Sunday, December 7, 2008

[ALL FRIEND's WELCOME To My Blog] 2 New Entries: JOKES

JOKES

The Old Golfer
 

 

Moses, Jesus and an old man are golfing. Moses steps up to the tee and hits the ball. It goes sailing over the fairway and lands in the water trap. Moses parts the water and chips the ball onto the green.

Jesus steps up to the tee and hits the ball. It goes sailing over the fairway and lands in the water trap. Jesus just walks on the water and chips the ball onto the green.

The old man steps up to the tee and hits the ball. It goes sailing over the fairway and heads for the water trap. But, just before it falls into the water, a fish jumps up and grabs the ball in its mouth. As the fish is falling back down into the water, an eagle swoops down and grabs the fish in its claws. The eagle flies over the green where a lightning bolt shoots from the sky and barely misses it. Startled, the eagle drops the fish. When the fish hits the ground, the ball pops out of its mouth and rolls into the hole for a hole-in-one.

Jesus then turns to the old man and says, "Dad, if you don't stop fooling around, we won't bring you next time."

JOKES(PIC)

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: ပန်ကြားချက် (သတင်းကောက်နှုတ်ချက်)

ပန်ကြားချက် (သတင်းကောက်နှုတ်ချက်)

ဒီကနေ့ သတင်းများ ကြေငြာမည့်သူက ကိုဟန်လင်းထွန်းဖြစ်ပါတယ်။့ ရှင့့်

မြန်မာ့ အမှောင်(ဘယ်တော့မှ မလင်းတဲ့ကြောင့် မှောင်သွားရခြင်း) သတင်းများမှ ကောက်နှုတ်ချက်မျာ့း့

နိုင်ငံတော်  ငြိမ်ဝပ်ပိပြားရေး အမှုရှောင် အုပ်နာထကြီး ဗိုလ်ကုတ်မှုးကြီး သမ်းစွေ မှ ပြည်ပရောက် မြန်မာပြည်သူများ အား ပန်ကြားချက့့်

ပြည်ပရောက် မြန်မာပြည်သူ ပြည်သားမျာ့း့ ခင်ဗျာ့ (ရိုသေတာ အကောင်းမမှတ်နဲ့)

ကျနုပ်တို့ မြန်မာပြည်သူပြည်သား ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်အပေါ်မှာ ကျနုပ် ဟာ များစွား စိတ်မကောင်းဖြစ်ရပါတယ်။ အခုအချိန်အခါမှာ ကမ္ဘာနဲ့အ၀ှမ်း စီးပွားရေး ကပ်ဆိုက်နေကြသည့်ကြောင့် ပြည်ပရောက် မြန်မာပြည်သူ ပြည်သားများ ဒုက္ခရောက်ကြသည် အတွက် များစွား ၀မ်းနည်းကြေကွဲရပါတယ်။ ကျနုပ်တို့ ပြည်ပမှာထားရှိတဲ့ သံရုံးများကို လူကြီးမင်းတို့ကို ကူညီဖို့ (လာရောက်အကူအညီတောင်းတဲ့အခါ အခွန်များများယူပြီး နင်တို့ဟာ နင်တို့လာတာ ဘာတွေလာပြောနေတာလဲလို့ ပြောလွှတ်ဖို့)ညွန့်ကြားထားပါတယ်။ အချိန်မရွေးသွားရောက် အပြောအဆို အပေးအကမ်းလုပ်နိုင်ကြောင်း အသိပေးအပ်ပါတယ်။

အခုဆိုရင် ကျနုပ်တို့ မြန်မာပြည်မှာ အလုပ်အကိုင်များစွာ ပေါများလျှက်ရှိပါတယ်။ စိုက်ပျိုးရေးဘက်မှာဆို အလုပ်အကိုင်များစွာ ပိုရှိပါတယ်။ ကြက်ဆူပင်စိုက်ပျိုးခြင်းဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီး ကိုယ်ကိုတိုင်လည်း မငတ်ရုံတမယ် ရှာစားဖွေစားနိုင်ပါတယ်။ 

စက်ရုံအလုပ်ရုံ အလုပ်သမ များအတွက် တစ်လကို မြန်မာငွေ ၂၅၀၀၀ ကြီးများတောင် ရရှိတဲ့ အလုပ်ကောင်းများစွာရှိပါတယ်။ စက်ရုံပိုင်ရှင် နိုင်ငံခြားသားများမှ ကန်ခံရခြင်းကြောင့် တနေကုန် ညောင်းညာမှုပြေပျောက်နိုင်ပါတယ်။ 

အသက် ၁၀ နှစ်မှ ၁၅ အောက်ငယ်ရွယ်သူတွေအတွက် စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်းကြီးများတွင် စားပွဲထိုးအလုပ်ကြီးများကိုလည်း ပြည့်ပြည့်၀၀ လုပ်ဆောင်နိုင်ပါတယ်။ 

အသက်ကြီးရွယ်အိုများအတွက်လည်း လွတ်လပ်စွာ တောင်းရမ်းစားသောက်ခွင့်လက်မှတ်များကို ဈေးနှုန်းချိုသာစွာဖြင့် နေရာအနှံ့ပြားမှာ ရောင်းချပေးလျှက်ရှိပါတယ်။

မြန်မာ့အမျိုးသမီးများ အနေနဲ့လည်း အမျိုးသမီးစွမ်းဆောင်ရှင်များနှင့် ပေါင်းပြီး မငတ်တငတ် ရှာစားနိုင်ပါတယ်။ နိုက်ကလပ်များတွင် အလုပ်လုပ်ခြင်း ၊ ကားယားအိုကေများတွင် လှလှပပ ၀တ်ဆင်ပြီး ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုရင်းဖြင့် ရှာစားဖွေစားနိုင်ပါတယ်။

မြန်မာ့အိုင်တီပညာရှင်များအနေနဲ့လည်း  အနောက်နိုင်ငံများ ၊ ပြည်တွင်းပြည်ပမှ ပုဆိန်အရိုးများကို ကာကွယ်ရန် ၀က်ဆိုက်များ ဟတ်ခြင်း ၊ အီးမေးများ ဖောင့်ခြင်း ၊ အစိုးရကောင်းကြောင်းများကို နိုင်ငံတကာသိစေရန် အတွက် ပြည်တွင်းနည်းပညာတိုးတက်ရေးအတွက် လာရောက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ကြားအပ်ပါတယ်။ အလုပ်စစ၀င်ခြင်းနေ့တွင် ကွန်ပြူတာ(( ပြည်ပ  နိုင်ငံရေး အတိုက်အခံများကို စုံးစမ်းထောက်လှမ်းရန်အတွက် ပို့ဆောင်ထားသည့် ထောက်လှမ်းရေးများ အလုပ်မရှိသည့်အခါ လမ်းဘေးမှာ လွှတ်ပစ်ထားသည့် ကွန်ပြူတာများကို ပြည်တွင်းနည်းပညာရှင်များဖြင့် ပြန်လည် အလှဆင်ထားသည့် ကွန်ပြူတာ)) တစ်လုံး အခမဲ့ ရရှိမည်ဖြစ်သည်။ 

စက်မှုလုပ်သားများအနေနဲ့လည်း မြန်မာပြည်မှာ စက်မှုလုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းများ များစွားရှိပါတယ်။ သံစီ သံကွေးများ ၊ ၀ရိတ်စော်ခြင်းများ စသဖြင့်များစွာရှိပါတယ်။

တိုင်းပြည်ကိုချစ်တဲ့ မျိုးချစ်အာဇာနည်တွေအတွက်လည်း (သင့်အားတပ်မတော်မှ အလိုရှိသည် ဆိုင်းပုဒ်များဖြင့်)  များစွာစီစဉ်ထားပါတယ်။ 

ပုံ ///////

အုပ်နာထကြီး ဗိုလ်ကုတ်မှုးကြီး
သမ်းစွေ   (စကားမပီလို့)

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 3 New Entries: Online journalist များ ထောင်အများဆုံးချခံနေရ။

Online journalist များ ထောင်အများဆုံးချခံနေရ။

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ (CPJ) ၏ အဆိုအရ ကမ္ဘာတစ်လွှားတွင် အွန်လိုင်း ဂျာနယ်လစ်များမှာ အခြား medium ကို အသုံးပြုသော ဂျာနယ်လစ်များထက် ထောင်အချခံနေရကြောင်း သိရသည်။

နယူးယော့ခ်အခြေစိုက် မီဒီယာလေ့လာစောင့်ကြည့်ရေး အဖွဲ့၏ အဆိုအရ ဒီဇင်ဘာ (၁) ရက်နေ့အထိ ၂၀၀၈ အတွက် ထောင်ချခံရသော အွန်လိုင်းဂျာနယ်လစ် စုစုပေါင်း (၁၂၅) ယောက်ရှိနေပြီ ဖြစ်ပြီး ယမန်နှစ်ကလည်း ၁၂၃ ယောက်ရှိကြောင်း သိရသည်။ ပုံနှိပ်ထုတ်ဝေသော ဂျာနယ်လစ်များ၊ အယ်ဒီတာများ၊ သတင်းထောက်များနှင့် ဓါတ်ပုံဆရာများက ဒုတိယလိုက်နေသည်။

လွန်ခဲ့သော (၁၀) နှစ်တာကာလအတွင်း ကမ္ဘာပေါ်၌ ဂျာနယ်လစ်များကို ထောင်ချရာတွင် တရုတ်နိုင်ငံက အဆိုးဆုံးဖြစ်ပြီး ကျူးဘားနိုင်ငံက ဒုတိယလိုက်နေသည်။ မြန်မာပြည်က တတိယနေရာတွင်ရှိပြီး Eritrea နှင့် Uzbekistan တို့က စတုတ္ထနှင့် ပဉ္စမနေရာ အသီးသီးတွင် ရှိကြသည်။

တရုတ်နိုင်ငံတွင် ထောင်ကျနေသော ဂျာနယ်လစ် (၂၈) ယောက်ရှိသည့်အနက် (၂၄) ယောက်မှာ အွန်လိုင်း သမားများဖြစ်ကြပြီး Hua Jia ဆိုသူမှာ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင် ၃နှစ်ခွဲ ကျခံနေရသော ဘလော့ဂါတစ်ယောက် ဖြစ်သည်။

ကျူးဘားတွင် ထောင်ကျနေသော ဂျာနယ်လစ် (၂၁) ယောက်ရှိလျက် မြန်မာနိုင်ငံတွင် (၁၄) ယောက်ရှိပြီး ငါးဦးမှာ နာဂစ်မုန်တိုင်း သတင်းများ ဖြန့်ဝေမှုကြောင့် ထောင်ချခံရခြင်း ဖြစ်သည်။

Eritrea တွင် ဂျာနယ်လစ် ၁၃ ယောက်ထောင်ကျနေပြီး ယင်းသို့ ထောင်ကျခံနေရသော ဂျာနယ်လစ်တို့၏ ကျန်းမာရေးအခြေအနေ၊ မည်သည့်နေရာတွင် ရှိသည် အစရှိသည်တို့အားလည်း အာဏာပိုင်တို့က ထုတ်ဖေါ်ပြောကြားခြင်း မရှိကြောင်း သိရသည်။

"journalism ရဲ့အနာဂါတ်ဟာ online မှာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုအခါမှာ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရပါတယ်ဟု CPJ ၏ အမှုဆောင်ဒါရိုက်တာ Joel Simon မှ ပြောကြားခဲ့သည်။

နိုင်ငံတကာလူ့ အခွင့်အရေးနေ့  ဖိတ်ကြားလွှာ (စင်္ကာပူ) ။

60th Anniversary IHRD Invitation

ထောင်ပြောင်းရွှေ့ ခံရကြရသော ဒီမိုကရေစီအင်အားစုများအား ၀ိုင်းဝန်းပြီး အကူအညီပေးကြပါရန်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Honey's Private Thought] 1 New Entry: ဘာဆိုဘာမှ ပြောပြစရာမရှိ

ဘာဆိုဘာမှ ပြောပြစရာမရှိ

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: အပိုမကြွား အကြွားမပို

အပိုမကြွား အကြွားမပို



"ဟဲ့..မာတလိ.. ဟိုးရှေ့က ပြိုးပြိုးပြတ်ပြတ်နဲ့ ခစားနေတာ ဘယ်သူများလဲကွဲ့"
"လူ့ပြည်က အဒေါ်ဖြစ်သူ ဒွင်းနဲ့ တူမလေး အိပ်မက်တို့ တူဝရီး နှစ်ယောက်ပါဘုရား"
"အေးအေး.. ငါကိုယ်တော် ရှေ့တော်မှောက် ခစားဝင်ခိုင်းစေ မောင်မင်း"
"မှန်လှပါ။အမိန့်တော်မြတ် အတိုင်းပါဘုရား"

ဤတွင် မာတလိမှ သူ၏လက်ဖြင့် ဝှေ့ယမ်းလိုက်ရာ တူဝရီး နှစ်ယောက် သိကြားမင်းရှေ့ တော်မှောက်သို့ ရောက်ရှိသွားလေသည်။

"အို.. နှမ အဘယ့် အတွက်ကြောင့် ငါ၏သာဝတ္တိံတာသို့ ရောက်ရှိလာသနည်း"
"မှန်ပါ ၊ အရှင်သိကြားမင်း ကျွန်တော်မျိုးမ၏ တူမတော် အိပ်မက် ခေါ် မက်မက် မှ အရှင်သိကြား မင်းကြီး၏ သာဝတ္တိံသာတို့ လေ့လာရေး ခရီးထွက်ချင် သည်ဆို၍ လိုက်ပို့ ရခြင်း ဖြစ်ပါတယ် ဘုရား "
"အိန်း...ကောင်းလေစွ၊ ကောင်းလေစွ၊ ဒါဆိုရင်ဖြင့် နှမတော် အလိုကျ ကျွန်ုပ် ဖြည့်ဆည်း ပေးတော်မူမည်"
"ဟဲ့..မာတလိ"
"ဘုရား"
"၀ိသုကြုံနတ်သားအား ပန်းရထား မောင်းခိုင်း၍ ဤတူဝရီး နှစ်ယောက်အား ငါ၏သာဝတ္တိံသာ နတ်ပြည် အနှံလိုက်ပြ လိုက်ပါ မာတလိ"
"အမိန့်တော်မြတ် အတိုင်းပါဘုရား"

ဒီလိုနှင့် သုံးဦးသား နတ်ပြည်အနှံ လျှောက်လည် ကြရာတွင် ချစ်စရာ ကောင်းသော တူမတော် ဖြစ်သူ မက်မက်မှာ အပျော်ကြီး ပျော်နေလေသည်။ ကလေးပီပီ စကားက လည်းများ၊ မေးခွန်းပေါင်း သောင်းခြောက်ထောင် နှင့်အမေး အမြန်း ကလည်း သန်လေးသည်။ မေးသမျှ ကိုလည်း နတ်သား မာတလိမှ မညည်း မညူ ရှင်းပြ လေသည်။

"ဦးဦးမာဂျလိ၊ ဟိုအချေ့ဂ မတ်ချိဒွေ ကျိန်းနေအောင် အရောင်ဒွေ ထွက်နေဒါ ဘာရီးယဲဟင်"
"အဲဒါ DREAM BLOG လို့ခေါ်တဲ့ အိပ်မက် မင်းသမီးလေး ပိုင်ဆိုင်တဲ့ နန်းဆောင်ပေါ့ သမီးရဲ့"
"တီတီဒွင်း တော်တော် လှတယ်နော်၊ ကြည့်ပါဦး။ ဦးဦးမာဂျလိ အဲဒီနန်းချောင်မှာ ဘာတွေ ချိရဲဟင်"
"အဲဒီကို လိုက်ပို့ပေးမှာ ပေါ့သမီးရဲ့၊ အဲဒီကျမှ ကြည့်တော့နော်"
"တီတီဒွင်းရေ ဒရင်းဘယော့ချီ အထုတွားမယ်တဲ့၊ ပျော်ချရာဂျီးနော်။ ဟိ..ဟိ.."

