Friday, December 19, 2008

[ဟန်ဆောင်တာတွေထားခဲ့ပါ ....] 1 New Entry: ရေသူမလေးရဲ. ချစ်ပုံပြင်

ရေသူမလေးရဲ. ချစ်ပုံပြင်

ဟိုးးးးး တစ်ခါတုန်း ရှေးရှေးကပေါ့ ရေသူထီးဘုရင်တစ်ပါးက ရေအောက်နန်းတော်ကြီးမှာ အုပ်စိုးတယ်တဲ့။ ရေသူထီးဘုရင်ကြီးမှာ အင်မတန်ကို ချောမောလှပတဲ့ ရေသူမသမီးတော် ၆ ယောက်ရှိတယ်တဲ့။ ၆ ယောက်လုံးဟာ အရမ်းကို ချောမောလှကြပါတယ် အငယ်ဆုံးဖြစ်တဲ့ ရေသူမထွေးလေးကတော့ ရေသူအစ်မ ၅ယောက်ထက်ပို ချောမောလှပပါတယ်။ သူတို့ ရေအောက်ကမ္ဘာရဲ. စည်းကမ်းချက်အရ အသက်၁၈ နှစ်ပြည့်မှသာ ရေပေါ်ကိုတက်လာ ခွင့်ရှိပါတယ်။

ရေသူမ ၅ ယောက်လုံးဟာ အသက်၁၈ နှစ်ပြည့်လို့ ရေပေါ်ကို တက်ခွင့်ရပြီ ပြင်ပလောကကြီးရဲ. အလှအပများကို နေ့စဉ်နေ့တိုင်း လာရောက်ခံစား ပျော်ရွှင်ကစားပြီး ပြန်လေ့ရှိပါတယ်။ အစ်မတော် ၅ ယောက်ပြန်လာတိုင်း သူတို့ တွေ့ခဲ့တဲ့ ကောင်ကင်ကြီးဘယ်လောက်လှကြောင်း၊ တိမ်တွေဘယ်လိုလှကြောင်း၊ ညဘက်ဆိုရင် ကောင်ကင်ကြီးမှာ ကြယ်တွေ ၊ လတွေ ဘယ်လိုတောက်ပနေကြောင်း စသဖြင့် တွေ့မြင်ခဲ့သမျှကို ညီမတော်ဖြစ်တဲ့ ရေသူမထွေးကို အမြဲလာလာပြောကြတယ်။ ရေသူမထွေးဟာ အစ်မတော်တွေ ပြောပြတဲ့ ရေပေါ်ပြင်ပ သာယာလှပပုံကို စိတ်ကူးယဉ်ပြီး ရေပေါ်ကို တအား တအား တက်ချင်တာ။ အသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက်လိုမှ တက်ခွင့်မရှိတာကြောင့် အသက် ၁၈ နှစ်ပြည့်တဲ့နေ့ကို စိတ်ကူးယဉ်ပြီး အစ်မတော် ၅ယောက် နေ့စဉ်နှင့်အမျှ လာပြောသမျှကို နားထောင်ရင်း စောင့်နေတယ်။

ဒီလိုနဲ့ ရေသူမထွေးဟာ သူမစောင့်စားနေခဲ့တဲ့ နေ့ကိုရောက်ရှိလာပါတယ်။ ရေသူမထွေးက သူအသက် ၁၈နှစ် ပြည့်ပြည့်ချင်းနေ့မှာပဲ ပင်လယ်ရေပေါ်ကို တစ်ရှိန်းထိုးကူးခပ်တက်သွားတယ်။ ရေပေါ်ကို ထွက်ထွက်ခြင်းမှာပဲ ပင်လယ်လေနုတွေကို ရှူရှိုက်လိုက်ရတယ်၊ တစ်ဆက်တည်းမှာပဲ သူ့ အစ်မတော်တွေပြောတဲ့ ကောင်းကင်ပြာကြီး၊ တိမ်ဆိုင်ဖြူအုပ်အုပ်ကြီးတွေက သူမထင်ထားတာထက်ပိုလှပနေလို့ ရေသူမထွေးက အရမ်းကို ပျော်ရွှင်မြူးတူးစွာ ကစားနေတယ်။

