Friday, December 19, 2008
[Royal-Myanmar.com] 1 New Entry: ကမ္ဘာအကြီးဆုံး လျှောင်းတော်မူ ဘုရား
ကမ္ဘာအကြီးဆုံး လျှောင်းတော်မူ ဘုရား
ထိုကမ္ဘာ.အကြီးဆုံး လျှောင်းတော်မူ ဗုဒ္ဓရုပ်ပွှားတော် ဟာ တရုတ်ပြည်အရှေ.ဘက် ကျန်ရှီး ပြည်နယ် တွင်တည်ရှိပါတယ်။ ၂၀၀၂ ခုနှစ် မေလ ၁ရက်နေ.က စတင်ထုလုပ်ခဲ့တဲ့ ထို ဗုဒ္ဓရုပ်ပွားတော်ဟာ အမြင့်ပေ ၆၈ မီတာ နှင့် အလျှား ၄၁၆ မီတာ ရှည်လျှားပါတယ်။ www.royal-myanmar.com ကို အားပေးသော စာဖတ်ပရိတ်သတ်များ အား အထူးပဲ...
Visit www.royal-myanmar.com to read full post. (Sai Tun)
You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[ချစ်တဲ့ မနောမြေ] 1 New Entry: ဖေါက်ပြန်တဲ့ အာတိတ် နှင့် အော်ရီဂန် ဘလောက်ဂါ
ဖေါက်ပြန်တဲ့ အာတိတ် နှင့် အော်ရီဂန် ဘလောက်ဂါ
အခုတလော စာမရေးဖြစ်ဖူး စာရေးမယ် ဆိုလဲ အေးတာက လွှတ်…လက်ကုန်ပဲ! စာရိုက်မလို့ လက်ထုတ် လက်အေးနေတယ် ဒီပြည်နယ်မှာ တခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေတာလေ…. ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက အပူချိန်ကျလာတာ စနေနေ့ရောက်တော့ နှင်းမုန်တိုင်းက တနေ့လုံး လေရော နှင်းဖတ်တွေပါ အရှင်လတ်လတ်ကို ကျနေတာ တော်တော်ကြမ်းတယ် တယ်လီဗေးရှင်းမှာတော့ Arctic Blast လို့ဆိုနေတယ်၊ အိမ်နားက ကွင်းပြင်ထဲမှာ စနေနေ့ တနေ့ထဲ တတောင်ကျော်ကျော် လောက်ကျသွားတယ်။
၂နာရီ အတွင်း နှင်းတွေကျလိုက်တာများ လွန်ရော တော်ယုံ နှင်းကျတာဆို စာဖွဲ့မနေပါဖူး အခုဟာက နှင်းကျပြီး မိုးခပ်သုတ်သုတ် ရွာလိုက်ကာ ပြန်အေးပြီး လမ်းပေါ်မှာ ရေတွေခဲသွားတာ ဒီမှာ ပြဿနာ တက်တော့တာပေါ့၊ ဒီမှာတော့ Black Ice …. Freezing ဖြစ်တယ်လို့ ဆိုကြတယ် ဒီလိုဖြစ်ယင် သူတို့ (အမေရိကန်) တွေလဲ ကြောက်ကြတယ်။
ဒီမှာက လူတကိုယ် ကားတစင်း ရှိကြတာဆိုတော့ အလုပ်သွားဟယ် … ဘာဟယ် … အိမ်ကဆင်း ခြေလှမ်း ၂၀လောက် လျှောက် … ကားပေါ်တက် ဒေါက်….ဝူး ဆိုသွားကြရတာလေ၊ ထားပါတော့ အဲဒီ လမ်းမပေါ် ရေခဲတွေ ဖရီးဇင်း ဖြစ်တာက ရေခဲသေတ္တာထဲက ရေခဲသလင်းပြင်လို ကြည်နေတော့ လမ်းပေါ်မှာ လုံးဝ မြင်ရတာ မဟုတ်ဖူး ဖန်သားလို ကြည်နေတာ၊ ရုပ်ဝထ္ထုပစ္စည်း အားကိုးပြီး မောင်းလို့ ကတော့ ကားက လမ်းပေါ်မှာ သံမဏိလို မါပြီး ခဲနေတဲ့ ရေခဲတောထဲ ပတ်ခြာတွေ လည်နေပါရောလား? ၊ သူများကား သွားထိလို့ ကတော့ ရော်ပါလေရော၊ ရော်ပြီးတဲ့ အပြင် ၃နှစ်လောက် ကိုယ့်ကားအတွက် ဝယ်ထားတဲ့ အာမခံကြေး လစဉ် တက်ပါလေရော၊ နောက်များမှ မူးပြီးမောင်းတဲ့ အမေရိကားရောက် မြန်မာယာဉ်မောင်းများ ဘယ်လို အမေရိကားမှာ ဘဝပျက်ကြရသလဲ ရေးပါဦးမယ်။
အမေရိကား ဆိုတာကလည်း လူလည်တွေကြီးပဲ ဆိုတော့ ဈေးရောင်းတာတောင် သေခြာမေးနိုင်မှ တော်ယုံကျတယ် ဆိုပါတော့၊ ပရင်တာ ဝယ်ယင် မင်အိုးပါချင်တာ မဟုတ်ဖူး… ကွန်နက်ရှင် ကေဘယ်ကြိုးကလဲ အင်တင်တင်ရယ်၊ အဲလိုမျိုး … ! ကိုယ့်ကားကို ဘာတာယာလဲ? ဘယ်နှစ်နှစ် အာမခံလဲ ? နှင်းထဲ မောင်းလို့ရတဲ့ တာယာလား ? မရဖူးဆို အခုလို အချိန်တွေမှာ ကားတာယာကို နှင်းထဲယက်နိုင်မဲ့ Chain (ချိန်း) တပ်ရတော့တာပေါ့၊ ချိန်း ဆိုတာကလဲ ကားက ရှေ့ယက်လား? နောက်ယက်လား? ရှေ့ယက်ဆို ချိန်းကို ရှေ့ဘီး၂ဖက်မှာ တပ်ပေါ့၊ နောက်ယက်ဆို နောက်မှာပေါ့၊ 4 Wheel Drive တို့ All Wheel Drive တို့ ဆိုလို့ကတော့ မလိုဖူးဆိုပေမဲ့ အခုနောက်ပိုင်း ၂၀၀၅ နောက်ပိုင်းကားတွေ ကတော့ ကားတာယာမှာ ရဒ်ပစ်တွေ ရိုက်ထားတဲ့ တာယာမျိုးနဲ့ ဆိုယင် နှင်းထဲ မောင်းလို့ ရတာပေါ့။
Image and video hosting by TinyPic
နှင်းတောထဲ မောင်းလို့ရဖို့ ကားတာယာမှာ တပ်ရတဲ့ Chain
ဒီမှာက စံပဲ၊ လွန်ခဲ့တဲ့ အပါတ်ကတောင် မိတ်ဆွေတယောက် ကားအသစ်စက်စက် တီဗွီကြော်ညာမှာတွေ့လို့ မူရင်းကုမ္မဏီမှာ သွားဝယ်တာတောင် နွားပွဲစားများလို မေးခွန်းတွေ များများမေးမှ ကားက အီကောနောမီ ဖြစ်လို့ လေအေး၊ လေပူပေးစက်၊ ရေဒီယို၊ ကက်ဆက်ဘာမှ မပါ ပါဖူးလို့ သိရတာ၊ အံ့ဖွယ်လိလိပါ … တကား။
Image and video hosting by TinyPic
ဆော့ကစားယင်း သိပ်ချမ်းနေတဲ့ ဂျူနီယာ ဒူကဘာ
အခုလိုမျိုး ရာသီဥတုတွေ ဖြစ်နေယင် တီဗွီတွေ ရေဒီယိုတွေကလည်း စဉ်ဆက်မပြတ် ကျေငြာနေတယ် ဘယ်မှာ ဘာဖြစ်နေပြီ၊ ရေ .. ဘယ်လောက်ခဲပြီး၊ လမ်းတွေပိတ်နေပြီ၊ အေးလွန်းလို့ အိမ်ခြေယာမဲ့တွေ အတွက် ဘယ်နေရာမှာ အိပ်ဖို့ ဒီလို စီစဉ်ထားပေးတယ်( သြော်…. တို့ပြည်က နာဂစ် ဖြစ်တုန်းကနဲ့များ ကွာပါ့ ) ဘယ်ကျောင်းတွေ ၊ ဘယ်အလုပ်တွေ ပိတ်တယ်၊ အိမ်တွေမှာ စားစရာတွေ သောက်ရေတွေ ၃ရက်စာ( ၇၂နာရီ ) အနည်းဆုံး ဆောင်ထားပါ၊ ကားမောင်းရင် ရေဒီယိုဖွင့် ရှေ့ခရီးစဉ် အတွက် သတင်းနားထောင်ပါ၊ ကားထဲမှာ ခြုံဆောင်၊ မီကျည်၊ ကားတာယာ လေဖြည့် ၍ တယ်လီဖုန်း ဘက်ထရီအပြည့်၊ ကားဆီအပြည့် ဖြည့်ထားပါ၊ ဒီလို ကြေညာနေပါတယ်။
Image and video hosting by TinyPic
ဒါက အရှင်လတ်လတ် ကချင် ဘလောက်ဂါ ဂျာတောင်နော်
အဲဒီ ရာသီဥတု ဖေါက်ပြန်တာကို အခွင့်ကောင်းယူပြီး အော်ရီဂန် ဘလောက်ဂါတွေ ဖြစ်တဲ့ ဦးဂင်ကြီး တို့ ကွီနိုင်း တို့ လူစုပြီး လူဆီ ဖြည့်နေကြတာ ကိုလဲ တွေ့ရတယ် ခင်မျ…. ဘိုးတော်တွေက အေးတာကို အံတုကြံ့ကြံ့ခံဖို့ ဓါတုဆေးဝါး ကျားကန်နေတာကို ဘလောက်ဂါ မခင်မင်းဇော် နည်းတူ အသူရာပုလင်း လွှင့်ပစ်ဖို့ ဘလောက်ဂါ အိမ်လွမ်းသူ၊ စာရေးဆရာမ မီးအိမ်ရှင် တို့ကလဲ ပုလင်းလွှင့်ပစ်သူများ အသင်းထောင်မယ်ဆိုလား? ပုလင်း အယင်ယူပစ်ရမယ် ဆိုလား? ဖေါက်ပြန်တဲ့ ဘလောက်ဂါလို့ အမည်တပ်မယ် ဆိုလား? ဝိဝါဒ မကွဲပြားကြသေးဖူးလို့…. ဆိုပဲ၊ ဒါ …အော်ရီဂန် နောက်ဆုံးရ သတင်းပေါ့... အမေရိကန်လိုပြောယင် ဟဒ် နယူး(စ်)ပါ။
ဟဲ…ဟဲ…ဟဲ …. အေးချမ်းကြပါစေ။
မှတ်ချက်။ အမေရိကားတခွင် ပြဲပြဲစင် မြန်မာတို့၏ အဖြစ်သနစ် .... ကွန်မန့် Vote သူ ၁၀ဦးရလျှင် မြင်မိသလို ရေးမည်။
You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[Welcome] 3 New Entries: I am Sorry, တောင်းပန်တယ်
I am Sorry, တောင်းပန်တယ်
I am Sorry, တောင်းပန်တယ်
စာလာဖတ်တဲ့ မိတ်ဆွေတွေ သက်တောင့် သက်သာနဲ့ ဖတ်နိုင်အောင်လို့ ဘလောဂ့် တင်းပလိပ်ကို ပြင်မိပါတယ်။ တင်းပလိပ် အဟောင်းကလည်း ကြာပြီဆိုတော့ ငြီးငွေ့ လောက်ရောပေါ့ ဆိုပြီး စေတနာနဲ့ပါ။ ပထမပြင်တဲ့ တင်းပလိပ်လေးကို နှစ်သက်ပေမယ့် စာဖတ်ရတာ သိပ်အဆင်မပြေဘူး လို့ သိရပါတယ်။ နောက်ထပ် တင်းပလိပ် ထပ်ရှာပါတယ်။ တစ်ခုပြီး တစ်ခုပေါ့။ စိတ်ကြိုက် တင်းပလိပ် မရခင်မှာ Save Template ကို မှားယွင်း နှိပ်မိရာက နေ အမှားကြီးမှားသွားမှန်း သိရပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ခုတော့ မချစ်ပေမယ့် အောင့်ကာနမ်း ရတော့မယ့် ပုံပါပဲ။ ကလေးကလား ဆန်တာကို သိနေပေမယ့် နားလည်ခွင့်လွှတ် ပေးနိုင်ပါစေဗျာ။ လောလောဆယ် ဒီတင်းပလိပ်နဲ့ပဲ နှစ်ပါးသွားတော့မယ်။ စိတ်ပင်ပန်း သွားလို့ပါ။
ယူကြုံးမရ ဖြစ်မိတာက ကျွန်တော် တန်ဖိုးထားတဲ့ Link List က သူငယ်ချင်း (၃၀၀) ကျော်နဲ့ Post List က (၁၆၀)ခု တို့အတွက် ပြန်မရ နိုင်တော့ပါဘူး။ အချိန်ယူပြီး ပြန်လည် ဖန်တီးရမှာမို့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို တောင်းပန်တယ်။ တမင် ဖျက်လိုက်တာ မဟုတ်ကြောင်း အသိပေးချင်ပါတယ်။ လေးစားပါတယ်။
မနာလို ၀န်တိုမှု
မနာလို ဝန်တိုမှု
မနာလို ၀န်တိုစိတ်ကို ဘယ်အရာက ကုစားနိုင်ပါသလဲ ?
မနာလို ၀န်တိုဖြစ်မှုကို ပျော်ရွှင်မှု တစ်ခုထဲကသာလျှင် ကုစားနိုင်ပါတယ်
ဒါပေမယ့် မနာလို ၀န်တို ဖြစ်မှုသည် ပျော်ရွှင်မှုအတွက် ကြီးမားသော အဟန့်အတား ဖြစ်နေပြန်ပါတယ်။
လူသားတိုင်းပါပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်လိုကြတာ သဘာဝပါ။ ဒါပေမယ့် မပျော်ရွှင်နိုင်တဲ့ သူတွေကလည်း အများအပြားပါ။ မပျော်မရွှင် ဖြစ်ရတဲ့ အကြောင်းရင်း တွေကလည်း ဖော်မပြနိုင်အောင်ပါပဲ။ အဓိကကျ တာကတော့ မနာလိုမှု ၀န်တိုမှု ဖြစ်နေတာက မပျော်ရွှင်နိုင်တဲ့ အကြောင်းတရား တစ်ခု ဖြစ်ပါတယ်။ မနာလို ဖြစ်ခြင်းဟာ ထိုသူရဲ့ ပြင်းပြသော လိုအင်ဆန္ဒအတွက် နက်ရှိုင်းစွာ အမြစ်တွယ်နေတာ ကြောင့်ဖြစ်ပါတယ်။
မနာလို ၀န်တိုစိတ်ဟာ ပြိုင်ဆိုင်မှုနဲ့လည်း တိုက်ရိုက် အချိုးကျပါတယ်။ အမှန်တကယ် ဆက်စပ်နေတာပါ။ မိမိ မရနိုင်တဲ့ စည်းစိမ်ချမ်းသာကို အားမကျသင့်ပါဘူး။ မိမိမရနိုင်တဲ့ အောင်မြင်မှုမျိုး ကိုလည်း စိတ်ကူး မယဉ်သင့်ပါဘူး။ ဒီလို အားကျမိမယ်၊ စိတ်ကူးယဉ်မိမယ် ဆိုရင် မနာလိုစိတ်၊ ၀န်တိုစိတ်ကို နိုးဆွ ပေးလိုက်သလို ဖြစ်စေ ပါတယ်။
မနာလိုဖြစ်မှု ၀န်တိုမှုကို မကောင်းမှုတစ်ရပ်လို့ မှတ်ယူနိုင်ပါတယ်။ အဲဒီ မကောင်းမှုကို ခွင့်လွှတ် သည်းခံရပါမယ်။ ဒါမှ တရားမျှတတဲ့ လူ့ဘောင် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မနာလို ၀န်တိုမှုဟာ လူမှုရေး ပြုပြင်ပြောင်းလဲဖို့ အတွက် တွန်းအားတစ်ရပ် ဖြစ်နေလို့ပါ။ မနာလို ၀န်တိုမှုကြောင့်ပဲ တရားမျှတရေးနဲ့ ညီမျှရေး ဆိုတာ ပေါ်ပေါက်လာပါတယ်။
မနာလို ၀န်တိုမှုဟာ တစ်ကိုယ်ထဲ အမှောင်လမ်းမှာ စမ်းတ၀ါးဝါး လမ်းလျှောက်နေတာနဲ့ အတူတူ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နားခိုရာဆီ ရောက်ရင်တော့ ကောင်းပါရဲ့။ မနာလို ၀န်တိုစိတ်ကြီးပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံ ခဲ့ရင်တော့ တစ်သက်လုံး ပြင်မရတဲ့ အမှားတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်နေပါမယ်။
မျှော်လင့်ချက် ကင်းမဲ့တဲ့ အနေအထားကနေ လမ်းမှန်တဲ့ ယဉ်ကျေးသော လူ့ဘောင်သည် ထိုသူရဲ့ စိတ်ကိုပိုမို အသိတရား ရစေနိုင်သလို သူရဲ့ အသည်းနှလုံးကိုလည်း ကျယ်ပြန့်စေဖို့ အားထုတ်ရပါမယ်။ အဲဒီ အတ္တစိတ်ကနေ လွတ်မြောက်ဖို့ အတွက်လည်း သူကိုယ်တိုင်လေ့လာ သင်ယူရပါမယ်။ ဒါမှသာ ပျော်ရွှင်တဲ့ ချမ်းသာသုခကို ရရှိခံစား လာနိုင်မှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။
Smartphones
N 85 Model Smartphone ( Nokia )
2 to 5 Megapixel ရုပ်ထွက် ကင်မရာနှင့် အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ အရောင်ကလေးတွေ လှတယ်။ Display က ၂.၆ လက်မရှိတဲ့ Amoled ဖန်သားပြင်ဖြစ်တယ်။ ဓာတ်ပုံများ ကြည်လင် ပြတ်သားပြီး တစ်စက္ကန့်ကို အကွက် ၃၀ ထွက်ပေါ်စေမယ့် DVD Quality ဗီဒီယိုရိုက်ကူး နိုင်တယ်။ တစ်ခါ အားသွင်းထားရင် ၂၈ နာရီ အထိ MP 3 သီချင်းတွေကို ဖွင့်နိုင်တဲ့ မျိုးဆက်သစ် smartphone ဖြစ်တယ်။
N 79 Model Smartphone ( Nokia )
3.2 Megapixel ကနေ 5 Megapixel အထိ ရုပ်ထွက်ကင်မရာ ပါရှိတယ်။ အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ 3G, GPS နဲ့ ၂၄ နာရီ MP 3 နားဆင်နိုင်တယ်။ ချောကလက်ရောင် ပုံစံလေးကြောင့် စွဲမက်စရာဖြစ်တယ်။
ကိုယ်က ၀ယ်သုံးတာတော့ မဟုတ်ပါဘူး။ အသစ်အဆန်းပေါ်ရင် အရင်ဆုံးကလိ ဖြစ်ပါတယ်။ တစ်ချို့ Nokia ဖုန်းတွေ epl ဘောလုံးပွဲကို တိုက်ရိုက် လောင်းလို့ရတယ်။ ( ၀ါသနာပါရင် ပြောပါတယ် ) ဂိမ်းပါတဲ့ ဖုန်းတွေ အပျက်များတယ်၊ ခေါက်ဖုန်းတွေ အပျက်များတယ်။ စတိုင်လ် ထုတ်တာ များသွားလို့လား မသိ။ ဖုန်းပစ္စည်းတွေ ဘယ်လောက်ပဲ အကြမ်းပတမ်း ခံပါတယ် ပြောပြော ခလုပ်ကျွံတာတွေ၊ တက်ထိုင်မိလို့ အံလွဲသွားတာတွေ အမြဲ တွေ့ရတယ်။ တစ်ချို့ကျတော့ မော်ဒယ်နိမ့်တာ ကိုင်ထားပြီး သူများနည်းတူ software ထည့်ချင်တယ်၊ game ထည့်ချင်တယ်။ လုပ်မဖြစ်တော့ ဗျစ်တောက် ဗျစ်တောက် ဖြစ်သွားတယ်။
You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[အောင်ဝေး] 1 New Entry:
http://aungway.blogspot.com/feeds/6291805091452714184/comments/default
မမခင်ဦးစံပယ် သို့ တမ်းချင်း - ၅
အောင်ဝေး
ဒီဇင်ဘာ ၁၇၊ ၂၀၀၈
မမခင်ဦးစံပယ် ရေ
ဟောလိဝုဒ်ကို အလည်တခေါက်
ကျနော် ရောက်တယ်။
ဟောလိဝုဒ်က လမ်းတွေပေါ်
ကျနော် လျှောက်ခဲ့တယ်။
လွတ်လပ်ခြင်းရဲ့ အရသာ
ကျနော်လွမ်းသလောက်
ကျနော် ရခဲ့ပါတယ်။
မမခင်ဦးစံပယ် ရယ်
ကျနော်တို့ စိတ်ရင်းက
လရောင်အောက်မှာ လမ်းလျှောက်ချင်သူပါ။
အေးချမ်းမယ်၊ ငြိမ်သက်မယ် ဆိုရင်
ကံ့ကော်တောမှာ
ပန်းကောက်ချင်တာပေါ့။
ဘေးမသန်းဘဲ
လွမ်းစရာရှိရင် ပြည့်ပြည့်လွမ်း
ဝမ်းမြောက်စရာ ရှိရင်လည်း
ပြည့်ပြည့် ၀မ်းမြောက်ချင်ပါရဲ့။
မမခင်ဦးစံပယ် ရယ်
ဟောလိဝုဒ်လမ်းမပေါ်
လွမ်းလောက်တဲ့ ရွှေရောင်ကြယ်တွေ
ရွှန်းတောက်တဲ့ အမည်တွေနဲ့ပေါ့။
သြော် … ကိုယ့်ရေ ကိုယ့်မြေမှာတော့
" အရှင်ဂမ္ဘီရ
ဇာဂနာ
မင်းကိုနိုင်
စုစုနွေး …"
အစရှိတဲ့ ကြယ်တွေ
အကျဉ်းထောင်ထဲမှာပဲ
တောက်ပနေရတယ်။
အော်စကာဆုပေးတဲ့ ဇာတ်ရုံကြီးရှေ့မှာ
ယူနီဗာဆယ် စတူဒီယိုကြီးရှေ့မှာ
ကျနော် တွေးတယ်
ပြီးတော့ ကျနော် ဆွေးတယ်။
မမခင်ဦးစံပယ် ရယ်
ကျနော်တို့ လှေက
ကမ်းရောက်ချင်တာပါ။
အခုတော့
တချို့က မြစ်ကြီးနားရောက်
တချို့က ခန္တီးရောက်
တချို့က ဘူးသီးတောင်ရောက်
တချို့က မိုင်းဆတ်ရောက်
တချို့က ကော့သောင်းရောက်
တချို့က ကလေးရောက်
တချို့က ဘားအံ့ရောက်
တချို့က လားရှိုးရောက်
တချို့က ပူတာအိုရောက်
တချို့က ကျိုင်းတုံ …
တချို့က … … …
မမခင်ဦးစံပယ် ရေ
ထောင်ဒဏ် အနှစ် ၆၀
အနှစ် ၅၀
ခေတ်ကြီး တခေတ်လုံး ချစမ်းပါစေ
ကျနော်တို့ လမ်းပျောက်သွားတာ မဟုတ်ပါဘူး။
စခန်းတထောက်မှာ
ဒါဟာ ယာယီ အရွှန်းဖောက်မှု တခုပါ
(ရမ်း မကြောက်ပါနဲ့)။
ဧရာဝတီဆိုတာ
ဘယ်တော့မှ မခန်းခြောက်နိုင်ဘူးလေ။
လင်းယုန်ဟာ
ဘယ်တော့မှ အိပ်တန်း မပျောက်ဘူး။
ပြည်သူဆိုတာ
ဘယ်တော့မှ ဆိပ်ကမ်း မပျောက်တဲ့ သဘောင်္။
မမခင်ဦးစံပယ် ရေ
ဟောဒီ လော့အိန်ဂျလိစ်မြို့ကြီးကို
တိုင်တည်ပြီး ပြောလိုက်မယ်။
အိပ်မက်ကို
အိပ်မက်လို မက်နိုင်တဲ့ တနေ့။.
