Wednesday, November 19, 2008

[Pan Pwint Lay - My Diary] 1 New Entry: Arashi

Arashi

You received this email because you are subscribed to the real_time feed for http://panpwintlay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါင်းမာန်ဟုန်] 1 New Entry: ဗမာပြည်မှ အာဇာနည်များ

ဗမာပြည်မှ အာဇာနည်များ

မဇ္ဈိမသတင်းဌာန
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း

စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင်
၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင်
၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း
အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့်
ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: သစ်ပင်

သစ်ပင်

အလင်းရောက်ကို လုယက်ရင်း
ငါ့လက်တွေမြောက်
ကွေးကောက်ခဲ့ရ
ဝမ်းစာအတွက် ရုန်းကန်ရင်း
ငါ့ခြေထောက်တွေကောက်
ဒူးထောက်ခဲ့ရ
ဒါပေမဲ့
ငါ့မြေငါထွန်ယက်
ငါ့မြေသြစာငါကျွေး
ငါ့မျိုးဆက်ကို ငါပဲမွေးခဲ့တယ်။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီလင်းသစ်] 1 New Entry: Autumn

Autumn


Autumn (1)
IMG_1311a
Focal length 36 mm
Exposure 1/125
Aperture f/10
ISO 100


Autumn (2)
IMG_1318a
Focal length 55 mm
Exposure 1/200
Aperture f/10
ISO 100


Autumn (3)
IMG_1308a
Focal length 42 mm
Exposure 1/50
Aperture f/5
ISO 200


Autumn (4)
IMG_1286a
Focal length 47 mm
Exposure 1/100
Aperture f/8
ISO 400


Autumn (5)
IMG_1305a
Focal length 55 mm
Exposure 1/40
Aperture f/5.6
ISO 200


Autumn (6)
IMG_1324a
Focal length 53 mm
Exposure 1/125
Aperture f/8
ISO 100

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အတွေးရပ်ဝန်း] 1 New Entry: လက်ဆောင်

လက်ဆောင်

လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးလာပြီဆိုရင် လက်ဆောင်လေးတွေ ပေးလေ့ပေးထ ရှိကြပါတယ်။ မွေးနေ့လက်ဆောင်တို့၊ နှစ်သစ်ကူးလက်ဆောင်တို့လို အထိမ်းအမှတ်တစ်ခုခုအတွက် ပေးကြတာမျိုးရှိသလို ခရီးတစ်ခုခုကနေ ပြန်လာတဲ့အခါ အမှတ်တရအနေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ ၀ယ်လာပြီးတော့လဲ ပေးတတ်ကြပါတယ်။ ဘာအကြောင်းမှ မရှိဘဲ ခင်လို့မင်လို့ ပေးကြတာမျိုးလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ဆောင်ရတယ်ဆို ပျော်ကြတဲ့သူချည်းပါပဲ။

ကျွန်မကတော့ မိတ်ဆွေ သူငယ်ချင်းတွေကို လက်ဆောင်ပေးရင် စာအုပ်လေးတွေ ပေးတတ်ပါတယ်။ စာဖတ်ဝါသနာပါတဲ့သူဆိုတော့ သူများကို လက်ဆောင်ပေးမယ်ဆိုရင် စာအုပ်ကလွဲပြီး ဘာမှ သိပ်စဉ်းစားလို့ မရပါဘူး။ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်မိရင် နှစ်အုပ်၊ သုံးအုပ်လောက် ပိုဝယ်ထားတတ်တာလဲ ကျွန်မအကျင့်ပါပဲ။ သူများက ကိုယ့်ကို လက်ဆောင်ပေးရင်တော့ ဘာလေးပဲရရ အရမ်းပျော်ပါတယ်။ ကိုယ့်ကို သတိတရနဲ့ အမှတ်ရပေးတဲ့အတွက် ကြည်နူးပီတိဖြစ်ပြီး ပျော်တာမျိုးပါ။ အခုလို အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းကနေ ကိုယ်ခင်တဲ့သူတစ်ယောက်က မေးလ်လေးတစ်စောင်လောက်(တိုတိုလေးပဲဖြစ်ဖြစ်) ပို့လိုက်တာမျိုး၊ E-card လေးတစ်ခုလောက် ပို့ပေးတာမျိုးဆိုရင်လဲ ကိုယ့်အပေါ်မှာထားတဲ့ သူ့ရဲ့ အမှတ်တရရှိမှုအတွက် စိတ်ထဲမှာ ကျေနပ်ပြီး ပျော်မိပါတယ်။

အဲဒါကြောင့် ကိုယ်တိုင်လဲ Christmas တို့၊ New Year တို့လိုမျိုး၊ ဒါမှမဟုတ် အွန်လိုင်းက သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ မွေးနေ့လိုမျိုးဆိုရင် အမှတ်တရ ကဒ်လေးတွေ ပို့ပေးတတ်ပါတယ်။ ပြောမနာ ဆိုမနာ ခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆို ကျွန်မကို "နင်က အင်တာနက်ဆိုင်မှာ လုပ်နေတိုင်း အလကားရတဲ့ E-card တွေချည်းပဲ ပို့ပေးနေတယ်" တဲ့။

သူပြောသလို E-card ဆိုတာ အလကားရတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီကဒ်ကို ပို့ပေးတဲ့သူရဲ့ရင်ထဲက သံယောဇဉ်နဲ့ အမှတ်ရမှုကတော့ တန်ဖိုးထားတတ်တဲ့သူတွေအတွက် အလကားတော့ မဖြစ်လောက်ဘူးလို့ ကျွန်မ ယုံပါတယ်။ ကျွန်မကိုယ်တိုင်လဲ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ လုပ်ပေးတဲ့ အပြုအမူတိုင်းကို အပေါ်ယံမကြည့်ဘဲ တန်ဖိုးထားတတ်တာကြောင့်ပါ။

ဒီနှစ်ထဲမှာ ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတွေ ရ,ထားတာရှိပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က အွန်လိုင်းမှာ ကျွန်မ အရမ်းခင်ရတဲ့ အစ်မတစ်ယောက်ဆီကနေ လက်ဆောင်တစ်ခု ရလိုက်ပါတယ်။ လူကြုံနဲ့ထည့်ပေးလိုက်တဲ့ DVD လေးတစ်ချပ်ပါ။ ရပ်ဝေးမြေခြားကနေ သတိတရနဲ့ တကူးတက ထည့်ပေးလိုက်တာရယ်၊ လုံးဝ မမျှော်လင့်ထားတာရယ်ကြောင့် အဲဒီ DVD လေး ကျွန်မလက်ထဲ ရောက်လာတဲ့အချိန်မှာ ပြောမပြတတ်အောင်ကို ပျော်မိပါတယ်။ အဲဒီအစ်မရဲ့ ကျွန်မအပေါ်မှာ ထားတဲ့ သံယောဇဉ်ကိုလဲ ရင်ထဲမှာ တကယ့်ကို အမှတ်တရနဲ့ ပီတိဖြစ်မိပါတယ်။

နောက်ထပ်ရ,ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဆိုတာကတော့ သီချင်းလေးတွေပါ။ စာအုပ်တွေကို ချစ်သလို ဂီတသံစဉ်လေးတွေကိုလဲ မြတ်နိုးတဲ့ ကျွန်မအတွက် သီချင်းအပုဒ်ရေပေါင်း များစွာကို လက်ဆောင်ရတာဟာ တကယ့်ကို ပျော်စရာလေးပါပဲ။ တစ်နေ့တာလုံး အလုပ်ခွင်မှာ အာရုံစိုက်ထားရသမျှ ညအချိန်မှာ သီချင်းလေးတွေ နားထောင်ပြီး အနားယူလိုက်ရရင်ပဲ ပင်ပန်းမှုတွေ ပြေပျောက်ရပါတယ်။ အဲဒါကြောင့် သီချင်းလက်ဆောင်ပေးတဲ့သူတစ်ယောက်ကိုလဲ ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ ဒီလို မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရှိနေတဲ့ ကိုယ့်ဘ၀ကိုယ်လဲ ကျေနပ်စိတ်နဲ့အတူ ပိုပြီး ခင်တွယ်မိပါတယ်။ ကိုယ့်ဘ၀ကိုယ် ခင်တွယ်ကျေနပ်နေတဲ့သူအဖို့ ဘ၀ဟာ နေပျော်ချင်စရာပါပဲ။

သက်မဲ့ လက်ဆောင်ပစ္စည်းတစ်ခုကနေ တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြည်နူးပီတိဖြစ်မှုကို ရရှိခံစားစေတဲ့အတွက် ကျွန်မကတော့ လက်ဆောင်လေးတွေမှန်သမျှကို တန်ဖိုးထား မြတ်နိုးနေမှာပါ။ အဲဒီလိုပဲ ကျွန်မခင်တဲ့သူတွေကိုလဲ အွန်လိုင်းကနေပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာပဲဖြစ်ဖြစ် ကျွန်မတတ်နိုင်တဲ့ အတိုင်းအတာအလျောက် အမှတ်တရလေးတွေ ဖန်တီးပေးသွားဖို့လဲ ဆုံးဖြတ်ထားပါတယ်။

တကယ်တော့ လက်ဆောင်ဆိုတာ တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူတစ်ယောက်ရဲ့စိတ်ကို ကြည်နူးမှုပေးနိုင်တာ အမှန်ပါပဲ။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီနေမင်း] 1 New Entry: mobile ကနေ ကွန်ပျူတာကို free call ခေါ်နိုင်ပြီနော် ...

mobile ကနေ ကွန်ပျူတာကို free call ခေါ်နိုင်ပြီနော် ...

ကျွန်တော် ဒီဆော့ဖ်ဝဲလ်လေးကို အရမ်းသဘောကျလို့တင်ပေးလိုက်ပါတယ် ... သူ့မှာ ချက်တင်အပြင် စကားပါပြောလို့ရတာက ဒီဆော့ဖ်ဝဲလေလေးရဲ့ အားသာချက်ပါ ... လုပ်ဆောင်ချက်ကတော့ ဖုန်းကနေ http://www.fring.com ကိုဝင်ပြီးတော့ fring ကို ဒေါင်းလော့လုပ်လိုက်ပါ ... ပြီးရင်တော့ သူမေးထားတဲ့အတိုင်း ပါ့စ်ဝါ့နဲ့ အကောင့်တစ်ခုလုပ်လိုက် ပြီးရင် gtalk,yahoo messenger, skype အစရှိတဲ့ ချက်တင်တွေကို ကို့ရှိပြီးသားအကောင့်နဲ့ ၀င်လိုက်ပါ ... fring ဆော့ဖ်ဝဲလ်လေးကို ဒေါင်းလော့လုပ်လိုက်တာနဲ့ ချက်တင်တော်တော်များများကို တစ်ကြိမ်တည်းနဲ့ ချက်တင်ဝင်နိုင်တဲ့အပြင် အွန်လိုင်းပေါ်ရောက်လာတဲ့ သူတွေကိုလဲ ဖုန်းနှင့်ပြောဆိုတဲ့ အတိုင်းပြောနိုင်ပါတယ် ... ဒီ ၀ဘ်ဆိုက်လေးပေါ်လာတာ သိပ်မကြာသေးပါဘူး .... ဖုန်းတစ်လုံးရှိနေရုံနဲ့ ဖုန်းလိုင်းမိတဲ့ ဘယ်နေရာကိုပဲရောက်ရောက် အွန်လိုင်းဝင်နိုင်တဲ့အပြင် ဖုန်းပါပြောနိုင်ပါတယ် .... ဖုန်းနှင့် ၀ဘ်ဆိုက်ကို ၀င်လို့မရဘူးဆိုရင်တော့ ကွန်ပျူတာနှင့် http://www.fring.com/download/ ကိုဝင်ပါ ပြီးလျင် ဘေးနားက အကွက်လေးမှာ ဖုန်းနံပါတ်နှင့် နိုင်ငံပြီးတော့ အီးမေးလ်လိပ်စာကို ဖြည့်ပြီးတာနဲ့ join ကိုနှိပ်လိုက်ပါ ကို့ရဲ့ ဖုန်းမှာ ဒေါင်းလော့လုပ်မလားလို့ မေးပါလိမ့်မယ် .... တစ်ခါတည်းသာ ဒေါင်းလော့လုပ်လိုက်ပါ ... အဲ့ဒီ့လောက်ဆိုရင် အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်... တစ်ခုတော့ရှိပါတယ် .. သူပေးထားတဲ့ဖုန်းတွေကတော့ (ချက်တင် + ဖုန်း) ပြောလို့ရသလို ... ချက်တင် သီးသန့်ပဲ ပြောလို့ရတဲ့ ဖုန်းဆိုပြီး နှစ်မျိုးခွဲထားပါတယ် ..

get fring via pc မှာ ကို့ဖုန်းအမျိုးအစားအလိုက် ကြည့်လို့ရပါတယ် ... ကျွန်တော့ဖုန်းကတော့ မရပါဘူး ဟဲဟဲ .. ဘာဖြစ်လို့လဲဆိုတော့ nokia 5300 ဖြစ်နေလို့ပါ ... mini fring ပဲရပါတယ် ... mini fring က ဖုန်းပြောလို့မရပါဘူး.... ချက်တင်သီးသန့်ပဲရပါတယ် ... ဖုန်းပြောလို့ ရ၊ မရဆိုတာကတော့ get fring via pc မှာ ဖုန်းအမျိုးအစားနှင့်မော်ဒယ်နံပါတ်ကို ရွေးလိုက်တာနဲ့ အောက်မှာ အသံပုံစံလေး ပြထားရင်တော့ အိုကေပါတယ် ... အသံပုံစံလေးမဟုတ်ပဲ အသံပုံစံလေးကို ကြက်ခြေခတ်အ၀ိုင်းလေးနဲ့ ၀ိုင်းပြထားရင်တော့ စကားပြောလို့မရပါဘူး .... ချက်တင်ပဲဝင်နိုင်ပါတယ် ... ကျေးဇူးအထူးတင်ပါတယ် .. အကောင်းဆုံးကတော့ nokia N73 နှင့် iphone တွေပါ .... မိသားစုနှင့်ဝေးနေတဲ့ သူငယ်ချင်းများ အလုပ်မအားတဲ့ကြားထဲကနေ ကွန်ပျူတာရှေ့မထိုင်ပဲနှင့် ဖုန်းနဲ့တင် ချက်တင်ဝင်ပြီးပြောနိုင်ပါစေဗျာ .... စမ်းကြည့်ပါဗျာ ... အဆင်မပြေတာရှိရင်တော့ naymin123@gmail.com ကို မေးလ်ပို့လိုက်ပါ ကျန်တော် ပုံနှင့်တစ်ကွ ရှင်းပြပေးပါ့မယ် ...

