Tuesday, November 4, 2008

[Fine Leaves] 1 New Entry: ဒီမိုကရေစီ ခရီး

ဒီမိုကရေစီ ခရီး

စစ်
အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း သိပ်မပြောချင်လှဘူး။
ဘာဖြစ်လို့လဲဆိုတော့ ပြောရတာ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းရသလို ဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေအတွက် ဥပဒေ တွေ က ဘယ်လိုနေမှန်းမသိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေက ဘယ်လိုနေမှန်းမသိ၊ ရွေးကောက်ပွဲရလဒ်က စစ်အစိုးရ ဆန္ဒအတိုင်း ဖြစ်မလာရင် အာဏာပ်-မအပ်ဆိုတဲ့ အာမခံချက်ကလည်း သေချာမရှိဆိုတော့ ထင်မြင် ချက် ပြောဆိုဖို့ရာ အတော်ဝန်လေးလှ ပါတယ်။ [C-Box မှာ ကိုမျိုး (SG) ဆိုသူက မောင်စူးစမ်းဆောင်းပါးကို တုံ့ပြန်ရေးဖို့ ကျနော့်ကို တိုက်တွန်းလာတယ်။ အခု ဆောင်းပါးကတော့ တုံ့ပြန်ရေးသားဖို့ ရည်ရွယ်တာ မဟုတ် သလို အခု အတိအကျပြောဖို့ရာ စောသေးတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ကျနော့်ထင်မြင်ချက်ကို ရေးတာသာ ဖြစ်ပါတယ်။]

ဒါပေမယ့်လည်း ဒေါက်တာတင်မောင်သန်းနဲ့ ကျနော် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှာ ဒီမိုကရေစီခရီးစဉ်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ တနင်္ဂနွေအပတ်စဉ် ၃-ခု ရှိပါပြီ။ (အောက်တိုဘာ ၁၂၊ အောက်တိုဘာ ၁၉၊ နိုဝင်ဘာ ၂) ပညာရှင်တွေရဲ့ ဆွေးနွေးချက်ကို အခြေခံသော်လည်း နိုဝင်ဘာ ၂ ရက်နေ့ ဆွေးနွေးမှုမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စကို ပိုလို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ အခြေခံဆွေးနွေးကြတဲ့ စာတမ်းကတော့ Carsten Q। Schneider and Philippe C। Schmitter, Liberalization, Transition and Consolidation: Measuring the Components of Democratization, Democratization, Vol। 11, No। 5, December 2004, pp। 59-90 ဖြစ်ပါတယ်။ ပါမောက္ခ ကာစတန် ရှနိုက်ဒါနဲ့ ဖိလစ် ရှမစ်တာတို့က ဒီမိုကရေစီသဘောတရားနယ်ပယ်မှာ လူလေး စားတဲ့ ဆရာကြီးတွေလို့ ပြောရင် ရနိုင်ပါတယ်။ သူတို့က ဒီမိုကရေစီအပြောင်းအလဲတွေကို တကမ္ဘာလုံးမှာ လေ့ လာခဲ့ပါတယ်။ ၁၉၇၄ -၂၀၀၀ ကြား ဒီမိုကရေစီ အပြောင်းအလဲဖြစ်တဲ့ နိုင်ငံ ၃၀ ကျော်ကို လေ့လာခဲ့ပါတယ်။ သူတို့က အဖြစ်အပျက်တွေကို ဒေတာသဘော ထုတ်လို့ တွက်ချက်ပြီး၊ သဘောတရားတွေကို သင်္ချာသဘော သက်သေပြကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီစာတမ်းအတွက်လည်း ဥရောပ တက္ကသိုလ် အင်စတီကျု (Europen University Institute) က Ph। D ကျောင်းသား ၃၀ ကျော်ရဲ့ အကူအညီနဲ့ တွက်ချက်ထုတ်ခဲ့တာပါ။ ဒီလိုတွက် ချက်နိုင်ဖို့ သူတို့က နိုင်ငံတွေရဲ့ ပြောင်းလဲပုံကို ၃- ဆင့်ခွဲခြားလိုက်ပါတယ်။

- Liberalization ချုပ်ကိုင်မှုတွေကို လျော့ချလာခြင်း။ ပိုမိုလွတ်လပ် ပွင့်လင်းလာခြင်း
- Transtition အသွင်ကူးပြောင်းခြင်းနဲ့
- Consolidation of democracy ဒီမိုကရေစီကို ပိုမိုခိုင်မာအောင် လုပ်ခြင်းတို့ ဖြစ်ပါတယ်။

နိုင်ငံတွေ ပြောင်းလဲမှု ဖြစ်စဉ်မှာ "ချုပ်ကိုင်ထားတာတွေ လျှော့၊ အကူးအပြောင်းကာလကို ဖြတ်သန်း၊ ဒီမိုကရေစီ ကို ခိုင်မာအောင်လုပ် ဆောင်" ဆိုတဲ့ ကာလသုံးပါး က အလုပ်တွေကို လုပ်ခဲ့ကြရတယ် ဆိုပါတယ်။ နိုင်ငံတွေ ပြောင်းပုံကတော့ ပုံသေ ကားချ တသမတ်တည်း မရှိပါဘူး။ တချို့ ယခင်အာဏာရှင်နိုင်ငံတွေက ချုပ်ကိုင်မှုကို လျှော့ချလာခဲ့တယ်။ ဒါပေ မယ့် ဒီမိုကရေစီအထိ ရောက်အောင် ခရီးမဆက်နိုင်ပါဘူး။ ဒီလိုနိုင်ငံတွေကတော့ ချုပ်ကိုင်မှုလျှော့ချလာတဲ့ အာဏာရှင်နိုင်ငံတွေ (liberalized authoritarian) နိုင်ငံတွေ အဆင့်မှာ တန့်နေကြပါ တယ်။ (အလွယ်ဥပမာပေး ရရင် တရုတ်၊ ဗီယက်နမ် စသဖြင့်) တချို့နိုင်ငံတွေကတော့ ဒီမိုကရေစီ အဆောင် အယောင်လို့ ပြောနိုင်တဲ့ ပါတီ စုံတွေ၊ ရွေးကောက်ပွဲတွေ ရှိလာပါတယ်။ ဒါပေမယ့် လွတ်လပ်ခွင့် သိပ် မရှိ လှသလို ဟန်ပြဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာပါတယ်။ ဒီလိုနိုင်ငံတွေကိုတော့ လွတ်လပ်ပွင့်လင်းမှု မရှိတဲ့ ဒီမို ကရေစီ (illiberal democracy) လို့ ခေါ်ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ ဒီလိုဖြစ်လာဖို့ ပိုများနေပါတယ်။

အဲသည်တော့ စိတ်ဝင်စားစရာက တိုင်းပြည်တခု ဒီမိုကရေစီ သွားမယ်ဆိုရင် လုပ်ရမယ့်အဆင့်တွေကို အခု ပါမောက္ခတွေက ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ပြခဲ့ပါတယ်။

နိုင်ငံတခုက ချုပ်ကိုင်ထားတာတွေ လျှော့ပေါ့လိုက်ပြီ (liberalization) ဆိုပါစို့။ ဒီအချက်တွေ ပါရမယ် ပြောပါ တယ်။

ချုပ်ကိုင်ထားတာတွေ ကို လျှော့ပေါ့လိုက်ခြင်း။ (Liberalization)

၁။ အစိုးရက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ခံလာတယ်။ အသိအမှတ်ပြုလာတယ်။
၂။ နိုင်ငံရေး အကျဉ်းသားရယ်လို့ မရှိတော့ဘူး။ ဒါမှမဟုတ် မရှိသလောက် နည်းသွားမယ်။
၃။ အစိုးရနဲ့ သဘောကွဲတဲ့ အဖွဲ့အစည်းတွေ၊ အတိုက်အခံတွေကို ပိုလို့ပိုလို့ သည်းခံလာနိုင်တယ်။
၎။ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေးပါတီ တပါတီထက်မက တရားဝင် အသိအမှတ်ပြုမှု ရှိလာမယ်။
၅။ လွှတ်တော်ထဲမှာ အတိုက်အခံပါတီ အနည်းဆုံး တပါတီတော့ ရှိလာမယ်။
၆။ နိုင်ငံတော်က ထိန်းချုပ်မထားတဲ့၊ ဒါမှမဟုတ် အစိုးရ ရဲ့ နိုင်ငံရေးပါတီတွေ က ထိန်းချုပ်ထားတာမျိုး မဟုတ်တဲ့ လွတ်လပ်တဲ့ အသင်းအပင်းတွေ၊ သမဂ္ဂတွေ ရှိလာမယ်။
၇။ သီးခြား လွတ်လပ်တဲ့ စာနယ်ဇင်း မီဒီယာတွေ ရှိရမယ်။ အဲဒီ မီဒီယာတွေကလည်း လွတ်လပ်စွာ ရေးသား တင်ပြနိုင်ကြရပါမယ်။

ဒါပေမယ့် သူတို့ တွေ့ရှိချက်က စစ်တပ် အုပ်ချုပ်ခဲ့တဲ့ (အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေများတဲ့) ချီလီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား စတဲ့ လကတင်အမေရိက နိုင်ငံတွေမှာ အစိုးရ က လူ့အခွင့်အရေး ကို လက်ခံ အသိအမှတ်ပြုဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ မရှိတဲ့ အခြေအနေရောက်ဖို့ ဆိုတဲ့ ကိစ္စတွေက အခက်ဆုံး ဖြစ်နေပြီး၊ အတိုက်အခံပါတီတွေ ပေး ရှိလာတာ၊ သမဂ္ဂ နဲ့ အသင်းအဖွဲ့တွေ ရှိလာခွင့်ပေးတာက ပို လွယ်ပါသတဲ့။

စိတ်ဝင်စားဖွယ်ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ အထူးလေ့လာသူ ကုလသံတမာန် မစ္စတာ တောမတ် ကွင်တားနား အကြံပေးချက်တွေက အခု (liberalization) ဖြစ်အောင်လုပ်ဖို့ အကြံပေးချက်တွေ ဖြစ်နေပြီး ကျနော် ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ အတော်တူပါတယ်။

ဒီမိုကရေစီ ကို ခိုင်မာအောင် ဆောင်ရွက်ခြင်း (Consolidation of democracy)
ဒီမိုကရေစီ စနစ်တခု ပိုမိုခိုင်မာအောင်လုပ်တဲ့ အဆင့်တွေကိုလည်း သူတို့က အခုလို ခွဲခြမ်းပြန်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ ကိစ္စ။
၁။ ဒီမိုကရေစီ ခိုင်လာပြီဆိုတဲ့အခါ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြင်မယ်၊ ပြောင်းမယ်၊ အဓိကကျတဲ့ အပြောင်းအလဲတွေ လုပ်မယ်လို့ တောင်းဆိုတာ၊ ပါတီတွေ က ဆော်သြစည်းရုံးတာ မလုပ်ကြတော့ဘူး ဆိုပါတယ်။

ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ကိစ္စများ။
၂။ ရွေးကောက်ပွဲတွေကိုလည်း မှန်မှန် လုပ်လာပြီး၊ ရလဒ်တွေကိုလည်း အဓိကပါတီတွေနဲ့ အစိုးရပိုင်းက အသိ အမှတ်ပြု လက်ခံလာကြပါသတဲ့။
၃။ အဲဒီ ရွေးကောက်ပွဲတွေကလည်း လွတ်လပ်ပြီး တရားမျှတ လာသတဲ့။
၎။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေတွေကိုလည်း အဓိကကျတဲ့ ဘယ်ပါတီကမှ လက်မခံနိုင်ဘူးလို့ မငြင်းနေ မပြောနေ ကြတော့ဘူး ဆိုပါတယ်။
၅။ မဲပေးသူတွေ က ဒီ တခါ ဒီပါတီအပေါ် မဲပေးရာက နောက်တစခါ နောက် အခြားပါတီကို ပြောင်းပေးတာမျိုးက တော်တော်နည်းလာတယ်။ ရွေးကောက်ပွဲတွေမှာလည်း ဆူဆူပူပူ ရုန်းရင်းဆန်ခတ်မှုတွေ နည်းလာတယ်။
၆။ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်တဲ့ အုပ်စုတွေ (ဥပမာ စစ်တပ်လိုမျိုး) တိုင်းပြည်ထဲမှာ ရှိကောင်း ရှိနေနိုင်တယ်။ ဒါပေမဲ့ အဲဒီ အုပ်စုတွေ မျက်နှာကို ကြည့်လို့ ရွံ့နေရတဲ့ဘ၀ မရှိတော့ဘူး။ ရွေးကောက် ခံရသူတွေက သူတို့ ပြောပုံဆိုပုံ လုပ်ကိုင်ပုံတွေမှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေကြတော့ဘူး ဆိုတယ်။

အာဏာ ရယူရေး နဲ့ ပတ်သက်တဲ့ ကိစ္စများ။
၇။ အာဏာကလည်း တပါတီကနေ နောက်တစပါတီ ကို ပြောင်းသွားနိုင်တယ်။
၈။ အဲသလိုဖြစ်တာက တကြိမ်မက၊ နောက်ထပ်လည်း ဖြစ်လာနိုင်တယ်။

တာဝန်ခံမှု နဲ့ ပတ်သက်တဲ့ ကိစ္စများ။
၉။ စာနဲ့ ရေးထားထား၊ မရေးထားထား အဖွဲ့အစည်းတွေ ဘယ်လို ဖွဲ့စည်းလုပ်ကိုင်ရမယ် ဆိုတဲ့ သတ်မှတ်ချက် တွေ၊ စည်းမျဉ်းတွေအပေါ် လူတော်တော်များများက သဘောတူညီချက် ရရှိလာကြတယ်။
၁၀။ အလားတူပဲ အုပ်ချုပ်မှု အပိုင်းမှာလည်း ဒီပါတီအာဏာရရ၊ နောက်တပါတီ အာဏာရရ လုပ်ပုံကိုင်ပုံတွေက တသမတ်တည်းလို ဖြစ်လာတယ်။ သိပ်အပြောင်းအလဲ ရှိစရာ အကြောင်းမရှိတော့ဘူး။
၁၁။ အုပ်ချုပ်လုပ်ကိုင်မယ့် နယ်ပယ်တွေကို သတ်မှတ်ရာမှာ၊ ဘယ်လို လုပ်ကိုင်မယ်လို့ သတ်မှတ်ရာမှာလည်း သဘောတူညီချက်တွေ ရလာတယ်။
၁၂။ အများပြည်သူဆိုင်ရာ သတင်းမီဒီယာ လုပ်ငန်းတွေမှာ ပိုင်ဆိုင်မှု၊ လုပ်ကိုင်နိုင်မှုနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်တဲ့ စည်းမျဉ်းတွေကိုလည်း အားလုံးက ယေဘုယျ သဘောတူညီ လာကြတယ် ဆိုပါတယ်။

