Monday, December 29, 2008

[ညီနေမင်းရဲ့အချစ်အိမ်မှ ကြိုဆိုပါ၏။] 1 New Entry: ဘောလုံးပွဲကြည့်ချင်သူများအတွက်ပါ

ဘောလုံးပွဲကြည့်ချင်သူများအတွက်ပါ

ကျွန်တော်ကတော့ ဘော့လုံးပွဲ သိပ်ပြီး ၀ါသနာမပါလှပါဘူး .. ဒါပေမယ့် ကျွန်တော့်ဘလောက်လေးမှာ စုံသွားအောင်လို့တင်လိုက်တာပါ ကျွန်တော့်သူငယ်ချင်း နိုင်ငံခြားသားတော်တော်များများကို ကောင်းနိုးရာရာများကို မေးပြီးတင်ထားပေးပါ့မယ် ..
အခုတော့ ဒီ ဆိုက်လေးကို သွားကြည့်လိုက်ပါဦး

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Random] 2 New Entries: စိတ်ကူးငယ်ငယ်

စိတ်ကူးငယ်ငယ်

ဟင်.. စိတ်ကူးငယ်ငယ်လား ကြီးကြီးလားတဲ့.. ဘာတုန်း.. လွယ်မယောင်နဲ့ခက်.. တိမ်မယောင်နဲ့နက် ဆိုတာမျိုးတွေ လာ tag ပြန်ပြီ.. သိပ်ခက်တာပဲကိုး...
ဘာရေးရမလဲ.. အိဖူးရေ..
ဘာ.. ရေးချင်တာရေး ဟုတ်လား.. အေးလေ.. စိတ်ကူးယဉ်ပါတယ်ဆိုမှတော့ ဖြစ်ချင်တာတွေ လျှောက်ရေးရုံပေါ့နော့.. Yes, Right .. ဒါပေမယ့် နန်းညီကပြောပြီဆိုမှတော့ ခေါင်ခေါင်.. မတုနဲ့.. ကိုအိပ်မက်ရှင် တို့ကလည်း ပြောရမယ်နော်.. အိုကေ ဒါဖြင့်လည်း စိတ်ကူးမဟာတွေကို မကွယ်မ၀ှက်ပြောတော့မယ်..
ဆက်လက်ရှုစားကြပါကုန်.. .. ....

ပင်းတယမြို့က သိပ်ချစ်စရာကောင်းတယ်.. လှပပြီး အေးဆေးတယ်.. နောက်ခံသမိုင်းကြောင်းလေးကလည်း ချစ်စရာ.. အဲဒိမြို့မှာ နေမယ်.. တောင်ကုန်းတစ်ခုလုံးကို ပိုင်မယ်.. လက်ဘက်ပင်တွေကို လှေခါးထစ်နည်းနဲ့ စိုက်ထားမယ်.. အဲဒီအခင်းရဲ့ဟိုးထိပ်မှာမှ အိမ်ကိုဆောက်ထားမယ်.. အိမ်ဆောက်တဲ့အခါ တစ်ခုထဲမဟုတ်ပဲ အိပ်ခန်းကတစ်ဆောင် ဧည့်ခန်းကတစ်ဆောင် မီးဖို ထမင်းစားခန်းကတစ်ဆောင်.. အဆောင်တွေနဲ့ဆောက်မယ်.. တစ်ခုနဲ့တစ်ခုကြားက သစ်ပင်တွေ.. တရုတ်အိမ်တွေလိုလည်းမဟုတ်ပြန်ဘူး.. အိမ်ကပဲ ဥယျာဉ်.. ဥယျာဉ်ထဲမှာပဲ အိမ်ဖြစ်ရမယ်.. အိပ်ခန်းကနေ ဆီးကြည့်လိုက်ရင် ဟိုဘက်မှာ ရှမ်းရိုးမတောင်တန်း.. ဒီဘက်က လက်ဘက်ခင်းတွေနဲ့ တောင်ခြေက ပုန်းတလုတ်ရေကန်..

မိုးလင်းရင် အိပ်ခန်းတံခါးကိုဖွင့် လေအေးအေးကိုရှူပြီး တစ်နေ့တာကို စမယ်.. ချစ်သူ (ယောက်ျားလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ) က ယူလာပေးတဲ့ကော်ဖီကိုသောက် .. ၀ရံတာလေးကိုထွက်လို့ နံနက်စာ တူတူစားကြမယ်.. ချစ်သူနဲ့မျက်နှာချင်းဆိုင်ပြီး လေနုနုအေးအေးကြားမှာ.. စိုက်ခင်းစိမ်းစိမ်းတွေပေါ်မှာ.. နေရောင်ခြည်နွေးနွေးထဲမှာ..

နံနက်စာစားပြီးတော့ ရေမိုးချိုးပြီး စိုက်ခင်းတွေကိစ္စ စီမံဖို့ သူက အခင်းထဲဆင်းသွားတဲ့အခါ.. စတူဒီယိုထဲဝင် ပန်းချီဆွဲမယ်..
ဒါမှမဟုတ် မကြာခင်က ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြင်ဆင်မှုတွေလုပ်.. ဒါမှမဟုတ် အမှောင်ခန်းထဲဝင် ဓာတ်ပုံကူး..
ဒါမှမဟုတ် စာရေးရင်ရေး...
ဒါမှမဟုတ် ပန်းချီဆွဲဖို့ ဈာန်သွင်းတဲ့အနေနဲ့ သီချင်းဖွင့်ထားပြီး ဘာမှမလုပ်ဘဲ ထိုင်နားထောင်နေ..
ဒါမှမဟုတ် အင်တာနက်ဝင် ဘလော့လျှောက်လည်..
ဒါမှမဟုတ် အသိမိတ်ဆွေ .. ဆွေမျိုးသားချင်းတွေနဲ့ ဖုန်းပြော..
ဒါမှမဟုတ် စာအုပ်စင်တွေအပြည့်နဲ့ စာကြည့်ခန်းထဲဝင် စာအုပ်တွေဖတ်..
တစ်ခုခုပေါ့လေ..

နေ့လည် သူ ထမင်းစားပြန်လာတဲ့အခါ.. နေ့လည်စာတူတူစား.. ပြီးတော့ သူက တစ်ရေးတမောအိပ်.. ညနေစောင်းတော့ နှစ်ယောက်သား အခင်းထဲဖြစ်ဖြစ်.. အောက်ကိုဆင်းပြီး ပုန်းတလုတ်ကန်ပတ်လည်ဖြစ်ဖြစ် လမ်းလျှောက်ထွက်ကြမယ်.. ပြီးမှ ညစာကို မြို့ထဲတစ်နေရာရာမှာစား.. ပြီးရင် အိမ်ကိုလမ်းလျှောက်ပြန်.. ညချမ်းအချိန်တွေဆိုသူက နေ့လည်ကဆွဲထားတဲ့ ပန်းချီကားတွေ ဓာတ်ပုံတွေကို ကြည့်ပြီး ဝေဖန်ချက်ကပေးတတ်သေးတာ..

တစ်ချို့နေ့တွေမှာတော့ တောင်ကြီးဖြစ်ဖြစ်တက်ပြီး ဈေးဝယ်ရင်လည်းဝယ်.. အင်းထဲလည်.. ချစ်သူနဲ့တူတူသွားဖြစ်ရင်တော့ ကော်ဖီဆိုင်လေးဘာလေးထိုင်.. ဘ၀က ရိုးရိုးလေးနဲ့ ငြိမ်းချမ်းနေမယ်..

မကြာခဏလည်း ခရီးထွက်ဖြစ်မယ်.. သူက သွားရလာရတာ ၀ါသနာပါသလို.. ကိုယ်ကလည်း ဓာတ်ပုံတွေရိုက်ချင်သေးတာမဟုတ်လား.. ဖျတ်ကနဲ ဖျတ်ကနဲ သူ့ပုံကိုလှမ်းရိုက်ယူတတ်လို့ ပင်တိုင်မော်ဒယ်လ်တောင် ဖြစ်မှန်းမသိဖြစ်နေပြီ.. အိမ်မှာနေရင်းလည်း မြင်ရာတွေ့ရာတွေ ရိုက်တတ်လွန်းလို့ ကင်မရာကိုင်လာရင် သူကကြောက်နေပြီ..

အားလပ်ရက်တွေဆို လာလည်တဲ့သူငယ်ချင်းတွေနဲ့ ဥယျာဉ်ကြီးထဲမှာ ပျော်ပွဲစားထွက်.. အကင်လုပ်စား.. အသီးဝိုင်လေးတွေသောက်လို့.. တစ်ခါတလေ မောင်နှမသားချင်းတွေ လာလည်ပြန်တော့လည်း သူတို့ သား သမီးလေးတွေက ခြံထဲမှာ မျောက်ရှုံးအောင် ဆော့ကြဦးမှာ..

ပန်းချီပြပွဲတွေဘာတွေရှိလို့ ရန်ကုန်လာဖြစ်ရင်လည်း ရုပ်ရှင်ကြည့် အမျိုးတွေ သူငယ်ချင်းတွေဆီလည်.. ရန်ကုန်တရုတ်တန်းကိုလျှောက်.. လိုအပ်တာတွေဝယ်.. မြို့ပြရဲ့ ရှုပ်ရှုပ်ထွေးထွေးအလှကို ခံစားရမယ်..

အဲလိုနဲ့ ချစ်သူနဲ့အတူနေ.. ပန်းချီဆွဲလိုက် ဓာတ်ပုံရိုက်လိုက်.. ပြပွဲတွေလုပ်လိုက်.. ဘလော့ရေးလိုက်.. စာအုပ်ဖတ်လိုက်.. ခရီးတွေထွက်လိုက်.. သူငယ်ချင်းတွေနဲ့ပျော်လိုက်နဲ့ပဲ ဘ၀က ငြိမ်းချမ်းနေပါတော့တယ်.. .. ...

နန်းညီရဲ့မေမေ

ဒီဇင်ဘာ ၂၈ ရက်နေ့က ကျွန်မ မေမေရဲ့မွေးနေ့ပါ.. မနက်လင်းလင်းချင်း မျက်နှာတောင်မသစ်အားဘဲ Happy Birthday ဆိုပြီး အာဘွားပေးလိုက်သေးတယ်..

အမေတွေဟာ အံသြဖို့ကောင်းတယ်လို့ ကျွန်မထင်တယ်.. အနည်းဆုံးတော့ ကျွန်မမေမေဟာ အံသြဖို့ကောင်းလောက်အောင်ကို ကြံ့ခိုင်တဲ့မိန်းမတစ်ယောက်ဖြစ်တယ်.. ကျွန်မအတွက် မေမေဟာ ခွန်အားဖြစ်တယ်..
ဘ၀ရဲ့လုံခြုံရာလည်းဖြစ်တယ်..
နှစ်သိမ့်ကြင်နာမှုလည်းဖြစ်တယ်..
နွေးထွေးရင်းနှီးမှုလည်းပေးနိုင်တယ်..
ဘာမဆို တိုင်ပင်ဖော် ကျွန်မရဲ့ သူငယ်ချင်းကောင်းဆိုလည်း ဟုတ်တယ်.. ယုံကြည်ချက်တွေရဲ့ထောက်ခံအားပေးသူလည်းဖြစ်နေသေးတယ်..
ဘ၀မှာ ရှေ့ဆက်ဖို့ရဲရင့်မှုတွေကိုလည်းပေးတယ်..
ကျွန်မအတွက် အကောင်းဆုံးစာဖိုမှူးလို့လည်း ပြောလို့ရသေးတယ်.. ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်တတ်အောင်လည်း သင်ပေးတယ်..
ကျွန်မရဲ့ လမ်းပြဆရာသမားလည်းဖြစ်တယ်..
လေးစားရတဲ့ စံနမူနာယူစရာမိန်းမတစ်ယောက်လည်းဖြစ်တယ်..
အနှစ် ၂၀ ကျော် ကျွန်မအတွက် မေမေရှင်သန်ပေးခဲ့တယ်.. မေမေ့အတွက် ကျွန်မပြန်ပြီး ရှင်သန်ချင်ပါသေးတယ်.. အဲဒိအခွင့်အရေးအတွက်..
နောက်နှစ်ပေါင်းများစွာ ဆက်ပြီးပျော်ရွှင်ကျန်းမာစွာ ရှင်သန်နေနိုင်ပါစေ..

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 2 New Entries: ဆရာဝန်အသင်းက ဂျူးရဲ့စာပေဟောပြောပွဲ (အပိုင်း-၂)

ဆရာဝန်အသင်းက ဂျူးရဲ့စာပေဟောပြောပွဲ (အပိုင်း-၂)

တောကျောင်းဆရာရေ

အချစ်ဝထ္ထုတွေ၊ အတွေးအခေါ်သစ်တွေ၊ တင်ပြပုံစံသစ်တွေနဲ
့နာမည်ကြီးခဲ့တဲ့(တကယ်တော့ကြီးနေဆဲပါ) ဆရာမတစ်ယောက်၊
ပညာပေးတွေ ဘက်ကိုပိုအာရုံစိုက်လာပြီး၊ ပညာပေးတွေကို ဘာလို့ လုပ်လာဖြစ်ခဲ့လဲ၊
ရေးဖြစ်လဲဆိုတဲ့အကြောင်းကို ဒီဟောပြောပွဲလေးမှာဆရာမရှင်းပြသွားတယ်လို
့ထင်ပါတယ်၊၊

အမှန်အတိုင်းဝန်ခံရရင်၊ ဒီစာပေးဟော ပွဲလေးမှာ ဆရာမဂျူးကို၊ အမှတ်တရ ဂျူး၊
မရှိမဖြစ်မိုးဂျူး၊ စတဲ့ စတဲ့ ကျွန်တော်တို့ ရင်ထဲက ဂျူး အဖြစ်နဲသွားခဲ့တာပါ၊၊
ဆိုလိုတာက ကျွန်တော်မျှော်လင့်ထားသလို ဖြစ်မလာခဲ့လို့ စောဒကတက်ခြင်းမျိုးမဟုတ်ပါ၊၊
ကျွန်တော့်ရင်ထဲက ဂျူးနဲပတ်သက်တဲ့ခံစားချက်ကို တင်ပြခြင်တာပါ၊၊

ဆရာမဆီက အချစ်ဝတ္တု စစ်စစ်လေးတွေကို မျှော်လင့်နေတဲ့ ပရိတ်သတ်ကို
ကျွန်တော်နားလည်ပါတယ်၊၊ ဒီနေရာမှာ သုတစာရေးဆရာတွေနဲ့  ရသစာရေးဆရာတွေရဲ
့ကွဲပြားခြားနားချက်ကလေးကို ဉာဏ်မှီ သလောက် ကျွန်တော့် အမြင်လေးကို
တင်ပြခွင့်ပြုစေချင်ပါတယ်၊၊

ကျွန်တော်တို့ ခေတ်အခါက ဆရာနွမ်ဂျာသိုင်း၊ ဆရာမောင်စိန်ဝင်း(ပုတီကုန်း)၊
ငြိမ်းကျော်နှင့် (အခြားသော ခေတ်ပြိုင် ဆရာ၊ဆရာမများ) ရဲ့ ရသစာပေးကောင်းများဟာ
တခေတ် တခါက၊ ၀တ္တုရွေခေတ်လို့ ခေါ်နိုင်ခဲ့ရလောက်အောင်၊ လျမ်းလျမ်းတောက်တဲ့ကြပါတယ်၊၊
အဲဒီအထဲကအသက်ထင်ရှားကျန်ရှိနေခဲ့တဲ့ ဆရာ၊ဆရာမများဟာ၊ မိမိတိုဖြတ်သန်းခဲ့ရတဲ့
ပတ်ဝန်းကျင်၊ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်၊ အသက်အရွယ်၊ စာပေအယူအဆ
ပြောင်းလဲလာနိုင်မှူ ဆိုတဲ့အချက်တွေက သူတို့ ရဲ့ အရေးအသားဘ၀အမြင်၊
ခံယူချက်အမြင်တွေအပေါ်ရိုက်ခတ်ကောင်းရိုက်ခတ်နိုင်ပါလိမ့်မယ်၊၊

လျှပ်တစ်ပြက် မှာတွေ့လိုက်ရတဲ့  ဆရာနွမ်ဂျာသိုင်းနဲ့ အင်တာဗျူးက
ဒီအဖြေတော်တော်များပေးထားပါတယ်၊၊
သတိရလို့  နွမ်ဂျာသိုင်းရဲ့ ”ဒေါင်းယဉ်ပျံဘုံနဘေးမှာစာရေးလို့ ထားချင်တယ်” လို
ဝထ္ထုမျိုးတွေကိုလွမ်းပါတယ်၊၊ ကျွန်တော်တို့ ခေတ်ကိုက ဒီလိုစာပေတွေကို ဖတ်ခွင့်ရခဲ့ဘို
့ဖန်တီးသူကလည်းဖန်တီးနိုင်ခဲ့၊ စာဖတ် သူ တွေဘက်ကလည်း၊အချိန်တွေရှိခဲ့ပါတယ်၊၊
ဒီဘက်ခေတ်မှာ Entertainmentတွေသိပ်များလာတာကြောင့်လား၊ လူငယ်တွေကရော
အချိန်မပေးနိုင်ကြတော့ခြင်းလားဆိုတာ အတွေးနက်မိပါတယ်၊၊

ဆရာမဂျူးကို ဒီအချက်တွေနဲ့  ချဉ်းကပ်ကြည့်တဲ့အခါ၊ (၅၀) ပတ်ဝန်းကျင်
စာရေးဆရာမတစ်ယောက်ဆီက ကျွန်တော်တို့ ဘာတွေ မျှော်လင့်နိုင်မလဲဆိုတာ
ရေးရေးတော့ပေါ်လာခဲ့ပါတယ်၊၊
ဆရာမက သူ့ ရဲ့ အမြင်၊ခံယူချက်တွေ ပြောင်းသွားစေနိုင်လောက်တဲ့
အဖြစ်တစ်ခုအကြောင်းပြောပြရာမှာ၊ New York Times မှာဖေါ်ပြခဲ့တဲ့
Australian Philosopher Peter Singer ရဲ့  The Singer Solution to World
Poverty ဆို့ တဲ့ ဆောင်းပါးတစ်ပုဒ်က၊ သူမဒီလိုပြောင်းလဲသွားစေခဲ့တယ်လိုဆိုပါတယ်၊၊

ဆရာမကဆက်ပြီး၊ အဲဒီအကြောင်းအရာကို ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပေမဲ့
အကြောင်းအမျိုးမျိုးကြောင့်၊ ပုံနှိပ်ဖေါ်ပြခြင်းမခံခဲ့ရဘူးလို့ဆိုပါတယ်၊၊
ဆရာမရဲ့ ဒုတိယ အကြိမ်ကြိုးပမ်းမှု့ ရလဒ်အဖြစ် “အ၀ါရောင်ရထား”ဆိုတဲ့ နာမည်နဲ့ 
ဝတ္တုတိုအဖြစ်၊ ထွက်ရှိလာခဲ့ပါတယ်၊၊အဲဒီအထဲမှာပါတဲ့ အကြောင်းအရာကို မူရင်းအရသာရရှိမှ
ခံစားနိုင်မှာမို့ မူရင်းဆောင်းပါးထဲက၊ အဓိကအကြောင်း အရာလေးကို၊ဖေါ်ပြပေးလိုက်ပါတယ်၊၊
(ဒီအကြောင်းအရာဟာ ၁၉၉၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ New York University က
အတွေးအခေါ် ပညာရှင် တစ်ဦးဖြစ်တဲ့  Peter Unger ရဲ့  ” Living High and
Lettind Die” ကကောက်နုတ်ချက်ပါ၊၊)

“Bob is close to retirement. He has invested most of his savings in a
very rare and valuable old car, a Bugatti, which he has not been able
to insure. The Bugatti is his pride and joy. In addition to the
pleasure he gets from driving and caring for his car, Bob knows that
its rising market value means that he will always be able to sell it
and live comfortably after retirement. One day when Bob is out for a
drive, he parks the Bugatti near the end of a railway siding and goes
for a walk up the track. As he does so, he sees that a runaway train,
with no one aboard, is running down the railway track. Looking farther
down the track, he sees the small figure of a child very likely to be
killed by the runaway train. He can’t stop the train and the child is
too far away to warn of the danger, but he can throw a switch that
will divert the train down the siding where his Bugatti is parked.
Then nobody will be killed — but the train will destroy his Bugatti.
Thinking of his joy in owning the car and the financial security it
represents, Bob decides not to throw the switch. The child is killed.
For many years to come, Bob enjoys owning his Bugatti and the
financial security it represents.”

