ချစ်မိခဲ့သော အတိုအစလေးများ
ချစ်မိခဲ့သော အတိုအစလေးများ
ကျွန်တော် အရွယ်လေးရောက်တော့ စိတ်ထဲမှာ နင့်နင့်နဲနဲလေး ထိရှသွားတဲ့ကဗျာလေး တစ်ပုဒ်ရှိတယ်ဗျ။
အဲဒီစစ်ဘုရင်ဟာ တရုတ်ပြည်ကို လှည့်လည်စစ်တိုက်သိမ်းလာခဲ့တာ အတော်များများ အောင်မြင်လာတယ်။ တိုက်ပွဲတစ်ပွဲမှာ သူစစ်တပ်တွေ အောင်မြင်ပြီး စစ်ပွဲပြီးတော့ အောင်ပွဲခံတဲ့ အနေနဲ့ ပစ္စည်းတွေသိမ်းဆည်းပြီး အခြားတနေရာ ပြောင်းဖို့ လှေကြီးတွေပေါ်တတ်ကြတယ်။ အဲဒီအချိန်မှာ စစ်သားတွေအများစုဟာ သူတို့သုံးခဲ့တဲ့ ပစ္စည်းအဟောင်းတွေကို လှေကြီးပေါ်ကနေ ရေထဲကို စွန့်ပစ်ကြတယ်။ အဲဒီမြင်ကွင်းကို ကြည့်ပြီး စစ်ဘုရင်နှင့် အတူ ရှိနေကြတဲ့ သွေးသောက်စစ်သူကြီးတွေ ၀မ်းနည်းစိတ်မကောင်းဖြစ်ကြတယ်တဲ့။ အဲဒီမှာ စစ်ဘုရင်က စစ်သူကြီးတွေမျက်နှာ မကောင်းတာမြင်တော့ ဘာဖြစ်သလဲမေးတယ်။ ကျွန်တော်မျိုးတို့ဟာလည်း ဟိုစစ်သားတွေလွှင့် ပစ်နေတဲ့ ပစ္စည်းအဟောင်းတွေလိုပဲ တနေ့နေ့တချိန်ချိန်မှာ လူဟောင်းတွေအဖြစ် စွန့်ပစ်ခံရနိုင်တယ်ဆိုတာ တွေးမိလို့ပါလို့ ပြန်လျှောက်တင် ကြတယ်တဲ့။ အဲဒီမှာ စစ်ဘုရင်းကြီးလည်း စိတ်မကောင်းဖြစ်သွားပြီး သူတို့တွေကို ဘယ်တော့ မှမစွန့်ပါဘူးလို့ ကတိပေးလိုက်တယ်တဲ့ဗျာ။ အင်း အဲဒီ အကြောင်းလေးရယ် ခုနက ကဗျာလေးရယ် နှစ်ခုယှဉ်ပြီး ခံစားမိရင် နင့်ခနဲခံစားချက်နှင့် ကြည်နူးတဲ့ ခံစားချက် နှစ်မျိုးကို လှိုက်ကနဲနေအောင်ခံစားရတယ်ဗျ။
အဲဒီလို အဓိပါယ်ဆင်တဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေး သတိရမိသေးတယ်ဗျ။
ပွင့်တော်မူသွားပြီ။ ခုချိန်ဟာ ဘုရားပွင့်ပြီး ချိန်ဖြစ်နေပြီ ဒါကြောင့် နောင်အရိမေတ္တေယဘုရား ပွင့်ချိန်မှာ နိဗ္ဗာန်ဆိုတဲ့ ပန်းမြတ်ကို ပန်ဆင်နိုင်အောင် တနည်းဘုရားပွင့် ချိန်မှာ ဘုရားရှင်ကို ဖူးတွေ့ခွင့်ရအောင် ကြိုတင်ပြီး ခေါင်းဖီးသလို သီလတွေ စင်ကြယ်အောင် ဖီးသင်ထားပါဆိုတဲ့ အဓိပါယ်တဲ့ဗျ။
နောက် တိုတိုလေးနှင့်ရိုးရိုးလေး ခံစားရင် ပြုံးစဖွယ်ဖြစ်မဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးလည်းနှစ်သက်မိသေးတယ်။
အင်း ဘယ်လိုဖြစ်ဖြစ် အဲဒီလို ကွယ်ဝှက်အနက်ကလေးတွေနှင့် ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေ ဖတ်ရတာ ပိုပြီး အသာရှိလာတယ်။ ခုနောက်ပိုင်း ပိုစ့်မော်ဒန်ကဗျာတွေဆို ကွယ်ဝှက်အနက်တွေ၊ ဥပမာတွေ၊ ဥပဇာတွေ၊ တင်စားချက်တွေ အများကြီးနှင့် ရေးဖွဲ့တတ်ကြတယ်။ ကျွန်တော့ အမြင်ပြောရရင် ကဗျာစာပေ စတဲ့အနုပညာတွေဟာ ခေတ်ရဲ့ အခြေအနေလိုက်ပြီး အရေးအဖွဲ့ အသုံးအနှုန်းတွေ ပြောင်းလာကြတယ် ထင်မိတယ်။ ရှေးတုံးက ကဗျာလေးတွေ ရိုးရှင်း ပြေပြစ်တာဟာ အဲဒီခေတ်ကလူတွေရဲ့ ရိုးရှင်းတဲ့ စိတ်တွေ၊ သာယာပြေပြစ်တဲ့ ဘ၀အခြေအနေတွေကြောင့် ကဗျာတွေစာတွေလည်း ရိုးရှင်းပြေပြစ်စွာ ထွက်ပေါ်လာတယ် ထင်မိပါတယ်။
