Monday, December 29, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 7 New Entries: သူတို့ကိုလည်း ပြိုင်ဖို့ မလိုဘူးထင်တယ်

သူတို့ကိုလည်း ပြိုင်ဖို့ မလိုဘူးထင်တယ်

Written by စမ်းစမ်းနွဲ့(သာယာဝတီ)

၁၉၈၂ ခုနှစ် နိုဝင်ဘာလထုတ် ပေဖူးလွှာ မဂ္ဂဇင်း အမှတ် ၁၈

ပညာရေး သူရဲကောင်းကြီး လာပြီဟု ဝေခင်က ထေ့သည်။ ကျေးရွာ ကောင်စီ ဥက္ကဋ္ဌ၏ ချီးကျူး ဂုဏ်ပြုစကားကို အထအန ကောက်ခြင်း ဖြစ်ကြောင်း ချစ်ကောင်း သိလိုက်၏။ စိတ်ကူးအိမ်ကလေး ပြိုကွဲရသူပီပီ ဝေခင် တစ်ယောက် စိတ်လှုပ်ရှားကောင်း လှုပ်ရှားနေပေမည်။ အခြေခံ ပညာရေး အထက်တန်း စာမေးပွဲတွင် အနည်းဆုံး ဂုဏ်ထူး သုံး၊ လေးခု မှန်းထားသော ဝေခင်သည် တကယ့် တကယ်ကျတော့ သာမန် အဆင့်မျှဖြင့် အောင်လာ၏။ ဆေးနှင့် စက်မှု တစ်ခုခု သွားမည်ဟု အားခဲထားသမျှ သဲရေကျဖြစ်ရချေပြီ။ ဝေခင့်ထက် ကံဆိုးသူက ဟိုကောင် အောင်ပြည့်စုံ။ အဖေ အလယ်တန်း ကျောင်းအုပ်၊ အမေ အထက်တန်းပြ ဆရာမ။ ပညာရေး မိသားစုက ပေါက်ဖွား ကြီးပြင်းလာသူ ဖြစ်ပါလျက် ပညာရေး အကြောင်း မလှရှာ။ သူ့ခမျာ (ခ) အဆင့်ပင်မချိတ်။ နဂိုကတော့ ချစ်ကောင်းမှာ ရည်ရွယ်ချက် မြင့်မြင့် မားမားကြီး မရှိခဲ့တာကိုတော့ ၀န်ခံရပေမည်။ ချစ်ကောင်းမှာ အဖေလည်း မရှိ၊ အမေ မုဆိုးမက အရပ် ၀မ်းဆွဲ။ ဦးလေး ဘုန်းကြီး တစ်ပါး၏ အထောက်အပံ့ဖြင့် ချို့ချို့ငဲ့ငဲ့ ကျောင်းနေရသူ၊ အထက်တန်း နေသည် ဆိုသော်လည်း ချစ်ကောင်း ဘ၀က တစ်ခါတစ်ခါ ဝေခင် လှောင်တတ်သလို ထမင်းသိုးစား၊ ဟင်းသိုးစား ဘုန်းကြီး ကျောင်းသား တစ်ပိုင်းတည်း။ စီးပွားရေး အခြေခံ အမြစ် မသန်သူမို့ ဇာတိမြို့ ရွာကျောင်း ဆရာကလေး ဖြစ်ရုံလောက် မှန်းခဲ့သည်။ ခုတော့ လေးဘာသာ ဂုဏ်ထူး ချိတ်ပြီး ဆေးတက္ကသိုလ် ၀င်ခွင့်ရခဲ့ပြီ။ မုဆိုးမသား နွမ်းပါးသူကို ကူညီ ထောက်ပံ့လိုသော စေတနာရှင်များလည်း ရွာမှာ ၀ိုင်းဝိုင်းလည် လျက်ရှိပြီ။ အထူးသဖြင့် ဝေခင့် မိဘများက ဆိုလျှင် လုံးဝ တာဝန် ယူပါရစေ ဟူ၍ပင် ဆရာတော်ထံ ခွင့်ပန်လျှောက်ထား ကြသေးသည်။
ရွာ့စရိတ်ဖြင့် ပညာသင်မည့် ဆေးတက္ကသိုလ် ကျောင်းသားလောင်း ချစ်ကောင်းကို ဝေခင်သည် ထေ့လို့၊ ငေါ့လို့ မဆုံးနိုင်ဖြစ်နေ၏။

"တကယ်ပါ ဝေခင်ရာ၊ ငါ့အစား နင် ဆေးတက္ကသိုလ် ၀င်ခွင့် ရစေချင်တာ၊ နင်ဆိုရင် အစစ အရာရာ ပြည့်စုံပြီးသားမို့ သိပ်အဆင် ပြေတာပေါ့။ နင့်အဖေ၊ နင့်အမေများလည်း အားတက်လိုက်မယ့် အမျိုး။ ငါကတော့ နင်သိတဲ့ အတိုင်း အခက် အခဲ ပေါင်းစုံနဲ့ပါ ဝေခင်ရယ်၊ အလုပ်တစ်ဖက်နဲ့ လုပ်သားတက်ပြီး ဘွဲ့ယူမယ်လို့ မှန်းထားတဲ့ကောင်ပါ" တက္ကသိုလ် သွားဖို့ အ၀တ်အစား၊ အသုံးအဆောင်များ ချုပ်လုပ် ပြင်ဆင်နေသော ဝေခင်က သစ်လွင် ပြိုးပြက်သော ရောင်စုံ အ၀တ်ပုံကြီးထဲမှ ကိုယ်တစ်ဝက်ခန့် မြုပ်ရင်း ချစ်ကောင်းကို ဧည့်ခံ စကားပြောလေသည်။

"ကံကြမ္မာနေရာပေးတဲ့ အတိုင်းပေါ့လေ၊ ဘယ်တတ်နိုင်မလဲ။ သူကတော့ ဆရာဝန်ဖြစ်ဖို့ သေချာသွားပြီ။ ဝေခင် ၀မ်းသာပါတယ်၊ တကယ်ပါ။ ဝေခင်က ဆရာဝန်သာဖြစ်ချင်တာ၊ မဖြစ်နိုင်မှန်း သိပါတယ်။ သူ့လောက်မှ စာမတော်ဘဲ။ ဒါပေမယ့် ဆရာဝန်ဖြစ်ဖို့ စိတ်ကူးတော့ ယဉ်မိတယ် ချစ်ကောင်းရယ်။ ကိုယ်က ခြေတစ်ဖက် မသန်သူ မဟုတ်လား။ ဘ၀တူ လူနာတွေ ဒုက္ခိတတွေကို ကုစားချင်..."

"အဲသလိုချည်း မပြောစမ်းနဲ့ ဝေခင်"

