Friday, December 19, 2008

[Laminkhin] 2 New Entries: ထောင်ထဲမှစာအား ထောင်အပြင်ထုတ်မူ ဖြင့် (၉) နှစ်ထောင်ချခံ

ထောင်ထဲမှစာအား ထောင်အပြင်ထုတ်မူ ဖြင့် (၉) နှစ်ထောင်ချခံ

ထောင်ထဲမှစာ ထောင်အပြင်သို့ ထုတ်ပေးခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ကိုမာကီး၏
ညီဝမ်းကွဲ တော်စပ်သူ ကိုဇော်နိုင်ထွေးအား အင်းစိန်မြို့နယ် တရားရုံးမှ လာဘ်ပေးလာဘ်ယူ
ပြစ်မှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်သည်။

လွန်ခဲ့သည့် ၉ လခန့်က ကိုမာကီး (ခေါ်) ကိုကျော်ကျော်ထွေးကို ထောင်ဝင်စာတွေ့ပြီး
ထောင်ဝန်ထမ်းများနှင့် ပူးပေါင်းကာ ကိုမာကီးက ထောင်ပြင်ပသို့ ပေးပို့သော စာကို စရဖ
ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က သိရှိသွားပြီး တရားစွဲဆိုခဲ့ရာမှထောင်ချခံရခြင်း ဖြစ်သည်။

"အဲဒီစာကို ၀န်ထမ်းနဲ့ ချိတ်ပြီးတော့ အပြင်ထုတ်တာပေါ့နော်။ အဲဒီဝန်ထမ်းကို ကိုမာကီးက
ပေးထားလိုက်တဲ့ အချိန်မှာ စရဖက ဖမ်းလိုက်တာ။ မိသွားတော့ ကိုမာကီလည်း အဲဒီတုန်းက
တိုက်တလ အပိတ်ခံရတယ်။ ပြီးတော့ ဒီဝန်ထမ်းနဲ့ ပြန်မျှားပြီးတော့၊ ကိုမာကီရဲ့ ညီကို
ဝန်ထမ်းနဲ့ တနေရာမှာ ချိန်းပြီးတော့ ပေးတဲ့အချိန်မှာ စရဖ တပ်ဖွဲ့ဝင်တွေက
ကောက်ဖမ်းလိုက်တာ" ဟုပြောသည်။

ကိုဇော်နိုင်ထွေး၏ အမှုတွဲ၌ ပါဝင်သူ ထောင်ဝန်ထမ်း ၃ ဦးလည်း ထောင်ဒဏ် ၃ နှစ်စီ
ချမှတ်ခံရသည်။ ကိုမာကီသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များအား အကြောင်းပြချက် မပါရှိဘဲ အာဏာပိုင်များ၏ ဖမ်းဆီး
မှုတွင် ပါဝင်ခဲ့သည်။ သူ့ကို ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က အခြား ကျောင်းသား
ခေါင်းဆောင်များ နည်းတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

ကိုမာကီးသည် တနင်္သာရီတိုင်း မြိတ် အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည်။

မစိုးရိမ်ဆရာတော်ဘုရားကြီး ဘ၀ နတ်ထံ ပျံလွန်တော်မူချေပြီ

သက်တော်(၉၆)နှစ်ရှိပေမယ့် ။ ၀ါတော်(၇၆)၀ါရရှိခဲ့ပေမယ့်
ဆရာတော်ရဲ့ စိတ်ဓာတ်တော်ဟာ ပြင်းထန်ခိုင်မာနေဆဲ
တိုင်းပြည်နဲ့ လူမျိုးကို ဘာသာနဲ့ သာသနာကို
ချစ်နေဆဲ
ဘယ်လောက်ပဲချစ်ခဲ့ပေမယ့်
လူသားမှန်သမျှ အားလုံးဟာ တစ်နေ့တော့
သေခြင်းတရားဆီ
အသေအချာ သွားကြရမှာ ဖြစ်တဲ့အလျှောက်
်ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ပြည်လမ်း ၊မြေနီကုန်း ၊မစိုးရိမ်ပရိယတ္တိစာသင်တိုက်ကြီးရဲ့
ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူတဲ့
မစိုးရိမ်သက်တော်ရှည်
ဆရာတော်ကြီးဟာ
ဒီနေ့
၁၃၇၀-ပြည့်နှစ် ၊ နတ်တော်လပြည့်ကျော်(၅)ရက်
(၁၇၊၁၂၊၂၀၀၈)
ဗုဒ္ဓဟူးနေ့
မနက်(၂း၁၅)မိနစ်အချိန်မှာ
ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ် ။
ဆရာတော်ရဲ့စိတ်ဓာတ်တော်ဟာ
နောင်ဘ၀မှာလည်း
လင်းလက်ပြင်းထန်နေဦးမယ်လို့ ထင်မိပါရဲ့ ။
ဒီစာစုလေးနဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးတော်ကို ပူဇော်တုန့်ဆပ်လိုက်ပါတယ် ။
ဆရာတော့်ကျေးဇူးတော်နဲ့ နှိုင်းစာရင် ကျွန်တော့်ရဲ့ ပူဇော်မှုဟာ
တကယ့် အသေးအမွှား
မြူတစ်မှုန်စာလောက်ပဲ ရှိပါတယ် ။

Posted by ဆူးရင့် at 6:04 AM

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.