Friday, December 19, 2008

[HAN LIN HTUN] 1 New Entry: ဝေဖန်ရေး

ဝေဖန်ရေး

ကျနော်တို့တွေ နေ့စဉ် ဖြတ်သန်းနေရတဲ့အခါ အမြဲတမ်း ရှောင်လွှဲလို့ မရတဲ့အထဲမှာ ဝေဖန်ရေးဆိုတဲ့ အပြောလွယ် သလောက် ခံရခက်တဲ့ ကိစ္စရှိတစ်ခု ရှိတယ်ဆိုတာကို မည်သူမှ ငြင်းကြမယ် မထင်ပါဘူး။ ကိုယ်က သူများကိုလည်း ဝေဖန်တက်ကြပေမယ့် ကိုယ့်ကိုဝေဖန်ခံရတဲ့အခါ ဆက်ဆက်ထိနာတက်ကြတယ်။ တခါတလေ ကိုယ်ကအပြုသဘောဆောင်ဝေဖန်ပေမဲ့ တဖက်သားဝေဖန်ခံရသူက ပြန်လည်တုံ့ပြန်တဲ့အခါမှာ စကားများ ရန်ဖြစ်ပြီး ခင်မင်မှုတွေ မကြာခဏ ပျတ်သွားကြတယ်။ ဘာလို့လဲ ? 

ငါကသူ့ကို အကောင်းပြောတာပဲ။ ကျေးဇူးတင်ရမယ့်အထဲ ငါ့ကိုတောင် ပြသာနာပြန်ရှာတယ်။ ဒီကောင် ဘာတွေလျှောက်ပြောနေလဲမသိဘူ့း ဘာတွေ လျှောက်လုပ်နေလဲမသိဘူ့း သောက်ရူး။ အဲ့ဒီကောင် သောက်ရူး။ ဒီစကားတွေ အပြင်လောကမှာ မကြားချင်အဆုံးပဲ။ အဲ့ဒီလိုပြောတဲ့လူတွေ တွေ့ရင် သိပ်ရယ်ချင်တယ်။ ကိုယ်ပြောတဲ့ အဓိပ္ပာယ်က ဘယ်လို သက်ရောက်နေပြီလဲဆိုတာ မသိကြဘူး။ 

တချို့ဘလောဂ်တွေမှာလည်း စာဖတ်သူက စပ်စပ်မှုမရှိ ပြောချင်ရာပြောသွားကြသည်။ အပြောခံရသူက ဖုပြီး ပြန်ပြောတော့ ပြသာနာတွေဖြစ်ကြသည်။ တစ်ရက်က အမျိုးသမီးဘလော့ဂ်တစ်ခုမှာဖတ်လိုက်ရတယ်။ အမျိုးသမီးဘလော့ဂ်ဂါက နိုင်ငံရေးနှင့် မပတ်သက်ချင်တာကြောင့် အေးအေးဆေးဆေးနေတာကို တာဝန်မကျေဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အီးမေးဖြင့် တကူတက လှမ်းဆဲပါတယ်။ စိတ်မကောင်းစရာ ကိစ္စတစ်ခု။ ကိုယ်နိုင် ကိုယ်အားသာတဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ နိုင်ငံရေးလုပ်မှ တိုင်းပြည်ကို အလုပ်အကျွေးပြုတာ မဟုတ်ပါဘူး။

အခုလို မြန်မာပြည်ရဲ့ အပြင်မှာနေရတဲ့အခါမှာ ခဏခဏ ကြားနေရတဲ့ စကားလုံးတွေက ဗမာတွေ သောက်ကြီး သောက်ကျယ်လုပ်တာပါ။ ဗမာတွေ ဗမာတွေက ဗမာတွေက တဲ့။ စိတ်မကောင်းစရာပါ။ ကိုယ်စိတ်ထဲမှာ မကျေတဲ့သူ ၊ ကိုယ်အမြင်မှာ မကြည်လင်ဘူးဆိုရင် နာမည်ထည့်ပြီး ပြောသင့် ဝေဖန်သင့်တယ်။ အခုတော့ အဲ့ဒီလိုမဟုတ်။ ၀လုံးအရှည်နဲ့ သိမ်းကြုံးပြီးတော့  မရမ်းသင့်ပါဘူး။
 
ကျနော်တို့တွေ သူများကို ဝေဖန်တဲ့အခါ မည်သို့ဝေဖန်ကြသလဲ။  တကယ်တော့ အဝေဖန်မတက်ရင် သူများတကာကို ဆဲသလိုပါပဲ။ သူများရဲ့ မှားကွက်တွေ ၊ အားနဲချက်တွေကိုပဲ ထောက်ပြနေမယ်ဆိုရင် တဖက်သားကို ပြသာနာရှာတာနှင့်တူပါတယ်။ ဒီနေရာမှာ ဝေဖန်ရေးဆရာ ဂျွန်ဆိုင်မွန်ရဲ့ လမ်းညွှန်ချက်လေး ၃ ခုလောက် မျှဝေပါရစေ။ သူ့ရဲ့ လမ်းညွှန်ချက်တွေက ဝေဖန်ရေးများကို အသက်ဆက်စေရုံသာမက ၊ ဝေဖန်သူ နှင့် ဝေဖန်ခံရသူတို့ အတွက် ချစ်ကြည်ရေး လက်ဆွဲနှုတ်စေတဲ့ လမ်းညွှန်ချက်တွေပါ။

၁။ ဝေဖန်ရေးသည် `စားသုံးသူ လမ်းညွှန်` consumer guide မဟုတ်။ ခွဲခြား စိတ်ဖြာနိုင်ရမည်။ ဦးနှောက်မုန်တိုင်းဆင်ရမည်။ တွေးစရာမပါလျှင် ဝေဖန်ရေးမဟုတ်။

၂။ ဝေဖန်ရေးသည် ရန်သူဖော်ထုတ်ဖို့မဟုတ်သလို ၊ သူရဲကောင်း ကိုးကွယ်ဖို့မဟုတ်။ အိုင်ဒီယာ သစ်ရေးသို့ ဦးတည်နေရမည်။

၃။ ဝေဖန်ရေးသည် `တံခါးဖွင့် စူးစမ်းလေ့လာရေး`လူပ်ရှားမှုဖြစ်သည်။ လူတိုင်းပါဝင်စေနိုင်ဖို့ လမ်းဖွင့်ပေးရမည်။ (ကျော်ဝင်း - နိုင်ငံတာအက်ဆေးစုစည်းမှု)

အပြုသဘောဆောင် ဝေဖန်နိုင်ကြပါစေ။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.