စကားပြတ်အောင် ကြားဝင်၍ ငေါက်ပစ် လိုက်ရသည်။ ချစ်ကောင်း ရင်ထဲမှာ နင့်ခနဲ ခံစားရလေသည်။
ဘာမှမဖြစ်သလို လွင်လွင်မြမြကလေး ရယ်ပစ်လိုက်ရင်း ဝေခင်က ထိုင်ရာမှ ထလိုက်သည်။ ကျောဘက်က ဗီရိုကို ဆွဲဖွင့်ပြီး ခရီးဆောင် သားရေအိတ်ကြီး တစ်လုံးကို ဆွဲထုတ် နေလေသည်။
ဝေခင်က အတော် လှတာပဲဟု နားလည် ခံစားရသည်။ မျက်လုံး အကြည့်ကို ရုတ်ခြည်း လွှဲဖယ် မိလေသည်။ ဖနောင့် ကြွထားသော ဝေခင့် ခြေဖ၀ါးမို့မို့လေးကို မျက်လုံးတစ်စွေ့ ကြည့်သည်။ ရင်ထဲမှာ ဝေဒနာ စိမ့်ဝင်လာ၏။ ကျော်ကြားသော ဝေခင့် အလှအပများက ချစ်ကောင်း၏ ရင်ကို မလှုပ်ရှား စေနိုင်စွမ်းသော်လည်း ခြေတစ်ဖက် ဆာနေသူကလေး အနေဖြင့် မူ ကြင်နာချင်လှသည်။
ချစ်ကောင်း၏ ကျေးဇူးရှင် မိခင်မှာလည်း ဝေခင်ကဲ့သို့ပင် ခြေတစ်ဖက် မသန်သူတည်း။ ဝေခင်သည် အခြားသော မိန်းကလေးများထက် အမေ့ကို နားလည်နိုင်မည် ထင်သည်။ စာနာ တတ်မည်ဟု မျှော်လင့်သည်။
ချစ်ကောင်း၏ အတွေးပင့်ကူမျှင်တို့ ဝေခင့်ခြေဖ၀ါးမို့မို့မှာ ရက်ရှယ် တွယ်ငြိနေချိန်တွင် ဝေခင့် စိတ်အလျဉ်က ချစ်ကောင်းနှင့် အဝေးဆုံး တစ်နေရာမှာ လွင့်ပါးနေဟန်ရှိသည်။
သားရေအိတ်ထဲ ထည့်ရန် အသင့် ရွေးချယ်စုပုံထားသော ၀တ်စုံသစ် တို့ကို လက်ညှိုးနှင့် ထောက်ရင်း အပြန်အပြန် အလှန်လှန် စစ်ဆေးနေလေသည်။

"ဟိုကောင် အောင်ပြည့်စုံ တစ်ယောက်ကော ဝေခင့်ဆီ လာသေးလား။ ငါ့အိမ် ရောက်မလာဘူးဟ။ ဒီကောင် အားငယ် နေတယ်နဲ့ တူတယ်။ တွေ့အောင် လိုက်ရှာပြီး အားပေးရဦးမယ်"

"အင်ဒိုနီးရှားတွေ ကတော့ အရောင်စုံပြီ။ မနက်က မြင့်မြင့်အေး လာပြတဲ့ ဆင်စွယ်ရောင်လေး ယူလိုက်ဦးမှပါပဲ။ ပါတိတ် ဆင်စွယ်ရောင်က ၀မ်းဆက်ဝတ်ရင် သိပ်လှ၊ ဟာ... ဆောရီး ချစ်ကောင်းရယ်၊ သူ ခုန ဘာပြောလိုက်တယ်"

ချစ်ကောင်း၏ ပတ်ဝန်းကျင်တွင် လေထုပါးလျားလှ စွာ၏။ အသက်ရှူ၍မ၀ချင်။

၂။
ဆရာဝန်ကတော် လုပ်ချင်လှပြီ မောင်ရဲ့ဟု ဝေခင်က နွဲ့သည်။

ဝေခင် အထက်တန်းပြ ဆရာမ လုပ်နေသော ကျောင်းမှာ လုပ်ဖော် ကိုင်ဖက် ဆရာမတွေက "၀န်ကတော်" "မှူးကတော်" တွေချည်းမို့ သင်းတို့နှင့် တန်းတူ ပခုံးချင်းယှဉ်၍ လျှောက်ပြ စမ်းချင်လှပြီ ဆိုသော တတွတ်တွတ် ပူဆာသံတွေကို နားနှင့် မဆံ့အောင် ကြားနေရ၏။

အရွယ် ကြီးပြင်း လာသော်လည်း အသိ မရင့်ကျက်သေးပါ ကလားဟု ချစ်သူ အတွက် အားမလို အားမရဖြစ်သည်။ ဂုဏ်သိက္ခာအရ အထက်တန်းပြ ဆရာမကြီး ဒေါ်ဝေေ၀ခင်သည် ဒေါက်တာချစ်ကောင်း ရှေ့မှောက်မှာတော့ မြီးကောင်ပေါက်နှင့် မခြား။ တကယ့်ကို ကပိုကရို အပျိုဖြန်း ကလေးပါကလား။
အမှန်တော့ ဝေခင်က ပို၍ ရင့်ကျက် သင့်သည်။ ဝေခင် အထက်တန်းပြ ဆရာမ လုပ်သက် ၃ နှစ်ပင်ပြည့်လုပြီ။ ချစ်ကောင်းမှာက ခုထိ ပို့စတင်မကျသေးသော လမ်းလျှောက် ဆရာဝန်။
အောင်ပြည့်စုံ တစ်ယောက်ကမူ နိုင်ငံခြားသို့ ရောက်နေလေပြီ။ ဆယ်တန်း ဆက်မဖြေတော့ဘဲ ဆိပ်ကမ်း သင်္ဘောကျင်း တွင် နေ့စားဝင်လုပ်ရာက နိုင်ငံခြား သင်္ဘောသား ဖြစ်သွားသည်။ အောင်ပြည့်စုံနှင့် အဆက်အသွယ် ပြတ်နေခဲ့သည်မှာ ၄ နှစ်ပင် ကျော်ခဲ့ပေပြီ။ အခုဆိုလျှင် သည်ကောင် ဘယ်သောင် ဘယ်ကမ်း ဆိုက်နေပြီမသိ။ ဘယ်တိုင်းပြည်မှာ ရှိနေမည်မသိ။ သူ့မိဘများလည်း မရှိတော့ပြီဖြစ်ရာ ပင်လယ်ခရီးမှာ လွတ်လွတ် ကျွတ်ကျွတ် စိတ်ရှိတိုင်း လွှင့်နေပြီထင်၏။

ဝေခင့် မိဘများကတော့ သမီး အလုပ်ရှိရာ ရန်ကုန်သို့ ပြောင်းရွှေ့အခြေချကာ အထိုင်ကျလျက်ရှိပေပြီ။ ရွာက လုပ်ငုတ်လက်ရင်း လုပ်ငန်းအားလုံးကို ထုခွဲပြီးသကာလ ကျောက်ကုန်းမှာ ခြံဝယ်သည်။ ဘတ်စ်ကား သုံးစီးကို ပိုင်ဆိုင်သော ဝေခင့် မိဘများသည် ယခု ခေတ်စားနေသည့် သင်္ဘောသား ကားအသစ် တစ်စီး ထပ်မံဝယ်ရန် စုံစမ်းလျက် ရှိ၏။

"မောင့် ပို့စတင်က ဘယ်တော့ ကျမှာလဲ။ ဖေဖေက ပြောတယ် နည်းနည်းပါးပါး လိုက်ဖို့၊ ပြုဖို့ လိုရင်လည်း ပြောတဲ့။ နို့မို့ဆိုရင် နယ်တွေ ဘာတွေ ရောက်သွားဦးမယ်တဲ့။ ရန်ကုန်မှာ ပြန်ရမှ တစ်ဖက်က ဆေးခန်း ဖွင့်လို့ အဆင်ပြေမှာ။ ဖေဖေက ဆေးခန်းဖွင့်ဖို့ နေရာတွေ ဘာတွေတောင် ကြည့်နေပြီ သိလား၊ ပြီးတော့ ဝေခင်ကလည်း ဆရာဝန် ကတော် လုပ်ချင်လှပြီ မောင် ရဲ့"

