Friday, December 19, 2008

[ချစ်တဲ့ မနောမြေ] 1 New Entry: ဖေါက်ပြန်တဲ့ အာတိတ် နှင့် အော်ရီဂန် ဘလောက်ဂါ

ဖေါက်ပြန်တဲ့ အာတိတ် နှင့် အော်ရီဂန် ဘလောက်ဂါ


အခုတလော စာမရေးဖြစ်ဖူး စာရေးမယ် ဆိုလဲ အေးတာက လွှတ်…လက်ကုန်ပဲ! စာရိုက်မလို့ လက်ထုတ် လက်အေးနေတယ် ဒီပြည်နယ်မှာ တခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေတာလေ…. ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက အပူချိန်ကျလာတာ စနေနေ့ရောက်တော့ နှင်းမုန်တိုင်းက တနေ့လုံး လေရော နှင်းဖတ်တွေပါ အရှင်လတ်လတ်ကို ကျနေတာ တော်တော်ကြမ်းတယ် တယ်လီဗေးရှင်းမှာတော့ Arctic Blast လို့ဆိုနေတယ်၊ အိမ်နားက ကွင်းပြင်ထဲမှာ စနေနေ့ တနေ့ထဲ တတောင်ကျော်ကျော် လောက်ကျသွားတယ်။

၂နာရီ အတွင်း နှင်းတွေကျလိုက်တာများ လွန်ရော တော်ယုံ နှင်းကျတာဆို စာဖွဲ့မနေပါဖူး အခုဟာက နှင်းကျပြီး မိုးခပ်သုတ်သုတ် ရွာလိုက်ကာ ပြန်အေးပြီး လမ်းပေါ်မှာ ရေတွေခဲသွားတာ ဒီမှာ ပြဿနာ တက်တော့တာပေါ့၊ ဒီမှာတော့ Black Ice …. Freezing ဖြစ်တယ်လို့ ဆိုကြတယ် ဒီလိုဖြစ်ယင် သူတို့ (အမေရိကန်) တွေလဲ ကြောက်ကြတယ်။

ဒီမှာက လူတကိုယ် ကားတစင်း ရှိကြတာဆိုတော့ အလုပ်သွားဟယ် … ဘာဟယ် … အိမ်ကဆင်း ခြေလှမ်း ၂၀လောက် လျှောက် … ကားပေါ်တက် ဒေါက်….ဝူး ဆိုသွားကြရတာလေ၊ ထားပါတော့ အဲဒီ လမ်းမပေါ် ရေခဲတွေ ဖရီးဇင်း ဖြစ်တာက ရေခဲသေတ္တာထဲက ရေခဲသလင်းပြင်လို ကြည်နေတော့ လမ်းပေါ်မှာ လုံးဝ မြင်ရတာ မဟုတ်ဖူး ဖန်သားလို ကြည်နေတာ၊ ရုပ်ဝထ္ထုပစ္စည်း အားကိုးပြီး မောင်းလို့ ကတော့ ကားက လမ်းပေါ်မှာ သံမဏိလို မါပြီး ခဲနေတဲ့ ရေခဲတောထဲ ပတ်ခြာတွေ လည်နေပါရောလား? ၊ သူများကား သွားထိလို့ ကတော့ ရော်ပါလေရော၊ ရော်ပြီးတဲ့ အပြင် ၃နှစ်လောက် ကိုယ့်ကားအတွက် ဝယ်ထားတဲ့ အာမခံကြေး လစဉ် တက်ပါလေရော၊ နောက်များမှ မူးပြီးမောင်းတဲ့ အမေရိကားရောက် မြန်မာယာဉ်မောင်းများ ဘယ်လို အမေရိကားမှာ ဘဝပျက်ကြရသလဲ ရေးပါဦးမယ်။

အမေရိကား ဆိုတာကလည်း လူလည်တွေကြီးပဲ ဆိုတော့ ဈေးရောင်းတာတောင် သေခြာမေးနိုင်မှ တော်ယုံကျတယ် ဆိုပါတော့၊ ပရင်တာ ဝယ်ယင် မင်အိုးပါချင်တာ မဟုတ်ဖူး… ကွန်နက်ရှင် ကေဘယ်ကြိုးကလဲ အင်တင်တင်ရယ်၊ အဲလိုမျိုး … ! ကိုယ့်ကားကို ဘာတာယာလဲ? ဘယ်နှစ်နှစ် အာမခံလဲ ? နှင်းထဲ မောင်းလို့ရတဲ့ တာယာလား ? မရဖူးဆို အခုလို အချိန်တွေမှာ ကားတာယာကို နှင်းထဲယက်နိုင်မဲ့ Chain (ချိန်း) တပ်ရတော့တာပေါ့၊ ချိန်း ဆိုတာကလဲ ကားက ရှေ့ယက်လား? နောက်ယက်လား? ရှေ့ယက်ဆို ချိန်းကို ရှေ့ဘီး၂ဖက်မှာ တပ်ပေါ့၊ နောက်ယက်ဆို နောက်မှာပေါ့၊ 4 Wheel Drive တို့ All Wheel Drive တို့ ဆိုလို့ကတော့ မလိုဖူးဆိုပေမဲ့ အခုနောက်ပိုင်း ၂၀၀၅ နောက်ပိုင်းကားတွေ ကတော့ ကားတာယာမှာ ရဒ်ပစ်တွေ ရိုက်ထားတဲ့ တာယာမျိုးနဲ့ ဆိုယင် နှင်းထဲ မောင်းလို့ ရတာပေါ့။

