Monday, December 29, 2008

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: အာလူးပလာတာ

အာလူးပလာတာ

ခရစ်စမတ်နေ့မှာ london transport တွေလဲမရှိ ဆိုင်တွေဈေးတွေလဲပိတ်နေလို့ ဘယ်မှသွားစရာမရှိမယ့်အတူတူ အိမ်မှာပဲ တစ်ခုခုချက်စားဖို့ ဆုံးဖြတ်ထားတယ်။ ဒီမှာက ပလာတာတွေကို ခဲပြီးရောင်းတာ လွယ်လွယ်ကူကူဝယ်ပြီး အိမ်မှာပဲကြော်လိုက်လို့ရတယ်။ ဒါနဲ့ကြက်သားနဲ့ပလာတာပဲ ချက်စားတော့မယ်။ မဇနိတို့ မမမြရွက်ဝေ မဝါဝါခိုင်မင်းတို့ က တစ်ခုခုချက်စားပြီး တင်ရင်သွားသွားမျှော်ရတာအမော။ ပြီးတော့ နတ်သမီးလေးက ဘာမှမချက်တတ်မပြုတ်တတ်ဘူးလို့ ထင်မှာစိုးရတော့ ပညာတွေထုတ်ပြရတာ။ ဟို ကိုယ့်အပျင်းကြီးပုံ ညစ်ပတ်ပုံကိုကြည့်ပြီး တချို့က မွန်ချက်တတ်(ချတ်တက်မဟုတ်) တယ်ဆိုတာသိတော့ အံ့သြကြတယ်။ နောက်မှ မွန့်လက်ရာ မြန်မာထမင်းဟင်းကောင်းကောင်းချက်ပြီး ကြွားရမယ် (ဟီးဟီး ဒါလေးက နာမည်ကြီးစာရေးသူ အာဘော်လွှမ်းသွားတာ ဘလော့မှာဟစ်မတက်လို့)။



အာလူးကို ပေါင်းအိုးနဲ့ပေါင်းပြီးချေ ကြက်သားနဲ့မဆလာချက် အာလူးထည့်ပြီး အနှစ်ရအောင်မွှေ။ ဒါပဲ မမမြရွက်ဝေစကားငှားပြောရရင် လွယ်သမှ လွယ်လွယ်လွယ်ပဲ။


ပလာတာက frozen ထဲကထုတ်ပြီး ဆီပူပူထဲ ချက်ချင်းထည့်ကြော်လို့ရတယ်။ အိန္ဒြာကျော်ဇင်တောင် သုံးမိနစ်ပဲစောင့်ခိုင်းတာ။ ဒီက အချိန်ဆွဲနေလို့ ဘယ်ဖြစ်မလဲ။ မြန်မှမြန်။


အချဉ်ကတော့ ကြက်သွန်နီ ငရုတ်သီးစိမ်း သံပုရာသီးညှစ်ပြီး ဆားနည်းနည်းလေးဖြူး။ ဒါလက်ကုန်ပဲ။

မမမွန် နဲ့ မမခင်ဦးမေကို ခရစ်စမတ်နေ့က ပလာတာလာစားဖို့ ဖိတ်ပြီးမှ ပုံတွေစက်ထဲထည့်ဖို့ USB ကြိုးပျောက်နေလို့ မမမွန်က အာလူးပလာတာ ဆိုပြီးလာစတယ်။ များများစားကြပါ။ ညီမလေးနေ့အိမ်မက်ကလေးကလဲ မမနတ်သမီး နတ်သုဒ္ဓါကျွေးပါလို့ လာအော်ထားတာ။
အချက်နက္ခတ်နဲ့ကြုံမှချက်တဲ့ နတ်သမီးပလာတာ ဟာ မှားကုန်ပြီ ကြက်သားပလာတာ။






You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.