ချစ်ကောင်းက အပြုံးလျော့လျော့နှင့် ဝေခင့်ကို ငေးကြည့် နေမိလေသည်။

ဝေခင်၏ ပါးလျား တွဲအိသော ဘလောက်စ် အင်္ကျီ ရှားနုရောင်မှာ စံကားဝါရည် လဲ့နေသော ဝေခင့် အသားဝင်းဝင်းနှင့် အင်မတန် လိုက်ဖက်ညီနေသည်။ သို့သော် လည်ပင်း အဟိုက် ကျယ်လွန်းတာတော့ ကြည့်မကောင်းလှဘူး ထင်သည်။ ချစ်သူ၏ သိသာ ထင်ရှားလွန်းသော အပြင်အဆင် အခြယ်အသတွေကို မြင်ရတိုင်း ကြင်နာစဖွယ် အားနည်းချက်ကို အထူး သတိရကာ ကရုဏာပိုမိလေသည်။
အမြတ်နိုးဆုံး မိခင်နှင့် အချစ်ဆုံး ဝေခင်၏ ပုံရိပ်များသည် ချစ်ကောင်း၏ မြင်ကွင်းတွင် တစ်ထပ်တည်း ဖြစ်နေ၏။ ဝေခင့် ကိုမြင်လျှင် အမေ့ကို လွမ်းသည်။ အမေ့ကို တွေ့ပြန်တော့ ချစ်သူ ဝေခင်ကို သတိရပြန်လေသည်။

"အလုပ်အကိုင် အထိုင်ကျတော့မှပဲ ဝေခင့်ကို ထိုက်ထိုက် တန်တန် လက်ထပ် ယူနိုင်မှာမို့ပါ အချစ်ရယ်၊ ပို့စတင်မကျခင် အတွင်း..."

ဝေခင်က ခိုးခိုးခစ်ခစ် သံစုံ ရယ်လေသည်။ ပို့စတင်မကျခင် အတွင်း ရွာက သမ၀ါယမ ဆေးခန်းမှာ ပြန်လုပ်ဖို့ စိတ်ကူးထားကြောင်း ဆက်ပြောခွင့်မရလိုက်။

"မင်္ဂလာစရိတ်အတွက် မောင် ဘာမှမပူနဲ့လို့ ပြောထားပြီးပြီပဲ မောင်ရယ်။ ဖေဖေတို့ အောက်ခြေသိမ်း တာဝန်ယူပါတယ် ဆိုထားမှ အရေး မဟုတ်တာကို အရေး မလုပ်ချင်စမ်းပါနဲ့၊ ခုတောင် ယောက္ခမကြီးတွေက ရွှေသမက်ကို အိမ်ပေါ် တက်စေချင် လှပြီရှင့်၊ သိရဲ့လား"

မူနော့နော့ ဝေခင့် စကားသံတွေ နားမှ လျှံကျမတတ်ကြား နေရသည်။ မြှူချော့သယောင် အပြုံးလဲ့လဲ့က ချစ်ကောင်း တစ်ကိုယ်လုံးကို ရစ်ပတ် တုတ်နှောင်စ ပြုလေသည်။

အိမ်မှာ လူကြီးတွေ မရှိကြ။ ရိပ်သာမှာ ၀ါဆိုဦး အဓိဋ္ဌာန် ၀င်ကြမည်မို့ ဝေခင် တစ်ယောက်တည်း မနေ၀ံ့ဟု ဆိုကာ ချစ်ကောင်းကို ဖုန်းဆက် ခေါ်ထားခြင်း ဖြစ်သည်။ မိုးတစိမ့်စိမ့် ရွာနေသော ညတစ်ညမှာ လှပသော ချစ်သူ ထံပါးဝယ် ချစ်ကောင်းသည် သက်တော်စောင့် ကျောက်ရုပ်ကြီး ဖြစ်နေလေ၏။
မိုးသက်လေကလေး ခပ်ကြမ်းကြမ်း ဝှေ့လာသောအခါ ဝေခင်က အိမ်တံခါးများကို လိုက်ပြီး ပိတ်နေလေသည်။

"ချမ်းစိမ့်လာတာပဲနော် မောင်၊ ဝေခင့် ခြေထောက်တောင် ထုံသလို၊ ကျဉ်သလို ဖြစ်လာတယ်"

"ဟင်... ဟုတ်လား"

ချစ်ကောင်းသည် ထိတ်ထိတ် ပျာပျာနှင့် ဝေခင့်ခြေဖမိုး ကို လှမ်းဆုပ်မိမည် ပြုသေး၏။

"သိပ်အရေးမကြီးပါဘူး မောင်ရဲ့။ ဒီလိုပဲ၊ မိုးအေးရင် ဝေခင့် ခြေထောက်က သွေးသိပ်မလျှောက်ဘူး ထင်ပါရဲ့။ ရပ်စ် ဘယ်ရီလေး ဘာလေး သောက်ပေးရတယ်"

"ဟုတ်လား ဒါဖြင့် သောက်ဖို့ ကောင်းတယ်။ ရှိရဲ့လား ရပ်စ်ဘယ်ရီ။

"အသင့် ဆောင်ထားရတယ် မောင်။ မောင်ကော တစ်ခုခု သောက်ပါလားဟင် အချမ်းပြေ၊ စကော့ခ်ျဝီစကီ သောက်မလား၊ ဝေခင် စပ်ပေးမယ်လေ၊ ဘာနဲ့ စပ်ချင်သလဲ"

နားလည်လှချည့်ဟု ဝေခင့်ကို တအံ့တသြကြည့်မိသည်။ ဘာကြောင့်များ ဝေခင့်ထံမှာ စကော့ခ်ျဝီစကီတွေ ဘာတွေ အဆင်သင့် ရှိနေတာပါလဲ။

"မောင့်မှာ အစာအိမ် ရောဂါရှိတယ်လေ၊ ဝေခင် မေ့သွားပြီလား၊ အရက်နဲ့ တည့်ဘူးလေကွယ်"

သို့ဖြင့် ဝေခင် တစ်ယောက်တည်း ရပ်စ်ဘယ်ရီ သောက်ဖြစ်လေသည်။ ခြေထောက်ကို အကြောင်းပြခဲ့သော်လည်း ဝေခင်သည် ခြေထောက် သွေးလျှောက် စေရုံသာမက နှလုံးသွေးများ ပွက်ပွက်ဆူလာအောင် အထိ သောက်လေ၏။

ဝိုင်ပျော့ပျော့ကို တစိမ့်စိမ့် သောက်ရင်း ဝေခင်က စကားတွေ တတွတ်တွတ် ပိုပြောလာသည်။ ခြေတစ်ဖက် မသန်သော အားနည်းချက်ကို ထပ်ခါ ထပ်ခါ ထုတ်ဖော်ရင်း ငိုမလို၊ ရယ်မလိုဖြစ်သည်။ မူးယစ်ထွေပြားနေသော အားငယ်ရှာသူ ကလေးသည် ငိုရင်းပြောရင်းနှင့် ချစ်ကောင်း ရင်ခွင်ထဲသို့ ပြိုဆင်းစပြုလေ၏။
ချစ်ကောင်းသည် ရေစီးသန်သော သဲချောင်းထဲတွင် လမ်းလျှောက် ရသလို ခံစားနေရသည်။ ခြေကုပ်မမြဲချင်။
ရင်ခွင်ထဲက ချစ်သူ မျက်နှာကို ငုံ့မိုးကြည့်ရင်း အနီးကပ် မြင်ကွင်းသည်ေ၀၀ါးလာ၏။ ဝေခင့် မျက်နှာ နေရာမှာ နှမ၀မ်းကွဲ ခင်သီ မျက်နှာကို ရေးရေးမြင်ရသည်။
အိမ်ထောင်မကျမီ စည်းကျော်ခဲ့သဖြင့် တစ်ဆွေလုံး တစ်မျိုးလုံး မျက်နှာငယ်ခဲ့ရဖူးသော ခင်သီဘ၀အကြောင်းတွေ။
ခင်သီ့ချစ်သူ ပိုးထိ ကွယ်လွန်ချိန်၌ ခင်သီ့ ၀မ်းကြာတိုက်မှ သန္ဓေသားသည် သုံးလ မပြည့်တစ်ပြည့်။
ချစ်ကောင်းသည် ရေနစ်အံ့ဆဲဆဲမှ ဘွားခနဲပေါ်လာသူလို အသက်ပြင်းစွာ ရှူနေမိသည်။
လူ့ကုသိုလ်ကံ ဆိုသည်မှာ မရေရာ။
နှမငယ် ခင်သီ၏ အဖြစ်ဆိုးမျိုး ချစ်သော ဝေခင် မကြုံတွေ့ စေချင်။