ဒီလို ဒီမိုကရေစီစနစ် ခိုင်မာလာဖို့ ဆယ်စု ၂ ခုလောက် (နှစ် ၂၀ လောက်) ကြာ အချိန်ယူကြရတယ် ဆိုပါတယ်။ အများစုက ပျမ်းမျှ ၉ နှစ်လောက် အချိန်ယူ ဖြတ်သန်းကြရတယ်လို့ ပါမောက္ခတွေက ဆိုပါတယ်။

အကူးအပြောင်း ကာလ (Transition)
ဒီလို လွတ်လပ်ပွင့်လင်းလာတဲ့ (ချုပ်ကိုင်မှုတွေ လျှော့ချလာတဲ့ အခြေအနေကနေ) ဒီမိုကရေစီ ခိုင်မာလာဖို့ အသွင် ကူးပြောင်းရေးကာလကို ဖြတ်ရပါတယ်။ အကူးအပြောင်း ပုံစံတမျိုးတည်း ရှိတာတော့ မဟုတ်ပါဘူး။
ဒါကိုလည်း သူတို့က အုပ်စုခွဲကြည့်ပြန်တယ်။

၁။ တွေ့ဆုံဆွေးနွေးပြီး ပြောင်းတာ။ တည်ဆဲအစိုးရနဲ့ အတိုက်အခံတွေ၊ လူမှု အဖွဲ့စည်းတွေဖြစ်စေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ ဆွေးနွေးညှိနှိုင်းပြီး ပြောင်းကြတယ်။
၂။ မူဝါဒတွေနဲ့ ပတ်သက်ပြီး အစိုးရကိုယ်တိုင်က ပြဿနာရှိလာတာကို အသိအမှတ်ပြုလာပြီး၊ နိုင်ငံတော် အဖွဲ့ အစည်းတွေ အတွင်းမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာတယ်။ ဥပမာ -ဗီယက်နမ်မှာ တရုတ်မှာ လာဘ်စားမှု ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာကို အစိုးရကိုယ်တိုင်က ပွင့်လင်းစွာ ပြောဆို ကိုင်တွယ်ပြုပြင်ဖို့ ကြိုးပမ်းလာတာ မျိုးရှိတယ်။ ကွဲပြားတာတွေ ရှိတာကိုလည်း အစိုးရက အသိအမှတ်ပြု ပြောဆိုတယ်။
၃။ အစိုးရက ထင်တိုင်းကြဲ အာဏာသုံးနေတာကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ တရားဝင် ဥပဒေရေးရာ အပြောင်း အလဲတွေကို စတင် ဆောင်ရွက်လာကြတယ်။
၎။ လူထုကို တာဝန်ခံ မဖြေကြားတဲ့ အုပ်စုတွေ ရှိနေတယ်။ ဒီ အုပ်စုတွေ ရဲ့ အခန်းကဏ္ဍကို ဖယ်ရှားနိုင်မယ့် ဥပဒေရေးရာ ဒါမှမဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ အပြောင်းအလဲတွေကိုလည်း စတင် ဆောင်ရွက်လာတယ်။
၅။ နိုင်ငံသားတွေရဲ့ အခွင့်အရေး နဲ့ လွတ်လပ်ခွင့် တန်းတူရှိတာကို အာမခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို စပြီး ရေးလာ တယ်။ အတည်ပြုတယ်။
၆။ အပြောင်းအလဲကို စမယ့် ရွေးကောက်ပွဲကို ကျင်းပတယ်။
၇။ ဒီရွေးကောက်ပွဲတွေကလည်း တရားမျှတတယ်။ လွတ်လပ်တယ်။
၈။ ဒီ ရွေးကောက်ပွဲ ရလဒ်ကိုလည်း လူအများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြတယ်။

ဒီလို သူတို့ပါမောက္ခတွေ ဆွေးနွေးထားတာကို ကြည့်တော့ လုပ်စရာကိစ္စတွေ အတော်များများ သွားတွေ့ပါတယ်။
အခု ဆွေးနွေးချက်တွေက ရွေးကောက်ပွဲကို ထောက်ခံဖို့ ပြောနေတာ မဟုတ်သလို၊ ဖြစ်ခဲ့ရင် ဆိုပြီး ကြိုစဉ်းစား ကြည့်တာလည်း ဖြစ်ပါတယ်။
ကြိုက်သည်ရှိ- မကြိုက်သည်ရှိ ၂၀၁၀ အပြီး လွှတ်တော်ပေါ်ပေါက်လာပြီ ဆိုပါစို့။ "လွှတ်တော်တွင်း အလုပ်" တွေရှိလာမယ်။ အဓိကကတော့ ဖိနှိပ် ချုပ်ချယ်ရေးဥပဒေတွေ (ဥပမာ ပုဒ်မ-၅၊ ၁၀ ၊ အရေးပေါ်စီမံချက် အက် ဥပဒေ၊ ဆင်ဆာဥပဒေ စသဖြင့်) ဒါတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် အခုကတည်းက ဘယ်ဥပဒေတွေ ပြင်သင့် သလဲ ဆိုတာ ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်သင့်ပါတယ်။
"အစိုးရ အုပ်ချုပ်ရေးယန္တယား ပြင်ဆင်ရေးအလုပ်" တွေလည်း ရှိလာနိုင်ပါတယ်။
" အစိုးရပြင်ပ လူထုလူတန်းစားအဖွဲ့အစည်းတွေရဲ့ အလုပ်" တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဖက်စုံ ထောင့်စုံ ကျနော်တို့ ကြိုတင် မစဉ်းစားသင့်ဖူးလား။ ဒီလိုနဲ့ တတိယအပတ်မှာ ကျနော်တို့ ဒီမိုကရေစီ ခရီးစဉ်မှာ ဆွေးနွေးဖြစ်ကြတယ်။ နားထောင်ကြည့်ဖို့ တိုက်တွန်းပါတယ်။ (ဒေါက်တာတင်မောင်သန်းနဲ့အတူ စဉ်းစား ဆွေးနွေးထားတဲ့အတွက် သူ့ကိုလည်း ဒီဆောင်းပါးအတွက် credit ပေးရပါလိမ့်မယ်။)

ftp://8475.ftp.storage.akadns.net/mp3/voa/eap/burm/burm1130aSUN.mp3

အောင်သူငြိမ်း

You received this email because you are subscribed to the real_time feed for http://fine-leaves.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရှင်ရဲထွတ်] 1 New Entry: မှုန်ဝါးဝါး

မှုန်ဝါးဝါး

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ စတင်တည်ထောင်လာသော တတိယ မြန်မာနိုင်ငံတော်ကြီး မှသည် သီပေါမင်း ပါတော်မူ သွားခဲ့ရသော နိုင်ငံတော်နိဂုံး အဆုံးသတ်ခဲ့ရသော ကာလ အပိုင်းအခြားအား ကြည့်မြင်မိသော် ကျွန်တော့် အမြင်လေးသက်သက် မျှတာ ကျွန်တော် တွေးကြည့်မိတာလေးပါ။

နန်းတော်ကို အပိုင်လည်းရရော ဘုန်းတော်ကို အကြောင်းမဲ့ နန်းတော်သစ် မြို့တော်သစ် တည်ချင်လာကြရော၊ နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်လက်နက်၊ နည်းပညာ၊ စီးပွား၊ ပြည်သူတွေရဲ့ အနာဂါတ် ဖန်တီးပေးဖို့ထက် နန်းတော်သစ်ကို ဘုန်းတော်အမြစ် ချခြင်လာကြတယ်။ အဲ မှတ်မှတ်ထင်ထင် ရွှေနန်းကြော့ရှင် အမည်တွင်တဲ့ ဘကြီးတော်မင်း သူ့ရဲ့ နန်းတော်ကြီးဟာ ခမ်းနားချက်ကတော့ ရဟန်းရှင်လူ ပြည်သူတွေက ဘွဲ့တော်နှင်းတယ် ရွှေနန်းကြော့ရှင်တဲ့။ ဘွဲ့တော့ရတယ် နေလို့လည်းကောင်းတယ် ဇိမ်လည်းကျမှာပေါ့၊ အဲ ငွေဘယ်လောက်ကုန်ခဲ့လည်းတော့ မသိ မသိ၊ ဟိုမှာ ကိုလိုနီတွေက အောက်ပြည်ကို ၀ါးနေပြီ။

ရှိသေးတယ်နော် သက်ဦးဆံပိုင် ကိုးဗျ၊ အဟေး မိဖုရားတဲ့ ကိုယ်လုပ်တဲ့ မောင်းမတဲ့ များလိုက်တာ များလိုက်တာ၊ အဲဒီလို များတာကိုက မြန်မာနိုင်ငံရဲ့ အနာဂါတ် အကြောင်းမလှချက်တွေပဲဗျ။ အဲဒီမှာ ဘကြီးတော်က မယ်နုကို ခေါင်ဖုရား မယားအဖြစ် မထားရင် နိုင်ငံတော် အရေး ဇါတ်ခုံနံဘေးက အဖြစ်ရယ် အပျက်ရယ် ဒီလိုလည်း ဖြစ်မလာနိုင်ဘူးရယ်ဗျ။ မယ်နု သမီး ဆင်ဖြူမရှင် ဟာ နိုင်ငံတော် ရဲ့ အဆိုးဝါးဆုံးသော ပြစ်မှုကို ကျူးလွန်တာပဲလေ၊ မယ်နုကို သာယာဝတီမင်း ရေချကတည်းက ဆင်ဖြူမရှင် ပါမသွားတာဆိုးလှတယ်ဗျ၊ ကဲဗျာ အသုံးလုံးဝမကျတဲ့ ပုဂံမင်း ဆိုးဝါးပါတယ်၊ ကုလားကို မြို့ဝန်ခံ့ အမှားရယ်က နာလှချည်ရဲ့ ကုလားရယ်ကလေ ထင်တိုင်းကြဲ မြင်တိုင်းဆွဲတော့တာပေါ့၊ မောင်ပိန်တပည့် ငတိကမခေ ရွှေနန်းရယ် အ၀မှာ ဖျက်လို့ ဦးပိန်တဲ့ ဒီတံတား ဆောက်တာတော့ ကောင်းတာပေါ့နော်၊ ဘကြီးတော်နန်း ငွေကုန်ပေမယ့် ဘာကျန်ခဲ့လည်း တံတားတော့ ခုထိရှိသေးတယ်။

ပုဂံကို နန်းချ မင်းတုန်းကို နန်းပေါ်တင်၊ ကနောင်နဲ့ မင်းတုန်း ဇါတ်ခုံပေါ်မှာတော့၊ မင်းတုန်းရယ် မယားများလှတယ်၊ နန်းတော်သစ်က တည်ပြန်ပြီလေ၊ မန္တလေးပေါ့၊ ပိုက်ပိုက်တွေ မနည်းဘူးနော် ကုန်မှာ၊ ကနောင်မှာ အရည်အချင်း ရှိပါရက်နဲ့ စစ်ရေးနဲ့ သာသနာရေးကို ရောထွေးတဲ့ နောင်တော် မင်းတုန်းကြောင့်၊ အနာဂါတ်အရေး စစ်မက်ရေးမှာ ကိုယ်တိုင် စမ်းသပ် ထုတ်လုပ်မယ့် လက်နက်စီမံကိန်း ပျက်စီးရယ်ချုပ်ငြိမ်းတယ်ပေါ့။ မယားများတော့ သားတော်များတဲ့ မင်းတုန်း၊ ကနောင်အိမ်ရှေ့ ခပ်စွေ့စွေ့ပေါ့၊ မင်းတုန်းသေရင် ကနောင် ဘုရင်ပေါ့၊ ဘယ်ကျေနပ်မလည်း မင်းတုန်းသား မြင်ကွန်းကလည်း ဘုရင်ဖြစ်ချင်တော့၊ ကနောင်ကို လန်ကျုတ် လုပ်ကြံတာပေါ့၊ ကနောင်သေပေမယ့်၊ မြင်ကွန်းခုံတိုင် အရေးအခင်း အောင်မြင်လား၊ အောင်မြင်ဘူးရယ်နော်။

ကိုယ်တော် မင်းတုန်း နတ်ရွာပြည်သာ လည်လည်သွားဖို့ အားပြုတုန်းမှာ၊ ဆင်ဖြူရယ်မရှင်က လွတ်တော်ဝန်မင်း အကြီးတွေခေါ် မင်းသားတွေဖမ်း လူသတ်ခန်းကို ရက်ရက်စက်စက် သတ်ကာဖြတ်လို့၊ သီပေါဘုရင် ရုပ်သေးရှင်အား အဟေး... နန်းတင်လိုက်တော့၊ ကုန်ပြီပေါ့ ကုန်ပြီ။

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[mAunG mYo's Heartfelt] 3 New Entries: ပလုတ်တုတ်ကဗျာ

ပလုတ်တုတ်ကဗျာ


ပြောလက်စစကားတွေမကုန်ခင်
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စစုတ်ချက်တွေ မပီပြင်သေးခင်
ငါတို့တွေ ဝေးဝေးသွား…။

သူငယ်ချင်းရေ …
ကျန်းမာရေးဂရုစိုက်ပါ
နွေးနွေးထွေးထွေးနေပါ
အစားအသောက်ဆင်ခြင်ပါ။

မင်းအားငယ်နေတဲ့အခါ
ငါပြေားဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။


မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်။

မင်း
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။

ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေ
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချသ၍
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။

မင်းနဲ့ငါက
ခဏလေးဝေးတာပါ
မင်းရင်မှာငါဆိုတဲ့
အတ္တကြီးတဲ့ကောင်လေးရှိနေသလို။

ငါ့ရင်မှာလည်း အရမ်းအားငယ်တတ်တဲ့
ချစ်ဖို့ကောင်းတဲ့
သူငယ်ချင်းလေးရှိနေရဲ့လေ။

တစ်ခါတစ်ခါ
သံယောဇဉ်တွေကိုစည်းကမ်းပိုပိုချတတ်တဲ့ငါက
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ
လျှော့သွားမှာမဟုတ်ပါဘူးကွယ်။

ငါက ၂၄ နာရီပတ်လုံး
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ်
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူးကွဲ့။

ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်ဟစ်အော်
ငါ့လည်ချောင်းတွေလည်းကွဲရှနေခဲ့ပြီကွဲ့။

ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့ကွယ်။

သူငယ်ချင်းရယ်...
မင်းနဲ့ငါက
ပေတီးတူတူ မလှိမ့်ဘူးပါဘူး
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး။

ဒါပေမဲ့..
ငါ့နံနက်ခင်းတိုင်းမှာမင်းရှိတယ်
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ
မင်းယုံကြည်ပါ။

ငယ်ငယ်တည်းက
နှုတ်ဆက်လက်ပြဖို့ဆိုရင်မဆိုင်ရဲခဲ့တဲ့ကောင်က
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမယ်ဆိုတော့
တုန်လှုပ်နေခဲ့တာကိုမင်းသိမှသိပါလေစ။

ငါ့ကိုခွှင့်လွှတ်ပါ...
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်ဘူး။

သွားမှာသာသွားပါ
မင်းစိတ်ချလက်ချသွားပါ
မင်းကျောခိုင်းခဲ့တဲ့အရပ်ကနေ
မင်းကျောပြင်ကိုငေးရင်း
ငါမင်းအတွက်ဆုတောင်းပေးနေမယ်။

မင်းခြေချတဲ့အရပ်မှာ
မင်းခြေတောက်ကိုအောင်မြင်မှု့တွေကညင်သာစွာနမ်းရှိုက်ပါစေ..

အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ...

တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါးကို
အဆင်သင့်ကြိုဖွင့်ထားပါစေ...

အဲ့ဒီလိုနဲ့ငါတို့
ပြောလက်စစကားတွေမကုန်ခမ်းခင်
ရေးလက်စ စာကြောင်းတွေမဆုံးခင်။

လိုက်ကာက ကျလုပြီ
ဆည်းဆာကခမ်းလုပြီ..

မင်းကျောခိုင်းမဲ့ဟော့ဒီအရပ်မှာ
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်းများစွာ
မင်းကိုစိတ်ချလိုက်ပါရစေဆိုတဲ့
အကြင်နာမျက်ဝန်းပေါင်းများစွာ။

သူငယ်ချင်းရေ…..
မင်းကိုငါ နှုတ်မဆက်တော့ဘူး။

ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မှာ
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်ဝေဆာရင်း
အပြုံးတွေဖလှယ်။

မင်းကိုငါဘယ်လောက်လွမ်းကြောင်း
ငါ့ကိုမင်းဘယ်လောက်သတိရကြောင်း
အဲ့ဒီလိုပေါင်းခံရင်း...

ပခုံးချင်းဖက်ရင်း
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို
မင်းနဲ့အတူတူ
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။

ငါ ……
နှုတ်မဆက်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ။



P>S= သယ်ရင်းလေး ပလုတ်တုတ် ရေးပေးတဲ့ နှုတ်ဆက်ကဗျာလေးပါကျေးဇူး ပလုတ်တုတ်လေး :)


စနေနေ့ကရေကြီးးး

ပြီးခဲ့တဲ့ စနေနေ့က မဲဆောက်မှာရေကြီးတဲ့ ပုံတွေပါ ။ သောကြာညပိုင်းကမိုးရွာတာများမှန်းတော့ သိတယ် ။ဒါပေမယ့် ဒီလိုမျိုးရေကြီးမယ်တော့မထင်မိဘူး စနေနေ့ မနက်ပိုင်း ၉ နာရီလောက်ကစပြီး လမ်းဘေးရေမြောင်းတွေကနေရေတွေ လျှံထွက်လာတာ တော်တော်များတယ်ဗျ တစ်ချို့ အိမ်တွေဆို အောက်ထပ်တွေပါရေတစ်ဝက်လောက်ထိဝင်တယ်။ ရေကြီးလို့  လမ်းပေါ်ထွက်ကြည့်တဲ့သူတွေ လမ်းထဲကချိုင့်တွေမှာ စက်ဘီး ခြေလျှင် ဆိုင်ကယ်သမားတွေ လဲကျတာတွေလည်းရှိတယ် ။ဒီတစ်ခါအိမ်ထဲကိုမ၀င်တာတော်သေး မဟုတ်ရင်တော့ ရေကြောင်းစစ်ဆင်ရေးလုပ်ရရင်သေဖို့ ပဲရှိတယ် ။မီးတွေလည်းဖျက်ထားတော့ အလုပ်လည်းမလုပ်ရရေလျှံတာပဲတစ်နေ့ လုံးထိုင်ကြည့်နေရတယ် ပျော်စရာကြီး :) ညပိုင်းကျတော့ ထိုင်းရောက်မှ ပထမဆုံးအကြိမ်းဖယောင်းတိုင်သုံးရတာပဲ တိတ်ဆိတ်ခြောက်ကပ်စွာနဲ့  စနေညမှာရေမချိုးပဲ အိပ်လိုက်တယ် သန့်ပြီးသားသူတွေဘယ်လိုပဲနေနေ ဘာမှမဖစ်ဘူးး :D













ပုံတွေက ရုံးက အစ်မ သူ့ ဖုန်းနဲ့ ရိုက်ထားတာလေးပါ သိပ်တော့မကောင်းဘူးး ။






ချစ်သူ့ဆန္ဒ



ကြေကွဲပက်လက်
ဝမ်းနည်းမှောက်ခုံ
အသဲကို ပါးပါးလှီး
ငရုပ်ဆီနဲ့ တို့ စား ခံရသလို
ချစ်သူက မထားခဲ့ပါနဲ့  "မောင် " ရယ်တဲ့
မကြိုက်ဘူးဆို နှဖူးကလေးတောင်မနမ်းတော့ပါဘူးဆိုပဲ
ဘီလိုလုပ်ရပါ့.....?????




P>S= အရူးထနေတာ ဘာမှဟုတ်ဘူးး သည်းခံသည်းခံ ကြောက်ဝက်ရူးပြန်နေပါသည် :)



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 1 New Entry: အချစ် တန်ဖိုး

အချစ် တန်ဖိုး


"မောင် ဒီနေ့ ပြန်လာဖို့ အချိန် တကယ်မမီတော့ဘူးလားဟင်" တံခါးဝထိ လိုက်ပို့တဲ့ ဇနီးက မျှော်လင့်ချက် မျက်လုံးနဲ့ သူ့ကိုမေးတယ်။

"ဒီဧည့်သည်က အရေးကြီးတယ်။ မောင်တို့ ဟိုမှာပဲ တည်းဖြစ်လိမ့်မယ်။ မောင့်ကို မစောင့်နဲ့တော့.. မနက်ဖြန်မှပဲ မောင်တို့ထပ်ကျင်းပကြတာပေါ့"

"ဟုတ်ကဲ့ပါမောင်.. ကားကို သတိထား မောင်းအုန်းနော်"

သူမကို သူတစ်ချက်နမ်းလိုက်တယ်။ သူ့အလုပ်အိတ်ကို သူမကားပေါ် တင်ပေးလိုက်တယ်။ ဒီနေ့က သူနဲ့သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တယ်။ သူမကို သူစတွေ့တုန်းက သူမရဲ့ ဖျတ်လတ်မှု၊ အလုပ်အကိုင် ကြိုးစားမှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု၊ စိတ်သဘောထား နူးညံ့သိမ်မွေ့မှုတွေက သူ့ကို ဖမ်းစားခဲ့တယ်။ ဒီနေ့အထိ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်တွေ မှန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။

သူမဟာ ကုန်သည်ရဲ့ ဇနီးကောင်းတစ်ဦးအဖြင့် တာဝန်ကျေခဲ့ပါတယ်။ သူ့အတွက် စိတ်ဓာတ်ခွန်အားတွေ အားပေးကူညီသူဖြစ်ခဲ့တယ်။ မကြာခဏ သူခရီးထွက်နေရလို့ အိမ်တာဝန်ကို တစ်ဦးတည်း ထိန်းသိမ်းခဲ့သူဖြစ်တယ်။ သားနှစ်ယောက်ကလည်း လိမ္မာရေးခြား ရှိလှတယ်။ သားလေးတွေ မွေးတုန်းက သူမ အနားမှာ သူမရှိနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီဘဝမှာ သူတို့အတွက် အရေးကြီးတဲ့ နေ့ရက်ဆိုလို့ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ သူမ ဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီနှစ်ရက်ကို သူမပျက်မကွက် တက်ရမယ်လို့ သူ့ကို သူမ မကြာခဏ စနောက်တတ်တယ်။

သူမရဲ့ အစအနောက်ကို သူ ဂရုမစိုက်ခဲ့မိဘူး။ ခါတိုင်းလိုပဲ သူ့စိတ်ကူး အိပ်မက်တွေအတွက် အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ သူ့စိတ်ကူးအိပ်မက်၊ သူ့ရည်မှန်းချက်နဲ့ သူ့သတ္တိကို သူမအစကတည်းက နားလည်ခဲ့ပါတယ်။ ဒီလောကမှာ သူမဟာ သူ့ကို နားလည်မှု အပေးဆုံးလို့လည်း သူသိထားတယ်။ သူ့ကြိုးစားမှုတွေက သူမအတွက်၊ မိသားစုအတွက်ဆိုတာ သူမ သဘောပေါက်ခဲ့ရင် ဒီညနှစ်ပတ်လည်နေ့မှာ သူပျက်ကွက်ခဲ့တာကို သူမခွင့်လွတ်လိမ့်မယ်လို့ သူယုံကြည်မိတယ်။

ကုမ္ပဏီသွားတဲ့ လမ်းတစ်နေရာမှာ ပန်းအရောင်းဆိုင် တစ်ဆိုင်ကို သူတွေ့လိုက်တယ်။ ကားရပ်ပြီး သူမကြိုက်တဲ့ နှင်းဆီနီကို ၇ ဒါဇင်မှာလိုက်တယ်။ နှင်းဆီတစ်ပွင့်က တစ်လကိုယ်စားပြုတယ်။ ၇နှစ်အတွက် နှင်းဆီပန်းတွေမှာပြီး နေအိမ်လိပ်စာကဒ် ထုတ်ပေးလိုက်တယ်။ သူ့ကိုယ်စား သူမအတွက် ပန်းဆိုင်က သွားရောက်ပို့ပေးဖို့ဖြစ်တယ်။ ပန်းမှာပြီး သူလှည့်အထွက် တံခါးဝမှာ ပန်းအိုးတစ်လုံး ကိုင်ထားတဲ့ အဘိုးအိုတစ်ဦးနဲ့ တိုက်မိခဲ့တယ်။

" ဟာ.. အဘိုး... ဆောရီးပါ။ ဘယ်နား နာသွားပါသလဲ?"

ပျာပျာသလဲ တောင်းပန်တဲ့ သူ့ကို အဘိုးအို ဂရုမစိုက်ဘဲ လက်ထဲ လွတ်ကျခါနီးတဲ့ ပန်းအိုးကိုပဲ အလျှင်အမြန် စစ်ဆေးနေတယ်။

"တော်သေးတယ် .. တော်သေးတယ်။ ဘုရားသခင် ကယ်ပေလို့ ဒီစပယ်ပန်းအိုးလေး ကွဲမသွားတာ" အဘိုးအို တိုးတိုးလေး ရေရွတ်နေတယ်။

"အဘိုး.. အဆင်ပြေလား? ဆေးရုံ လိုက်ပို့စရာလိုပါသလား?" သူထပ်မေးလိုက်ပြန်တယ်။

အဲဒီအချိန်ကျမှ အဘိုးအိုက "မလိုဘူး.. ငါ့သား မလိုဘူး။ အဘိုးအရိုးတွေ မာနေသေးတယ်။ ဘာမှမဖြစ်လောက်ဘူး။ ဒီပန်းက အဘိုးမိတ်ဆွေ စိုက်ထားတာ။ အဘိုးမိန်းမက စပယ်ပန်း ကြိုက်တတ်မှန်းသိလို့ လက်ဆောင်ပေးထားတာ။ သူ့ကို အဘိုး မြန်မြန်ယူသွားပြရမယ်။ ဒီနေ့က အဘိုးတို့ရဲ့ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့လေ။ သူ့အရမ်းပျော်မှာပဲ"

ပြောပြောဆိုဆို ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောကို သူငေးနေမိတယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် သူ့ဇနီးအပေါ်ထားတဲ့ ခံစားချက်၊ သံယောဇဉ် မေတ္တာတွေက ပြည့်နှက်နေဆဲပါလား...

ကုမ္ပဏီဝင်ပြီး ညနေမှာ ဧည့်သည်နဲ့ ချိန်းထားတဲ့နေရာကို သူထွက်လာခဲ့တယ်။ ကားအသွားအလာရှင်းပြီး လမ်းတွေ မပိတ်ခဲ့ပေမယ့် လမ်းဘေးသင်္ချိုင်း တစ်နေရာက မြင်ကွင်းတစ်ခုက သူ့ကားကို ရပ်တန့်စေခဲ့တယ်။ ပန်းအရောင်ဆိုင်ရှေ့က သူတိုက်ခဲ့မိတဲ့ အဘိုးအိုမှာ အုတ်ဂူတစ်လုံးရှေ့ ထိုင်ပြီး မြက်တွေရှင်းနေတာကို တွေ့လိုက်မိတယ်။ စပယ်ပန်းအိုးကို အုတ်ဂူပေါ်မှာ တင်ထားတာ တွေ့လိုက်တယ်။

သူ ဘာမှ စဉ်းစားမနေတော့ဘဲ ကားကို ပြန်ကွေ့လိုက်တယ်။ ပန်းဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲ သူအပြေးဝင်သွားခဲ့တယ်။

"ကျွန်တော်မှာထားတဲ့ပန်း ပို့လိုက်ပြီလား ခင်ဗျာ"

"မပို့ရသေးပါဘူး"

"ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ယူသွားပါ့မယ်"

ကိုယ့်အနားရှိနေချိန်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲ ဆုံးရှုံးသွားမှ လူတွေက နှမြောတတ်ကြတယ်။ ဒီလို နှမြောခြင်းတွေ ကိုယ့်ဆီမှာ မဖြစ်ပွါးဖို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူအတွက် အချိန်တစ်ချိန် ချန်ထားပေးဖို့ မမေ့သင့်ပါဘူး။ ဘဝဆိုတာ နောက်တစ်ကြိမ် ထပ်လာလို့ မရနိုင်ပါဘူး။ နောင်ဘဝ.. နောင်ဘဝသာရှိခဲ့ရင် ဒီထက်ပိုချစ်ပြမယ်လို့ ဂတိတွေပေးနေမယ့်အစား ဘာဖြစ်လို့ ဒီဘဝမှာ ကောင်းကောင်းတန်ဖိုးထားပြီး မချစ်ကြသလဲ? ရွေးချယ်မှုတွေ များနေလို့လား? ရွေးချယ်မှုတွေ များနေခဲ့လို့ပဲ ဘယ်သူ၊ ဘယ်အရာကို တန်ဖိုးထား ချစ်ရမယ်မှန်းမသိဘဲ တွေဝေခဲ့လို့လား?

ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုရှိပါတယ်။ တစ်ခါက ဇနီးမောင်နှံနှစ်ဦးမှာ ဇနီးက ယောက်ျားကို မေးခဲ့တယ်။

"ဒီတသက်မှာ ကိုယ်ကြိုက်တဲ့ ကားတစ်စီးပဲ ဝယ်မယ်။ နောက်ထပ်သစ်လည်း လဲလို့ မရဘူးဆိုရင် ကားကို ဘယ်လိုထိန်းသိမ်းမလဲ?"

"အကောင်းဆုံး စက်ဆီကို သုံးမယ်၊ အချိန်ပြည့် ဂရုစိုက်မယ်၊ အမြဲတမ်း ဆေးကျောမယ်......" ယောက်ျားဖြစ်သူက အကောင်းဆုံးဖြစ်နိုင်မယ့် အရာတွေကို တသီကြီး ပြောခဲ့တယ်။

"ဒီလိုဆိုရင် တစ်သက်မှာ မိန်းမတစ်ယောက်ပဲယူရမယ်၊ လဲလို့မရဘူးဆိုရင်ကော....?"

