Wednesday, October 22, 2008

[အောင်သာငယ်] 2 New Entries: သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၁၀)

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၁၀)

ထမင်းထုပ်ယူပြီး အပြန်မှာ ခြေရှည်ပြီး အတွင်းလမ်းက ပြန်လာတဲ့အပြင် ထိပ်တိုက်ကို ပြန်အရောက်နောက်ကျနေတဲ့ ကျနော်တို့ နှစ်ယောက်ကို ကျန်တဲ့ ရဲဘော်တွေက လက်နက်ကြီး ကျသံတွေကြားတော့ စိုးရိမ်နေကြပါတယ်။ ထိပ်တိုက်ကို ကျနော်တို့ နှစ် ယောက် ပြန်ရောက်တော့ နိုင်နိုင်နဲ့ ရဲဘော်ကိုကိုလေးက လျှောက်မြောင်းအစပ်မှာ ထိုင်နေကြပါတယ်။ ကျနော်နဲ့ ၀င်းတင့်ဟန်ကို လှမ်းတွေ့လိုက်တော့ ကိုကိုလေးက - နင်တို့ နှစ်ကောင် ၃ လက်မ စာ မိနေပြီထင်တာ - လို့ လှမ်းအော်နေပါသေးတယ်။ - အေး မိမလို့ဟေ့... မကွဲလို့ဟ တလုံးက ငါတို့ရှေ့မှာ ကျတာကွ - ကျနော်က ပြောရင်း ကျနော် လျှော်လာခဲ့တဲ့ ယူနီဖောင်းကို အနားက တဲတလုံးရဲ့ နံရံကနေ ဆွဲထားတဲ့ သွပ်ကြိုးတန်းပေါ် လွှားတင်လိုက်ပြီးတော့ ထမင်းထုပ်ကိုဆွဲပြီး လျှောက်မြောင်းထဲ ခုန်ဆင်းလိုက်ပါတယ်။

ရဲဘော်ကိုကိုလေးနဲ့ ရဲဘော် သန်းစိန်တို့ကတော့ မနက်စာ စားပြီးသွားပါပြီ။ နိုင်နိုင်ကတော့ ကျနော့်ကို စောင့်နေရတော့ မစားရသေးပါဘူး။ ဆရာ စိုးမြင့်လည်း ထိုနည်းလည်းကောင်းပါပဲ။ သူလည်း ဆေးမှူးဝင်းတင့်ဟန်ကို စောင့်နေရတာကိုး။ - နိုင်နိုင်ရေ့ စားရအောင်... အိုဗာဟက်ထဲမှာ ထိုင်စားမယ်- ကျနော်က သူ့ကို ခေါ်ရင်းနဲ့ ထမင်းထုပ်ကိုဆွဲပြီး အိုဗာဟက်ထဲ တွားဝင်ခဲ့ပါတယ်။ နိုင်နိုင်လည်း လျှောက်မြောင်း နှုတ်ခမ်းပေါ်ကနေ လျှောက်မြောင်းထဲ ခုန်ချပြီး လိုက်ဝင်လာတယ်။ ကျနော်တို့ နှစ်ယောက်စာက ထမင်းထုပ် လေးထုပ်ပါ။ မနက်စာနဲ့ ညစာပေါ့လေ။ ရေကတော့ လျှောက်မြောင်း နံရံမှာ တူးပြီးထည့်ထားတဲ့ လေးဂါလံပုံးကြီးတွေနဲ့ အပြည့်ရှိတယ်။ ပါလာတဲ့ ထမင်းထုပ်တွေထဲက နှစ်ထုပ်ကို အိုဗာဟက်ဘေးနံရံမှာ တူးထားတဲ့ မြေဆင့်လေးမှာ တင်လိုက်ရင်း ကျန်တဲ့ နှစ်ထုပ်ကို ဖြည်လိုက်ပါတယ်။ သောက်ရေဘူးကရေနဲ့ လက်ဆေးရင်း ကျနော်တို့ အတွက် ထမင်းထုပ် နှစ်ထုပ်ကို ကြည့်လိုက်တော့ ဟင်းကတော့ ထုံးစံအတိုင်း ငါးသေတ္တာကို ငါးပိချက်လို ကျော်ချက်လုပ်ပြီး ခရမ်းချဉ်သီးနဲ့ ချက်ထားတာပါ။ ကျော်ထားတဲ့ ငါးရုတ်သီးခြောက် လေးတွေပါ ပါပါသေးတယ်။ ကျနော်တို့အတွက်တော့ နတ်သုဒ္ဓါပါပဲ။

အဲလိုစားကောင်းနေတုန်း နောက်ထပ် လက်နက်ကြီး ပစ်သံတွေကို ထပ်ကြားလိုက်ရပါသေးတယ်။ - ထုံ-ထုံ-ထုံ-ထုံ- လေးချက်။ နောက်တော့ နောက်ထပ် -ထုံ-ထုံ-ထုံ-ထုံ- လေးချက်။ - လာပြန်ပြီဟ... ဘယ်ကို ပစ်နေလဲ မသိဘူး - ကျနော်က ပြောရင်း ထမင်းဆက်စားနေပါတယ်။ နိုင်နိုင်ကတော့ ဘာမှ ပြန်မပြောပါဘူး။ နောက် စက္ကန့် အနည်းငယ် ကြာတော့ - ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဂျိမ်း- ဆိုပြီး လက်နက်ကြီးကွဲသံတွေ ကျနော်တို့ အနောက်ဖက် အိုဗာဟက် ၀င်လမ်းဘက်ကနေ ကြားရပါတယ်။ - ဒီ-ဒီ-ဒီ-ဒီဘက်ကို ပစ်-ပစ်-ပစ်-နေတာဟ... - နိုင်နိုင်က အထစ်ထစ်နဲ့ ပြောနေတော့ ကျနော့်မှာ ရီရတာ ထမင်းတောင် သီး မတတ်ဖြစ်သွားပါသေးတယ်။ သူပြောနေတာကလည်း လက်နက်ကြီး ထွက်သလိုပဲ။ တလုံးချင်း ထွက်လာတာကိုး။ ကျနော်ရီတော့ နိုင်နိုင်ကဆဲပါသေးတယ် - လခွီး - တဲ့ အဲတာတော့ မထစ်ဘူးဗျ။း)

အဲနောက်တော့ ကျနော် ရီကောင်းတုန်းရှိသေး နောက်ထပ်လေးလုံးမှာ တလုံးက ကျနော်တို့ အိုဗာဟက်ပေါ်ကို ကျပါသဗျာ။ -ဂျုံး- ဆိုတဲ့ အသံကြီးနဲ့ တပြိုင်နက်တည်းပဲ ကျနော်တို့ ထိုင်နေတဲ့ မြေကြီးရော အိုဗာဟက် တခုလုံးရော ခါထွက်သွားတာ အမိုးပေါ်က ဖုန်တွေ သဲတွေဆိုတာ ဖွားကနဲ ကျနော်တို့ စားနေတဲ့ ထမင်းထုပ်ထဲ ကျလာတော့တာပါပဲ။ စားနေတဲ့ ထမင်းထုပ် နှစ်ထုပ်လုံးပေါ်မှာ နှမ်းလေးတွေ ဖြူးထားသလိုပါပဲဗျာ ဖုန်တွေနဲ့ သဲတွေ။ -အား ... .........သားတွေ - နိုင်နိုင်ရော ကျနော်ရော နှစ်ယောက်လုံး မတိုင်ပင်ပဲ တပြိုင်တည်း မေတ္တာပို့မိပါရော။ ထမင်းတွေကတော့ လွှင့်ပစ်လို့ မဖြစ်တော့ အပေါ်က သဲတွေကျတဲ့ အလွှာလေးပဲ လက်နဲ့ ဖယ်ပြီး ကျန်တာကို စားရတာပေါ့လေ။ ဒါမဲ့ သဲ မစင်ပါဘူး ကျန်တဲ့ အပိုင်းတွေလည်း စာရင်းနဲ့ သဲ တကျိကျိပါပဲ။ မတတ်နိုင်ဘူးလေ။ ၀ါးပစ်ရတာပေါ့။ ညစာ နှစ်ထုပ်ကို ထုတ်စားလို့မှ မဖြစ်တာ။ ဘာပဲပြောပြော အဲတုန်းက သွားကလည်း ကောင်းသေးတယ်လေ။ သဲတွေလည်း ၀ါးနိုင်သေးတာကိုး။း)

ပုံမှန်ဆို နေ့လည်ကြီး လက်နက်ကြီး ပစ်လေ့ မရှိပါဘူး။ ခုကတော့ ပစ်ကွက် စမ်းနေတာဖြစ်မယ်ထင်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် လက်နက်ကြီးတွေ နေရာ အနှံ့အပြား အဲနေ့လည်က ကျတာပါပဲ။ ကျနော်တို့လည်း အိုဗာဟက်ထဲက ထွက်ကြည့်လိုက် ကိုယ့်အနားကို နီးလာတယ်ထင်ရင် အိုဗာဟက်ထဲ ပြန်ဝင်ပြေးလိုက်ပါပဲ။

နောက်တော့ နေ့လည်ရောက်တော့ ဆရာဇော်ခက်က ကျနော်တို့အကွက်ထဲက ရှိသမျှ အိုဗာဟက်တွေကို တခုချင်းကို ဘယ်နေရာကို ဂရုစိုက်ရမယ်ဆိုတာ သတိလာပေးပါတယ်။ - ဟေး... ဒီည တို့အကွက်ထဲကို ထိုးဖို့ များတယ်။ ဒါကြောင့် ပစ်ကွက်စမ်းနေတာ။ ထိုးတိုင်း နင်တို့ ဘေးက ဖုတ် (အိုဗာဟက်)ကို အမြဲတမ်း တက်တယ်။ အဲမှာက တက်တဲ့ လမ်းလည်း ရှိတယ်။ အဲတာ သတိထား။ ခုနင်တို့ အဲလမ်းနဲ့ နေရာတွေ ကြည့်ထားကြ။ နင်တို့ အထဲကတော့ တိုက်ရိုက် မမြင်ရဘူး။ လိုအပ်ရင် တယောက် အပြင်ထွက်ပစ် ဟုတ်လား - ဆိုပြီး ကျနော်နဲ့ နိုင်နိုင်ကို လာပြောသွားပါတယ်။

အဲတော့ ကျနော်တို့လည်း ညမမှောင်ခင် ထွက်ကြည့်ရပါတယ်။ ပွိုင့်ဖိုက် စက်ကြီး အိုဗာဟက်ကနေ ပြန်ရေရင် ထိပ်တိုက်ဘေးက အိုဗာဟက်တလုံး။ ပြီးတော့ နောက်တလုံး။ ပြီးရင် ဆရာဇော်ခက်ပြောတဲ့ ရန်သူ တက်နေ နေကြ ဆိုတဲ့ အိုဗာဟက်။ အဲမှာ အေကေ စက်လတ် တလက်ရှိပါတယ်။ ကျနော်တို့ အိုဗာဟက်က အဲ ဘေးမှာပါ။ လျှောက်မြောင်းတွေပေါ်ကို တက်ပြီး ကြည့်တော့မှ ပတ်ဝန်းကျင် တခုလုံးကို သေချာ မြင်ရတော့တာကိုး။ အဲမှာ အဲအိုဗာဟက်ဆီကို တက်လာလို့ရတဲ့ လမ်းကြောင်းကို မြင်နေရပါတယ်။ သံဆူးကြိုး နှစ်ထပ် ရှိနေပေမယ့်လည်း အဲတက်လမ်းမှာ ပေါက်နေတာကိုပါ လှမ်း မြင်နေရပါတယ်။ ဆရာဇော်ခက်ပြောတဲ့ လမ်းက အဲလမ်းပါပဲ။ ဒါမဲ့ အဲတက်လမ်းကြောင့်လည်း အေကေစက်လတ် တလက်ကို အဲအိုဗာဟက်မှာ ထားထားတာပါပဲ။ အဲအေကေစက်လတ်ရှိတဲ့ အိုဗာဟက်နဲ့ ကျနော်တို့ရဲ့ ပစ်ကွင်းကြားထဲမှာ သစ်ပင်ကြီး တပင်က ခံနေပါသေးတယ်။ ဒါကြောင့် ကျနော်တို့က အဲလမ်းကို ကျနော်တို့ အိုဗာဟက်ကနေ မမြင်ရတာပါ။ ဒါကြောင့်လည်း ဆရာဇော်ခက်က တိုက်ပွဲဖြစ်ရင် တယောက် အပြင်ထွက်ပစ်လို့ ပြောသွားတာပါ။ လျှောက်မြောင်း နှုတ်ခမ်းတွေမှာက ပစ်ကျင်းလေးတွေ (Fox Hole) ရှိပါတယ်။

ဒါနဲ့ ကိုယ့်နေရာပတ်ဝန်းကျင်တွေကို ကြည့်ပြီးသွားတော့ ကျနော်တို့ နှစ်ယောက်လည်း အိုဗာဟက်ထဲကို ပြန်ဝင်ပြီး သေနတ်တွေ ဖြုတ်ပြီး သေနတ်ပြောင်းတွေ ပြန်တိုက်ကြပါတယ်။ နောက်တော့ နေ့လည်စောင်းမှာ လက်နက်ကြီးသံတွေ ကြားထဲမှာပဲ နိုင်နိုင်နဲ့ ကျနော် တယောက်တလှည့်စီ ခဏလောက် အိပ်လိုက်ကြပါ သေးတယ်။ နောက် ကျနော်တို့ ပြန်နိုးပြီးတော့ ညမမှောင်ခင်မှာ ကျန်နေတဲ့ ထမင်းထုပ် နှစ်ထုပ်ကိုဖွင့်ပြီး ညနေစာ စစားတော့ လက်နက်ကြီးတွေ ဟိုဖက်ကရော သည်ဖက်ကရော စပြီး ပစ်နေကြပါပြီ။ အဲလိုနဲ့ ညနေ ကတည်းက စပစ်တဲ့ လက်နက်ကြီးသံတွေဟာ ညဥ့်နက်လာလေလေ ပိုစိပ်စိပ်လာလေလေပါပဲ။ ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း တဂျုံးဂျုံး အသံတွေက မစဲတော့ပါဘူး။

ကျနော်နဲ့ နိုင်နိုင် တာဝန်ယူနေရတဲ့ အိုဗာဟက်က အမှန်တော့ မြေကြီးကို လူ နှစ်ယောက်စာ ကျင်းအရင်တူး။ ပြီးတော့မှ အဲကျင်းအပေါ်မှာ လူတပွေ့စာရှိတဲ့ သစ်လုံးတွေကို ကန့်လန့်ဖြတ်စီပြီး ဖုံးထားတာပါ၊ အဲသစ်လုံးတွေကို ဖုံးပြီးတော့ မြေဖို့တယ်။ ပြီးတော့ ဖို့ထားတဲ့ မြေပေါ်မှာ အဲလိုမျိုးနောက်ထပ် သစ်လုံးတွေကို နဂိုရ်ခင်းထားတဲ့ သစ်လုံးတွေအပေါ်မှာ ၉၀ ဒီဂရီ ကန့်လန့်ဖြတ် ထပ်တင်ထားတာပါ။ ပြီးတော့ မြေထပ်ဖို့ထားပါတယ်။ အဲမြေအပေါ်မှာမှ သဲအိတ်တွေ ထပ်တင်ပြီး အားဖြည့်ထားတာပါ။ ပြောရရင် သစ်လုံးတွေ နှစ်ထပ် ထပ်ထားတဲ့ မြေကျင်းတခုပါပဲ။ ဒါမဲ့ လက်နက်ကြီးတွေ အိုဗာဟက်ပေါ်ကို တိုက်ရိုက် ကျတိုင်း အန္တရာယ် ရှိပါတယ်။ သာမန် အားဖြင့် ၂ လက်မခွဲ (၆၀ မမ) စိန်ပြောင်း နဲ့ ၃ လက်မ (၈၁ မမ) စိန်ပြောင်း လောက်ကတော့ ပြသနာ မရှိပေမယ့် -၁၂၀ မမ မော်တာဆံသာ တိုက်ရိုက်ကျခဲ့ရင် ကျနော်တို့ အိုဗာဟက်က ပြိုသွားမှာပါ။