ဒီနေရာမှာဆရာမဂျူးရဲ အမြင်ပဲဖြစ်တဲ့ ဆောင်ပါးရေးသူ Singer ရဲ့ မေးခွန်းများကို
ဖေါ်ပြပေးပါရစေ၊၊ ဇာတ်လမ်းပါ မိမိရဲ ကားလေးဆုံးရှူံးမှာကိုကြောက်လို့ လမ်းလွဲကို မပြောင်းပဲ၊
ခလေး ဘက်ကိုသာရထား ကိုသွားစေခဲ့တဲ့  Bob ရဲ့ လုပ်ရပ်ကို ခလေးတစ်ယောက်ရဲ့ 
အသက်ဆိုတာနဲ့နှိုင်းယှဉ်ပြီး၊ ကျွန်တော်တို့ အားလုံး တညီတညွတ်တဲ့ မှားတယ်လို
့ထင်မြင်ချက်ပေးဖြစ်ကြမည်ဖြစ်ကြောင်း၊၊

တကယ်လို့ ကျွန်တော်တို့  Bob ရဲ့ လုပ်ရပ်ကိုမှားတယ်လို့ ဆိုမယ်ဆိုရင်၊စာဖတ်သူဟာ၊
ဒီကားလေး တစ်စီးစာလောက်ကိုတော့ရင်းနှီးပြီး၊ခလေးရဲ့ အသက်ကိုကယ်ဆယ်ချင်တဲ့သူအဖြစ်
ယူဆရမှာ ဖြစ်ကြောင်းနဲ့ ၊ အဲဒီလိုဆိုရင် $200 ဟာ ကမ္ဘာပေါ်မှာ (၂)နှစ်အရွယ်ဖျားနာနေတဲ့
ခလေးတစ်ယောက်ကို(၆) နှစ်အရွယ် ကျန်မာရေးကောင်းတဲ့ ခလေးအဖြစ်
စောက်ရှောက်ပေးနိုင်ကြောင်းနဲ့ Bob ရဲ့  လုပ်ရပ်ကိုမှားတယ် လို့ ဆိုချင်သူတွေဟာ၊
အဲဒီဆောင်းပါးတွင်ဖေါ်ပြထားတဲ့ ကယ်ဆယ်ရေးဌာနတွေမှာ လှူဒါန်းနိုင်ကြောင်း
ဖေါ်ပြထားပါတယ်၊၊

ဆောင်းပါးရှင်ဟာ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တာနဲ့ အညီ၊
ယူဆမယ်ဆိုရင်မလှူဒါန်းသူတွေက ခလေးအသက်ကိုပဲ ဆုံးရှုံးခံပြီး၊
မိမိကားကိုအဆုံးရှူံးမခံတဲ့လုပ်ရပ်နဲ့တူတဲ့လူစားမျိုးဖြစ်ကြောင်းနဲ့  Bobတစ်ဦးတည်း
ဒီလိုအခြေအနေကိုရင်ဆိုင်ခဲ့ရမဟုတ်ကြောင်းနဲ့ ကျွန်တော်တိုအားလုံး
ဒီအခြေအနေကို ရင်ဆိုင်နေရတာဖြစ်ကြောင်း၊ ကောက်ချက်ဆွဲ၊အဆုံးသတ်သွားပါတယ်ခင်ဗျ….

အဲဒီဆောင်းပါနဲ့ ပတ်သက်လို့  အမေရိကားနဲ့ ကမ္ဘာအရပ်ရပ်မှာ၊
သဘောမတူနိုင်သူတွေက အချက်အလက်နဲ့ တင်ပြ ဆွေးနွေးထားတွေကလည်း၊
စိတ်ဝင်စားဘို့ ကောင်းလှပါတယ်၊၊

စာပေးဟောပြောပွဲလေးကို အဓိကထားခြင်တာမို့ ရှေ့ ဆက်ပါရစေခင်ဗျ..

တောကျောင်းဆရာရေ…
ဒီအဖြစ်အပျက်တွေဟာ ဆရာမရဲ့ ဆီက ရသ ၀တ္တုလေးတွေ မျှော်လင့်တဲ့ ပရိတ်သတ်
အတွက် လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်ခဲ့မလား ဆိုတာကာတော့ Anchor
တစ်ဦးရဲ့ စကားငှားသုံးရရင် “ဝေဖန်ဖို့ နဲ့ စဉ်းစား ဆင်ခြင်ဖို့ပါခင်ဗျာ”..

ကျွန်တော် ဇော်ဝင်းထွဋ်ရဲ့ “ရည်းစားဦးအချစ်ဇာတ်လမ်း” ထဲက
စာသားတစ်ချို ကိုလည်းသွားသတိရမိပါတယ်၊၊
“ဟို .. တုန်းကလောက်မကောင်းဘူး…
တက်ကြွတဲ့ လွတ်လပ်အချစ်…ပြန်အောင့်မေ့..တယ်…”

ကျွန်တော်တို့ ရဲ့ အချစ်တွေမှာလည်းဒီလိုပဲဆရာရေ…
အခုအချစ်တွေမတက်ကြွတော့ဘူး…
ရန်ခုန်နူန်းတွေလည်း နှေးကွေးလာသလားလို့ ပါ..

အတွေ့ အကြုံသစ်နဲ့ အတွေးအခေါ်သစ်တွေကနေရာယူပြီကိုး
တောင်းကျောင်းဆရာရဲ့ ….

ဖန်ခွက်ထဲပါ ရေတစ်ဝက်တောင်ရှိပါလား တောကျောင်းဆရာရေ..

P/S ရှေ့ တစ်ပတ်ကိုတော့ ဆရာမဂျူးရွတ်သွားတဲ့ ကဗျာ တွေနဲ့ မျိုးဆက်သစ်
တွေအကြောင်းအတွေးစတစ်ချို့  နဲ့ ပဲ ကျွန်တော့် ပေးစာကို
အဆုံးသတ်ခွင့်ပေးပါခင်ဗျာ..

James

စိတ်ငြိမ်းချမ်းမှုရှာပုံတော် (အပိုင်း-၅)

John E. Coleman ၏ The Quiet Mind စာအုပ်အား
ဟိန်းလတ် မြန်မာပြန်ထားသော" စိတ်ငြိမ်းချမ်းမှုရှာပုံတော်" စာအုပ်ကို
တနင်္ဂနွေနေ့တိုင်း အပိုင်းလိုက်ခွဲပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါသည်။
ယခုတပတ်တွင် ဖော်ပြမည့် အကြောင်းအရာမှာ
အခန်း(၄) ဖြစ်သည့် "ဘာသာရေးလား၊ ဘ၀လမ်းကြောင်းလား"အခန်းဖြစ်ပါသည်။

အခန်း(၄)

ဘာသာရေးလား၊ ဘ၀လမ်းကြောင်းလား

အနောက်နိုင်ငံသားများသည် ယေဘုယျအားဖြင့် ဗုဒ္ဓ၀ါဒကို
ဘာသာရေးတစ်ရပ်အနေနှင့်ထက် ဘ၀ဒဿနအနေနှင့် ပို၍မှတ်ယူ
သုံးသပ်တတ်ကြသည်။ တစ်စိတ်တစ်ပိုင်းအနေနှင့်ကား မှန်ကောင်းမှန်နိုင်ပါသည်။
သိဒ္ဓတ္ထဟူသော မင်းပျိုမင်းလွင်လေးတစ်ပါးသည် သူ၏ထွင်းဖောက်သိမြင်တတ်သော
ဉာဏ်အမြင်ဖြင့်သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရသည့် ဗုဒ္ဓမြတ်စွာအဖြစ်သို့
ရောက်ရှိခဲ့သော်လည်းသူ၏တရားဓမ္မတို့သည်ကား လူသာမန်တို့၏
အတွေးစိတ်ကူးများကို ဖမ်းစားနိုင်ခဲ့၍ဖြစ်သည်။

လူသားတို့၏ကံကြမ္မာသည် အခွင့်အလမ်းကြောင့်လည်းကောင်း
ကံကြမ္မာမည်ကာမတ္တကြောင့်လည်းကောင်မဟုတ်သည်ကို ဗုဒ္ဓသည်
နားလည်သိရှိခဲ့သည်။ တန်ခိုးရှင်တစ်ပါးပါး၏ ထင်ရာစိုင်းချင်တိုင်းစိုင်းပြီး
ဖန်ဆင်းလိုက်မှုပေါ်တွင်လည်း မူတည်မနေကြောင်း ဗုဒ္ဓသည် သိရှိခဲ့သည်။
လူသားတို့၏ကံကြမ္မာသည် သူတို့ မဆွက ပြုခဲ့ဖူးသော ကုသိုလ် အကုသိုလ်တို့
အပေါ်တွင်သာ ခြေရာကောက်ရမည်ဟု ဟောကြားခဲ့သည်။

ဗုဒ္ဓသည်အကျိုးနှင့်အကြောင်းတရားကိုလည်း ဟောကြားခဲ့သည်။
ပြုလုပ်မှုတိုင်းတွင်ယင်းနှင့် ထပ်တူညီမျှသော ဆန့်ကျင်ဘက်တန်ပြန်သက်ရောက်မှု
ရှိကြောင်းကိုလည်း ဗုဒ္ဓသည်တွေ့ရှိခဲ့သည်။

ယခုပစ္စုပ္ပန်ဘ၀တွင် ခံစားနေရသော ဒုက္ခ သုက္ခ ဝေဒနာများသည်
ယခင်ဘ၀ကပြုခဲ့ဖူးသောအကုသိုလ် ဒုစရိုက်တို့၏အကျိုးဆက်ဖြစ်ကြောင်းကို
အကျိုးနှင့်အကြောင်းတရားတို့ဖြင့်ရှင်းပြဟောကြားခဲ့သည်။

ဗုဒ္ဓ၏ဒဿနအရမူ ကာယကံ ၀စီကံ မနောကံ ပြုမှုမှုတိုင်းတွင် အကျိုးဆက်
ရှိသည်ဟုဆို၏။စကြာဝဠာကြီးတစ်ခုလုံးကို စာရိတ္တဆိုင်ရာ ဥပဒေသများဖြင့်
အုပ်စိုးထားသည်။ ထိုဥပဒေသများကို ဆန့်ကျင်ချိုးဖျက်ရန် အားထုတ်လျှင်
ဒုက္ခဝေဒနာတို့ ပို၍တိုးပွားလာမည်ဟု ဟောကြားခဲ့သည်။

ကုသိုလ်ကောင်းမှုပွားစီးသူအဖို့ ဒုက္ခဝေဒနာ လျော့ပါးကာ ချမ်းသာသုခကို
ရနိုင်သကဲ့သို့အကုသိုလ်ပွားစီးသူအဖို့ကား ဆင်းရဲဒုက္ခများသာ အဖန်တလဲလဲ
သံသရာဝဲတွင် ခံစားရမည်။

အခါမလပ် လည်ပတ်ပြောင်းလဲနေသော စိတ်မှနေ၍ ကမ္မခေါ် လှုပ်ရှားမှု
တွန်းအားသည် ဖြစ်ပေါ်လာသည်။ ကမ္မ၏အကြောင်းတရားတို့သည်လည်း
အခါမလပ်ပင် ပြောင်းလဲကာ ထွေပြားများမြောင်လှသော
သဘာဝအပေါင်းကိုပြဌာန်းသည်။

ကျွန်တော်ကြိုးစား၍ရှင်းပြပါမည်။
ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်ပန်းတိုင်မှာ နိဗ္ဗာန်ပင်ဖြစ်သည်။
နိဗ္ဗာန်တွင် လောဘ ဒေါသ မောဟ တို့ ချုပ်ငြိမ်းကာ ဒုက္ခအပေါင်းတို့ကို
ကင်းဝေးမည်ဖြစ်သည်။

ဗုဒ္ဓရှာဖွေတွေ့ရှိသော စကြာဝဠာဆိုင်ရာ စာရိတ္တတရားကို ‘ဓမ္မ’ ဟုခေါ်သည်။
ဤဓမ္မတရားသည် ဘာသာတရားကိုင်းရှိုင်းကျင့်ကြံသူ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့အား
နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရန် လမ်းပြပေးမည်ဖြစ်သည်။

ယင်းဓမ္မတရား၏ အချုပ်မှာ ‘အရိယာသစ္စာတရားလေးပါး’ ဖြစ်သည်။
‘အရိယာသစ္စာတရားလေးပါး’ ဆိုသည်မှာ ‘ဒုက္ခသစ္စာ’၊ ‘သမုဒယသစ္စာ’၊
‘နိရောဓသစ္စာ’နှင့်’မဂ္ဂသစ္စာ’ တို့ဖြစ်ကြသည်။

ပထမသစ္စာတရားဖြစ်သော ‘ဒုက္ခသစ္စာ’ သည် ဖြစ်တည်မှုပုံ သဏ္ဍာန်အားလုံးတို့သည်
ဒုက္ခဖြစ်စရာ အကြောင်းရပ်များသာ ဖြစ်ကြောင်းပြဆိုသည်။

ဘ၀ဆိုသည်မှာ တကယ်တော့ ရောဂါဆိုးကြီးတစ်ခုသာ ဖြစ်သည်။ ဘ၀ကြီးနှင့်
ဒွန့်တွဲလျက်အမြဲတစေ ကပ်ပါလာသော လက္ခဏာသုံးခုမှာ ‘အနိစ္စ’၊ ‘ဒုက္ခ’ နှင့်
‘အနတ္တ’ တို့ဖြစ်ကြသည်။

‘အနိစ္စ’ ဆိုသည်မှာ ပြောင်းလဲခြင်း၊ မတည်မြဲခြင်း၊ အမြဲမရှိခြင်း ဟု
အဓိပ္ပာယ်ရသည်။

‘အနတ္တ’ ဆိုသည်မှာ အတ္တကင်းမဲ့မှု၊ ငါမဟုတ်မှုဟု အဓိပ္ပာယ်ရသည်။

ဒုတိယသစ္စာတရားဖြစ်သော ‘သမုဒယသစ္စာ’ မှာ ဒုက္ခ၏ အရင်းအမြစ်ကိုပြဆိုသည်။
ဒုက္ခဖြစ်ရခြင်းအကြောင်းတရားများကို ရှင်းပြသည်။

တတိယသစ္စာတရားဖြစ်သော ‘နိရောဓသစ္စာ’ မှာ ဒုက္ခ၏ ချုပ်ငြိမ်းမှုကိုပြသည်။
ဒုက္ခတို့ မည်သို့ချုပ်ငြိမ်းပြီး လွတ်မြောက်မှုကို မည်သို့ရရှိနိုင်ကြောင်းကို ပြသသည်။

ဘ၀ သို့မဟုတ် မရဏကို ငတ်မွတ်ခြင်းသည်ပင် တဏှာဖြစ်သည်။ ယင်းသည်ပင်
ဒုက္ခ၏ပင်မရင်းမြစ်နှင့် အကြောင်းတရားဖြစ်သည်။ အကြောင်းတရားချုပ်ငြိမ်းလျှင်
အကျိုးတရားဖြစ်သောဒုက္ခသည်လည်း ချုပ်ငြိမ်းသွားမည်သာဖြစ်သည်။

စတုတ္တသစ္စာတရားဖြစ်သော ‘မဂ္ဂသစ္စာ’ မှာ ဗုဒ္ဓဘာသာဝင်တို့အတွက် ပန်းတိုင်သို့
သွားရာလမ်းကိုပြဆိုခြင်းပင်ဖြစ်သည်။ ယင်းကို ‘မဂ္ဂင်ရှစ်ပါး’ ဟု ခွဲခြားထားသည်။
မှန်ကန်သောအမြင်(သမ္မာဒိဌိ)၊ မှန်ကန်သောအတွေးအခေါ်( သမ္မာသင်္ကပ္ပ)၊
မှန်ကန်သောအပြောအဆို(သမ္မာဝါစာ)၊ မှန်ကန်သောအပြုအမူ(သမ္မာကမ္မန္တ)၊
မှန်ကန်သောအသက်မွေးမှု(သမ္မာအာဇီဝ)၊မှန်ကန်သောလုံ့လစိုက်မှု(သမ္မာဝါယမ)၊
မှန်ကန်သောစိတ်နှလုံးထားတတ်မှု( သမ္မာသတိ) နှင့်
မှန်ကန်သော အာရုံစူးစိုက်တတ်မှု(သမ္မာ သမာဓိ) တို့ဖြစ်ကြသည်။

ဗုဒ္ဓဟောကြားခဲ့သော ဤတရားများသည် အခြားသောဘာသာတရားများနှင့်လည်း
အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်သည်။ ခြားနားချက်ကား တစ်ချက်သာရှိသည်။
ထိုတရားများကို သည်အတိုင်းလက်ခံ၍မရ။ မိမိကိုယ်တိုင်ကိုယ်ကျ
လက်တွေ့ကျင့်ကြံအားထုတ်ကြည့်ပြီးမှသာ မိမိအတွက် မှန်မမှန်ကို ကိုယ်တွေ့
သိရှိနားလည်ရမည်သာ ဖြစ်သည်။အခြားသောလူတစ်ယောက်၏
အတွေးအခေါ်အယူအဆကို မျက်စိမှိတ်နားလည် လက်ခံခြင်းသည်
ဘာမှအသုံးမကျချေ။

ထို့ကြောင့်ဗုဒ္ဓဟောကြားသောတရားတို့ကို လိုက်နာသူအဖို့ ဤသစ္စာတရားများသည်
ဘာသာတရားမည်ကာမတ္တ မဟုတ်တော့။ လက်တွေ့ကျင့်ကြံနားလည်ရမည့်
အချက်များ ဖြစ်လာပေပြီ။

မှန်ကန်သောအမြင်(သမ္မာဒိဌိ)
ဗုဒ္ဓ၏တရားအနက်ကိုသိရှိနားလည်ရန် လက်တွေ့ကျင့်ကြံအားထုတ်မှု
များစွာလိုပါသည်။လက်တွေ့ဝိပဿနာ ကျင့်ကြံပွားများရန် အထူးလိုအပ်လှပါသည်။

မိမိမှာရှိသမျှ ဉာဏ်အမြင် တစ်ထွာတစ်မိုက်နှင့် စဉ်းစားတွေးခေါ်ချည်းသာနေပါက
တန်ဖိုးမရှိဖြစ်ချေမည်။ အချိန်တွေ အလဟဿဖြစ်ဖြစ်ကုန်ပေမည်။ ဘာတစ်ခုမှ
အကျိုးသီးပွင့်ရမည်မဟုတ်။

ဗုဒ္ဓတရားနှင့်အညီ လက်တွေ့ကျင့်ကြံနေထိုင်မှုဖြစ်သော ၀ိပဿနာပွားစီးခြင်း
ဖြင့်သာဉာဏ်အမြင်လင်းလက်လာပြီး မှန်သောအမြင်ကို ရရှိလာမည်ဖြစ်သည်။

မှန်ကန်သောအတွေးအခေါ်( သမ္မာသင်္ကပ္ပ)
လောက၏ ဒိဌဓမ္မတရားနှင့်အညီ လွတ်မြောက်မှုမရမီစပ်ကြား သက်ရှင်နေထိုင်ရန်
မှန်ကန်သောအတွေးအခေါ်ရှိဖို့လိုသည်။ ဤအတွေးအခေါ်ကို မည်သည့်သုခရဖို့
အတွက်မသုံးသင့်။ စိတ်၏မှန်ကန်သော အနေအထားရရှိရေးအတွက်သာ
အသုံးချသင့်သည်။

မှန်ကန်သောအပြောအဆို(သမ္မာဝါစာ)
သူတစ်ပါးဒုက္ခရောက်စေရန်အလို့ငှာ မလိမ်မညာရ၊ ကုန်းမချောရ၊ ရုန့်ရင်း
ကြမ်းတမ်းသောစကားများကို မပြောရ၊ မှန်ကန်အကျိုးရှိသော စကားများကိုသာ
ပြောဆိုရမည်ကိုဆိုလိုပါသည်။

မှန်ကန်သောအပြုအမူ(သမ္မာကမ္မန္တ)
မည်သည့်သက်ရှိ သတ္တ၀ါကိုမှ ရည်ရွယ်ချက်ဖြင့်မသတ်ဖြတ်ရ။ မညှင်းပန်းရ၊
သူတစ်ပါးသားမယားကို မပြစ်မှားရ။ ထိုသို့ပြုလုပ်ခြင်းများမှ ရျောင်ကျဉ်ခြင်းသည်
မှန်ကန်သော အပြုအမူဖြစ်သည်။

မှန်ကန်သောအသက်မွေးမှု(သမ္မာအာဇီဝ)
သူတစ်ပါးနာကျင်ထိခိုက်စေရန် သို့မဟုတ် ဒုက္ခရောက်စေရန်ဖြစ်သော
မည်သည့်လုပ်ငန်းကိုမှ မပြုလုပ်ရန် ဆိုလိုပါသည်။

