Tuesday, November 4, 2008

[Htoo Myat] 1 New Entry: Risk 2 အဆက်

Risk 2 အဆက်

Risk 2 ပထမပိုစ့်သို့...

ကျနော် ဒီရက်ပိုင်းတွင်း အဲဒီ ကမ္ဘာသိမ်းတဲ့ game ကို ထပ်ကစားဖြစ်တာ ဒီတစ်ခါတတော့ အလှည့်နဲ့ တိုက်တာ မကစားပဲ စစ်မျက်နှာ လေးငါးခုဖွင့်ပြီး တစ်ချိန်တည်းမှာ အပြိုင် တိုက်လို့ ရတဲ့ စံနစ်ကို ကြိုးစား ကစားကြည့် ပါတယ်။ ပထမပိုစ့် တင်တုန်းက ကျနော် အဲဒီ အကြောင်းကို (သေချာ မကစား တတ်ခဲ့တော့) အကျယ်တ၀င့် မရေးဖြစ်ခဲ့ပါဘူး။

အခု နည်းစံနစ်ဟာ ပထမ ကျနော် ကစားခဲ့တဲ့ အလှည့်နဲ့ တိုက်တာလို မလွယ်ပဲ ပိုခက်ခဲတာတွေ ရှိလာပေမဲ့ ပိုပြီး စိမ်ခေါ်မှုတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။ Classic ကို ဆော့ရင် ကိုယ့်အလှည့်ကျ လုပ်ချင်သမျှတွေကို တန်းစီပြီး လုပ်သွားလို့ ရပေမဲ့ ဒီတစ်ခါမှာတော့ အားလုံး အပြိုင် Battle orders ဆိုပြီး တစ်ခါတည်း ပေးထားရပါတယ်။ တစ်ယောက် ပေးတဲ့ order တွေကို နောက်တစ်ယောက်က မြင်ရမှာ မဟုတ်ပါဘူး။

အဲဒီ အချိန်မှာ စတိုက်တဲ့ခါ အရင်ကနဲ့ မတူပဲ ၀င်တိုက်တဲ့ နယ်မြေတစ်ခုဟာ အဲဒီ ၀င်အတိုက်ခံရသော နယ်မြေကလည်း သူ့ကို စစ်ဆင်ဖို့ အမိန့်ပေးခြင်း ခံထားရတဲ့အခါ Border Clashes ဆိုတာနဲ့ တိုက်ပွဲစပါတယ်။ စစ်ဆင်တဲ့ တပ်နှစ်ခုမှာ တစ်ဖက်လုံးက အပြန်အလှန် ထိုးစစ်ဆင်ကြတော့ အဲဒီ တိုက်ဖို့ လာတဲ့တပ်တွေ နယ်စပ်မှ တိုက်ပွဲဖြစ်ကြတဲ့ ပုံပါ။

အဲဒါတွေကို အရင်ဖြေရှင်းပြီးရင် ဒုတိယ အဆင့်အနေနဲ့ Mass Invasions တွေကို ဖြေရှင်းပါတယ်။ နယ်မြေ တစ်ခုတည်းကို ဖက်ပေါင်းစုံကနေ ထိုးစစ် ဆင်လာကြတာ တွေကိုပါ။ အဲဒီအခါမှာ ၀င်တိုက်ပြီဆို ခုခံရတဲ့ ဖက်က အင်မတန်မှ နိုင်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်တပ် ၀င်တိုက်ရင် တစ်ခါ ထိရင် နှစ်တပ် လျှော့ချခြင်း ခံရပြီး တစ်တပ်ကို နိုင်ပြီး တစ်တပ်ကို ရှုံးလည်း ခုခံသူ ဖက်ကပဲ အလျှော့ခံရတတ်လို့ပါ။

အဲဒါပြီးရင်တော့ ရိုးရိုး Invasions တွေကို ဖြေရှင်းပါတယ်။

နောက်တစ်ခု ထပ်ဖြေရှင်းတာက Spoils of war ဆိုလားပဲ။ Mass Invasions တွေမှာ မတူညီတဲ့ တပ်နှစ်ခုက နယ်မြေတစ်ခုကို ၀င်တိုက်လို့ အဲဒီ နယ်မြေက ရှုံးသွားရင် ဘယ်သူက ပိုင်ဆိုင်မယ် ဆိုတာကို လုရတာပါ။

နောက်ဆုံးတစ်ခု ကတော့ Surf attack ပါပဲ။ အင်အားများတဲ့ တပ်တွေက နယ်မြေတစ်ခုကို ၀င်တိုက်ရင်၊ တကယ်လို့ နိုင်ခဲ့မယ်ဆို ဆက်တိုက်ဖို့ နောက်နယ်မြေ တစ်ခုကိုပါ တခါတည်း အမိန့်ပေးထားရတာက လျာထားချက် အတိုင်း ပြည့်မီရင် ၀င်တိုက်နိုင်တာမျိုးပါ။

အဲဒါတွေ ပြီးရင်တော့ ထုံးစံအတိုင်း Tactical Move နဲ့ တပ်တွေ နေရာ ရွှေ့တာ လုပ်နိုင်ပါတယ်။ ပိုပြီး ခက်ခဲစေတာ ကတော့ စစ်ကူတွေကို ကိုယ် ထည့်ချင်သလောက် ထည့်ခွင့် မရတာပါပဲ။ ပြီးတော့ Classic မှာလို သူများနယ်ထဲ အဝေးကြီးကို တစ်လှည့်တည်းနဲ့ ဆက်တိုက် ဖောက်ဝင်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျနော် လုပ်နေကျ အဲဒီဗျူဟာကို သုံးလို့ မရတော့လို့ အစပိုင်းတော့ အတော်လေး အခက်အခဲ ဖြစ်ပါတယ်။ နောက်ကျတော့လည်း အဆင်ပြေသွားပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.