Thursday, October 9, 2008

Word Verification ဖယ်ရှားခြင်း (၃)

Word Verification ဖယ်ရှားနိုင်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။

တတိယအကြိမ်

Word Verification ဖယ်ရှားခြင်း (၂)

Word Verification ဖယ်ရှားနိုင်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။

ဒုတိယအကြိမ်

Word Verification ဖယ်ရှားခြင်း (၁)

Word Verification ဖယ်ရှားနိုင်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။
ပထမ အကြိမ်

[balargout's blogger] 1 New Entry: အရက်ဝိုင်းနှုင့် တူသောသူငယ်ချင်းများ - ၁

အရက်ဝိုင်းနှုင့် တူသောသူငယ်ချင်းများ - ၁

မနေ့ကတော့ ထုံးစံအတိုင်း ညနေဘက်မှာ ၀က်မှီးဆိုင်ရောက်ခဲ့တယ်။ ကိုမျက်စေ့ က ဆားဗစ်လေးတခု အောင်လာတာန့ ရှိတဲ့ ပါးပါးလေးကို ထုတ် ပြီးပြုစုတာပါ။ ကိုသူတော်ကိုတော့ အတင်းအဓ္ဓမခေါ်တယ် လို့မထင်နဲ့နော်- သူလဲ ငွေယားကလေးရှိရင် ရောက်အောင်တော့ လာလိုက် တာဘဲ။ ဒါနဲ့ ကျွန်တော်တို့ စကားဝိုင်းမှာ ပြောခဲ့တဲ့ စကားတွေထဲက တူသောသူငယ်ချင်းများ ဆိုတာလေးကို ပြန်ပြီး ချရေး ဖြစ်လိုက်တာပါ။

အရက်နဲ့တူသော သူငယ်ချင်း

သူက အရက်နဲ့တူတယ်။ ကိုသောက်ချင်မှ ဖြစ်တာ၊ သောက်ရင်လဲ သောက်သလောက်မူးတယ်။ သိပ်များသွားရင်မကောင်းဘူး။ သစ္စာတော့ရှိ တယ်၊ မူးကိုမူးစေရမယ့် ရသတခုကိုပေးတယ်။ ဒါပေမယ့် ပိုက်ဆံကုန်တယ်။ ရောဂါရတယ်။ ဒီလိုသူငယ်ချင်းတွေရှိတယ်။ အာရကေလန်းတဲ့ သူတွေကို ပြောတာ ၊သူတို့နဲ့ပေါင်းရင် ပျော်ရတယ်။ ကိုလဲ ပိုက်ဆံကုန်တယ်။ ဒီအတိုင်း သာသွားနေရင်တော့ မဖြစ်ချေဘူး

အမြည်းနဲ့တူသော သူငယ်ချင်း

သူကလဲ ကိုကြိုက်လို့မှာထားတာဘဲ၊ စားလို့လဲ ကုန်ရော သူ့ကိုသတိမရတော့ ပြန်ဘူး။ စားပြီး နားမလည်ပေါ့။ နောက်ပြီး ပုံမှန်မရှိဘူး၊ အမြည်း လို့ပြောတဲ့အတွက် အမြဲ အပြောင်းအလဲ ရှိနေတာဘဲ၊ အဲဒီလို သူငယ်ချင်းတွေရှိတယ်။ ကိုယ့်ဟာကိုလာစား၊ ဒါမှမဟုတ်ကိုက သူ့ဟာစား၊ ကုန်တော့ မသိချင် ဟန်ဆောင်နေကြရော။

ရေခဲနဲ့တူသော သူငယ်ချင်း

သူမရှိရင် အရက်ဝိုင်းက အဆိုပြေချင်ပြန်ဘူး။ ဒီလိုဘဲ သူက ဘာလုပ်လုပ် အကုန်ရောလို့ဖြစ်တယ်။ ဟိုဟာ အတွက် ဒီဟာ အတွက် သူက က ဖြစ်တယ်။ ရောသာရောတာ အေးအေးဆေးဆေးဘဲ၊ အေးရောအေးကြောင်း သူငယ်ချင်းတွေပေါ့။ ဘာလာလာဒေါင်းတယ်။ ဒါပေမယ့် ရေခဲ ဆိုတဲ့ အတိုင်း ခပ်မာမာခပ်အေးအေးဘဲ။

နောက်ထပ်တူတာတွေ စဉ်းစားလို့မရသေးဘူးဗျာ။ တူတာလေးတွေကို တူသော သူငယ်ချင်းများအဖြစ် ဆက်ပြီး တင်ကြည့်ဦးမယ်။

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar] 3 New Entries: Situation Of Human Rights In Myanmar

Situation Of Human Rights In Myanmar

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,9th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )အာဆီယံပဋိဥာဏ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ

( 2 )Myanmar agrees to move forward hydropower plant proposal

( 3 )Dubai's Non-oil Trade with Asean Countries Increases 30.4 Per Cent

( 4 )၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ

( 5 )Yen for learning

( 6 )Seeking the universal in art

( 7 )ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ

( 8 )New Film Reveals Murders Of Burmese Fishers

( 9 )UN Outlines Steps To Improve Human Rights

( 10 )Road to India's 'look east' policy

( 11 )Bangladesh, Burma vow to enhance trade ties

( 12 )Vietnam beats Myanmar in Asian opener

( 13 )"Amar Kanwar, The Torn First Pages"

Burma's IT Generation Combats Regime Repression

A truck carrying a squad of police pulls up in front of a Rangoon's Internet café. The police burst into the café and shout to the customers sitting at the computer terminals: "Hands off!" Then they tour the terminals and check every screen, asking users to describe what they are looking at.

If anyone is found using G-talk, the police inquire further—"Who are you chatting with?" "Where do they live?" Customers who come up with wrong or suspicious answers can be arrested.

Burma's Internet cafes are becoming subject to severe surveillance by the police. (Photo: AFP)
This scenario is a common one in Rangoon's Internet cafes nowadays—in this era where tech-savvy young Burmese chat away on G-talk, check out the social-networking sites Facebook, Hi5 and Friendster, surf exiled Burmese websites and blogs and even share information about how to slip past regime censors by using proxy servers.

Since the September 2007 uprising, the Internet has shaped the way they think, relax and communicate in their isolated, military-ruled country. The Internet has created a virtual community and a new arena for freedom of expression.

"The uprising in Burma is ultimately an example of a protest where digitally network technologies played a critical role," researcher Mridul Chowdhury reported in his paper "The Role of the Internet in Burma's Saffron Revolution," a case study for the Berkman Center for Internet & Society at Harvard University.

Equipped with cell phones and digital cameras, and with access to the Internet, determined young Burmese are communicating with each other and the outside world as never before.

During last year's monk-led demonstrations, known as the Saffron Revolution, Internet users also became publishers of text, audio, and video files illustrating what was happening inside the country. Suddenly, Burma was attracting the full attention of such international media as the BBC, CNN and Al Jazeera. Condemnation of the regime's repression of the protests followed from many governments.

Burma's IT generation had a chance to flex its muscles before the generals pulled the plug on the Internet at the height of their crackdown on the September protests.

The junta has prevented Burmese citizens from using services like Hotmail, Yahoo and Gmail and to block Web sites and blogs set up by exiled Burmese critics of the regime. But Internet cafes responded by installing foreign-hosted proxy servers to circumvent the government restrictions.

Risking arrest, imprisonment and torture, young Burmese—notably journalists and bloggers—have continued to play a crucial role in informing the outside world of the true situation in Burma.

They are more likely than ever to see the Internet as a means of achieving freedom of expression with the advent of information technology. In their blogs and chat rooms, they have been demonstrating the active role they play in sharing information and debating important issues in politics and other areas of domestic concern.

This is the reason why, one year after the Saffron Revolution, Internet cafes are becoming subject to severe surveillance by the police. Cafe owners are forced to take screenshots of user activity every five minutes and deliver these images to the authorities on a regular basis.

The owner of one Internet cafe in downtown Rangoon said the local authorities and police intelligence officers had issued orders to provide ID information about customers.

According to Internet cafe owners and users in Rangoon, Internet speeds have slowed down considerably since mid-September, making it impossible to upload large files such as photos or videos.

Meanwhile, the Web sites of the exile-run, Oslo-based Democratic Voice of Burma (DVB) and New Delhi-based Mizzima News were hit in July by DDoS attacks, shutting them down for several days.

Another DDoS attacks were again in September launched against The Irrawaddy, DVB and the Bangkok-based New Era Journal. The Web site of Mizzima News was hacked on October 1 with a cross-site scripting, making it inaccessible.

According to Chiang Mai-based freelance journalist Brian McCartan, two community forums Mystery Zillion and Planet Myanmar—Web sites providing information and instruction on how to circumvent the regime's control—were also disabled and shut down by similar attacks in August.

Click Here to go to original link.

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Sawlinux] 1 New Entry: ဒါတွေဟာ.....တိုးတက်တဲ့ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းတဲ့လား

ဒါတွေဟာ.....တိုးတက်တဲ့ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းတဲ့လား

09 October 2008

ဓာတ်ပုံတွင် ချင်းပြည်နယ်မှာ တွေ့ရသောမိသားတစ်ခု၏ လူနေမှုအဆင့်အတန်း

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးတွင်သာ လူနေမှုအဆင့်အတန်းအနည်းငယ်သာရှိပြီး ကျန်နေရာအစိတ်အပိုင်းအများစု၊
အထူးသဖြင့် တောလက်ကျေးရွာ နှင့် နယ်စပ်ဒေသများမှာ လူမှုဘ၀များသနားစရာကောင်းလောက်အောင် ရင်နာစရာကောင်းလောက်အောင်
အခုလက်ရှိနိုင်ငံခေါင်းဆောင်းများ ဘာကြောင့်ဖန်တီးနေကြသလဲ၊ သူတို့လေးတစ်တွေဟာ ခင်ဗျားတို့ရဲ့နိုင်ငံသားဆိုတာ မေ့နေကြရော့သလား။

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Programmer's Diary] 1 New Entry: Rapidshare နဲ့ ဘာလုပ်နိုင်သလဲ

Rapidshare နဲ့ ဘာလုပ်နိုင်သလဲ

Rapidshare နဲ့ ဘာလုပ်နိုင်သလဲဆိုတာ Rapidshare သုံးဖူးသူတွေကတော့ သိကြမှာပါ။ ဒီပို့စ်က မသုံးဖူးသူတွေ အတွက် ရည်ရွယ်ပါတယ်။ Rapidshare အကောင့်တစ်ခု ဖွင့်ဖို့ Credit/Debit Card တစ်ခု လိုအပ်ပါမယ်။ တစ်လစာ သုံးစွဲခွင့်အတွက် စင်္ကာပူဒေါ်လာနဲ့ဆိုရင် ၁၅ ဒေါ်လာ ပေးရပါတယ်။ ဈေးနှုန်းအသေးစိတ်ကို www.rapidshare.com မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

အခြားသူတွေကို ဝေမျှလိုတဲ့ ဖိုင်တွေကို Rapidshare မှာ သွားပြီး upload လုပ်ထားလို့ ရပါတယ်။ ဖိုင်တစ်ဖိုင်ကို အများဆုံး 200 MB အထိ ခွင့်ပြုပါတယ်။ ဖိုင်တစ်ဖိုင်ကို upload လုပ်လိုက်ပြီ ဆိုတာနဲ့ Download လုပ်နိုင်တဲ့ လင့်ခ်ကို ဖော်ပြပေးထားပါတယ်။ ဆိုတော့ 800 MB ရှိတဲ့ ဗီဒီယိုင်ဖိုင်တစ်ဖိုင်ကို File Splitter ဆော့ဝဲလ်နဲ့ အပိုင်းငယ်လေးတွေ ခွဲပြီး တင်ထားနိုင်ပါတယ်။

Download လုပ်မယ့်သူအနေနဲ့ မိမိ Download လုပ်ချင်တဲ့ Rapidshare ရဲ့ လိပ်စာကို အတိအကျ သိရမှာ ဖြစ်ပါတယ်။ Free User ဆိုရင်တော့ Download လုပ်ဖို့ အရေး စက္ကန့် ၃၀ ကနေ ၁၃၄ စက္ကန့်လောက်အထိ စောင့်ရနိုင်ပါတယ်။ တခါတလေမှာတော့ Download လုပ်လို့တောင် မရပါဘူး။ အဲဒီ ဒုက္ခကို ကျော်လွှားချင်ရင်တော့ Premium User အဖြစ် Rapidshare အကောင့် တစ်ခု ၀ယ်လိုက်ရင် ဖြစ်ပါပြီ။ ၂၀၀၈ စက်တင်ဘာ ၂ ရက်နေ့က စပြီး တစ်ရက်ကို ပမာဏ 10GB (10,000 MB ကျော်) Download လုပ်နိုင်ပါတယ်။ DVD ရုပ်ရှင်တစ်ကားကို ကွန်ပျူတာနဲ့ ကြည့်နိုင်အောင် ချုံ့ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ 700 MB ကနေ 800 MB အထိ ရှိနိုင်တဲ့အတွက် download လုပ်ဖို့ အချိန်လည်းရှိ မိမိရဲ့ အင်တာနက်ဆက်သွယ်မှုလည်း မြန်ဆန်မယ်ဆိုရင် တစ်ရက်ကို ရုပ်ရှင် တစ်ဒါဇင်လောက် Download လုပ်နိုင်ပါတယ်။ Download နှုန်းက တစ်စက္ကန့်ကို 25 KB ကနေ 250 KB အထိ ရပါတယ်။

ရုပ်ရှင်တွေချည်း download လုပ်နိုင်တာ မဟုတ်ပါဘူး။ အသစ်ထွက်တဲ့ သီချင်းအယ်လ်ဘမ်တွေလည်း ရှိပါတယ်။ ပြီးတော့ အသစ်ထွက်တဲ့ ဆော့ဝဲလ်တွေလည်း အများအပြားပါ။ ဂိမ်းအသစ်တွေ ရနိုင်သလို ကွန်ပျူတာဆိုင်ရာ၊ အခြားဘာသာရပ်ဆိုင်ရာ စာအုပ် စာတမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေလည်း အခမဲ့ အလွယ်တကူ ရနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းအတွက် သုံးမယ် ဆိုရင်တော့ လိုအပ်တဲ့အရာတွေကို Piracy ကို အားပေးရာ မရောက်အောင် အလကား download မလုပ်ဘဲ ကိုယ်ပိုင် ၀ယ်ယူထားစေချင် ပါတယ်။ ၀ယ်ဖို့လဲ မတတ်နိုင်ဘဲ တကိုယ်ရည်သုံးစွဲဖို့ အတွက်သာ ဆိုရင်တော့ Rapidshare က အထောက်အကူ ပေးနိုင်မှာပါ။