မှန်ကန်သောလုံ့လစိုက်မှု(သမ္မာဝါယမ)
မကောင်းသော အကုသိုလ်တရားတို့ကို မဖြစ်စေဘဲ မဖြစ်သေးသော ကုသိုလ်တရား
တို့ကိုဖြစ်အောင် လုံ့လစိုက်ထုတ် ကြိုးပမ်းမှုပြုရန်ကို ဆိုလိုပါသည်။

မှန်ကန်သောစိတ်နှလုံးထားတတ်မှု( သမ္မာသတိ)
စိတ်မှာ လေးလံထိုင်းမှိုင်းမှုမရှိရ။ အမြဲပင်ထက်မြက်ရှင်သန်နေရမည်။
မိမိတို့ပြုမူပြောဆိုတွေးခေါ်သမျှအားလုံးတို့တွင် စိတ်နှလုံးမှာ ကြည်လင်သန့်စင်နေရမည်။
စိတ်ကိုတည်ငြိမ်မှုအမှန်တရားပေါ်တွင် အမြဲတစေထားနိုင်ရမည်။ မတည်မြဲမှု
မကျေနပ်မရောင့်ရဲမှုနှင့်ဖြစ်တည်မှု၏ပုံစံသဘာဝအားလုံးကို စိတ်က အမြဲပင်
အာရုံသွင်းမှတ်ရှုနေရမည်။

ဖြစ်ပျက်မှုသဘာဝ အစစ်အမှန်ကို ဂရုပြုအာရုံစူးစိုက်ရမည်။ အာရုံသိအမြင်များ၊ ခန္ဓာကိုယ်
လှုပ်ရှားမှုများ၊ အတွေးအခေါ်များ၊ ရုပ်ဝတ္ထုများ၏ သဘာဝအစစ်အမှန်ကို အမြဲမပြတ်
လေ့လာရှုမှတ်နေရမည်။ ထိုအခါတွင် လောကီဆိုင်ရာ လောဘ မောဟများမှ
လုံးလုံးလျားလျား ကင်းလွတ်နေရမည်ဖြစ်သည်။

မှန်ကန်သော အာရုံစူးစိုက်တတ်မှု(သမ္မာ သမာဓိ)
စိတ်ပိုင်းဆိုင်ရာ၏ အနှောက်အယှက်များဖြစ်ကြသော တဏှာပေမ၊
စိတ်သဘောယုတ်မာမူ၊စိတ်နှလုံးတင်းကျပ်ထုံထိုင်းမှု ထိနမိဒ္ဓများမှု၊ စိတ်ကယောက်ကယက်
မတည်မငြိမ်ဖြစ်မှု၊ဒေါသစိတ်များမှုနှင့် ယုံမှားသံသယ ၀ီစီကိစ္စများမှုတို့ကို ထိမ်းသိမ်းရန်
မှန်ကန်သောအာရုံစူးစိုက်တတ်မှု ရှိရန်လိုအပ်သည်။

မိမိ၏ အတွင်းစိတ်လှုပ်ရှားမှုကို အာရုံစူးစိုက်လေ့လာခြင်းဖြင့် ဖြစ်တည်မှု၏ဘဘာဝ
အစစ်အမှန်ကို ထိုးဖောက်မြင်နိုင်မည့် ဉာဏ်အမြင်ကို ရရှိလာနိုင်မည်ဖြစ်သည်။

ဤသည်မှာ မိမိကိုယ်မိမိ လေ့လာခြင်းပင်ဖြစ်သည်။ မိမိအာရုံကို မိမိ ပြန်၍လေ့လာ
ခြင်းသည်လည်း မည်ပါသည်။ သို့ဖြင့် မိမိကိုယ်မိမိဘာသာ ထွင်းဖောက်သိမြင်
လာမည်ဖြစ်သည်။

မှန်ကန်သော အာရုံစူးစိုက်မှုတါင် အဆင့်အားဖြင့် နှစ်ဆင့်ရှိပါသည်။
သမာဓိနှင့် ၀ိပဿနာဟူ၍ဖြစ်ပါသည်။ သမာဓိသည် စိတ်ကိုအပြည့်အဝ
တည်ငြိမ်မှုကိုပေးနိုင်ကာ ၀ိပဿနာကမူ စစ်မှန်သော အသိဉာဏ်ပညာရရှိမှုကို
ဦးတည်ပေးမည်ဖြစ်သည်။

သမာဓိပိုင်းတွင် စိတ်၏အာရုံစူးစိုက်မှုအပြင် အတွေးစိတ်ကူးပေါင်းများစွာ၏
ခုန်ပေါက်ပြေးလွှားဟိုရောက်သည်ရောက် စိတ်ကစားမှုများကို ငြိမ်သက်အောင်
ထိမ်းသိမ်းမှုတို့ ပါဝင်နေပေသည်။

စိတ်အာရုံစူးစိုက်တတ်အောင် လေ့ကျင့်သော နည်းပေါင်းများစွာပင် အရှေ့တိုင်းတွင်
တွေ့ရပါသည်။နာမည်ကျော်အိန္ဒိယဂုရုကြီးများ၏ နည်းဖြစ်သော စာလုံးတစ်လုံး
သို့မဟုတ် စာပိုဒ်တစ်ပိုဒ်ကိုကြိမ်ဖန်များစွာရွတ်ဖတ်ပြီး စိတ်အာရုံစိုက်နည်းကို
လည်းကောင်း၊ အသက်ရှူသွင်း ရှူထုတ်ရာတွင်လေ၀င်လေထွက်ကို မိမိ၏ချက်ဗွေ
အပိန်အဖောင်းကို သတိပြုအာရုံစူးစိုက်ရင်း သမာဓိယူနည်းများကိုလည်းကောင်း
တွေ့ခဲ့ဖူးပါသည်။ အသက်ရှူသည့်အခါ နှာသီးဖျားဝကို တွန်းထိုးဝင်လာသော
လေတို့ကိုရှူမှတ်ပြီး သမာဓိယူသော နည်းလည်းရှိပါသည်။ အလင်းရောင်
အစက်အပြောက်ကလေးတစ်ခု သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို စူးစိုက်ကြည့်ရူ့ပြီး
သမာဓိယူသောနည်းများလည်းရှိသည်။

ဘီးတဲလ်စ်အဖွဲ့ အိန္ဒိယသို့ ရောက်ရှိလာသောအခါ သူတို့၏ဂုရုကြီး
‘မဟာရိရှီ မဟေ့ရှ်ယောဂီ’ကသူတို့ကို စိတ်အာရုံစူးစိုက်နည်းဖြင့် မိတ်ဆက်ပေးခဲ့သည်။
မိမိကြိုက်နှစ်သက်ရာ စာလုံးတစ်လုံးလုံးကိုရွေးချယ်ပြီး ထိုစာလုံးကိုပင် ကြိမ်ဖန်များစွာ
အသံထွက်ရွတ်ဆိုစေခဲ့သည်။ ဤနည်းမှာ စိတ်အာရုံစိုက်နည်းများထဲမှ တစ်နည်းပင်ဖြစ်သည်။

သမာဓိခိုင်ခိုင်မာမာထူထောင်သည့်အချိန်တွင် ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ
အနားရနေတတ်သည်။ သမာဓိသည် နက်ရှိုင်းလာသည်နှင့်အမျှ စိတ်သည်အာရုံအားပါး
နယ်နိမိတ်ထက်ကျော်လွန်ပြီး ကျက်စားလာနိုင်လိမ့်မည်ဖြစ်သည်။
လူ၏ ပြင်ပသဏ္ဍာန်အာရုံများမှာ ပြကတေ့မလှုပ်မရှားရပ်တည်နေသေသ်ာလည်း
စိတ်ကား လန်းဆန်းတက်ကြွကာ အပြည့်အ၀ပင် နိုးထကြည်လင်နေလိမ့်မည်။

စိတ်သည် အာရုံစူးစိုက်မှုအတွင်းသို့ ပို၍နက်နက်ရှိုင်းရှိုင်း ၀င်သွားသည်နှင့် ၀ိထီကျလာကာ
ခမ်းသာသုခကို ခံစားလာရတော့သည်။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အတွေးအခေါ်နည်းလမ်းစဉ်တို့ကား
ကျန်ရစ်ခဲ့ချေပြီ။ သက်တောင့်သက်သာ အပြည့်အ၀ရှိသော တည်ငြိမ်မှုအတိပြီးသော
ရိုးရှင်းသည့်ဖြစ်တည်မှု အခြေအနေ၌သာ တည်နေတော့၏။

အာရုံစူးစိုက်မှုပို၍နက်ရှိုင်းလာသောအခါ ချမ်းသာသုခတို့သည် သာလွန်သည်ထက်
သာလွန်လာတော့သည်။ ခံစားမှုများကား မရှိတော့။ စိတ်သည် တစ်နေရာတည်းတွင်သာ
တည်နေသည်။ စိတ်သည် လုံးဝဥဿုံ ပြည့်ပြည့်၀၀ တည်တည်ငြိမ့်ငြိမ်ရှိနေ၏။

ထိုအခြေအနေမျိုးတွင် စိတ်သည် တင်းပြည့်ကျပ်ပြည့် ဖြူရှင်းသန့်စင်နေသည်။
တင်းပြည့်ကျပ်ပြည့် ကြည်လင်နေသည်။ အပြစ်အနာအဆာ တစ်စက်ကလေးမျှမရှိ။
ပီဘိ ငြိမ်သက်နေသည်။ ထိုအချိန်မျိုးတွင် ဗုဒ္ဓဒဿနအရမူ သာမန်ထက်ပိုလွန်သော
တန်ခိုးသတ္တိများဘက်သို့ ယိမ်းယိုင်လိုက ယိမ်းယိုင်၍ရနိုင်ပေသည်။ သို့တည်းမဟုတ်
မကောင်းမှုအားလုံးကိုထာဝရ အပြည့်အ၀ ချုပ်ငြိမ်းနိုင်မည့် စိတ်၏အညစ်အကြေးများကို
ထာဝရအပြည့်အ၀ချုပ်ငြိမ်းနိုင်မည့် စိတ်၏အညစ်အကြေးများကို သန့်စင်ဆေးကြော
ပစ်နိုင်မည့်ဘက်သို့လည်းယိမ်းယိုင်လိုက ယိမ်းနိုင်သည့် အချိန်မျိုးဖြစ်သည်။

ဝိပဿနာမှာ လူနှင့်လူ၏ခန္ဓာကိုယ်အတွင်းမှာ တကယ်ဖြစ်ပျက်နေသော
သဘောတရားများကိုအာရုံပြုခြင်းပင်ဖြစ်သည်။ မတည်မြဲမှု၊ မကျေနပ်မှု၊ မိမိမဟုတ်မှု စသော
အနိစ္စ ဒုက္ခ အနတ္တတို့၏ သရုပ်သကန်ဖြစ်သည့် ရုပ်နာမ်တို့၏ အစစ်အမှန်သဘာဝကို
ဝိပဿနာရှုမှတ်ခြင်းအားဖြင့်တွေ့သိနားလည်လာမည်ဖြစ်သည်။

ဝိပဿနာရှုခြင်းအားဖြင့် အတွင်းစိတ်၏ လှုပ်ရှားမှုသဘောသဘာဝ အပြည့်အစုံနှင့်
မိမိ အတ္တဟု ထင်မှတ်နေသည့် ခန္ဓယကိုယ်၏ သဘာဝအစစ်အမှန်တို့ကို သိလာနိုင်သည်။

ဖြစ်တည်မှု၏ သဘာဝအစစ်အမှန်ကို လျစ်လျူရှုနိုင်တော့သော၊
အလိုလောဘပုံစံအားလုံးကိုဖျက်ဆီးပြီး လုံးလုံးလျားလျား သန့်စင်ပစ်နိုင်တော့သော
ဉာဏ်အမြင်ရောက်သည့် အဆင့်သို့ရောက်လာပါလိမ့်မည်။ ထိုအဆင့်သည် မသိစိတ်၏
အနက်ရှိုင်းဆုံးဒေသတွင်းသို့ ရောက်ရှိနေသော ပထမဆင့်ပင်ဖြစ်သည်။

ထိုအခါတွင် မိမိ၏ မှောက်မှား အလွဲသိမြင်မှုများကို ပြည့်ပြည့်၀၀ နားလည်လာပြီ။
အမှန်တရားကို ထွင်းဖောက်သိမြင်လာပြီ။ သစ္စာတရားကို နားလည်သဘောပေါက်လာပြီ။
ထိုအခါတွင် နိဗ္ဗာန်ကိုရရှိပြီ။

ဤသည်မှာ မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ်မှုနှင့် အတွေ့အကြုံများကြားမှ
အမှန်တရားကိုရရှိနိုင်ကြောင်း သက်သေသာဓကပင်ဖြစ်သည်။

သာမာဓိနှင့်ဝိပဿနာတို့သည် လိမ္မာသိမ်မွေ့စွာ ပေါင်းစပ်တတ်ရန်လိုအပ်သည်။
သမာဓိသည် ၀ိပဿနာတိုးတက်မှုကို တိုးပွားအောင်ပြုလုပ်ပေးနိုင်သကဲ့သို့
ဝိပဿနာကလည်းသမာဓိတိုးတက်မှုကို တိုးပွားအောင်ပြုလုပ်ပေးနိုင်
သောကြောင့်ဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓ၏တရားနှင့် ဒဿနများပင်ဖြစ်သည်။ ကျွန်တော်ကဲ့သို့
လူပြိန်းတစ်ယောက်အဖို့မူ ဤသဘောတရားအားလုံးသည် အတော်ပင်ရှုပ်ထွေးပြီး
နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။သို့သော် သဘောတရားက
ကတိပြုအာမခံထားသော အချက်တို့မှာလည်းတကယ်တော့ အလွန့်အလွန်ပင်
မွန်မြတ်ကောင်းမွန်ပြီး သဘောကျစရာဖြစ်နေပြန်သည်။

ထို့ကြောင့် ကျွန်တော်သည် ကမ္မဌာန်းရှုသည့်အလုပ်ကို တကယ်လက်တွေ့ ၀င်လုပ်ကြည့်ရန်
ဆုံးဖြတ်လိုက်မိသည်။

ကျွန်တော်သည် ကမ္မဌာန်းတရားစခန်းများဖွင့်သော ဘန်ကောက်မြို့ရှိ
ဘုရားကျောင်းတစ်ကျောင်းသို့ သွားရောက်ကာ စုံစမ်းကြည့်သည်။ ကျွန်တော့်အနေနှင့်
တရားစခန်း ၀င်နိုင်၊ မ၀င်နိုင်။

သူတို့၏ အားရ၀မ်းသာလက်ခံမှုကြောင့် ကျွန်တော်ပင် အံ့သြနေမိသည်။

ဆက်လက်ဖော်ပြပါမည်။
နောက်တစ်ပတ်တွင်ဆက်လက်ဖော်ပြမည်မှာ အခန်း(၅) ဖြစ်သည့်
"လှပသောဘုရားကျောင်းနှင့် အတွေ့အကြုံဆန်းတစ်ခု" ဖြစ်ပါသည်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 2 New Entries: Don't we all need someone who understands ???

Don't we all need someone who understands ???

စတိုးဆိုင်တစ်ခုရှေ့မှာ "ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်" ဆိုတဲ့စာတန်းလေးတစ်ခုကို တွေ့တော့ ကလေးလေးတစ်ယောက်က ဆိုင်ရှင်ကို အဲ့ဒီခွေးလေးတွေကို ဘယ်ဈေးနဲ့ရောင်းတာလဲ လို့မေးတယ်။ ဆိုင်ရှင်က ဒေါ်လာ ၃၀ ကနေ ၅၀ အတွင်း အမျိုးမျိုးရှိတယ်လို့ ပြောလိုက်တယ် ... အဲ့ဒီတော့ ကောင်လေးက သူ့အိတ်ကပ်လေးထဲမှာ ပါတဲ့ ၂ ဒေါ်လာနဲ့ အကြွေစေ့ကလေး အနည်းငယ်ထုတ်ပြီး ငါ သူတို့ကို ကြည့်ရုံပဲကြည့်ပါရစေလို့ ခွင့်တောင်းတယ်။ အဲ့ဒီအခါ ဆိုင်ရှင်က ပြုံးပြပြီး လေလေးတချက်ချွန်လိုက်တော့ အတွင်းခန်းက အမျိုးသမီး တစ်ယောက်က ခွေးပေါက်စလေးတွေနဲ့ အတူ ထွက်လာတယ်။ အဲ့ဒီအထဲမှာမှ ခွေးသေးသေးလေးတစ်ကောင်က ဟိုးအနောက်နားကနေ ဖြေးဖြေးချင်း ကပ်ပါလာတယ်။ ကောင်လေးက အဲ့ဒီခွေးလေးကို တချက်လှမ်းကြည့်ပြီး ခွေးလေးက ဘာများ ဖြစ်လို့လဲလို့ ဆိုင်ရှင်ကို မေးတော့ ဆိုင်ရှင်က ...

" သူက မွေးကတည်းက တင်ပဆုံရိုးတဘက်ချွတ်ယွင်းလာတော့ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး။ သူ့တသက်လုံး အဲ့ဒီလိုပဲ ဒုက္ခိတ ဖြစ်နေမယ်လို့ ဆရာဝန်ကပြောတယ် " တဲ့။

အဲ့ဒီတော့ ကောင်လေးက တော်တော်လေး စိတ်ဝင်စားသွားပြီး ငါ သူ့ကို ၀ယ်လို့ရမလားလို့ မေးလိုက်တော့ ဆိုင်ရှင်က "မင်း ၀ယ်စရာ မလိုပါဘူး။ သူက ငါတို့အတွက်လဲ ဘာမှမှ အသုံးမ၀င်တာ။ မင်းလိုချင်ရင် ငါ အလကားပေးလိုက်ပါ့မယ်" လို့ပြောတော့ ကောင်လေးက စိတ်မကောင်းဖြစ်စွာနဲ့ ဆိုင်ရှင်ကို လှမ်းကြည့်ပြီးပြောလိုက်တယ် ။

"မင်း သူ့ကို အလကားပေးစရာမလိုပါဘူး။ သူ့မှာလဲ တခြားခွေးလေးတွေလို တန်ဖိုးတစ်ခုရှိတယ်။ ငါ သူ့ကို တခြားခွေးလေးတွေလိုပဲ တန်ရာတန်ကြေးပေးပြီး ၀ယ်မှာပါ။ အခုလောလောဆယ် ဒီပိုက်ဆံကို မင်းယူထားလိုက်ပါ။ နောက်ပြီး လတိုင်း ငါ 50 cent ဆီ ပေးသွားပါ့မယ်။ မင်းသတ်မှတ်ထားတဲ့ တန်ဖိုးတစ်ခုကျေတဲ့အထိပေါ့ " လို့ ပြောလိုက်တော့ ..ဆိုင်ရှင်က ..

" တပြားမှပေးစရာမလိုဘူးလို့ မင်းကိုပြောနေတာ။ သူက တခြားခွေးလေးတွေလိုလဲ မပြေးနိုင်ဘူး။ မင်းနဲ့လဲ အတူတူကစားနိုင်မှာ မဟုတ်ဘူးဆိုတာ မင်းသိရဲ့လား" လို့ ထပ်ပြောတော့ .. ကောင်လေးက ... သူ့ ဘောင်းဘီရှည်လေးကို မ' ပြီး စတီးရိုးတပ်ထားတဲ့ ခြေထောက်တစ်ဘက်ကို ပြလိုက်တယ် .. ပြီးတော့ ဆိုင်ရှင်ကို ....

" ငါလည်း သူ့လိုပဲ မပြေးနိုင်ပါဘူး။ အနည်းဆုံးတော့ ဒီခွေးလေးမှာ သူနဲ့ဘ၀တူ သူ့ကိုစာနာနားလည်ပေးမဲ့ အဖော်တစ်ယောက် ရှိသွားသလို ငါ့အတွက်လဲ အတူတူပဲပေါ့" လို့ ပြန်ပြောလိုက်တယ် ...

Don't we all need someone who understands?

(လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ၊ သူ့စွမ်းဆောင်မှုနဲ့သူ တန်ဖိုးတစ်ခုစီရှိကြစမြဲပါ။ သာမန်ပဲဖြစ်ဖြစ်၊ ဒုက္ခိတပဲဖြစ်ဖြစ် လူလူချင်း လေးစားမှုရှိဖို့ အရေးကြီးပါတယ်။ Self-Inferiority ဖြစ်နေသူကို ပိုပြီး စိတ်ဓါတ်မြှင့်တင်ပေးဖို့ လိုပါတယ်)

by ... DecemberCinderella

မင်းတစ်ယောက်သာ .....

