင်းသက်နိုင်အောင် ကျိုးစားမှုတွေရှိနေကြတယ်။ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေအကြား အကြမ်းဖက်မှု ဖြစ်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် သေနတ်တွေ လောက်လေးခွတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြ ပါတယ်။ လောလော ဆယ် မှာတော့ အ၀င်၊ အထွက် လေယာဉ်တွေကို ထိမ်းချုပ်ကွပ်ကဲ သူတွေဟာ အလုပ်တာဝန်ထမ်းဆောင်နိုင်မှုမရှိတော့ တာကြောင့်၊ လေဆိပ်တွေ ကို ပိတ်ပြစ် လိုက်ရပါပြီ။

တိုင်းပြည်ရဲ့ အချက်အချာကျတဲ့လေယာဉ်ကွင်းကြီးတွေမှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေခြင်း ဟာ လက်ရှိဝန်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်နှင့် သူ့အစိုးရကို ဖျက်သိမ်းဖို့၊ နုတ်ထွက်ဖို့ တွန်းအားဖြစ်စေတဲ့ အတိုက်အခံတို့ရဲ့ အကြီးအကျယ် စိန်ခေါ်မှုကြီး ဖြစ်တယ်။ လေဆိပ်တွေကိုပိတ်လုပ်ရတာဟာ လက်ရှိထိုင်းအစိုးရ အဖို့ အတော့်ကို အကျပ်အတည်း တွေ့စေပြီး၊ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်နုတ်ထွက်ပေးရဖို့ထိတောင် ဖြစ်ပေါ်လာ နိုင်လိမ့်မယ် လို့၊ ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်နေသူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ တချို့ ကလည်း ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် က လက်ခံမှာ မဟုတ်ဘူးလို့ တွက်ဆနေကြတယ်။

လက်ရှိ ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နှင့် ယောက်ဖတော်စပ်သလို၊ ထိုင်းဝန်ကြီးချုပ် ဟောင်းတပ်စင်ရဲ့ ရုပ်သေးအစိုးရတရပ်လို့၊ အတိုက်အခံတွေ နဲ့ ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်နေသူတွေက ဝေဖန် ပြောဆို နေကြပါတယ်။

GW မှအသိပေးကြေငြာချက်

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome To KO NAY GYI Blog] 1 New Entry: ကဲ ပြောရဦးမယ်

ကဲ ပြောရဦးမယ်

အင်တာနတ်လေ အိမ်မှာတပ်ထားတာ....။ ပြသနာတွေကို ပွေနေတာပဲ....။
တစ်ရက်ဗျာ DSL မီးပျောက်သွားလို့... BaganNet ကို ဖုန်းဆက်ပြောပါတယ်...။ ခဏလေးတဲ့ ဖုန်းပြန်ဆက်ပေးမယ် တဲ့....။ စောင့်နေတာ ဖုန်းက သေတာတောင်ပြန်မလာဘူး ဆိုတဲ့ ဒီဇိုင်းနဲ့ တုတ်တုတ် တောင်မလှုပ်ဘူး...။ ဒါနဲ့ ပြန်ဆက်တော့ လိုင်းကဖြစ်တာနေမှာပါတဲ့....။
လိုင်းမန်းကို ပြော လိုက်ပါတဲ့....။
ကျွန်တော်ကလည်း ဟုတ်ကဲ့ပေါ့.... ဘာမှ မသိတဲ့သူဆိုတော့ သူတို့ ပြောသမျှပေါ့....။ ဒါနဲ့ လိုင်းမန်းဆရာတွေဆီ ဆက်ပြီး ဒီလိုဖြစ် တယ်ပေါ့ ကူညီပါလို့ ပြောတော့ သူတို့ကိုစောင့် ရတာက ၅ရက်....။ လိုင်းကကောင်းသွားပြန်ပီဆိုတော့ BaganNet ကိုထပ်ဆက်တာပေါ့.....။ ခဏစောင့်တဲ့....။ ဒစ်စလန် ဆိုလား ဖြစ်တာတဲ့....။ ဟို ပိန်ချူးချူး ဆရာကြီးကို ပြောရမှာတဲ့....။ ကျွန်တော့် အင်တာနတ် စတပ်တပ်ချင်းတုန်းက
၅၀၀၀၀ ကျပ် လစဉ်. .. သူ့ကိုပေးရင် အင်တာနတ် ကော်နတ်ရှင် မြန်မယ်ဆိုတဲ့ ငပိန်ကောင်လေ...။ ဒါနဲ့ ကျွန်တော်လဲ့ သူ့ဆီ ဖုန်းဆက်ပြောတာပေါ့..။ သူက လုပ်ပေးမယ် ခဏစောင့်ပါတဲ့...။ ဒါနဲ့ စောင့်ရပြန်ရော.....။ DSL မီးကတော့ လင်းမလာပါဘူး....။
နောက်လိုင်းတဲ့ဗျာ သေချင်စော်ကို နံရော..။ လိုင်းမန်းကို ပြန်ခေါ် လုပ်တော့ လိုင်း ကြည်တောက်ရှင်း.....။ နောက် သူဆီဖုန်းပြန်ဆက်ပြောတယ်...။ ခဏခဏ ဆက်လို့ ထင်ပါရဲ့ဖုန်းတောင်မကိုင်တော့ဘူး...။ အကျိုးအကြောင်းလေးတော့ပြောသင့်ပါတယ်... ဖုန်းမကိုင်နိုင်လောက်အောင်တော့ မရိုင်းသင့်ဘူးလေ....။ ရက်နေ့ လောက်က စပြောတာ ၂၅ ရက်နေ့မှ DSL မီးပြန်လင်းတယ်.....။
ကျွန်တော်လည်း ပျက်တဲ့ ရက်တွေ လစဉ်ကြေးလေး လျှော့ပေးပါလို့ မန်နေဂျာကြီးကို ပြောတော့ သူတို့ကြောင့် မဟုတ်ဘူးတဲ့.... ဖုန်းရုံထဲ အပ်ကျတယ် ဆိုလား ဘာဆိုလားပဲ....။ သင်ခန်းစာပေါ့တဲ့....။ သုံးစွဲသူအပေါ် ပြောတဲ့စကားက.....။
နောက်ဆုံတော့ ကျွန်တော် ပဲခံလိုက်ရပါတယ်ဗျာ....။

You received this email because you are subscribed to the real_time feed for http://konaygyi.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏။] 1 New Entry: သင်္ချိုင်းပေါ်က လူသားများ

သင်္ချိုင်းပေါ်က လူသားများ

ကမ္ဘာလောကကြီးတစ်ခုလုံးသည် အလောင်းကောင်များမြှုပ်နှံရာ သင်္ချိုင်းကြီးပင်ဖြစ်၏။ ရွာ တိုင်း၊ မြို့တိုင်း၌ သေဆုံးသူများမြှုပ်ရန်အရပ်ဟူ၍ သင်္ချိုင်းများထားရှိကြသည်။ ကြောက်တတ် သောလူကြီး၊ လူငယ်မှန်သမျှ မသွားရဲကြ၊ မဖြတ်ရဲကြ၊ အများစုကလည်း အမင်္ဂလာအရပ်ဟု ဆိုတတ်ကြပြန်သည်။ သုဿာန်အရပ်မှပြန်လာလျှင် အပမမှီရအောင် ရွာတံခါးဝမှာ တံထွေး ဖြင့်ထွေးကြသော ဓလေ့ရှိသည့် အရပ်ဒေသများလည်းရှိကြသည်။ အလောင်းတင်သည့်စင်ကို လည်း ရွာမှာမထား၊ ဘုန်းကြီးကျောင်းမှာ ထားကြသည်။ သေသူ၏အ၀တ်တို့ကို ကလကာချုပ် ၍ ကွယ်လွန်သူအား ရည်စူးသောကောင်းမှု စသဖြင့်လည်း ကျေုာင်းမှာလှူတတ်ကြသည်။ "မကောင်းရင် ကျောင်းပို့" ကြသည်ပင် မဟုတ်ပါလော။ သေသူ၏ ရွှေ၊ ငွေ၊ ရတနာတို့ကိုကား အမွေမမျှဟုထင်လျှင် ရုံးတက်၍ပင် လုတတ်ကြသည့် အတ္တဒိဋ္ဌိလူသားတို့မှာ "ဘယ်သူသေ သေ ငတေမာရင်ပြီးရော"ဟူသော လောဘ၊ ဒေါသ၊ မောဟတို့ ထူပြောကြပေသည်။


သုဿာန်အရပ်ကို အမင်္ဂလာအရပ်ဟုဆိုလျှင် ကမ္ဘာလောကကြီးတစ်ခုလုံးပင် အမင်္ဂလာအရပ် ဖြစ်သွားပေမည်။ သုဿာန်အရပ်ကို အမင်္ဂလာအရပ်ဟုဆိုခြင်းမှာ မမှန်ကန်ပေ။ သေသူမြှုပ်နှံ သည်ကိုမြင်၍ "ငါလည်း သေရမှာပါလား"ဟု နှလုံးသွင်းမိခြင်း၊ သင်္ချိုင်းအုတ်ဂူတို့ကိုမြင်၍ လည်း ထိုသို့နှလုံးသွင်းမိခြင်းဖြင့် မရဏာနုဿတိဘာဝနာ ပွားများပြီးသားဖြစ်ခြင်းကြောင့် မင်္ဂလာမြင်ကွင်း၊ မင်္ဂလာအရပ်ဖြစ်သွားပေတော့သည်။ ဗုဒ္ဓအရှင်တော်မြတ်က-
"ဘောန္တော- အ၀ိဇ္ဖာနယ်၊ တလည်လည်ဖြင့်၊ သွယ်သွယ်ယောင်ရမ်း၊ အမှောင်လမ်းဝယ်၊ တောင်စမ်းမြောက်ကိုင်၊ မကြောက်နိုင်ဘဲ၊ ခုတိုင်လမ်းမှား၊ အိုလူများတို့၊
တုမှေ- အပြောတစ်မျိုး၊ သဘောဆိုး၍၊ အကျိုးမပြီး၊ အချည်းနှီးဖြစ်၍နေကြကုန်သော သင်တို့သည်၊ ဣမံလောကံ- ရှုပ်ချင်တိုင်းရှုပ်၊ ပွေချင်တိုင်းပွေ၊ မှောက်ချင်တိုင်းမှောက်နေ ကြတဲ့ ကြောက်စရာ ဤလောကကြီးကို၊
ပဿထ- မသာတွေအစုပြည့်နေသည့် သုဿာန်အဖြစ် သတိပြု၍ ရှုကြည့်ကြပါကုန်လော့၊" ဟူ၍ ပြတ်ပြတ်သားသားဟောကြားတော်မူခဲ့ပါသည်။

ကမ္ဘာလောကကြီး မသာတွေနှင့် ပြည့်ကျပ်နေသည် တဲ့။ ဟုတ်ပါပေသည်။ ဘုရားတစ်ဆူကြား ကာလ၌ သေခဲ့ရသည့် မသာတွေရဲ့ အရိုးတွေ၊ အသားတွေကိုပုံထားရင် ဝေပုလ္လတောင် လောက်ပင်ရှိသည်ဟုလည်း ပိဋကတ်တော်၌ လာရှိပါသည်။ ဘုရားတစ်ဆူကြားကာလမှာပင် ထိုမျှလောက်ရှိလျှင် ကမ္ဘာပတ်လုံးဆိုလျှင် မည်မျှများပြားမည်ကို မတွေးသာတော့ပေ။ ဗုဒ္ဓ ကိုယ်တိုင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်ဆည်းပူးပြီးမှ သဗ္ဗညုတရွှေ ဉာဏ်တော်ဖြင့် သိရှိဟောကြားတော်မူသောကြောင့်သာ သိခွင့်ရကြပါသည်။

