Thursday, October 9, 2008

[Laminkhin] 1 New Entry: ကျမရဲ့ ဖြစ်သလို ကြုံသလို စားခြင်း

ကျမရဲ့ ဖြစ်သလို ကြုံသလို စားခြင်း

အင်း ဒီကနေ့ ညတော့ အချိန်ကိုရအောင်ယူပြီး ညီမငယ်လေးနှစ်ယောက် Tag လိုက်
တဲ့ ဖြစ်သလိုကြုံသလိုစားခြင်း ကို ပြောပြရတော့ မပေါ့နော် ကဲ ညီမလေး မယ်ဂု လို့ 
အများခေါ်ကြတဲ့ Megumi နဲ့ မက်မက် လို့ ချစ်စနိုးခေါ်ကြတဲ့ညီမလေး Dream တို့ 
ရေ မမ ကိုမှ ဒီကလေးတွေ Tag ထဲ ထဲ့ကြတယ်နော် စိတ်မဆိုးပါဘူး ခင်မင်လေးစား
မှူတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်လေ ဒါပေမဲ့ မမ ဖြစ်သလို ကြုံသလိုစားခြင်း
တွေ ရေးရရင် --- ပျော်ချင် လို့ Tag တဲ့ကလေးတွေ စိတ်ညစ်သွားမလားပဲ

ပြောပြမယ် နော့ ဖြစ်သလိုစား လိုက်တဲ့ ပထမဆုံးနေ့ က ၁၉၈၉ ဧပြီလ (၁)ရက်နေ့ 
နံက်ပါ -ဧပရယ် ဖူး တော့ ဟုတ်ဘူးနော် - မမကိုညှီိစို့ နေတဲ့အခန်းထဲကိုပစ်သွင်းလိုက်
တော့ သုံးရက်သုံးည တိတိမစားရမအိပ်ရဒဏ် နဲ့  မမ ဖျာကြမ်းတစ်ချပ်ပေါ် လက်ကို
ခေါင်းဦးပြီးအိပ်လိုက်တာ --ဒန်ပုဂံတစ်ချပ် သံမံတလင်းနဲ့ ရှပ်တိုက် ပစ်သွင်းတဲ့အသံ
ကြောင့်လန့် နိုးတော့မျက်လုံးဖွင့်ကြည့်တယ် ကြိမ်းစပ်နေတဲ့မျက်လုံးမနည်းဖြဲပြီးကြည့်
တာ ထမင်းအနီရောင်သန်းတဲ့အပေါ်မှာ ပဲကတီပါ ပဲလောပတ်လိုပဲ ခပ်ဝါ၀ါ အရောင် ပဲ
တွေပုံပြီး ဒန်ပုဂံပြားရဲ့ နုတ်ခမ်းပေါ်မှာ ငပိစိမ်းစား အမဲရောင် ကွမ်းသီးနှစ်လုံးစာလောက်
ပုံထားတာတွေ့လိုက်တယ် စိတ်ပျက်ပြီး ပြန်အိပ်ပစ်တယ်

ပြန်အိပ်ပျော်သွားတာနောက်
ထပ် ဘယ်လောက်ကြာသွားတယ်မသိ ဗိုက္ကတဂြီဂြီ နားကေလေတြ ထွက် နေတာနဲ့ 
မျက်လုံးပြန်ဖွင့်ပြီး ဘာပဲဖြစ်ဖြစ် စောစောက ပဲပုံထားတဲ့ထမ်းစားတော့မယ် လို့ ထမင်း
ပန်းကန်ဆီ မျက်လုံးရော လက်ရော အလှမ်းမှာ မမ ခေါင်းကြီး ဆယ်ဆလောက်ကြီး
သွားတယ်မှတ်ရပါတယ် ထမင်းပုဂံပေါ်မှာမဲနေတဲ့ ကြွက်တွေ မှန်ခြေ ၅ကောင်လောက်
မမ လှမ်းလိုက်တဲ့ လက်ကိုတောင်မကြောက် ပုဂံပြားပေါ်ကသူတို့ စားတော်ပွဲကိုသာ
အာရုံကျနေ၇ှာပါတယ် ကျမလန့် လို့ ပြီးတာနဲ့ သတိကပ်ပြီးမောင်းထုတ်တာ ထမင်းလေး
တ၀က်လောက်နဲ့ ငပိ နည်းနည်းကျံတယ် လေ ကျန်ခဲ့တဲ့သုံးရက် မစားခဲ့ရတော့ ခုဘာ
ရှိရှိ စားတော့မယ်ပြင်မှ