တူညီတဲ့ ရင်ခုန်သံတွေအတွက်
အရင်ပုံစံတွေကို ပြင်ခဲ့တယ် ...
ခုံမင်ခဲ့တဲ့ အချစ်တွေအတွက်
မကြုံချင်တဲ့ အပူမီးထဲ တိုးဝင်ခဲ့တယ် ...
မက်မောခဲ့တဲ့ အယုအယတွေအတွက်
အပြတ်ပြောခဲ့တဲ့ အခြေအနေကို ပြန်ပြင်တယ် ...
အတူရှိမဲ့ မနက်ဖြန်တွေအတွက်
သူမသိတဲ့ ယုံကြည်ချက်တွေ ရှိခဲ့တယ် …
" ချစ်သူရယ် ..
မင်း တစ်ယောက်တည်းပဲ လိုပါတယ် ……"

by ...DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်တဲ့ မနောမြေ] 1 New Entry: အသက်အောင့် လမ်းလျှောက် လေ့ကျင့်ခန်း

အသက်အောင့် လမ်းလျှောက် လေ့ကျင့်ခန်း

(မောင်အောင်ပွင့်)

ဂျပန်လုပ် ဘက်ထရီနာရီ
ဒက်စီဗယ် မကျယ်ပေမယ့်

အနာဂါတ်ကို လက်တို့ နေသလိုလို။

စောင်းစောင်းယိုင်ယိုင်
တိုင်မမာ
အဖျားထိပ်က
ဝိုင်ယာတွေ
မတရား အိပ်ကျနေ

ကြိုးက ဆွဲထားတာလား
တိုင်က ထောက်ထားတာလား
သံသယ မပွားကြနဲ့။

မိတ်ဆွေတို့

ရိုးသားလက်စ မပျက်
အသက်ရှင် နေထိုင်နိုင်မှု အတွက်

တနေ့ နှစ်ကြိမ်
( အိမ်ရာဝင် အိမ်ရာထ )

ကိုယ့်ကိုကိုယ် ရှိခိုး သင့်ကြတယ်။


ညှော်နံ့ ကတ္တရာလမ်းခင်းနံ့

ကားအိပ်ဇောနံ့ ဆေးလိပ်နံ့တွေနဲ့

မသန့်ရတဲ့ ကြား

မုသားနဲ့ အမွှေးတိုင်နံ့တွေရော
ဒီလေကြောမှာ မျောနေရင်းသားက

ကျွန်တော့အဆုပ် အလုပ် လုပ် မဖြောင့်
အသက် အောင့် အောင့် ထားရတယ်။


၂၅ ဇွန်လ ၁၉၉၀


ဝန်ခံချက်။ ။ ဒီရက်ပိုင်း အတွင်း ပို့(စ်)တွေ တင်ဖို့ ရှိပေမဲ့ ခရစ္စမတ် မတိုင်မီ အိမ်နားမှာ ရင်းနှီးရတဲ့ မိတ်ဆွေ ရဲဘော်တဦး ကောက်ခါငင်ကာ ဆုံးပါး သွားတာရယ်၊ ပြီးခဲ့တဲ့နှစ် ခရစ္စမတ်နေ့မှာ ဒူကဘာ မိခင်ဆုံးပါး သွားတာရယ် စုပြီး ထမင်းလုံးတစ္ဆေ ခြောက်ခံနေရလို့ ဒူကဘာ့ အတွက် ခရစ္စမတ်ဟာ ခြေတုန်ချတုန် ဖြစ်နေလို့ ဘလော့ခ်ကို လာလည်ကြသူတွေ သူငယ်ချင်းတွေ မိတ်ဆွေ ရောင်းရင်းတို့တတွေ .... ဒူကဘာ့ရဲ့ ပုဂ္ဂလိက ခံစားချက်ကို နားလည်ပေးနိုင်မယ် ယူဆပါတယ် .... ဒီတော့ ဒူကဘာ့ဖက်ကလဲ ခရစ္စမတ် လက်ဆောင်အဖြစ် ပြည်တွင်းမှာ ထုတ်ဝေခွင့် မပြုခြင်းခံရတဲ့ .... နာမည်ကြီး ကဗျာဆရာ မောင်အောင်ပွင့် ရဲ့ ဘယ် မီဒီယာမှာမှ မဖေါ်ပြရသေးတဲ့ ကဗျာနဲ့ မြည်းကြည့် ရအောင်လား ..... ဗျာ ! ကျေးဂျူး ဂိုင်ကဘာ အိုင်

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[New Generation of Metropolitan] 1 New Entry: မြန်နှုန်းမြင့်ရထားများ (သို့) ကျည်ဆံရထားများ (High-speed Railways)

မြန်နှုန်းမြင့်ရထားများ (သို့) ကျည်ဆံရထားများ (High-speed Railways)

မြန်နှုန်းမြင့်ရထား ဆိုသည်မှာ သာမန်လမ်းကြောင်းများတွင် ပြေးဆွဲသော ရထားများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်အောင် ပြေးဆွဲနိုင်သည့် ခရီးသည်တင် ရထားများပင် ဖြစ်ပါသည်။ စံသတ်မှတ်ချက်များအရ အသုံးပြုသောလမ်းကြောင်း (Railways Tracks) များပေါ် မူတည်၍ အမေရိကန်နိုင်ငံရှိ ပြည်နယ်အုပ်ချုပ်မှု လမ်းကြောင်းများတွင် တနာရီ ၁၄၅ ကီလိုမီတာ၊(မိုင်၉၀) နှင့်အထက်၊ ဥရောပနိုင်ငံများတွင် တနာရီ ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) ပြေးဆွဲနိုင်သော ရထားများ ပါဝင်ပါသည်။ သို့သော်လည်း စံသတ်မှတ်ချက်တခု အနေနှင့်မဟုတ်ဘဲ ဒေသတွင်း လိုအပ်ချက်များအရ အခြားရထားများသည်လည်း လိုအပ်နေမည်သာ ဖြစ်ပါသည်။

မြန်နှုန်းမြင့်ရထားများအား ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှုသည် အခြားသော ကုန်စည်ပို့ဆောင်မှု အမျိုးအစားနှင့်ဆိုင်သော ရထားပြေးဆွဲမှုများအတွက်လည်း လက်ဆင့်ကမ်းပေးနိုင်စွမ်း ရှိပါသည်။ ဆိုလိုသည်မှာ ပြင်သစ်နိုင်ငံရှိ စာပို့ရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်း လာပို့စတီ (La Poste) တွင်အခြားသော ကုန်တင်ပို့ဆောင်ရေး TGV အမျိုးအစား မြန်နှုန်းမြင့်ရထားများကိုလည်း လည်းပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။

သမိုင်းကြောင်းများ
(၂၀)ရာစု အစောပိုင်းမှစ၍ မော်တော်ကား သယ်ယူပို့ဆောင်ရေးသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၏ အဓိကကျသော အစိတ်အပိုင်းတရပ် ဖြစ်လာသော်လည်း ရထားသယ်ယူပို့ဆောင်မှုသည် အခြေခံကျသော ခရီးသည်အများစုကို တင်ဆောင်နိုင်သော ပထမဆုံး သယ်ယူပို့ဆောင်မှုပုံစံ ဖြစ်ပါသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ၁၉၃၃ ခုနှစ်မှစ၍ ရေနွေးငွေ့ ပိုက်လိုင်းသုံးရထားများ (streamlined trains) များကို အသုံးပြု၍ ပျှမ်းမျှအမြန်နှုန်း တနာရီ (၁၃၀) ကီလိုမီတာနှင့် အမြန်ဆုံးအလျင် တနာရီ (၁၆၀) ကီလိုမီတာအထက်အထိ ပြေးဆွဲနိုင်ခဲ့ပါသည်။ ထိုဝန်ဆောင်မှုများသည် ထိပ်တန်းလေယာဉ် သယ်ဆောင်မှုများကိုပင် စိန်ခေါ်ယှဉ်ပြိုင်နိုင်ခဲ့ကြပါသည်။ အရှိန်အဟုန် ကောင်းဆဲမှာပင် ဒုတိယကမ္ဘာစစ်ကြောင့် ရပ်တန့်ခဲ့ရသည်။ ၁၉၅၇ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုဓတ်ယု(Odakyu) လျှပ်စစ်ရထားကုမ္ပဏီမှ စတင်ပြီး အက်စ်အက်စ်အီး ၃၀၀၀ (SSE 3000) အမျိုးအစား ရိုမန်ဆည်းဆာ ရထားများကိုစတင် အသုံးပြုခဲ့ပါသည်။ အခြား ကန့်သတ်ချက်များစွာ ရှိခဲ့သော်လည်း ဂျပန်အင်ဂျင်နီယာများ၏ စွမ်းဆောင်မှုများဖြင့် အန္တရာယ်ကင်းစွာ တနာရီ ၁၄၅ ကီလိုမီတာနှုန်းအထိ ပြေးဆွဲနိုင်သော ကမ္ဘာ့စံချိန်တင် ရထားများ ဖြစ်ခဲ့ပါသည်။

ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့်ရထားများကို ဂျပန်နိုင်ငံတွင် ၁၉၅၉ ခုနှစ်မှစတင် တည်ဆောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာတွင် စတင်အသုံးပြုခဲ့သည့် တိုကိုင်းဒိုး ရှင်ကန်ဆန် (Tokaido Shinkansen) ရထားများ ဖြစ်ပါသည်။ ပထမဆုံး ရှင်ကန်ဆန် ဇီးရိုးစီးရီးများကို ဂျပန်နိုင်ငံ ကာဝါဆာကီ စက်ရုံကြီးများတွင် တည်ဆောက်ခဲ့ပြီး တိုကျို-နာဂိုယာ-ကျိုတို-အိုဆာကာ လမ်းကြောင်းတလျှောက် အမြန်နှုန်း တနာရီ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်နှုန်း) ဖြင့် ပြေးဆွဲခဲ့ပါသည်။

အခြေခံအကြောင်းအရင်းများ
ဂျပန်နှင့်ပြင်သစ် နှစ်နိုင်ငံလုံးတွင် မြန်နှုန်းမြင့်ရထားများကို သုံးစွဲလာရခြင်း၏ တွန်းအားတရပ်မှာ ခရီးသည် သယ်ယူပို့ဆောင်မှုနှုန်း မြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ၁၉၅၀ နှစ်လယ်ကာလများတွင် မြင့်မားလာသော စက်မှုစွမ်းအားများကို အသုံးပြု၍ ဂျပန်နိုင်ငံ တိုကိုင်းဒိုး လမ်းမကြီးပေါ်တွင် တိုကိုင်းဒိုး-ရှင်ကန်ဆန် ရထားစီမံကိန်းကို တိုကျိုနှင့် အိုဆာကာ ကြားတွင် ၁၉၅၉ ခုနှစ်တွင် စတင်ခဲ့ပါသည်။ တိုကိုင်းဒိုး-ရှင်ကန်ဆန်ကို ဂျပန်နိုင်ငံတွင် အိုလံပစ်ပွဲတော် ကျင်းပသော ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံတွင်မူ ၁၉၇၀ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့သော ပဲရစ်နှင့်လိုင်ယွန်ကြား ပင်မလမ်းကြီးကို အသစ်ပြန်လည် ဆောက်လုပ်ခဲ့ပါသည်။ အထက်ပါ ဖြစ်စဉ်နှစ်ရပ်လုံးကို သုံးသပ်ကြည့်ပါက သာမန်ရထားများထက် အဆပေါင်းများစွာ ပြေးဆွဲနိုင်သော ရထားများကို အထူးအသုံးပြုရန် ခွဲထုတ်လိုခြင်းဖြစ်သည်။ လမ်းကြောင်းနှစ်ခုလုံးတွင် (၃) နာရီအတွင်း မြို့ကြီးများသို့ ပို့ဆောင်ပေးနိုင်ပြီး သယ်ဆောင်မှု အခေါက်ရေများကို ပြဇာတ်ဆန်ဆန် လျော့ချပေးနိုင်ခြင်း ဖြစ်ပါသည်။ ထိုအရာများသည် စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း (သို့) မြန်နူန်းမြင့် ရထားများ စတင်အသုံးပြုမှုဖြင့် ၎င်းနိုင်ငံများအတွင်း ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်း (Commercial success) ပင်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်အပြီး လောင်စာဆီ ဈေးနှုန်းများ ချိုသာလာခြင်း၊ အလိုအလျှောက် အသုံးပြုနိုင်သော စက်မှုနည်းပညာများ ဖွံဖြိုးလာခြင်းနှင့် အဝေးပြေးလမ်းများနှင့် လေယာဉ်ကွင်း သယ်ယူပို့ဆောင်ပေးမှုများကို အစိုးရ ထောက်ပံ့ပေးခြင်းတို့မှလည်း မြန်နှုန်းမြင့်ရထားများ တိုးတက်လာမှုကို အထောက်အကူ ပြုစေခဲ့ပါသည်။ ဥရောပနှင့် ဂျပန်နိုင်ငံများတွင် မြန်နှုန်းမြင့် ရထားများအပေါ် အလေးထား ဆောင်ရွက်မှုများမှာ ကမ္ဘာစစ်ကြီးများ အပြီးတွင် သိသိသာသာ တိုးတက်လာခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင်မှု ထိုကဲ့သို့အလေးထား ဆောင်ရွက်မှုများကြောင့် အလွန်ကြီးမားသော အဝေးပြေး လမ်းများနှင့် လေယာဉ်ကွင်းများကို တည်ဆောင်နိုင်သည်အထိပင် ဖြစ်ပါသည်။ ၎င်းနိုင်ငံတွင် မြို့တွင်း သယ်ယူပို့ဆောင်မှုများအား လုံးဝ လျစ်လျူရှုထားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံရှိ အဝေးပြေး ရထားလမ်းကြောင်းများသည် အခြားဥရောပနှင့် ဂျပန်ကို စိန်ခေါ်ယှဉ်ပြိုင်နိုင်သည့်အထိ အစိုးရမှ ထိန်းသိမ်း လုပ်ဆောင်ခဲ့ပါသည်။ အကြောင်းမှာ ထိုအချိန်က အခြားနိုင်ငံများထက် လူဦးရေထူထပ်မှု သိပ်မရှိခြင်းကြောင့်ဖြစ်ပါသည်။

လောင်စာဆီဈေးနှုန်းနှင့် လူဦးရေ ထူထပ်မှုများကြောင့် ရထားဖြင့် ခရီးသွားလာမှုသည် ကားနှင့်သွားလာခြင်းကို စိန်ခေါ်လာနိုင်ပါသည်။ အကြောင်းမှာ ရထားတွင်အသုံးပြုသော လောင်စာဆီ (gasoline engine) သည် ကားထက် လျော့နည်းသောကြောင့် ဖြစ်ပါသည်။ တခါတရံတွင်လည်း များပြားစွာ အသုံးပြုရခြင်းများ ရှိတတ်ပါသည်။ မြန်နှုန်းမြင့်ရထား အနည်းငယ်သာ လောင်စာဆီစွမ်းအင် အသုံးပြုရပြီး ကျန်သည့်လျှပ်စစ်ရထားများတွင်မူ လျှပ်စစ်စွမ်းအင် ပမာဏကိုသာ ပြည့်မီအောင် ဖြည့်တင်းပေးရပါသည်။ မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း ကွန်ယက်များမှာ ဂျပန်နှင့် ပြင်သစ်တွင်သာရှိပြီး နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓါတ်အားကို ရယူပါသည်။ ကျောက်မီးသွေးမှ လောင်စာရယူပြီး ပြေးဆွဲလျှင်လည်း ဂျင်နရေတာပါဝါမှ လျပ်စစ်ဓါတ်အား လုံလောက်စွာရရှိခြင်းကြောင့် အခြားသော ယာဉ်များထက် သာလွန်သော ခရီးသည်အရေအတွက် လျင်မြန်မှုများနှင့် ပြေးဆွဲနိုင်ပါသည်။ မြန်နှုန်းမြင့် ရထားကဲ့သို့သော ရထားလမ်းပိုင်းဆိုင်ရာ ကွန်ယက်များအတွက် လိုအပ်သော စက်မှုကုန်ကြမ်းများသည် အခြား၊ အခြားသော လေယာဉ်တင် (aircraft) များနှင့် မော်တော်ယာဉ် အသုံးပြု ပစ္စည်းများကဲ့သို့အခြေခံ အဆောက်အအုံ အရည်အသွေးချင်း ယှဉ်နိုင်စွမ်းရှိရပါမည်။ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ စပိန်၊ ပြင်သစ် စသောနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ အောင်မြင်ရခြင်း အဓိက အချက်မှာ မြို့တွင်းလူဦးရေ သိပ်သည်းမှုများကြောင့်လည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် မြန်နှုန်းမြင့် လမ်းကြောင်းများကို အခြားဥရောပနိုင်ငံများနှင့် မတူဘဲ ဒုတိယကမ္ဘာစစ်အကြိုကာလ ကတည်းကပင် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ အကြောင်းမှာ အမေရိကန် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မူ အားကောင်းခြင်းကြောင့်လည်း ဖြစ်ပါသည်။ မြန်နှုန်းမြင့်ရထားများ၏ ဆောက်လုပ်မူဆိုင်ရာ အခြေခံအဆောက်အအုံ (infrastructure)ကို တွက်ချက်ခြင်းမပြုပါက ၎င်းရထားများသည် သာမန်မြန်နှုန်းရှိ အလယ်အလတ်တန်းစား ရထားများထက် ပိုမိုပြီး အကျိုးအမြတ် ရရှိနိုင်ပါသည်။ အကြောင်းမှာ များပြားစွာသုံးစွဲရသော အမူထမ်း၊ ပညာရှင်များ မလိုအပ်ခြင်းနှင့် လက်မှတ်မှရသော ဝင်ငွေများသည် ခရီးအကွာအဝေးပေါ်တွင် မူတည်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသော စရိတ်စက အားလုံးအတွက် ရရှိသောဝင်ငွေအချိုးသည် မြန်နှုန်းမြင့်ရထားများတွင် ပိုမိုကောင်းမွန်ပါသည်။

မြန်နှုန်းမြင့်ရထား အသုံးပြုလျက်ရှိသော နိုင်ငံများ
ပုံမှန်အမြင့်မားဆုံး အသုံးပြုသော အမြန်နှုန်း တနာရီ ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) နှုန်းဖြင့် ပြေးဆွဲလျက်ရှိသော ရထားများကို အသုံးပြုလျက်ရှိသော နိုင်ငံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  1. အာဂျင်တီးနား (စီမံကိန်းအဆင့်)
  2. သြစတြီးလီးယား (ပုံမှန် တနာရီ ကီလိုမီတာ ၂၀၀ နှုန်း)
  3. သြစတြေးလျ (ပုံမှန် တနာရီ ကီလိုမီတာ ၂၀၀ နှုန်း၊ ယခု ၂၀၀၈ ခုနှစ်တွင် တနာရီ ၂၃၀ ကီလိုမီတာထိ ရည်မှန်းထား)
  4. ဘယ်လ်ဂျီယံ
  5. တရုတ်
  6. ချက်ရီပါတ်ဘလစ် (ပန်ဒိုလီဒို၊ တနာရီ ၂၃၇ ကီလိုမီတာနှုန်းကို ၂၀၀၄ ခုနှစ်တွင်စတင်အသုံးပြုခဲ့)
  7. ဖင်လန်
  8. ပြင်သစ်
  9. ဂျာမနီ (ကိုလုံးမှ ဖရန့်ဖတ်သို့ တနာရီ ၃၀၀ကီလိုမီတာ/၁၈၆ မိုင်)
  10. အီတလီ
  11. ဂျပန်
  12. နော်ဝေး
  13. ပေါ်တူဂီ
  14. ရုရှား (စိန့်ပီတာစဘတ်နှင့် မော်စကိုကြား စီမံကိန်းရေးဆွဲပြီး မကြာမီ အကောင်အထည် ဖော်တော့မည်ဟုသိရ)
  15. တောင်ကိုရီးယား
  16. စလိုဗက်ကီးယား
  17. စပိန် (ပုံမှန် တနာရီ ၂၀၀ ကီလိုမီတာ)
  18. ဆွီဒင် (လက်ရှိ တနာရီ ၂၀၀ ကီလိုမီတာ ပြေးဆွဲသော ရထားများကို အသုံးပြုလျက်ရှိ၊ ကြံ့ကြာမူများရှိပါက ၂၀၅ ကီလိုမီတာနှုန်းကို အသုံးပြုပါသည်။ တနာရီ ၂၅၀ ကီလိုမီတာ ရထားများကို ပြေးဆွဲနိုင်ရန် စီစဉ်ထား)
  19. ဆွစ်ဇာလန်
  20. တူရကီ
  21. ထိုင်ဝမ်
  22. ဗြိတိန်
  23. အမေရိကန်ပြည်ထောင်စု