အဲလိုနဲ့ ည ၁၀ နာရီ ကျော်လာတဲ့အခါမှာ ကျနော်တို့ အိုဗာဟက်ထဲကနေ ကျနော်တို့ ရှေ့မြင်ကွင်းမှာ သေနတ် ပြောင်းဝတွေကနေ ထွက်လာတဲ့ မီးတန်းတွေကို စပြီး မြင်ရပါတော့တယ်။ အသံတွေကတော့ ဖလူး တခွင်လုံးမှာ ဆူညံနေတာဆိုတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မသိပါဘူး။ ကိုယ့်ရှေ့မှာ မြင်နေရတဲ့ တရွှီးရွှီး ဖြတ်နေတဲ့ မီးတန်းတွေကိုပဲ ကြည့်နေရတာပါ။ ကိုယ့်ရှေ့မှာ မီးတွေ တွေ့နေရပြီဆိုတော့ ကိုယ့်အကွက်ထဲမှာ ရန်သူ ရောက်နေပြီပေါ့။ ဒါမဲ့ ကျနော်တို့ မြင်နေရတာက မီးတန်းတွေက ကျနော်တို့ အိုဗာဟက်ရှေ့က ကန့်လန့်ဖြတ် သွားနေတယ်။ ဆိုတော့ ရန်သူက ကျနော်တို့ရဲ့ ဘယ်ဘက်မှာ ရှိနေတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ညာဖက်ကို ပစ်နေတယ်ဆိုတာကိုပဲ သိတယ်။ ကျနော်ရော နိုင်နိုင်ရော ကြည့်နေပေမယ့်လည်း မီးတိုက်ရိုက်ပွင့်နေတဲ့ နေရာတွေကို မမြင်ရပါဘူး။ အဲအချိန်မှာ လက်နက်ကြီးတွေကလည်း ကျနော်တို့ အကွက်ထဲမှာ တဂျုံးဂျုံး ကျနေတာပါပဲ။ တခါတခါဆိုရင် ကျနော်တို့ အိုဗာဟက်ကို ၀င်လာတဲ့ လမ်းရှိရာ လျှောက်မြောင်းအ၀မှာ လက်နက်ကြီးကျလို့ အဲလက်နက်ကြီး ပေါက်ကွဲမှုကြောင့် တွန်းဝင်လာတဲ့ လေဟာ ကျနော်တို့ အိုဗာဟက်ထဲကို -ဟူးကနဲ-ဟူးကနဲ- ၀င်လာပါသေးတယ်။ ကျိန်းသေတာကတော့ ရန်သူက ကျနော်တို့ အကွက်ထဲကို ထိုးနေပါပြီ။

ဒါနဲ့ ကျနော်နဲ့ နိုင်နိုင် နှစ်ယောက်မှာ တယောက်ကတော့ Fox Hole မှာ သွားထိုင်ရဖို့ အခြေအနေ ဖြစ်နေပါတယ်။ ကျနော်တို့ အထဲက ဘာမှ မမြင်ရဘူး မဟုတ်လား။ တကယ်တော့ ခုလို လက်နက်ကြီးတွေ ကျနေချိန်မှာ ကျနော်လည်း အဲမှာ သွားမထိုင်ချင်ဘူး။ နိုင်နိုင်လည်း သွားထိုင်ချင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပစ်ကျင်းမှာက ဘာအမိုးအကာမှ မရှိတာကိုး။ အဲလို ဖြစ်နေတုန်းမှာ ကျနော်တို့ အိုဗာဟက်အ၀မှာ ရဲဘော်ကိုကိုလေးက လာအော်ပါတယ် - ဟေး... စိုးအောင်နဲ့ ကိုထွန်းထွန်းနဲ့ ထိသွားပြီ။ လူနာသယ်ရမယ်။ တယောက်ထွက်ခဲ့ - ဆိုတာ ကြားလိုက်ရပါတယ်။ ကျနော်က အိုဗာဟက် ၀င်လမ်းနဲ့ အနီးဆုံး ညာဖက်မှာဆိုတော့ ကျနော် တွားထွက်ခဲ့တယ်။ ကျနော့် အဲမ်-၁၆ ကတော့ လက်ထဲမှာ ဆွဲလျက်ပေါ့။ လျှောက်မြောင်းအ၀မှာ ကိုကိုလေးကို ကျနော်တွေ့တယ်။ အဲအချိန်မှာမှ လက်နက်ကြီးကွဲတာကို တွေ့ရတော့တာ။ အပေါ်က လျှောက်မြောင်းအစပ်မှာ တလုံးကွဲတယ်။ ဘာလဲတော့ မသိ။ ထင်တာတော့ အမ်-ဖော်တီး ထင်တယ်။ ခွမ်း- ဆိုကြားရပြီး အသံတွေက နားအူသွားတယ် မီးတွေ အမျိုးစုံ ပွင့်နေတာပဲ။

နောက်တော့ လျှောက်မြောင်းထဲကလျှောက်လာရင်းနဲ့ ကွန်ကရစ် အိုဗာဟက်ကြီးဆီ ရောက်လာတယ်။ အဲမှာ အော်နေတဲ့ ရဲဘော်စိုးအောင်ကို တွေ့ရတာပါပဲ။ ဆေးမှူး ၀င်းတင့်ဟန်ကတော့ - ဟေ့ကောင် မအော်နဲ့... ကြားသွားရင် ဖော်တီးအဲမ်တွေ လာလိမ့်မယ် - လို့ ပြောတာကိုလည်း ကျနော် ကြားလိုက်ရတယ်။

ဖြစ်တာက ဒီလိုပါ။ သူတို့နေတဲ့ အိုဗာဟက်ကြီးက ကွန်ကရစ် ဘန်ကာကြီး။ ဆိုတော့ စိတ်ချရတယ်။ ဒါမဲ့ ဘန်ကာနဲ့ လျှောက်မြောင်းက တိုက်ရိုက်ကြီး ဆက်ထားတာပါ။ အ၀င်ဝက လေးပေလောက်ပဲရှိမှာ။ တွားသွားစရာတောင် မလိုဘူး။ ထိုင်ပြီး ၀င်သွားလို့ရတယ်။ ဘန်ကာနဲ့ လျှောက်မြောင်းအစပ်မှာလည်း သာမန်မိုးထားတဲ့ အကာအရံတခုပဲ ရှိတယ်။ တခြား အမာခံ ဘာမှ မရှိဘူး။ အဲတော့ လျှောက်မြောင်းနဲ့ ဘန်ကာ ဆက်တဲ့ အ၀င်လမ်း အ၀မှာ ၈၁ မမ ( ၃ လက်မ မော်တာ) ကျကွဲတော့ အစတွေ ဘန်ကာထဲ ၀င်တာပါပဲ။ အဲမှာ ကိုထွန်းထွန်းက သူ့ အဲမ်-၁၆ ကို ပစ်နေတာ။ စိုးအောင်က ထိုင်ပြီး ကျည်ဖြည့်ပေးနေတာပါ။ ၈၁ အစတွေက စိုးအောင်ကို တိုက်ရိုက် မှန်တာပါ။ ဒါမဲ့ ကံကောင်းတာက သူ့ တင်ပါးနဲ့ ပေါင်နှစ်ဖက်ကိုပဲ မှန်တာ။ သေလောက်တဲ့ နေရာတွေ တခုမှ မမှန်လို့ပေါ့။ ကိုထွန်းထွန်းကတော့ ၈၁ အစတွေက ကွန်ကရစ် အိုဗာဟက်က နံရံတွေကို မှန်ပြီး ပြန်လွင့်လာတဲ့ ကျောက်စတွေ ကျောတခုလုံးကို မှန်တာပါ။

ဒါနဲ့ ဆေးမှူး ၀င်းတင့်ဟန်က ကိုထွန်းထွန်းအတွက်တော့ ဘာမှ မလုပ်ပေးနိုင်ဘူး။ စိုးအောင်အတွက်တော့ သူ့ပေါင်ကို ဖြတ်ထွက်သွားတဲ့ အပေါက်တပေါက်ကို သွေးထပ်မထွက်အောင် ပိတ်ပေးနိုင်တယ်။ ဒါမဲ့ အပေါက်တွေက အများကြီး။ ပြီးတော့ တင်ပါးမှာလည်း မှန်ထားသေးတယ်။ မဖြစ်မနေ သူ့ကို ကျနော်တို့ နောက်တန်း သယ်ရတော့မှာ။ တင်ပါးမှာ လက်နက်ကြီးစ ၀င်ထားတဲ့နေရာက သွေးတွေ ထွက်နေသေးတယ်။ ဒါနဲ့ စစ်သုံး ပုခက်တခုကို ရရာ သစ်လုံးတခုနဲ့ ပစ်နေခတ်နေတဲ့ ကြားထဲက လျှောက်မြောင်းထဲမှာပဲ ပုခက်တခု ဖြစ်အောင် လုပ်လိုက်တယ်။ ပြီးတော့ စိုးအောင်ကို သူတို့ အိုဗာဟက်ထဲက ဆွဲထုတ်ရတော့တာပါပဲ။ သူကလည်း ဒဏ်ရာရထားတဲ့သူဆိုတော့ ဘယ် လှုပ်နိုင်မလဲ။ သူ့ကို လျှောက်မြောင်းထဲ ဆွဲထုတ်ရတာ။ ဆွဲထုတ်တော့ နာတော့လည်း သူ့ခမျာ အော်တာပါပဲ။

ဒီလိုနဲ့ ညအမှောင်ထဲမှာ ပစ်နေခတ်နေတဲ့ကြားထဲက ကျနော်နဲ့ ရဲဘော်သန်းစိန်ဟာ ရဲဘော်စိုးအောင်ကို ထမ်းပြီး နောက်တန်းက ဆေးရုံဆီ သယ်ခဲ့ရပါတယ်။ သယ်တယ်ဆိုတာကလည်း အလွယ်တကူတော့ မဟုတ်ပါဘူး။ လျှောက်မြောင်းထဲကနေ သယ်ရတာပါ။ လျှောက်မြောင်းဆိုတာကလည်း အကျယ်ကြီး မဟုတ်ပါဘူး။ ၂ ပေခွဲလောက်ပဲ ကျယ်မှာပါ။ လူတကိုယ်စာ သွားလို့ ရရုံလောက်ပါပဲ။ မိုးတွေကရွာ။ လက်နက်ကြီးတွေကကျနဲ့ လျှောက်မြောင်းနှုတ်ခမ်းသားတွေက လျှောက်မြောင်းထဲ ပြန်ကျပြီး ဗွက်ထနေတာပါ။ အဲဗွက်က တတောင်လောက်ရှိပါတယ်။ အဲတတတောင်လောက်ရှိတဲ့ ဗွက်ထဲမှာ ခြေတွေ နစ်နေရင်းက လူနာပုခက်ကို နှစ်ယောက်တည်း သယ်ရတာပါ။ သယ်ရင်းနဲ့ လက်နက်ကြီးတွေ ကျလာရင်လည်း လျှောက်မြောင်းနံရံကို ကိုယ်နဲ့ကပ်ရင်း ဘုရားတပြီး ရပ်ရပါသေးတယ်။

အဲလိုနဲ့ နောက်တန်း ဆေးရုံရှိတဲ့ဆီကို ကျနော်တို့ ရောက်ခဲ့ပါတယ်။ ဂျဲင်နရေတာနဲ့ ထွန်းထားရတဲ့ မီးရောင်အောက်မှာ ဒဏ်ရာ ရထားကြတဲ့ စစ်သားတွေ အများကြီးပါပဲ။ ကျနော် တွေ့နေရတယ်။ မြေအောက် လှိုဏ်ဂူတခုထဲမှာ အဲလူတွေကို ယာယီပဲ ကုသပေးနိုင်တာပါ။ ရဲဘော်စိုးအောင်ဆိုရင် လက်နက်ကြီးအစတွေက တင်ပါးထဲမှာ ရှိနေတယ်။ ခွဲထုတ်ရမှာ။ ဒီနောက်တန်းမှာ မလုပ်နိုင်ပါဘူး။ ဆေးရုံတခုခုကို ပို့မှ ရမှာ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် အဲနောက်တန်းဆေးရုံမှာပဲ သူ့ကိုထားပြီး ကျနော်နဲ့ ရဲဘော် သန်းစိန် ထိပ်တိုက်ကို ပြန်လာခဲ့ရ တာပါပဲ။ ကျနော်တို့ ပြန်ရောက်တော့ ကျနော်တို့ ဘေးက အေကေစက်လတ်ရှိတဲ့ အိုဗာဟက်ဟာ ၅၇ မမ နောက်ပွင့်လား ၈၄ မမ ရော့ကက်လောင်ချာလား မသိ တိုက်ရိုက် ထိပြီး ပွင့်ထွက်သွားပါတယ်။ ကရင်ရဲဘော် နှစ်ယောက်လုံးကျတယ်။ ကျနော်ပြန်ရောက်တော့ အဲဒီ ပွင့်ထွက်သွားတဲ့ အိုဗာဟက်ရဲ့ အမိုးပေါ်မှာ ဂျီ-ဖိုး တလက် ကိုင်ထားတဲ့ ကရင် ရဲဘော်တယောက်နဲ့ အတူ တညလုံး မနက်မိုးလင်းအထိ မှောက်လျက်ကြီး ကျနော် နေခဲ့ရတယ်။ ဒါမဲ့ ဘယ်သူ့ကိုမှ မပစ်ခဲ့ရပါဘူး။ အဲဒီညကတော့ ကျနော်အတွက် အမှတ်တရအဖြစ်ဆုံး ညပါပဲ။ လက်နက်ကြီးတွေက နေရာတကာ ပေါက်ကွဲလို့။ လက်နက်ငယ်တွေရဲ့ မီးတန်းတွေကလည်း ပိုက်ကွန်ကွက် တွေလို ရှုပ်ရှက်ခပ်လို့။

ကွန်ကရစ် အိုဗာဟက်ကြီးထဲမှာ ကျနော် မနေရပေမယ့် ကျနော့်ကို ဆူးတချောင်းတောင် အဲညက မခခဲ့ပါဘူး။ ကျနော်ထင်တာကတော့ ကျနော့်ကို လွမ်းနေမယ့် အမေ့မေတ္တာကြောင့်လို့ပဲ ထင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မြစ်
























ဟောဒီမှာ...
ခေါင်းကိုက်နေတဲ့မြစ်ပါ့
သီချင်းဟောင်းတွေကိုပဲ အသစ်လုပ်ဆိုနေရ...

မြစ်ရဲ့ရင်ကတော့ ပတ်ကြားတွေ အက်အက်
အလင်းရောင်တွေပဲ ပဲ့ပဲ့ထွက်နေပေါ့....

ပြောင်းပြန်စီးတဲ့ သွေးတွေ
နောက်ကျသွားတဲ့ ဖနောင့်တွေ
လေထီးလွယ်ထားတဲ့ သူရဲကောင်းတွေ
ကြွေအံကစားရာနေရာမှာ
မြစ်ဟာ မစီးဆင်းလေဘူး...

