Friday, December 19, 2008

[Padauk Myay] 2 New Entries: ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်နေသူများ

ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်နေသူများ

မျိုးဆက်သွေး

(မျိုးဆက်သွေးရဲ့ ဝေဖန်စာတစ်ပုဒ်ပါ။ မျိုးဆက်သွေးအနေနဲ့ ဒေါသနဲနဲလျှော့ပြီး ရေးရင်ပိုပြီး ဖတ်ပျော်မယ်ထင်ပါတယ်။ သိတ်ဆိုးတဲ့ တစ်ပိုဒ်တော့ ဖြုတ်ထားလိုက်ပါတယ်။ ပိတောက်မြေကတော့ ဘယ်သူနဲ့မှ မပတ်သက်ပါဘူး။ ကြိုက်တဲ့စာတွေကို ဝေမျှပေးတဲ့ သဘော ပါပဲ။ ကြိုက်ရင်ယူ မကြိုက်ရင် ဝေဖန်ပေါ့ဗျာ။ ဒါပါဘဲ။)

ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်ဆိုတဲ့ စကားက ဆရာမောင်သာရ စာတစ်ပုဒ်မှာ သုံးသွားခဲ့တယ်။ ခေတ်စနစ် တစ်ခုအပြောင်းမှာ ဟိုဘက်လိုလို ဒီဘက်လိုလို ခွစားနေတဲ့သူတွေကို အထိမိဆုံး ပြောနိုင်တဲ့စကားပါ။ ပိတောက်မြေက ဆရာသမားများဟာ အဲဒီလိုလူတွေ ဟုတ်မဟုတ်တော့ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဟိုဘက် ဒီဘက်အမြင် အားလုံးကို တင်ပေးတာပါလို့ ဆိုတာကိုး။ အတွင်းစိတ်က ဘယ်လိုရှိတယ်ဆိုတာတော့ သူတို့မှ သိမှာပဲ။ လမ်းပြမြေပုံကလဲ ပြီးတော့မှာဆိုတော့ ပြည်တွင်းနိုင်ငံရေးမှာလဲ ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက် ဟိုဘက်သည်ဘက် ခွတုတ်ချင်တဲ့သူတွေ အတော်ပေါ်လာတယ်။ သူတို့အကြောင်းက နောက်မှရေးဦးမယ်။ အခုတော့ ဂျာနယ် စာမျက်နှာတွေပေါ်ကနေ နေရာယူ ခွတုတ်နေတဲ့သူတစ်ယောက်အကြောင်းပြေချင်တယ်။

ပိတောက်မြေစာမျက်နှာတွေပေါ်မှာ The Voice ဂျာနယ်နဲ့, Living Colour မဂ္ဂဇင်းက စာတွေ ကူးပြီးတင်နေတာ သတိပြုမိတယ်။ ပိတောက်မြေက ဒီစာတွေ ဘယ်သူရေးတယ်ဆိုတာ သိပုံမရဘူး။ သိရင်တော့ တင်ပေးမယ် မထင်ဘူး။ အဲဒီစာတွေကို နံမည်အမျိုးမျိုးနဲ့ ရေးနေတာက ဒေါက်တာနေ၀င်းမောင်ပါ။ နေ၀င်းမောင်ဟာ သူ့မိဘအရှိန်အ၀ါနဲ့ စာပေလောကကို ၀င်လာသူဖြစ်တယ်။ တစ်ဘက်က လည်း သူပဲ မြန်မာနိုင်ငံရေးကို သိတယ်။ သူပဲ အစိုးရကို ဝေဖန်ရဲတယ်ဆိုတဲ့ အချိုးနဲ့ နိုင်ငံခြား NGO တွေကို ကပ်တယ်။ အတိုက်အခံ အသိုင်းအ၀ိုင်းကိုကျတော့ သူအနေနဲ့ ရတဲ့နေရာကို အသုံးချပြီး အပြောင်းအလဲတွေဖြစ်ဖို့ လုပ်နေတာပါဆိုတဲ့ အချိုးချိုးတယ်။ စာပေနယ် က လူချင်းကျတော့ ဒီမောင်တွေက ငါ့လိုစာမတတ်၊ နိုင်ငံတကာ exposure မရှိ၊ ဒွတ်ဒက်ရွှတ်ရှက် မမှုတ်တတ်ဆိုပြီး အဖက်မတန်တဲ့ အချိုးချိုးတယ်။ အင်း အစိုးရတောင် သူ့လောက်မသိဘူးလို့ ထင်တယ်။ သူ့စာစောင်တွေမှာ သူနံမည်အမျိုးမျိုးနဲ့ ရေးနေတဲ့ ဆောင်းပါးတွေ ကြည့်ပါလား။

