Tuesday, November 4, 2008

[ကိုတိုးလေး..............] 2 New Entries: အခင်ရဆုံးသူငယ်ချင်းတစ်ယောက်အတွက်ပါ

အခင်ရဆုံးသူငယ်ချင်းတစ်ယောက်အတွက်ပါ

ခင်မင်ရတဲ့သူငယ်ချင်းပေါ့နော် ဆရာလို့ပြောရမလား အကိုလို့ပြောရမလားမသိဘူး အသက်အရွယ်ချင်းကတော့ အတူတူဆိုတော့လည်း ကြုံသလိုပဲ "ကို"လို့တပ်ပြီးခေါ်လိုက်တာပဲ ဘလော့မှာတော့ သူလိုလူမျိုးကို မတွေ့ဘူးဘူးဗျာ။ ကျွန်တော်ဘလော့စာရေးခါစကပေါ့နော် ဘယ်မှာလည်းသွားမလည်တတ်ဘူး ဒီလိုပဲ ကိုယ်ရေးချင်တာလေးရေးပြီးနေလိုက်တာပေါ့နော်။ မှတ်မှတ်ရရဗျာ ကျွန်တော်တင်ထားတဲ့ ပိုစ့် ၃ ခုမြောက်မှာ ကွန်မန့်လေး တစ်ခုလာရေးသွားတာတွေ့လိုက်ရတယ် အဲ့ဒါနဲ့ ကိုယ်လည်းအရမ်းပျော်သွားတယ်ဗျာ....... ပြီးတော့မှာ သူဘလော့ကို မလည်ခင်မှာပဲ သူက gmail နဲ့ Invite လုပ်သွားတယ်။ အော် ကိုယ့်ဘလော့ကိုပေါ့လေ လာဖတ်မဲ့သူလေး တစ်ယောက်ရှိသေးတယ်ဆြို့ပီးတော့ပျော်သွားတာပါပဲ။ နောက်ပိုင်းမှာတော့ သူပြောတဲ့အတိုင်းပဲလေ ဘလော့တွေ လျောက်လည် လင့်တွေထားခဲ့နဲ့ပဲ သူငယ်ချင်းတွေရခဲ့တာပါ အစက သူများဘလော့ကို ဘယ်လိုလည်ရမယ်ဆိုတာလည်းမသိဘူး ပြီးတော့ ဘယ်လိုတွေ ကွန်မန့်ပေးရမလည်းဆိုတာလည်းမသိခဲ့ဘူးလေ။ သူပြောပြတဲ့အတွက်ကြောင့်ဘလော့မှာလည်း သူငယ်ချင်းတွေရခဲ့တယ် ပျော်လည်းပျော်ရွှင်ခဲ့ပါတယ်....။
နောက်ပိုင်းကျတော့ ဖုန်းနဲ့အဆက်အသွယ်လုပ်ပါတယ် တစ်နိုင်ငံတည်းရောက်နေတဲ့သူဆိုတော့ သူအားရင်လည်း ကျွန်တော့်ဆီကို ဖုန်းဆက်တယ် ကျွန်တော်အားလည်း သူ့ဆီကိုဖုန်းဆက်တယ်။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်းနဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ..... ဘလော့မှာ သူ့စာလေးတွေ့ကိုမဖတ်ရရင် ခေတ်မမီဘူးလို့ပြောတယ်ဗျာ......။ ဘလော့လောကမှာ သူလောက်နာမည်ကြီးတဲ့သူမရှိဘူး အရမ်းလည်းပျော်တတ်တယ် စိတ်ညစ်ရင်လည်း အရမ်းနဲ့ကိုစိတ်ညစ်တတ်တယ်ဗျာ။ ပြီးတော့လည် သူရေးတဲ့ကဗျာလေးတွေ စာလေးတွေက အရမ်းကောင်းတယ်ဗျာ။ အရမ်းလည်းခင်ဖို့ကောင်းတယ်ဗျာ။ ဘလော့လောကမှာတော့ သူ့ကိုလူတော်တော်များများချစ်ကျ ခင်ကျပါတယ်........ အခုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြန်တော့မယ်ဆိုတော့လည်း ဝမ်းနည်းမိပါတယ်....။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တွေ့ဆုံခဲ့ရတဲ့ ခဏတာလေးမှာ သူငယ်ချင်းအဖြစ်နဲ့အကောင်းဆုံးနေသွားပေးတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ သူမရှိတော့ အခုကျွန်တော်လည်း စကားပြောမဲ့သူငယ်ချင်းတစ်ယောက်လျော့သွားတာတော့ အမှန်ပါပဲဗျာ........။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တစ်သက်တာပဲဖြစ်ဖြစ် တစ်ခဏတာပဲ ဖြစ်ဖြစ် ညီအကိုလို သူငယ်ချင်းလိုခင်ခဲ့ရတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်ဆိုတာလေးကို သတိရနေပါတယ်ဗျာ....... အဲ့ဒီလူကတော့လေ ကျွန်တော်နဲ့ပေါ့ဗျာ ရင်ဖွင့်ပြီးတော့ ညဉ်းတွားတတ်တဲ့ သူငယ်ချင်းလေးတစ်ယောက်ပေါ့နော်လို့မဆိုလိုပါဘူး။ သူစိတ်ရင် ကျွန်တော့်ကိုရင်ဖွင့်တတ်တယ်ဗျာ အလုပ်ထဲမှာ အဆင်မပြေတာတွေ ရှိရင် ရင်ဖွင့်ပြီးပြောတတ်တယ်ဗျာ.......။ အဲ့လိုခင်မင်တဲ့ တစ်ဦးတည်းသော သူငယ်ချင်းကတော့
ကိုမောင်မျိုးပဲဖြစ်ပါတယ်ဗျာ..........
ခင်မင်ရတဲ့ ကိုမောင်မျိုးရေ မိဘတွေနဲ့ပျော်ရွှင်စွာနေနိုင်ပါစေဗျာ။

" လမ်းကလေး ရဲ့ ဒုတိယရာသီ"

မိုးကတမြေ့မြေ့ ပါပဲ
နှလုံးသားထဲကိုရေ၀င်ခဲ့တာကလွဲရင်
အဲဒီတစ်နေ့လုံးမှာ အရာရာပြည့်စုံတယ်
ဘယ်အချိန်မှာ နင်ပြန်လာမလဲ
မသိနိုင်ခဲ့တော့
မိုးကျသံ တဖြောက်ဖြောက် ကြားရရင်
ငါဟာ မင်းခြေသံလိုလိုထင်မှားမိတယ်
သတိလက်လွက်နဲ့ အိမ်ရှေ့ လမ်းလေးပေါ် မျှော်ငေးမိတော့
လမ်းကလေးကမေးတယ်
"သူပြန်မလာသေးဘူးလား" တဲ့
နင်သိမှာပါ
နင်ထွက်သွားခဲ့တာ
မိုးရာသီတောင် ငါ့ရင်ထဲကို
ဒုတိယ အကြိမ်အလည်ရောက်လာပြန်ပြီလေ . . . ။ ။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.