Tuesday, November 4, 2008

[HAN LIN HTUN] 1 New Entry: ဖန်တီးမှုများ

ဖန်တီးမှုများ

 
ကျောင်းပိတ်ရက်တွေဖြစ်တဲ့ စနေ  တနင်္ဂနွေ နေ့တွေဆို မြို့ထဲမှာ ကျနော့်ကောင်မလေးနှင့်   ကော်ဖီအမြဲ သွားသောက်တယ်။ ကျနော်တို့ ထိုင်နေကြ ကော်ဖီဆိုင်က  မြို့ရဲ့အလည်ထဲမှာပါ။  ကော်ဖီဆိုင်နားမှာက  မြေနေရာက  တော်တော်လေး ကျယ်တော့  ဖျော်ဖြေမှုပေါင်းစုံလုပ်ဖို့ အတွက် 
နေရာလေး တစ်ခုလို ဖြစ်နေတယ်။
ဂစ်တာနှင့်ဖျော်ဖြေမှုရှိသလို တချို့ကျပြန်တော့လည်း ဟစ်ဟော့အကတွေ မျက်လှည့်တွေနဲ့ ဖျော်ဖြေကြပါတယ်။ ကြည့်တဲ့သူများလို့ တခါတလေ လမ်းတွေတောင် ပိတ်ဆို့မှုဖြစ်သွားကြတယ်။ ကြည့်တဲ့သူတွေကလည်း သီးချင်းတစ်ပုဒ် (သို့မဟုတ်) ဖျော်ဖြေမှုတစ်ခုပြီးတိုင်း အကြွေ တချို့ကို သူတို့အတွက် ပစ်ထည့်ပေးကြပါတယ်။
တကယ်တော့ သူတို့ဟာ တောင်းစားနေတာမဟုတ်ပါဘူး။ သူတို့မှာရှိတဲ့ အနုပညာကို ချပြရုံသက်သက်ပါ။ ပရိတ်သတ်ကလည်း သူတို့ ချပြတဲ့ အနုပညာအတွက် အသိအမှတ်ပြုသဘောဖြင့် ငွေအကြွေလေးတွေ ထည့်ပေးကြတာပါ။ 
အဲ့လို  လာရောက် ဖျော်ဖြေတဲ့သူတွေအထဲမှာ ကျနော် အနှစ်သက်ဆုံးကတော့ ဓတ်ပုံထဲကနှစ်ယောက်ပါ။ ယောင်္ကျားဖြစ်သူက လက်စွမ်းပြနေရင် အမျိုးသမီးကလည်း လက်စွမ်းပြပါတယ်။ စည်းချက်လည်း အင်မတန်မှ ညီပါပေတယ်။ တရုတ်တူရိယာကို အနောက်တိုင်းပုံစံ တီးခက်တယ်ဆိုရမလားပဲ။ မိန်းမကလည်း အာဖရိကဗုံကို တီးနေလိုက်တာ အင်မတန်ကို နားထောင်လို့ ကောင်းပါတယ်။ သူ့အရှေ့က ပြောင်းအရှည်တစ်ခုက သြစတေးရီးယားနိုင်ငံရဲ့ ဒေသခံ တူရိယာ တစ်ခုပါ။ အားလုံးကို ပေါင်းစပ်ထားတာပါ။ အ၇မ်းကို နားထောင်လို့ ကောင်းပါတယ်။
ကျနော် သူတို့ကို သွားနားထောင်တိုင်း အမြဲတမ်း စဉ်းစားမိတာလေး တစ်ခုရှိတယ်။ ကျနော်တို့နိုင်ငံမှာလည်း ပညာရှင်တွေ အများကြီးရှိပါတယ်။ တချို့ပညာရှင်တွေဆို ငုံ့နေတာပါ။ မြန်မာပြည် ဒီလိုမျိုး လမ်းပေါ်မှာ သွားချပြရင် တောင်းစားတယ်လို့ အသိအမှတ်ပြုခံရမှာ သေချာတယ်။ 
အဲ့ဒါကြောင့် တချို့ပညာရှင်များဆို သူတို့မှာ ရှိတဲ့ ပညာတွေကို ထုတ်ဖော်ခွင့်မရပဲ ဘ၀တွေ ဆုံးသွားကြတယ်။ အင်မတန် ၀မ်းနည်းစရာ ကောင်းပါတယ်။ ဘုရားပွဲတွေမှာ အိုးလေးတွေကို အ၀တ်လေးတွေပတ် ဗုံလုပ်တီးပြသူတွေ တွေ့ရင် စိတ်ဝင်စားမိတယ်။ သူတို့ကို တောင်းစားနေတယ်လို့လည်း မမြင်ပါဘူး။ 
သူတို့ဟာသူတို့ တီးမှုတ် သီဆိုနေတယ်။ ကိုယ်က စိတ်ဝင်စားလို့ သွားကြည့်တယ်။ ပြီးရင် မဆိုးဘူး ကောင်းတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့အတွက် ကိုယ်တက်နိုင်သလောက် (အဆင်ပြေသလောက်) အသိအမှတ်ပြုလိုက်တယ်လို့ပဲ ခံယူပါတယ်။
ကျနော်တို့ တိုင်းပြည်မှာ ပညာရပ်တစ်ခုကို ကျွမ်းကျင် တက်မြောက်ပြီး ကိုယ်တက်မြှောက်ထားတဲ့ ပညာကို ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်လောက်ပဲ ချပြနိုင်တာ စိတ်မကောင်းစရာပါ။ တကယ်တော့ တချို့သော နောက်ကျော မလုံတဲ့ အတွေးတွေ အယူအဆတွေကို ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းမှ ဖယ်ရှားသုတ်သင်သင့်ပြီ။
တကယ်တော့ သုတ်သင်ဖယ်ရှားသင့်တဲ့အထဲမှာ ကိုးလိုးကန့်လန့်လုပ်နေတဲ့ လူတစ်စုလည်းပါတယ်။ သူတို့ကို မဖယ်ရှားနိုင်သရွေ့ ပလိုင်းအပေါက်နဲ့ ဖားကောက်သလိုမျိုးဖြစ်နေအုန်းမှာပဲ။ ကိုယ့်ဟာကို လူထုအကျိုးပြုလုပ်နေလည်း သူတို့အကြည်အညိုတွေ သူများဆီရောက်သွားမှာ စိုးလို့တူပါတယ်။ တစိတ်ရှိ အလုံပိတ်ထဲ ကောက်ကောက်ထည့်ဖို့ပဲ စဉ်းစားနေကြတယ်။(အယ် ဘာတွေ တွေးနေပါလိမ့်။ ငါ့ခုတ်နေတာကတနေရာ ရှနေတာကတစ်နေရာပါလား :) :) )

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.