တည်ဆောက်ဆဲ မြန်နှုန်းမြှင့်ရထားလမ်း စီမံကိန်းများ
အိုင်ယာလန်နိုင်ငံ၏ အမြင့်မားဆုံးသော သယ်ယူပို့ဆောင်မှုစနစ်မှာ ဒပ်ဘလင် (Dublin) မှ ကော့ခ် (Cork) ထိပြေးဆွဲပေးသော အင်တာစီးတီး (Intercity) ဆားဗစ်ဖြစ်ပါသည်။ စွမ်းအားမြင့်ကားများနှင့် လမ်းကြောင်းများတလျှောက် ပို့ဆောင်မှုနှုန်း မြင့်မားစေရန် တနာရီ ၂၀၀ ကီလိုမီတာ၊ (၁၂၅) မိုင်ထိ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်ချ လုပ်ဆောင်မှုများ ရှိခဲ့ပါသည်။ ဒပ်ဘလင်မှ ဘဲလ်ဖတ်စ် (Belfast) လမ်းကြောင်းတလျှောက်တွင် ၂၀၂၀ ခုနှစ် နောက်ပိုင်း အောက်ပါအဆင့်မြှင့်တင်မှု လုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားပါသည်။
  • လမ်းကြောင်းများကို တွဲ၊ စက်ခေါင်းအသစ်များဖြင့် အရည်အသွေး (၁ နာရီ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်) နှုန်းထိမြင့်တင်ခြင်း
  • လမ်းကြောင်းများတလျှောက် ရထားအသစ်များဖြင့် တနာရီ ၂၄၀ ကီလိုမီတာ (၁၄၀)မိုင် နှုန်းထိ ပြေးဆွဲနိုင်ရန် အရည်အသွေးမြှင့်တင်ခြင်း

တောင်အမေရိကရှိ အာဂျင်တီးနားနိုင်ငံ၏ တီအေဗွီ (TAV) စီးရီးရထားများအား ပထမတန်း မြန်နှုန်းမြင့်ရထားများ (အလွန်မြန်ဆန်သောနှုန်း တနာရီ ၃၂၀ ကီလိုမီတာထိ) အဖြစ် အဆင့်မြှင့်တင်ရန်အတွက် ၂၀၀၈ ခုနှစ်၊ မတ်လမှ စ၍ စီမံကိန်းစတင်ခဲ့ပြီး ပထမအဆင့်ကို ၂၀၁၀ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။ ၎င်းစီမံကိန်းသည် မြို့တော်ကြီးများဖြစ်သော ဗြူနို့စ်အေးရီးစ်(Buenos Aries) နှင့် ရိုဆာရီရို ( Rosario) ကြား အကွာအဝေး ၂၈၆ ကီလိုမီတာ (၁၇၆ မိုင်)၊ ကော်ဒိုဘာ (Cordoba)ထိ အကွာအဝေး ၇၁၀ ကီလိုမီတာ (၄၄၁)မိုင်၊ ထိုမှတဆင့် ကော်ဒိုဘာမှ မာဒယ်ပလာတာထိ ခရီးအကွာအဝေး စုစုပေါင်း ၁၁၂၀ ကီလိုမီတာ (၆၉၅) မိုင်ကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။

ခရိုအေးရှားနိုင်ငံတွင်မူ ဇာဂရက်(Zagreb) နှင့် ရီဂျက်ကာ (Rijeka) ကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မှုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးမည်ဟု သိရှိရပါသည်။

တူရကီနိုင်ငံတွင် မြို့တော်ကြီးများဖြစ်သော အန်ကာရာ (Ankara) နှင့် အဓိကဆက်သွယ်ရေးမြို့တော်ဖြစ်သော အစ္စတန်ဘူလ် (Istanbul) မြို့တော်များကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မူကို ၂၀၀၇ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စတင်ခဲ့ပါသည်။

ထရီနီဒက်နှင့်တိုဘာကို နိုင်ငံတွင် ၎င်းနိုင်ငံ၏ မြိုတော်များဖြစ်သော Port of Spain နှင့် ဆန်ဖာနန်ဒို (Sen Fernando) ကြား မြန်နှုန်းမြင့်ရထား ဆက်သွယ်ပြေးဆွဲမှုကို ၂၀၀၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပါသည်။

ကနေဒါနိုင်ငံတွင်လည်း အွန်တေရီယို (Ontario)နှင့် ကွီဘက် (Quebec)သို့ ဝင်ဆာ (Windsor)၊ အွန်တေရီယိုမှ မွန်ထရီယယ်လ် (Montréal)၊ ကွီးဘက်သို့ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိပါသည်။

ကမ္ဘာအရပ်ရပ်တွင် လက်ရှိအသုံးပြုနေသော ကျည်ဆံရထားများ


Related Posts
1. ရထားနဲ့လေယာဉ်ကို နှိုင်းယှဉ်ကြည့်ခြင်း
2. Maglev လျှပ်စစ်သံလိုက်ရထား

ရည်ညွှန်းကိုးကား
Wikipedia

You received this email because you are subscribed to the real_time feed for http://www.mymetroworld.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♠ Blog Man (II)

♠ Blog Man (II)

စိတ်တိုစရာ နောက်တကိစ္စကတော့ ပြီးခဲ့တဲ့ ခရစ္စမတ် အကြိုနေ့မှာ ဖြစ်ခဲ့တာပါ၊ အခင်းဖြစ်ပွားရာ နေရာကတော့ လိန်ပျံတွေ အတက်အဆင်းလုပ်တဲ့ ချန်ဂီလေဆိပ် ဖြစ်ပါတယ်၊ အတိအကျဆိုရရင် ဂျက်စတား ဆိုက်တဲ့ တာမီနယ်လ် တစ် ပါ။ အဲ၊ ယောင်လို့၊ mode ပြောင်းရမယ်၊ switch to အတည်အပေါက် mode.. တွီ တွီ တွီ။
--
အဟမ်း၊ ကျွန်ုပ်သည် လေယာဉ်ပျံကို ငယ်ရွယ်စဉ်ကစ၍ တဖက်သတ် နှစ်သက်ခဲ့သူ ဖြစ်လေသည်၊ လေယာဉ်ပေါ်သို့ ရောက်သည့်အခါတိုင်း လေယာဉ် ဝမ်းဗိုက်အတွင်းမှ မမွှေးသော်လည်း ထူးခြားသည့် အနံ့အသက်ကို၎င်း၊ ကောင်းကင်ပေါ်သို့ ရောက်သွားသည့်အခါ၌ ဘေးဘီက တိမ်စိုင်များကို ငေးမော ကြည့်ရှုရသည့် အရသာကို၎င်း၊ လေယာဉ်မယ် မေးလာသည့် လက်ချိုးရေ၍ပင် ရလောက်သော အစားအသောက်များကို ကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် ဘူဖေးစားနေသကဲ့သို့ ခေါင်းခြောက်မတတ် စဉ်းစားပြီး ရွေးချယ်ရခြင်းကို၎င်း၊ ရှူရှူးပေါက်ပြီးတိုင်း ရေလောင်းရန် ခလုပ်ကိုနှိပ်ပြီး စုပ်ယူအား ကောင်းလှသည့် အံ့ဩဖွယ် ယန္တရားကြောင့် တဒင်္ဂအတွင်း အညစ်အကြေးများ သန့်စင်သွားခြင်းကို ရေအိမ်အတွင်း တစိမ့်စိမ့် ဇိမ်ခံကြည့်ရှုခြင်းကို၎င်း အတွင်းစိတ်မှ နှစ်သက်မြတ်နိုးမိ နေလေ၏။

ထို့အတူ လေယာဉ်ပျံကွင်းကိုလည်း နှစ်သက်နေသူမှာ တခြားသူမဟုတ်၊ ကျွန်ုပ်ကိုယ်တိုင်ပင် ဖြစ်သည်။ အကြောင်းမှာ လေဆိပ်ကို ဆယ်ခေါက်ရောက်လျှင် ခုနှစ်ခေါက်မှာ လေယာဉ်တက်စီးပြီး ခရီးသွားရန် ဖြစ်ပြီး နှစ်ခေါက်မှာ ရင်းနှီးသူ တစုံတယောက်ကို ကြိုရန်ဖြစ်သည်၊ ကျန်သော တစ်ခေါက်သည်သာ အသိမိတ်ဆွေများကို လိုက်ပို့ရန်၊ နှုတ်ဆက်ရန် ဖြစ်လေတော့သည် (တီသရီး ဖွင့်စဉ်ကတော့ အပျော်သက်သက် ဘလော့ဂ် ကုန်ကြမ်းရှာရင်း လေဆိပ်ဆင်းခြင်း ဖြစ်ခဲ့ဖူးသည်)။ သို့ဖြစ်၍ လေဆိပ်ဆိုသည်မှာ ခရီးသွားတော့မည်ဟု စိတ်ထဲမှ ကြိုသိနေပြီး ပေါ့ပါးပျော်ရွှင်စေရာ နေရာတစ်ခု၊ သို့မဟုတ်၊ အသိမိတ်ဆွေနှင့် ပြန်လည်ဆုံတွေ့ ရမည်ဖြစ်၍ မျှော်လင့်တောင့်တ ရသော အချိန်ကာလကို ရောက်စေနိုင်သော နေရာတစ်ခု အဖြစ်သာ ကျွန်ုပ်စိတ်ထဲတွင် ဖြစ်တည် နေတော့သည်။ ချစ်သောသူနှင့် ခွဲခွာရသော ဝမ်းနည်းမှုမျိုးမှာ လေဆိပ်ရောက်သည့် အခါ၌ ပြင်းပြင်းပြပြ ပေါ်မလာပါချေ။

သို့ကလို အစပျိုးနေရခြင်းမှာ ကျွန်ုပ်သည် လေယာဉ်ကို မြတ်နိုးသူ၊ လေဆိပ်ကို တန်ဖိုးထားသူအဖြစ် ပိုမို ပေါ်လွင်စေရန် ဖြစ်လေသည်၊ စကားမစပ်၊ ကျွန်ုပ်သည် လူကောင်း လူမွန် လူရည်ချွန် တစ်ဦးလည်း ဖြစ်သေးသည်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် နားမလည်ပါ။ လိုရင်းကို ရေးပါတော့မည်၊ အားလုံး အားလုံး စိတ်တိုရန် ပြင်ဆင်ထားပါ ဟူ၍သာ ကျွန်ုပ် ကြိုတင် သတိပေးလိုက်ချင်သည်။ ဖြစ်ပုံမှာ ဤသို့နှယ်၊ ဆွေမျိုးသားချင်း တစ်ယောက်ကို သွားကြိုရန် လေဆိပ်နှင့် ရည်ငံနေသူ ကျွန်ုပ်အတွက် ခရစ္စမတ် အကြိုနေ့ အထိမ်းအမှတ်အဖြစ် ဘုရားသခင်မှ အခွင့်အရေး ပေးလာသည်။ ထိုကဲ့သို့ ရခဲလှသော အခွင့်အရေးအတွက် ကျွန်ုပ် ပျော်မြူးရသည်၊ ကြိုမည်၊ ကြိုမည်၊ ငါတို့ပြည် ဟူသော သီချင်းလေး၏ သံစဉ်များအတိုင်း ကျွန်ုပ်၏ စိတ်အစဉ်မှာ လှုပ်ရွ လှုပ်ရွ ဖြစ်ကာနေသည်။ တကိုယ်ကောင်း မဆန်လိုသော ကျွန်ုပ်သည် ကိုယ် နှစ်သက်ရာ ကိစ္စတစ်ခုခုကို အများနှင့် မျှဝေခံစားလိုသည်၊ သို့နှင့် နီးစပ်ရာ သူငယ်ချင်းကောင်း ယောင်းမတို့ကို အဖော်ညှိကြည့်သည်၊ လိုက်ခဲ့ပါ လိုက်ခဲ့ပါ ဟု မသိမသာ သိမ်းသွင်းစည်းရုံးရသည်၊ အဲလေ၊ မျှဝေခံစားခွင့် ပေးရသည်။

စည်းရုံးရေးဆင်းရာတွင် ဘွိုက်နီးနီးကောင်းသော ကျွန်ုပ်သည် ကံထူးရှင် တစ်ဦးတိတိကို အဖော်ညှိ နိုင်ခဲ့သည်၊ အနှီ ကံထူးရှင်မှာလည်း မဆီမဆိုင် လေဆိပ်သို့ ကျွန်ုပ်နှင့် အတူတူ ဆင်းဖြစ်ခဲ့သည်ပေါ့။ ၆ ခွဲ ဆိုက်မည်၊ တီဝမ်း၊ ၅ မတိုင်ခင် အိမ်ကထွက်မည်၊ အချိန်ရလျှင် ခရီးသွား ဟုတ်ဟုတ် မဟုတ်ဟုတ် အခွန်ငြိမ်းရောင်းပြီး လူဆွယ်နေသော တီသရီးဝင်ပြီး သွားရေကျမည် စသဖြင့် အစီအစဉ်ကို လှလှပပ ဆွဲထား၏။ ကံထူးရှင်က အချိန်တိကျစွာ သူ့အိမ်မှ ထွက်တော်မူ၏၊ သို့သော် ကျွန်ုပ်မှာ အီးရော အီးရော ဟူသော သီချင်းတစ်ပုဒ်ကို ဆုံးအောင်နားထောင်နေ၍ ချိန်းထားသော စီးတီးဟောကို နောက်ကျမှ ရောက်လေ၏၊ ကံထူးရှင်မှာ မဆီမဆိုင် လေဆိပ်သို့ လိုက်လည်း လိုက်ပေးရသေးသည်၊ စီးတီးဟော ဘူတာနားတွင် ရစ်သီရစ်သီလုပ်ပြီး အချိန် ဖြုန်းလိုက်ရသေးသည်၊ ကျွန်ုပ် အားနာ၍ မဆုံးပါချေ၊ အင်း၊ တကယ်မဆုံးပါ၊ ရှေ့လျှောက် အားနာစရာ အများများများကြီး ကျန်သေးသည်ကို ကျွန်ုပ် ကြိုသိခဲ့ဖို့ကောင်းသည်၊ အဲဒီမှာတင် သူ့ကို အိမ်ပြန်ခိုင်းဖို့ သင့်သည်ပဲလေ၊ သို့သော် မဟဖြစ်ခဲ့။ ကျွန်ုပ် အတန်ငယ် နောက်ကျပြီး ရောက်သဖြင့် နှစ်ဦးသား မတ်စိထဲတွင် ပြောထားသည့်အတိုင်း ပင်နီဆူလာတွင် ညစာ ဝင်မစားတော့ပဲ လေဆိပ်သို့ တန်းသွားလိုက်သည်။

စီးတီးဟောမှတဆင့် တန်နာမယ်ရာတွင် ရထားထပ်ပြောင်းပြီး လေဆိပ်သို့ ရောက်သွားချိန်မှာ ၆ ခွဲ ကျော်နေပြီ၊ ကတိုက်ကရိုက် ပြေးရသည်၊ အရေးထဲ တီတူးနှင့်တီဝမ်း လွန်းပျံ ပြေးဆွဲနေသော မိုနိုရေးလ် မှာ ကွိုင်တက်နေသည်၊ အတန်ငယ် စောင့်လိုက်ရသေးသည်၊ ချင်ကာပူ တနိုင်ငံလုံးရှိ ရွှေမြန်မာများနှင့် ပြည့်နှက်နေသည့် တာမီနယ်လ်ဝမ်းကို ရောက်သွားချိန်မှာတော့ ၇ နာရီ ထိုးအပြီးလော၊ ထိုးခါနီးလော သေချာ မမှတ်မိတော့သည့် မိနစ်အနည်းငယ် စွန်းနေလေပြီ။ အရပ်ရှစ်မျက်နှာတွင် မြန်မာများသာ တွေ့နေရသည်၊ နားထဲသို့ မြန်မာစကားများ တောက်လျှောက် ခုန်ဝင်လာသည်၊ အလို၊ ဒါချင်ကာပူလား အိမ်မက်လားဟု ဆံပင်သုံးလေးပင်ကို ယောင်ယမ်းပြီး ဆွဲဆိတ်ကြည့်လိုက်သေးသည်၊ နာသည်၊ ဟုတ်နေသည်။ ဝမ်းသာမိသည်၊ ဤလူများသည် ကျွန်ုပ်ကဲ့သို့ပင် လေဆိပ်ကိုချစ်သူများ ဖြစ်ကြသည်၊ ဆိုက်မည့် လေယာဉ်မှာ တစ်စီးတည်း၊ လာကြိုသူမှာ သုံးစီးစာအပြည့်၊ အားရဖွယ်ရာပင်။ ဒါကြောင့်လည်း ချင်ကာပူအချိုးရက လေချိပ်ဧရိယာကို ချဲ့ပြီးရင်း ချဲ့နေရခြင်း ဖြစ်လိမ့်မည်။ မြိုသိပ် မထားနိုင်တော့ပဲ ကြိုမည်၊ ကြိုမည်၊ ငါတို့ပြည် သီချင်းကို အသံထွက် ဆိုမိတော့သည်။ "ကြိုမည်၊ ကြိုမည်၊ ကြိုပါအုံးမည်၊ နာတို့ မြန်မာပြည်".. (repeat)

"စားလိုက်ကြစို့... နော်... ကိုကို"

သီချင်းလေးကို အဘယ်မျှကြာကြာ ဆိုလိုက်သည်မသိ၊ ဘာဂျာဘုရင် အဲလေ ဘာဂါကင်းမှ ဟမ်ဘာဂါ ခပ်ကြီးကြီးတစ်ခု ပါးစပ်ဝကို တေ့လာတော့မှ သတိဝင်လာသည်၊ ကျွန်ုပ်ကို ဆက်ဆိုစေချင်ပုံ မပေါ်။ အစောက သီချင်းဆိုရင်း အားရပါးရ ဆန့်ထားသော ညာလက်က စတိုင်ကျကျ တပ်ခေါက်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ချူံခိုနေသည့် ဗယ်လက်နှင့် ပူးပေါင်းကာ ဘာဂါစစ်ဆင်ရေး စတင် ပါတော့သည်၊ ဗိုက်က အတော်ကြီးကို ဆာနေပြီပဲ။ ဘာဂါတစ်ခြမ်း ရှေ့ဆုံးက၊ အာလူးကြော် လေးဆယ့်နှစ်ချောင်း အလယ်မှာ၊ ကိုကာကိုလာ ခြောက်ငုံက နောက်ဆုံးပိတ် ဗိုက်ထဲသို့ တန်းစီဝင်ကြသည်၊ လေချဉ်တက်လိုက်ပြီး သီချင်းဆက်ဆိုသည်။ "အို၊ ကြိုပါဦးမည်၊ ကြိုဦးမည်၊ နာတို့ မြန်မာပြည်.."။ နှစ်ယောက်ကျော်က ဦးလေးကြီးက "မောမယ် မောင်ရင်၊ နားနားပြီးဆိုပါကွယ့်" ဟု လှမ်းအော်ပြောသည်၊ အမှန်တကယ် ကျွန်ုပ် မောတော့မောပါသည်၊ ဒါပေမဲ့ မမောပါ၊ လေဆိပ်တွင် ပျော်သည်ပဲလေ။ လေထဲတွင် မြှောက်နေသော လက်ပေါ်က နာရီကို အမှတ်မထင် လှမ်းကြည့်မိသည်၊ အမ်၊ အချိန်ကလည်း ကုန်မြန်လွန်းလှပါဘိ၊ ကျွန်ုပ် စိတ်နှစ်၍ပင် မပျော်ရသေးခင် ၇ နာရီခွဲ ကျော်သွားလေပြီ။

အမှန်တကယ် ကျွန်ုပ်တို့ တီဝမ်းဆီသို့ ရောက်သွားချိန်မှာ နောက်ကျသည် မဆိုသာ၊ ဂျက်စတား ဝန်စည်စလယ်များကို သယ်ဆောင်လည်ပတ်သော ရွေ့လျားခါးပတ် နံပါတ် ၂၀ တွင် ခရီးဆောင် သေတ္တာများ စပြီး ထွက်လာရုံ ရှိသေးသည်၊ ထိုအချင်းအရာကြောင့် ကျွန်ုပ် စိတ်အေးလက်အေး သီချင်းကလေး ညည်းရင်း စောင့်နေနိုင်ခြင်း ဖြစ်တော့သည်။ နောက်တော့ ရွှေများ တဖွဲဖွဲ ထွက်လာသည်၊ ဟောတစ်ယောက်၊ ဟောတစ်ယောက်၊ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျား၊ လူမျိုးမရွေး ဘာသာမရွေး မြန်မာစကား ပြောနေကြသည်၊ လေယာဉ်ပေါ်က ဆင်းလာသော ခလေးများမှာ မှန်တံခါး ဟိုဖက်ခြမ်းတွင် လျှောက်ပြေးနေသည်၊ လူကြီးများက လိုက်ဖမ်းပြီး စိန်ပြေးလိုက်တမ်း ကစားကြသည်၊ လာကြိုသည့် ဒီဖက်ခြမ်းက ရွှေမြန်မာများကျတော့ လက်များကို ထောင်၍၊ ကွေး၍၊ ဆန့်၍၊ ယမ်း၍ သင်္ကေတ အမျိုးမျိုး ပြကြသည်၊ ဝီစီလေးသာ မှုတ်လိုက်ပါက လမ်းပြပုလိပ် ခေါ် ဘဲဥနှင့် နင်လားငါလား ဖြစ်ပေလိမ့်မည်၊ ကြည်နူးဖွယ် အတိပင်။ ဘဲဥမာယာတွင် နစ်မြောနေခိုက် ၈ နာရီ ကျော်သွားလေပြီ။