ကဲ ဒါပေမဲ့ ဆာလောင်မှုကိုအံ မတုနိုင်တော့ ကြွက်တွေကျန်တဲ့
ထမင်းနဲ့  ငပိတုံးလေးပဲ ဆာလွန်းလို့ တုန်ရင်နေတဲ့လက်တွေနဲ့ အပေါ်ယံလေး နည်းနည်း
ဖယ်ပြီးဖြစ်သလိုစားခဲ့တယ်ညီမလေးတို့ ရေ---

နောက်ထပ်ဖြစ်သလိုတွေကတော့ ရေးမဆုံးဘူးမို့  တစ်ခုလောက်ပဲထပ်ပြောတော့မယ်
နော် ။ ထမင်းကြည့် (ဆား မပါ )အမတို့ ကိုဆား ကျွေးလေ့မရှိဘူး သံတိုင်တွေဆားပုံပြီး
ဖောက်ပြေးမှာဆိုးလို့ တဲ့လေ - အဲဒီဆားမ၇ှိတော့ မျိုချလို့ ကိုမရဘူး ဒါပေမဲ့ ငပိ လာလာ
ပို့ တိုင်းမှာ ငြုတ်သီးတောင့်လေးတွေပါတက်တယ် ငပိကတော့ စားလို့ ကိုမရတာ ရွံတွေ
သဲတွေပါတာများတာကိုး

ငပိမယူပဲ အဲဒီ ငြုတ်သီးတောင့်လေးတွေကို ထမင်းတစ်ပုဂံစား
ရင် တစ်တောင့် နဲ့  လောက်အောင် လက်သဲထိပ်လောက်ပါးပါးလေးတွေ ကိုက်ဖြတ်ပြီး
စားခဲ့ရတာ ၁၉၉၉ ခုနှစ် နေ့ လည်စာတိုင်းပေါ့ ကဲ မမကြုံသလိုဖြစ်သလိုစားခြင်းပြီးပြီ --
အမှန်တကယ်တော့ မမ ဟာ အင်မတန်မှအကောင်းကြိုက်သူပါ အသက်ရှင်ရပ်တည်ဖို့ 
အတွက်ဥာဏ်ကိုသုံးပြီး ကြုံသလိုဖြစ်သလိုစားခဲ့ရတာပေါ့ကွယ် --အင်း ဘလော့ လေး
တွေရဲ့ ထုံးစံအတိုင်း မမ လည်း Tag တဆင့်လုပ်ပါရစေ ရေးမရေး တော့မသိဘူး
စီဘောက်တောင်ဖြုတ်ထားတဲ့ ကိုအောင်ခင်မြင့် (ဗျူနိုင်ငံ)
ညီမလေး ခေါင်ခေါင်
စာမေးပွဲနီးနေတဲ့ညီမငယ် ချင်းမလေး
ကျမကို ပထမဆုံး Tag လိုက်တဲ့ ကိုဖုန်းမြင့်
ဆွေတော်မျိုးတော်ထဲ က ရရ လို့ ခေါ်တဲ့ ရဲရင့်ငယ်
မောင်လေး ရန်ကုန်သား
မောင်လေး စိုင်းဝÀ
ဟင်းချက်ကောင်းတဲ့ မောင်လေးရင်ခတ်နွယ် နဲ့ 
ခ၇ီး ခနခန ထွက်နေတဲ့ ကိုကမ္ဘာမကြေ ကြီး တို့  ရေ ဖြစ်သလိုကြုံသလိုစားခြင်းကို ရေးအားရင်
Tag တယ် ရေ ပေးနော့

ပျော်စရာလေးတွေနဲ့ ညီညာကြပါစို့ 

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.