ဖိုင်ဆိုဒ်ကို ချုံ့ပြီး အပိုင်းငယ်လေးတွေ ခွဲထားတဲ့ Rapidshare ဖိုင်တွေကို ပြန်ဖြည်ဖို့အတွက် Win Rar ဆော့ဝဲလ် လိုအပ်ပါမယ်။ အဲဒီ ဆော့ဝဲလ်ကို www.download.com မှာ အခမဲ့ ရယူနိုင်ပါတယ်။ အပိုင်းငယ်လေး ၇ ခု ရှိတယ်ဆိုရင် အားလုံးကို download လုပ်ပြီးတာနဲ့ ပထမဆုံးတစ်ခုကို ဖြည်လိုက်တဲ့အခါ ကျန်တာတွေပါ အလိုလို ဖြည်ပြီးသား ဖြစ်သွားပါမယ်။ တချို့ဖိုင်တွေကို ဖြည်ဖို့အတွက် password လိုမှာ ဖြစ်ပြီး Rapidshare လိပ်စာတွေ ပေးထားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြပေးထားတတ်ပါတယ်။ password မရေးထားဘူးဆိုရင်တော့ ပြန်ဖြည်စရာ password မလိုပါဘူး။

Internet Download Manager အပြင် Download Accelerator ပါတဲ့ ဆော့ဝဲလ် တစ်ခု ရှိမယ်ဆိုရင်တော့ ဖိုင်တွေကို ပိုပြီး လျင်လျင်မြန်မြန် download လုပ်နိုင်မှာ ဖြစ်ပြီး ဖိုင်တွေ ဆွဲနေတုန်း အင်တာနက်ဆက်သွယ်မှု ပြတ်တောက်သွားမှာကို ပူစရာ မလိုတဲ့အပြင် မိမိ ကွန်ပျူတာ အနားမှာ မရှိနေတဲ့ အချိန်တွေမှာလည်း သူ့ဟာသူ download လုပ်ပေးထားမှာပါ။ Broadband သုံးစွဲသူ တစ်ယောက်ဟာ ရုပ်ရှင်ကားတစ်ကားရဲ့ ဖိုင် ၇ ခု ၈ ခု လောက်ကို တပြိုင်တည်း ဆွဲမယ်ဆိုရင် နာရီဝက် တစ်နာရီအတွင်း ရပါတယ်။

ဒီရက်ပိုင်း ကျွန်တော် download လုပ်ဖြစ်တာတွေကတော့ Reader's Digest, PC World စတဲ့ မဂ္ဂဇင်းတွေ၊ ကွန်ပျူတာ ပရိုဂရမ်မင်းနဲ့ ဆိုင်တဲ့ စာအုပ်တွေ၊ Dreams from my father ၊ Audacity of Hope စတဲ့ အိုဘားမားရဲ့ စာအုပ်နဲ့ အခြား စိတ်ဝင်စားရာ စာအုပ်တွေ download လုပ်ဖြစ်တယ်။ ဂိမ်းတွေထဲကတော့ Fifa 09 ပါပဲ။ ဆော့ဝဲလ်ကတော့ အတော်များတယ်။ သီချင်းခွေထဲကတော့ Metallica ရဲ့ အခွေသစ်ပေါ့။ ရုပ်ရှင်ကား အသစ်တွေလည်း မနည်းဘူး။ ရုံမှာ သွားကြည့်ရလောက်အောင် မကောင်းနိုင်တဲ့ ကားမျိုးကို အိမ်မှာပဲ ကြည့်ဖြစ်တယ်။ နောက်ပြီး နောက်တခါ ပြန်ကြည့်ချင်အောင် ကောင်းတဲ့ ကားမျိုးကျတော့လည်း သိမ်းထားချင်ပြန်ရော။

Google မှာ rapidshare download ဆိုပြီး ရှာလိုက်မယ် ဆိုရင် Rapidshare နဲ့ download လုပ်နိုင်မယ့် လိပ်စာတွေ ပေးထားတဲ့ အင်တာနက်စာမျက်နှာ အများအပြားကို တွေ့ရမှာပါ။ အရင်က www.projectw.org မှာလည်း download လုပ်စရာ အများအပြား ရှိပေမယ့် အခုတော့ အဲဒီဆိုက်ဒ်ကို ပိတ်လိုက်ပြီ ထင်ပါတယ်။ Rapidshare နဲ့ download လုပ်လို့ရတဲ့ အင်တာနက်စာမျက်နှာတွေ အများကြီး ရှိတဲ့အထဲက ကျွန်တော် recommend လုပ်ချင်တာကတော့ www.alivedownload.com နဲ့ www.mechodownload.com ပါ။

တစ်ယောက်တည်း တစ်လကို စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာလောက် မသုံးချင်သူတွေကတော့ သူငယ်ချင်းတွေနဲ့ ဝေမျှကျခံပြီး သုံးလို့ ရပါတယ်။ တစ်နေ့ကို 10 GB download လုပ်လို့ ရတယ်ဆိုတာ နည်းနည်းနောနော ပမာဏတော့ မဟုတ်ပါ။ အားလုံး မိမိ အလိုရှိရာကို ရှာဖွေနိုင်ပါစေ။

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ငြင်းနေမှာလား၊ အကောင်းဆုံးနည်းလမ်းကိုရှာမှာလား

ငြင်းနေမှာလား၊ အကောင်းဆုံးနည်းလမ်းကိုရှာမှာလား

ကိုကြီးလေး

ပြည်သူ လူထုဟာအမြဲ တစေ စိုးရိမ်ပူပန်နေရတော့တာပါပဲ။ ကုန်ဈေးနှုန်းများ တက် မလား ဟဲ့ တခုခု များ ဖြစ်မလာဟဲ့ .. ဆိုတဲ့ ဟဲ့ပေါင်း များစွာတွေနဲ့ပါ ..

ဘာကြောင့်ကုန်ဈေးနှုန်းတက်လဲ ပစ္စည်းသွင်းရတာခက်လို့ လဒ်စားသူတွေက အရမ်းစားလို့ လို့ ဆိုကြပါတယ်။ လဒ်စားသူတွေကလဲ အူမတောင့်ရုံစားရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။သစ်ပင်ကြီး

အောက်ရောက်နေမှာတော့ သစ်ကိုင်းခုတ်ပြီး အသီးခူး မနေနဲ့တော့ပေါ့။ ကြွေကျတဲ့ အသီးလောက်ပဲ ကောက်ပေါ့။ အားမရရင် မှည့်နေတဲ့အသီးလေး လှမ်းဆွတ်ပေါ့။ ဒါဆို အဆင်ပြေသွားမှာပါ။ နောင်မျိုးဆက်အတွက်လဲ ချန်ထားရ ဦးမပေါ့လေ။

ဒီလိုပါပဲ တဖက်ကလဲ သစ်ပင်အောက်မှာနေတာပါပဲ။ တော်ရုံ သင့်ရုံစားရဖို့ လုပ်ကြပေါ့လေ။ အစိုးရမျက်ဖြူစိုက် မစိုက်ထက် ငါ့ပြည်သူတွေ မျက်ဖြူစိုက် မစိုက်ကို အဓိကကြည့်ကြဖို့ လိုအပ်နေတယ်လို့ ထင်မိပါတယ်။ ဒါဆိုရင်တော့ ပြည်သူ တွေ အနေနဲ့လဲ အနေမကျပ်တော့ပါဘူး။

မာနတွေတခွဲသားနဲ့ ဒီမိုကရေစီဆိုတာ ငါတို့မှ သိတာ။ တဖက်ကလဲ ငါလုပ်တာပဲ အမှန်နဲ့..ကြားထဲက မြေစာပင် ဖွာရင်ဖွာ ကြဲရင်ကြဲ ထင်တိုင်းကြဲ နေကြရင်တော့ ကျွန်တော်တို့ ပြည်သူတွေ ပဲခံစားနေရတော့မှာပါပဲ။ လူဆိုတာ ကိုယ့်ကိုကိုယ်တော့ အမှန်လို့ ထင်ကြတာချည်းပါပဲ။ ကိုယ်လုပ်တာ ကိုမှန်တယ်ထင်တယ်။ ကိုယ်လုပ်တာကို မှားတယ်လို့ ပြောတဲ့သူကိုတော့ မှားတယ်လို့ ပြောကြတာပေါ့။ မှားတယ်လို့ ပြောတဲ့ဘက်ကလဲ မှားတာခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပဲလေ။

အဲဒီတော့ ဟိုဘက် ဒီဘက် သူမှားတယ် ကိုယ်မှားတယ် ပြောနေကြမယ့်အစား သူဘာမှားလဲ ကိုယ်ကရော ဘာကို ပြင်ရမလဲဆိုတာကို ကြည့်သင့်တယ်။ ကိုယ်ကချည်းပဲ အမှန်မဟုတ်ဘူးဆိုတာကို နားလည်သွားကြရင် ပြည်သူတွေ အတွက်တော့ တော်တော်လေး အဆင်ပြေမှာပါ။ အစိုးရဘက်ကလဲ မှားတာတွေရှိသလို ဒေါ်စုဘက်ကလဲ မှားတာတွေ ရှိပါတယ်။

အဓိက က အမှားကိုထောက်ပြနေဖို့ မဟုတ်ပါဘူး။ အမှားကို အမှန်ပြင်ကြရမှာပါ။ အမှန်ပြင်ရာမှာလဲ အစွန်းလွတ်တဲ့ အားလုံးအတွက် အဆင်ပြေမယ့် အမှန်ကို ပြင်ရမှာပါပဲ။ အစိုးရဘက်က လိုအပ်ချက်တွေ ဒေါ်စုဘက်က လိုအပ်ချက်တွေကို အားလုံးတွေ့ဆုံ ညှိနှိုင်းပြီး ဆုံးဖြတ်ကြရင် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်လာမှာပါ အခုဖြစ်နေတာကမှားတာကို မှန်အောင်မပြင်ပဲ အမှားကိုပဲ အမှန်လို့ ထင်လာအောင်လုပ်နေကြလို့ပါ။

ကြားကခံစားရတာတွေကတော့ ပြည်သူတွေပေါ့။ မှားတာကို မှားတယ်လို့ ၀န်ခံရဲတဲ့သတ္တိရှိဖို့ပါပဲ အဲဒီသတ္တိမရှိကြလို့ မှားတာကိုပဲ မှန်သယောင်လုပ်ရင်းလုပ်ရင်းနဲ့ ပြည်သူတွေ ညစ်သထက်ညစ်လာ ကြပြီလေ။ အစိုးရဘက်ကလဲ တစ်ဘက်ကလူတွေ ပြောကြားချက်တွေကို စဉ်းစားသင့်တယ်။ အဲဒါတွေကို လိုက်ပြီးခုခံနေမယ့်အစား လူတွေပြောတာ မှန်ရင် အကျိုးရှိမယ်ဆိုရင် လုပ်ပေးရမယ်။ မင်းတို့က ငါတို့လောက်မတတ်ပါဘူး ငါတို့က ဗျူဟာတွေကို စနစ်တကျ သင်ခဲ့ရတာ မင်းတို့က မျက်တောင်တစ်ဆုံးပဲ ကြည့်တဲ့သူတွေ အနောက်မျှော်တဲ့သူတွေလို့ ပြောနေမယ့်အစား အကျိုး ရှိရင်တော့ လုပ်သင့်တယ်။ ဒီလိုပဲ ဒေါ်စုဘက်ကလဲ ပြည်သူတွေခံစားနေရတာတွေကို ပြန်ကြည့်သင့်ပြီ။ အနောက်နိုင်ငံတွေ စီးပွားရေးပိတ်ဆို့တာ ဒေါ်စုကြောင့်လို့ပြောကြပေမယ့် သေချာစဉ်းစားရင် ဒေါ်စုက အဲဒီလောက် အနောက်နိုင်ငံတွေ အပေါ် အာဏာရှိလို့လားဆိုတဲ့ မေးခွန်းပြန်မေးကြလိမ့်မယ်။

တကယ်တော့ အနောက်နိုင်ငံတွေက အရင်းရှင်နိုင်ငံတွေလေ သူတို့အကျိုးမရှိရင် ဘာမှလုပ်မှာမဟုတ်ကြဘူး။ အဲဒီ ငါးမျှားချိတ်ကိုတော့ မြင်အောင်ကြည့်တတ်ရမယ်ပေးကြမယ့် အကူအညီဆိုတာ နှောင်ကြိုးနဲ့လားဆိုတာ ကြည့်တတ်ရ မယ်လေ။

ဒေါ်စုဘက်က အဲဒီလို အနောက်နိုင်ငံတွေအပေါ် အားကိုးတာကိုလျော့သင့်ပြီလို့ ထင်ပါတယ်။

ဖြစ်သင့်တာက ဒေါ်စုရဲ့ လုပ်ငန်းစဉ်တွေကိုရှင်းပြ နားလည်အောင်လုပ်ပြရမယ်။ ခုလို ငါတတ်တိုင်း လုပ်နေလို့ကတော့ အံမ၀င် ခွင်မကျ တဲ့ ဒီမိုကရေစီကြီး ရလာလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်က တော့ မြန်မာပဲဖြစ်ရမယ်။ မြန်မာတစ်ယောက်အုပ်ချုပ်တဲ့ မြန်မာပြည်မှာ ထမင်းလေး ၀၀လင်လင် စားပြီး အေးအေးလူလူနေရရင် အဲဒါ မြန်မာ့ဒီမိုကရေစီဆိုပြီး ထောက်ခံမှာပါပဲ အနောက်နိုင်ငံနဲ့တူမှ ဒီမိုကရေစီ မဟုတ်ပါဘူး။

ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးချမ်းချမ်းနေရရင် အကောင်းဆုံးဒီမိုကရေစီပဲပေါ့။ တိုင်းပြည် ခေါင်းဆောင် ကလဲ တိုင်းပြည်အပေါ်တကယ်ချစ်ရမယ်။ တိုင်းပြည်ကိုချစ်တယ် ဆိုတာကလဲ ရလို့ချစ်တာ မဖြစ်သင့်ဘူး။ တကယ်ချစ်ရင် တိုင်းပြည်က မနေပါဘူး။ အဲဒီခေါင်းဆောင်ကြီးအတွက် သစ်ပင်ကြီးစိုက်ပေးပြီး အထွက်တိုးအောင် လုပ်ပေးကြမှာပါ။ ပြည်သူတွေ လိုချင်တာက ဒီအစိုးရကို ဖြုတ်ချချင်တာ အဓိကမဟုတ်ဘူး စနစ်ကြီးကို ပြောင်းချင်နေတာပါ။ စနစ်ကြီးကို ပြောင်းဖို့အတွက် အစိုးရကို ဖြုတ်ချရမယ် ဆိုတဲ့ အတွေးမျိုးတွေကိုဝင်အောင် တစ်ဖက်ကလဲ မှိုင်းတိုက်ပေးတယ်။ အဲဒီတော့ စနစ်ပြောင်းဖို့ ထက်သန်နေတဲ့သူတွေက မစဉ်းစားမိတော့ဘူးလေ။ စကားပြောကောင်းတော့ ဟုတ်မှာပဲဆိုပြီး လိုက်လုပ်ကြတာပေါ့။ စကားပြောတာက လွယ်ပါတယ် လုပ်ပြဖို့က ခက်တာမဟုတ်လား။ အခုက အပြော ခေတ်တွေဖြစ်နေတယ်။ လက်ရှိအစိုးရကလဲ လုပ်တော့လုပ်ပြနေပါတယ်။ ကိန်းဂဏန်းတွေတော့ တိုးလာပါရဲ့ တိုးသင့်တဲ့ နေရာလားဆိုတာတော့ ကြည့်ရတော့မယ်။ လမ်းတွေဖောက်တာကတော့ တစ်နှစ်တစ်နှစ် မိုင်တွေ အများကြီးပဲ ပြတယ်။

