Thursday, October 9, 2008

[ရင်မှ ခံစားမှုများ] 1 New Entry: ကျမ အရမ်းပျော်နေပါသည်။

ကျမ အရမ်းပျော်နေပါသည်။

ကျမ အရမ်းပျော်နေပါသည်။ :z ဘာလို့လည်း သိလား။ ကျမ ရေးသော စာများကို သေသေချာချာ ဖတ်ပေးသော အမာခံပရိသတ် (1)ယောက် ရရှိတဲ့အတွက်ပါ။ :p တစ်ကယ် ပျော်ပါတယ်။ :z ဘယ်လိုပြောရမှန်း မသိအောင် ဝမ်းသာပါတယ်။ :z Blogမှာ စစချင်း Postရေးကတည်းက နာမည်ကြီးဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့်၊ အမှန်အတိုင်း ဝန်ခံရရင် လူသိစေချင်ခဲ့ပါတယ်။ ဖတ်စေချင်ခဲ့ပါတယ်။ လူတွေ ဖတ်စေချင်ပေမယ့် လူစိတ်ဝင်စားအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျမ ရေးတတ်သလို အဆင်ပြေမယ်ထင်တာလေးတွေ ရေးခဲ့တာပါ။ :p လူ(1)ယောက်ပဲ ဖတ်ဖတ်၊ (2)ယောက်ပဲ ဖတ်ဖတ် သေသေချာချာ ဖတ်စေချင်ခဲ့တာတော့ အမှန်ပဲ။ ကျမလည်း သူများ Blogကို သွားရင် သေသေချာချာ ဖတ်ပါတယ်။ စာရေးသူအတွက် မထိခိုက်နိုင်ဘူးထင်ရင် Commentပါ ရေးပေးခဲ့ပါတယ်။ စာရေးသူ မကြိုက်နိုင်ဘူး ထင်တဲ့ Commentဆို မရေးပဲ ဖတ်ပြီး Cboxမှာ နှုတ်ဆက်ပြီး ပြန်လာခဲ့တာများပါတယ်။ စာရေးသူပင်ပင်ပန်းပန်း ရေးထားတဲ့ Postတစ်ခုကို ကိုယ့် Commentကြောင့် စိတ်မညစ်စေချင်တာ ကျမရဲ့ စာရေးသူအပေါ်ထားတဲ့ စေတနာပါ။ (ကိုယ့်ကို ကိုယ် သဘောထားတာနော်။ လူတိုင်းကို အဲလို သဘောမထားဘူးလို့ မပြောဘူးနော်။) :y တစ်ချို့ Blogကျတော့ Commentရေးပေးတဲ့လူတွေ များလွန်းလို့ ကျမ မရေးလည်း ဘာမှမဖြစ်လောက်ဘူးထင်ပြီး (အပျင်းကြီးစွာနဲ့ )Commentမရေးပဲ ပြန်လာတာမျိုးလည်း ရှိပါတယ်။ :p တစ်ချို့ Blog ကျတော့ ရေးထားတဲ့အကြောင်းအရာကို ကျမအနေနဲ့ နားမလည်ပေးမယ့် Personalအရ ခင်လို့ သွားလည်ပါတယ်။ တစ်ကယ်ကို ခင်တာပါ။(မြင်လည်း မမြင်ဖူးပါပဲနဲ့) ;) ဖတ်တော့ ဖတ်ကြည့်တယ်။ နားလည်း မလည်။ :d အဲလို Blogဆို သွားလည်ပေမယ့် ဘာမှ မရေးပေးနိုင်ခဲ့ပါဘူး။ {ဖောရှောCommentရေးရင် ရပေမယ့် ကိုယ်နားမလည်ပဲနဲ့ ဖောနေတာကို စာရေးသူကတော့ သိမှာပဲလို့ ယူဆပြီး ရှက်တဲ့အတွက်ပါ။} ကျမရဲ့ အူကြောင်ကြောင် အယူအဆတွေကို လက်ခံရမယ်လို့ မပြောဘူးနော်။ ကျမရဲ့ ခံယူချက်နော်။(ခဏ၊ခဏ အထင်လွဲခံရလွန်းလို့ ။ :y ဟူး ..........။

