Friday, December 19, 2008

[ဇောင်း] 1 New Entry: သံယောဇဉ် ကြိုးဝိုင်း

သံယောဇဉ် ကြိုးဝိုင်း

အချစ်ဆိုတဲ့ စကားလုံးထက် ပိုတန်ဖိုးရှိတဲ့ စကားလုံးတစ်ခုရှိပါတယ် အဲ့ဒါကတော့ သံယောဇဉ် ပေါ့…။ အချစ်ဆိုတာ ရေနွေးပူလိုပါပဲ သုံးတတ်ရင် အမျိုးမျိုးသုံးလို့ရတယ် မသုံးတတ်ရင်တော့ အပူလောင်ပြီ သာမှတ်..။ ချစ်ပြီးရင် အမုန်းဆိုတာ လာစမြဲပါပဲ။ သံယောဇဉ်ဆိုတာကတော့ တော်တော်ကို အေးမြတဲ့ တောင်ကျရေလိုပါ….။ အရောင်တွေမပါတဲ့ ခင်မင်ခြင်းတွေမှာ အကြီးမားဆုံးက သံယောဇဉ်ပေါ့…။ သံယောဇဉ်ကြီးမားလွန်းလို့ အဖေ နဲ့ အမေ အစ်ကိုတွေ အစ်မတွေ ညီလေးတွေ ညီမလေးတွေ သူငယ်ချင်းတွေ နဲ့ မခွဲခြင်ဘူး…။ ငါသေသွားရင် သူတို့ဘယ်လိုနေမလဲ၊ ဒုက္ခရောက်သွားကြမှာလား၊ စားဝတ်နေထိုင်ရေးအတွက် ဘယ်လိုလုပ်ကြမလဲ.. အဲ့ဒီလို အတွေးတွေ နစ်မွန်းနေရင်း ငါမရှိရင်ဘယ်လိုနေမလဲ ငါသေသွားခဲ့ရင် ငါသေသွားခဲ့ရင်….. အတွေးတွေက အိပ်ပျက်ညတွေမှာ မက်ခဲ့ရတဲ့ ချောက်ချားအိပ်မက်တွေလိုပါပဲ… ဒါတွေက ကြီးမားတဲ့ သံယောဇဉ်တွေကြောင့်ပါ..။ ကိုယ့်ကိုယ်ကို လွတ်လပ်မှုတွေကို ချိတ်ပိတ်ခဲ့တဲ့နောက် အေးမြလှတဲ့ သံယောဇဉ်ကြီးထဲမှာ အခြေချနေထိုင်လာခဲ့ရာ ငယ်စဉ်ကလို ပျော်စရာတွေကောင်းလာသလို ခေါင်းဆောင်ဆိုသော နေရာကို ရောက်ခဲ့ရပြန်တော့ အကောင်းအဆိုးတွေက တစ်လှည့်ပြီးတစ်လှည့်ဝင်လာပြန်တယ် မမှု့ပါဘူး…ငါ့မှာ သံယောဇဉ်နှောင်ကြိုးတွေ အများကြီးရှိနေတာပဲ….။


သံယောဇဉ်ထက်
အေးမြနိုင်သောအရာဟာ
သေခြင်းတရားတဲ့လား
{ဇောင်း}



You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.