ဒါပေမယ့် ပျက်တာကိုတော့ သိပ်မပြကြဘူး။ ဖြစ်သင့်တာက ဒီနှစ်မိုင် ၅၀၀ အသစ်ခင်းမဲ့အစား မိုင် ၃၀၀ ပဲခင်းပြီး လမ်းဟောင်းတွေ၊ ပျက်စီးသွားတဲ့ လမ်းတွေကို ပြင်သင့်တယ်လေ။ အခုက အစိုးရက လုပ်ပြချင်တာတွေများနေပြီးတော့ ကိန်းဂဏန်းများများကိုပဲပြနေတာ၊ ပြည်သူတွေ မြင်တာကတော့ ပျက်စီးမှုတွေ များနေတာကို သွားမြင်ကြတာလေ။ အဲဒီလိုဖြစ်နေတာကို အစိုးရအနေနဲ့ကလဲ လမ်းသစ်တွေခင်းနေတာ မတွေ့ဘူးလားလို့ မေးလိမ့်မယ်။ တစ်ဖက်ကလဲ လမ်းဟောင်းတွေပျက်နေတာ မမြင်ဘူးလားလို့ ပြန်ပြောလိမ့်မယ်။ ပြောချင်တာကတော့ လမ်းသစ်တွေခင်း။ တံတားသစ်တွေ ဆောက်နေတဲ့အစိုးရကို လမ်းဟောင်းလေးတွေ ပျက်နေတာပါ ပြင်ပေးဖို့ ပြောပိုင်ခွင့်ရှိရမယ်။ အစိုးရအနေနဲ့လဲ ဒါမျိုးပြောကြားချက်တွေကို အလေးထားစဉ်းစားရမှာပေါ့။ အဲဒါအားလုံး လိုချင်တဲ့ တွေ့ဆုံညှိနှိုင်းမှုပဲလေ။ ဒေါ်စုဘက်ကလဲ လမ်းဟောင်းတွေပျက်တာချည်း ပြောမနေပဲ ဘယ်လိုပြင်သင့်တယ်။ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံပေးချက်တွေပဲ ပြည်သူတွေက လိုချင်တာပါ။ တစ်ဖက်နဲ့တစ်ဖက် အပြစ်ဖို့နေလို့ကတော့ အောင်မြင်မှာ မဟုတ်တော့ ဘူးလေ။ အလုပ်လုပ်တဲ့သူမှာ အပြစ်ကတော့ပိုများတာပေါ့ဒါကိုလူတိုင်းသိပါတယ်။

အလုပ်မလုပ်ရင် အပြစ်ကတစ်ခုပဲရှိတယ်လေ။ အလုပ်မလုပ်တဲ့ အပြစ်အလုပ်လုပ်တဲ့ သူကတော့ အလုပ်များရင် များသလောက် အပြစ်ဖြစ်မှာပဲ။ အဲဒီအပြစ်တွေကို လိုက်ဖာထေးနေမယ့်အစား အမှန်ပြင်ရမယ်။

ပြည်သူတွေအနေနဲ့ကတော့ အစိုးရနဲ့ ဒေါ်စု ဘယ်ဘက်ကမှ မပါချင်ဘူး။ ကိုယ့်ထမင်းလေး ကိုယ်၀၀လင်လင် စားနေရရင် တော်ပြီလေ။ အစိုးရကိုယုံလားမေးရင် စောင့်ကြည့်နေတယ်ပေါ့။ ဒေါ်စုကိုယုံလားမေးရင် စောင့်ကြည့်နေ တယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးမှာရောက်ရှိနေတယ်။ အခုအလုပ်လုပ်နေတဲ့ အစိုးရမှာတော့ ထုံးစံအတိုင်း လိုအပ်ချက်တွေ ကတော့ရှိနေမှာပါပဲ စင်းလုံးချော ကောင်းမွန်တယ်ဆိုတာကတော့ လောကမှာမရှိပါဘူး။

ဒေါ်စုသာအုပ်ချုပ်မယ်ဆိုရင်ရော ??? ကောင်းမယ်လို့ ဘယ်သူအာမခံမလဲ။ အားလုံးကထင်ကြေးပဲ ရှိနေကြသေးတာလေ။ ဒေါ်စုက တိုင်းပြည်အတွက်ဘာတွေလုပ်ပြပြီးပြီလဲ။ ဘာတွေလုပ်ခဲ့သလဲ။ ရေရေရာရာတော့ ဘာမှမရှိသေးဘူး။ လုပ်ခွင့်မှ မရတာလို့ ပြောရင်လဲ သူ့ပြောကြားချက်ပဲပေါ့။ သူ့လုပ်ဆောင်ချက်ကလေးတွေကို ကြည့်ရအောင်လေတိုင်းပြည်တိုးတက်

အောင် လုပ်မယ်လို့ ပြောတယ်။ ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်စီမံချက်မျိုးတွေ ချပြထားလား။ နောက်ဆွဲထားတဲ့ စီမံချက်တွေ စီမံကိန်းတွေကရော ကိုယ့်အားကိုယ်ကိုး စီမံကိန်းလား အနောက်မျှော် စီမံကိန်းလားဆိုတာကို ရှင်းရှင်း လင်းလင်း သိအောင် ပြရမယ် လေ။ အခု ဒေါ်စုပြောနေတာတွေ တော်တော်များများကတော့ လက်ရှိအစိုးရကို တိုက်ခိုက်တာတွေ များနေတယ်။ တိုင်းပြည် ကောင်းစားအောင် တိုးတက်အောင် ဘယ်လိုစီမံကိန်းမျိုး ဘယ်လိုစီမံချက်မျိုးချသင့်တယ်

ဆိုတာမျိုးတွေ ချပြသင့်တယ်။ တစ်ဘက်လူရဲ့အားနည်းချက်တွေကို ဖော်ထုတ်ပြီး ရှုတ်ချနေရုံနဲ့တော့ တိုင်းပြည် ကောင်းစားမှာ မဟုတ် ဘူးလေ။

ဒီတော့ မိတ်ဆွေတို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ မင်းမှန်တယ်၊ ငါ မှန်တယ် အငြင်းပွားမလား။ တိုင်းပြည် ကောင်းစားရေးအတွက် အကောင်းဆုံးနည်းလမ်းကိုရွေးမလား။ အသုံးချမလား။

ကိုကြီးလေး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My Thoughts My Blog] 1 New Entry: စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

လူ့လောကကြီးမှာ လူတွေဟာ ဘ၀ဆိုတဲ့ ရေစီးကြောင်းကြီးနဲ့ စီးမျှောနေရင်းနဲ့ အလိုက်သင့် ကခုန်နေကြပါတယ်။ ကခုန်တယ် လို့သုံးတာ လှုပ်ရှားနေကြတယ်လို့ပြောတာပါ။ ဒီလို စီးမျှောနေရင်းနဲ့ ရေစီးကြောင်းရဲ့အားအတိုင်း မြန်လိုက်နှေးလိုက် ဖြစ်နေကြပါတယ်။ အကွေ့အကောက်နဲ့ ဆိုလည်း ကွေ့လိုက်ကောက်လိုက်ကြရတာပါပဲ။ အဲ့ဒီမှာ တူတူမျှောရင်းနဲ့ ပူးချင်ပူးသွားမယ်၊ ကွာရင်ကွာသွားမဲ့ အနေအထားတွေလည်း ရှိပါတယ်။ နောက်ပြီး ရေတံခွန်လို့ ဟာမျိုးတွေနဲ့ တွေ့ရင်လည်း ၀ုန်းဒိုင်းကြဲ ကျဆင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အလိုက်သင့် စီးမျှောနေရင်လည်း အလိုက်သင့်ပါပဲ။ ရေးစီးကြောင်းထဲမှာ စီးမျှောနေရင်းနဲ့ ကိုယ်ဝါသနာပါရာ သန်ရာသန်ရာ တွေလည်း လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဘ၀ရဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်တဲ့ သူတွေ ရှိသလို သာမန်နဲ့ပဲ ပြီးသွားလိုက်ရတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကလည်း ရေးစီးကြောင်းကြီးရဲ့ မမြင်နိုင်တဲ့ ၀ဲဂရက်တွေကြောင်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ပြောပြော ကြိုးစားကူးခက်ရမှာပါ။

လောကကြီးမှာ ပေါင်းသင်းဆက်ဆံတဲ့ အခါ အပေးအယူ ကိစ္စတွေရှိပါတယ်။ အပေးရှိလို့ အယူရှိသလို အယူရှိလို့လဲ အပေးဆိုတာ ဖြစ်လာတာပါ။ ဒါပေမဲ့ ကိုယ်က ကောင်းတာပေးတိုင်းလဲ ကိုယ့်ရှိ အကောင်းဆိုတာ ပြန်မလာနိုင်ပါဘူး။ ဆာ အိုက်ဆက်နယူတန် ပြောသလို သက်ရောက်မှု ရှိရင် တန်ပြန်မှုဆိုတာ ရှိပေမဲ့ ဒီကိစ္စမှာ များများသက်ရောက်တိုင်း များများမပြန်ပါဘူး။ နဲနဲ သက်ရောက်လည်းများများ ပြန်လာချင် ပြန်လာပါတယ်။ ကိုယ်ကတော့ သက်ရောက်မှု အမြဲ မှန်ကန်ဖို့ လိုအပ်ပါတယ်။ လောကကြီးမှာ ချွမ်းချက် ဆိုတာတွေ သိပ်များပါတယ်။ အဲ့ဒီ ချွမ်းချက်ဆိုတာတွေကလည်း စဉ်းစားရမဲ့ ဟာတွေပါ။ ကိုယ်ကကောင်းတိုင်း သူတို့ပြန်ကောင်းနိုင်ပါမလားဆိုတာ ရှိသလို သူတို့ကောင်းတိုင်းရော ကိုယ်က ကောင်းနေရဲ့လား ဆိုတာလည်း ထည့်စဉ်းစားရမှာပါ။

လောကကြီးမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြတဲ့ အခါမှာလည်း ကိုယ်ကတော့ ချစ်လိုက်ရတာပါပဲ ဆိုပေမဲ့ သူက ပြန်ချစ်ရင် မှ ချစ်မှာပါ။ ကိုယ်က ချစ်တိုင်း သူကလည်း ပြန်ချစ်နေမယ်ဆို ရင် လောကကြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ ကိုယ်ကလည်း သူ့ကို ချစ်လို့ သူကလည်းကိုယ့်ကို ပြန်ချစ်မယ်ဆိုရင်တော့လည်း လောကကြီးဟာ လှပသာယာနေမှာပါ။ ဒါပေမဲ့ ကိုယ်က သူ့ကို ချစ်နေနားလည်းနေနိုင်ပါတယ် ။ သူကတော့ ကိုယ်ကို မချစ်နိုင်ပါဘူးဆိုတာကလည်း သူ့ဘက်က ပုဂ္ဂိုလိက ခံစားချက်ရှိနိုင်သလို နားမလည်နိုင် မစဉ်းစားချင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က တကယ်လည်းချစ်တယ် ခံစားလည်းခံစားရတယ် ဆိုရင်တောင် သူပြန်မချစ်နိုင်တာ မစဉ်းစားနိုင်တာကို သူ့ဘက်ကနေ ဖြည့်တွေးပေးလိုက်ရင် ကိုယ်ခံစားရတွေ ရော့ပါသွားနိုင်ပါတယ်။ တကယ်မချစ်လို့ ဒီစကားပြောတာပါ..ငါကတော့ မရပါဘူးဆိုတာလည်း ပြန်ပြောနိုင်ရုံသက်သက်မျှလောက်ပဲ အသုံးဝင်နိုင်ပါတယ်။ ကျွန်တော် ပြောချင်တာက တကယ်ချစ်လို့ ကြိုးစားခဲ့တယ် ရအောင်လိုက်ခဲ့တယ် မရခဲ့ဘူးဆိုရင် ကိုယ့်အတွက် အတ္တပါးပါးထည့်ထားတဲ့ အကောင်းဆုံး ဖြေသိမ့်တွေးစရာ နည်းလမ်းတစ်ခုပါ။ မချစ်လို့ မရတော့တဲ့ ဟာအတွက် သိပ်ပူဆွေးသောက များနေရင် ကိုယ့်ပတ်ဝန်းကျင်ပါ ပူပါတယ်။ ချစ်ခဲ့ကြပြီးမှ အကြောင်းအမျိုးမျိုးနဲ့ လမ်းခွဲ ပြတ်ဆဲသွားတယ်ဆိုရင်လည်း အချိန်တန်လို့ ဖြစ်ရတာပါပဲ ဆိုပြီး တွေးနိုင်ရင်ကောင်းပါတယ်။

အဲ့အချိန်မတိုင်ခင်မှာတာ့ စောစောနက ပြောခဲ့သလို ကိုယ့်ရဲ့ သက်ရောက်မှုတွေက ဘာတွေဖြစ်ခဲ့လို့ ဒီလိုတန်ပြန်မှုတွေ လာတယ်ဆိုတာ ကိုယ့်ဟာကို ရေရေလည်လည်နားလည်နိုင်အောင် စဉ်းစားရမှာပါ။ မဟုတ်ပါဘူးကွာ ငါတို့နှစ်ယောက်ဒီလောက်ချစ်ခဲ့ ကြတာ လူကြီးတွေကြောင့်ပါဆိုတာကလည်း ရာစုနှစ်များစွာ ရှိနေတဲ့ အရာကြီးတစ်ခုပါ။ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ မမျှော်လင့်သော ကိစ္စရပ်တစ်ခုကြောင့် ကွဲကွာသွားတယ်ဆိုရင်လည်း ကံကြမ္မာကို ရည်ညွှန်း၍ ဖြစ်ချိန်တန်တဲ့ သဘောကို လက်ခံနိုင်ရမှာပါ။

နောက်ဆုံး ရေစီးကြောင်းကြီးတစ်ခုလို စီးမျှောနေတဲ့ လောကကြီးမှာ ရေစီးကြောင်းကြီးထဲမှာ နေရင် သက်ရောက်ခြင်း၊ တန်ပြန်ခြင်း ချစ်ခြင်း၊ မုန်းခြင်း၊ နီးစပ်ခြင်း၊ ကွဲကွာခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း စတာတွေကို အလိုက်သင့်ခံစားနားလည်ရင်း သဘာဝ တရားနဲ့ နီးစပ်အောင် နေထိုင်နိုင်ကြရင် လူတွေရဲ့ အတွင်းစိတ်အာရုံတွေမှာ ခံစားနေရတဲ့ ဟာတွေ လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ လောကရေစီးကြောင်းကြီးနဲ့ အလိုက်သင့်နေထိုင်ရင် တိုးတက်အောင်မြင်သော ဘ၀တွေ ဖန်တီးတည်ဆောက်နိုင်ကြပါစေ…

ဖိုးသူတော် ( ၉.၁၀.၀၈)

၁၂နာရီ ၂၈ မိနစ်.