ဗုဒ္ဓလက်ထက်တော်က ရာဇဂြိုဟ်မြို့မှာ ဥပသာလကအမည်ရှိသော ပုဏ္ဏားကြီးတစ်ယောက် ရှိခဲ့ပါသည်။ သူ အသက်ကြီးရင့်လာသောအခါ၌ သားဖြစ်သူအား သူများနှင့်မတူသည့် ထူးခြား ချက်တစ်ခုကို မှာကြားလေသည်။ "ငါ့သား…အဖေသေရင် ဘယ်လူသေကောင်မှ မမြှုပ်ရသေး သောနေရာမှာ ရှာဖွေပြီး သင်္ဂြိုဟ်ပါ" တဲ့။ သားက "အဖေ…လူသေမမြှုပ်ဖူးတဲ့နေရာကိုရှာရန် အင်မတန်မှ ခဲရင်းလှပါတယ်၊ ဒါ့ကြောင့် အဖေ မသေခင်မှာပဲ မြှုပ်နှံရမည့်နေရာကို ရှာဖွေပြထားခဲ့ပါ"လို့ ပြန်ပြောလေသည်။ ထို့ကြောင့် သားအဖနှစ်ယောက် ဂိဇ္ဈကုတ်တောင် ပေါ် တက်သွားကြပြီးနောက် တောင်စောင်းတစ်ခုပေါ်က မြေကွက်လပ်လေးကို သဘောကျပြီး "ငါ့သားရေ…ဒီနေရာလေးကတော့ ဘယ်လူသေကောင်မှ မမြှုပ်ရသေးလောက်ဘူး၊ အဖေ သေရင် ဒီနေရာမှာပဲ မြှုပ်ပေးပါ"ဟု သားကို သေချာမှာကြားပြီး တောင်အောက်သို့ ဆင်းလာခဲ့ ကြသည်။ ဗုဒ္ဓကလည်း ဂါထာတစ်ဂါထာလောက် ဟောလိုက်ရုံနှင့် ဥပသာလကပုဏ္ဏားကြီး သောတာပန်တည်မည်ကို မြင်တော်မူသောကြောင့် တောင်အောက်တွင် စောင့်နှင့်နေလေ သည်။

ပုဏ္ဏားကြီးအား တွေ့သောအခါ မြတ်ဗုဒ္ဓက "ဥပသာလက၊ ဂိဇ္ဈကုတ်တောင်ပေါ်ကို အဘယ် အကြောင်းကြောင့် တက်လာခဲ့သလဲ"ဟု မေးတော်မူရာ "မှန်လှပါ၊ လူသေမမြှုပ်ဖူးတဲ့နေရာ ရှာဘို့အတွက် တက်လာခဲ့ရခြင်းဖြစ်ပါတယ်"ဟုလျှောက်၏။ ဗုဒ္ဓက "တွေ့ခဲ့ရဲ့လား" ဟု မေး ပြန်ရာ "တွေ့ခဲ့ကြောင်းပါ"ဟု လျှောက်ထားသဖြင့် ထိုနေရာကိုပြသရန် မြတ်ဗုဒ္ဓက တောင်းဆို သောကြောင့် ပုဏ္ဏားကြီးလည်း သူရွေးချယ်ခဲ့သည့်နေရာကို ခေါ်ပြလေသည်။ ၎င်းနေရာသို့ အရောက်တွင် ဗုဒ္ဓက ထိုနေရာအား လက်ညှိုးညွှန်ပြပြီး အောက်ပါဂါထာတော်ကို ဟောကြား တော်မူလိုက်ပါသည်-
ဥပသာလကနာမာနိ၊
သဟဿာနိစတုဒ္ဒသ။
အသ္မိံပဒေသဒဍ်ဎနိ၊
နတ္ထိလောကေ အနာမတံ။
"ဗြဟ္မဏ- ပုဏ္ဏားကြီး၊ အသ္မိံပဒေသသေ- ဤ သင် ယခု ညွှန်ပြရာနေရာဌာန၌၊ ဥပသာလက နာမာနိ- ဥပသာလကအမည်တစ်ခုတည်းဖြင့်၊ သဟဿာနိစတုဒ္ဒသ- အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တို့သည်၊ ဒဍ်ဎနိ- မီးသင်္ဂြိုဟ် လောင်ကျွမ်း မြှုပ်နှံခဲ့ရလေပြီ။ လော ကေ- ကမ္ဘာလောကကြီး၌၊ အနမတံ- လူသေကောင်ပုပ် မမြှုပ်ဖူးသောနေရာဌာနသည်၊ နတ္ထိ- စိတ်သာချပေတော့၊ မုချမရှိရိုးမှန်သည်သာလျှင်တည်း"။

"ပုဏ္ဏားကြီး၊ ဒီတောင်စောင်းမြေနေရာလေးကို သင်က ဘယ်သူ့အလောင်းကိုမှ မမြှုပ်ခဲ့သေး ဘူးလို့ ထင်ခဲ့တယ်။ အမှန်တော့ ဒီနေရာလေးမှာပင် သင်၏အလောင်းကောင်တို့ကို ဥပသာ လကအမည် တစ်ခုတည်းနှင့်ပင် အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တို့ကို မြှုပ် နှံခဲ့ပြီးပြီပုဏ္ဏားကြီး။ ဒီကမ္ဘာမြေကြီး၏ နေရာအနှံ့မှာ လူသေကောင်ပုပ်မမြှုပ်ဖူးသော နေရာဟူ ၍ တစ်နေရာမျှပင်မရှိ"ဟူ၍ ဟောကြားသည့်အဆုံးမှာပင် ပုဏ္ဏားကြီးသည် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ကွာပြီး သောတာပန်တည်သွားခဲ့လေသည်။ ဤဒေသနာတော်အား သတိသမ္ပဇဉ်နှင့် ပညာဉာဏ်မလစ်လပ်ပဲ အခါခါရှုကြပါကုန်။ ဥပသာ လကအမည်နှင့် ဤမျှအရေအတွက်ဖြင့် သေပြီးမြှုပ်နှံခဲ့ရပါလျှင် ကျန်သောအမည်သညာတို့ဖြင့် ရေတွက်ကြည့်မည်ဆိုသော် ထိုမျှမက သည့် အရေအတွက်ဖြင့် သေဆုံးမြှုပ်နှံခဲ့ရပြီးဖြစ်ပါသည်။

ဥပသာလကဲ့သို့ အ၀ိဇ္ဇာ၊ တဏှာဦးစီး၍ မည်မျှပင်သေခဲ့ရပုံကို မသိပဲ ခန္ဓာကိုယ်ကို တပ်မက်၍ "ငါသေလျှင် လှလှလေး သင်္ဂြိုဟ်ကြပါ၊ ဘယ်သုဿာန်မှာမြှုပ်ကြပါ စသဖြင့် အနာဂတ်ကို ပုံ ဖော်လို့ နေတတ်ကြပါသည်။ မိမိနေသော မြေနေရာ၌ပင် "ငါ အကြိမ်ကြိမ်သေပြီး မြှုပ်နှံခဲ့သည့် ငါ့ရဲ့သုဿာန်ပါပဲလား"ဟူ၍ သေခြင်းတရားကိုဆင်ခြင် ၀ိပဿနာဉာဏ် ထပ်ခါပွားပြီး မဂ် ဉာဏ်ဖြင့် နိဗ္ဗာန်မြင်အောင် အားထုတ်ရန် အချိန်တန်ပေပြီ၊ သေခြင်းတရားကိုမေ့ ပျော်မွေ့နေ လို့ မတော်ပြီ။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း သတိသံဝေဂရအောင် ဆုံးမခဲ့သည်မှာ "ပျော်ပျော်နေ သေခဲဆိုတာ ကြားလို့ကောင်းပါမလား၊ မသေရာလမ်းလွှဲ ရှိ သေးတယ်ဆိုတာလည်း သတိထားကြပါဦး"ဟူ၍ဖြစ်၏။ လူသေတော့ လူမသာ၊ နတ်သေ တော့ နတ်မသာ၊ ဗြဟ္မာသေတော့ ဗြဟ္မာမသာအဖြစ် သေမင်းလက်ထိုးအပ်မည်သာဖြစ်သည်။ ဤသို့ကောင်းမှု အကြောင်းပြု၍ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းအဖြစ်လည်း အထပ်ထပ် ဆုတောင်းလို့မနေသင့်၊ သေခြင်းကလွတ်မည် မဟုတ်ပါပေ။ "မသာပြန်ဖြစ်ရပါလို၏"ဟု ဆုတောင်းတာနှင့်အလားတူ သုံးဆယ့်တစ် ဘူတာရုံမှာ အို၊ နာ၊ သေရထားကြီး လည်ပတ် နေခြင်းသည်သာဖြစ်ပါသည်။

လူ့သင်္ချိုင်းဘူတာရုံမှာ အဖုံဖုံသေခဲ့ကြ၍ ကမ္ဘာတစ်ခွင် သုဿာန်ပြင်ကြီးပေါ်မှာ မွေးခဲ့ပြီး ထိုသုဿာန်ပြင်ပေါ်မှာပဲ သေကြရဦးမည့် "သင်္ချိုင်းပေါ်က လူသားများ"ဟု သမုတ်လို့ ရိုင်း သည်ဟု မထင်ပါနှင့်၊ သတိသမ္ပဇဉ်ဉာဏ်မှီးရန်သာ ရည်သန်နှိုးဆော်သည်ဖြစ်ခြင်းကြောင့် တွေ့ ကြုံခဲလှသော ဗုဒ္ဓသာသနာ နေ၀န်းပမာ လင်းဖြာနေဆဲတွင် အချိန်မနှောင်းခင် နိဗ္ဗာန်ကို မြင်နိုင်သည့် ၀ိဇ္ဇာဉာဏ်ပြောင်းအောင် ကောင်းမွန်မှန်ကန်စွာ တရားအားထုတ်နိုင်ကြပါစေသတည်း။

You received this email because you are subscribed to the real_time feed for http://htunhlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T.M.H] 1 New Entry: Digital Sketch 103

Digital Sketch 103


DSF: Snow

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ko htike's prosaic collection] 2 New Entries: ထောက်ပံ့ကြပါစို့

ထောက်ပံ့ကြပါစို့


လက်နက်ကိုင် သောင်းကျန်းနေသော သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူတို့နှင့် ပူးပေါင်းရန် ကရင်ပြည်သူများ၏ ကရင်အမျိုးသား အစည်းအရုံးသို့ လက်နက်ချ အလင်းဝင်လာသူ ၆ ယောက်အား ကရင် အမျိုးသား အစည်းအရုံးမှ ကြိုဆိုလက်ခံထားသည်ကို သတင်းတွင်ဖတ်ရပါသည်။

ဒီနေရာမှာ ကျွန်တော် တစ်ခု တွေးမိတာလေး ပြောပါရစေ။

အခုလို လက်နက်ကိုင် သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူများထံ အလင်းဝင်လာသော စစ်သားများအား လက်ခံကြိုဆိုကာ နွေးနွေးထွေးထွေး ဆက်ဆံသော ကရင် အမျိုးသား အစည်းအရုံးကို ကျေးဇူး အထူး တင်မိပြီး၊ ထိုကဲ့သို့ အလင်းဝင်လာသူများကို အခြားသော ပြည်သူများမှလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကာ ငွေအား၊ လူအားဖြင့် ထောက်ပံ့မူများ လုပ်ဆောင် သင့်ပါသည်ဟု တွေးမိသလောက် ရေးမိလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Cartoon Beruma - 2010 Welcome Performance - Monkey Dance


(မိုးမခ မှ ရယူပါသည်။)

ပရိသတ်များရွေးချယ်သည့်ကကွက်အတိုင်း ကပြအသုံးတော်ခံမည့် ဖျော်ဖြေပွဲအစီအစဉ်ကြီးတခုကို မိုးမခတွင် ကြည့်ရှုအားပေးနိုင်ပြီဖြစ်သည်။ "၂၀၁၀ အကြို စိန်မျောက်မျောက်တို့ ကတဲ့ပွဲ" ဟု အမည်ပေးထားသော မင်းသားနှစ်ယောက် နှစ်ကိုယ်တော် ကပြသည့် ပွဲအစီအစဉ်ကို ကာတွန်းများ၊ ဂိမ်းများ ဖန်တီးလေ့ရှိသူ ကာတွန်းဘိရုမာက ကမကထပြု စီစဉ်လိုက်ခြင်းဖြစ်သည်။

http://moemaka.com/images/berumagame03.htm တွင် အခမဲ့ ခံစား ကြည့်ရှုနိုင်သည်။



ခေါင်းအက - ခေါင်းငြိမ်၊ ယိမ်း၊ ပြူတစ်၊ ရှန်တိန်

လက်အက - လက်ငြိမ်၊ ဝှေ့ရမ်းက၊ စက်ရုပ်က၊ လက်လွှဲက

ခြေအက - ခြေငြိမ်၊ ဘေးယိမ်း၊ နောက်ထိုး၊ ခုန်ဆွ တို့မှာ ကပွဲတွင် မျက်နှာမသာမယာဖြစ်နေသူ မင်းသား၏ ကကွက်များ ဖြစ်သည်။

