Friday, January 2, 2009

[ωДЯɱԼў ωƐԼϾσɱƐ Շσ ɳДў Լўɳɳ'ֆ βԼσɠ] 1 New Entry: Wishing you ALL .... Happy New Year 2009

Wishing you ALL .... Happy New Year 2009

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကူး အကြိုနေ့လေးပါ။ ၂၀၀၈ ခုနှစ် ကန့်လန့်ကာ ချလို့ ၂၀၀၉ ဆိုတဲ့ နှစ်သစ်ကို ဒီနေ့ သန်းခေါင်ကျော်ရင် ရောက်ပါတော့မယ်။ ဒီနေ့ည ၁၀၁ မှာ ၂၀၀၉ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ မီးရှူးမီးပန်း အလှပြသမှာဖြစ်ပါတယ်။ ကံကောင်းချင်တော့ မိုးတဖွဲဖွဲ ရွာနေတာ ၃ ရက်ဆက်ဆိုက် ရှိနေပါပြီ။ အပူချိန်က အခုဒီစာ ရေးနေချိန်မှာ ၁၄ ဒီဂရီ စင်တီဂရိတ်ရှိနေပါတယ်။ ညကျရင် ၁၁ ဒီဂရီအထိ ကျဆင်းမှာ ဖြစ်လို့ အအေးလုံတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခဲ့ကြဖို့ တီဗွီသတင်းတွေမှာ ကြေငြာနေတာ တွေ့မြင် ရပါတယ်။

ဘလော့ဂါမောင်နှမတွေ အားလုံးနဲ့ အတူ ဒီအောက်က ဗွီဒီယိုလေးထဲက Auld Lang Syne သီချင်းလေး အတူတူဆိုရင်း ၂၀၀၉ နှစ်သစ်ကို ကြိုဆိုလိုက်ကြရအောင်နော်။ အဲဒီ မူရင်း သီချင်းလေးဟာ ခရစ်နှစ် ၁၇၈၈ တုန်းက စကော့တလန်လူမျိုး Robert Burns က ရေးစပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ် စကားပြောတဲ့ နိုင်ငံတွေမှာ နှစ်သစ်ကူးည (ဒီနေ့ည) သန်းခေါင် ၁၂ နာရီ အချိန်မှာ သံပြိုင်သီဆိုရင်း နှစ်ကူးကို အားပါးတရ ကြိုဆိုတဲ့ အစဉ်အလာရှိပါတယ်။ တစ်ချို့ နိုင်ငံတွေနဲ့ ဒေသတွေမှာတော့ မိတ်ဆွေတွေ ခွဲခါကာနီး နှုတ်ဆက်သီချင်းအနေနဲ့ သီဆိုတတ်ကြပါသေးတယ်။

ဘလော့ဂါမောင်နှမတွေ အားလုံး ၂၀၀၉ နှစ်သစ်မှာ ကိုယ်စိတ်နှလုံး အေးချမ်းသာယာ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်...

(Ref: wiki)

You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 6 New Entries: ရင်ဝယ်မချိသော ဆုံးဖြတ်ချက်များစွာ

ရင်ဝယ်မချိသော ဆုံးဖြတ်ချက်များစွာ

ဆောင်းပါး ကြည်ဝေ ဧရာဝတီ | အလင်းရောင် ကောင်းစွာ မ၀င်သော အစိုးရ သံမဏိ စက်ရုံတခု၏ အလုပ်သမား လိုင်းမှ အခန်း ကျဉ်းလေး တခုထဲတွင် "အမေ ... နာတယ် နာတယ်" ဟု ညည်းညူရင်း ချွေးစေးများ ထွက်နေသော အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် သောက ဝေနေသည့် မိခင် ဖြစ်သူက ချွေးသုတ် ပေးကာ ယပ်တောင်ကိုသာ အတွင် ခပ်ပေးနေခဲ့သည်။

တဖြည်းဖြည်းနှင့် သမီးမျက်နှာမှာ သွေးဆုတ်စပြုလာပြီး အသံများ တိုးတိမ်သွားရာ အမေဖြစ်သူမှာ ထိတ်လန့် တုန်လှုပ်လာပြီး ဘေးပတ်ဝန်းကျင်က အခန်းများဆီသို့ အော်ဟစ်အကူအညီ တောင်းမိတော့သည်။

