Wednesday, November 19, 2008

[We Fight We Win. -- " More than Media "] 3 New Entries: မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒတွင် ချဉ်းကပ်မှုအသစ် ရှိမည်လား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒတွင် ချဉ်းကပ်မှုအသစ် ရှိမည်လား

ဆောင်းပါး
ဒေါက်တာစိန်မြင့်
တနင်္ဂနွေနေ့၊ နိုဝင်ဘာလ 16 2008 18:23 - မြန်မာစံတော်ချိန်
မဇ္ဈိမသတင်း


မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အကြီးအကဲနှင့် အထူး သံတမန်အဖြစ် မိုက်ကယ်ဂရင်း (Michael Green) ကို ရာထူး သက်တမ်း ကုန်ဆုံးတော့မည့် အမေရိကန် သမတကြီး ဂျော့ခ်ျဘုရှ် (George Bush) က ခန့်အပ်ရန် အမည်စာရင်း တင်သွင်းလိုက်ခြင်းအား ကွန်ဂရက်လွှတ်တော်က အတားအဆီးမရှိ ချက်ချင်း အတည်ပြုပေးဖွယ် ရှိနေပါသည်။ ဤသို့ ခန့်အပ်မှုသည် သွေးထွက်သံယို ဖြစ်ခဲ့ရသော ဒီပဲရင်း အရေးအခင်းအပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ခန့်အပ်သင့်ခဲ့သည့် ကိစ္စရပ် ဖြစ်ပါသည်။ ယမန်နှစ် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အပြီးတွင်မူ ပြောရန်ပင် မလိုတော့ပါ။

သို့သော် ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး ကင်ပိန်းလှုပ်ရှားသူများနှင့် အမျိုးသား ညွန့်ပေါင်းအစိုးရက ထောက်ခံ အားပေးထားသော စည်းရုံးလှုံ့ဆော်သူ လော်ဘီသမားများသည် ဤသို့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်တဦးကို အမေရိကန်က ခန့်အပ်နိုင်ရေးအတွက် အာရုံစိုက် လုပ်ဆောင်ရမည့်အစား ယခုနှစ် လုံခြုံရေးကောင်စီ အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံကိစ္စ ထည့်သွင်းထားနိုင်ရေးအတွက် အမေရိကန် နိုင်ငံခြားရေးဌာနကို တွန်းအားပေး ဆွဲဆောင်စည်းရုံးနေကြသည်။ သို့သော် ကုလသမဂ္ဂ ကျွမ်းကျင်သူအများ မျှော်လင့်ခန့်မှန်းထားသည့် အတိုင်းပင် ဤမဟာဗျူဟာသည် မအောင်မြင်ခဲ့ပါ။

ဤသို့ဆိုလျှင် ဒေါက်တာဂရင်း အနေဖြင့် သူ၏ လက်ရှိနိုင်ငံအကြီးအကဲ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ရာထူးတာဝန်များကို မစွန့်လွှတ်မီ ဘာတွေ အောင်မြင်အောင် လုပ်နိုင်ပါသလဲ၊ ဤရက်ကျော်လျှင်ကော သူ၏အခန်း ကဏ္ဍနှင့် အနေအထားသည် မည်သို့ ဖြစ်လာမည်လဲ။

သမတအဖြစ် ရွေးချယ်ခံထားရသူ မစ္စတာအိုဘားမားသည် သူ့အရင် သမတကြီး လက်ထက်တုံးက ထားရှိခဲ့သော မြန်မာနိုင်ငံ မူဝါဒများကိုပင် ဆက်လက်ကိုင်စွဲဖွယ် ရှိနေပါသည်။ မြန်မာ့ ဒီမိုကရေစီရေးကို အကြီးအကျယ်ထောက်ခံ အားပေးခဲ့သူ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလှသူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း နှင့် နိုင်ငံခြားရေး မူဝါဒအကြီးတန်း အကြံပေးအရာရှိဖြစ်သူ မယ်ဒရင်း အောဘရိုက်္နေိနူငညန ဗူဘမငါ့အ ထံမှ အကြံ ဥာဏ်များကိုလည်း ရယူပါလိမ့်မည်။