စိတ်.... ပျက်တယ်
သိပ်.... ခက်တယ်
အိပ်.... မက်တယ်
နှိပ်.... စက်တယ်
ကိုယ့်ဘ၀ဇာတ်ဆရာရယ်....ဆိုပြီး
ဗဒင် လို
မြစ်ဟာ..မငိုဘူး...

အက်စစ်ကို
ဖက်ဆစ်လို့
မင်းတို့ ဖတ်နေရတာဟာ
ခက်ဆစ်ကို နားမလည်လို့လား....
မြစ်က မေးတယ်။

ဒီလိုနဲ့
မင်းမသိလိုက်တဲ့နေ့မှာ
အိမ်ရှေ့က ဖြတ်မောင်းသွားတဲ့ကားတစင်းလို
အဲဒီမြစ် စီးဆင်းသွား...

အဲဒီနေ့ဟာလည်း မင့်နေ့ပဲမောင်
မြစ်ရဲ့ အရောင်ကို မောင်ရင် မသိသမျှ
လိုက်လို့လည်း မမှီရလေဘူး။

(အပြင်းစားတပုဒ်လောက်ရေးပါဦးလို့ ဆိုတဲ့ ညီငယ် ဆောင်းယွန်းလအတွက် အမှတ်တရ)

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်တဲ့ မနောမြေ] 1 New Entry: ငယ်ငယ်က ကြိုက်ခဲ့တဲ့ လင်္ကာဒီပ ချစ်သူ ၏ လက်ရာရှင် ကွယ်လွန် လေပြီ

ငယ်ငယ်က ကြိုက်ခဲ့တဲ့ လင်္ကာဒီပ ချစ်သူ ၏ လက်ရာရှင် ကွယ်လွန် လေပြီ

Image and video hosting by TinyPic
စုတ်ချက်တွေ တရှိုက်မက်မက် နဲ့ ဖမ်းစားတတ် တဲ့ ပန်းချီ ဝသုန်

မြန်မာ့ နာမည်ကျော် ပန်းချီဆရာ ဝသုန် (အမည်ရင်း - ဦးခင်လှ) အသက် (၆၁) နှစ်သည် ယနေ့ နံနက် က အဆုတ်ရောင် တီဘီရောဂါဖြင့် သင်္ကန်းကျွန်မြို့နယ်ရှိ သူ၏ နေအိမ်တွင် နံနက် ၇နာရီ ၁၅မိနစ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။


၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလများဆီတွင် ရန်ကုန်မြို့ ၃၈လမ်းရှိ မော်လမြိုင် ကျောင်းတိုက်တွင် ဖွဲ့စည်းသော ကာတွန်း နှင့် ပန်းချီ၊ပန်းပု သမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

၁၉၆၄ ခုနှစ်မှ စတင်ကာ မဂ္ဂဇင်းများတွင် သရုပ်ဖော် ပန်းချီများ စတင် ရေးဆွဲခဲ့သူ ဖြစ်သည်၊ သူ၏ လက်ရာများအနက် ချစ်ဦးညို၏ "လင်္ကာဒီပချစ်သူ" ရုပ်ပြကာတွန်း သရုပ်ဖော်ဖြင့် တဟုန်ထိုး ကျော်ကြားလာခဲ့ကာ ၁၉၇၀ ဝန်းကျင်တွင် သူသည် ရေဆေး၊ ဆီဆေး နှစ်မျိုးလုံးဖြင့် ရေးဆွဲလာကာ ရေဆေးဖြင့် ရေးဆွဲခြင်းကို ပိုမို အားသန်သူဖြစ်သည်။

၁၉၈၈ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ် နှင့် ၁၉၉၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယား တွင် ပန်းချီပြပွဲများ ကျင်းပခဲ့သေးသည်။

Image and video hosting by TinyPic
စိတ်ဝင်တစား အနုပညာ ဖန်တီးနေတဲ့ ဝသုန်

သူ့ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုအား အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ အောက်တိုဘာလ (၃) နေ့တွင် ဆုချီးမြှင့်ခဲ့သော (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ မျိုးဆက်သစ် လူငယ်ဒါရိုက်တာ ကြည်ဖြူသျှင် ဒုတိယအကြိမ် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့သော A Sketch of Wathone သည် ပန်းချီ ဝသုန်၏ အနုပညာ၊ သူ့ဘဝ နှင့် မိသားစု အကြောင်းကို ၂၀၀၅ခုနှစ် အကုန်တွင် လင်ဆေး မာရစ်ဆင် ဦးစီးကာ အခြားသော ဥရောပနှင့် သြစတေးလျားမှ သင်ထောက်ကူ ၈ဦးတို့နှင့် အတူ ရုပ်ရှင်ပညာသင် ကျောင်းသူ၊ ကျောင်းသား ၁၂ဦးတို့ ပန်းချီ ဝသုန်၏ အိမ်နှင့် ရန်ကုန်မြို့ ဟော်တယ် အချို့တွင် ရိုက်ကူး ခဲ့သော ဝသုန့် အကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်သည်။

Image and video hosting by TinyPic

ကြာသာပတေးနေ့ ညနေ ၃နာရီတွင် ရေဝေးသုဿန်တွင် သဂြိုဟ်မည် ဖြစ်ပြီး။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား၂ဦး သမီး၂ဦး ကျန်ရစ်ထားခဲ့သည်။

……. မြန်မာ ပန်းချီကျော် ဝသုန် ကောင်းရာသုဂတိ လားပါစေ …….
ဓါတ်ပုံများအား ဖလစ်ကာမှ ရယူသည်။

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Lu Lu] 1 New Entry: ကြာဇံသုပ်

ကြာဇံသုပ်

မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမများကို ဒီနေ့မှာတော့ ကြာဇံသုပ်လေး သုပ်ကျွေးပါမယ်နော်။ ကြာဇံလို့ပြောတဲ့အခါ ဆန်ကြာဇံနဲ့ ပဲကြာဇံကို မကွဲမပြား ဖြစ်လေ့ရှိပါတယ်။
ဆန်ကြာဇံကတော့ အခြောက်အတိုင်းရှိတဲ့အခါမှာ အရောင်ကအဖြူရောင်အမျှင်လေးတွေ ဖြစ်နေပြီး ပဲကြာဇံက တော့ အကြည်ရောင်လေးပါနော်။ ဆန်ကြာဇံကိုတော့ အများအားဖြင့် ကြော်စားတဲ့အခါမှာ အသုံးပြုကြပါတယ်။ ၀က်သားဒုတ်ထိုး၊ ၀က်သားလိပ်အရောင်းဆိုင်တွေမှာ ကြာဇံကြော်နဲ့ တွဲဖက်ရောင်းလေ့ရှိတတ်ပါတယ်။ ပဲကြာဇံ ကိုတော့ ကြာဇံချက် ချက်တဲ့အခါမှာ အသုံးများပါတယ်။ ရံဖန်ရံခါ အစုံသုပ်သုပ်တဲ့အခါမှာ ထည့်သုံးကြသလို ခ၀ဲသီးနဲ့ ကြာဇံဟင်းချက်တဲ့အခါတို့၊ ပဲနီလေးကြာဇံဟင်းရည်သောက်ချက်တဲ့အခါတို့မှာ အသုံးပြုတတ်ကြတာ ကတော့ ပဲကြာဇံကို သုံးကြပါတယ်။ ဒီနေ့ ကြာဇံသုပ်မှာ သုံးမယ့် ကြာဇံကတော့ ဆန်ကြာဇံပါနော်။
ကျွန်မက ဟင်းတွေထက် အသုပ်သုပ်စားရတာကို ပိုကြိုက်ပါတယ်။ အဲ့ဒါကတော့ ကျွန်မတို့ မိသားစု အကြိုက်ညီတဲ့အချက်ပါပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် အသုပ်သုပ်စားနိုင်ဖို့ ဆီချက်တစ်ပုလင်း ချက်ထားတာ အသင့် ရှိပါတယ်။ တစ်ညက ရုံးက အိမ်အပြန်မိုးချုပ်တော့ ထမင်းဟင်းကို မစားချင်တော့ဘူးဖြစ်နေလို့ မောင်နှမတွေ စုပြီး ကြာဇံသုပ်သုပ်စားခဲ့တာလေးကို ပြန်မျှဝေလိုက်ရပါတယ်နော်။
ကြာဇံသုပ် သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ဆန်ကြာဇံ
အာလူး
ဂေါ်ဖီထုပ်
ဆီချက်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
ပဲမှုန့်အကျက်
ငရုတ်သီးအကျက်မှုန့်
မန်ကျည်းသီးမှည့်အနှစ်
အချိုမှုန့်အနည်းငယ်တို့ပါနော်။


more...

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 2 New Entries: နိုင်ငံတကာသံရုံးများ

နိုင်ငံတကာသံရုံးများ

နိုင်ငံတကာသံရုံးများ


နိုင်ငံရပ်ခြား ဗီဇာရရှိဖို့အတွက် Travisa ရဲ့ Online Visa Application Page က နိုင်ငံပေါင်း ၁၆၀ ကျော်ကနေ ဗီဇာများ ရရှိအောင် အကူအညီ ပေးနိုင်တယ်လို့ သိရပါတယ်။ ပတ်စ်ပို့ အသစ်ပြန်လုပ် ရာမှလည်း မြန်ဆန်အောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံအားလုံးနဲ့ အွန်လိုင်း ဆက်သွယ်မှု ရနိုင်မှ ရပေမယ့် ဒီဝက်ဘ်ဆိုက်က သံရုံးတွေရဲ့ စာတိုက်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အက္ခရာစဉ်အလိုက် ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပါအုန်း။

အဆင်မပြေတဲ့နေ့လေးများ

အဆင်မပြေတဲ့နေ့လေးများ


ညညဆိုအိပ်မပျော်ဘူး။ အိပ်မပျော်တာ ဆိုတာထက် အိပ်မရဘူးလို့ပြောရင် ပိုမှန်ပါမယ်။ တိကျအောင်ပြောရရင် အိပ်ချင်တဲ့ ဆန္ဒ ပျောက်ဆုံးသွားတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်လတ်တလော ခံစားနေရတဲ့ ဝေဒနာဆိုးကတော့ အိပ်ကို မအိပ်ချင်တာပဲဖြစ်ပါတယ်။

စာဖတ်စားပွဲထိပ်မှာတင်ထားတဲ့ နိုးစက်နာရီလေးရဲ့ အနီရောင်စက္ကန့်လက်တံက မနားတမ်း လှုပ်ရှားနေတယ်။ အနုမြူသုတ်လိမ်းထားတဲ့ အစိမ်းရောင် မိနစ်လက်တံက ရှစ်ဂဏန်းကို ကျော်နေပြီး၊ နာရီလက်တံက သုံးဂဏန်းကို ခါနီးနေပြီးဖြစ်တယ်။ ကျွန်တော့် အခန်းမီးကတော့ ထိန်ထိန်လင်းနေဆဲပါပဲ။ အရင်လို ညမျိုးဆိုရင်တော့ ခေါင်းရင်းက စိမ်းဖန့်ဖန့် ညအိပ်မီးအလင်းတစ်ခုနဲ့ပဲ ကျော်ဖြတ်ခဲ့တာပါ။ ဒီလို အပ်မပျော်တဲ့ညတွေ များလာတော့ မျက်နှာကြက်က မီးချောင်းကိုပါ အဖော်လုပ်ဖို့ ဖွင့်ထားမိပါတယ်။

နွေရာသီမကုန်သေးတာမို့ လေအေးပေးစက်ကြောင့် အေးစိမ့်တဲ့လေအေး အထိအတွေ့ကြောင့် မအိပ်သေးပါလားလို့ ကိုယ့်ကိုယ်ကိုယ် သိနေပြီး အကြောင်းမဲ့ မျက်နှာကျက်ကို ကြည့်နေမိပါတယ်။ ဒီလိုကြည့်နေရင်းနဲ့ မျက်နှာကြက်က ပိုပြီးမြင့်သွားတယ်လို့ထင်မိတယ်။ အိပ်ခန်းကလည်း ကျယ်သွားသလို ထင်နေမိပြန်တယ်။ အဲဒီလိုပဲ ကျွန်တော့်မျက်စေ့ လည်းကျယ်သွားသလို ထင်မိတယ်။ ထိုထို အရာအားလုံးဟာ မကြာမတင်ပဲ ဆန့်ကျင်ပြီး ပိုမိုကျဉ်းမြောင်းသွားတယ်၊ ကျုံ့ရုံ့သွားတယ်လို့ ထင်ရတာ ကျွန်တော်တစ်ယောက် ထဲရတာပါ။

စွဲကပ်လာတဲ့ အိပ်မရတဲ့ ဝေဒနာဆိုးကို ကုစားဖို့ အိပ်ဆေးကို အဖော်ပြုရင်းနဲ့ပဲ အတွေးစတွေ ပြတ်တောက်သွားတယ်။ ခြေကားယား လက်ကားယားနဲ့ လေထဲ လမ်းလျှောက်သလို လွှင့်မျောနေတဲ့ စိတ်အာရုံကို စုစည်းနေပေမယ့် အလုံးစုံ မှုန်ဝါးဝါးဖြစ်လို့ပါ။ အရင်က ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို ပြန်တွေးကြည့်တော့လည်း ဘာမှထူးမလာဘူး။ ခဏကြာတော့ စဉ်းစားစရာတွေ ကုန်ခမ်းလာတယ်။ ခေါင်းထဲမှာလည်း ဘာမှပေါ်မလာတော့။ စိတ်ထဲမှာလည်း ဘာမှ မရှိတာ့ဘူး။ ဗလာနိတ္ထိကြီး ဖြစ်သွားတယ်။ နေ့လည်းမရှိ၊ ညလည်းမရှိ။ အမှောင်လည်းမရှိ၊ အလင်းလည်းမရှိ။ ၀မ်းနည်းခြင်းလည်းမရှိ၊ ၀မ်းသာခြင်းလည်း မရှိ။ အမှားလည်းမရှိ၊ အမှန်လည်းမရှိ။ ရှိခြင်းလည်း မရှိ၊ မရှိခြင်းလည်း မရှိ။ ပြာလဲ့လဲ့ ကောင်းကင်ကြီးလည်းမရှိ။ ပင်လယ်ကြီးလည်းမရှိ။ မြေကြီးလည်းမရှိ။ အသံလည်းမရှိ။ တိတ်ဆိတ်ခြင်းလည်းမရှိ။ ကျွန်တော်ပြောချင်တဲ့ မရှိခြင်းများစွာ တွေလည်း ရှိနေပါအုန်းမယ်။ ဘာကိုမှ ကိုင်တွယ်ပြောပြလို့ မရနိုင်တဲ့ အခြေအနေကို ရောက်ရောက်သွားနေမိတယ်။

တစ်ခါတစ်လေလည်း ကျွန်တော့်စိတ်ထဲမှာ ထွင်းဖောက်လို့မပေါက်နိုင်တဲ့ တံတိုင်းကြီးကို မြင်နေရသလို ခံစားရပါတယ်။ အုတ်ထူထူကြီးနဲ့ စီထားပြီး၊ ကျွန်တော်ရဲ့ စိတ်အစဉ်က အဲဒီ တံတိုင်းကြီးကို ထွင်းဖောက်ထွက်ဖို့ ကြိုးစားလေတိုင်း မရနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ တိုးဝင်ကြည့်ဖို့ ကြိုးစားလိုက်၊ အချည်းအနှီးဖြစ်ပြီး ရပ်ကြည့်နေလိုက်နဲ့ ကြိမ်ဖန်များစွာ အမှတ်မရှိ လုပ်ဆောင်နေမိပါတယ်။ ၀မ်းနည်းနေပေမယ့် ကျွန်တော် မငိုပါဘူး။ စိတ်မကောင်းလည်း မဖြစ်ခဲ့ပါဘူး။ လိုချင်တပ်မက်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ မရောက်အရောက် ကြိုးစားပြီး တိုးထွက် နေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ပျက်လက်ပျက်နဲ့ ဝမ်းနည်းစွာ ငိုချင်လာမိပါတယ်။ ကြောက်ရွံ့လာတယ်။

ဆို့နင့်လာတယ်။ ဒီလို ဖြစ်ပျက်နေတာကို လွန်မြောက်လွတ်ကင်းဖို့ ထွက်ပြေးချင်လာမိတယ်။ ဒီလိုနဲ့ မျက်လုံးအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ကျွန်တော့်အိပ်ခန်းထဲ ပြန်ရောက်နေတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ခဏလောက်တော့ အိပ်ပျော်သွားတယ်လို့ ထင်မိတယ်။ ဒီလို အိပ်မက်လို့ ထင်ပြီး ဖြစ်ပျက်ခဲ့သမျှကို တွေးကြည့်ရင် ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေးတွေနဲ့ အေးစက်နေတတ်ပါတယ်။

အခုလည်း အုတ်တံတိုင်းကြီးကို တိုးထွက်မရလို့ ပြန်နိုးလာတဲ့ပုံပါပဲ။ အရာရာက ကြည်လင်နေသလို အဲဒီအရာရာကပဲ မူးနောက်နောက် ဖြစ်နေပြန်ပါတယ်။ အိပ်မပျော်တဲ့ ရက်တွေက များပြီမဟုတ်လား။ အချိန်နည်းနည်း အားသွားတာနဲ့ အုတ်တံတိုင်းကြီးကို ပြန်မြင်လာတယ်။ ညက အဖြစ်အပျက်တွေလို ပြန်ဖြစ်လာတယ်။ မှေးကနဲ အိပ်ပျော်သလို ဖြစ်သွားပေမယ့် အကြောင်းမဲ့ လန့်လန့်နိုးလာပြန်တယ်။ ဒါကကျွန်တော့်ရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အဆင်မပြေမှုလေးတွေပါ။ မျှဝေခံစားပေးပါအုန်း။ အမှားအယွင်း ပါရှိခဲ့ရင် နားလည် ခွင့်လွှတ်နိုင်ပါစေလို့ ... ....