ကျေနပ်နေဟန်မျက်နှာပေးနှင့်မင်းသား၏ ကကွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ခေါင်းအက - ခေါင်းငြိမ်၊ ညိတ်၊ ရမ်း၊ လိပ်ခေါင်း

လက်အက - လက်ငြိမ်၊ ဗလကြီးက၊ ပုံးဆွဲက၊ ဝှေ့ယမ်းက

ခြေအက - ခြေငြိမ်၊ ကီထိုင်၊ ဘိုကြက်ဖ၊ ချီတက်

ခေါင်း၊ လက်၊ ခြေ တခုခုကို ငြိမ်သက် ရပ်နားစေလိုပါက ခေါင်းငြိမ်၊ လက်ငြိမ်၊ ခြေငြိမ် ဟူသော ခလုတ်များကို နှိပ်ရမည်ဟု ဘီရုမာက ဆိုသည်။

ကချင်တာက" ဟူသော အထူးခလုတ်ကို နှိပ်လိုက်လျှင် မင်းသားနှစ်ဦးက ၎င်းတို့နှစ်သက်ရာ ကကွက်များဖြင့် အသုံးတော်ခံမည်ဟု ဆိုသည်။

ကကွက်များ ပြောင်းလဲစေလိုပါက အဆိုပါခလုတ်ကို ဆက်တိုက်နှိပ်ရန် လိုအပ်မည်ဟု သိရသည်။

မင်းသားနှစ်ပါးက "နေပြည်တော်မှာ သူမပျော်ပါ၊ ရွှေမြို့သစ်ကိုပြောင်းချင်တာ" ဟူသည့် နောက်ခံသီချင်းဖြင့် တင်ဆက်ထားသည်။

အဆိုပါသီချင်းမှာ ပရိသတ်များ နားစွဲပြီးဖြစ်သည့် "တို့အညာဒေသ ရွာသာယာ၊ ရွာဦးကျောင်းမှ ထိုအနီးအနားမှာ အလွန် ကြည်စိမ်းလဲ့လဲ့ ရေကန်သာ" ဟူသော ဦးဘသိန်း(မန္တလေး)၏ 'စိမ်းလဲ့ကန်သာ' သီချင်းအလိုက်ကို ယူထားခြင်းဖြစ်သည်။

ယခု အကပဒေသာပွဲသည် ကာတွန်းဆရာဘိရုမာ၏ တတိယမြောက် ဂိမ်း ဖြစ်သည်။ ဘိရုမာသည်

http://thanshwe.blogspot.com/2008/10/ad.html နှင့် http://moemaka.com/images/berumagame02.htm တို့ရှိ ဂိမ်းနှစ်မျိုးကို တီထွင်ခဲ့ပြီးဖြစ်သည်။ အဆိုပါဂိမ်းများမှာ လေးခွ (လေးဂွ၊ ဘတ်ဂွ)၊ ပစ္စတိုသေနတ် တို့ဖြင့် အကြမ်းဖက်၊ ပစ်ခတ်သည့်ကစားနည်းဖြစ်ပြီး၊ ယခု နောက်ဆုံး တီထွင်လိုက်သည့် ဂိမ်းမှာ ဆို၊ က၊ ရေး၊ တီး အနုပညာများကို အားပေးအားမြှောက်ပြုသည့်ဂိမ်းဖြစ်ကြောင်း ကာတွန်းဆရာက ရှင်းပြသည်။ ။

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပျားရည်ဆမ်းသောလမ်း] 2 New Entries: နောက်ဆုံးနှုတ်ဆက်

နောက်ဆုံးနှုတ်ဆက်

ပျားရည်ဆမ်းသောလမ်းကို အခုကျွန်တော်မလျောက်ရသေးပါဘူးဗျာ။ ဆူးတွေခင်းနေတဲ့လမ်းကိုသာလျောက်နေရတာပါဗျာ။
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာကဘဝ............ ဆန္ဒနဲ့ဘဝက ဘယ်တော့များမှာတစ်ထပ်တည်းကျမယ်ဆိုတာ မသိဘူးဗျာ။
လောလောဆယ်တော့ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းမကျတဲ့ကျွန်တော် ဘလော့ကလေးကိုတော့လေ တစ်သက်လုံးဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်.............. တစ်ခဏတာအတွက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အားလုံးပဲပေါ့နော် တစ်ချိန်က ဘလော့မှာကဗျာလေးတွေရေးတဲ့ကိုတိုးလေးဆိုတာရှိနေသေးတယ်ဆိုတာကို အားလုံးပဲအမှတ်တရရှိနေကျမယ်ထင်ပါတယ်နော်။ အားလုံးကိုလည်းပျော်ရွှင်စွာနဲ့ပဲ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျာ. နောက်ဆုံးအနေနဲ့ကျွန်တော်ရေးထားတာလေးပေါ့နော် တင်ပေးမယ်ဗျာ။ ဘယ်လိုလည်းဆိုတာတော့ ကျွန်တော်ကိုတိုင်လည်းမသိဘူးဗျာ။

အိုသူငယ်ချင်း . .
သူမင်းကို ပြန်မချစ်တာဟာ
သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . .
သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင်
ဒါမင်း အကြမ်းဖက်နေတာပဲကွ . .
အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . .

အိုသူငယ်ချင်း . .
သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . .
နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း
မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . .

အိုသူငယ်ချင်း . .
ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။
မမျှော်လင့်နေပါနဲ့တော့ . .
တော်နေကြာ
ချစ်သူတစ်ယောက်မရရှိတာထက်
သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . .

အိုသူငယ်ချင်း . .
ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . .
ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . .
ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . .
ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . .

မလင်းလက်တဲ့ကိုယ့်အချစ်

သတိရလားလို့မေးရင်
သတိမရဘူးလို့ ဖြေရမှာပါပဲ . .

အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . .
ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . .

စွဲလမ်းခြင်းတွေတောင် မြဲကြတာမဟုတ်ဘူး . .
မနေ့က အဲ့ကောင်မလေးကို အရူးအမူးစွဲလမ်းခဲ့ပေမဲ့
ဒီနေ့ကြ တခြားကောင်မလေးတစ်ယောက်ကို စွဲလမ်းနေတာမျိုး . .

အိမ်မက်ထဲမှာလဲ လူဦးရေများတာပါပဲ . .
ညဥ့်ဦးယံမှာ ကိုယ်နဲ့ကြိုက်ခဲ့တဲ့တစ်ယောက်ကို အိပ်မက် မက်ကောင်းမက်နေလိမ့်မယ် . .
သန်းခေါင်ယံကြတော့ ကိုယ်ကြွေခဲ့တဲ့မိန်းကလေးတစ်ယောက်ကို အိပ်မက်နဲ့ တမ်းတဖြစ်မယ်. .
ဒီလိုပဲလေ . .

သူကိုယ့်ကို ပြန်မချစ်တာမပြောနဲ့
ကိုယ်သူ့ကို တခြားသူတွေထက် ပိုချစ်သလားမချစ်ဘူးလားတောင် မသဲကွဲပါဘူး . .

အနေနီးတာများလို့
သူ့အကြောင်းပိုတွေးနေမိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် . .
သူလှသလိုရှိတာကလည်း
သူ့ဘက် စိတ်ယိမ်းနေတာဖြစ်မှာပါပဲ . .

မနက်ဖြန်
ဘယ်သူနဲ့တွေ့မယ်ဆိုတာ ဘယ်သူတပ်အပ်သိနိုင်မှာတဲ့လဲ . .
ကဲ . .
ကိုယ်ကကော နောင်
ဘယ်လောက်ချစ်တတ်ဦးမှာလဲ . .

အကြွေလွယ်
အကောက်ခက်
နွမ်းလို့လေလားကွယ်
ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: ဖွားဖွားတို့ကြိုက်တာက

ဖွားဖွားတို့ကြိုက်တာက

တစ်ခါက ခရီးသည်တင် ဘတ်စ်ကား မောင်းသူ တစ်ယောက်ဟာ ကားစီးလုံးပြည့် အဖွားအို တစ်သိုက်နဲ့ အဝေးပြေး လမ်းမကြီးအတိုင်း မောင်းနှင်လာခဲ့ပါသတဲ့။ လမ်းခုလတ် တစ်နေရာ အရောက် နောက်ဖက်ခုံမှာ ထိုင်နေသူ ခပ်သေးသေး အဖွားအိုက သူ့ပုခုံးကို လက်တို့ပြီး "မောင်ရင်လေး မြေပဲ ကြိုက်တတ် လားကွယ့်" လို့ မေးလာပါတယ်။

ကားမောင်းသူကလဲ ရိုသေစွာ "ဟုတ်ကဲ့ အဖွား" လို့ ပြန်ဖြေလိုက်ပါသတဲ့။
အဲ့ဒီနောက် သူ့ပုခုံးကို ကျော်ပြီး လက်တစ်ခုပ်အပြည့် မြေပဲတွေ လာပေးတာပေါ့။
ကားမောင်းသူမှာ ကျေးဇူးတင် ၀မ်းသာစွာနဲ့ မြေပဲတွေကို စားလိုက်တယ်။

နောက် ၁၅မိနစ်လောက် အကြာမှာ သူ့ပုခုံးကို ကျော်ပြီး နောက်ထပ် မြေပဲ လက်တစ်ခုပ် ရောက်လာပြန်ရော။

အဖွားအိုက အဲ့ဒီနည်းအတိုင်း ၅ခါလောက် မြေပဲတွေ လာပေးနေလေသည်။ ကားမောင်းသူကလည်း အပြင်းပြေ မြေပဲလေး တမြုံ့မြုံ့နဲပေါ့။

နောက်တစ်ခါ သူ့ပုခုံးကို အဖွားအိုက လာတို့ ချိန်မှာတော့ မနေနိုင်ပဲ မေးမိပါသတဲ့။
"အဖွားခင်ဗျာ့၊ ၀ယ်လာတဲ့ မြေပဲတွေ ကိုယ့်ဘာသာ မစားပဲ ဘာကြောင့် ကျနော့်ကိုပဲ လာပေးနေတာလဲ ခင်ဗျာ" ဟု မေးလိုက်သည်။

အဖွားအိုကလည်း
"ဖွားဖွားတို့က မ၀ါးနိုင်ဘူးကွယ့် ဖွားဖွားတို့မှာ သွားမရှိဘူးလေ" ဟု ပြန်ဖြေလိုက်သည်။

စဉ်းစားရ ကြပ်သွားတဲ့ ကားမောင်းသူကလဲ ထပ်ပြီး မေးပြန်လေသည်။
"မစားနိုင်ပဲနဲ့များ ဘာလို့ ၀ယ်ခဲ့ရသလဲ အဖွားရယ်" ဟူ၍ဖြစ်သည်။

အဖွားအို ပြန်ဖြေလိုက်ပုံက
"ဖွားဖွားတို့က မြေပဲအပြင်မှာ ၀န်းရံထားတဲ့ ချောကလက်တွေကိုပဲ ကြိုက်တာလေ" ဟူသတည်း ..