မြန်မာ့အရေး မဟာဗျူဟာနှင့် မူဝါဒသစ်များကို ရေးဆွဲဖေါ်ထုတ်ရန် လိုသော်လည်း ဒေါက်တာဂရင်း အနေဖြင့် ကျယ်ပြန့်လှသော အတွေးအမြင်များ၊ သဘောထားများ ရရှိနိုင်ရန် သူ့အခန်း တံခါးဝတွင် အသင့်စောင့်ဆိုင်းနေသော ဆွဲဆောင် စည်းရုံးသူ လော်ဘီသမားများထံမှ သာမကဘဲ အမေရိကန်တွင် ရောက်ရှိနေထိုင်လျက် ရှိကြသော ပြည်ပရောက် မြန်မာ အသိုင်းအဝိုင်းများ၊ ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ အထွေထွေ အထူးထူးသော ခေါင်းဆောင်များထံမှလည်း သဘောထားအမြင်များ ရယူပါမှ အမြော်အမြင်ကြီးရာ ကျပါလိမ့်မည်။

အလားတူပင် မြန်မာ့စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တိုက်ရိုက်တွေ့ဆုံပြီး၊ ပြည်တွင်းတွင် ဖြစ်ပျက်နေသော အခြေအနေများကို ကိုယ်တိုင် အကဲဖြတ်ခွင့်ရအောင် လုပ်နိုင်မှ သူ့အတွက် ဆင်ခြင်တုံတရား ပြည့်ဝရာ ရောက်ပါလိမ့်မည်။ သို့မှသာ မြန်မာပြည်တွင် အပြုသဘော ဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် မူဝါဒသစ်များ ချမှတ်နိုင်ရေးတွင် ထောက်ခံတင်ပြချက် အသစ်များကို အမေရိကန် သမတသစ်နှင့် ကွန်ဂရက်လွှတ်တော်သို့ တင်ပြနိုင်ပါလိမ့်မည်။

အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးများ ပြန်လည်ထားရှိရန် ယခုကဲ့သို့ တိုင်းပြည်တွင်းတွင် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်သူများကို ပြင်းထန်လှသည့် ထောင်ဒဏ်များ ချမှတ်နေချိန်၌ သွားရောက်ပြောဆိုမည် ဆိုပါက သူ့ကို စော်ကားရာ ရောက်ပါလိမ့်မည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်၏ အဓိက အခန်းကဏ္ဍ တခုမှာ မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော ဖိအားများ၊ ရွေးချယ်ပြုလုပ်ထားသော စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများသည် ခေါင်းမာ တဇွတ်ထိုးနိုင်သော နအဖ စစ်ခေါင်းဆောင်များအား အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ခြင်းအပါအဝင် မည်သည့် အပြုသဘောဆောင်သည့် ရလဒ်မျှ မရရှိခဲ့ခြင်း၏ အကြောင်းရင်းများကို ရှာဖွေဘို့ ဖြစ်သည်။

သူ့ရာထူးနှင့် အခန်းကဏ္ဍသည် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်နှင့် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ခရစ်စတိုဖာဟီးလ် (Christopher Hill) နှင့် အလားသဏ္ဍန် တူပါသည်။ သူသည် မြောက်ကိုးရီးယား ဆိုင်ရာ "ခြောက်နိုင်ငံ ဆွေးနွေးပွဲ" တွင် အမေရိကန်၏ အဓိက ညှိနှိုင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ရသည်။ သို့သော် မြန်မာနိုင်ငံ အရေးကိစ္စတွင်မူ ဆွေးနွေးပွဲများ မည်သို့သော ပုံစံဖြင့် ပေါ်လာမည် ဆိုသည်မှာ မရေမရာရှိဆဲပင် ဖြစ်သည်။ ဤဆွေးနွေးပွဲတွင် ပါဝင်နိုင်မည့် နိုင်ငံများနှင့် အဖွဲ့အစည်းပေါင်းစုံတို့ကို စဉ်းစားရွေးချယ်နေဆဲ ဖြစ်ပါသည်။ သို့သော် မည်သည့် "နိုင်ငံစုံကြိုးပန်းမှု" အဆိုပြုချက်တွင်မဆို ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများ၊ ဂျပန်၊ သြစတြေလျနှင့် မြန်မာစစ်အစိုးရ ကိုယ်တိုင်တို့ ပါဝင်ရမည် ဆိုသည်မှာ သေချာလှပါသည်။

သို့သော် ဤသို့သော အခြေအနေမျိုးတွင် အရေးအကြီးဆုံး အချက်မှာ တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ ရှေးရှုရေးအတွက် ကာယကံရှင်အားလုံး ပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပနိုင်ရေးအတွက် မြန်မာစစ်အစိုးရက လက်ခံလာရေးပင် ဖြစ်သည်။