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၁-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၁-၀၈)

- မတရားသော အမိန့်အာဏာဟူသမျှကို ဆန့်ကျင်ရန် MPU တိုက်တွန်း click
- တိုင်းရင်းသားခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၏ သားကို ထောင်ဒဏ် (၃၃) နှစ် ချမှတ် click
- ၀ါရင့်နှင့် တိုင်းရင်းသားလူမျိုး ဒီမိုကရေစီအင်အားစုများ အမျိုးသားနေ့အောင်ပွဲ ကျင်းပမည် click
- အမေရိကန်ကျောက်မျက်ဥပဒေကြောင့် ကျောက်ကုန်သည်ကြီးများပါ ထိခိုက်နိုင် click
- စားအုန်းဆီမှ ဦးပိုင် အမြတ်အစွန်းများစွာ ရနေ click
- လက်ဝေခံတို့ ပေါင်းစားကြပြန်ပြီ (ဆောင်းပါး) click
- စီးပွားပျက်ကပ်ကြောင့် စင်ကာပူရောက် မြန်မာအလုပ်သမားများ ဒုက္ခတွေ့နေ click
- အရှင်ဂမ္ဘီရနှင့် တိုင်းရင်းသားလူငယ်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ် click
- ဒေါက်တာသန်းငြိမ်း စင်ကာပူတွင် ခွဲစိတ်ကုသမှု ခံယူ click
- အတိုက်အခံများကို ထောင်ချနေမှုအပေါ် ကုလနှင့် အိမ်ဖြူတော်က ရှုတ်ချ click
- ပူးကျင့်ရှင်းထန်၏ သားဖြစ်သူ ၃၃ နှစ် ပြစ်ဒဏ်ကျ click
- လွှတ်တော်အမတ် ဒေါက်တာလှအောင် ကွယ်လွန် click
- စင်္ကာပူစီးပွားရေးကျ၍ မြန်မာနိုင်ငံသို့ ပြန်လွှဲပို့ငွေများ ထိခိုက် click
- သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် စွဲချက်ဖြင့် သံဃာ (၂) ပါးအား ထောင်ဒဏ်ချမှတ် click
- စစ်သင်္ဘောများ စစ်တွေတွင် ဆက်လက် ရှိနေဆဲ click
- မြန်မာစစ်အစိုးရကို နိုင်ငံတကာကျောင်းသားများက ပြစ်တင်ရှုတ်ချ click
- စီရင်ချက်နှင့် ဝေးလံသော ထောင်သို့ပို့မှု မတရားဟု မိသားစုများက ရင်ဖွင့် click
- စီရင်ချက်နှင့် ထောင်ပြောင်းရွှေ့မှုများ ဆက်တိုက်ဖြစ်နေ၊ မျိုးဆက်သစ်ကျောင်းသားများနှင့် ကိုထင်ကျော် တို့ကို ထောင်ဒဏ်ချမှတ် click
- ရခိုင်ပြည်နယ် မင်းပြား၌ စစ်တပ်က ရိုက်နှက်၍ အရပ်သား ဒဏ်ရာပြင်းစွာရ click
- ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ရေပိုင်နက်အငြင်းပွားမှု မြန်မာဘက်က လျှော့ click
- U.N. rights experts condemn Myanmar activist trials click
- CSW urges UN Secretary General to prioritise human rights in Burma click
- Burma: Forced labor used for battle preparations click
- USG Humanitarian Assistance to Burma (as of 17 Nov 2008) click

အရှေ့တောင်အာရှမှာ ... (၀တ္ထတို)

အရှေ့တောင် အာရှမှာ …
ဇာဂနာ

အဖေ မကြာမကြာ ပြောဖူးတယ်။ အရှေ့တောင်အာရှမှာ မြန်မာပြောတဲ့ အင်္ဂလိပ်စကား မြန်မာရေးတဲ့ အင်္ဂ လိပ်စာကို တခြားဘယ်နိုင်ငံကမှ မမီဘူးတဲ့။ စိတ်ထဲမှာ စွဲလို့နေပါရော။ သူငယ်ချင်းတွေကိုလည်း ပြောပြ၊ ဆွေ မျိုးတွေကိုလည်း ပြောပြ။ မောနိုင်ပေါင်၊ ယုံလောက်အောင်လည်း ကိုယ်က အင်္ဂလိပ်စကားကို တော်တော်ပီပီ ကြီး ပြောပြရတာပေါ့။ ကိုယ်တို့ငယ်ငယ်တုန်းက ကြည့်ရတဲ့ ရုပ်ရှင်တွေထဲမှာ မင်းသားတွေပြောတဲ့ တချို့ အင်္ဂ လိပ်စကားတွေကို အလွတ်ကို ကျက်ထားရတာ။ ဆိုပါတော့ Guns of Navarone ဇာတ်ကားထဲက ဂရေဂရီ ပက်ပြောတဲ့ It is up to your neck တို့၊ The last day of the respite given to us by the senate is drawing nigh တို့ ဆိုတာတွေကိုလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ရွတ်ရွတ်ပြနေရတာပေါ့။ အဲသည်တုန်းက ခေတ် စားနေတဲ့ လင်ဂွါဖုန်း အင်္ဂလိပ်စကားပြောသင်တန်းဆိုတာလည်း ပြေးတက်လိုက်ရတာပါပဲ။
How are you?
Quite well, Thank you.
ဆိုတာတွေကို ကက်ဆက်ခွေထဲကလို အာလုပ်သံကြီးနဲ့ ပြော၊ သူငယ်ချင်းတွေကလည်း သဘောကျ၊ တော် တော်နိပ်နေတာပေါ့။ နိပ်အောင်လည်း ကိုယ်က ကြိုးစားရတာကိုး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အရှေ့တောင်အာရှ မှာ မြန်မာဟာ အင်္ဂလိပ်စာ အတော်ဆုံးပါ။
… … … … … … …

သားကို မကြာမကြာ ပြောပြရတယ်။ အရှေ့တောင်အာရှမှာ အဖေတို့ဟာ …
အရှေ့တောင်အာရှမှာ အဖေတို့ဟာ …
အရှေ့တောင်အာရှမှာ …
အရှေ့တောင် …

သား ။ ။ အဖေ အဲဒါက တကယ်လား။
အဖေ ။ ။ အေးပေါ့ကွ မင်းတို့ အဖိုးတို့ လက်ထက်ကတည်းကပဲ။
ဒီအကြောင်းပြောရတော့မယ်ဆို ကိုယ်တို့ အလိုလိုတက်ကြွလာတာ အမှန်ပဲ။ မင်းအဖိုးတို့တုန်းက အင်္ဂလိပ်လို ဆဲချင်လို့ အင်္ဂလိပ်စာတော်အောင် ကြိုးစားကြတာ။ အဖေတို့ လက်ထက်မှာ သည်အမွေကို ဆက်ထိန်းတာပဲ။ မင်းတို့အလှည့်မှာ သည့်ထက်ကို ပိုရဦးမှာပေါ့လို့ တက်တက်ကြွကြွကြီးကို ရှင်းပြလိုက်တာပေါ့။ သားရဲ့ မျက် နှာက တွေတွေကြီး ဖြစ်နေတယ်။ တခုခုကို စဉ်းစားနေသလိုပဲ။
သား ။ ။ အဖေပြောတာ ဟုတ်လားတော့ မသိဘူး။
သူ့စကားက ကိုယ့်စကားကိုပဲ မရေမရာသယောင်ယောင်။ ဘာမှပြန်မပြောဘဲ သူဆက်ပြောလာမယ့် စကားကို ပဲ နားထောင်နေလိုက်ရတယ်။
သား ။ ။ ကျနော်တို့ကျောင်းမှာ သင်တဲ့ ဆရာတွေက မင်းတို့ အင်္ဂလိပ်စကားပြော သိပ်ကောင်းတာပဲလို့ ချီးကျူး ကြတယ်။
အဖေ ။ ။ ဒါပဲပေါ့ကွာ၊ အပွေးမြင်ရင် အပင်သိပါတယ်။ အရှေ့တောင် …
သား ။ ။ ခဏလေး အဖေ၊ ခက်နေတာက သူတို့က ကျနော်တို့ရဲ့ ဆရာတွေ ဖြစ်နေတယ်။ နောက်ပြီး သူတို့က စင်္ကာပူတွေ ...။
ပြောပြီးတာနဲ့ သားက ထထွက်သွားတယ်။
ကိုယ်လည်း ဘာပြန်ပြောရမှန်း မသိတော့ဘူး။
… … … … … … …

သည်ကောင်တွေ သည်လိုပဲ နှိပ်စက်နေကျ။
သူတို့တွေ နိုင်ငံခြားသွားတုန်းက ကူညီခဲ့တဲ့ မိတ်ဆွေတွေ မြန်မာပြည် လာလည်လို့တဲ့။ ယိုးဒယားဆိုင် YIN DEE မှာ ကျွေးချင်တယ်တဲ့။ ကိုယ်က နှံ့နှံ့စပ်စပ် ရှိလို့တဲ့။ စကားပြောရအောင် လာခဲ့ပါဆိုပဲ။ အမှန်ကတော့ ဧည့်ခံရအောင်ပါ။ သူတို့ မိတ်ဆွေတွေ သိချင်တာမေးရင် သူတို့မှ လည်လည်ပတ်ပတ် ပြန်မဖြေနိုင်တဲ့ဟာ။ ဟို တခါကလည်း ဖြစ်ပြီးပြီလေ။ ဂျာမန်တွေလာတုန်းကပေါ့။ ထရိတ်ဒါးစ်မှာ နေ့လည်စာကျွေးတယ်လေ။ အဲသည် မှာ ဂျာမန်တွေက ဘုရားအလောင်းတော်အကြောင်း မေးပါလေရော။ အိုးနင်းခွက်နင်း ဖြစ်ကြပါရောလား။ မရှူ နိုင်မကယ်နိုင်ဖြစ်တော့မှ ကိုယ့်လာခေါ်တာလေ။

သည်တခါတော့ ဟိုတခါလိုဖြစ်မှာ စိုးလို့ထင်ပါရဲ့။ တရက်ကြိုပြီး အကြောင်းကြားတယ်လေ။ ကိုယ်ကလည်း သည်လိုပွဲမျိုး စောင့်နေတာကလား။ ချိန်းတဲ့ အချိန်ထက် ဆယ်မိနစ်စောပြီး ရောက်အောင် သွားလိုက်တယ် လေ။ သည်ကောင်တွေ တော်တော် ပျော်သွားတယ်။ ခုလာမယ့် သူတွေက မလေးရှားကဆိုပဲ။ မြန်မာပြည်မှာ ရုပ်ရှင်လုပ်ငန်း ကြော်ငြာလုပ်ငန်းတွေ လာလုပ်ချင်လို့ ဆိုပဲ။ ကိုယ်ကလည်း ချက်ဆို ဗိုက်ကပ်နေတဲ့ဟာ၊ ကိုယ့်သူငယ်ချင်းတွေက မလေးရှားတွေရဲ့ ကိုယ်စားလှယ် လုပ်ချင်နေကြတာ ဖြစ်ရမယ်။ ကိုယ်စားလှယ်ဆို တာ လူကြားကောင်းအောင် ပြောရတာ၊ အမှန်ကတော့ ပွဲစားပါပဲ။ ရုပ်ရှင်မင်းသား လူမင်းနဲ့ မလေးက Add Audio Company နဲ့ အလုပ်လုပ်တာ အောင်မြင်သွားတော့ သည်မလေးတွေကလည်း ဈေးကွက်ရှာ ထွက် လာကြတာနေမှာပေါ့။ ကိုယ်ကတော့ သိပ်အားမရှိပါဘူး။ အရှေ့တောင်အာရှနိုင်ငံသားတွေနဲ့ အင်္ဂလိပ်လို သိပ် မပြောချင်ဘူး၊ ပီကလည်း မပီ၊ သွက်ကလည်း မသွက်၊ ချောကလည်း မချော၊ ကိုယ်ပါရောပြီး ပျက်ချင်ချင် ရယ်၊ ဒါပေမယ့် သူငယ်ချင်းတွေက ကိုယ့်ကို အားကိုးနေကြတော့ မခက်လား။ တတ်နိုင်ပါဘူးလေ၊ တတ်တဲ့ပ ညာ မနေသာလို့ဆိုတယ် မဟုတ်လား။

တကယ့်တကယ် ရောက်လာတော့ မလေးတရုတ်က နှစ်ယောက်၊ စင်္ကာပူတရုတ်က တယောက်၊ မလေးကု လားက တယောက် ပေါင်းလေးယောက်။ မွန်ရည်ကြပါတယ်။ ကိုယ့်ကိုလည်း လေးလေးစားစားနဲ့ပါ။ ကိုယ်က လည်း သူတို့တတွေ ကြိုက်တတ်တဲ့ ပင်လယ်စာတွေ သေသေချာချာ မှာပေးလိုက်ပါတယ်။ အထူးသဖြင့်က တော့ ဂဏန်းပျော့ပေါ့၊ ငနဲတွေ တော်တော် သဘောကျသွားတယ်။ It's a good food. ဆိုတာကို တွင်တွင် ကြီး ပြောနေတော့တာပါပဲ။ ကဲ အလုပ်အကြောင်း စလိုက်ရအောင်ဆိုတော့ သည်လူတွေ အစားအသောက် ဘေးချ။ မျက်လုံးတွေ အရောင်တောက်လာကြတယ်။

(ခင်ဗျားတို့ မြန်မာနိုင်ငံမှာ ဇာတ်လမ်းအတွဲတွေ ရိုက်ကြပါသလား)
ကိုယ် ကြောင်သွားတယ်။ မလေးတရုတ်ရဲ့ ပါးစပ်ကနေ မြန်မာစကားသံ ပီပီကြီး ထွက်လာပါကလား။
(တိပ်ကနေ ဖလင်ပေါ်ကို ပြောင်းတဲ့အပေါ် စိတ်ဝင်စားမှု ရှိကြပါရဲ့လား)
ကိုယ်တင်မကပါဘူး၊ သူငယ်ချင်းတွေပါ ကြောင်သွားကြပါတယ်။ နောက်တော့ သဘောကျသွားကြပါလေ ရော။ နောက်တော့ စကားသင်္ဘော ဆောက်ကြပါလေရော။ နောက်တော့ ကိုယ့်ကို မေ့သွားကြပါလေရော။ နောက်တော့ … နောက်တော့ … နောက်တော့ … နောက်တော့ …။