ဒီလိုနဲ့ သုံးဦးသား ၀ိသုကြုံနတ်သား မောင်းတဲ့ ပန်းရထားကို စီးပြီး Dream Blog ဆီသို့ ခရီးဆက်လေသည်။

"တီတီဒွင်း..ဟိုမှာကြည့်ပါဦး၊ ပန်ဒါရေးဒွေ ချစ်ချရာလေး၊ သူတို့ဒွေ က နေကြတယ်နော် ဦးဦးမာဂျလိ"
"ဟုတ်တယ်ကွဲ့၊သမီးလည်း က ချင်ရင် သူတို့နဲ့ သွားကလို့ရတယ်လေ"
"ဦးဦးမာဂျလိ ဟိုအချေ့က ငါးကန်က ငါးလေး တွေက လှလိုက်တာနော်၊ ငါးစာသွား ကျွေးချင်တယ် တီတီဒွင်း
"အဲဒါ နတ်ငါးတွေ လို့ခေါ်တယ် သမီးရဲ့။ အိပ်မက် မင်းသမီးလေး မွေးထားတဲ့ နတ်ငါးတွေ ပေါ့ကွယ်၊ သူတို့က နတ်တို့တန်ခိုးနဲ့ အစာမစားလည်း နေလို့ရတယ် သမီးရဲ့။

"ဟုတ်လား ဦးမာဂျလိ၊ ဒါဆို ပြန်ရင် အိပ်မက် မင်းသမီးဆီက အမှတ်တရ လက်ချောင် တောင်းသွားမယ်..ဟိ..ဟိ..ဟိုမှာ..အတဲပုံဂျီးဂ လှုပ်ချီလှုပ်ချိနဲ့ အတဲပုံ တေးတေး ရေးဒွေ ထွက်ထွက် လာတာက ဘာလဲ ဦးဦးမာဂျလိ"
"အဲဒါ အိပ်မက် မင်းသမီးလေးရဲ့ မေတ္တာဂေဟာ ကိုလာလည်တဲ့ သူတွေက နှုတ်ခွန်း ဆက်ချွေတဲ့ မှတ်တမ်းလေး ပေါ့ကွယ်"
"ဒါဆို မက်မက်တို့လည်း တွားနှုတ်ချက် မယ်နော်၊ တီတီဒွင်း..ရာ..ရာ မက်မက်တို့ တွားပီးနှုတ်ချက် ရအောင်နော်"

သမီးမက်မက်မှာ အပျော်ကြီး ပျော်နေလေသည်။

"တီတီဒွင်း ဟိုနေ့ဂ မက်မက်ကြည့်တဲ့ တာတွန်းတားဂျီး အိပ်မက် မင်းသမီး နန်းချောင်မှာ ယဲပြတယ်နော် ..ခစ်ခစ်.. "

အဒေါ်လုပ်သူ ဒွင်းမှာလဲ တူမဖြစ်သူမက်မက် ၏ ဟာသ စကားကြောင့် ပျော်ရွှင် ရလေသည်။

"ဦးဦးမာဂျလိ ဟိုမှာ လူနာမည်တွေ အများကြီးပဲ ဘာဖစ်ယို့ ရေးထားတာလဲ"
"အဲဒါက အိပ်မက် မင်းသမီးလေးရဲ့ ဆွေတော် မျိုးတော်တွေလေ။ သူ့ရဲ့ ဆွေတော် မျိုးတော်တွေကို အိပ်မက် နန်းဆောင်မှာ မင်းသမီးလေးက မှတ်တမ်းတင်ပြီး ကမ္မည်းတင် မော်ကွန်း ထိုးထားတာ သမီးရဲ့"
"ဟယ်..ဟုတ်လား..ဒါဆို အဲဒီ အိပ်မက် မင်းသမီးမှာ မောင်နှမတွေ အများဂျီး ချိဒါပေါ့နော် တီတီဒွင်း"
"ဒါပေါ့ သမီးလေး မက်မက်ရဲ့"

"ဒါဆို အဲဒီထဲက နာမည်တွေ အတုန်ယုံး ချာအုတ်ထဲမှာ မတ်တွားမယ်။ လူ့ပီ ပန်ရောက်ရင် အဲဒီ အကြောင်းဂို ချာရေးပီး ကြွားလိုက်မယ်.. ခစ်ခစ်.."

တူဝရီး နှစ်ယောက် စကားကောင်း နေချိန်တွင် မာတလိနတ်သားမှ

"ကဲကဲ..အခုပဲ သိကြားမင်း Message ပို့တယ်။ ရှေ့တော်မှောက် အမြန် ခစားပါတဲ့။ ကဲ သွားကြရအောင်"
"ဦးဦးမာဂျလိ သကျားမင်းဂ မုန့်ကျွေးမို့ ထော်ဒါရား မတိဖူးနော်.. ဟိဟိ.."
"တယ်..ဒီကလေး..နတ်ပြည် လာပြီး အငတ်ကျ နေတယ် ငါ့တူမလို့ မပြောရဘူး.. ဟာ.. ဟား..."
"တီဒွင်းကလည်း တီဒွင်းတူမ ဖဲဟာ။ ဒီလောက်ဒေါ့ အဒေါ်ခြေရာ နင်းမှာပေါ့ယို့..နော့်... ခစ်..ခစ်"

ဒီလိုနဲ့ ပြောပြော ဆိုဆို သိကြားမင်း ရှေ့တော်မှောက်သို့ ရောက်ရှိ သွားလေသည်။

"အိန်း.. သင်တို့ကို ခေါ်ရခြင်းက တခြားတော့ မဟုတ်ဘူးကွဲ့။ အကျွန်ုပ် ကိုယ်တိုင် နတ်သုဒ္ဒါများနှင့် ဧည့်ခံချင်လို့ပဲ"
"တီတီဒွင်း သကျားမင်းဂ နတ်တုတ်ဒါ နဲ့ အဲ့ခံ မယို့ဒဲ့ ဟိဟိ... ချားရတော့မယ်... "

ဒီလိုနှင့် နတ်သုဒ္ဒါ သုံးဆောင်ရင်း တူမတော် မက်မက်က

"တီတီဒွင်း မက်မက်တို့ နတ်ပြည် တခေါက်အလည် တွားတာကို လု့ပီ ပန်ရောက်ရင် တီတီဝါကို ပြန်ကြွား လိုက်မယ်နော်..ဟိ..ဟိ..."
"နတ်ပြည်မှာ အရမ်းလှတဲ့ Dream Blog နန်းဆောင် မှာ နတ်ငါးတွေ၊ ပင်ဂွင်းငှက်ရယ်၊ မေတ္တာ ဂေဟာရဲ့ ဧည့်မှတ်တမ်း တွေနဲ့ အိပ်မက် မင်းသမီးလေးရဲ့ ဆွေတော် မျိုးတော် နာမည်တွေကို မှတ်တမ်း တင်ထားတာ တွေ့ခဲ့တဲ့ အကြောင်းကို ပြောပြလိုက်ပေါ့ သမီးရဲ့"

"အရှင်သိကြားမင်း သုံးဆောင်လို့ပြီး သွားပါပြီ၊အချိန်လည်း စေ့နေတဲ့ အတွက် လူ့ပြည် လူ့ရွာသို့ ပြန်ခွင့်ပြုပါ၊ မပြန်ခင် ဆုံးမစကားလေး ချွေပေး တော်မူပါ အရှင်သိကြား"
"အိန်း..အိန်း... အသင်နှမက တရား ဓမ္မနှင့် ပျော်မွေ့တတ်သူမို့ ဘုရားရှင် လက်ထက်က အကျွန်ုပ် ရရှိထားတဲ့ တန်ဖိုးဖြတ် မရတဲ့ စကားနှစ်ခွန်း လက်ဆောင် ပေးလိုက်မယ် နှမ။ သေချာ မှတ်သား ပါလော့"
"မှန်ပါ့အရှင်သိကြားမင်း"
"နှမ၊ အသင် နိဗ္ဗာန် ရောက်ချင်ရင် ခန္ဓ(၅ပါး)နောက်မှာ ပပဉ္စတရား(၃ပါး) မလိုက်စေနဲ့ နှမ"
"မှန်လှပါအရှင်သိကြားမင်း"
"ဒါဆို အဲဒီ တရား မလိုက်အောင် ဘယ်လို ကျင့်ရမလဲ ဘုရား"
"ခရ ၊ ၀ရ (ဖြစ်၊ပျက်)မှန်အောင် ရူပေါ့ နှမ ၊ ဒါဆို နိဗ္ဗာန် ရောက်မှာ မလွဲဧကန်ပဲ"
"သေချာ မှတ်သား လိုက်နာပါ့မယ် အရှင်သိကြားမင်း သာဓု..သာဓု...သာဓု.."
"ကဲ...မာတလိ ၊ဒီက နှမတော်ဒွင်းနဲ့ တူမတော်မက်မက် တို့အား ပန်းရထားဖြင့် လူ့ပြည်သို့ ချောမွေ့စွာ ပြန်ပို့စေ မောင်မင်း"
"မှန်ပါအရှင်"

ဤသို့ လက်ပြ နှုတ်ဆက်ရင်း ပန်းရထားကြီး စီးကာ သမီးမက်မက် လေးကလည်း ဦးဦးမာတလိ နတ်သားအား နှုတ်ဆက် နေလေသည်။ BYE BYE
(English)ဦးဦးမာဂျလိ ၊ Selamat Tinggal (Malay)Dream Blog၊ Pa a lam (Philippine) ၀ိသုကြုံနတ်သား စသည့်ဖြင့်၊ စသည့်ဖြင့် နှုတ်ဆက်ရင်းပေါ့လေ။ :P

"ဟိတ်... မိမက်.... ဘယ်သူ့ကို လက်ပြ နှုတ်ဆက် နေတာလဲ"
"အော်...ငါ စိတ်ကူး ယဉ်နေတာပါလား။ ဟိ..ဟိ...ငါ ထမင်းစားချိန်မှာ တရားနာရင် စိတ်ကူးမိ သွားတာကိုး... ခစ်..ခစ် :P

ဘာပဲဖြစ်ဖြစ်လေ၊
အပိုမကြွား၊ အကြွားမပိုတဲ့ တက်ဂ်ပို့စ် တစ်ခု ရသွားတာပေါ့။ ဟိ..ဟိ တကယ် ကြွားရမယ် ဆိုရင် ကြွားစရာတွေက များနေလို့ တဒင်္က နတ်ပြည် ရောက်ကြောင်း စိတ်ကူးအိပ်မက် လေးကိုပဲ တက်ဂ်ပို့စ် အနေနဲ့ ကြွားလိုက်တာ... အဟိ...ကျေနပ်တော့်နော် တီတီဝါ... :k အာဝါးးးးးးးး အမြှောက် တစ်သိန်း...ဟိ..ဟိ

ဟုတ်ကဲ့...အခုလို ရူးပေါပေါ တက်ဂ်ပို့စ် လေးကိုပဲ အစအဆုံး ဖတ်ပေးတဲ့ အတွက် မက်မက်က ကျေးဇူးတင်တယ်နော်...
:P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HEALTH INFORMATION] 1 New Entry: သွေးတိုးရောဂါ (Hypertension)

သွေးတိုးရောဂါ (Hypertension)




သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..


သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..










သွေးဖိအား အခြေအနေအသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)အောက်သွေး (Diastolic BP in mmHg)
ပုံမှန် (Normal)၁၂၀ အောက်နှင့်၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension)၁၂၀ မှ ၁၃၉(သို့)၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension)၁၄၀ မှ ၁၅၉(သို့)၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension)၁၆၀ နှင့် အထက်(သို့)၁၀၀ နှင့် အထက်



သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..


သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်

  • အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
  • အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..


သွေးတိုးရောဂါ လက္ခဏာများ

သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..


သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
  • သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
  • ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
  • သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
  • မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..

သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ

JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..

  • ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
  • လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
  • Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
  • အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
  • သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..

အကျယ်ချဲ့ကြည့်လိုလျှင် Click နှိပ်ပါ



Reference;
The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure (JNC7)
American Heart Association's Report
Hypertension - Emedicine

You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: စိတ်ငြိမ်းချမ်းမှု ရှာပုံတော်

စိတ်ငြိမ်းချမ်းမှု ရှာပုံတော်

ခင်ဗျားရေးတဲ့ ဘလော့ကိုဖတ်ရတာ အသက်၄၀ ကျော် လူကြီးရေးနေတဲ့ စာတွေဖတ်နေရတဲ့
အတိုင်းပဲလို့ ပြောထားတဲ့ ဆရာလန်းရေ။ ခင်ဗျားရေးခိုင်းထားတဲ့ အမျိုးသားစာပေဆုရစာအုပ်တွေ
အကြောင်းမလာခင် စာအုပ်တစ်အုပ်အကြောင်း အရင်မိတ်ဆက်ထားပါရစေလားဗျာ။

ဆရာ စံ- ဇာဏီဘို ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ သူ့ဆီကိုလာတဲ့ လူတွေထဲက
နှစ်မျိုးနှစ်စားသော လူတွေကို ဒီလိုတုံ့ပြန်ပါသတဲ့။

“ကျွန်တော့်ဆီကိုဗျာ၊ ဆိုးလိုက်တာဆရာရယ်၊ ဘ၀ကဆင်းရဲအင်မတန်ပင်ပန်းလိုက်တာလို့ပြောပြီး
လာတဲ့သူတွေကို ဟာ- ဒါဆို ခင်ဗျားတော့ ပါရမီတွေသိပ်များနေပြီ၊ ပြတ်တော့မှာပေါ့၊ ကျွတ်ခါနီးပြီပေါ့။
ပြီးတော့မှာပေါ့။ ဘာပြီးမလဲတော့ ကျွန်တော်လည်းမသိဘူး။ ဆိုပြီးတော့ ပြောလိုက်တယ်။ နောက်တစ်မျိုး။
နောက်တစ်မျိုးကတော့ သိပ်ချမ်းသာတာပဲဆရာရယ်။ အရမ်းကောင်းတာပဲလို့ ပြောပြီးလာတဲ့သူ။
သူတို့တွေကိုကျတော့ ဟာ- ဒါဆိုရင်တော့ ခင်ဗျားလိုသေးတယ်။ ပါရမီတွေ ဖြည့်ဆည်းဦး။
ပါရမီနည်းသေးတယ်လို့ ပြောလိုက်တယ်ဗျာ”

ဆိုတော့။ သူပြောသွားတဲ့အထဲမှာ တစ်ခုပါနေတယ်။ အဲဒါ ပါရမီပဲ။ ပါရမီ အကြောင်းရှင်းရင် မိုးလင်းသွားမှာမို့
မသိသေးရင် ရှာဖတ်ပေတော့။ ဟုတ်တယ်။ လူတွေဟာ ဘ၀ ဘ၀ဆက်ပြီး ပါရမီဖြည့်နေရတယ်။
ကျွန်တော် ထေရ၀ါဒဗုဒ္ဓဘာသာဖက်တိမ်းညွှတ်စဉ်ကာလကနေ ဒီနေ့အထိပြောဖြစ်နေတဲ့ စကားတစ်ခွန်းရှိတယ်။
သေချင်လည်း သေသွားပါစေ။ ဒီတစ်ဘ၀တည်းတော့ မဟုတ်ဘူးလို့။ ဘာလို့ ဒီစကားပြောရသလဲဆိုရင်၊
သေရင်ပြီးပြီ ဆိုတဲ့ လူတန်းစားတွေထဲ ကျွန်တော်မပါဝင်တဲ့ အတွက်ကြောင့်ပဲ။ မပြီးဘူး။
သေရင် ဘယ်တော့မှမပြီးဘူး။

တစ်ဖက်က စဉ်းစားကြည့်ပြန်တော့ သေရင်မပြီးတာတော့ ဟုတ်ပါပြီ။ ဗုဒ္ဓဘာသာမှာတော့ နိဗ္ဗာန်ဆိုတာရှိတယ်။
အဆုံးသတ်ကနိဗ္ဗာန်ပဲ။ အတိုပြောရင် အသစ်တဖန်ပြန်၍မဖြစ်တော့တဲ့အရာ။ ဖြစ်ခြင်း၊ပျက်ခြင်း မရှိတော့တဲ့နေရာ။
ဒီကိုရောက်ဖို့အတွက် ဘ၀တွေ၊ ဘ၀တွေ ဖြည့်ဆည်းကြရတာ။ အဲဒီမှာ ပါရမီက လိုလာပြန်ရော။

နိဗ္ဗာန်ရောက်ဖို့ ကြိုးစားလိုက်ကြတာ။ မရောက်သေးလို့ လူဖြစ်နေတာပေါ့။ ပါရမီသိပ်ကောင်းလွန်း၊
ကျင့်ကြံတာတွေ သိပ်ခရီးရောက်ရင်တော့ ဒီဘ၀ဟာ နောက်ဆုံးဘ၀ဖြစ်နိုင်တာပေါ့လေ။ ပြတ်သွားမှာပေါ့။
ဒါပေမယ့်၊ သေချာတယ်။ ကျွန်တော်တို့လို သာမန်လူတွေ အတွက်ကတော့ ဒီဘ၀နဲ့ ဘယ်လိုနည်းနဲ့မှ
နိဗ္ဗာန်မရောက်နိုင်တော့ဘူး။ အဲတာက သေချာတယ်။

ဒီဘ၀နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူး။ သေချာနေတဲ့အခါ ကျွန်တော်တို့ဦးလှည့်ဖြစ်တာက စိတ်ငြိမ်းချမ်းမှု။
စိတ်ငြိမ်းချမ်းမှုဆိုတာလူတိုင်း လိုချင်တဲ့အရာပဲ။ နိဗ္ဗာန်မရောက်သေးတာတော့ထားပါလေ။
ဒါပေမယ့် စိတ်ငြိမ်းချမ်းမှုလေးတော့ ရချင်ပါတယ်။ ၁၁ မီးလောက်တော့ ငြိမ်းချင်ပါတယ်။ တွေးဖြစ်ကြမှာပဲ။
အဲဒီမှာတော့ Meditation ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။