You received this email because you are subscribed to the real_time feed for http://phoethutaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: အပြစ်ရှိသူ၏ နိဂုံး

အပြစ်ရှိသူ၏ နိဂုံး

ထစ်ခနဲဆို
သင့်နာမည်ပဲကောက်ကောက်တနေရဲ့ …
ငါ့ အလွမ်းတွေကလည်း အငြိုးအတေးကြီးလွန်းတယ်….
ငါသင့်ကို လွမ်းတယ်ကွယ်…
အတိတ်က ရိုးသားမှုတွေအတွက် အားနာပါးနာဖြစ်ဖြစ်
ပျော်ရွှင်မှုဟောက်ပက်ဖြစ်သွားမှုအတွက် ကိုယ်ချင်းစာနာလို့ ဖြစ်ဖြစ်
သင် တစ်ဆိတ်လောက် ၀မ်းနည်းပေးစမ်းပါ….

ကမ်းလာတဲ့လက်တစ်ဖက်ကို
သင်မလိုချင်ရင် (စိတ်လိုလက်ရ) ငြင်းဆိုနိုင်ပါရဲ့ 
ဒါပေမယ့်
လူတစ်ယောက် သင့်ရှေ့ မှာထရပ်
သူ့ ရင်ဘတ်ကို ယုံယုံကြည်ကြည်လှပ်ပြရုံနဲ့ 
ပြင်းပြင်းထန်ထန် အရေးဆိုလို့ မသင့်ပါဘူးကွယ်…
သူ့ ဘ၀တစ်လျောက်လုံး အလွင့်လွင့် အကြွေကြွေ သိမ်ငယ်သွားလိမ့်မယ်….


သင်ကငါ့ကိုပူဆာမယ်
"မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ "လို့ 
ငါကငါ့ကိုယ်ငါပူဆာမယ်
" ဘယ်အင်အားနဲ့  ခံစားမှုကို ထိမ်ဝှက်ရမှာလဲ"လို့ 
ဘုရားသခင်အတွက် မာရ်နတ်ဟာရှိခဲ့တယ်…
အလင်းရောင်အတွက် အမှောင်ထုဟာရှိခဲ့တယ်…
ချစ်ခြင်းတရားအတွက် အမုန်းတရားများစွာရရှိခဲ့ရတယ်…


သတိဆိုတာကို နှာသီးဖျားမှာ တိတ်နဲ့ ကပ်
ငါ့ရူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကိုက
ဒြပ်စင်တစ်ဆ ၊ သင့်အကြောင်း နှစ်ဆ
သင်လက်ညိုးတစ်ချောင်းကွေးလိုက်တာနဲ့ 
မိုးပျံပူပေါင်းလို ၀ုန်းကနဲ ပျောက်ကွယ်
ဒီလို သင့်အတွက် လှလှပပ ခန်းခန်းနားနား
သေဆုံးရတာကိုလည်း ငါသဘောကျတယ်….


ခင်မင်လျက်
အိမွန်တာ

မှတ်ချက်.. နားမလည်ဘူးပြောမည့်သူများဒုတ်ကောက်ထားပါ...:P

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Yan Aung] 1 New Entry: မ - ၂

မ - ၂



"မ"…

လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုအောင်တော့ "မ" က လုပ်တတ်နေတယ်နော်.

ရယ်လိုက်စမ်းပါ
ထုံးစံအတိုင်း ဟတ်ဟတ်ပက်ပက်နဲ့ပေါ့
ပြောလိုက်စမ်းပါ
ကျွန်တော် ဘယ်လိုနေမလဲ ကလိချင်လို့ ဆိုပြီးတော့ပေါ့
ခနဲ့လိုက်စမ်းပါ
ဒီလိုစကားမျိုး ဘယ်နှစ်ယောက်ကို ပြောပြီးပြီလဲလို့…

ရင်ထဲက ဖြစ်တည်လာတဲ့ အချစ်
နေ့စဉ်နေ့တိုင်း "မ" အတွက် ဆန်းသစ်နေမြဲပါ.
ဆီမထည့်ထားတဲ့ လှည်းဝင်ရိုးလို တအီအီအသံထွက်ပြီး
တီတီတာ စကားတွေနဲ့
အရှက်မရှိ မချွဲနွဲ့တတ်ဘူး.
ဆယ်မိနစ်တစ်ခါ ချစ်လှပါချည်ရဲ့ ဆိုပြီး
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ထားတတ်တဲ့ ပလေယာ
ကျွန်တော် မဟုတ်ခဲ့ပါဘူး..
တစ်ပွဲတစ်လမ်း အကဲစမ်းလို့
ပေါက်တော့လည်း စံ မပေါက်တော့လည်း ကံဆိုပြီး
ရွှေထီးဆောင်းရကောင်းနိုး မျှော်ကိုးရင်း
"မ" အနား ချဉ်းကပ်ခဲ့တာလည်း မဟုတ်ဘူး…

တစ်နေ့လုံး ခွဲခွာ အလုပ်မှာ စိတ်ကိုနှစ်လို့
လစ်ဟာချိန်တောင် မရှိတဲ့ ကျွန်တော့်အတွက်
တစ်ရက်တာရဲ့ အဆုံး နေလုံးကြီး ကွယ်ပျောက်ခါမှ
"မ" ကို တင်းပြည့်ကြပ်ပြည့် လွမ်းမောခွင့် ရတာပါ.

ဒါတွေကို မသိလို့ပဲလား
မသိချင်ခဲ့တာလား
ကျွန်တော့် ရင်ထဲ ဘယ်လိုနေမယ် သူ မစာနာ
တစ်ခြားယောင်္ကျားသားတွေ အကြောင်း ပြောပြရင်း ခဏခဏ ကလိတတ်တဲ့
"မ" ကိုလေ….
ကျွန်တော်က…
တစ်ခါတစ်လေ လက်သီးနဲ့ ပိတ်ထိုးလိုက်ချင်သလို
တစ်ခါတစ်လေမှာတော့ ရင်ခွင်ထဲ ထွေးဖက်ပြီး
ဆံနွယ်လေးတွေကို မြတ်နိုးစွာနဲ့ ပွတ်သပ်ပေးနေချင်တယ်…
အဲဒီ့ တစ်ခါတစ်လေ နှစ်ယောက်
ကမောက်ကမ ခဏခဏဖြစ်ရတာလည်း မရေတွက်နိုင်အောင်ပါပဲလေ.

ဘာပဲဖြစ်ဖြစ်ပါ…
သူများတကာလို အချိန်ပြည့် ချစ်သူနား မရှိနေနိုင်ခဲ့ပေမယ့်
နေခြည်ဖြိုးဖြောက် မိုးသောက်ချိန်မှာတော့
"မ" ရဲ့ မေးလ်ဘောက်စ်လေးက
မောနင်းနုတ်စ်လေးတစ်ခုကို သိမ်းပေးထားနေမှာပါ.

"မောနင်း "မ"
ညက အိပ်ပျော်ရဲ့လား..
စောင့်နေသေးတယ်.
ကားကောင်းကောင်းမောင်းနော်.
အလုပ်မှာ အဆင်ပြေပါစေ…
သတိရနေပေးပါ
လွမ်းနေမယ်နော်…

..
."

လွမ်းမောစရာ ညနေခင်းတွေမှာတော့
"မ" ရဲ့ ဖုန်းလေးက မက်ဆေ့ခ်ျတစ်ခုကို ရနေမှာပါ.

"I miss you sooooo much, Ma….
Can't help missing you…
Wish u were here…
Can't wait to talk to u soon…
...
..
."

ဟုတ်တယ် "မ" ရယ်…

ချစ်တယ်ဆိုတာ သူ့အလိုလို ဖြစ်လာတတ်ပေမယ့်
ချစ်သူကို ချစ်စိတ်တွေ တဖွားဖွား
အင်နဲ့အားနဲ့ ဆက်လက်ဖြစ်ပေါ်နေအောင်တော့
"မ" ဆိုတဲ့…
ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူက
ပြုစားတတ်နေစွမ်းခဲ့တယ်…

တစ်ခါတစ်လေတော့လည်း စိတ်မကောင်းဘူး
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကို လွမ်းရတာတောင်
ဟန်ဆောင်ပန်ဆောင် ထိန်းသိမ်းနေရတယ်.
ဇီးကွက်တစ်ကောင် အော်လိုက်တိုင်း
"ကြည့်ကွက်! ကြည့်ကွက်!" လို့ ကြားမိနေသလို
"မ" ကို ကျွန်တော် လွမ်းနေတာ
ဘယ်သူကများ ရိပ်မိသွားပြီလဲ
မလုံမလဲနဲ့ ကွက်ကြည့်ကွက်ကြည့် လှည့်ပတ်ကြည့်နေရတာပါ.
ဒါကိုမှ "မ" က အလိုက်မသိ
ချဉ်းကပ် ပတ်သက်လာတဲ့ ပျားပိတုန်းတွေအကြောင်း
မြိန်ရည်ယှက်ရည် ဖောက်သည်ချတော့
နှလုံးသားဟောင်းလောင်းပေါက်နဲ့ နားထောင်နေရတဲ့ ကျွန်တော်ရယ်လေ…
ကိုယ့်ပါးကိုတောင် ယောင်ပြီး ရိုက်မိလိုက်သလိုပဲ.

ဟော..
ရယ်ပြန်ပြီ…
ရယ်ပါ ချစ်သူရယ်
ရယ်လိုက်စမ်းပါ…


လွမ်းတယ်ဆိုတာ လုပ်ယူလို့ မရစကောင်းပေမယ့်
ချစ်သူကို အူတိုတတ်အောင်တော့ "မ" က လုပ်တတ်နေစွမ်းတယ်…
လွမ်းလိုက်ရတာ "မ" ရယ်……

(ရေခဲငှက်)

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကဗျာချစ်သူ (Poem Lover)] 1 New Entry: ဘာရယ်မဟုတ်............

ဘာရယ်မဟုတ်............