:D


Source : mmcp

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MYANMAR POLITICAL NEWS AND IDEAS] 2 New Entries: A Comment Letter From NCGUB

A Comment Letter From NCGUB

ပြည်တွင်း၊ နိုင်ငံတကာအခြေအနေများနဲ့ ကျွန်တော်တို့

တင့်ဆွေ


အခုတလော ပြည်တွင်းမှာ ဖိနှိပ်မှုတွေက မီးကုန်-ယမ်းကုန်အောင် ဆိုးရွားနေပါတယ်။ အကြမ်းမဖက်နည်းနာတွေကို လာသင်ပေးသူတွေရဲ့ သင်ခန်းစာထဲမှာ ဆန္ဒပြသူတွေရှေ့မယ် အမျိုးသမီးတွေကိုထားပေးရင် နှိပ်ကွပ်မဲ့ ရဲတွေ-လုံထိန်းတွေအဖို့ နှစ်ခါပြန်စဉ်းစားလိမ့်မယ်လို့အကြံပေးတာရှိပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ အမျိုးသမီးလောက်တော့ စာရင်းမသွင်းနိုင်ဖြစ်သွားစေခဲ့တယ်။ သံဃာတော်တွေကို နှိပ်ကွပ်၊ စီးနင်း၊ ဖမ်းဆီး၊ သတ်ဖြတ်တဲ့အခါ ပြည်တွင်း-ပြည်ပ သြချခဲ့ရတယ်။ (နာဂစ်)ဖြစ်လို့ တိုင်းတစ်ပါးကနေ တာဝန်အရရော စေတနာနဲ့ပါ ကူမဲ့-ကယ်မဲ့သူတွေကို တားမြစ်-ဖင့်လေးတာတွေလုပ်ပြန်တော့၊ ကမ်းကုန်ရောလို့ ပြောရပြန်တယ်။ နောက်တခါလာပြန်ပြီဟေ့ဆိုရပါမယ်၊ ဘုန်းကြီးဆွမ်းကြွေးတဲ့သူ၊ လူတွေမသုံး သုံးအောင် အစွမ်းကုန် အားပေး-စီစဉ်ပေးရမယ့် သတင်းနည်းပညာတွေကို သုံးမိသူတို့ စတဲ့သူတွေကို ထောင်ချလိုက်တာ ကြုံဖူးပေါင်-ဂုဏ်ထူးဆောင်လို့ ပြောရပြန်ပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကြောင့် ရှိပြီးသား နိုင်ငံရေးသီအိုရီတွေ၊ နည်းနာတွေ၊ နိုင်ငံတကာဥပဒေတွေ ခေတ်မမီအောင် ဖြစ်သွားရပါတော့တယ်။


နိုင်ငံတကာစင်မြင့်မှာလည်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ဒီနှစ်မှာ ထူးခြားတဲ့ ခံစစ်နဲ့ စစ်အုပ်စုက စတိုက်လာပါတယ်။ ၁၉၉၂ ကတည်းက အများသဘောတူ (ကွန်ဆင်းဆပ်)ဆုံးဖြတ်ချက် ချလာလိုက်တာ ၂၀၀၇ အထိ။ ဒီနှစ် မဲခွဲတဲ့ (ချဲလင့်)ကို စကျင့်သုံးလိုက်ပြီဖြစ်တယ်။ အရင်နှစ်တွေကတည်းက စကားလုံးအားပြင်းတဲ့ ဆုံးဖြတ်ချက် ရချင်ပေမဲ့ မဲခွဲတဲ့နည်းကို သွားရမှာမို့ (ကွန်ဆင်းဆပ်)ဖြစ်အောင် ရေရောပေးခဲ့ရတယ်။ အခု စစ်အုပ်စုက မဲခွဲနည်းကို ရွေးလိုက်ပါပြီ။ မဲမခွဲခင် ဘာမှအရေးမယူရေးအဆို (နိုး-အက်ရှင်-မိုးရှင်း) လုပ်လိုက်သေးတယ်။

(အက်ရှင်)မယူရေးဘက်က တရုပ် နဲ့ ရုရှားတို့ကစကားပြောပြီး (အက်ရှင်)မယူရေးကို ဆန့်ကျင်သည့်ဘက်က နော်ဝေ နဲ့ နယူးဇီလန်တို့က ပြောကြတယ်။ မဲခွဲတဲ့အခါ (အက်ရှင်)မယူရေးကို ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၉၀ မဲ၊ ကြားနေမဲ ၄၃ မဲရလို့ နအဖ-တရုပ်-ရုရှား ၀န်ရိုးတန်းဘက်က ရှုံးသွားပါတယ်။

နောက် ဆုံးဖြတ်ချက်ကို (စပွန်ဇာ)လုပ်တဲ့နိုင်ငံများနဲ့ (အီးယူ)ကိုယ်စား ပြင်သစ်နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံဘို့ စကားပြောသလို မထောက်ခံဘို့ နအဖ ကိုယ်စားလှယ်က စကားပြောတယ်။ (ဘာဘေဒို့ စ်)၊ မြောက်ကိုရီးယား၊ မလေးရှား၊ အီဂျစ်၊ ထိုင်း၊ ဆီးရီးယား၊ အီကွေဒေါနိုင်ငံကိုယ်စားလှယ်တွေက နိုင်ငံတခုချင်းအလိုက်ဆုံးဖြတ်ချက်မျိုးကို မထောက်ခံကြောင်းအပါအ၀င် အဆိုကို ကန့်ကွက်မယ်ဆိုတာပြောကြတယ်။ မဲခွဲတဲ့အခါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေမဲ ၆၃ မဲနဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။ ဘဲလားရပ်၊ ကျူးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့က ကန့်ကွက်မဲထည့်ရခြင်း အကြောင်းပြောပြီး ဂျပန်နဲ့ ဘရာဇီးက ထောက်ခံမဲထည့်ရခြင်းအကြောင်း၊ ကော်စကာရီကာမှ (အက်ရှင်)မယူရေးအဆိုကို ကန့်ကွက်ရခြင်းအကြောင်း ပြောကြားပြီးတဲ့နောက် နအဖ ကိုယ်စားလှယ်က ရုရှားနှင့် အိမ်နီးချင်းများကို ကျေးဇူးတင်စကားပြောပါတယ်။

ဘက်နှစ်ဘက်ကို ခွဲကြည့်လိုက်ရင် နအဖ အလိုတော်ရိနိုင်ငံများစာရင်းထဲမှာ အိမ်နီးချင်းတွေ အကုန်လောက်ပါနေတာ တွေ့ရတယ်။ ဘင်္ဂလားဒက်ရှ်၊ တရုပ်၊ အိန္ဒိယ၊ ဘူတန်၊ လော၊ မလေးရှား၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်တို့က (အက်ရှင်)မယူရေးအဆို ထောက်ခံတဲ့ နိုင်ငံများဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့တော့ ဒီဘက်မှာ ပါပါတယ်။ နီပေါ၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်တို့က ကြားနေခဲ့တယ်။ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်နိုင်ငံများထဲမှာ အယ်လ်ဂျီရီးယား၊ အဇာဘိုင်ဂျမ်၊ ဘင်္ဂလားဒက်ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရူနိုင်း၊ တရုပ်၊ ကို့တ်တီဘွား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျာ၊ မလေးရှား၊ နမီဘီးယား၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ ဆိုမာလီ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ထိုင်း၊ ဗီယက်နမ်၊ ဇင်ဘာဘွေတို့ ဖြစ်ကြပါတယ်။

ပြည်တွင်းနဲ့နိုင်ငံတကာမှာ အဲလိုတိုက်ပွဲတွေကြမ်းနေချိန် ကျွန်တော်တို့အတွင်းထဲမှာလဲ အရှိန်ပြင်းပြင်းနဲ့ အချင်းချင်း ဝေဖန်ရေး(ဘလောကာ)စစ်ပွဲ ဆက်လက်ဆင်နွှဲနေဆဲပါ။ (အင်စီဂျီယူဘီ)နဲ့ ပတ်သက်နေတဲ့ အကြောင်းကိစ္စတွေ ဝေဖန်ကြတာကို ဒီမိုကရေစီကျင့်စဉ်တရပ်ဖြစ်လို့ ကြိုဆိုပါတယ်။

(စီစီ)ကိစ္စလို့ အတိုခေါ်တဲ့ ကုလသမဂ္ဂမှာ ကုလားထိုင်နေရာ(ချဲလင့်)လုပ်တာက နိုင်ငံရေးပေါ်လစီကိစ္စဖြစ်လို့ လေးလေး နက်နက် သိဖို့ -ဆွေးနွေးဖို့လိုပါတယ်။ မီဒီယာမှာပြောရတာမျိုးနဲ့ ဘလော့ခ်မှာရေးရတာမျိုး မတူနိုင်သလို တစ်ချို့ အပိုင်းကို အတွင်းကြိတ်ဆွေးနွေးဖို့ နဲ့တံခါးပိတ်ပြောရတာမျိုးတို့လဲ ရှိနေပါတယ်။ လုပ်သင့်တယ်ဆိုတဲ့ဘက်ကနေ အထောက်အထား၊ အကိုးအကား၊ အလားအလာတွေကို သက်ဆိုင်သူတွေဆီ မျှဝေ-ချဉ်းကပ်မှုတွေလုပ်ပါတယ်။ လုပ်ထုံးအရ တာဝန်ခံလုပ်ရမဲ့သူအနေနဲ့ကလည်း တာဝန်မခံနိုင်ရတဲ့ အကြောင်းတရားတွေကို စာနဲ့ပေနဲ့၊ ပေးသင့်သူများထံ တလေးတစား ရေးသားပေးပို့ ပြန်ကြားထားတာတွေရှိထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား လွန်ခဲ့တဲ့ရက်အနည်းငယ်က သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။ နားလည်မှုတွေ တိုးတက်ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်တွေအကြား မဆွေးနွေးမီ၊ တပ်ပေါင်းစုတွေအကြားမှာလဲ ကျကျနနနည်းပါး ဆွေးနွေးခဲ့ကြပါသေးတယ်။

(စီစီ)ကိစ္စက ပညာပိုင်းရော နိုင်ငံရေးပိုင်းပါ နှစ်မျိုးလုံးစုပြီး၊ အပြန်အလှန်ပြောဖို့လိုတာပါ။ ပညာပိုင်းဆိုတာက လုပ်ထုံး-လုပ်နည်း၊ အလားအလာ၊ သမိုင်းကြောင်း၊ ဥပဒေကြောင်းတွေပါ ပါတယ်။ နိုင်ငံရေးစဉ်းစားချက်ပိုင်းဆိုတာက ကောင်းကျိုး-ဆိုးပြစ်၊ တာဝန်ခံဆောင်ရွက်မည့်သူ စတာတွေ အနည်းဆုံး ပါပါတယ်။ အခုချိန်အထိ အမြင်တွေ ထပ်တူ မကျသေးပေမဲ့ နီးစပ်မှုတွေရှိလာနေပါပြီ။ မတူတဲ့အယူအဆတိုင်းမှာ အားကောင်းတဲ့ငြင်းဆိုချက်တွေ ကိုယ်စီနဲ့ပါ။ တေ့တေ့ဆိုင်ဆိုင်၊ လေးလေးနက်နက် အတူထိုင်ဆွေးနွေးကြတဲ့အခါ (အီမိုးရှင်း)တွေ၊ (ဖရပ်စထွေးရှင်း)တွေကနေ တင်ပြချက်တွေထက် နိုင်ငံရေးအမြင်ဘက်ကို အနိုင်ပေးကြရပါတယ်။ ဆေးခါးကြီးမျိုတာမျိုးလဲ မျိုနိုင်ကြတာကို တွေ့ရပါတယ်။ တချိန်တည်းမှာ အနေအထားတွေကို စိုးရိမ်လွန်းလို့ အပြုသဘောဆောင်တဲ့ အကြံပေးမှုတွေ၊ ကြားဝင်တာတွေကလဲ လေးစားဖို့ကောင်းပါတယ်။ အပြုသဘောဆောင်တာရဲ့အကျိုးက အပေါင်းလက္ခဏာကို ရစေပါတယ်။

ဒီအချက်တွေက ထုတ်နုတ်တာတွေသာဖြစ်ပြီး အကုန်အစဉ်မဟုတ်သေးပါဘူး။ ဆိုချင်တာက မပြည့်မစုံသိရ၊ ကြားရတာလေးတွေနဲ့တော့ အမှန်ကို ကောက်ချက်ဆွဲမရနိုင်ဘူးဆိုတာဖြစ်ပါတယ်။ ဥပမာလေးတခု တင်ပြလိုပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးမှ (အင်စီဂျီယူဘီ)သို့ တိုက်ရိုက်ပေးစာဆိုတာကို (ဘလော့ခ်)တခုမှာ ကံအားလျော်စွာ ဖတ်ရပါတယ်။ "ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေရဲ့အကြောင်းပြချက်က အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက်ပြားနိုင်တယ်လို့ ဆိုပါတယ်" လို့ ပါတဲ့အချက်ဟာ (အမ်ပီယူ) အမြဲတန်းကော်မတီထံ ၃၀-၁၀-၀၈ နေ့ကပြန်ကြားခဲ့တဲ့ (အင်စီဂျီယူဘီ)ရဲ့တရားဝင် အကြောင်းပြချက်တွေနဲ့ အတော်ကြီး ကွဲလွဲနေပါတယ်။ ၃-၁၁-၀၈ နေ့မှာ (အမ်ပီယူ)ကနေ (အင်စီဂျီယူဘီ)ကိုပေးတဲ့စာမှာပါတာတွေနဲ့လည်း ကွဲလွဲ နေပြန်ပါသေးတယ်။ အဲလို အနီးကပ်-အတွင်းကပုဂ္ဂိုလ်များကတောင် ကိုးကားချက်တွေ လွဲနေရင် တခြားလူတွေဆို ပိုပြီး အမှန်ဖြစ်တာ-ရှိတာတွေနဲ့ အလှမ်းဝေးနိုင်တာမျိုးဖြစ်တဲ့အကြောင်းပါ။

