Sunday, December 7, 2008

[နေနတ်နွယ်] 1 New Entry: အသိပေးခြင်း

အသိပေးခြင်း

ချကုန်ကြပြီဗျို့။ ကျနော်တို့လဲ မအားတာနဲ့ အဆင်ပြေမဲ့ဆီပဲ လွှဲပေးလိုက်ပါတယ်။ ပွဲကတော့ ကြည့်ကောင်းမဲ့ပုံပါ။ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေကိုယ်တိုင် တိုက်ပွဲထဲကို ပြန်ဆင်းလာမဲ့ပုံပါ။ ဘာပြောပြော ပွဲဆူသွားအောင် တီးထည့်လိုက်တဲ့ မစ်စတာ လအော်လအဲ့ကိုတော့ ကျေးဇူးဗျာ။ ဒီလိုမှ ဒေါင်းကွင်းနဲ့ စစ်ဖြစ်ရင်း ဒေါင်းကွင်းကလူတွေ ပြန်ပြီး စုံစုံညီညီ တိုက်ပွဲထဲကို ဆင်းလာပါလိမ့်မယ်။ ဒေါင်းကွင်းဆိုတာ ကျနော်တို့ ညီနောင်တွေရဲ့ baby လေးပါ။ ဒေါင်းကွင်းကို လာထိတာနဲ့ လူတွေ အကုန်ပြန်ပါလာပါလိမ့်မယ်။ ဘာတွေဖြစ်သလဲ ကြည့်ချင်ရင်တော့ ဒီကသာ သွားကြည့်ပါ။ http://www.pofpeacocks.co.cc/

ရှေးရိုးမဆန်တဲ့ အတွေးအခေါ်တွေနဲ့ မျက်တောင်မွှေးတဆုံး မကြည့်တတ်တဲ့ အမြင်တွေ ၊ Blog ဆိုတာထက် အရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ သိတတ်တဲ့ စိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ နေနတ်နွယ် Blog ဟာ အောင်မြင်တဲ့ blog တခု ဖြစ်ခဲ့သော်လည်း အရေးကြီးတဲ့ အပြင်မှာ ဖြစ်ပွားနေတဲ့ ကိစ္စ တခုအတွက် နေနတ်နွယ် blog ရဲ့ ဂုဏ်သိက္ခာကို စတေးလိုက်ရမယ်ဆိုလဲ ကျနော်တို့မှ ၀န်မလေးပါ။ Blog ဆိုတာ porn တွေတင်တဲ့ blog တောင် ရှိနေသေးတာပဲ။ ဘာမှ မဟုတ်တဲ့ web log တခုသာ ဖြစ်ပါတယ်။

တော်လှန်ရေးမီဒီယာထဲမှာ ဒါမျိုးတွေ ဖြစ်ပွားခြင်းကို ကျနော်တို့ Blog မှာ ပြင်းထန်စွာ ဂှုံ့ချလိုက်ပါတယ်။ တော်လှန်ရေး မီဒီယာဟာ မီဒီယာစည်းစောင့်သင့်တဲ့အပြင် တော်လှန်ရေး စိတ်ဓာတ်ပါ ရှိသင့်ပါတယ်။ ဘောမတို့ အပြင်းအထန်တိုက်ခိုက်ခဲ့တုန်းက တော်လှန်ရေးသစ္စာကို စောင့်သိခဲ့ပြီး သစ္စာရှိစွာ ရှေ့ဆုံးက အဆဲခံကာ ခုခံတိုက်ခိုက်ခဲ့တဲ့ ကျနော်တို့ကို ခုမှ ပြန်ဆဲချင်ရင်လဲ ရပါတယ်။ ဒီအချိန်မှာ ဒါမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ကျနော်တို့မှ မှန်တဲ့အတိုင်းသာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ မီဒီယာအကြောင်းကို နကန်းတလုံးမှ နားမလည်တဲ့ Blog တခု ဖြစ်သော်လည်း လာဖတ်တဲ့ စာဖတ်ပရိသတ်ကို လေးစားသောအားဖြင့် မှန်ရာကိုသာ ရေးမှာ ဖြစ်ပါတယ်။

အမည်မဖော်လို၍ အမည်ဝှက်ဖြင့် ရေးသွားသော်လည်း ဒေါင်းကွင်းမှာ စာတင်နိုင်သူဆိုတာ ကျွန်ုပ်တို့ညီနောင်ရင်းတွေသာ ရှိပါတယ်။ အထူးသဖြင့် နာမည်ဝှက် တခုကို ပေးနိုင်တယ်ဆိုတာဟာ ကျနော်တို့ လူရင်းများဖြစ်ပြီး password (သို့) admin နေရာကို ရယူထားသူများသာ လုပ်နိုင်ပါတယ်။ ဒေါင်းကွင်းမှာ လူတယောက်ကို ဒါမျိုးတိုက်ခိုက်ပြီဆိုထဲက မသေချာ မရေရာပဲ ရေးမည် မဟုတ်ပါ။ ဒီကိစ္စကို ကြားဘူးနေတာဟာလဲ တော်တော်ကြာခဲ့ပါပြီ။ မင်းတို့က ဘယ်လောက်သေချာလို့ ရေးနေတာလဲဟု မေးလာရင် ကျနော်တို့၏ ဂုဏ်သိက္ခာနှင့်ထပ်၍ ကျနော်တို့ကိုယ်တိုင် ဘယ်သူမှန်းမသိသော ကျနော့်တို့ညီနောင်ဖက်မှ တင်လောင်းလိုက်ပါကြောင်း .............

You received this email because you are subscribed to the real_time feed for http://www.naynatnwe.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.