၃။
ဝေခင့်ထက် ရွာကို ပိုပြီး သံယောဇဉ် ကြီးနေတာကို၊ သွားပါဟု ဝေခင်က စိတ်ကောက်လေသည်။
ဆယ်ပြည်ထောင်ချော့တောင် မပြုံးလေသည့် ချစ်သူထံပါးမှာ အပြေအလည် ဆွေးနွေးချိန် မရခဲ့။

ခုတော့ ဒေါက်တာ ချစ်ကောင်းသည် ဇာတိကျေးရွာ သမ၀ါယမ ဆေးခန်းတွင် နှစ်တစ်ပတ်လည် ခဲ့ပေပြီ။ စိတ်ကောက် တတ်သော ချစ်သူထံမှ စာမလာ၊ သတင်းမကြားရသော်လည်း ချစ်ကောင်း မကြောင့်ကြမိ။ စိတ်ကူးယဉ် အငွေ့အသက် ကင်းစင်ပြီဖြစ်သော အရွယ်ပိုင်းတွေ ရောက်ကြပြီပဲဟု ချစ်ကောင်း ယူဆသည်။ လောက ၀န်းကျင်မှာ ချစ်ခြင်း၊ မုန်းခြင်း အလျှော့အတင်း ကိစ္စများသာမက အခြားအခြားသော အရေးတကြီး ကိစ္စများစွာ ရှိသေးသည်ကို မိမိတွေ့ကြုံနားလည် မိပြီ။ မိမိနည်းတူပင် ဝေခင်လည်း လောက အတွေ့အကြုံတွေ ဖြင့် ထုံမွှမ်းကာ ရင့်ကျက်လိမ္မာရှိရှာရော့မည်။ ရွာကိုရောက်မှ ပထမဆုံးအကြိမ် ရန်ကုန်တက်ဖို့ အခွင့် ကြုံသောနေ့တွင် ချစ်ကောင်းရင်မှာ မျှော်လင့်ချက်တွေ ပြည့်သိပ်လျက်ရှိသည်။
ဝေခင်နှင့် တွေ့ရမည်။
ဝေခင့်ကို ချော့ရမည်။
ပြီးတော့ ဝေခင့်ကို စည်းရုံးရမည်။

ချစ်ကောင်းတို့ရွာမှာ မြို့နှင့် ၁၀ မိုင်ကျော်ကွာသော ရိုးမ တောင်ခြေတွင်ရှိကာ အစစအရာရာ လူနေမှုအဆင့် နိမ့်ပါး လှသည်။ တွဲဖက် အထကမှာလည်း ဆရာ မလုံလောက်၍ အခက်အခဲ ကြုံနေရသည်မှာ ကြာပြီ။ သည့်အတွက် ဝေခင့်ကို အားထားသည်။ ဝေခင်နှင့် လက်ထပ်ပြီး ဇနီးမောင်နှံ စိတ်တူ၊ ကိုယ်တူ ဇာတိမြေအကျိုး သယ်ပိုးကြမည်။ ချစ်ကောင်း၏ စိတ်ကူးထဲမှာ ကျက်သရေ ရှိလှသောအနာဂတ်ကို လင်းလင်း ပြက်ပြက်မြင်ရလေ၏။
ဖြစ်နိုင်လျှင်တော့ ရန်ကုန်ကို ခြေချမိသည်နှင့် ဝေခင့် မျက်နှာကို အရင်ဆုံး မြင်ရချင်သည်။

ရွှေဘုံသာလမ်းရှိ ဖောက်သည် ဆေးဆိုင်တွင် ကျေးရွာ ဆေးအတွက် လိုအပ်သော ဆေးဝါးများ ၀ယ်နေဆဲမှာပင် စိတ်က ဝေခင့်ဆီ ရောက်နှင့်သည်။ တာဝန်ဖိစီးခြင်းဖြင့် မွန်းကျပ်နေသော ချစ်ကောင်းအဖို့ ဆေးဆိုင်မှ အထွက်တွင် ဒီတစ်ခါလောက် စိတ်လက် ကြည်လင် ပေါ့ပါးစွာ ခံစားရတာမျိုး မရှိခဲ့ဖူးဘူး ထင်ရလေသည်။ ဝေခင်နှင့်တွေ့ရတော့မည်။
ညောင်မုတ်ဆိတ်ပင်ရိပ်မှာ ရပ်ရင်း တက္ကစီစောင့်ရသော ကာလများ ရှည်လျားလှချည့်ဟု စက္ကန့်နှင့် အမျှ ခံစားနေရသည်။
ယာဉ်ကြောအတိုင်း စီးမျောလာသော ဒတ်ဆန်း အနီတစ်စီးကိုမြင်သော် အဝေးကပင် လက်ပြတားမိသည်။ နီးလာ၍ အသေအချာကြည့်မှ ယာယီ နံပါတ်ပြားတပ် အမိုးပင် မတင်ရ သေးပါကလား။ ချစ်ကောင်း ရင်ထဲမှာ တစ်ဝက်ကျော်မျှ အားလျော့သွားလေသည်။

"ဟေ့ကောင်ကြီး ချစ်ကောင်း ဘယ်တုန်းက ရန်ကုန် ရောက်နေလဲ၊ ဘယ်လဲ ခု"

"အာ... ကြည့်စမ်း ခွေးကောင် အောင်ပြည့်စုံ"

နှုတ်ခမ်းမွေး ရှိန်းရှိန်း၊ ပါးမြိုင်းမွေး စိမ်းစိမ်းနှင့် အသွင် အပြင်၊ အဆင်အယင်တွေ ထူးခြား ပြောင်းလဲနေသော အောင်ပြည့်စုံ၏ ငယ်ရုပ်ကို မနည်း ဖမ်းယူရသည်။

"လာ... တက်လေကွာ။ အတော်ပဲ မင်းနဲ့တွေ့တာ၊ ငါ့ ၀က်ဒင်ရီဆက်ပ်ရှင် သန်ဘက်ခါ ရှိတယ်၊ ကရ၀ိက်မှာ၊ မင်း လာရမယ်။ ငါ့ကွာ မင်း နယ်ရောက်နေတယ်လို့ ဝေခင်က ပြောလို့ ဖိတ်စာတောင် မပို့ဖြစ်ဘူး"

တံခါး အသင့် ဖွင့်ပေးထားသော ကားတွင်းသို့ ရုတ်ခြည်း မ၀င်ဖြစ်။ အရာရာကို ချိန်ဆပြီးမှ လုပ်ချင်သော ချစ်ကောင်း၏ ၀သီအတိုင်း အခုလည်း ဝေခင့်အတွက် ငဲ့ကွက် စဉ်းစားနေမိသည်။ သည်ကောင် ဝေခင်နဲ့တော့ တွေ့တတ်သားပဲ။ ခု ဝေခင့်ဆီ သွားမယ် ဆိုတာ သည်ကောင့်ကို အသိပေးလို့ သင့်လျော်ပါ့မလားဟု ဝေခွဲမရ။ မိမိနှင့် ဝေခင်တို့ ဆက်ဆံရေးကို လက်မထပ်မီ ဘယ်သူ့မှ အသိမပေးလိုတာတော့ အမှန်ပင်။ ကံကြမ္မာ ဆိုသည်မှာ တွက်ဆ၍ရနိုင်ကောင်းသည်မဟုတ်။ မတွေးကောင်း၊ တွေးကောင်း နှမငယ် ခင်သီလိုအဖြစ်ဆိုးမျိုး ကြုံရမည်ဆိုလျင် မိမိအတွက် ချစ်သူ မနစ်နာစေချင်။