ဘေးပတ်ဝန်းကျင်က သိပြီဆိုသည်နှင့် ထိုအဖြစ်အပျက်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ဒေါ်အေး တယောက် မတွေးဆရဲတော့။ သမီးဖြစ်သူက ဗိုက်ထဲမှ ၃လအရွယ် သန္ဓေသားကို အရပ်လက်သည် အမျိုးသမီး၏ အကူအညီနှင့် မနေ့ကပင် ဖျက်ချ ခဲ့သည် မဟုတ်လား။ မြန်မာနိုင်ငံတွင် တရားမ၀င် ကလေးဖျက်ချခြင်းမှာ ရာဇ၀တ်မှုတခု ကျူးလွန်ခြင်းပင်။

ကိုယ်ဝန်သုံးလကို လက်သည်နှင့် ဖျက်ချမည်ဟု သမီးပြောတုန်းက သူမအနေနှင့် မတားမိခဲ့ပါဟု ဒေါ်အေးက ပြောဆိုသည်။

"သူ့မှာက ကလေးကလည်း ၂ ယောက်တောင်ရှိတယ်၊ ပြီးတော့ အကြွေးတွေလည်း ရှိသေးတယ် ဆိုတော့ ကျမလည်း မလုပ်ကောင်းဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မတတ်သာတဲ့အဆုံးမှာ ကျမလည်း .. မတားမိတော့ တာပါ" ဟု ပြောရင်း ငိုရှိုက်လေတော့သည်။

သူမ၏ သမီးမှာအဆိုပါ စက်ရုံမှ လစာနည်း ၀န်ထမ်းတဦးဖြစ်ပြီး ခင်ပွန်းသည်မှာလည်း သူမလိုပင် လစာနည်း အစိုးရ၀န်ထမ်းတဦး ဖြစ်သည့်အတွက် စားဝတ်နေရေးတွင် အခက် အခဲဖြစ်လျက်ရှိကြောင်း၊ ထိုကာလတွင် တတိယမြောက်ကိုယ်ဝန် ရလာသည့်အတွက် အရပ်ကြေးစား လက်သည်တဦးထံတွင် ကိုယ်ဝန်ဖျက်ချခဲ့ပြီး နှစ်ရက်မြောက်နေ့တွင် ဗဟိုအမျိုးသမီး ဆေးရုံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆေးရုံတွင် သွေးဆိပ်တက်နေသော ဝေဒနာနှင့် ဆေးဝါးကုသမှု ခံနေရသော အမျိုးသမီးမှာ စက်ရုံမှ အလုပ်ပြုတ်မည့်အပြင်၊ ကိုယ်ဝန်ဖျက်ချသည့်အတွက် ဥပဒေအရ တရားစွဲဆိုခြင်းခံရကာ ပြစ်ဒဏ် ၃ နှစ် ကျခံရမှာ ဖြစ်ကြောင်း သူက ပြောပြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးအများစုမှာ သားဆက်ခြားနည်း များနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးခြင်း၊ ငွေကြေး မပြည့်စုံခြင်းတို့ကြောင့် ကြိုတင် စီစဉ်ပြင်ဆင်ထားခြင်း မရှိသော ကိုယ်ဝန် ဆောင်ခြင်း၏ ဆိုးကျိုးကို ခံစားကြရသည်။

ဆေးရုံသို့ ကိုယ်ဝန်ဖျက်ချကာ ရောက်ရှိလာသော အမျိုးသမီးများ အများအပြား ရှိနေကြောင်း ရန်ကုန် အမျိုးသမီး ရောဂါ အထူးကု ဆရာဝန်ကြီးတဦးက ပြောသည်

"အခု ဆေးရုံရောက်လာတဲ့ မိန်းမတွေမှာ ၁၀ ယောက်ရှိရင် ၇ ယောက်က ကိုယ်ဝန် ဖျက်ချ လိုက်လို့ ရောက်လာတာပဲ။ တနှစ်ထက်တနှစ်တိုးလာတယ် အဲဒီ လူနာအမျိုးအစားက လွန်ခဲ့တဲ့ ၂၀၀၄ ကနဲ့ စာရင် ၃ ဆရှိတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် ၈ ဆ နီးပါး လောက် ရှိပါတယ်" ဟု သူက ဆိုသည်။

ဆက်လက်၍ သူက ကိုယ်ဝန်ဖျက်ချကျသော အမျိုးသမီးအများစုမှာ ဆင်းရဲနွမ်းပါးပြီး ကလေးအရေအတွက် များသူ အိမ်ထောင်သည် သားသည် အမေများ ဖြစ်ကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