ဇနီးရဲ့အမေးကြောင်း ယောက်ျားဖြစ်သူ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့တယ်။ နောက် ဇနီးလက်ကို ဆုတ်ကိုင်ပြီး "ငါအဖြေသိပြီ" လို့ ပြန်ဖြေခဲ့တယ်။ ဇနီးကို ကြည့်တဲ့ သူ့အကြည့်မှာ အကြင်နာအခိုးတွေ ပိုပြည့်လျှံသွားခဲ့တယ်။

နိုင်းနိုင်းစနေ

မူရင်း http://www.youthawnt.com.tw

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Moon Thet Pan] 1 New Entry: ဗိုင်းရပ်စ်

ဗိုင်းရပ်စ်

ပုန်းနေတာ လွန်သလား

အမုန်းတွေပွားမှာစိုးလို့ဟာကို

လာမစနဲ့

ငါ့ကိုယ်တွေ ဆပွားတိုးပစ်မယ်

မင်းတို့သေနိုင်တဲ့

အဲဒီအပူချိန်ကို

စွဲမြဲနှစ်ခြိုက်တတ်တဲ့

တကယ်တော့ငါဟာ… ဗိုင်းရပ်စ်

ဘာရယ်မဟုတ်ပါဘူး။ ဓါတ်ခွဲခန်းထဲမှာ PCR အကြောင်း ဆရာ စာသင်နေတုန်း အိပ်ငိုက်လို့ ရေးဖြစ်တဲ့ စာကြောင်းလေးပါ။

မွန်းသက်ပန် (ဆေး-၁)

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[.] 1 New Entry: ဘ၀ကိုအရှုံးမပေးကြေးနော်

ဘ၀ကိုအရှုံးမပေးကြေးနော်

အရှုံးမပေးဘဲ ဘ၀ ကို ကြံ့ကြံ့ ခံ ရင်ဆိုင်ကြရအောင်
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်။
လင်းယုန်ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ၊
အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှ

က်မျိုး။ဒါပေမဲ့
သက်တမ်း၄၀လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ
ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့
သူ့ရဲ့နှုတ်သီးတွေဟာကွေးလာပြီး ရင်ဘတ်နီးပါးထိအောင်စိုက်ကျလာတယ်။
အတောင်ပံတွေဟာ မခတ်နိုင်တော့လောက်အောင် စိုက်ကျလာတယ်။ လက်သည်းတွေဟာ
အလွန်ရှည်လျားလာပြီး အစာရှာဖို့ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာရွေးစရာလမ်းနှစ်ခုရှိတယ်။.........
တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ပဲ သေပွဲဝင်မယ့်နေ့ကိုထိုင်စောင့်ဖို့။
နောက်တစ်ခုကတော့ ကျန်နေတဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း
အသက်ဆက်ရှင်သန်ဖို့။ အဲ ဆက်ပြီးရှင်သန်ဖို့ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို
မဖြစ်မနေ ဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က "Pain and Difficulties"
"နာကျင်မှုနဲ့အခက်အခဲ" ပထမဆုံးကျောက်တောင်ထိပ်ကြီး တွေပေါ်ကို
ပျံသန်းသွားရမယ်။ အဲဒီကျောက်တောင်ထိပ်ပေါ်ရောက်ရင်
နှုတ်သီးကိုကျောက်သားတွေနဲ့ ဖဲ့ရိုက်ချိုးပစ်ရမယ်။ တစ်ခါနှုတ်သီးနဲ့
လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။ ဘယ်လောက်များ နာကျင်လိုက်လေမလဲ။
ဘယ်လောက်များခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူ
ကိုယ်တိုင်လုပ်မှ ရတာမျိုးပေါ့။ ပြီးရင်တော့
ရက်အနည်းနည်းငယ်ကြာကြာတောင်ထိပ်မှာနေပြီး လက်သည်းတွေ၊
နှုတ်သီးတွေပြန်အသစ်ထွက်ပြီး အသားကျလာတဲ့အထိစောင့်ရမယ်။ ပြီးရင်တော့
အဲဒီလင်းယုန်ဟာ ကျန်ရှိတဲ့ သက်တမ်း၃၈နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကိုရွေးချယ်တဲ့ လင်းယုန်တွေအများကြီးရှိပါတယ်။
ညီမတို့ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွားတစ်ခုအတွက်
"နာကျင်မှုနဲ့အခက်အခဲ"ဆိုတဲ့ဖြစ်စဉ်ကိုကျော်နိုင်သေးရင်
ညီမတို့လိုလူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေအရောက်သွားဖို့၊
ဆက်လက်ရှင်သန်နေထိုင်ဖို့ "နာကျင်မှုနဲ့အခက်အခဲ" ဆိုတဲ့
ဖြစ်စဉ်ကိုမဖြစ်မနေ ရင်ဆိုင်ရဲ့ရမှာပေါ့။
ညီမတို့လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို့ တစ်ခါတစ်ရံညီမတို့တတွေ
အရမ်းနာကျင်ကြရမယ်။ အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။ အဲဒီ
"နာကျင်မှုနဲ့အခက်အခဲ"ဆိုတဲ့ဖြစ်စဉ်ကို ညီမတို့အတူ
ဖြတ်ကျော်ကြရအောင်ပါလေ......... ဘာလို့လဲဆိုရင် ညီမတို့အားလုံး
ကျန်တဲ့သက်တမ်းတွေကို အဓိပ္ပါယ်ရှိရှိရှင်သန်ရဦးမှာမို့ပေါ့။
ညီမတို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့် သူတွေမဟုတ်လို့ပေါ့။

especially ....ဘ၀မှာ အခက်အခဲတွေကို တစ်ယောက်တည်း ရင်ဆိုင်နေကြရတဲ့ ဘ၀တူ
သူငယ်ချင်းတစ်ချို့ကို အထူးရည်ရွယ်ပါတယ်...။

You received this email because you are subscribed to the real_time feed for http://maykoko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 2 New Entries: မတရားသည့်အမိန့် အာဏာဟူသမျှတာဝန်အရဖီဆန်ကြ

မတရားသည့်အမိန့် အာဏာဟူသမျှတာဝန်အရဖီဆန်ကြ

အင်းစိန်ထောင် အတွင်း စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးတွင် ခြေထောက်(ပေါင်)တွင်

သေနတ်ထိမှန်ခဲ့ ရပြီး ထောင်ဒဏ် (၄)နှစ်ပါ ကျခံနေရသော N.L.D သင်္ဃန်းကွန်းမြို.နယ်

လူငယ်တစ်ဦး ဖြစ်သူ ကိုမြသန်းထိုက် ကို ၃.၁၁.၂၀၀၈ နေ့နံနက်လေး နာရီ အချိန်တွင်

တောင်ငူထောင် သို့ ပြောင်းရွှေ ပြစ်လိုက် သည်ဟု သိရှိရပါသည်။

အဆောင်များတွင် မတရား အကျဉ်းချခံနေရသော နိုင်ငံရေးလှုပ်ရှားသူများသည်

တခြားပြစ်ဒဏ် များကျခံနေရသော အကျဉ်းသားများ၏ အနိုင်ကျင့်မူ၊မတရားမူ များကို

ခံစားနေရပါသည်။ အခြား ခိုး၊ဆိုး၊လုယက် မူများနှင့်ပြစ်ဒဏ်ကျခံနေရသော သူများကို

အဆောင်တွင် လူကြီးခန့်အကွက်ကျကျ ဖန်တီးကာ နိုင်ငံရေးအကျဉ်းသား များကို နှိပ်စက်၊

မတရား အကောက်ကြံ မူများ ရှိနေပါသည် ဟု ယနေ့၃.၁၁.၂၀၀၈ သင်္ဃန်းကွန်းမြို့နယ်တွင်

ရုံးထုတ်လာသူများမှ ပြောဆိုခဲ့သည်။


အင်းစိန်ထောင်တွင်မတရားဖမ်းဆီးခံရပြီး အမူရင်ဆိုင်နေရသော မနီလာသိန်း၊မမီးမီး၊

မစန္ဒာမင်း(ခ)ရွှီး၊မသက်သက်အောင်၊မမာမာဦးတို. (၅)ဦး သည်တရားရုံးကိုအယုံအကြည်

မရှိ၍ မိမိတို.၏ ရှေ့နေပါဝါ များကို ရုပ်သိမ်း ပြီး ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု ထောင်

ဝင်စာတွေ့စဉ်ပြောဆိုခဲ့ကြသည်ဟုယနေ့ရုံးထုတ်လာသူများထံမှ သိရှိရသည်။

သတင်းစာဆရာကြီးအား အမှတ်တရ ( 4-11-2008)




ဗိုလ်တစ်ထောင်သတင်းစာအယ်ဒီတာချုပ် ရဲ့ အမှတ်တရ စာသားလေးထပ်မံ တင်ပြလိုက်ပါတယ် ။

ခုလိုနိုင်ငံရေးစကားတွေပြောနေတာဟာ
မျက်စိကန်းတစ္ဆေမကြောက်
ပြောနေတာမဟုတ်ဘူး-----
မျက်စိလည်းကောင်းတယ် တစ္ဆေက
ဘယ်လောက်ကြောက်စရာကောင်းတယ်
်ဆိုတာလည်းသိတယ်
ဒါပေမဲ့
သတင်းစာသမားတစ်ယောက်အနေနဲ့ 
ပြီးတော့
နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ 
ပြောသင့်ပြောထိုက်တာကို ပြောရမယ်လို့ 
ယုံကြည်တဲ့အတိုင်း ပြောနေတာ ။

ဦးထိန်လင်း(ဗိုလ်တစ်ထောင်)


You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[May Nyane] 1 New Entry: မြသီလာအလွမ်းပြေ(၁၃)

မြသီလာအလွမ်းပြေ(၁၃)

တခါက (၁၉၉၆အစောပိုင်းလောက်မှာ) ကျမ ဗိုလ်မှူးတယောက်နဲ့ စကားအချေအတင် ပြောဖူးတာလေးကို ဒီနေရာမှာ ဖြတ်ပြီးပြောပြချင်ပါတယ်။ သူက မြန်မာစာတတိယနှစ် အဝေးသင်ကျောင်းသားအဖြစ် ဘားအံကောလိပ်မှာ လာတက်ချိန်။ ကျမက ဘားအံကောလိပ် မှာ ယာယီ တာဝန်ခံ ဌာနမှူးလုပ်နေချိန်။ သူက ကျမကိုပြောပါတယ်။ ကျောင်းသားတွေက ကိုယ့်အလုပ်ကို မလုပ်လို့ ကျနော်တို့က ထိန်းနေရတာတဲ့။ ကျမကသူ့ကို ဆရာမကလည်းဖြစ်နေတော့ ချက်ချင်း ပြန်ပြောလိုက်တယ်။ ဒါဖြင့် ရှင်တို့အလုပ်ကရော လက်နက်မဲ့ကျောင်းသားတွေကို ပစ်သတ်ပြီး ထိန်းဖို့ပေါ့.. ဟုတ်လား.. ပြီးတော့ ကျောင်းသားဆိုတာ ဖြစ်နိုင်ရင် ပျော်ပျော်ပါးပါးနဲ့ ကျောင်းသားဘ၀ကို ဖြတ်ကျော်ချင်တဲ့ သူတွေချည်းပဲ.. မတရားလွန်းလို့.. အနိုင်ကျင့်လွန်း လို့သာ အုံကြွကြရတာ... လို့။

(အဲဒီအချိန်တုန်းက သူက တပည့် ကျမက ဆရာမမို့သာ ကျမ အဖမ်းမခံရတာ ဖြစ်ပါလိမ့်မယ်။ အဲဒီ ဗိုလ်မှူးနာမည် ခုထိ မှတ်မိတုန်း... ပိုပြီး မှတ်မိစရာကောင်းတာက သူ့မိန်းမက RIT က ကျောင်းပြီးတာတဲ့။ ဂျီဟောမှာ နေခဲ့တာတဲ့။ ၁၉၉၄မှာ ကျောင်းပြီးတာတဲ့။ ကျမက ပြောလိုက်သေးတယ်။ ရှင့်မိန်းမက ချီးကျူးစရာပဲ.. ကိုယ့်သူငယ်ချင်းတွေကို ပစ်သတ်ခဲ့တဲ့ စစ်တပ်က လူကို လက်ထပ်နိုင်တာလို့။ သူ ရှူးရှူးရှားရှားဖြစ်သွားတယ်။ ပြီးတော့ ဆရာမ ဒီနေရာမှာ ကျနော်မို့လို့.. တဲ့။ တခြား ဗိုလ်မှူးတွေကို အဲလို မပြောမိပါစေနဲ့တဲ့။ အဲဒီတုန်းက ဘားအံကောလိပ်မှာ ဗိုလ်မှူး ၃ယောက် အဝေးသင်တက်နေတာလေ)။

ကျမ ဒါလေးကို ဖြတ်ပြောရတာ အကြောင်းရှိပါတယ်။ မြသီလာနဲ့ ပတ်သက်ပြီးရေးရင်.. ပျော်စရာတွေ.. လွမ်းမောစရာကောင်းတာတွေ.. ချစ်စရာကောင်းတာတွေပဲ ရေးချင်တာပေါ့။ အထူးသဖြင့် ကျမက ၀တ္ထုတောင် အချစ်အကြောင်းပဲ ရေးချင်တဲ့ စာရေးဆရာ။ ဒါပေမဲ့.. အချစ်အကြောင်းတွေထဲ ဘ၀အမောတွေပါသလို... မြသီလာကို လွမ်းးရင်လည်း သူ့ရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပါ ထည့်လွမ်းရပေလိမ့်မယ်။ မတရားသဖြင့် နှိပ်စက်ဖျက်ဆီး ခံခဲ့ရတဲ့ဘ၀တွေကို ထည့်ပြီးသတိရရပါလိမ့်မယ်။ ဒါမှပဲ မြသီလာအတွက် တာဝန်ကျေမယ် ထင်ပါတယ်။

+++++

တကယ်တော့ စစ်တပ်က RIT ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာဟာ ဦးနေ၀င်းရဲ့ ကျောင်းသား(အထူးသဖြင့် တက္ကသိုလ်ကျောင်းသား)ဆိုတာအပေါ် မကျေနိုင်တဲ့ ရန်ငြိုးကြောင့်ဖြစ်သလို ၁၉၈၇ စက်တင်ဘာ၅ရက် စနေနေ့ကြီးမှာ ၂၅ကျပ်တန်.. ၃၅ကျပ်တန်.. ၇၅ကျပ်တန် ငွေစက္ကူတွေ ဒုတိယအကြိမ် တရားမ၀င်ကြေငြာခဲ့စဉ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဆူဆူပူပူ အလုပ်ခဲ့ဆုံးမို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီစက်တင်ဘာတုန်း ကလည်း အဆောင်ကျောင်းသားကျောင်းသူတွေဆိုရင် ထမင်းစားဖို့ ပိုက်ဆံ မကျန်တော့တဲ့ အထိ ဖြစ်သွားကြရတာပါ။