ထို့ကြောင့် အမေရိကန် အထူးသံတမန် အနေဖြင့် စစ်အစိုးရကို ထိတ်လန့်တုန်လှုပ်သွားအောင် ကိုယ့်ဘက် ပြေးကပ်လာအောင် ဘယ်လို ဖိအားမျိုးကို သုံးမည်လဲ၊ ဒါမှမဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကို ကပ်လာအောင် မည်သို့ ချော့မြှူမည်လဲ ဆိုသည်ကို ရှာဖွေဖေါ်ထုတ်ရမည် ဖြစ်သည်။ သို့မှသာ လက်ရှိ နိုင်ငံရေး လေလုံးမိုးလုံး လွှတ်ခြင်း၊ သံတမန်ရေးအရ ဟန်ရေးဝါရေးပြခြင်းတို့ လုပ်နေခြင်းထက် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သော ပြဿနာဟောင်းများကို ဖြေရှင်းနိုင်မည့် လေးနက်သော ကြံဆချက်များကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ဒေါက်တာစိန်မြင့်
(ဒေါက်တာစိန်မြင့်သည် အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တရားမျှတမှု မူဝါဒဖွံ့ဖြိုးရေး ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ သူသည် ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာ ဌာနခွဲ အမှတ် ၂၂ ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်လည်း ဖြစ်ပါသည်)




Rest of your post

ရာဟူး ကုမ္ပဏီ ကို စတင်တည်တောင်သူ ဂျယ်ရီယန်း (Jerry Yang) ကိုရာထူးလျှော့ချ


( ဓါတ်ပုံ- ရာဟူး အမှုဆောင် ဂျယ်ရီ ယန်း )

ကမ္ဘာကျော် ရာဟူး ( Yahoo )အင်တာနက် အချက်အလက် ရှာဖွေရေးကုမ္ပဏီကို တည်ထောင်ခဲ့တဲ့သူတဦး ဖြစ်တဲ့ဂျယ်ရီယန်း(Jerry Yang) ကကုမ္ပဏီအကျိုးစီးပွား တိုးတက်မြင့်မားလာအောင်မလုပ်နိင်တဲ့အတွက်သူဟာအကြီးအကဲရာထူးကနေအနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူနေရာကို ခေါင်းဆောင်သစ်တဦးအစားထိုးမှာ ဖြစ်ပါတယ်။

သူနှုတ်ထွက်သွားပေမဲ့ ကုမ္ပဏီရဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ မှာတော့ ဆက်လက် တာဝန်ယူ နေဦးမှာဖြစ်
ပါတယ်။ သူနှုတ်ထွက်ရတဲ့ အကြောင်း ကတော့ ကုမ္ပဏီမှာ အလုပ်သမားတွေ အကြီးအကျယ် လျော့ချမှု နစ်
်ကြိမ်ဖြစ်ခဲ့တယ်။ အဆင့်မြင့် တာဝန်ယူ ထားတဲ့သူတွေ ကုမ္ပဏီက နှုတ်ထွက်ခဲ့ ကြတယ်။ဒါ့အပြင် ရာဟူး
ပိုင်အစုရှယ်တွေ ကို မိုက်ကရိုဆော့ကုမ္ပဏီ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါကိုသူက မရောင်းခဲ့တဲ့အတွက် ရှယ်ရာပိုင်ဆိုင်သူတွေက သူရဲ့ ဦးဆောင်မှုအပေါ်မှာ စိတ်ပျက် ခဲ့ကြတယ်။ ကုမ္ပဏီ အကြီးကဲသစ်က ရာဟူး အတွင်းစည်း က တယောက်ယောက် ဒါမှ မဟုတ် အပြင်လူသစ်တဦးဦး လည်း ဖြစ်လာနိင်စရာရှိတယ်လို့ သိရတယ်။

ကုမ္ပဏီ အကြီးကဲ ရွန် ဘိုးစတော့ (Roy Bostock ) ကတော့ ကုမ္ပဏီအတွင်းမှာ တိုးတက်မှု ကို တာဝန်မခံ နိင်ရင် ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်တာ ဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုတယ်။ ဂျယ်ရီယောင်းဟာ လူငယ်တဦးဖြစ်ပေမဲ့  သူခေါင်းဆောင်မှု ဟာ တိုးတက်မှု မဖြစ်လာတဲ့အပေါ်မှာ ခေါင်းဆောင်ပီပီသသ နှုတ်ထွက် ခဲ့တဲ့အပေါ်မှာ ကုမဏီ အဖွဲ့ ဝင်တွေ က သူ့ကို ချီးကြူးကြပါတယ်။ သူကို နှုတ်ထွက်ဖို့  ဘုတ် အဖွဲ့ က ဆုံးဖြတ်ချက်ကို သူက လက်ခံ ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု မှာလည်း ခေါင်းဆောင်ဆိုသူတွေက အခြေအနေ ကိုတိုးတက် အောင် မလုပ်နိင်
ခဲ့ကြရင် တာဝန်သိသိ နှုတ်ထွက် ရဲ တဲ့ သတ္တိ ရှိ ကြဖို့ လို အပ်ပါတယ်။