ကျနော်တို့တွေ
ကိုယ့်ရေ ကိုယ့်မြေက ကြယ်တွေနဲ့ အတူ
အကျဉ်းထောင်တံခါးတွေ ဖွင့်နိုင်ရမယ်။
ဘယ်တော့မှ မသေတဲ့
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့
လွတ်မြောက်ရေး တံခါးကို လှမ်းခေါက်ကြမယ်။
သံမဏိအတောင်ပံတွေ တဖျပ်ဖျပ်ခတ်
အနာဂတ်ကို ပျံသန်းရောက်နိုင်ရမယ်။
အိမ်မက်ကို အိပ်မက်လို
မက်နိုင်တဲ့ တနေ့။
အဲဒီနေ့မှာ
ကျနော်တို့လှေဟာ
ကမ်းရောက်မှာပဲ။
လရောင်အောက်မှာ
လမ်းလျှောက်ချင်လည်း လျှောက်တော့။
ကံ့ကော်တောမှာ
ပန်းကောက်ချင်လည်း ကောက်တော့။
လွမ်းလောက်တဲ့ တရားမှာ
ဝမ်းမြောက်တဲ့ စကားတွေ ပြောရင်း
မောရင်လည်း မောတော့
မမခင်ဦးစံပယ် ရေ … … ။
(အောင်ဝေး၊ လော့အိန်ဂျလိစ် စာပေဟောပြောပွဲ အမှတ်တရ)
You received this email because you are subscribed to the real_time feed for http://aungway.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[ကျွန်တော်နှင့်အတွေးစများ] 1 New Entry: နား...နာနား...နား...နာ ...နောက်တစ်စောင်နား
နား...နာနား...နား...နာ ...နောက်တစ်စောင်နား
ပြည်တွင်းဂျာနယ်တစ်ခုဖြစ်တဲ့7DaysNewsဂျာနယ်ကို
ယခုအပတ်ထုတ်ဝေခွင့်ပိတ်လိုက်ပြန်ပါပြီ။ဂျာနယ်ရဲ့ပုံမှန်ထွက်ရက်ရောက်မှ
အထက်ကပိတ်လိုက်တာလို့သိရပါတယ်။
ပြင်ပမှာပြောနေတဲ့သတင်းတွေအရတော့ကြိုတင်ငွေကြေးစနစ်နဲ့ရောင်းနေတဲ့
ဂျီအက်စ်အမ်ဖုန်းကိစ္စနဲ့ပတ်သတ်တယ်လို့သိရပါတယ်..။တစ်ပတ်ထုတ်ဝေခွင့်
ရပ်ဆိုင်းလိုက်တယ်လို့သိရပေမဲ့အတည်ပြုပြောကြားချက်မရရှိသေးပါဘူး။
ပြည်တွင်းထုတ်ဂျာနယ်တွေကိုတစ်ပတ်ကြိုတင်ပြီးစာပေစီစစ်ရေးကိုတင်ရပေမဲ့
ထုတ်ဝေပြီးမှခုလိုလိုက်ပိတ်တာ၊အပြစ်ပေးပြီးအချိန်အကန့်အသတ်နဲ့ရပ်နားစေ
တာမျိုးတွေဖြစ်နေတာမကြာခဏပါ..။
လွန်ခဲ့တဲ့နှစ်လကျော်၊သုံးလနီးပါးကယခုလိုပိတ်ပင်ခြင်းခံလိုက်ရတဲ့
TheActionTimesနဲ့TrueNewsဂျာနယ်နှစ်စောင်အနက်..နှစ်လပိတ်ခံရတဲ့
TrueNewsဂျာနယ်ဟာနှစ်လအကျော်မှာပြန်လည်ထွက်ရှိလာခဲ့ပြီး၊သရုပ်ဆောင်
သျှားညိုဦးစီးထုတ်ဝေတဲ့TheActionTimesဂျာနယ်ဟာတစ်လအပိတ်ခံရပြီးတဲ့
နောက်မှာတော့ပြန်လည်ထွက်ရှိလာခဲ့ခြင်းမရှိတော့ပါဘူး။
အခုပိတ်ခံလိုက်ရတဲ့7DaysNewsဂျာနယ်ဟာပြည်တွင်းဂျာနယ်များ
အနက်ရောင်းအားကောင်းတဲ့စာရင်းမှာထိပ်ပိုင်းမှာပါနေပါတယ်။သတင်းစုံ
ဂျာနယ်တွေဖတ်နေကြလူထုကတော့ဘယ်လိုများဆက်ဖြစ်မလဲဆိုပြီး
စောင့်ကြည့်နေကြပါတယ်။
You received this email because you are subscribed to the real_time feed for http://herearemythinking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[မင်းဒင်] 1 New Entry: မင်းဒင် ရဲ့  သက်ခိုင်။(၅၅)
မင်းဒင် ရဲ့  သက်ခိုင်။(၅၅)
မင်းဒင် ရဲ့ သက်ခိုင် (၅၅)
အဆောင်ဘေး ကွင်းပြင်စပ်ဆီမှ ဆူညံစွာပေါ်ထွက်လာသော အသံများကြောင့်  ကိုသက်ခိုင် ပြောလက်စ စကားရပ်သွားသည်။ ဒေါသတကြီးထွက်ပေါ် လာနေသော အသံများကို ကျွန်တော် ကော ကိုသက်ခိုင်ပါ ကြားနေကြရသည်။
"ပြေးချင်အုံးကွာ ။ ပြေးချင်အုံးကွာ "
"ဖြောင်း ၊ ဖြောင်း "
"ခင်ဗျား မဟုတ်တာမပြောနဲ့ နော် ၊ ကျနော် အသက်ချင်းပါ လဲပစ်မယ် "
"ဟေ့ကောင် ၊ ငါ့နံမည် ရဲထွဋ် ကွ ။ မင်း ပါးစပ် ပိတ်ထားစမ်း "
"မင်းငါ့ကို သေအောင် မသတ်နိုင်လို့ ကတော့ မင်းကို ငါ သေအောင် သတ်ပြီလို့ သာ မှတ်ပေတော့ ကွ ။ ငါ ဘယ်လိုကောင် ဆိုတာ မင်းသိစေရမယ် "
ကိုသက်ခိုင်သည် အသံများပေါ်လာရာဆီသို့  ခေတ္တငေးကြည့်ကာ ....
"လာပါ ။ ကိုမင်းဒင်ရာ ။ ရဲထွဋ် ဘာပြဿနာ ရှာနေပြန်ပြီလဲ မသိဘူး ။သွား လိုက်ကြရ အောင်"
ဆိုကာ ကျနော့်ကို အဖော်ညှိပြန်လေသဖြင့် ကန့် လန့် ကန့် လန့် ပါရပြန်သည်။ ထိုနေ့ က စခန်းခွဲ တာဝန်ခံ ကိုအေးနိုင် စခန်းတွင် မရှိပါ။ တပ်ကြပ်ကြီး ဌေးအောင်ကို တာဝန်လွှဲကာ မန္တလေးကလာမည့် ဇနီးကို ရန်ကုန်မှာ သွားကြိုသည်။ အချိန်ကား နေ့ လည် နှစ်နာရီခန့်  ။
.......................
ရဲထွဋ်ကား အကျဉ်းဦးစီး ဝန်ထမ်း တရစ်နှင့် ဒုတပ်ကြပ်ဖြစ်သည်။ အသက်အစိတ်ဝန်းကျင် သာရှိဦးမည်။ သို့ သော် အကျဉ်းသားများအပေါ် ဆက်ဆံရေး ကား ရက်စက်ပြင်းထန်လွန်းသူ အဖြစ် နာမည်ကြီးသည်။ ဧည့်တွေ့ လာသမျှ အကျဉ်းသားတိုင်းလိုလို ပါသမျှ အစားအစာ ထဲက ရဲထွဋ်ကို ဝေစုပေးရ သည်။ ကျနော်ပင် ကြောက်၍မဟုတ်သည့်တိုင် နားအေးချင်၍ ရဲထွဋ်ကို မသဒ္ဓ့ါရေစာ ဝေနေရသည်။
ကျနော်တို့ ရောက်တော့ လူအုပ်က အဆောင်ပေါ်ရောက်နေပြီ ဖြစ်သည်။ လူအုပ်အလယ် မှာ သွေးသံရဲ နေသော ရဲဘက်တယောက်ကို တွေ့ ရသည်။ ထို ရဲဘက်ကား မကြာမီကမှ စခန်းခွဲသို့  ပင်မစခန်းမှ ပြောင်းလာသူ ခြေကျင်း မဖြုတ်သေးသော ရဲဘက် ၊ အကျီကျွတ်နှင့် ။ သူ့ အကျီကို ခါးမှာစည်း ထားသည်။ စည်းထားသော အကျီအဖြူမှာ သွေးတွေ ရွှဲနေသည်၊ ကျောပြင်လက်မောင်း တို့ တွင်လည်း အရှိုးရာတွေ ပွနေသည်၊ ထို အရှိုးရာများကား ဘုတ်ကိုင်ဝန်ထမ်းများ ရဲဘက်တို့ ကို ထိန်းကျောင်းရာတွင် သုံးသည့် ကားတာယာ အမြှောင်းကို ကြေးနန်းကြိုးရစ်ထားသော ကြာပွတ်တို့ ၏ ဒါဏ်ချက် များ ဖြစ်သည်။ အခြားအကျဉ်းသား ရဲဘက်တို့  လည်း ကြောင်စီစီ ဝိုင်းကြည့် နေသည်။ရဲထွဋ် ကိုင်သော ဘုတ်က အဆောင်နှင့် မဝေးလှ သောနေရာမှာ ငုတ်ရှင်းသော ဘုတ် ဖြစ်သည်။
....................................
ကိုသက်ခိုင် ရောက်လာသည်ကို မြင်သော ရဲဘက်အုပ်စုသည် အသံတိတ်သွား၏။
ကိုသက်ခိုင် က ဒါဏ်ရာရနေသော ရဲဘက်ကို သေချာစပ်စုနေသည်။ သူ့ နားထင်စောင်းက ဒါဏ်ရာမှာ လေးလက္မခန့်  ကွဲနေသည်၊ နက်လည်း နက်ပုံ ရသည်။ အဖြူရောင် အသား တစ် စ ကိုပင် မြင်နေရသည်။ နောက်က တပ်ကြပ်ကြီး ဌေးအောင်လည်း မောကြီးပန်းကြီး ရောက်လာသည်။
ဦးဌေးအောင်က ကိုသက်ခိုင် ကို ပြန်သတင်းပို့ သလို အစီရင်ခံနေပြန်သည်။
" ကျနော်လည်း လေကြောင်းအရံဖက် သွားနေလို့ ဆရာ ၊ ဘာတွေ ဖြစ်ကုန်ပြန်ပြီလဲ ၊ ဦးအေးနိုင်ကလည်း မရှိဘူး ၊ ပြဿနာတော့ ရှုပ်ပြန်ပြီ ထင်တယ် "
ကိုသက်ခိုင်သည် စကားတခွန်းမှ မပြောချေ။ သူက ဘေးမှာ ရပ်နေသော ရဲထွဋ်ကို စေ့စေ့ လှမ်းကြည့်သည် ။ရဲထွဋ် ဆီက အသံထွက် လာ သည်။
" ဒီကောင် ထွက်ပြေးမလို့ လုပ်နေလို့  ကျနော် ရိုက်ဖမ်းလာတာ ၊ ဆရာကြီး ရ"
ဒါဏ်ရာနှင့် အကျဉ်းသားဆီမှ အသံထွက်လာပြန်သည်။
" ကျနော်က ခြေကျင်းကြီးနဲ့  ထွက်ပြေးရအောင် အရူးမဟုတ်ဘူး ဗျ။ ဒီကောင် ကျနော့်ကို လိုင်းမဝင်လို့  သက်သက် ဒုက္ခပေးတာ ၊ ထောင်ပိုင်ကို သတင်းပို့ ပေးပါ ဆရာကြီး"
ကိုသက်ခိုင် က ဘာမှ မပြောပြန်ပဲ ဘေးက ရဲဘက် ပရိဿတ် ဘက်ဆီ မျက်စေ့ ဝေ့လိုက်ပြန်သည် ။ အသံတချို့ ထွက်လာပြန်သည် ။ ကိုသက်ခိုင် ကို ကြည့်ရသည်မှာ မျက်လုံးဖြင့် လျောက်ကြည့်ပြီး စိတ်ညှို့ နေသည့် ပုံစံပေါက်နေလေသည်။
" ကျနော်တို့ လည်း ဘာမှ မသိဘူး ဆရာကြီး၊ ဆရာ ရဲထွဋ် က ဟေ့ကောင်တွေ လာကြ၊ ဒီကောင့်ကို ဝိုင်းချုပ်ထားကြဆိုလို့  ပြေးလာကြတာ "
တပ်ကြပ်ကြီး ဌေးအောင် က ကိုသက်ခိုင် မည်သို့ ဆုံးဖြတ်မည်ကို သိလိုသော သဘောဖြင့် ကိုသက်ခိုင်ကို လှမ်းကြည့်သည်။ ကိုသက်ခိုင် က ခပ်လေး လေး လေသံဖြင့် ..
" ခက်တယ် ရဲထွဋ်ရာ ။ မင်းတို့  အကျဉ်းဦးစီး လက်စွဲ (Burma Jail Manual) မှာ သူ တကယ်ပဲ ထွက်ပြေးတယ် ဆိုစေအုံး ၊ဒီလိုလုပ်ခွင့် မရှိဘူး ၊ အခု မင်းတို့ ကိုင်ပြီး ရိုက်နေတဲ့ ကြာပွတ်တွေက နွားရိုက်ရင်တောင် မခံနိုင်တာ၊ မလွန်လွန်းဘူးလားကွာ၊ အခု သူ ပြေးတာ မပြေးတာ အသာထား ၊ ဒီဒါဏ်ရာကို ဘယ်လိုရှင်းမလဲ ၊ နေက သိပ်ပြင်းနေပြီ၊ သွေးကလည်း သိပ်ထွက်နေပြီ ။ ဆရာဌေး ၊ ပြေးမပြေး ဆိုတာ ဆရာတို့ ဘာသာ ဆုံးဖြတ် ရမှာ လောလောဆယ်က သူ့ ကို ဘယ်လို ဆေးကုပေးကြမလဲ ဆိုတာက ၊ အဓိက ဖြစ်နေပြီ "
ဒါဏ်ရာရ ရဲဘက် အကျဉ်းသား ထံက နာနာကျဉ်းကျဉ်း အသံထွက်လာပြန်သည်။
" နေပေ့စေ ဆရာကြီး ရာ ၊ ကျနော့်ကို နောက်မှုဖွင့်ဘို့  ရဲစခန်းသာ ပို့ ပါ။ စစ်ချက်ယူပြီးမှ ဆေးကုမယ် ၊ ကျနော် လုံးဝ မကျေနပ်နိုင်ဘူး၊ အသက်ချင်းလဲ ပစ်လိုက်မယ် ဆရာကြီးရာ"
ကိုသက်ခိုင်က အကျဉ်းသား ကို လက်အသာ ကာပြလိုက်သည်။ တပ်ကြပ်ကြီး ဌေးအောင့်  မျက်နှာကိုပင် လှမ်းကြည့်သည်။
ဦးဌေးအောင်ကား အသက်ငါးဆယ့်ခြောက်နှစ်ခန့်  ထောင်သဘာ ရင့်နေသော တပ်ကြပ်ကြီး ဖြစ်၍ ချင့်ချင့်ချိန်ချိန် စကားဆိုသည်။
" ခက်တယ် ဆရာ သက်ခိုင်ရာ ၊ စခန်းတာဝန်ခံကလည်း မရှိဘူး၊ ထောင်ပိုင်မသိအောင် ထွက်သွားတာ၊ ပြဿနာက ကျနော့် ခေါင်းပေါ်ရောက်လာမယ် ။ ဟေ့ကောင် ရဲထွဋ် ၊ သေချာရဲ့ လားကွာ၊ ဘက်ပြေးထပ်ဖွင့်ရင် အကုန်အစစ်ခံရမှာနော် "
ရဲထွဋ် ဆီက အသံထွက်မလာချေ ။
...................................
ကိုသက်ခိုင်သည် သက်ပြင်းတခုကို ခပ်လေးလေးချကာ ..
" ကဲဗျာ။ ဒီကိစ္စ ကို ကျနော် ရှင်းမယ်။ ကိုမင်းဒင် သွားဗျာ။ ကျနော့် အိပ်ထဲမှာ အရက်ပျံပုလင်း ရှိတယ် ။ ရေနွေးဆူတာ ယူလာခဲ့ဗျာ ၊ ဟေ့ကောင် ။ နိုင်ဝင်းလာအုံးကွာ၊ အပ်နဲ့ အပ်ချည်ပါ ယူလာခဲ့ ၊ ငါ့ညီ .. မင်းတိုင်ချက်ဖွင့်ချင်ရင်လည်း ငါလုပ်နိုင်တာ အကုန်လိုက်လုပ်ပေးမယ်၊ လောလောဆယ် မင်း သွေးလွန်ပြီး မူးမလဲခင် လုပ်စရာရှိတာ လုပ်မှ ဖြစ်မယ်ကွာ"
ဆရာဌေး . . ဦးအေးနိုင်လာမှသာ အခြေအနေ ကြည့်ပြီး တင်ပြပေတော့ ၊ ရဲထွဋ် .. မင်းလည်း မင်းဘာလုပ်ချင်သလဲ ဆိုတာ စဉ်းစားထားကွာ"
ထုံးစံအတိုင်း ကိုသက်ခိုင်ကား ဗုံတီးသလို အမိန့် တန်းစီပေးနေလေသည်။ ကျနော် အရက်ပျံနှင့် ရေနွေး ယူလာသည့် အခါ ဘယ်လိုဘယ်ပုံ စည်းရုံး စီမံသည် မသိ၊ နိုင်ဝင်း က အကျီလုံချည် အပြဲအစုပ်ဖာသည့်  အပ်မှာ အပ်ချည်တပ်ကာ ဒါဏ်ရာကို ချုပ်ဘို့ အဆင်သင့် ဖြစ်နေလေပြီ။ ကိုသက်ခိုင်သည် ဆေးမှူးတယောက်ပုံစံမျိုးဖြင့် ပက်ပြဲဖြစ်နေသော ဒါဏ်ရာကို အရက်ပျံဖြင့်ဆေး၊ အဝတ်တစ ကို ရေနွေးဖြင့်စိမ်၊ အသားတစ်ကို ပြန်ထိုးထည့် ကာ.. ဟိုနေရာကို တချက်ဖောက်လိုက် ၊ ဒီနေရာကို တချက်ဖောက်လိုက်၊ တချက်ချည်လိုက်အုံး .. တတွတ်တွတ် စကားဆိုလျက် နိုင်ဝင်းနှင့် အလုပ်ရှုပ် နေလေသည်။ ဒါဏ်ရာကို အချုပ်ခံနေရသော ရဲဘက်မှာ ဧရာမ ဒါဏ်ရာကြီးကို ဖြစ်သလို ချုပ်နေသည်ကိုပင် တချက်မှ မတွန့် အောင်ပင် အသည်း ကောင်းလွန်း နေလေ၏။
...............................
