Wednesday, October 22, 2008

[ဆောင်း] 1 New Entry: TAG - ဖြစ်သလိုစားခြင်း

TAG - ဖြစ်သလိုစားခြင်း


ညီမလေး မီဂုမိ က တက်လာတော့ ခေါင်းစဉ်ကလည်း စိတ်ဝင်စားစရာ။ ကျွန်မက (ထော်လော်ကန့် လန့်သမား လို့ ပြောပြီးသားနော်) ရေးချင်တဲ့စိတ်ပေါ်လာတာရယ် သူကလေးတက်တာက လူအများကြိးကို မတက်တာရယ်ကြောင့် ရေးဖြစ်ပါတယ်။ ခရီးပန်းပြီး နေမကောင်းတာကြောင့် နဲနဲ အချိန်ယူရပါတယ်။

ဖြစ်သလို စားခြင်းဆိုတာ အခြေအနေ အချိန်အခါနဲ့  ပတ်ဝန်းကျင်ပေါ်မူတည်ပါတယ်။
၁- ငွေကြေးကြောင့်လား
၂- စိတ်ညစ်လို့ လား
၃- ငွေရှိပေမဲ့ ကောင်းကောင်းစားဖို့ အကြောင်းမဖန်တာလား
၎- ကျန်းမာရေးကြောင့်လား
၅- ပတ်ဝန်းကျင် ဓလေ့ထုံးစံတွေကြောင့်လား လို့ တွေးမိပါတယ်။

ကျမငယ်ငယ်က အစားအသောက်ဆိုတာ ပါးစပ်ဟရုံလေးနဲ့ အလိုလိုဝင်လာတာပါ။ မေမေ့ကျေးဇူး ကြောင့် ပါရှင်။ မပူမပင်နေရတဲ့ ဘ၀ကနေ အပူအပင်တွေ တွေ့ ကြုံလာရတဲ့အချိန်မှာ ဖြစ်သလို စားဖို့ ဖန်လာတာ လည်း ကြုံခဲ့ရပါတယ်။

ဥပမာ
- စစ်- ဖြစ်နေတဲ့ နေရာမှာဆိုရင် ငွေကြေးဟာ အသုံးမ၀င်တော့ပါဘူး။ ရတဲ့ ပစည်းတွေနဲ့ုဖြစ်သလို စားရမှာပါ။
- ငွေ-မလုံလောက်ရင် နေ့ စဉ်စားနိုင်ဖို့  လက်ထဲရှိတဲ့ ငွေနဲ့  ခပ်ကြာကြာစားနိုင်ဖို့  ဖြစ်သလို စားရတာလည်း ရှိပါတယ်။
- စိတ်ညစ်-လွန်းလို့ ဘာမှ အစားသောက်ပျက်ရင် ဘာမှ မစားဘဲ နေတာမျိုးလည်း ရှိပါတယ်။
- ကျန်းမာရေး-ချို့ တဲ့လို့  မလုပ်ကိုင်နိုင်လို့  ကူညီပေးမဲ့သူမရှိလို့  ရှိတာလေးနဲ့  ဖြစ်သလို စားခဲ့ရတာ လည်း ရှိပါတယ်။
- နေရာ- ကိုယ်စားချင်တဲ့ အာရှအစာထက် အနောက်နိုင်ငံက ပေါင်မုန့် ဘဲ ၀ယ်စားနိုင်တဲ့ ပတ်ဝန်းကျင် ရောက်ရင် ရှိတာလေးဘဲ ၀ယ်စားပြီး ဖြစ်သလို စားရပါတယ် လို့ လည်းကြေငြာဘူးပါတယ်။

ကောင်းပြီ အခြေအနေ အားလုံးထဲမှာ ငွေကြေးမလုံလောက်လို့  ဖြစ်သလို စားတယ် ဆိုတာ လူတိုင်းမှာ အဖြစ်များလို အဲဒီ အခြေအနေကို ဘဲ ဆွေးနွေးကြတာပေါ့။ ချွင်းချက်က နိုင်ငံခြား မှာ ငွေကြေး မလုံလောက် လို့  ဖြစ်သလို စားတဲ့
အခြေအနေကိုပြောလိုပါတယ်။ မြန်မာပြည်ထဲက အခြေအနေကို မဆွေးနွေးဘူးနော်။

နိုင်ငံခြားရောက်ခါစမှာ လက်ထဲမှာ ရှိတဲ့ငွေနဲ့  အဲဒီနိုင်ငံရဲ့ ငွေကြေးပမာဏဟာ ကွာဟနေရင် ရေတောင် မသောက်ဝံ့ခဲ့ပါဘူး။ တနေ့ နေ့  ထမင်းတောင် မစားဘဲ နေချင်မိသေးတယ် ဗိုက်ဆာလာလို့ မနေနိုင်လို့  သာ စားနေရတာ လက်ထဲငွေလေး တွက်တွက်ပြီး မစားနိုင်ဖြစ်ခဲ့ရဘူးပါတယ်။