စားလို့ သောက်လို့လည်း ပြီးရော၊ ကာရာအိုကေ ဆိုကြရအောင်တဲ့။ ကိုယ် အသက်ပြန် ၀င်လာတယ်၊ ငယ် ငယ်ကတည်းက ကျောင်းမှာ အဆိုကောင်း ပွဲတောင်းခံခဲ့ရတဲ့ ကိုယ့်အတွက် အစွမ်းပြရမယ့် ပွဲပဲပေါ့။ CCR ပဲ လား Elton John လား Sting ပဲလား Aron carte မလေး သီချင်းတွေပဲ ဟဲပြရမလား။ ရင်ကော့ပြီးတော့ကို ကာရာအိုကေခန်းထဲ ၀င်သွားတော့တာပေါ့။ စားပွဲပေါ်ချထားတဲ့ သီချင်းစာအုပ်တွေထဲက အင်္ဂလိပ် သီချင်းစာ အုပ် ကောက်ကိုင်လိုက်ရင်း ဧည့်သည်တွေရဲ့ အရိပ်အကဲကို ကြည့်နေရတယ်။ ဟုတ်တယ်လေ၊ သူတို့ကို ဦး စားပေးရမှာပေါ့။

စင်္ကာပူတရုတ်က စားပွဲထိုးကို မေးဆတ်ပြီး လှမ်းခေါ်တယ်။ သီချင်းစာအုပ် တနေရာကို လက်ညှိုးညွှန်ပြ တယ်။ စားပွဲထိုးက ကျနော်တို့ကို လှမ်းကြည့်တယ်။ သူ့မျက်နှာမှာ အရောင်တမျိုး ပြေးနေတယ်။ ထိုင်နေတဲ့ နေရာချင်း နည်းနည်းလှမ်းနေတော့ သူတို့ ဘာပြောကြမှန်း ကိုယ်မသိဘူး။ ဒါပေမယ့် စားပွဲထိုး ထွက်သွားပြီး တအောင့်အကြာ မော်နီတာ တီဗွီပေါ်မှာ နဂါးနီဆိုတဲ့ စာတန်းကြီးပေါ်လာတော့ ကိုယ်လည်း မှင်သက်မိသွား တယ်။

(ဆင်းရဲခြင်း … လွတ်ကင်းအောင် … လမ်းပြဆောင်ပါမည် …)
ကိုယ့်သူငယ်ချင်းတွေကလည်း လက်ခုပ်လက်ဝါးတီးလို့ အားပေးကြပါလေရော။ စားပွဲထိုးကလေးနဲ့အတူ ဆိုင် မန်နေဂျာလား ပိုင်ရှင်လားမသိ ၀င်လာပြီး ချီးမွမ်းခန်းတွေဖွင့် လက်ခေါက်တွေ ဘာတွေများတောင် မှုတ်လို့ ရယ်။ ကိုယ်လည်း မနေနိုင်တော့ဘူး။ အနားက မလေးကုလားကို မေးကြည့်ရတယ်။

(ခင်ဗျားတို့ မြန်မာစကား ဘယ်လိုတတ်လာကြတာလဲ) ပေါ့။
(ကျနော်တို့ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်) တဲ့။

ကိုယ့်စိတ်တွေ တောင်မြောက် ပြေးကုန်တယ်၊ အရှေ့တောင်အာရှမှာဆိုတဲ့ စာလုံးတွေ မျက်စေ့ရှေ့မှာ ပြေး နေတယ်၊ ကိုယ့်အဖေပြီးတော့ ကိုယ့်သား၊ သူတို့တွေကို ဖြတ်ကနဲ ဖြတ်ကနဲ မြင်လာတယ်။ သားပြောတဲ့ သူတို့ ကျောင်းက ဆရာတွေက စင်္ကာပူတွေ ဆိုတာကြီးကလည်း ပဲ့တင်သံကြီးကို ဖြစ်လို့။ ဘာပဲဖြစ်ဖြစ် အရှေ့ တောင်အာရှမှာ မြန်မာဟာ ဆိုတာကြီးကလည်း နီးလာလိုက် ဝေးသွားလိုက်၊ ကျနော်တို့ မြန်မာပြည်မှာ အလုပ် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်ဆိုတဲ့ အသံ (ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် …)။

ကိုယ့်ကိုယ်ကို လာလှုပ်တယ်၊ ကိုယ် အိပ်ပျော်သွားလား မသိ။ လက်ခုပ်သံတွေတော့ ဆူညံနေတာပဲ။ ကိုယ်တို့ လူတွေတင် မဟုတ်ဘူး၊ ဆိုင်က ၀န်ထမ်းတွေပါ ရောက်နေကြတယ်။
မလေးတရုတ်က ကိုယ့်ကိုပြုံးပြုံးကြီး ကြည့်ရင်း ...

Hey, are you dreaming? တဲ့။

ကိုယ်လည်း ပြုံးပြီး ခေါင်းခါပြလိုက်ရတယ်။ မင်းတို့ ဆိုတာတွေကို အရသာခံနေတာပါလို့ အင်္ဂလိပ်လို ပြန်ပြော လိုက်တယ်။ သူက ခင်ဗျား အင်္ဂလိပ်စကားပြော သိပ်ကောင်းတာပဲတဲ့။

ကဲ ... မပြောဘူးလား အရှေ့တောင်အာရှမှာ မြန်မာဟာ … ။ ။

ဇာဂနာ

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးချိုသင်း မှတ်တမ်း] 1 New Entry: ငှက်ကလေး ခရီးသွား

ငှက်ကလေး ခရီးသွား


ဒီနေ့ဆို ရန်ကုန်မှာ နိုဝင်ဘာလ ၁၉ရက်။ အဖေသာ ဒီနေ့ ဒီအချိန်မှာ ရှိတယ်ဆိုရင် အသက် (၇၅) နှစ် ပြည့်ခဲ့ပြီ။
အဖေ့ မွေးနေ့အမှတ်တရအတွက် ကိုယ့် အမအငယ် မိုးမိုးနှင်းရဲ့ စာကဗျာ အတ္ထုပ္ပတ္တိလေးကို ဖော်ပြချင်ပါတယ်။ မနှင်းက ဒီစာစုလေးကို အဖေဆုံးပြီး ၃လ အကြာမှာ ရေးခဲ့တာပါ။ မနှင်းကတော့ ကိုယ်တို့ မိသားစုထဲမှာ အနုပညာသွေး အပါဆုံး၊ အဖေ့ကို နားလည်မှု အပေးနိုင်ဆုံး သမီးတယောက်ပါ။
ကိုယ့်ရဲ့ မှတ်တမ်းလေးမှာ ကိုယ့်အမတယောက်ရဲ့စာလေးကို အဖေ့မွေးနေ့ အမှတ်တရ ဖော်ပြခွင့်ရတာ ၀မ်းသာမိပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ငှက်ကလေး ခရီးသွား

မတ်လရဲ့ ဥရောပမှာ ချယ်ရီတွေ စောစောစီးစီး မြိုင်မြိုင် ပွင့်နေပြီ ငှက်ကလေး။ ငှက်လေး ပြန်မလာဘူးလား။

အစ၏ သမိုင်း

သူ့ကို စမွေးတော့ သူ့အိမ်ရာသည် နွားစားကျက်သာသာဖြစ်သည်။ သူ့အိပ်ယာသည် နွားစားခွက်သာသာ ဖြစ်သည်။ ဒါဆို ယေရှုခရစ်လို ဖြစ်နေတာပေါ့ ဟု သူမက ပြူးပြူးပြက်ပြက် အံအားတသင့်မေးတော့ "အဲသလိုဆန်ဆန်ပါပဲ သမီးရဲ့" ဟု ခပ်တွေးတွေး ဖြေသည်။ အဖ ဦးဘအို နှင့် အမိ ဒေါ်စံထယ်တို့မှာ ရပ်ရွာသစ် ပြောင်းစ ကာလ ဖြစ်သည်။ ရေစကြို ခရိုင် မုံညင်း၊ မြေဖြူမှ တောင်သာမြို့နယ် ကန်မြဲဇဂျမ်းရွာသို့ အထုပ်အထည် သိပ်မပါ လက်ချည်းသာသာ ပြောင်းစဉ်က ဖြစ်သည်။

အဖိုး ဘုရားတကာ ဦးထွန်းတင်က သားမောင်ဘအိုကို မဟာဂီတ လိုက်စားစေခဲ့သည်။ ဘာသာ သာသနာနှင့် ဂီတကို စည်းကမ်း တင်းကြပ်စွာ မျိုးစေ့ချပေးခဲ့သည်။ အရွယ်တန်၍ တရွာသူ မစံထယ်နှင့် အကြောင်းပါတော့ အဖိုးက ငွေ အရင်းအနှီးထုတ်ကာ နယ်လှည့် စီးပွားရှာခိုင်းသည်။ ကိုဘအိုမှာ တောင်ယာ စိတ်မ၀င်စား၊ စီးပွားမမှု။ ဖခင်ပေးသော ငွေအရင်းအနှီးနှင့် နယ်လှည့် အထည်သည် ဖြစ်ရသည်။ ထိုဘ၀တွင် ပျော်ရွှင်စွာ ကျင်လည်သည်။

အထက်ပြည် အထက်ရွာ မန္တလေးအထိ၊ အောက်ပြည် အောက်ရွာ မော်လမြိုင်၊ ရွှေတိဂုံအထိ "စိန်ဗေဒါ"ဆိုင်းဝိုင်းနှင့် လိုက်သည်။ ဤတွင် ဂီတ အနုပညာနှင့် ပျော်မွေ့တော့သည်။ အထည်စီးပွားဖြစ်မဖြစ် သိပင်မသိတော့။ ဇနီး မစံထယ်နှင့် မိခင် ဖခင်ကိုပင် အမှတ်မရနိုင်တော့။

၎-၅-၁၀ နှစ် သူ့သည်းခြေကြိုက် စိန်ဗေဒါ ဆိုင်းဝိုင်းနောက် အထက်၊ အောက်၊ အညာ၊ အကြေ စုံအောင် စုန်ဆန်ပါတော့သည်။ မိခင် နာမကျန်းဖြစ်ကာမှ စာကလေး တစောင်မှ တဆင့် ရွာသို့ ပြန်လည်ခြေချ မိသည်။ ငွေလည်း မကျန်၊ လက်လုပ်လက်စားလည်း မလုပ်တတ်။

ထိုမှတဆင့် ဇနီးသည်ကို လက်ဆွဲကာ ကန်မြဲ ဇဂျမ်းသို့ အခြေချဖို့ ကြိုးပမ်းခဲ့သည်။ သားသမီး စုစုပေါင်း ဆယ်ဦးထက် မနည်း ဖွားခဲ့သော်လည်း နောက်ဆုံး သုံးဦးသာ အဖတ်တင်ရသည်။ အဖတ်တင်သည့် သမီးကြီးမှာ"တင်မေ" ဖြစ်လာရသည်။ ကန်မြဲမှ မွေးသူ သမီး "မမြဲ" မှာ အရွယ်မတန်ခင် ကွယ်လွန်ရသည်။ သည့်နောက် ကန်မြဲဖက် မွေးသူ ကန်မြဲဇဂျမ်းသား မောင်ဘဂျမ်းသည် "တင်မိုး" ဖြစ်ပါသည်။ နှမ အငယ်ဆုံးမှာ "မတင်စန်း" ဖြစ်သည်။

အစပထမ အရီးအံ့၏ အိမ်တွင် အဖီဆွဲနေခဲ့ကြခြင်း ဖြစ်သည်။ အရီးအံ့၏ အိမ်ဖီသည် သူ၏ မွေးဖွားရာ ဖြစ်လာရသည်။

ထိုမှအစပြု၍ ဖခင် မိခင်တို့၏ အပ်ချုပ်ပညာ၊ အဖ၏ဂီတ အနုပညာ မေတ္တာ၊ စေတနာ ရက်ရောမှုနှင့် လုံ့လ ၀ီရိယတို့ကြောင့် တရွာတကျေးတွင် ချစ်ခင်မှုရရှိကာ အိမ်ယာ တင့်တယ် အတည်တကျ ဖြစ်ခဲ့ကြရသည်။ ထိုမှ ရွာဂီိတ၀ိုင်း၊ အိမ်ဂီတ အသိုင်းအ၀ိုင်းမှတဆင့် သူ၏ ဘုန်းကြီးကျောင်းပညာရေးကို ရွာဆရာတော် အရှင်အာစရဆီမှာ ကျိုးကျိုးနွံနွံ သင်ယူသည်။ စာတတ်၊ ပညာတတ် ဖြစ်လိုစိတ် အလွန်ပြင်းပြသည်။ မန္တလေး ရွှေရေးဆောင် ကျောင်းတိုက်မှ ကိုရင်ဘ၀မှာ အားရဖွယ်၊ အားကျဖွယ်၊ သနားစဖွယ်လည်း ဖြစ်သည်။

"ဖေဖေ မန္တလေး ကိုရင်လေးဘ၀ မနက်မနက် ဖိနပ်မပါ ဆွမ်းခံထွက်ရင်း တခါတရံ အမရပူရဖက်၊ အင်းဝဖက်ထိ လယ်ကန်သင်းရိုးတွေမှာ ဖြတ်လျှောက်ရင်း လောကီပညာတွေ သိပ်ဆည်းပူးချင်ခဲ့တာပဲ။ တနေ့တော့ ငါ လောကီပညာတွေ တတ်မြောက်ပြီး လောကီ အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ အမြဲခံစား အိပ်မက်နေခဲ့တယ် သမီးရယ်"

ဆရာတော်များအား အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓဘာသာအား အင်မတန် ဦးထိပ်ထားသော်လည်း သူ၏တိုးတက်သော အမြင်က ရေစကြို "အမေတိုက်" အိမ်သို့ စွန့်စွန့်စားစား ပို့ခဲ့သည်။ ဤတွင် အဒေါ်ဖြစ်သူ အမေတိုက်၏ ဆိုင်လုပ်ငန်းများ ကူညီရင်း အတန်းကျောင်းပညာရေး စခဲ့ရသည်။

အဖေ၊ အမ၊ ကန်မြဲ ဇဂျမ်းနှင့် ဂီတကိုတော့ သူမမေ့။ ရွာကိုပြန်လာတိုင်း အကျိုးဆောင်သည်။ စာသင်ကြားရေး၊ စာကြည့်တိုက်လုပ်ငန်း အစရှိသည်..။ အဖေ့ရဲ့ မဟာဂီတကိုလည်း ရံဖန်ရံခါ လွမ်းဆွတ်သည်။

သည်လိုနှင့် အခြေခံပညာ အထက်တန်းအောင် ဆရာသမားများ ကျေးဇူးနှင့် မန္တလေးတက္ကသိုလ် ရောက်ခဲ့ရပါသည်။