အဲဒီတုန်းက အင်းစိန်ဈေးဘက်မှာလည်း လုတာယက်တာတွေဖြစ်ပြီး သမ၀ါယမဆိုင်တဆိုင် မီးရှို့ခံရပါတယ်။ မရှေးမနှောင်းမှာပဲ မဆလအစိုးရရဲ့ တာဝန်မဲ့မှုကို မကျေနပ်တဲ့ RIT ကျောင်းသားတချို့က အစိုးရပိုင် မာဇဒါဂျစ်တစီးကို ကျောင်းရှေ့မှာ မီးတင်ရှို့ပစ်ခဲ့ကြပါတယ်။ အဲဒီဂယက်ကြောင့် မန္တလေးမှာပါ ဆန္ဒပြတာတွေ ရှိလာတဲ့အတွက် စာမေးပွဲဖြေနေတုန်း တန်းလန်း ကျောင်းပိတ်လိုက်ရတာလေ။ အဲဒါကိုလည်း ဦးနေ၀င်းက တေးမှတ်ထားခဲ့ပုံ ရပါတယ်။ ဒါကြောင့်ပဲ ခု မတ်လ၁၃ရက်ကိစ္စမှာ ကျောင်းသားတွေရဲ့ အလွန်လည်း မဟုတ်ဘဲ.. ပါမောက္ခချုပ်ဖြေရှင်းရင်တောင်ရနိုင်တဲ့ ကိစ္စလေးကို အကြောင်းပြပြီး အပြစ်မဲ့တဲ့ ကျောင်းသား တွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာ..။ မေ့နိုင်ပါရိုးလားးးး။

+++++

မတ်လ၁၆ရက်ပြီးနောက်ရက်မှာတော့ ကျောင်းတွေက တစပြင်လိုဖြစ်သွားတယ်။ ဆရာဆရာမတွေက ကျောင်းဝင်း လုံခြုံရေးတာဝန်ယူရမယ် တဲ့။ RIT ကိုတော့ စစ်တပ်က ၀င်စီးလိုက်ပြီ။ ကျောင်းသားတွေကို အိမ်တွေပြန်ခိုင်းတယ် တဲ့။ ဒါပေမဲ့ ကျောင်းပိတ်တယ်လို့တော့ မကြေငြာသေး။ ကျောင်းတွေကိုတော့ စစ်တပ်နဲ့ လုံထိန်းတွေက ၀ိုင်းထားပြီ။ ကျမတို့တွေ စစ်သားတွေကြားကနေ ကျောင်းထဲဝင်ကြရတယ်။ ဒီနေရာမှာ RIT လိုပဲ စစ်တပ်က လှိုင်ကျောင်းထဲပါ တပ်စွဲဖို့လုပ်တာ.. တဲ့။ ဆရာကြီးဦးကောင်းညွန့်က "ကျနော့် ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို တာဝန်ယူတယ်.. ဘာမှမဖြစ်စေရဘူး.. တကယ်လို့ စစ်တပ်သာ ကျောင်းထဲရောက်လာရင်တော့ ကျနော် သူတို့ကို ထိန်းနိုင်မယ်လို့ အာမ မခံဘူး" လို့ တပ်က တာဝန်ရှိသူကိုပြောတယ်လို့ ကျမတို့ အစည်းဝေးကတဆင့် သိရပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ စစ်တပ်က လက်ခံပြီး ကျောင်းကွေ့လို့ခေါ်တဲ့ ပြည်လမ်းထောင့် ကျောင်းအ၀င်လမ်းမှာပဲ စစ်တပ်က စောင့်ပါတယ်။ အဲဒီရက်တွေမှာ မသင်္ကာတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ လွယ်အိတ်တွေကိုတော့ လှန်လှောရှာဖွေပါတယ်။

အဲဒီရက်တွေမှာပဲ ရန်ကုန်မြို့လယ်ခေါင်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ရဲ့ ပူးတွဲကြေညာချက်တွေ ပျံ့နှံ့ကုန်ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပြန် ဖွဲ့စည်းကြဖို့ လှုံ့ဆော်ထားတဲ့ စာတွေပေါ့။ တကယ်တော့ အဲဒီစာတွေက စက်တင်ဘာ ငွေစက္ကူပြဿနာ နောက်ပိုင်းကတည်းက တဖြည်းဖြည်း ပျံ့နေခဲ့ တာပါ။ ခုရက်ပိုင်းမှာတော့ အရှိန်တော်တော်မြင့်လာတာပေါ့။

မတ်လ၁၇ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို စစ်တပ်က ၀ိုင်းပြီး တပ်စွဲထားပြီ။ ကျောင်းသားကျောင်းသူ တချို့ကတော့ ထီမထင်တဲ့ မျက်နှာပေးတွေနဲ့ စစ်သားတွေရှေ့မှာပဲ ဖြတ်သွားဖြတ်လာလုပ်နေကြပါတယ်။ ကျောင်းဝင်းထဲ အဓိပတိလမ်းမနဲ့ ဂျပ်စင်မှာတော့ ကျောင်းသားတချို့က တရားပွဲတွေလုပ်နေကြသေးတယ်။ လှိုင်မှာလည်း ကျမတို့ ဆရာမတွေ စစ်သားတွေရှေ့က ဖြတ်ပြီး ကျောင်းထဲဝင်ရတာပေါ့။ ညနေ ၃နာရီလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ၀င်ပေါက်ထွက်ပေါက် အကုန်ပိတ်ပစ်လိုက်ပြီး ကျောင်းထဲမှာ မိသမျှ ကျောင်းသားကျောင်းသူတွေကို ဖမ်းပါတယ်။ ပြီးတော့ ထောင်ကားနဲ့တင်ခေါ်သွားပါတယ်။ အဲဒီညမှာပဲ ကျောင်းတွေရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကြေငြာတယ်ထင်တာပဲ။ အဲဒီနေ့မှာပဲ ပိတ်သွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ၀င်းတံခါးတော်တော်များဟာ ဒီနေ့ထက်ထိ ပြန်ပွင့်မလာကြတော့တာပါ။

တံခါးတွေ အပိတ်ခံထားရတဲ့အထဲ နာဂစ်ကပါ ဒုက္ခပေးတာ ခံထားရတဲ့ မြသီလာ

၁၈ရက်နေ့ သောကြာနေ့မှာ ကျောင်းသားတွေကို ဓာတ်ပုံတွေနဲ့တိုက်စစ်ပြီး ဖမ်းခေါ်တယ် ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ နောက်တော့ ၁၆ရက်နေ့တုန်းက ကျောင်းထဲကနေ အလုံပိတ်ကားနဲ့ အပြည့်အသိပ် ဖမ်းခေါ်သွားခံရတဲ့ ကျောင်းသားကျောင်းသူတချို့ အသက်ရှူကျပ်ပြီး သေဆုံးကုန်တယ်ဆိုတာတွေ ကြားလာရတယ်။ (အဲဒီသတင်းဟာလည်း အမှန်ပါပဲ)။ ကျောင်းဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ သွေးပျက်လာ ကြတယ်။ နေ့လယ်ခင်းကျတော့ မြို့ထဲ ဆူးလေတ၀ိုက်နဲ့ မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတချို့ ဆန္ဒပြတယ်.. စာဝေတယ်.. စာကပ်တယ်.. တရားဟောတယ်လို့ အိမ်က ကျမဆီ ဖုန်းဆက်ပြောတယ်။ (ကိုတင်အေးကတော့ မြို့တော်ခန်းမရှေ့မှာ တရားဟောတာ တက္ကသိုလ်ကျောင်းသူ မိုင်နီနီအောင်လို့ ပြောပါတယ်။) နောက်တော့ ပြည်သူ့ကုန်တိုက်ကို မီးရှို့တယ်လို့လည်း ပြောပါတယ်။ ကျမ ညနေ အိမ်ပြန် ရောက်ချိန်မှာတော့ မြို့ထဲ မြင်မြင်သမျှ လူငယ်တွေကို ဖမ်းပြီး ထောင်ကားနဲ့ ခေါ်သွားတယ်ဆိုတာ ကြားရတော့တာပါပဲ။

အဲလိုနဲ့ တနင်္လာနေ့မှာ ဂျူတီအရ ကျမကျောင်းကိုလာတော့ ကျောင်းဝန်းကျင်မှာ အိပ်ငိုက်နေတဲ့ စစ်သားတစုနဲ့ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ကျောင်းဝင်းကြီးကိုသာ ကျမ တွေ့ရပါတော့တယ်။ ကိုဖုန်းမော်အရေးအခင်းဟာ အဲဒီရက်တွေထဲမှာတော့ တိတ်ဆိတ် ပြီးဆုံးသွားခဲ့ပါတယ်။ အဲသလိုပဲ ကိုဖုန်းမော်ရဲ့ ဈာပနဟာလည်း တိတ်ဆိတ်ခြောက်ကပ်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ်။ (မြန်မာနိုင်ငံကျောင်းသားတွေ အဲလိုနဲ့ အမှန်တရားနဲ့ တရားမျှတမှု အတွက် ပေးဆပ်ခဲ့ကြရတာ.. ၆၂၊ ၇၄၊ ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ စက်တင်ဘာ)

ဒါပေမဲ့ ကိုဖုန်းမော်ကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲသမိုင်းထဲမှာ ကျည်ကျည်လောင်လောင် မြည်ဟီး ထင်ကျန်ခဲ့တယ်ဆိုတာကတော့ ခုချိန်ထိ အထင်အရှား ပါပဲလေ။

+++++

အဲလိုနဲ့ ကျောင်းထဲမှာ ဆရာဆရာမတွေချည်းပဲ ကျန်ခဲ့ပြီး ပုံမှန် ရုံးးတက်ရမယ်.. စာတမ်းတွေ ဖတ်ရမယ်.. သင်ကြားရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းတွေ လုပ်ရမယ်ဆိုတာတွေ ရှိလာပါတယ်။ စိတ်မကောင်းစရာ ကောင်းတာကတော့ ကိုဖုန်းမော်ရဲ့ ပြဿနာတောင် မှိန်ဖျော့သွားခဲ့တာပါပဲ။ RIT ကျောင်းကြီးတောင် ရုံးသမားတွေ ဆရာဆရာမတွေနဲ့ ပုံမှန်လည်ပတ်နေသယောင်။ ဒါပေမဲ့ ပုံမှန်မဟုတ်တာကိုတော့ ကျောင်းနဲ့မဆိုင်တဲ့ စစ်တပ်ကို ကျောင်းနဲ့ ပူးတွဲတွေ့နေရတာက သက်သေပါပဲ။ ဒါကိုက အလွယ်တကူ မေ့ပျောက်မရဘူးဆိုတဲ့ အမှတ်အသားပဲ မဟုတ်လား။ အဲလိုနဲ့ ဆရာမတွေအတွက် နွေရာသီနားရက် Vacation ကာလ ရောက်လာပါတယ်။ အသီးသီး ကိုယ့်အိမ်ကိုယ်ယာတွေဆီ ပြန်ကြပေါ့။

ဒီနေရာမှာ ပြဿနာကတော့ ကျမပါ။ စီစဉ်ထားတဲ့အတိုင်း မေလမှာ မင်္ဂလာက ဆောင်ရတော့မှာ..။ ဒါပေမဲ့ စိတ်ထဲမှာက လေးလေးလံလံ.. ဘာလို့မှန်းလဲ မသိပါဘူး။ နောက်ဆုံးတော့ ပြောထားဆိုထားတဲ့အတိုင်း မင်္ဂလာဆောင်မယ်ပေါ့။ ကျမက ကျောင်းတွေ ဇွန်မှာတော့ ပြန်ဖွင့်မှာပါ... အဲဒီအခါ သူငယ်ချင်းတွေစုံမှာဆိုပြီး ဇွန်လမှာ မင်္ဂလာပွဲလုပ်ဖို့ ဆုံးဖြတ်ပါတယ်။ ပြီးတော့ မင်္ဂလာဆောင်အတွက် ပြင်ဆင်ပေါ့.. (ခုပြန်တွေးရင်တော့ စိတ်ထဲ မသက်သာ.. အားတုံ့အားနာ)။

+++++

၈၈ရဲ့ သင်္ကြန်ရက်တွေ ရောက်လာတော့ ရန်ကုန်ဟာ အားလုံးကို မေ့ခဲ့ပြီ။ လမ်းပေါ်မှာ ဆူဆူညံညံ ပျော်ပါးမပျက်။

အဲဒီသင်္ကြန်တရက် ကျမမြို့ထဲရောက်တုန်း ကျမအတွက် သတို့သမီးအင်္ကျီချုပ်ပေးတဲ့ အန်တီအေး(အဲဒီတုန်းက ဆရာမင်းသိင်္ခရဲ့ ဇနီးပါ) ဆီ ၀င်ပါတယ်။ သူတို့က ဗိုလ်ချုပ်ဈေးရှေ့နားက လေးထပ်တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ နေပါတယ်။ ကျမ အိမ်ပေါ်ရောက်တော့ ဆရာက ၀ရံတာမှာ ရပ်နေပါ တယ်။ ကျမတို့ သူငယ်ချင်းတွေ အန်တီအေးနဲ့ စကားပြောနေတုန်း ဆရာက ကျမတို့ကို နှုတ်ဆက်ရင်း ဒီနှစ်သင်္ကြန်ထူးတယ်ဆရာမတို့..တဲ့။ ဟုတ်လားဆရာ.. ဘယ်လိုထူးတာလဲလို့ ကျမတို့က ပြန်မေးတော့ ဆရာက.. သင်္ကြန်လည်တဲ့ကားတွေမှာ လူငယ်တွေက နဖူးစီးတွေနဲ့ အော်ဟစ်ပြီး အလံတွေလည်း အမျိုးမျိုးထောင်ကိုင်ကြတယ်... နဖူးစီးတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် အနီကဲတယ်... ကျနော် အဲဒါကို သဘောမကျဘူး... အဲဒါ တိုက်ပွဲဖြစ်နေတာနဲ့ တူနေတယ်... နိမိတ်တခုလိုဖြစ်နေတယ်... တိုင်းပြည်အရေး ကလည်း အေးသေးတာမဟုတ်ဘူး... တဲ့။ အမှန်အတိုင်းပြောရရင် ကျမက အဲဒီတုန်းက ပေါ့ပေါ့ပါးပါးပဲ ဟုတ်လား ဆရာပေါ့.. ။

ဒါပေမဲ့ ပြောရရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ ၈၈ ဟာ မြန်မာတပြည်လုံး အော်ဟစ်ကြွေးကျော်.. အလံတွေ စာတန်းတွေကိုင်ဆွဲ.. နဖူးစီးတပ်ထားတဲ့ လူငယ်တွေက ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲ နွှဲရတဲ့ သမိုင်းဝင် နှစ်ကာလ ဖြစ်ခဲ့ပါရောလား..။

+++++

You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 1 New Entry: ၀န်ကြီး ဦးအောင်သောင်း ဒုတိယအကြိမ် မူးမေ့သတိလစ်

ဝန်ကြီး ဦးအောင်သောင်း ဒုတိယအကြိမ် မူးမေ့သတိလစ်

NEJ/ ၄ နိုဝင်ဘာ ၂၀၀၈

စက်မှု (၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် အောက်တိုဘာ ၁၇ ရက်ညက မန္တလေးမြို့  ဘီယာချက်စက်ရုံ ဧည့်ရိပ်သာမှာ တည်းခိုနေစဉ် မူးမေ့သတိလစ် သွားသည့်အတွက် အရေးပေါ် ဆရာဝန်ခေါ်ကုသခဲ့ရသည်ဟု ဦးအောင်သောင်း၏ လက်ထောက်အရာရှိများ က ပြောသည်။