နာရီဝက်ခန့် အကြာ ဒါဏ်ရာချုပ်၊ ရှိသမျှ ဆေးတချို့ ပေးပြီး ကျနော်တို့ ကိုသက်ခိုင့် တဲပြန်ရောက် လာကြသည်။ ကျနော်က မနေနိုင်မထိုင်နိုင် မေးမိပြန် သည်။
"ခင်ဗျား ဗျာ။ အထည်ချုပ်တဲ့ အပ်နဲ့  ဒီဒါဏ်ရာကို ချုပ်ရတယ်လို့ ဘယ်သူက သင်လိုက်သလဲ"
"နိုင်ဝင်း လေ"
"ဗျာ နိုင်ဝင်း "
"ဟုတ်တယ် ၊ သူနဲ့ တခါ စကားစပ်တုန်းက ဒါဏ်ရာတော်တော်များများကို ရိုးရိုးအပ်နဲ့  သူချုပ်ဘူးတယ် လို့ ပြောတာ သတိရလို့ သူ့ ကို ချုပ်ခိုင်းတာ လေ"
"ခင်ဗျား ဗျာ မတော်တရော်တွေ ဖြစ်ကုန်မှ ဖြင့် .. "
"ကိုမင်းဒင် ခင်ဗျားစဉ်းစားလေ၊ ဒီနည်း အပြင် တခြားနည်း ဘာရှိသလဲ ။ လောကကြီးမှာ တခါတခါ နောက်ဆုံးနည်းတွေ ကို မလွှဲမရှောင်သာ ထုတ် သုံးရတာတွေ ရှိတယ်ဗျ။ ဦးဌေးအောင် ကလည်း စခန်းတာဝန်ခံမရှိပဲ ပင်မစခန်းကို ပို့ ရဲမှာ မဟုတ်ဘူး၊ ဒါဏ်ရာနဲ့  ရဲဘက် ကလည်း မခံချင်စိတ်နဲ့ သာ တွန်းနေတာ၊ ရဲဘက်ဆိုတာ နေရာတကာ ခံဖက်ကချည်းပဲ ဆိုတာ သူသဘော မပေါက်သေးလို့ ဗျ။ဒီအတိုင်းကြည့် နေကြရင် သေရုံနဲ့ ပြဿနာ ရှုပ် ရုံပဲလေ "
"ရဲဘက်က တကယ်ထွက်ပြေးတာ ဆိုရင် ရဲထွဋ် နဲ့ ခင်ဗျား ဘယ်လို ရှင်းမလဲ
ခက်တာပဲ ကိုမင်းဒင် ။ အဲဒီ ရဲထွဋ် ဆိုတဲ့ ကောင်ကလည်း အကျဉ်းဦးစီးကနေ ထွက်ပြေးဘို့  ကြံနေတဲ့  ဝန်ထမ်း ပဲ ။ ဘာထူးလဲ ။ သူ့ အခြေအနေကို တပ်ကြပ် ကိုခင်မောင်ဌေး ကျနော့် ကိုပြောပြထားပြီးသား။"
"ဟုတ်ရဲ့ လားဗျာ "
"သေချာပါတယ်ဗျာ။ ရဲထွဋ်လည်း မအူမလည်နဲ့ အကျဉ်းဦးစီးရောက်လာတာ ၊ အကျဉ်းဦးစီးမှာ လုပ်မဲ့ ဝန်ထမ်း ရှားတယ်ဗျ။ တနှစ်တခါ ဆိုသလို ထောင်ဝန်ထမ်း လုပ်မဲ့  နယ်ဘက်က မအူမလည်ကောင်တွေကို လက်ရှိဝန်ထမ်းတွေက လျောက်လျောက်ရှာ နေ ရတာ ကျနော်သိတယ်။ ဝန်ထမ်း ရှာဘို့  ကိုခင်မောင်ဌေး မဲကျတုန်းကတောင် လမ်းစားရိတ် ငါးထောင် ကျနော်ထုတ်ပေးလိုက်သေးတယ်။ ရဲထွဋ် လည်း အဲဒီလို နယ်မှာ အရှာခံလာ ရတဲ့ကောင်လေ။ ခင်ဗျား ကြားဘူးတယ် မဟုတ်လား ၊အချုပ်ခန်းတွေထဲမှာ ရှိတဲ့  အချုပ်သားတွေ ၊ ခြေချုပ်နဲ့  ဝင်လာတဲ့ လူဆိုးလေးတွေကို စစ်တပ်ထဲ ဝင်မလား အမှုရုပ်ပေးမယ်၊ လစာကောင်းတယ်၊ နောင်ရေး စိတ်အေးရတယ် ဘာညာ ဆိုပြီး စည်းရုံးတာမျိုးလေ၊ ကျနော် အချုပ်တွေမှာ နေခဲ့ရတုန်းက ကြုံဘူးပေါင်းများနေပြီ ဗျ။ ရဲထွဋ်လည်း ဝင်မိပြီးမှ ထွက်ပြေးရင်လည်း စစ်ပြေး၊ ရဲပြေးလို ပုဒ်မလို ပဲမို့ ၊ ဒီကောင် ကြံရာမရဖြစ်နေ တာ ဗျ။ ဒီကောင်က ပြုတ်လည်း ပြီးရောဆိုပြီး နင်းကန် ဂွင်ဖန်နေတာ ၊ "
"ခင်ဗျား ကတော့ ဒါမျိုးတွေကို စံနစ်တကျကို သိအောင်လုပ်ထားသလို ဖြစ်နေပါလား ဗျာ"
"အေးဗျာ။ ကျနော် ငယ်ငယ်က လူဗလံလေး၊ မိဘက ကျိကျိတက် မချမ်းသာဘူး။ အရာရှိ အရာခံ မျိုးရိုး လည်း မဟုတ်လေတော့ .. လောကမှာ အနိုင် ဆိုတာကို သေချာပေါက်ရလာ ဘို့် ဇယားနိုင်အောင် ကျနော် လေ့ကျင့်သလို ဖြစ်ခဲ့တယ် ထင်ပါရဲ့ ၊ ဒါကြောင့်လည်း ကျနော်ဟာ ကိုအိုက်ထွန်းလို လူမျိုးနဲ့ တက်ယှဉ်နိုင်ခဲ့တာ ပေါ့ "
"အေးဗျာ.. ။ လုပ်ပါအုံး ခင်ဗျားနဲ့ အာရှဓနသူဌေး ဦးအိုက်ထွန်း၊ စီးချင်းထိုးပွဲလေး"
"ပြောဆိုလည်း ပြောရတာပေါ့ ဗျာ၊ ဂုဏ်ယူဝင့်ကြွားစရာရယ်လို့ တော့ မယူဆပါနဲ့ ဗျာ"
ဤသို့ လျှင် ကိုသက်ခိုင်သည် သူ့ ဇာတ်လမ်းကို ဆက်ပြန်ပါလေ၏။
.............................
မှတ်မိသေးတယ် ဗျာ။ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း ရဲ့ အမှတ်အသား က ရွှေရောင်မြန်မာနိုင်ငံမြေပုံလေး ပေါ်မှာ (MWEA )လို့ စာတမ်းဖြတ်ထိုးတာလေး ဗျ။ တော်တော် စိတ်ကူးကောင်းတယ် ပြောရမယ်။ Myanmar Women Entrepreneur ပေါ့ဗျာ။ အသင်းအမှုဆောင် နေရာယူထားကြတဲ့  အမျိုးသမီးတွေကလည်း စီးပွားရေလောက က ဒိတ်ဒိတ်ကြဲ ဆိုတာတွေ ချည်းပဲ ။အမယ် သူတို့ ရင် ထိုးတွေအားလုံးဟာ တကယ့် ရွှေအစစ်နဲ့  လုပ်ထားကြတာ ဗျာ။
ဒီအသင်း ပေါ်လာတာကလည်း နိုင်ငံတော်ပေါ်လစီ နဲ့  တိုက်ရိုက်ပါတ်သက်နေပုံ ရတယ်။ အယ်လဖာ ဟော်တယ် ပိုင်ရှင်ဒေါ်စိန်စိန် ၊ လာပြီလာပြီ ဒေါ်သက်ရီ နဲ့  ဒေါ်နုနုရီတို့ က ရှေ့  တန်းထွက်ပြီး ဥက္ကဌ ၊ အတွင်းရေးမှူးတွေ လုပ်နေကြပေမဲ့  နောက်ကွယ်မှာ ဝန်ကြီး ကတော် တွေ အားလုံး ပါနေ တယ် ဗျ။ ဘာလို့ သိလဲ ဟုတ်လား။ ခင်ဗျား ဗျာ ၊ ယောမင်းကြီးလမ်းထိပ်က ဆန်းကဖေးဘေးနားမှာ စီမံကိန်းကြီးတခု ရဘို့ ဆိုတာ အိပ်မက် တောင် မက်ဘို့ မလွယ်တဲ့ ကိစ္စ ၊ အရှင်းကြီးပါဗျာ။
ကိုအိုက်ထွန်း ဒီစီမံကိန်းကို စိတ်ဝင်စားတယ်ဆိုတာ ဒီအချက်လည်း ပါပုံရတယ်။ အေးလေ ၊ သူ့ နောက်က ပံပိုးနေတဲ့ အဖွဲ့ တွေက ငွေတွေ သုံးမကုန် အောင် ရနေတဲ့ အဖွဲ့  ဗျာ။ နံမည်တော့ ကျနော် သေချာ မစပ်စုလိုက်မိဘူး။ ရှမ်းပြည် မြောက်ပိုင်းက အဖွဲ့ တဖွဲ့  လောက်ပဲ သိလိုက်တယ်။ ကျနော်ပြောနိုင်တာက ကိုအိုက်ထွန်း ရှမ်းပြည်ဖက်ကို ခရီးထွက်တဲ့ အခါ တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင် အဖွဲ့ တချို့  လုံခြုံရေး တာဝန်ယူပေး ရတယ် ဆိုတာတော့ အဲဒီနယ်မှာ တာဝန်ကျနေတဲ့  ကျနော့် တပည့် ကျော်တယောက် က အတိအကျ လှမ်းသတင်း ပေးတယ်လေ။
..................................
ဒီစီမံကိန်းကို ရဘို့  ကိုအိုက်ထွန်းကို နောက်က ပံ့ပိုးနေတာက ရွှေကမ္ဘာ ကုမ္ပဏီအုပ်စု က ကိုမောင်မောင် ဗျ။ လူရင်းတွေကတော့ သူ့ ကို ခေါတော မောင်မောင်လို့ ခေါ်တယ်။ ရွှေကမ္ဘာအုပ်စု က ဒီစီမံကိန်းမှာ အဓိက အခန်းက ပါသဗျာ။
ဘာဖြစ်လို့ လဲ ဟုတ်လား။ အဲဒီရွှေကမ္ဘာအုပ်စုမှာ သြဇာရှိတဲ့ မန္တလေး ဇာတိ စိန်သူဌေး ဒေါ်ဆယ်က မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင် ရှင်များ အသင်းမှာ နာယက လေ။
အန်တီဆယ်နဲ့ တွဲဘက်တွေက ရိုးမဘဏ်ကို စကာင်္ပူရောက်မြန်မာပြည်ဖွား လုပ်ငန်းရှင် ဆပ့်ခ်ျပန်းရဲ့ မိတ်ဆွေ ဦးလှကြည် ရယ်၊ဦးကေဂါးသရန် လို့  ခေါ်တဲ့ အိန္ဒိယသွေး စိန်သူဌေး ရယ်။ အော်.. ။ ဒါနဲ့  ဦးကေဂါးသရန်က တကယ့်သူဌေးဆိုပဲ။ သူက နာမည်တော့ သိပ် မထွက်လှဘူး ။ ထူးဆန်းတာက သူ့ ကို သူဌေးအချင်းချင်း သူဌေးလို့ ပြန်ခေါ်ကြတာပဲ ။ ကျနော်နဲ့  ဆက်ဆံမိသလောက် ဦးကေဂါး သရန်က လူအေးဗျ။ ခပ်ရိုးရိုး ခပ်ကုပ်ကုပ်နေတာ ။ ပြောမထားရင် သူဌေးလို့ တောင် ထင်စရာ မရှိအောင် ရုံးခန်းစားပွဲမှာ သာမန် စာရေးကြီး တယောက် ထိုင်နေတဲ့ ပုံစံဗျ။
................................
ဒီတော့ ဗျာ။ ဒီစီမံကိန်းမှာ ရွှေကမ္ဘာ က အဓိက အခန်းက ပါလာတယ်။ နေဦးဗျာ ။ ကြုံတုန်း အန်တီဆယ်တို့  ဦးလှကြည်တို့  အကြောင်း နည်းနည်း ပြောပြရအုံးမယ်။
အန်တီဆယ်က မန္တလေး ဇာတိပါဗျာ။ သာမန်အရပ်သူ ဈေးသည်ဘဝကနေ ကိုယ့်ဒူးကိုယ် ချွန် ကြိုစားလာရာကနေ ရိုးဖြောင့်မှု ကြောင့် စိန် ကုန်သည် အထိ ကြီးပွားချမ်း သာလာတာပါ။ ဒီအစိုးရ မတက်ခင်ကတည်းက ကျိကျိတက် ချမ်းသာနေပြီးသားပါ။ စစ်အစိုးရ တက်လာတော့ သတိုးသီိရိ သုဓမ္မ သိင်္ဂီ ဆိုတဲ့ ဘွဲ့ တွေဘာတွေ ရခဲ့သေး တယ်လေ၊ စိတ်ရင်းသဘောလည်း ကောင်းရှာပါတယ်။ ပြောတာဆိုတာ တကယ့်တောသူမကြီးလို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်တယ် ။စားသောက်နေထိုင်ပုံက အစ ကိန်းခန်း မကြီးပဲ ရိုးရိုး ကုပ်ကုပ်ပါပဲဗျာ။ အော်.. အန်တီဆယ့် သားယောက်ကတော့  ဆေးတွေဘာတွေ သုံးတယ်လို့  အသံသဲ့သဲ့ကြားတယ် ဗျ။ သေချာတော့ မသိဘူး။ ကျနော်နဲ့ တွေ့ တာ တော့  ခပ်အေးအေးပုံစံပါပဲ။
အန်တီဆယ် ဘယ်လောက် ချမ်းသာ သလဲ ဆိုရင် သီပေါမင်းရဲ့ မိဖုရား စုဖုရားလတ် နောက်ဆုံးနေသွား ခဲ့ တဲ့  ရွှေတိဂုံ ဘုရား အရှေ့ ဖက်မုဒ်နားက အိမ်ကြီးကို အန်တီဆယ် ပိုင်တာဗျ။ ဒီအိမ်ကြီး ကို သူဝယ်ခဲ့ပုံကလည်း နည်းနည်း ထူးဆန်းတယ်ပြောရမယ် ။ မူလ ပိုင်ရှင်က ဖျာပုံဒေါ်မြနွယ် လို့  ဆိုသ ဗျာ။ သူလည်း တော်တော်ချမ်းသာတယ်လို့ ဆိုပါတယ်။ အန်တီဆယ်က အဲဒီအိမ်ကြီးကို ဖျာပုံဒေါ်မြနွယ် ဆီက ငွေချေပြီး ဝယ်ထားခဲ့ပေမဲ့  ဒေါ်မြနွယ် မသေမချင်း လွှဲမယူခဲ့ဘူးတဲ့ ။ ဒေါ်မြနွယ် ကွယ်လွန်မှ သူ့ နာမည်နဲ့ လွှဲယူခဲ့  သတဲ့ ။ အိမ်ကြီးက တကယ့်ရှေးဟောင်း အိမ်ကြီးဗျာ။ စုဖုရားလတ် မကွယ် လွန်ခင်က ခြံထဲ ကနေ ရွှေတိဂုံစေတီတော်ကြီးကို လှမ်းးပြိး ဖူးမြှော်တာတို့ ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့ အဲဒီအိမ်ကြီးကို လာပြီး မြန်မာပြည်ရဲ့  နောက်ဆုံးမင်းဆက် သီပေါမင်းရဲ့  မိဖုရားကြီး ကိုလာတွေ့  တာတို့ တော့  ကျနော် စာထဲမှာ ဖတ်ခဲ့ဘူးပါရဲ့ ။
..................................
အေးဗျာ။ ကြုံခဲ့ရတဲ့ ဘဝများ ဆန်းလိုက်တာဗျာ။ စုဖုရားလတ်နောက်ဆုံး စံမြန်းခဲ့ တဲ့  အိမ်ကြီးကို ဖျက်ပစ်ဘို့ ဖျက်သိမ်းမိန့် ကို ရန်ကုန်မြို့ တော်စည် ပင်သာယာရေး ကော်မီတီမှာ ကျနော် လိုက်လုပ်ပေးရတယ်ဗျာ။ အန်တီဆယ်က သူမသေခင် သူ့ မြေးနှစ်ယောက်ကို အမွေပေးခဲ့ ချင်လို့ တဲ့  ။မြေဂရမ် အမည်ပေါက် နာမည်ပြောင်းတာတို့  မြေကွက်ခွဲစိတ်တာ တို့ က အဲဒီခေတ်က တော်တော်ခက်ခက်ခဲခဲ လုပ်ရတဲ့ အချိန် ဗျ။ ကျနော့် ကခပ်လည်လည် ကောင်လည်းဖြစ်၊ အန်တီဆယ့် ဝိတ်ကလည်း ရှိတော့ ကျနော့် အဘို့ တော့ သိပ်ခက်ခက် ခဲခဲ မရှိခဲ့ပါ ဘူးဗျာ။ အခုမှ ပြန်စဉ်းစားမိတယ်ဗျာ ။ဒီလို အဆောက်အဦးမျိုးတွေက ဖျက်မပစ် ပဲ ရှေးဟောင်းအဆောက်အဦး စာရင်းသွင်းပြီး အစိုးရက လက်လွှဲဝယ်လိုက်ရင် မှတ်တမ်းတခု အဖြစ်ရှိနေမှာ ဗျာ။ ထားလိုက်ပါတော့ ဗျာ။ ပြီးတာတွေ ပြီးခဲ့ပါပြီ ။
.............................................
နောက် ဦးလှကြည်က လည်း အရင်က ရွှေဘုံသာလမ်းမှာ သာမန် ရွှေအရောင်း အဝယ်လုပ်ခဲ့ တဲ့ သူပဲလို့  ဆိုပါတယ်။ မဆလ လက်ထက်မှာ ဇူဇကာ စစ်ဆင်ရေး ဘာညာ ဆိုပြီး အစိုးရက ဓာတ်ဆီတပုံးတွေ့ လို့ ဆိုလား ။ ထောင်ခုနှစ်နှစ်ချလိုက်တယ်တဲ့ ။ ထောင်ထဲမှာ ဆုံခဲ့တဲ့ ကုလားသူဌေးတွေနဲ့  ရင်းနှီးပြီး အပြင်ပြန်ရောက်တော့  ရွှေဘုံသာလမ်းက ကုလားသူုဌေးတွေ ရဲ့ ယုံကြည်ကိုးစားမှု ခံရရာက ကြီးပွားချမ်းသာလာ တယ်လို့ ဆိုတယ်။ အန်ကယ် ဦးလှကြည်ဟာ တကယ့်ကို အလုပ်ကို စည်းကမ်းတကျ လုပ်တတ်ပြီး ဖြောင့်မတ်တဲ့ သူပါ။ သူ့ ခေတ်နဲ့ သူတုန်းက ရွှေဘုံသာလမ်းမှာ နေ့ တိုင်း ရွှေဈေးဖွင့်ရင် ဦလှကြည် ပြောတဲ့ ဈေးကို အဲဒီနေ့ ပေါက်ဈေး အဖြစ်သတ်မှတ်ရတဲ့ အထိ သိက္ခာရှိခဲ့တဲ့ သူပါ။
ဒီအကြောင်းတွေ အစကတော့ ဘယ်ကြိုသိပါ့မလဲဗျာ။ အလုပ်ကိစ္စနဲ့  ဝင်ရင်းထွက်ရင်း တစစ သိလာရတာလေ။ အော် .. ။သေချာပါတယ်ဗျ။ သူတို့  ကိုယ်တိုင်ပြောတာပဲဟာ။
........................................