"ဖေဖေ ဆယ်တန်းအောင်တော့ အသက် ၂၄နှစ် ရှိပြီ။ ကျောင်းစတက်တုန်းက ဘုန်းကြီးကျောင်းဘ၀ကလာတော့ အတန်းထဲမှာ အကြီးဆုံးဖြစ်နေတာ။ ငါ့သမီးက ၁၆နှစ်တောင် မပြည့်သေးဘူး ဆယ်တန်းအောင်တာ ကံကောင်းပါတယ် သမီးရဲ့" ဟု အားပေးစကားများ အမှတ်ရမိပါသေးသည်။

မန္တလေး တက္ကသိုလ်မှ တဆင့် ကဗျာဆရာတင်မိုး၏ ကဗျာဇာတ်လမ်းများ အစပြုပါပြီ။

သူမ၏ငှက်ကလေး

သူမက ဖခင်ကို ငှက်ဟုခေါ်မည်။ ငှက်က အပြစ်ကင်းစင်သည်။ အသံချိုသည်၊ သဘာဝလောကကို အကောင်းမြင်သည်။ အလှဆုံး သီဖွဲ့သည်။ မနက်လင်းအားကြီးနိုး သီချင်းဆိုသည်။ သည်လောက်ဆို ငှက်ကလေး၏ ဂုဏ်အင်္ဂါ လောကတွင် တနေရာစာ ကြွယ်ဝပြီ။

ငှက်ကလေးနိုးလျှင် ချက်ချင်း မျက်နှာသစ်သည်။ နိုးထခြင်း၊ သစ်လွင်ခြင်း၊ အသံတွေကို ရှာမည်။ အရုဏ်၏အလှ အခင်းအကျင်းကို သူက အမက်မောဆုံးဖြစ်မည်။ သန့်စင်ခြင်း၏သဘောလား။ ကျေးငှက်တို့၏ ဂီတသံ၊ ပဲပြုတ်သည် မလေး၏ စူးရှရှ ဂရုဏာသံ၊ စမ်းချောင်းလေး တွတ်ထိုးသံ၊ လက်ဖက်ရည်ဆိုင်များ၏ တရားဓမ္မသံ (သို့မဟုတ်) ကြောင်ကျီကျီ ဂီတသံ၊ ဒါမှ မဟုတ် ကလေးနိုးထ သံ၊ အရုဏ်ဦး ဘုရားရှိခိုးသံ အကုန် စူးစမ်းသည်။ ကဗျာတပုဒ် ဖန်ဆင်းမိပြီပေါ့။ နောက် နေခြည်ထွက်လာ၊ နေစာလှုံ စာတပုဒ် ပြီး တပုဒ်၊ နောက်တပုဒ်။ လက်ဖက်ရည်ကြမ်း တခွက်၊ ဆေးလိပ်တတို၊ ကော်ဖီတငုံ၊ ပဲပြုတ်သည်မလေးရောင်းတဲ့ ကောက်ညှင်းပေါင်း။ အားလုံး ကဗျာဖြစ်ခဲ့ပြီ။
"မနက်ခင်း ကဗျာများ" သည် လှပသည်ချည်း။ ။

ထိုသို့ ကျေနပ်စွာ လွတ်လပ်ပြီးသကာလ ပြင်ပသို့ ထွက်ကာ ကဗျာနှင့် လောကရဲ့ အမှန်တရားကို ညှိမည်။ အဖြေရှာမည်။ ကျောင်းဆရာတဦးရဲ့ ဘ၀၊ ပန်းချီဆရာ၏ အတွေး၊ ကလေးငယ်၏ ပုံရိပ်၊ ဆိုက်ကားဆရာ၏ ဇာတ်လမ်း၊ အိမ်ရှင်မ၏ ဒုက္ခ၊ အရာရှိမင်း၏ ပြဿနာ၊ လူငယ်တို့၏ အရေး။ လောကတရားခုံရုံး၌ လွတ်လပ်တရားသူကြီး ဖြစ်မည်။ ကိုယ်ပိုင်အတွေး နိုင်ငံတွင် ကိုယ်တိုင် အစိုးရမည်။ အမှန်၊ အမှား၊ အချို၊ အခါး ခြုံငုံ ကြည့်ရှုမည်။ လက်ဖက်ရည်ဆိုင်များသည် သူ၏ကဗျာ စတူဒီယိုများသာ ဖြစ်ပါသည်။ နားထောင်စမ်း လူတွေရဲ့အသံ။ သူတို့ ပြောပြနေကြတာ၊ သူတို့ရဲ့ အလွှာလွှာ ခံစားမှုတွေ။ ရုံးမှာ၊ ကျောင်းမှာ၊ လမ်းမှာ။

ညဖက်အိမ်ပြန်တော့ ဒါတွေ ကဗျာဖြစ်ပြန်သည်။ ထိုကဗျာများကတော့ အရောင်စုံရပြီ။ ရသစုံသည်။ ခံစားမှု အစုံစုံ၊ စေတနာ အဖုံဖုံ။

ညနေဖက်တွင် ငှက်ကလေး၏တေးသံ အနည်းငယ် အက်ကွဲသည်။ ဘာပဲပြောပြော ဖခင်သည် သူမ၏ အရင်းနှီးဆုံး တေးသီငှက် ကလေးတကောင် ဖြစ်ရသည်။

အတ္ထုပ္ပတ္တိ

ပန်းများရဲ့ အတ္ထုပ္ပတ္တိ

မျိုးစေ့
ပန်းပင်
ပွင့်
ကြွေ
ဒါဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်။

မြေထဲက ရုန်းထ မှု
လေထဲမှာ ရနံ့ ဖြန့်ဝေမှု
မုန်တိုင်းကို ခေါင်းငုံ့မခံ
လက်တုံ့ပြန်နိုင်မှု
နေရဲ့ ဒဏ်ကို
အားမာန်အဖြစ် ပြောင်းလဲမှု
သူ့စွမ်းအား သူ့ဂုဏ်သတ္တိတွေသာ
ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ဖြစ်တယ်။

ပွင့်ပါစေ
ကြွေပါစေ
နိယာမ တရားထဲမှာ ကျင်လည်ပါစေ။

မြေ
လေ
ရေ
နေ
သူ့ အတ္ထုပ္ပတ္တိ ဖြစ်ထွန်းရာ အခြေအနေ
မွှေးပျံ့လာမယ့် ကမ္ဘာမြေ။

၁၉-၁၁-၉၅

အဖေမရှိမှ အဖ အကြောင်း ရေးရတော့မည်။ အရာရာ ချီတုံ ချတုံ၊ မချိတင်ကဲ။ အရာရာ အပိုင်းပိုင်း အစစ။ တိုတိုတောင်းတောင်း၊ ရှည်ရှည်လျားလျား။

အဖက အထည်ချုပ်၊ အမက ကြယ်သီးဖောက်၊ အဖက ဘင်ဂျိုတီး၊ ပတ္တလားခေါက်၊ အမက အကြမ်းတည်။ ဆရာအို တီးဝိုင်းသည် ရွာရှိလုလင်တို့၏ အနုပညာ ဘူမိနက်သန်။ ဖခင်၏ ကြီးပြင်းရာ အခြေအမြစ်။

ကဗျာ၏အချစ်က အချစ်ကို ကဗျာ ဖြစ်စေခဲ့သည်။ မန္တလေး တက္ကသိုလ် ဇာတ်လမ်းများတွင် ကဗျာသန်သူ၊ ကဗျာဆန်သူ၊ ကဗျာခင်သူ၊ ကဗျာ မင်သူ၊ ကဗျာမွေ့သူ၊ ကဗျာကို တွေ့သူ ရန်ကုန်သူ မိခင် "စန်း"နှင့် ချစ်ကြိုးသွယ်ခဲ့ရပြီ။ ထို့နောက် "ကဗျာ မိသားစု " တည်ထောင်ကြလေသည်။

မန္တလေး စာပေလှုပ်ရှားမှုများမှ ရန်ကုန်သို့ ပြောင်းလာခဲ့ရာ သူမကို မွေးဖွားခဲ့သည်။ သူမကို "သမီးက မန္တလေး သန္ဓေ၊ ရန်ကုန်မွေး" ဟုပြောပြခဲ့သည်။

ကဗျာ မိသားစု

သူမကတော့ ဖခင်ကို စ သိချိန်တွင် ဖခင်၏ ဖောဖောသီသီ နှစ်နှစ်ခြိုက်ခြိုက် အပြုံးကို အဓိက မှတ်မိသည်။ ဖခင်သည် ငှက်တကောင်၏ တေးဆိုသံနှင့် မခြားမနား လေချွန်သည်။

သူမကတော့ သူမကိုယ်သူမ ၇လအရွယ်နှင့် ကွယ်လွန်ခဲ့ရသော သူမအထက် အမ "မိုးမိုးမင်း" ၀င်စားသည်ဟု ယုံကြည်နေသည်။ ဖေဖေတို့ မေမေတို့ ဘ၀လေးထဲကို နှစ်ခါ ပြန်ဝင်လာတာ ဟု ဖခင်က အမှတ်တရ ပြောလေ့ရှိသည်။ "မင်းမင်းက သူ့အဖေ မြင်ရင် မျက်လုံးလေးတွေ ကြယ်လို ၀င်းတောက် သွားတာ။ အဖေ့လေချွန်သံကို ရှာပြီး ပြုံးပြရတာ အမော" ဟု မိဘ၏ နက်ရှိုင်းမေတ္တာကို ငယ်ငယ်ကတည်းက ခံစားနေရသည်။

သူမအရွယ်ရောက်တော့ အိမ်သိပ်မကပ်ချင်။ ဖခင်နောက် တတောက်တောက် လျှောက်လိုက်သည်။ မိဘကျေးဇူးဖြင့် ဘ၀တွင် စာအုပ်ကောင်းများသာ ဖတ်ခွင့်ရခဲ့သည်။ ငယ်ငယ်ကတည်းက ပထမဦးဆုံး ဖတ်ခိုင်းတဲ့ စာအုပ်ကို မှတ်မှတ်ရရ ရှိလှသည်။ သမီး ဒါကို ကုန်အောင်ဖတ်။ စာအုပ်စင်မှ ဆွဲထုတ်ပေးသည်။ အင်ဒီရာဂန္ဓီသို့ ပေးစာများ။(ဖခင် နေရူးမှ-)

ယခင်ကတော့ Le Petit Prince (ခင်လေးမြင့် ဘာသာပြန် မင်းသားလေး)၊ Anderson ပုံပြင်များ၊ မိုးမခပင်ကြီးအောက်မှာ (အံ့မောင် ဘာသာပြန်)တို့ ဖတ်ဖူးပြီ။ နောက်ပိုင်းလည်း စာအုပ်အစုံစုံ Anne Frank Diary၊ မိုးကြယ်မို့လားနှင့် လမ်းသစ်၊ ငဘ၊ သူလိုလူ၊ ရင်နင့်အောင် မွှေး၊ လေရူးသုန်သုန်၊ ဦးစံရှား စုံထောက် ဇာတ်လမ်းများ၊ အစုံ အစုံ။

သူမကတော့ ဆရာဇော်ဂျီဘာသာပြန် နင်လားဟဲ့ ချစ်ဒုက္ခ ၀တ္ထုတိုများနှင့် ဆရာဝဏ် ဘာသာပြန် ဟိုက္ကူကဗျာများကို ငယ်ငယ်ရွယ်ရွယ် စိတ်ကူးယဉ် စွဲလန်းခဲ့ရသည်။ ယခု ကွယ်လွန်သူ ဆရာ မောင်ထွန်းသူရဲ့ လေလွင့်ငှက်ငယ်ကလေးများ ထင်သည် စသည်များ အပါအ၀င်ပါ။ ကလေးဘ၀တွင် မူရင်း၊ ဘာသာပြန်၊ ကဗျာ၊ စာ စုံလှသည်။ မိဘကျေးဇူးပါ။

စံ နှင့် ချိုကတော့ သူမထက် စာဖတ်နိုင်သည်။ ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက် မရွေး အိမ်တွင် သည်းကြီး မည်းကြီး စာဖတ်ကြသည်။ ပြီး အမြင်တွေ ဖလှယ်ကြသည်။ ရွှေဥဒေါင်းများ၊ ဂျာနယ်ကျော်များ၊ ခင်နှင်းယုများ၊ စံစံက သူ့ရဲ့ ငယ်ဘ၀တခုလုံး စကားလက် အိုဟာရာက လွှမ်းမိုးနေပါသတဲ့။ "အေး"ကတော့ မဂ္ဂဇင်း ၀တ္ထုတိုများကို ပိုနှစ်ခြိုက်သည်။ "ချို"က မြန်မာစာ အရေးကောင်းသည်။ ဒါကြောင့် အယ်ဒီတာ နှင့် ၀တ္ထုရေးဆရာမလေး ဖြစ်လာသည်။ လွမ်းဆွတ်ဖွယ် "မှန်တင်ခုံပေါ်က နှင်းဆီပွင့်"။

"ဥာဏ်"ကတော့ ဟိုတအုပ်၊ သည်တအုပ်၊ ဟိုနားခွေ၊ သည်နားခွေ ဖတ်နေတာပါပဲ။ ဘာစာအုပ်တွေလဲတော့ သိပ်မသိ။

တအိမ်လုံး အကြိုက်ကတော့ မိုးမိုးအင်းလျား ဖြစ်မည်။ အမေက စ ဦးဆောင်။ "မြန်မာပြည်တွင် နေကြသည်"က အလွန် သရုပ်ပေါ်လှတဲ့ ဂန္တ၀င်အနုပညာလက်ရာ။

အိမ်တွင်းစကားဝိုင်းများတွင် စာပေနှင့် အနုပညာရေး က အဓိက ဖြစ်လို့နေသည်။ ၀မ်းရေး အတွက် အမေက မေတ္တာစေတနာ ဗလပွနှင့် အမေ့ကျောင်းပျိုးခင်း မူကြိုကို အောင်မြင်စွာ ဖွင့်၍ အဖေ့အနုပညာကို ပါရမီ ဖြည့်သည်။ သားသမီး ငါးဦး အ၀တ်လှ၊ ဗိုက်ဝခဲ့ပါသည်။

"ပုဂံကျောင်းက ခေါင်းလောင်းသံ" ကဗျာများ ၁၉၇၇ ထုတ်ကတော့ ဖခင်ရော သူမပါ အားအရဆုံး ကဗျာစာအုပ်ဟု ထင်မြင်ပါသည်။ အနုပညာ၊ လူမှုရေး၊ လူသားရေးရာ အစစ စေတနာနဲ့ အရည်အသွေး ရောင်ပြန်ဟပ်နေသော ခေတ်၏ ကြေးမုံတချပ်လို့ သူမထင်သည်။ ကံကော်ရိပ်မှ အိမ်မက်များကိုလည်း အံ့သြတကြီး သူမ နှစ်ခြိုက်သည်။