ရန်ဆောင်နေတဲ့ စစ်ပွဲတွေ၊ ဆင်းရဲငတ်မွတ်မှုတွေ၊ ကမ္ဘာကြီးပူနွေးလာမှု နဲ့ အမျိုးမျိုး သောရာဇ၀တ်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ 21ရာစုရဲ့ အဖွင့်စာမျက်နှာက အစပြုလို့ ယခုချိန်ထိ ကမ္ဘာတစ်ဝှမ်း မငြိမ်မသက်ဖြစ်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ တစ်ချို့သော လူများဖျားနာလို့….တစ်ချို့တွေ သေဆုံးလို့……..တစ်ချို့ကွာရှင်းပြတ်စဲကြလို့…..တစ်ချို့တစ်ချို့တွေ ရောဂါဆိုးရဲ့ နှိပ်စက်မှုနဲ့ မနက်ဖြန်သေမလား သဘက်ခါသေမလားဆိုတဲ့ အတွေးနဲ့ သိမ်ငယ်နေရတယ်။ ဆန္ဒတွေ ဆွဲခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပါလို့ တကယ်လို့များ ငါသာ ဒီထက်ဒီပိုချမ်းသာခဲ့ရင်…..တကယ်လို့များ……ငါသာ အတိုင်းထက်အလွန် ကျော်ကြားမှုတစ်ခုကိုပိုင်ဆိုင်ခဲ့ရင်….တကယ်လို့များ ငါသာ လက်ရှိပိုင်ဆိုင်နေတဲ့ အသက်အရွယ်ထက်ပိုငယ်သွားရင် (သို့) ပိုသာကြီးခွင့်ရခဲ့ရင်….တကယ်လို့များ ဘ၀အာမခံချက်ပိုပေးနိုင်တဲ့ အလုပ်ကောင်းတစ်ခုကို ဖက်တွယ်နိုင်ခဲ့ရင်…..တကယ်လို့များ ငါဟာ မတူညီတဲ့ နေရာတစ်ခုမှာ မတူညီတဲ့ ခံစားမှုအသစ်အဆန်းကို တွေ့ကြုံနိုင်ခဲ့ရင်…..ဒီလိုနဲ့ပဲ ဘေးနားမှာ မျက်နှာငယ်လေးနဲ့ ရပ်နေရှာတဲ့ ပျော်ရွှင်မှုတွေကို မြင်အောင်မကြည့်လိုက်နိုင်တော့ဘူး။ တကယ်လို့ အငြင်းပွားနေကြပြီ… တစ်ယောက်ရဲ့ ထင်မြင်ချက်၊ ပြောပြချက်ကို နောက်တစ်ယောက်က ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်နေပြီ။ နှစ်ယောက်ကြားထဲမှာ ညှိနှိုင်းမရတဲ့ ပြသနာ တွေဖြစ်နေပြီဆိုရင် သွေးပူနေတုန်း ခဏမှာ ဆက်ပြီးတော့ ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ ပြသနာ သေးသေးလေးကနေ အကြီးကြီးထိ နောက်ဆုံး တစ်ယောက်ကိုတစ်ယောက် ချစ်နေရက်နဲ့ မုန်းသွားသည်အထိတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးပူနေတုန်း ဒေါသတွေ သိပ်ကြီးနေတုန်း မဆုံးဖြတ်လိုက်ပါနဲ့။ အမှားတွေ့နိုင်တယ်။ ကိုယ်တွေ့နော်ကိုယ်တွေ့.........။ တကယ်လို့များ တစ်ဘက်ကလူကသာ ကိုယ့်ကို ခွင့်မလွတ်နိုင်ဘူး။ ကိုယ်ကလဲတောင်းပန်ဖို့ စိတ်ကူးမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုရဲ့ နေ၀င်ချိန်ကိုရောက်လာပြီလေ။ ဘာပဲဖြစ်ဖြစ် ပြသနာတွေခဏမေ့လိုက်ပြီး တစ်ညလောက်အိပ်ပျော်အောင် အိပ်ကြည့်လိုက်ပါတဲ့။ နောက်နေ့သစ်တစ်ခုမှာ နိုးထလာတဲ့အချိန်ကျတော့ ဒီနေ့ပြသနာက မနေ့ကထင်သလောက် ကိုယ့်အတွက် မခက်ခဲနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဖြေတစ်ခုတော့ ကိုယ့်မှာရှိသွားပြီလေ။ ဘယ်ရှုထောင့်ကနေ ဘယ်လိုရင်ဆိုင်မယ်။ မှားနေရင် တောင်းပန်မယ်။ မကောင်းနေတဲ့ အကျင့်ဆိုးတစ်ခုကို ပြင်နိုင်အောင်၊ ပြင်ဖို့ကြိုးစားရင်း နောက်နေ့ရက်တွေအတွက် ဆက်လက် ခရီးထွက်ရဦးမှာပဲ။ ကိုယ်ချစ်တဲ့လူတစ်ချို့ကို စာရင်းပြုစုရင်း ဘ၀မှာ သူတို့ဟာ ငါချစ်တဲ့သူတွေပါလား။ ငါနဲ့လူချင်းဝေးနေရင်တောင်မှ ငါရဲ့အနားမှာရှိနေပေးတဲ့ အားပေးဖော်တွေပါလားဆိုတဲ့ အသိလေးရလာနိုင်တယ်။ ဒါက စာရင်းပြုစုမှရလာမယ်ဆိုလို့ စာရင်းထဲမှာချရေးရမယ်လို့ ကျွန်မတော့ တစ်သမတ်မထင်မိဘူး။ တကယ်တော့ နှလုံးသားထက်မှာ ကမ္ဗည်းထိုးထားပြီးသားလေ။ ကိုယ်ချစ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ကိုချစ်နေတဲ့လူတွေဆိုတာ နှလုံးသားက ခံစားပြီး ကျောက်ထက်အက္ခရာ တင်ထားပြီးသားပါ။ အခုဆို ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းလေးတစ်ခုနဲ့ ဘလော့လေးက ကျွန်မသံယောဇဉ်ရှိနေတဲ့ လူတွေ၊ ကျွန်မကို ချစ်ခင်လို့ပဲဖြစ်ဖြစ်၊ ကျွန်မရေးတဲ့စာတွေကို အားပေးလို့ပဲဖြစ်ဖြစ်၊ ကျွန်မလေးစားတဲ့ စာရေးဆရာတွေကို အားကျလို့ပဲဖြစ်ဖြစ်..ကျွန်မအတွက်ကတော့ ကျွန်မချစ်တဲ့လူတွေနဲ့ အသွားအလာလုပ်ခွင့်ရတဲ့ နေရာလေးတစ်ခုပေါ့။ ကျွန်မရဲ့အတူရှိနေတဲ့ ပျော်ရွှင်မှုတစ်ခုဆိုလဲ မမှားပါဘူး။ အခုဆို ဘလော့ရေးလာတာ တစ်နှစ်ကျော်သွားပြီ။ ဒီအတောအတွင်းမှာ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘလော့စာမျက်နှာတွေရဲ့ နေ့တိုင်းမှာ ပျော်ရွှင်မှုတွေရှိသလို၊ စိတ်ညစ် စိတ်ဆင်းရဲရတဲ့နေ့တွေလဲ အများကြီးပါ။ ဘာပဲဖြစ်ဖြစ် စာလေးတစ်ကြောင်း ကွန်မန့်လေး တစ်ခုနဲ့ တစ်ယောက်နဲ့ တစ်ယောက် မမြင်၊မတွေ့ဘူးသည့်တိုင် စာဖတ်ရင်း ရင်းနှီးလို့ အားပေးမှုတွေလဲ အများကြီးရခဲ့တယ်။ နွေးထွေးမှုတွေနဲ့ ဖေးမပေးခဲ့ကြတယ်။ ဒါတွေကလဲ ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။ တစ်ခါတစ်ခါ ဘ၀အမောတွေ သိပ်ကိုများပြားလာတဲ့ အခါမှာ အကောင်းမြင်ကြည့်ပါဆိုတဲ့ စကားလုံးကို မုန်းတီးလာတယ်။ ဒါပေမယ့်လဲ အကောင်းမြင်နိုင်အောင်ကြိုးစားမိတဲ့ စိတ်ကမှသာ လူကို လွတ်လပ်ပေါ့ပါးစေတယ်။ ဖြစ်သမျှကို ခံစားနေရင် ကြာလာရင် ခံရပါများတဲ့ ရင်ဘတ်ကြီးလဲ မွန်းကျပ်လာတယ်။ အခြေအနေ၊ အချိန်အခါကို ကြည့်လို့ လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေနေရတယ်။ အပြောလွယ်ပြီး လေ့ကျင့်ယူရခက်တဲ့ တစ်ချို့ချို့သော စကားလုံးတွေကို လေ့လာသင်ယူရင်း ပျော်သလိုနေ၊ ပျော်အောင်ကြိုးစားရင်း ခေးရော့စ် တစ်ယောက် လူ့ဘ၀ပင်လယ်ထဲမှာ ကူးခတ်နေဆဲ........................

ခေးရော့စ်

You received this email because you are subscribed to the real_time feed for http://chaos.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: “က” ကလေးလေး မှိုင်တွေငေး...

"က" ကလေးလေး မှိုင်တွေငေး...

ကလေးလေးရဲ့ တကယ်အဖစ်လေးတခုကို ရေးလိုက်တာ...
အပြင်ကို ကြည့်မိလိုက်တာ မှောင်မဲနေတာဖဲ.. မိုးတွေကလဲ အရမ်းရွာနေတာ.. ဆောင်းတွင်းကလည်း ဖစ်ဆိုတော့ ချမ်းလိုက်တာ.. ဖွင့်ထားတဲ့ အပူပေးစက်ကလဲ မနွေးပါဖူး မေမေ့ကို လွမ်းလိုက်တာ.... မေမေကဟိုးး အဝေးကြီးတနေရာမှာ... ခွဲနေရတာကြာလှပီ.. ဒီလိုအချိန်တာ မေမေအနားမှာ ရှိပေးရင် သူ့ရင်ခွင်ထဲတိုးပီး ချွဲနွဲ့နေမိမှာပါ.. ခုတော့တယောက်ထဲ.. အဖော်ဆိုလို့ဘေးက အရုပ်လေးတွေဖဲရှိတာ.. ဟင်း လွမ်းလိုက်တာမေမေရယ်... ကလေးလေး ပင်းလည်းပင်းတယ်... အွန်လိုင်းတက်မယ်.. စိတ်လေးပြောင်းသွားအောင် ကာတွန်းဖတ်မယ်လို့ စိတ်ကူးမိတယ်... ဘေးကကွန်ပူတာကို စိတ်ကူးထဲအတိုင်း တွတ်ပီဖတ်ဖို့ ဖွင့်လိုက်တယ်.. ဂျီမေးအရင်ဖွင့်ပီး စစ်လိုက်ပါဦးမယ်လေ.. ဟယ်.. သယ်ရင်းတွေရှိနေဒယ်.. ကလေးလေးရဲ့အကျင့်အတိုင်း တူဒို့မခေါ်ရင် အနှောက်အရှက်ဖစ်မှာဆိုးလို့ စမခေါ်တတ်ပါဖူး...။ သိပ်ကြာပါဖူးလေ တူဒို့ခေါ်လာပါတယ်.. သယ်ရင်းတွေနဲ့ စကားနည်းနည်း ပြောဖစ်ကြတယ်...။

"၀ိုင်းကြီးပတ်ပတ် ဆော့တတ်လား"
"ဟုတ်.. တိတယ်"
"စုံ ဆန် စီ ရော"
"ဟင့်အင်း"
" စီ စီ မီ မီ ရော်"
" တိဖူး"
"ဒါဆို.. ၁၆ အလီ ရော"
" နဲနဲဖဲရ၏"
"ဆော့တာသိလို့ လား"
" တိဖူး"

မတိတာတွေ ဖြေရတာထပ်ထပ်လာတော့ ကလေးလေး ရင်ထဲမှာ အလိုလို အားငယ်လာမိတယ်..။ အားငယ်လွယ်လွန်းတဲ့ ကိုယ့်ဖာသာလည်း အားမရဖူး..။
"ဟင်.. ပြောတော့ ကလေးလေးဆို
ဘာမှလည်း သိဘူး.. ကလေးတွေဂုဏ်ငယ်လိုက်တာ" တဲ့.........။

သယ်ရင်းတို့ရယ်.. ဘာလို့လဲမတိ ဝမ်းနည်းလိုက်တာ.. တွေးရင်း ရင်ထဲမှာ မကောင်းဖြစ်နေချိန်မှာဖဲ နောက်တစ်ယောက်က နှုတ်ဆက်လာပါတယ်...။

" ကလေးလေးက မခင်တော့ဘူးထင်တယ်"
"ခင်ပါတယ်"
" ၁၆ အလီရလား"
" အမ့်"
" ခင်ရင် ၁၆အလီဆိုပြ"
" နိး ဆိုပြဖူး ရဖူး"
"ကလေးလေးလုပ်ပီး၁၆အလီ မရဘူး"
"........."
" ဆော့တာလေ... ဟ.."
"........."

ပြောကျပါ ကလေးလေးမှ ကျောင်းမနေရတာ အဲ့.. ၁၆လီမရတာအပစ်လားဟင်..!! ကျောင်းဆိုတာ ဘာမှန်းတောင်မတိပါဖူး.. ငယ်ငယ်လေးထဲက ကျောင်းတက်မယ်လုပ်လိုက် နေမကောင်းတွေဖြစ်လိုက်နဲ့ အကြိမ်တွေများကြီးဖဲမို့ပါ..။ ကလေးလေးက ဆေးရုံတက်လိုက်.. ဆေးသောက်လိုက်နဲ့ နေနေရတာ.. ကံကအဲလိုဖဲ နေခွင့်ပေးခဲ့တာ.. ကလေးလေးလေ.. တူများတွေ ဆော့တလို မဆော့ခဲ့ရပါဖူး... တကယ်ပါ.. ဆော့နည်းတွေလည်း ကလေးလေးမတိဖူး.. အဲဒါ... အဲဒါတွေက.. တူငယ်ချင်းတွေရဲ့ပျက်လုံးတခုများ ဖစ်နေပီလားဟင်..!!

ကလေးလေးဘ၀ထဲမှာ အားနည်းချက်တွေရှိခဲ့တာ မပြည့်စုံခဲ့တာ သူတိုရဲ့အမြင်မှာ ကလေးလေးကို ဘယ်လိုတွေးကျလဲတော့ မတိပါဖူး စိတ်ထဲပိုပိုပီး ၀မ်းနည်းလာတယ်.. ငိုချင်တယ်.. ကံကြမ္မာကိုဖဲ စွတ်စွဲလိုက်ချင်တယ်.. ခုလိုပြောကျတာလည်း ဘယ်သူ့အပစ်မှ မဟုတ်ပါဖူး.. ကလေးလေးဘဝအမှန်ကို တူဒို့တွေမှ မတိကြတာလေ.. လောကကြီးမှာ ဘယ်တူမှ မပြည့်စုံဖူးဆိုတာ ကလေးလေးတိပါတယ်... ကလေးလေးရဲ့ အားနည်းချက်ကရင်ထဲမှာ တတိပေးသလို ဝင်လာတိုင်း ဝမ်းနည်းစွာလဲပြိုမိလို့ပါ.. ဒါဟာ.. ကလေးလေးရဲ့ မူပိုင်ခံစားချက်လေးပါ.. အပြင်မှာရွာနေတဲ့မိုးထက် ပိုသဲအောင်ရွာနေတာကတော့ ရင်ထဲကငိုရှိုက်သံမိုးပါဖဲ... ကလေးလေး ခေါင်းအုံးလေးပေါ်မှောက်ပီး အသံထွက်အောင် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ် သယ်ရင်းတို့ရယ်.... ကလေးလေးဘဝကို ကလေးလေးသာ........။

(ကလေးလေး)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးချိုသင်း မှတ်တမ်း] 1 New Entry: လေလွင့်အတွေးများ

လေလွင့်အတွေးများ

လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ စိတ်ကူးလေးတွေ ရှိတတ်ကြတယ်။ တခါတလေကျတော့လဲ မွန်းကြပ်လာရင် စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်လုပ်ချင်တာတွေကို လျှောက်တွေး ပစ်လိုက်တတ်တာ။ စိတ်ကူးထဲမှာ အစွမ်းကုန် လွတ်လပ်ပစ်လိုက်တတ်တာမျိုး ထင်ပါရဲ့။ ကိုယ့်အတွေးထဲမှာတော့ ဘာကိုမှ ထောက်ထား ငဲ့ညှာစရာ မလိုဘူးကိုး။

ကိုယ်လည်း ငယ်ငယ်တုန်းကတော့ အဲဒီလို တွေးမိတာ ခဏခဏပဲ။ ကိုယ့်ဆန္ဒတွေပေါ့။ ကြီးတော့လည်း တွေးမိနေတုန်းပဲ။ တခါတလေပေါ့။ ကိုယ့်စိတ်ကိုက အပူအပင်ကင်းကင်းနဲ့ လွတ်လပ်ချင်နေတာကိုး။

ဒါနဲ့ အခုလဲ stress တွေ များနေတဲ့အချိန်မို့ စာမရေးဖြစ်တဲ့အတူတူ ဒီဝတ္ထုလေးကို ပြန်တင်ဖို့ စဉ်းစားမိတယ်။ ကလေးအတွေးတွေလို့ သဘောထားပေးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ၁၉၉၀ ဇူလိုင်လ မဟေသီမှာ ပါခဲ့တဲ့ ၀တ္ထုတိုလေးကို ဘလော့ဂ်မှာ ပြန်အသက်သွင်းလိုက်ပြီ။ ဖတ်ကြည့်ကြပါအုံး။

လေလွင့်အတွေးများ

မြက်ခင်းစိမ်းစိမ်းနုနုလေးတွေ မျက်စိတဆုံး ရှိနေတဲ့ ကွင်းပြင်ကြီးမှာ ပြေးချင်လိုက်တာ။ မြောက်လေပဲ ဖြစ်ဖြစ်၊ အနောက်လေပဲ ဖြစ်ဖြစ် လွတ်လပ်တဲ့လေအေးတခုပေါ့၊ အလိုက်သင့် တိုက်နေစေချင်သေးတယ်။ အချိန်ကလဲ ဘယ်ပန်းချီရေးလို့ မမီနိုင်တဲ့ ညနေဆည်းဆာ အရောင်ဖြာဖြာအောက်မှာပေါ့။