ရေသူမထွေး ကစားနေတဲ့အချိန်မှာပဲ တိုင်းပြည်တစ်ပြည်ရဲ. မင်းသားဟာ ပင်လယ်ပြင်ကြီးထဲကို သင်္ဘောကြီးနှင့် ပျော်ပွဲစားထွက်လာတယ်။ သင်္ဘောကို မမြင်ဘူးတဲ့ ရေသူမထွေးလေးဟာ အထူးအဆန်းဖြစ်ပြီး သဘော်ကြီးနားကို ကပ်သွားတယ်။ သင်္ဘောပေါ်မှာ ပျော်ရွင်နေတဲ့ မင်းသားလေးကိုတွေ့ပြီး မြင်မြင်ခြင်း ချစ်သက်ဝင်သွားတယ်။ မင်းသားလေးကို ရေသူမထွေးငေးကြည့်နေတဲ့ အချိန်မှာပဲ သင်္ဘောကြီးက ရုတ်တရက်မီးလောင်ပြီး ရေအောက်ထဲကို မြုပ်သွားပါတယ်။ လူတွေက ရုတ်ရုတ်သဲသဲဖြစ်ပြီး လူတိုင်းက အသက်ရှင်အောင် ကြိုးစားနေကြတယ်။ ဖြစ်ချင်တော့မင်းသားလေးက ရေမကူးတတ်ဘူး။ အားလုံးက အသက်လုပြီး လွှတ်မြောက်အောင်ကြိုးစားနေတော့ မင်းသားလေကို ကယ်မယ့်သူမရှိပဲ မင်းသားလေးဟာ ရေထဲကို နစ်ကျသွားပါတယ်။

ရေသူမလေးကို မင်းသားလေးကို ချစ်မိသွားတဲ့အတွက် မင်းသားလေးကို ကယ်ဆယ်ပြီး လူရှင်းတဲ့ ကမ်းခြေကိုခေါ်သွားတယ်။ ကမ်းခြေကိုရောက်တော့ ရေသူမလေးက သတိမေ့နေတဲ့ မင်းသားလေးကို သတိပြန်လည်အောင် ကူညီပေးလိုက်တယ်။ မင်းသားလေးသတိရလာတော့မယ့်အချိန်..... အဲ့အချိန်မှာ တစ်ခြားတိုင်းပြည်က မင်းသမီးတစ်ပါးက ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာပါတယ်။ အဲ့တာကို ရေသူမလေးက မြင်တော့ လန့်ပြီးရေထဲကို ဆင်းပြေးသွားပါတယ်။ မင်းသမီးက သတိမေ့နေတဲ့ မင်းသား အနားကိုရောက်တယ်။ မင်းသားနိုးသတိပြန်လည်လာတဲ့ အချိန်မှာ မင်းသမီးကို သူ့နံဘေးမှာ တွေ့လိုက်ရတော့ သူ့အသက်ကိုကယ်တဲ့ အသက်သခင်ကျေးဇူးရှင်လို့ထင်သွားတယ်။ အဲ့တော့ မင်းသားက ကျေးဇူးဆပ်တဲ့ အနေနဲ့ မင်းသမီးကို လက်ထပ်ယူပါမယ့်တဲ့။ အဲ့ဒီအချိန်မှာပဲ မင်းသားကိုရှာဖို့ ထွက်လာတဲ့ စစ်သည်တွေရောက်လာတယ်။

ဒီအဖြစ်ကိုတွေ့သွားတဲ့ ရေသူမလေးကတော့ ၀မ်းနည်းကျေကွဲနေတာပေါ့။ တစ်နေ့မှာ မင်းသားကိုကယ်ခဲ့တဲ့သူဟာ သူမပါလို့ မင်းသားကိုပြောဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူမမှာ လူတစ်ယောက်လို လမ်းလျှောက်သွားလာနိုင်တဲ့ ခြေထောက်မရှိလို့ ရေသူမလေးက စိတ်ညစ်နေတယ်။ မင်းသားကို ချစ်မိတဲ့နေ့ကစပြီး မင်းသားကိုချစ်မိတဲ့ စိတ်က တဖြည်းဖြည်း ရင်ထဲမှာကြီးမားလာတယ်။ မင်သားကိုတွေ့ချင်စိတ်တွေက တားမရဘူး။ ဘယ်လိုမှလည်း မလုပ်နိုင်တော့ ရေသူမလေးက အရင်လို မပျော်ရွင်ပဲ တစ်မှိုင်တစ်တွေဖြစ်နေတယ်။ ညီမရေသူမထွေး မပျော်တော့ အစ်မ ၅ ယောက်လုံးကလည်း မပျော်နိုင်ဘူးဖြစ်နေတယ်။