ဦးအိုက်ထွန်းနဲ့  ကျနော့်ကို မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်း အလုပ်အမှုဆောင် အဖွဲ့  က ပထမ အကြိမ် မဲခွဲ ဆုံးဖြတ်တော့  ဆယ်မဲစီနဲ့  အဖြေမထွက်ဘူး လို့  အတွင်း သတင်းအရ ဆိုသဗျာ။
ဒီသတင်းကို ရတော့  ကျနော်က အလုပ်အမှုဆောင်အဖွဲ့ ဆီကို စာတစောင်ရေးပို့ လိုက် တယ်။ စာက ရိုးရိုးရှင်းရှင်းပါပဲ ။ ကျနော်ဟာငွေတွေ ထားစရာ မရှိလောက်အောင် ချမ်းသာ တဲ့ သူမဟုတ်တဲ့  အကြောင်း ၊ ဒီစီမံကိန်းကို အထမြောက် အောင်မြင်အောင် တကယ်လုပ်နိုင်သူတော့  ဖြစ်ကြောင်းပဲဗျာ။
ကျနော့် စာဟာ ပစ်မှတ်ကို တိုက်ရိုက်မှန်သွားတယ် ဆိုပါတော့ ။ တကယ်တော့  စီမံကိန်း အတွက် လူရွေးနေသူတွေဟာ သူဌေးရွေးနေတာ မဟုတ် ပါဘူး။ သူတို့ ကိုယ်တိုင် ကျိကျိတက် ချမ်းသာနေကြသူတွေပါ။ နောက်တခုက ချမ်းသာတဲ့ အုပ်စုမှာ နောက်ထပ် ခေတ်ပေါ်သူဌေးတယောက် ကို ရုတ်တရက်လက်မခံချင်တာလည်း ပါပါလိမ့်မယ်။ တိုက်ဆိုင်ချင်တော့  တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး တင်လှ ခေါ်ခေါ်နေခဲ့တဲ့  သူဌေး အစည်းအဝေး တွေမှာ ကျနော့် ဇ ကို ဦးလှကြည် တွေ့ ဘူးနေတာလည်း ပါနိုင်ပါတယ် ဗျာ။
ဒုတိယ အကြိမ်မဲခွဲတော့  ကျနော်က ဆယ့်ရှစ်မဲ ၊ ဦးအိုက်ထွန်းက နှစ်မဲ နဲ့  ဒီစီမံကိန်းကို ကျနော်ရလိုက်ပါတယ်။
.......................................
ကိုအိုက်ထွန်းဟာ တကယ် ခင်မင်လေးစားစရာ ပုဂ္ဂိုလ်ပါ။ ဒီစကားကို ကျနော် ပြောတာက သူ့ နောက်က ဘာအဖွဲ့ ညာအဖွဲ့ ဆိုတာနဲ့ မသက် ဆိုင်ပါဘူး ။ သူ့ စိတ်ရင်းကို ဆိုလိုတာပါ ။
အဲဒီ စီမံကိန်းကို ကျနော် ရသွားတော့  ကိုအိုက်ထွန်းဟာ သက်ခိုင် ဆိုတာ ဘယ်လိုလူမျိုး ပါလိမ့်  သိချင်တယ် ထင်ပါရဲ့ ။ ကျနော့် ရုံးခန်းးကို တကူး တက လာပြီး ခင်ခင်မင်မင် ဆက်ဆံပါတယ်။ လုပ်ချင်တာရှိရင် အတူပူးပေါင်းလုပ်ဘို့ အဆင့်သင့် ရှိကြောင်း ပြောရှာပါတယ်။ သူ့ စိတ်ဓာတ်ကို လေးစား သောအားဖြင့် ကျနော် သူနဲ့ သူ့ ရုံးအဖွဲ့ကို ကန်တော်မင် ပန်းခြံက ရှမ်းကန်စားသောက် ဆိုင်မှာ နှစ်သစ်ကူးညစာ ဧည့်ခံပြီး လက်ဆောင် တော်တော် များများပေးခဲ့ဘူး ပါတယ်။
နောက်ပိုင်း တဟုန်ထိုးအောင်မြင်ကျော်ကြားလာသည့်တိုင် ကျနော် တောင်းသမျှ အကူအညီကို တခါမှ မငြင်းခဲ့ဘူးပါဘူး ဗျာ။ အာရှဓနဘဏ် မှာ ကျနော် ငွေချေးလို့  ထုတ်မပေးတဲ့ အကြိမ် ရယ်လို့  မရှိသလောက်ပါပဲ။
...................................
အဲဒီပွဲဟာ ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းမှာ ကျနော့် လက်ရည်ကို လုပ်ငန်းရှင် တော်တော်များများ သတိထားမိသွားတဲ့ ပွဲလို့ ဆိုရပါလိမ့်မယ်။ ကိုအိုက်ထွန်း ဘက်က ရပ်ခဲ့တဲ့  ကိုမောင်မောင်တောင် ကျနော့်ကို အသိအမှတ်ပြုလာပါတယ်။
ဒါနဲ့  စီမံကိန်းအတွက် ပုံစံထုတ်ဘို့ ၊ အစုရှယ်ရာတွေခေါ်ဘို့ ပါ ဖြစ်လာပါတယ်။ အစုရှယ်ရာ ဝင်ချင်သူတွေကို ကျနော် ရှာနေစရာမလိုတော့ပါဘူး။ အန်ကယ် ဦးလှကြည်က ကျနော့် ကို ခေါ်ပြီး ရှယ်ရာဝင်ချင်သူတွေ စာရင်းပြောပြပြီး ကျနော့် သဘောထားကို တောင်းပါတယ်။
ကျနော်လည်း လက်ခံနိုင်တာ သဘာဝကျတာ အားလုံးကိုလက်ခံပါတယ်။ တကယ့်ကို အလုပ်လုပ်ရတာ အားရှိစရာ ကောင်းခဲ့တယ် ဆိုပါတော့ ။
ဒီနေရာမှာ ကျနော့်  စိတ်ခံစားချက်တချို့ ကိုထည့်ပြောချင်သေးတယ်ဗျာ။ ကျနော်က ငွေသာရှာနေတာ အတွင်းစိတ်က လူစွမ်းလူစ ပြချင်တဲ့ စိတ် ကပ် ပါနေတယ်ဗျ။ အလုပ်တခု ကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တာကလည်း ကျနော် ဗီဇပဲဗျာ။
ရှယ်ရာစာရင်းတွေ ၊ အစည်းအဝေးမှတ်တမ်းတွေ ၊ ငွေအဝင်အထွက်တွေကို ကျနော် စံနစ်တကျ လုပ်ထားတာကို ဦးလှကြည်လို လူမျိုးတောင်လက်ဖျား ခါသွားတဲ့ အထိပါ။ ကြွားတာ မဟုတ်ရပါဘူး။ ဘာလို့ ပြောနိုင်သလဲဆိုတော့ စီမံကိန်းအတွက် ကျနော့်  ကုမ္ပဏီ ကထည့် ရမဲ့  အချိုးကျထည့်ဝင်ငွေနဲ့  ပါတ်သက်လို့  သူ ဘာအတိုးမှ မယူပဲ ထည့်ပေးမယ် ဆိုတဲ့ အထိလိုက်လျောခဲ့လို ပါပဲ။
တိုတိုချုပ်ရရင် အဲဒီခေတ်က သိန်းပေါင်းလေးထောင်ငါးရာဝန်းကျင်ရှိတဲ့  စီမံကိန်းမှာ ကျနော့် ကုမ္ပဏီဟာ ၃၀ ရာခိုင်နှုံး ပိုင်ဆိုင်ခွင့် ရှိလာပါတယ်။
.......................................
လောကကြီးမှာ အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲလာတတ်တာကလား။ အဲဒီစီမံကိန်းကို အမြန်စနိုင်ဘို့  တက်သုတ်ရိုက်နေချိန်မှာ ကျနော့်  အမေ ဆုံးပါတယ်။
ကျနော့်မှာ တခါတခါ ရှေ့ ဖြစ်ကို ကြိုသိနေတဲ့  စိတ်တခု ရှိနေသလား တော့ မပြောတတ်ဘူး ဗျာ ။အဲဒါက အမေသေမယ် ဆိုတာ ကျနော် ကြိုသိ နေသ လို ပဲ ။ ဖြေးဖြေးနားထောင်ပါဗျာ။
အလုပ်တွေ အဆင်ပြေတော့  ကျနော့် ခေါင်းထဲ အမေရောက်လာတယ်ဗျာ ။အမေက ကျနော် တို့ သားယောက်ျားတွေနဲ့ မနေချင်ဘူး ဗျ။သူ့  သမီးတွေနဲ့  သာ နေချင်တာမို့  သူ့  အကြိုက်အတိုင်း နေပါစေ ဆိုပြီးထားရတယ်။ မကြာမကြာတော့ ကျနော် ရောက်ပါတယ် ။ အမေက သွေးတိုးရှိတော့  နောင်မှာ ကျန်းမာရေး ဒုတိယ ဝန်ကြီးဖြစ်လာတဲ့  သမားတော်ကြီး ဦးမြဦး နဲ့  တလတခါ ကျနော် ကိုယ်တိုင် လိုက်ပြပေးပါ တယ်။ အဲဒီ ရက်ပိုင်းလပိုင်းတွေက ကျနော့်စိတ်ထဲမှာ တမျိုးခံစားလာရတာနဲ့  ညီမလုပ်သူအိမ်ဝင်ပြီး အမေ.. အမေ့ကို ကျနော် ကြည့်ရ တာ သိပ်အားမရဘူး ။ ကျနော့် အိမ် လိုက်နေပါ။ ကျနော် ဂရုတစိုက် ဆေးကုပေးချင်တယ် ၊ လမ်းလျောက်တာတို့ အစား အသောက်တို့  က အစ ပြင်မှ ဖြစ်မယ် ဆိုပြီး ဇွတ်ခေါ်ချလာပါတယ်။
ဘယ်လို ပြောရမှန်းတောင် မသိတော့ ဘူးဗျာ။ ဇနီးဖြစ်သူကိုလည်း အထူးဂရုစိုက်ဘို့  အထပ်ထပ်မှာတယ်။ စီစဉ်တယ် ။ အိမ်မှာ အစားအစာ က အစ ။ ညနေတိုင်း မနက်တိုင်း ကျနော့် သမီးကို အဖော်လုပ်ပြီး လမ်းလျောက်ခိုင်းနေရင်းက တလတိတိပြည့် တဲ့ နေ့ မှာ အမေ သူ့ သမီးအကြီး ရှိတဲ့  ကမာရွတ် ဈေးထဲ သွားရင်း လမ်းမှာ မူးလဲပြီး ဆေးရုံတင်လိုက်ရတော့ တာပဲဗျာ။ အမေ့  ရောဂါက ကျောက်ကပ် ၊ သွေးတိုး၊ နှလုံး ပတ်လည်ရိုက်နေတဲ့  ရောဂါပေါ့  ဗျာ။
..................................
အမေ ဆေးရုံရောက်တာနဲ့  ကျနော် ညီအကို မောင်နှမ အားလုံးကို တပ်လှန့် လိုက်မိတယ် ဗျ။ မင်းတို့ သေချာသာ ဂရုစိုက်ကြပေတော့ ။ အမေ ဒီတခါ ဆေးရုံတင်ရတာ သိပ်လွယ်မယ် လို့ ငါမထင်ဘူး လို့ ။ ဒါပေမဲ့ ဗျာ။ သူတို့ စိတ်ထဲ ထွေထွေထူးထူး ယုံကြည်ကြပုံတော့ မရ ပါဘူး ။ ဟုတ်တော့ဟုတ်ပါတယ်။ လူတယောက် သေမယ်ဆိုတာ တွက်နိုင်ရအောင် ကျနော်က ဘာကောင်မှ မဟုတ်ပဲလေ။
ကျနော်ကတော့ ကျနော့်  စိတ်ဇောနဲ့ ကျနော် အမေ မသေအောင် သေမင်းကို တယောက် တည်း စစ်ခင်းသလို လျှောက်လုပ်တော့ တာပါပဲ။ သက်ဆိုင်ရာ ဆရာဝန်ကြီးက လိုလေသေးမရှိ ကုသပေးနေပေမဲ့  ကျနော့်က မကျေနပ်နိုင်ပါဘူး။ မသက်သာတိုင်း နည်းမျိုးစုံ ပြောင်းကုဘို့  ၊ တတ်သမျှ မှတ်သမျှ နားပူပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ရက်နှစ်ဆယ်လောက်ရှိတော့  အမေ့ကို ဓာတ်ရောင်ခြည်တခု နဲ့  စစ်ဆေးမှုလုပ်ရာက နေ ရှော့  ရသွား သလို ဖြစ်ပါတော့ တယ်။ သိသိသာသာ ယိုယွင်းစပြုလာပါတယ်။
ကျနော် ညီအကို မောင်နှမတွေက ပုံမှန်ဆေးရုံရောက်လာကြပြီး ဝင်ထွက်နေပေမဲ့  ကျနော်ကတော့ ခေါင်းမီးတောက်နေပါပြီ ။
ဒါနဲ့  အဲဒီအချိန်က ကျောက်ကပ်သမားတော်ကြီး ဒေါက်တာ ပိုင်စိုးကလည်း မြန်မာပြည်မှာ နံမည်ကြီးနေတဲ့ အချိန်ဆိုတော့  ဒေါက်တာပိုင်စိုးကို မရ ရအောင် ချိတ် ၊ အိမ်ကို လူကိုယ်တိုင် သွားတွေ့ ပြီး အမေ့ကို ကုပေးဘို့  တောင်းပန်ရပါတော့ တယ်။
................................
ကျနော်လည်း ဆေးရုံထုံးစံတွေ နားမလည်တော့ပါဘူး ဗျာ။ ဒေါက်တာပိုင်စိုး က လက်ခံကုသပေးဘို့  သဘောတူပေမဲ့  လက်ရှိကုသနေတဲ့ သမားတော်ကြီး ဒေါက်တာ ကျော်မြင့်က လွှဲမပေးနိုင်ဘူး ဆိုပါရော ဗျာ။ အဲဒီတုန်းက ဒေါက်တာပိုင်စိုးက ပျဉ်းမနားဒေါ်ပု ဆေးရုံမှာ တာဝန်ကျနေတာ ဗျာ။ ရန်ကုန်ဆေးရုံကြီးနဲ့  ကျောချင်းကပ်ပေါ့။
ကျနော်ကလည်း ဇွတ်သမားပဲ ဗျာ။ အမေအတွက် ပူတာတခုပဲ သိတယ်။ အမေသေလို့  တော ဘယ်နည်းနဲ့ မှ မဖြစ်ဘူး ဆိုပြီး သမားတော်ကြီး ဒေါက်တာ ကျော်မြင့်ကို သွားတွေ့  ပြီး ဆေးရုံလွှဲပေးးဘို့ တောင်းပန်ပါတယ်။ မရပါဘူး ဗျာ။ ဘယ်လိုမှ တောင်းပန် မရတဲ့ အဆုံး ဒေါက်တာ ကျော်မြင့် မျက်နှာ စေ့စေ့ကြည့်ပြီး .. ဆရာ ပြောင်းမပေးနိုင်ရင် ကျနော့် အမေ ကျနော် ပြန်ခေါ်သွားပြီး ကျနော် ကြိုက်တဲ့ နေရာကို သွားကုတော့ မယ်လို့ ခပ်တင်း တင်း ပြောပြီး ဒေါ်ပုဆေးရုံကို ပြောင်းတင်လိုက်ပါလေရောဗျာ .. ။
.....................................
အမေဆေးရုံ စတက်ကတည်းက ကျနော်နံနက်တိုင်း ဆေးရုံကို အစောကြီး ရောက်ပါတယ် ။ မနက်စောစော အမေဆာနေလို့  မတည့်တာ စားမိရင် ဒုက္ခ ဆိုပြီး လမ်းသုံးဆယ်ထိပ်က ငါးရံ ဆံပြုတ်ကို အမေမနိုးခင် သွားဝယ်ပါတယ်။ ဆေးရုံ မဖွင့်သေးရင် ဆံပြုတ်ဂျိုင့် နဲ့ ထိုင် စောင့် နေလိုက်တာပါပဲ။ ထူးဆန်းတာက ကျနော် မူးပြီး အိပ်ပျော်လည်း ဆံပြုတ် ဝယ်ရမဲ့  အချိန်ဆို နိုးနေတာပဲ ဗျာ ။အခုမှ ပြန်စဉ်းစားမိတာက ကျနော် စိတ်မှာ အမေသေတော့ မယ် ဆိုပြိး စိတ္တဇဖြစ်နေတယ် ထင်ပါရဲ့ ဗျာ။
ဒေါ်ပု ဆေးရုံရောက်လို့ နည်းနည်းသက်သာပေမဲ့  ကျနော် ရင်မအေးနိုင်သေးဘူး ဗျ။ ကျောက်ကပ်ရောဂါ အတွက် တပါတ်တခါ သွေးသန့် စင် တဲ့  နည်း တွေ ကျောက်ကပ် အစားထိုးတဲ့ နည်းတွေ မျိုးစုံအောင်ကို လျောက်ကြည့် လေ့လာပြိး ဒေါက်တာပိုင်စိုး ကို နားပူတာပါပဲ ။
ကျောက်ကပ်ဆိုတာ သွေးသားရင်းထဲက လဲရင်ရတယ် ဆိုတာ သိထားတော့ အမေ့ ကျောက်ကပ်ကို အစားထိုးဘို့  ညီတော်မောင် ကို တယောက် တလုံးကွာ ဆိုပြီး ဇွတ် ခေါင်းငြိမ့်  ခိုင်းပြန်ပါတယ်။ ညီလုပ်သူကတော့ ချီတုံချတုံ ပေါ့ဗျာ။ သူကလည်း နားမလည် ရှာတော့ ကျောက်ကပ် တလုံး ထုတ် လိုက်ရင် သူ ဒုက္ခိတ ဖြစ်ကျန်ခဲ့ မယ် ထင်နေပုံ ရပါတယ်။ ကျနော်က ကျောက်ကပ်ကို နှစ်လုံးစလုံး လဲရမယ် ထင်နေတာ ကိုး ။ ဒေါက်တာပိုင်စိုး ကတော့  အမေ့ အခြေခံ ကျန်းမာရေးဟာ ကျောက်ကပ်အသစ်ကို လက်ခံနိုင်စွမ်းနည်းနေလို့  အကျိုးထက် အပြစ်သာ များတယ် ဆိုပြီ ကျနော့်ကို နားချပါတယ် ။
.............................
အမေနဲ့ ကျနော် အကြောင်းက ပြောမယ်ဆိုရင် ပြောစရာတွေ အမျုားကြီး ပါဗျာ။ ကျနော် ဆေးရုံမှာ ဗျာများနေတာကို အမေသိနေတော့  မဆုံးခင် သုံးရက်လောက်မှာ အမေက ကျနော့်ကို .. ငါ့သား ။ အမေ့နားလာထိုင်ပါအုံး လို့ ပြောတော့  ကျနော်သွားထိုင်လိုက်တယ် ။ အမေက ကျနော့်ကို ပြုံးပြီး ကြည့်တယ်။ ငါ့သားတယောက်တည်း အမေ့အတွက် တော်တော် အလုပ်ရှုပ်နေပြီ တဲ့ ။ စိတ်လျော့လိုက်ပါတော့ ငါ့သားရယ်။ အမေသေမှာ မကြောက်ဘူး ။ ငါ့သားသာ နားတော့တဲ့ ။အပ်တွေ ပိုက်တွေ ဖြုတ်လိုက်ပါတော့ တဲ့ ။ ကျနော်လည်း ငိုသံပါကြီးနဲ့  အမေဘယ်နည်းနဲ့ မှ မသေစေရဘူး ၊ မရရအောင်ကျနော် ကုမယ် ။ ကျနော်ဘယ်တော့မှ လက်မလျော့ဘူး ဆိုပြီး စွတ်အော်ပစ်လိုက် မိတယ်ဗျာ။
တကယ်တော့ အမေဟာ ကျနော့်ကို သိပ်ယုံကြည်အားကိုးခဲ့တဲ့ အမေဗျ။ ဘယ်လောက်ကြီး တဲ့ ပြဿနာ ဖြစ်ဖြစ် ကျနော်ရှင်းရင် ရတယ်လို့ ချည်း ယုံကြည်ခဲ့တဲ့ အမေ။ သူ့ သွန်သင် ဆုံးမမှုတွေနဲ့  မဟုတ်မတရားတာကို ကျနော် ဘယ်တော့မှ မလုပ်ဘူး လို့ ယုံကြည်ခဲ့တဲ့  အမေ ။သူတခုခု ခံစား ရတာနဲ့  သက်ခိုင်ကို သာခေါ်လိုက်ပါ ။ မင်းတို့  ဘာမှ လုပ်တတ်တာ မဟုတ်ပါဘူး လို့ အားကိုးလွန်ခဲ့တဲ့ အမေ။ ကျနော်ရှိနေရင် သူမသေနိုင် ဘူးလို့  ယုံကြည်နေခဲ့တဲ့ အမေ ပါဗျာ။
အေးဗျာ..။ အခုမှ ခင်ဗျားကို ကျနော်ဖွင့်ပြောလိုက်ပါ့မယ်။ ကျနော့်အမေ ဟာသေစာ ရှင်စာတောင် မတတ်ပဲ ရန်ကုန်လို မြို့ ကြီးကို အဖေခေါ်လို့ လိုက် လာခဲ့တဲ့ တကယ့်  တောသူရိုးရိုးကြီးပါ ..တသက်လုံး လောကကြီးကို အကောင်းမြင်သွားခဲ့တဲ့ အမေ ။ ခြောက်ပေနီးပါး အရပ်အမောင်းနဲ့  မြို့  ကြီးသား ပုံပေါက် နေတဲ့  ကျနော်ကို အမေနဲ့ တွဲပြီး တွေ့ ကြတဲ့  အမေ့အသိတွေက ရွှေညာသူ ဒါ ရှင့်သားဟုတ်ရဲ့  လား လို့  မေးရင် အမေက အားရပါးရ ပြုံးပြီး .. အော် . ။ဒါ ကျုပ်သားပေါ့  ။ ရှင်တို့ က မယုံကြဘူး လားလို့  ဝင့်ဝင့်ကြွားကြွား ပြောလေ့ ရှိတဲ့ အမေပေါ့ ။ ဟုတ်ပါလိမ့်မယ် ဗျာ ... ။ ဒီလောက် လည်တဲ့ သားကို ဒီလောက် ရိုးအ တဲ့ အမေက မွေးတယ် ဆိုတာ မယုံကြတာ ဆန်းတော့ မဆန်းလှပါဘူး။
အခု အမေဟာ ကျနော့်ကို လက်လျော့  ခိုင်းနေပြီကောလို့  ကျနော်ယူကြုံးမရ ဖြစ်မိတာ အမှန်ပဲဗျာ။ တကိုယ်လုံးမှာ အပ်တွေ ပိုက်တွေနဲ့ ရှုပ်ယှက် ခတ်နေတဲ့  အခြေအနေမှာ ခပ်ပြုံးပြုံးလေသံနဲ့  သေမှာမကြောက်ပါဘူး လို့  ပြောခဲ့ တဲ့  အမေ့မျက်နှာကို အခုထိ ကျနော် မြင်ယောင်နေတုန်းဗျာ။
....................................