အမြဲတန်းတော့ မဟုတ်ပါဘူး။ ခဏကလေးပါ။ လုပ်ကြည့်တယ်။ မဆိုးဘူးဟဆိုပြီး ထပ်လုပ်ကြည့်တယ်။
လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဆက်လုပ်ဖြစ်သည်ဖြစ်စေ၊ မလုပ်ဖြစ်သည် ဖြစ်စေ။
လုပ်နေစဉ်ခဏကလေးမှာတော့ ငြိမ်းချမ်းသွားတာပဲ။ ငြိမ်းအေးသွားတာပါပဲ။

နောက်တစ်ခု။ ရဟန်းဝတ်နဲ့ တောထဲသွားနေမှ တရားရတာ မဟုတ်ဘူးဆိုတာကို Meditation လုပ်ရာမှာ
တွေ့ရလိမ့်မယ်။ လုပ်ဖို့ဆိုတာမှာလည်း လူမျိုးမရွေးဘူး။ ဘာသာမရွေးဘူး။ အချိန်မရွေးဘူး။
လုပ်ကြည့်လိုက်ဖို့ပဲ လိုအပ်တာ။ လုပ်ရင်တော့ ရနေတာပဲ။ နည်းမှန်ဖို့တော့ လိုအပ်တာပေါ့လေ။

ဒီလိုစကားတွေပြောနေလို့ ကျွန်တော်ဟာ ဘာသာရေးသမားလို့ ထင်ရင်တော့ မှားပါလိမ့်မဗျာ။
ကျွန်တော်ဟာ အခုချိန်ထိ ဘာသာရေးရဲ့ လွှမ်းမိုးမှုအောက်မရောက်နိုင်သေးတဲ့ လူတစ်ယောက်ဖြစ်တယ်။
လွှမ်းမိုးမှုလည်း ခံချင်တဲ့လူမဟုတ်ဘူး။ ဘာသာမဲ့ တစ်ယောက်ရဲ့ အတွေးအမြင်တွေဟာ
ကျွန်တော့်ဆီမှာ အပြည့်အ၀ရှိနေတုန်းပဲ။ ရံဖန်ရံခါမှာတော့ ထေရ၀ါဒဗုဒ္ဓဘာသာဖက်တိမ်းညွှတ်တဲ့
အတွေးအခေါ်တွေနဲ့ နေထိုင်လေ့ရှိတယ်။ ကျွန်တော် သဘောကျလို့။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာကို
လက်ခံလို့။ စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့ဆန်လွန်း အားကြီးလို့။ ထားပါတော့။

အဲဒီမှာ Meditation ကိုရှာတွေ့ခဲ့တာပဲ။ ခဏတဖြုတ်လုပ်ခဲ့တယ်။ လုပ်ခဲ့လို့လည်း ရခဲ့တယ်။
သူကတော့ ရှင်းနေတာပဲလေ။ မလုပ်ရင် မရဘူး။ ဒါပဲ။ မေ၀၀ါးဘူး။ ပြတ်သားတယ်။
သိပ်စိတ်ညစ်စရာတွေကြုံတဲ့အခါတွေ၊ စိတ်ကျခြင်းတွေ အားသားလာတဲ့အချိန်တွေမှာ Meditation ကို
သတိရမိလိုက်ပြီဆိုရင် ကျွန်တော့်အဖျားတွေ ပျောက်သွားတာပါပဲ။ လူဆိုတာကလည်း ခက်တယ်။
ခလုတ်ထိမှ အမိတတ်သကိုး ဆိုသလိုပေါ့လေ။ ဆိုးတဲ့အခါ ခေါင်းထဲဝင်လာရင် လုပ်တာပဲ။
ကျန်တဲ့အချိန်တွေကျပြန်တော့ ပိုနေမြဲ၊ ကျားနေမြဲ အတိုင်းပဲ။ ဒီတော့ အဆိုးသံသရာ လည်တယ်။ ဖြစ်စဉ်က
အဲဒီအတိုင်းပဲ။ ဒါလေးလုပ်လို့ အလုပ်လည်းပျက်တာမဟုတ်။ တောထဲသွားနေစရာလည်း မလို။
ရဟန်းဝတ်ရတာလည်းမဟုတ်၊ အဆုံးသတ် နေ့စဉ်လူနေမှုဘ၀တောင် ထိခိုက်တာမဟုတ်ပဲ၊ အမြဲတစေ၊
မလုပ်ဖြစ်တာကတော့ ဆိုစကားအတိုင်းပေါ့လေ။ ကာမဘုံသား ဆုံလည်နွားသို့နှယ် ဆိုသလိုမျိုးလား။

အခု ကျွန်တော်ကြားနေရတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ၊ သူငယ်ချင်းမိတ်ဆွေတွေဆီကနေ
စိတ်ဆင်းရဲစရာတွေ၊ စိတ်ပျက်စရာတွေ။ တရားပဲ ဟောရတော့မလို၊ ကိုယ်လည်း လိုက်ငိုပေးရမလို၊
ခက်တာက ကိုယ့်မှာကလည်း အပူ၊အပုပ်တွေနဲ့။ ကိုယ်တိုင်က အပူ၊ အပုပ် ကင်းစင်သူမဟုတ်တော့
ပြောရခက်တယ်။ တော်ကြာ ဘာသာရေးမလုပ်ချင်ပါဘူး ဆိုတဲ့လူတွေကရှိနေပြန်သေး။ ငါတို့က ဘာသာသာ၊
ညာဘာသာဆိုတာတွေက တစ်မျိုး၊ ဒီတော့ မခက်ပေဘူးလား။

ကျွန်တော်ဘာကောင်မှ မဟုတ်ပေမယ့်ပြောကြည့်ချင်တယ်။ ဘယ်ဘာသာဖြစ်ဖြစ်၊ ဘာအလုပ်လုပ်သည်ဖြစ်ဖြစ်၊
Meditation ဆိုတာလေး စမ်းလုပ်ကြည့်ကြပါလား။ ၁၅ မိနစ်၊ နာရီဝက်၊ တစ်နာရီ စသဖြင့်၊
တကယ်ပါ။ လုပ်နေစဉ်ကာလကတော့ ငြိမ်းချမ်းပါတယ်။ ၂၄ နာရီပူလောင်နေမယ့်အစား လုပ်သလောက်
အချိန်ကလေး ငြိမ်းချမ်းတာ မကောင်းဘူးလား။ ကျွန်တော်ဖြင့် ဒီလိုတွေးတယ်။ ကျန်တာက ခင်ဗျားတို့သဘော။

မသိသေးတဲ့လူတွေအတွက်တော့ စာအုပ်တစ်အုပ်မိတ်ဆက်ပေးမယ်။ ဘာသာပြန်သူကို သိပ်မကြိုက်ပေမယ့်
စာအုပ်ကိုတော့ ညွှန်းဆိုလိုတယ်။ ဟိန်းလတ်ဘာသာပြန်တဲ့ စိတ်ငြိမ်းချမ်းမှုရှာပုံတော်။
John E.Coleman ရဲ့The Quiet Mind။ ကိုးလ်မင်းဟာ ကိုယ်တိုင်ရှာတွေ့ခဲ့တာကို ပြောခဲ့ခြင်းဖြစ်တယ်။
သူကိုယ်တိုင် စိတ်ငြိမ်းချမ်းမှုကို ကမ္ဘာပတ်ရှာခဲ့တယ်။ ဘာသာတရားမျိုးစုံကို ထိတွေ့ခဲ့တယ်။
ဘီတဲလ်တို့ကို လမ်းပြခဲ့ဖူးတဲ့ မဟာရီရှီ ကလွဲပြီး ဦးဘခင်၊ ဆူဇူကီး၊ ကရစ်ရှာနာမူရတီး၊ စတဲ့ ဒိတ်ဒိတ်ကြဲ
လူတွေနဲ့ တွေ့ခဲ့ပြီးမှ သူရခဲ့တဲ့ စစ်မှန်တဲ့စိတ်ငြိမ်းချမ်းမှုကို လက်တွေ့ခံစားပြီးမှ ပြန်ပြောခဲ့တာဖြစ်တယ်။

စာအုပ်ရှာဖို့ ခက်တဲ့သူတွေ၊ စိတ်ဝင်းစားမယ့်သူတွေအဆင်ပြေစေဖို့ စာအုပ်ကို အပိုင်း(၁၇)ပိုင်းခွဲပြီး
ဘလော့မှာပြန်တင်ပေးသွားမယ်။ ကျွန်တော်တစ်ယောက်ထဲကပဲ စာပြန်ရိုက်ပြီးတင်ပေးရ မှာဖြစ်တဲ့အတွက်
တစ်ပတ်ကို အပိုင်းတစ်ပိုင်းသာလျှင် တင်ပေးနိုင်ပါမယ်။ အပိုင်းတစ်ပိုင်းဟာအခန်းတစ်ခန်းလည်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တိုင်း တင်ပေးပါမယ်။ လာမယ့် တနင်္ဂနွေက စပြီးတင်ပါမယ်။ ဒီစာအုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့်
စိတ်ငြိမ်းချမ်းမှု၊ Meditation စတာတွေနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ သိနိုင်ပါမယ်။
လေ့လာလိုသူများ လေ့လာနိုင်မယ့် အချက်အလက်တွေ အစုံပါနေပါမယ်။

ဒီစာအုပ်ကို ပြန်တင်ပေးတဲ့နေရာမှာ ကျွန်တော့်ဖက်ကတော့ အဝေးမှာရောက်နေတဲ့ ကျွန်တော်သူငယ်ချင်း
တစ်ဦးအတွက်ရည်ညွှန်းပါတယ်။ စာအုပ်ကို အွန်လိုင်းပေါ်မှာ အပိုင်းလိုက်ပြန်တင်ဖို့ ခွင့်ပြုခဲ့တဲ့ စာအုပ်တိုက်ကို
အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ဘာသာပြန်ကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။
ဒီနေ့မှာတော့ စာအုပ်မှာ ပါတဲ့အမှာစာကို စတင်မိတ်ဆက်ပေးပါမယ်။

စိတ်ငြိမ်းချမ်းမှုရှာပုံတော်

အမှာစာ
(ကိုးလ်မင်းနဲ့ စိတ်ငြိမ်းချမ်းမှု)

ဂျွန်အီးကိုးလ်မင်းဟာ ၁၉၃၀ ခုနှစ်ဖွား အမေရိကန်တစ်ယောက်ဖြစ်ပြီးတော့ အခုချိန်မှာတော့
ဝိပဿနာတရားပြဆရာကြီးအဖြစ် အင်္ဂလန်မှာ ငြိမ်းချမ်းစွာနေထိုင်လျက် ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေး အရာရှိတစ်ဦးအဖြစ် ထိုင်းနိုင်ငံမှာ အမှုထမ်းရင်း ခွင့်နဲ့
အမေရိကန်ကိုအပြန် ၁၉၅၈ မတ်လကုန်လောက်မှာ ရန်ကုန် ကမန်းနားဟိုတယ်မှာ ခရီးတစ်ထောက်
နားနေတုန်း ၀ိပဿနာကမ္မဌာန်းကို ခရီးသွားဟန်လွှဲအဖြစ် လေ့လာစူးစမ်းဖို့ ရုတ်တရက်
ဆန္ဒဖြစ်ပေါ်လာခဲ့ပါတယ်။ အဆင်သင့်ညွှန်ပြသူတစ်ယောက်ရဲ့ ကျေးဇူးပြုမှုကြောင့် ရန်ကုန်မြို့
အင်လျားမြိုင်ရှိ ‘ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာန’ International Meditation Centre(IMC)
ကို ရောက်သွားပြီး ဆရာကြီးဦးဘခင်နဲ့ တွေ့လိုက်ရတဲ့အခါ ခရီးစဉ်ကိုဖျက်ပြီး ချက်ချင်းပဲ
၁၀ ရက်တရားပတ် လက်တွေ့ကျင့်ကြံရင်း တရားအရသာကို ခံစားသွားခဲ့သူဖြစ်ပါတယ်။

အဲဒီ ပထမအကြိမ် တရားပတ်အတွင်း အာနာပါနကမ္မဌာန်းစတဲ့ နာရီပိုင်းအတွင်း ကမ္မဌာန်းအခန်းထဲက
အထိတ်တလန့်ပြေးထွက်လာတဲ့ ကိုးလ်မင်းအကြောင်း အဲဒီကာလက IMC ယောဂီဟောင်းကြီးတွေ
အမှတ်တရ ပြောစရာဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်တာလဲ မေးတော့ အာနာပနရှု့နေတုန်း ရုတ်တရက်
ချက်ချင်း ၀င်းကနဲအလင်းရောင်ကြီး ထွက်လာပြီး သူ့တစ်ကိုယ်လုံး ထွန်းလင်းတောက်ပသွားတဲ့အတွက်
သူ့ကိုယ်မှာ မီးတွေလောင်နေပြီထင်လို့ ထွက်ပြေးလာခဲ့ကြောင်းပြောပြပါတယ်။ ဒုတိယနေ့မှာလည်း
ရောင်ခြည်ခြောက်သွယ်ထွက်နေတဲ့ နိမိတ်တစ်ခု အချိန်ကြာကြာ ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့လို့
အဲဒီနေ့မှာပဲ ဆရာကြီးက သူ့ကို ၀ိပဿနာကူးပြောင်းရှု့မှတ်စေခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ ကိုးလ်မင်းဟာ အမေရိကန်အစိုးရက ထွက်လိုက်ရတော့ မြန်မာပြည်တစ်ခေါက်ပြန်လာပြီး
တရားအားထုတ်ဖို့ ဆန္ဒပြင်းပြလွန်းလှတဲ့အတွက် ၁၉၆၃ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် IMC ကို
ရောက်လာခဲ့ပြန်ပါတယ်။ အဲဒီအခေါက်မှာ သူဟာ တရားရှုမှတ်မှုမှာ ထူးထူးခြားခြားအဆင့်တစ်ခုအထိ
ရောက်ရှိသွားပုံရတာကို သူ့ရဲ့ဒိုင်ယာရီမှာ အခုလိုတွေ့နိုင်ပါတယ်။

“အကြောင်းချင်းရာများမှ သဘောကောက်ယူဆင်ခြင်တွေးတောသော နည်းမျိုးဖြင့်မဟုတ်ပဲ
အလိုအလျောက် ရှင်းလင်းသိမြင်လာမှုသည် ထိုးထွင်းနားလည်မှုဖြစ်သည်။ ထိုနားလည်မှု ရရှိလာပေပြီ။
၎င်းနားလည်မှုကို အကျိုးအကြောင်းဆင်ခြင်ခြင်း တက္ကဗေဒပညာ အသုံးပြုခြင်း ဉာဏ်ပညာအမြော်အမြင်များ
အသုံးချ၍ ယုတ္တိရှိမရှိ ဆင်ခြင်ဉာဏ်ကစားခြင်း စသည်တို့ဖြင့် မရနိုင်ပါ။ စိတ်ကိုတည်ငြိမ်စွာထား၍
တည်ငြိမ်စွာသတိရှိနေခြင်းဖြင့် အလိုအလျောက် သိမြင်နားလည်လာခြင်းဖြစ်သည်….” (၁၉၊၂၊၁၉၆၃)

၁၉၆၃ မတ်လ ၃ ရက်နေ့ IMC မှ ထွက်ခွာမသွားခင်”…’သင့်ကိုယ်သင် သိလော့’ ဆိုတဲ့ သြ၀ါဒမိန့်ခွန်းသံကို
နှစ်ပေါင်းများစွာ ကြားနာခဲ့ရပြီးတဲ့နောက် အမှန်တရားကိုသိလိုသူကို သူ့ရဲ့ရှာပုံတော်ခရီး အဆုံးသတ်စေဖို့
အရိပ်အာဝါသ အကာအကွယ်နဲ့ ကူညီစောင့်ရှောက် လမ်းညွှန်ပြသူတွေကို ပေးကမ်းနေမယ့် နေရာဒေသ
တစ်ခုဟာ ရန်ကုန်မြို့တစ်နေရာမှာ ထွန်းကားပေါ်ပေါက်လာချေပြီတကား”လို့ ဧည့်မှတ်တမ်း
စာအုပ်မှာ လှိုက်လှိုက်လှဲလှဲ မှတ်ချက်ချရေးသားထားခဲ့ပါတယ်။