အသက် (၇၂) နှစ်ရှိ ၀န်ကြီး ဦးအောင်သောင်း မူးမေ့လဲသွားသည်မှာ တလအတွင်း ဒုတိယအကြိမ်ဖြစ်သည်။ အောက်တိုဘာ ၇ ရက်နေ့ကလည်း နေပြည်တော် စက်မှု (၁)၀န်ကြီးရုံးသို့ ရုံးတက်ရန်အလာ ၀န်ကြီး ဦးအောင်သောင်း ရုတ်တရက် သတိလစ် မူးလဲသွားသဖြင့် ရုံးပေါ်သို့ တွဲတင်ယူခဲ့ရသည်။

ဝန်ကြီးဦးအောင်သောင်းသည် မကြာခင် စင်္ကာပူသို့ဆေးကုသွားရန် ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ တင်ပြထားပြီး နိုဝင်ဘာလလယ်ပိုင်းတွင် စင်္ကာပူနိုင်ငံသို့ သွားရောက်မည်ဟု စုံစမ်းသိရသည်။

ဝန်ကြီးဦးအောင်သောင်းသည် မန္တလေးမြို့ ရောက်ရှိနေစဉ်အတွင်း ကြံဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီအတွက် မန္တလေးတိုင်းမှ စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ခံ စက်ရုံမှူးများအားလုံးကို ပါတီကေဒါများကဲ့သို့ စည်းရုံးရေးလုပ်ရန် တာဝန်ပေးခဲ့ပြီး ကုန်ကျစရိတ်ကိုလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် ရအောင်ရှာသုံးရန် ဖိအားပေးခဲ့သည်ဟု စက်ရုံမှူးသတင်းရပ်ကွက်က ပြောသည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

=?utf-8?Q?=5bWe_Fight_We_Win=2e__=e1=80=a1=e1=80=90=e1=80=b6=e1=80=af=e1=80=b8=e1=80=a1=e1=80=9b=e1=80=b6=e1=80=af=e1=80=b8=e1=80=b1=e1=80=90=e1=80=bc=e1=81=be=e1=80=80=e1=80=ac=e1=80=b8=e1=80=99=e1=80=bd=e1=80=ac_=e1=80=9b=e1=80=bc=e1=80=90=e1=80=b9=e1=80=9b=e1=80=bc=e1=80=90=e1=80=b9=e1=80=81=e1=80=ba=e1=80=bc=e1=80=b6_=e1=80=81=e1=80=ba=e1=80=bc=e1=80=b6=e1=80=81=e1=80=af=e1=80=81=e1=80=b6=e1=80=b1=e1=80=94=e1=80=90=e1=80=b2=e1=80=b7_=e1=80=98=e1=80=b1=e1=80=9c=e1=80=ac=e1=80=80=e1=80=b9=5d_=31_New_Entry=3a_=e1=80=bb=e1=80=99=e1=80=94=e1=80=b9=e1=80=99=e1=80=ac=e1=80=b7=e1=80=b1=e1=80=9b_=e1=80=95=e1=80=ad=e1=80=af=e1=80=84=e1=80=b9=e1=80=94=e1=80=80=e1=80=b9_=e1=80=a1=e1=80=90=e1=80=bc=e1=80=84=e1=80=b9=e1=80=b8_=e1=81=80=e1=80=84=e1=80=b9=e1=80=b1=e1=80=9b=e1=80=ac=e1=80=80=e1=80=b9=e1=80=9c=e1=80=ac=e1=80=90=e1=80=b2=e1=80=b7_=e1=80=98=e1=80=82=e1=81=a4=e1=80=9c=e1=80=ac=e1=80=b1=e1=80=92=e1=80=b7=e1=80=b7=e1=80=9b=e1=80=bd=e1=80=b9_=e1=80=85=e1=80=85=e1=80=b9=e1=80=9e =e1=80=b1=e1=80=98=e1=80=ac=e1=81=a4=e1=80=99=e1=80=ba=e1=80=ac=e1=80=b8_=e1=80=95=e1=80=b6=e1=80=af?=

မြန်မာ့ရေ ပိုင်နက် အတွင်း ၀င်ရောက်လာတဲ့ ဘင်္ဂလာဒေ့ရှ် စစ်သဘောင်္များ ပုံ


မိုးသီးဇွန်
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ဟာ အိမ်နီးနားခြင်းဆိုပေမဲ့  နီးရက်နဲ့ ဝေး နေသူတွေဖြစ်တယ်။ ကိုလိုနီ ကျွန်ပြုခံခဲ့ရတဲ့ သမိုင်းနောက်ခံခြင်းနီးစပ်ပါတယ်။ ဒါပေမဲ သူစိမ်းတွေမဟုတ်ပေမဲ့ ရင်းနှီးသူတွေဖြစ်မလာတာတော့ ဘာသာရေးနဲ့ မျိုးနွယ်စုမတူခြားနား မှု ဟာ တခုအပါဝင် တခုအပါဝင်ဖြစ်တယ်။ နစ် နိင်ငံလုံးဟာ အာဏာရှင်တွေရဲ့ အောက်မှာ ဒီမိုကရေစီဆုတ်သုန်း ဖွင့်ဖြိုးမှုနှောင့်နှေး နေခဲ့ကြတယ်။




ဒါပေမဲ့ နအဖ တွေလက်ထက်မှာတော့ ဘင်္ဂလားဒေါရှ်နဲ့ မြန်မာဟာ နယ်စပ်ကုန်သွယ်မှု ရှိလာတယ်။ အထီးကျန်ဖြစ်နေတဲ့ြ့မန်မာစစ်ခေါင်းဆောင်တွေ အဖို့ ဘင်္ဂလားဒေ့ရှ်ဟာ မေးထူးခေါ်ပြော စရာ အိမ်နီးနားခြင်းဖြစ်လာတော့တယ်။ မကြာသေခင်ကပဲ မောင်အေး ဟာ ဘင်္ဂလားဒေ့ရှ်ကို သွားခဲ့တယ်။ နယ်စပ်ကုန်သွယ်ရေး မြန်မာလယ်ယာမြေတွေကို ဘင်္ဂလားဒေ့ရှ် ကိုငှားရမ်းဖို့ ကိစ္စတွေ သွားရောက်ဆွေးနွေးခဲ့ ပါသေးတယ်။ ဒါပေမဲ့ အခုတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာဟာ ကမ်လွန်ရေပိုင်နက် ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်လာပါတယ်။ မြန်မာ့ ပင်လယ်က ကြွယ်ဝလှတဲ့ သဘ၀ဓါတ်ငွေ ထွက်ရှိမှု ကို ဘင်္ဂလားဒေ့ရှ်ဖက်က မျက်စေ့ကျနေပါတယ်။ စောင့်ကြည့် မှုတွေ လုပ်နေတာ ၄ နစ်ခန့် ရှိနေ ပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် က မြန်မာစစ်အစိုးရ သဘ၀ ဓါတ်ငွေရှာ ဖွေနေတဲ့ ရေပိုင်နက်ဟာ သူတို့ ရေပိုင်နက်ဖြစ်တယ်လို့  ကြေညာလာတယ်။ စစ်သဘောင်္သုံးစင် စေလွတ်ခဲ့တယ်။ အရေးယူဆောင်ရွက်မှု အားလုံး ( All Possible Measures) ကို လုပ်ဆောင်မယ် လို့ ဆိုပါတယ်။ နိင်ငံခြားဆက်ဆံရေး သီအိုရီတွေ အနေနဲ့  ကြည့် မယ်ဆိုရင်။ ဒီစကားဟာ စိန်ခေါ် လိုက်တဲ့ စကားဖြစ်ပါတယ်။
ဒါက ရေပိုင်နက်ဟာ သူတို့ လည်း သက်ဆိုင်နေတယ်လို့  အတိအလင်း ပြသလိုက်တဲ့ သဘောာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က အဆင့်မြင့် သံတမန်တွေ ကိုမြန်မာ ပြည်ကို စေလွတ်ဖို့ စီစဉ်နေပါတယ်။ တင်းမာမှု ကိုလျော့ချ ဖို့ ကြိုးပန်းတာဖြစ်နိင်တယ်။ နိင်ငံခြားရေးဝန်ကြီး အီဖက်ခါ အာမက် ချောင်ဒရီ က အချုပ်အခြာ အာဏာ ကို ကာကွယ်ဖို့ အတွက် ဖြစ်နိင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံ ကိုသုံးမယ်လို့  ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်နိင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံ ဆိုတာ က တော့ လိုအပ်လာရင် စစ်ပြင်ဆင်နိင်တယ်လို့  သူတို့ ရဲ့ အနေအထားကို အခိုင်အမာ ပြသာထားတာ လို့ နားလည်နိင်ဖတယ်။ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး သမိုင်းမှာ ဒီလောက် ပြင်းထန် တဲ့ အနေအထားကို တခါမှ မကြုံဘူးသေးတာအမှန်ပဲ။
မြန်မာ စစ်အစိုးရရဲ့  နိင်ငံတကာ ၀ိုင်းကျဉ်းခံထားရမှု စီးပွားရေးအကြပ်ရိုက်မှုနဲ့  ပြည်တွင်းရေး မတည်ငြိမ်မှု သုံးစားလို့ မရတဲ့  စစ်တပ်ရဲ့ တိုက်စွမ်းရည် တွေကို ဘင်္ဂလားဒေ့ရှ် ဖက်က ထည့် သွင်းစဉ်းစားထားပုံရနေပြီဖြစ်ပါတယ်။ အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲ အထိ ဘင်္ဂလားဒေ့ရှ် စစ်သဘောင်္တွေ နေရာယူထားလိုက်ပုံက ပြင်ဆင်မှု ရှိနေတာကို ပြသနေတယ်။ အဲဒီနေရာမှာကိုရီးယား လေ့လာရေး အဖွဲ့ နဲ့ အရပ်သား သင်္ဘောတွေရှိတယ်။ မလှမ်းမကမ်းမှာ မြန်မာရေတပ် စစ်သဘောင်္ နစ်စီးလည်း ရှိပါတယ်။ အခြေအနေက တော့ထိပ်တိုက် အနေထား တော့ရှိနေပြီဖြစ်ပါတယ်။ ငါတို့ ဟာ တိုက်ပွဲ ၀င်ဖို့ အစွမ်ကုန် ပြင်ထားပြီး ဆိုတာကို မြန်မာ တွေက သဘောပေါက်ဖို့ လိုတယ်။ အခြေအနေကို ဒီထက်ပို မဆိုးစေ ခြင်းဘူးဆိုရင် သဘောင်္တွေကို နောက်ပြန်ဆုတ်ပေးဖို့ တောင်းဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် ဖက်က သတိပေးနေပါတယ် လို့  နိင်ငံခြားရေး ဌာန အတွင်း ရေးမှုး တာခ်ျ ဟူစိန် က ဒတ်ကာ မှာ ရှိတဲ့ မြန်မာ သံအမတ် ဦး ဖေသန်း ဦး ကို ဆင့်ခေါ် ပြောလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့  ဘင်္ဂလားပင်လယ်အော်မှာ လုပ်နေတဲ့ သဘ၀ ဓါတ်ငွေ့  ရှာဖွေနေတာတွေကို ချက်ခြင်း ရပ်ဆိုက် ဖို့  ရာဇသံ ပေးလိုက် ပါတယ်။
ဒီရာဇ သံက မြန်မာ စစ်အစိုးရ နဲ့ မြန်မာ့ တပ်မတော်ရဲ့ တိုက်စွမ်းရည် ဘယ်လောက်ရှိသလဲ ဆိုတာ ကိုလက်တွေ မြင်တွေ့ ခွင့်ရတော့မှာပါ။ လက်နက်မဲ့ သဃာတွေ နဲ့  ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖူးတာ ကလွဲလို့  စစ်ကိုကောင်းကောင်းတိုက်တတ်တဲ့ တပ်မတော် တခု မဟုတ်ပါဘူး။ မြန်မာ့ တပ်မတော်ဟာ နိင်ငံခြားတပ်တွေ နဲ့  တိုက်ခိုက်ဘူးတဲ့အတွေ့ အကြုံ တခါမှ မရှိသေးပါဘူး။ မြန်မာတပ်တော်က ဗိုလ်ချုပ်တွေ ဆိုတာ တပ်စုတိုက်ပွဲ တပ်ခွဲ တိုက်ပွဲ ကလွဲ လို မဟာဗျူဟာ မြောက် ကြည်းရေလေ တိုက်ပွဲ ကြီးတွေ ကိုဘယ်လို ဆင်နွဲ ရမယ်ဆိုတာ နားမလည် သူတွေဖြစ်တဲ့ နိင်ငံရေးလုပ် စားနေတဲ့ ဗိုလ်ချုပ်တွေမျှသာ ဖြစ်ပါတယ်။ သောက်ပြော ကြီးလှ တဲ့ ဗမာတပ်မတော်ဟာ ဘင်္ဂလား ပယ်လယ်က သေမင်း ခေါ်သံ ( သို့ မဟုတ် ) မိမိရေပိုင်နက် ကို ကျူးကျော်လာတဲ့ ဘင်္ဂလားဒေ့ရှ် စစ်သဘောင်္သုံးစင်ံကို ဘယ်လို တုန်ပြန်လာမလည်းဆိုတာ စောင့်ကြည့် ကြပါစို့ ။

( ဓါတ်ပုံ - ဘင်္ဂလားဒေ့ရှ် စစ်သဘောင်္ ပြစ်ခတ်လေ့ကျင့်နေပုံ နှင့် မြန်မာ ရေပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် စစ်သဘော် ကိုတွေ့ ရစဉ် )

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Maya Magazine] 1 New Entry: ထားခဲ့ပါဆရာရေးသူ- နုနုရည် (အင်းဝ)

ထားခဲ့ပါဆရာရေးသူ- နုနုရည် (အင်းဝ)



အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို.... ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။
နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။
သိပ်လှတာပဲ။
ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။
ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။
သူများတွေပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။


'ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ' တဲ့။
ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်က မျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိတ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိတ်ပြောတတ်တာပဲ။
တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ 'ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား' ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။
စကားအလှတန်ဆာ မဆင်တတ်ဘူး။
'ဟင့်အင်း.... ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ' လို့ ပြောတော့ 'ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိတ်စိတ်ချမ်းသာ တာပဲ' တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင် တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေးရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။
ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်း ချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ် ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ၀ိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
'ဟဲ့... ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့... ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ်... ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး.... ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံ ယူလိုက်စမ်း....'
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ 'မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ' ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
'ကျွန်မ နိုးပီ အမေရေ့..... ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်'
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း... ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေး က လက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
'မိထွေး... နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ'
'ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်'
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ် က အမြဲ အလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ် နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
'မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့'
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိ အောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
'ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူက ခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော'
'တလုံး'
အမေရဲ့ 'ဘာဟဲ့' ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
'ဟဲ့.... လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ'
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက 'ကျွပ်' ခနဲ စုတ်သပ်ပြီး 'အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့' လို့ ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး-
'နင့်..... အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့် လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ'
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့......
'ဟဲ့.... အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အ၀င်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အ၀င်းတခေါက်လာသေးတယ်'
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
'ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ'
အ၀င်းနဲ့ ကျွန်မက ၀လုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အ၀င်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အ၀တ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
'ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား'
'ရတယ်အမေ... ကျွန်မနင်းနိုင်တယ်' ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အ၀င်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အ၀င်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင် တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
'ဟဲ့... အေးသစ် နင် နေကောင်းသွားပြီလား'
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အ၀င်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း....
'နင်.... မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်... နင်ခုဘယ် သွားမလို့လဲ'
'အမေ့အတွက် မြေနေရာ သွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား....'
'နင်တယောက်ထည်းလား'
'ဟင့်အင်း... ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး'
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစက မလိုက်ဘဲ နေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ်မှာ ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ ... သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာမှတ်လို့နော်.....။
အ၀င်းရယ်၊ ကျွန်မရယ်၊ အ၀င်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော.. ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အ၀င်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအ၀င်အ၀ကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအ၀င်အ၀မှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
'အေးသစ်ရေ... မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ'
အ၀င်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အ၀င်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ၀င်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ၀င်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့ နေရာ လာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အ၀င်းမောင်လေးက 'ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး' လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
'ဦးကြီး... ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ' သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
'နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ'
အ၀င်းဆီက 'ဒေါ်သိန်းခင်' ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
'အော်.... ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ'
အ၀င်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး....
'ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်'
'အေးပါ'
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
'အဲဒါပဲကွ' တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
'ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ'
'ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ'
အ၀င်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက်ကို တယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့ လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို... ဘုရားရေ.... ကျွန်မတို့ကို ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ်ခုန်လာတယ်။ အားကိုးရာတခုလို အ၀င်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ.... သူ အဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
'ဆရာ'
အို.... ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ၀င်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်းသူထွက်သွားခဲ့ပြီ ဆရာရယ်....။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိတ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။

နုနုရည် (အင်းဝ)။
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ။
လွန်ခဲ့တဲ့ ၁၈ နှစ်၊ ၁၉၉၀ နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပေမယ့် စာဖတ် ပရိသတ် ဖတ်ခွင့်မရခဲ့တဲ့ ၀တ္ထုလေးပေါ့။

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My Burmese Blog] 3 New Entries: Laser Engrave Designs

Laser Engrave Designs

ဒီနေ့ ဆိုဒ်တွေလိုက်ကြည့်ရင်း Engrave Your Tech ဆိုတဲ့ ဆိုဒ်တစ်ခု ၀င်ကြည့်ဖြစ်တယ်.. အဲဒီ ဆိုဒ်က Design လုပ်တဲ့ဆိုဒ် တစ်ခုပါ။ သူလုပ်ထားတဲ့ ဒီဇိုင်းတချို့ကို Laptop Sleevs, Skins & Stickers ဆိုတဲ့ ပို့စ်မှာ ကတဲက တချို့ မြင်ခဲ့ဖူးတယ်။ ဆိုဒ်ကတော့ အခုမှ ကြည့်ဖြစ်တာ.. လေဆာနဲ့ ဒီဇိုင်းတွေ လုပ်တာ အရမ်းမြန်တယ်. ဒီဇိုင်းနာရဲ့ ဒီဇိုင်းတွေကလဲ လှတယ်။ Design Process တချို့ကို Vimeo မှာ ကြည့်လို့လဲ ရတယ်။



laser engraved powerbook from jundulate on Vimeo.


New to the Artist series: RAZAUNO! from jundulate on Vimeo.


Related Posts

Three Billion Photos At Flickr

flickr မှာ ဒီနေ့ 3 Billion မြောက် ဓာတ်ပုံကို user name Garrett Ryan Smith က ဒီနေ့ တင်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံ sharing ဆိုဒ် flickr က Social Networking Site facebook ရဲ့ ဓာတ်ပုံပေါင်း 10 billion ကိုတော့ မကျော်နိုင်သေးပါဘူး။ လွန်ခဲ့တဲ့ 8 လပိုင်းတုန်းက flickr က 888 contest လဲ လုပ်ခဲ့ပါသေးတယ်။

Via : TechCrunch
Related Posts

  • No Related Post

3D + Adobe Photoshop

ဟိုတနေ့ညက ကျွန်တော် တော်တော် နေမကောင်း ဖြစ်နေခဲ့တယ်.. အင်တာနက် ကဖေးသွားဖို့ စိတ်က စဉ်းစားပေမယ့် လူက မတ်တတ်တောင် မရပ်နိုင်တော့ဘူး။ ညာဘက် ခြေထောက်က မတ်တတ်ရပ်ဖို့ မစွမ်းနိုင်တော့ဘူး.. ဒါနဲ့ အိမ်ထဲမှာပဲ ခဏ လှဲနေလိုက်ပြီး ခဏနေတော့ ဆရာဝန်တွေ ပေးလိုက်တဲ့ ဆေးမျိုးစုံ တစ်ဒါဇင်လောက် သောက်လိုက်ပြီး ဘာလုပ်ရမလဲ စဉ်းစားရင်း ဘလော့ဂ်မှာ banner လဲဖို့ ပုံဆွဲ ကြည့်ဦးမယ်လို့ စိတ်ကူးရတာနဲ့ 3DS Max ဖွင့်လိုက်တယ်.. ဘာပုံဆွဲရမလဲ စဉ်းစားပြီး tools တချို့နဲ့ ဆွဲကြည့်တယ် မရဘူး တော်တော်ရှုပ်တယ် အမှန်တော့ ဒီအတိုင်းစမ်းကြည့်နေတာပဲ ရှိတာ သုံးတတ်တာ မဟုတ်ဘူး။ ဒါနဲ့ နောက်မှ အခွေနဲ့ ကိုယ့်ဖာသာ သင်ဦးမယ်ဆိုပြီး ရပ်လိုက်တယ်။


Maya သုံးကြည့်ဖို့ ကြံသေးတယ် မဖြစ်သေးပါဘူး သူလဲ သိပ်နားမလည်ဘူး.. ဒါနဲ့ Xara နဲ့
3D စာလုံးပုံစံ တချို့ လုပ်ကြည့်လိုက်တယ် လိုချင်တဲ့ အနေအထားရအောင် တော်တော်ကြာကြာ ပြင်ယူလိုက်ပြီး Photoshop မှာ ပြန်ထည့်တယ် နောက် retouch ပြန်လုပ်တယ်။ နောက် လုပ်နေကြအတိုင်း ထင်ရာ လျှောက်လုပ်လိုက်တယ်။ ကာလာပြန်ချိန်လိုက်ရ အလင်း၊ အမှောင် ပြန်ချိန်လိုက်ရနဲ့ ၂ နာရီ လောက် အချိန်ကြာသွားတော့ အပေါ်က လုပ်ထားတဲ့ wallpaper တစ်ခုရတယ်။

ပထမလုပ်ဖို့ စဉ်းစားတုန်းက ဘလော့ဂ် အတွက် ဘန်နာ လုပ်ဖို့ ကနေ wallpaper ဖြစ်သွားတာ.. မဆီမဆိုင် ဒီ wallpaper ကို နောက်လ အတွက် SmashingMagazine ကို ပို့ရင် ကောင်းမလား စဉ်းစားမိသေးတယ်။ မဖြစ်သေးပါဘူးလို့ ကိုယ့်ဆိုဒ်က အခု လောလောဆယ် စုတ်ပြတ်သတ်နေတာ.. ဘာမှလဲ မလုပ်ရသေးဘူး တဲထိုးထားတဲ့ သဘောပဲရှိတာ.. အမှန်တော့ ဟိုက ရွေးမယ် မရွေးဘူးတောင် မသေချာဘဲ ကိုယ့်ဘာသာ လျောက်တွေးနေတာ :D ဒါနဲ့ ပုံကို banner ဆိုဒ်ဖြစ်အောင် ပြောင်းတယ် နောက် ဘာထည့်ရင်ကောင်းမလဲ စဉ်းစားရင် Apple monitor နဲ့ ကြိုးကွင်းတွေနဲ့ လုပ်ထားတဲ့ BLOG စာလုံးကို တွဲထည့်လိုက်ပါတယ်။

အမှန်တော့ ဒီလို ဒီဇိုင်းမျိုးကို စာဖတ်သူ ရင်းနှီးပြီးသား ဖြစ်မှာပါ ကျွန်တော် တစ်ခါ ပြောဖူးတယ်လေ Nik Ainley ဆိုတဲ့ မြင်ဆရာ တစ်ယောက် ဆီကနေ သင်ယူထားတာပါ။ လောလောဆယ်တော့ သူ့လို ဆော့ဝဲ အစုံ သုံးတတ်အောင် self-taught လုပ်သင်နေတုန်းပါပဲ။ အခုလုပ်ထားတဲ့ wallpaper က deviantArt မှာရှိတဲ့ SilentWeb ဆိုတဲ့ ပုံနဲ့ ခပ်ဆင်ဆင်တူပါတယ်.. အဲဒီပုံကတော့ plain text သက်သက်ပါ။ ကျွန်တော် ကြိုက်တာက text ကို swirl တချို့နဲ့ ရောထွေးနေတာမျိုးကို သဘောကျတာနဲ့ အတော်များများ လုပ်ဖြစ်ပါတယ်။ အခုတော့ အခြား 3DS MAX နဲ့ MAYA, ZBrush တို့ အခွေနဲ့ သင်လိုက်ဦးမယ် Digital Arts တွေ လုပ်ကြည့်ချင် စိတ်ဖြစ်နေပါတယ်။ ။

3D BlOG Design on deviantArt

3D BlOG Wallpaper on My dA

Using Xara 3D + Photoshop Tutorials

Digital Arts Magazine by Nik Ainley
Unique 3D Text Xara 3D Photoshop Tutorial by 1stWebDesigner
Valentines Day Photoshop Style by PSDTUTS

Related Posts

You received this email because you are subscribed to the real_time feed for http://www.htootayzar.com/myblog/feed/. To change your subscription settings, please log into RSSFWD.

[ဒီရေ] 1 New Entry: မြန်မာမိန်းမပျိုလေးများကို ဖျက်ဆီးနေသော သားကြီး ဆိုသူ။

မြန်မာမိန်းမပျိုလေးများကို ဖျက်ဆီးနေသော သားကြီး ဆိုသူ။

မကြာခင်အချိန်အတွင်းက မြန်မာပြည်တွင်းမှာ လက်ကိုင်ဖုန်းတွေမှာ အမြင်မသင့်တော်ဖွယ် ဗွီဒီယို ကလစ်တွေ ပြန့် နှံ့ နေတာ တွေ့ ရပါတယ်။ ဒီဗွီဒီယိုကလစ်တွေပြန့် နှံ့ နေတာကတော့ ဒီလို ကလစ်တွေကိုရဖို့ ရော မိမိရဲ့  သွေးသားဆန္ဒကို ဖြည့်ဆီးဖို့ ရော မြန်မာမိန်းမပျိုလေးတွေကို ဖြားယောင်းသွေးဆောင်ပြီး အနိုင်ကျင့်ကာ ပန်းဦးအညွန့် ချိုးပြစ်တဲ့ လူယုတ်မာ တစ်ဦး ကြောင့်ပါဘဲ။ သူကိုယ်တိုင် မြန်မာမိန်းမပျိုလေးတွေ တစ်ဦးပြီး တစ်ဦး ဖျက်ဆီးတဲ့အချိန်မှာ ဗွီဒီယိုကင်မရာကို လျှို့ဝှက် တပ်ဆင်ထားပြီး ရိုက်ကူးကာ၊ သူရဲ့  မြန်မာ မိန်းမပျိုလေးတွေ အပေါ်မှာ အဓမ္မဖျက်ဆီးမှုကို အောင်သေအောင်သားစားပြီး ဂုဏ်ယူတဲ့အနေနဲ့  ယုတ်မာ ပက်စက်စွာနဲ့  အခြားသူများဆီ ဖြန့် ချီပေးပို့ တာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အဆိုပါ ဗွီဒီယိုကလစ်တွေဟာ မြန်မာပြည်တွင်းမှာ ပြန့် နှံ့ နေပါတယ်။

ဒီဗွီဒီယိုအပိုင်းအစများကို တွေ့ ရှိရတဲ့အချိန်မှာ ကာမဦးကို အညွန့် ချိုး ဖျက်ဆီးပြစ်တဲ့ အဲ့ဒီ လူယုတ်မာနဲ့  အနိုင်ကျင့်ခံရတဲ့ သွေးဆောင်ဖြားယောင်းခံရပြီး ဘ၀ပျက်ကြရတဲ့ မြန်မာမိန်းကလေးပျိုလေးတွေရဲ့  ရင်နှင့်ဖွယ် ငိုရှိုက် ခယတောင်းပန်တဲ့ အဖြစ်အပျက်တွေတွေ့ ရတော့၊ အခြားသော မြန်မာသမီးပျိုတွေ ဒီလိုအစော်ကား မခံရအောင်၊ လိမ်လည် လှည့်ဖြား သွေးဆောင် ဖြားယောင်း မခံရအောင် ဒီ လူယုတ်မာ ရန်ကနေ ရှောင်ရှား နိုင်အောင် အသိပေး သတိပေးတဲ့အနေနဲ့ ရော၊ ဒီ လူယုတ်မာကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ အတွက်ရော ထုတ်ဖေါ်သင့်တယ်လို့  ကျွန်တော်တို့  မိတ်ဆွေတွေ တိုင်ပင်ပြီး အများပြည်သူတွေ သိရအောင် တင်ပြလိုက်ပါတယ်။

တွေ့ ရှိ ရရှိတဲ့ ဗွီဒီယိုအပိုင်းအစများထဲမှ ကြည့်ရှူရန် အဆင်ပြေနိုင်ဆုံးဟု ယူဆရသော အပိုင်းတစ်ခုမျှကိုသာ တင်ပြတာ ဖြစ်ပါတယ်။ ဗွီဒီယိုအပိုင်းအစတိုင်းမှာ ဒီလူယုတ်မာဟာ မြန်မာမိန်းမပျိုလေးတွေကို တစ်ဦးပြီး တစ်ဦး သွေးဆောင် ဖြားယောင် ဖျက်ဆီးမှုတွေနဲ့  ဘ၀ပျက်ကြရတဲ့ မြန်မာသမီးပျိုတွေ ငိုရှိုက်သံတွေ ပါဝင်ပါတယ်။

