Thursday, November 27, 2008

[ချင်းမလေး] 1 New Entry: ပြုံးလိုက်ကြစို့ သူငယ်ချင်း

ပြုံးလိုက်ကြစို့ သူငယ်ချင်း

သူတို့လင်မယား

ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။
ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း
အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို
ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ပထမလူ = ဟိုက် - သေလိုက်ပါတော့ကွာ …… ။

နတ်မိမယ်

သားငယ်...။မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်...။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ ပျံနိုင်တဲ
့နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။
သားငယ်...။ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။

သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ
့တင်ပါးကိုပုတ်ပြီး မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့...

အားလုံးပြုံးပျော်နိုင်ကြပါစေရှင်.......။

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.