၎င်းတို့အနေနှင့် ထုံးတမ်းစဉ်လာအရ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘာသာရေးအရ သူတပါး အသက်ကို သတ်ခြင်းဖြစ်ကြောင်း နားလည်ထားသည့်ပြင် ဥပဒေအရပါ ပြစ်ဒဏ်ခံရမည်ကို သိနေသော်လည်း နောက်ဆုံး ကြံရာမရသဖြင့် ဖျက်ချကြခြင်းဖြစ်သည်ဟု ဆရာဝန်ကြီးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးအများစုသည် အရပ်လက်သည် များနှင့် မိရိုးဖလာ ဆေးမြီးတိုများကို အသုံးချကြသည်။ အမျိုးသမီးတချို့မှာ ပြည်တွင်းဈေးကွက်တွင် ကိုယ်ဝန်ဖျက်ဆေးအဖြစ် နာမည်ကြီး လျက်ရှိသော ကေသီပန်၊ စိန်ကုလားသွေးဆေး၊ နှစ်ခွက်ဆေး စသည့် ပူစပ်သော သွေးဆေးပြင်းများကို အရက်နှင့်ရောသောက်ခြင်း၊ ချင်းနှင့် ထန်းလျက်ကို ရောကြိုသောက်ခြင်း၊ ငရုတ်ကောင်းနှင့်ရေနွေး ရောစပ်သောက်ခြင်း တို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။

အရပ်လက်သည်အများစုမှာ ဆီးခုံရိုး နေရာကို နှိပ်နင်းခြင်း၊ ထုရိုက်စေခြင်း၊ ၀မ်းဗိုက်ပြင် အရေပြားမှတဆင့် သားအိမ်ကို ပြင်းထန်စွာ နှိပ်ခြင်း စသည့်နည်းများ သုံးကာဖျက်ချပေးကြပြီး သားအိမ်ထဲသို့ ဖဲထီးရိုးများ၊ တုတ်တံများ၊ စက်ဘီးစပုတ်တံများ၊ သစ်ကိုင်းများထည့်ခြင်းဖြင့် သားအိမ်ထဲမှ သန္ဓေသားကို ထိခိုက် ပျက်စီးအောင် လုပ်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရကြောင်း ဆရာဝန်များ၏ ပြောပြချက်အရ သိရှိရသည်။

ထိုနည်းများကို အသုံးပြုသူများသည် သားအိမ်ပေါက်ခြင်း၊ သားအိမ်ထဲတွင် သေဆုံးပြီး သန္ဓေသား၏ အပိုင်းအစများ ကျန်ရစ်ခဲ့ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ သွေးလွန်ခြင်း၊ သွေးဆိပ်တက်ခြင်း စသည့် ရောဂါများဖြစ်ပွားကြပြီး အသက်သေဆုံး သည်အထိ ဖြစ်လာကြသည်ကို တွေ့မြင်ရကြောင်း သိရှိရသည်။

"အဓိကကတော့ ဆင်းရဲကြပ်တည်းကြတာနဲ့ ၀င်ငွေနည်းပါးကြတာကြောင့်ပဲ။ နောက်တချက် က သားဆက် ခြားနည်းဆိုင်ရာ ဗဟုသုတပိုင်းမှာ အားနည်းတာ၊ လွတ်လပ်ပွင့်လင်းမှု မရှိတာနဲ့ အလုပ်အကိုင်ရရှိမှု ခက်ခဲ တာတွေက အခုခေတ်ရဲ့ ကိုယ်ဝန်ဖျက်ချရခြင်း အကြောင်းရင်း တွေပဲ" ဟု သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီးတဦးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချကြသော အမျိုးသမီးများမှာ အသက် ၂၅ နှစ်မှ ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးများဖြစ်သည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

ခုတင်တလုံးပေါ်တွင် ကွေးအိပ်ရင်းနာကျင်မှု ဝေဒနာကို အံကြိတ်ခံစားနေသော မမာလာက "ကျမမှာ သားလေး ၁ ယောက်ရှိတယ်။ အခု ဒီဖျက်ချလိုက်တဲ့ ကိုယ်ဝန်က ဒုတိယမြောက်ပါ။ ဒီကလေးကို မွေးလိုက်ရင် ကျမ အလုပ်ပြုတ်မှာ သေချာတယ်။ အဲဒါကြောင့် မဖျက်ချင်ဘဲ ဖျက်ချလိုက်တာပါ" ဟု ပြောပြသည်။

