Wednesday, November 19, 2008

[Padauk Myay] 1 New Entry:

http://padaukmyay.blogspot.com/feeds/1879249789501535397/comments/default

(မြန်မာနိုင်ငံမှာ အတိုက်အခံ လှုပ်ရှားသူများအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်များချမှတ်ခဲ့တဲ့အပေါ် ဘန်ကောက်ပို့စ် သတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကို ဆီလျော်အောင် ဘာသာပြန်တင်ပြထားတာ ဖြစ်ပါတယ်။)

မနှစ် သြဂုတ်လတုံးက ဆင်ဆင်ခြင်ခြင်စဉ်းစားတာမျိုးမရှိဘဲ ရုတ်တရက် လောင်စာဆီဈေးတွေ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်မှုများ ကနေ နောက်တစ်လလောက်ကြာတော့ ရန်ကုန်မြို့မှာ ထောင်ချီတဲ့လူတွေက ဒီမိုကရေစီကို ကြွေးကျော်ရင် ၄၅ နှစ်ကြာ စစ်တပ် အုပ်ချုပ်မှုနဲ့ စီးပွားရေးကျဆင်းမှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးအဖြစ် ရောက်သွားတယ်။ အစိုးရက သူတို့တောင်းဆိုတာ တွေကို ပစ်ခတ်ပြီး ခပ်ကြမ်းကြမ်းတုန့် ပြန်လိုက်တော့ အနည်းဆုံး လူသုံးဆယ်လောက်သေဆုံး၊ တရာလောက်ပျောက်ဆုံးပြီး ထောင်နဲ့ချီပြီး အကျဉ်းချခံရတာနဲ့ အဆုံးသတ်သွားပါတယ်။ ဒီအပတ်ထဲမှာ တစ်နှစ်ကျော်လောက် ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံ များကတော့ ဒီလိုကန့်ကွက်မှုတွေအတွက် သူတို့ ပေးရမယ့် တန်ဖိုးကို သိသွားကြပါတယ်။

အမျိုးသမီးငါးဦးပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ထိပ်တန်းခေါင်းဆောင် ၁၄ ဦးဟာ စိတ်မချမ်းမြေ့စရာ ကောင်းတဲ့ ၆၅ နှစ် ထောင်ဒဏ်ဆိုတာချမှတ်ခံရတယ်။ နောက်ထပ် ကိုးယောက်လဲ အဲဒီလိုပြစ်ဒဏ်အပေးခံရပြီး သံဃာ ငါးပါးကတော့ ပြည်သူတွေရဲ့ အေးချမ်းစွာနေထိုင်မှုကို နှောက်ယှက်လို့ဆိုပြီး ထောင်ဒဏ်ခြောက်နှစ်စီ အပြစ်ပေးခံရတယ်။ ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ် လိုက်တာဟာ ပြီးခဲ့တဲ့ရက်များအတွင်းမှာ အာဏာပိုင်တွေက အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေနဲ့ ရှေ့နေတွေကို ဆက်တိုက် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်တယ်။