ခုခေတ်အခြေအနေမှာ အရာရာ ရှုပ်ထွေးသလို၊ လေးနက်တယ်။ ကျယ်ပြန့်တယ်။ လျှို့ဝှက်မှုတွေနှင့် ပြည့်နှက်နေသလို လျှို့ဝှက်ချက်တွေကို လိုက်နေတဲ့သူတွေကြောင့် လျှို့ဝှက်မှုတွေဟာလည်းထင်ရှားပြန်တယ်။ မလွတ်လပ်မှုတွေ အဆင်ပြေမှုတွေ ကြောင့်လည်း ကဗျာတွေ၊စာတွေရဲ့ စီးကြောင်းတွေက ပြင်းထန်တယ်။ စီးမျှောမှုတွေကလည်းကြမ်းတယ်။ ကဗျာတွေရဲ့ပေါက်ကွဲမှုဟာလည်း ရင်တွေကိုတုန်သွားစေတတ်သလို ကြက်သီးတဖျန်းဖျန်း ထစေနိုင်တယ်။
ဒါနဲ့ မော်ဒန်ကဗျာထဲက ခုလထုတ်ကလျာ မဂ္ဂဇင်းမှာပါလာတဲ့ကဗျာဆရာ ချိုတကူး(ကလေး) ရဲ့ "ငါ့ဖြစ်ထွေ" ကဗျာလေးသဘောကျမိတယ်။
ပြောရင်းနဲ့ ကျွန်တော်ငယ်ငယ်က မြန်မာဗျည်းတွဲအကြောင်း ကလေးတွေကိုသင်ပေးတဲ့ ကဗျာလေးတွေကို သတိရမိပြန်တယ်။ ငယ်ကလည်း သဘောကျတယ်။ အခုထိလည်း သဘောကျနေတုန်းပါ။
ခုခေတ်က အင်တာနက်ကို အတော်များများသုံးလာကြပြီ။ တိုးတတ်တဲ့နိုင်ငံက ကလေးငယ်တွေ အသုံးပြုနိုင်ကြပေမဲ့ ကျွန်တော်တို့နိုင်ငံက ကလေးငယ်တွေ ကွန်ပျူတာကိုင်နိုင်ဖို့တောင် အတော်အလှမ်းဝေး နေသေးတယ်ဗျာ။ ဘယ်လိုဖြစ်ဖြစ်ပါ နောင်တစ်ချိန် ကျွန်တော်တို့ နိုင်ငံက ကလေးငယ်တွေ အသုံးပြုနိုင်လာ ပြီဆိုရင်တော့ ကလေးတွေအတွက် ကွန်ပျူတာ၊ အင်တာနက်ဆိုင်ရာ သင်ကြားမှုကဗျာလေးတွေ ပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတာယုံကြည်မိပါတယ်။
ကလေးတွေအကြောင်းပြောရင်း အရမ်းနှစ်သက်စွဲလန်းတဲ့စာသားလေးတွေ စိတ်ထဲပေါ်လာတယ်ဗျာ။
ဖိုးမောင်
P.S/
ညီလေးမိုးမြင့်တိမ် Tag လိုက်လို့ ရေးလိုက်တာပါ။ Tag တာတွေရေးရတာ ခက်တယ်လို့ ညီလေးမိုးမောင်နှင့် ကျနော်မကြာခဏပြောရင်း ညည်းဖူးပါတယ်။ သူကတော့ ကောင်ညှင်းပေါင်းစားပြီး နှဲမှုတ်ရသလိုပဲ လက်ပေါက်ကပ်တယ် အကိုရတဲ့။ ညီလေးအိပ်မက်ရှင်ကတော့ အကိုကလည်း ကျောင်းတုန်းက ဆရာမ စာစီစာကုံး ခေါင်းစဉ်ပေးထားသလို ခေါင်းစဉ်အတိုင်းရေးရတာကိုးတဲ့။ သူကတော့ ပြောအားရှိတာပေါ့။ နံမည်ကိုက အိပ်မက်ရှင်ဆိုတော့ အိပ်နေရင်းအိပ်မက်ထဲ တောင်စာဖတ်မလားမသိတာ။ ရေးအားရှိတာပေါ့။ ကိုယ်တွေက ၀မ်းစာနည်းတော့ တစ်ပုဒ်ရေးဖို့အရေး အမေကယ်ပါ အဘကယ်ပါ တရအောင် ကြိုးစားရတာ။ ကဲထူးပါဘူးဗျာ ကျုပ်လည်းပြန် Tag မယ်ဗျိုး။ လာဖတ်တဲ့သူ အကုန် စီပုံးမှာဖြစ်ဖြစ်၊ ကွန့်မန့်မှာ ဖြစ်ဖြစ် နှစ်သက်တဲ့ ကဗျာလေးတွေပွတ်ခဲ့ ပါဗျိုး။ ဖြစ်နိုင်ရင်ပိုစ့်လေးတွေလုပ်ကြပါဗျ။ ဆရာဗေ နှစ်ဗေ၊ ဆရာခိုင်၊ ဆရာအိုင်နှင့် ၀ တစ် ၀၊ ဆရာအိ၊ ဆရာခင်၊ ဆရာကိုရင်၊ခင်၊ကလေး၊ ဆရာဒူ၊ ဆရာ မိုးကြယ်၊ ဆရာတောင်ပေါ်၊ ဆရာ ၀င်းဇော်၊ ဆရာဆိုး၊ ဆရာမင်းသုခ၊ သမိုင်းဆရာ ဆရာသက်(သမိုင်းကဗျာလေးများ) အိုဗျာ သိသမျှဘလော့ဂ်ဂါ ဆရာအပေါင်းတိုရေ ကျနော်Tag တယ်ဗျိုး။ အဟီး...