သူဘယ်နိုင်ငံသွားလိုက်တာ။ ဘာတွေတွေ့၊ မြန်မာပြည်မှာက တစ်မျိုးဖြစ်၊ ဒါတွေပြင်မှ ဖြစ်မယ်ဆိုတဲ့ xxxxxxxxx ချိုးပဲပြောနေတာ တွေ့ရမယ်။ ကဲစီးပွားရေးမှာ အစိုးရလုပ်ပုံကလည်းမဟန်၊ စီးပွားရေးသမားတွေလုပ်ပုံကလည်း နိုင်ငံရေးစံမမှီဆိုပြီး ပြောတဲ့စကားကို ကြည့်ရအောင်။ ဒီစကား အရဆိုရင် နေ၀င်းမောင်ဟာ မဖား၊ မယား၊ မကပ်ဘဲနဲ့ ရိုးရိုးသားသား ရပ်တည်နေတဲ့ မီဒီယာသမားကြီး၊ နိုင်ငံတကာပညာရှင်ကြီးလို့ ထင်ရပေမယ်။ ဟုတ်ရဲ့လား၊ သူစီးပွားရေး လောကထဲကို မီဒီယာထဲကို ဘယ်လိုဝင်လာသလဲ။ မှန်း သမင်လည်ပြန် ကြည့်လိုက်စမ်းမယ်။

၁၉၈၇ မှာဆရာဝန်ဖြစ်လာတဲ့နေ၀င်းမောင်ဟာ ဗိုလ်ချုပ်ခင်ညွန့်သား ရဲနိုင်ဝင်းနဲ့ သူငယ်ချင်း ဖြစ်တယ်။ ဒါ့ကြောင့် န၀တခေတ်မှာ ၉၀ နှစ်ကျော်မှာ ရဲနိုင်ဝင်းအဆက်အသွယ်နဲ့ သစ်လုပ်ငန်းစလုပ်တယ်။ နောက်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ၀င်လုပ်တယ်။ သူပြောပြောနေတဲ့ အွန်ထရာပရာညောဆိုလား၊ စွန့်ဦးတည်ထွင် လုပ်ငန်းရှင်ဆိုလား အဲဒါတစ်ခုမှ မဟုတ်။ ကပ်ဖားရပ်ဖားနဲ့ ဘ၀ကို စလာတာဖြစ်တယ်။ သစ်လုပ်ငန်းတွေက ငွေယားတွေရလာတဲ့ နေ၀င်းမောင်က ရဲနိုင်ဝင်းနဲ့ပေါင်းပြီး စကော့ဈေးမှာ Living Colour နံမည်နဲ့ ဖက်ရှင်ဆိုင်ဖွင့်တယ်။ ဖက်ရှင်ဆိုင်တွေ ခေတ်မစားခင်က ပထမဆုံးနံမည်ကြီးဆိုင်ပေါ့။ မှတ်မိသလောက် ကျော်သူတောင် ရှယ်ယာပါသေးတယ်ထင်ပါ့။