(ယခုတင်ပြထားသော ဗွီဒီယိုကလစ်တွင် လိင်ပိုင်းဆိုင်ရာ မသင့်တော်သော မြင်ကွင်းများ ပါရှိပါသဖြင့် - အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူများ လုံးဝ မကြည့်ရှူရန်နှင့် အသက်ပြည့်ပြီး ကြည့်ရှူ သူများ အနေနှင့်လည်း အပျော်သဘောမျိုး ကြည့်ရှူခြင်းမျိုး မဟုတ်ဘဲ သွေးဆောင် ဖြားယောင်း ခံရပြီး ဘ၀ပျက်ကြရတဲ့ မြန်မာမိန်းကလေးပျိုများရဲ့  ရင်နှင့်ဖွယ် အဖြစ်အပျက်ကို စာနာနားလည် ပေးသော ကြည့်ရှူခြင်းမျိုးအဖြစ် သတ်မှတ်ပေးစေလိုပါတယ်)။

အဆိုပါ ဗွီဒီယိုကလစ်ထဲက မြန်မာမိန်းမပျိုလေးများကို ဖျက်စီးနေတဲ့သူကတော့ သားကြီးလို့  အမည်တွင်သူ ဖြစ်ပါတယ်။ ၄င်းလူယုတ်မာရဲ့  ရုပ်ပုံကိုတော့ ဓါတ်ပုံနဲ့  ဗွီဒီယိုကလစ်အတွင်းမှာ ကြည့်မြင်နိုင်ပါတယ်။


သားကြီးဆိုတဲ့ လူယုတ်မာဟာ မြန်မာမိန်းကလေး အတော်တော်များများကို အယုံသွင်းပြီ ဖျက်စီးနေသူ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ ရဲ့ လုပ်ငန်းမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ အမျိုးသမီး ငယ်လေးတွေကို ဖျက်စီးနေတာ တော်တော်များနေပါပြီ။

အချို့ မိန်းကလေးတွေ ကို သူရဲ့ အိမ် က အိပ်ခန်းထဲမှာတင် ဖျက်ဆီးတယ်လို့  သိရှိရပါတယ်။ ဗွီဒီယိုကလစ်တွေ ထဲမှာဆိုရင် အဲ့ဒီ မိန်းကလေးငယ်တွေ ငိုယိုပြီး တောင်းပန်နေတဲ့ အသံတွေ၊ ကျိတ်ငိုနေတဲ့ အသံတွေကို ကြားရ တွေ့ ရ မြင်ရပါလိမ့်မယ်။

သမီးပျို နှမပျိုရှိသူတွေ အတွက်သာမက မြန်မာလူမျိုးတစ်မျိုးလုံးအနေနဲ့  ရင်နာစရာ ကောင်းသော အဖြစ်အပျက်ပါ။

အဆိုပါ သားကြီးဆိုတဲ့ လူယုတ်မာရဲ့  ဖျက်ဆီးခြင်းကို ခံနေရတဲ့ မိန်းမပျိုလေး ခေါင်းအုံးထားတဲ့ ခေါင်းအုံးစွပ်မှာ (ပဒုမ္မာ) ဆိုတဲ့ စာတန်းကို မြင်တွေ့ ရခြင်းအားဖြင့် ပဒုမ္မာ နာမည်ရှိ တည်းခိုခန်းသော်လည်းကောင်း၊ ဟိုတယ်သော်လည်းကောင်း ဖြစ်ပါတယ်။
ဒီ သားကြီးဆိုသူ လူယုတ်မာကဲ့သို့ ဘဲ အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ငွေကြေးချမ်းသာသူ ပုဂ္ဂိုလ်တွေထဲက အတော်များများဟာ မိမိတို့  အလုပ်အကိုင်ဌာန ကုပ္မဏီတွေမှာ အလုပ်ခန့် ပြီး ဖြားယောင်းသွေးဆောင်ပြီး မက်လုံးပေးခြင်း ခြိမ်းခြောက်ခြင်းတွေနဲ့  မြန်မာမိန်းကလေးပျိုများရဲ့  ဘ၀တွေကို ဖျက်ဆီးပြစ်တာတွေ ရှိနေကြတဲ့အတွက် မြန်မာပြည်သူပြည်သားအပေါင်းမှ ဒီလူယတ်မာများရန်မှ မိမိတို့  သမီး နှမ အမများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ကြဖို့ ၊ မြန်မာမိန်းကလေးပျိုများအနေနဲ့ လည်း စီးပွားရေးကြပ်တည်းမှုအရ အလုပ်အကိုင်ဝင်ရောက်လုပ်ကိုင်မှုအပေါ် အခွင့်ကောင်းယူ ဖျက်ဆီးသူများရန်မှ ကင်းလွတ်နိုင်ဖို့ ၊ ဒီလို ယုတ်မာကြတဲ့ သူတွေအား ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အတွက် သက်သေအထောက်အထား ဗွီဒီယိုမှတ်တမ်းနဲ့  ဖေါ်ထုတ်တင်ပြလိုက်ရပါတယ်။

(ယခုတင်ပြထားသော ဗွီဒီယိုကလစ်တွင် လိင်ပိုင်းဆိုင်ရာ မသင့်တော်သော မြင်ကွင်းများ ပါရှိပါသဖြင့် - အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူများ လုံးဝ မကြည့်ရှူရန်နှင့် အသက်ပြည့်ပြီး ကြည့်ရှူသူများအနေနှင့်လည်း အပျော်သဘောမျိုး ကြည့်ရှူခြင်းမျိုး မဟုတ်ဘဲ သွေးဆောင် ဖြားယောင်း ခံရပြီး ဘ၀ပျက်ကြရတဲ့ မြန်မာမိန်းကလေးပျိုများရဲ့  ရင်နှင့်ဖွယ် အဖြစ်အပျက်ကို စာနာနားလည်ပေးသော ကြည့်ရှူခြင်းမျိုးအဖြစ် သတ်မှတ်ပေးစေလိုပါတယ်)။

ဗွီဒီယိုကလစ်အား ကြည့်ရှူလိုလျှင် ယခုပို့ စ်အား အကျယ်ချဲ့ ကြည့်ပါရန် (သို့ ) ဖိုင်အား အောက်ဖေါ်ပြပါ လင့်ခ်မှ ဒေါင်းလုပ်လုပ်ယူပါရန်။

http://www.mediafire.com/?xjm4j4mllhc

ကိုနစ်နေမန်း ဆီ မှ ရယူမှ မျှဝေပါသည်။ ကိုနစ်နေးမန်း အား ကျေးဇူးတင်ပါသည်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Programmer's Diary] 1 New Entry: Obama for America

Obama for America

Today is the judgement day and America will decide who their 44th president will be. I've been looking forward to this day as it's been an interesting journey to follow the presidential candidates on their way to White House.

I'm a die-hard supporter of Mr Barack Obama, Illinois senator, Democratic Party nominee and the potential frontrunner to become the first African American president of United States.

I first knew him from his famous speech back in 2004 during national convention of Democratic Party. His voice and the words he used were so convincing. In his speech, he acclaimed, "There is not a liberal America and a conservative America; there is the United States of America. There is not a black America and a White America and Latino America and Asian America; there is the United States of America". That made me remembers the well-known speeches of former US president, J.F. Kennedy's speech urging Americans, "Ask not what the country can do for you, ask what you can do for your country" and Martin Luther King's "I have a dream" speech. Indeed, American dreams will soon turn into reality.

Most of us know him as Obama. Some know him as Barack Obama. Guess what's the full name of Obama?

It's Barack Hussein Obama.

Barack means "blessed". He's truly a blessed son born from Kenyan black father and Kansas white mother. His opponent used to criticize on his middle name, Hussein, accusing him of Muslim. Republican Vice President Candidate, Sarah Palin once asked voters, "Are you going to vote for McCain or Hussein?" That's really horrible. Can we expect someone like her love to call names to become the vice president of United States? Dream on. Anyway, there're folks concerning about his middle name. I'd rather say these folks are living in 21st Century with 20th Century mindsets. In my humble opinion, I don't bother much about the title of the book so long as the content is attractive enough for me to read. Apparently, Obama is like an interesting book the whole world is waiting to read.

Obama campaign was a great success in American history. No one has ever raised the funds as much as his campaign did. He was endorsed by big tech firms in Silicon Valley. Most Internet users favour him more than they did to his rival, McCain. These are some of the proven facts that he's an inspirational leader and has the ability to lead seriously, effectively and significantly.

It is my deepest sympathy with condolence to learn grandmother of Obama was died with cancer on the eve of the Election Day. She missed a chance to see his grandson giving speech in White House as a president. Anyway, she would be proud to be a grandmother of first African American President of United States.

If he's elected as president, I'll be so grateful to be part of the historic moment a first African American to be named as President. The time is ripe. I believe America having the best political system on earth is now ready for the change to fulfil the promise of Martin Luther King Jr.

Winning news from New Hampshire did not surprise me much as I've expected. I believe nothing can stop Obama from winning this election. Of all the polls, Obama is the favourite frontrunner leading 5 or more points at least which can easily defeat the margin of error. Huge crowds of voters will turn out to cast their ballots to be part of history. Make sure you don't miss the big moment in the history witnessing the power of Obama and his aides for today is the Election Day, November 4 of 2008.

May god bless you, Obama for America!

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်မြေ] 1 New Entry: ကမ္ဘာ့ဘာသာအယူဝါဒများ (၄)

ကမ္ဘာ့ဘာသာအယူဝါဒများ (၄)

တောင်အမေရိက

အလယ်နှင့် တောင်အမေရိကရဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကိုတော့ တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းအထောက် အထားတွေရယ် (၁၆)ရာစုတုန်းက မက္ကဆီကိုနဲ့ ပီရူးကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ စပိန် ဧကရာဇ်ရဲ့ အတ္ထုပ္ပတ္တိထဲမှာ ရေးထားတာတွေကနေပြီး သိရှိခွင့်ရခဲ့ပါတယ်။ အဲဒီ ဧကရာဇ်က တောင်အမေရိကနဲ့ အလယ်အမေရိကရဲ့ ရှေးဟောင်း အမွေအနှစ် အထောက်အထား တော်တော်များများကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၄င်းဒေသမှ အုပ်စိုးသူနဲ့ ဘသာရေးတို့ နီးနီးကပ်ကပ် ယှက်နွယ်ကြီးစိုး အုပ်ချုပ်ခဲ့ပုံရတာကို သိရှိရပါတယ်။

အခုအခါ မက္ကဆီလို့ ခေါ်ခဲ့ကြတဲ့ဒေသမှာ ဘီစီ ၁၂၀၀ ကနေ ၅၀၀ အတွင်းက အိုလ်မက်ဘာသာ ထွန်းကားခဲ့ပါတယ်။ တောင်အမေရိက ကျားသစ်ကို အဓိကထားပြီး တစ်ခြားတိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ပါ ပူးတွဲ ပုံဖော်ထားတဲ့ နတ်ဘုရားတွေအဖြစ် ကိုးကွယ် ပူဇော်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုမက် တွေကို တိုက်ခိုက် အောင်နိုင်သွားတဲ့ မာယန် တို့က ၄င်းတို့ရဲ့ ပူဇော်ပသ ကိုးကွယ်မှု တွေကို ပိရမစ်ဘုရားရှိခိုး ကျောင်းကြီးတွေ တည်ဆောက်ပြီး တခမ်းတနား ကျင်းပခဲ့ကြပါတယ်။ မာယန် တို့ရဲ့ နတ်ဘုရားတွေကိုလည်း တိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ မကြာခဏ ယဇ်ပူဇော်ပသ ခဲ့ကြပါတယ်။

လူတွေကိုသတ်ပြီး ယဇ်ပူဇော်ရမယ့်အစား တိရစ္ဆာန်တွေကို တင်မြှောက်ကြတဲ့ ဓလေ့ပါ။ အေဒီ(၁၂)ရာစု ခန့်ကစပြီး စပိန်တွေ ကျူးကျော် တိုက်ခိုက်သိမ်းပိုက်တဲ့ ၁၅၃၂ ခုနှစ်အထိ အလယ်အမေရိကမှာ နေထိုင်ကြတဲ့ အက်ဇ်တက်ခ် တို့အနေနဲ့ နေကို ကိုးကွယ်ခဲ့ကြတဲ့အပြင် လူကို သတ်ပြီး နှစ်စဉ်ယဇ်ပူဇော်လေ့ ရှိခဲ့ပါတယ်။ ၄င်းတို့ စစ်နိုင်စဉ်က ဖမ်းဆီးလာခဲ့ကြတဲ့ သုံ့ပန်းနှစ်သောင်းကျော် အနက် အချို့ကို နှစ်စဉ် သတ်ဖြတ်ယဇ်ပူဇော်ကြပုံ ရပါတယ်။

ပီရူးရဲ့ အင်ကာယဉ်ကျေးမှုကလည်း အက်ဇ်တက်ခ် တို့နဲ့ ခေတ်ပြိုင် တည်ရှိခဲ့တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ ပူဇော်ပသပွဲတွေ နတ်ကိုးကွယ်တာတွေနဲ့ ယဇ်ပူဇော်တာတွေကို အခြေခံထားတဲ့ သူတို့ရဲ့ ဘာသာက လက်တွေ့ကျကျ ပြောရရင် များသောအားဖြင့် စိတ်စိညာဉ်ပိုင်းနဲ့ မပတ်သက်ပါ။ ပြည်သူလူထု အများစုကြီး ၀၀လင်လင် စားသောက်ရရေး အတွက် ကောက်ပဲသီးနှံ အထွက်ကောင်းဖို့ကိုသာ အဓိကထားပြီး ပူဇော် ပသခဲ့ကြတာဖြစ်ပါတယ်။
တောင်အမေရိကမှာ နေထိုင်ကြတဲ့ ချာဗင်၊ မိုချီ နဲ့ ချီမူး လူမျိုးစုတွေကတော့ လနတ်ဘုရား ဒါမှမဟုတ် ကြောင်လို ရုပ်ထုတွေကို ကိုးကွယ်ခဲ့ကြ ပါတယ်။ အကယ်၍သာ စပိန်တို့က အလယ်နှင့် တောင်အမေရိကကို နယ်ချဲ့ပြီး ရိုမန်ကက်သလစ် ဘာသာထဲ အတင်းအဓမ္မ မသွတ်သွင်းခဲ့ရင် ဒီနေ့ထိ အလယ်နဲ့ တောင်အမေရိကနေ လူမျိုးစုတွေရဲ့ ရိုးရာကိုးကွယ်မှု ဘာသာတွေကို တွေ့မြင်ကြရ သိရှိကြရမှာ ဖြစ်ပါတယ်။

မာယန် နဲ့ အက်ဇ်တက်ခ် တို့က နတ်ဘုရား ရုပ်ထုပေါင်း မြောက်အမြား ထုလုပ်ထားခဲ့ကြတဲ့အပြင် ရွှေ၊ ငွေ တို့နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း လက်ရှာတွေ မှာလည်း ၄င်းတို့ရဲ့ ကိုးကွယ်မှုတွေကို ဖော်ကျူးထားကြပါသေးတယ်။ ယဇ်ပူဇော်တဲ့ တိရစ္ဆာန်တွေရဲ့ သားရေကို ခွာပြီး ၄င်းအပေါ်မှာ XIPE TOLEC လို့ ရေးထွင်းခြင်းမှ သည် မြွေအရေခွံမှာတောင် ငှက်ပုံထွင်းထားခဲ့ကြပါတယ်။
(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.