You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 1 New Entry: သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။

သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။

သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။

အများသူငှာတို့ ကြားသိပြီးဖြစ်တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ တိုက်ကြီး-ရန်ကုန် ပြေးဆွဲနေခဲ့တဲ့ ခရီသည်တင် ဟိုင်းလတ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကားပေါ်ပါသူ ကားမောင်းသမားအပါအ၀င် လူ (၇) ဦး သေဆုံးခဲ့တဲ့ကိစ္စကို နအဖက ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမှန်အတိုင်း မထုတ်ဖေါ်ဘဲ သတင်းလိမ်ခဲ့တာနဲ့  နအဖပိုင် သတင်းစာတွေကလည်း ဒီသတင်းကို လိမ်ညာဖန်တီးပြီး ရေးသားခဲ့တာကို ထုတ်ဖေါ်ပြလိုပါတယ်။

ပထမဦးဆုံးအနေနဲ့  ပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး နအဖကနေ ဘယ်လို သတင်းထုတ်ပြန်ခဲ့သလည်းဆိုရင် အဆိုပါ ဟိုင်းလတ်ကားမောင်းတဲ့သူဟာ ကားကို အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်ပြီး ကားပေါ်ပါ ဂက်စ်အိုးများ အချင်းချင်းရိုက်ခတ်မိလို့  ပေါက်ကွဲမှုဖြစ်ရတာပါဆိုပြီး အဓိက အကြောင်းရင်းက ကားမှောက်တာပါ၊ ကားမှောက်လို့ သာ ဂက်စ်အိုးပေါက်ကွဲရတာပါလို့  အကြောင်းပြခဲ့ပါတယ်။





အဖြစ်မှန်ဖြစ်တဲ့ ဂက်စ်အိုးပေါက်ကွဲတဲ့ အဓိက အကြောင်းရင်းကို လိမ်ညာခဲ့ခြင်းဖြစ်ပါတယ်။ စစချင်း ဂက်စ်အိုးပေါက်ကွဲတာ မဟုတ်ဘဲ ကားမှောက်တာ အရင်ဖြစ်လို့  ကားမှောက်တဲ့အရှိန်ကြောင့်သာ ဂက်စ်အိုးကွဲရတာပါလို့  လှည့်ဖြားပြောဆိုထုတ်ပြန်ခဲ့ပါတယ်။

ဘာလို့  ဒီလို လှည့်ဖြားပြောဆိုရတာလည်းဆိုတာကတော့ နအဖအနေနဲ့  သူတို့ နဲ့  ပတ်သက်နေတဲ့ ပေါ့ဆမှုတွေ၊ လာဘ်စားမှုတွေ၊ ပြည်သူတွေအပေါ်မှာ တာဝန်ကင်းမဲ့သူတွေ၊ သူတို့ ရဲ့ ညံ့ဖြင်းမှုတွေကို အပြစ်ပြောခံရမှာစိုးလို့  ဒီလိုဖုံးကွယ်ပြောဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

ဂက်စ်အိုးတပ်ဆင်မှုတွေကို စစ်ဆေးမှု မရှိတာတွေ၊ အလွယ်တကူဈေးနဲ့  ဈေးရောင်းကောင်းအောင်လောက်ဘဲ ကြည့်ပြီး လုပ်ခဲ့တာတွေ၊ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ထက် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေ ကြီးပွားရေးအတွက်သာ ကြည့်နေတာတွေ၊ နိုင်ငံတော်ဝါဒဖြန့် ချီရေးတွေမှာ မော်တော်ယာဉ်တွေ ဂက်စ်သုံးစွဲမှုနဲ့  တိုးတက်နေပါတယ်လို့  ဟန်ပြပြောဆိုနေတာတွေကို ထိခိုက်မှာစိုးလို့  ပေါက်ကွဲမှု အဓိက အကြောင်းရင်းက ဂက်စ်အိုးပေါက်လို့  ဖြစ်ရတာပါဆိုတာကို မပြောရဲတာဘဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ - နအဖက သတင်းထုတ်ပြန်ခဲ့တာ အောက်တိုဘာလ (၁ရ) ရက်နေ့ ကြမှ သတင်းထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာလ (၁၈) ရက်နေ့  သတင်းစာထဲမှာ ဖေါ်ပြခဲံပါတယ်။ အမှုဖြစ်ပွားပြီး (၃) ရက်မြောက်နေ့ ကျမှသာလျှင် သတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းစာထဲမှာ သတင်းကို လှည့်ဖြားပြီးရေးသားထားရုံတင်မကဖူး ပေါက်ကွဲမှုဖြစ်ပွားတာကို အခင်းဖြစ်မှုမြေပုံအကြမ်းနဲ့  ဖေါ်ပြထားပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဖြစ်ပွားမှုသတင်းကို သေသေချာချာ စနစ်တကျနဲ့ စုံစမ်းဖေါ်ထုတ်ထားသလိုလိုနဲ့ ၊ တကယ်တမ်းကျတော့ ပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေရဲ့  ဓါတ်ပုံတွေကိုတော့ အမှန်အတိုင်း ဖေါ်ထုတ်မပြရဲခဲ့ပါဖူး။ (စကားချပ် - သေဆုံးမှု ဆိုးရွားတဲ့ပုံတွေ ဖြစ်နေတာကြောင့် အမြင်မသင့်တော်လို့  သတင်းစာထဲ မထည့်တာလို့ တော့ အကြောင်းမပြပါနဲ့ ။ တစ်နေ့ ကဘဲ ရွှေပြည်သာမှာ ဗုံးထောင်ရင်း သေဆုံးခဲံရပါတယ်ဆိုပြီး ခေါင်းပြတ်ခြေပြတ်လက်ပြတ်ပုံကျတော့ သတင်းစာထဲမှာ သတင်းညာပြီး ၀ါဒဖြန့် ချီလိုလို့  ထည့်ခဲ့တာရှိနေပါတယ်)။ ဂက်စ်အိုးပေါက်ကွဲလို့  သေဆုံးသူတွေရဲ့  ပုံတွေကို အမှန်အတိုင်းသတင်းစာထဲ မထည့်ရဲတာကတော့ ဂက်စ်အိုးပေါက်ကွဲတာ အရင်လား၊ ကားမှောက်ပြီးမှ ဂက်စ်အိုးက ပေါက်ကွဲရတာလားဆိုတာ အသိသာကြီး မြင်မှာစိုးလို့ ပါ။

စီအင်(န်)ဂျီပြောင်းလဲတပ်ဆင်ခွင့်ရတဲ့ ကုမ္ပဏီတော်တော်များများဟာ နအဖဗိုလ်ချုပ်ကြီးများနဲ့ မကင်းရာမကင်းကြောင်းဖြစ်နေခြင်း၊ စစ်ဆေးရန်တာဝန်ရှိသူများဟာ မိမိတို့ရဲ့ တာဝန်များကို ထမ်းဆောင်ရန်ထက် ပိုက်ဆံများများ ဘယ်လိုရမလဲဆိုတာကိုသာ ပိုမိုစိတ်ဝင်စားနေကြခြင်းတွေကြောင့် - ဒီဟိုင်းလပ်ကားဖြစ်ပွားမှုမှာ ဂက်စ်အိုးပေါက်ကွဲကြောင့် ဖြစ်ရတာပါလို့  အမှန်အတိုင်းမပြောရဲကြတာ ဖြစ်ပါတယ်။

နအဖပြောသလို မဆင်မခြင်မောင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တာလို့  ပြောထားပေမယ့် ဓါတ်ပုံတွေမှာ ကြည့်ရင် ကားဟာ မှောက်သွားပြီး ဘေးစောင်းလိမ့်နေတာ၊ ဒါမှမဟုတ် ကားပက်လက်လန်နေတာ မရှိပါဖူး။

နောက်တစ်ချက်ကတော့ နအဖ ပြောတာက - ကားမှောက်တာကြောင့် ကားပေါ်ကနေ ဘဲဘက်နဲ့ ညာဘက်ကို လွင့်ကျပြီး လူသုံးဦးဟာ လမ်းပေါ်မှာ သေဆုံးသွားတာဖြစ်တယ်လို့  ဆိုထားပါတယ်။ နအဖတွေ ဘယ်သောအခါမှ ဟိုင်းလတ်ကား မစီးဘူးဖူးနဲ့ တူပါတယ်။ ဟိုင်းလတ်ကားရဲ့ ဘေးဘယ်ညာမှာ ကာထားတဲ့ သံတိုင်အကာတွေ ရှိပါတယ်။ ဒီသံတိုင်တွေကြားထဲကနေ လူတစ်ယောက်ခန္ဒာကိုယ်အရ လွင့်ထွက်ကျဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

နောက်တစ်ချက်ကတော့ နအဖရဲ့  လိမ်ညာပြောဆိုချက်အရ - ကားပေါ်မှာ ဂက်စ်အိုးလေးလုံးပါလာတယ်၊ အဲ့ဒီဂက်စ်အိုးလေးလုံး အချင်းချင်းရိုက်ခတ်မိလို့  ရိုက်ခတ်မှုအပြင်းဆုံးတစ်လုံးက ပေါက်ကွဲရတာလို့ ပြောတာကြည့်ရင် - ဂက်စ်အိုးလေးလုံးပါတယ်ဆိုတာ မဖြစ်နိုင်သလို၊ အချင်းချင်းရိုက်ခတ်ရလောက်အောင် နေရာအကျယ်လည်း မရှိနိုင်ပါ။

ဂက်စ်အိုးအချင်းချင်းရိုက်တဲ့အရှိန်နဲ့  ဂက်စ်အိုးတစ်လုံးပေါက်ကွဲရတာဆိုရင် ကျန်တဲ့ဂက်စ်အိုးတွေကရော ကားပြင်းထန်စွာမှောက်သွားတဲ့အရှိန်နဲ့ ရော ဘာလို့ မပေါက်ကွဲဘဲ နေရာတွေ အတော်ခြားပြီး လမ်းပေါ်မှာ ဒီအတိုင်းဘဲ ရှိနေရတာလည်း။ နအဖဖေါ်ပြထားတဲ့ပုံတာတွေအရကြည့်ရင် အင်မတန်ယုတ္တိမရှိတဲ့  လိမ်ဆင်ကြီးဆိုတာ သိသာလွန်းပါတယ်။

ဒီ ဟိုင်းလတ်ကား ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာကို အမှန်အတိုင်းမပြောရဲဘဲ လှည့်ဖြားပြောဆိုထားတဲ့ နအဖရဲ့  လိမ်ညာမှုနဲ့  သတင်းညာရေးပြီး ပြုပြင်ဖန်တီးထားတဲ့ သတင်းစာပါအချက်တွေ ဓါတ်ပုံတွေကို အမှန်တကယ်ဖြစ်ပျက်မှုကို သိရှိရအောင် ပေးပို့ လာတဲ့ တာဝန်သိပြည်သူတစ်ဦးရဲ့  ဖြစ်ပွားမှုဓါတ်ပုံအမှန်တွေကို နှုင်းယှဉ်ပြီး ကြည့်ကြည့်ရအောင်ပါ။

(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။)

ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ (သို့ မဟုတ်) ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပြီးကြည့်နိုင်ပါတယ်။

http://www.mediafire.com/imageview.php?quickkey=ye2mxnwnk03&thumb=5
http://www.mediafire.com/imageview.php?quickkey=rseoy2nlekj&thumb=5
http://www.mediafire.com/imageview.php?quickkey=exim0bzsjxs&thumb=5
http://www.mediafire.com/imageview.php?quickkey=m0btctzedqj&thumb=5
http://www.mediafire.com/imageview.php?quickkey=jsl1zjfwjlj&thumb=5



ဒီဟိုင်းလတ်ကားပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် (၃) ရက်နေမှ သတင်းထုတ်ပြန်တဲ့ နအဖရဲ့  လုပ်ရပ်ဟာ ဖြစ်ပျက်မှုအမှန်ကို လိမ်ညာဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ သတင်းထုတ်ပြန်ခဲ့တာပါ။

နအဖသတင်းစာမှာ ဖေါ်ပြထားတဲ့  ဟိုင်းလတ်ကား တည်ရှိရာနေရာနဲ့  အမှန်တည်ရှိတဲ့ နေရာဟာ လွှဲချော်နေပါတယ်။ ပျက်စီးနေတဲ့ကားဘော်ဒီဟာ အချို့ နေရာတွေမှာ ပြောင်းလဲနေပါတယ်။ လူတစ်ဦးကားရှေ့ မှန်ကနေ တစ်ပိုင်းတစ်စထွက်ပြီး သေဆုံးနေတဲ့ပုံနဲ့  နအဖသတင်းစာပါ ကားပုံက လွှဲချော်နေပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ အမိုးနဲ့  အမှန်တကယ်ပျက်စီးနေတဲ့  ဟိုင်းလတ်ကားရဲ့ အမိုးတွေဟာ ပုံစံခြင်းမတူတာ မြင်ရပါတယ်။ ဒီအချက်တွေအရ နအဖဟာ ဟိုင်းလတ်ကားကို သတင်းညာဖို့ အတွက် ပြန်လည်ပြင်ဆင်ဖန်တီးထားတာ (သို့ ) အခြားသော ဟိုင်းလတ်ကားကို ပုံစံတူဖန်တီးပြထားတာ ဖြစ်ပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ နံပါတ်ကို မြက်တွေနဲ့  ကွယ်ပြီးဖုန်းအုပ်ပြသထားပါတယ်။ ဘေးဘက်က နံပါတ်ပြားကိုလည်း ၀ိုးတစ်ဝါးနဲ့  မသဲမကွဲ ပြုလုပ်ထားပါတယ်။