ဆယ်ကျော်သက် သူမ စာလက်တဲ့စမ်းကြည့်တော့ "ရထားည" တို့ "အိမ် ဒိုင်ယာရီ" တို့ "စိတ္တဇ ပန်းချီ" တို့၊ "ပညတ်များ"တို့ "စပယ်မေမေနှင့် စကားပြောခြင်း"တို့ ထွက်လာသည်။ ဖခင် သိပ်သဘောတွေ့ပုံ မရ။ လက်တွေ့နဲ့ ဘ၀ကို ဆက်စပ်ပါ သမီးရဲ့၊ အတွေးနဲ့ ခံစားမှုတွေကို လျှော့ပါ။ လွင့်မျော မနေစေနဲ့။

ဖခင်က ဆရာကြီး ရွှေဥဒေါင်း၏ခွန်အားရှိသော စာကို ထောင့်အမျိုးမျိုးမှ တွေး၍ လိုလားသည်။ အနုပညာနဲ့ လောကကို အားပေးပါ ဒါ အဓိပ္ပါယ် ပိုရှိပါတယ် တဲ့။ သူမ ဖခင်ကဗျာများ ဖတ်ရင်း ရဲရဲဝင့်ဝင့် ထောက်ခံပါသည်။

ထို့နောက် ဖခင် အလုပ်ပြုတ်၊ "စာသင်ပြခြင်း" ၏ အပြစ်ဒဏ်။ အလကားပဲတင်း စေတနာ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အကျိုးပြုအပြီး ရလဒ်။

အိမ်ပြောင်း၊ အမေဆုံး၊ အဖေ ထောင်ကျ၊ ကဗျာများ အချိုမြ နည်းပါးချိန် ကာလ။

အမှန်တော့ အမေဆုံးပါးကတည်းက အဖေ အတော်ငိုင်ခဲ့ပြီ။ ဒါပေမဲ့ ခွန်အားတွေ ပြန်မွေးသည်။ လောကဓံကို တင်းခံကြည့်သည်။ အငိုမှ ပြုံးကြည့်သည်။

မိုးနှင့်စမ်း

မိုးရွာလျှင်
စမ်းကလေး စီးမှာပင်။
မိုးစဲလျှင်
စမ်းကလေး အားနည်းမှာပင်။
မိုးကုန်လျှင်
စမ်းကလေး၏ အဟုန်ရပ်ပြီး
အနာဂတ် မိုးရာသီကို
မျှော်အုံးမည်ပင်။
မိုးရှိလျှင်
စမ်းရှိမှာ သေချာသည်ပင်။

တင်မိုး

သူပေးခဲ့သော တာဝန်များ

မီးတိုင်ငြိမ်း၍
သိမ်းပိုက် အထုပ်၊ တလှုပ်လှုပ်ဖြင့်
မိုးချုပ်ချိန်မှာ၊ သူနားရှာပြီ
နားပါစေတော့ ငြိမ်းစေတော့။

သူ့တာဝန်များ၊ အလုပ်နား၍
တံခါးသော့တံ၊ သူအပ်နှံခဲ့။

သွေးလက်စ နှင့်
ဝင်းပ လက်လက်၊ အကွက်ကျကျ
အရည်လှသည့်၊ မြ နှင့် ပတ္တမြား
ချန်၍ ထားခဲ့။

ထွန်စ ယက်စ၊ ပေါင်းသင်ရမည့်
မြသား ယာမြေ ဟိုတောင်ခြေတွင်
နေ၀င်ခါစ၊ ချိုးမ ကူသံ
တောပန်းမန်နှင့်
စိုက်ရန်ပျိုးရန်၊ ချန်ခဲ့သည်။

သူစိုက်ခဲ့သည့်
နွဲ့နွဲ့ လေဟုန်၊ စံပယ်ရုံမှ
ဖူးငုံနေဆဲ ရှိသေးသည်။

စံပယ်ပန်းနံ့၊ သင်းပျံ့နေစဉ်
ငါ့ ဥယျာဉ်၌
ပေါင်းသင် ရေလောင်းရအုံးမည်။

သူထားခဲ့ရာ၊ ရတနာကို
ကောင်းစွာ သွေးရပေအုံးမည်။

သူသီလက်စ၊ တေးအလှသည်
ပါဒ ပြည့်ရန်၊ အဖြည့်ခံမို့
ထပ်မံ ဖြည့်စွက် ရအုံးမည်။

ငါ့မှာ တာဝန်၊ ထမ်းဆောင်ရန် မို့
လွမ်းပန်း မပန်နိုင်ပါသေး။
သူပေးခဲ့ရာ၊ မြတ်ဝန်တာကို
ငါ့မှာ ထမ်းဖို့ ရှိပါသေး။

(စန်း ၅လ ပြည့်)
၁၇-၄-၉၁

နောက် အကျဉ်းစံဘ၀။ သုတတို့၊ ကိုရင်ခေါင်းပြား တို့၊ သက်ဇော်တို့၊ သက်ထွန်းတို့၊ သက်ဝင်းအောင်တို့ရဲ့ တိုးတိုးဖော် ဖြစ်ခဲ့ရသည်။

မှတ်မှတ်ရရ အဖေထောင်ကထွက်တဲ့နေ့က အဖေ့ထောင်ဝင်စာတွေ့ရသည့်နေ့။ သမီးတွေလည်း အဖေလွတ်တာတွေ့တော့ အပျော်လွန်ပြီး ပြင်ဆင်ထားသော ထောင်ဝင်စာ အထုပ်များအား ထောင်ထဲမှာ ကျန်ခဲ့သော ရဲဘော်များကိုပေးရန် သတိမရလိုက်ကြ။ အဖေ ငိုသည်။ "သမီးတို့ ထောင်ဝင်စာ ပို့ဖို့ မေ့သွားကြတာလား" တဲ့။ နောက်မှ ၀န်ထမ်းများနှင့် ပြန်လည် ပို့လိုက်ရသည်။

ထိုမှ သူမလဲ "ဖန်မီးအိမ်" ဆေးခန်းရှင် ဖြစ်၊ နိုင်ငံရပ်ခြားတွေ၊ ပြည်တွင်းတွေ လှည့်လည်၊ အိမ်ထောင်လဲကျ၊ ချစ်သော မြန်မာပြည် နှင့် ကဗျာ မိသားစုကလေးအား ခွဲခွာ ခဲ့ရ။ လောကကြီးမှာ အမှန်တကယ်တော့ ကဗျာထက် အရေးကြီးတာ သိပ်မရှိခဲ့။

တလောကမှ ကိုအောင်ဝန်း (နယ်သာလန်) ပြောပြမှ "ဆရာတို့က ရသ ခံစားတတ်အောင် လူတိုင်းကို သင်ပေးချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်း ကိုယ်ချင်းစာတရားရှိမှာ လို့ ပြောခဲ့တာ" သူ့ရင်ထဲမှာ ယနေ့အထိ စွဲခဲ့ရကြောင်း မှတ်မှတ်ရရ သိရသည်။ ဟုတ်ပါရဲ့။ ငွေကြေး၊ အာဏာ၊ ရာထူး၊ လောဘ တက်နေသရွေ့ လောကမှာ ကဗျာမဲ့၊ ရသမဲ့နေမည်လေ။

ကဗျာ မိသားစု

အိမ်မြိတ်စွန်း၌
ပြည့်ဝန်းသောလ၊ သိက္ခာကျအောင်
ရှင်မနဲ့သား၊ ဖွံ့ထွားထွား။

သည်မိ သည်ဖ
လပြည့်ဝန်းခိုင်၊ အပိုင်ရ သို့
သားလှ ရင်သွေး၊ ဖြူဖွေးဖွေး။

သမီးတစု၊ ကြယ်ဖြူဥ သို့
တယုတယ၊ ထွန်းပပ။

မိသားစုတွင်၊ စိတ်ကြည်ရွှင်လျက်
ကြင်နာ သစ်သစ်၊ အချစ် ထပ်ထပ်
မြတ်မြတ် ဆင့်ဆင့်၊ သက်ရွယ်ရင့်တိုင်
ချစ်နှင့် အတူ၊ ပြုံးကြည်ဖြူလျက်
လူသားကောင်းကျိုး၊ ဆောင်သည်ပိုးလျက်
နိုးကြားဘ၀၊ နေလိုလှ။

(မိုးဝေ၊ ၁၉၈၅၊ ဖေဖော်ဝါရီလ)



မိုးမိုးနှင်း

ဆက်ပါအုံးမည်..

You received this email because you are subscribed to the real_time feed for http://moechothin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဟင်းလင်းပြင်] 1 New Entry: ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ

ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ

(ရဲဘော်ဖိုးသံချောင်း)

အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အ ရေးပါမှု၊ သူ့ရဲ့အဆင့်နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက် တဲ့ နိမိတ်ပုံကတော့ အခုအမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက် သာကြုံရတဲ့ ငွေရေးကြေးရေးဆူနာမီကြီးဖြစ်ပါသတဲ့။ အပြည့်အစုံသို့

You received this email because you are subscribed to the real_time feed for http://hinlinpyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: ပွဲတော်

ပွဲတော်

အမှောင်သည်းလေ အအေးကဲလေ
အအေးကဲလေ အမှောင်သည်းလေ။
အိုးစည်တီးလို့ ခေါင်ရည်သောက်
ခေါင်ရည်တီးလို့ အိုးစည်သောက်။
လူနောက်လိုက်တဲ့ မီးရှူးတွေနဲ့
မီးရှူးနောက်လိုက်တဲ့ လူတွေနဲ့
ဖွာခနဲ………..
ကောင်းကင်ယံမှာ
အလင်းဖဲကြီုးနဲ့ ပအိုဝ့်မလေးပါးရဲရဲ
ဒီဓလေ့နဲ့ ညကွင်းပြင်ထဲ
ဝတ်မှုံတွေအသံကွဲပေမယ့်
ဘာသာစကားချင်း တူညိပျံဝဲကြ။
တောင်ပေါ်သားတွေ
မြေပေါ်မှာ ချယ်ရီနေကြာနဲ့
ကောင်းကင်မှာလည်း
အလင်းပွင့်တွေ လှေကားထစ်စိုက်ပျိုးတတ်ကြ။

မောင်ယုပိုင်
၂၀၀၂ ၊အောက်တိုဘာ ၊Beauty

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: ADDICT

ADDICT

ရူံး ၉ ရက် မသွားဘဲ ဘာတွေ လုပ်သလဲမေးရင် ဘလော့လုပ်တယ်လို့ဖြေမိမယ်။ မကောင်းမှန်းသိပေမဲ့လဲ လုပ်မိတာဘဲ။ စိတ်အလိုကိုလိုက်တယ် လို့ဆိုရမယ်။ ရန် ကုန် သွား တာ ထက် ပျော်မိသေး တယ် ဆိုရငfကိုယ့်ကိုရူးတယ်လို့ များထင်နေမိမယ်။

ဘာတွေစွဲလမ်းမှန်းမသိ စွဲံလမ်းမိတယ်။ အပြင်ကမိတ်ဆွေ ထက် ဘလော့ထဲက မိတ်ဆွေ ကိုပိုခင်နေမိတယ်။ တနေလုံ့း နေ လို့ အိမ်ကို ဘယ်သူ မှ မလာ။ ဘယ်သူ မှ ဖုံးမဆက်လဲ ပျင်းရိ ညည်းငွေ့တယ် ဆိုတာ မရှိ။

ဘဝတိုးတက်ဘို့ စာဖတ် ပါ ဆိုတာ လျှစ်လျူရှူထားမိတာ အတော်ကြာပြီ။ နောင်တ တွေ ရ မိ တာ အခါခါ။ hits တွေတက်လာတာ။ ကိုယ့်ရဲ့ကလစ်မှူကြောင့်ဘဲလာ။ လာ ဖတ်သူတွေ များ လာသလား ဆို တာ တော့ ကိုယ်လဲ မဝေခွဲတတ်။

ရှေ့ဆက်တော့လဲ လျှော့မယ်လို့ဆုံးဖြတ်တာကလဲခဏခဏ။ရေးချင်မိတဲ့အခါလဲ အ တော မ သတ်. ရေး လို့ မ ရ တဲ့အခါခါလည်း. ကြံလို့မှ ဘာမှ မထွက်..

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MANORHARY] 1 New Entry: သော့အပ်ခဲ့တယ်

သော့အပ်ခဲ့တယ်

ချိုသင်းက မနက်ဖြန် နိုဝင်ဘာ ၁၉ ရက်က ဆရာဦးတင်မိုး မွေးနေ့ဆိုလို့
တလောက စာအုပ်တွေစုရှင်းရင်း ကဗျာတွေစုထားတဲ့ မှတ်စုစာအုပ်ထဲမှာ
ပြန်ဖတ်လိုက်ရတဲ့ ဆရာ့ ကဗျာတစ်ပုဒ်ကိုသတိရပြီးတင်ပေးလိုက်ပါတယ်။
အဲဒီကဗျာလေးကို ၁၉၉၀ နိုဝင်ဘာ စပယ်ဖြူ မဂ္ဂဇင်း ကကူးထားခဲ့တာပါ။
ဆရာဇော်ဂျီ အမှတ်တရလည်းဖြစ်ပါတယ်။
ဆရာဦးတင်မိုးရဲ့လှပချိုပြေတဲ့ကဗျာစာသားတွေထဲကနေ..ကျွန်မတို့ရဲ့
ဗေဒါလမ်းအရှင်သခင်ကိုတွေ့ကြရပါလိမ့်မယ်...။အဲဒီတုန်းကတည်းက
ကျွန်မက အဲဒီကဗျာလေးကိုချစ်လို့ကူးထားခဲ့တာဖြစ်ပါတယ်...