နေ့ ရောညရော ဆေးရုံက မပြန်ပဲ ကျနော် စောင့်နေလိုက်တယ်ဗျာ။ အမေက အသက်ပျောက်မသွားသေးပဲ မျောနေသလို ဖြစ်နေတယ်။ တတိယမြောက်နေ့ မှာ အိမ်ပြန် ရေချိုးလိုက်အုံးမယ် ဆိုပြီး တနာရီလောက် အမေ့နားက ခွာသွားလိုက်တာ ကျနော်လည်း ဆေးရုံ ဝ ရောက်ရော အမေဆုံးတော့ တာပဲ။ ကမန်းကတန်း ကျနော် ပြန်ရောက်လာတော့  အမေ့ကုတင်ဘေးမှာ လိုက်ကာတွေကာထားတာတွေ့ လိုက်ရပါတယ်။ အော်.. ဖြစ်ရလေ အမေရယ် ကျနော့်  ရှေ့ မှာ အသက်ထွက်ဘို့ အမေ အားနာနေခဲ့လေသလား ပေါ့ဗျာ။
အမေတကယ် ဆုံးပြီလည်း ဆိုရော ကျနော်စိတ်မှာ လောကကြီးဟာ ထောက်တည်ရာမဲ့  သွားသလို ခံစားလိုက်ရပါတယ်။ ဘယ်လိုမှ ရပ်တည်လို့ မရ တဲ့  ဟင်းလင်းပြင်ကြီး ထဲ ကို ရောက်သွားသလို ပါပဲ ။ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ(၂၁) ရက်ပေါ့ ဗျာ။
....................................
ကျနော့်အမေဆုံးတာကို ကြားတော့ ကျနော့် တပည့် ကျော်တွေက အိမ်မှာမဏ္ဍပ်ထိုး လိုက်ကြတယ် ။ ကျနော့်အမလုပ်သူက သူ့ အိမ်မှာ တသက်လုံးနေသွားတာမို့  တလတည်း လာနေတဲ့ ကျနော့်အိမ်မှာ နာရေးမလုပ်ပါနဲ့ ဆိုပြီး လာနားပူပြန်တာကြောင့် ထပ်ပြီး စိတ်ဆင်းရဲ ရပြန်ပါတယ် ။ အမကြီး အမိအရာပဲလေ။ သူတို့ သာ စိတ်ချမ်းသာစေတော့  ဆိုပြီး လက်လျော့ လိုက်ရပြန်ပါတယ်။
အမေ့ အတွက် နောက်ဆုံးခရီးမှာ ကျနော်အကောင်းဆုံးလုပ်ပေးလိုက်နိုင်တာကတော့  အမေ့  ရက်လည်မှာ ကျနော်ကိုးကွယ်တဲ့  တိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလ ရဲ့  တရားပွဲ ကျနော့် အိမ်ရှေ့ မှာ လုပ်နိုင်ခဲ့တာပါပဲ ။ ဆရာတော်ကတောင် ကျနော့်  သောကကို မကြည့်နိုင်လို့  ဘယ်တုန်းကမှ မကြားဘူးတဲ့  အသုဘ ရက်လည် တရားပွဲကို လာဟော ရှာပါတယ်။ ခင်ဗျားလည်း ကြားဘူးမှာပါ ၊ သက်တော် ၂၆ နှစ် ရဟန်းဝါ ခြောက်ဝါမှာ ပိဋကသုံးပုံ အောင်ခဲ့တဲ့ ဆရာတော်လေ ။
.........................
အမေဆုံးတဲ့ နေ့ က စပြီး အမေ အမြတ်တနိုးဝတ်တဲ့  ယောဂီရောင် ရှန်သား အကျီလေး တထည်နဲ့ အမေ့  ပါတိတ်လုံချည်တထည်ကို စိတ်ဖြေရာ အဖြစ် ကျနော့် ခေါင်းအုံးအောက် မှာ ထားအိပ်နေလို့  ဇနီးသည်တောင် ကျနော့် အခန်းထဲ မဝင်ရဲလောက်အောင် ဖြစ်ကုန်တယ်ဗျာ။ အင်း... ။ စိတ်စွဲလန်းမှုတွေပေါ့ ဗျာ။ အဲဒီ ယောဂီရောင် ဝမ်းဆက်ကို ကျနော် သွားကန်တော့ တုန်းက ဘာ အဝတ်အစားမှ ရွေးချယ် မဝတ်တတ်ခဲ့ တဲ့ အမေဟာ ချက်ချင်း ဝတ်ပြပြီး .. အမေနဲ့ လိုက်တယ် သားရဲ့ ၊ ဥပုပ်စောင့်ရင်း ဝတ်ရမယ် ဆိုတာ ကို ကျနော် မေ့မရလို့  ပေါ့ဗျာ။ ဒါနဲ့ ကျနော့်  ငယ်ဆရာတယောက် က လာနားချပြီး မရှိဆင်းရဲတဲ့  မိခင်အိုအရွယ်တွေကို မင်းအမေရဲ့ အဝတ်တွေ လှူလိုက်ရင် ပိုကောင်း ပါတယ် ဆိုမှ ဇာတ်လမ်း ဆုံးတော့ တယ် ဆိုပါစို့  ဗျာ။
အေးဗျာ။။ ဘာ ပကာသနမှ မမက်တဲ့ အမေ့ ကို မသေခင် သားတွေ မြေးတွေ တပြုံကြီးနဲ့  ခေတ်မှီ နောက်ဆုံးပေါ် ကားအစီးလေးငါးဆယ်လောက်နဲ့  ဧရာမ ပဉ္ဖင်းခံ ရှင်ပြုပွဲကြီး တခု သိန်းရာချီ အကုန်ခံပြီးလုပ်ပေးလိုက်အုံးမယ် ဆိုတဲ့  အိပ်မက်ကလည်း ပျက်ပြယ်သွားခဲ့  တယ်ပေါ့ ဗျာ။
အေးဗျ။ အမေနဲ့  ပတ်သက်လို့  ကျနော့်  စိတ်အစွဲက ပြင်းထန်လေသလား မသိဘူး။ အမေ ရှေ့ မှာ ပဉ္ဖင်းခံမယ်၊ တရားအားထုတ်မယ်လို့  ဆုံးဖြတ် ထား တာ ၊ အမေဆုံးသွားတော့ အခုထိတောင် ပဉ္ဖင်းမခံဖြစ်တော့ဘူးဗျာ။
တခုတော့  ကျနော့်စိတ်မှာ ဖြေသာသလို ရှိခဲ့ပါတယ်။ အမေ့ကို ကျနော် အစွမ်းကုန် ကုသခွင့် ရခဲ့လို့ ပါပဲ။ အမေ ဆုံးတော့  အမေအတွက် လိုရမယ်ရ ကျနော် ဝယ်ထားတဲ့  ဆေးမျိုးစုံ ။ ကိရိယာမျိုးစုံကို စီပြီး ချထားလိုက်တာ ခွန်ဆာလက်နက်ချတုန်းက စုပုံပြထား တဲ့ လက်နက်ပုံကြီးကိုတောင် ပြေး မြင်မိသလို ဖြစ်ရတဲ့ အထိဗျာ။
...................................
အမေဆုံးပြီး ရက်နှစ်ဆယ်လောက် ကြာတော့ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းရဲ့  အဆောက်အဦး နဲ့ ပတ်သက်လို့ တချို့ လိုအပ်တာတွေ လေ့လာရအောင် အန်တီဆယ် နဲ့  ဘန်ကောက်ကို ထွက်ခဲ့ တယ်ဗျ။
(ဆက်လက် ရေးသားပါဦးမည်)
You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[HAN LIN HTUN] 1 New Entry: ဝေဖန်ရေး
ဝေဖန်ရေး
ကျနော်တို့တွေ နေ့စဉ် ဖြတ်သန်းနေရတဲ့အခါ အမြဲတမ်း ရှောင်လွှဲလို့ မရတဲ့အထဲမှာ ဝေဖန်ရေးဆိုတဲ့ အပြောလွယ် သလောက် ခံရခက်တဲ့ ကိစ္စရှိတစ်ခု ရှိတယ်ဆိုတာကို မည်သူမှ ငြင်းကြမယ် မထင်ပါဘူး။ ကိုယ်က သူများကိုလည်း ဝေဖန်တက်ကြပေမယ့် ကိုယ့်ကိုဝေဖန်ခံရတဲ့အခါ ဆက်ဆက်ထိနာတက်ကြတယ်။ တခါတလေ ကိုယ်ကအပြုသဘောဆောင်ဝေဖန်ပေမဲ့ တဖက်သားဝေဖန်ခံရသူက ပြန်လည်တုံ့ပြန်တဲ့အခါမှာ စကားများ ရန်ဖြစ်ပြီး ခင်မင်မှုတွေ မကြာခဏ ပျတ်သွားကြတယ်။ ဘာလို့လဲ ? 
ငါကသူ့ကို အကောင်းပြောတာပဲ။ ကျေးဇူးတင်ရမယ့်အထဲ ငါ့ကိုတောင် ပြသာနာပြန်ရှာတယ်။ ဒီကောင် ဘာတွေလျှောက်ပြောနေလဲမသိဘူ့း ဘာတွေ လျှောက်လုပ်နေလဲမသိဘူ့း သောက်ရူး။ အဲ့ဒီကောင် သောက်ရူး။ ဒီစကားတွေ အပြင်လောကမှာ မကြားချင်အဆုံးပဲ။ အဲ့ဒီလိုပြောတဲ့လူတွေ တွေ့ရင် သိပ်ရယ်ချင်တယ်။ ကိုယ်ပြောတဲ့ အဓိပ္ပာယ်က ဘယ်လို သက်ရောက်နေပြီလဲဆိုတာ မသိကြဘူး။ 
တချို့ဘလောဂ်တွေမှာလည်း စာဖတ်သူက စပ်စပ်မှုမရှိ ပြောချင်ရာပြောသွားကြသည်။ အပြောခံရသူက ဖုပြီး ပြန်ပြောတော့ ပြသာနာတွေဖြစ်ကြသည်။ တစ်ရက်က အမျိုးသမီးဘလော့ဂ်တစ်ခုမှာဖတ်လိုက်ရတယ်။ အမျိုးသမီးဘလော့ဂ်ဂါက နိုင်ငံရေးနှင့် မပတ်သက်ချင်တာကြောင့် အေးအေးဆေးဆေးနေတာကို တာဝန်မကျေဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အီးမေးဖြင့် တကူတက လှမ်းဆဲပါတယ်။ စိတ်မကောင်းစရာ ကိစ္စတစ်ခု။ ကိုယ်နိုင် ကိုယ်အားသာတဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ နိုင်ငံရေးလုပ်မှ တိုင်းပြည်ကို အလုပ်အကျွေးပြုတာ မဟုတ်ပါဘူး။
အခုလို မြန်မာပြည်ရဲ့ အပြင်မှာနေရတဲ့အခါမှာ ခဏခဏ ကြားနေရတဲ့ စကားလုံးတွေက ဗမာတွေ သောက်ကြီး သောက်ကျယ်လုပ်တာပါ။ ဗမာတွေ ဗမာတွေက ဗမာတွေက တဲ့။ စိတ်မကောင်းစရာပါ။ ကိုယ်စိတ်ထဲမှာ မကျေတဲ့သူ ၊ ကိုယ်အမြင်မှာ မကြည်လင်ဘူးဆိုရင် နာမည်ထည့်ပြီး ပြောသင့် ဝေဖန်သင့်တယ်။ အခုတော့ အဲ့ဒီလိုမဟုတ်။ ၀လုံးအရှည်နဲ့ သိမ်းကြုံးပြီးတော့  မရမ်းသင့်ပါဘူး။
ကျနော်တို့တွေ သူများကို ဝေဖန်တဲ့အခါ မည်သို့ဝေဖန်ကြသလဲ။  တကယ်တော့ အဝေဖန်မတက်ရင် သူများတကာကို ဆဲသလိုပါပဲ။ သူများရဲ့ မှားကွက်တွေ ၊ အားနဲချက်တွေကိုပဲ ထောက်ပြနေမယ်ဆိုရင် တဖက်သားကို ပြသာနာရှာတာနှင့်တူပါတယ်။ ဒီနေရာမှာ ဝေဖန်ရေးဆရာ ဂျွန်ဆိုင်မွန်ရဲ့ လမ်းညွှန်ချက်လေး ၃ ခုလောက် မျှဝေပါရစေ။ သူ့ရဲ့ လမ်းညွှန်ချက်တွေက ဝေဖန်ရေးများကို အသက်ဆက်စေရုံသာမက ၊ ဝေဖန်သူ နှင့် ဝေဖန်ခံရသူတို့ အတွက် ချစ်ကြည်ရေး လက်ဆွဲနှုတ်စေတဲ့ လမ်းညွှန်ချက်တွေပါ။
၁။ ဝေဖန်ရေးသည် `စားသုံးသူ လမ်းညွှန်` consumer guide မဟုတ်။ ခွဲခြား စိတ်ဖြာနိုင်ရမည်။ ဦးနှောက်မုန်တိုင်းဆင်ရမည်။ တွေးစရာမပါလျှင် ဝေဖန်ရေးမဟုတ်။
၂။ ဝေဖန်ရေးသည် ရန်သူဖော်ထုတ်ဖို့မဟုတ်သလို ၊ သူရဲကောင်း ကိုးကွယ်ဖို့မဟုတ်။ အိုင်ဒီယာ သစ်ရေးသို့ ဦးတည်နေရမည်။
၃။ ဝေဖန်ရေးသည် `တံခါးဖွင့် စူးစမ်းလေ့လာရေး`လူပ်ရှားမှုဖြစ်သည်။ လူတိုင်းပါဝင်စေနိုင်ဖို့ လမ်းဖွင့်ပေးရမည်။ (ကျော်ဝင်း - နိုင်ငံတာအက်ဆေးစုစည်းမှု)
အပြုသဘောဆောင် ဝေဖန်နိုင်ကြပါစေ။
You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[                 ရင်မှ ခံစားမှုများ] 1 New Entry: ပေါက်ကွဲခြင်းအား ဖြေရှင်းခြင်း
ပေါက်ကွဲခြင်းအား ဖြေရှင်းခြင်း
လက်ရှိအခြေအနေအရ မေးခွန်းတစ်ခုပြန်မေးလိုက်ပါမယ်။
စာရေးတာနဲ့ စာဖတ်တာ ဘယ်ဟာပိုပင်ပန်းပါသလဲ။
အချိန်လုပြီး လာဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီလောက် Blogger တွေအများကြီးထဲမှာ တကူးတက လာဖတ်ပေးလို့ ပိုပြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်၊ အခု လာဆဲနေတဲ့လူတွေ၊ အခုလို "ပေါက်ကွဲခြင်း"ရေးတာကို မကျေနပ်တဲ့လူတွေက ပြောပါတယ်။
"နင့်စာထဲမှာ ဘာတစ်ခုမှ အကျိုးရှိတာ မပါဘူး။.........တဲ့။
အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။.........တဲ့။
ပိုက်ဆံကုန်တယ်။ ".........တဲ့။
"မှတ်ချက်ဝေဖန်ပေးချင်စဖွယ် ဘယ်အနှစ်သာရမှ မရှိဘူး".........တဲ့။
ဟုတ်ကဲ့၊ ရပါတယ်။ အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါဆို ဒီလို အကျိုးမရှိတဲ့ Blog ကို အချိန်ကုန်ခံ၊ အလုပ်ပျက်ခံ၊ မျက်စိအညောင်းခံ၊ ပိုက်ဆံအကုန်ခံပြီး မလာကြပါနဲ့လို့ သူတို့အစား စဉ်းစားပေးပြီးတော့ ပြောမိတယ်။
ရိုင်းလိုက်တာ......တဲ့၊ မိမဆုံးမ ဘမဆုံးမ.......တဲ့။
Commentမှာ လာရေးပါတယ်။ မကြားဝင့်မနာသာတွေပါ လာရေးတဲ့အတွက် Publish မတင်ပေးခဲ့ပါ။ ကျမလည်း မိန်းကလေးတစ်ယောက်ဖြစ်သလို ကျမဆီ လာနေတဲ့ ၊ ညီမလေးတွေ၊ မမတွေ မကြည့်သင့်တဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ပါဝင်နေလို့ပါ။
ကျမရေးခဲ့တာ ရင့်သွားတယ် ဆိုရင် လက်ခံပါတယ်။ "ရင့်သွားတယ်"လို့ လာပြောရင် ကျေကျေနပ်နပ်ကြီး တောင်းပန်လိုက်မယ်။
ဟုတ်ကဲ့၊ ကျမ စကားပြောမတတ်လို့ စာရေးတာ ရင့်သွားရတာ ခွင့်လွှတ်ပါ။
ရင့်အောင်လုပ်ခဲ့တဲ့အတွက် ပြန်ရင့်ခဲ့မိတာ တောင်းပန်ပါတယ်။
ရိုင်းတယ်လို့ ပြောရအောင် ကျမစာတွေထဲမှာ လူမဖတ်ဝင့်တဲ့၊ မိန်းကလေးတွေ မဖတ်သင့်တဲ့၊ သားအမိ ၊မောင်နှမချင်း မဖတ်သင့်တဲ့ စကားလုံးတစ်လုံးမှ ထည့်မရေးခဲ့ပါ။ စိတ်အရမ်းတိုနေတာတောင် ထည့်မသုံးခဲ့ပါ။ သုံးလည်းမသုံးတတ်ပါ။ မြန်မာလိုလည်း မဆဲတတ်သလို English လို၊ ဂျပန်လို လည်း မဆဲတတ်ပါ။
နောက်ပြီး ဒီပို့စ်ဟာ Comment မရေးပေးလို့ စိတ်ဆိုးပြီး ရေးခဲ့တာလည်းမဟုတ်ဘူး။
သူငယ်ချင်း အရင်းခေါက်ခေါက်တွေကို တစ်ခါတစ်လေ ဂျီကျပြီး "Comment ရေးပေးပါ"......လို့ ပြောဖူးပေမယ့် ကိုယ်နဲ့မခင်တဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ "Comment ရေးပေးပါ".......လို့ မပြောဖူးပါ။ အရင်ကလည်း မပြောခဲ့ပါ။ အခုလည်း မပြောပါ။ နောက်လည်း ပြောမှာမဟုတ်ပါ။ Commentရအောင်လည်း "......ရေးထားတာ လာကြည့်ကြပါ၊ .......လည်း ရေးထားပါတယ် ၊ အားရင် လာဖတ်နော် "လို့လည်း ဘယ်Cbox မှာမှ မအော်ဘူးပါ။ "ပြန်လာလည်ပါ"လို့လည်း အတင်းအကျပ် မခေါ်ဘူး၊ မပြောဘူးပါ။
စာရေးသူကို လုံးဝကို အသိအမှတ်မပြုလို့ ပြောခဲ့တာပါ။
အသားလွတ်ကြီးလည်း စွပ်စွဲခဲ့တာမဟုတ်ဘူး။
{ကျမ စွပ်စွဲချက်မှန်လား၊ မမှန်ဘူးလားကိုလည်း လက်ရှိအခြေအနေတွေက သက်သေပြနေပါတယ်။}
အလကားရတဲ့ Blog မှာ စာရေးတာ ဒီလောက်အဖြစ်မသည်းပါနဲ့.......လို့ ရေးသွားတဲ့လူလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ Blogspot မှာရေးတဲ့သူတွေထဲမှာ လူအမျိုးမျိုးပါပါတယ်။ တစ်ချို့က အပျော်ရေးသလို တစ်ချို့ကလည်း စီးပွားဖြစ်လုပ်ကြပါတယ်။ တစ်ချို့က အားလပ်ချိန်မှာ ရေးသလို တစ်ချို့ကလည်း မအားလပ်တဲ့ကြားက ရေးပါတယ်။ လူအမျိုးမျိုးရှိလို့ စိတ်လည်းအထွေထွေပါ။
ကျမအနေနဲ့ ပြောရရင် Blog က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ အသေးအဖွဲလေးက အစ ဂရုစိုက်မိတယ်။ ဒီလို ဂရုစိုက်မိလို့ ဆုံးရုံးရတာတွေ အများကြီးပဲ။ "အရည်မရ အဖတ်မရတဲ့ Blog ကို ဘာအကျိုးရှိလို့ လုပ်နေတာလည်း"လို့ Blogger မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ ကျမ ချစ်လို့.....လို့၊ Blog ကို ချစ်လို့.....။ စာတွေကို ချစ်လို့....၊ မိတ်ဆွေတွေကို သံယောဇဉ်ရှိလို့လို့။ ဖြေလိုက်တယ်။
ကျမက စာဖတ်သူတွေကို အလေးအနက်ထားခဲ့တယ်။ အချိန်ကုန်ခံ လာပြီးမှ Post အသစ်မရှိရင် အားနာစရာကောင်းလိုက်တာ.......လို့ စဉ်းစားပြီး အတတ်နိုင်ဆုံး တစ်နေ့တစ်ပို့စ်ရအောင် ရေးခဲ့တယ်။ သူတို့ရဲ့ အချိန်တွေကို ပေးပြီး လာတာ လာလည်ရကျိုးနပ်စေချင်လို့ အဲလို ရေးခဲ့တာ။ ကိုယ် စာရေးချင်တာလည်း ပါတာပေါ့နော်။
ဘယ်သူက အဲလိုအတင်းအကျပ် ရေးခိုင်းလို့လည်း လို့မေးရင် ဒီလိုဖြေပါမယ်။