IMC ကို ၁၉၆၃ ခု အောက်တိုဘာလမှာ တတိယအကြိမ်ရောက်လာပြီး တရားထပ်အားထုတ်သွားခဲ့ ပြန်ပါ
သေးတယ်။ တရားရဲ့ အမြိုက်အရသာကို ကိုယ်တိုင်သိပြီး ကိုယ်တိုင်သုံးဆောင်နေပြီဖြစ်တဲ့
ကိုးလ်မင်းဟာ ဒီအခေါက်မှာတော့ သူတွေ့ရှိထားတဲ့ ဓမ္မရသကို တခြားသောဝေနေယျတွေကို မျှဝေ
ခံစားနိုင်အောင် ဖြန့်ဖြူးဖို့ အာသီသပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခဲ့ပုံရပါတယ်။ အမှန်တရားကို စမ်းတ၀ါးဝါး
ရှာဖွေနေကြတဲ့ အနောက်တိုင်းက စိတ်ကောင်းရှိသူတွေအပေါ်မှာ ကရုဏာဖြစ်နေတဲ့အတွက် သူခံစား
ရရှိတဲ့ ဓမ္မရသနဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ် ပြုစုချင်ကြောင်း ဆရာကြီးဦးဘခင်ကို ခွင့်တောင်းခဲ့ပါသေးတယ်။
ဒါပေမယ့် ဆရာကြီးက ခွင့်မပြုခဲ့သေးပါဘူး။ အချိန်နည်းနည်းလိုသေးတယ်၊ ကိုယ့်တရားကိုယ် ပိုပြီး
ပြည့်စုံအောင် ဆက်ပြီးကြိုးစားအားထုတ်ပါဦးလို့ပဲ မှာကြားလိုက်ပါတယ်။

၁၉၆၈ ဧပြီလ (မြန်မာ နှစ်သစ်ကူး သင်္ကြန်အခါတွင်း) မှာ လက်ထပ်ပြီးစ အင်္ဂလန်သူဇနီးသည်နဲ့အတူ
စတုတ္ထအကြိမ် IMC ကို လာပြီး တရားအားထုတ်ခဲ့ပြန်ပါတယ်။ “…စိတ်အလုပ်ရပ်သွားသည်၊
ဒုက္ခဖြစ်ပေါ်မှုလည်း ရပ်သွားသည်၊ ဝေဒနာမှ လွတ်မြောက်လိုသော ဆန္ဒလည်း ရပ်သွားသည်။ လျှပ်စီး
ဝင်းလက်သလို ဖြစ်သွားသည်။ ဖော်ပြခြင်းငှာမစွမ်းသာသော တည်ငြိမ်မှုကိုရပြီ။… အရာရာသည်ရှိ၏။
အရာရာသည်မရှိ။ သာမန်နားလည်မှုထက် ကျော်လွန်သော ငြိမ်းချမ်းမှုကိုရသည်။ စိတ်နှင့်ခန္ဓာသည်
သာလွန်မြင့်မြတ်ကုန်သည်။ စကားလုံးဖြင့် နားလည်နေကြသော သုခမျိုးမဟုတ်။ နာမ်အသစ်ရရှိသော
အခိုက်အတန့်ကလေး… ကျွန်တော့်မျှော်မှန်းချက်အားလုံး ပြည့်ဝမှုပင်… တစ်စုံတစ်ရာသော
အတိုင်းအတာအထိ ဉာဏ်အလင်းရခဲ့သည်… အသိပညာအားဖြင့် အတော်ရှားပါးသော အမျိုးအစား….”

အဲဒီအခေါက်က သူ့ရဲ့တရားထူးအတွေ့အကြုံကို အဲဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီအတွေ့အကြုံရဲ့ အဓိပ္ပာယ်ဟာ ဘာဆိုတာကိုတော့ ရိပ်မိနိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့
ဆရာကြီး ဦးဘခင်ခွင့်ပြုလိုက်တဲ့အတွက် The Quiet Mind စာအုပ်ကို ရေးဖြစ်သွားပါတော့တယ်။

၁၉၇၂ ဇန်န၀ါရီလ ၂၅ ရက်နေ့က ဆရာကြီးဆီပို့ခဲ့တဲ့စာထဲမှာ သူ့စာအုပ်ထွက်ရင် ဆရာကြီးနဲ့
ဆရာကြီးပို့ပေးစေလိုသူတွေဆီကို တိုက်ရိုက်ပေးပို့ဖို့ စာအုပ်တိုက်တွေကို မှာထားပြီးပါပြီလို့ ရေးခဲ့
ပါတယ်။

The Quiet Mind စာအုပ်ကို အင်္ဂလန်မှာ Rider & Company, London က ၁၉၇၁ ဖော်ဖော်ဝါရီလ
၁၅ ရက်နေ့နဲ့ အမေရိကမှာ harper and Row, New York က ၁၉၇၁ မေလမှာ ထွက်လာခဲ့ပါတယ်။

“….အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဓမ္မကို ပြည့်စုံမှန်ကန်စွာ ဖြန့်ဖြူးရာမှာ အကူအညီဖြစ်စေဖို့ ဒီစာအုပ်ကိုရေးသား
ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…” လို့ ဆရာကြီးဆီကို ရေးခဲ့တဲ့ သူ့ရဲ့စာထဲမှာ ဖော်ပြထားတာ
တွေ့ရပါတယ်။

ဒါပေမယ့် ၁၉၇၁ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးဦးဘခင်ဟာ ဒီစာအုပ်ကို
တွေ့မသွားရတော့ပါဘူး။

***
၁၉၆၃ ဧပြီလ ၂၃ရက်နေ့ ရက်စွဲပါ ဆရာကြီးဦးဘခင်ရဲ့ ပဋိပတ္တိလုပ်ငန်းသမိုင်းမှာ မော်ကွန်းတင်ရမယ့်
စာတစ်စောင်ကို ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ ကမ္မဌာန်းတရားတပည့်များစွာထဲက တရားပါရမီရှင်လို့
ဆရာကြီးကိုယ်တိုင် မှတ်ချက်ပေးခြင်း ခံရသူ ခြောက်ဦးဆီကို ရေးသားပေးပို့ခဲ့ပါတယ်။
“….မြန်မာပြည်၏ ပြင်ပတွင်ရှိနေကြသော တပည့်များအား ‘အဝေးမှ ထိန်းကွပ်စနစ်’ဖြင့် တရားပြသပေးခြင်း
နည်းလမ်းကို မကြာသေးမီက ကျွန်ုပ်စမ်းသပ်ကြည့်ရာ ကျေနပ်ဖွယ်ရာ အောင်မြင်သဖြင့် စိတ်အားတက်
စရာ ဖြစ်ပေသည်။ ဗုဒ္ဓတရားပြသပေးရန်အတွက် နိုင်ငံခြားသို့ ကျွန်ုပ်ကိုယ်တိုင် ထွက်ခွာလာနိုင်ရန်
အလားအလာမှာ မကောင်းလှသေးပေ။ ( “နိုင်ငံကူးလက်မှတ်ပေးရေး စည်းကမ်းများ လျော့ပေါ့ပြီး
နိုင်ငံခြားသွားနိုင်ပြီဟု အစိုးရက မီးစိမ်းပြသည်နှင်တပြိုင်နက် အနောက်တိုင်းများသို့ ခရီးထွက်ခဲ့ရန်
ကြိုးပမ်းစီစဉ်ထားသည်…”လို့ ဆရာကြီးဟယ နောက်တစ်နေ့ ၂၄-၄-၁၉၆၉ မှာ စာတစ်စောင်
ထပ်ရေးခဲ့ပေမယ့် အသက်၇၁နှစ်အရွယ်ရှိပြီး ကျန်းမာရေးဆိုးဝါးလာပြီဖြစ်တဲ့ ဆရာကြီးဟာ
၁၉၇၂မှာသာ ဆုံးပါးခဲ့ရတယ်။ ဘယ်နိုင်ငံကိုမှ ထွက်ခွင့်မရခဲ့တော့ပါဘူး။) ထို့ကြောင့် ရန်ကုန်တွင်
ကျွန်ုပ်ထံ၌ တရားအားထုတ်ခဲ့ဖူးပြီး မွမ်းမံသင်တန်းတက်ထားသူ(ပါရမီရှင်) တပည့်များအား
‘အဝေးမှထိန်းကွပ်စနစ်ဖြင့်’ တရားပြရန် ယခုဆုံးဖြတ်ချက်ချလိုက်ပေပြီ။(မိမိနေအိမ်အသီးသီးမှာ
ကြိုတင်သီးသန့်ပြင်ဆင်ရန် ပုဗ္ဗကိစ္စအ၀၀ကို အတိအကျညွှန်ကြားထားပြီး…)… နေ့စဉ်မှန်မှန်
မြန်မာစံတော်ချိန်နံနက် ၇း၃၀ မှ ၈း၃၀ ထိတစ်ကြိမ်၊ ည ၈ နာရီမှ ၉ နာရီထိတစ်ကြိမ် နိဗ္ဗနဓာတ်
ဖြည့်တင်းထားသော ကျွန်ုပ်၏စိတ်ဓာတ်လှိုင်းများကို လွှင့်ထုတ်ပေးနေမည်ဖြစ်သည်။ အသင်သည်
မြန်မာပြည် IMC သို့ အာရုံညွှတ်ကာ ယင်းလှိုင်းများကို အလွယ်တကူဖမ်းယူနိုင်ပေသည်။
အဂါင်္၊ ကြာသာပတေးနှင့် တနင်္ဂနွေနေ့များတွင် ည ၇နာရီခွဲမှ ၈နာရီအတွင်း အထူးလွှင့်ထုတ်ပေးမှုများ
ရှိမည်ဖြစ်ရာ အသင်၏ အနိစ္စသဘောတရား သက်ဝင်ထင်မြင်မှုမြင့်မားသလောက် အကျိုးကျေးဇူးများကို
တွေ့ထိခံစားနိုင်ပေလိမ့်မည်။…”

အဲဒီကာလက ဆရာကြီးအဝေးမှ ထိန်းကွပ်စနစ်ဖြင့် တရားပြပေးဖို့ ရွေးချယ်ခြင်းခံရတဲ့ တပည့်ခြောက်ဦးမှာ
အမေရိကန်မှာသုံးယောက်၊ ကနေဒါမှာ တစ်ယောက် ၊ ဟော်လန်မှာ တစ်ယောက်နဲ့ အင်္ဂလန်မှာ
နေထိုင်ပြီးဖြစ်တဲ့ ကိုးလ်မင်းလည်းတစ်ယောက် အပါအ၀င်ဖြစ်ခဲ့တာကလည်း အထူးသတိပြုရမယ့် အချက်
တစ်ချက်ပါပဲ။ အဲဒီအချိန်မှာ ဦးဂိုအင်ကာဟာ ဆရာကြီးဦးဘခင်အနီးမှာပဲ ရှိသေးပြီး ၂၂-၆-၁၉၆၉ မှာ
အိန္ဒိယနိုင်ငံ ဘုံဘေမှာ ရောက်နေတဲ့ နာမကျန်းတဲ့ မိဘနှစ်ပါးဆီ ရုတ်တရက်ထွက်ခွာသွားခဲ့ရပါတယ်။
၃-၇-၁၉၆၉ နေ့ည ၈း၃၀ ဘုံဘေမှာ မိဘနှစ်ပါးအပါအ၀င် တရားတစ်ပတ်စပြီး အာနာပါန တရားစပေးချိန်မှာ
ဆရာကြီးဦးဘခင်ဟာ ကျန်းမာရေးအခြေအနေမကောင်းတဲ့ကြားက ဘုံဘေတရားစခန်းကို ‘အဝေးမှ
ထိန်းကွပ်စနစ်’နဲ့ လှမ်းပြီး ကုညီထောက်ပံ့ တရားပြခဲ့ပါသေးတယ်။ ဇူလိုင်လ ၈ရက်နေ့မှာ
ဦးဂိုအင်ကာဆီက ကြေးနန်းစာတစ်စောင် IMC ကိုဝင်လာခဲ့ပါတယ်။”…ဖခင်ကြီး အပါအ၀င် တရားသမား
အားလုံး ၀ိပဿနာတရား အောင်မြင်စွာရကြပါသည်။…”

ဆရာကြီးဦးဘခင် ‘အဝေးမှထိန်းကွပ်သော တရားပြစနစ်’နဲ့ တစ်ကမ္ဘာလုံးကို အောင်မြင်စွာ လက်တွေ့
ကျင့်သုံးနိုင်ခဲ့ကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။

ဒီနည်းနဲ့ပဲ တပည့်ခုနှစ်ဦးကတစ်ဆင့် ၀ိပဿနာနည်းစနစ်ဟာ ကမ္ဘာပေါ်မှာ ဘယ်လောက်ထိ
အောင်မြင်စွာဖြန့်ကျက်ကျယ်ပြန့်သွားခဲ့ပြီလဲဆိုတာကတော့ အခုချိန်မှာ တစ်ကမ္ဘာလုံးအသိ ဖြစ်နေကြပါပြီ။

၁၉၇၀ခုနှစ် ဖော်ဖော်ဝါရီ ၂၂ရက် ရန်ကုန် IMC နှစ်ပတ်လည်အစည်းအဝေး မိန့်ခွန်းထဲမှာ အိန္ဒိယရောက်
ဦးဂိုအင်ကာရော အင်္ဂလန်ရောက် ကိုးလ်မင်းပါ တရားအရာမှာ ထူးခြားတဲ့ပါရမီရှင်များလို့ ဆရာကြီး
ဦးဘခင်ကိုယ်တိုင် လူသိထင်ရှား ထုတ်ဖော်ချီးကျူးခဲ့တာ တွေ့ရပါတယ်။ ဆရာကြီးဦးဘခင်
ကွယ်လွန်ပြီး လအနည်းငယ်အကြာ ၁၉၇၁ ခုနှစ်ထဲမှာပဲ ကိုးလ်မင်းဟာ ရန်ကုန် IMC မှာ ဘိက္ခုရာဟုလာဘွဲ့
နဲ့ ဒုလ္လဘရဟန်းဝတ်ပြီး တရားအားထုတ်သွားခဲ့ပါသေးတယ်။

၁၉၇၃-၇၄ ကစပြီး အင်္ဂလန်နဲ့ ဥရောပမှာ ကိုးလ်မင်းဟာ ယာယီတရားစခန်း ဖန်တီးပြီး ၀ိဿနာတရား
ပြနေခဲ့ပါပြီ။ အိန္ဒိယနဲ့ အရှေ့တိုင်းနိုင်ငံတွေမှာ ဆရာကြီး ဦးဂိုအင်ကာလိုပဲ ကမ္ဘာ့အနောက်ပိုင်းတစ်လွှားမှာ
ကိုးလ်မင်းဟာ ဓမ္မဒူတတာဝန်ကို ကျယ်ကျယ်ပြန့်ပြန့် ထမ်းဆောင်နေခဲ့ပါတယ်။

၁၉၈၇ခုနှစ်လောက်ကစပြီး ဆရာမကြီးဒေါ်မြသွင်နဲ့ ဆရာဦးချစ်တင်တို့ အင်္ဂလန်ရောက်ပြီး
အနောက်နိုင်ငံတွေမှာ တရားပြတဲ့အခါ ကိုးလ်မင်းဟာ အထောက်အကူများစွာပေးခဲ့ရာက ၁၉၈၉ခုနှစ်မှာ
ဆရာမကြီးတို့ အင်္ဂလန်၊ ဟိုက်ဒင်တန်တရားစခန်းတစ်ခု (IMC) အမြဲတန်းဖွင့်လှစ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို
ဓမ္မကွန်ရက် ဖြန့်ကြက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

***
အခု ဆရာဟိန်းလတ် ဘာသာပြန်ထားတဲ့ ‘စိတ်ငြိမ်းချမ်းမှုရှာတော်ပုံ’ဟာ ကိုးလ်မင်းရဲ့ The Quiet Mind ကို
အနည်းငယ်တည်းဖြတ် ဘာသာပြန်ထားတာဖြစ်ပါတယ်။ ၁၉၉၁ လောက်က ဒဂုန်မဂ္ဂဇင်းမှာ
လစဉ်အခန်းဆက် ဘာသာပြန်ခဲ့ပေမယ့် ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ၁၉၉၅ မှာ ပထမအကြိမ်နဲ့ နောက်နှစ်
အနည်းငယ်မှာ ဒုတိယအကြိမ် လုံးချင်းထွက်ခဲ့ဖူးပါတယ်။ အဲဒီမူက The Quiet Mind ၁၉၇၁ ကထွက်ခဲ့တဲ့
ပထမအကြိမ်ထုတ်ဝေခဲ့တဲ့မူ ဖြစ်ပါတယ်။

