Tuesday, November 4, 2008

[mAunG mYo's Heartfelt] 3 New Entries: ပလုတ်တုတ်ကဗျာ

ပလုတ်တုတ်ကဗျာ


ပြောလက်စစကားတွေမကုန်ခင်
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စစုတ်ချက်တွေ မပီပြင်သေးခင်
ငါတို့တွေ ဝေးဝေးသွား…။

သူငယ်ချင်းရေ …
ကျန်းမာရေးဂရုစိုက်ပါ
နွေးနွေးထွေးထွေးနေပါ
အစားအသောက်ဆင်ခြင်ပါ။

မင်းအားငယ်နေတဲ့အခါ
ငါပြေားဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။


မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်။

မင်း
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။

ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေ
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချသ၍
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။

မင်းနဲ့ငါက
ခဏလေးဝေးတာပါ
မင်းရင်မှာငါဆိုတဲ့
အတ္တကြီးတဲ့ကောင်လေးရှိနေသလို။

ငါ့ရင်မှာလည်း အရမ်းအားငယ်တတ်တဲ့
ချစ်ဖို့ကောင်းတဲ့
သူငယ်ချင်းလေးရှိနေရဲ့လေ။

တစ်ခါတစ်ခါ
သံယောဇဉ်တွေကိုစည်းကမ်းပိုပိုချတတ်တဲ့ငါက
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ
လျှော့သွားမှာမဟုတ်ပါဘူးကွယ်။

ငါက ၂၄ နာရီပတ်လုံး
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ်
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူးကွဲ့။

ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်ဟစ်အော်
ငါ့လည်ချောင်းတွေလည်းကွဲရှနေခဲ့ပြီကွဲ့။

ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့ကွယ်။

သူငယ်ချင်းရယ်...
မင်းနဲ့ငါက
ပေတီးတူတူ မလှိမ့်ဘူးပါဘူး
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး။

ဒါပေမဲ့..
ငါ့နံနက်ခင်းတိုင်းမှာမင်းရှိတယ်
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ
မင်းယုံကြည်ပါ။

ငယ်ငယ်တည်းက
နှုတ်ဆက်လက်ပြဖို့ဆိုရင်မဆိုင်ရဲခဲ့တဲ့ကောင်က
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမယ်ဆိုတော့
တုန်လှုပ်နေခဲ့တာကိုမင်းသိမှသိပါလေစ။

ငါ့ကိုခွှင့်လွှတ်ပါ...
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်ဘူး။

သွားမှာသာသွားပါ
မင်းစိတ်ချလက်ချသွားပါ
မင်းကျောခိုင်းခဲ့တဲ့အရပ်ကနေ
မင်းကျောပြင်ကိုငေးရင်း
ငါမင်းအတွက်ဆုတောင်းပေးနေမယ်။

မင်းခြေချတဲ့အရပ်မှာ
မင်းခြေတောက်ကိုအောင်မြင်မှု့တွေကညင်သာစွာနမ်းရှိုက်ပါစေ..

အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ...

တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါးကို
အဆင်သင့်ကြိုဖွင့်ထားပါစေ...

အဲ့ဒီလိုနဲ့ငါတို့
ပြောလက်စစကားတွေမကုန်ခမ်းခင်
ရေးလက်စ စာကြောင်းတွေမဆုံးခင်။

လိုက်ကာက ကျလုပြီ
ဆည်းဆာကခမ်းလုပြီ..

မင်းကျောခိုင်းမဲ့ဟော့ဒီအရပ်မှာ
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်းများစွာ
မင်းကိုစိတ်ချလိုက်ပါရစေဆိုတဲ့
အကြင်နာမျက်ဝန်းပေါင်းများစွာ။

သူငယ်ချင်းရေ…..
မင်းကိုငါ နှုတ်မဆက်တော့ဘူး။

ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မှာ
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်ဝေဆာရင်း
အပြုံးတွေဖလှယ်။

မင်းကိုငါဘယ်လောက်လွမ်းကြောင်း
ငါ့ကိုမင်းဘယ်လောက်သတိရကြောင်း
အဲ့ဒီလိုပေါင်းခံရင်း...

ပခုံးချင်းဖက်ရင်း
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို
မင်းနဲ့အတူတူ
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။

ငါ ……
နှုတ်မဆက်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ။



P>S= သယ်ရင်းလေး ပလုတ်တုတ် ရေးပေးတဲ့ နှုတ်ဆက်ကဗျာလေးပါကျေးဇူး ပလုတ်တုတ်လေး :)


စနေနေ့ကရေကြီးးး

ပြီးခဲ့တဲ့ စနေနေ့က မဲဆောက်မှာရေကြီးတဲ့ ပုံတွေပါ ။ သောကြာညပိုင်းကမိုးရွာတာများမှန်းတော့ သိတယ် ။ဒါပေမယ့် ဒီလိုမျိုးရေကြီးမယ်တော့မထင်မိဘူး စနေနေ့ မနက်ပိုင်း ၉ နာရီလောက်ကစပြီး လမ်းဘေးရေမြောင်းတွေကနေရေတွေ လျှံထွက်လာတာ တော်တော်များတယ်ဗျ တစ်ချို့ အိမ်တွေဆို အောက်ထပ်တွေပါရေတစ်ဝက်လောက်ထိဝင်တယ်။ ရေကြီးလို့  လမ်းပေါ်ထွက်ကြည့်တဲ့သူတွေ လမ်းထဲကချိုင့်တွေမှာ စက်ဘီး ခြေလျှင် ဆိုင်ကယ်သမားတွေ လဲကျတာတွေလည်းရှိတယ် ။ဒီတစ်ခါအိမ်ထဲကိုမ၀င်တာတော်သေး မဟုတ်ရင်တော့ ရေကြောင်းစစ်ဆင်ရေးလုပ်ရရင်သေဖို့ ပဲရှိတယ် ။မီးတွေလည်းဖျက်ထားတော့ အလုပ်လည်းမလုပ်ရရေလျှံတာပဲတစ်နေ့ လုံးထိုင်ကြည့်နေရတယ် ပျော်စရာကြီး :) ညပိုင်းကျတော့ ထိုင်းရောက်မှ ပထမဆုံးအကြိမ်းဖယောင်းတိုင်သုံးရတာပဲ တိတ်ဆိတ်ခြောက်ကပ်စွာနဲ့  စနေညမှာရေမချိုးပဲ အိပ်လိုက်တယ် သန့်ပြီးသားသူတွေဘယ်လိုပဲနေနေ ဘာမှမဖစ်ဘူးး :D













ပုံတွေက ရုံးက အစ်မ သူ့ ဖုန်းနဲ့ ရိုက်ထားတာလေးပါ သိပ်တော့မကောင်းဘူးး ။






ချစ်သူ့ဆန္ဒ



ကြေကွဲပက်လက်
ဝမ်းနည်းမှောက်ခုံ
အသဲကို ပါးပါးလှီး
ငရုပ်ဆီနဲ့ တို့ စား ခံရသလို
ချစ်သူက မထားခဲ့ပါနဲ့  "မောင် " ရယ်တဲ့
မကြိုက်ဘူးဆို နှဖူးကလေးတောင်မနမ်းတော့ပါဘူးဆိုပဲ
ဘီလိုလုပ်ရပါ့.....?????




P>S= အရူးထနေတာ ဘာမှဟုတ်ဘူးး သည်းခံသည်းခံ ကြောက်ဝက်ရူးပြန်နေပါသည် :)



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.