တာဝန်ရှိပြည်သူတစ်ဦးကနေ ပေးပို့ လာတဲ့ အဖြစ်မှန်ပြ ဓါတ်ပုံတွေကို ကြည့်ရင် အဓိက အချက်တွေ သိစေလိုတာကတော့ ဒီဟိုင်းလတ်ကားဟာ ဂက်စ်အိုးကနေ ဂက်စ်တွေယိုစိမ့်ထွက်ပြီး မီးလောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူတွေသေဆုံးရတာဆိုတာကိုပါ။






လမ်းပေါ်မှာ ပြုတ်ကျပြီးသေဆုံးသူတွေဟာ ကားရိုးရိုးမှောက်လို့  ပြုတ်ကျပြီး သေဆုံးကုန်တာ မဟုတ်ပါ။ ဂက်အိုးပေါက်ကွဲပြီးမှ ပေါက်ကွဲမှုကြောင့် အမိုးပွင့်ပြီး ပြတ်ထွက်ကုန်တဲ့ ကားအစိတ်အပိုင်းတွေနဲ့ အတူ လမ်းမပေါ်ကို လွင့်စင်ကျလာတာပါ။ နအဖပုံမှာ လိမ်ပြီးရေးဆွဲပြထားတာက ဂက်စ်အိုးက နောက်ဆုံးနေရာကျမှ ပေါက်ကွဲတာပါလို့ ပြောထားပါတယ်။ ဟိုင်းလတ်ကား ပျက်စီးမှုပုံ၊ လမ်းပေါ်ကသေဆုံးသူတွေရဲ့ ပုံတွေ၊ ကားနောက်ခမ်းအတွင်းနဲ့  ရှေ့ ခန်းကပုံတွေကို ကြည့်ရင် ရိုးရိုးကားမှောက်လို့ သေတာမျိုး မဟုတ်ဖူးဆိုတာ သူတို့ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအရ ကြည့်ရင် သိသာထင်ရှားပါတယ်။

အပြစ်မဲ့ ပြည်သူတွေ သေဆုံးကြရတာကို နအဖအနေနဲ့  သတင်းအမှန်မရေးရဲတာ လွန်းလွန်ပါတယ်။ ဒီဟိုင်းလတ်ကားဖြစ်ပွားမှုမှ မဟုတ်ပါ၊ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူတွေသေကြေပျက်စီးရမှုမှန်သမျှ အခြားသူတွေကို မဟုတ်မမှန် စွပ်စွဲပြီး အပြစ်ဖို့လေ့ရှိတဲ့ နအဖဟာ တော်တော့ကို ယုတ်မာတဲ့ ကမ္ဘာကျော်လူလိမ်ကြီးများလို့  ခေါ်ခံတာ နည်းတောင်နည်းပါသေးတယ်။

ဖြစ်ပျက်မှုတွေရဲ့  အကြောင်းရင်းအမှန်တွေကို ဖုန်းကွယ်ထားမှုဟာ ပိုပြီးဆိုးရွားပါတယ်။ ပြည်သူတွေအနေနဲ့  သတင်းအမှန်မသိရတဲ့အတွက် နောက်နောင်အလားတူ သေကြေပျက်စီးမှုဖြစ်နိုင်တာတွေကို ကြိုတင်ကာကွယ်နိုင်မှာ မဟုတ်ပါဖူး။ နအဖက ပြည်သူတွေ ဒီလိုအလားတူ ဆိုးရွားမှုတွေ ထပ်ဖြစ်လည်း ဂရုမစိုက်တဲ့ စိတ်ယုတ်မာကို ပြတာပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ နေနေသာ ဘေးအန္တရယ်တွေကျရောက်ခဲ့တာတွေကို အကြောင်းရင်းအမှန် မဖေါ်ပြရဲဘဲ၊ နအဖအာဏာတည်မြဲဖို့  အကျိုးမထိခိုက်ဖို့ အတွက်လောက်သာ ကြည့်တာဟာ ယခုလို သတင်းလိမ်ညာမှုတွေက သက်သေပါ။ ဒီ့အတွက် နအဖဟာ လူမဟုတ်တော့တဲ့ တိရိစ္ဆာန်အဆင့်တောင်မရှိတဲ့ ဘီလူးသရဲသဘက်သာသာ ဖြစ်နေပါပြီ။

ပြည်သူတွေအနေနဲ့  ကိုယ်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်ပေးတဲ့အပြင်၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးအောင် တိုက်ရိုက်ရော သွယ်ဝိုက်လို့ ရော လုပ်နေတဲ့ နအဖတွေကို ဖယ်ရှားပြစ်ဖို့  ရဲရဲဝန့် ဝန့်  လုပ်ရတော့မှာ ဖြစ်ပါတယ်။

(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။)

ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ။









ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ (သို့ မဟုတ်) ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပြီးကြည့်နိုင်ပါတယ်။

http://www.mediafire.com/imageview.php?quickkey=ye2mxnwnk03&thumb=5
http://www.mediafire.com/imageview.php?quickkey=rseoy2nlekj&thumb=5
http://www.mediafire.com/imageview.php?quickkey=exim0bzsjxs&thumb=5
http://www.mediafire.com/imageview.php?quickkey=m0btctzedqj&thumb=5
http://www.mediafire.com/imageview.php?quickkey=jsl1zjfwjlj&thumb=5

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခါတော်မီ] 3 New Entries: လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈။          ။ သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က  One Humanity Award   (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။ လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာဆရာ လူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။ ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က " စာရေးဆရာတွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ်ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ [...]

တွေ့ဆုံဆွေးနွေးရေးလမ်းစရှာရန် စစ်အစိုးရနှင့်အန်အယ်လ်ဒီကိုကုလတိုက်တွန်း

UN/ NEJ/ ၂၁ အောက်တိုဘာ ၂၀၀၈။          ။ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးရေး တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးရေးမှလွဲပြီး အခြားနည်းလမ်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းသည့် အစီရင်ခံစာ၌ မစ္စတာဘန်ကီမွန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။ ၎င်းက "ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် စစ်မှန်တဲ့အခြားနည်းလမ်းမရှိပါဘူး။ ခုချိန်ဟာ အစိုးရနဲ့ အတိုက်ခံအတွက် တဦးနဲ့တဦး တွေ့ဆုံဆွေးနွေးဖို့ကို နည်းလမ်းတွေရှာရမယ့် အချိန်ဖြစ် တယ်။ ပြီးတော့ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အတူတကွအလုပ်လုပ်ရမယ့်အချိန်ဖြစ်တယ်" ဟု ပြောသည်။ တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ တခြားနည်းလမ်းမရှိကြောင်းနှင့် တိုင်းပြည်အနာဂတ်အတွက် သက်ဆိုင်သူအားလုံးပါဝင်ဆောင်ရွက်နိုင် ကြောင်း၊ အားလုံးပါဝင်၍ အခြေအမြစ်ရှိပြီး အချိန်ကန့်သတ်ချက်ရှိသည့် တွေ့ဆုံဆွေးနွေးရေး ပြန်စတင်ရန်လိုကြောင်းအပြင် [...]

ရန်ကုန်မှာ ယာဉ်ထိန်းရဲမဟုတ်သူများက ကားများကို ဖမ်းဆီးဒဏ်ငွေရိုက်

NEJ/ ၂၁ အောက်တိုဘာ ၂၀၀၈။         ။ ယာဉ်ထိန်းရဲမဟုတ်သည့် ပို့ဆောင်ရေးဦးစီးဌာနက စည်းကမ်းချက်အမျိုးမျိုးထုတ်ကာ  ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် လိုင်းကားများနှင့် တက္ကစီကားများကို ဖမ်းဆီး အရေးယူနေသောကြောင့် ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြသည်။ တိုက်ကြီး-အင်းစိန်ပြေးဆွဲသည့် ယာဉ်မောင်းတဦးက "ကျနော်တို့က ခရီးသည်တင်ကားပါ။ ဒါပေမယ့် ခရီးသည်တွေရဲ့ ကုန်တွေပါတော့လည်း တင်ရတာပဲ။ အခုရက်ပိုင်းမှာ အင်းစိန်အ၀င်မှာ ကားတွေကို စောင့်ပြီးစစ်တယ်၊ အဲဒါ ကုန်တွေ ပါတာတွေ့ရင် လုပ်ငန်းလိုင်စင်မရှိဘဲ တင်လာတာဆိုပြီး ကားကို ဖမ်း၊ အင်းစိန် မယကရုံးကို ခေါ်သွားပြီး ဒဏ်ငွေရိုက်တယ်၊  ဒဏ်ငွေက ကားတစီး ကျပ် (၃) သောင်းတဲ့။ ဒီငွေ ကျနော်တို့ရှာရဖို့ မလွယ်ဘူး" ဟု ပြောသည်။ စည်းကမ်းနှင့်မညီညွတ်သည့် စက်တပ်ယာဉ်များအပေါ် ဒဏ်ငွေတပ်မှု [...]

You received this email because you are subscribed to the real_time feed for http://komyo.burmachannel.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: "ပန်းအဖြစ် နေပေးကွာ"

"ပန်းအဖြစ် နေပေးကွာ"

花になれ - {flumpool}

息も絶える環状線沿いで
色褪せた星と 闇空の下
いつのまに僕は 自分らしさと
生き方のレシピ 探しているんだろう?

素晴らしさという忘れ物
取り戻しに行こう くたびれた夢
幼少の頃 砂に埋めた様に
十年後の僕に この歌を捧げよう

笑って泣いて歌って 花になれ
咲き誇れ いつか 光溢れ
歯痒くても きっと 受け止めるよ
未来は気にせずに

数えきれないほど 何度も
君の名を呼んだ
何処かで微笑んでるのかな
夜空に放った 僕らの
声は喧噪の中 消えて
優しく僕らを包んでゆく

繰り返しの日々が嫌んなって
いっそ華麗に 輝いてみようか
永遠に咲くドライフラワーよりも僕らは
散りゆくことも 一心不乱な桜になろう

笑って泣いて歌って 花になれ
咲き誇れ いつか 光溢れ
歯痒くても きっと 受け止めるよ
未来は気にせずに

数えきれないほど 何度も
君の名を呼んだ
手のひらに残る温もり
あの時 誓った 僕らの
声は喧噪の中 消えて
君といた街に 立ちすくむよ

いつのまにか 傷つく事が怖くなって
まだ蕾(つぼみ)のまま
光の射す場所を ずっと探してる
明日もきっと

何処まで行けば 笑いあえるの?
自由や希望や夢は 僕が思うほど
素晴らしいかな?輝いているのかな?
未来をこの胸に

数えきれないほど 何度も
君の名を呼んだ
何かで微笑んでるかな
夜空に放った 僕らの
声は喧噪の中 消えて
優しく僕らを包んでゆく


သီချင်းလေးကြိုက်လို့။ :z :z :z

သီချင်းခေါင်းစဉ်က "ပန်းအဖြစ် နေပေးကွာ" ...............တဲ့။ ;)

အကြိုက်ဆုံးက ဒီစာသားလေး။

笑って泣いて歌って 花になれ

အဓိပ္ပာယ်က ရယ်ပြီး.. ငိုပြီး ...သီချင်းဆိုပြီး.... "ပန်းအဖြစ် နေပေးကွာ" ......... တဲ့။ 

အဖွဲ့နာမည်က"flumpool"  ၊ အဆိုတော်က "山村隆太曰" တဲ့။

ဟိ ဟိ ၊ ကျန်တာတွေကို ဘာသာပြန်ရမှာပျင်းလို့ ဘာသာပြန်Website ကြီးလိုက်ရှာပြီး တင်ပေးလိုက်ပါတယ်။ :z http://www.ocn.ne.jp/translation/ ဂျပန်~အင်္ဂလိပ်၊ ဂျပန်~ကိုရီးယား၊ ဂျပန်~တရုတ်ပါ။ ကိုယ်ကြိုက်မယ့်ဘာသာစကားနဲ့ ပြောင်းကြည့်ကြပါနော်။ ;) ဥပမာအနေနဲ့၊ အင်္ဂလိပ်လိုပြောင်းပြထားတယ်။

Under the star where I fade along a loop and the dark sky where I also breathe my dying breath In which MA will I look for characteristics of myself and a recipe of a life-style?

Thing left behind as wonderful The dream from which the line was so tired in recovery I'll offer this song to me ten years later as it was buried in sand around infancy.

I laugh, cry and sing, and it can be a flower and it can bloom and even if it's full of light and irritating sometime, stops surely, without worrying about the future.

Our voice which gave that I'm smiling somewhere where your name was called many times off in the Japanese syllabary night sky disappears during a noise and is wrapping us gently so that you can't finish counting.

Every day of a repeat isn't liked, oh, it'll be, and I shall shine rather splendidly Will it become eternal in Sakura where it's also more wholehearted than the dry flower which blooms that we're scattering?

I laugh, cry and sing, and it can be a flower and it can bloom and even if it's full of light and irritating sometime, stops surely, without worrying about the future.

The warmth which is left in the palm your name was called so many times that you couldn't finish counting Uh, time Our promised voice goes off during a noise and is frozen with you and the town where I was here.

Tomorrow when I become afraid to be damaged all too soon and am looking for the place a condition light of a bud (bud) still pierces all the while will be also surely.

When to where doing go, can I laugh each other?
Are the freedom, the request and the dream so wonderful that I think? Are you shining?
The future, in this chest.

The Japanese syllabary at which I'm smiling by something your name was called so many times that you couldn't finish counting Our voice thrown to a night sky disappears during a noise and is wrapping us gently.