မတ်စေ့သာသာလောက်ရှိတဲ့ ပန်းဝါ၀ါအပွင့်လေးတွေကလဲ လေယူရာ ယိမ်းနွဲ့နေချိန်ကလေး..။ အဲဒီအထဲက နှစ်သက်ရာ ပန်းတပွင့်ကို လွင့်နေတဲ့ ဆံပင်ပေါ်မှာ ထိုးစိုက်လိုက်ချင်သေးတယ်။ ကလစ်မပါလို့ အထိန်းအကွပ်မဲ့နေတဲ့ ပန်းကလေးကလဲ စိမ်းနေတဲ့ မြက်ခင်းပေါ် ကျမသွားစေချင်ပါဘူး။

ပြေးရင်းနဲ့ မောလာပြီလို့ သတိပြုမိတဲ့အချိန်မှာ မြက်ခင်းပေါ်မှာ အိပ်စက်အနားယူ ချင်တယ်။ အမောပြေရင် ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ရှတတ မြက်ခင်းတွေပေါ် ပြားသွားအောင် လွတ်လွတ်လပ်လပ် ပြေးလှိမ့်ပစ်လိုက်ချင်တာ။ နေ၀င်ခါနီးလို့ နီလဲ့လဲ့ ဖြစ်နေတဲ့ ကောင်းကင်ကြီးမှာ ဗျိုင်းကလေးတွေပဲဖြစ်ဖြစ်၊ ကျီးကလေးတွေပဲဖြစ်ဖြစ် အုပ်စုဖွဲ့ပြီး ပြန်သွားတာကို အိပ်နေရာက ငေးချင်သေးတယ်။ ဒါက တခုပေါ့။

သိပ်ပျော်စရာကောင်းမှာပဲ။ မိုးတွေ တဝေါဝေါနဲ့ ဒေါသကြီးနေချိန်မှာ မည်းပြောင်နေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေချင်လိုက်တာ။ လမ်းမီးတိုင်တွေကလဲ မှိန်နေစေချင်သေးတယ်။ မီးအရောင်ပျပျအောက်မှာ ခုန်ဆွ ခုန်ဆွဖြစ်နေတဲ့ ဖားကလေးတွေကို မြင်ရမယ်။ ဖားသေးသေးလေးတွေကိုတွေ့ရင် လမ်းမကြီးပေါ်မှာ ဒူးထောက်ပြီး လက်နဲ့ လိုက်ဖမ်းရရင် သိပ်ရယ်ရမှာပဲ။

ဒါပေမဲ့ တခုတော့ ရှိတယ်။ ဒီလမ်းပေါ် ကားမလာစေချင်ဘူး။ ညဆိုတော့ ကားလဲ လာမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်တဲ့နေရာမျိုးမှာ သီချင်းလဲ အကျယ်ကြီး ဆိုချင်တယ်။ တိုးသင့်တဲ့နေရာတိုး၊ ကျယ်သင့်တဲ့နေရာမှာ ကျယ်ပေါ့။ ခပ်မှန်မှန်ဆိုရတဲ့သီချင်းဆိုလဲ မပင်ပန်းဘူးမဟုတ်လား။ ဒါကြောင့် ဆိုချင်သေးတာပဲ။

မိုးမတိတ်သေးရင် လမ်းပေါ်မှာ တယောက်တည်း ပြေးချင်တယ်။ ကိုယ့်ဖိနပ်သံကို နားထောင်ရတာ ဂီတသံလိုပါပဲ။ သာယာတယ်။ မိုးကလဲ သည်း၊ လေကလဲ အရမ်းတိုက် ဆိုရင်တော့ ထီးမည်းမည်း အရှည်ကြီးဆောင်းပြီး လေတိုက်တဲ့ဘက်ကို ကွယ်ထားချင်လိုက်တာ။ ထီးလွင့်သွားရင်တော့ ဟာသ တပုဒ်ပေါ့။ လေကတိုက်၊ ထီးကလွင့်နဲ့ တော်တော်ပျော်ရမယ်။

ထီးကိုပိတ်ပြီးတော့လဲ နိမ့်နေတဲ့ သစ်ရွက်တွေကို အသံအကျယ်ကြီးမြည်အောင် ရိုက်ချင်လိုက်တာ။ မမီမကမ်းနဲ့ လှမ်းရိုက်မှာနော်။ ဒါဆိုရင် သူတို့က နာတယ်ဆိုတဲ့သဘောနဲ့ ခပ်ကျယ်ကျယ် အော်ကြလိမ့်မယ်။ နောက်ပြီးတော့..

မနက်အစောကြီး နှင်းတွေ အရမ်းကျနေချိန်ပေါ့။ ကျောက်တောင်ကြီးပေါ်မှာ ထင်းအကြီးကြီးတွေနဲ့ မီးဖိုကြီး ဖိုချင်လိုက်တာ။ တောင်ထိပ်ပေါ်ကဆိုတော့ နေတက်လာပုံကို မြင်ရမှာပဲ။ မနက်ဝေလီဝေလင်း မြူတွေကလဲ ကျ ဆိုတော့ ချမ်းစိမ့်စိမ့်လေး။ စောင်တထည် သဘက်တခုလောက် ကိုယ်ကို ပတ်ထားလိုက်မယ်။

တောင်ပေါ်က စေတီလေးတွေကို ထုံးဖွေးဖွေးနဲ့ လှမ်းမြင်ပြီး ဖူးရတာလဲ အရသာ တမျိုးပဲ။ သိပ်ကြည်နူးစရာကောင်းမယ်။ တအားအေးလို့ ပါးစပ်ဖွင့် ထားလိုက်ရင် အာငွေ့လေးတွေ မှုတ်ထုတ်တာလဲ ကစားနည်းတခု ရမှာပဲ။ မီးစွဲနေတဲ့ ထင်းတခုကို မီးပုံကြီးထဲက ဆွဲထုတ်ပြီး လေမှာ မြှောက်ကစားရင် သိပ်ပျော်ရမယ်။ ဒါက တမျိုး။

မီးတွေ ထိန်ထိန်လင်းနေတဲ့ သီတင်းကျွတ်လို တန်ဆောင်တိုင်လို ပွဲတွေမှာ ပွဲခင်းထဲ လမ်းလျှောက်ရင် သိပ်ပျော်စရာကောင်းမှာပဲ။ လမ်းဘေးတလျှောက်မှာ တရှဲရှဲနဲ့ ရေမုန့်တွေ၊ မုန့်ဆီကြော်တွေ အီကြာကွေးတွေ ကြော်ကြနဲ့ဆိုတော့ များလွန်းလို့ ဘာစားရမှန်းတောင် သိမှာ မဟုတ်ဘူး။

လူအုပ်ထဲမှာဆိုတော့ တခါတခါ ခြေချဖို့တောင် မလိုဘူး သိလား။ တိုးတိုးဝှေ့ဝှေ့ ငေးငေးမောမောနဲ့ပေါ့။ ထိုင်ခုံမရှိတဲ့ အငြိမ့်ပွဲတွေမှာလဲ ခဏတဖြုတ်ရပ်ကြည့်မိချင်မိနေမှာ။ လမ်းဘေးရုပ်ရှင်တွေလဲ ရှိသေးတာ။ ဒါပေမဲ့ အဲဒီကားတွေတော့ မကြည့်ချင်ပါဘူး။

မေ့နေလိုက်တာ။ ပျော်စရာအကောင်းဆုံး တခု ကျန်သေးတာပဲ။ ရောင်စုံ မီးချောင်းတွေနဲ့ ရဟတ်ကြီးပေါ့။ ရဟတ်ကြီးကလေ ဟိုး..အဝေးကကြီးက မြင်ရင်ကို လူကို ပျော်သွားနိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ ညဈေးတန်းရောက်ရင် ရဟတ်ကြီးကို စီးဖြစ်အောင် စီးသင့်တာ။ ရဟတ်ရဲ့ အပေါ်ဆုံးကို ရောက်သွားရင် ငုံ့ကြည့်လိုက်ပါလား။ လူတွေတလှုပ်လှုပ်နဲ့ သွားလာနေကြတာကို မျက်စိတဆုံး မြင်ရတယ်။ ရဟတ်ကြီး ကြမ်းကြမ်းတမ်းတမ်း လွှဲရင်အော်ကြ ဟစ်ကြနဲ့ တအားပျော်စရာကောင်းတာ။ ပျော်ကို ပျော်ရပါတယ်လေ။

တယောက်တည်း ခရီးအရှည်ကြီး သွားချင်သေးတယ်။ မီးရထားရဲ့ အထက်တန်းတွဲ ပြူတင်းပေါက်ရှိတဲ့ နေရာလေးမှာပေါ့။ ပြူတင်းပေါက် အကျယ်ကြီးမှာ သဘာဝပန်းချီကားတွေ တခုပြီး တခု ၀င်လာမှာပဲ။ ဓာတ်ကြိုးပေါ်မှာ လေဟုန်စီးနေတဲ့ ဆက်ရက်လေးတွေကို လန့်ပြီး ပျံသွားအောင် ခြောက်လိုက်ချင်သေးတယ်။

ကောက်ရိုးပုံတွေ မီးရှို့လို့ မီးခိုးတလူတလူ ထွက်နေတာလဲ သိပ်ကြည့်လို့ ကောင်းမှာပဲ။ အက ကောင်းတဲ့ အ၀ါရောင် စပါးခင်းကြီးကိုလဲ နောက်ချန်ထားခဲ့ရမှာ ၀မ်းနည်းစရာ။ အောက်က ချောင်းရှိလို့ ရထားကြီး တံတားပေါ်ဖြတ်သွားရတဲ့အခါ သိပ်အသည်းယားစရာကောင်းတာ။

ရထားအရှိန်နဲ့ လေတိုက်တာကိုလဲ ကြည်ကြည်နူးနူး ခံစာချင်သေးတယ်။ နောက်ပြီး လွမ်းလွမ်းဆွေးဆွေး ဥသြဆွဲသံကိုလဲ တမြတ်တနိုး နားထောင်ချင်သေးတယ်။ ဘူတာတခုဆိုက်ရင် အပြေးအလွှားလာရောင်းကြတဲ့ ဈေးသည်တွေထဲမှာ စာကလေးကြော်တို့ ချိုးကြော်တို့ကို စားပစ်မှာပဲ။ ဖရဲသီးတွေ တွေ့ရင်လဲ အိမ်အတွက် ၀ယ်သွားချင်တယ်။

နောက်ပြီး တိရိစ္ဆာန်လေးတွေနဲ့ အတူနေချင်တယ်။ သိပ်ပျော်စရာကောင်းမှာ သေချာတယ်။ တိရိစ္ဆာန်လေးတွေက ရိုင်းစိုင်းပေမဲ့ ရိုးစင်းကြပါတယ်။ သူတို့ အမူအယာလေးတွေဟာ နှစ်လိုဖွယ်ရာ အပြည့်ပဲ။ ကြောင်လေးတွေဆို ချည်လုံးတွေကို လက်ကလေးနဲ့ တို့ တို့ ပြီး ဆော့နေမယ်။ ငှက်ကလေးတွေဆို သီချင်းတွေ အများကြီး ဆိုနေမှာပေါ့။

မျောက်ကလေးတွေဆိုရင်တော့ နောက်တီးနောက်တောက် လိုက် စ နေမယ် ထင်တယ်။ သမင်ကလေးတွေဟာလဲ နေရောင်ခြည်အောက်မှာ ချိုလေးတွေ တကားကားနဲ့ ခုန်ပေါက်နေမှာပဲ။ ပုံပြင်ထဲမှာ ပညာရှိလို့ နံမည်ကောင်းရထားတဲ့ ယုန်လေးတွေကိုတော့ ချုံပုတ်တွေအကြားမှာ တွေ့ရမယ် ထင်တယ်။ သူတို့နဲ့သာ အတူနေရရင် စိတ်ချမ်းသာမှု အပြည့်အ၀ရမယ်ဆိုတာ ယုံကြည်တယ်လေ။

အိမ်မှာပျင်းတဲ့အခါများဆို ကိုယ်ခင်တဲ့ သူငယ်ချင်းတွေဆီ စာတွေ တစောင်ပြီးတစောင် ရေးချင်တယ်။ စာရေးရတာ လုံးဝပျင်းစရာ မကောင်းပါဘူး။ ကိုယ်ရေးတဲ့စာကို ပြီးရင် ပြန်ဖတ်ရတာလဲ အရသာရှိတာပဲ။ သူငယ်ချင်းတွေကို အဖြစ်အပျက်အကြောင်းအရာတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပြောပြလို့ရတယ်။ စကားပြောရတာထက် ပိုနှစ်သက်တယ်လို့ ပြောရင်တောင် ရတယ်။

တစောင်ပြီးတစောင် မမောတမ်းကို ရေးနေချင်တာ။ သူတို့က စာပြန်တာ မပြန်တာ အပထား၊ ကိုယ်ရေးနေရရင်ကို စိတ်က အလိုလို ပျော်နေမိမှာ။ သူတို့ဆီက ပြန်လာတဲ့စာတွေဆိုရင် အခါခါဖတ်လေ မပျင်းလေပဲ။ ဒီစာ ကြာသွားလို့ ရိုးသွားတယ် မရှိဘဲ ခံစားမှုတွေ အသစ်ဖြစ်လို့ ကိုယ်ငယ်ငယ်က စာဆိုရင် ပိုနှစ်သက်စရာကောင်းတာ။ ပြီးရင်တော့..
ဒီလို လွတ်လွတ်လပ်လပ် ကိုယ်စိတ်ကူးရှိတဲ့အကြောင်းအရာတွေကို ၀တ္ထုရေးနေရရင် သိပ်ကောင်းမှာပဲ ။ ။

မိုးချိုသင်း

You received this email because you are subscribed to the real_time feed for http://moechothin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 1 New Entry: အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုင်း (2)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုင်း (2)

Article(12)No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.