အဲ..ကျနော်သနားလို့ မ Tag ဘဲထားတဲ့သူတစ်ယောက်ရှိပါတယ်။
((((ဗျိုး))))... ဆရာရမ်းဂမ်း..
ဓမ္မာသောကအင်းဝရာဇာ
အောင်စံဖြိုးရေချိုး လို ဗေဒင်ကဗျာလေးတွေ လုပ်စမ်းပါဗျ။ ကျနော်တို့ ဗဟုသုတရတာပေါ့။ :P
အားလုံးကိုချစ်ခင်လို့ ကြည်စယ်ခြင်းပါခင်ဗျာ။ ကိုယ့်အခက်အခဲနှင့်ကိုယ် ရှိကြမယ်ဆိုတာ နားလည်ပါတယ်။ Tag သဘောနှင့် ညီအောင် ပြန်Tag လိုက်ခြင်းပါ။
အဆောင်တော် သန်ခေါင်ကျော် မောင်ခေါ်ရင် အတည်မမှတ်ပါနှင့်
တေးထပ်တွေရေးစပ်လို့ ဆေးချက်ဖို့ပါခင်ဗျ။
(နေသိပ်မကောင်းလို့ ကိုယ်တိုင်ဆေးချက်နေရလို့ပါ။ :P )
မကြည်မသာနှင့် အတည်နွှာကြမည့်
မဒီကညာတွေ အတွက်
ဒီကဗျာနှင့် ဒီTag ကို
ဒီတင်ပဲ ရပ်လိုက်ပါပီခင်ဗျား....။
(ဖိုးမောင်)
ရွှေလမှာယုန်ဝပ်လို့
ဆန်ဖွတ်သည့်အဖိုးအို
ဟောကြည့်ပါဆို။
ဆိုသာဆို
ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား။
ကျွန်တော်တို့ငယ်ငယ်က မှတ်မှတ်ရရ စွဲစွဲမြဲမြဲလေး ကျက်ခဲ့ရတဲ့ ကဗျာတိုလေးပါ။ လူငယ်တွေအတော်များများ ရကြလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ဓါတ်တွေမှာ အခြေခံအားဖြင့် နုညံ့တဲ့ စိတ်ကလေးတွေ ပါလာကြမယ်လို့ ထင်မိတယ်ဗျ။ အဲဒီတော့ အေးချမ်းဆိတ်ငြိမ်တဲ့ အချိန်တွေမှာ လမင်းကြီးနှင့်အတူ လသာညတွေကို လွမ်းတတ်ကြလိမ့်မယ်ဗျ။ တကယ်ဆိုးသွမ်းတယ်ဆိုတဲ့ လူဆိုးကြီး တွေတောင် လသာညတွေမှာ လရောင်ရဲ့ အေးချမ်းတဲ့ အလှကိုခံစားမိကြမယ်လို့ ထင်မိပါရဲ့ဗျာ။ သူတို့တွေလည်း လူသားတွေဆိုတော့ ခံစားတတ်တဲ့ သဘာဝရှိမှာပဲ မဟုတ်လားဗျိုး။ဆန်ဖွတ်သည့်အဖိုးအို
ဟောကြည့်ပါဆို။
ဆိုသာဆို
ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား။
ကျွန်တော် အရွယ်လေးရောက်တော့ စိတ်ထဲမှာ နင့်နင့်နဲနဲလေး ထိရှသွားတဲ့ကဗျာလေး တစ်ပုဒ်ရှိတယ်ဗျ။
ပန်းစံပယ်
နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စပယ်လှိုင်တော့
ခံပန်းခိုင်ယာယီ ရွေ့တယ်
တော့လေ့ရွာသုံး။
အဲဒီကဗျာလေးပေါ့ဗျာ။ ဖတ်မိတိုင်း ရင်ထဲမှာနင့်ခနဲခံစားရတယ်။ လူသားတွေရဲ့ အကောင်းကိုမှ တန်ဖိုးထားတတ်တဲ့စိတ်။ အကောင်းမရှိရင် တခြားဆင်တူတာလေးတွေနှင့် အစားထိုးတတ်တဲ့စိတ်။ အကောင်းပြန်ပေါ်လာတော့ အစားထိုးခံ ပစ္စည်းလေးကို လစ်လျူရှုတတ်တဲ့ စိတ်တွေကို သိမြင်လိုက်ရတယ်။ အစားထိုးခံ ပစ္စည်းလေးကို သနားသလို သူမရှိချိန်မှာ သူ့ကိုယ်စား အခြားအရာအစားထိုးပြီး မေ့လျှော့ ခံရတဲ့ ပစ္စည်းလေးကိုလည်း သနားမိပါတယ်။ အဲဒီကဗျာလေးနှင့်အတူ စိတ်ထဲပေါ်လာတတ်တာက ရှေးခေတ်တရုတ်ပြည်က စစ်ဘုရင်တစ်ဦးနှင့် သူရဲ့စစ်သူကြီးတွေ အကြောင်းလေးပါ။ ( ကျွန်တော်က သမိုင်းဆရာ မဟုတ်တော့ အမည်တွေခုနှစ်တွေမသိဘူးဗျ။ ဆရာသက်- မသက်ဇင် ဆိုရင်တော့ သိနိုင်မယ်ခင်ဗျ။ သိရင်တော့ ပြောပြပေးပါ အမရေ။)ခံပန်းခိုင်ယာယီ ရွေ့တယ်