Image and video hosting by TinyPic
နှင်းတောထဲ မောင်းလို့ရဖို့ ကားတာယာမှာ တပ်ရတဲ့ Chain

ဒီမှာက စံပဲ၊ လွန်ခဲ့တဲ့ အပါတ်ကတောင် မိတ်ဆွေတယောက် ကားအသစ်စက်စက် တီဗွီကြော်ညာမှာတွေ့လို့ မူရင်းကုမ္မဏီမှာ သွားဝယ်တာတောင် နွားပွဲစားများလို မေးခွန်းတွေ များများမေးမှ ကားက အီကောနောမီ ဖြစ်လို့ လေအေး၊ လေပူပေးစက်၊ ရေဒီယို၊ ကက်ဆက်ဘာမှ မပါ ပါဖူးလို့ သိရတာ၊ အံ့ဖွယ်လိလိပါ … တကား။

Image and video hosting by TinyPic
ဆော့ကစားယင်း သိပ်ချမ်းနေတဲ့ ဂျူနီယာ ဒူကဘာ

အခုလိုမျိုး ရာသီဥတုတွေ ဖြစ်နေယင် တီဗွီတွေ ရေဒီယိုတွေကလည်း စဉ်ဆက်မပြတ် ကျေငြာနေတယ် ဘယ်မှာ ဘာဖြစ်နေပြီ၊ ရေ .. ဘယ်လောက်ခဲပြီး၊ လမ်းတွေပိတ်နေပြီ၊ အေးလွန်းလို့ အိမ်ခြေယာမဲ့တွေ အတွက် ဘယ်နေရာမှာ အိပ်ဖို့ ဒီလို စီစဉ်ထားပေးတယ်( သြော်…. တို့ပြည်က နာဂစ် ဖြစ်တုန်းကနဲ့များ ကွာပါ့ ) ဘယ်ကျောင်းတွေ ၊ ဘယ်အလုပ်တွေ ပိတ်တယ်၊ အိမ်တွေမှာ စားစရာတွေ သောက်ရေတွေ ၃ရက်စာ( ၇၂နာရီ ) အနည်းဆုံး ဆောင်ထားပါ၊ ကားမောင်းရင် ရေဒီယိုဖွင့် ရှေ့ခရီးစဉ် အတွက် သတင်းနားထောင်ပါ၊ ကားထဲမှာ ခြုံဆောင်၊ မီကျည်၊ ကားတာယာ လေဖြည့် ၍ တယ်လီဖုန်း ဘက်ထရီအပြည့်၊ ကားဆီအပြည့် ဖြည့်ထားပါ၊ ဒီလို ကြေညာနေပါတယ်။

Image and video hosting by TinyPic
ဒါက အရှင်လတ်လတ် ကချင် ဘလောက်ဂါ ဂျာတောင်နော်

အဲဒီ ရာသီဥတု ဖေါက်ပြန်တာကို အခွင့်ကောင်းယူပြီး အော်ရီဂန် ဘလောက်ဂါတွေ ဖြစ်တဲ့ ဦးဂင်ကြီး တို့ ကွီနိုင်း တို့ လူစုပြီး လူဆီ ဖြည့်နေကြတာ ကိုလဲ တွေ့ရတယ် ခင်မျ…. ဘိုးတော်တွေက အေးတာကို အံတုကြံ့ကြံ့ခံဖို့ ဓါတုဆေးဝါး ကျားကန်နေတာကို ဘလောက်ဂါ မခင်မင်းဇော် နည်းတူ အသူရာပုလင်း လွှင့်ပစ်ဖို့ ဘလောက်ဂါ အိမ်လွမ်းသူ၊ စာရေးဆရာမ မီးအိမ်ရှင် တို့ကလဲ ပုလင်းလွှင့်ပစ်သူများ အသင်းထောင်မယ်ဆိုလား? ပုလင်း အယင်ယူပစ်ရမယ် ဆိုလား? ဖေါက်ပြန်တဲ့ ဘလောက်ဂါလို့ အမည်တပ်မယ် ဆိုလား? ဝိဝါဒ မကွဲပြားကြသေးဖူးလို့…. ဆိုပဲ၊ ဒါ …အော်ရီဂန် နောက်ဆုံးရ သတင်းပေါ့... အမေရိကန်လိုပြောယင် ဟဒ် နယူး(စ်)ပါ။

ဟဲ…ဟဲ…ဟဲ …. အေးချမ်းကြပါစေ။

မှတ်ချက်။ အမေရိကားတခွင် ပြဲပြဲစင် မြန်မာတို့၏ အဖြစ်သနစ် .... ကွန်မန့် Vote သူ ၁၀ဦးရလျှင် မြင်မိသလို ရေးမည်။

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.