ရွှေများ တစတစ လျော့နည်းသွားပြီး ဂျပန်များ ထွက်လာသည်၊ ရွှေနှင့်ဂျပန် အချိုးမှာ ၁း ၇ ဝန်းကျင် ရောက်လာသည်၊ သေချာသည်မှာ ဂျက်စတား စီးလာကြသော မြန်မာများ ကုန်သလောက် ရှိသွားပြီ။ ကျွန်ုပ် ကံထူးရှင်ကို အားတုံ့အားနာ လှမ်းကြည့်သည်၊ သူ့ခမျာ ထိုင်လည်း မဟုတ်၊ ထလည်း မဟုတ်၊ ဟိုဟိုဒီဒီ လျှောက်သွားနေသည်၊ ကျွန်ုပ်ဖက်ကို ရံဖန်ရံခါ လှည့်ပြီး အားနာရန် မလိုကြောင်း အသိပေးသည့် အပြုံးမျိုး ပြုံးပြသည်၊ ထိုသို့ ပြုံးလေလေ၊ ကျွန်ုပ်မှာ အားနာလေလေ ဖြစ်တော့သည်။ ဒါပေသိ၊ ကျွန်ုပ် ဘာများ တတ်နိုင်အုံးမည်နည်း၊ သူက ထိုင်နိုင်သေးသည်၊ ကျွန်ုပ်မှာ ထိုင်ကို မထိုင်ရပါ၊ မတော်တဆ ထွက်လာပြီးခါမှ ဂိတ်ဝတွင် မတွေ့လိုက်ပဲ လျှောက်ရှာရမည်ကို စိုးရိမ်ပြီး ထွက်ပေါက်ရှေ့က သံလက်ရန်းကိုသာ အသာလေး မှီ၍ မျှော်ရသည်၊ လည်ပင်း ညောင်းလာသလို ခြေထောက်လည်း သိသိသာသာ ညောင်းလာသည်။ ထွက်ထွက်ချင်း အမှတ်တရရိုက်မည်ဟု စိတ်ကူး၍ ကိုင်ထားခဲ့သော ကင်မရာကိုလည်း ကျောသိုင်းအိတ်ထဲ ပြန်ထည့်လိုက်သည်၊ ဘစာအရေးကြောင့် ဤမျှ ကြာရသနည်း။

မနေနိုင်တော့ပါ၊ ရန်ကုန်ကို ဖုံးခေါ်ရသည်၊ "ဟဲလို၊ လေယာဉ်ပေါ် ပါလာတာ သေချာလား၊ ဟဲလို"။ တဖက်က လေးလေးနက်နက် ပြန်ပြောသည်၊ "အေး၊ ငါလိုက်ပို့တာပဲကွ၊ သေချာတယ်" ဟူ၍။ အင်း၊ မတတ်နိုင်၊ ထပ်စောင့်ကြည့်ရမည်၊ စာရွက်စာတမ်း လိုနေလို့ပဲ အင်တာဗျူးနေတာလား၊ ဘာလား၊ ညာလား တွေးမိသည်၊ ဖြစ်နိုင်ချေ အဲဒါပဲ ရှိတော့သည်လေ။ ပတ်ဝန်းကျင်ကို သတိထားမိချိန်မှာ အတွင်းရော အပြင်ရော ရွှေမြန်မာများ မကျန်တော့၊ ကျွန်ုပ် အားငယ်စ ပြုလာသည်၊ ကြိုမည်၊ ကြိုမည်ကို စိတ်ထဲကသာ ဆိုနိုင်တော့သည်။ ၉ နာရီ ထိုးလုထိုးခင်၊ ဘာဂါနှင့်အာလူးကြော် အစာကြေလု ကြေခင်၊ သန်မာသော ခြေနှစ်ချောင်း ခွေလု ခွေခင်မှာ ကျွန်ုပ် မနေနိုင်တော့၊ တာဝန်ကျ လုံခြုံရေးလော၊ လူဝင်မှုကြီးကြပ်ရေးလော မသိရသည့် ဝန်ထမ်းကို လက်ဟန်ခြေဟန်ပြပြီး ထွက်ပေါက်နား လှမ်းခေါ်သည်၊ "ဒီလူ ဒီလူကို လာကြိုတယ်၊ ခုထိ ပေါ်မလာဘူး၊ ဘာလုပ်ရမလဲ" ခပ်ပြတ်ပြတ်မေးသည်။ "မသိဘူး၊ အင်ဖော်မေးရှင်းကောင်တာ သွားမေး"၊ မခေပါ၊ ခပ်ပြတ်ပြတ် ပြန်ဖြေသည်၊ အနှီ ဘူးတလုံးဆောင်ပုဂ္ဂိုလ် ထံမှ ဆောင့်ကြီးအောင့်ကြီး ထွက်ခဲ့သည်၊ ကျွန်ုပ် စိတ်တိုစ ပြုနေခြင်းကို မသိရကောင်းသလော။

အင်ဖိုကောင်တာတွင် မိန်းမပျို သုံးဦးထိုင်သည်၊ နှစ်ဦးမှာ ဖုံးပြောနေပြီး တစ်ဦးမှာ ခေါင်းငုံ့ခြင်းတာဝန် ယူထား၏၊ ခေါင်းငုံ့နေသူကို အစောကအတိုင်း တခါ ထပ်မေးသည်၊ သူမ အပြောမှာလည်း ကျွန်ုပ် ထင်ထားသည့်အတိုင်း "အင်တာဗျူး ဝင်နေလို့ ကြာသွားတာ ဖြစ်နိုင်ပါတယ်ရှင့်" ပင်။ ထို့ကြောင့် စိတ်သက်သာသလို မသက်သာသလို ရှိသွားပြီး နဂို ဂိတ်စောင့်အလုပ်ကို ပြန်လုပ်ရသည်။ လုံခြုံရေး မလေးရှား ကောင်မလေးကို သုံးခါလောက် ထပ်မေးဖြစ်သည်၊ ဘာမှ မသိရ။ အချိန် မည်မျှ ထပ်ကုန်သွားသည်မသိ၊ လုံခြုံရေး ဝန်ထမ်းပင် လူလဲသွားလေပြီ၊ ဒီတခါ တာဝန်ကျလာသူက နှုတ်ခမ်းမွှေးနှင့် ခန့်ခန့်ကြီးဖြစ်၏။ သူ့ကို မေးကြည့်သည့် အခါ၌လည်း အင်ဖိုကောင်တာကိုသာ ညွှန်၏၊ အမှန်တကယ် ၎င်းကောင်တာကို ကျွန်ုပ် သုံးခေါက်လောက် သွားပြီးဖြစ်၏၊ ဘာဆို ဘာမှ မသိရ၊ လူဝင်မှု ကြီးကြပ်ရေးမှ ဖုံးနံပါတ်ကိုသာ ပေးဖော်ရ၏၊ အဆိုပါနံပါတ်ကို ကိုယ့်အားကိုယ်ကိုးပြီး ဆက်ခြင်းမှလွဲ၍ မိန်းမပျိုလေးများမှာ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိပါ။ ဘူးတလုံးဆောင်ရုံနှင့် အိုတောင် မဆင်းရဲရိုးမှန်လျှင် အဆိုပါ မိန်းမပျိုများသည် နောင်ဘဝထိတိုင် ချမ်းသာကိန်း ရှိလေသည်၊ မသိဘူး နှင့် မရှိဘူး ကို ခပ်နာနာသုံးပြီး ဝါကျဖွဲ့ သွားကြသည်၊ စိတ်ဆင်းရဲလေစွ။

ဖုံးနံပါတ်ပေးသည်ကို အကောင်းဖက်ကမြင်လျှင် သင်မှားပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းနံပါတ်သည် မြည်သာမြည်၍ ကိုင်သူမရှိ ဟူသော စကားလေးအတိုင်း မည်သူမျှ မကိုင်သည့် ဖုံးပင်ဖြစ်သည်၊ ၈ နာရီခွဲ မှ စတင်၍ ကျွန်ုပ်သည် လေဆိပ်ခန်းမတွင် ဖုံးတလုံးနှင့် အလုပ်ရှုပ်နေသော လူအထင်ကြီးဖွယ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားခဲ့သည်။ မိန်းမပျိုများ ပေးလိုက်သော ကိုင်သူ မရှိသည့်ဖုံး နှင့် ရန်ကုန်မှ ဖုတ် မီးပူတိုက် အဲလေ ဖုတ်ပူမီးတိုက် ဖြစ်နေသော လေဆိပ်လိုက်ပို့သူ၏ "ဟေ့ ထွက်လာပြီလား" အစချီသည့်ဖုံး အကြားတွင် ဆက်လိုက်၊ ဖြေလိုက်၊ မေးလိုက်၊ ထူးလိုက် လုပ်နေတော့၏၊ ကံထူးရှင် ကိုတော့ လှည့်တောင် မကြည့်ရဲတော့ချေ။ အနည်းဆုံး နာရီဝက်အကြာ ဆက်လိုက်၊ ကျလိုက်၊ ဆက်လိုက်၊ ကျလိုက် အပြီးတွင်မူ မေခလာ ဖုံးလာကိုင်တော့သည်၊ နားပင် ပူထူနေလေပြီ၊ သို့သော် တဖက်မှ ပြန်ထူးသံ ကြားလိုက်ရခြင်းကြောင့် ရင်ထဲတွင် ရုတ်ချည်းဆိုသလို အေးမြသွားသည်၊ ဤကား ကမ္ဘာ့ နားဝင်အချိုဆုံး ဟဲလို ပင်ဖြစ်လိမ့်မည်၊ ထူးသူမှာ လဝက အရာရှိ ဗာလာရီ ဆိုသူ မေခလာဖြစ်သည်၊ ဤသို့ ပြောသွားသည် "အထဲမှာ ဘယ်သူမှ မရှိတော့ဘူး၊ ပြောင်တလင်း ခါနေတာပဲ၊ ဒီလူ ဒီဖလိုက်နဲ့ ပါလာသလားဆိုတာ ပြောခွင့်မရှိဘူး၊ အခု ပြောနိုင်တာဆိုလို့ ဒီမှာ ခရီးသည် တစ်ယောက်မှ မကျန်ဘူး ဆိုတာပဲ"၊ ဂွပ်၊ မေခလာ ဖုံးချသွားလေပြီ။

ကျွန်ုပ် စိတ်ရှုပ်ရလေပြီ၊ မိန်းမသားဖြစ်၍ လေဆိပ်ထဲတွင် တစ်စုံတစ်ခုများ ဖြစ်နေပြီလော၊ အိမ်သာကဲ့သို့ လူပြတ်သည့် နေရာများတွင် ဓားထိုးခံရခြင်း လုယက်ခံရခြင်းများ ဖြစ်နေသလော၊ လက်နှစ်ဖက်ကို နားရွက်ပေါ်အုပ်၊ ခေါင်းကို တွင်တွင်ခါ၊ မျက်စိစုံမှိတ်ပြီး တောင်တွေး မြောက်တွေး တွေးမိတော့၏။ ရန်ကုန်က အပို့သမားကလည်း ဖုံးတဂွမ်ဂွမ်ဆက်ပြီး စိတ်ပူပြနေ၏၊ အကြိုသမား ကျွန်ုပ်မှာ သူ့ထက် ပိုပူရသည်။ ပတ်သက်ရာ ပတ်သက်ကြောင်း ဖုံးနံပါတ်များ ရှာကြံပြီး ဆက်မေးရသည်၊ သို့သော် အချီးနှီးသာ၊ သိသူကား မရှိ။ လေဆိပ်အတွင်း အခမဲ့ ဆက်၍ရသော ဖုံးများရှိကြောင်း ကြိုတင် ပြောမထားမိသော ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်၊ အင်တာဗျူးကဲ့သို့ ကိစ္စမျိုးပေါ်လာပါက ကျွန်ုပ်ကို ဖုံးဖြင့် လှမ်းပြောဖို့ သင့်သည်ပဲလေ၊ ယခုမှာတော့ မဆိုင်သည့်ဖုံးများကို လျှောက်ဆက်နေရပြီး ဆက်ရန် အသင့်ဆုံးလူက ဆက်မလာ၊ တော်တော် ဒုက္ခရောက်ပါသည်။ ၉ နာရီ ခွဲကျော်သွားသည်။

ရန်ကုန်မှ ဖုံးတခါထပ်လာတော့ ပျောက်နေသူ တည်းမည့်နေရာကို မေးကြည့်မိသည်၊ မသိဘူး ဆိုသည့် ဘူးနှင့် တိုးပြန်သည်၊ ခက်ချေပြီ။ ကျွန်ုပ်တို့ကို မတွေ့ပဲ သူ့ဟာသူ တက္ကစီငှားသွားလျှင် မခက်လော၊ ဒါလည်း မဖြစ်နိုင်၊ အနည်းဆုံး ဖုံးဆက်မည်ပေါ့၊ အဘယ့်ကြောင့် ကျွန်ုပ်တစ်ယောက်လုံး၏ ဖုံးကိုပင် မဆက်ပဲ ဖာသိဖာသာ ဒိုးရသနည်း၊ နားမလည်နိုင်ပါ။ နောက်တော့ သဲလွန်စ ရလာသည်၊ တစုံတယောက်က နေရာထိုင်ခင်းအတွက် စီစဉ်ပေးထားသည် တဲ့၊ အဆိုပါပုဂ္ဂိုလ်၏ ဖုံးနံပါတ်ကို ရှာရပြန်သည်၊ ရန်ကုန်မှပင် ရလာသည်၊ ချက်ချင်း ဆက်သည်၊ သို့သော် ဒီဖုံးသည်လည်း လဝက ဖုံးအတိုင်းပင် ကိုင်သူမရှိပြန်၊ ကျွန်ုပ် အားငယ်သည်၊ အရမ်းငယ်သွားသည်။ ဤအချိန်တွင် အင်ဖိုကောင်တာမှ မိန်းမပျိုလေးများ လူလဲတော့မည်၊ သုံးယောက်သား လက်တွဲပြီး ပြုံးရွှင်စွာ ထွက်ခွာသွားကြသည်၊ ကျွန်ုပ်ကို လှည့်ပင်မကြည့်ပါ။ အို၊ မထူးတော့ပါ၊ ဒင်းတို့တတွေ လူတစ်ယောက် သေရေးရှင်ရေးကို ပေါ့သေးသေး လုပ်ကြတာ တွေ့ကြသေးတာပေါ့ ဟု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ခုံတန်းပေါ် အိပ်ငိုက်နေရှာသော ကံထူးရှင်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ကျွန်ုပ် တာဝန်နှင့် ဝတ္တရားအရ အမှုဖွင့်ရတော့မည်။

ရဲစခန်းရှိရာကို ဟိုမှဒီမှ မေးမြန်းပြီး ချီတက်ရသည်၊ ခိုင်လုံသော သတင်းရပ်ကွက်မှ B2 တွင် ရှိသည်ဟု သိလိုက်ရသည်။ အောက်ဆင်းရန် ဓာတ်လှေခါး စောင့်နေစဉ် ရဲတစ်ယောက် ရေးကြီးသုတ်ပြာနှင့် လမ်းလျှောက် ဆင်းသွားသည်၊ ဓာတ်လှေခါးမှာ တော်ရုံနှင့် လာမည့်ပုံမပေါ်၊ သူ့နောက်မှလိုက်၍ ဆင်းရန် ဟန်ပြင်လိုက်သည်၊ ဇာတ်သိမ်းခန်း ရောက်ခါနီးလေပြီ၊ လူပျောက်နေကြောင်း အမှုဖွင့်မည်၊ အိမ်ပြန်မည်၊ လူကို မကြိုမိသော်လည်း တာဝန်ကျေဖို့ အဓိကကျသည်၊ အကယ်၍သာ မပြောကောင်း မဆိုကောင်း တခုခုဖြစ်ခဲ့သော် အမှုမဖွင့်မိပါက ကိုယ့်အမှား ဖြစ်သွားလိမ့်မည်။ ၁၀ နာရီ ထိုးပြီ၊ အိမ်ပြန်သင့်ပြီ၊ စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည်ကို အမှုဖွင့်လိုက်ခြင်းဖြင့် ဖြေသိမ့်ရမည်။ လှေခါးထစ် တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်းမြောက်တွင် ဖုံးမြည်လာသည်၊ ခုနက မကိုင်သော နေစရာ စီစဉ်သည့် ပုဂ္ဂိုလ် ဖြစ်၏၊ ကျွန်ုပ် စက်သေနတ်ပစ်သလို မေးထည့်လိုက်သည် "ဟဲလို၊ ကိုဘယ်သူလား၊ ကျနော် ဘယ်သူ့ရဲ့ ဘယ်သူပါ၊ သူ့နဲ့ ဆက်သွယ်မိလားမ သိဘူး"။ တဖက်က "ဩော်၊ အေးအေး၊ ခဏနော်။ ဟေး၊ ဘယ်သူရေ၊ မင်းရဲ့ဘယ်သူ ဖုံးလာတယ်ကွ"... ((((ဟမ်)))) ကျွန်ုပ် ဝမ်းနည်း ဝမ်းသာ ဖြစ်သွားရသည်၊ ဝမ်းနည်းရခြင်းမှာ အချိန်ကုန် လူပန်းပြီး အမှုဖွင့်မည် အထိ ဖြစ်ခဲ့သောကြောင့်၊ ဝမ်းသာရခြင်းမှာ စိတ်ပူခဲ့သည့်အတိုင်း တစုံတခု မဖြစ်ပဲ ကောင်းကောင်းမွန်မွန် ရှိနေခြင်းကြောင့်ပင်၊ ဩော်၊ စိတ်မောရပါသည် မရွှေကြည်။ ဤတွင် ဖုံးကို ရယ်ရယ်မောမောပြော၊ အမ်အာတီပေါ်တက်၊ သုံးလေးဆင့် ပြောင်းစီးပြီး အိမ်ပြန်ရောက်သည်တွင် ည ၁၁ နာရီကျော် နေလေပြီ၊ ကျေနပ်ဖွယ် အတိပြီးသော ခရစ္စမတ် အိဗ် ပါတကား။
--
သင်ခန်းစာ

အဓိက တရားခံကတော့ လေဆိပ်လိုက်ပို့ခဲ့တဲ့ ကျနော့်ညီပဲ၊ သူက ပို့သာပို့ပေးလိုက်ပြီး ကျနော်သွားကြိုမယ်လို့ မပြောမိဘူး၊ ကျနော်ကလည်း ကာယကံရှင်ကို မပြောပဲ အဲဒီကောင်ကိုပဲ ပြောလိုက်မိတယ်၊ ကောင်းရော။ ဟိုက ကျနော် လေဆိပ်ဆင်းကြိုမှန်း သိကိုမသိတာ၊ တခြားလူကို လာကြိုခိုင်းပြီး ကံဆိုးချင်တော့ ကျနော့်နဲ့လည်း လွဲသွားတယ်။ ဖုံးထဲမှာ ဘယ်ရောက်နေလဲ မေးတော့မှ လေဆိပ်ရောက်နေမှန်း သိသွားတာ၊ သူ ကျနော့်ကို အားအရမ်း နာသွားတာပေါ့၊ တည်းတဲ့နေရာ ရောက်ပြီးလို့ အနားတောင် ယူနေပြီလေ။ ကျနော်ကတော့ ကြေကွဲစွာနဲ့ အဖော်လိုက် ပေးသူ ကံထူးရှင်ကို ဆတိုး အားနာရတာပေါ့၊ ဟာဟ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လင်းဦး(စိတ်ပညာ)] 1 New Entry: ကမ္ဘာ့အကြီးဆုံး မွေးမြူရေးစခန်းသို့ အလည်တစ်ခေါက်

ကမ္ဘာ့အကြီးဆုံး မွေးမြူရေးစခန်းသို့ အလည်တစ်ခေါက်

ကမ္ဘာ့အကြီးဆုံး မိကျောင်းမွေးမြူရေးစခန်းကို ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀ အကွာဝေးတွင်တည်ရှိသည်။

ဝင်ကြေးကတစ်ယေက်ကိုဘတ် ၆၀ ပေးရတယ်. သူတို့က မြေပုံနှင့် သူတို့ဆီမှာရှိတဲ့ show အစီစဉ်အချိန်တွေကိုပေးတယ်....