အဲဒီဆိုင်ကို ကြော်ငြာဖို့အတွက် ရဲနိုင်ဝင်းနံမည်နဲ့ မဂ္ဂဇင်းထုတ်ဝေခွင့်ရတယ်။ အဲဒါက Living Colour မဂ္ဂဇင်း ဖြစ်လာတယ်။ အဲဒီအချိန်တုံးက ထောက်လှမ်းရေးနဲ့ပိုင်မှ ထုတ်ဝေခွင့်ရတဲ့ခေတ်။ ဒီတော့ နေ၀င်းမောင် စာပေလောကထဲ ဘယ်လို ရောက်လာသလဲ သိပြီပေါ့။ နောက်တော့ ဆရာမ တစ်ယောက်နံမည်နဲ့ Voice ဂျာနယ်ထုတ်ဝေခွင့်ရအောင် နေ၀င်းမောင်က လုပ်ပေးပြီး အဲဒီဂျာနယ်ကို သူအုပ်စီးထားလိုက်တာပဲ။ ဒီလိုနဲ့ နေ၀င်းမောင်ဟာ သူပြောချင်တာတွေ ပြောခွင့်ရဖို့အတွက် စာစောင်နှစ်ခုပိုင်ရှင် ဖြစ်သွားပါလေရော။ အဲဒါသူဝေဖန်နေတဲ့ ဆွေမျိုးကောင်းစားရေးဝါဒ မဟုတ်ရင် ဘာပါလိမ့်။

ထောက်လှမ်းရေးတွေမျိုးတုံးပြီး ရဲနိုင်ဝင်းတို့ ထောင်ကျတဲ့အခါကျတော့ နေ၀င်းမောင် သွားပြီလို့ စာပေလောကက ထင်တယ်။ ဒါပေမယ့် နေ၀င်းမောင်က သူတို့ထက် လည်တဲ့မောင်ပဲ။ သူ့အိပ်ထဲမှာ ၀ှက်ဖဲတွေရှိသေးတယ်။ အဲဒါက သူ့မိဘတွေဖြစ်တယ်။ သူ့အဖေ ဗိုလ်မှူးကြီး သန်းမောင်နဲ့ အမေ ဒေါ်ယဉ်ယဉ်က စစ်တက္ကသိုလ် ဆရာ၊ ဆရာမဖြစ်တယ်။ စစ်တက္ကသိုလ်အပတ်စဉ် ၉ လောက်ကနေ အပတ်စဉ် ၃၀ လောက်အထိ စာသင်လာတော့ ဒီနေ့ စစ်ခေါင်းဆောင် အတော်များများက တပည့်တွေ ဖြစ်နေတယ်။ ဒီတော့ နေ၀င်းမောင်တစ်ယောက် ဘေးမသီရန်မခနဲ့ ကျန်ခဲ့ပြီး Living Colour ကလဲ ရဲနိုင်ဝင်းလက်ကနေ သူ့လက်ထဲ ရောက်သွားတယ်။ ၀န်ကြီး ဗိုလ်ချုပ်ကျော်ဆန်းတို့ စာပေစိစစ်က ရဲရင့်တင်ဆွေတို့ကလည်း သူ့မိဘတွေရဲ့ တပည့်တွေ ဖြစ်တယ်ဆိုတော့ နေ၀င်းမောင်က စာပေစိစစ်တောင် သိပ်ဂရု စိုက်တာ မဟုတ်ဘူး။