တော့လေ့ရွာသုံး။
အဲဒီစစ်ဘုရင်ဟာ တရုတ်ပြည်ကို လှည့်လည်စစ်တိုက်သိမ်းလာခဲ့တာ အတော်များများ အောင်မြင်လာတယ်။ တိုက်ပွဲတစ်ပွဲမှာ သူစစ်တပ်တွေ အောင်မြင်ပြီး စစ်ပွဲပြီးတော့ အောင်ပွဲခံတဲ့ အနေနဲ့ ပစ္စည်းတွေသိမ်းဆည်းပြီး အခြားတနေရာ ပြောင်းဖို့ လှေကြီးတွေပေါ်တတ်ကြတယ်။ အဲဒီအချိန်မှာ စစ်သားတွေအများစုဟာ သူတို့သုံးခဲ့တဲ့ ပစ္စည်းအဟောင်းတွေကို လှေကြီးပေါ်ကနေ ရေထဲကို စွန့်ပစ်ကြတယ်။ အဲဒီမြင်ကွင်းကို ကြည့်ပြီး စစ်ဘုရင်နှင့် အတူ ရှိနေကြတဲ့ သွေးသောက်စစ်သူကြီးတွေ ၀မ်းနည်းစိတ်မကောင်းဖြစ်ကြတယ်တဲ့။ အဲဒီမှာ စစ်ဘုရင်က စစ်သူကြီးတွေမျက်နှာ မကောင်းတာမြင်တော့ ဘာဖြစ်သလဲမေးတယ်။ ကျွန်တော်မျိုးတို့ဟာလည်း ဟိုစစ်သားတွေလွှင့် ပစ်နေတဲ့ ပစ္စည်းအဟောင်းတွေလိုပဲ တနေ့နေ့တချိန်ချိန်မှာ လူဟောင်းတွေအဖြစ် စွန့်ပစ်ခံရနိုင်တယ်ဆိုတာ တွေးမိလို့ပါလို့ ပြန်လျှောက်တင် ကြတယ်တဲ့။ အဲဒီမှာ စစ်ဘုရင်းကြီးလည်း စိတ်မကောင်းဖြစ်သွားပြီး သူတို့တွေကို ဘယ်တော့ မှမစွန့်ပါဘူးလို့ ကတိပေးလိုက်တယ်တဲ့ဗျာ။ အင်း အဲဒီ အကြောင်းလေးရယ် ခုနက ကဗျာလေးရယ် နှစ်ခုယှဉ်ပြီး ခံစားမိရင် နင့်ခနဲခံစားချက်နှင့် ကြည်နူးတဲ့ ခံစားချက် နှစ်မျိုးကို လှိုက်ကနဲနေအောင်ခံစားရတယ်ဗျ။
အဲဒီလို အဓိပါယ်ဆင်တဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေး သတိရမိသေးတယ်ဗျ။
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
နံနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။
မှတ်မိတာလေးတွေပါ။ အင်း ရိုးရိုးရှင်းရှင်းလေးနှင့် အဓိပါယ်လွယ်ပြီး ခံစားချက်ပေါ်တဲ့ ကဗျာလေးတွေပေါ့။ နောက် ကျွန်တော်တို့တွေ သိနိုင်ကြတဲ့ ကဗျာလေး တစ်ပုဒ်လည်းသဘောကြသေးတယ်။မောင်ခူးကာပေး။
နံနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။
စံပယ်တဲ့လေးရုံ
ပျိုတို့မောင် မပန်ထိုက်
ပန်းပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်
တစ်ငုံဖြင့် ကျန်ပါသေး
ပန်ချင်ယင် ပျို့မောင်ကြီးရယ်
ခေါင်းဖီးခဲ့လေး။
ဒီကဗျာလေး ကျွန်တော်ငယ်ငယ်က စဖတ်ဖြစ်တော့ ဘယ်ဂလိုကြီးလည်းပေါ့။ ဘယ်နဲ့ ယောက်ျားကြီးတန်မဲ့ ပန်းပန်ရမှာလားပေါ့။ ဘ၀င်မကျဘူးဗျ။ နောက် ကျောင်းမှာဆရာသင်တော့မှ သူ့ရဲ့ကွယ်ဝှက် အဓိပါယ်ကို သိတော့တယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူအဆအရ အခုကမ္ဘာကို ဘဒ္ဒကမ္ဘာ၊ ဘုရား(၅)ဆူပွင့်တဲ့ ကမ္ဘာလို့ သတ်မှတ်ကြတယ်။ ကကုသန်၊ ကောဏဂုဏ်၊ ကဿပ၊ ဂေါတမ ဆိုပြီး ဘုရား(၄)ဆူပျိုတို့မောင် မပန်ထိုက်