နောက်တခါ အလုပ်အခက်ခဲဖြစ်တဲ့ အချိန်တွေမှာလည်း အဲဒီလို ကြုံခဲ့ဘူးပါတယ်။

ကျမဆွေးနွေးချင်တာက ဖြစ်သလို စားတဲ့ အချိန်မှာ ဘယ်လို စားမလဲ ဆိုတာကို အကြံပြုလိုပါတယ်။ ဖြစ်သလိုစားပေမဲ့ ကျန်းမာရေး မထိခိုက်နိုင်တဲ့ အာဟာရပြည့်အောင် ဖြစ်သလို စားတတ်ဖို့ လိုအပ်ပါတယ်။ ကျမ လုပ်ဖော် ကိုင်ဘက် ကုလားတစ်ယောက်ဟာ သူ့ နိုင်ငံသားအချင်းချင်းလိမ်သွားလို့  ဒေါ်လာ ၈၀၀ ကုန်သွားခဲ့ပါတယ်။ သူ့ ခများ လက်ထဲ ရှိတဲ့ ငွေနဲ့  ရေရည်နေနိုင်ဖို့  တနေ့ ထမင်းတနပ်ဘဲ စားပြီး ညစာ မစားဘဲ နေခဲ့ရပါတယ်။

ကျမကတော့ မနက်ခင်းစာ ရောင်းတဲ့ ကြာဆံကြော်ကို ကြိုက်တော့ တစ်ထုပ်မှာ ပြား၆၀ထဲ ပေးရလို့ ၃ထုပ် ၀ယ်တယ် မနက် နေလည် ညစာပေါ့။ အဆာပြေအစာမို လို့ နဲနဲလေးလေ ဗိုက်မ၀ဘူးရှင့်။ ဆာရင်
ရုံးက ထုတ်ပေးထားတဲ့ ကာဖီဖျော်သောက်၊ပေါ့၊ တခါတလေ နေ့ လည်စာကို မနက်ည ပေါင်းစားတာ ရှိသေးတယ်။

အသေအချာ ပြန်တွေးမိတော့ ဗိုက်မ၀တဲ့အပြင် အာဟာရ မရှိတာလည်း တွေ့ ရပါတယ်။ ဒါကြောင့် စိတ်ထဲမှာ သုတေသန ပြုထားတာလေး ကို ရှိတဲ့ ငွေနဲ့ ဖြစ်သလို စားတဲ့အချိန်မှာ အာဟာရကို ပြည့်ပြည့်၀၀ ရနိုင်ကောင်းရဲ့ဆိုပြီး ရေးလိုက်ပါတယ်။ လိုအပ်တာရှိရင် ထောက်ပြပေါ့နော်။

ဘာ ဟင်းမှမရှိလည်း မြန်မာ လူမျိုးက ထမင်းချည့်ဘဲ စားလည်း အာသီတပြေတယ်။ ဒါ့ကြောင့် ဆန်နဲ့ ဂျူံမှုန့် ကို အဓိက စားသင့်ပါတယ်။

၁. ဆန်၊ ထမင်းချက်နိုင်မဲ့ အခွင့်အရေးရှိရင်ပေါ့။ ထမင်းချက်ခွင့် မရရင် ထမင်း ရောင်းတဲ့နိုင်ငံဖြစ်ရင် ထမင်းဝယ်စား။ မရောင်းရင်တော့ လက်လျော့ နောက်တစ်ခုစဉ်းစားမယ်။
၂. ဂျုံ- ပေါင်မုန့် က ပေါတယ်။ စားမယ်ဆိုရင် whole mealလို့ ခေါ်တဲ့ ပေါင်မုန့် အညို ကြမ်းကြမ်းကိုဝယ် အစာခံတယ် အာဟာရပြည့်တယ်။
၂. ဆီ- ချက်ခွင့်ရှိမှပါ
၃. ကြက်ဥ (ရွှေခေါင်းပြောငိလို့ ခေါ်ကြတယ်) အဲဒါက အပေါဆုံးဘဲ။
၎ သစ်သီး။ လွယ်လွယ်ရတဲ့ ငှက်ပျောသီးနဲ့ ကျမတို့ မြန်မာလူမျိုးတွေ ထမင်းစားနိုင်ကြမှာပါ။ တခြား အသီးတွေက တော့ များများမရတော့ ဘတ်ဂျက် ထဲမှာ ၀င်ဖို့ နဲနဲ ခက်မယ်။
၅. ခရမ်းချဉ်သီး - ချက်စရာမလိုဘဲ စားနိုင်တဲ့ဟင်းသီး ဆိုတော့ အဆင်ပြေမှာပါ။
၆. ခေါက်ဆွဲထုတ် - အာရှရဲ့ ခေါက်ဆွဲထုတ်က ဆော်ဒါတွေနဲ့ ပွထားတာ မိုလို့  ရှိစု မဲ့စု ဆံပင်လေး ၂ချောင်းတောင် ကျွတ်သွားနိုင်တယ်။ ဆောင်းက ရေနွေးတအိုးတည်ထားတယ်။ ပထမ ခေါက်ဆွဲကို ရေနွေးပြုတ်ပြီး ဆူလာရင် ရေသွန်ပြီး နောက်တရေ ထပ်ပြုတ်တယ်။ ၀ါကျင့်ကျင့် ဆော်ဒါတွေ နဲသွား အောင်၊ ပြီးမှ အပြုတ် သို့ မဟုတ် ဆီချက် စသဖြင့် ဆက်ချက်တယ်။
၇- ပဲနီလေး ချက်လို့ လွယ်တော့ အဆင်ပြေအောင် စားလို့ ရပါတယ်။

နောက်ဆုံးဘာမှ မတတ်နိုင်ရင်တော့ အင်းအင်း... ရေသောက် ဗိုက်မှောက်ရုံဘဲ ...

ကဲ ဖြစ်သလို စားပြီးပြီး နောက် ပို့ စ်က တော့ အမြန်ဟင်းချက်နည်း ဆိုတာ ရေးဖြစ်မယ် ခုတော့ ဟုတ်သေးဘူးနော်

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.