ဟုတ်ကဲ့၊ ဘယ်သူ့မှ မရေးခိုင်းပါဘူး။ ကျမရဲ့ စာဖတ်သူတွေအပေါ်ထားတဲ့ စေတနာပါ။
အခုတော့ စာရေးချင်စိတ်က ရှိပေမယ့် ဘာရေးလို့ ရေးရမှန်းကို မသိတော့ဘူး။
Comment မရေးပေးလို့ စိတ်ဆိုးတာ.........လို့ ဘယ်သူက သတ်မှတ်ပေးလိုက်မှန်းမသိတဲ့ ဝေဖန်ချက်တစ်ခုတည်းကို မပြီးနိုင်မစီးနိုင် ဖွသူကဖွ ၊ ဆဲသူကဆဲ ၊ ပုံကြီးချဲ့သူကချဲ့ ၊အတင်းပြောသူက ပြော ၊ ချောက်တွန်းသူက တွန်း လုပ်နေတဲ့ကြားက ဆက်လက်ရပ်တည်ဖို့ကြိုးစားရတာဟာ မလွယ်ကူဘူးဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။
ဒီလောက်အပြောခံနေရတဲ့ကြားက Blog မပိတ်သေးတာက ဘလော့ အပေါ်ထားတဲ့ သံယောဇဉ် ၊ စာဖတ်သူများနဲ့ မိတ်ဆွေများအပေါ်ထားတဲ့သံယောဇဉ်သာမက ယုံကြည်ချက်တစ်ခု ကြောင့်လည်းဖြစ်ပါတယ်။
အဲ့ဒီယုံကြည်ချက်ကတော့ မြန်မာမိန်းကလေးဖြစ်ပေမဲ့ ၀ိုင်းဆဲတာကိုခံရရုံနဲ့ မိမိရဲ့ မှန်ကန်တဲ့ လမ်းကြောင်း ကနေ သွေဖည်မသွားရဘူး......... ဆိုတဲ့ အားတင်းထားတဲ့ ယုံကြည်ချက်ပါပဲ။
ကျမလိုပဲ ၀န်နဲ့အား မမျှမတ ဖိအားပေးခံခဲ့ရတဲ့ အစ်မတွေ ၊ ညီမတွေရှိခဲ့ပါတယ်။ ကိုယ်ချင်းစာ ကြည့်ရင်သိပါလိမ့်မယ်။ တစ်နေ့မှာ လူတိုင်းဟာ ဒီလိုကြုံတွေ့လာနိုင်ပါတယ်။ ဘလော့စာမျက်နှာပေါ်သာမှာမက ဘ၀စာမျက်နှာပေါ်မှာပါ နောက်ကျောက တိုက်ခိုက်တာတွေ၊ မဆီမဆိုင် အခွင့်သာတုန်း နှိပ်ကွပ်တာတွေ ကြုံတဲ့အခါမှာ လက်ရှိကျမအခြေအနေရဲ့ ခက်ခဲမှုကို စာနာနားလည်နိုင်ပါလိမ့်မယ်။
ကျမကတော့ လူ့ဘဝအကြောင်း ကောင်းကောင်းနားလည်သွားခဲ့ပါပြီ။ အခွင့်ကြုံတုန်း ဝင်နှိပ်ကွပ်တဲ့ လူတွေရှိသလို အခွင့်ကြုံမှ ပေါ်လာတတ်တဲ့ သူငယ်ချင်းကောင်းတွေလည်း တွေ့ရှိခဲ့ရပါတယ်။ ရိုင်းစိုင်း၊ ယုတ်မာတဲ့ လူတွေအများကြီးရှိသလို ယဉ်ကျေးပျုငှာတဲ့ လူတွေလည်းအများကြီးရှိပါတယ်။ အဖြစ်မှန်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးကြတဲ့လူတွေရှိသလို ဘက်လိုက်ပြီး ဆုံးဖြတ်ပေးကြတဲ့လူတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ခန်းစာတွေ အများကြီးကို ခဏလေးအတွင်းမှာ ရရှိခဲ့လို့ လူ့သဘာဝအကြောင်းကောင်းကောင်းသိသွားပါပြီ။
အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။
မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
ကိုယ်ချင်းစာတရားရှိကြပါစေ။
You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[Honey's Private Thought] 1 New Entry: ညစာ
ညစာ
ညစာ စားရဲ့လားဆိုတဲ့ အိမ်ကမေးခွန်းကို ခုနကလှမ်းဖြေလိုက်တဲ့ စာပါ။ ပြန်ရောက်လာတဲ့စာက အဲဒါဘာပြောတာလဲ ........ တဲ့
-------------------------------------------------------------------------
အငွေ့တထောင်းထောင်းထနေတဲ့ စွပ်ပြုတ်ပန်းကန်ပြားရှေ့မှာ ငါထိုင်နေတယ်။
ဒီထောင့်လေးနားက အရွက်သေးသေးစိမ်းစိမ်းလေးကို ဘာခေါ်သလဲငါမသိဘူး။
ဒါပေမယ့် ဒီစွပ်ပြုတ်အရသာရှိမယ်ဆိုတာသိတယ်။
မှိုဘယ်နှပွင့်ပါသလဲ သိတယ် ငရုတ်ကောင်းဘယ်နခါဖြူးသလဲသိတယ်။
ဖြူပြစ်ပြစ်စွပ်ပြုတ်ကို တခါမွှေလိုက်တိုင်း ဒီလိုအငွေ့တွေ ထောင်းကနဲထမယ်ဆိုတာ သိတယ်။
ဘယ်လောက်ပူပူ ဒီစွပ်ပြုတ်ကို ငါသောက်တော့မယ်။
အသံပိတ်ထားတဲ့ တီဗီပေါ်က လှုပ်နေတဲ့ အရုပ်တွေကို ငါသနားသွားပြီ။
ဂျက်လန်ဒန်ရဲ့အသားတတုံးကို သနားသွားပြီ။
ဘာ...ချိစ်ပါတယ်ဟုတ်လား လို့ စူးစူးဝါးဝါးထအော်တတ်တဲ့ မိန်းမတွေကို ငါသနားသွားပြီ။
အနံရလိုက်ပြီး မသောက်လိုက်ရမယ့် ပမွှားပရွက်ဆိတ်တွေကို ငါသနားသွားပြီ။
ငါဘယ်တော့မှ ဝေမျှမပေးမယ့် အရာတွေထဲမှာ ဒီစွပ်ပြုတ်လဲပါတယ်။
ပြောချင်တာပြော... ဒီစွပ်ပြုတ်ကို ငါသောက်ရတော့မယ်။
ပုဝါကို ကျကျနနဖြန့်လိုက်တယ်
ကဲ ရှည်လျားလှတဲ့ နေ့တာကြီး မင်းဘာတတ်နိုင်သေးလဲ။
-------------------------------------------------------------------------
မှတ်ချက်။ ။ ကဗျာမဟုတ်ဘူး။ ကြိုက်သလောက်ရယ်ပေတော့ ဒေါ်ငုံးဥ။
You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[Republic] 1 New Entry: WIN BUT LOSE
WIN BUT LOSE
ဒီအကြောင်းအရာလေးကို ကျနော် တစ်ခါတစ်ခါတွေးပြီး သဘောကျနေခဲ့ပါတယ် ၊၊ ကောင်းခြင်း ဆိုးခြင်း ၊
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း အစရှိတဲ့ မပြီးဆုံးနိုင်တဲ့ ဆန့်ကျင်ဘက်အရာပေါင်းများစွာဟာ ဖြတ်သန်းခဲ့တဲ့
ဘ၀တစ်လျှောက်မှာ repeated issues ပေါင်းများစွာလို ထပ်ခါ ထပ်ခါကြုံတွေ့နေရဆဲပါ ၊၊ ပြီးခဲ့တဲ့အတိတ်
တွေကို ပြန်စဉ်းစားမိတိုင်းလည်း ပိတ်ကားဖြူပေါ်က ရုပ်ရှင်ကြည့်နေရသလို အဖြစ်အပျက်တွေအားလုံးက
လတ်လတ် ဆတ်ဆတ်တွေပါပဲ။
ဘ၀မှာ ယှဉ်ပြိုင်မှုတွေနဲ့ ကြုံတွေ့လာရတိုင်း အမြဲအနိုင်ရလိုတဲ့အတွင်းစိတ် ကတော့ လူတိုင်းကိုယ်စီမှာ
ရှိကြမှာပါ ၊၊ အပြင်ပန်းမှာအနိုင်ရတယ်လို့ အားလုံးကထင်မှတ်ခဲ့တဲ့ ၊ကိုယ်တိုင်လည်းကောက်ချက်ချခဲ့တဲ့ ၊
တစ်ခါတစ်ရံ ကိုယ့်ကိုတိုင်က ဇွတ်အတင်း အနိုင်ဖန်တီး လုပ်ယူခဲ့တဲ့ ဘ၀ပြိုင်ပွဲတစ်ချို့ဟာ တစ်ကယ်တမ်း
မှာတော့ အရှုံးအဖြစ်နဲ့ လက်ခံမြိုချပစ်ရတဲ့အဖြစ်တွေ ကျနော့်မှာရှိခဲ့ပါတယ်၊၊ ကျနော့်လိုကြုံတွေ့ ဖြစ်ပျက်
ရသူတွေလည်း ရှိကောင်းရှိ မှာပါ။ ကိုယ့်ကိုကိုယ် ညာလို့မရသလို ကိုယ်တိုင် ကသာ အသိဆုံးပါ ပဲ။ ကိုယ်က
သတ်မှတ်ယူဆထားခဲ့တဲ့ အနိုင် အတွက် အမြဲတမ်း အားငယ်ချက်တစ်ခုကို ဖုံးကွယ်နေရသလို နောက်ကွယ်
မှာ တစ်ယောက်တည်း ဆက်ယှဉ်ပြိုင်နေရတာကိုတော့ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး၊၊ ပိုင်ဆိုင်ခဲ့တဲ့ အနိုင်တစ်ခု
အတွက် လူမသိပြန်ပေးနေရတဲ့ အရှုံးပေါင်းများစွာအတွက်လည်း စက်ဆုပ်နေခဲ့မိပါတယ်၊၊ ရယူခဲ့တဲ့ အမြတ်
အစွန်းဆိုတာထက် ပြန်ပေးလိုက်ရတဲ့ အရင်းအနှီးက ပိုကြီးမားလွန်း လှပါတယ် ၊၊
ဆန့်ကျင်ဘက်သတ်မှတ် ခံစားရမှုတွေနဲ့ပတ်သက်ပြီး တွေးခေါ်ပညာရှင် (ဆိုဖစ်)တွေကတော့ ရာစုနှစ်ပေါင်း
များစွာကတည်းက သူနိုင်ကိုယ်နိုင် အပြိုင်ငြင်းခုန် ခဲ့ကြပါတယ်၊၊ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်တော့ သူတို့
တွေရဲ့ အယူအဆ စာပေတွေကို အကျယ်ပြန့်အလေးနက်ဆုံး (Extended) အထိ လက်ခံဖတ်ယူနိုင်စွမ်း မရှိခဲ့
ပါဘူး၊၊ ရှည်းလျားလွန်းလှ တဲ့ ဆိုဖစ်တွေရဲ့ ရှုံးခြင်း နိုင်ခြင်း ၊ရှိခြင်း မရှိခြင်း (eternity)အတွေးအခေါ် အယူအဆ
တွေကိုတော့ ကျနော် ဒီမှာ ချမပြတော့ပါဘူး၊၊ ကိုယ့်ခံစားချက် အမြင်တစ်ခုကိုပဲ မှန်မှန် မှားမှား ထုတ်ပြဖို့သာ
တတ်စွမ်းပါတော့တယ် ၊၊ ကျနော့်ဘ၀ရဲ့ အနိုင်ဆိုတဲ့ အရှုံးတွေကို ယခုချိန်မှာ အတတ်နိုင်ဆုံး ကြိုးစား ခ၀ါချနေ
ခဲ့ ပါတယ် ၊၊ နောက်ထပ်လာမယ့် ပြိုင်ပွဲအသစ်တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါသေးတယ် ၊၊
ဆန့်ကျင်ဘက်အရာတွေကိုသာပြောပြချင်လို့ သရေ ဆိုတဲ့ unchanged state ကိုခဏ ဖြုတ်ချန်ထားခဲ့ပါတယ် ၊၊
အားလုံးကိုလည်း ဘ၀မှာ တစ်ခါတစ်ရံ အနိုင်ဆိုတဲ့ အရှုံးတွေ မပေးလိုက်ရဖို့ ဆုတောင်းပေးလိုက်တယ်ဗျာ၊၊ ၊၊
You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[နှလုံးသားရပ်ဝန်းမှ အသံများ...။] 3 New Entries: ငယ်ငယ်တုန်းက (၁)
ငယ်ငယ်တုန်းက (၁)
ငယ်ငယ်တုန်းက ကလေးလေးပေါ့...။
ကြီးလာတော့ လူကြီးပေါ့...။
ပျိုးထားတာ...။
လှတယ်နော်...။
ခေါင်းစဉ်လေး လူဦးသွားမှာ စိုးလို့...။
အတွေးစဉ် အမျှင်တန်းများ။
  1. မိုက်ခရိုဆော့ဖ်မှ ထုတ်လုပ်သော အိုင်အီး ဗားရှင်းပေါင်းစုံသည် မသမာသူများ ဖေါက်ထွင်းရန် အလွန်လွယ်ကူနေသည့်အတွက် နောက်ဆုံးပေါ် အပ်ပ်ဒိတ်များ ဒေါင်းလုဒ်လုပ်၍ လုံခြုံရေး အဆင့်အတန်းများ မြှင့်တင်ကြန်ရ နိုးဆော်ထားသည်။ အဘယ့်ကြောင့်ပါနည်း။ မိုက်ခရိုဆော့ဖ်သည် အိုအက်စ်စနစ်ကိုသာ အသားပေး ထုတ်လုပ်နေသောကြောင့် အလကားပေးရသော အိုင်အီးကိုမူ အဖြစ်သဘောသာ ထုတ်ပေးလေသလား ဟု ထင်စရာ ဖြစ်ချေသည်။ ထို့ကြောင့် အကျွန်ုပ် မြေခွေးမီးလျှံကို သုံးသည်။ အိုင်အီးသုံးလျင် နေးတစ်မြန်မာ ဖိုရမ်၌ မြန်မာစာ ရိုက်သော် ကာဆာနှင့် ရိုက်ချင်သော နေရာကို လိုက်၍ ချိန်နေရသည်မှာ အလုပ်တစ်ခု။ မြေခွေးမီးလျှံ သုံးလျင် အဆိုပါ ပြဿနာ အလိုအလျောက် ဖြေရှင်းပြီးသား။
  2. အခုတစ်လော ရုံး၌ ဘလော့ဂ်ဖတ်ရသည်မှာ အဆင်မပြေ။ ဘလော့စာမျက်နှာများ ပြိုင်တူ ဖွင့်၍ မရချေ။ တစ်ခုဖွင့်ပြီး တစ်ဝက်မျှသော အချက်အလက်တို့ ပြီးသည်နောက်၌ နောက်ဘလော့တစ်ခုကို ဖွင့်ရချေ၏။ ပြိုင်တူ ဖွင့်မိလျင် ပေ့ခ်ျ အယ်ရာ တက်ချေ၏။ အိမ်နှင့်ရုံးအကြား ကွာခြားချက်။ အိမ်တွင်းသုံး မက်အွန်လိုင်းကား တစ်ပြိုင်နက် ဖွင့်၍ ရသည်။ မြန်တော့ မမြန်ချေ။
  3. ကုန်းပေါ်နေဖြစ်သည့် ကာလတစ်လျှောက်လုံး တင်သမျှသော ရုပ်ရှင်ကို ကြည့်မိ၏။ မူဗီရီဗျူးရေးစားသော် ရလောက်သော ကုန်ကြမ်းများပင်။ ရုံပိုင်ရှင်များအနေဖြင့် ပုံမှန်ဖေါက်သည် ဆု ပေးလျင် အကျွန်ုပ် ဦးစွာ ရချေတော့မည်။ ယနေ့ ဂျင်မ်ကာရေး ပါသော ကားသစ် ရက်စ်မဲန်း ပြမည်ဟု ဆိုသည်။ သွားဦးမည်။ အော် အများတကာတို့ ရီဆက်ရှင်ကာလ၌ အသုံးအစွဲ ချွေတာကုန်၏။ အိမ်တွင်း အိမ်ပြင် မထွက်ပဲ ချက်စား၊ တီဗွီကြည့်ကြကုန်၏။ ငမိုက်သား မောင်ဘွိုင်း အသုံးနှင့် အဖြုန်းကို မခွဲခြားတတ်သေးချေ။
  4. ကမ္ဘာတစ်လွှား ထိခိုက်ကုန်သော ရီဆက်ရှင်သည် ထင်သလောက် ခြင်္သေ့ကျွန်းကို ထိခိုက်ဟန်မတူ။ များများစားစား မတွေ့ရ။ နောက်ဆုံးမတော့ နံရံလမ်း (ဝေါလ်စထရိ) မှ ဦးဆောင် စီးပွားရေး လုပ်ငန်းရှင်ကြီးက ကမကထ ပြု တည်ထောင်သော လိမ်လည်မှုကြီးတွင်မှ အထိနာကြကုန်၏။ အရှေ့ဖျား ခြင်္သေ့ဟု ခေါ်သော ကုမ္ပဏီမှ တစ်ဆင့် အဆိုပါ လိမ်လည်မှုကြီး၌ စတော့ရှယ်ယာများ ၀ယ်ထားကြ၏။ ထိခိုက်မှု ပမာဏ မသိရသေး။ ယခုမှ စီးပွားရေး ဆူနာမီ လာချေပြီတည်း။ ပြင်ဆင်ကြပါကုန်။
  5. ပြီးခဲ့သည့် အပတ်အားလပ်ရက်က ဒေါင်းတောင်းအစ်စ် ပါဆားရဇ်တွင် ကျင်းပသော အလုပ်ရှာပွဲတွင် အဆင့်မြင့် အရာရှိများပါ အလုပ်အကိုင်များ လာရောက် ရှာဖွေကြကုန်သည် ဟူ၏။ မသေချာသော၊ လှုပ်နေသော ကုလားထိုင် အခြေအနေကြောင့် တင်ကြို ရှာထားခြင်း ဖြစ်သည်ဟု ဗျူးကိုကို၊ မမ များက ရေးသားကြ၏။ ပုံမှန် ရနေကြသော လခများထက် အဆပေါင်းများစွာ နိမ့်သော လခ (၅၀%)ကိုသာ တောင်းဆိုကြသည် ဆို၏။ အလုပ်ရှင်ကုမ္ပဏီမှားမှာ အများအားဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖြစ်သည်။ အလုပ်ရှာသူ အများစုမှာ အကြီးတန်း စာရင်းကိုင်၊ ထွေချုပ်၊ စီမံချုပ် စသည့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ဆိုချေ၏။
  6. မတည်ငြိမ်သော ထိုင်းနိုင်ငံရေးကြောင့် ယင်းနှင် ကုန်သွယ်ဖက် ဖြစ်သည့် ခြင်္သေ့ကျွန်းသည်လည်း အနည်းနှင့်အများ ခံစားလိုက်ရသည်။ ကိုလွန်းက ကိုဖိဆစ်အား အခွင့်သာသည့် တစ်နေ့တွင် ခြင်္သေ့ကျွန်းသို့ အလည်အပတ် လာရောက်ရန် ဖိတ်မန္တက ပြုချေ၏။ ဆုံးမသြ၀ါဒများ ပေးချေတော့မည် ထင်သည်။ ခြသေ့င်္ကျွန်းအပေါ် အားကိုးအားထား မပြုသော အကောင်းစား ယိုးဒယားများကား အားမှ လာလည်မည် ဟု အကြောင်းပြန်ကြားလိုက်၏။
ဤတွင် အတွေးစဉ် အမျှင်တန်းကဏ္ဍ ပြီးဆုံး၏။
မဝံ့ခြင်းများ။
ပန်းပွင့်မြင်လျက်
အချူခက်သည်
ကျဉ်တုပ်ခံဝံ့ မခံဝံ့။
မြင်စနိုးနား
ချစ်ကြင်မှားသည်
သနားခံဝံ့ မခံဝံ့။
ကြင်သူ့ထံပါး
မြဲ ခစားသည်
နှုတ်ထွက် ဆိုဝံ့ မဆိုဝံ့။
နီးစပ်မေတ္တာ
ရင်တွင်းနာသည်
ဖွင့်ဟမြွက်ဝံ့ မ
မြွက်ဝံ့။
မတရားစစ်ပွဲ
တိုက် ဆင်နွဲသည်
သေပွဲ ဝင်ဝံ့ မဝင်ဝံ့။
သူရာရည်ရက်
စွဲနှစ်သက်သည်
လူသိခံဝံ့ မခံဝံ့။
ရသာရမ္မက်
စွဲ ဖြတ်ခက်သည်
ထပ်ခါစားဝံ့ မစားဝံ့။
ဒီဇင်ဘာတွင်း
ဈေးချခြင်းသည်
လိုတိုင်း ဝယ်ဝံ့ မဝယ်ဝံ့။
(လုပ်ဖို့ မဝံ့မရဲ ဖြစ်နေတာတွေ ချရေးမိပါတယ်။ အတည်ရေးလို့ မရတော့တဲ့ လက်ကြောင့် ပေါက်တတ်ကရ ဖြစ်သွားတယ်။ မေတ္တာပို့ကြပါကုန်။ သာဓု၊ သာဓု။)
You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[Ywar Thar Lay (YTU)] 1 New Entry: စားပွဲနဲ့နံရံ
စားပွဲနဲ့နံရံ
စားပွဲနဲ့နံရံ။ ကျနော့အလုပ်စားပွဲဘေးမှာ နံရံရှိတယ်။ နံရံနဲ့ စားပွဲနဲ့ကကပ်ရပ်။ သူတို့တစ်ဖက်တစ်ချပ် ရပ်တည်နေတာပဲ။ ဒါပေမယ့်……….