နိုင်ငံတော်၏ အကျပ်အတည်း၊ အနာဂတ် နှင့် တပ်မတော် ၏ အခန်းကဏ္ဍ (အောင်ချမ်း)




ပြည်သူလူထု

သန်းပေါင်းခြောက်ဆယ်သောမြန်မာပြည်သူလူထု၏ကိုးဆယ့်ခြောက်ရာခိုင်နှုန်းမှာစားဝတ်နေရေးအတွက်မျက်လုံးပြူးမျက်ဆံပြူးရှာဖွေစားသောက်နေရသော
အခြေအနေဖြစ်သည်။ကောင်းမွန်သောကျမ်းမာရေးစနစ်မရှိ၊လူမှုဖူလုံရေးမရှိ၊တရားမျှတသောဥပဒေမရှိ၊သန်းပေါင်းများစွာ သောမိသားစုတို့အတွက်တပါတ်စာစားသောက်စရာမပြောနှင့်မနက်ဖြန်စာတောင်မှလောက်လောက်ငှငှမရှိကြသည့်ဘ၀အခြေအနေသို့ ဆိုက်ရောက်နေ၏။

ပညာအတော်အတန်တတ်ပြီးငွေကြေးအသင့်အတင့်ကျန်သေးသောရောင်းစရာချစရာကျန်သေးသောမိသားစုများမှ ပေါက်ဖွားသည့်လူငယ်များသည်စင်္ကာပူနိုင်ငံနှင့်တကွအခြားနိုင်ငံများသို့ထွက်ကာကာယလုပ်သားဥာဏလုပ်သားများအဖြစ် မိမိတို့၏လုပ်အားမိမိတို့၏ဖန်တီးတီထွင်နိုင်စွမ်းတို့ကိုဈေးပေါပေါချရောင်းပြီးမိဘနှင့်ဆွေမျိုးအသိုင်းအ၀ိုင်းကိုပြန်လည်ထောက်ပံ့လာရတော့၏။

နိုင်ငံခြားမှလာရောက်ဖွင့်လှစ်သောလက်မှတ်ပေးသင်တန်းများအားတက်နိုင်သည့်ငွေကြေးအခြေအနေမရှိသော လူငယ်တို့သည်မိမိတို့အမိမြေတွင်ဖြစ်သလိုပင်နိုင်ငံခြားသားလုပ်ငန်းရှင်တို့ထံ၌ဈေးပေါပေါဖြင့်အလုပ်လုပ်ကြရ၏။ လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကို သန်းရွှေ၏ လက်ကိုင်တုတ် နအဖ အဖွဲ့ မှ စနစ်တကျဖျက်ဆီးအညွန် ချိုးနေ၏။

မြန်မာ့အမျိုးသမီးရေးရာ

မိမိတို့မြန်မာနိုင်ငံတော်လွတ်လပ်ရေးရကာစကာလနှင့် ယခု အချိန်ကာလကိုနှိုင်းယှဉ်ကြည့်လျှင် စစ်အာဏာရှင် စနစ်ဆိုးကြောင့်အရင်းအနှီးမရှိသောမိဘများမှပေါက်ဖွားလာသောမြန်မာ့အမျိုးကောင်းသမီးများအိမ်နီးခြင်းနိုင်ငံလိင်ဈေးကွက်တွင်ဈေးပေါ ပြည့်တန်ဆာများဘ၀ဖြင့် ဆိုးဆိုးရွားရွားရုန်းကန်ရပ်တည်နေကြရသည့်အနေအထားသို့ရောက်ခဲ့ပြီဖြစ်သည်။
ထိုဘ၀သို့မရောက်သည့် ကံအနည်းငယ်ကောင်းသူများသည်လည်း ဘ၀အတွက် တက်လမ်း မျှော်လင့်ချက် ဆိုသည်မရှိပဲ မွေးကတည်းက ဘ၀အာမခံချက်ပျောက်ဆုံးနေသော သူများဘ၀ဖြင့်မိမိတိုင်းပြည်ထဲတွင် ညှိုးငယ်ထိတ်လန့် စွာ အသက်ဆက်ရှင်သန်နေကြရ၏။ ကျနော်တို့ မှီလိုက်သော မဆလ ပါတီခေတ်က ထိုင်းနိုင်ငံအား ဖာနိုင်ငံဟုပြောကြ၏။