ပန်းပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်
တစ်ငုံဖြင့် ကျန်ပါသေး
ပန်ချင်ယင် ပျို့မောင်ကြီးရယ်
ခေါင်းဖီးခဲ့လေး။
ပွင့်တော်မူသွားပြီ။ ခုချိန်ဟာ ဘုရားပွင့်ပြီး ချိန်ဖြစ်နေပြီ ဒါကြောင့် နောင်အရိမေတ္တေယဘုရား ပွင့်ချိန်မှာ နိဗ္ဗာန်ဆိုတဲ့ ပန်းမြတ်ကို ပန်ဆင်နိုင်အောင် တနည်းဘုရားပွင့် ချိန်မှာ ဘုရားရှင်ကို ဖူးတွေ့ခွင့်ရအောင် ကြိုတင်ပြီး ခေါင်းဖီးသလို သီလတွေ စင်ကြယ်အောင် ဖီးသင်ထားပါဆိုတဲ့ အဓိပါယ်တဲ့ဗျ။
နောက် တိုတိုလေးနှင့်ရိုးရိုးလေး ခံစားရင် ပြုံးစဖွယ်ဖြစ်မဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးလည်းနှစ်သက်မိသေးတယ်။
ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား။
အဖွားအို အမြင်ကပ်တယ်
ရွှေအပ်နဖား။
အကြောင်းအရာလေးကရိုးရှင်းပါတယ်။ မျက်စိမှုန်နေတဲ့ အဖွားအို တစ်ယောက် အပ်ပေါက်တပ်တာ အလွဲလွဲ အချော်ချော်ဖြစ်နေတာလေးပါ။ ဆရာဘယ်လို အဓိပါယ်နှင့် ရေးတယ်ဆိုတာသေခြာအသိပေမဲ့ ကျွန်တော်ကတော့ အတွေးလေး ထပ်ပွားမိတယ်ဗျ။ မျက်စိဆိုတာ အလင်း မဟုတ်လား။ သတ္တ၀ါအားလုံးအတွက် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းပဲလေ။ အလားတူပဲ လူသားတွေမှာရော အသိဥာဏ်ပညာ အလင်းရောင်ဟာ အင်မတန်အရေးကြီးတာပဲမဟုတ်ပါလား။ အသိဥာဏ်ပညာအလင်း အားနည်းရင် အလုပ်တွေလုပ်ရာမှာ တလွဲတချော်တွေပဲ ဖြစ်မှာ မဟုတ်လား။ မျက်ကန်းတွေဆိုပိုဆိုးမှာပေါ့ဗျာ။ အထူးသဖြင့် ဦးဆောင်သွား နေတဲ့သူတွေကိုယ်တိုင် အသိဥာဏ်ပညာ အလင်း မှုန်ဝါးဝါးဖြစ်မနေဖို့ ပိုအရေးကြီးတာပဲ မဟုတ်ပါလား။ နောက် ပြီး ကိုယ်အားနည်းလို့ တလွဲတချော်တွေဖြစ်တာနဲ့ အပ်ကို အမြင်ကပ်ပြီး ရိုက်ချိုးမယ် ဆိုရင်လည်း မကောင်းတော့ဘူးပေါ့။ တကယ်လို့ လိုအပ်တယ်ဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်တွေနှင့် ပြပြီးမျက်မှန် တပ်သင့်ရင်လည်း တပ်ရမှာပေါ့ဗျာ။ အဲလိုလေးလည်းတွေးမိပါတယ်ဗျာ။ကြိုးချော်လို့သွား။
အဖွားအို အမြင်ကပ်တယ်
ရွှေအပ်နဖား။
အင်း ဘယ်လိုဖြစ်ဖြစ် အဲဒီလို ကွယ်ဝှက်အနက်ကလေးတွေနှင့် ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေ ဖတ်ရတာ ပိုပြီး အသာရှိလာတယ်။ ခုနောက်ပိုင်း ပိုစ့်မော်ဒန်ကဗျာတွေဆို ကွယ်ဝှက်အနက်တွေ၊ ဥပမာတွေ၊ ဥပဇာတွေ၊ တင်စားချက်တွေ အများကြီးနှင့် ရေးဖွဲ့တတ်ကြတယ်။ ကျွန်တော့ အမြင်ပြောရရင် ကဗျာစာပေ စတဲ့အနုပညာတွေဟာ ခေတ်ရဲ့ အခြေအနေလိုက်ပြီး အရေးအဖွဲ့ အသုံးအနှုန်းတွေ ပြောင်းလာကြတယ် ထင်မိတယ်။ ရှေးတုံးက ကဗျာလေးတွေ ရိုးရှင်း ပြေပြစ်တာဟာ အဲဒီခေတ်ကလူတွေရဲ့ ရိုးရှင်းတဲ့ စိတ်တွေ၊ သာယာပြေပြစ်တဲ့ ဘ၀အခြေအနေတွေကြောင့် ကဗျာတွေစာတွေလည်း ရိုးရှင်းပြေပြစ်စွာ ထွက်ပေါ်လာတယ် ထင်မိပါတယ်။