သော့အပ်ခဲ့တယ်

(၁)
မိုးဦးကျတစ်ညနေ
စိန်ပန်းတွေရဲရဲဝေနေတုန်း
နေရောင်လည်းမပြတပြ
မိုးစက်တွေလည်းမကျတကျနဲ့
တစ်မျိုးလှတစ်မျိုးသစ်နေတဲ့
ချစ်စရာ့ညနေခင်းမှာ
အဘိုးအိုရဲ့အိမ်တံခါးပေါက်
ငါသွားလို့ခေါက်ခဲ့တယ်။
ဒေါက်…ဒေါက်..ဒေါက်
"ဘယ်သူလဲ.."
အထဲကတိုးတိုးအသံ
တုံ့ပြန်လာတယ်။
အားနည်းနွမ်းလျ မရဏနိုင်ငံသို့ကူးအံ့ဆဲ
လဲပြိုလုလုခန္ဓာကိုယ်နဲ့ထွက်လာတယ်။
"ကျွန်တော်တို့ပါ
အဘိုးရဲ့သားမြေးတွေပါ
အဘိုးရဲ့အမွေစားအမွေခံတွေပါ"
အဘိုးဟာ အပြုံးရိပ်နဲ့ခေါင်းကလေးညိတ်ပြီး
ပုတီးစိပ်တာရပ်လိုက်တယ်
ကျွန်တော်တို့ကိုလက်ခံစကားပြောတယ်။

(၂)
အဘိုးရဲ့မျက်လုံးတွေဟာ
တောက်ပစူးရှနေတယ်
ဇရာတရားတောင်အံ့အားသင့်နေရတယ်
သူ့မှာပြည့်ဝတဲ့အသိဥာဏ်တွေ
နူးညံ့တဲ့စိတ်စေတနာတွေ
မှည့်ရင့်နေတဲ့တွေးအခေါ်တွေ
ပွင့်ခိုင်သီးပြည့်ပင်လုံးမှည့်ပါပဲ..။
သူ့စကားသံက
မာန်မနမပါလို့
သာယာတိုးညင်းနေတယ်
အတိတ်ကလုပ်ရပ်တွေကိုသုံးသပ်ဝေဖန်ပြတယ်
ပစ္စုပ္ပန်မှာဘာတွေဖြစ်နေလဲ
မမှိတ်သောမျက်စိနဲ့
သူကြည့်နေတယ်။
ပစ္စုပ္ပန်ရဲ့အားမာန်ကိုလည်း
ထိုက်ထိုက်တန်တန်အသိအမှတ်ပြုတယ်။
အနာဂတ်မှာစာပေအနုပညာရဲ့အလားအလာ
ဘာတွေဘယ်လိုဖြစ်လာမယ်လို့ခန့်မှန်းပြနေတယ်…
အဘိုးအိုရဲ့စာဆိုဥာဏ်စွမ်းဟာ
လောင်ကမန်းလျှပ်ရောင်ပါပဲ.။

(၃)
စာဆိုပညာရှိကြီးဟာ
ခံစားမှုအသိနဲ့ကဗျာဖွဲ့ခဲ့တယ်
သဒ္ဒါလင်္ကာရ
အတ္ထာလင်္ကာရဆိုတဲ့
လင်္ကာရတွေကိုရှေ့တန်းမတင်
တန်ဆာဆင်မှုတွေကိုကိုယ်ရှိန်သပ်
ကြွားတတ်ဝါတတ်တဲ့စကားအသုံး
ကြွားလုံးပြစာလုံးတွေကိုရှောင်ခွာ
စေတနာသက်ရာကိုတေးဖွဲ့ခဲ့တယ်
စကားပရိယာယ်တွေ
အကြွားသတိဆွယ်ပြီး
တကယ်တန်းဥဒါန်းဖြစ်တဲ့
တေးသစ်တွေကိုဖွဲ့ဆိုခဲ့တယ်
သူ့ခေတ်မှာသူလမ်းဖောက်ပြီး
ရဲရဲကြီးလျှောက်ခဲ့တယ်။
လက်ညှိုးငေါက်ငေါက်တွေကိုသူမမှု
အတုအယောင်တွေကိုဂရုမထား
သူ့တရားနဲ့သူ့ကဗျာ
သူ့အစဉ်အလာသစ်တွေထွင်ခဲ့တယ်။
ကျိုးကြောင်းဆင်ခြင်တုံနဲ့
အာရုံခံစားမှုအသိ
ဂီတကြိုးညှိပြီး
သတိနဲ့စခန်းသွား
လမ်းမှားကိုရှောင်ကွင်း
စာခေတ်သစ်အမှောင်ခွင်းခဲ့တယ်။
လက်ခုပ်တီးတိုင်းသူမမြောက်
နောက်လိုက်မရှိတိုင်းသူမကြောက်
ထွန်းတောက်တဲ့ကဗျာမီးတိုင်နဲ့
နိုင်ငံရဲ့အတွေးသစ်ကို
အုတ်မြစ်ခိုင်ခိုင်ချခဲ့ပါတယ်။

(၄)
အဘိုးအိုဟာကျောက်စာတိုင်
အဘိုးအိုဟာမီးရှူးတိုင်
နိုင်ငံရဲ့တန်ဆောင်ဆီမီးပါ
သည်ဆီမီးဟာဆီခန်းစပြုပါပြီ
ဘ၀ဆည်းဆာညနေတာဟာ
မလွဲမသွေလာနေပြီ..။
အရွယ်အသက်တွေကလည်း
ကြွေရွက်လိုတဖြုတ်ဖြုတ်နဲ့
နိဂုံးချုပ်အချိန်နီးပါပြီ
မီးစာလဲကုန်
ဆီလဲကုန်တဲံ
ညနေမှုန်အချိန်ကလဲ
မှေးမှိန်တဲ့အရောင်ပြနေပြီ
မကြာခင်
နီကျင်ကျင်မီးရောင်တန်းလေးကို
အမှောင်လွှမ်းတော့မယ်။

(၅)
အေး ..အေး..ပြန်ကြတော့….တဲ့
ကရုဏာသံနဲ့ခွင့်ပြုတဲ့
အနုဆုံးလေသံနဲ့
အိပ်ခန်းထဲပြန်ဝင်သွားတယ်
ကျွန်တော်တို့ဆီကို
လောကသော့တံအပ်ထားခဲ့တယ်
"ဖွင့်ကြည့်ပေါ့..မင်းတို့ဘာသာ
မင်းတို့ရှာတဲ့လမ်းမှာ
ကြိုက်တဲ့ပန်းစိုက်ကြကွာ" လို့
မှာထားနေသလိုပါပဲ…။ ။
တင်မိုး

(ဆရာဇော်ဂျီထံမှာ ဂါဝရပြု၍အပြန်ဖွဲ့ဆိုပါသည်။)
၂၆.၉.၉၀ တွင်ကွယ်လွန်သော ဆရာဇော်ဂျီသို့…………


ခု..အဲဒီသော့လေး ..ဆရာ ဘယ်သူ့တွေကိုအပ်သွားပါလိမ့်လို့လည်း စာရိုက်ရင်း
တွေးနေမိသေးတယ်...သေချာတာကတော့ အဲဒီသော့ကလေးရှိသေးတယ်...

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[star behind the sky] 1 New Entry:

http://ahnai.blogspot.com/feeds/7094419890246210303/comments/default

ပလုံဂွမ်ဆရာ

တကယ့်ကို ပလုံဂွမ်ဆရာပါပဲ။ ကွန်ပြုတာနှင့် စထိတွေ့တော့ အများနည်းတူ MS Word၊ Excel၊ စတဲ့ အသုံးချအပြော့ထည် (Application Software) မျိုးတွေနဲ့ စခဲ့တာပဲ။ မမေ့နိုင်တဲ့ ဆရာမလေးကြောင့် ပရိုဂရမ်ဘက်ရောက်လာခဲ့တယ်။ (ဆရာမလေးက ရိုးရိုးနော်။ သူများလို ချစ်သူလည်းမဟုတ်ဘူး။ ချစ်လို့ လည်းမဟုတ်ဘူး။ တောင်တောင်အီအီတွေးမှာလည်း စိုးရသေးတယ်။) ဆရာမလေးက ကျွန်တော်တို့ ကို အသုံးချအပြော့ထည် သင်ပေးတဲ့ဆရာမလေးပါ။ ချောချောလေး။ (ဟိ..ဒါတော့ သိသား)။ ကျွန်တော်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရင် လုပ်ချင်ရာလျှောက်လုပ်တော့၊ စိတ်ကူးပေါက်ရာလျှောက်လုပ်တော့ ဆရာမနဲ့  ရင်းနီးနေတယ်။ ကျွန်တော်တစ်ခုခုလုပ်နေရင် သူကနောက်ကနေ တိတ်တိတ်လေး လာကြည်နေတက်တယ်။ (သူတို့ ကဒီလိုပဲ တတန်းလုံးပါတ်ကြည့်နေတက်တာ)။ ဒီလိုနဲ့  ရင်းနီးတော့ ဂိမ်းကစားခွင့်ပေးဖို့  ဂျီကျတာပေါ့။ ၁၀တန်း ပြီးခါစဆိုတော့ လူကတဇွတ်ထိုးရယ်။ ဒီလိုနဲ့  ကျွန်တော်နဲ့ သူငယ်ချင်းတို့ ဂိမ်းကစားခွင့်ရတယ်။ ဂိမ်းက အခုခေတ်လိုမဟုတ်ပါဘူး။ သေးသေးလေးရယ်။ အတွက်အချက်လုပ်ပြီး ကစားရတဲ့ဂိမ်းမှာ ကျွန်တော်ကပွဲတိုင်းနိုင်နေတယ်။ ဆရာမက နောက်ကကြည့်ပြီး တေးမွန် နင်က ပရိုဂရမ်အတန်းတက်ရမှာ တဲ့။ အဲဒါက ဒီလိုဂိမ်းတွေရေးတာမျိုးကို သင်ပေးတာတဲ့။ C programming တန်းတက်တဲ့။ ကျွန်တော်ကတော့ ဒီလိုဂိမ်းတွေလုပ်တာသင်ပေးတာဆိုတော့ စိတ်ဝင်စားသွားတာပေါ့။ ဆရာမက ကျွန်တော်ကိုတော်တော်ချစ်ပါတယ်။ သူကိုယ်တိုင်ဆရာကို လိုက်ပြောပေးတယ်။ စိတ်ဝင်တစား လာကြည့်တယ်။ အားပေးတယ်။ လမ်းမှာတွေ့ ရင်မမြင်ရင်တောင် လမ်းခေါ်ပြီးနှတ်ဆက်တယ်။ ကျွန်တော် ချစ်တဲ့ ဆရာ ၊ ဆရာမတွေအနည်းငယ်ထဲမှာ အဲဒီဆရာမလေးလည်းပါတယ်။ စိတ်မကောင်းတာက ဆရာမလေးရဲ့ နာမည်တောင် ကျွန်တော်မမေးခဲ့ရဘူး။ အဲဒီဆရာမလေးကြောင့် ကျွန်တော်လည်း C Programming ကို ကြိုက်သွားတယ်။ အဲဒီအချိန် ကွန်ပြုတာတက္ကသိုလ်ကို လျှောက်ပြီးနေပြီ။ နောက် ကျွန်တော်တို့ မြို့ ကိုရုတ်တရက်ပြန်သွားတော့ ဆရာမနဲ့ လေးထပ်မတွေ့ ဖြစ်တော့ဘူး။ ဒါပေမယ့် ပြန်တွေးမိတိုင်း အဲဒီဆရာမလေးကို လေးစားတာရော၊ ကျေးဇူးတင်တာရောနဲ့ သတိရတယ်။

ဒါပေမယ့် ကွန်ပြုတာတက္ကသိုလ်တက်နေတဲ့ ကာလတစ်လျှောက် ကြောက်စရာကောင်းတဲ့ ရန်သူမျိုး တစ်ပါးကြောင့် အိမ်ကစီးပွားကျနေတော့ ကွန်ပြုတာတောင် ၀ယ်ဖို့ မတောင်းဆိုချင်ခဲ့ဘူး။ ဒီလိုနဲ့  စိတ်လေလေနဲ့ သီအိုရီတွေကြည့်ထိုင်ဖတ်၊ နောက်တော့ ကျောင်းကလည်းမကောင်းတော့ စာလည်း စိတ်မ၀င်စား။ အတန်းလည်းမတက်။ တက်လည်း မသင်တဲ့ အချိန်ကမသင်နဲ့ ။ ဒါပေမယ့် ဆရာမလေးကျေးဇူးအရှိန်နဲ့  C အကြောင်း၊ Database အကြောင်း၊ Software Engineering အကြောင်း၊ Operating System (OS) အကြောင်းတို့ ဆိုစိတ်ဝင်တစားဖတ်တယ်။ နားထောင်တယ်။ ကျန်တဲ့ Business တို့ ၊ Accounting တို့ နဲ့ ဆိုင်တဲ့ဟာတွေ ဆို သိကိုမသိခဲ့ဘူး။ ဒီလိုနဲ့  ၄ နှစ်တက်ပြီးတော့ဘွဲရလာခဲ့တယ်။ ကွန်ပြုတာနဲ့ ငါနဲ့ တော့ ဘာမှမဆိုင်တော့ဘူးလို့တွေးပြီး စီးပွားရေးလုပ်မဟဲ့လို့ ကြံတော့တာပေါ့။ ဒါပေမယ့် အလုပ်ကလည်း မဖြစ်တော့ ဂုဏ်ထူးတန်းလေးတက်ပြီး ကျောင်းမှာသွားသွားအိပ်နေတာပေါ့။ အခန့်  မသင့်ရင် ကျောင်းကမာန်ကြီးတဲ့ (တကယ်တော့ မာန်တက်တဲ့လို့ ပြောချင်တာ) ဆရာမတွေနဲ့ တောင် မကျေမလည် ဖြစ်လိုက်သေး။ (ကိုယ်ကလည်း ငယ်မာန်တက်နေခဲ့တာကိုး)။ ဒါပေ့မယ့် ဒီမှာလည်းကျွန်တော် ကံကောင်းပါတယ်။ ရန်ကုန်ရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က သူအသိကနေတဆင့် အပြော့ထည် (software) တွေရေးတဲ့ကုမ္ပဏီတစ်ခုမှာ လုပ်မလားဆိုတော့ ချင်ခြင်းပဲအထုတ်ဆွဲပြီး ရန်ကုန်ဆင်းလာလိုက်တာ ပလုံဂွမ်ဆရာဘ၀စတော့တာပဲ။

ရန်ကုန်မဆင်းခင် အင်တာဗျူးက မန္တလေးကို ဖုန်းကနေတဆင့် ဗျူးတယ်။

HTML သိလား ၊( မသိဘူးအကို။ )
Web page ရောသိလား ( မသိဘူးအကို)
Database ရောသိလား။(စာတွေတော့ဖတ်ဖူးတယ်အကို။)
C# ကော။ (ကြားဖူးတယ် ၊ C တော့ သိတယ်အကို။)
.Net (dot Net) ကောသိလား။ (မသိဘူးဗျ)
XML ရော ကြားဖူးလား။ (မကြားဖူးဘူး)