သူအလုပ်လုပ်သော ရေသန့်စက်ရုံက အလုပ်စ၀င်စဉ်ကတည်းက အိမ်ထောင်ရှိသည်ဟု ဆိုသောကြောင့် မီးဖွားခွင့်မရှိ၊ ကိုယ်ဝန်ရှိလျှင် အလုပ်ထွက်ရမည်ဟု ကြိုတင်ပြောဆို ထားသောကြောင့် ယခုကဲ့သို့ ကိုယ်ဝန်ကို ဖျက်ချလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ထောင်ရှိသော အမျိုးသမီးများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့်ပြင် ယနေ့ခေတ် အလုပ်ရှင်များက အိမ်ထောင်သည် အမျိုးသမီးများအား အလုပ်ခန့်ရာတွင် ကိုယ်ဝန် ဆောင်ပါက မွေးဖွားခွင့် ၄၅ ရက်နှင့် ထို ၄၅ ရက်အတွက် လစာ အပြည့် ပေးရမည် စိုးသောကြောင့် ကိုယ်ဝန်ဆောင်လျှင် အလုပ်ထွက် ရမည်ဟု ကြိုတင် သတိပေးထားလေ့ ရှိသည်။

သားဆက်ခြားနည်း အမျိုးမျိုး ရှိသည့်အနက် ဈေးအသက်သာဆုံး သားဆက်ခြားနည်း ဖြစ်သည့် ဆေးပြား စားသုံးခြင်း ဆိုသည်ပင် တကတ်လျှင် လက်လီဈေးကွက်၌ အနည်းဆုံး ငွေကျပ် ၇၀၀ ဈေးပေါက်လျက် ရှိသောကြောင့် ၀င်ငွေနည်းပါးသူများမှာ ရေရှည်မသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်းဆေးကတ်မှာ အမျိုးသမီးတိုင်းနှင့် မတည့် သည့်အတွက် တချို့သာ သုံးစွဲနိုင်သည်။

တခြားသားဆက်ခြားနည်း တခုဖြစ်သော လစဉ် သားဆက်ခြားဆေး ထိုးမည် ဆိုပါကလည်း တလခံဆေး၊ နှစ်လခံဆေးနှင့် သုံးလခံဆေး ဟူ၍ရှိရာ ကုန်ကျစရိတ်အနေနှင့် ဆေးဖိုးနှင့်ထိုးခ အနည်းဆုံးကျပ် ၁၅၀၀ မှ ကျပ် ၃၀၀၀ ထိ ကုန်ကျသောကြောင့် ၀င်ငွေနည်း မိသားစုများမှ အမျိုးသမီးများ အသုံးပြုနိုင်မှု နည်းပါးသည်ကို တွေ့မြင်ရသည်။

ထို့ပြင် သားသမီးများသောကြောင့် သားကြောဖြတ်မည်ဆိုပါကလည်း အစိုးရက ကန့်သတ် ထားသော ဥပဒေများရှိသောနေရာ အသက် ၃၅ နှစ်အောက် အမျိုးသမီးများ သားကြော ဖြတ်ခွင့်မရဟု သိရသည်။

တခြားသားဆက်ခြားနည်းတခုဖြစ်သည့် ကွန်ဒုံးသုံးစွဲနည်းမှာလည်း ၀င်ငွေနည်း မိသားစုများ အတွက် အဆင်မပြေကြောင်း သိရှိရသည်။ ကွန်းဒုံးတခု၏ လက်ရှိပေါက်ဈေးမှာလည်း လက်လီ ဈေးကွက်တွင် ကျပ် ၂၀၀ နှင့်အထက် ရှိနေရာ တနေ့လုပ်အားခငွေ ကျပ် ၁၅၀၀ သာရသော အလုပ်သမားများအနေနှင့် ၀ယ်ယူ သုံးစွဲနိုင်သည့် အင်အားမရှိပေ။

ကိုယ်ဝန်ဖျက်ချပေးသည့် အရပ်လက်သည်များ၏ ဈေးနှုန်းမှာ ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ရှိသည်။ ကျန်းမာရေးမှူး သို့မဟုတ် သူနာပြုဆရာမ စသော ဆေးဝန်ထမ်း များထံတွင်ပြုလုပ်ပါက ပိုလုံခြုံမှုရှိပြီး ဈေးနှုန်းမှာလည်း အနည်းဆုံးကျပ် ၅ သောင်းမှ ၁ သိန်းထိ ပေးရသောကြောင့် ၀င်ငွေနည်းပါးသူများ မလုပ်နိုင်ကြောင်း သိရှိရသည်။