အခုအချိန်မှာ အဲဒီ မြန်မာပြန်စာအုပ်တွေ ရှားပါးသွားတာကတစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှာ
Pariyatti Press, Seattle USA ကနေ ဒုတိယအကြိမ်ထုတ်တဲ့ ဒီစာအုပ်မှာ နောက်ဆုံးအခန်းတစ်ခန်း အသစ်
ဖြည့်စွက်ထားတာတွေ့ရတာက တစ်ကြောင်း၊ ဆရာဟိန်းလတ်ကို အသစ်ဖြည့်စွက်ဘာသာပြန်ဖို့
တောင်းပန်တာကို ၀မ်းသာအာရလိုက်လျောခဲ့တာကတစ်ကြောင်း၊ စတဲ့အကြောင်းကြောင်းတွေကြောင့်
အခု အသစ်ဖြည့်စွက်တည်းဖြတ်ခြင်းမူကို မြန်မာဘာသာနဲ့ တတိယအကြိမ်အဖြစ် တင်ဆက်လိုက်တာ
ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကတည်းက ဆရာဟိန်းလတ်ဘာသာပြန်ဖို့ ခွင့်ပြုပြီး ကိုးလ်မင်းကိုယ်တိုင်လက်မှတ်နဲ့
သူ့ကိုပေးထားတဲ့ ပထမအကြိမ်ထုတ်မူရင်းစာအုပ်ကိုပါ ငှားရမ်းခဲ့တဲ့ IMC ရဲ့ ဒုတ်ယမြောက်ဥက္ကဌဖြစ်တဲ့
ဆရာကြီးဦးတင့်ရီနဲ့ အခုဒုတိယကြိမ်ထုတ် မူရင်းစာအုပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ကံကော်ဝတ်ရည်
စာပေက မ၀ိုင်းနဲ့ နိုင်ငံတကာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က မြန်မာစာပါမောက္ခ ဒေါ်ချိုချိုအောင်
တို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။

ကိုယ်တိုင်လက်တွေ့ကျင့်ကြံအားထုတ်ခြင်းဖြင့်
စိတ်ငြိမ်းချမ်းမှုကို ကိုယ်တွေ့ခံစားနိုင်ကြပါစေ။

ဝင်းမင်းထွေး
ဓမ္မစကြာစာအုပ်

ကျမ်းညွှန်း- (၁) မြန်မာ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ထူး ဆရာကြီးဦးဘခင် [ဦးကိုလေး(ဇေယျာမောင်)]
(၂) The Quiet Mind: John E.Coleman(2nd Edition)

ဆက်လက်ဖော်ပြပါမည်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 1 New Entry: ၀ိသာခါသုတ်- အချစ်တစ်ခုသည် ဒုက္ခတစ်ခု-

ဝိသာခါသုတ်- အချစ်တစ်ခုသည် ဒုက္ခတစ်ခု-

ချစ်အပ်သော အရာဝတ္ထု တစ်ခုရှိသူအား တစ်ခုသော ဆင်းရဲသည် ဖြစ်၏။



ချစ်အပ်သော အရာဝတ္ထု မရှိကြသူတို့အား ဆင်းရဲမရှိ၊
{{ထိုသူတို့သည် စိုးရိမ်ခြင်း မရှိကုန်။ ကိလေသာမြူ မရှိကုန်။ ပင်ပန်းမှု မရှိကုန်}}



ဝိသာခါသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေ တော်မူ၏။ ထိုအခါ မိဂါရမာတာ ၀ိသာခါ ချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်လေ၏။ ထို့နောက် မိဂါရမာတာ ၀ိသာခါသည် စိုစွတ်သော အ၀တ် စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍ နေ့ခင်း အချိန်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။

တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာဝိသာခါကို -

ဝိသာခါ စိုစွတ်သော အ၀တ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်း အချိန်ဝယ် အဘယ်အရပ်မှလာ၍ ငါဘုရားထံသို့ ချဉ်းကပ်သနည်းဟု (မိန့်တော်မူ၏)။ အသျှင် ဘုရား တပည့်တော်မ ချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်ခဲ့ပါ၏။ ထို့ကြောင့် တပည့်တော်မသည် စိုစွတ်သော အ၀တ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်း အချိန်ဝယ် အသျှင် ဘုရားထံသို့ ချဉ်းကပ်ပါ၏ဟု လျှောက်၏။

ဝိသာခါ...သင်သည် သာဝတ္ထိပြည်၌ ရှိကြသည့် လူတို့လောက်သော သားတို့ကို လည်းကောင်း၊ မြေးတို့ကို လည်းကောင်း အလိုရှိသလောဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရား တပည့်တော်သည် သာဝတ္ထိပြည်၌ ရှိကြသည့် လူတို့လောက်သော သားတို့ကို လည်းကောင်း၊ မြေးတို့ကို လည်းကောင်း အလိုရှိပါသည်ဟု လျှောက်၏။

ဝိသာခါ သာဝတ္ထိပြည် သူပြည် ပြည်သားတို့သည် နေ့တိုင်း အဘယ်မျှလောက် များပြားစွာ ကွယ်လွန်ကုန် သနည်း ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည်သားတို့သည် ဆယ်ယောက်တို့လည်း ကွယ်လွန်ပါကုန်၏။ အသျှင်ဘုရား သာဝတ္ထိပြည်သားတို့သည် ကိုးယောက် ရှစ် ယောက် ခုနစ်ယောက် ခြောက်ယောက် ငါးယောက် လေးယောက် သုံးယောက် နှစ်ယောက်တို့လည်း ကွယ်လွန်ပါကုန်၏။ အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သား တစ်ယောက်သော်လည်း ကွယ်လွန်ပါ၏။

အသျှင်ဘုရား သာဝတ္ထိပြည်သည် သေသော လူတို့ဖြင့် မဆိတ်ပါဟု လျှောက်၏။

ဝိသာခါ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ သင်သည် တစ်ခါတစ်ရံမျှ မစိုသော အ၀တ် မစိုသော ဆံပင် ရှိသည် ဖြစ်နိုင်ပါတော့ မည်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ၊
အသျှင်ဘုရား ထိုမျှလောက် များပြားသော သားတို့ဖြင့် လည်းကောင်း မြေးတို့ဖြင့် လည်းကောင်း တပည့်တော်မအား အကျိုး မရှိတော့ပါဟု (လျှောက်၏)။

ဝိသာခါ ...
တစ်ရာမျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား
တစ်ရာမျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ကိုးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
ကိုးဆယ်မျှ လောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ရှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
ရှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ခုနစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
ခုနစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ခြောက်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
ခြောက်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန် ၏။
ငါးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
ငါးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
လေးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
လေးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
သုံးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
သုံးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
နှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
နှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
တစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား
တစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု ကိုးခုလောက် ရှိကြသူတို့အား
ကိုးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု ရှစ်ခုလောက် ရှိကြသူတို့အား
ရှစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု ခုနစ်ခုလောက် ရှိကြသူတို့အား
ခုနစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု ခြောက်ခုလောက် ရှိကြသူတို့အား
ခြောက်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု ငါးခုလောက် ရှိကြသူတို့အား
ငါးခုသော ဆင်းရဲတို့ သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု လေးခုလောက် ရှိကြသူတို့အား
လေးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု သုံးခုလောက် ရှိကြသူတို့အား
သုံးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု နှစ်ခုလောက် ရှိကြသူတို့အား
နှစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။
ချစ်အပ်သော အရာဝတ္ထု တစ်ခုရှိသူအား
တစ်ခုသော ဆင်းရဲသည် ဖြစ်၏။

ချစ်အပ်သော အရာဝတ္ထု မရှိကြသူတို့အား ဆင်းရဲမရှိ၊
{{ထိုသူတို့သည် စိုးရိမ်ခြင်း မရှိကုန်။ ကိလေသာမြူ မရှိကုန်။ ပင်ပန်းမှု မရှိကုန်}}
ဟု ငါဟောဆို၏ဟု (မိန့်တော်မူ၏)။

ထို့နောက် ...
မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

{{လောက၌ များသော သဘောရှိကုန်သော အလုံးစုံသော စိုးရိမ်ခြင်းတို့သည် လည်းကောင်း၊ ငိုကြွေးခြင်းတို့သည် လည်းကောင်း၊ ဆင်းရဲခြင်းတို့သည် လည်း ကောင်း ထင်ကုန်၏။ ထိုအလုံးစုံတို့သည် ချစ်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏။ ချစ်အပ်သော အရာဝထ္ထု မရှိမူ ထိုအလုံးစုံတို့သည် မဖြစ်နိုင်ကုန်။ ထို့ကြောင့် လောက၌ အကြင်သူတို့အား ချစ်အပ်သော အရာဝတ္ထုသည် တစ်စုံ တစ်ခုမျှ မရှိ၊ ထိုသူတို့သည် ချမ်းသာ ကုန်၏။ စိုးရိမ်မှု ကင်းကုန်၏။ ထို့ကြောင့် စိုးရိမ်ကင်းမှု ကိလေသာမြူ ကင်းမှုကို တောင့်တသူတို့သည် လောက၌ တစ်စုံ တစ်ခုသော ချစ်ခင်မှုကိုမျှ မပြုကြကုန်ရာ}} ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

၈ - ၀ိသာခါသုတ်၊ ပါဋလိဂါမိယ၀ဂ်၊ ဥဒါန်းပါဠိတော်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: mail from TZ

mail from TZ

ွှTZ ဆီကရတဲ့ မေးလ်ပါ။ ကြာတော့ကြာနေပြီ. ရယ်ရတုံ့းဘဲ။


You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Lu Lu] 1 New Entry: ဆိတ်ကလီစာချက် + ပဲဝါလေးဆူးပုပ်ဟင်းချို + ပဲစောင်းလျားသီးသုပ်

ဆိတ်ကလီစာချက် + ပဲဝါလေးဆူးပုပ်ဟင်းချို + ပဲစောင်းလျားသီးသုပ်


အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ဆိတ်ကလီစာချက်ကျွေးပါမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆိတ်ကလီစာ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအပွတောင့်၊ ဖာလာစေ့၊ ဇီယာစေ့၊ မာဆလာ၊ ဆား၊ ဆီနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဆိတ်ကလီစာထဲက အသည်းနဲ့ နှလုံးတို့ကို ရေနဲ့ သန့်စင်အောင် အရင်ဆေးပေးပါ။ ပြီးရင် ဆိတ်အဆုတ်ကို သံပုရာရည်နဲ့ နယ်ပြီးတော့မှ အထဲက အမြှုပ်တွေပါထွက်လာအောင် နာနာနယ်၊ ညှစ်ထုတ်ပစ် ပြီးတော့ ဆေးပေးပါ။ ဆိတ်ပုဆိုးကြမ်းကိုတော့ ကွမ်းစားထုံးနဲ့ပွတ်ပြီးတောမှ့ နယ်ဆေးပေးပါ။ ပြီးရင် ကလီစာအားလုံးကို အရွယ်တော်လေးတွေ ရအောင် လှီးပြီး သံပုရာရည်နဲ့ နယ်ပြီး ၁၀ မိနစ်လောက် ထားပေးပါ။ ချင်းကို အခွံနွှာ၊ ရေဆေးပြီး အရည်ညှစ်ယူထားပါ၊ ပြီးရင် ဇီယာစေ့နဲ့ ဖာလာစေ့ကို မညက်တညက်လေး ထောင်းလိုက်ပါ။ ပြီးတော့မှ သံပုရာရည်နဲ့ နှပ်ထားတဲ့ ကလီစာထဲကို ချင်းညှစ်ရည်ရယ်၊ ဇီယာ၊ ဖာလာစေ့၊ ဆား၊ သကြား၊ နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ကို ထည့်ပြီး ရောနယ်ပေးပါ။
ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေး ပြီးရင်တော့ ငရုတ်သီးကို အရင်ညက်အောင်ထောင်း၊ ငရုတ်သီးညက်ပြီဆိုရင် ချင်းကို ထည့်ထောင်း၊ ချင်းညက်ပြီ ဆိုရင်တော့ ကြက်သွန်နီကို ထည့်ထောင်းပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ အသားတွေကိုထည့်ပြီး ဆီသတ်ပါ။ အသားတွေထဲက ထွက်လာမယ့်ရေကို ပထမဦးဆုံးခမ်းအောင် တည်ပေးပါ။ ပထမတစ်ရည်ခမ်းပြီးရင် ဟင်းအိုးကို နှံ့အောင် မွှေပြီးတော့မှ လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးစာ ရေထပ်ဖြည့်၊ အဖုံးအိပ်ပြီး တည်ပေးပါ။ ဟင်းအိုးရေခမ်းခါနီးပြီဆိုရင် အဖုံးဖွင့်၊ ပြီးတော့ ဟင်းအိုးကို အပေါ့အငံ၊ နူး၊ မနူးမြည်း၊ အပေါ့အငံလိုရင် လိုတဲ့အရသာထပ်ဖြည့်၊ အနူးလိုသေးရင် ရေလေးထပ်ဖြည့်ပြီး တည်ပေးပါနော်။ နယ်စားလို့ရအောင် ဆီကျန်ရေကျန်လေးနဲ့ချလိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဆိတ်ကလီစာချက်လေး ရပါပြီနော်။
ဆိတ်ကလီစာချက်နဲ့ တွဲဖက်စားဖို့ ပဲဝါလေးဟင်းချိုကို ဆူးပုတ်ရွက်လေးခပ်ပြီး ချက်မယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲဝါလေး၊ ဆား၊ ဆီအနည်းငယ်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆူးပုတ်ရွက်တို့ပါနော်။
ပဲဝါလေးကို ရေစင်အောင်ဆေးပြီးတော့ အိုးတစ်လုံးထဲ ထည့်ပေးပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။ ပြီးရင် ဆီနည်းနည်း၊ ဆားလေးရယ်၊ ဟင်းခတ်မှုန့်လေးရယ်၊ ကြက်သွန်ဖြူနီတို့ကို ထည့်၊ ရေလေး လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးစာ ထည့်ပြီး ဟင်းအိုးတည်ပေးပါ။ ပဲဟင်းအိုးပွက်လာပြီဆိုရင် ဝေမကျအောင်လို့ အဖုံးကို တ၀က်လောက် ဟထားပြီး တည်ပေးပါ။ ပထမတစ်ရည်ခမ်းပြီဆိုရင် နောက်ထပ် ရေထပ်ဖြည့်ပြီး တည်ပေးပါ။ ပဲနူးပြီဆိုရင်တော့ အပေါ့အငံမြည်းပြီး ဆူးပုတ်ရွက်လေးခပ်ပြီး ပွက်အောင်တည်၊ ဟင်းအိုးပွက်ပြီဆိုရင်တော့ ပဲဝါလေး ဆူးပုပ်ဟင်းချိုလေး ရပါပြီနော်။
ဆီပြန်ဟင်းရယ်၊ အရည်သောက်ရယ် ရပြီဆိုရင်တော့ ထမင်းဝိုင်းလေး စိုပြည်သွားရအောင် အသုပ်လေး တစ်ပွဲလောက် ထည့်မယ်နော်။ ပဲစောင်းလျားသီးလေးရှိတာမို့ သုပ်လိုက်မယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲစောင်းလျားသီး၊ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
မီးဖိုပေါ် ဒယ်အိုးတင်၊ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပေး၊ အဲ့ဒီအချိန်မှာ ပဲစောင်းလျားသီးတွေကို ထိပ်နှစ်ဘက်ကနေအသာခြွေချပြီး ဘေးက အမျှင်တွေ ဖယ်ထုတ်ပစ်ပါ။ ရေနွေး ပွက်ပွက်ဆူတာနဲ့ ပဲတောင့်တွေကို ထည့်လိုက်ပါ။ နူးအိအောင် ပြုတ်တာမဟုတ်ဘဲ ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်ပြီးတာနဲ့ ဆယ်ယူလိုက်ပြီး ရေအေးထဲ စိမ်ပေးထားပါ။ အစိမ်းရောင်လေးပဲ ဖြစ်နေသလို ခပ်ကြွတ်ကြွတ်နဲ့ စားကောင်းအောင်လို့ပါနော်။ ပြီးတော့မှ ပဲသီးတောင့်တွေကို ခပ်ပါးပါးလှီးပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာရေဆေးပြီး ပါးပါးလှီးပေးပါ။ မြေပဲနဲ့ ပုစွန်ခြောက်တို့ကိုလည်း ထောင်းပေးပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပေးပါ။ သံပုရာသီးကိုလည်း စိတ်ပေးထားပါ။
ပြီးရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ ပဲစောင်းလျားသီးရယ်၊ ကြက်သွန်နီရယ်၊ မြေပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ သံပုရာရည်၊ ဆီချက်တို့ကို ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ကျွန်မက အသုပ်ကို အပေါ့အငံမြည်းပြီးတော့မှ ဟင်းတွေထဲမှာ အချဉ်မပါသေးတဲ့အတွက် ပဲစောင်းလျားသီးသုပ်ကို ချဉ်ချဉ်စပ်စပ်လေးဖြစ်အောင် သုပ်ပါတယ်။ အဲ့ဒါဆိုရင်တော့
ပဲစောင်းလျားသီးသုပ်လေး ရပါပြီနော်။
ဒီနေ့ထမင်းဝိုင်းအတွက် ဆိတ်ကလီစာဟင်းရယ်၊ အရည်သောက်က ပဲဝါလေးဆူးပုတ်ဟင်းချိုရယ်၊ ပဲစောင်းလျားသီးသုပ်ရယ်ပါနော်။ မောင်နှမတွေအားလုံး ထမင်းမြိန်မြိန်လေး သုံးဆောင်ကြပါဦးနော်။

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးချိုသင်း မှတ်တမ်း] 1 New Entry: ကိုယ့်အားနည်းချက်တွေ..

