Sunday, December 7, 2008

[We Fight We Win. -- " More than Media "] 3 New Entries: အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်

ကလစ်လုပ်ပြီး ကြည့် ပါ

တရုပ်နိင်ငံခြားရေးဝန်ကြီး ကြပ်ပြေးမှာ ရောက်နေတယ်

( ဓါတ်ပုံ- ညဏ်ဝင်းနဲ့  ယန်ဂျီချီ - ပေးပို့ သူ Eagle 77)

တရုပ်နိင်ငံခြားရေး ၀န်ကြီးယန်ဂျီချီ နဲ့  နအဖ နိင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်းတို့  ကြပ်ပြေးမြို့ မှာ ဒီနေ့ တွေ့ ကြတယ်။ တရုပ်ဝန်ကြီး ရဲ့  အဆိုအရ နစ်နိင်ငံ ဆက်ဆံရေးဟာ ကောင်းမွန်လျက်ရှိတယ်၊ တိုးတက်လျက်ရှိတယ်လို့ ဆိုတယ်။ သူ မြန်မာ အစိုးအရ အနေနဲ့  တရုပ်ပြည် မြေငလျင် မှာ ကူညီပေးတဲ့ကိစ္စနဲ့  ပီကင်းအိုလံပစ် မှာ ကူညီမှုတွေအတွက် ကျေး ဇူးတင်တယ်လို့ ဆိုတယ်။ ဘာတွေကူညီပေးလိုက်သလဲ ဆိုတာတော့ နအဖ သတင်းစာ တွေ မှာ ထုတ်ဖေါ်တာကို ပြည်သူတွေ မသိရပါဘူး။

တရုပ်ပြည်မြေငလျင်ကိုနအဖကူညီနေတဲ့ အချိန်မှာ နာဂစ်မုန်တိုင်း ကြောင့် မြန်မာလူထုတွေအကြီးအကျယ်ဒုက္ခရောက်နေချိန်ဖြစ် ပါတယ်။ တရုပ်ဝန်ကြီးက မြန်မာ နဲ့  တရုပ်ဟာအိမ်းနီးနားခြင်းကောင်းတွေဖြစ်ပြီး ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေး မှု ၅ ချက်ဆိုတဲ့ ဂါထာ အဟောင်း ကြီး ကို အာဘောင်အာရင်းသန်သန် မန်းမှုတ်သွားပါတယ်။

ဒီမှုအရ တရုပ်က မြန်မာ ကို ကောင်းကောင်း အသုံးချနိင်တာသဖြစ်ပြီး မြန်မာတို့ ဖက်ကတော့ နိင်ငံတကာမှာအထီးကျန် သွားရစေတဲ့ နိင်ငံခြားရေးမူဖြစ်ပါတယ်။ ဒါအပြင်တရုပ်ဝန်ကြီးက တရုပ်အနေနဲ့  မြန်မာ မှာ နိင်ငံရေးတည်ငြိမ်မှု ရှိတာကို မြင်ခြင်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးဖွင့်ဖြိုးမှုနဲ့  လူမှုရေး
ဟန်ချက်ညီဖွင့်ဖြိုး မှု တွေရှိစေခြင်တယ်လို့ ထုတ်ဖေါ်ပြောပါတယ်။ ဒီအချက်တွေထဲမှာ နိင်ငံရေး တည်ငြိမ်မှု၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  လူမှုရေး ဟန်ချက်ညီတိုးတက်မှုဆိုတာကတော့ မြန်မာ ပြည်မှာ ဖြစ်နေတဲ့ နိင်ငံရေးတင်းမာမှုတွေ၊ အမျိုးသားစည်းလုံးညီညွတ်မှုတွေနဲ့  လူမှုရေး အရအလွန် ကြောက်စရာကောင်းတဲ့အခြေအနေတွေကိုတရုပ်တို့ သတိပြုမိလာကြပုံရတယ်။ ဒီအနေထား တွေတိုးတက်ကောင်းမွန်လာဖို့ တရုပ်တို့ ဖက်က စေတနာသန့် သန့်  နဲ့ လုပ်ဆောင်လာမလဲ ဆိုတာကတော့ စောင့်ကြည့် ဖို့ လိုတယ်။ သူက မြန်မာ ပြည် မှာ ၂ ရက်နေ မယ်လို့ သိရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသားတွေကို ၂၀၀၉ ခုနစ်မှ အပြီးလွတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုး ဘန်ကီမွန်းက ကမ္ဘာ့ခေါင်းဆောင်တွေကိုတိုက်တွန်း ပြီး လွတ်မပေးပါက လုံခြုံရေးကောင်စီအစည်းဝေး အထိတင်ပြမယ်ဆိုတဲ့ ကြေညာချက်ထုတ် အပြီးမှာ တရုပ်နိင်ငံခြားရေး ကြပ်ပြေးကိုသွားတာကတော့ တိုက်ဆိုင်နေ တယ်။


Summary

Rest of your post

ဒေါက်တာတင်မျိုးဝင်း ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်စစ်ဆေး

( ဓါတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်မိသားစု ဆရာဝန်၊ ဒေါက်တာ တင်မျိုးဝင်း )

ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က ဒေါ်အောင်းဆန်းစုကြည် ကျမ္မာရေးအခြေအနေကို သွားရောက် စစ်ဆေးတယ်လို့ သိရတယ်။ အစားသောက်နဲ့ ဆေးဝါးများသွားရောက်ပို့ ဆောင်တယ်လို့ သိရတယ်။ ဒေါ်စုရဲ့ ကျမရေးအခြေအနေအသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိသေး ပါ။

Summary

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.