Post ကို သေချာ မဖတ်ရင်၊ ဘယ်လောက်စိတ်ဆိုးတတ်မှန်းလည်း ကျမ Blogစလုပ်ကတည်းက သိခဲ့တဲ့လူတွေက အကြောင်းအသိဆုံးနေမှာပါ။ :p ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုကို အတူတကွ တန်ဖိုးလိုက်မထားပေးရင်တောင် ချိုးချိုးနှိမ်နှိမ်၊ ဖြစ်ကလက်ဆန်း လုပ်တာတော့ မခံချင်ပါဘူး။ အဲလို လုပ်ခဲ့တဲ့လူတွေနဲ့ ပတ်သတ်ပြီးလည်း ပြဿနာတတ်ပေါင်း၊ လူမုန်းခံရပေါင်းများပြီ။ မတတ်နိုင်ဘူးလေ။ ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ။ ပျက်တာတွေလည်း ပျက်ပြီးသွားပြီ။(တရားသဘောတွေ၊ တရားသဘောတွေ) :y အဲလို ပြဿနာတွေရဲ့ အရင်းအမြစ်ကတော့ Postကို သေချာ မဖတ်တာက စတယ်ထင်တာပဲ။ ဟိ ဟိ။ ကျမကလည်း ကောင်းသည်ပဲ ဖြစ်စေ၊ ဆိုးသည်ပဲ ဖြစ်စေ ဝေဖန်လို့ ရပေမယ့် Postကို သေချာမဖတ်ပဲ ကိုယ်ထင်တာ ကိုယ်လာပြီး Commentရေးပေးရင် ဆက်ဆက်ထိမခံနဲ့ဆိုတော့ အခုဆို အပေါင်းအသင်းတွေတောင် လျော့ကုန်ပြီ။ :c (အမြင်ကပ်ကုန်ကြတာနဲ့ တူပါရဲ့။ လာလည်း လည်ကြတော့ဘူး။ ဟင့် ဟင့်။)

Postကို သေချာ မဖတ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်လေစွာနဲ့ Blog ဆက်ရေးသင့်၊ မသင့် စဉ်းစားပေမယ့် အပေါင်းအသင်းသံယောဇဉ်ကလည်း လုံးဝမဖြတ်နိုင်ခဲ့ပါ။ :z ကျမက သူငယ်ချင်းအရမ်းခင်သည်။မင်သည်။ အပြင်မှာ သူငယ်ချင်း သိပ်မရှိတော့ Onlineထဲက သူငယ်ချင်းတွေကိုပဲ အဖော်လုပ်နေရတာဆိုတော့ အပေါင်းအသင်းတွေနဲ့ မခွဲနိုင်ပါ။ :y နောက်ပြီး နောက်နှစ် Aprilဆို ကျောင်းပြီးတော့မှာ ဖြစ်လို့ မြန်မာနိုင်ငံ ပြန်ဖြစ်မည် ထင်ပါသည်။ မြန်မာနိုင်ငံပြန်ရောက်လျှင် Onlineမတတ်ဖြစ်ဖို့က 80%လောက်ရှိသည်လေ။ :p (ထိုသို့သော အကြောင်းကြောင်းကြောင့် အတတ်နိုင်ဆုံး တစ်နေ့ တစ် Postရေးနေရသည်။ ) အချိန်ကြီးက ကျမနောက်မှ ထပ်ကြပ်မကွာလိုက်နေတာကိုး ။ :y

ကျမ Postကို သေသေချာချာဖတ်ပေးလျှင် အရမ်းကျေးဇူးတင်တတ်ပါသည်။ :z အဲလိုလူမျိုးဆိုရင် သူ့ဟာသူ ဘာတွေပဲ ရေးရေး၊ နားလည်လည်မလည်လည် ခင်မင်လွန်းလို့ နေ့တိုင်းသွားလည်သည်။ :z {ကျမနှင့်ခင်သော တစ်ချို့Bloggerများမှာ နာမည်မကြီးပါ။ တစ်ခါတစ်လေ Cboxမှာ ကျမချည်းပဲ။ ဟိဟိ။ }
အရမ်းလည်းပျော်ပါသည်။ :z ကိုယ်ရေးထားတဲ့ Postလေးကို သေသေချာချာ ဖတ်ပေးကြလို့ပါ။ အမာခံပရိသတ်တွေမလို့ပါ။ အခုလည်း အဲလို အမာခံ ပရိသတ်(1)ယောက် ရရှိခဲ့ပါသည်။ အရမ်းပျော်ပါသည်။ :z နောက်မှ လာမဖတ်တော့ရင်လည်း ကိုယ့်ကံပဲပေမယ့် အခုတော့ ပြောမပြတတ်အောင် ဝမ်းသာပါသည်။ :z ကျေးဇူးလည်း တင်ပါသည်။ :y

ကျမရဲ့ ပရိသတ်က ဒီမှာပါ။ အရမ်းကို ကျေးဇူးတင်ဖို့ကောင်းတဲ့ အစ်ကိုကြီးပေါ့။ :p ;)

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.