တစ်နေ့တော့ ရေအောက်က စုန်းမတစ်ယောက် ရေသူမထွေးနားရောက်လာပြီး ရေသူမထွေးကို လူတစ်ယောက်လိုမျိုး လမ်းလျှောက်နိုင်အောင် ကူညီပေးမယ်။ အဲ့ဆေးကိုဖော်ဖို့ရာ ရေသူမထွေးရဲ. လျှာကိုသုံးရမယ်တဲ့။ ရေသူမလေးက ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်မယ်ဆိုရင် သူမ မင်းသားနားသွားနိုင်တော့မယ်ဆိုတော့ ဘာကိုမှ မစဉ်းစားတော့ပဲ စုန်းမကြီး စကားကို သဘောတူလိုက်တယ်။ စုန်းမကြီးကလည်း ရေသူမလေးရဲ. လျှာနဲ့ ဆေးဖော်ပြီး သူမရဲအောက်ပိုင်းခန္ဓကိုယ်ကို အဲ့ဆေးနဲ့ သုတ်လိမ်းလိုက်တော့ လှပတဲ့ ခြေထောက်တစ်စုံအဖြစ် ပြောင်းသွားတယ်။ ခြေထောက်တစ်စုံဖြစ်သွားတော့ ရေသူမလေးက အပျော်ကြီးပျော်ပြီး မင်းသားရှိတဲ့နေရာကို ထွက်သွားတယ်။

ဒါပေမဲ့ ရေသူမရဲ. ခြေဖ၀ါးတစ်စုံဟာ နူးညံလွန်းတာကြောင့် ခြေလှမ်းတိုင်းဟာ ဆူးခင်းလမ်းကို ဖြတ်ရသလိုမျိုး ဖော်မပြနိုင်အောင် နာကျင်တယ်။ သို့ပေမဲ့ ချစ်တဲစိတ်နဲ့ ကြိတ်မှိတ်ပြီး မင်းသားလေးဆီကို အရောက်သွားပါတယ်။
မင်းသားဆီရောက်သွာတော့ မင်းသားကလည်း ရေသူမလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတယ်။ ဒါပေမဲ့ သူမှာ လက်ထပ်ရမယ့် မင်းသမီးရှိတော့ ရေသူမလေးကို ညီမလေးတစ်ယောက် ဆက်ဆံပြီး သူ့ ခမည်းတော်ဘုရင်နဲ့ မိဖုရားဆီကို ခေါ်သွားပါတယ်။ ဘုရင်နဲ့မိဖုရားကလည်း ရေသူမလေးကိုချစ်ခင်တော့ ရေသူမလေးက နာကျင်တာတွေ မေ့ပျောက်ပီး ပျော်ရွင်နေတယ်။

တစ်နေ့တော့ မင်းသားလေးက ရေသူမလေးကို မေးတယ်။ မင်းဘာလို့ င့ါကို စကားတစ်ခွန်းမှ မပြောတာလဲ။ ငါ့ဆီမှာနေရတာ မပျော်လို့လား။ နင်နဲ့ငါနဲ့ စောစောတွေ့ခဲ့ရင်ကောင်းမယ်။ နင့်ကိုငါချစ်တယ် ဇနီး မယားတစ်ယောက်အဖြစ် လက်ထပ်ယူချင်တယ်၊ ဒါပေမဲ့ ငါ့ နောက်တစ်ပတ်ဆို မင်းသမီးတစ်ယောက်ကို လက်ထပ်ရတော့မယ်။ သူက င့ါအသက်သခင်ကျေးဇူးရှင်ဖြစ်တယ်၊ သူ့ကို လက်ထပ်ဖို့ ကတိပြုထားပြီးသားဆိုတော့ ငါမဖြစ်မနေလက်ထပ်ရမယ့်တဲ့။ ရေသူမလေးက အရမ်းနာကျင်ကျေကွဲပြီး မင်းသားကို အဖြစ်မှန်တွေ ရှင်းပြချင်တယ် ၊မျက်ဝန်းကတားဆီးမရအောင် မျက်ရည်တွေကျလာတယ်။ ရေသူမလေးက မင်းသားကို စကားပြောဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ မင်းသားလေးကို ရှင်းပြချင်တယ် သူ့ကိုကယ်ခဲ့တာ မင်းသမီးမဟုတ်ပဲ သူမဖြစ်ကြောင်းပြောပြချင်တယ်။ ရေသူမမှာ လျှာမရှိတော့တာကြာင့် ဘယ်လိုမှ ပြောလို့မထွက်တာ မင်းသားမသိနိုင်ဘူး။ ရေသူမလေးက ဆက်မခံစားနိုင်တော့ပဲ ပင်လယ်ပြင်ဘက်ကို ပြေးထွက်လာခဲ့ပြီး ကမ်းစပ်မှာ ငိုကြွေးနေတယ်။