သို့သော် တစ်ဖက်က တွေးပြန်တော့ ကားကြုံဆိုသည်မှာ ရခဲပါဘိခြင်း။ ခဲခဲယဉ်းယဉ်း တစ်စီး တစ်လေကို စိတ်ရှည် လက်ရှည်စောင့်ဦးတော့ ကြာမည်။ ချစ်သူကို မြင်လို၊ ကြားလိုလှပြီဖြစ်သော ချစ်ကောင်းအဖို့ အချိန်တိုင်းသည် စက္ကန့်နှင့် အမျှ အဖိုးတန်လျက်ရှိ၏။ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာသော နည်းဗျူဟာကို တတ်သလောက် မှတ်သလောက် သုံးစွဲမည်ပြင်သည်။

"မင်း ဝေခင်နဲ့တွေ့သေးတာကိုး။ အေးကွာ၊ ရောက်တုန်း ရောက်ခိုက် ဝေခင့်ဆီ ၀င်ဦးမှပဲ၊ အားတော့ နာတယ် သူငယ်ချင်းရာ သတို့သားလောင်းကြီး ကိစ္စ၀ိစ္စတွေ ရှုပ်နေတုန်းကို လမ်းကြုံရင် ကျောက်ကုန်းဘက် လှည့်ပို့ခဲ့စမ်းပါဦး"

ပခုံးတစ်ဖက်တွန့်ကာ ရွှီခနဲ လေချွန်ရင်း ပြုံးဖြီးဖြီး လုပ်ပြနေသော အောင်ပြည့်စုံကိုကြည့်ပြီး ချစ်ကောင်း စိတ်မလုံ။ သည်ကောင် ရိပ်မိနေပြီလား။

"ကဲ... တက်ပါ ချစ်ကောင်းရာ၊ လမ်းကြုံသမှ သိပ်ကြုံပေါ့။ အခု ငါလည်း ဝေခင့်ဆီ သွားမှာ၊ ဟောဒါ သွားပို့ဖို့"

ဘာလဲဟင်ဟု သိချင်ဇောဖြင့် အောင်ပြည့်စုံ နံဘေးက ကူရှင်ပေါ်တွင် ချထားသော စက္ကူဘူးကို လှမ်းကြည့်မိသည်။ အောင်ပြည့်စုံက စက္ကူဘူးကို ဖွင့်လေသည်။

"ဖိနပ်ကွာ၊ ဟောဒီ ခဲပွင့် အနီပေါ် ထိုးထားတဲ့ ရွှေကြည်မျှင်လေးတွေ တွေ့လား။ အဲဒါလေးတွေ ပြုတ်ထွက်ကုန်လို့ ဒီမှာ အသစ်ပြန်လာထိုးတာ၊ မနီလာချုပ် အင်မတန် ခိုင်တဲ့ ဖိနပ်ကွာ၊ ငါယူလာတုန်းက အကောင်း၊ ဝေခင့် လက်ထဲ ရောက်မှ ရက်ပိုင်းအတွင်း ဘယ်လိုက ဘယ်လို ထိမိခိုက်မိတယ် မဆိုနိုင်ဘူး"

သြော်... ဝေခင့်နှယ် ရှာရှာဖွေဖွေ ယောက်ျားလေး သူငယ်ချင်းကိုမှ ဖိနပ် ပြင်ခိုင်းရက်ပလေဟု ကိုယ့် ရွှေမင်းသမီးကို ကိုယ်အောချ ချင်သည်။ ဝေခင့် ဖိနပ်ဆို၍ စိတ်ဝင် တစား ကောက်ကိုင်ကြည့်မိသည်။

"ဟ... ခုံက တစ်ဖက် နိမ့်မြင့်ပါလား၊ ဒါ... အရန်လိုက် ဟုတ်ရဲ့လား"

"ဟုတ်တယ်လေကွာ၊ မင်းကလည်း ဝေခင့် အတွက်ပါဆို မှ၊ ဒါ စပါယ်ရှယ် အော်ဒါမိတ်ဒ် မောင်"

သြော်...သြော် ဟု ရုတ်ခြည်း နားလည်လိုက်ကာ အနီ အဖြူနှင့် ရွှေချည်နွယ်ခက်များ လိမ်ယှက်ဖောင်းကြွနေသော ဖိနပ်သိုင်းကြိုးများကို မထိရက် ထိရက် ကိုင်ကြည့်ရသည်။

"ဒီဖိနပ်နဲ့ဆို ဝေခင် လမ်းလျှောက်လို့ အဆင်ပြေတယ်လေ။ ခြေတစ်ဖက် နိမ့်နင်းနိမ့်နင်း မဖြစ်တော့ဘူး၊ တို့အချင်းချင်း အတွက်က အကြောင်း မဟုတ်ပေမယ့် ခြေတစ်ဖက် ဆာနေတဲ့ အဖြစ်က မင်္ဂလာပွဲ ထွက်မယ့် သတို့သမီး အနေနဲ့တော့ အောက်တာပေါ့ကွာ၊ ဒါကြောင့်..."

သြော် ဟူသော အသံတိမ်တိမ်ကို ခွန်အားမဲ့စွာ အာမေဍိတ် ပြုမိလေ၏။ အရှိန်အဟုန်ပြင်းစွာ ထိခိုက် လွင့်စင်သွားသော စိတ်ဝိညာဉ်ကို တစ်စစီ ကောက်ယူ စုစည်းမိဖို့ တစ်မုဟုတ်ချင်း ကြိုးစားရ၏။ အောင်ပြည့်စုံရှေ့မှာ ဣနြေ္ဒမပျက်ချင်။

"ကဲ... ဒါဆို မင်းသွားတော့ သူငယ်ချင်း၊ မင်းကိစ္စက လမ်းမှာ ကြန့်ကြာလို့ မဖြစ်ဘူး၊ အစကတော့ ဝေခင့် အိမ်သွားရင်း လမ်းမှာ ၀င်စရာ တစ်နေရာ၊ နှစ်နေရာကို မင့်ပါ ချောဆွဲသွားမလို့၊ အဲဒီ ၀င်စရာ ကလေးတွေနဲ့ ငါက ကြာဦးမှာ"

တုန်ချင်သော အသံကို အနိုင်နိုင်ထိန်း၍ ပြောရသည်။ ကိုယ်တစ်ပိုင်း ငုံ့ထားသည်ကို ပြန်မတ်လိုက်ပြီး တံခါးကို ခပ်သာသာ ပြန်ပိတ်ပေးလိုက်သည်။
မင့် ရီဆက်ပ်ရှင်ကို လာခဲ့ပါ့မယ်ကွာဟု အမှတ်မထင် ကတိပေးမိပြီးမှ ကတိတော့ ပျက်မှာပဲဟု နောင်တရပြန်လေသည်။ အမှားများသော ပုထုဇဉ်ပီပီ နောင်တ၀န်ကို တနင့် တပိုး ထမ်းပိုးရတော့မည်ထင်၏။

"၈ နာရီက ၁၁ နာရီအတွင်းနော် ဟေ့ကောင်၊ ရွှေဝါခန်းမမှာ၊ မင်း လာဖြစ်အောင် လာပါကွာ"

အောင်ပွဲခံသူ၏ ကြွေးကြော်သံများသည် ဒတ်ဆန်းကား ပေါ်မှ လွင့်ကျကျန်ရစ်လေ၏။
အရေးနိမ့်သူ၏ အပါးမှာ အမင်္ဂလာ အတိတ်တို့ နိမိတ်ပြတတ်လေသလား။