အေးအေး၊ မင်းဘယ်နေ့ လာနိုင်မလဲ။ နောက်တပတ်လောက်ဆင်းခဲ့လေ။ ဒီကြားထဲ HTML တို့ C#တို့  လေ့လာထားပေါ့။ အကိုတို့ က အဲဒါတွေနဲ့ လုပ်ကြတာ။

ဟား..ဟား။ ဒီလိုနဲ့ အလုပ်ရခဲ့တာ။ ရယ်ရတာရှိသေးတယ်။ ပြောပေးတဲ့သူက အဲဒီအကို ကို ဘာပြောထားလည်းဆိုတော့ မန္တလေးမှာ သူအရမ်းတော်တဲ့လူကိုတွေ့ ခဲ့တယ်။ (သဘောကတော့ တကယ့် တောထဲကနေ ထွန်းပေါက်မယ့်သူကို သေချာရှာတွေ့ ထားသလိုမျိုး အဲလိုပြောထားတာ။ ဟား..ဟား။) အဲဒီ အကိုကကျွန်တော် သိပ်လေးစားတဲ့ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ သူဆီမှာအလုပ်လုပ်တဲ့တလျှောက် သေချာသင်ပေးတယ်။ ကွန်ပြုတာပရိုဂရမ်ဘာသာရပ်တင်မကဘူး၊ ဗုဒ္ဓ ဓမ္မနဲ့  ဆိုင်တဲ့ဟာတွေပါ ပြောဆိုသင်ပေးခဲ့တယ်။ တကယ်ကို ကျေးဇူးကြီးခဲ့တဲ့သူတွေထဲကတစ်ယောက်။ အခုတော့ သူလည်းဒီမှာ။ အခုအချိန်အထိ ဖုန်းဆက်လိုက်ရင် ညီ မင်း စာဆက်ဖတ်ဖြစ်သေးလား။ သေချာလုပ်။ အေး ဒီဇိုင်း ပုံစံ (Design Pattern) မတက်ပဲ ရှေ့ ဆက်လျှောက်ဖို့ မလွယ်ဘူး စသည်ဖြင့် ပြောဆိုအားပေးတုန်း။ (ဆရာတွေထဲမှာ တယောသင်ပေးခဲ့တဲ့ဆရာရယ်၊ ဒီဆရာရယ်ကို တော်တော်သဘောကျတာ)။

ရန်ကုန်ရောက်တော့ ညမအိပ် နေ့ မအိပ် ဖတ်လိုက်ရတဲ့ စာတွေ။ ကံကောင်းပြန်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Top Boys ဆိုတဲ့ကုမ္ပဏီက နာမည်ကြီးမဟုတ်ပေမယ့် ပညာကိုတအားဦးစားပေးတယ်။ အဲဒီကလူတွေကလည်း စိတ်ရော ၊ လူရော တော်တော်ကောင်းကြတယ်။ အဲဒီမှာ ၁ နှစ်ကျော်လောက် လုပ်လိုက်ရတယ်။ စလုံးထွက်ဖို့  စိတ်ကူးမိတယ်။ နောက်တော့ ဒီရောက်လာတာပေါ့။ အလုပ်ရမယ်လို့  မသိနိုင်ပဲနဲ့  ခပ်တည်တည် ထွက်လာတာ။ အတွေ့ အကြုံတောင် သိပ်မရှိသေးဘူး။ (ဒါပေမယ့် ကျောင်းတုန်းကပြောသလို ပြောရရင် "ခပ်တည်တည်". . .ဟဲ..ဟဲ)။

ပလုံဂွမ်ဆရာလို့ သာခေါ်သာ ကျွန်တော်က ကျွန်တော်လုပ်နေရတဲ့ ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကလွဲရင် ကျန်တာတွေသိပ်မသိဘူး။ မသိဆို တော်တော်မသိတာပါ။ Face Book၊ FriendSter၊ Forums၊ Chat Room ဘာဆိုဘာမှမသိခဲ့တာပါ။ အခုထိလည်း စိတ်မ၀င်စားဘူး။ internet ကိုလျှောက်လည်ရင် သတင်းနဲ့  ကိုယ်ရှာချင်တာရှာနေတာနဲ့  ပြီးသွားခဲ့တာ။ အခုတော့ ဘလောဖတ်တာလည်းပါလာတယ်ပေါ့။ ဘလောတောင် အင်ဂလုန်ရောက်နေတဲ့ သူငယ်ချင်းမ စိုးကြည် ကောင်းမှုနဲ့ သိတာ။ HTML ကိုကောင်းကောင်းနားလည်ပေမယ့် ဘယ်လောက်တက်လည်းဆိုတာတော့ ကျွန်တော်ဘလောပဲ ကြည့်ပေါ့။ ပေစုတ်စုတ်ရယ်။ ဟီး။ ဂရပ်ဖစ် လုံးဝမသိဘူး။ တခါတလေ ဘလောပေါ်က ဆရာတွေ သူတို့ ဘလောလေးကို အလန်းလေး တွေဖြစ်နေအောင်လုပ်ကြတော့ အားကျပါတယ်။ နာမည်ကြီးတွေကိုလည်း အားကျပါတယ်။ ဟိုကောင်မလေးကလာပြီး အကူအညီတောင်းလိုက်၊ ဒီကောင်မလေးကလာပြီးနှတ်ဆက်လိုက်နဲ့ .. ဟိ.. အားပဲကျနိုင်တာပါ။

ဟိုတနေ့ ကကို ပန်ဒိုယာနဲ့  ဂျစ်တူး ဘလောတွေမှာ Twitter ဆိုတာတွေ့တာနဲ့  ဘာလဲလို့  ပန်ဒိုယာကို မေးကြည့်မိပါတယ်။ IT သမားဖြစ်ပြီး မသိဘူးလားတဲ့။ အော် .. တော်တော်ဆိုးတဲ့ဘ၀။ ခွေးမှီးကုတ်သွားသလိုပဲ။ ခံစားလိုက်ရတာ ပြောပါတယ်။ ဂဂျစ်တွေ (Gadgets )၊ ရှိပြီးသား တန်းပလိတ်တွေ သုံးဖို့ လည်း မကြိုက်တော့ မလုပ်ဖြစ်။ ဒီလိုနဲ့  ဘလောစုတ်စုတ်လေးမှာပဲ ရေးနေရတာပေါ့။

လမ်းမှာတွေ့ လို့  ဘာလုပ်နေတာလည်းဆို ပရိုဂရမ်မာဆို လူတွေကလည်း အထင်ကြီးကြတယ်။ (မတော် ငါ့ကို သူတို့ စက်ပြင်ခိုင်းနေရင်ဒုက္ခလို့ ။ မပြင်ပေးချင်လို့ ထက် သိပ်ပြင်တက်တာမဟုတ်ဘူး။ အဲ ကိုယ်စက်ကိုယ်ဆိုရင်တော့ လာထားပဲ၊ သူများစက်ကျတော့ သတိထားရတယ်။) လခ ဘယ်လောက်ရလဲ။ "" လောက်ရတယ်ဆို ဟယ် တဲ့။ ပူလိုက်တဲ့မျက်နှာ။ တကယ်တော့ သူတို့ နဲ့ ယှဉ်ရင်သာ များနေတာ။ သိပ်များတယ်လည်း မဟုတ်ဘူး။ ကိုယ့်လခက မဖြစ်စလောက်ရယ်။ (မြန်မာကလာတဲ့ မြန်မာတွေ အတွက်တော့ အင်ဂျင်နီယာတွေထက် ကွန်ပြုတာသမားတွေက လစာပိုရကြတယ်။) အခုတော့ မရကြတော့ပါဘူး။ ၂၀၀၀ ပတ်ဝန်းကျင်က အသေလိုဖြစ်သွားတယ်။ ဒါတောင် အခု ၁၈၀၀ လောက်နဲ့ လုပ်နေတဲ့ကျောင်းက အသိတစ်ယောက်တွေ့ တော့ ဘာလို့ လုပ်ရတာလည်းဆိုပြီး ပြောမိသေးတယ်။ အခုတော့ မရကြတော့ဘူး။ စီးပွာကျတာရော၊ မပြင်မဆင်ပဲ လိမ့်ဝင်လာတာရော။

ဒီစလုံးမှာလည် တကယ်တော့ လွယ်တယ်လည်းမဟုတ်ပါဘူး။ ခက်လားဆိုလည်း အဲလိုလည်းမခက်ပါဘူး။ ဒါပေမယ့် ပြသာနာရှိတယ်။ ကွန်ပြုတာပိုင်းထက် ဆက်ဆံရေးပိုင်းပါ။ ကုလားဖြူဘာသာရပ်က တခါတလေ ကွန်ပြုတာအသိထက် ပိုအရေးပါနေတက်တယ်။ အခု ကျွန်တော်က ဆက်ဆံရေးကြောင့် အလုပ်မှာ အနှောက်အယှက်ဖြစ်နေတယ်။

ဒါနဲ့  သတိရလို့  လွန်ခဲ့တဲ့ တနှစ်ကျော်က ကိုနတ္တိက အလုပ်ထဲက အကြောင်းတွေ ရေးရင်ကောင်းမယ်လို့  အကြံပြုခဲ့ဘူးတယ်။ အဲတုန်းကတော့ ငြင်းခဲ့ပေမယ့် အခုတော့ အတွေ အကြုံသဘောမျိုးနဲ့  ရေးဖို့ စဉ်းစားမိတယ်။ ဒါပေမယ့် ကုမ္ပဏီနဲ့ ဆိုင်တာတွေ တော့ ရေးလိုမရဘူးပေါ့လေ။

တကယ်တော့ မလွယ်လိုက်တဲ့ ပလုံဂွမ်ဆရာဘ၀။
(ဟို Google တို့ ဘာတို့ က ဂုရုကြီးတွေတော့ မပါဘူးပေါ့လေ။)

ပန်ဒိုယာက IT သမားမဟုတ်ဘူးလားဆိုတာကြောင့်
သူငယ်ချင်းတစ်ယောက်က မင်းတို့ တော့ အဆင်ပြေနေပြီပေါ့လို့  လှမ်းပြောတာကြောင့်

ရေးဖြစ်သွားတာပါ။

တခါတလေတော့လည်း Google တို့  Microsoft တို့  Mozilla တို့  စသည်ဖြင့် အိမ်မက်တော့ မက်မိခဲ့ပါတယ်။ဟား..ဟား။ :P (အော် အိမ်မက်..အိမ်မက်)

(အခုတော့ မမက်တော့ပါဘူး။ မဖြစ်ချင်တော့ဘူး။) :)

နတ်ဆိုး

You received this email because you are subscribed to the real_time feed for http://ahnai.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: ယောက်ျား တယောက်၏ ဆွဲဆောင်မူ

ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ. ရုပ်ရည်ချောမော ပြေပျစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။ မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို မခုံမင်တက်ပါဘူး။ အများသောအားဖြင့်...

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 2 New Entries: မိတ်ဆွေဆိုလားပဲ

မိတ်ဆွေဆိုလားပဲ


မိတ်ဆွေဆိုလားပဲ


စာတွေ၊ ကဗျာတွေနဲ့ နေထိုင်ရတာ အလွန်မှပဲ စိတ်ကိုပျော်ရွှင် ကြည်နူးစေပါတယ်။ ဘာအရသာနဲ့မှ မတူတဲ့ အရသာနဲ့ ပြည့်စုံလှပါတယ်။ တစ်ခါတလေ စိတ်ထဲမှာ နေလောင်ခံရသလိုမျိုး မရွှင်လန်းရင်၊ ရည်းစားပူမိလို့ စိတ်ပျက် နွမ်းလျနေရင်၊ ကွန်ပျူတာ အကြည့်များလို့ ခေါင်းတစ်ခုလုံး ထုံထိုင်းနောက်ကျိ နေရင် ကျွန်တော်တော့ သက်သာရာ သက်သာကြောင်း အဖြစ်နဲ့ ကုစားဖို့ရာ နည်းလမ်းတွေ အများကြီးထဲက စာတွေဖတ်တယ်၊ ကဗျာတွေ ဖတ်တယ်။ သူများတွေရဲ့ ကဗျာကို ဖတ်ပြီး ခံစားသလို ကိုယ်ကိုယ်တိုင်လည်း မတတ်တခေါက်နဲ့ ဖန်တီးထားတာလေးကို ပြန်ဖတ်ဖြစ်ပါတယ်။ ဒီနေ့လည်း ကိုးနတ်ရှင် ကောင်းမှုနဲ့ စာတွေ ကဗျာတွေကိုပဲ ဖတ်နေမိပါတယ်။ စာတွေဆိုတာက သတင်းစာ၊ အားကစားဂျာနယ်ကနေ ဗဟုသုတရစေမယ့် စာအုပ် စာစောင် အစုံစုံကို ဖတ်ပါတယ်။ ကလောင် မရွေးဘူး၊ စာပါအကြောင်းအရာ မရွေးဘူး ဖတ်တယ်။ စာရေးသူတွေရဲ့ စေတနာကို အပြည့်အ၀ ထောက်ခံတယ်။ ဒါကြောင့် အားလုံး ဖတ်ဖြစ်တယ်။ ဘလောဂ့်မှာ ကြပြန်တော့ အချိန်ကန့်သတ်ချက် ရှိတယ်။ အခြေအနေ အချိန်အခါ ကြည့်ရတယ်။ ဘယ်အချိန် မီးပျက်မလဲ၊ ကိုးနတ်ရှင် ဘယ်အချိန် ကျမလဲနဲ့ပေါ့။

ဒီကနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို သွားလည်တော့ သူခင်မျာ တစ်ယောက်ထည်း အဖော်မယ့်နေတဲ့ အပြင်၊ သူယုံကြည်ခဲ့တဲ့ မိတ်ဆွေကလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားလို့ ဆိုတာ သိရပါတယ်။ ဒါနဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ သက်ဆိုင်ပြီး ဒီပို့စ်လေး ရေးလိုက်မိပါတယ်။ မိတ်ကောင်း ဆွေကောင်း မိတ်ဆွေစစ်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲပေါ့လေ။

မိတ်ဆွေ သူငယ်ချင်း ဆိုတာ မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊ အကူအညီမျိုးကို လုပ်ဆောင် ပေးတတ်တယ်။ မိမိက သတိလက်လွတ် ဖြစ်လို့ပဲ ဖြစ်စေ၊ တခြားအခြေအနေ တစ်ရပ်ရပ် ကြောင့်ပဲဖြစ်စေ မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမူမိတဲ့ အပြုအမူမျိုး ဖြစ်ခဲ့ရင်လည်း သည်းခံတတ် ရတယ်။ မိမိက လျှို့ဝှက်ထားစေချင်တဲ့၊ မပေါက်ကြား စေလိုတဲ့ စကားကိုပြောတဲ့ အခါမှာလည်း အဲဒီစကား မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ်ရတယ်။ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာရင်လည်း မိမိကို ကျောခိုင်း စွန့်ခွာမသွားဘူး။ ချန်မပစ်ခဲ့ဘူး။ အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်းလျှောဆင်း နိမ့်ကျသွားတဲ့အခါ မျိုးမှာလည်း မိမိကို မထေမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုး၊ အထင်သေးတဲ့ အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး .. တဲ့။