ယခုအခါကျနော်တို့နိုင်ငံသည်ထိုင်းနိုင်ငံထက်ဆိုးသောအနေအထားသို့ရောက်ရှိနေခဲ့သည်မှာနှစ်ပေါင်းနှစ်ဆယ် ပြည့်ပြီဖြစ်၏။ သဘာဝ သယံဇာတနှင့် လုပ်အား အရင်းအမြစ် အသိပညာအရင်းအမြစ်မချို့တဲ့သော ကျနော်တို့ တိုင်းပြည်ဘာကြောင့်ထိုဘ၀သို့နှစ်ပေါင်းနှစ်ဆယ်အတွင်းလျှင်မြန်စွာရောက်ခဲ့ရသနည်းဆိုသည့်အဖြေကိုမြန်မာနိုင်ငံသားအားလုံး ၊တပ်မတော်သားအားလုံး နှင့်ကမ္ဘာ့ မိသားစု က သိရှိပြီးဖြစ်၏။

နအဖ ၏ မတရား အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်သည် ရေတိမ်နစ်ခြင်းမဟုတ်ပဲ သဲကန္တာရအတွင်း လည်ကုတ်မှကိုင်ကာသဲပြင်၌နှစ်သတ်သကဲ့သို့သန်းရွှေနှင့်သူ၏နောက်လိုက်ဂိုဏ်း၏ အဆင်အခြင်မဲ့အတ္တကြီးစွာ ယုတ်မာရက်စက်မှုများကြောင့်ဖြစ်၏။သန်းရွှေသမီးများနိုက်ကလပ်တွင်ကိုယ်လုံးတီးဖြင့်ကပြဖြေဖျော်ပြီးငွေရှာရသောဘ၀သို့ မရောက်ပါ သို့သော် သူ့ ဝါသနာနှင့်သူ ရွတာကိုတော့ငါတို့သမီးတွေလည်းဒီလိုပါပဲဟု ပြော၍ ရသည့်ကိစ္စမဟုတ်။

တပ်မတော်ရေးရာ

တပ်မတော်သည်မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ပြည်သူလူထုနှင့်အတူဖက်ဆစ်ကိုတော်လှန်တိုက်ခိုက်ခဲ့သော တပ်မတော်ဖြစ်သည်။နယ်ချဲ့အင်္ဂလိပ်နှင့်ဖက်ဆစ်ကိုတိုက်ထုတ်ခဲ့ရာတွင်တပ်မတော်တစ်ခုတည်းတိုက်ခိုက်ခဲ့သည်မဟုတ်။
ပြည်သူလူထု သည်လည်း ရရာလက်နက်စွဲကိုင်ကာတိုက်ခိုက်ခဲ့သော လူထုဖြစ်သည်။

ထိုကဲ့သို့ သမိုင်းအစဉ်အလာရ တပ်မတော်နှင့်ပြည်သူ ပူးပေါင်းပြီး နိုင်ငံတော်၏ အစစ်အမှန်ရန်သူ တို့အား ခုခံတိုက်ခိုက်ခဲ့သည့်ကျက်သရေရှိသောသမိုင်းဖြစ်၏။ယခုအခါတပ်မတော်၏အကြီးအမှူးများဟုမိမိတို့ဟာမိမိတို့ အာဏာကိုအမိအရဖမ်းကိုင်ကာဘယ်သူသေသေငတေမာပြီးရောလုပ်နေသည့်ငရွှေနှင့်သူ၏ဂိုဏ်းကြောင့်တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းဖော်ကြိုးပမ်းဖက်ဖြစ်သောတပ်မတော်သားများ၏ မိခင်ဖခင်များဖြစ်သော ပြည်သူလူထုကို အဇာတသတ် ဆန်ဆန် ခြေခွဲဆားသိပ် သတ်ဖြတ်သည့်ယုတ်မာရက်စက်မှုဖြင့် နေ့ တဓူဝ နှိပ်စက် အနိုင်ကျင့်နေ၏။

