မြေးတွေ မြစ်တွေပါ အလေးပြုနေကြရသော အခြေအနေ ရောက်ရှိနေပါပြီ။
ဒီပိုစ်လေးအား ကိုနစ်နေမန်း ဘာလောဂ်ကနေ တဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။
ဗိုလ်လောင်းငယ်တစ်ဦး သေဆုံးခဲ့ရလို့  ရက်ရွေ့ ဆိုင်းခဲ့ရတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၁) သင်တန်းဆင်းပွဲကို နအဖခေါင်းဆောင်ကြီး သန်းရွေနဲ့  ဗိုလ်အပေါင်းအပါတို့  တက်ရောက်ခဲ့ကြပါတယ်။
ဒီနှစ် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းပွဲမှာ ထူးခြားချက်ရှိတာတွေကတော့ ကျောင်းဆင်း ဗိုလ်လောင်း တပ်ရင်းဟာ တပ်ချူပ်ကြီးဖြစ်တဲ့ သန်းရွှေနဲ့ ကတော်အပေါင်းတို့ ကိုသာ ယခင်နှစ်များကလို အလေးပြုရတာမျိုး မဟုတ်ဘဲ၊ သန်းရွှေရဲ့  မြေးများကိုပါ အရိုအသေပေး ဖူးမြော် အလေးပြုရတာပါဘဲ။
သင်တန်း ကာလအတွင်းမှာ နအဖက သင်ကြားပေးတဲ့ အယူလွှဲမှားနေသော "တပ်မတော်သာအမိ တပ်မတော်သာ အဖ" ဆိုတဲ့ ဆောင်ပုဒ်များနဲ့ သင်ကြားမှု မှတ်သမျှကို အပင်ပန်းခံပြီး သင်ယူခဲ့ကြရတဲ့ အမောင် ဗိုလ်လောင်းများဟာ အခုတော့ "သန်းရွှေမိသားစုသာ အမိ သန်းရွှေမိသားစုသာ အဖ" ဆိုတဲ့ ဆောင်ပုဒ် အသစ် ဖြစ်ရလေအောင် သန်းရွှေမြေးတွေမြစ်တွေအထိ လူပုံလည်ကြားမှာ အလေးပြုပေးနေရပါပြီ။

အမောင်ဗိုလ်လောင်းများ အထက်ကအမိန့် အရ မသင့်တော်တာတွေရော နည်းလမ်းမကျတာတွေရော လုပ်ပြ နေရပေမယ့်၊ အရိုအသေခံ အလေးပြုခံနေရတဲ့ သန်းရွှေမိသားစုကရော အလေးတယူရှိလား မရှိလားဆိုတာ သူတို့ ရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာပါ ဓါတ်ပုံများက သက်သေပြနေပါတယ်။
သန်းရွှေ နေရာတကာပွဲထုတ်နေတဲ့ နေရာတကာ မျောက်လောင်းလုပ်နေတဲ့ ဖိုးလပြည့် (ခ) နေရွှေသွေးအောင် ကတော့ ဒီလို စစ်တက္ကသိုလ် ဗိုလ်လောင်သင်တန်းဆင်းပွဲမှာ မြန်မာဆန်ဆန်တောင် မ၀တ်စားဘဲ ကြောင်လျှာသီးကြီး လည်ပင်းမှာ ပတ်ပြီး၊ အဖွားကြီးဘေးမှာ ထိုင်နေတာက ကြည့်နိုင်ပါတယ်။ ထို့အတူ သန်းရွှေ ရဲ့  သမီးတွေနဲ့ မြေးတွေကလည်း ၀တ္ထုစာအုပ် ကာတွန်းစာစောင်တွေ ဖတ်နေတဲ့သူက ဖတ်နဲ့ အလေးတောင် မထား စိတ်တောင် မ၀င်စားဘဲ နေနေကြပါတယ်။

ကဲ ဒီလိုဖြစ်နေပျက်နေကြတာများ နောက်နောင်ဆိုရင် စစ်တက္ကသိုလ်ဗိုလ်လောင်သင်တန်းဆင်းပွဲတွေမှာ ဒီလိုဘဲ သန်းရွေရဲ့  မြေးတွေမြစ်တွေ (နောက်ဆုံး သူတို့ မွေးထားတဲ့ ခွေးတွေကြောင်တွေပါ ခေါ်လာရင်) အရိုအသေ ပေးကြဖို့  အလေးပြုရတာအပြင် ထိုင်ပါကန်တော့ကြရဖို့ သာ မြင်ရတော့မယ် ထင်ပါတယ်။

စစ်တက္ကသိုလ် ဗိုလ်လောင်းများ ဘ၀ သနားမိပါတယ်။ ထို့ အတူ သန်းရွှေ လက်အောက်ခံများ ဘယ်လိုဘ၀များ ရောက်နေကြပြီလည်းဆိုတာ သူတို့ ခမျာ သူတို့ ကိုယ်တိုင်တောင် မသိကြလို့  သနားမိပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.