၂၁-၁၁-၀၈ နေ့က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရးဆိုင်ရာဆုံးဖြတ်ချက်တုံးက မဲပေးပုံစံကိုလေ့လာလိုက်ရင် (စီစီ)ကော်မတီ ၉ နိုင်ငံအနက် ၃ နိုင်ငံဖြစ်ကြတဲ့(အာဂျင်တီးနား၊ နော်ဝေနဲ့ အမေရိကန်ပြည်ထောင်စု)တို့ဟာ နအဖ ဘက်လိုက်စရာ မရှိပါ။ ကျန် ၆ နိုင်ငံထဲက တရုပ်၊ ရုရှား၊ ဘူတန်၊ ကုတ်-တီဗွာ၊ ဇမ်ဘီယာ တို့ဟာ နအဖ ဘက်သား ဖြစ်နိုင်ပြီး၊ ဘာဘေဒို့စ်က ကြားနေနိုင်ပါတယ်။

၂၀၁၀ဆိုတာကိုလည်း ကွင်းထဲမှာလုပ်နေရသူတွေကတော့ ငြင်းခုံ-ဆွေးနွေး-တိုင်ပင်-ဆုံးဖြတ်မှုတွေ လုပ်ပြီးကြပါပြီ။ ဂွင်ထဲမှာ လုပ်တဲ့သူတွေလုပ်နေကြပြီဖြစ်ပါတယ်။ အလေးအနက်သမားတွေဆိုရင်တော့ ပြည်တွင်းက အဖြစ်ဆိုးတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ နိုင်ငံတကာစဉ်မြင့်မှာ စစ်အုပ်စုရဲ့ ခံစစ်-ထိုးစစ်တွေကို ဘယ်လို အနိုင်တိုက်မလဲဆိုတာမျိုးကို လှုပ်ရှားမှုကြီးကို အပြုသဘောမျက်နှာမူတဲ့ စဉ်းစား-အကြံပြုမှုတွေနဲ့ လက်တွဲ လုပ်ဆောင်သင့်ကြပါကြောင်း တလေးတစား ရေးသားပါရစေ။

တင့်ဆွေ
(အင်စီဂျီယူဘီ)
၂၅-၁၁-၀၈

TODAY IS MY BLOG BIRTHDAY (1 YEAR OLD) !

Hello, Everybody !!!
Today is 26, November, 2008.
I started to run my blog on 27, November, 2007.

Today is my blog birthday!

Now, I become a one year old blogger.
I did my best for our country, Burma (Myanmar) in previous one year.

Give your comments and ideas to me relating my blog works and politics works for our country, Burma (Myanmar).

I will change my blog name;
from
MYANMAR POLITICAL NEWS AND IDEAS
to
MYANMAR POLITICS ART, NEWS AND IDEA.
Is it good or not?

Nevertheless,
Let's Continue Together to Fight to End the Era of Myanmar Military Junta !!!

Thanks a lot,
BigBBrown,
Nyo Gyi

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Programmer's Diary] 1 New Entry: လွဲနေတဲ့ကဗျာ

လွဲနေတဲ့ကဗျာ

၈ နာရီခွဲကနေ ၆ နာရီ အထိ
ဦးနှောက်ကို ချရောင်း
ခံစားချက် ဟောင်းလောင်းနဲ့
မန်နေဂျာရဲ့ သေနတ်ပြောင်းဝရှေ့မှာ ရပ်
ဘာဆိုဘာမှ
အာမခံချက် မရှိတဲ့ နေ့ရက်တွေထဲ။

မနေ့ကလည်း ဒီနေ့အတိုင်း
ဒီနေ့လည်း မနေ့က အတိုင်း
မနေ့ကလည်း မနက်ဖြန်အတိုင်း
မနက်ဖြန်လည်း ဒီနေ့အတိုင်း
ဒီနေ့လည်း မနက်ဖြန်အတိုင်း
မနက်ဖြန်လည်း မနေ့ကအတိုင်း
ကမ္ဘာကြီးဟာ ဦးတည်ရာမဲ့ လည်နေသလိုလိုနဲ့ ရပ်တန့်နေ။

တန်ဖိုးဆိုတာ
ရောင်းသူသက်သက်
ဝယ်သူသက်သက် ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး
ပညာ၊ ဥစ္စာ၊ အောင်မြင်မှုရဲ့ တန်ရာတန်ဖိုးဟာ
ခင်ဗျား ဘယ်လောက်လိုချင်သလဲဆိုတာ၊
ခင်ဗျား ဘယ်လောက်ပေးနိုင်သလဲဆိုတာနဲ့ စကားပြောတယ်
ဝယ်လိုအား ရောင်းလိုအား မမျှတဲ့ အနေအထားမှာ
လကုန်ရင် ၀င်လာမယ့် ကိန်းဂဏန်းတွေ
လကုန်ရင် ထွက်သွားမယ့် ကိန်းဂဏန်းတွေကို
နေ့စဉ်ရက်ဆက်ဆိုသလို
တွက်ရချက်ရ တိုင်းရထွာရ ချိန်ရဆရ
တကယ်တော့ ငွေဆိုတာ အတ္တစက္ကူပါး တစ်မျိုးပဲ
ဘ၀ကတော့ ကာရန်လွဲနေတဲ့ ကဗျာတစ်ပုဒ်ပေါ့
အစီအစဉ်မကျစွာ အစီအစဉ်ကျနေတာကလွဲရင်
လွဲနေတဲ့ကဗျာကိုချည်း တောက်လျှောက် ရွတ်နေမိခဲ့တယ်။

ခေလွန်း
ညနေ ၄ နာရီ ၆ မိနစ်
၂၆ ရက် နိုဝင်ဘာလ၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 7 New Entries: ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို့ဆန္ဒပြ

ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို့ဆန္ဒပြ

ဗွီအိုအေ၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၀၈

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက တိုင်းပြည်ရဲ့ အချက်အချာကျတဲ့ လေယာဉ်ကွင်းကြီးမှာ လေယာဉ်တွေ ထွက်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးနေကြပါတယ်။

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာလေယာဉ်ကွင်းက တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆန္ဒပြသူ ရာပေါင်းများစွာဟာ ရဲတွေကို ထိုးဖောက်ဖြတ်ဝင်ပြီး ခရီးသည်ရှိရာဂိတ်တွေဆီရောက်အောင် ထိုးဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း ဆန္ဒပြသူတွေက နေ့စဉ် ခရီးသည်သန်းနဲ့ချီသုံးတဲ့ လေယာဉ်ကွင်းကိုသွားတဲ့အဓိကလမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပါတယ်။

ပီအေဒီအဖွဲ့ဝင် ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက်မချင်း လေယာဉ်ကွင်းကို သွားတဲ့ အဓိကလမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက တောင်အမေရိကမှာ APEC အစည်းအဝေး သွားတက်ရာကနေ ဒီနေ့ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံကိုပြန်ရောက်ဖို့ အစီအစဉ်ရှိတဲ့ ၀န်ကြီးချုပ် ဆွန်ချိုင်းကိုစောင့်နေပုံရပါတယ်။

ခုလို ဆန္ဒပြသူတွေ လေယာဉ်ကွင်းကို ၀င်ရောက်ဆီးနင်းပြီးနောက် မနေ့အစောပိုင်းက အစိုးရဆန့်ကျင်သူနဲ့ ထောက်ခံသူတွေအကြား အကြမ်းဖက်မှုဖြစ်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သေနတ်ပစ်ဖောက်မှုတချို့ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး၁၁ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်

ဧရာဝတီ-အေးလဲ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၀၈

ဒီမိုကရေစီ တိုးတက် ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံ အခြေစိုက် "Club of Madrid" အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။

၎င်းအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne Bondevik က "ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့က အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့လွတ်လပ်မှုကိုအသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ" ဟု ပြောသည်။

သူက ဆက်လက်ပြီး "ဒီမိုကရေစီကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို ထပ်မံတောင်းဆိုပါတယ်" ဟု လည်း ပြောသည်။

အဆိုပါ "Club of Madrid"ကို ဒီမိုကရေစီ တိုးတက်ပြန်ပွားရေးရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခု အောက်တိုဘာလ က စပိန်နိုင်ငံတွင် ပြုလုပ်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆွေးနွေးပွဲမှ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ စသည့် နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင် ၃၅ ဦးနှင့် ကမ္ဘာတ၀န်းရှိ ပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်အထက်လွတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲ မှအမြင့်ဆုံးရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းဆုကြည်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် နိုဘဲလ်ငြိမ်းချမ်း ရေး ဆုအပါ အဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိထားသူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းဆုကြည်သည် ၁၉၉၀ခုနှစ်တွင် နော်ဝေးနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိထား သော်လည်း ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ထဲတွင် တဦးတည်းသော နေအိမ်အကျယ်ချူပ် အကျဉ်းချ ခံနေရဆဲဖြစ်သည်။

သူသည် ၂၀၀၃ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်ကာ နေအိမ် အကျယ်ချူပ်ဖြင့် ထိန်းသိမ်းခံဘဝဖြင့် ၅နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိနေအိမ်အကျယ်ချူပ် နေရချိန်စုစုပေါင်း ၁၃နှစ်ရှိပြီဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)ကိုလည်း အမေရိကန်အခြေစိုက် Medeleine K.Albright Grant အဖွဲ့က 2008 Albright Grant ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆုကို ချီးမြှင့်ခြင်းသည် ကမ္ဘာပေါ်ရှိ အမျိုးသမီများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားမြှင့်တင်သည့် အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများကို ထောက်ပံ့ချီးမြှင့်ခြင်းဖြစ်သည်။

WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း ၁၂ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် ဖွဲ့စည်းသည့် ပထမဆုံး အမျိုသမီးအဖွဲ့အစည်းဖြစ်သည်။

WLB သည် အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်းစသည့် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်လုပ်ကိုင် လာစေရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

မြစ်ဝကျွန်းပေါ် ဒေသအတွက် ကုလသမဂ္ဂ အစီအစဉ်သစ် စတင်မည်

ဧရာဝတီ၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၀၈

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ အတွက် Food for work အစီ အစဉ်ကို ၎င်းတို့ အနေနှင့် ဒီဇင်ဘာလ အတွင်း စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောသည်။

ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၆ လကျော်ကြာအထိ အကူအညီများ လိုနေဆဲ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ရေလုပ်သားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

"အခု အစီအစဉ်ကို မုန်တိုင်းဒဏ် ပိုခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသတွေမှာ ပိုမို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်" ဟု WFP ဒေသဆိုင်ရာ ဒါရိုက်တာ ခရစ္စ ကေရီက ပြောသည်။

Food for work (FFW) အစီအစဉ် အနေနှင့် ပျက်စီး ယိုယွင်း နေသော လမ်းများနှင့် ရေတွင်း၊ ရေကန်၊ ရေနုတ် မြောင်းများ၊ တာတမံများ ပြုပြင် တူးဖော်ရေး၊ သောက်သုံး ရေသန့် ရရှိရေး တို့ကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ရေနုတ်မြောင်း စနစ်များ၊ ဆည်မြောင်း စနစ်များ ကောင်းမွန်ရေးနှင့် သစ်ပင် သစ်တောများ ပြန်လည် စိုက်ပျိုးရန်၊ မသန့်ရှင်းသော ကုန်းမြေများကို ရှင်းလင်းရန် တို့လည်း ပါဝင်သည်ဟု ခရစ္စ ကေရီက ဆိုသည်။

FFW အစီအစဉ်တွင် ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့ အဆောက်အအုံများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဌာနများ၊ စားရေရိက္ခာ ပိုမိုထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များလည်း ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုအစီအစဉ်ကို ဒုက္ခသည် မိသားစုအချိုးအစားအလိုက် စီစဉ်ထားရာ လူဦးရေ ၄၀၀၀၀ ခန့် အတွက် ကူညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