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စုစုနွေးက အစိုးရကို ဆန့်ကျင်တဲ့ စာရွက်တွေ ဖြန့်ဝေမှုနဲ့ ထောင်၁၂ နှစ်ခွဲ ကျသွားပြီး သူမနဲ့ လုပ်ဖော်ကိုင်ဘက်ကတော့ ရှစ်နှစ်ကျသွားတယ်။ ဘလော့ဂါနေဖုန်းလတ်ကတော့ ဗိုလ်ချုပ်မှူးကြီးကို ရုပ်ပြောင်ဆွဲတာရယ်၊ ပိတ်ပင်ထားတယ် ဗီဒီယို အခွေကို လက်ဝယ်ထားတာရယ်ကြောင့် ထောင်ဒဏ်အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတယ်။ အတိုက်အခံ တွေအတွက် အမှုလိုက်ပေးနေတဲ့ရှေ့နေသုံးဦးကတော့ တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် လေးလကနေ ခြောက်လ ချမှတ်ခံရပြီး ကျန်တဲ့ရှေ့နေလေးဦးကိုတော့ တရားခံတွေဘက်က အမှုလိုက်လို့ မရအောင်တားဆီးခံထားရတယ်။
ဒီလုပ်ဆောင်ချက်တွေဟာ အတိုက်အခံတွေတုန်လှုပ်ခြောက်ချားသွားအောင် ခပ်ကြမ်းကြမ်း ကိုင်တွယ်ပြလိုက်တဲ့ နည်းဗျူဟာလဲ ဖြစ်ပါတယ်။ ဒါဟာ စစ်အစိုးရအနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ပြုလုပ်မယ့် သူတို့ရဲ့ လမ်းပြမြေပုံကို အကောင်အထည်ဖော်နေတာကို နှောက်ယှက်တာမှန်သမျှ လက်မခံဘူးဆိုတာကို ပြဖို့နဲ့ ပြည်သူတွေအနေနဲ့ ၁၉၉၀ တုံးက လို အတိုက်အခံဘက်ကို မဲမပေးရဲ အောင် ခြောက်လှန့်လိုက်တာပဲ ဖြစ်တယ်။ အဲဒီတုံးက ပါတီစုံရွေးကောက်ပွဲကို ကျင်းပပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်တော့ ဒီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တယ်။ အခုထိ အစိုးရက ပြီးခဲ့တဲ့ ၁၉ နှစ်မှာ ၁၃ နှစ်ကျော် အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ့် အရိပ်အယောင်လဲ မပြ သေးဘူး။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဟာ နိုင်ငံခြားသားဖြစ်နေလို့ ရွေးကောက် ပွဲဝင်ခွင့်မရှိဘူးလို့ ပိတ်ပင်ထားပြီး ဖြစ်တဲ့တိုင် သူမကို ဆက်လက်ထိန်းသိမ်းထားခြင်းဟာ ရက်စက်ရာကျပြီး ကြောင်းကျိုးခိုင်လုံမှုလည်း မရှိဘူး။ ဒီလိုဆက်လက်ထိန်းသိမ်းထားတာကြောင့် တစ်ကမ္ဘာလုံးက ဝေဖန်တာကိုခံနေရပြီး စီးပွားရေးဒဏ်ခတ်မှုကိုလဲ ခံနေရတယ်။ နောက်ပြီး အာဆီယံ အဖွဲ့ကြီး အတွက်လဲ အကြီးအကျယ်မျက်နှာပျက်စရာဖြစ်နေတယ်။

အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်။ စစ်တပ်ရဲ့အာဏာကို ပိုပြီးခိုင်မြဲအောင် လုပ်ဖို့ ဖြစ်တယ်လို့ ပြောနေတာ မှားတယ်ဆိုတာကို စစ်အစိုးရက သက်သေပြရမယ့် အချိန်ဖြစ်တယ်။ စစ်တပ်အနေနဲ့ သူတို့ဟာ ဒီမိုကရေစီ စနစ် ကူးပြောင်းရေးကို တကယ်လိုလားတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်အောင်ကြိုးစားနေတယ် ဆိုရင်တော့ အခုလို အတိုက်အခံ လှုပ်ရှားသူ တွေကို ထောင်ထဲပို့နေတာဟာ အစကောင်းတဲ့လုပ်ရပ်တော့မဟုတ်ဘူး။

ဒီတော့ အာဆီယံအနေနဲ့ လမ်းပြမြေပုံနဲ့ အပြုသဘောဆောင်ထိတွေ့ခြင်းဆိုတာတွေရဲ့ နောက်ကွယ်က ပကတိ အခြေအနေတွေကို သိပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုနေပါပြီ။ ဒီလို လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ ရှေ့လ ချင်းမိုင်မှာလုပ်မယ့် အာဆီယံထိပ်သီးအစည်း အဝေးပဲဖြစ်ပါတယ်။ အဲဒီမှာ မှန်ကန်တဲ့ပြောင်းလဲမှုတွေလုပ်ရင် မြန်မာနိုင်ငံအနေနဲ့ ရရှိလာမယ့် အကျိုး ကျေးဇူးတွေကို နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေးဖို့ လိုပါတယ်။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.