လွယ်မှလွယ်။ :z စစချင်းအကွက်မှာ ဂျပန်လို ထည့်၊ ဘေးက အကွက်မှာ အင်္ဂလိပ်လိုပေါ်လာကော။ ;) အခုမှ သိတာ။ :d အဲလို စာပိုဒ်ကြီးတစ်ခုလုံးကို အလွယ်တကူနဲ့ ဘာသာပြန်လို့ ရတယ်ဆိုတာ။ အရင်တုန်းကဆို ဂျပန်လိုကို ပင်ပင်ပန်းပန်း တစ်ကြောင်းစီ မြန်မာမှုပြုခဲ့ရတာ။ :( သူငယ်ချင်းတစ်ယောက်ကတော့ ဘာသာပြန်Websiteမှာ အရင်အင်္ဂလိပ် လိုပြောင်းပြီး နောက်မှ မြန်မာလို ပြန်ပြောင်းရင် လွယ်တယ်လို့ ပြောဖူးပါတယ်။ (သူက ဂျပန်စာ အားနည်းပြီး အင်္ဂလိပ်စာ အားကောင်းတော့ သူ့အတွက်တော့ အဲလိုလုပ်မှ အဆင်ပြေမှာလေ။ ) ကျမကတော့ အလုပ်ရှုပ်လို့ တိုက်ရိုက်ဘာသာပြန်ခဲ့တာ ။ (အခုလို ဘာသာပြန်Websiteကြီး ရှာမတွေ့ခင်ထိပေါ့။) အခုတော့ ကျမသိပြီ။ :z စာပိုဒ်ကြီးတစ်ခုလုံးကို အလွယ်တကူနဲ့ ဘာသာပြန် ပေးတဲ့ Websiteတွေ အများကြီးမှ အများကြီး။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[.] 1 New Entry: KIMI NO KO TO NGA SUKI DESU

KIMI NO KO TO NGA SUKI DESU

နေသူရိန် အာရုဏ်ကျင်းတော့
ကြင်သူရယ် မနက်ခင်းမှာ
သာယာဖွယ် ငှက်ကျေးသံလို
တီတီတာ စကားလုံးက
ဘ၀င်မှာ လေဟပ်စေပေါ့
ဖော်မကွာ ဒီတစ်သက်မှာ
အစဉ်သာ ပိုင်စားစေဖို့
ရင်ခုန်သံ စေပါးလို့ကာ
ချစ်ဦးသူ မင်းကြားစေသား
တိုင်းတစ်ပါး စကားလုံးက
kimi no ko to nga suki desu

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့

တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့

 

တော်လှန်ရေးသမား ခေါင်းဆောင်များနှင့် ရွှေကျည်ဆန်၊ ငွေကျည်ဆန်

ကမ္ဘာ့နိုင်ငံတချို့တွင် လက်ရှိနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူ လူတန်းစားများအား ယင်းနိုင်ငံနေ လူအများစုက လက်မခံလိုတော့သဖြင့် အုပ်ချုပ်သော အစိုးရကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည်။ မြန်မာနိုင်ငံတွင် လည်း ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ် တော်လှန်ရေးများပြီးသည့်နောက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေးတို့အတွက် တော်လှန်ရေးတရပ်ကို ဆက်လက်ဆင်နွှဲနေကြသည်။

မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်လာခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တော်လှန်ရေးအဖွဲ့တို့က ဂျပန်ကို မြန်မာပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီအာဏာရှင် ဟစ်တလာသည် ဥရောပကို သိမ်းယူသကဲ့သို့ ဂျပန်တို့လည်း အရှေ့ တောင်အာရှနိုင်ငံများကို သိမ်းယူလိုနေသည်။ ဂျပန်တို့၏ ဖက်ဆစ်စနစ်ကို မခံရပ်နိုင်၍ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို မြန်မာနိုင်ငံမှ တိုက်ထုတ်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက် နေ့တွင် အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရရှိခဲ့သည်။ ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ဦး ဆောင်မှုအောက်တွင် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့သောကြောင့် အောင်ပွဲရ ခဲ့သည်ကို သမိုင်းက သက်သေခံပါသည်။

ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေ၀င်း၏ စစ်အစိုးရ ကို ရှစ်လေးလုံး လူထုတိုက်ပွဲဖြင့် ဖြုတ်ချခဲ့ပြီး န၀တအစိုးရ တက်လာပြန်သည်။ ၎င်းတို့က ၂၇၊ ၅၊ ၁၉၉၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးသည်။ ရွေးကောက်ပွဲတွင် ၎င်းတို့လိုလားသော တစညပါတီ အရေးနိမ့်သဖြင့် ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ကို လက်ခံသော နိုင်ငံရေးပါတီများက ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရကျင်းပသော အမျိုးသား ညီလာခံသို့ တက်ရောက်ကြပြီး၊ ၁/၉၀ကို လက်မခံသော နိုင်ငံရေးပါတီများမှာမူ ဖျက်သိမ်းခံရသည်။ ၁၉၉၅ ခုနှစ်တွင် အမျိုးသားညီလာခံမ NLD ပါတီ နုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ စုစည်းညီညွှတ်မှုအတွက် ၁၆၊ ၉၊ ၁၉၉၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ သည်။ ထိုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း (၁၇) ဖွဲ့တိတိ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေး ယူခဲ့ပြီးဖြစ်သည်။ ယင်းအဖွဲ့ (၁၇) ဖွဲ့အား နိုင်ငံရေးပါတီများနှင့် ကင်းကင်းနေရန်လည်း စစ်အစိုးရက သတိပေး တားမြစ်ထား၍ ယနေ့အထိ နိုင်ငံရေးပါတီများနှင့် မပူးပေါင်းနိုင်ဘဲ ရှိနေကြသည်။

အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေးဖြေရှင်းရန်ဖြစ်၍ သေနတ်သံ ခဏတိတ်သွားခြင်းဖြစ်သည်။ အတိုင်းအ တာတခုအထိ နိုင်ငံရေးပြေလည်မှုမရှိလျှင် အချိန်မရွေး သေနတ်သံ ထွက်ပေါ်လာနိုင်ပေသည်။ ယနေ့မြန်မာ နိုင်ငံတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးသည် နိုင်ငံရေးထက် ကုမ္ပဏီထူထောင်ရေး၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကိုသာ ဦးစားပေးနေကြသည်။ ထို့ကြောင့် လက်အောက်ငယ်သားများ တပ်မှ စွန့်ခွာခြင်း၊ အနားယူခြင်းရှိခဲ့ သည်။

အပစ်အခတ်ရပ်စဲရေး ယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မိမိတို့အမျိုးသားများ၏ လယ်ယာ ခြံမြေ သိမ်းခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းတို့ကို ယခင်က အတိုင်းအတာတခုအထိ ကာကွယ်နိုင်သော်လည်း ယ နေ့တွင် ကာကွယ်နိုင်ခြင်းမရှိသည်မှာ အင်အားဆုတ်ယုတ်နေ၍ဖြစ်သည်။ ကျွန်ုပ်လေ့လာမိသော အဖွဲ့တဖွဲ့ တွင် အပစ်အခတ်ရပ်စဲရေး မယူမီ ရဲဘော်အင်အား (၅၀၀၀) ရှိရာမှ ယနေ့ ရဲဘော်အင်အားမှာ (၅၀၀) ပင် မ ပြည့်တော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံရေးလမ်းကြောင်း မှားယွင်းမှုကြောင့်ဟု နိုင်ငံရေးကျွမ်းကျင်သူတို့က ဆို သည်။

အပစ်အခတ်ရပ်စဲရေး မယူမီက လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များအား တောဘုရင်ခြင်္သေ့မင်းများ ဟု ပြည်သူတို့က တင်စားခေါ်ကြသည်။ ချစ်ခင်လေးစားခြင်း၊ အားကိုးခြင်းရှိခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး ယူရခြင်းသည် ရန်သူအား အနီးကပ် တိုက်ပွဲဝင်မည်ဟု ၎င်းတို့က ဆိုသည်။ ထိုသို့ပြောသည်ကို "ခင်ဗျားတို့ ထောင်ချောက်ထဲ ရောက်နေကြပြီ၊ မကြာမီ ဆပ်ကပ်ဆရာ စစ်အစိုးရက တောဘုရင်ခြင်္သေ့မင်းများကို မြက် ကျွေးပြီး ရုံတင်ပြသမည်" ဟု လူထုက ပြက်ရယ်ပြုသည်။

မြန်မာနိုင်ငံ နယ်စပ်ရှိ ဆူပူသောင်းကျန်းသူတို့က အမြင်မှန်ရ၍ လက်နက်စွန့်ပြီး နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်း ရေးယူနေကြသည်ဟု မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြခြင်းဖြင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကြားတွင် စစ်အ စိုးရက နိုင်ငံရေးအမြတ်ထုတ်နိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များသည် စီးပွားရေးနှင့် မြူဆွယ် ခံရ၍ နိုင်ငံရေးဖောက်ပြန်နေသူ အများအပြား ရှိနေသည်။

ကျွန်ုပ်နှင့်ဆက်စပ်မှုရှိသော အပစ်အခတ်ရပ်စဲရေးအဖွဲ့တခု၏ စီးပွားရေးတာဝန်ခံ၊ တော်လှန်ရေးခေါင်းဆောင် ဆိုသူနှစ်ဦးအား "ခင်ဗျားတို့ ခဲကျည်ဆန်ကိုတော့ ခံနိုင်ရည်ရှိမယ်၊ နအဖရဲ့  ရွှေကျည်ဆန်၊ ငွေကျည်ဆန်ကို တော့ ခံနိုင်ပါ့မလား" ဟု တွေ့ဆုံဆွေးနွေးပွဲတခုတွင် ကျွန်ုပ်နောက်ပြောင်ပြောခဲ့ဖူးသေးသည်။ ယခုတော့ ယင်း ပုဂ္ဂိုလ်နှစ်ဦးလုံး ငွေကြေးချမ်းသာပြီးဖြစ်၍ တော်လှန်ရေးမှ အနားယူခဲ့ကြပြီဖြစ်သည်။ အဖွဲ့တဖွဲ့၏ ခေါင်း ဆောင်ကြီးတယောက်ကို စစ်အစိုးရက တိုက်အိမ်တအိမ်၊ ကားတစီး ပေးကမ်းထားသဖြင့် စစ်အစိုးရ နိုင်ငံရေး အကျပ် အတည်း တွေ့သည့်အခါမျိုးတွင် မြန်မာ့ရုပ်မြင်သံကြားရှေ့သို့ထွက်ပြီး စစ်အစိုးရအတွက် ရှေ့နေလိုက် ပေးရသည်။ ယင်းပုဂ္ဂိုလ်ကြီးလည်း နအဖ၏ ရွှေကျည်ဆန်၊ ငွေကျည်ဆန်ဒဏ်ကို မခံနိုင်၍ နိုင်ငံရေးဖောက် ပြန်နေသူအဖြစ် ကောက်ချက်ချရပေမည်။ (အဖွဲ့နှင့် ပုဂ္ဂိုလ်အမည် မဖော်ပြခြင်းကို စာဖတ်သူများ ခွင့်လွှတ်ပါ။)

စစ်အစိုးရပြုတ်ကျရေးအတွက် (၁၉၊၈၊၂၀၀၇)နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ (၁၈၊၉၊၂၀၀၇) နေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ ထို့နောက် သံဃာ့တပ်ပေါင်းစုနှင့် လူထုတို့ အပြင်းအထန် ဆက်လက် တိုက်ပွဲ ၀င်နေသည်ကို အပစ်အခတ်ရပ်စဲရေးအဖွဲ့များက အသံမထွက်ဘဲ ငြိမ်သက်နေကြသည်။ DKBA လက်နက် ကိုင်အဖွဲ့သည် တိုးတက်သောကရင်ဗုဒ္ဓဘာသာ အစည်းအရုံးဟု အမည်ခံသော်လည်း စစ်အစိုးရက စက်တင် ဘာအရေးအခင်းတွင် ရဟန်း၊ သံဃာတော်များအား ရိုက်ပုတ်သတ်ဖြတ်၊ ဖမ်းဆီးထောင်ချနေသည်ကို တား မြစ်ကန့်ကွက်ခြင်း မရှိခဲ့ပါ။ ဗုဒ္ဓသည် နူးညံ့သိမ်မွေ့၍ ငြိမ်းချမ်းခြင်းကိုသာ မြတ်နိုးသည်။ လူသတ်လက်နက်နှင့် မြူမှုန်မျှ ပတ်သက်ခြင်းမရှိပါ။ ထို့ကြောင့် မည်သည့်လက်နက်ကိုင် အဖွဲ့မဆို ဗုဒ္ဓအမည်ကို မသုံးသင့်ပေ။ လက် နက်ကိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း အသီးသီးတို့သည် တချိန်က ဦးနေ၀င်းဦးဆောင်သော အာဏာရှင် စစ်အစိုးရအား သူသေကိုယ်သေ တိုက်ပွဲဝင်ခဲ့သော အဖွဲ့များဖြစ်ကြသည်။

မွန်ပြည်သစ်အဖွဲ့ အပစ်အခတ်ရပ်စဲရေး ယူပြီးနောက်တွင် နိုင်ချမ်းဒုန်နှင့်အဖွဲ့က စစ်အစိုးရထံ လက်နက်ချခြင်း၊ နိုင်လိန်၊ နိုင်ရန်ချဲာ၊ နိုင်ပန်းညွန့် ဦးစီးသောအဖွဲ့က လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခြင်းဖြင့် အဖွဲ့အသီးသီး ပေါ်ပေါက်လာသည်။ KNU အဖွဲ့တွင်လည်း စောသမူဟဲ၊ ဖဒိုအောင်ဆန်း၊ DKBA နှင့် ဗိုလ်ထိန်မောင်တို့အဖွဲ့ အသီးသီးက KNU မှ ခွဲထွက်ခဲ့ကြသည်။ မကြာခဲ့သော ကာလအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ထားသော ရလလဖမှ ဗိုလ်မှူးခွန်သူရိန်နှင့် နောက်လိုက် တရာခန့် ခွဲထွက်ပြီး KNPP နှင့် ပြန်လည်ပူးပေါင်းခဲ့သည်။ KIO အဖွဲ့တွင်လည်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်ရင်း တပ်မှူးများ ခဏ ခဏ သဘောထားကွဲလွဲပြီး ပြဿနာ ဖြစ်နေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရေး ရယူခြင်းသည် အချင်းချင်း စည်းလုံး ညီညွတ်မှုကို ပြိုကွဲစေခြင်းနှင့် နအဖသက်ဆိုးရှည်ရေးအတွက် နိုင်ငံရေးအထောက်အကူ တခုသာဖြစ်ကြောင်း တွေ့ရသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးမယူသော အဖွဲ့များလည်းရှိသည်။ KNU (ကရင်အမျိုးသား အစည်းအရုံး)၊ SSA-S (ရှမ်းပြည်တပ်မတော်တောင်ပိုင်း )၊ KNPP (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ) စသည်တို့ ဆက် လက် တိုက်ပွဲဝင်နေသည်။ KNU သည် မိမိနယ်မြေသို့ ရောက်ရှိနေသော ၈၈ လူထုလှုပ်ရှားမှုခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များကို စုစည်း၍ NCUB အဖွဲ့ကို ဖွဲ့ခဲ့သည်။

NCUB သည် နိုင်ငံရေးအဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကို ပူးပေါင်းဖွဲ့စည်းထားသော တပ်ပေါင်းစုအဖွဲ့ ဖြစ် သည်။ ထို့ကြောင့် NCUB အဖွဲ့ကို ဦးဆောင်သော ဗိုလ်ချုပ်မြသည် စစ်အစိုးရအတွက် အသေရရအရှင်ရရ အ လိုအရှိဆုံး တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်၍ စစ်ရေးနှင့်တမျိုး၊ ငြိမ်းချမ်းရေးနှင့်တဖုံ သွေးဆောင်ခဲ့ကြ သည်။ ကရင့်အရေး ကရင်ဖန်တီးခွင့်ရရေးသည် ဒီမိုကရေစီလမ်းကြောင်းကလွဲပြီး အခြားမရှိဟု ယုံကြည်သ ဖြင့် သူသေသည်အထိ ပြည်သူနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ အဖွဲ့၏ကောင်းစားရေးကို ကြည့်ပြီး KNU သာ အပစ်အခတ်ရပ်စဲရေး ယူခဲ့လျှင် နယ်စပ်ရှိ နိုင်ငံရေးအဖွဲ့အစည်းများ ရပ်တည်နိုင်မည် မဟုတ်ပါ။ ဗိုလ်ချုပ်မြ၏ ရပ်တည်မှု မှန်ကန်သောကြောင့် ကရင်လူထုသာမက နိုင်ငံရေးသမားများစွာ နယ်စပ်တွင် ရပ်တည်နိုင်ခဲ့သည်။ ပြည်သူလူထုကြီး၏ လေးစားမှုကိုရသော တော်လှန်ရေးခေါင်းဆောင်ကြီးများအနက် ဗိုလ်ချုပ်မြလည်း တဦးပါ ၀င်သည်။

မြန်မာနိုင်ငံကို စစ်အစိုးရ ဆက်လက်အုပ်ချုပ်နေလျှင် ရေရှည်တွင် တိုင်းရင်းသားလူမျိုးများ မုချမျိုးပြုတ်မည်။ ဒီလိုနိုင်ငံရေးအခါအခွင့်မျိုးတွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအနေဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရန် အခွင့်ကောင်းဖြစ်၍ အစွမ်းကုန်တိုက်ပွဲဝင်သင့်သည်ဟု ထင်မြင်မိပါသည်။ ထိုသို့ တိုက်ပွဲဝင်ရာတွင် နအဖ၏ ရွှေကျည်ဆန်၊ ငွေကျည်ဆန်ကို အထူးသတိထားရန်လိုသည်။