တချိန်တည်းတွင်ပင် ဘိုကလေးမြို့နယ်အာဏာပိုင်များ၏ အမိန့်ဖြင့် ကျွန်းသာယာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာမှ ရွာသားများကို ရွာ ၁၁ ရွာ တွင် ပြောင်းရွှေ့စုစည်းနေထိုင်ခိုင်းမှုများပြုလုပ်နေကြောင်း ဘိုကလေး ဒေသခံ များက ပြောဆိုသည်။

ယင်း ရွာ ၁၁ ရွာ ၌ ပြောင်းရွှေ့နေထိုင်ရမည့်ရွာသားများတွင် အာမခံ ၊ ဒညင်းဖြူ ၊ မုန်တိုင်းကြီးနှင့် မုန်တိုင်းလေး ရွာများမှ ရွာသားများပါဝင်ကြောင်း သိရသည်။

နေအိမ်အဆောက်အဦများ ပြန်လည်ပြင်ဆင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နေပြီဖြစ်သော ရွာသား များမှာ အထက်ပါအမိန့်ညွှန်ကြားချက်အပေါ် စိတ်မချမ်းမြေ့မှုများဖြစ်နေကြကြောင်း၊ တချို့မှာ ၎င်းတို့၏ လယ်ယာလုပ်ငန်းများအတွက် အချိန်ကုန် ငွေကုန်ခံ၍ လုပ်ကိုင်ထားပြီးသူများ ဖြစ်ကြောင်း ဒေသခံ ရွာသား တဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကျေးရွာများသို့ ရေတွင်း၊ ရေကန်များနှင့် စာသင်ကျောင်းများ ဆောက်လုပ်၍ စရိတ်များစွာ အကုန်အကျခံ ထောက်ပံ့ကူညီပေးနေသော ဒေသခံ အန်ဂျီအို အဖွဲ့များကလည်း ထိုသို့ ပြောင်းရွှေ့ခိုင်း နေခြင်း ကို စိတ်ပျက် နေကြကြောင်း သိရသည်။
ယင်း မုန်တိုင်း ဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရွာတချို့သည် ပြန်လည်ထူထောင်နိုင်ပြီဖြစ်သော်လည်း တချို့ မှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ယခုအချိန်အထိ အကူအညီလိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရ သောကြောင့် FFW အစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု WFP က ပြောသည်။

လက်ရှိအခြေအနေအရ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေးဆိုင်ရာ အကူအညီ များ စောစောပိုင်းကပင် ပိုမိုလိုအပ်လျှက်ရှိကြောင်း ပြဆိုနေခြင်းဖြစ်သည်ဟုလည်း ပြောဆိုသည်။

တခြားသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တဖွဲ့ဖြစ်သည့် ယူကေနိုင်ငံ အခြေစိုက် Save the Children အဖွဲ့ကလည်း ဆိုင်ကလုန်းဒုက္ခသည်များသည် ယခုအချိန်အထိ အကူအညီများလိုအပ်နေဆဲ ဖြစ်ကြောင်း၊ စိုးရိမ် ဖွယ်ရာ သောက်သုံးရေသန့် လိုအပ်ချက်ပြဿနာသည် ဒုက္ခသည် ထောင်ပေါင်းများစွာကို ခြိမ်းခြောက်လျှက်ရှိ ကြောင်း ပြောဆိုသည်။

ဘိုကလေးမြို့နယ်ရှိ ကျေးရွာတချို့မှ ရွာသားများသည် ၎င်းတို့ ကျေးရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ် သောကြောင့် တခြားသော ရွာသို့ သွားရောက် သယ်ယူရကြောင်း၊ အလောင်းကောင်များကြောင့် ရေတွင်း ရေ ကန်များရှိ ရေများမှာ အနံ့ဆိုးများထွက်ကာ မသန့်မပြန့် ညစ်ညမ်းနေဆဲဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ဒေသခံများ က ပြောသည်။

"FFW ရဲ့ အစီအစဉ်ထဲမှာ ရေကောင်း ရေသန့်တွေ ပိုမိုရရှိရေးအတွက် ရေတွင်းရေကန် တူးဖော်ရေးလုပ်ငန်းတွေ၊ ရေနုတ်မြောင်းနဲ့ ဆည်မြောင်း တာတမံ ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်"ဟု ခရစ္စ ကေရီက ပြောသည်။

ပြည်ပပို့ အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်

ဧရာဝတီ-ကြည်ဝေ၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၀၈

ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် ပြည်ပ နိုင်ငံများမှ အထည်အော်ဒါများ လျှော့ချလိုက်ရာ မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် စက်ရုံများမှ အလုပ်သမားများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြကြောင်း သိရှိရသည်။

"အထည်ချုပ်လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်း ပြည်ပကို အားကိုးပြီး လုပ်ရတာဆိုတော့ ပြည်ပက အထည် အော်ဒါတွေ မရှိရင် လုပ်ငန်း ဆက်လုပ်ဖို့နဲ့ အလုပ်သမားစရိတ်တွေကို ကြာရှည်ထိန်းထားနိုင်ဖို့ တော်တော် ခက်ပါတယ်" ဟု လှိုင်သာယာမှ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောပြသည်။

လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ မြင်ကွင်း (ဓာတ်ပုံ - jamd.com)

ဆက်လက်၍ ၎င်းက အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်စက်ရုံအလုပ်သမား အရေအတွက်မှာ ၈ သောင်းမှ ၁ သိန်းထိရှိနိုင်သည်ဟုဆိုသည်။

ပြည်တွင်းတွင် လည်ပတ်နေသော အထည်ချုပ် စက်ရုံပေါင်း ၁၆၀ ၀န်းကျင် ရှိပြီး အဆိုပါ စက်ရုံများကို မှီခို အလုပ်လုပ်နေသည့် အလုပ်သမားပေါင်း ၆ သိန်းမှ ၈ သိန်းထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။

"ရှေ့အလုပ်ရမရ ဆိုတာလည်း မသေချာတော့၊ ဒီလ၀က်စာ ငွေလေးနဲ့ ဘယ်လိုနေရမလဲ ဆိုတာတောင် မတွေးတတ်တော့ပါဘူး" ဟု လှိုင်သာယာစက်မှုဇုန် ၂၊ အထည်ချုပ်စက်ရုံတရုံမှ စက်ချုပ် အလုပ်သမား တဦးဖြစ်သည့် မအေးမာကပြောပြသည်။

မအေးမာသည် အသက် ၁၇ နှစ်သာရှိသေးပြီး ၎င်းအလုပ်လုပ်နေသည့်စက်ရုံက အလုပ်သမားများ လျှော့ချလိုက်သဖြင့် လဝက်စာ လခ ကျပ် တသောင်းသာရရှိပြီး အလုပ်ပြုတ် လာခဲ့သူ ဖြစ် သည်။

သူတို့ အထည်ချုပ်စက်ရုံမှ သူအပါအ၀င်တခြားအလုပ်သမားများကို နိုဝင်ဘာလအတွင်း အလုပ်ဆင်းခဲ့သော ရက်များအတွက် တွက်ချက်ကာ ငွေထုတ်ပေးလိုက်ပြီး နောက်နေ့ အလုပ်လာမဆင်းတော့ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ကစပြီး အလုပ်မဆင်းနဲ့ဦး။ အလုပ်ရှိတဲ့အခါ အကြောင်းကြားလိုက်မယ်လို့ သူတို့က လွယ်လွယ် ပြောနိုင်ပေမယ့် ကျမတို့မှာ ဒီနေ့ အလုပ်မရှိရင် နောက်နေ့ ငတ်မှာပဲ" ဟု အထည်ချုပ်စက်ရုံတရုံတွင် နေ့စားအလုပ်သမားအဖြစ် အလုပ်ဆင်းခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံလူတန်းစားများဖြစ်ကြပြီး အများစုမှာ နေ့စားအလုပ်သမား များသာ ဖြစ်ကြ၍ အသက် ၁၅ နှစ်မှ အသက် ၂၇ နှစ် ၀န်းကျင်အရွယ်အမျိုးသမီးများ ဖြစ်သည်။


မြန်မာနိုင်ငံတွင် အထည်ချုပ်အလုပ်သမားတဦးကို လစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ပေးနိုင်ရာ အလုပ်သမားများအနေနှင့် လစာငွေတခုတည်းနှင့် ရပ်တည်ရာတွင် ခက်ခဲမှု ရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပိုဆင်းကြရသည်။

သို့သော်လည်း ထိုအလုပ်သမားများမှာ အမြဲတမ်းဝန်ထမ်းများ မဟုတ်သောကြောင့် အလုပ်ရှင် များမှ အလွယ်တကူပင်အလုပ်ထုတ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ အလုပ်သမားများကို အလုပ်ထုတ် လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်း မရှိကြောင်း အလုပ်ပြုတ်ခဲ့သူများထံမှ ကြားသိရသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေ အာဏာသက်ရောက်မှု မရှိသောကြောင့် လည်းကောင်း၊ အလုပ်သမား အများစုမှာ နေ့စားအလုပ်သမားများ ဖြစ်သောကြောင့် လည်းကောင်း အလုပ်သမားဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ ရှေ့နေ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများမှ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများသို့ သာမက ဥရောပဈေးကွက်ရှိ ဂျာမနီ၊ မက္ကဆီကို၊ အာဂျင်တီးနား စသည့် နိုင်ငံများသို့ ချုပ်ပြီးအထည်များ တင်ပို့လျှက် ရှိကြောင်း သိရသည်။ အများစုမှာ ကုန်ကြမ်းယူ ကုန်ချောပေးစနစ်ဖြင့် တင်ပို့နေရခြင်းဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ချုပ်ထည် အော်ဒါလက်ခံမှုများ တဟုန်ထိုးကျဆင်းခဲ့၍ ယခုအခါ ရပ်ဆိုင်းလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင် တဦးက ပြောပြသည်။

လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းများ အကြပ်အတည်းတွေ့နေချိန်တွင် အစိုးရအနေနှင့် အခွန်ငွေများ လျှော့ချပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးသင့်သော်လည်း ယနေ့ထိတိုင် ဆောင်ရွက် ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

"အလုပ်လက်မဲ့တွေက အရင်ကထက် ၂ ဆပိုလာတော့မယ့် အနေအထားမှာ အစိုးရက ဘာပြင်ဆင်မှုမှမရှိဘူး။ တရုတ်တို့၊ စင်ကာပူတို့၊ တောင်ကိုရီးယားတို့လိုတောင်မှ ပြည်သူတွေ အတွက် ဘယ်လို လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း မရှိဘူး" ဟု စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

သံဃာတော်များကို စစ်အစိုးရ ဖြိုခွဲရန် ကြံစည်

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂၅ နိုဝင်ဘာ ၂၀၀၈

နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးကို နိုဝင်ဘာ (၂၂-၂၃) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသည် နအဖက မဟနကို လက်ကိုင်တုတ်ပြုကာ သံဃာတော်အင်အားကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးတခုမှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဆရာတော်က "မြန်မာနိုင်ငံမှာ သံဃာအင်အားက (၅) သိန်းကျာ်ရှိနေပြီး စစ်သားဦးရေနဲ့ အပြိုင်ဖြစ်နေတော့ နအဖက သံဃာဦးရေကို လျော့ချဖို့ ကြံစည်နေတယ်။ စက်တင်ဘာအရေး အခင်းအပြီးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားလာကြတာ ဖြစ်မယ်။ ဒါ့ကြောင့် သံဃာတွေအနေနဲ့ကလည်း ဒီကိစ္စကို သတိထားကြရတော့မယ်" ဟု မိန့်တော်မူသည်။

ယင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရှိဟု လျှောက်ထားခဲ့ပြီး (၅) သိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့ အစည်းဥပဒေ၊ လူမူဥပဒေများနှင့် အညီအညွတ်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည်ဘုရားဟုလည်း ထည့်သွင်းလျှောက် ထားခဲ့သည်။