ဒါ့ကြောင့် စာမျက်နှာတွေကို မောင်ပိုင်စီးပြီး အစိုးရကို ဆရာလုပ်လိုက်၊ အတိုက်အခံကို ဝေဖန်လိုက်၊ စီးပွားရေးသမား၊ မီဒီယာ သမားတွေကို မောင်ရင်တို့ တုံးရန်ကောဆိုပြီး ခနဲ့လိုက်နဲ့ ထင်ရာစိုင်းနေတာပဲ။ တစ်ဖက်ကလည်း INGO တွေနဲ့ဆက်၊ ပရိုဂျက် တင်ပြီးစားတယ်။ ဘယ်သူမှ မဖတ်တဲ့ သူ့ဂျာနယ်စောင်ရေ (ငါးထောင်လောက်ကို) နိုင်ငံခြားသားတွေကို ပြပြီး နိုင်ငံရေးအယူအဆ ဆောင်းပါးတွေ ရေးရဲတာ သူပဲရှိတယ်။ သူ့စာစောင်တွေက သိပ်ပြီး သြဇာကြီးတယ်ဆိုပြီး မစားရ ၀ခမန်း ကြွားလုံးထုတ်တာနဲ့ နိုင်ငံခြားသားတွေ မျက်စိလည်ပြီး သမ္မတဟိုတယ်မှာ အခန်းငှားပြီး သင်တန်းတွေ ဖွင့်နိုင်တဲ့ အခြေအနေရောက်သွားတာပဲ။ သူ့စကားအရ ဆိုရင်တော့ Voice ဂျာနယ်က ၀ါရှင်တန်ပို့စ်လောက် သြဇာကြီးဆိုပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ သို့သော် ဒီပရိုဂျက်တွေ ရလာတော့ နေ၀င်းမောင်တစ်ယောက် ဂျာနယ်ရှုံးမှာ မပူရတော့တာတော့ သေချာတယ်။

ထောက်လှမ်းရေးနဲ့ ပေါင်းမိလို့ သေဘေးက သီသီလေးလွတ်လာတဲ့ နေ၀င်းမောင်ဟာ ဒီတစ်ခါတော့ စာတတ်သွားပြီ။ သမ္မတဟိုတယ်မှာ ဖွင့်တဲ့သင်တန်းတွေမှာ အစိုးရအရာရှိတွေကို ဖိတ်ပြီးတက်ခိုင်းသလို အတိုက်အခံဘက်က လူငယ်တွေကိုလည်း သိုသိုသိပ်သိပ်နဲ့ တက်ခွင့်ပေးခဲ့တယ်။ နိုင်ငံခြားမှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေဆိုရင် INGO တွေက သူ့ပဲဖိတ်အောင် လုပ်တတ်လာတယ်။ အဲဒါ တွေတက်ပြီးရင်တွေ့တဲ့ ပြည်ပရောက် ဒီမိုကရေစီသမားတွေကို သူ့အခြေအနေကို နားလည်ပါဆိုပြီး မျက်ရည်ခံထိုးသလို ပြန်ရောက် တော့လဲ ဟိုမှာ ဘယ်သူတွေက ဘယ်လိုပြောတယ် ဆိုပြီး ရဲရင့်တင့်ဆွေကို သတင်းပို့သေးတယ်။

သူများအကြောင်းပြောရတာ ကောင်းတော့မကောင်းဘူး။ သို့သော် နေ၀င်းမောင်လိုလူဟာ xxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxx xxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ၊ ဒီတော့ ဒီအကြောင်းကို လူသိဖို့လိုတယ်ထင်လို့ ရေးတာပဲ။ မဟုတ်ရင် ဘုရားမှတ်လို့ကိုးကွယ် ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဖြစ်ကုန်မှာစိုးလို့ ပြောရတာဖြစ်တယ်။ အခုတော့ နေ၀င်းမောင်အာဘော်တွေက ပိတောက်မြေပေါ်မှာတောင် ရောက်လာပြီ။ ကျွန်တော်တို့အနေနဲ့ ပိတောက်မြေနဲ့ သဘောထားခြင်း မတူတဲ့တိုင် အဲဒီက ပို့စ်တွေကိုတော့လေး လေးစားစားနဲ့ လာဖတ်တယ်။ ဒီတော့ နေ၀င်းမောင်လို ခွချက်သမားတွေ၊ ဇော်မျိုးတို့လို အူကြောင်ကြားတွေရဲ့ စာတွေကို ပိတောက်မြေမှာ တွေ့ရတာ ဘ၀င်မကျဘူး။ အဲ ပိတောက်မြေကိုယ်တိုင်က နေ၀င်းမောင် နောက်ကွယ် ကနေ ထောင်ထားတာ ဆိုရင်တော့ ဆောရီးပဲဗျို့၊ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ ဒီလိုလူမျိုးရဲ့စာကို ပိတောက်မြေမှာ တင်သင့် မသင့် စဉ်းစားဖို့ လိုတယ်လို့ ပြောချင်တာပါပဲ။