ကိုယ့်အားနည်းချက်တွေ..

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက် ၁၀ ချက် တဲ့။ မလင်းပျာ (ပျာတိပျာလောင် နဲ့မို့ပါ) က tag ပါတယ်။ ကိုယ်ကလဲ ကိုယ့်ကိုယ်ကို အားငယ်ပြီး အမြဲတမ်း အားပေးနှစ်သိမ့်နေကျမို့ မုန်းတယ်ဆိုတာကြီး သုံးရမှာ အားနာနေတာ။ ကိုယ့်ဖာသာကိုယ် ဆိုတော့ ညှာရတယ်လေ။

ဒါနဲ့ လူမိုက် ငှားမယ်ဆိုပြီး အိမ်က မောင်တော်ကို ကိုယ့်ကို ဘယ်လိုအချိန်တွေမှာများ ကြည့်မရ ဖြစ်တတ်သလဲ ဆိုပြီး မေးမိတယ်။ သူကလဲ ဘယ်အချိန်ကတည်းက အမြင်ကတ်နေတယ် မသိဘူး၊ ချက်ချင်းကိုပဲ ပြန်ဖြေတယ်။ ဒါပေမဲ့ သူက တချက်တည်း ပြောပြီး အဲဒီတချက်ကိုပဲ နံပါတ် ၁ ထားပါ တဲ့။ ဒါနဲ့ပဲ သူမုန်းတဲ့ ကိုယ့်အပြုအမူနဲ့ စ ဖွင့်လိုက်ပါတယ်။

၁) sometimes ၀ုန်းဒိုင်း
ဒါ သူပြောသလို ရေးထားတာပါ။ ကိုယ်က စိတ်ဆိုးရင် ၀ုန်းဒိုင်းကြဲတတ်တာမို့ပါ။ အဲဒီအချိန်ဆို ဘာပြောပြော နားမ၀င်၊ နားမထောင်၊ နားမကြား၊ ချော့မရ ပြုမရ ၀ုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်တယ်။ ဒါပေမဲ့ တခါတရံမှ လို့ ပါပါတယ်လေ။ အဲဒီလို ၀ုန်းဒိုင်းလုပ်ပြီးရင်လဲ ခဏကြာ အလိုလို စိတ်ပြေသွားတာပါလေ။

၂) အားနာတတ်တာ
အားနာလို့ ဈေးဝယ်လိုက်ရတာ၊ အားနာလို့ ပြန်မပြောတာ၊ အားနာလို့ မနိုင်ဝန်ထမ်းနေတာ၊ အားနာလို့ အနေကျုံ့နေရတာ အစုံပါပဲ။ အဲဒီတခုကိုတော့ သတိထားပြီး အခု တော်တော်ပြင်နေပါပြီ။

၃) စင်းလုံးချော ဖြစ်ချင်တာ
အဲဒီတခုကတော့ တော်တော်ဆိုးတာပါ။ ကိုယ်နားလည် သိတတ်တဲ့အရွယ်က စလို့ အဲဒီလိုမျိုးပဲ ကြုံချင်၊ ဖြစ်ချင်တယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး၊ ကိုယ်နဲ့ ပတ်သက်တဲ့လူဆိုရင် ကောင်းတာပဲ ဖြစ်စေချင်၊ လုပ်စေချင်တယ်။ အဲဒီ perfect ဖြစ်ချင်တဲ့ စိတ်က ဘယ်လောက်ဆိုးလဲဆိုရင် သီချင်းဆိုရင်လဲ စာသားက မှန်နေမှ၊ စာရေးရင်လဲ ဖျက်ရာ မရှိဘဲ လှနေမှ။ တော်တော်ဒုက္ခပေးတဲ့ စိတ်ပါ။ ကြိုးစားပြီး ပြင်နေဆဲ။

၎) ကိုယ့်ကိုယ်ကို ညှာတာ
စာကျက်တဲ့အချိန်တွေမှာ အဖြစ်ဆုံးပါ။ ငါသနားဖို့ကောင်းနေပြီလို့ တွေးမိနေတာ အကြိမ်ကြိမ်ပါ။ အခုတောင် အဲဒါကို မုန်းစရာကောင်းတဲ့အချက်ထဲ ထည့်သင့်ရဲ့လာ်း စဉ်းစားနေမိတာ။ တော်ကြာနေ မထည့်သင့်ပါဘူး လို့ ညှာပြီး တွေးလိုက်၊ ထည့်ရမှာပေါ့ လို့ ပြန်တင်းမာလိုက်။ အခု စိတ်မပြောင်းခင် မညှာဘဲ ထည့်လိုက်ပြီ။

၅) အိမ်မှုကိစ္စ မလုပ်ချင်တာ
ဖြစ်နိုင်ရင် အပြင်ထွက်ပြီးသာ အလုပ်လုပ်လိုက်၊ သွားလိုက် လာလိုက်နေချင်တာ။ စာအုပ်တအုပ်နဲ့ ကွေး စာဖတ်နေချင်တာ။ အိမ်မှုကိစ္စ လုံးလုံး ၀ါသနာ မပါဘူး။ ဒါပေမဲ့ မိန်းမဖြစ်နေတော့ အိမ်ရှင်း၊ အ၀တ်လျှော်၊ မီးပူတိုက် လုပ်ရမယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရရင် ပင်ပန်းတယ်ထင်နေတဲ့ စိတ်ကို မုန်းတယ်။

၆) အစားအသောက်မက်တာ
တည့်တာ မတည့်တာ မရှောင်နိုင်ဘဲ ကိုယ်ကြိုက်တဲ့အစားအစာဆို စားလိုက်ချင်တာ။ စိတ်ဓာတ်ပျော့ညံ့တယ်လို့ ခေါ်ရမှာပေါ့။ မတည့်လဲ နောင်ခါလာ နောင်ခါဈေးပဲလို့ သဘောထားပြီး အစားအသောက်နဲ့ ပတ်သက်လို့ မထိန်းနိုင်တဲ့စိတ်ကို မကြိုက်ဘူး။

၇) သူတပါးကို ယုံလွယ်တာ
အဲဒါကတော့ ပထမတန်းပါပဲ။ အမြဲတမ်း ကိုယ်ချင်းစာစိတ်နဲ့ ယုံကြည်လွယ်တယ်။ ယုံလို့ လိမ်သွားရင်လဲ လိမ်တဲ့သူသာ ရှက်စရာ လို့ ထင်တယ်။ ငါညံ့လှချည့်လို့ ဘယ်တော့မှ မထင်ဘူး။ ဆက်ယုံနေတုန်းပဲ။ ပါးစပ်ဟပြီး သူများပြောတာ ခေါင်းညိတ်တာ အကျင့်ပါနေပြီ။

၈) ခေါင်းမာတာလား မသိ
ကိုယ်မှန်တယ် ထင်ရင် ဘယ်သူတားတား လုပ်မှာပဲ။ တစောက်ကန်းလို့ ခေါ်မလား၊ တယူသန်လို့ ပြောမလား။ ဒီလမ်း မှန်တယ်ထင်ရင် ဘယ်ကွေ့ပြောလဲ ညာကွေ့မှာပဲ။ ရပ်အုံး ပြောလဲ ဆက်သွားမှာပဲ။ ထ ပါအုံး ပြောရင်တော့ အသေကျောက်ချ ထိုင်ပြီ။

၉) ခံစား ထိခိုက်လွယ်တာ
ဘ၀အခက်အခဲဆိုရင် စိတ်က မာပြီး ခံနိုင်ရည်ရှိပေမဲ့ မိဘ၊ မောင်နှမ၊ ကိုယ်ချစ်ခင်သူတွေနဲ့ ပတ်သက်ရင်တော့ ဖယောင်းပဲ။ ချက်ချင်း ပျော်ကျ ငိုမိရတာပဲ။ သူတို့နဲ့ပတ်သက်ရင် ၀မ်းသာရင်လဲ ငိုတယ်၊ ၀မ်းနည်းရင်လဲ ငိုတယ်။

၁၀) လှေနံဓားထစ်
ဒါကို ပြောထားရင် ဒါကိုပဲ လုပ်မှ၊ ဒီလိုပြောပြီး ဟိုလိုလုပ်ရင် နည်းနည်းမှ သည်းမခံတတ် နားမလည်နိုင်တာ တကယ်ဆိုးတဲ့ အကျင့်။ အိမ်မှာရော အလုပ်မှာပါ တသမတ်တည်း ဖြစ်နေတဲ့စိတ်ကို ပြောင်းမရ။ (ကိုယ့်အမျိုးသားကတော့ အဲဒီလှေနံဓားထစ်စိတ်ကို ပို့စ်တပုဒ်ရလောက်တယ်လို့ ခံရသူပီပီ ပြောရှာတယ်)

ကဲ..ဒါတွေက ကိုယ့်ကိုယ်ကို အားမလို အားမရတဲ့အချက်တွေပါ။ နောက်ပြီး ပြင်ဖို့ အကြိမ်ကြိမ် ကြိုးစားလဲ ပြင်မရတဲ့ အချက်တွေပဲ ထင်ပါရဲ့။ ကိုယ်နဲ့အတူ သေသည်အထိ တွဲပါသွားမဲ့ မကောင်းတဲ့အချက်တွေလို့ ယူဆချင်ရင်လဲ ဖြစ်နိုင်ပါတယ်။

ကိုယ်မကောင်းတဲ့အချက်တွေတော့ ပြောလိုက်မိပြီ။ ဒါတွေဖတ်ပြီး မုန်းမှာတော့ စိုးရိမ်သား။

မိုးချိုသင်း

You received this email because you are subscribed to the real_time feed for http://moechothin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T h Э   U n Ф 0 r g 0 t t a б л e...] 1 New Entry: ဖြစ်ကြောင်းရယ်တဲ့ကုန်စင်

ဖြစ်ကြောင်းရယ်တဲ့ကုန်စင်

ရုံးသွားဖို့ အိမ်ကနေ ထွက်တယ်ဆိုတာနဲ့  လင်းလည်ပင်မှာ ဆွဲကြိုးမဟုတ်သော စုံတကာပလုံစီ ချိတ်ဆွဲထားတဲ့ ကြိုးတချောင်းကိုချိတ်ဆွဲပြီး တခါတလေလဲ ကော်ဖီခွက်လက်ကကိုင်လို့  အပြေးအလွှား ယောက်ယက်ခတ် ပျာယာခတ်ပြီး ပြေးရတာ နေ့ တိုင်း။ စောစောမထနိုင်တဲ့ အတွက် ( ဘယ်လို ထနိုင်မှာလဲ ညည ကွန်ပျူတာကို မျက်နှာကပ်ပြိး ဘလော့လည်လိုက် ချက်လိုက်လုပ်နေရတာ ။ အခုများဆို ပိုဆိုးသေး မခင်ဦးမေ ဘလော့မှာ စက်ကျနေတာ ညနက်မှ အိပ်ဖြစ်ရော)။ မနက်နိုးနိုးချင်းလဲ ဘာမှမလုပ်နိုင်သေးဘူး အရင်ဆုံးက ဘလော့ပေါ်တက်ပြီး စပ်စုရသေးတာ ဆိုတော့။

နမောနမဲ့ နိုင်တတ်တဲ့ ကိုယ့်အကျင့်ကိုသိတော့ ရထားစီးတဲ့ကဒ်၊ ရုံးထဲကိုဝင်တဲ့ access ကဒ်၊ အိမ်သော့ ၊ ရုံးအိမ်သာသော့ ၊ ရုံးစားပွဲက အံဆွဲသော့ အကုန်ကိုတခါတည်းပေါင်းပြီး လည်ပင်းမှာ ချိတ်ထားတဲ့အခါ လူက ၀က်ရူးပြန်တတ်တဲ့လူလိုလို ဘာလိုလို။
အဲလိုမှ မချိတ်ထားရင်လဲ တခုခု လိုချင်တိုင်း ပိုက်ဆံအိတ်ထဲမှာ ဗြောင်းဆန်အောင် မွှေနှောက်ရှာရတဲ့ဒုက္ခက မသေးဘူး။

သူများတွေကတော့ အိမ်သာသော့ကို သတ်သတ် key chain လေးနဲ့ ထားပြိး ၊ သွားခါနီးမှ သော့လေးကိုင်လို့ ပေါ့။ လင်းကတော့ ရှုပ်ပါတယ်ဆိုပြီး ဆွဲထားလိုက်တယ်။ မနေ့ ကတော့ အိမ်သာသော့ကို လည်ပင်းမှာ ချိတ်မိတဲ့ အတွက် အတော်ကို ဘရုတ်သုတ်ခ နိုင်တဲ့အဖြစ် ဖြစ်ခဲ့ရတယ်။ လျှပ်ပြာလင်းဘဲလေ ထုံးစံအတိုင်းပေါ့။

အိမ်သာတံခါးသော့ကို ဖွင့်တဲ့အချိန်ကျ သော့ပေါက်က နိမ့်နေတဲ့အတွက် လည်ပင်းမှာကြိုးစွတ်ရက်ဖွင့်ရင် အဆင်မပြေပါဘူး။ အဲဒါကို လင်းကလဲ များသောအားဖြင့် ခါးကိုင်းပြီး လည်ပင်းကြိုးတန်းလန်းနဲ့ ဘဲ ဖွင့်ပါတယ်။ တခါတလေမှသာ လည်ပင်းက နေဖြုတ်ပြီး လူလူသူသူ ဖွင့်ပါတယ်။ မနေ့ က အဲလိုဘဲ အပျင်းတစ်ပြီး ခါးကိုင်းပြီးဖွင့်ဘို့ လုပ်နေတုန်း အတွင်းဘက်ကနေ တံခါးဖွင့်တော့မဲ့ အသံကြားတာနဲ့ ကမန်းကတန်း သော့ကို ပြန်ဖြုတ်ရင်း ခနလေးလို့ အော်တာ မမှီတော့ပါဘူး။ ဟိုဘက်ကကောင်မလေးက ခြေမြန်လက်မြန်နဲ့  တံခါးကို ဗြန်းဆို ဖွင့်ချလိုက်ချိန်မှာ လင်းလဲ တံခါးဖွင့်ရာနောက်ကို ကြိုးတန်းလန်းနဲ့  ခါးကြီးကိုင်းပြီး ပါသွားပါလေရော။ ဖွင့်လိုက်တဲ့သူကလဲ ညှင်ညှင်သာသာ မဟုတ်ဘူး ဗြန်းကနဲ အဆုံးထိ ဖွင့်ချလိုက်တာ လင်းလဲ အားကနဲ အော်ရင်း ပေါ့ ။ အမယ်လေး သူကလဲ အားမနာတဲ့ အပြင် အော်အော်ပြီးရယ်နေရင်း နင်အော်တာ မကြားလိုက်လို့  ပါလို့ ပြောရင်း တောင်းပန်နေတာ ဒေါသထွက်လိုက်တာမပြောပါနဲ့ ။ လင်းလဲ ရှက်ရှက်နဲ့ အော်ရယ်နေမိတော့ သူကစိတ်မဆိုးဘူးထင် ပြီးတော့ပြောသေးတယ် နင်အဲလို ဖွင့်ဖွင့်နေတာ ငါခနခန တွေ့ တယ်တဲ့။ အဲလိုတံခါးဖွင့်တဲ့ သူနဲ့ တွေ့  ရင် ဘယ်လိုဖြစ်မလဲ ငါသိချင်နေတာတဲ့ ။ အခုတော့ ငါသိရပြိတဲ့။ အဲတော့မှ ဒင်းကို ဖနောင့်နဲ့ ပေါက်ချင်တော့တာ သူတမင်ဖွင့်ချလိုက်တာနေမှာ။ ဘယ်လောက်တောင် မကောင်းလိုက်လဲ။

တခါခံရသည့် ပြီးနောက်တော့ နောက်ကို ကြိုးဖြုတ်ပြိး ဖွင့်ဘို့ ကြိုးစားတော့မယ်။

You received this email because you are subscribed to the real_time feed for http://amhattaya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 3 New Entries: လိုက်မလား ကျိုက်ထီးရိုး ဘုရားဖူးသွားမယ်

လိုက်မလား ကျိုက်ထီးရိုး ဘုရားဖူးသွားမယ်


မဟာသက္ကရာဇ် (၁၁၈)ခုနှစ်တွင် အိုမင်းမစွမ်းလာတဲ့ တိဿရသေ့ကြီးဟာ မိမိ ကိုးကွယ်ထားတဲ့ ဆံတော်မြတ် (၃)ဆူကို စေတီတော် တည်ရန် စိတ်၌ဖြစ်ပေါ်လာ လေသည်။ တိဿရသေ့ကြီးရဲ့ အကြံကို သိကြားမင်း သိတော်မူပြီး သိကြာမင်းနှင့် သုဝဏ္ဏပြည့်ရှင် တိဿဓမ္မ သီဟရာဇာ မင်းကြီးနှင့် တိုင်ပင်၍ သာသနာတော် အဓွန့်ရှည် တည်တံ့စေခြင်း အကျိုးအတွက် တိဿရသေ့ကြီးအား ဆံတော်ဓာတ်မြတ် (၃)ဆူဖြင့် ဌာပနာ၍ စေတီတော် တည်ရန် လျှောက်ထား တောင်းပန်ကြလေသည်။