ဒီလိုနဲ့ မင်းသားလက်ထပ်ရမယ့်နေ့က နီးတစ်ထပ်နီးလာတယ်။ ရေသူမလေးရဲ.အဖြစ်ကို မကြည့်ရက်တဲ့ အစ်မ ၅ ယောက်က တိုင်ပင်ပြီး ရေသူမထွေးကို ကယ်တင်ဖို့ကြိုးစားကြတယ်။ တစ်ညမှာ အစ်မ ၅ ယောက် ရေသူမထွေးငိုနေတဲ့ ကမ်းစပ်ပေါ်ကိုတက်လာခဲ့တယ်။ ပြီးတော့ ရေသူမထွေးလက်ထဲကို ဓါးတစ်ချောင်းထည့်ပေးလိုက်တယ်။ ပြီးတော့ ရေသူမထွေးကိုပြောလိုက်တယ် ...... ဒီ ဓါးနဲ့ မင်းသားရဲ. နှလုံးသားကိုထိုးလိုက်ပါ နှလုံးသားကထွက်လာတဲ့ သွေးနဲ့ ခြေထောက်ကိုထိမိရင် ရေသူမလေး ခြေထောက်တွေပျောက်ပြီး ရေသူမပြန်ဖြစ်သွားမယ်တဲ့။ ဒီလို ကြေကွဲစရာကောင်းတဲ့ လူပြည်မှာ မနေနဲ့။ ရေအောက်နန်းတော်လိုက်ကို ပြန်လိုက်ခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နေရအောင်တဲ့။ အဲ့ဒီဓါးက ရေသူအစ်မ ၅ ယောက်ရဲ. လှပတဲ့ဆံပင် နဲ့ စုန်းမလုပ်ပေးလိုက်တယ်။ အကယ်လို့ ဒီတစ်ညကျော်လို့မှ သူတို့တွေ ရေအောက်ပြန်မရောက်ရင် ရေသူမ ၆ ယောက်လုံးက ပင်လယ်လှိုင်းကျရင် ကျန်တဲ့ရေမြုပ်တွေ အဖြစ်ပြောင်းသွားမယ်တဲ့။ ဒါကြောင့် ဒီညမကျော်ခင် မင်းသားကို နှလုံးသားကိုထိုးပြီး ပြန်လာပါလို့ ညီမရေသူမထွေးကိုမှာလိုက်တယ်။

ရေသူမထွေးက ဓါးကို ကိုင်ပြီး တွေဝေနေတယ်။ ရေသူမလေးက သူသိပ်ချစ်တဲ့မင်းသားကို မသတ်ရက်ဘူး၊ သူ့ မိသားစုရှိတဲ့ ရေအောက်ကမ္ဘာကိုလည်း ပြန်သွားချင်တယ်။ အဲ့စိတ် ၂ ခုကြားမှာ ရေသူမလေး လွန်ဆွဲနေတယ်။ အချိန်တွေလည်း တော်တော်ညောင်းလာပြီ။ မင်းသားရဲ. လက်ထပ်ပွဲလုပ်တဲ့ အချိန်လို့ ပျော်ရွှင်ရွှင်နဲ့ လက်ထပ်ပွဲ ကိုဆင်နွဲနေတယ်။ ဒီလို ပျော်ရွှင်နေတဲ့ မင်းသားကိုတွေ့တော့ ဘယ်လိုမှ မသတ်ရက်ပဲ ဓါးကို လွှတ်ချပြီး ပင်လယ်ဘက်ကို ပြေးထွက်တာတယ်။ ဒီလိုနဲ့ တစ်ညကျော်သွားရော ရေသူမလေး ၆ ယောက်ဟာ ပင်လယ်ရေမြုပ်တွေ အဖြစ်ပြောင်းကုန်ကျတယ်။ ပင်လယ်ပြင်ကြီးမှာ လှိုင်းတွေတက်လာပြီး ကျသွားရင် ရေမြုပ်လေးတွေ ကျန်နေခဲ့ရင် အဲ့ရေမြုပ်တွေက ရေသူမလေး ၆ ယောက်ရဲ. ၀ိဥာဉ်ဖြစ်တယ်တဲ့။

* * * * * * * * * * * * * *


ပုံပြင်လေးကတော့ ဒါပါပဲ။ ဟိုနေ့က ပင်လယ်ကမ်းခြေကိုသွားလည်တော့ ငယ်ငယ်တုန်းက ဖတ်ဘူးတဲ့ ပုံပြင်လေးကို သတိရတာနဲ့ ပြန်ရေးလိုက်တာပါ။ ကြာသွားပြီဖြစ်လို့ တစ်ချို.နေရာက သိပ်မမှတ်မိပဲ မှားယွင်းတာများ ရှိရင် နားလည်ပေးပြီး ပြင်ဆင်ဖြည့်စွတ် ဖတ်ရှူ.ကြပါ။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://nhinpwintphyulay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.