မိတ်ဆွေစစ်ဆိုတာ ကိုယ်က ချမ်းသာရင် အောင်မြင်ရင် ကျော်ကြားသွားရင်လည်း မနာလို မရှုစိမ့် မဖြစ်ဘူး။ မိမိနဲ့ ထပ်တူစွာပဲ (ဥပက္ခောစိတ်နဲ့) ၀မ်းသာနေ တတ်ပါတယ်။ မိမိရဲ့ အောင်မြင်မှု ကျော်ကြားမှုကို ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ တစ်ခြားသူတွေကိုတောင် တစ်ဆင့် ပြန်ပြောပြနေတတ်ပါသေးတယ်။ မိတ်ကောင်း ဆွေကောင်း ဆိုတာ သဒ္ဒါတရားနဲ့ ပြည့်စုံတယ်။ စင်ကြယ်တဲ့ သီလရှိတယ်။ အကြားအမြင် ဗဟုသုတ များတယ်။ ၀န်တိုခြင်း မရှိဘူး။ ပညာနဲ့လည်း ပြည့်စုံတဲ့ ပညာတတ်ဖြစ်တယ်။ ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာ ကြုံတွေ့ရရင် သိပ်ကို အေးချမ်း ပြေလွင်တဲ့ ဘဝခရီး ဖြစ်မှာပါ။ လူဖြစ်ရကျိုးနပ်တယ် လို့တောင် ပြောနိုင်ပါတယ်။

စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ မိတ်ကောင်းဆွေကောင်း ဆိုတာမျိုးဟာ စိန်ကောင်း ကျောက်ကောင်းလို ရှားပါတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး ကဲ့ရဲ့ အပြစ်မြင်ချင်သူ မီးဖုတ်ကျောက်လို အတုအယောင် မိတ်ဆွေတွေက အများသားပါ။

အခက်အခဲတွေ၊ အန္တရာယ်ရန်စွယ်တွေ၊ မိုးသားတွေ ကင်းစင်ပြီး အရာခပ်သိမ်း အေးချမ်းနေတဲ့ အချိန်မျိုးမှာ၊ ဒါမှမဟုတ် သူ့ရဲ့လိုအပ်ချက်မှန်သမျှ ကူညီနေတဲ့ အချိန်မျိုးမှာ အပေါင်းအသင်း မိတ်ဆွေတွေက လက်နဲ့ သပ်ချလို့ မကုန်နိုင်အောင် များပြားလွန်းလှ ပါတယ်။ ကိုယ်ရီမောနေတဲ့ အချိန်မှာ ကိုယ်နဲ့ လိုက်ပြီး ရီမောမယ့်သူတွေ များလှပေမယ့် ငိုခန်းနဲ့ ကြုံလာတဲ့အခါ ကိုယ်တစ်ယောက်ထဲပဲ ရှိနေလိမ့်မယ်ဆိုတာ နားလည်ပါ သူငယ်ချင်း

သာမန်အချိန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အဖြစ်နဲ့ ပြေလည်နေမယ် ထင်ရပေမယ့် မက်မောလောက်တဲ့ အခွင့်အရေး တစ်ခုခု၊ ရစရာ တစ်ခုခု ရှိလာပြီဆိုရင် မိတ်ဆွေအဖြစ်ကနေ ရန်သူပြိုင်ဘက် တွေအဖြစ်နဲ့ ရောက်ရှိသွားတတ်တာ တွေ့ဖူးပါတယ်။ အဲဒီမှာ ရစရာရှိတဲ့ အခွင့်အရေးတွေ၊ အခြေအနေကောင်း တွေကို ကွယ်လွှင့်ပျက်စီး ဆုံးပါးသွားစေလိုတဲ့ ဝန်တိုမစ္ဆရိယစိတ် များ တဖွားဖွား ပေါ်လာတတ်ပါတယ်။ ငါသာယူမယ်၊ ငါသာရစေမယ်ဆိုတဲ့ အတ္တစိတ်နဲ့ တစ်ဖက်လူကို မကြည်ဖြူနိုင်တော့ဘဲ ပျက်စီးသွားအောင် မှုတ်ထုတ် ဖျက်ဆီးတတ်ရုံသာမက မိတ်ဆွေစာရင်းကနေ မသိမသာ ဖယ်ရှားလို့ ရန်သူစာရင်းကို သွတ်သွင်းတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ ရှိခဲ့သည် ဆိုပါလျှင် .. .. ..

သူငယ်ချင်း ရေ ...
အခက်အခဲနဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုး၊ ကိုယ်လွတ်ရုန်း သွားတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးနဲ့ နောက်နောင် ဘယ်သောအခါမှ ခရီး အတူတူ မသွားပါနဲ့လို့ပဲ အမှာစကား ပြောလိုက်ချင်ပါတယ်။


ငါ .. နုပျိုဆဲပါ


ငါ .. နုပျိုဆဲပါ


ရန်ကုန်ဆောင်းကို တော့ဖြင့် ကျွန်တော်နှစ်သက်တယ်။ ဘာလို့လည်း ဆိုတော့ ရှမ်းပြည်မှာလို လွန်လွန်မင်းမင်း အေးတာ မဟုတ်လို့ပါ။ သာမန် အအေးဓာတ်နဲ့မို့လို့ သင့်တင့်တဲ့ အနွေးထည်လေး ၀တ်ပြီး အားကစား လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေလည်း အနွေးထည်ထက် အားကစားဆုစ် နဲ့ပဲ အားကစား လုပ်ဖြစ်ပါတယ်။ မရမ်းကုန်း ရှစ်မိုင်ကနေ ကမ္ဘာအေးစေတီလမ်း အတိုင်းပြေးပြီး ကုက္ကိုင်းလမ်းဆုံက ဘုံကျောင်းမှာ ဘက်စကက်ဘော ဝင်ကစားတယ်။ အဲလို မကစားဖြစ်ရင်လည်း ကန်တော်ကြီး ကန်ဘောင်ပေါ်တက်ပြီး ကိုယ်လက် လေ့ကျင့်ခန်းလေး လုပ်ဖြစ်ပါတယ်။ ကန်ဘောင်ပေါ်မှာ အသက် ၅၀ ကျော်လူကြီးပိုင်းနဲ့ ၆၀ ကျော် ပင်စင်စားတွေ အများဆုံးတွေ့ရ ပါတယ်။ ဒုတ်ကောက် ကိုယ်စီနဲ့ ကိုယ်လက်လှုပ်ရှားရင်းကနေ သန့်စင်လတ်ဆတ်တဲ့ လေကို တဝရှူသွင်းပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဆွေးနွေးနေကြတာကို ကြားနေရပါတယ်။ ကျွန်တော်လည်း မလှမ်းမကမ်းကနေ နားထောင်နေမိပါတယ်။

အသက်ကြီးသူ အချင်းချင်း ဖေးမပြီး စိတ်ဓာတ်မြှင့်တင် ပေးကြတဲ့ စကားဝိုင်းလေးပါ။ ငါတို့ "မအိုကြသေးပါဘူး" လို့ ဆိုချင်နေသလိုပါပဲ။ ဟုတ်ပါတယ်။ အသက်ကြီးသူတိုင်း မအိုကြသေးပါဘူး။ လူအိုတွေဟာ "ချည့်နဲ့အားနည်း" လာတာတော့ အမှန်ဖြစ်ပါတယ်။ လူငယ်တွေလိုတော့ မသန်စွမ်းတော့ဘူးပေါ့။ လူငယ်တွေက စိတ်သွားတိုင်း ကိုယ်ပါတယ်။ စိတ်ဆောင်သလို လုပ်နိုင်တယ်။ လူငယ်တွေရဲ့ ခွန်အားနဲ့ ခံနိုင်မှုစွမ်းရည် (သက်လုံကောင်းမှု)ကိုတော့ မမီတော့ပါဘူး။ လူငယ်တွေက တာတို၊ တာလတ်၊ တာဝေး ပြေးပွဲတွေကို ဆင်နွှဲနိုင်ပေမယ့် လူကြီးပိုင်းကတော့ " အောက်ဆီဂျင် " များများလိုအပ်မယ့် သွတ်လက်လှုပ်ရှားတဲ့ အားစကားနည်းတွေ ကိုတော့ဖြင့် မသင့်တော် တော့ပါဘူး။ လုပ်ဆောင်နိုင်စွမ်းလည်း နည်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက်ကြီးသူတွေ အတွက် အားသာချက်တွေလည်း ရှိပါသေးတယ်။ အသက်ကြီးသူတွေဟာ ဘဝအတွေ့အကြုံတွေ များခဲ့ပြီ ဖြစ်တယ်။ အတွေးအခေါ်နဲ့ ဝေဖန်ပိုင်းခြားမှု စွမ်းရည်တွေ အားကောင်းလာတယ်။ အမှားအယွင်း နည်းနည်းနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလာတယ်။ ဘယ်လို ကိစ္စမျိုးမဆို ပိုမိုတိကျ၊ ပိုမိုအသေးစိတ် ကျတဲ့ အကဲဖြတ်မှုတွေကို ပေးစွမ်းနိုင်တယ်။ ဒါကြောင့် တစ်ချို့ဆိုရင် သက်ပြည့် ပင်စင်ယူပြီး ပေမယ့် အဲဒီဌာနမှာပဲ အကြံပေးအရာရှိ အဖြစ်နဲ့ ဖြစ်စေ၊ နည်းစနစ်မှူး နဲ့ဖြစ်စေ ပြန်လည် တာဝန်ထမ်းဆောင် နေတာကို တွေ့မြင်ရ ပါတယ်။ ပြောရရင်တော့ ခြေစုံမြဲအောင် ရပ်နိုင်ပြီ၊ ဒွိဟ သံသယတွေ ကုန်ပြီ၊ ပြင်ပလောကရဲ့ ဖြစ်ပျက် ပြောင်းလဲမှု တွေကို မတုန်လှုပ်တော့ဘူးလို့ ဆိုလိုတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါတွေဟာ အသက်ကြီးသူများရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့ လူအိုစာရင်းထဲ သွင်းလိုက်တာမျိုးကိုလည်း သူတို့ ကျေနပ်ဟန် မရှိတာကို တွေ့ရပါတယ်။ သက်ကြီးရွယ်အိုနဲ့ ဒွန်တွဲနေတဲ့ စကားလုံး ရှိပါတယ်။ အဲဒါကတော့ "အသက်ကြီးတော့ ရောဂါများလာတယ်" ဆိုတာပါ။ ဒီလို "အသက်ကြီး" တာနဲ့ "ရောဂါများတာ" ကို အတင်းအဓမ္မ ရောထွေးပြီး မပြောဆိုစေချင်၊ မပြောဆိုသင့်ပါဘူး။ အသက်အရွယ်ရလာလို့ ခန္ဓာကိုယ်တွင်း ခုခံအားနည်းသွားတာမို့ ရောဂါနည်းနည်း ပိုလာတာနဲ့ပဲ အဲဒီစကားလုံးတွေကို တွင်တွင်ကြီး မသုံးစွဲသင့်ဘူးလို့ ထင်မိလို့ပါ။ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေ အားနည်းလာတာကြောင့် ရောဂါပိုရလွယ်တာ တော့ မငြင်းနိုင်ပေမယ့် ဒီ "ရောဂါ" နဲ့ "ညီမျှခြင်း" ဆွဲဖို့ မသင့်ပါဘူးလို့ မြင်မိပါတယ်။

လူတွေမှာ "မွေး၊ အို၊ နာ၊ သေ" ဆိုတဲ့ သဘာဝနိယာမ တရားရှိပါတယ်။ ဒါပေမယ့် "အိုခြင်း" ကို အချိန်ရွှေ့ဆိုင်းလို့ ရနိုင်ပါတယ်။ "နာခြင်း" ကိုလည်း လျော့နည်းသွားအောင် ဆောင်ကျဉ်းနိုင်ပါတယ်။ ဒါမှမဟုတ် ရှောင်ကွင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ နေထိုင် စားသောက်မှုတွေကို အမြဲမပြတ် သတိပြု ဂရုစိုက်ယူမှု ပဲဖြစ်ပါတယ်။ ဒီအချက်လေးက လူငယ်တွေထက် ပိုအရေးကြီးပါတယ်။ ဒီလိုဆိုရင် အသက်ကြီးရုံနဲ့ ရောဂါရမယ် ဆိုတဲ့ အတွေးမျိုး ခံစားစရာ မလိုတော့ဘူးလို့ ဆိုချင်ပါတယ်။

နောက်ဆုံးအနေနဲ့ "ငါ ကျန်းကျန်းမာမာနဲ့ အသက်ရှည်နေနိုင်သားပဲ" ဆိုတာလေးနဲ့ တင်းတိမ် မနေဘဲ " ငါတို့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြတယ် " လို့ ဆိုနိုင်အောင် အချင်းချင်း "နိုးဆော် အားပေး" သင့်ပါတယ်။ သက်ကြီးရွယ်အို တွေအချင်းချင်း တူညီတဲ့ အကြောင်းအရာကို ပြောဆို ဆွေးနွေးမယ်၊ ညှိနှိုင်းတိုင်ပင်မယ်၊ ပျော်ရွှင်စရာ တွေကိုမျှဝေကြမယ်၊ ၀မ်းနည်းစရာ ရှိရင်လည်း မျှဝေခံစားကြမယ်၊ အချင်းချင်း စာနာထောက်ထားကြမယ်၊ အပြန်အလှန် ရိုင်းပင်းကူညီကြမယ်၊ အဓိပ္ပာယ်ရှိတဲ့ လူမှုဝန်ထမ်းအလုပ်ကို ကူညီကြမယ်၊ အရည်အသွေးမြင့်တဲ့ ဘ၀နေထိုင်မှုမျိုးနဲ့ ရှင်သန်မယ်၊ သိပ္ပံနည်းကျတဲ့ နေထိုင်မှုပုံစံကို ထူထောင်ပြီး ဘဝဆည်းဆာကို ဆွဲဆန့်နိုင်ကြဖို့နဲ့ အချင်းချင်း အားပေးစကားတွေကြား ချို့တဲ့သွားတဲ့ ခန္ဓာစွမ်းအားတွေကို ပြန်လည် ဖြည့်တင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.