အပိုဒ်(၁) ။ ။မည်သူကမျှ မိမိသဘောဆန္ဒအတိုင်း လွပ်လပ်အေးချမ်းစွာ နေထိုင်မှုကိုဖြစ်စေ၊မိမိ၏မိသားစုကိုဖြစ်စေ၊နေအိမ်အ၀န်းအ၀ိုင်းတွင်းသို့ဖြစ်စေ၊စာပေးပို့ခြင်းနှင့်လက္ခံခြင်းကို ဖြစ်စေ၊ဥပဒေအရမဟုတ်သော ၀င်ရောက်စွတ်ဖက်ခြင်း မခံရစေရ။ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ဖေါ်ပြပါ အချက်ကိစ္စများနှင့် ပက်သက်ပြီး ပုတ်ခတ်ထိပါးခံရခြင်းမရှိစေရ။လူတိုင်း လူတိုင်းသည် အထက်ဖေါ်ပြပါကိစ္စများနှင့် စပ်လျှဉ်းပြီး ၀င်ရောက်စွတ်ဖက်ခြင်းမှသော်လည်ကောင်း၊ပုတ်ခတ်ထိပါးခြင်းမှ သော်လည်ကောင်း တရားဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

လူသားတယောက်၏ သီးသန့်ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သည့် မိသားစုရေးကိစ္စများ၊တဦးနှင့်တဦး ဆက်သွယ်ရာတွင် အသုံးပြုသည့် တယ်လီဖုန်းအား ကြားမှဖြတ်၍နားထောင်ခြင်းနှင့် ၀င်ရောက်နှောင့်ယှက် ခြင်းတို့ကိုဖြစ်စေ၊ပေးစာပြန်စာများအား ကြားမှဖောက်ဖတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်းတို့ကိုဖြစ်စေ မည်သူတဦး တယောက်ကိုမျှ ပြုလုပ်ခွင့်မရှိစေရ။မည်သူမဆို အခြားသူတဦးဦး၏ ပိုင်နက်နယ်ပယ်အား ခွင့်ပြုချက်မရှိ။ဖြတ် သန်းဝင်ရောက်ခြင်း၊တဦး၏ဂုဏ်သိက္ခာကို အခြားသူမှပုတ်ခတ်စော်ကားခြင်းတို့ ပြုလုပ်ခွင့်မရှိစေရ။လူသား တိုင်းသည် ထိုကဲ့သို့သော ၀င်ရောက်စွတ်ဖက်ခြင်း၊ပုတ်ခတ်စော်ကားခံရခြင်း၊ ထိပါးနှောင့်ယှက် ခံရခြင်းတို့ရှိခဲ့ပါ က ယင်းကိစ္စများအတွက် ဥပဒေ၏ကာကွယ်မှုကို ရယူပိုင်ခွင့်ရှိသည်။

မည်သူတဦးတယောက်ကမျှ ကာယကံရှင်ခွင့်ပြုချက်မရှိပဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း၊ ကိုယ်ရေးကိုယ် တာကိစ္စများ၌ ၀င်ရောက်စွတ်ဖက်ခြင်း၊နှောင့်ယှက်ဟန့်တားခြင်း၊ ပုတ်ခတ်စော်ကားခြင်း တို့အား ပြုလုပ်ခွင့်အ လျဉ်းမရှိစေရ။


Article(13.1)Every one has the right to freedom of movement and residence within the borders of each state.

အပိုဒ်(၁၃.၁) ။ ။လူတိုင်းသည် မိမတိုငိးပြည်အတွင်း၌ လွပ်လပ်စွာ နေထိုင်ပိုင်ခွင့်နှင့် သွားလာလှုပ်ရှား ပြောင်းရွှေ့ပိုင်ခွင့်ရှိသည်။

Article(13.2)Every one has the right to leave any country, including his own and to return to his country.

အပိုဒ်(၁၃.၂) ။ ။လူတိုင်းသည် မိမိတို့နေထိုင်ရာ တိုင်းပြည်မှဖြစ်စေ၊အခြားသောတိုင်း ပြည်များမှဖြစ်စေ ထွက်ခွာသွားလာပိုင်ခွင့်ရှိပြီး မိမိ၏တိုင်းပြည်သို့လည်း ပြန်လာပိုင်ခွင့်ရှိသည်။

လူသားအားလုံးတို့သည် မိမိတို့၏တိုင်းပြည်တွင့်၌ လွပ်လပ်စွာရွှေ့ပြောင်းနေထိုင်ပိုင်ခွင့် အပြည့်အ၀ရှိကြ သည်။ထို့အပြင် မိမိတိုင်းပြည်အပါအ၀င် အခြားမည်သည့်တိုင်းပြည်ကိုဖြစ်စေ ထွက်ခွာသွားပိုင်ခွင့်ရှိပြီး မိမိတိုင်းပြည်သို့လည်း ပြန်လာပိုင်ခွင့်ရှိကြသည်။

လူသားတိုင်းသည် နေရာ၊ဒေသ၊အပိုင်းအခြားမရွေး လွပ်လ်စွာ လှုပ်ရှား၊သွားလာ၊နေထိုင်ပိုင်ခွင့်ကို အတားအဆီးလုံးဝမရှိကြစေရ။

Article(14.1)Every one has the right to seek and to enjoy in ther countries asylum persecution.

အပိုဒ်(၁၄.၁) ။ ။လူတိုင်းသည် မိမိနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်မှုဒဏ် မခံရစေရန် အခြားသောနိုင်ငံများ၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံပိုင်ခွင့်ရှိသည်။

Article(14.2)This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.

အပိုဒ်(၁၄.၂) ။ ။နိုင်ငံရေးနှင့်ပက်သက်သည့် ပြစ်မှုများအတွက်ဖြစ်စေ၊ကမ္ဘာ့ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားများအား ဆန့်ကျင်ဖီဆန်ခြင်းမဟုတ်သော ပြစ်မှုများအတွက်ဖြစ်စေ၊ အမှန်တကယ်ပေါ်ပေါက်လာသော ပြစ်မှုများကြောင့် တရားစွဲဆိုခြင်းအား ခံရသည့်အခါတွင် အထက်ပါ အခွင့်အရေးများအား အသုံးပြုပိုင်ခွင့်မရှိစေရ။

လူသားတိုင်းသည် မတရားအပြစ်ပေးနှိပ်စက်ခံရခြင်းမှ လွတ်ကင်းမှုရရှိနိုင်စေရန်အတွက် တခြားသောပြည်ပနိုင်ငံများ၌ ခိုလှုံနေထိုင်ခွင့် တောင်းခံပိုင်ခွင့်ရှိသည်။သို့သော်လည်း မည်သူမဆို နိုင်ငံရေးနှင့်မသက်ဆိုင်သော ပြစ်မှုတခုခုကိုကျုးလွန်မိ၍ဖြစ်စေ ၊ကုလသမဂ္ဂ၏ အခြေခံမူများကို ဆန့်ကျင်သည့်လုပ်ရပ်တခုခုကို ပြုမူကျုးလွန်မိသောကြောင့်ဖြစ်စေ သက်ရောက်စေသော အရေးယူမှုမျိုးဖြစ် ပါက ဤအပိုဒ်ပါအခွင့်အရေးများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

မည်သူမဆို မတရားအပြစ်ဒဏ်ကျရောက်ရခြင်းမှ ကင်းလွှတ်စေရန် ပြည်ပနိုင်ငံတခုခုသို့ သွားရောက်၍ ခိုလှုံခွင့်တောင်းခံပြီး နေထိုင်ခွင့်ရှိကြသည်။

Article(15.1)Every one has the right to a nationality.

အပိုဒ်(၁၅) ။ ။လူတိုင်းသည် နိုင်ငံတခု၏ နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။

Article(15.2)No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.

အပိုဒ်(၁၅.၂) ။ ။ တရားဥပဒေအရမဟုတ်ပါက မည်သူမဆို မိမိ၏နိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ခံရခြင်း၊ပိတ်ပင်ခံရခြင်းနှင့် ရုပ်သိမ်းခံရခြင်းတို့အား မခံစေရ။နိုင်ငံသားအဖြစ်ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ်ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

လူသားတိုင်းသည် မည်သည့်နိုင်ငံ၍မဆို နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိကြသည်။ မည်သူ့ကိုမဆို ထိုသူ၏နိုင်ငံသားအဖြစ်မှ အကျိုးအကြောင်းခိုင်လုံခြင်းမရှိပဲ ရုပ်သိမ်းပစ်ပယ်ခြင်း၊ ငြင်းပယ်ခြင်းတို့မရှိစေရ။

မည်သူမဆို ၎င်း၏နှစ်သက်ရာနိုင်ငံတခုခုတွင် နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။ ထိုသူ၏ သဘောအတိုင်း အခြားနိုင်ငံတခုခု၏ နိုင်ငံသားအဖြစ်ကိုလည်း လွတ်လပ်စွာဖြင့် ပြောင်းလွှဲ၍ ခံယူပိုင်ခွင့်ရှိသည်။

Article (16.1) Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.

အပိုဒ် (၁၆၊ ၁) ။ အရွယ်ရောက်ပြီးသူ ယောက်ျားနှင့်မိန်းမတိုင်းသည် နိုင်ငံသားအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာရေးအရဖြစ်စေ အကြောင်းပြု၍ မချုပ်ချယ်၊ မခွဲခြား၊ မကန့်သတ်စေပဲ ထိမ်းမြားလက်ထပ်ပိုင်ခွင့်၊ ပေါင်းသင်းနေထိုင်ပိုင်ခွင့်နှင့် မိသားစုထူထောင်ပိုင်ခွင့်တို့ ရှိကြရမည်။ ထိုယောက်ျားနှင့်မိန်းမတို့သည် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌ဖြစ်စေ၊ အိမ်ထောင်ရေးပြိုကွဲ၍ ကွာရှင်းပြတ်ဆဲကြသည့် အချိန်၍ဖြစ်စေ လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်သော အခွင့်အရေးများကို တူညီစွာရရှိခံစားပိုင်ခွင့် ရှိကြသည်။

Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.

အပိုဒ် (၁၆၊၂) ။ ။ အကြင်လင်မယားအဖြစ် လက်ထပ်ထိမ်းမြားခြင်းသည် သူတို့သားနှင့်သူတို့သမီး နှစ်ဦးနှစ်ဖက်လုံး၏ လွတ်လပ်သည့် သဘောထားဆန္ဒအရသာလျှင် ဖြစ်စေရမည်။ အတင်းအဓ္ဓမ လက်ထပ်မပေါင်းသင်းခိုင်းရ။

Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.

အပိုဒ် (၁၆၊၃) ။ ။ မိသားစုတခုဆိုသည်ကား လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့အစည်းတရပ်ဖြစ်သည့်အားလျှော်စွာ ၎င်းမိသားစုသည် လူ့အဖွဲ့အစည်းနှင့်သက်ဆိုင်ရာ အစိုးရတို့၏ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူပိုင်ခွင့်ရှိရမည်။

အရွယ်ရောက်ပြီးဖြစ်သည့် အမျိုးသား၊ အမျိုးသမီးတိုင်းတို့သည် လူမျိုး၊ နိုင်ငံ၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာစသဖြင့် မည်သည့်အဆင့်အတန်း၊ အမျိုးအစားများကိုမျှ ခွဲခြားချုပ်ခြယ်ထားစေမှု အလျဉ်းမရှိစေပဲ ထိမ်းမြားလက်ထပ်နေထိုင်ပိုင်ခွင့်ရှိသည်။ ၎င်းသူတို့သည် အိမ်ထောင်သက်တမ်းတလျှောက်လုံးတွင် တူညီသော အခွင့်အရေးများ ရှိကြရမည်။ ထိမ်းမြားလက်ထပ်ကြသည်ဆိုရာ၌ သူတို့သားနှင့်သူတို့သမီးတို့၏ လွတ်လပ်၍ ချုပ်ချယ်မှု ကင်းသောသဘောထားကို ရယူပြီးမှသာလျှင် ထိမ်းမြားလက်ထပ်ပေးနိုင်သည်။ ၎င်းတို့၏လွတ်လပ်စွာ သွားလာလှုပ်ရှားနေထိုင်ပိုင်ခွင့်အား သက်ဆိုင်ရာနိုင်ငံတော်က အစိုးရမှအပြည့်အ၀ ကာကွယ်ပေးထားခြင်း ရှိကြရမည်။

လူတိုင်းသည်အရွယ်ရောက်ပါက လွတ်လပ်စွာသွားလာလှုပ်ရှားပိုင်ခွင့်၊ ထိမ်းမြားလက်ထပ်ပိုင်ခွင့်တို့ ရှိကြပြီး၊ ၎င်းအခွင့်အရေးများအား နိုင်ငံတော်အစိုးရမှ ဥပဒေဖြင့် တာဝန်ယူရမည်။

Article (17.1) Every one has the right to own property alone as well as in association with others.

အပိုဒ် (၁၇၊၁) ။ ။ လူတိုင်းသည် မိမိတဦးချင်းအရသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စက်၍သော်လည်းကောင်း၊ တရားသဖြင့် ရှာဖွေထားသော ဥစ္စာပစ္စည်းကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။

Article (17.2) No one shall be arbitrarily deprived of his property.

အပိုဒ် (၁၇၊၂) ။ ။ ဥပဒေအရ မဟုတ်ပါက မည်သူတဦးတယောက်မဆို၎င်း၏ ဥစ္စာပစ္စည်းများကို ပိုင်ဆိုင်ခွင့်အား မတရားသဖြင့် သိမ်းပိုက်ခံရခြင်း၊ စွန့်လွှတ်စေရခြင်း အလျှဉ်းမရှိစေရ။

မည်သူတဦးတယောက်မဆို အများနှင့် ဖက်စပ်၍ဖြစ်စေ၊ ၎င်းတဦးတည်း သီးသန့်ဖြစ်စေ ဓနဥစ္စာပစ္စည်းများအား တရားသဖြင့် ရှာဖွေစုဆောင်းပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာသုံးစွာပိုင်ခွင့်တို့ ရှိကြသည်။ ၎င်းပိုင်ဆိုင်သည့် ဓနဥစ္စာပစ္စည်းများအား အခြားမည်သူ တဦးတယောက်မျှ အကျိုးအကြောင်းမဲ့စွာ မတရားသဖြင့် သိမ်းပိုက်ယူဆောင်ပိုင်ခွင့် လုံးဝမရှိစေရ။

လူသားတိုင်းသည် တဦးတည်းဖြစ်စေ၊ အများနှင့်ဖက်စက်၍ဖြစ်စေ လွတ်လပ်စွာဖြင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ပိုင်ခွင့် ရှိကြသည်။

Article (18) Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

အပိုဒ် (၁၈) ။ ။ လူသားတိုင်းသည် လွတ်လပ်စွာတွေးခေါ်ကြံဆပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာခံယူရပ်တည်ပိုင်ခွင့်တို့ ရှိသည်။ ထိုအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာရေးကိုသော်လည်းကောင်း၊ သက်ဝင်ယုံကြည်ချက်ကိုသော်လည်း လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် တသီးပုဂ္ဂလအရဖြစ်စေ၊ အများနှင့်စုပေါင်း၍ဖြစ်စေ၊ လူထုရှေ့မှောက်တွင် သော်လည်းကောင်း၊ သို့တည်းမဟုတ် လူထုရှေ့မှောက်၌ မဟုတ်ပဲနှင့်လည်းကောင်း မိမိကိုးကွယ်သည့် ဘာသာရေးအယူအဆများနှင့် သက်ဝင်ယုံကြည်ချက်များကို အခြားသူများအား တဆင့်သင်ကြားပိုင်ခွင့် ကျင့်သုံးပိုင်ခွင့်များနှင့် ကျင့်သုံးဆောက်တည်ပိုင်ခွင့်များ ပါဝင်သည်။