တပ်မတော် ခေါင်းဆောင်များ အနေဖြင့် သန်းရွှေ ဂိုဏ်း၏ လုပ်ရပ်များကို ကျနော်တို့ထက်ပို၍ အတွင်းသိအဆင်းသိဖြစ်၏။ အူမချေးခါးအကုန်သိကြသူများဖြစ်သည်မှာအထူးပြောဖွယ်မရှိ။
တပ်မှူးတိုင်း လိုလို သန်းရွှေဂိုဏ်း၏ အနိုင်ကျင့် စော်ကားမှု ကို စကားအရဖြစ်စေ လုပ်ပိုင်ခွင့်အရဖြစ်စေ လူမှုရေးအရဖြစ်စေခါးခါးသီးသီးခံစားဖူးကြသူချည်းဖြစ်၏။ထိုကဲ့သို့ကြောကြောမောမောလုပ်ရပ်များစော်ကားမှုများအားအခြားအလယ်အလတ်တန်းစားတပ်မှူးများမပြောနှင့် ဗိုလ်ချုပ်ကြီး အေး ကိုယ်တိုင်ခံစားရဖူး၏။မောင်အေးဆိုတဲ့ကောင် ပြန်မလှန်ရဲတဲ့အရက်သမားမို့  လွှတ်ထားတာ ပါ ဟူသော အပေါက်မျိုးပင် သန်းရွှေ ၏ ဆက်ဆံရေးနှင့် လုပ်ပေါက်များရှိ၏။
သန်းရွှေမိသားစုနှင့် ၄င်းတို့နောက်လိုက်များ၏ မောက်မာ မှုများကို တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ ဇနီးများ သားသမီးများ မှ စ၍ အဆင့်အသီးသီးရှိ အရာရှိအရာခံ အားလုံးလိုလို ခံစားကြရသည်မှာ အထင်အရှားဖြစ်၏။


မြန်မာ့စိတ်ပိုင်းဆိုင်ရာ

ကျနော်တို့မြန်မာနိုင်ငံသည် ထေရ ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားသော နိုင်ငံဖြစ်သည်။ကျနော်တို့မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ပြည်သူများ၊ခရစ်ယာန်ဘာသာဝင်ပြည်သူများနှင့်အခြားယုံကြည်ကိုးကွယ်မှုအသီးသီးနှင့်ပြည်သူလူထုများမှီတင်းနေထိုင်ကြသည်။
မြန်မာနိုင်ငံ၏ထုံးတမ်းစဉ်လာအရမြန်မာတို့သည် ကြီးသူကို ရိုသေ ၊ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဟူသော စိတ်ထားမြတ်ဖြင့် လူဖြစ်နေကြသောသူများဖြစ်သည်။
ထို့အတူတလုတ်စားဖူးသူ့ကျေးဇူးဆိုသည့်မိရိုးဖလာစကားပုံများဆိုဆုံးမမှုများဖြင့်ဘ၀ကိုအေးအေးလူလူဖြတ်သန်းချင်သည့်သူများဖြစ်သည်။
မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုသည့်ဗြဟ္မစိုရ်တရားလေးပါးဆိုသည့်သင်ကြားမှုဖြင့်လူလားမြောက်လာကြသူများဖြစ်သည်။
သို့သော်တကယ်တန်းမြန်မာ့တပ်မတော်၏ ထမင်းရှင်သည် ပြည်သူလူထုဖြစ်သည်။ နိုင်ငံတော်၏ သယံဇာတနှင့် သဘာဝအရင်းအမြစ်များသည် တဦးတယောက်ပိုင်မဟုတ်။

နိုင်ငံတော်ကိုမှီတင်းနေထိုင်ကြကုန်သောတိုင်းရင်းသားပြည်သူလူထုပိုင်သာလျှင်ဖြစ်သည်။သို့ရာတွင်ထိုနိုင်ငံတော်၏သယံဇာတများသဘာဝအရင်းအမြစ်များလူသားအရင်းအမြစ်များအား အလွဲသုံးစားလုပ်ကာရာဇပလ္လင်ထက်မှလူတကာကိုမာန်မဲဟိန်းဟောက်အပြစ်ပေးကာမည်သူတဦးတယောက်ကမှ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်ခွင့်မရှိ။တပ်မတော်မှစားသောအလုတ်ပေါင်းများစွာသောထမင်းတို့သည်ပြည်သူကျွေးသော ထမင်းဖြစ်၏။ ထို့ကြောင့်သန်းရွှေဂိုဏ်းကဲ့သို့မောက်မာ ရိုင်းစိုင်းလှသည့် သူများအား ကျေးဇူးတင်ရန်မလို ကျေးဇူးတင်ထိုက် ကာကွယ်ထိုက်သည်မှာ ပြည်သူလူထုကိုသာလျှင်ဖြစ်သည်။

၁၉၉၀ရွေးကောက်ပွဲတွင်မြန်မာပြည်သူလူထုကတာဝန်ကျေခဲ့ပြီးဖြစ်သည်။တနိုင်ငံလုံးအပြတ်အသတ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အားနိုင်ငံတော်အာဏာအပြည့်အ၀ အပ်နှင်းပြီးဖြစ်သည်။၂၀၀၇ စက်တင်ဘာလတွင်လည်း ပြည်သူလူထုနှင့် သံဃာတော်တို့က တာဝန်ကျေပွန်စွာ အသက်ပေးခဲ့ကြပြီးလည်းဖြစ်သည်။