ညောင်မုတ်ဆိတ်ပင် အောက်မှာ ထီးတည်း ရပ်နေခိုက် ခေါင်းပေါ်မှာ ကျီးတစ်အုပ် ပြိုဆင်းလေသည်။ ချောက်ချားစွာ မော့ကြည့်မိတော့ ဘယ်ကဘယ်လို ရောက်လာသည် မသိသော ဇီးကွက်ငယ်ကလေး တစ်ကောင်ကို ကျီးတို့ ၀ိုင်းဝန်း ထိုးဆိတ် ရန်မူနေကြခြင်းပါကလား။
ချစ်ကောင်းက ညောင်မုတ်ဆိတ်ပင် အောက်မှ ရှောင်ထွက် လိုက်ရင်း ကိုယ့်အဖြစ်ကလည်း သင်းကွဲဇီးကွက်ငယ် ကလေးလိုပါပဲဟု အားလျော့ အားငယ် တွေးမိသည်။ ကျီးတို့ အလယ်မှာ မျက်စိသူငယ် လမ်းမှား ရောက်ခဲ့မိပြီပင်။

သို့သော် လောကမှာ ကျီးတို့ချည်း လွှမ်းမိုးသည်မဟုတ် ဟု အားတင်းဆဲ။ ချစ်ကောင်း၏ ဦးခေါင်း အမော့တွင် မြင်ကွင်းသည် ဆူညံ မာန်ထနေသော ကျီးမည်းတို့ အရိပ်ဖြင့် ပိန်းပိတ်လျက်ရှိလေ၏။

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

ကိုကျော်အောင်လွင် (VOA) နှင့် အဖေ့အကြောင်း အမှတ်တရ ခဏတာ

အဖေ ဆုံးသွားတာသိသိချင်း ကျွန်တော့်ကို VOA က မိတ်ဆွေတွေဖုံးလှမ်းဆက်ပြီးဝမ်းနည်းကြောင်းပြောလာကျပါတယ်

ဒါနဲ့ ကိုကျော်အောင်လွင် ကခင်ဗျားတစ်ခုခု ပြောချင်သလား ဆိုတော့ ခဏတော့ ပြောဖြစ်ခဲ့ပါတယ်

အဖေ့ အကြောင်းပြောစရာတွေကတော့ အများကြီးပေါ့ဗျာ ဒါပေမယ့် စိတ်ညစ်နေတော့ သိပ် အချိန်လဲမရတာနဲ့ သေချာမပြောဖြစ်ခဲ့ပါဘူး

ဒီအသံဖိုင်လေးတောင် ရပြီးထဲက ခုမှတင်ဖြစ်တယ်လေ

ကျွန်တော့်ကို အားပေးကြတဲ့ မိတ်ဆွေတွေ ပြည်တွင်းပြည်ပက အနုပညာလောကသားတွေ ကျွန်တော့် ပုရိသာတ်တွေကို ကျွန်တော် အဖေ့ရဲ့ကိုယ်စား ကျေးဇူးအရမ်းတင်ပါတယ်ဗျာ

မျိုးချစ်

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,28th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ဆူနာမီ ၄ နှစ်ပြည့် အခမ်းအနား ထိုင်းတောင်ပိုင်းတွင် ကျင်းပ

( 2 )Japan's action changes Asia's image

( 3 )Stand up and be counted on Burma

( 4 )လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်အမားထောင်ချီ အလုပ်လက်မဲ့ဖြစ်

( 5 )Families to re-enact wartime great escape from Hong Kong

( 6 )Burma Celebrates Independence Day story

( 7 )Cyclone Nargis hits Burma, 2 May

( 8 )ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်

( 9 )မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ

လမ်းမပေါ်က ဇရာအိုများ

အောင်သက်ဝိုင်း

ရန်ကုန်မြို့၏ တရုတ်တန်းဟု အများက သတ်မှတ် ခေါ်ဆိုကြသည့် လသာမြို့နယ် မဟာဗန္ဓုလ ကားလမ်းမကြီး ဘေးတလျှောက်တွင် ညနေခင်းအချိန် ဖြစ်သောကြောင့် ကြေးအိုး ဆီချက် ခေါက်ဆွဲဆိုင်များ၊လမ်းဘေး မုန့်ဆိုင် များ၊ အထည်ဆိုင်လေးများ၊ ရာပေါင်းများစွာသောဈေးသည်များ၊ လာရောက်စားသောက်ကြသူများနှင့် ဈေးဝယ် သူ များပြည့်နှက်နေသည်။ ရှုပ်ယှက်ခတ်နေသည့်လူအုပ်ထဲတွင် ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာမှအသက်၇၈ နှစ်အရွယ် ဒေါ်အုန်းမြင့် ဆိုသည့်အမယ်အိုကြီး တဦးလည်းအပါအ၀င်ဖြစ်ပြီး သူမသည် တုန်တုန်ယင်ယင်နှင့် တလှမ်းချင်း လျှောက်လှမ်း နေသည်။ အမယ်အိုသည်ညစ်ထေးစုတ်ပြတ်နေသည့် အ၀တ်အစားကိုဝတ်ဆင်ထားပြီး သေးကွေးကြုံလှီလှသော သူမ၏ကိုယ်ခန္ဓာမှာ လူအများကြားတွင် တရွေ့ရွေ့ ရွေ့လျားနေသည်။( ဆက်ဖတ်ရန် ) သူမ၏လက်တဘက်တွင်ကား သေးငယ် လှသည့် နှီးဖာစုတ်လေးတခုကို ကိုင်ရင်းနှုတ်ကလည်း တစုံတခုကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိသည်။ အမယ်အို၏နှုတ်ခမ်းဆီက တိုးတိုးသဲ့သဲ့ တုန်ရီစွာထွက်ပေါ်လာသည့်အသံမှာ"သားလေးတို့ သမီးလေးတို့ရယ် ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားပါ"ဆိုသည့်အသံပင်။ သူမ၏ နှီးဖာစုတ်လေးထဲတွင် ဟောင်းနွမ်း စုတ် ပြတ်နေသည့် ၁၀ တန်၊၂၀ တန် နှင့် ၅၀ ကျပ်တန်ငွေအကြွေ စက္ကူလေးများက ဖရိုဖရဲ။ "အဘွားနေတဲ့အိမ်ကလေးက လေတွေတိုက်တုန်းက ပြိုသွားတယ်၊ အဘွားကတကောင်ကြွက်၊ အရင်တုန်း က ဈေးရောင်းတယ်၊ အသက်ကြီးလာတော့ ဈေးမရောင်းနိုင်တော့ဘူး၊ လေတိုက်လို့ပြိုသွားတဲ့အိမ်က ပြန်မဆောက် နိုင်တော့ သူများအိမ်မှာ ကပ်နေရတယ်"ဟု အမယ်အိုကလေသံအေးအေးနှင့်ရှင်းပြသည်။

၂၀၀၈ ခုနစ်မေလဆန်းပိုင်း မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့်နေအိမ်ပျက်စီး သွားပြီး ကယ်ကူသူမဲ့မုန်တိုင်းသင့်ဒုက္ခသည်တဦးဖြစ်နေရသော ဒေါ်အုန်းမြင့်မှာဆွေမျိုးအထောက်အပံ့မရှိ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အို အမယ်အိုကြီးတဦး ဆိုလျှင်လည်းမမှားနိုင်ပေ။ ဒေါ်အုန်းမြင့်ကဲ့သို့ ကယ်သူမရှိ ခိုကိုးရာမဲ့ ဖြစ်နေသည့် သက်ကြီးရွယ်အိုအမြောက်အမြား ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင်သာမကတခြားမြို့ပြဒေသကြီးများတွင်လည်း အရေအတွက်များစွာဖြင့် ရှိလာပါသည်။

 မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိဘဘိုးဘွားများ အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့်လာသောအခါ သားသမီး မြေးမြစ်များကပြန်လည်ပြုစုစောင့်ရှောက်ကြလေ့ရှိပြီး သားသမီးဆွေမျိုးအထောက်အပံ့မရှိခဲ့ပါက ရပ်ရွာလူ့ အဖွဲ့ အစည်းက အဘိုးအဘွားနှင့် သက်ကြီးရွယ်အိုများကိုစားဝတ်နေရေးလိုလေသေးမရှိ ထောက်ပံ့ ကူညီကြလေ့ ရှိခြင်းသည် ယဉ်ကျေးပျူငှာသောမြန်မာ့ဓလေ့စရိုက်အဖြစ် နှစ်ပေါင်းများစွာတည်တံ့နေလာခဲ့သည်။ သို့ရာတွင် စီးပွာရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း ရုန်းကန် လုပ်ကိုင် စားသောက်ရသည့် စစ်အစိုးရလက်ထက်တွင်မူ ထိုယဉ်ကျေးပျူငှာသော မြန်မာ့ဓလေ့များကွယ်ပျောက် ကာ သက်ကြီးရွယ်အိုဘိုးဘွားများမှာလည်း ထောက်ပံ့ကျွေးမွေးပြုစုစောင့်ရှောက်မည့်သူမရှိကြုံရာကျပန်း အလုပ် ကြမ်းများ လုပ်ကိုင်စားသောက်ရင်း လမ်းမများပေါ်တွင်လေလွင့်တောင်းရမ်းစား သောက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်သွားတော့သည်။

ပူပြင်းလှသည့် နေ့လယ်အချိန် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကတ္တရာလမ်းမကြီးပေါ်တွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတတွဲ အမိုးအကာမရှိငုတ်တုတ်ထိုင်နေသည်။ အမယ်အိုနှင့် အဘိုးအိုမှာ အပူရှိန်ကြောင့် ပင်ပန်းနွမ်းနေသည့်အပြင် သူတို့၏အရိုးပေါ်အရေတင် ပုံစံက ဇရာကြောင့် ပိန်လှီခြင်းထက် အာဟာရမပြည့်ဝခြင်းကြောင့် ပိန်လှီနေသည့်ပုံစံပေါက်နေသည်။ သူတို့၏အရှေ့တွင် အညိုရောင် ယောဂီ အ၀တ်ခေါက်လေး တခုရှိနေပြီးအဆိုပါအ၀တ်ခေါက်ပုံလေးပေါ်တွင် ငွေစက္ကူလေးများက တွန့်ကြေလိမ်ခေါက်စွာရှိနေသည်။ အမယ်အိုနှင့် အဘိုးအိုကား ဒေါ်အုန်းမြင့်ကဲ့သို့ပင် တောင်းရမ်းစားသောက်နေရသူများပင် ဖြစ်သည်။ "အမေတို့မှာသား ၂ ယောက်ရှိတယ်၊ ၂ ယောက်စလုံး ဆုံးသွားပြီ၊ သားအငယ်က စစ်သား၊ ၈၈ မတိုင်မီ အသက် ၂၀ အရွယ် မိုင်းဆတ်မှာ တိုက်ပွဲကျတယ်။ သားအကြီးကလည်း စက်ရုံဝန်ထမ်း စက်ညပ်ပြီး ဆုံးတယ်"ဟု ဒေါ်မြစိန် ဆိုသည့် အသက် ၇၀ ကျော်အရွယ် အမယ်အိုကပြောသည်။ ဒေါ်မြစိန်၏ခင်ပွန်းဖြစ်သူ အဘိုးအိုမှာ လေသင်တုန်းဖြတ်မှုကြောင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှေးကွေးနေပြီး စကား လည်း မပြောနိုင်တော့ကြောင်း အမယ်အိုက ရှင်းပြသည်။ "ဆွေမျိုးတွေရှိပေမယ့် ကိုယ်လိုသူလို မရှိဆင်းရဲသားဆိုတော့ တယောက်ကိုတယောက်မကူညီနိုင်ကြဘူး၊ နေတာက အင်းစိန်မှာ"ဟု ဒေါ်မြစိန်ကသူတို့၏ဘ၀အကြောင်း ခပ်တိုတိုပြောပြသည်။

မြန်မာနိုင်ငံ၏လမ်းမကြီးများပေါ်တွင် ရောက်ရှိ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်နေသူများ၊ လေဖြတ်နေသူများနှင့် ကျန်းမာရေးမကောင်းသော အဘိုးအို၊ အဘွားအိုများပါဝင်ပြီး ဘ၀၏နောက်ဆုံး နေ၀င်ချိန်များကိုလမ်းများပေါ်တွင် ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရကြောင်း ပြည်တွင်း လူမှုရေးဆိုင်ရာNGO တခုမှ နာမည်ကြီး စာရေးဆရာတဦးကပြောသည်။ "လမ်းမတွေမှာ အလှူခံလှည့်လည်နေတဲ့ ဂီလာနသက်ကြီးရွယ်အို အဘိုးအဘွားတွေ များလာတာကို သတိ ထား မိတယ်၊ သိရသလောက် အများစုကတော့ စီးပွားရေးမပြေလည်လို့ဒီလိုဖြစ်လာကြတာ၊ တချို့ဆိုရင် သားသမီး ရှိပင်သော်ငြား စီးပွားရေးက လုံးဝအဆင်မပြေတော့ မိဘကိုတောင် မကျွေးမွေးနိုင်ဘူး၊ အဲဒီတော့ သက်ကြီး ရွယ်အိုတွေလည်း လမ်းပေါ်ရောက်လာကြရတယ်" ဟု အဆိုပါစာရေးဆရာကဆိုသည်။

စစ်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် ဘိုးဘွားဦးရေ ၄.၇ သန်းရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ လမ်းမများတွင်တောင်းရမ်း စားသောက်နေရသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ ဆင်းရဲမှုကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသော ဇရာအရွယ် ဘိုးဘွားများ သောင်းဂဏန်းများစွာရှိနိုင်ကြောင်းလည်း ရန်ကုန်မြို့ခံများ၏အဆိုအရ သိရှိရသည်။ "ဈေးတွေမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘွားအိုတွေ၊ အမှိုက်သိမ်းတဲ့ အဘွားကြီးတွေ တော်တော်များများ ရှိလာတယ်၊ လမ်းတွေပေါ်မှာ ခေါင်းရွက်ဗျပ်ထိုးရောင်းနေတဲ့ ဈေးသည် အဘွားအိုတွေ နေရာတော်တော် များများမှာ တွေ့လာရတယ်" ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကပြောကြားသည်။

လမ်းမပေါ်ရောက်သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသော ဇရာ အရွယ်အို နိုင်ငံသားများကို ပြုစုစောင့်ရှောက်ရန် တာဝန်အပြည့်အ၀ရှိသူမှာ အုပ်ချူပ်သူအစိုးရပင် ဖြစ်လင့်ကစား လက်ရှိမြန်မာနိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရမှာ ထိုတာဝန်များကို ပျက်ကွက်နေကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။ "သက်ကြီးရွယ်အိုတွေဆိုတာ Senior Citizen တွေပဲ၊ ဒီ လူတွေကိုပြုစုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူဟာ နိုင်ငံအုပ်ချူပ်တဲ့ အစိုးရပဲ၊ Senior Citizen တွေ လမ်းပေါ်ရောက်ကုန်တယ်၊ ပင်ပင်ပန်းပန်းနဲ့ နေ၀င်ချိန်ကို ကုန်ဆုံးရတယ်ဆိုရင် တာဝန်အရှိဆုံးသူက အစိုးရပဲ"ဟု အဆိုပါသတင်းစာဆရာကပြောသည်။ စစ်အစိုးရအနေဖြင့် သာမန်အရပ်သား သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်မှု မပေးနိုင်ရုံမက အစိုးရ၀န်ထမ်း အငြိမ်းစားသက်ကြီးရွယ်အိုများ၏နောက်ဆုံးဘ၀နေ၀င်ချိန်များကိုပင် အာမခံချက် မပေးနိုင်ဘဲ ခက်ခဲပင်ပန်း ဆင်းရဲစွာကုန်ဆုံးစေသည့်အခြေအနေတွင် ရှိကြောင်း အငြိမ်းစားဝန်ထမ်းများ ကပြောသည်။