ခုခေတ်အခြေအနေမှာ အရာရာ ရှုပ်ထွေးသလို၊ လေးနက်တယ်။ ကျယ်ပြန့်တယ်။ လျှို့ဝှက်မှုတွေနှင့် ပြည့်နှက်နေသလို လျှို့ဝှက်ချက်တွေကို လိုက်နေတဲ့သူတွေကြောင့် လျှို့ဝှက်မှုတွေဟာလည်းထင်ရှားပြန်တယ်။ မလွတ်လပ်မှုတွေ အဆင်ပြေမှုတွေ ကြောင့်လည်း ကဗျာတွေ၊စာတွေရဲ့ စီးကြောင်းတွေက ပြင်းထန်တယ်။ စီးမျှောမှုတွေကလည်းကြမ်းတယ်။ ကဗျာတွေရဲ့ပေါက်ကွဲမှုဟာလည်း ရင်တွေကိုတုန်သွားစေတတ်သလို ကြက်သီးတဖျန်းဖျန်း ထစေနိုင်တယ်။
ဒါနဲ့ မော်ဒန်ကဗျာထဲက ခုလထုတ်ကလျာ မဂ္ဂဇင်းမှာပါလာတဲ့ကဗျာဆရာ ချိုတကူး(ကလေး) ရဲ့ "ငါ့ဖြစ်ထွေ" ကဗျာလေးသဘောကျမိတယ်။
နှိမ့်ချမှုတွေကို
ဝတ်ရည်အမှတ်နဲ့
ပျားတွေစုတ်ယူသွားရဲ့၊
ငါကလည်း
ယူထားတဲ့ကြွေးပြန်ဆပ်ဖို့
လူဖြစ်လာတာ၊
တမ်းတမှုတွေကိုလည်း
ထမင်းရည်ငှဲ့သလို
သွန်ချစွန့်ပစ်၊
မှားနေတဲ့လူတွေကြား
မှန်တဲ့လူ
မှားနေခဲ့ရ၊
သည်းမခံနိုင်တဲ့အဆုံး
ငါဟာ
ခြင်တစ်ကောင်ကိုသတ်ဖို့
ငါ့ပါးငါတစ်ချက်ချလိုက်ရ။
မော်ဒန်ကဗျာတွေကိုလည်း ကျွန်တော်နှစ်သက်တယ်။ ချစ်ခင်တယ်။ ကဗျာတွေရဲ့ကွယ်ဝှက် အဓိပါယ်တွေစဉ်းစားရတာကလည်း တစ်မျိုးချစ်စရာကောင်းတာကိုး။ ဒါပေမယ့် ရှေးကရိုးရိုးရှင်းရှင်း ကဗျာလေးတွေကို ပိုနှစ်သက်မိတယ်ဗျ။ ကျွန်တော်ကို ညံ့တယ်လို့ပဲဆိုဆို၊ ပိန်းတယ်ပဲပြောပြော ရိုးရှင်းတဲ့ဘ၀ကို အရမ်းနှစ်သက်တယ်ဗျာ။ ကျွန်တော်က ကဗျာအတိုလေးအစလေးတွေကို ကဗျာအရှည်ကြီးတွေထက် ပိုချစ်တယ်ဗျ။ ကဗျာအရှည်ကြီးတွေကိုဖတ်ရင် တနင့်တပိုးခံစားရဖို့က အတော်လေးကြာတယ်။ ကိုယ်ကမှတ်ဥာဏ်အားနည်းတော့ အလွတ်မှတ်မိနေဖို့ကမလွယ်ဘူးလေ။ အဲ့ဒီတော့ကဗျာတိုလေးတွေပဲ ပိုမိုနှစ်သက်မိတယ်ဗျာ။ဝတ်ရည်အမှတ်နဲ့
ပျားတွေစုတ်ယူသွားရဲ့၊
ငါကလည်း
ယူထားတဲ့ကြွေးပြန်ဆပ်ဖို့
လူဖြစ်လာတာ၊
တမ်းတမှုတွေကိုလည်း
ထမင်းရည်ငှဲ့သလို
သွန်ချစွန့်ပစ်၊
မှားနေတဲ့လူတွေကြား
မှန်တဲ့လူ
မှားနေခဲ့ရ၊
သည်းမခံနိုင်တဲ့အဆုံး
ငါဟာ
ခြင်တစ်ကောင်ကိုသတ်ဖို့
ငါ့ပါးငါတစ်ချက်ချလိုက်ရ။
ပြောရင်းနဲ့ ကျွန်တော်ငယ်ငယ်က မြန်မာဗျည်းတွဲအကြောင်း ကလေးတွေကိုသင်ပေးတဲ့ ကဗျာလေးတွေကို သတိရမိပြန်တယ်။ ငယ်ကလည်း သဘောကျတယ်။ အခုထိလည်း သဘောကျနေတုန်းပါ။
ဆန်းသစ်စလ ကလေးဟာ
အဲ့ဒါရေးချပါ။
ပြောင်းပြန်လှည့်ကာ ၀တ်ဆံတိုး
အဲ့ဒါသဝေထိုး။
ရေအိုးကလေး ရွက်လာရင်
အဲ့ဒါလုံးကြီးတင်။
လုံးကြီးတင်မှာ ၀တ်ဆံခတ်
လုံးကြီးတင်ဆံခတ်။
ခြေထောက်တစ်ဖက် ရပ်လာရင်
အဲ့ဒါတစ်ချောင်းငင်။
နှစ်ချောင်းရပ်တော့ နှစ်ချောင်းငင်
ပြေးပွဲပြိုင်ပွဲဝင်။
ပြေးရင်ပြိုင်ရင် နောက်ပြန်လဲ
နောက်ပစ်ကလေးပဲ။
စံပယ်ပွင့်လေး ခေါင်းပေါ်တင်
အဲ့ဒါသေးသေးတင်။
စံပယ်နှစ်ပွင့် ရှေ့မှာရောက်