သံဃာတော်အရှင်သူမြတ်တို့သည်တလုတ်စားဖူးသူ့ကျေးဇူးဆိုသည့်စကားရပ်အတိုင်းဆွမ်းဒါယကာပြည်သူလူထုကြီး ငတ်မွတ်ခေါင်းပါးနေသည့်ကပ်ဘေးကိုမကြည့်ရက်သဖြင့်ကျည်ဆန်ကြားသို့လက်ဗလာဖြင့်မေတ္တာသုတ်ရွတ်ကာ တိုးဝင်ချီတက်ခဲ့၏။ အသက်ပေးခဲ့ပြီးဖြစ်၏။ ကျနော်တို့ အားလုံးသိကြသည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အမတ်မင်းများသည်လည်း ပြည်သူလူထု ပေးအပ်ခဲ့သောအာဏာနှင့်လုပ်ပိုင်ခွင့်ကို အချီးနှီးအလဟသ အဖြစ်သို့ရောက်စေလောက်အောင် ပျော့ညံ့ ပျင်းရိ နုံနဲ့ ခဲ့ကြ၏။ တဖက်က လည်း သန်းရွှေ၏ န၀တ ၊ နအဖ က ချိနဲ့ အောင် တိုက်စစ်ဆင်ခဲ့ကြ၏။ထိုအနေအထားတွင် ပြည်သူလူထုက ဘာများဆက်လက်လုပ်ကိုင်ရမည်နည်း။

၂၀၁၀ရွေးကောက်ပွဲအကြိုကာလ ဖြစ်နိုင်ခြေများအား ချဉ်းကပ်ခြင်း

သန်းရွှေသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွအားလုံးသောအတိုက်အခံအင်အားစုများဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်မှန်သမျှအားလုံးအားနည်းမျိုးစုံဖြင့်အမြစ်ဖြတ်မည်ဖြစ်သည်။ဆူဟာတိုအကောင်အထည်ဖော်ရန်ကြိုးစားခဲ့သလို ပြုလုပ်နေခြင်းဖြစ်သည်။ ယခုအခါ ၈၈ မျိုးဆက် (ပြည်တွင်း မှ) ကျောင်းသားခေါင်းဆောင်(အစစ်)များအား ထောင်ဒဏ် ခြောက်ဆယ့်ငါးနှစ် ချမှတ်ကာငှက်ဖျားနှင့် ရောဂါပိုးထူပြောပြီး နိုင်ငံတကာ မှ မည်သည့်နည်းနှင့်မျှ ထောက်မမှီသတင်းမရနိုင်သည့်ဒေသများသို့ ပို့ ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အားနအဖ၏စကားအရမကြာခင်၎င်းတို့လွှတ်ပေးရတော့မည်ဖြစ်၏။ထိုသို့လွှတ်ပေးပြီးလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အားတနည်းနည်းဖြင့်သန်းရွှေဂိုဏ်းကလုပ်ကြံမည်ဖြစ်သည်။နိုင်ငံရေးအရနှင့်စိတ်ပိုင်းဆိုင်ရာအရ အကြိမ်ပေါင်းများစွာလုပ်ကြံပြီးဖြစ်သလို၂၀၁၀ရွေးကောက်ပွဲကာလဆိုသည့်အချိန်အထိဒေါ်အောင်ဆန်းစုကြည်ကို ရှင်သန်ခွင့်ပေးမည်မဟုတ်။

၂၀၁၀ရွေးကောက်ပွဲဆိုသည့်ပြည်သူလူထုအားထာဝရကျွန်ပြုရန်ရည်ရွယ်သည့်သန်းရွှေ၏သေနင်္ဂဗျူဟာမြောက်တိုက်ပွဲကြီးအတွက် အတိုက်အခံအင်အားစုများနှင့်ဒေါ်အောင်ဆန်းစုကြည်မဆိုထားနှင့်တပ်မတော်မှလုပ်ဖော်ကိုင်ဖက်တပ်မှူးကြီးများ၏ ဘ၀နှင့်အသက်ကို ပါ လုပ်ကြံ စတေးရန် သန်းရွှေ ဂိုဏ်းက၀န်လေးသည်မဟုတ်ကြောင်း နှစ်နှစ်ဆယ်အတွင်း ဖြုတ်ထုတ်ရှင်း ထောင်ချ လုပ်ရပ်များကအတိအလင်းသက်သေပြပြီးဖြစ်သည်။