စားပွဲကို ပါတီးရှင်း အကန့်တွေနဲ့ နံရံဘေးမှာ ထားတာပါ။ သူတို့နှစ်ခုက အရမ်းကပ်တယ်လည်း မဟုတ်ဘူး။ ခွာတယ်လည်း မဟုတ်ပြန်ဘူးလေ။ ဆိုတော့ ကပ်သီးကပ်သပ်လေး ဖြစ်နေကြတာ။ သူတို့ကပ်သီးကပ်သပ်ဖြစ်တော့လည်း ဘာအရေးလဲ။ အနေသာကြီး။
မဟုတ်ဘူးလေ မဟုတ်ဘူး။ တကယ်တော့မဟုတ်ဘူး။ သူတို့နှစ်ခုကြောင့် ဒုက္ခလှလှ တွေ့ရတာ အနှေးနဲ့အမြန်။ အရေးကြီးပြီး ပြန်မရနိုင်တော့တဲ့ စာရွက်တစ်ရွက်ကျသွားလို့လေ။ သူတို့နှစ်ခုကြားထဲကို လှပစွာကျသွားတာ။ လှပစွာဆိုတာ တကယ်ကို ဘယ်ကနေဘယ်လို ကပ်သီးကပ်သပ်ထဲကို ရောက်သွားမှန်းမသိအောင်ကျသွားတာ။ သတိတရ ရှာတဲ့အချိန်မှာ သကောင့်သားက ခပ်တည်တည်နဲ့ လျှာထုတ်ပြသလို တဖျတ်ဖျတ် ခါပြနေလေရဲ့။
ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုပြန်ယူရမလဲ။ အသေချထားတဲ့ ဒီစားပွဲကို ရွှေ့မလား။ နံရံကိုပဲ ဖြိုလိုက်ရမလား။ သူဌေးသိရင်တော့ တော်တယ်ကွာဆိုပြီး ဆုချဦးမှာ။ အတွေးကောင်း အစီအစဉ်ကောင်းလို့လေ။ လေယာဉ်လက်မှတ်ပါဝယ်ပေးပြီး ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့ ဆိုတဲ့ဆုပါ။
လက်နှစ်ဖက်နဲ့နှိုက်မယ်ဆိုတော့ လည်း မဖြစ်ပြန်။ တစ်ခုနဲ့ ထိုးမယ်ဆိုတော့လည်း ဒီအကျဉ်းက ကျဉ်းရတဲ့အထဲ ရှည်ကလည်းရှည်နေသေး။ ဘယ်အရာနဲ့မှ ထိုးလို့မရ။ ညှပ်လို့လည်းမမိ။ ဘယ်လိုလုပ်ရပါ့။ လျှို့ဝှက်ချက်အနေနဲ့ နည်းလမ်းကို ဖွက်ထားလိုက်ပါဦးမယ်။ တကယ် အဲလိုကြုံရင်တော့ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အကြံဥာဏ်ပေးခကို အဲဒီတော့မှ စပြောမယ်လေနော်။
ဒီလို ကျဉ်းထဲကျပ်ထဲကို ရောက်ရောက်သွားတတ်တာ ခဏခဏပါ။ ဘာမှမဟုတ်လောက်ဘူးဆိုတဲ့ အရာတွေက ကိုယ့်အတွက်တော့ တစ်ချိန်မှာ ထောင်ချောက်တွေလိုပဲ။ ကျသွားပြီဆိုမှ ပြန်ဆွဲထုတ်မရတော့ဘူးလေ။ ဘယ်အရာမဆိုတော့ အဖြေရှိတယ်တဲ့။ အချိန်တစ်ခုခုနဲ့ အေးအေးဆေးဆေးစဉ်းစားပြီး ဖြေရှင်းနိုင်ကောင်းပါတယ်။ ဒါပေမယ့် အမှားတွေလည်း ဖြစ်နိုင်သလို အမှန်တွေလည်းဖြစ်နိုင်တယ်။ ခဲတံနောက်မှာ ခဲဖျက်ထည့်တာကိုက သဘာဝကျပြီးသား လူဆိုတာကိုက မှားတတ်တာလေ။ မှားမှာကြောက်ပြီး လမ်းမလျှောက်တော့ပဲနေမှာလား။ ဘယ်ဟုတ်မလဲ။ ရှေ့သို့ချီရင်း ပြုပြင်သင့်တာတွေ ပြုပြင်ရမှာပေါ့။
အခုလည်း စားပွဲနဲ့နံရံနဲ့ ကကပ်လျက်ပဲ။ စာရွက်တွေကကော……………….
You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[နတ်ပျိုမ] 1 New Entry: အလွမ်းကမ္ဘာ
အလွမ်းကမ္ဘာ
နေထွက်က နေ၀င်
လေညှင်း တချက်ရဲ့
လေပြေ သက်ရှိုက်လိုက်တိုင်း
ရင်ထဲ ညှို့မှောင်သွားလို့
အချစ်ရယ်
ခုတော့ဖြင့် စိမ်းသွားပြီလား။
မူယာမပို ဟန်ဆောင်မှုကင်းတဲ့
အရင်က အကြင်နာစကားတွေကို
တစ်နယ်ပြောင်းလို့
နေရာဟောင်းမှာ ထားရစ်ခဲ့ပြီလား။
အနေဝေးလည်း
အတွေးကမ္ဘာ
မမေ့သာလို့
လွမ်းပြီးရင်းလွမ်း။     ။
You received this email because you are subscribed to the real_time feed for http://natpyoma.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.
[မိုးလှိုင်ည] 1 New Entry: အမူးသမား
အမူးသမား
သွေးပြန်ကြောထဲက
ကဗျာကို
စာရွက်ပေါ်ရေးချဖို့…
ဘေးကျပ်နံကျပ်မနက်ခင်းထဲ
လက်ဘက်ရည်နဲ့စီးကရက်ကိုရွေးမလား
လမ်းစရိတ်ကိုတွေးမလား
အလုပ်အကိုင်ဆိုတဲ့နေရာမှာ
ကဗျာဆရာလို့ထည့်ရေးရင်
မော်ကြည့်လာမယ့်မျက်ဝန်းတွေကို
တစ်ခါတစ်ရံကြောက်မိပါရဲ့
အဆိုးချည်းသက်သက်လောကဓံကို
လည်းပင်းဖက်ကြီးပြင်းလာတဲ့ကောင်ပါ
ရိုင်းတယ်ဆိုရင်လည်း ရိုင်းတယ်ပေါ့…
စိတ်ကို ပခြုပ်ထဲခဏခဏထည့်ထားတယ်
ရုပ်ကတော့လက်လွတ်စပယ်
လွတ်လပ်တယ်ဆိုပြီး
အထင်မကြီးလိုက်ကြပါနဲ့
ကိုယ့်အတ္တကိုယ်
အမြည်းပြန်လုပ်နေတဲ့ အမူးသမား
သံသရာတစ်လျှောက်လုံး
ဒယီးဒယိုင်။
မိုးလှိုင်ည
You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[We Fight We Win. -- " More than Media "] 1 New Entry: ဈေးကြီးသော လင်ကွာစားရိတ်
ဈေးကြီးသော လင်ကွာစားရိတ်
မက်ဒေါနား နှင့် ဂိုင်းရစ်ချီ
ပေါ့အဆိုကျော် မက်ဒေါနား မှ ခင်ပွန်းဖြစ်သူ ဂိုင်းရစ်ချီ အား ကွာရှင်းပေးရန် သဘောတူညီမှု ရရှိခဲ့သည် ဟု မက်ဒေါနား ၏ ရှေ့နေမှ ပြောကြားသွားပါသည်။ မက်ဒေါနား မှ ကွာရှင်းခ ဒေါ်လာ ၇၆ သန်း မှ ၉၂ သန်းကြား အား ခင်ပွန်းဟောင်း အား ပေးရလိမ့်မည် ဟု သူမ၏ ပြောရေးဆိုခွင့် ရှိသူ က AP သတင်းဌာန ကို ပြောကြား သွားပါသည်။ မက်ဒေါနား မှ စတင်၍ ဂိုင်းရစ်ချီ ၏ ` အဓိပ္ပါယ်မဲ့သော အပြုအမူ ´များကြောင့် ကွာရှင်းခွင့် အား လန်ဒန်ဟိုက်ကုတ် ၌တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ် ရှိ ဈေးကြီးသောလင်ကွာစာရင်းဝင်ခဲ့သည်။
Rest of your post
You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[Moon Thet Pan] 1 New Entry: တနေ့တာ
တနေ့တာ
You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
[Myo Chit Myanmar | Dedicated for the people of Myanmar] 9 New Entries: သီးလေးသီး Los Angeles ပွဲ
သီးလေးသီး Los Angeles ပွဲ
ပုံကြီးချဲ့ရန် ပုံပေါ်ကိုနှိပ်ပါ
သီးလေးသီး - ဟာသများ
နိုင်ငံတော်သံဃာနာယကဥက္ကဌထံသို့ မြဝတီရုပ်မြင်သံကြားမှ အခုလို မေးမြန်းလျောက်ထားခဲ့ပါတယ်။
၁။       "ရေဒီယို"နဲ့"ရုပ်မြင်သံကြား" ဘာကွာခြား သလည်းလို့မေးတယ်။ ဘုန်းဘုန်း မိန့်ကြားတာကတော့ "ရေဒီယို"မှာက "အနှောင့်အယှက်ကို အသံပဲကြားရတာ"။ အဲ ရုပ်မြင်သံကြား"မှာ ကျတော့ "အသံ"ရော မမြင်ချင်တဲ့သူတို့  မျက်နှာတွေကိုပါ မြင်နေရတယ်လို့ မိန့်တော်မှုလိုက်ပါတယ်။
၂။       ဧရာဝတီတိုင်းတွင် "နာဂစ်"အပြီး လယ်ယာများပြန်လည်စိုက်ပျိုးကြသည်။ ဤအချိန်တွင် လယ်ယာ စိုက်ပျိုး နေသော လယ်သမားဆီသို့ "ဝန်ကြီး"ရောက်ရှိလာပြီး "မိန့်ခွန်း"ခြွေလေသည်။ အို လယ်သမား အပေါင်းတို့သင်တို့ ဘာ မှမပူကြနဲ့တော့။ ကျွန်ုပ်တို့ရဲ့ ခြေထောက်တစ်ဖက်ဟာ "ဆိုရှယ်လစ်စနစ်" ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေ တစ်ဖက်ဟာ "ဆိုရှယ်လစ်စနစ်"ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေတစ်ဖက်ကတော့"ကွန်မြူနစ်စနစ်"ဆီကိုလှမ်းထားပြီးလက်ထဲမှာလည်း"မှုဝါဒလမ်းစဉ်(၇)ရပ်ကို"လည်း ကိုင်ထားတယ်။ ဤစကားကို ကြားရသောအခါ လယ်သမားပရိသတ်ထဲမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ "ဒီလိုခြေကားယား၊ လက်ကားယားအနေအထားနဲ့ ကျွန်တော်တို့ ဘယ်လောက် ကြာကြာ နေရဦးမှာလဲဟင်"။
၃။       ကျွန်တော်မြန်မာပြည်က အကြီးအကဲများကို လက်ဆောင်ပေးပို့ စတိုးဆိုင်သို့ရောက်လာခဲ့သည်။ ဈေးရောင်းသူကမေးပါတယ်။ ဘာအလိုရှိပါသလဲခင်ဗျာ။ ကျွန်တော်ကလူကြီးတွေကို လက်ဆောင် တစ်ခုခုပေးချင်တယ်လို့ ပြောလိုက်တယ်။ ရောင်းသူကရပါတယ်။ ဒါကလျှပ်စစ်မီးပူ၊ ဒါကတော့ လျှပ်စစ်မီးဖို။ အဲဒါကတော့ လျှပ်စစ်ကော်ဖီဖျော်စက်ပါ။ ကျွန်တော် လက်ဆောင်ပေးချင်တာက "လျှပ်စစ်ကုလားထိုင်" ခင်ဗျားတို့ဆီမှာမရောင်းဘူးလား။
စိန်သီး
သိသွားမှာစိုးလို့
မြန်မာနိုင်ငံ အကြီးအကဲဟာ ကျန်းမာရေး ရုတ်တရက် ချွတ်ယွင်းလာတာကြောင့် စင်္ကာပူနိုင်ငံဆေးရုံသို့ အရေးပေါ် တက်ရောက် ခဲ့ပါတယ်။
စင်္ကာပူအထူးကု          ။ လူကြီးမင်းရဲ့ ကျန်းမာရေး အခြေအနေအရ မည်သည့် အရေးအရာကိုမှ မစဉ်းစားဘဲ တစ်လ လောက်အနားယူသင့်ပါတယ်။
အကြီးအကဲ               ။ ဟာကျုပ်က အနားယူလို့ မဖြစ်သေးဘူး တစ်လမပြောနဲ့ တစ်ရက်တောင် နားဖို့ မလွယ်ဘူး။
စင်္ကာပူအထူးကု          ။ အနားယူတယ်ဆိုတာ စိတ်ကျန်းမာရေးအတွက်ပါ။ အနားယူလိုက်ခြင်းအားဖြင့် ဦးနှောက်ပါ ကြည်လင်လန်းဆန်းသွားပါတယ်။ တစ်လဆိုတဲ့ အချိန်အတွင်းမှာ လူကြီးမင်း တစ်ယောက် အနားယူလိုက်လို့ လူကြီးမင်းတို့ရဲ့ နိုင်ငံစီမံကိန်းတွေ ပျက်မသွားပါဘူး။
အကြီးအကဲ               ။ အဲဒါပေါ့ဗျ ခင်ဗျားပြောသလို ကျုပ်မရှိလည်း ဆက်လုပ်လို့ရသားပဲဆိုတာကို အခြားအဖွဲ့ ဝင်တွေသိသွားမှာစိုးလို့ မနားတာဗျ သိပလား။
သူ့ကြောင့်
မြန်မာနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးဟာ ရုတ်တရက် ကားအက်စီးဒင့် ဖြစ်ပြီး အနိစ္စသဘောနဲ့ ကိစ္စချောကာ ငရဲပြည်သို့ရောက်လာ ခဲ့ပါတယ်။ ငရဲပြည်မှာ အစိုးရဖါး ဂျာနယ်အယ်ဒီတာကြီးကို အမှတ်မထင် တွေ့လိုက်ရတော့ အံသြသင့်ပြီး
ဝန်ကြီး           ။ ငါကတိုင်းပြည်မှာ မဟုတ်တာ မမှန်တာတွေကိုပြောလို့ ငရဲရောက်ရတာ မင်းကဘာလို့ ဒီငရဲကိုရောက်ရ တာလဲ။
အယ်ဒီတာ       ။ အဲဒါဝန်ကြီးကြောင့်ပေါ့ဗျာ။
ဝန်ကြီး            ။ ဘာဆိုင်လို့တုန်း။
အယ်ဒီတာ       ။ ဆိုင်တာပေါ့ ဝန်ကြီးပြောသမျှတွေကို ကျွန်တော်တို့က ပုံကြီးချဲ့ပြီးရေးပေးတယ်လေ။        
မြန်မာနိုင်ငံရဲ့  အကြီးအကဲဟာ  ကျန်းမာရေး  ရုတ်တရက်ချွတ်ယွင်းမူကြောင့်  စင်င်္ကာပူနိုင်ငံဆေးရုံသို့  အရေးပေါ်တင်လိုက်ရပါတယ်။ စင်င်္ကာပူနိုင်ငံအထူးကုဆရာဝန်ကြီးများက  ဆေးဝါးကုသပေးရင်း  သူတို့  အသစ်တီထွင်ထားတဲ့   အသိဉာဏ်မဲ့မှုနှင့်ခေါင်းမာမှုများ ကို  ပျောက်စေ တဲ့  ထိုးဆေးတမျိုးကို  မြန်မာနိုင်ငံအကြီးအကဲ နဲ့  စမ်းသပ်ဖို့   ဆုံးဖြတ်လိုက်ပြီး  အသိဉာဏ်မဲ့မှုနှင့်  ခေါင်းမာမှုပျောက်ဆေး ထိုးဆေးကိုမြန်မာ နိုင်ငံအကြီးအကဲကို   ထိုးပေးလိုက်ပါတယ်။
ပါရဂူ(၁)   ၉ဝ ရာခိုင်နူန်းတော့သေချာနေအောင် ကုပေးပြီးပြီ။
ပါရဂူ(၂)             ၁ဝ ရာခိုင်နူန်းသေချာနေအောင်ဘယ်လိုကုရမလဲ။
တိရိစ္ဆာန်မို့လို့
မြန်မာနိုင်ငံရေးနှင့် ပတ်သတ်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ကိုယ်စလှယ် မစ္စတာ ဂန်ဘာရီ အားသတင်းထောက်များကတွေ့ ဆုံမေးမြန်းခဲ့ပါတယ်။
သတင်းထောက်။   ။ ဂန်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဖို့ အတွက် ဒေါ်အောင်ဆန်း စုကြည်အိမ်ရှေ့ မှာ ဟန်းစပီကာနဲ့  အော်ဟစ်ခဲ့ တာဟာ သံတမန်ရေးနဲ့  မညီညွတ်ဘူးလို့ ပြောကြပါတယ်။
ဂန်ဘာရီအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ မှာတော့ သွားအော်ဟစ်ခဲ့ ပြီး ဘာကြောင့်
ဦးသန်းရွှေရဲ့ အိမ်ရှေ့ မှာတော့ သွားပြီး မအော်ဟစ်ခဲ့ရတာကိုသိပါရစေ။
ဂန်ဘာရီ။  ။ လူတွေကို အော်ဟစ်ပြောဆိုလို့ ရပေမယ့် တရိစ္ဆာန် တွေကြတော့ ကြိမ်တို့ မှရမှာ
မို့ လို့ ပါ။
ငါတို့ က ပိုတော်တယ်
အာစီယံ အစည်းအဝေးတွင် အာစီယံ ၁၀ နိုင်ငံမှ ၀န်ကြီးချုပ်များက စွန့် ပြစ်ပစ္စည်း ပြန်လည်
အသုံးချရေးအစည်းအဝေးတွင် စင်္ကာပူ ၀န်ကြီးချုပ်က
စင်္ကာပူ။   ။ ကျနော်တို့ ဟာ မည်သူမှ မတွေးခဲ့တဲ့ စွန့် ပြစ်ပစ္စည်းတခုဖြစ်တဲ့ပီကေကနေ ကွန်ဒုံဖြစ်အောင် ဖန်တီးအသုံးချခဲ့ပါတယ်။
မြန်မာ ၀န်ကြီးချုပ်။  ။ အဲဒီကွန်ဒုံကိုရော ဘယ်လို ဆက်ပြီး အသုံးချသေးလည်းခင်ဗျာ
စင်္ကာပူ။   ။ မရှိတော့ပါဘူး။ နောက်ဆုံးစွန့် ပြစ်ပစ္စည်းဖြစ်သွားပါပြီ။
မြန်မာ။   ။ ဒါဆိုကျနော်တို့ မြန်မာက ခင်ဗျာတို့ နောက်ဆုံးစွန့် ပြစ်ပစ္စည်း တွေကို ပြန်လည် အသုံးချလိုက်ပါပြီ။
စင်္ကာပူ။   ။ ဘယ်လို အသုံးချလိုက်ပါသလည်း။
မြန်မာ။   ။ နောက်ဆုံးစွန့် ပြစ်ပစ္စည်းကွန်ဒုံတွေကို ပီကေအဖြစ်နဲ့ ပြန်လည်ထုပ်လုပ်နိုင်တာ မြန်မာပါ။
တစ်မှုတည်းနဲ့ပြီးပါတယ်
နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားသူကြီး။   ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။
ဇာဂနာ။   ။ မရှိပါဘူး။
တရားသူကြီး။   ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။
နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။
တရားသူကြီး။   ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ  တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။
ဇာဂနာ။   ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။
တရားသူကြီး။    ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။
ဇာဂနာ။   ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။
ဆန္ဒပြရခြင်းအကြောင်းရင်း
အဲ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်းပြည်သူ ပြည်သား တွေဟာ ထိုင်းအစိုးရကို စီတန်းလှည့်လည်ပြီး ဆန္ဒပြကြပါ တယ်၊ အဲဒီလို ဆန္ဒပြကြတဲ့နေရာမှာ ရှေ့ ဆုံးကနေပြီး တော့ ဘင်ခရာတီးဝိုင်းကတီးမှုတ်ပြီးတော့ ဆန္ဒပြကြပါတယ်။ လမ်းဆုံမီးပွိုင့်ရောက်တဲ့ အခါမှာ ယာဉ်ထိန်းရဲက နေထွက်လာပြီးတော့ ဆန္ဒပြသူများ အနှောင့်အယှက် မဖြစ် အောင် လို့  မော်တော်ယာဉ်များကိုတားဆီးပေးပါတယ်။ အဲဒါကို မြင်တော့ ကျွန်တော် က ယာဉ်ထိန်းရဲ အနားကို သွားပြီးတော့ ဆန္ဒပြတဲ့ ပြည်သူတွေကို အဟန့်  အတား၊ အနှောက်အယှက် မပေးဘဲနဲ့  အခုလို ကူညီတဲ့ ယာဉ်ထိန်းရဲကြီးရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးပါတယ်လို့  ပြောလိုက်တော့ယာဉ်ထိန်းရဲ ကြီးက ဆန္ဒပြတဲ့ အထဲမှာပါရင်တစ်နေ့  ကို ဘတ် ၈၀၀ ရမယ်ဆိုလို့  ၀ိုင်းပြီးဆန္ဒပြနေတာပါတဲ့။
၂၀၀၈ နိဗ္ဗာန်ဈေး ပွဲတော်
မွန်ပြည်သစ်ပါတီ ရွှေရတုသဘင်အခမ်းအနား
မျိုးချစ်မြန်မာ ဆိုတာ ဘယ်သူလဲ
မိတ်ဆွေတို့ရေ ကျွန်တော်မသိတဲ့ ကျွန်တော့်ဘဝရဲ့အကြောင်းတစ်ချို့ ကို Comment ထဲကနေ စေတနာရှင်တစ်ဦးကပေးပို့လာပါတယ်
ကျွန်တော်လဲ တော်တော်လေးအံသြသွားပါတယ်
သြော်...  ငါက မယားငယ်သားပါလားဆိုပြီးတော့ ဟီဟိ
ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့လေ
ဒီလို မဟုတ်ကမဟုတ်ကရှာကြံရေးတတ်တဲ့ဆရာသမားက ကျွန်တော်များ အီးပိတ်သွားမလားဆိုပြီး ဆွကြည့်တယ်ထင်ပါတယ်...