ရသေ့ကြီးက ၄င်း၏ ဦးခေါင်းနှင့် တူသော ကျောက်လုံးပေါ်တွင်သာ စေတီတည်ထား လိုကြောင်း မိန့်ကြားသဖြင့် သိကြားမင်းသည် မဏိမေခလာ နတ်သမီး အကူအညီဖြင့် သမုဒ္ဒရာကြမ်းပြင်မှ ရသေ့ ဦးခေါင်းနှင့် တူသော ကျောက်လုံးတော်ကြီးကို ယူဆောင် လာကာ တောင်စွယ်မှ ထိုးထွက်နေသော ကျောက်ဆောင် (ဒါမှမဟုတ်) ကျောက်တိုင် တစ်ခုပေါ် တင်ထားလေသည်။

တိဿရသေ့ကြီးက ကျောက်လုံးတော်ကြီးကို သဘောကျ နှစ်ခြိုက်သဖြင့် သိကြားမင်းသည် ဆံတော်ဓာတ် ကိန်းဝပ်စံပယ်ရန် ရသေ့ဦးခေါင်းနှင့် တူသော ကျောက်လုံးတော်ကြီး ထိပ်တွင် သံလျက်ဖြင့် အနက် (သုံးတောင်တစ်မိုက်) ထွင်းဖောက်ပေးရာ တိဿရသေ့ကြီး၏ ဆံကျစ်ကြားတွင် သီတင်းသုံးတော်မူသော ဆံတော်ဓာတ် သုံးဆူကို မြကြုတ်တွင်ထည့်ပြီး ကျောက်လုံးတော်ကြီးတွင် ဌာပနာသွင်းရန် စီစဉ်သောအခါ ပြကြုတ်တွင် ကိန်းဝပ်တော်မူသော ဆံတော် ဓာတ်မြတ်များသည် ရောင်ခြည်တော်များ ကွန့်မြူးတော်မူပြီး ကောင်းကင်၌ စံမြန်းတော်မူ လေသည်။ ထို အခြင်းအရာကို တိဿရသေ့ကြီး ဖူးမြော်ရသောအခါ ကြည်ညိုသဒ္ဓါစိတ်များ ပွားများလာပြီး ဤအရပ်ဒေသသည် သာသနာတော် ထွန်းလင်းမည့် ဒေသမှန်ပါက ဆံတော်မြတ်များသည် ရသေ့ဦးခေါင်းနှင့် တူသော ကျောက်လုံးတော် ကြီးတွင် သိကြားမင်း ထွင်းထားသည့် နေရာ၌ ဌာပနာဓာတ် မြတ်တော်များ ကိန်းဝပ်စံပယ်တော်မူ ပါစေသားဟု အဓိဋ္ဌာန်ပြုရာ မြကြုတ်ဖြင့် ပူဇော် ထားသော ဆံတော်ဓာတ်မြတ် များသည် ဌာပနာတိုက် အတွင်းသို့ သက်ဆင်း စံပယ်တော်မူ လေသည်။ တိဿရသေ့ကြီးသည် ကြည်ညို သဒ္ဓါပွားများပြီး ၀မ်းသာ ပီတိကြီးစွာ ဖြစ်လေသည်။


သိကြားမင်းနှင့် ပြည့်ရှင်မင်းတို့သည် ဥာဏ်တော် သုံးတောင် တစ်မိုက်ရှိသော စေတီတော်ကို ဌာပနာဓာတ်မြတ် ကိန်းဝပ်တော်မူသည့် ရသေ့ ဦးခေါင်းနှင့်တူသော ကျောက်လုံးတော်ကြီး ပေါ်တွင် တည်ထား ကိုးကွယ်လေသည်။ " ကျိုက်ဣိသိရို" ရသေ့ရွက်ဘုရား ဟု ခေါ်တွင်ခဲ့ပြီး ယခု ကျိုက်ထီးရိုး အမည်သို့ ပြောင်းလဲ ခေါ်တွင်လျက် ရှိသည်။

ဘူမိဗေဒ လေ့လာ စူးစမ်းချက်အရ ဗုဒ္ဓဆံတော်မြတ် ကိန်းဝပ်စံပယ်တော်မူသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်၏ ရသေ့ဦးခေါင်းနှင့် တူသော ကျောက်လုံး တော်ကြီးသည် (၆၁၁.၄၅) တန်ခန့်ရှိပြီး၊ အောက်ခံ ကျောက်တိုင် အစွန်းပေါ်တွင် ထိကပ်မှု ဧရိယာသည် (၇.၆၅) စတုရန်းပေ မျှသာရှိသည်ဟု မှတ်သားရ သဖြင့် စေတီတော်မြတ် တည်ပြီးသည်မှ နှစ်ပေါင်း (၂၄၀၀)ကျော်ကြာ မိုးဒဏ်၊ လေဒဏ်၊ ငလျင်ဒဏ် စသည်များ ကို ထိတွေ့ခဲ့ရသော်လည်း " ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိ ပကတိ အနေအထားအတိုင်း " တည်ရှိနေခြင်းသည် " အံ့သြကုန်နိုင်ဖွယ် " "အံ့ချီးဖွယ်ရာ အဖြာဖြာ"၊ " တုနှိုင်းစရာမရှိ " တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ် ပင်ဖြစ်သည်။


တစ်ကြိမ်တစ်ခါမျှ မဖူးမြော်ရသေးသူများ လူဖြစ်ရကျိုး နပ်စေရန် ဖူးမြော်နိုင်ကြ စေရန်နှင့် ဖူးမြော်ပြီး သူများလည်း အကြိမ်ကြိမ် လာရောက် ဖူးမြော်ကြရန်ဖြစ်ပြီး မိမိလိုအင်ဆန္ဒ ပြည့်ဝစေရန် "အဓိဌာန်" လာရောက် ပန်ဆင်ကြကာ မိမိတို့ "လိုအင်ဆန္ဒ" အ၀၀ကို တောင်းခံ "ပြည့်ဝ" နိုင်ပါကြောင်း သဒ္ဓါစိတ်များစွာဖြင့် တိုက်တွန်း လိုက်ပါတယ်။

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု


ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု


(မောင်မောင်ညိန်း(ကျိုက်ထို)ရေးသားသည့် "အံဖွယ်အလီလီ ကျိုက်ထီးရိုးစေတီ" ဆောင်းပါးကို ကောက်နုတ် ဖော်ပြပါသည်။)

ဒီလိုလေး နှုတ်ဆက်ချင်ပါတယ်


သူငယ်ချင်းတွေရဲ့ အိမ်ကို ရောက်ခဲ့ရင် " မင်္ဂလာပါ " ဆိုပြီး အလျင် နှုတ်ဆက်မိတာ ကိုယ်ပိုင်ဟန်ပန် လိုဖြစ်နေပါပြီ။ နောက် "ချမ်းမြေ့ပါစေ"၊ "ရွှင်လန်းပါစေ"၊ "ပျော်ရွှင်နိုင်ပါစေ" စသဖြင့် အပိတ် နှုက်ခွန်းဆက်ပြီးမှ ပြန်လာတတ်ပါတယ်။ မမြင်နိုင်တဲ့၊ မတွေ့ဖူးတဲ့ အွန်လိုင်းပေါ် က သူငယ်ချင်းတွေကို ညီအစ်ကို မောင်နှမလို၊ မိတ်တွေစစ်တွေလိုပဲ ခင်မင် ရင်းနှီးစွာနဲ့ နှုတ်ဆက် ဖြစ်ပါတယ်။ ခင်မင်စိတ်နဲ့ အာလုတ်ပြုတဲ့ စကားလေးပါ။ ပြင်ပလောကမှာ ကျတော့ "လှလို့ ၀လို့ ပါလား" ဆိုပြီး ဥပကာရ ပြောဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ အရာရာ အဆင်ပြေနေပါမှ စိတ်ချမ်းသာပြီး လှပ နေနိုင်တာပေါ့နော်။ ဒီလို လှပနေမှ ပြည့်ပြည့်၀၀ စိုစိုပြည်ပြည် ဖြစ်မယ်လေ။ စေတနာအရင်းခံနဲ့ လူတွေ အဆင်ပြေကြပြီး စိုပြည်လှပနေဖို့၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ကျော်လွှား နိုင်ကြဖို့အတွက် လှလို့ ၀လို့ ပါလားလို့ နှုတ်ဆက်လိုက်ရင် တော်တော်များများက အကျေနပ်ကြီး ကျေနပ်ပြီး ရယ်မောနိုင်တာကို တွေ့ရပါတယ်။

စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်မောနိုင်တာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ပါတယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာကိစ္စလေးပါ။ ရယ်မောလိုက်ခြင်းဖြင့် မျက်နှာပြင်မှရှိတဲ့ အကြောအချင်တွေ ဘယ်မျှ ဘယ်၍ ဘယ်လို လှုပ်ရှားစေပြီး ဘယ်အတိုင်း အတာအထိ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာကိုတော့ ဆေးပညာရှင်တွေက ပိုသိ၊ ပိုနားလည်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရယ်မော ပျော်ရွှင်နေတာက စိတ်ညစ် ငိုယိုနေရ တာထက်တော့ ပိုကောင်းတယ် ဆိုတာတော့ အသေအချာပါပဲ မဟုတ်လား။

ဒါကြောင့် ရယ်မောနိုင်ကြပါစေ၊ ကျန်းမာပျော်ရွှင်နိုင်ပါစေ၊ ဒီကနေတစ်ဆင့် ၀၀လှလှ လေးတွေ ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြတာ ဖြစ်ပါလိမ့်မယ်။ မနှစ်သက် သူတွေအတွက် အဓိပ္ပာယ်ကောက်လွဲတာ၊ အမြင်လွဲတာတွေ ဖြစ်နိုင်ပေမယ့် မလွဲနိုင်တာကတော့ လူတစ်ဦးအပေါ်မှာ ထားရှိတဲ့ စေတနာတရားပါပဲ။ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရယ်မောပျော်ရွှင်နိုင်ဖို့ ဘ၀မှာ စိုစိုပြည်ပြည် လှလှပပ ဖြစ်ဖို့ထားတဲ့ စေတနာကတော့ ဘယ်လိုမှ မလွဲမမှားနိုင်တာကို တပ်အပ် ပြောနိုင်ပါတယ်။ ဘုရားဟော ရှိပါတယ်။ " အာရောဂျံ ပရမံ လာဘံ " ဖြစ်ပါတယ်။ အာရောဂျံ - အနာရောဂါ ကင်းရှင်း ကျန်းမာခြင်းသည်၊ ပရမံ - မြတ်သော၊ လာဘံ - လာဘ်တစ်ပါး ဖြစ်သည် လို့ ဆိုထားပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်ပါမှ မိမိဘဝရဲ့ တိုးတက်မှုနဲ့ ပျော်ရွှင် ချမ်းမြေ့မှုကို ရရှိနိုင်ပါမယ်။ ဒါမှလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စိုပြည်လှပ နေမှာပါ။

လူတိုင်းကိုယ်စီ ရယ်မောပျော်ရွှင် နိုင်တဲ့ဘဝ၊ ပူပင်ကြောင့်ကျမှု ကင်းတဲ့ဘဝ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေတဲ့ဘဝ၊ စိတ်ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ဘဝ တွေကို မက်မောကြတာ ဓမ္မတာပါ။ ငွေရှိပေမယ့် စိတ်မချမ်းသာတဲ့ သူတွေ၊ ရာထူးဂုဏ်သိန် တွေရှိပေမယ့် ကိုယ် မကျန်းမာတဲ့ သူတွေ ကျွန်တော်တို့ ခင်ဗျားတို့ ဘေးနားမှာ ရှိနေကြတာ၊ ရှိနေတာကို တွေ့မြင်နေရပါလိမ့်မယ်။ တစ်ဖက်က ပြည့်စုံပြီး တကယ့်လိုအပ်ချက်က ချို့တဲ့နေတဲ့ ချိန်ခွင်လျှာ မညီမှုမျိုး တွေကိုလည်း တွေ့ဖူးကြမှာပါ။ ဒါကြောင့် လူတိုင်း အနေမခက်၊ မသေမခက်ဘဲ ဘဝကို ခင်တွယ် မက်မောစရာ၊ ပျော်မွေ့စရာ အဖြစ် ခံယူရှင်သန် နိုင်အောင် အားလုံးပဲ ရယ်မောနိုင်ကြပါစေ၊ ပျော်ရွှင်နိုင်ကြပါစေလို့ ပြောရတာဖြစ် ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ သက်ပြင်းတွေချ၊ ငိုကြွေးပြီး စိတ်သောက ရောက်နေရတာထက် ရယ်မော ပျော်ရွှင်နေတာက ပိုမကောင်းဘူးလား။ တပိန်ပိန် တလိန်လိန်နဲ့ အရိုးပေါ် အရေတင်ပြီး ကမ္မဋ္ဌာန်း ရုပ်ပေါက်နေတာထက် စာရင်တော့ စိုပြည်လှပပြီး ၀နေကြက ပိုမကောင်းပေဘူးလား။ ဒါကြောင့် လူတိုင်းကိုပဲ "လှလို့ ၀လို့ပါလား" လို့ပဲ နှုတ်ဆက်ချင်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Remove unused Device Driver from Win' XP

Remove unused device driver from Win' XP

Window' XP စက်ထဲကို Device driver တစ်ခုထည့် လိုက်တဲ့အခါ ကွန်ပျူတာဖွင့်တိုင်း OS ကနေ ဒီထည့်ထားတဲ့ Device ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ Driver ကိုတော့ Load လုပ်ပေးပါတယ်။ ဆိုလိုတာက ကွန်ပျူတာကနေ Device ကိုအသုံးမလိုလို့ ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Driver ကို ဖယ်မပစ်ခဲ့ရင် ကွန်ပျူတာရဲ့ အဖိုးတန်လှတဲ့ စနစ်ပိုင်းကို အလာဟသ ဖြစ်စေပါတယ်။ ဒါကြောင့် အသုံးမလိုတော့တဲ့ Driver တစ်ခုကို ဖယ်ထုတ်ပစ် ဖို့အတွက် အောက်ပါ အဆင့်အတိုင်း ဆောင်ရွက်နိုင်ပါတယ်။

(၁) System Properties Dialog Box ကိုဖွင့်ပါ (Windows Key + Break Key တွဲနှိပ်ပါ။)
(၂) Advance tab ကိုရွေးပါ။ ထိုမှ Enviroment Variables ခလုပ်ကို နှိပ်ပါ။


(၃) System Variables Panel အောက်နားက New ကိုရွေးပါ။


(၄) New User Variable က
Variable Name : မှာ devmgr-show-nonpresent-devices လို့ ရေးထည့်ပေးပါ။
Variable Value: မှာ 1 လို့ ရေးထည့်ပါ။ ပြီးရင် (OK)==> (OK).