နောက်ဆုံး အောင်ပွဲ

သန်းရွှေနှင့်သူ၏မကောင်းဆိုးဝါးဂိုဏ်းအားအပြီးသတ်မြန်မာ့မြေမှသဂြိင်္ုလ်ရန်စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရန်အတွက်၊ဒီမိုကရေစီအင်အားစုများ၊ပြည်သူလူထုနှင့်တပ်မတော်ကိုယ်တိုင်ပါဝင်ကာ
ဆန့် ကျင်ချေမှုန်းအောင်ပွဲခံမှသာလျှင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်ဟူသည့် ရောဂါ ဘယ ကပ်ဆိုးကြီးမှကျော်လွှားနိုင်မည်ဖြစ်သည်။တပ်မတော်ကိုပြုပြင်ရန်တပ်မတော်ဂုဏ်သိက္ခာရှိစေရန်တပ်မတော် သည် ပြည်သူလူထု အားကိုးထိုက်သော တပ်မတော်တစ်ရပ်ဖြစ်ရန် အတွက် တပ်မတော် တွင်း မှ ရွပ်ရွပ်ချွံချွံ ကိုယ်ကျိုးစွန့် ပြောင်းလဲရဲမှသာလျှင်ဖြစ်ပေတော့မည်။

ထိုကဲ့သို့တပ်မတော်မှပြည်သူလူထုဖက်ရပ်တည်သောဗိုလ်ချုပ်ကြီးများတပ်မှူးများမှစတင်၍စစ်ဆင်ရေးဆင်နွှဲလျှင် ပြည်သူလူထုနှင့်တကွအားလုံးသောတိုင်းရင်းသားအင်အားစုများဒေါ်အောင်ဆန်းစုကြည်နှင့်ကျောင်းသားခေါင်းဆောင်များအပါအ၀င် အတိုက်အခံအင်အားစုများကလည်း ထိုတော်လှန်သော မြန်မာ့တပ်မတော်နှင့်အတူ တသံထဲ တသွေးထဲ ၀ိုင်းဝန်းပါဝင် လက်တွဲမည်မှာမုချဖြစ်သည်။

မြို့ တော်လမ်းမများပေါ်တွင် ပြည်သူလူထု အင်အားစုကြီးအား ရင်ဘောင်တန်း လှံစွပ်ထိုးကာ ချေမှုန်းသတ်ဖြတ်သည်ထက် ၊ မြို့ အသီးသီးမှလမ်းမကြီးများတွင် တပ်မတော်သားများ သေနတ်လွယ်ကာ စစ်သီချင်းဆိုချီတက်ကြပြီးပြည်သူလူထုက ပန်းကုံးများ စွပ်ကာ ပြည်သူ့ တပ်မတော်သား အမေ့ သား ဆိုသည့် ၀မ်းသာ မျက်ဝန်း မျက်ရည်စွန်းပြီး ပွေ့ ဖက်ကြိုဆိုသည့် မြင်ကွင်းသည် တပ်မတော်သားတို့ ၏ နှလုံးစိတ်ဝမ်းအတွက် ပိုမို လိုလားအပ်သောအရာမဟုတ်ပါသလော။

ထို့ အပြင် မိမိတို့ပြည်သူလူထု သည် နိုင်ငံခြား တိုင်းပြည်များထွက်ကာ ကျွန်ခံရသည့်ဘ၀မှကင်းဝေးပြီး အေးချမ်းသာယာစွာ မိမိတို့ တိုင်းပြည်အား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်းထူထောင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအားဒီမိုကရေစီရှိရှိ ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြည်သူလိုလားသော ဖွဲ့ စည်းပုံအခြေခံဥပေဒဖြင့် ပြည်သူရွေးကောက်သော အစိုးရက တိုင်းပြည် ဖွံ့ဖြိုးအောင်မြင်သာယာရေးဦးဆောင်ကာ တပ်မတော် မှ စွမ်းစွမ်းတမံ တိုင်းပြည် ကာကွယ်ရေးလုပ်ငန်းများအားကျက်သရေရှိရှိ ဆောင်ရွက်ခွင့်အတွက် ကျနော်တို့တွင် အချိန်ရှိနေပါသေးသည်။

ထိုအချိန်အား အကျိုးရှိရှိ ညီညီညာညာ တက်ညီလက်ညီ အသုံးချကာ လှပသာယာသည့် အနာဂတ် မြန်မာနိုင်ငံတော်အတွက် သန်းရွှေဂိုဏ်းနှင့် စစ်အာဏာရှင်စနစ်အား ပြည်ဖုံးကားအပြီး ချကြပါစို့ လား။


အောင်ချမ်း




You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.