Thursday, November 27, 2008

[ပျားရည်ဆမ်းသောလမ်း] 2 New Entries: နောက်ဆုံးနှုတ်ဆက်

နောက်ဆုံးနှုတ်ဆက်

ပျားရည်ဆမ်းသောလမ်းကို အခုကျွန်တော်မလျောက်ရသေးပါဘူးဗျာ။ ဆူးတွေခင်းနေတဲ့လမ်းကိုသာလျောက်နေရတာပါဗျာ။
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာကဘဝ............ ဆန္ဒနဲ့ဘဝက ဘယ်တော့များမှာတစ်ထပ်တည်းကျမယ်ဆိုတာ မသိဘူးဗျာ။
လောလောဆယ်တော့ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းမကျတဲ့ကျွန်တော် ဘလော့ကလေးကိုတော့လေ တစ်သက်လုံးဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်.............. တစ်ခဏတာအတွက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အားလုံးပဲပေါ့နော် တစ်ချိန်က ဘလော့မှာကဗျာလေးတွေရေးတဲ့ကိုတိုးလေးဆိုတာရှိနေသေးတယ်ဆိုတာကို အားလုံးပဲအမှတ်တရရှိနေကျမယ်ထင်ပါတယ်နော်။ အားလုံးကိုလည်းပျော်ရွှင်စွာနဲ့ပဲ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျာ. နောက်ဆုံးအနေနဲ့ကျွန်တော်ရေးထားတာလေးပေါ့နော် တင်ပေးမယ်ဗျာ။ ဘယ်လိုလည်းဆိုတာတော့ ကျွန်တော်ကိုတိုင်လည်းမသိဘူးဗျာ။

အိုသူငယ်ချင်း . .
သူမင်းကို ပြန်မချစ်တာဟာ
သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . .
သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင်
ဒါမင်း အကြမ်းဖက်နေတာပဲကွ . .
အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . .

အိုသူငယ်ချင်း . .
သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . .
နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း
မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . .

အိုသူငယ်ချင်း . .
ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။
မမျှော်လင့်နေပါနဲ့တော့ . .
တော်နေကြာ
ချစ်သူတစ်ယောက်မရရှိတာထက်
သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . .

အိုသူငယ်ချင်း . .
ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . .
ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . .
ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . .
ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . .

မလင်းလက်တဲ့ကိုယ့်အချစ်

သတိရလားလို့မေးရင်
သတိမရဘူးလို့ ဖြေရမှာပါပဲ . .

အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . .
ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . .

စွဲလမ်းခြင်းတွေတောင် မြဲကြတာမဟုတ်ဘူး . .
မနေ့က အဲ့ကောင်မလေးကို အရူးအမူးစွဲလမ်းခဲ့ပေမဲ့
ဒီနေ့ကြ တခြားကောင်မလေးတစ်ယောက်ကို စွဲလမ်းနေတာမျိုး . .

အိမ်မက်ထဲမှာလဲ လူဦးရေများတာပါပဲ . .
ညဥ့်ဦးယံမှာ ကိုယ်နဲ့ကြိုက်ခဲ့တဲ့တစ်ယောက်ကို အိပ်မက် မက်ကောင်းမက်နေလိမ့်မယ် . .
သန်းခေါင်ယံကြတော့ ကိုယ်ကြွေခဲ့တဲ့မိန်းကလေးတစ်ယောက်ကို အိပ်မက်နဲ့ တမ်းတဖြစ်မယ်. .
ဒီလိုပဲလေ . .

သူကိုယ့်ကို ပြန်မချစ်တာမပြောနဲ့
ကိုယ်သူ့ကို တခြားသူတွေထက် ပိုချစ်သလားမချစ်ဘူးလားတောင် မသဲကွဲပါဘူး . .

အနေနီးတာများလို့
သူ့အကြောင်းပိုတွေးနေမိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် . .
သူလှသလိုရှိတာကလည်း
သူ့ဘက် စိတ်ယိမ်းနေတာဖြစ်မှာပါပဲ . .

မနက်ဖြန်
ဘယ်သူနဲ့တွေ့မယ်ဆိုတာ ဘယ်သူတပ်အပ်သိနိုင်မှာတဲ့လဲ . .
ကဲ . .
ကိုယ်ကကော နောင်
ဘယ်လောက်ချစ်တတ်ဦးမှာလဲ . .

အကြွေလွယ်
အကောက်ခက်
နွမ်းလို့လေလားကွယ်
ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.