(၅) System Properties ကိုပြန်ရောက်ရင် Hardware Tab ကိုရွေးပါ။
(၆) Device Manager ကို click လုပ်ပါ။
(၇) Device Manager မှာ View==>Show Hidden Devices ကိုသွားပါ။

(၈) Device tree မှာရှိတဲ့ branches (+) တွေကိုဖွင့်ပြီး အသုံးမပြုတော့တဲ့ Device Driver တွေကို ညွှန်ပြနေတဲ့ Icon တွေကိုရှာပါ
(၉) အသုံးမလိုတော့တဲ့ Driver တွေရဲ့ Icon ပေါ်ကို Right click နှိပ်ပြီး Uninstall ကိုရွေးပါ။

ဒီနည်းနဲ့ မိမိကွန်ပျူတာအတွင်း အသုံးမပြုတော့တဲ Device တွေရဲ့ Driver တွေကို ဖယ်ရှားနိုင်ပြီး စက်ရဲ့ System စွမ်းရည်ကို အထိုက်အလျှောက် သွက်လက် မြန်ဆန်လာစေနိုင် ပါတယ်။


You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 3 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၂-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၂-၀၈)

ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
- သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးရုံတက် click
- မန္တလေး ဓာတ်ဆီဆိုင် မီးလောင် click
- တခါသုံး GSM ဖုန်းဆင်းကဒ်များ စမ်းသပ်ရောင်းချမည် click
-မွန်ပြည်နယ် သထုံခရိုင်တွင် အဓမ္မလုပ်အားပေး စေခိုင်းမှုများ တိုးမြင့်လာနေ click
- ဖမ်းဆီးခံရမှုကြောင့် အလုပ်သမားများ အခက်တွေ့ click
- ရမ်းချောင်းဆည် စီမံကိန်းတွင်ပါဝင်နေသော ရွာပေါင်း ၆၇ ရွာ ဖြိုဖျက်ခံရမည့် အနေအထားတွင်ရှိ click
- ဘင်္ဂလာ-မြန်မာရေပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့ရေတပ် အထူးမွမ်းမံသင်တန်းများ ဖွင့် လှစ် click
- ထိုင်းနယ်စပ်အနီး အခြေချတပ်စခန်းကြောင့် နအဖက ၀ တင်းမာ - SSA ကို ထိုးစစ်လာဆင်နိုင်ဟု ထိုင်းအ ရာရှိပြော click
- သစ်ခုတ်သမားများ အခုတ်ခံမှုကြောင့် ရွာသာများ အထိတ်တလန့် ဖြစ်နေကြဆဲ click
- More donation for storm victims in Pyapon Township click
- RI to play Myanmar in AFF Suzuki Cup click
- Burma - Another UN Failure click

ဖဲကြိုးနီဆုရ SAW ရင်သွေးငယ်များ၏ ''မျှော်လင့်ခြင်းအိပ်မက်'' ပန်းချီကားများ

လူထုခေါင်းဆောင်ကို ၀န်းရံရေး

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၂)
လူထုခေါင်းဆောင်ကို ၀န်းရံရေး
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

မလွတ်မြောက်သေးတဲ့ တိုင်းပြည်တွေရဲ့ တိုက်ပွဲနိုင်ငံရေးကာလတွေမှာ တိုက်ပွဲထဲကနေ လူထုခေါင်းဆောင် တွေ ပေါ်ထွက်လာစမြဲပါပဲ။ လူထုခေါင်းဆောင်ဆိုတာ လူထုက နာမည်သိရုံပဲသိတဲ့ ခေါင်းဆောင်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ရင်ထဲအသည်းထဲက တကယ့်ကို ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်မျိုးကို ဆို လိုတာပါ။ ယုံကြည်ကိုးစားတယ် ဆိုရာမှာလည်း သူသာလျှင် တိုင်းပြည်ကိုလွတ်မြောက်အောင် လမ်းပြနိုင် မယ်၊ အောင်ပွဲဆီရောက်အောင် ဦးဆောင်ခေါ်ငင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုမျိုးပါ။

ဟိုအရင်တခေတ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟတ္တမဂန္ဒီတို့ဟာ တိုက်ပွဲထဲက ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်း ဆောင်တွေ ဖြစ်ခဲ့ကြသလို ဒီဘက်ခေတ်မှာဆို တောင်အာဖရိကက နယ်လ်ဆင်မင်ဒဲလား၊ ပိုလန်က ၀ါလက် ဆာ၊ ချက်က ဗားကလပ်ဟာဘယ်လ်၊ တောင်ကိုးရီးယားက ကင်ဒေးဂျုံတို့ဟာ တိုက်ပွဲထဲက ထွက်ပေါ်လာခဲ့တဲ့ အထင်ကရ လူထုခေါင်းဆောင်တွေပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ရှစ်လေးလုံးတိုက်ပွဲထဲကနေ ပေါ် ထွက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုက ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင်ဖြစ်တယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။

လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခဲ့၊ ၀င်နေဆဲ ဘယ်တိုင်းပြည်မှာမဆို ပြည်သူလူထုတွေအနေနဲ့ သူတို့ရဲ့ နှ လုံး သားထဲက သူတို့အတွက် အမှန်တကယ် အနစ်နာခံ ပေးဆပ်တယ်လို့ ခံစားယုံကြည်သူကိုသာ လူထုခေါင်း ဆောင်အဖြစ် လက်ခံအားကိုးကြစမြဲပါ။ ထိုပုဂ္ဂိုလ်မျိုးဟာ လူထုရဲ့နှလုံးသားထဲမှာ အခိုင်အမာ နေရာယူပြီးသား ဖြစ်လို့ သူ့နေရာကို အခြားဘယ်သူကမှ ဘာနဲ့မှ လဲယူချင်လို့ မရနိုင်ပါဘူး။ အဲဒီလို လူထုခေါင်းဆောင်ရှိတဲ့ တိုင်းပြည်မှာ အဆိုပါလူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးအတွေးအခေါ်၊ နည်းပရိယာယ်ပေါ်မူတည်ပြီး တိုက်ပွဲအ ရှိန်အဟုန်ဟာ အနှေးအမြန် သိသာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သူ့ရဲ့ ဦးဆောင်မှု နောက်ကို တသွေးတသံတမိန့် နဲ့ တက်ညီလက်ညီ လိုက်ပါဆောင်ရွက်တတ်လို့ပါပဲ။

ဒါပေမယ့် လူထုခေါင်းဆောင်တိုင်းမှာ လိမ္မာပါးနပ်ပြီး ပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသမားရဲ့ အရည်အချင်း မျိုးရှိ ချင်မှ ရှိမှာပါ။ ရှိကြတာတော့ များပါတယ်။ သေချာတာတခုကတော့ သူ့မှာ ရိုးသားမှုရယ်၊ တိုင်းပြည်နဲ့ လူ မျိုးအ တွက် အဆုံးစွန်ဆုံး အနစ်နာခံပေးဆပ်လိုတဲ့ စိတ်ရယ် အပြည့်အ၀ရှိတာပါပဲ။ လူထုအနေနဲ့ကလည်း အဲဒီစိတ်ဓာတ်အပေါ်ပဲ အဓိကထား ယုံကြည်ကိုးစားတာကိုး။ ဒါပေမယ့် တိုက်ပွဲဆိုတာက ရှေ့ဆုံးကနေ အနစ် နာခံပြီး မဆုတ်မနစ်ဦးဆောင်တိုက်ပွဲဝင်ပေးမယ့် ခေါင်းဆောင်ရှိဖို့လိုသလို သူနဲ့အတူ နိုင်ငံရေးနည်းပရိယာယ် ကောင်းကောင်းလည်း တပါတည်း ကပ်ပါနေမှ အောင်ပွဲကို မြန်မြန်ဆန်ဆန်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ လူထုခေါင်းဆောင်တွေမှာ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးပရိယာယ် ရှိကြတာများပေမယ့် မရှိခဲ့ရင်လည်း ရှိတဲ့သူတွေက ၀န်းရံပြီး အကြံကောင်း ဥာဏ်ကောင်းတွေ ပေးကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မဟတ္တမ ဂန္ဒီရဲ့ နောက်မှာ ဂျဝါဟာလာနေရူး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ သခင်မြ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ နယ်ဆင်မင်ဒဲလားရဲ့နောက်မှာ သာဘိုအမ်ဘီကီတို့လို နိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေက ၀န်းရံ ပေးခဲ့ကြတာပါပဲ။ ဒါဟာ ထင်သာမြင်သာရှိတဲ့ သူတွေကို ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။ အဆိုပါ လူထုခေါင်း ဆောင်တွေရဲ့ နောက်မှာ တခြားနိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေလည်း အများကြီး ၀န်းရံခဲ့ကြဦးမှာ ပါ။ အဲဒီလို စုဖွဲ့ဝန်းရံမှုနဲ့ပဲ တိုက်ပွဲကို ပြီးဆုံးအောင် တိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပြောရရင် အောင်မြင်ပြီးမြောက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဘယ်လောက်တော်တဲ့ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ ဘယ် လောက်တတ်တဲ့ ပညာရှင်ပဲဖြစ်ဖြစ် လူထုခေါင်းဆောင်ရဲ့ရှေ့ကို ကျွံထွက်ပြီး ငါသိငါတတ် ဆရာကြီးမလုပ်ဘဲ လူထုခေါင်းဆောင်ရဲ့ နောက်ကသာ ၀န်းရံ၊ အကြံကောင်း ဥာဏ်ကောင်းတွေပေးပြီး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြလို့ အောင်ပွဲတွေ ရခဲ့ကြတာပါ။
ဒါပေမယ့် ကျနော့်တို့ရဲ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာ ဖြစ်နေတာက ဒီလိုပါ။ လူထုက ယုံကြည်ကိုးစားတဲ့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ ရှိနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ၀န်းရံပေးတဲ့သူ တွေ ရှိနေတာလည်း အမှန်ပဲ။ ဒါပေမယ့် ၀န်းရံနေတဲ့သူအများစုက နိုင်ငံရေးပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသ မားကောင်းတွေမဟုတ်ဘဲ အာဏာရှင်ဗိုလ်နေ၀င်းနဲ့အတူ မြန်မာပြည်ဒီမိုကရေစီ ဆိတ်သုဉ်းအောင် ကြံရာပါ လုပ်ခဲ့သူတွေ ဖြစ်နေကြလို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံကောင်း ဥာဏ်ကောင်းပေးနိုင်မယ့် ဆရာဦး ၀င်းတင်လို လူမျိုးကျတော့လည်း နအဖက ထောင်ကနေ လုံးဝလွှတ်မပေးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်ချလိုက်ပြီဆိုတာနဲ့ တိုက်ပွဲက ရှေ့ကို ဆက်မရွေ့တော့ဘူး ဖြစ်နေတယ်။

ဒီကြားထဲ တတိယနိုင်ငံက ပဏ္ဍိတတဦးကလည်း မြန်မာပြည်အရေး သူပဲဖြေရှင်ပေးတော့မယ့်ပုံနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကျော်ပြီး နအဖနဲ့ တိတ်တဆိတ် ဆက်ဆံလိုဆက်ဆံ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆန့်ကျင်ဘက်လမ်းစဉ်ကိုရွေးပြီး မီဒီယာမှာ အော်ဟစ်လိုဟစ်နဲ့ နောက်ဆုံးကျတော့လည်း အဆဲခံရ တာပဲ အဖတ်တင်တာပဲ။ တိုက်ပွဲမပြီးမြောက်သေးတဲ့ နိုင်ငံတွေမှာ ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက် ပဲတတ်တတ် လူထုခေါင်းဆောင်ကိုကျော်ပြီး မိုးကျရွှေကိုယ်နည်းနဲ့ ဆရာကြီးဝင်လုပ်ချင်လို့ မရဘူးဆိုတာကို အဆိုပါပဏ္ဍိတ မသိခဲ့တာဟာ အဓိက နိုင်ငံရေးအကင်းမပါးလို့ပါပဲ။ နိုင်ငံရေးအကင်းမပါးတဲ့အခါကျတော့ လုပ်ချင်တာပဲသိပြီး ကိုယ့်နေရာကိုယ် မသိတဲ့အခြေအနေ ဖြစ်ကုန်တာပေါ့။ လူထုခေါင်းဆောင်ကို ၀န်းရံရ ကောင်းမှန်းမသိဘဲ အခုလိုကျဆုံးသွားတဲ့အခါကျတော့ အရည်အချင်းရှိသူတဦးအနေနဲ့ နှမြောစရာတော့ အ ကောင်းသား။

တလောကလည်း ကြားရပြန်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့နည်းနဲ့ နိုင်ငံရေးအဖြေရှာတဲ့ ဆွေး နွေးပွဲတခုလုပ်လေသတဲ့။ အဆဲခံရမှာ ကြောက်လို့လားတော့မသိ၊ အဖွဲ့စုံ လူစုံကို မဖိတ်ဘဲ အသွေးတူ အမွေး တူတွေစုပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ တံခါးပိတ်အစည်းအဝေးလို အသံတိတ်လုပ်သွားတဲ့ပွဲလို့ပဲ သိလိုက်ရ တယ်။ ဒီကြားထဲ ပဏ္ဍိတတချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာနေလို့ တွေ့ ဆုံဆွေးနွေးရေးမဖြစ်တာဆိုပြီး နအဖကြောင်ဖားတွေဘက်ကို သာသာထိုးထိုးတွေးကာ တောင်ပြောမြောက် ပြော လျှောက်ပြောနေကြတာကို ကြားရသေးတယ်။ ပဏ္ဍိတတဦးကျပြန်တော့လည်း စစ်အုပ်စုက လှမ်းခေါ်ရင် ပဲ ငေါက်ကနဲထပြီး သွားဆွေးနွေးတော့မယောင် (သူ့လိုလူကိုလည်း ဟိုကခေါ်ဆွေးနွေးမယ့်ပုံ မရှိပါဘူး) ရေး သားပြောဆိုနေတာကို တွေ့ရပြန်တယ်။ ဒုက္ခ ဒုက္ခ … အို ဒုက္ခ … လို့ပဲ ညည်းတွားနေမိတော့ရဲ့။

ပြောရရင်တော့ ကျနော်တို့နိုင်ငံဟာ လွတ်မြောက်သေးတဲ့ တိုင်းပြည်မဟုတ်လေတော့ လွတ်မြောက်ပြီး သား နိုင်ငံတွေက စဉ်းစားပုံစဉ်းစားနည်းကားနဲ့ စဉ်းစားရင် မှားမယ်ဆိုတာပါပဲ။ ဒီမိုကရေစီနည်းကျ စဉ်းစားပုံစဉ်း စားနည်းနဲ့ အသားမကျသေးတဲ့ မြန်မာပြည်သူအများစုကြီးရဲ့ စိတ်ထဲမှာ ခေါင်းဆောင်တဦးတယောက်ကို ယုံ ကြည်အားကိုးတဲ့အလေ့ ရှိနေဆဲဆိုတာကို သတိပြုရမှာဖြစ်တယ်။ ဒါဟာ မလွတ်မြောက်သေးတဲ့ တိုင်းပြည် တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကြောင့်မို့လည်း မလွတ်မြောက်သေးတဲ့ အခြေအနေတွေဖြစ်တည်နေတဲ့ တိုင်းပြည်တွေမှာသာ လူထုခေါင်းဆောင်ဆိုတာ ပေါ်ထွက်တာပါ။

တောင်အာဖရိကမှာတုန်းက ဆိုရင်လည်း မလွတ်မြောက်ခင်က နယ်ဆင်မင်ဒဲလားကိုပဲ လူထုခေါင်းဆောင်အ ဖြစ် အဓိကအားကိုးပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဟော အခုလွတ်မြောက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက် သွားတဲ့အခါကျတော့ မင်ဒဲလားမရှိလည်း ကျန်လူတွေနဲ့ တိုင်းပြည်ကို မောင်းနှင်လို့ရသွားပြီ။ တောင်ကိုးရီး ယားမှာလည်း ဒီလိုပဲ။ ကင်ဒေးဂျုံမရှိလည်း ရသွားပြီ။ ဒီမိုကရေစီရသွားပြီဆိုတော့ တင်တိုက်စရာ လူထုခေါင်း ဆောင်လည်း မလိုတော့ဘူးလေ။ အရည်အချင်းရှိတဲ့သူက တိုင်းပြည်ကို တက်အုပ်ချုပ်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုရမှာပေါ့။ ကျနော်တို့တိုင်းပြည်လည်း နအဖလက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ရောက်တဲ့အခါကျရင် အခုလက်ရှိ တောင်အာဖရိကလိုပဲ လူထုခေါင်းဆောင်မရှိလည်း မောင်းနှင်နိုင်တဲ့ အနေအထားမျိုးကို ရောက်လာမှာပါ။

အချုပ်အနေနဲ့ ပြောရရင်တော့ အခုလို ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလမှာ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်မပါဘဲ အဖြေရှာမယ်ဆိုတဲ့ အတွေးမျိုးတွေကို ရှေ့တန်းတင်နေကြရင် ဒီမိုကရေစီအစစ် အမှန်နဲ့ ဝေးမြဲဝေးနေဦးမယ်လို့ ယူဆမိကြောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အတွေးအခေါ် ကောင်းခြင်းမကောင်းခြင်းထက် မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် ကိုးစားတဲ့စိတ်က အခိုင်အမာရှိနေဆဲမို့ သူမ မပါတဲ့နည်းနဲ့ အဖြေထုတ်ခဲ့ရင် ထုတ်မောကြီးပဲ အဖတ်တင်လိမ့် မယ်။ ပြည်သူလူထု လက်မခံဖို့က ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီလို လူထုလက်မခံ ရင် ဘာပဲလုပ်လုပ် ဘယ်လိုပဲ အုပ်ချုပ်အုပ်ချုပ် ချောချောမောမော မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်ဖို့လိုပါ တယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးသမားကောင်းတွေရော၊ ပဏ္ဍိတလူတော်တွေပါ ငါတော်ငါတတ်နဲ့ တဗိုလ်တမင်း ထင်ရာစိုင်းပြီး ထမင်းလက်ဆုံ စုစားမနေကြဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ၀ိုင်းဝန်းကြိုးပမ်းကြပြီး သူမကို အကောင်းဆုံး ၀န်းရံပေးခြင်းဖြင့်သာ တိုက်ပွဲကို အောင်အောင်မြင်မြင် အ ဆုံးသတ်ဖို့ ကြိုးပမ်းသင့်ကြောင်း စေတနာနဲ့ အကြံပြု ရေးသားလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.