မည်သူမဆို လွတ်လပ်စွာ တွေးခေါ်ယူဆပိုင်ခွင့်နှင့် ကိုးကွယ်ယုံကြည်ပိုင်ခွင့်တို့ ရှိကြသည်။ မိမိ၏လွတ်လပ်သောသဘောထားအရ ဘာသာတရားကူးပြောင်းကိုးကွယ်ပိုင်ခွင့်ရှိသည်။ ၎င်းအပြင်မိမိ၏ ယုံကြည်ချက်အယူအဆများကိုဖြစ်စေ၊ ဘာသာရေး သဘောတရား အယူအဆများကိုဖြစ်စေ ဟောပြောပို့ချပိုင်ခွင့်၊ ကိုးကွယ်ယုံကြည်ပိုင်ခွင့်နှင့်လိုက်နာကျင့်သုံး ဆောင်ရွက်ပိုင်ခွင့်တို့ အပြည့်အ၀ ရှိကြသည်။

လူတိုင်းသည် လွတ်လပ်စွာယူဆပိုင်ခွင့်၊ ဟောပြောပို့ချပိုင်ခွင့်နှင့် လိုက်နာဆောင်ရွက် ကျင့်သုံးပိုင်ခွင့်တို့ ရှိကြသည်။

Article (19) Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

အပိုဒ် (၁၉) ။ ။ လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့်နှင့် ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်တို့ ရှိကြသည်။ ထိုအခွင့်အရေးများကို အနှောက်အယှက်မရှိပဲ လွတ်လပ်စွာ မိမိကိုယ်တိုင် စွဲကိုင်ထားနိုင်ပြီး နိုင်ငံနယ်နမိတ်များကို ထောက်ထားရန်မလိုအပ်ပဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်လွတ်လပ်စွာ ရယူဆည်းပူးပိုင်ခွင့်နှင့်ဖြန့်ဖြူးပိုင်ခွင့်တို့ ရှိရမည်။

မည်သူမဆို မိမိနှစ်သက်သဘောကျရာ ဘာသာရေး၊ အတွေးအခေါ်၊ အယူအဆ၊ ၀ါဒ၊ သဘောထားများကို လွတ်လပ်စွားထင်မြင်ယူဆပိုင်ခွင့်၊ တွေးခေါ်ကျင့်သုံးပိုင့်ခွင့်နှင့်လေ့လာပိုင်ခွင့်၊ ဟောပြောပိုင်ခွင့်၊ တင်ပြပိုင်ခွင့်တို့ ရှိကြသည်။ ထိုအခွင့်အရေးများအပေါ် မည်သည့်အသင်းအဖွဲ့ တခုခုကဖြစ်စေ၊ မည်သူတဦးတယောက်ဖြစ်စေ၊ နှောက်ယှက်ဟန့်တား ပိတ်ပင်ခြင်း မရှိစေရ။ ထိုအခွင့်အရေးများကို လိုက်နာကျင့်သုံးကြရာ၌လည်း နယ်မြေ၊ ဒေသခွဲခြားမှု မရှိရပဲ မည်သည့်လူထုဆက်သွယ်ရေး နည်းလမ်းများမှမဆို ရယူရှာဖွေပိုင်ခွင့်၊ ဖြန့်ဖြူးပို့ချပိုင်ခွင့်တို့ ရှိရမည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ယူဆချက်များကို လွတ်လပ်စွာ ဖေါ်ထုတ်တင်ပြခွင့်ရှိပြီး အချက်လက်များကို ရယူခြင်းတင်ပြဖြန့်ဖြူးခြင်းစသည့် သတင်းအယူအဆ ဖလှယ်ပိုင်ခွင့်များ ရှိသည်။

Article (20.1) Everyone has the right to freedom of peaceful assembly and association.

အပိုဒ် (၂၀၊၁) ။ ။ လူတိုင်းတွင် ငြိမ်းချမ်းလွတ်လပ်စွာ စုဝေးပိုင်ခွင့်နှင့် အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ပိုင်ခွင့်တို့ ရှိကြသည်။

Article (20.2) No one may be compelled to belong to an association.

အပိုဒ် (၂၀၊၂) ။ ။ သို့သော် မည်သူတဦးတယောက်ကိုမျှ အဖွဲ့အစည်း တခုခုသို့ အတင်းအဓမ္မ ဖိအားပေးဝင်ရောက်စေခြင်း မပြုလုပ်စေရ။ လူတိုင်းသည် ငြိမ်းချမ်းသောနည်းလမ်းဖြင့် လှုပ်ရှားဆောင်ရွက်နေသော အသင်းအဖွဲ့များသို့ လွတ်လပ်စွာ ၀င်ရောက်ပိုင်ခွင့် ရှိသည်။

Article (21.1) Everyone one has the right to take part in the government of his country, directly or through freely chosen representatives.

အပိုဒ် (၂၁၊၁) ။ ။ လူတိုင်းသည် သက်ဆိုင်ရာနိုင်ငံတခုခု၏ အစိုးရအဖွဲ့တွင် မိမိကိုယ်တိုင်ဖြစ်စေ၊ ရွေးကောက်ပေးလိုက်သော ကိုယ်စားလှယ်မှတဆင့်ဖြစ်စေ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။

Article (21.2) Everyone has the right of equal access to bublic servece in his country.

အပိုဒ် (၂၁၊၂) ။ ။ လူတိုင်းတွင် မိမိနိုင်ငံရရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။

Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.

အပိုဒ် (၂၁၊၃) ။ ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည့်အားလျှော်စွာ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျှက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ဖေါ်ပြရမည်။ အဆိုပါ ရွေးကောက်ပွဲများ၌ လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင် အဆိုပါ ရွေးကောက်ပွဲများအား လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ပြုလုပ်ကျင်းပရမည်။

လူသားတိုင်းသည် မိမိတိုင်းပြည်၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်သည့် ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ သွယ်ဝိုက်သည့် မိမိလွတ်လပ်စွာရွေးချယ်တင်မြောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊ ၀င်ရောက်လုပ်ဆောင်ပိုင်ခွင့် ရှိကြသည်။ အစိုးရအဖွဲ့များ ဖွဲ့စည်းနိုင်ရန်အတွက် ရွေးကောက်ပွဲများကျင်းပရာ၌ လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်နှင့်လွတ်လပ်စွာ မဲပေးရွေးချယ်ပိုင်ခွင့်တို့ ရှိကြသည်။

လူတိုင်းသည် မိမိတိုင်းပြည်၏ အစိုးရကို မိမိဆန္ဒဖြင့် ရွေးချယ်ပိုင်ခွင့်ရှိသည်။

Article (22) Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,

အပိုဒ်(၂၂) ။ ။လူတိုင်းသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တဦးအနေဖြင့် လူမှုရေးဆိုင်ရာ လုံခြုံမှုရယူပိုင်ခွင့် ရှိရမည့်အပြင် နိုင်ငံရေး ကြိုးပမ်းမှုအရဖြစ်စေ၊နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအရဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သံယံဇာတ အင်အားနှင့်လည်ကောင်း ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခာ လွပ်လပ်စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

လူတိုင်းသည် ၎င်းတို့၏ဘ၀ကောင်းမွန်ရေးနှင့် ဖူလုံရေးတို့အတွက် နိုင်ငံတော်အစိုးရထံမှ အာမခံချက်ရှိရမည်။ထို့အပြင် မိမိတို့၏ ကိုယ်ပိုင်အရေးအသွေးနှင့် ဂုဏ်သိက္ခာတို့ ဖွံဖြိုးတိုးတက်စေရေးတို့အ တွက် စီးပွားရေး၊နိုင်ငံရေး၊ပညာရေး၊လူမှုရေး၊ယဉ်ကျေးမှုနှင့် "ဓလေ့ထုံးတမ်းဆိုင်ရာ အခွင့်အရေးများကို သေချာစွာ သဘောပေါက်စေရန်နှင့် စနစ်တကျ ခံယူကျင့်သုံးနိုင်စေရန် အခွင့်အလမ်းများ အပြည့်အ၀ရှိရမည်။ ထိုအခွင့်အလမ်းများအား လူသားတိုင်း အပြည့်အ၀ရရှိနိုင်စေရေးအတွက် သက်ဆိုင်ရာ နိုင်ငံတော် အစိုးရအသီးသီးမှ မိမိတို့နိုင်ငံ၏ သဘာဝအရင်းအမြစ်များနှင့် စီးပွားရေးအင်အား အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ပေးရန် အပြည့်အ၀တာဝန်ယူရမည်။

လူတိုင်းလူတိုင်း လူမှုဖူလုံရေးအတွက်ဖြစ်စေ၊မိမိတို့၏ အသိပညာများနှင့် အတတ်ပညာ ဗဟုသုတများ ကောင်းမွန်တိုးတက် ပြည့်ဝလာကြစေရေးအတွက်ဖြစ်စေ အခွင့်အလမ်းများ ခံစားပိုင်ခွင့် ရှိကြသည်။

Article(23.1) Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment/

အပိုဒ်(၂၃.၁) ။ ။လူတိုင်းသည် အလုပ်လုပ်ရန်ဖြစ်စေ၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွပ်လပ်စွာရွေးချယ်ရန်ဖြစ်စေ၊တရားမျှတ၍ မိမိနှင့် သင့်တော်သော အလုပ်ခွင်၏အခြေအ နေကို ရရှိရန်ဖြစ်စေ၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်အတွက်ဖြစ်စေ အခွင့်အရေးများ ရှိကြသည်။

Article(23.2)Everyone, without any discrimination, has the right to equal pay for equal work.

အပိုဒ်(၂၃.၂) ။ ။လူတိုင်း၌ ခွဲခြားခြင်းမခံစေရပဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ ရရှိခံစားပိုင်ခွင့်ရှိသည်။

Article(23.3)Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.

အပိုဒ်(၂၃.၃) ။ ။အလုပ်လုပ်ကိုင်ကြသည့် လူတိုင်းတွင် မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ရန် စိတ်ချရလောက်သည့်အပြင် တရားမျှတ၍ မိမိအတွက်သင့်တော်သည့် အခကြေးငွေ ရရှိပိုင်ခွင့်ရှိရမည်။လိုအပ်ခဲ့လျှင် အခြားသောနည်းလမ်းများမှလည်း လူမှုရေးအထောက်အပံ့များကို ထပ်မံ၍ရရှိနိုင်ခွင့်ရှိသည်။

Aricle(23.4)Everyone has the right to form and to join reade unions for the protection of his interests.

အပိုဒ်(၂၃.၄) ။ ။လူတိုင်း၌ မိမိအကျိုးခံစားခွင်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ပိုင်ခွင့်တို့ ရရှိကြသည်။

မည်သူမဆို အလုပ်လုပ်ပိုင်ခွင့်ရှိပြီး မိမိလုပ်ကိုင်မည့် လုပ်ငန်းခွင်သည် မိမိနှင့်သင့်တော်၏ မသင့်တော်၏ကိုလည်ကောင်း၊ထိုအလုပ်ကို လုပ်ရခြင်းကြောင့် မိမိ ရရှိမည့် လုပ်အားခသည် မိမိ၏ပေးဆပ်ရသော လုပ်အားနှင့် သင့်တော်၏၊မသင့်တော်၏ကိုလည်ကောင်း၊ မိမိလုပ်ရမည့် လုပ်ငန်းခွင်သည် မိမိအတွက် လွပ်လပ်မှုနှင့် လုံခြုံမှုရှိ၏ မရှိ၏ကိုသော်လည်ကောင်း၊လုပ်ငန်းခွင့်အတွင်း၌ တူညီသော လုပ်ငန်းကျွမ်းကျင်မှုနှင့် တူညီသော လုပ်ငန်းအပေါ် တူညီသောလုပ်အားခရ၏ မရ၏ကိုသော်လည်းကောင်း နှိုင်းယှဉ်၍ ရွေးချယ်ပိုင်ခွင့်ရှိကြသည်။တစုံတဦးဖြစ်စေ အသင်းအဖွဲ့ တခုခုဖြစ်စေအတင်းအကျပ် ဖိအားပေးအကျပ်ကိုင်၍ ခိုင်းစေခြင်းမျိုး လုံးဝမဖြစ်စေရသကဲ့သို့ အလုပ်လက်မဲ့ဖြစ်ခြင်းမှလည်း ကာကွယ်ပိုင်ခွင့်ရှိရမည်။

မည်သူမဆို မိမိအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်တွင် မိမိလုပ်အားအတွက် သင့်တော်လျှောက်ပတ်သော လုပ်အားခဖြင့် အလုပ်လုပ်ကိုင်ပိုင်ခွင့်ရှိကြပြီး အလုပ်လက်မဲ့ဖြစ်စေရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အလုပ်သမားသမဂ္ဂများကို တည်ထောင်ဖွဲ့စည်းပိုင်ခွင့် အဆိုပါ အလုပ်သမားသမဂ္ဂများ၌ တရားဝင် လှုပ်ရှားပိုင်ခွင့်တို့ ရှိကြရမည်။

Article(24)Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.

အပိုဒ်(၂၄) ။ ။လူတိုင်းသည်သင့်တော်သည်ဟု ကန့်သတ်ထားသည့် အလုပ်ချိန်၊လစာနှင့်တကွ အခါအားလျှော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များ အပါအ၀င် အနားယူခွင့်နှင့် အလုပ်အားလပ်ခွင့်များကိုလည်း ခံစားပိုင်ခွင့် ရှိကြရမည်။

လူသားတိုင်းသည် သင့်တော်သောအလုပ်ချိန်သတ်မှတ်မှုအတွင်း၌သာ အလုပ်လုပ်ကိုင်ကြမည်။၎င်း အချိန်ထက်ကျော်လွန်သော အချိန်ပိုအလုပ်ချိန်၌ အလုပ်သမားသည် လုပ်အားခအထူးနှုန်း ခံစားခွင့်ရှိကြရမည်ဖြစ်ပြီး ထိုကဲ့သို့ အချိန်ပိုအလုပ်ဆင်းခြင်း၊မဆင်းခြင်းသည် အလုပ်သမားများ၏ သဘောဆန္ဒအရသာ ဖြစ်ရမည်။အတင်းအဓမ္မ ဖိအားပေးခိုင်းစေခြင်းမျိုး မဖြစ်စေရ။ထို့အပြင် လူတိုင်းသည် လုပ်အားခဖြတ်တောက်ခြင်း မခံစေရပဲ အလုပ်အားလပ်ရက်များနှင့် ခွင့်ရက်များအား ခံစားခွင့်ရှိကြရမည်။

လူတိုင်းသည် မတရားအလုပ်ချိန် သတ်မှတ်ခိုင်းစေခံရခြင်း မရှိစေရ။လုပ်အားဖြတ်တောက်လျှော့ပေါ့ ခြင်း မခံစေရပဲ အပမ်းဖြေအနားယူခွင့်၊ခွင့်ရက် ခံစားပိုင်ခွင့်တို့ ရှိရမည်။

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.