ပထမဆုံးက မိကျောင်း show ပေါ့. အဲဒီကိုသွားတဲ့လမ်းမှာ မိကျောင်းမွေးထားတဲ့ကန်ထဲကမိကျောင်းများ












မိကျောင်း show စပြီ






သူတို့ကစတာနဲ့ သဲထိတ်ရင်ဖွယ် ပြကွက်တွေနဲ့ပြတာဆိုတော့ ပရိတ်သတ် က ဟာ တို့ဟင် တို့ဖြစ်လိုက် . လက်ခုတ်တီးလိုက်နဲ့ ပေါ့... အောက်မှာပြထားတဲ့ ပုံတွေ ကိုသာကြည့်လိုက်






















ကိုသီဟ (All-Channel)

လင်းဦး(စိတ်ပညာ)

You received this email because you are subscribed to the real_time feed for http://linoo.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Public Health in Myanmar] 1 New Entry: Genetic Diseases (3)

Genetic Diseases (3)

Complex Genetic Disorders




မျိုးရိုးဗီဇကြောင့် ဖြစ်ရသော ရောဂါ အုပ်စု သုံးခု စလုံးအနက် Complex Disorders သည် တခြား နှစ်ခုထက် ပိုမို ရှုပ်ထွေးပြီး အဖြစ်များဆုံး ဖြစ်သော်လည်း ၈၀% ကျော်ကို လုံးဝ ကာကွယ်၍ ရနိုင်သော ရောဂါ များသာ ဖြစ်သည်ကို တွေ့ရ ပါသည်။ Multi-factorial Disorders (သို့) Complex Disorders ရောဂါ များကို သုတေသန ပြုချက်အရ မိသားစုဝင်များ နှင့် ဆွေမျိုး များတွင် ဖြစ်လေ့ရှိသည့် အပေါ် မူတည်ပြီး မျိုးရိုး ဗီဇနှင့် ဆိုင်သည်ဟု သတ်မှတ် ထားသော်လည်း ထိုရောဂါ အများစုသည် Environmental Factors ဟုခေါ်သော ပတ်ဝန်းကျင် ဘ၀ လူနေမှု ပုံစံနှင့် များစွာ သက်ဆိုင်နေပြီး မိဘ မျိုးရိုးတွင် ထိုရောဂါများ မရှိသူ များလည်း အနေအထိုင်၊ အစား အသောက် မဆင်ခြင်ပါက မည်သူမဆို ရရှိနိုင်သည့် ရောဂါများ ဖြစ်ပါသည်။ ဤပို့စ်တွင် ဥပမာ အဖြစ် ဖေါ်ပြ ထားသည့် ရောဂါများ အထဲမှ အားလုံး နီးပါးကို ဤဘလော့ဂ်ရှိ Health Education အောက် တွင် ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် ဤပို့စ်တွင် ထိုရောဂါ များ အကြောင်းကို အသေးစိတ် ဖေါ်ပြမည် မဟုတ်ပဲ ကာကွယ်၍ ရနိုင်သည်များကို ကာကွယ် နိုင်စေရန် မျိုးရိုး လိုက်သည့် ပုံစံနှင့် သဘော သဘာဝ ကိုသာ အသားပေး တင်ပြ သွားမည် ဖြစ်ပါသည်။

အဖြစ်များသော Complex Genetic Disorders ရောဂါ ဥပမာ တချို့ကို ခန္ဓာကိုယ်အလုပ်လုပ်မှု စနစ်အလိုက် အောက်ပါအတိုင်း တွေ့ရနိုင်ပါသည်။

အစာခြေ အင်္ဂါအဖွဲ့အစည်း

(၁) အူမကြီးကင်ဆာ (Colo-Rectal Cancer) - အဆီများသော အစားအစာများနှင့် အမျှင်နည်းသော အစားအစာများကို စားသုံးသောကြောင့် အဓိကဖြစ်ရသည်။
(၂) နံပါတ် (၂) အမျိုးအစား ဆီးချိုရောဂါ ( Type (2) Diabetic Mellitus) - အ၀လွန်ခြင်းနှင့် အချိုဓါတ် လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၃) နံပါတ် (၁) အမျိုးအစား ဆီးချိုရောဂါ ( Type (1) Diabetes Mellitus) - ခုခံမှုအား တုန့်ပြန်မှုကို ဗိုင်းရပ်နှောင့်ယှက်ခံရသောကြောင့် ဖြစ်ရသည်။
(၄) အ၀လွန်ခြင်း ရောဂါ (Obesity) - Body Mass Index (BMI) ၃၀ ကျော်သူများကို ဆိုလိုပြီး ထမင်းအပါအ၀င် ကာဗွန်ဟိုက်ဒရိတ် အစားအစာများနှင့် အဆီပါသော အစားအစာများကို လိုသည်ထက် ပို၍ လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။


နှလုံးသွေးလှည့်ပတ် အင်္ဂါအဖွဲ့အစည်း

(၁) နှလုံးရောဂါ (Coronary Heart Disease)
(၂) သွေးတိုးရောဂါ (Hypertension)
(၃) လေဖြတ်ခြင်း (Stroke) စသည်တို့ ဖြစ်နိုင်ပြီး ၎င်းတို့အားလုံးသည် အဆီစားများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကော်လက်စထရောလ်ဓါတ် များခြင်းနှင့် စိတ်ဖိစီးမှုများခြင်း တို့ကြောင့် ဖြစ်ရသည်။


အာရုံကြောနှင့် ကြွက်သားအဖွဲ့အစည်း

(၁) အယ်လ်ဇီးမာ ရောဂါ (Alzheimer Disease) - အင်ဇိုင်းချို့တဲ့မှုများနှင့် ဓါဓုဗေဒဆိုင်ရာ ဓါတ်ပေါင်းများ မမျှတခြင်းကြောင့်ဟု ဆေးသုတေသီများ ခန့်မှန်းသည်။
(၂) စိတ်ရောဂါများ (Psychiatric Disorders) - အာရုံကြော၌ ဓါဓုဗေဒ ဓါတ်ပေါင်း မညီမျှခြင်းကြောင့်ြ ဖစ်ရသည်ဟု ပညာရှင်များ ခန့်မှန်းသည်။
(၃) အရက်စွဲရောဂါ (Alcoholism) - လူမှုပတ်ဝန်းကျင်နှင့် ဘ၀နေထိုင်မှု ပုံစံမှားယွင်းသောကြောင့် ဖြစ်ရသည်။


အမျိုးသမီး ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာများသည် မျိုးရိုး လိုက်သည့် ရောဂါများ တွင် ပါဝင်ပြီး ဖြစ်ရသည့် အကြောင်းရင်း အတိအကျ မသိရ သော်လည်း အဆီစား များသူနှင့် အရက် သောက်သည့် အမျိုးသမီး များတွင် အများဆုံး ဖြစ်သည် ဟု လေ့လာ သိရှိ ရပါသည်။

အထက် ဖေါ်ပြပါ ဥပမာ ပေးထားသည့် ရောဂါ များသည် မျိုးရိုး လိုက် ရောဂါများဟု အမည် ပေးထား သော်လည်း Type (1) ဆီးချို ရောဂါမှအပ တခြား ရောဂါများ အားလုံးသည် ဖြစ်ရသည့် အကြောင်းရင်း အတိအကျ ရှိပြီး အနေအထိုင်၊ အစား အသောက် ဆင်ခြင်ပြီး ကာကွယ်၍ ရနိုင် ပါသည်။ သို့သော်လည်း မျိုးရိုး ရှိသူနှင့် မျိုးရိုး မရှိသူနှစ်ဦး နေထိုင် စားသောက် မဆင်ခြင်ပုံ တူညီပါက မျိုးရိုး ရှိသူ များတွင် ပို အဖြစ် များသည်။ ဥပမာ အားဖြင့် အ၀ လွန်သူများ အားလုံးတွင် နံပါတ် (၂) အမျိုးအစား ဆီးချို ရောဂါ မရှိ နိုင်သော်လည်း မျိုးရိုးတွင် ဆီးချို ရောဂါရှိသူ အ၀လွန်ပါက မျိုးရိုးတွင် ရောဂါ မရှိသူ အ၀ လွန်သူထက် ရောဂါရရန် ပို သေချာပါသည်။ ထို့ကြောင့် မျိုးရိုး ဗီဇ ကြောင့် ဖြစ်နိုင်သည့် အခန်း ကဏ္ဍ ကိုလည်း လုံးဝ ပစ်ပယ်၍ မရပဲ မျိုးရိုး တခုတည်း ကြောင့် (သို့) ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု ပုံစံ တခုတည်းကြောင့် မဟုတ်ပဲ ၎င်းတို့ နှစ်ခု စလုံး ပေါင်းစပ်မှု ကြောင့် ထို ရောဂါများကို အများဆုံး ဖြစ်စေ ပါသည် ဟုသာ သတ်မှတ် နိုင်ပါသည်။

မိသားစုဝင်များသည် ဗီဇနှင့် ပတ်ဝန်းကျင် (အစားအသောက်၊ လူနေမှုပုံစံ) နှစ်ခုစလုံးတွင် ထပ်တူနီးပါး တူညီပြီး ထိုအလေ့အထအတိုင်း ကြီးပြင်းသည်အထိ ဆက်လက်၍ နေထိုင်စားသောက်သောကြောင့် ရောဂါရှိသော မိသားစုမှ ဆင်းသက်လာသော မွေးချင်း မောင် နှမများတွင် ရောဂါ ရရှိရန် အခွင့်အလမ်း များသည်မှာ သဘာဝ ပင် ဖြစ်သည်။ မွေးချင်းများ အားလုံးသည် အမွေ ဆက်ခံမှု သဘော သဘာဝ အရ တယောက်နှင့် တယောက် ဗီဇ ၅၀% ထပ်ထူ ကျပြီးသား ဖြစ်သည်။ Genetic အရ ရောဂါ အမွေ ဆက်ခံမှုသည် ရုပ်သွင် လက္ခဏာ အမွေ ဆက်ခံမှုနှင့် အတူတူ ပင် ဖြစ်သောကြောင့် အမွှာ မောင်နှမ များကို လေ့လာခြင်း ဖြင့်လည်း ရောဂါ တခုတွင် ဗီဇနှင့် ပတ်ဝန်းကျင် နှစ်ခုစလုံး အရေး ပါသည်ကို ပိုမို ရှင်းလင်းစွာ နားလည် နိုင်ပါသည်။

အမွှာ မောင်နှမ များတွင် Monozygotic (မျိုးဥ တလုံးတည်း မှ မွေးလာသူများ) နှင့် Dizygotic (မျိုးဥ နှစ်လုံးနှင့် Spam တကောင်စီဖြင့် မျိုးစပ်ပြီး မွေးလာ သူများ) ဟူ၍ နှစ်မျိုး ရှိပြီး Monozygotic များသည် ဗီဇအရ ရာနှုန်းပြည့် ထပ်တူ ကျသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Concordant trait) ဖြစ်ပြီး ကွဲပြား စရာ ဆိုသည်မှာ ပတ်ဝန်းကျင် ကြောင့်သာ ရှိပါသည်။ Dizygotic များမှာမူ အတူတူ မွေးလာ သော်လည်း မျိုးဥတလုံးစီ Spam တခုစီမှ မွေး လာသော ကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ မဟုတ် (Discordant trait) ပဲ ဗီဇအရ တခြား မွေးချင်းများကဲ့သို့ ၅၀% သာ တူပါသည်။ အကယ်၍ ဥတလုံးတည်း နှင့် မွေး လာသည့် (Monozygotic) အမွှာများ မျိုးရိုး ဗီဇကြောင့်သာ ရောဂါ ရရှိမည် ဆိုပါက နှစ်ဦး စလုံးတွင် တူတူ ရရှိရမည် ဖြစ်သည်။ သို့သော် လက်တွေ့တွင် အမွှာ မောင်နှမ ထဲမှ တယောက်ယောက်တွင် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိတိုင်း တခြားတယောက်တွင် လိုက် ဖြစ်သည်ကို တွေ့ခဲ ပါသည်။ ဤသည်မှာ ထို ရောဂါများတွင် Gene သည် အဓိက မကျခြင်းကို ဖေါ်ပြ နေခြင်းပင် ဖြစ်သည်။

သို့ရာတွင် တခြား တဖက်တွင်မူ မွေးစား သားသမီးများကို လေ့လာသည့် သုတေသန ပြုမှု တခုတွင် အထက်ပါ ပုံစံ အတိုင်း မဟုတ်ပဲ Gene သည် အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင် နေသည်ကို တွေ့ရပါသည်။ မွေးပြီး ကတည်းက ၎င်းတို့၏ မူရင်း မိဘများ (Biological parents) ဆွေမျိုး များနှင့် လုံးဝ မတူညီသည့် လူနေမှု ဘ၀ပုံစံနှင့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသော မွေးစား ကလေးများကို လေ့လာ သောအခါ ထို ကလေး တချို့တွင် ၎င်းတို့၏ မူရင်း မိဘ ဆွေမျိုးများ၏ မျိုးရိုး တွင် ဖြစ်လေ့ ရှိသည့် ရောဂါများ အထူးသဖြင့် စိတ်ကြွ ရောဂါ အပါအ၀င် တခြား စိတ်ပိုင်း ဆိုင်ရာ ထိခိုက်သည့် ရောဂါများ သည် ကို တွေ့ရှိ ရပါသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု မပါပဲ ဗီဇ တခုတည်း ကြောင့်လည်း ရောဂါ ဖြစ်နိုင်သည် ကို လေ့လာ သိရှိ ရပါသည်။ ထို့ကြောင့် Complex Genetic Disorders တွင် မျိုးရိုး ဆက်ခံသည့် ပုံစံသည် ပိုမို ရှုပ်ထွေးပြီး အတိအကျ ပြော၍ မရနိုင်ပါ။ ခန့်မှန်း၍ ရနိုင်သည့် အချက် များ တွင် မိဘများနှင့် ဘိုးဘွား များ၏ မွေးချင်း များတွင် ထိုရောဂါများ ရရှိသူ အရေအတွက် မည်မျှရှိပြီး ရောဂါ ပြင်းထန်မှု အတိမ်အနက် (Intensity) မည်မျှ ရှိသည်ကို ကြည့်ပြီး မိမိနှင့် မိမိ သားသမီးများ၏ မျိုးရိုး အရ ရောဂါ ဖြစ်နိုင်ခြေ (Risk Factors) ကို ခန့်မှန်း နိုင်ပါသည်။ ကျန်သည့် ဖြစ်နိုင်ခြေ ရှိသည့် အပိုင်းကိုမူ မိမိ၏ ဘ၀ လူနေမှုပုံစံနှင့်သာ အများဆုံး သက်ဆိုင် နေပါသည်။

မည်သို့ပင် ဖြစ်စေ ထို ရောဂါများ၏ ဖြစ်နိုင်ခြေ ရှိသည့် အချက်များ (Risk Factors) များ ကိုလေ့လာ သောအခါ ရာခိုင်နှုန်း အနေနှင့် မျိုးရိုး ဗီဇသည် အစိတ်အပိုင်း တခုအဖြစ်သာ ပါဝင် နေသည်ကို တွေ့ရပြီး အဓိက အကြောင်းရင်း မဟုတ်သည်ကို တွေ့ရပါသည်။ မျိုးရိုး မရှိသူများတွင်လည်း အနေအထိုင်၊ အစားအသောက် မဆင်ခြင် သောကြောင့် ထိုရောဂါများ ဖြစ်နေသူ များစွာရှိပြီး ဘ၀ နေထိုင်မှု မှန်ကန် သောကြောင့် ရောဂါ မရသူများ လည်း ရှိသည့် အတွက် ဖြစ်ရခြင်း အကြောင်းရင်း နှစ်ခုတွင် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှုသည် ပို၍ အဓိက ကျသည်ကို တွေ့ရမည် ဖြစ်သည်။ အဓိက အားဖြင့် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များဆုံး စာရင်းဝင် နေသော နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ ရောဂါ အတော် များများကို ကျန်းမာစွာ နေထိုင် စားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဖိစီး မှု ကို ပြေပျောက် စေသည့် တရားမှတ်ခြင်း အပါအ၀င် နည်းလမ်း များစွာဖြင့် ကာကွယ်၍ ရနိုင်သည့်ရောဂါများသာ ဖြစ်သည်။ ဆီးချို ရောဂါ တခုတည်းမှာပင် ကာကွယ်၍ ရနိုင်သော Type (2) ဆီးချိုသည် ၈၅% ရှိပြီး သုတေသီ များက ကာကွယ်ရန် နည်းလမ်း ရှာမတွေ့ သော Type (1) ဆီးချို ရောဂါမှာ ၁၅% သာ ဖြစ်နေသည် ကို ကြည့်ခြင်း အားဖြင့် တခြား ရောဂါများ တွင်လည်း ကာကွယ် သင့်သည့်ကို မကာကွယ် သဖြင့် ရောဂါ ဝေဒနာ ခံစား နေရခြင်းမှာ ငြင်း၍ ရနိုင်မည် မဟုတ်ပါ။

အချုပ်အားဖြင့် မျိုးရိုးဗီဇ ရောဂါများတွင် ဗီဇ အမွေ ဆက်ခံသည့် ပုံစံကို တွက်ချက် ခန့်မှန်း၍ ရနိုင်သော ဗီဇတခုခု တွင် ပုံမှန် မဟုတ်သည့် (Single Gene disorders) ရောဂါများနှင့် ခရိုမိုဇုမ်း ပုံမှန် မဟုတ်သည့် အထဲမှ တချို့မှ လွဲ၍ ကမ္ဘာပေါ်တွင် လက်ရှိ အဖြစ်များ နေသော မျိုးရိုးဗီဇ ရောဂါများ အားလုံးသည် ဗီဇ တခု တည်းတွင် အခြေခံခြင်း မဟုတ်ပဲ ပတ်ဝန်းကျင် အခြေအနေ များလည်း ပေါင်းစပ် ပါဝင် နေသော ကြောင့် အနည်း နှင့် အများ ကာကွယ်၍ ရနိုင်သော ရောဂါများ သာ ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော်လည်း ထိုကာကွယ်၍ လုံးဝ မရနိုင်သော Single Genes disorders ရောဂါများသည် အနည်းအကျဉ်း သာတွေ့ရပြီး ကာကွယ်၍ ရနိုင်သော မျိုးရိုးဗီဇ ရောဂါများ ကိုသာ အများဆုံး တွေ့နေရ သည်မှာ အမှန်ပင် ဖြစ်သည်။

ထိုရောဂါများ၏ သဘော သဘာဝနှင့် ရောဂါ ရရှိပုံကို သိရှိ ထားပါက ကာကွယ် သင့်သည်များကို ကာကွယ် နိုင်ပါလိမ့်မည်။ ထိုသို့ ကာကွယ် သင့်သည်ကို မကာကွယ် ခြင်းသည် အကြောင်း အမျိုးမျိုး ရှိနိုင် သော်လည်း လူအများစု အတွင်း ကျန်းမာရေး ဗဟုသုတ လေ့လာမှု အားနည်းခြင်းနှင့် ပညာရှင်များမှ ကျန်းမာရေး ပညာပေး အားနည်း နေခြင်း နှစ်ခုစလုံး ကြောင့် ဖြစ်နိုင် ပါသည်။ ကာကွယ်ခြင်း သည် ကုသခြင်း ထက် များစွာ သက်သာပြီး ထိရောက် သောကြောင့် အသက်ရှင် စဉ် ကာလအတွင်း ဘ၀ကို ကျန်းကျန်း မာမာ သက်တောင့် သက်သာစွာ နှင့် ဖြတ်သန်း နိုင်ကြ စေရန် လေ့လာ သင့်သော ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ များကို လေ့လာပြီး ကာကွယ် ကြပါရန် တိုက်တွန်း ဆန္ဒပြုလိုက် ပါသည်။

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 2 New Entries: we are human being....

we are human being....