ကျွန်ုပ်တို့ပြည်သူများက စစ်အစိုးရပြတ်ကျရန် အပြင်းအထန် တိုက်ပွဲဝင်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် များ အနေဖြင့် မြို့ထဲသို့ဝင်ပြီး စစ်အစိုးရနှင့် ပူးပေါင်းနေခဲ့သည်မှာ နိုင်ငံရေးအရ စစ်အစိုးရကို အသက်ရှူ ပေါက်ပေးသည်နှင့် တူနေ၍ အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ်သင့်ပြီဟု အလေးအနက် တိုက်တွန်း လိုပါသည်။

ရာဇာဓိရာဇ်
(၂၀၀၈ ခုနှစ်၊ စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ …)

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,22nd,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ဒုက္ခရောက်နေတဲ့ လူထုကို ကူညီရေး မြန်မာနိုင်ငံနဲ့ဆက်ဆံဖို့ ICG တိုက်တွန်း

( 2 )Qatar '1' down Myanmar in volleyball

( 3 )မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့ကလွဲပြီး တခြားနည်းလမ်းမရှိ - ကုလအတွင်းရေးမှူးချုပ်

( 4 )Myanmar's top striker to miss semi-final clash

( 5 )ကုလသမဂ္ဂရဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက် အတိုက်အခံတွေ ကြိုဆို

( 6 )ဦးအုန်းကြိုင် မည်သည့်နေရာတွင် ရှိမှန်းမသိ၍ ပါတီနှင့် မိသားစု စိုးရိမ်

( 7 )နေပြည်တော်အတွက် မူဆယ်တွင် တရုတ်ဆိုင်ကယ်များ ဖမ်းဆီးစုဆောင်းနေ

( 8 )နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများ

( 9 )Malaysia to take no chances

( 10 )ကနေဒါ-ကလောင်ရှင်များအဖွဲ့က ကိုဇာဂနာကို ဆုချီးမြှင့်

( 11 )Media foundation honors 4 journalists, 2 from AP

( 12 )အာဆီယံပဋိညာဉ် အားနည်းချက်တွေရှိနေဟု ညွန့်ပေါင်းအစိုးရ ဝေဖန်

( 13 )Media foundation honours four journalists for work in dangerous areas

( 14 )ကနေဒါ နိုင်ငံတကာ ကလောင်ရှင်များအသင်း ဇာဂနာကို ဆုချီးမြှင့်

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[မိုးလှိုင်ည] 1 New Entry: မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်


နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်


နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်


နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်


နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး


နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်


နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်


နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ


နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု


နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်


နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်


နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း


နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည


နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်


နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်


တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
"နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်"

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
"ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး"


နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ


နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်


နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ "လက်နက်"နဲ့ "ဓားပြတိုက်ခွင့်" လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး


နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ


နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်


နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက


နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။


ကောင်းကင်ကို

အစိမ်းရောင်နဲ့ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားနဲ့ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးခဲ့တဲ့ စာပါ။ ဆရာကြီးဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကားက နိုင်ငံရေးသမားတွေကို ပြောခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ပြောခဲ့တာပါ။

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[balargout's blogger] 1 New Entry: There was a little lake, beside of my home

There was a little lake, beside of my home

There was a little lake, beside of my home

There was a little lake, beside of my home at when my live of so younger. I said the lake is not really, she was a little of small block well. I were playing near this well when I child. When I play with little cup and pots, when I play with ground and sand, when I feet the dog shit, I were used for cleaning up water from this little well. When the season of water festival, she pass to use her water for me and my friend. When I shower with raining, I and my company play with water from this little well. Not worked water supply from our pump in the summer time, not worked power supply, my family used the water from the little well. Than she is very lovely, my parent wore to her for clean and shine paint supply. And than we wrote the family named and sign on her wall it is not appear in my memories.

When I was the little young.

 

There was a little lake, beside of my home

 

There was a little lake, beside of my home at when my live of young. I said the lake is not really,

She was a little of small block well and older than me.  I was live with like a friend; I was live with like a buddy with her when I was so young. After the update to her. we grower with together. I'm an enough of young in human life but she was older with slowly grand I though.

But the clean and fresh the water was in her heart. Beyond the childhood, I don't recognize it play friend of her. So, when I sad, confuses, broke my heart, I was upset and I can't feel the stress at home concern, lets talk to point I mean I was lazing time, I sit on the side of little well.

I sit on the side for waited to my girlfriend. When I heavy drink, I was very sick on my head, I was dive to the little well of my head for fresh. She was listened of my explosive song will never complained. Me and my friends playing song with noise in the night. Every surroundings live isn't accept this noise but her won't say anything to me and my friend. She welcome to me with the feel of cool and fresh whenever I come to her.

When the young and single man of me.

 

There was a little lake, beside of my home

There was a little lake, beside of my mother's home, I leaved when I'm married, I said the lake is not really, She was a little of small block well and stable impressive than me. He who was played with me, he who was missing to someone with me, he who was naughty with me. This is my buddy and then I was recognizing the one of my friend to her. Someone ask to me who am without the girlfriend and boyfriend in your friend? I'll point to her. She is not to come with to me away for play, I have to see the love but she can't. And then I was married, she still this place and can't moved her. She was still listening happier, upset, and when I want to go to her in appear in my mind.

 

Now, I'm forgetting the little well. She give a present to me, when the time of my pick up to lane, it is the word. "Everything will be not forever, you don't forget it ". I'm growing mature now and she was too. I right at little well its older and lying with weeds like a face, I were looking to down in her heart. I had seen the one soul of cool and clean fresh. I though the many stories of friend with this little well, now she live with forgetting of me - - - -

There was a little lake, beside of my home

 

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 1 New Entry: စိတ်ဆိုးခြင်း၏ နောက်ကွယ်၌

စိတ်ဆိုးခြင်း၏ နောက်ကွယ်၌


ဒီလိုအဖြစ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီး သခင်စကားနားထောင်တဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကို ဘေးအိမ်ခွေးကြီးက ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့ ခွေးကလေးကို သခင်က ဆေးထည့်ပေးဖို့ ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကို လှမ်းကိုက်ခံလိုက်ရတယ်။ သခင်က စိတ်မဆိုးတဲ့အပြင် "ကျွန်တော့်ကို လှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ" လို့ ပြောခဲ့တယ်။

ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကို လှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ ကိုယ့်ကို နောက်ထပ်အနာတရ မဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင် သခင့်ကိုတောင် ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသ ထွက်မိလိမ့်မယ်။ စိတ်ဆိုးဒေါသရဲ့ နောက်ကွယ်မှာ ဒဏ်ရာရနေတဲ့ ခွေးကလေးကို သခင်က တစ်ခုခုထပ် လုပ်မိမှာ အမှန်ပါပဲ။

နောက်အဖြစ်တစ်ခုက ဒီလိုဆိုပါတယ်။

ရုံးဆင်းပြန်လာတဲ့ ဖခင်တစ်ဦးဟာ အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းတစ်ခုလုံးကို ကစားစရာတွေနဲ့ ရှုပ်ပွအောင် ဆော့ကစားနေတဲ့ သားကိုတွေ့လိုက်တယ်။ ဖခင်ဟာ သားကို ဘာအကျိုးအကြောင်းမှ ပြောမနေဘဲ ဒေါသတကြီး သားကို ဆူတော့တယ်။ ထက်မြက်တဲ့သားက ဘာမှပြန်မပြောဘဲ ပစ္စည်းတွေကိုသိမ်း လက်ကို စင်ကြယ်အောင် ဆေးပြီးမှ ဖခင်ကို ပွေ့ဖက်ပြီး "ဖေဖေ... ဒီနေ့အလုပ်မှာ ဘဝင်မကျတာတွေ ဖေဖေကြုံခဲ့ရတယ် မဟုတ်လား?" လို့ မေးလိုက်တယ်။

လိမ္မာတဲ့သားက ဖခင်ဒေါသထွက်ရတာဟာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ ဖခင်စိတ်ထဲမှာ နဂိုကတည်း တစ်ခုခု ထိခိုက်ခံထားရလို့၊ မကျေနပ်လို့ ဆိုတာကို သဘောပေါက် နားလည်လိုက်တယ်။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏ ကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ...

ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်တစ်ယောက် ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ် ပစ်တင်လိုက်တယ်။ "ဘာဖြစ်လာသလဲ?" လို့ သူ့ကိုမေးရင် "မေမေနဲ့ မဆိုင်ပါဘူး၊ ဟာ... သိပ်ရှုပ်တာပဲ" စတာတွေနဲ့ ကိုယ့်ကို ပြန်အော်တတ်သလိုမျိုး

" ဒီည ဘာဟင်းစားချင်သလဲ" လို့ ကြင်ကြင်နာနာနဲ့ မေးလာတဲ့ ဇနီးကို လင်ယောက်ျားက "မင်းနဲ့ငါ ယူတာ ဒီလောက်ကြာနေပြီ။ ငါဘာကြိုက်တယ်ဆိုတာ မင်းမသိဘူးလားကွ" လို့ ပြန်အော်တတ်သလိုမျိုး

ဧည့်ခန်းမှာ ကလေးငယ်ကို ပွေ့ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေတဲ့ ဇနီးကို ရုံးဆင်းပြန်လာတဲ့ လင်ယောက်ျားက "နေမကောင်းလို့လား?" လို့ ဂရုတစိုက်နဲ့ မေးတဲ့အမေးကို "ရှင် ဘာဖြစ်လို့ အခုမှ ပြန်လာရသလဲ?" လို့ အော်ငေါက်သလိုမျိုး

အထက်က အဖြစ်အပျက်မျိုးတွေမှာ ဂရုတစိုက်မေးတဲ့ကိုယ့်ကို ပြန်အော်တယ်ဆိုပြီး ကျွန်မတို့လည်း စိတ်ဆိုးဒေါသထွက်ကြမှာပဲ။ အဲဒီနောက် အပြန်အလှန် အော်ဟစ်တာ၊ ကျိန်ဆဲတာတွေ ဖြစ်လာတော့မယ်။ ဒါမှမဟုတ် မခေါ်မပြောတဲ့ သွေးအေးစစ်ပွဲတွေ စတော့မယ်။

တကယ်လို့ သူငါ့ကို ပြန်အော်တာ အပြင်မှာ၊ တစ်နေရာရာမှာ သူဘဝင်မကျခဲ့လို့၊ ထိခိုက်ခဲ့လို့၊ စိတ်ဒဏ်ရာရခဲ့လို့၊ အနိုင်ကျင့်ခံခဲ့ရလို့လို့ ဖြေတွေးခဲ့ရင် ပြဿနာတစ်ခုက ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားနိုင်ပါတယ်။

စိတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို ကျွန်မတို့ ဘယ်လိုဆက်ဆံမလဲ? သူဟာ တစ်ခြားသူရဲ့နားလည်မှု၊ လက်ခံနိုင်မှုတွေကို လိုအပ်နေသူဖြစ်တယ်။

ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်တဲ့ ကလေးငယ်ကို "သား ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား.. လာ..လာ.. ဘာတွေဖြစ်ခဲ့လဲ မေမေ့ကိုပြောပြ"

ဒေါသထွက်တဲ့ လင်ယောက်ျားကို ဇနီးက "ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ? ကျွန်မကလွဲရင် ရှင့်ကို စိတ်ဆိုးအောင် ဘယ်သူလုပ်နိုင်သလဲ?"

မျက်နှာရှစ်ခေါက်ချိုးနဲ့ ဇနီးကို "တစ်နေ့ကုန် ကလေးထိန်းနေရတာ ပင်ပန်းနေပြီလား? အိမ်အလုပ်တစ်ခုခု ကိုယ်ဘာများကူညီရမလဲ?" စတဲ့စကားတွေက စိတ်ဆိုးဒေါသထွက်နေသူရဲ့ စိတ်ကို အနည်းအများတော့ ပြောင်းလဲစေမှာ အမှန်ပါပဲ။ တစ်ပါးသူရဲ့ နားလည်မှု၊ လက်ခံမှုကိုရရှိပြီးနောက် ဒေါသတကြီး ထွက်ဆိုခဲ့မိတဲ့ သူတို့စကားတွေအတွက် သူတို့ အားတုန့်အားနာ ဖြစ်နေမိမှာ သေချာပါတယ်။

နိုင်းနိုင်းစနေ

စာအမြဲသွားဖတ်နေကျ http://share.youthwant.com.tw မှာဖတ်မိတဲ့ စာတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 3 New Entries: ချီးတုံးကို ကိုးကွယ်သူများ

ချီးတုံးကို ကိုးကွယ်သူများ

PDF ဖိုင်ဖြင့် ဖတ်ရန် Staire for Than Shwe-1.pdf PDF * 132 KB


ကိုမိုးသီးဇွန် မှ ရယူမျှသေပါသည်။ ကိုမိုးသီးဇွန် အားကျေးဇူးတင်ပါသည်။

သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။

အများသူငှာတို့ ကြားသိပြီးဖြစ်တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ တိုက်ကြီး-ရန်ကုန် ပြေးဆွဲနေခဲ့တဲ့ ခရီသည်တင် ဟိုင်းလတ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကားပေါ်ပါသူ ကားမောင်းသမား အပါအ၀င် လူ (၇) ဦး သေဆုံးခဲ့တဲ့ကိစ္စကို နအဖက ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမှန်အတိုင်း မထုတ်ဖေါ်ဘဲ သတင်းလိမ်ခဲ့တာနဲ့  နအဖပိုင် သတင်းစာတွေကလည်း ဒီသတင်းကို လိမ်ညာဖန်တီးပြီး ရေးသားခဲ့တာကို ထုတ်ဖေါ်ပြလိုပါတယ်။

ပထမဦးဆုံးအနေနဲ့  ပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး နအဖကနေ ဘယ်လို သတင်းထုတ်ပြန်ခဲ့သလည်းဆိုရင် အဆိုပါ ဟိုင်းလတ်ကားမောင်းတဲ့သူဟာ ကားကို အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန် မထိန်းနိုင်ဘဲ ကားမှောက်ပြီး ကားပေါ်ပါ ဂက်စ်အိုးများ အချင်းချင်းရိုက်ခတ်မိလို့  ပေါက်ကွဲမှု ဖြစ်ရတာပါဆိုပြီး အဓိက အကြောင်းရင်းက ကားမှောက်တာပါ၊ ကားမှောက်လို့ သာ ဂက်စ်အိုးပေါက်ကွဲ ရတာပါလို့  အကြောင်းပြခဲ့ပါတယ်။

အဖြစ်မှန်ဖြစ်တဲ့ ဂက်စ်အိုးပေါက်ကွဲတဲ့ အဓိက အကြောင်းရင်းကို လိမ်ညာခဲ့ခြင်းဖြစ်ပါတယ်။ စစချင်း ဂက်စ်အိုးပေါက်ကွဲတာ မဟုတ်ဘဲ ကားမှောက်တာ အရင်ဖြစ်လို့  ကားမှောက်တဲ့အရှိန်ကြောင့်သာ ဂက်စ်အိုးကွဲရတာပါလို့  လှည့်ဖြားပြောဆိုထုတ်ပြန်ခဲ့ပါတယ်။

ဘာလို့  ဒီလို လှည့်ဖြားပြောဆိုရတာလည်းဆိုတာကတော့ နအဖအနေနဲ့  သူတို့ နဲ့  ပတ်သက်နေတဲ့ ပေါ့ဆမှုတွေ၊ လာဘ်စားမှုတွေ၊ ပြည်သူတွေအပေါ်မှာ တာဝန်ကင်းမဲ့သူတွေ၊ သူတို့ ရဲ့ ညံ့ဖြင်းမှုတွေကို အပြစ်ပြောခံရမှာစိုးလို့  ဒီလိုဖုံးကွယ်ပြောဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