မျိုးဆက်သွေး

၁၈ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက် - ဗွီအိုအေ click here
  • မြန်မာအစိုးရ တရားစီရင်ရေးစနစ်ကို ဖိနှိပ်ဖို့အသုံးချ - ဗွီအိုအေ click here
  • အာဆီယံ ဥပဒေရေးရာအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို - ဗွီအိုအေ click here
  • ထူးကုမ္ပဏီက မလိခတည်းခိုခန်းကို လွှဲယူဦးမည် - မဇ္ဈိမ click here
  • အဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲ ကျင်းပ - မဇ္ဈိမ click here
  • စင်္ကာပူရောက် မြန်မာများ ပြည်တော်ပြန်ရေး လေယာဉ်လက်မှတ် အခက်အခဲဖြစ် - မဇ္ဈိမ click here
  • အပြုံးနှုတ်သိမ်းခံထားရသော မိုနာလီဇာ ပန်းချီကား - မဇ္ဈိမ click here
  • စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့် - ခေတ်ပြိုင် click here
  • အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဖြန့်ဖြူးရေးလုပ်ငန်း ဦးတေဇအား ပေးတော့မည် - ခေတ်ပြိုင် click here
  • ကားဈေးကွက် အရောင်းအဝယ် မရှိ - ခေတ်ပြိုင် click here
  • အမေရိကန်သမ္မတအား ပေါက်သည့်ရှူးဖိနပ်ကို ဒေါ်လာ (၁၀) သန်းပေး - ခေတ်ပြိုင် click here
  • လုပ်ငန်းများအတွက်တင်သွင်းပေးသည့်ဒီဇယ်ဆီဈေး တစ်ဂါလန်ကျပ် ၂၆၀၀ ထိကျဆင်းလာ စီအင်န်ဂျီယာဉ်များထက် ဒီဇယ်၊ ဓာတ်ဆီသုံးယာဉ်များပြင်ပဆီဝယ်သုံး၍အဆင်ပြေ ဝိကလီးအလဲဗင်း click here
  • ဒီဘွဲ့နဲ့ သိက္ခာရှိရှိရပ်တည်နိုင်မယ်လို့ ထင်မိတယဝိကလီးအလဲဗင်း click here
  • အရိမဒ္ဒနပူရ၏ လူးလွန့်လှုပ်ရှားနေဆဲအတိတ်ပုံရိပ်များကြားက စဉ်ဆက်မပြတ် ပုဂံ ဝိကလီးအလဲဗင်း click here
  • ရယ်ရအောင်တင်ဆက်သူ မြန်မာတိုင်းမ် click here
  • ရဲရွာစီမံကိန်းပင်မတမံပြီးတော့မည် မြန်မာတိုင်းမ် click here
  • ထောတကောရေခဲတောင်ကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့ မြန်မာတိုင်းမ် click here
  • ထူးဆန်းအံ့သြစွာမြင်တွေ့ခဲ့ရတဲ့ကမ္ဘာ့အသေးဆုံးကြက်ဥ လျှက်တစ်ပြက် click here
  • မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မညလျှက်တစ်ပြက် click here
  • ကံကော်မေတ္တာ ဇီဝိတဒါန မျက်စိကုသရေး အတွကလျှက်တစ်ပြက် click here
  • ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ပြီလား ရန်ကုန်တိုင်းမ် click here
  • အလှတွင် အယဉ်ဆင့် ဂုဏ်တင့်တဲ့ပန်း ရန်ကုန်တိုင်းမ် click here
  • စားဖွယ်စုံလင် အလှဆင် ရန်ကုန်တိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.