"အဘက စက်မှု ၁ အထည်အလိပ်စက်ရုံမှာလုပ်ခဲ့တာ၊ ၁၉၉၂ ခုနစ်မှာဆေးလက်မှတ်နဲ့ အငြိမ်းစားယူတယ်၊ အဘအခု တလကို ပင်စင်လစာ တလ ၇၆၈ ကျပ်ရတယ်"ဟု လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခုတွင် ညစောင့် လုံခြုံရေးဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတဦးကပြောပြသည်။ တပ်မတော်လေတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားအရာရှိ တဦးကလည်း သာမန်အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများ သက်ပြည့်အငြိမ်းစားယူရသောအခါ စားဝတ် နေရေးအလွန်ကြပ်တည်းပြီး အေးချမ်းစွာအနားမယူနိုင်ဘဲ ရရာအလုပ်လုပ်ကိုင်ရလေ့ရှိကြောင်း ပြောပြသည်။ "အောက်ခြေအစိုးရ၀န်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်တုန်းကလည်း စားဝတ်နေရေး အရမ်းကြပ်တည်း ခဲ့တယ်၊ ဒါပေမယ့် ၀န်ထမ်းဖြစ်နေတုန်းကတော့လိုတဲ့ငွေ ဟိုကလှည့်၊ ဒီကလှည့်နဲ့ အဆင်ပြေအောင် ဖန်တီး လို့ရသေးတယ်၊ အငြိမ်းစားယူတဲ့ အချိန်ကျတော့ ငွေဝင်ပေါက်မရှိတော့ မဖြစ်မနေ အလုပ်ထွက်လုပ်ကိုလုပ်ရ တယ်"ဟုအဆိုပါ အငြိမ်းစားအရာရှိကပြောသည်။ တပ်မတော်တွင် နှစ်ပေါင်း ၆၀ နီးပါးတာဝန်ထမ်းဆောင်ပြီး အရာခံဗိုလ်ဖြစ်ခဲ့သည့် တိုင်အောင် အငြိမ်းစားယူ သောအခါ ပင်စင်လစာ တလ ၇၀၀၀ ကျပ် သာရရှိကြောင်း ၄င်းကဆိုပါသည်။ "တလ ၇၀၀၀ ဘယ်လိုမှမလောက်ဘူး၊ ၇၀၀၀ ဆိုတဲ့ ငွေက ဒီခေတ်မှာ ဘာဆိုဘာမှ မဟုတ်တော့ဘူး" ဟု ထိုတပ်မတော်အငြိမ်းစားအရာရှိက ညည်းတွားသည်။ စစ်အစိုးရအနေဖြင့် သာမန်အရပ်သားသက်ကြီးရွယ်အိုများနှင့် အစိုးရ၀န်ထမ်း အငြိမ်းစားဇရာအရွယ်ရောက် အဘိုးအဘွားများကိုအမှန်တကယ် ပြုစုစောင့်ရှောက်ရန် ပျက်ကွက်နေသော်ငြား အဘိုးအဘွားများ အရေး ဆောင်ရွက်နေကြောင်း နှုတ်ကတိပေး ဟန်လုပ်ပြောကြားမှု ရှိနေပါသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်က မြန်မာတနိုင်ငံလုံးရှိ အဘိုးအဘွားများကို အိမ်တိုင်ရာရောက်ပြုစုရှောက်ပြီး ကူညီ မည်ဖြစ်ကြောင်း၊ ထိုသို့ကူညီခြင်းကို ကုလသမဂ္ဂနှင့်အတူ ရေရှည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားသည်။

"ဘိုးဘွားတွေထဲမှာ ဆင်းရဲတဲ့သူတွေ၊ အထီးကျန်တဲ့သူတွေ၊ ၀င်ငွေပုံမှန်မရှိတဲ့သူတွေ စတဲ့သက်ကြီးရွယ်အိုတွေ ကို အဓိကဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သွားမှာဖြစ်တယ်"ဟု ဦးအောင်ထွန်းခိုင်က ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်တခုတွင်ပြောကြားသည်။ အစိုးရ၏ပျက်ကွက်နေသော သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာပြည်သူလူထု တရပ်လုံးအနေနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် တဦးက သုံးသပ်သည်။ "တာဝန်အရှိဆုံးအစိုးရတောင် ဘာမှမလုပ်ဘူး၊ ကျူပ်တို့ပြည်သူက ဘာအရေးစိုက်စရာလိုသလဲဆိုပြီး အဘိုး အဘွား တွေကို ပစ်ထားလိုက်မယ်ဆိုရင် ဒီဘိုးဘွားတွေရဲ့ဘ၀ဆည်းဆာချိန်တွေက လမ်းတွေပေါ်မှာဖြစ်သလို ကုန်ဆုံးသွားမှာပါ၊ ပြည်သူတဦးချင်းစီကအစ အားလုံးဝိုင်း လုပ်ကြဖို့အရေးကြီးတယ်"ဟု ထိုသတင်းသမားက ပြောဆိုသည်။

ပြည်တွင်းNGO တခုမှ စာရေးဆရာမတဦးကမူ ပြည်သူများအချင်းချင်းစုပေါင်းစနစ်ဖြင့် တနိုင်တပိုင် ဘိုးဘွား ရိပ်သာလေးများ ထူထောင်သင့်ကြောင်း အကြံပြုသည်။ "တတ်နိုင်သလောက် ရှိတဲ့အင်အားလေးနဲ့ ၀ိုင်းလုပ်ကြမယ်ဆိုရင် ဘိုးဘွားတွေအတွက် အများကြီးကောင်း လာမယ်"ဟု ၄င်းကပြောသည်။ စစ်အစိုးရ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်၏အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၅၉ ခုရှိပြီး ထိုဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ထားသည့် အဘိုးအဘွားအရေအတွက်မှာ ၂၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဆောင်ပုဒ် အသစ်များ

ဒို့တာဝန် အရေးသုံးပါး

တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး… ဒို့အရေး
ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး

ပြည်သူ့သဘောထား

တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ
နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ
ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ
နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော(တရုတ် နှင့် ရုရှား)
နိုင်ငံများအား ဆန့်ကျင်ကြ

နိုင်ငံရေး ဦးတည်ချက် (၄) ရပ်

နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး
အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး
နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်
ဖြစ်ပေါ်လာရေး
ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မမှီ မဖွံြှ့ဖိုးသော
နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး

စီးပွားရေး ဦးတည်ချက် (၄) ရပ်

ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ
ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
(ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး
ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း
ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး
နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည်
တပ်မတော်နှင့် စက်မှု (၁) ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး

လူမှုရေး ဦးတည်ချက် (၄) ရပ်

တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို
များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက
ထုံးသုတ်ပစ်ရေး
မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်သို့ ၀င်ရေး
တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့်
နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး

ပေးပို့သူ - David Myo

Killer Claus

နာဂိုယာမြို့(ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆိုချီတက်ပွဲများနှင့် ဆန္ဒပြပွဲ (၂၀၀၈) ဓါတ်ပုံမှတ်တမ်းများ

အကြီးချဲ့ကြည့်ရန် ရုပ်ပုံပေါ်ကလစ်နှိပ်ပါ
နာဂိုယာမြို့(ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆိုချီတက်ပွဲများနှင့် ဆန္ဒပြပွဲ (၂၀၀၈) မှတ်တမ်းများအား တင်ပြလိုက်ပါသည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.