ဝစ္စနှစ်လုံးပေါက်။
အောက်နားဆီက တစ်ပွင့်ဟာ
အောက်ကမြင့်လေးပါ။
သေသေချာချာ မှတ်လို့ထား
မောင်ညီမလေးများ။
ဆိုရတာ အရမ်းကောင်းသလို မြန်မာစာပေသင်ကြားရာမှာလည်း အထောက်အကူဖြစ်တယ်ဗျာ။ ပြောရရင် အဲလိုကဗျာမျိုးလေးတွေ အများကြီးလိုအပ်တယ်ထင်မိတယ်။အဲ့ဒါရေးချပါ။
ပြောင်းပြန်လှည့်ကာ ၀တ်ဆံတိုး
အဲ့ဒါသဝေထိုး။
ရေအိုးကလေး ရွက်လာရင်
အဲ့ဒါလုံးကြီးတင်။
လုံးကြီးတင်မှာ ၀တ်ဆံခတ်
လုံးကြီးတင်ဆံခတ်။
ခြေထောက်တစ်ဖက် ရပ်လာရင်
အဲ့ဒါတစ်ချောင်းငင်။
နှစ်ချောင်းရပ်တော့ နှစ်ချောင်းငင်
ပြေးပွဲပြိုင်ပွဲဝင်။
ပြေးရင်ပြိုင်ရင် နောက်ပြန်လဲ
နောက်ပစ်ကလေးပဲ။
စံပယ်ပွင့်လေး ခေါင်းပေါ်တင်
အဲ့ဒါသေးသေးတင်။
စံပယ်နှစ်ပွင့် ရှေ့မှာရောက်
ဝစ္စနှစ်လုံးပေါက်။
အောက်နားဆီက တစ်ပွင့်ဟာ
အောက်ကမြင့်လေးပါ။
သေသေချာချာ မှတ်လို့ထား
မောင်ညီမလေးများ။
ခုခေတ်က အင်တာနက်ကို အတော်များများသုံးလာကြပြီ။ တိုးတတ်တဲ့နိုင်ငံက ကလေးငယ်တွေ အသုံးပြုနိုင်ကြပေမဲ့ ကျွန်တော်တို့နိုင်ငံက ကလေးငယ်တွေ ကွန်ပျူတာကိုင်နိုင်ဖို့တောင် အတော်အလှမ်းဝေး နေသေးတယ်ဗျာ။ ဘယ်လိုဖြစ်ဖြစ်ပါ နောင်တစ်ချိန် ကျွန်တော်တို့ နိုင်ငံက ကလေးငယ်တွေ အသုံးပြုနိုင်လာ ပြီဆိုရင်တော့ ကလေးတွေအတွက် ကွန်ပျူတာ၊ အင်တာနက်ဆိုင်ရာ သင်ကြားမှုကဗျာလေးတွေ ပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတာယုံကြည်မိပါတယ်။
ကလေးတွေအကြောင်းပြောရင်း အရမ်းနှစ်သက်စွဲလန်းတဲ့စာသားလေးတွေ စိတ်ထဲပေါ်လာတယ်ဗျာ။
ငယ်စဉ်က ကလေးတို့ဘ၀မှာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနှင့် တင်းတိမ်ရောင့်ရဲ
စားချိန်မှာဝင်စားမယ်
အိပ်ချိန်မှာဝင်အိပ်မယ်
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရောက်ချင်သေးတယ်။
ဟိုစဉ်က လွတ်လပ်မှုဟာ
ခုများပျောက်လို့နေပါပြီ
ဆန္ဒတွေနဲ့ တုပ်နှောင်မြဲခဲ့
စားချိန်မှာ ၀င်မစားနိုင်
အိပ်ချိန်မှာဝင်မအိပ်နိုင်
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရောက်ချင်သေးတယ်။
ကျွန်တော်တို့လူငယ်အတော်များများ သိကြမယ့်၊ ကိုယ်တိုင်လည်းခံစားဖူးကြမယ့် စိုင်းထီးစိုင်ရဲ့ သီချင်းစာသားလေးပါ။ ဆရာစိုင်းခမ်းလိတ် ရေးထားတာပါ။ တကယ်တော့ သီချင်းဆိုတာလည်း သံစဉ်တွေနှင့် ဖွဲ့သီထားတဲ့ ကဗျာပဲမဟုတ်လား။ အဲဒီတော့ အဲဒီသီချင်းလေးကို ကျွန်တော်အရမ်းနှစ်သက်၊ သဘောကျစွဲလန်းခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါလို့ ပြောရင်ဖြင့် အပြစ်များတင်ကြမလားခင်ဗျာ။ ညီလေး မိုးမြင့်တိမ်ရေ ဒီလောက်ဆိုကျေနပ်တော့ကွာ။ အကိုလည်း ကလေးဘ၀လေး ပြန်တမ်းတပြီး နုံးသွားတယ်ညီရေ။ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနှင့် တင်းတိမ်ရောင့်ရဲ