"သံဃာ့အထက်မှာ ဘုရားဥပဒေပဲရှိတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ၀ိနည်း သိက္ခာပုဒ်တွေပဲရှိတယ်။ ၀ိနည်းသိက္ခာပုဒ် မစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်သာ သံဃာအဖြစ်က လျော့ကျပြီး တခြားသော ဥပဒေဘောင်တွေအောက်ရောက်ရှိသွားမယ်။ သံဃာ့အပေါ်မှာ နိုင်ငံတော်ဥပဒေ၊ လူမှုဥပဒေဆိုတာတွေနဲ့ ထိန်သိမ်းပေးရတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ၀ိနည်းသိက္ခာပုဒ်ကို စောင့်ထိန်းနေသမျှ၊ ပါရာဇိက မကျသမျှ သံဃာဟာသံဃာပါပဲ။ ဒီလိုသံဃာတွေကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာဟာ သံဃာကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပဲဖြစ်တယ်" ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အခြားဆရာတော်တပါးကလည်း "သူတို့က ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်အောင် ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုထားတယ်။ ဒါဆိုရင် ပခုက္ကူ သံဃာတော်တွေ ကိစ္စမှာ ဘာဖြစ်လို့ မတောင်းပန်ခဲ့တာလဲ။ တောင်းပန်လိုက်ရင် ပျောက်ပျယ်သွားမယ့်ကိစ္စကို ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ မဟန ကရော ဘာဖြစ်လို့ မတိုက်တွန်းခဲ့တာလဲ" ဟု မေးခွန်းထုတ်တော်မူသည်။

အဆိုပါအစည်းအဝေးတွင် မဟန ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒ န္တ ကုမာရက သာရဏီယသြ၀ါဒကထာမြွက်ကြားရာ အချို့ ရဟန်းများကလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာမှေးမိန်ကွယ်ပျောက်၍ မဟာယန သာသနာ ဖြစ်ပေါ်အောင် လုပ်ဆောင် နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။ ထိုအဓမ္မ၀ါဒကို ပြန်လည်ဟောပြော နေမှု၊ အဓမ္မ၀ါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ်အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား ဟူ၍ ထည့်သွင်းပြောဆိုခဲ့မှုအပေါ် "ဒီကိစ္စက သံဃာတော်တွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အရေးယူဖို့ ကြိုတင်လမ်းကြောင်းထားတဲ့ သဘောပဲ။ အတိုက်အခံလုပ်တဲ့ သူတွေကို ဗုံးခွဲမှုနဲ့ ပတ်သက်တယ် ဘာညာဆိုပြီး စွပ်စွဲသလိုပေါ့။ သံဃာတွေကိုလည်း စွပ်စွဲပြီး ဒကာ၊ ဒကာမတွေ ထင်ရောင်မြင်မှားဖြစ်အောင် လုပ်လို့ရအောင် ကြိုတင်လမ်းကြောင်း ထားတာမျိုးပဲ။ စာအုပ်စာတမ်းတွေဆိုလည်း ဘယ်စာအုပ်တွေဖြစ်တယ်ဆိုတာ အတိအလင်း မဖော်ပြသေးဘဲ အဆုတ်၊ အတက်လုပ်လို့ရအောင် ချန်လှပ်ထားသေးတယ်" ဟု သံဃာတော်တပါးက သုံးသပ်ပြောဆိုသည်။

"နောက်ပြီး သူတို့က ပြည်တွင်းသံဃာတွေ သံဃာ့ဥသျှောင်အဖွဲ့နဲ့ ဆက်သွယ်နေတာတွေကိုလည်း မကြိုက်ဘူး။ နိုင်ငံမှာ မဟန တဖွဲ့တည်းရှိတယ်။ မဟနနောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒါပေမယ့် မဟန ကိုယ်တိုင်က နအဖ အလိုကျ လိုက်လုပ်နေရတယ်။ ဒီလျှောက်ထားချက်တွေ၊ သြ၀ါဒကထာတွေဆိုတာလည်း နအဖ ရေးထားသမျှ ဖတ်ပြနေကြရတာပါ။ အများဆုံးရေးတာက အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ အံ့မောင်ပဲ။ သူက သန်းရွှေရဲ့ အကြံပေးလည်းဖြစ်တယ်" ဟု ဆက်လက်မိန့်ဆိုသည်။

နအဖ အနေဖြင့် ၂၀၀၇ စက်တင်ဘာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအပြီး သံဃာတော်များအပေါ် သဘောထားတင်းမာမှုများရှိပြီး ၎င်းတို သတင်းစာများတွင် သံဃာတော်များနှင့် စပ်လျဉ်းသော သတင်းများ၊ ဓာတ်ပုံများကို ထည့်သွင်းခွင့် မပြုတော့ကြောင်း၊ ယခု ၎င်းတို့လက်ကိုင်တုတ်ပြုမည့် မဟန အစည်းအဝေး ဓာတ်ပုံများကိုပင် ယခင်နှစ်များကကဲ့သို့ သံဃာတော်များ၏ပုံကို ထင်ရှားစွာ မဖော်ပြတော့ကြောင်း သံဃာတော်များက ထောက်ပြမိန့်ဆိုသည်။

ထေရ၀ါဒနှင့် မညီသော ဆောင်ရွက်မှုများကို အရေးယူသွားမည်ဆိုသော သာသနာရေးဝန်ကြီးသည် ဆဌမအကြိမ် မဟန အစည်းအဝေးဖွင့်ပွဲအပြီးတွင် ယင်းနေ့မှာပင် ကျင်းပသော ၂၀၀၈-၂၀၀၉ ဟာဂျီလောင်းများဂုဏ်ပြုပွဲနှင့် ဒီပါဝလီ ညစာစားပွဲများသို့ တက်ရောက်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများကလည်း ယင်းသတင်းနှင့် ဓာတ်ပုံများအား သတင်းစာမျက်နှာထိပ်ပိုင်းက ဖော်ပြပေးခဲ့ကြသည်။

နိုင်ငံခြားသားပိုင် အပ်ချုပ်စက်ရုံ အလုပ်သမားများ ပိုင်ရှင်အရိုက်ခံနေရ

ခေတ်ပြိုင်-မြင့်မိုးဇော်/ ၂၅ နိုဝင်ဘာ ၂၀၀၈


ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ ကိုရီးယားအမျိုးသားပိုင် စက်ချုပ်အလုပ်ရုံမှ စက်ရုံစူပါဗိုက်စာ မြန်မာအမျိုးသမီးတဦး အလုပ်သမားများ အခွင့်အရေး မရသည့်အတွက်ဆိုပြီး နုတ်ထွက်သွားခဲ့သည်။

ကိုရီးယားအမျိုးသားများဖြစ်သော မစ္စတာလီနှင့် မစ္စတာဝိန်း ဆိုသူတို့ ပိုင်ဆိုင်သည့် အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမများအနေဖြင့် တလလျှင် အခြေခံလစာ (၃၅,၀၀၀) ကျပ်သာရရှိပြီး တနေ့လျှင် အလုပ်သမတဦးအနေဖြင့် အထည် (၆၀) ပြည့်အောင် ချုပ်ပေးရသည်ဟု အလုပ်မှနုတ်ထွက်ခဲ့သူ စူပါဗိုက်စာ မနီနီမာက ပြောသည်။

ထိုသို့သတ်မှတ်ထားသော ကိုယ်တာကို ပြည့်အောင်မအပ်နိုင်ပါကလည်း ပိုင်ရှင်များက အလုပ်သမများအား ဆူပူကြိမ်းမောင်း ရိုက်နှက်ကြသည်ဟုလည်း သိရှိရသည်။

ယင်းသို့ ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသည့် အလုပ်သမတဦးက "ကျမတို့ အလုပ်သမတယောက်ကို တနေ့ကို အထည် (၆၀) အပ်ရပါတယ်။ တကယ်လို့ ကျမတို့ မအပ်နိုင်ရင် အနည်းဆုံးတော့ အဆူအဆဲခံရပါတယ်။ တခါတလေမှာဆိုရင် အရိုက်ခံရတာ လည်းရှိပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် မစ္စတာလီအား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ စက်ရုံပိုင်ရှင်အနေဖြင့် တစုံတရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

စက်ရုံတွင် စုစုပေါင်း အလုပ်သမား (၁,၀၀၀) ကျော်ရှိပြီး အလုပ်သမားများသောက်ရန်အတွက် ရေသန့်ဘူးကြီး (၆၀) ကိုသာ ထားရှိပေးသည့်အတွက်လည်း အလုပ်သမားများအနေဖြင့် သောက်ရေအတွက် အခက်ဖြစ်နေကြရသည်ဟု နုတ်ထွက်လာသူ စူပါဗိုက်ဇာ မနီနီမာက ပြန်လည်ပြောကြားခဲ့သည်။ အလုပ်ဆင်းချိန်မှာလည်း နံနက် (၉) နာရီမှ ည (၁၀) နာရီအထိဆင်းကြရပြီး နေ့လယ်စာစားချိန်အဖြစ် မိနစ် (၃၀) သာ နားချိန်ပေးသည်ဟု ဆိုသည်။

မနီနီမာက လုပ်ငန်းခွင့်အခြေအနေများကို ဆက်လက်ရှင်းပြရာ "ကျမတို့ အလုပ်သမတွေ အနေနဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း တရုတ်နီ လိမ်းဆေးသာပေးပြီး မည်သည့် ဆေးကုသခွင့်ကိုမျှမရရှိကြောင်း၊ စက်ရုံတွင် သောက်သုံးရေ မလုံလောက်လို့ အိမ်ကနေ ရေဘူးထည့်လာရင်လည်း ထည့်လာခွင့်မရှိဘူး။ တကယ်လို့ ထည့်လာရင်လည်း ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ဖြတ်တာခံရပါတယ်။ အခြားသော နာမကျန်းကိစ္စနဲ့ အလုပ်ပျက်ရင်လည်း တရက်ပျက်ခ ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ပေးဆောင်ရပါတယ်။ အဆိုးဆုံးကတော့ ကျမတို့ ဟာ မြန်မာအမျိုးသမီးတွေဖြစ်တာကြောင့် အလုပ်ကိုသွားတဲ့အခါ ပါးမှာ သနပ်ခါးကို လိမ်းသွားကြပါတယ်။ ဒါဟာလည်း မြန်မာ့ယဉ်ကျေးမှုတခုပါ။ ဒါပေမယ့် အလုပ်ကိုရောက်တဲ့ အခါမှာတော့ သနပ်ခါးလိမ်းလာတဲ့ အလုပ်သမကို ပိုင်ရှင်များက ခေါ်ပြီး ဆီချေးတွေပေနေတဲ့ အ၀တ်ကို ရေစွတ်ပြီး အတင်းဆွဲဖျက်တာကို ခံကြရပါတယ်။ ကျမတို့ လုပ်ခဲ့တဲ့ အဲဒီ (UVI) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးဆိုလို့ ဘာတခုမှ မရခဲ့ပါဘူး။ ကျမလို စူပါဗိုက်ဇာတယောက်တောင် ဒီလိုအဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့်မို့လို့လည်း ကျမနုတ်ထွက်ခဲ့တာပါ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားပိုင် စက်ရုံများအနေဖြင့် မြန်မာအလုပ်သမားများအပေါ်တွင် ယခုကဲ့သို့ ဆက်ဆံရေးများ ထားရှိနေသော်လည်း အလုပ်သမားများအနေဖြင့် သူတို့ကို ကူညီနိုင်စရာ နေရာ၊ ကူညီမည့်သူမရှိ ဖြစ်နေ ကြောင်းလည်း သိရှိရသည်။

နာဂစ်ဒဏ်ထိ ဘုန်းကြီးကျောင်းများ (၇) လကြာထိ ပြန်မဆောက်နိုင်

ခေတ်ပြိုင်-ကိုဝိုင်း/ ၂၅ နိုဝင်ဘာ ၂၀၀၈

ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့သည်မှာ (၇) လခန့်ရှိသွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ပေါ်နှင့် ကွမ်းခြံကုန်းမြို့ နယ်အတွင်း၌ ပြန်လည်မတည်ဆောက်နိုင်သေးသော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (၅၀-၆၀) ကျောင်းခန့်ရှိကြောင်း ဒေသခံ သံဃာများက မိန့်ကြားသည်။

ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည့် ဘုန်းကြီးကျောင်းများမှာ ကွမ်းခြံကုန်းမြို့ပေါ်မှ ဘုန်းကြီးကျောင်း (၂) ကျောင်းအပါအ၀င် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဘီလင်း၊ ဘန့်ဘွေးကုန်း၊ ၀က်ကိုက် စသည့်ရွာများမှ ဖြစ်ကြောင်း ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူးမြို့နယ်တို့တွင် နာဂစ်စတင်ဖြစ်ခဲ့စဉ်မှစ၍ ယနေ့အထိ အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော အမည်မဖော်လိုသည့် သံဃာတပါးက မိန့်ကြားသည်။ အဆိုပါကျောင်းများမှ သံဃာတော်များသည် အမိုးအကာအား တာပေါ်လင်စများကို အသုံးပြုနေကြရပြီး ကြမ်းခင်း၊ ၀ါးခင်းများဖြင့် ဖြစ်သလို သီတင်းသုံးနေကြရကြောင်း သိရသည်။

"ဒိ့ပြင် ဧရိယာကို မပြောသေးဘူးဗျာ။ လတ်တလော ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာပဲ ကျောင်းပေါင်း (၁၃၇) ကျောင်းရှိတယ် နော်။ ဒါပေမယ့် အဲဒီမှာကိုက ကျောင်း (၅၀) ကျော်၊ (၆၀) လောက်က အခြေအနေ မကောင်းတာ ဖြစ်နေတယ်။ သံဃာအပါး (၁၀၀) ကျော် (၂၀၀) ၀န်းကျင်လောက်ရှိမယ်။ ကိုယ်ထူကိုယ်ထစနစ်ကိုပဲ မဖြစ်နိုင်တာ။ ဘာကြောင့် ပြောနိုင်လည်းဆိုတော့ ဝေခြမ်းရေးမှာ ဦးဇင်းကိုယ်တိုင် လိုက်သွားတာတွေရှိတယ်" ဟု အဆိုပါအမည်မဖော်လိုသည့် သံဃာက မိန့်ကြားသည်။

နာဂစ်ဘေးသင့်သူများကို အကူအညီပေးနေသည့် ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကမူ ကုလသမဂ္ဂ သာမက အကူအညီပေးရေးအသိုင်းအ၀န်းက ဒေသခံသာသနာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိကြောင်း၊ သို့သော် ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည်မှာ ဒေသခံများအနေဖြင့် စားဝတ်နေရေး လုံးပန်းနေရခြင်း၊ ကူညီရေးဦးစားပေးများထဲတွင် မပါဝင်ခြင်းတို့ကြောင့်ဟု ပြောသည်။

ဦးအေးဝင်းက "ရပ်ရွာမှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေပေါ်မှာလည်း မူတည်တယ်လေ။ ကိုယ့်မှာ အပိုအလျှံရှိ နိုင်မှသာ ဦးစားပေးလို့ ရမယ်လေ။ ကိုယ့်မှာတောင် အမိုးအကာ လုံခြုံဖို့ ကြိုးပမ်းတုန်းဆိုရင် ဘုန်းကြီးကျောင်းအတွက်က သူတို့ အနေနဲ့ ခက်ခဲလိမ့်မယ်။ ယူအန်နဲ့ အတူတူလုပ်တဲ့အဖွဲ့အစည်းတွေကတော့ အဲဒီမှာရှိတဲ့ဒေသခံတွေအတွက် အမိုးအကာလုံခြုံမှု တတ်နိုင်သလောက် လက်လှမ်းမီသလောက်တော့ လုပ်နေတာပေါ့။ ဒါကလည်း ငွေကြေးအခြေအနေပေါ်လည်း မူတည်တာပေါ့။ အကုန်လုံးကတော့ မရသေးဘူးပေါ့ဗျာ" ဟုပြောသည်။

ယင်းသို့ ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည်မှာ ဒေသခံများ၏ စားဝတ်နေရေးအဆင်မပြေမှု သည်လည်း အချက်အလက်အဖြစ်ပါဝင်သည်ကို သဘောတူကြောင်း၊ သို့သော် စစ်အစိုးရအပါအ၀င် အကူအညီပေးရေးအဖွဲ့ များအနေဖြင့် ဘုန်းကြီးကျောင်းများအတွက် ဦးစားပေးလုပ်ငန်းအတွင်း ထည့်သွင်းသင့်ကြောင်း ဒေသခံသံဃာက မိန့်ကြားသည်။

ဒေသခံသံဃာက "ရွာတွေကိုက အခြေအနေမကောင်းတဲ့အခါကျတော့ ဘုန်းကြီးကျောင်းဘက် မလှည့်နိုင်ဘူး။ အခုထိ ကယ် ဆယ်ရေးအပိုင်း ထောက်ပံ့ရေးအပိုင်းသွားရတုန်းရှိသေးတယ်။ ဘုန်းကြီးကျောင်းတွေအတွက်ကို သီးသန့်လုပ်တာတော့မရှိဘူး။ လူထုအတွက်တော့ တချို့လုပ်ပေးကြပါတယ်။ သူတို့ (အာဏာပိုင်များ) သွားတယ်ဆိုတာ မြို့ပေါ်လောက်သွားတာ။ ဟိုးချောင် ချိုချောင်ကြား၊ မြစ်ကြိုမြစ်ကြား၊ ပင်လယ်ကြို ပင်လယ်ကြားအထိ အလောင်းကြားထဲ သူတို့မသွားဘူး" ဟုမိန့်ကြားသည်။

အဆိုပါ ဒေသခံသံဃာကိုယ်တိုင် ဆက်သွယ် အကူညီပေးခဲ့သည့် ရွာပေါင်း (၁၀၀) ကျော်ရှိသွားပြီဖြစ်ပြီး ရွာသူရွာသားများနှင့် သံဃာတော်များအတွက် ရိက္ခာများသာ အဓိကထား လှူဒန်းခြင်းဖြစ်ကြောင်း၊ ဒေသခံလက်လုပ်လက်စားများသည် ယခုထိ တိုင် အလုပ်အကိုင် အဆင်မပြေသေးဘဲ ၀င်ငွေရလမ်းမရှိဖြစ်နေကြောင်း၊ အာဏာပိုင်အဆင့်ဆင့်၏ အနှောင့်အယှက်ပေးမှုကြောင့် ပုဂ္ဂလိကအလှူရှင်များလည်း သွားရောက်လှူဒါန်းခြင်း မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်း (၇၄၀) သည် လုံးဝပျက်စီးသွားပြီး (၃,၂၃၅) ကျောင်းသည် ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း စစ်အစိုးရ လူမှုဖူလုံရေးဌာနကို ကိုးကား၍ သတင်းများတွင် ဖော်ပြသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဇောင်း] 2 New Entries: Ten Things I Hate About Myself ( Tag )

Ten Things I Hate About Myself ( Tag )

ကိုကြီးလင်းဦး နဲ့ အစ်မကြီး ယမင်း တို့က Tag ထားတာလေးပါ မိမိရဲ့ အမုန်းဆုံး (သို့) ပြင်မရနိုင်သော စိတ်ဓါတ် (သို့) အကျင့်ဆိုး (၁၀)မျိုးဆိုလားပဲ....။ အခုလို အဓိပ္ပါယ်ရှိတဲ့ Tag Game လေးအတွက် ကျေးဇူးပါ...။ တစ်ကယ်ဆိုရင် လူတစ်ယောက်ရဲ့ စိတ်က မျောက်စိတ်နဲ့တူလှပါတယ်...။ အဘယ်ကြောင့်ဆိုသော် ဂနာမငြိမ်သော မျောက်စိတ်လို လူရဲ့စိတ်ကလည်း ပြောင်းလည်းခြင်းတွေနဲ့ တည်ဆောက်ထားသောကြောင့်တည်း.....။ ဂနာမငြိမ်တဲ့ စိတ်တွေကြားထဲမှာ ပြောင်းလည်းလို့မရနိုင်သော ကျနော့်ရဲ့ စိတ် (၁၀)မျိုးကို ဖော်ပြရလျှင်..................

၁။ လူတိုင်းကို အယုံအကြည်လွယ်ခြင်း
၂။ စိတ်တိုသည့်အခါ မည်သူ့ကိုမှ စကားမပြောခြင်း
၃။ ပြောဖို့လိုအပ်လာလျှင် မပြောပဲ စိတ်ထဲ၌သာ မြိုသိပ်ထားခြင်း
၎။ အလိုလိုနေရင်း လူတွေကို သနားတတ်ခြင်း
၅။ အနစ်နာခံ၍ကူညီတတ်ခြင်း
၆။ ညတိုင်းအိပ်မပျော်သောအခါ ခေါင်းကို ခေါင်းအုန်းဖြင့် အပေါ်က အုပ်ထားမှအိပ်၍ရခြင်း
၇။ စိတ်အလွန်ညစ်သောအခါ အခါးဆုံး ကော်ဖီတစ်ခွက်ကို ဇိမ်နဲ့သောက်ခြင်း
၈။ တစ်ခါတစ်ရံမှာ အတွေးနယ်ချဲ့လွန်ခြင်း
၉။ ကိုယ်မှန်သည်ထင်လျှင် ဇွတ်လုပ်တတ်ခြင်း
၁၀။ တစ်ခါတစ်ရံမှာ အဝေးဆုံးသို့ ထွက်သွားချင်စိတ်ရှိခြင်း


အကိုကြီးနဲ့ အစ်မကြီး တို့ Tag ထားတာလေးကို ရေးတတ်သလိုပဲရေးလိုက်ပြီဗျို့....

ကျိန်စာသင့်ခဲ့ အရေခွံများ


အတိတ်ကဖြူစင်ခဲ့သော ဘ၀တွေ အလင်းရောင်ရှိခဲ့သော ဘ၀တွေမှာ တို့တစ်တွေပျော်ရွှင်စွာနေခဲ့ကြတာလေးတွေကို ယနေ့ထက်တိုင်မေ့လို့မရနိုင်သေးပေ..။ မျှော်လင့်ခြင်းတွေ အိပ်မက်တွေနဲ့ အရေခွံခြုံထားတဲ့ ငါတို့ဘ၀တွေမှာ ဖြစ်ကိုဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်တွေချထားခဲ့တဲ့နောက်… စွန့်လွှတ်ခြင်းတွေ ကိုယ်စီရှိခဲ့ကြရတယ်…။ ခွဲခွာခြင်းမျိုးစုံနဲ့ရောပေါ့… တစ်ချို့တွေဆို လုံးဝကို မဆုံတွေ့နိုင်သော ခွဲခွာခြင်းနဲ့ ခွဲခွာခဲ့တယ်…။ တို့တစ်တွေရဲ့ ပျော်ရွှင်မှုတွေ လွတ်လပ်ခြင်းတွေ ဟာ တစ်ချို့တစ်ချို့သော အရေခွံခြုံသူတွေရဲ့ ကျိန်စာတွေကြောင့် သဲထဲရေသွန်လိုက်သလို ပျောက်ဆုံးသွားခဲ့တယ်…။ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို သာယာလှပစေဖို့ ဖြူစင်သော အရေခွံကို ၀တ်ရုံပြီး ပေါင်းစပ်နိုင်ရင် ကလေးဘ၀တုန်းက လွတ်လပ်စွာပျော်ရွှင်ခဲ့သော ပျော်ရွှင်မှုမျိုး ရရှိနိုင်မှာမလွဲ….။ အဖြူရောင်ကနေ ကြိုက်တဲ့ အရောင်ပြောင်းလို့ရတယ် ဒါပေမဲ့ အမည်း(အနက်)ရောင် ကနေ အဖြူရောင် ဖြစ်ဖို့ဆိုတာ လုံးဝမရနိုင် မဖြစ်နိုင်သောအရာပါ….။ တစ်ကယ်ဆို လူတစ်ယောက်ရဲ့ စိတ်ဓါတ်က ရိုးသားပြီးသားပဲလေ....။ဖြူစင်သောဘ၀တွေကို အနက်ရောင် အိပ်မက်တွေက လွှမ်းခြုံထားခဲ့တဲ့နောက်တော့ တို့တစ်တွေမှာ မရှိတဲ့ လောဘ ဒေါသ မောဟ စိတ်ဆင်းရဲမှုတွေဟာ အလိုလိုရောက်လာခဲ့တယ်….။ တစ်ကယ်ဆို ဒီအရေခွံမှာ ကျိန်စာတွေတာ မရှိရင် အားလုံးဟာ တန်းတူပါပဲလား…………..


အဖြူရောင်ကို အနက်ရောင်ဖြစ်ဖို့က လွယ်ကူပေမဲ့
အနက်ရောင်ကနေ အဖြူရောင်ပြန်ဖြစ်ဖို့က
ကျောက်ခဲကို အရည်ညစ်သလိုသာ

{ ဇောင်း }

You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.