ဂက်စ်အိုးတပ်ဆင်မှုတွေကို စစ်ဆေးမှု မရှိတာတွေ၊ အလွယ်တကူဈေးနဲ့  ဈေးရောင်းကောင်းအောင် လောက်ဘဲ ကြည့်ပြီး လုပ်ခဲ့တာတွေ၊ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ထက် နအဖဘက်တော်သား စီးပွားရေး သမားကြီးတွေ ကြီးပွားရေးအတွက်သာ ကြည့်နေတာတွေ၊ နိုင်ငံတော်ဝါဒဖြန့် ချီရေးတွေမှာ မော်တော်ယာဉ်တွေ ဂက်စ်သုံးစွဲမှုနဲ့  တိုးတက်နေပါတယ်လို့  ဟန်ပြပြောဆိုနေတာတွေကို ထိခိုက်မှာစိုးလို့  ပေါက်ကွဲမှု အဓိက အကြောင်းရင်းက ဂက်စ်အိုးပေါက်လို့  ဖြစ်ရတာပါဆိုတာကို မပြောရဲတာဘဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ - နအဖက သတင်းထုတ်ပြန်ခဲ့တာ အောက်တိုဘာလ (၁ရ) ရက်နေ့ ကြမှ သတင်းထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာလ (၁၈) ရက်နေ့  သတင်းစာထဲမှာ ဖေါ်ပြခဲံပါတယ်။ အမှုဖြစ်ပွားပြီး (၃) ရက်မြောက်နေ့ ကျမှသာလျှင် သတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းစာထဲမှာ သတင်းကို လှည့်ဖြားပြီးရေးသားထားရုံတင်မကဖူး ပေါက်ကွဲမှုဖြစ်ပွားတာကို အခင်းဖြစ်မှုမြေပုံအကြမ်းနဲ့  ဖေါ်ပြထားပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဖြစ်ပွားမှုသတင်းကို သေသေချာချာ စနစ်တကျနဲ့ စုံစမ်းဖေါ်ထုတ်ထားသလိုလိုနဲ့ ၊ တကယ်တမ်းကျတော့ ပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေရဲ့  ဓါတ်ပုံတွေကိုတော့ အမှန်အတိုင်း ဖေါ်ထုတ်မပြရဲခဲ့ပါဖူး။ (စကားချပ် - သေဆုံးမှု ဆိုးရွားတဲ့ပုံတွေ ဖြစ်နေတာကြောင့် အမြင်မသင့်တော်လို့  သတင်းစာထဲ မထည့်တာလို့ တော့ အကြောင်းမပြပါနဲ့ ။ တစ်နေ့ ကဘဲ ရွှေပြည်သာမှာ ဗုံးထောင်ရင်း သေဆုံးခဲံရပါတယ်ဆိုပြီး ခေါင်းပြတ်ခြေပြတ်လက်ပြတ်ပုံကျတော့ သတင်းစာထဲမှာ သတင်းညာပြီး ၀ါဒဖြန့် ချီလိုလို့  ထည့်ခဲ့တာရှိနေပါတယ်)။ ဂက်စ်အိုးပေါက်ကွဲလို့  သေဆုံးသူတွေရဲ့  ပုံတွေကို အမှန်အတိုင်း သတင်းစာထဲ မထည့်ရဲတာကတော့ ဂက်စ်အိုးပေါက်ကွဲတာ အရင်လား၊ ကားမှောက်ပြီးမှ ဂက်စ်အိုးက ပေါက်ကွဲရတာလားဆိုတာ အသိသာကြီး မြင်မှာစိုးလို့ ပါ။

စီအင်(န်)ဂျီပြောင်းလဲတပ်ဆင်ခွင့်ရတဲ့ ကုမ္ပဏီတော်တော်များများဟာ နအဖဗိုလ်ချုပ်ကြီးများနဲ့ မကင်းရာ မကင်းကြောင်း ဖြစ်နေခြင်း၊ စစ်ဆေးရန်တာဝန်ရှိသူများဟာ မိမိတို့ရဲ့ တာဝန်များကို ထမ်းဆောင် ရန်ထက် ပိုက်ဆံများများ ဘယ်လိုရမလဲဆိုတာကိုသာ ပိုမိုစိတ်ဝင်စားနေကြခြင်းတွေကြောင့် - ဒီဟိုင်းလပ်ကား ဖြစ်ပွားမှုမှာ ဂက်စ်အိုးပေါက်ကွဲကြောင့် ဖြစ်ရတာပါလို့  အမှန်အတိုင်းမပြောရဲကြတာ ဖြစ်ပါတယ်။

နအဖပြောသလို မဆင်မခြင်မောင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တာလို့  ပြောထားပေမယ့် ဓါတ်ပုံတွေမှာ ကြည့်ရင် ကားဟာ မှောက်သွားပြီး ဘေးစောင်းလိမ့်နေတာ၊ ဒါမှမဟုတ် ကားပက်လက်လန် နေတာ မရှိပါဖူး။

နောက်တစ်ချက်ကတော့ နအဖ ပြောတာက - ကားမှောက်တာကြောင့် ကားပေါ်ကနေ ဘဲဘက်နဲ့ ညာဘက်ကို လွင့်ကျပြီး လူသုံးဦးဟာ လမ်းပေါ်မှာ သေဆုံးသွားတာဖြစ်တယ်လို့  ဆိုထားပါတယ်။ နအဖတွေ ဘယ်သော အခါမှ ဟိုင်းလတ်ကား မစီးဘူးဖူးနဲ့ တူပါတယ်။ ဟိုင်းလတ်ကားရဲ့ ဘေးဘယ်ညာမှာ ကာထားတဲ့ သံတိုင် အကာတွေ ရှိပါတယ်။ ဒီသံတိုင်တွေကြားထဲကနေ လူတစ်ယောက်ခန္ဒာကိုယ်အရ လွင့်ထွက်ကျဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

နောက်တစ်ချက်ကတော့ နအဖရဲ့  လိမ်ညာပြောဆိုချက်အရ - ကားပေါ်မှာ ဂက်စ်အိုးလေးလုံးပါလာတယ်၊ အဲ့ဒီဂက်စ်အိုးလေးလုံး အချင်းချင်းရိုက်ခတ်မိလို့  ရိုက်ခတ်မှုအပြင်းဆုံးတစ်လုံးက ပေါက်ကွဲရတာလို့ ပြောတာကြည့်ရင် - ဂက်စ်အိုးလေးလုံးပါတယ်ဆိုတာ မဖြစ်နိုင်သလို၊ အချင်းချင်းရိုက်ခတ်ရလောက်အောင် နေရာအကျယ်လည်း မရှိနိုင်ပါ။

ဂက်စ်အိုးအချင်းချင်းရိုက်တဲ့အရှိန်နဲ့  ဂက်စ်အိုးတစ်လုံးပေါက်ကွဲရတာဆိုရင် ကျန်တဲ့ဂက်စ်အိုးတွေကရော ကားပြင်းထန်စွာမှောက်သွားတဲ့အရှိန်နဲ့ ရော ဘာလို့ မပေါက်ကွဲဘဲ နေရာတွေ အတော်ခြားပြီး လမ်းပေါ်မှာ ဒီအတိုင်းဘဲ ရှိနေရတာလည်း။ နအဖဖေါ်ပြထားတဲ့ပုံတာတွေအရကြည့်ရင် အင်မတန်ယုတ္တိမရှိတဲ့  လိမ်ဆင်ကြီးဆိုတာ သိသာလွန်းပါတယ်။

ဒီ ဟိုင်းလတ်ကား ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာကို အမှန်အတိုင်းမပြောရဲဘဲ လှည့်ဖြားပြောဆိုထားတဲ့ နအဖရဲ့  လိမ်ညာမှုနဲ့  သတင်းညာရေးပြီး ပြုပြင်ဖန်တီးထားတဲ့ သတင်းစာပါ အချက်တွေ ဓါတ်ပုံတွေကို အမှန်တကယ်ဖြစ်ပျက်မှုကို သိရှိရအောင် ပေးပို့ လာတဲ့ တာဝန်သိပြည်သူတစ်ဦးရဲ့  ဖြစ်ပွားမှုဓါတ်ပုံအမှန်တွေကို နှုင်းယှဉ်ပြီး ကြည့်ကြည့်ရအောင်ပါ။

(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။ဓါတ်ပုံတွေ ကိုတော့ အောက်ဆုံးမှာ တင်ပြထားပါတယ်)

ဒီဟိုင်းလတ်ကားပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် (၃) ရက်နေမှ သတင်းထုတ်ပြန်တဲ့ နအဖရဲ့  လုပ်ရပ်ဟာ ဖြစ်ပျက်မှုအမှန်ကို လိမ်ညာဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ သတင်းထုတ်ပြန်ခဲ့တာပါ။

နအဖသတင်းစာမှာ ဖေါ်ပြထားတဲ့  ဟိုင်းလတ်ကား တည်ရှိရာနေရာနဲ့  အမှန်တည်ရှိတဲ့ နေရာဟာ လွှဲချော်နေပါတယ်။ ပျက်စီးနေတဲ့ကားဘော်ဒီဟာ အချို့ နေရာတွေမှာ ပြောင်းလဲနေပါတယ်။ လူတစ်ဦးကားရှေ့ မှန်ကနေ တစ်ပိုင်းတစ်စထွက်ပြီး သေဆုံးနေတဲ့ပုံနဲ့  နအဖသတင်းစာပါ ကားပုံက လွှဲချော်နေပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ အမိုးနဲ့  အမှန်တကယ်ပျက်စီးနေတဲ့  ဟိုင်းလတ်ကားရဲ့ အမိုးတွေဟာ ပုံစံခြင်းမတူတာ မြင်ရပါတယ်။ ဒီအချက်တွေအရ နအဖဟာ ဟိုင်းလတ်ကားကို သတင်းညာဖို့ အတွက် ပြန်လည်ပြင်ဆင်ဖန်တီးထားတာ (သို့ ) အခြားသော ဟိုင်းလတ်ကားကို ပုံစံတူဖန်တီးပြထားတာ ဖြစ်ပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ နံပါတ်ကို မြက်တွေနဲ့  ကွယ်ပြီးဖုန်းအုပ်ပြသထားပါတယ်။ ဘေးဘက်က နံပါတ်ပြားကိုလည်း ၀ိုးတစ်ဝါးနဲ့  မသဲမကွဲ ပြုလုပ်ထားပါတယ်။

တာဝန်ရှိပြည်သူတစ်ဦးကနေ ပေးပို့ လာတဲ့ အဖြစ်မှန်ပြ ဓါတ်ပုံတွေကို ကြည့်ရင် အဓိက အချက်တွေ သိစေလိုတာကတော့ ဒီဟိုင်းလတ်ကားဟာ ဂက်စ်အိုးကနေ ဂက်စ်တွေယိုစိမ့်ထွက်ပြီး မီးလောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူတွေသေဆုံးရတာဆိုတာကိုပါ။

လမ်းပေါ်မှာ ပြုတ်ကျပြီးသေဆုံးသူတွေဟာ ကားရိုးရိုးမှောက်လို့  ပြုတ်ကျပြီး သေဆုံးကုန်တာ မဟုတ်ပါ။ ဂက်အိုးပေါက်ကွဲပြီးမှ ပေါက်ကွဲမှုကြောင့် အမိုးပွင့်ပြီး ပြတ်ထွက်ကုန်တဲ့ ကားအစိတ်အပိုင်းတွေနဲ့ အတူ လမ်းမပေါ်ကို လွင့်စင်ကျလာတာပါ။ နအဖပုံမှာ လိမ်ပြီးရေးဆွဲပြထားတာက ဂက်စ်အိုးက နောက်ဆုံးနေရာကျမှ ပေါက်ကွဲတာပါလို့ ပြောထားပါတယ်။ ဟိုင်းလတ်ကား ပျက်စီးမှုပုံ၊ လမ်းပေါ်ကသေဆုံးသူတွေရဲ့ ပုံတွေ၊ ကားနောက်ခမ်းအတွင်းနဲ့  ရှေ့ ခန်းကပုံတွေကို ကြည့်ရင် ရိုးရိုးကားမှောက်လို့ သေတာမျိုး မဟုတ်ဖူးဆိုတာ သူတို့ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအရ ကြည့်ရင် သိသာထင်ရှားပါတယ်။

အပြစ်မဲ့ ပြည်သူတွေ သေဆုံးကြရတာကို နအဖအနေနဲ့  သတင်းအမှန်မရေးရဲတာ လွန်းလွန်ပါတယ်။ ဒီဟိုင်းလတ်ကားဖြစ်ပွားမှုမှ မဟုတ်ပါ၊ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူတွေသေကြေပျက်စီးရမှုမှန်သမျှ အခြားသူတွေကို မဟုတ်မမှန် စွပ်စွဲပြီး အပြစ်ဖို့လေ့ရှိတဲ့ နအဖဟာ တော်တော့ကို ယုတ်မာတဲ့ ကမ္ဘာကျော် လူလိမ်ကြီးများလို့  ခေါ်ခံတာ နည်းတောင်နည်းပါသေးတယ်။

ဖြစ်ပျက်မှုတွေရဲ့  အကြောင်းရင်းအမှန်တွေကို ဖုန်းကွယ်ထားမှုဟာ ပိုပြီးဆိုးရွားပါတယ်။ ပြည်သူတွေအနေနဲ့  သတင်းအမှန်မသိရတဲ့အတွက် နောက်နောင်အလားတူ သေကြေပျက်စီးမှုဖြစ်နိုင်တာတွေကို ကြိုတင် ကာကွယ်နိုင်မှာ မဟုတ်ပါဖူး။ နအဖက ပြည်သူတွေ ဒီလိုအလားတူ ဆိုးရွားမှုတွေ ထပ်ဖြစ်လည်း ဂရုမစိုက်တဲ့ စိတ်ယုတ်မာကို ပြတာပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ နေနေသာ ဘေးအန္တရယ်တွေ ကျရောက်ခဲ့တာတွေကို အကြောင်းရင်းအမှန် မဖေါ်ပြရဲဘဲ၊ နအဖအာဏာတည်မြဲဖို့  အကျိုး မထိခိုက်ဖို့ အတွက်လောက်သာ ကြည့်တာဟာ ယခုလို သတင်းလိမ်ညာမှုတွေက သက်သေပါ။ ဒီ့အတွက် နအဖဟာ လူမဟုတ်တော့တဲ့ တိရိစ္ဆာန်အဆင့်တောင်မရှိတဲ့ ဘီလူးသရဲသဘက်သာသာ ဖြစ်နေပါပြီ။

ပြည်သူတွေအနေနဲ့  ကိုယ်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်ပေးတဲ့အပြင်၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးအောင် တိုက်ရိုက်ရော သွယ်ဝိုက်လို့ ရော လုပ်နေတဲ့ နအဖတွေကို ဖယ်ရှားပြစ်ဖို့  ရဲရဲဝန့် ဝန့်  လုပ်ရတော့မှာ ဖြစ်ပါတယ်။

ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ။




သတင်း နှင် ဓါတ်ပုံများ အား ကိုနစ်နေးမန်း ဘလော့ဂ် မှ ရယူပါသည်။
ကိုနစ်နေးမန်း အား အထူးပင်ကျေးဇူးတင်ပါသည်။

သတင်းစာများ နှင့် MRTV တို့မှ ဗုံးသတင်း တင်ပြမှုများ



You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.