လူ့မနော…

Myanmar song

You tube မှာ Myanmar song လို့ ရိုက်ပြီးရှာ ရင် ထိပ်ဆုံးက တက်တက် လာတဲ့ သီချင်းပါ။ အေဝမ်းစိုးမြင့် ရေးပြီး ချိုပြုံး ကဆိုပါတယ်./စကားမစပ် ချိုပြုံး ငယ်ငယ် ကသိတ် ချော ပါ တယ်။ သားသမီး လေးယောက်ရ ပြီး မှ ရုပ်ရှင် နယ် ထဲဝင်တာပါ။

မျိုးကျော့မြိုင်လဲ ဝင်ယောင် :P ပါတယ် ။ မျိုးကျော့မြိုင် ကို ရုပ်ဆိုးတယ် လို့ မြင်တဲ့သူတွေ က မြင်ကြပေမဲ့ ကြိုက်တဲ့သူတွေ ကလဲ အတော်ကြိုက်ကြတယ်။

သီချင်းခေါင်းစဉ်က (အလှကမ္ဘာမြေ) တဲ့။ နားထောင်လို့ကောင်းပြီး မြူးကြွတဲ့ သီချင်းလေး ပါဘဲ။ ကြည့်ချိန် သုံ့းမိနစ်. ။ Rate : five star နီးပါး ရပါတယ။် 41 rating ရှိပြီး...Views: 142,397 ရှိပါတယ်။



http://www.youtube.com/watch?v=CjN4_loD1vU

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပျူနိုင်ငံ] 1 New Entry: ဌက်ငယ်လေးရယ်

ဌက်ငယ်လေးရယ်


zzmaei.jpg
(ဓါတ်ပုံထဲမှ အမျိုးသမီးငယ်မှာ မကေသီအောင် ဖြစ်ပါတယ်။)

ဌက်ငယ်လေးရယ်
ရင်ခွင်လှောင်ချိုင့်ကို ရိုက်ချိုးလို့ အပြောကျယ်တဲ့
ဝေဟင်ကို ပျံရလေပြီပေါ့နော် ….
လောကရဲ့ ကောက်ကျစ်တဲ့ သင်ခန်းတွေကို

သင်ယူပြီးရင် ခရောင်းတောဆိုတဲ့
ဝေဟင်ကို အတင်းပျံသန်းလို့
မူလရင်ခွင် လှောင်ချိုင့်ကို ခိုဝင်လှည့်ပါ …. ။

မင်းဟာ တော်လှန်ရေးမှာရော
ငါ့အပေါ်မှာပါ တာဝန်ကျေလှပါတယ် …။
ဌက်ငယ်လေးရယ် ………

ထွန်းထွန်း (၁၄၊ ၉၊၀၈)

(ကဗျာရေးသူ ကိုထွန်းထွန်းသည် (12/12/08) RFA သတင်းပါ
သူ့ကို ဖမ်းမမိသဖြင့် လုံးဝအပြစ်မရှိသော ကိုယ်ဝန်(၃-လ) ရှိသည့်
ဇနီးသည် အဖမ်းခံရပြီး ထောင်ဒဏ် (၂၆)နှစ် မန္တလေးထောင်တွင်
ချမှတ်ခံထား ရပါသည်။ ယခု ကဗျာမှာ ဇနီးဖြစ်သူ မကေသီအောင်
အတွက် ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်း ရေးဖွဲ့ထားသော ကဗျာ ဖြစ်ပါသည်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: ပြန်ဖွင့်ဖတ်တဲ့စာအုပ်ဟောင်း

ပြန်ဖွင့်ဖတ်တဲ့စာအုပ်ဟောင်း























နှစ်သစ်ကူးတော့မယ်...။

ပြက္ခဒိန်အသစ်တချပ်
နံရံမှာ ကပ်ရတော့မလား...။

ဆယ့်နှစ်ကြိုးတပ်
ငါ့ ဗြပ်စောင်းကတော့
ဂစ်တာဟောင်းအိုကြီးပါ...
အသံသာဖို့ကိုပဲ ကြိုးညှိညှိနေရ
ခက်ခဲလှချည့်...။

ကြိုး အဟောင်း
သီချင်း အဟောင်း
တူရိယာ အဟောင်း
လူကြီးလူကောင်းဆန်ရတာ
သံစဉ်တွေခမျာ
ပင်ပမ်းရှာပေတယ်...။

ကြိုး အသစ်
လဲ ဖြစ်တဲ့ နေ့တော့
အကြိုက်ဆုံး ပေါ့ပ် သီချင်းတပုဒ်ကို
ပြောင်းပြန်လုပ်ဆိုပစ်ဦးမယ်...။

Photo Source: http://www.rawstrategies.com/pntg/!guitar.jpg

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: ညည အိပ်မပျော် သူများအတွက်

ညည အိပ်မပျော် သူများအတွက်

ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား။ ဒါမှ မဟုတ် ညကြီးမိုးချူပ် ခဏခဏ နိုးလာ၍ အိပ်ရေးမ၀ တဲ့ ရောဂါ ခံစားနေရပါသလား။ ဒီလိုမှမဟုတ် အမြဲတမ်း မနက်အစောကြီး နိုးနိုး နေသလား။ ဒီလိုဖြစ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး လူပေါင်းများစွာ ထိုကဲ့သို. ဝေဒနာများ ခံစားနေရပြီး ကောင်းကောင်းအိပ်နိုင်ဖို....

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: ခေါင်းစီလေးအကြောင်း

ခေါင်းစီလေးအကြောင်း

ကျနော်လည်း နှစ်မကုန်ခင် ဘလော့ဂ်ကို တန်းပလိတ်ချိန်းမလားလို့ စဉ်းစားနေတယ်။ အင်တာနက်မှာလည်း ရှာတာ စိတ်ကြိုက်တစ်ခုမှ မတွေ့ဘူး။ ဘလော့ဂ်စလုပ်ကထဲက တန်းပလိတ်ရှာပုံတော်ဖွင့်တာ အခုထိ အတော မသတ်နိုင်သေးဘူး။

နောက်ဆုံး တန်းပလိတ်တစ်ခုလုံးမပြောင်းရရင် Header လေးတော့ပြောင်းမယ်ဆိုပြီး စိတ်ထဲမှာ လှမယ်ထင်တဲ့ ဓတ်ပုံတွေဖြတ်ညှပ်ကပ်လုပ်တာ တစ်ခုမှ စိတ်တိုင်းမကြဘူး။ ကျနော်အမြဲတမ်း Header လှလှလေးတွေ သွားသွားချောင်းနေတဲ့ဆိုဒ်မှာ အခု ခေါင်းစီးလေးကို သွားဆွဲခဲ့တာပါ။

I Live To Blog တဲ့ နည်းနည်းများ ကြီးကျယ်နေမလားမသိဘူးနော်။ လောလောဆယ် စာသားလေးနဲ့ ပုံစံလေးကိုကြိုက်လို့ ယူသုံးထားတယ်။ 

မိတ်ဆွေတို့လည်း ခေါင်းစီးလှလှလေးတွေ ပြောင်းချင်တယ်ဆိုရင် အဲ့ဒီဆိုက်မှာ သွားရှာနိုင်ပါတယ်။ သိတဲ့သူတွေအတွက်တော့ ဘာမှ အသုံးမ၀င်ပေမယ့် ကျနော်တို့လို့ ဘလောဂ့်ဂါ ပေါက်စ ကိုကိုကလိ မမကလိများအတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

                       http://www.freewebpageheaders.com/gallery/

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဦး] 1 New Entry: VOB690

VOB690

VOB690KK

You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 2 New Entries: လွတ်လပ်ရေးကျောက်တိုင် ခိုင်ခံ့အောင် တည်ဆောက်ကြစို့ ။ လွတ်မြောက်ရေးအတွက် တော်လှန်ရေး ဆင်နွဲကြ။

လွတ်လပ်ရေးကျောက်တိုင် ခိုင်ခံ့အောင် တည်ဆောက်ကြစို့ ။ လွတ်မြောက်ရေးအတွက် တော်လှန်ရေး ဆင်နွဲကြ။

ပညာရေးထောင်တွေကို ဖြိုလှဲကြ။

Prison

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 3 New Entries: ဖမ်းဆီးခံရ

ဖမ်းဆီးခံရ

မလေးရှားက အလုပ်သမားရေး လှုပ်ရှားသူတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွား

အပြည့်အစုံသို့ >>

http://www.ngunngemoe.co.cc/ မှ ကူးယူသည်

အာဏာရှင်လက်အောက်မှ မြန်မာပြည်သူ ပြည်သားများရဲ့ ဘ၀အမှောင်များ။

ကိုမင်းထက်ရဲ့ကဗျာလေးပါ

bullet-copy

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[ပြောချင်လွန်းလို့] 1 New Entry: ရသလျှာရှည်

ရသလျှာရှည်

ဘလျှာရှည်ကား သက်ပြင်းတစ်ချက်ချလိုက်၏။ ထိုနောက် သက်ပျော့တစ်ချက်ကို ရှိုက်သွင်းလိုက်သည်။ ပြီးသော် သက်ဖိုတစ်ချက် ပြင်းစွာ မှုတ်ထုတ်၍ သက်မတစ်ချက် ချည့်နဲ့စွာ ရှူထည့်ပြီးသကာလ လက်ပိန်နှစ်ချောင်း ရှေ့ထောက်ကာ ကိုယ်ကိုင်း၍ အားယူ ထလိုက်သည်။ မာဆတ် မသွားနိုင်တော့သဖြင့် နာတတ်နေပြီဖြစ်သော အလိုက်မသိလွန်းသည့် ခါးကို ဖြေးညင်းစွာ ပြန်ဆန့်ပြီးနောက် ဘယ်ခြေထောက်ကို ဖြေးညင်းစွာ စလှမ်း၏။ ရှေ့သို့ ခြောက်လှမ်းမျှ လှမ်းပြီးနောက် ရပ်လိုက်သည်။ မရပ်လို့ မဖြစ်တော့။ ရှေ့မှာ ၀ါးထရံ ပိတ်နေမင့်ကိုး။ သို့ဖြင့် အနောက်သို့ ၁၈၀ ဒီဂရီ ပြန်လှည့်ကာ ယခင်နည်းအတိုင်း ပြန်လျှောက်သည်။ ခြေလှမ်း ငါးလှမ်းစာမျှ လှမ်းပြီးသည်နှင့် နဂိုနေရာသို့ ပြန်ရောက်လာသည်။ တဖန်ပြန်လှည့်ကာ ခြေစလှမ်းမည်ပြုသော် အတွေးတို့က ခေါင်းထဲ ဆွဲမခေါ်ဘဲ ၀င်လာပေသည်။

" နို့ .. ခုနက ခြောက်လှမ်း လှမ်းတယ်။ ခု .. ဖြင့် ငါးလှမ်း၊ .. ဘယ်ကနေဘယ်လို တစ်လှမ်းပျောက်သွားပါလိမ့် " ဟု နက်နဲစွာ တွေးမိ၏။ မျက်ခုံးတွန့်၍တွေးသည်၊ မျက်ခုံးကို ပြန်ဖြန့်ပြီးစဉ်းစားသည်။ နောက်တော့မှ သူသဘောပေါက်သည်။ ဒုတိယတစ်ခေါက်မှာဖြင့် ကြမ်းက အပေါက်ကြီးကို ကျွံမှာစိုး၍ အမြန်ကျော်လှမ်းလိုက်သည်ကိုး။ သို့ဖြင့် တစ်လှမ်းစာ ပျောက်သွားခြင်းဖြစ်မည်။ ဖြစ်တတ်တာပဲဟု ဖြေသိမ့် လိုက်၏။ သို့နှင့် တစ်ဆက်တည်း အတွေးထဲ ၀င်လာပြန်သည်က ကြမ်းပေါက်တောင် ပြန်မဖာနိုင်၊ မပြင်နိုင်သည်မှာ အတော်လေး ကြာခဲ့ ပြီဆိုတာဘဲ။ အစုတ်အပြတ် အဟောင်းအနွမ်းတို့ဖြင့်သာ အတိပြီးကုန်သော မိမိပတ်ဝန်းကျင်သေးသေးလေးကို ဘယ်နှစ်ကြိမ်မြောက် မှန်းမသိ ဝေ့၀ဲကာ ကြည့်မိပြန်သည်။ ရှေ့နောက် ၀ဲယာ၊ ဘယ်ညာတောင်မြောက်။

မျက်လုံးများက ဝေသီသီ ဝေ့သဲသဲ၊ နှာခေါင်းပေါက်အစုံမှ ပျော့တွဲတွဲ ပျစ်ချွဲချွဲ နှပ်မစင်ရည်များက ဆောင်းလေတစ်ချက် ပစ်အတိုက်မှာ ခပ်ငိုက်ငိုက် သွယ်ဝိုက်ကာ စီးကျလာသည်။ သို့ဖြင့် အိပ်ကပ်ထဲရှိ ထရိတ်ဒါးဟော်တယ်က အလစ်နှိုက်လာသော လက်ကိုင်ပုဝါကို ထုတ်ကာ အသာသုတ်၏။ ပြီးသော် နှုတ်မှ တိုးတိုးလေး ရေရွတ်လိုက်သည်။

" ဘလော့လောကကြီး ဘာတွေဖြစ်ကုန်ပြီနည်း ..... ?

လေးစားရပါသော စာရှုသူ..။ ကျွန်ုပ် ရူးသွားပြီဟု အထင်မရောက်နှင့်ဦး။ "ရသ" စာပေဆိုတာ ဒီလိုမျိုးလားဟု ကြိုးစား၍ ရေးကြည့်မိခြင်း သာ။ ရေးသာရေးသည်။ မသိ၊ မတတ်သဖြင့် အပြီးသတ် ဆက်ရေးရန် မဖြစ်ချေတော့။ ဘဇာကြောင့်နည်း။ ရှင်းပါအံ့။

လွန်ခဲ့သောအချိန်တွေက ကျွန်ုပ်မှာ ကမ္ဘာ့စီးပွား ပျက်ကပ်ဒဏ်ကို အလူးအလဲခံနေခဲ့ရသည်လေ။ သို့ကလိုကြောင့် ဘလော့ဘက် မလှည့် နိုင်၊ အမေရိကားတွင် စတော့ရှယ်ယာ အိတ်ချိန်းတွေ ကမောက်ကမ ဖြစ်ကုန်သည်ဆို၏။ ထိုစတော့ရှယ်ယာ အိတ်ချိန်းတွေ ကမောက်ကမ ဖြစ်၍ မိမိတို့ တိုက်နယ်လေးရှိ အစိုးရဆက်သွယ်ရေး တယ်လီဖုန်း အိတ်ချိန်းလည်း ကောင်းလိုက် ပျက်လိုက် ဖြစ်နေ၏။ အစိုးရမင်းများ ပြောတာကတော့ ဒါတောင် သူတို့ တော်လွန်း၍ ဒီလောက်ဘဲ ဖြစ်တာတဲ့။ နို့မို့ဆို နစ်လိုက် မြုပ်လိုက်တောင် ဖြစ်ဦးမှာတဲ့။ ရွာဦးကျောင်း ဆရာတော်တောင် ဘုရားပြီးလျှင် သူတို့ကို တစ်ဆက်တည်း ကန်တော့ရင် ကောင်းမလား စဉ်းစားနေပြီဆိုသည်။

အမေရိကားက လေးမန်းအင်ဘရားသား ကုမ္ပဏီကြီး ကွဲသည်။ အကျိုးဆက်အားဖြင့် ရွာက အင်တာနက်လည်း ခဏခဏ ကျကွဲပြီး ပျက်နေသည့် အချိန်သာများသဖြင့် ကျွန်ုပ် မဘလော့နိုင်ခြင်းသာ။ ဟော .. အခု အင်တာနက် အကွဲကြီး ပြင်ဆင်ပြီး၍ လှေကားထောင် တက်ကြည့်သော်၊ ဘလော့အကယ်ဒမီ ပေးပွဲကြီးနှင့် ဆိုက်ဆိုက်ကြီး တိုးလေတော့သည်။ နွားငတ်နှင့် ကောက်ရိုးပုပ်တွေ့သည့်နှယ် ကျွန်ုပ်ကား ထိုပွဲကြီးကို အငမ်းမရ ထိုးဟပ်တော့၏။ (တလောက မစ်(စ်)ငထက်ပြားဖမ်းပွဲကြီး အကြောင်း သူများ ဖေါက်သယ်ချ၍ လာပြန်ပဟ ဒီတစ်ခါ ဘာပွဲလဲဟဲ့ဟု စိတ်ဝင်စားမိခြင်းဖြစ်သည်။) ဟပ်သာဟပ်၊ ကောက်ရိုးနှင့် နှုတ်သီး အလွဲကြီးလွဲသော အကောင်နှယ် ကျွန်ုပ်မှာ ဆန့်ငင်ဆန့်ငင် စဖြစ်ရသည်။ သို့သော် စိတ်ဘ၀င်ကား ချက်ချင်း အပေါ်သို့ မြောက်ကာ တက်သွားချေသည်မှာ ဦးကျော် ရင်စီးသည့် မီးပုံပျံနှယ် ဘယ်ယိမ်းညာယိုင်ဖြင့်၊ လေထဲ နှစ်ရက်ခန့် တွဲလဲခိုစီးပြီး ခုတော့ မှိုင်းယိုလို့ ကိုးရိုကားယား ဆင်းလာကာ၊ ဤပို့စ်ကို ထိုင်ရေးမိခြင်း ဖြစ်သည့်တမုံ့။

ချစ်လှစွာသော စာရှုသူတို့..။ သက်ထီးသက်မ အစုံလိုက် ပူးချပြီး ကုလားထိုင်ပေါ် ငုတ်တုတ်ထိုင်တွေးကြည့်ပါဦး။ ကျွန်ုပ်ကိုယ်စား အလ ကားတွေးပေးကြပါ။ အကယ်ဒမီဘုတ်အဖွဲ့က ကျွန်ုပ်တို့၏ ဤဘလော့ကို "ရသ" စာပေစာရင်းထဲ သွတ်ပြီးသွင်းထား၏။ အချောင်းလိုက် အသွင်းမခံရသဖြင့်တော့ ကျွန်ုပ်ကျေနပ်ပါသည်။ ရှာမှရှား၊ ဇကာတင် စာရင်းပေါက်သည်ဆိုတာ နည်းသည်မဟုတ်။ ထပ်၍ သေချာ တွေး ကြည့်ပါ။ ကျွန်ုပ်မှ မမြောက်လျှင် အဘယ်သို့သောသူ မြောက်မည်နည်း၊ အိုဘားမား သမ္မတဖြစ်ဖို့ရှိသည်မှာ ဘာမှမထူးဆန်း။ သူ မြောက် စရာမလိုချေ။ မြောက်လျှင် ပထမသက်တမ်းမှာဘဲ ညှပ်ဖိနပ်ဖြင့် အပေါက်ခံရမည်။ ဒေါ်စုလွတ်ပြီး ၀န်ကြီးချုပ်ဖြစ်လျှင်လည်း မြောက်စရာ မရှိ။ လွတ်လမ်းမှ မမြင်မိသကိုး။ ထားချေတော့ လမ်းလွဲနေပြီ။ လျှာရှည်အား "ရသစာပေ" စာရင်းထဲ သွတ်ပြီး သွင်းထားသဖြင့် ကျွန်ုပ် မြောက်ကာ ဟိုးအပေါ်က ရသစာလား ဘာလားမသိသည့် စာတစ်ပိုဒ်ကို ရေးမိခြင်းသာ။ သို့ပေမင့် မည်သို့ပင်ကြိုးစား ကြိုးစား။ ဆက်ရေးရန် မတတ်သာတော့သဖြင့်၊ ဤမှာပင် တန်းလန်းကြီး ရပ်ထားမိခြင်းဖြစ်၏။ သို့သော် ကျွန်ုပ် နောက်နေ့တွင် အဆုံးသပ်နိုင်ဖို့ ကြိုးစားပါဦးမည်။ လေ့လည်းသေချာ လေ့လာပါဦးမည်။ ဒီနှစ် အကယ်ဒမီ မချိတ်နိုင်လည်း နောက်နှစ်အတွက် ကြိုတင်ပြင်ဆင်ပြီး ရွှေစင်ဆုရဖို့ အားခဲထားပါသည်။ ကျန်ရစ်မင်းကြီး 'လူမင်း 'ပြောသလို၊ (အာလုပ်သံကြီးဖြင့်) "စေတနာရဲ့ အကျိုး .. ဟိုး ဟိုး ခံစားရတာ ပါဘဲ" ဆိုသလိုပေါ့။ ကျွန်ုပ်လည်း နောက်နှစ်တွင် ထိုကဲ့သို့ စင်ပေါ်မှာ ပြောနိုင်အောင် အားထုတ်မည်။

ချစ်စွာသော စာရှုသူ..။ ကျွန်ုပ် ဘလော့လောကမှ အသေထွက်၊ အရှင်ထွက်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ မထွက်မချင်း ရသမြောက် စာပေများ ကြိုးစားရေးသားသွားပါမည်။ ကျွန်ုပ် ရှေ့လျှောက် "ရသ" စာပေကိုသာ အလေးထား ရေးသွားမည်ဖြစ်ကြောင်း၊ သတင်းဆိုး ပို့အပ်ပါသည်။

You received this email because you are subscribed to the real_time feed for http://www.koshershay.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.