ခက်တာက ကျွန်တော်က ဒါတွေကိုအရေထူနေပြီဗျ...
ဒီတော့ ကျွန်တော်က သူပို့ထားတဲ့ Comment ကို နဂိုအတိုင်း မဖြတ်မတောက် တင်ပေးလိုက်ပါတယ်
သူကတော့ ကျွန်တော် မတင်လောက်ဖူးထင်နေမှာပေါ့
ကျွန်တော်ကလဲ အဲ့ဒါမျိုးကိုမှတင်ချင်တာဗျ မဟုတ်တာတွေများနေတဲ့ခေတ်မှာ မမှန်တာတွေလဲ ရှိရမှာပေါ့မဟုတ်ဖူးလား
ယုံချင်ယုံ မယုံချင်နေ ၈၈ ကအဖြစ်အပျက်လေး လို့ပြောရမလားဘဲ ဖတ်ကြည့်ပါဦး :)
ကျွန်တော့်အမေကို ဘာလို့  ဇတ်ပို့မင်းသားထွန်းထွန်းနိုင်ရဲ့  မယားငယ်တဦး လို့ ပြောတာလဲ မသိဘူးဗျ ဟဲဟဲ
နောက်ပြီး (ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင် ဒီကောင့် asylum case က deportation ဖြစ်ပြီးတရားရုံးရောက်နေပြီ။ဒါနဲ့ မျိုးချစ်မြန်မာဘလော့ ဖြစ်လာရတာပါ။) တဲ့
ကျွန်တော် နောက်ဆုံးမြန်မာပြည်က စားလာတဲ့ထမင်းလေးက အစာတောင်မကြေသေးသလို ကျွန်တော် အမေရိကားရောက်တာလဲ အဲဒိ ဆရာသမားတောင် စစ်ထဲဝင်ပြီး ခွေးစားခွက်ဖက်မလုခင်ကပေါ့နော်..
အတိအကျပြောရရင် ၈၈ အပြီး သိပ်မကြာခင်ထဲကပါဗျာ ( အဟွန့် ရှင်လူမွှားနေဘီ )
Nice try buddy! :P
မျိုးချစ်
အမောပြေစရာလေးများ
NCGUB မှသတင်းများ
ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,18th,2008
သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်
( 1 )အာဆီယံ ဥပဒေရေးရာအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
( 2 )ထိုင်းဝန်ကြီးချုပ် အသစ်နှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ မျော်လင့်ချက်
( 3 )UN chief must make his presence felt in Burma
( 4 )Insurgents operating from Bangladesh, Myanmar
( 5 )မြန်မာအစိုးရ တရားစီရင်ရေးစနစ်ကို ဖိနှိပ်ဖို့အသုံးချ
( 6 )UN Chief Criticizes Burma for Lack of Democratic Progress
( 7 )စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက်
( 8 )Vietnam, Myanmar trade turnover up 21.3 percent this year
( 9 )လူငယ်နှင့်အနာဂတ် ဆွေးနွေးပွဲမှ ဦးဝင်းတင်၏ ဟောပြောချက်များ
( 10 )အန်အယ်လ်ဒီ၏ အနာဂတ်မှုန်ဝါးနေဟုဦးဝင်းတင်သုံးသပ်
( 11 )အရှေ့ပိုင်းရှမ်းပြည် ယာဉ်ထိန်းရဲဦးရေ အလွန်နည်း ယာဉ်တိုက်မှုများလာ
( 12 )လျှာနာခွာနာဖြစ်တဲ့ တိရစ္ဆာန်တွေကို ကုသပေးဖို့ ရွားသားများ အခက်တွေ့နေ
( 13 )အေးသာယာစက်မှုဇုံ လျှပ်စစ်မီး ၀န်ပို အသုံးပြုမှုစစ်ဆေး
( 14 )Street tribute to Burma veteran
( 15 )Myanmar blames "extravagant" Americans for crisis
( 16 )မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်တွင်း၌ ကိုယ်တခြမ်း လေဖြတ်
( 17 )Japan to accept 30 Myanmar refugees from Thailand
( 18 )ထီဆိုင်ကြီးများ သိန်း (၁,၀၀၀) ဆု အပိုကြေး အပြိုင်ဈေးခေါ်
( 19 )Ban criticizes Burma for shying away from democratization
( 20 )Myanmar blames 'extravagant' Americans for crisis
( 21 ) ရန်ကုန် တရားပွဲပါမစ်များ ပိတ်
( 22 )Mandalay Division NLD Secretary suffers apoplexy in prison
( 23 )နာဂစ် ခရီးသွားလုပ်ငန်း ရပ်ဆိုင်း
( 24 )အန်အယ်လ်ဒီ၏ အနာဂတ် အမှန်တကယ် မှုန်ဝါးနေပြီလား
( 25 )Few Takers for Cyclone Nargis Tours
( 26 )ထောင်ထဲကစာ အပြင်ထုတ်သူကို ၉ နှစ် ထောင်ချ
( 27 )ကုလ အတွင်းရေးမှူးချုပ် မြန်မာ့အရေး လက်မှိုင်ချ
( 28 )Than Shwe's Dynastic Family Dream on Parade at State Function
( 29 )ဖရဲစိုက်တောင်သူများကို ဒဏ်ငွေတပ်
( 30 )Three villagers arrested after KNU ambush kills at least one junta soldier
( 31 )Opposition leaders support UN Secretary-General's refusal to visit Burma
( 32 )မလေးရှားက မြန်မာအလုပ်သမား ၄၀ ပြန်ပို့ခံရ
( 33 )တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ လာသူနည်း
( 34 )Rubber prices continue to plummet; workers face dire economic circumstances as others feel the knock-on effects
( 35 )ရခိုင်ပြည်နယ် အဖွဲ့ချုပ်က ဘဏ္ဍာရေးမှူး ဦးမင်းအောင်ကို နောက်ထပ်ထောင်ချဖို့ စီစဉ်နေ
( 36 )Ban 'Disappointed' with Junta
( 37 )ထိုင်း (လ၀က) မှ အသက်ရှင်ကျန်ရစ်နေသည့် မြန်မာအလုပ်သမားများကို ထိန်းသိမ်းထား
( 38 )ထိုင်းအလုပ်ရှင်က လက်မှတ်အတုလုပ်ပေး၍ မြန်မာ အလုပ်သမားတွေ ထောင်ဒဏ်ချမှတ်ခံရ
အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၄)
နော်မန် ရိုဘက်စ် စပီရီ
အတိုက်အခံ အင်အားစုများ အတွက် အဓိကအမှား ဖြစ်နိုင်သည်မှာ စစ်တပ်ကို ဖြိုခွဲသိမ်းသွင်းရန် စနစ်တကျ စုစည်း ဆောင်ရွက်မှု မရှိခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ဤအချက်မှာ အကယ်၍ သူတို့က နိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေမှု အောက်မှ လွတ်မြောက်လိုသည်ဆိုလျှင် အဓိကမဟာဗျူဟာ ရည်မှန်းချက်တခု ဖြစ်သင့်ပါသည်။ စစ်တပ်တခုသည် ယေဘုယျအားဖြင့် စုပေါင်းတာဝန်ယူမှု၊ တာဝန်သိမှု ရှိကြပြီး ပြင်ပမှ လူများက သူတို့အဖွဲ့သား အားလုံးအပေါ် စုပေါင်း အပြစ်ပုံချကြခြင်းကြောင့် သူတို့ကို သွေးခွဲပြိုကွဲစေမည့်အစား ညီညွတ်အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေစေပါသည်။( ဆက်ဖတ်ရန် ) ဥပမာအားဖြင့် အတိုက်အခံ အင်အားစုဖက် ထောက်ခံသူများက "တော်လှန်ရေး၏ ရန်သူများ" ဟူသည့် စာရင်း တခုကို ပြုစုပြီး အင်တာနက် ပေါ်တွင် အမည်မသိ ထုတ်ပြန် ဖြန့်ချိခဲ့ကြပါသည်။ ဤစာရင်းသည် အမှန်တကယ်တွင် အကြမ်းဖက် ခံရမည်ဟု ပြောင်ခြိမ်းခြောက်မှုတခု ဖြစ်သော်လည်း သေချာ စနစ်တကျ ပြင်ဆင်ထားပုံ မရပါ။ စာရင်းထဲတွင် စစ်တပ်၏ ဆေးဖက်ဆိုင်ရာ ညွှန်ကြားရေးမှူး ကဲ့သို့သော လူမျိုးကိုပင် ထည့်သွင်း ထားသည်ကို တွေ့ကြရပါသည်။ သူက ယူနီဖောင်း ၀တ်ထားသောကြောင့် ဤစာရင်းတွင် ရာဇ၀တ်မှု အဖြစ် ထည့်သွင်း ဖော်ပြထားခဲ့ပုံ ရပါသည်။ သို့သော်လည်း အလွယ် စဉ်းစားသည့် မြန်မာစစ်တပ် တခုလုံးကို မိစ္ဆာသဖွယ်၊ ရန်သူ သဖွယ် သိမ်းကျုံး ပုံဖော်ပြသည့် ၀ိုင်းကြီးချုပ် ချည်းကပ်ပုံ နည်းနာသည် စစ်အစိုးရ၏ ပင်မထောက်တိုင် ဖြစ်သည့် စစ်တပ်ကို ဖြိုခွဲအား ပျော့စေရေး မဟာဗျူဟာ အတွက် အားနည်းချက် ဖြစ်စေခဲ့ပါသည်။
 ကံဆိုးသည်မှာ ဤသို့ယေဘုယျ ချဉ်းကပ်ပုံမျိုးကို မြန်မာအတိုက်အခံများကရော၊ အနောက်တိုင်းသံတမာန်များကပါ အသုံး ပြုနေကြခြင်း ဖြစ်သည်။ အတိုက်အခံအင်အားစုများဖက်ကို ထောက်ခံမည့် စစ်တပ်အရာရှိ အနည်းဆုံး အချို့ထားရှိရန် လို အပ်ပြီး ဤသူများမှတဆင့် စစ်အစိုးရ၏ ပင်မထောက်တိုင် စစ်တပ်ကို ဖြိုလှဲရန် လိုအပ်ပါလိမ့်မည်။ အတိုက်အခံတဦးက စစ်တပ်၏ ကောင်းကျိုးဆောင်ရွက်ပြုထားပုံကို ချီးကျူးသည်မှာ ရှားရှားပါးပါး မရှိသလောက်ပင်ဟု ဆိုရပါလိမ့်မည်။ စစ်တပ်ဆိုသည်မှာ အမျိုးသားနိုင်ငံတခု၏ အင်အား၊ အတိုက်အခံများ အတွက်လည်း လိုအပ်ချက်ဖြစ်ပြီး ယခုအချိန်တွင် စစ်အစိုးရက ချုပ်ကိုင်အသုံးချနေခြင်းသာ ဖြစ်ပါသည်။
ထိုမျှမက အတိုက်အခံခေါင်းဆောင်များက စစ်တပ် အငယ်တန်းအရာရှိများကို ပြုစုပျိုးထောင်ရန်အတွက် အကြံပေးလျှင် သင့်မည် ထင်ပါသည်။ နိုင်ငံအနာဂတ်အတွက် စစ်တပ်၏ အရေးပါသည့် အခန်းကဏ္ဍ ပွင့်ပွင့်လင်းလင်းဖော်ပြ အသိ အမှတ်ပြုရန် လိုအပ်ပြီး၊ လက်ရှိ စစ်သားများ ခံစားတွေ့ကြုံနေရသည့် နိမ့်ကျဆိုးရွားနေသော စစ်တပ်တွင်း အခြေအနေများ ကိုလည်း ဖော်ပြပြောဆိုရန် လိုအပ်ပါလိမ့်မည်။ ဒီမိုကရေစီ အစိုးရလက်အောက်တွင် သူတို့၏ အခြေအနေက ဤထက်ပို၍ မြင့်တက်လာနိုင်ကြောင်းကိုလည်း ပြောဆိုစည်းရုံးသင့်ပါသည်။
လွန်ခဲ့သည့်နှစ်က ဆန္ဒပြပွဲများအပေါ် ဖြိုခွဲနှိမ်နင်းမှု များကို ပြန်၍ကြည့်ပါက အတိုက်အခံများက စစ်အစိုးရ၏တပ်များကို ထိုးဖောက်စည်းရုံးထားနိုင်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ကြရသည်။ စစ်အစိုးရက ၎င်း၏တပ်များကို ယုံကြည်ကိုးစားစွာ အသုံးချနိုင်သေးသည်ကို တွေ့ရမည်ဖြစ်သည်။ အတိုက်အခံများတွင် စစ်တပ်အတွင်းကို ထိုးဖောက်စည်းရုံးရန် အချိန်နှစ် ၂၀ ရှိခဲ့ပါသည်။ တပ်မတော်အတွင်း ဒီမိုကရေစီ အလံမြှင့်တင်ပေးလိုသူ၊ သူတို့ကိုယ်ပိုင် ရာထူးနေရာကို ခုန်ကျော်တက်လိုသူများကို ရှာဖွေစည်းရုံးရန် အချိန်ရှိခဲ့ပါသည်။ စစ်တပ်အရာရှိများ အနေနှင့် သူတို့၏ကိုယ်ကျိုးစီးပွား တက်လမ်းများကို ထိန်းချုပ်ထားသည့် စစ်အစိုးရကို စွန့်ခွါလာစေရန် စည်းရုံးရန် နှစ် ၂၀ အချိန်ရခဲ့ပါသည်။ အတိုက်အခံများအနေနှင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များကို တချိန်အစိုးရသစ်တွင် သူတို့ အတွက် အဓိကကျသည့်နေရာကဏ္ဍရှိကြောင်း၊ အခြားခံစားခွင့်များ ရှိမည်ဖြစ်ကြောင်း၊ ပို၍ပင်တိုး တက်လာစေမည်ဖြစ်ကြောင်း အာမခံချက် ပေးခဲ့သင့်ပါသည်။ သို့သော်လည်း ဤလမ်းကို မလှမ်းခဲ့ကြပါ။
ထိုမျှမက ဤသို့ လုပ်ဆောင်စည်းရုံးရန်လည်း စိတ်အားထက်သန်မှု နည်းနည်းမျှ မပြခဲ့ကြပါ။ အကယ်၍ သူတို့အနေနှင့် အနည်းဆုံး စစ်တပ် နှင့် ရဲအရာရှိ အချို့ကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် သူတို့နှင့် သူတို့မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် အာမခံချက်ရှိစေမည်ဖြစ်ကြောင်း သိမ်းသွင်းအောင်မြင်ခဲ့ပါက ပြီးခဲ့သည့်နှစ် "ရွှေဝါရောင်တော်လှန်ရေး" သည် မတူခြားနားသည့် ရလဒ်ပေါ်ထွက်လာစရာ ရှိပါသည်။ ဒီမိုကရေစီ လှုပ်ရှားမှုအနေနှင့် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကာလအတွင်း အရေးနိမ့်ခဲ့ရသည့် အကြောင်းကို ပြန်ကြည့် လျှင် အဓိကအပိုင်းမှာ ၎င်းလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ယုံကြည်မှုကဲနေခြင်း နှင့် အကြမ်းမဖက်သဘောတရားကို စွဲ၍ ဆုပ်ကိုင်နေခြင်းကြောင့်ပင် ဖြစ်သည်။
သတင်းများအရ ဒေါ်စုက မည်သည့် အကြမ်းဖက်မှုမျိုးကိုမျှ နည်းနည်းမျှ သည်းညည်းခံနိုင်ခြင်း မရှိသလို၊ အခြား ရွေးချယ်စရာနည်းလမ်းများကို ရှာဖွေကြသည့် အဖွဲ့ဝင်များကို အဖွဲ့က ထုတ်ပယ်ပစ်ခဲ့ခြင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အတိုက်အခံ အင်အားစုများ အဖို့ နောက်ထပ်မျိုးဆက်သစ်ခေါင်းဆောင်များ သိမ်းသွင်းကြီးထွားနိုင်ခွင့်ကို လက်လွတ်ဆုံးရှုံးရစေသည်။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည် အရေးနိမ့်ခဲ့ရသည့်ကိစ္စများကို "ရွှေဝါရောင်တော်လှန်ရေး" က အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ မည့်ပုံရှိပါသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နောက်လိုက်အများကလည်း အကြမ်းမဖက်အာခံမှု သက်သက်ချည်း ဖြင့်သာ အလုပ်မဖြစ်နိုင်ကြောင်း သိမြင်သဘောပေါက်လာကြပြီ ဖြစ်သည်။
သူမကို နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ဖြင့် ချထားခံခဲ့ရခြင်းကြောင့်လည်း ပို၍ ဘေးရောက်လာရပြီး ထိပ်တိုက်ရင်ဆိုင်မှုနည်းလမ်းများအတွက် အင်အားတခုအဖြစ် ပံ့ပိုးမှု မပေးနိုင်ခဲ့ပါ။ သေချာသည်မှာ အကြမ်းဖက်မှုသက်သက်ချည်းကလည်း အဖြေမဟုတ်ပါ။ သို့သော်လည်း ပို၍ ပြင်းထန်သည့် နည်းပရိယာယ်များ အသုံးပြုရန်လိုအပ်ပြီး၊ တချိန်တည်းမှာပင် အပြုသဘောဆောင်သော ချည်းကပ်မှုများ၊ တနည်း စစ်အစိုးရကို အပြောင်းအလဲများ လုပ်လာစေရန်အတွက် မက်လုံးများ ဖန်တီးပေးရန်လည်း လိုအပ်ပါသည်။ သို့မှသာ လက်ရှိ တရားသေ ဆုပ်ကိုင်ထားကြသည့် အကြမ်းမဖက်နည်းဗျူဟာများမှ လမ်းခွဲဆောင်ရွက်နိုင်ရန် အကြောင်းရှိပါသည်။
အတိုက်အခံအုပ်စု များအနေနှင့် အပြောင်းအလဲဖြစ်ပေါ်လာစေရန်အတွက် အနှစ် ၂၀ ကျော်တွန်းထိုးလှုပ်ရှားနေခဲ့ရသည်။ ယုတ္တိတန်သည့်၊ လက်တွေ့ကျသည့် မဟာဗျူဟာတရပ် မရှိဘဲ လှုပ်ရှားနေသောကြောင့်လည်း ယခုကဲ့သို့ အရေးနိမ့်မှုကြုံနေကြရခြင်း ဖြစ် ပါသည်။ သေချာသည်မှာ ဖြိုခွင်းချေမှုန်းမှုများ၊ ဖမ်းဆီးမှုများကြောင့် ခေါင်းဆောင်မှုတွင် သိသိသာသာ ထိခိုက်နစ်နာရသည် ကတော့ အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း အတိုက်အခံအင်အားစုများက လက်တွေ့ကျသည့် လုပ်ငန်းများကို မဟာ ဗျူဟာနှင့် မပေါင်းစပ်နိုင်သမျှ၊ ရနိုင်သမျှသော နည်းပရိယာယ်များကိုသုံး၍ စစ်အစိုးရ ခေါင်းဆောင်မှုကို ကျားကန်ပေးနေသည့် စစ်တပ်တွင်း ထောက်ခံမှုကို ချိနဲ့မစွမ်းသာအောင် မလုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ အပြောင်းအလဲများ၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ မြင်ကြရဖွယ် မရှိပါ။
ဤအချိန်တွင် ခေါင်းမာသည့် နောက်ထပ် မျိုးဆက်သစ်စစ်သားများက အရွယ်ရောက်လာကြပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားကြဦးမည်ဖြစ်သည်၊ အတိုက် အခံများ၏ ဗိုလ်နေမြဲ ကျားနေမြဲလှုပ်ရှားမှုများကိုလည်း သူတို့က ဆက်လက်ခုခံနေကြဦးမည်သာ ဖြစ်ပါသည်။
Norman Robespierre ရေးသားသည့် Myanmar's failed non-violent opposition ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ကလောင်အမည် နော်မန် ရိုဘက်စ် စပီရီ (Norman Robespierre) နိုင်ငံရေး သိပ္ပံပညာရှင်၊ အလွတ် သတင်းထောက်တဦး ဖြစ်ပြီး အရှေ့တောင်အာရှရေးရာကို အထူး အလေးပြု လေ့လာနေသူ ဖြစ်ပါသည်။
You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.