စားချိန်မှာဝင်စားမယ်
အိပ်ချိန်မှာဝင်အိပ်မယ်
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရောက်ချင်သေးတယ်။
ဟိုစဉ်က လွတ်လပ်မှုဟာ
ခုများပျောက်လို့နေပါပြီ
ဆန္ဒတွေနဲ့ တုပ်နှောင်မြဲခဲ့
စားချိန်မှာ ၀င်မစားနိုင်
အိပ်ချိန်မှာဝင်မအိပ်နိုင်
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တခါပြန်ပြီးရောက်ချင်သေးတယ်။
ဖိုးမောင်
P.S/
ညီလေးမိုးမြင့်တိမ် Tag လိုက်လို့ ရေးလိုက်တာပါ။ Tag တာတွေရေးရတာ ခက်တယ်လို့ ညီလေးမိုးမောင်နှင့် ကျနော်မကြာခဏပြောရင်း ညည်းဖူးပါတယ်။ သူကတော့ ကောင်ညှင်းပေါင်းစားပြီး နှဲမှုတ်ရသလိုပဲ လက်ပေါက်ကပ်တယ် အကိုရတဲ့။ ညီလေးအိပ်မက်ရှင်ကတော့ အကိုကလည်း ကျောင်းတုန်းက ဆရာမ စာစီစာကုံး ခေါင်းစဉ်ပေးထားသလို ခေါင်းစဉ်အတိုင်းရေးရတာကိုးတဲ့။ သူကတော့ ပြောအားရှိတာပေါ့။ နံမည်ကိုက အိပ်မက်ရှင်ဆိုတော့ အိပ်နေရင်းအိပ်မက်ထဲ တောင်စာဖတ်မလားမသိတာ။ ရေးအားရှိတာပေါ့။ ကိုယ်တွေက ၀မ်းစာနည်းတော့ တစ်ပုဒ်ရေးဖို့အရေး အမေကယ်ပါ အဘကယ်ပါ တရအောင် ကြိုးစားရတာ။ ကဲထူးပါဘူးဗျာ ကျုပ်လည်းပြန် Tag မယ်ဗျိုး။ လာဖတ်တဲ့သူ အကုန် စီပုံးမှာဖြစ်ဖြစ်၊ ကွန့်မန့်မှာ ဖြစ်ဖြစ် နှစ်သက်တဲ့ ကဗျာလေးတွေပွတ်ခဲ့ ပါဗျိုး။ ဖြစ်နိုင်ရင်ပိုစ့်လေးတွေလုပ်ကြပါဗျ။ ဆရာဗေ နှစ်ဗေ၊ ဆရာခိုင်၊ ဆရာအိုင်နှင့် ၀ တစ် ၀၊ ဆရာအိ၊ ဆရာခင်၊ ဆရာကိုရင်၊ခင်၊ကလေး၊ ဆရာဒူ၊ ဆရာ မိုးကြယ်၊ ဆရာတောင်ပေါ်၊ ဆရာ ၀င်းဇော်၊ ဆရာဆိုး၊ ဆရာမင်းသုခ၊ သမိုင်းဆရာ ဆရာသက်(သမိုင်းကဗျာလေးများ) အိုဗျာ သိသမျှဘလော့ဂ်ဂါ ဆရာအပေါင်းတိုရေ ကျနော်Tag တယ်ဗျိုး။ အဟီး...
အဲ..ကျနော်သနားလို့ မ Tag ဘဲထားတဲ့သူတစ်ယောက်ရှိပါတယ်။
((((ဗျိုး))))... ဆရာရမ်းဂမ်း..
ဓမ္မာသောကအင်းဝရာဇာ
အောင်စံဖြိုးရေချိုး လို ဗေဒင်ကဗျာလေးတွေ လုပ်စမ်းပါဗျ။ ကျနော်တို့ ဗဟုသုတရတာပေါ့။ :P
အားလုံးကိုချစ်ခင်လို့ ကြည်စယ်ခြင်းပါခင်ဗျာ။ ကိုယ့်အခက်အခဲနှင့်ကိုယ် ရှိကြမယ်ဆိုတာ နားလည်ပါတယ်။ Tag သဘောနှင့် ညီအောင် ပြန်Tag လိုက်ခြင်းပါ။
အဆောင်တော် သန်ခေါင်ကျော် မောင်ခေါ်ရင် အတည်မမှတ်ပါနှင့်
တေးထပ်တွေရေးစပ်လို့ ဆေးချက်ဖို့ပါခင်ဗျ။
(နေသိပ်မကောင်းလို့ ကိုယ်တိုင်ဆေးချက်နေရလို့ပါ။ :P )
မကြည်မသာနှင့် အတည်နွှာကြမည့်
မဒီကညာတွေ အတွက်
ဒီကဗျာနှင့် ဒီTag ကို
ဒီတင်ပဲ ရပ်လိုက်ပါပီခင်ဗျား....။
(ဖိုးမောင်)
ကျေးဇူးတင်စကား ... ပန်းစံပယ်ကဗျာ လေးကို အမှန်ပြင်ပေးတဲ့ အမဗေဒါရီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...
You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.