ကိုယ်ဝန်ဖျက်ချသူ အများစုမှာ ဈေးသက်သာသော အရပ်လက်သည်များထံတွင်သာ ဖျက်ချကြ သောကြောင့် ဆေးရုံရောက်ရခြင်း၊ အသက်သေဆုံးရခြင်းများ ရှိလာသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇ၀တ်မှု တခုအဖြစ် သတ်မှတ်ထားပြီး ကိုယ်ဝန် ဖျက်ချသူနှင့် ဖျက်ချပေးသူများကို ထောင် ဒဏ် ၃ နှစ်နှင့်အထက် သတ်မှတ်ကာ ထောင်ဒဏ် ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး အပြစ်ပေးလျက်ရှိကြောင်း သိရှိရသည်။

နွားခေတ်ကို ရောက်ရမည်သာ မလွဲပါ

ကာတွန်း ဟန်လေး ဧရာဝတီ |

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ကိုင်ဆောင် ဆန္ဒပြသော -ရင်ကိုဖွင့်၍ ရှင်သန်ပါ- ဆိုင်းဘုတ်ပါ စာသားများ။ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်ပေးရေး ဆန္ဒပြသူ အဖွဲ့ချုပ်ဝင် ၉ ဦးကို ပြည်သူ့ရင်ပြင်နှင့် လွှတ်တော် အဆောက်အဦရှေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန်

Campaign Call for Independence Day-2

PDF ဖိုင်ဖြင့် ဖတ်ရန် ကလစ်နှိပ်ပါ Campaign Call for Independence Day-2.pdf PDF * 16.0 KB

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချူပ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ကြေငြာချက်။

PDF ဖိုင်ဖြင့် ဖတ်ရန် ကလစ်နှိပ်ပါ Independence Day Statement by Free Burma Federation.pdf PDF * 64.0 KB

ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ

-ရင်အေး-

၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ(၄)ရက်နေ့တွင်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်၊ အမိမြန်မာပြည် တိုင်းတပါးကျွန်ဘဝမှလွတ်မြောက်ကာ၊ လွတ်လပ်၍ အချုပ်အချာအာဏာပိုင် နိုင်ငံတနိုင်ငံအဖြစ်၊ ဝင့်ကြွားစွာ ရပ်တည်နှိုင် ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည်သူတို့ အတူတကွ လက်တွဲကာ၊ တပ်မတော် ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြားသည့် အတိုင်း၊ အနီးကပ်ဆုံးရန်သူ ဖြစ်သည့် ဖက်စစ်တို့အား တွန်းလှန်ခဲ့ ပြီးသည့်နောက်၊ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး ကို ညီညွတ်စွာ ရယူနိုင်ခဲ့သည်။

လာမည့် ၂၀၀၉ ခု၊ ဇန္နဝါရီ(၄)ရက်ဆိုလျှင်၊ လွတ်လပ်ရေး ရရှိခဲ့သည်မှာ (၆၁)နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ (၆၁)နှစ်အတွင်း အမိမြန်မာပြည်မှာ ပြည်သူအများစုကြီး၊ ဗိုလ်ချုပ်တို့အရယူပေးခဲ့သည့် လွတ်လပ်ရေး ၏ အနှစ်သာရ ကို အမှန်တကယ် ရရှိခံစားခဲ့ ကြရပါရဲ့လား

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး၊ တပ်မတော်သည်၊ ဖက်ဆစ်အမွေဆိုးကိုအရယူခဲ့သည့် ခေါင်းဆောင်ဆိုး ၏ လက်အောက်သို့ ရောက်ရှိခဲ့ရပြီးနောက်၊ "ပြည်သူနှင့်အတူ တိုင်းတပါးကျွန်ဘဝမှ လွတ်လပ်ရေး အရယူပေး ခဲ့သည့် တပ်မတော်ဘဝ" မှ " ပြည်သူအချင်းချင်း ကျွန်ပြုသည့်၊ စစ်အာဏာရှင်စနစ်ဆိုး ၏ လက်ကိုင် တုတ် တပ်ဘဝ " သို့ ရောက်ခဲ့ရသည်ကို၊ အနှစ်(၆၀)သမိုင်းက အထင်အရှား သက်သေပြနေခဲ့ပြီ ဖြစ်ပါသည်။ မိမိတိုင်းရင်းသား၊ ညီအစ်ကိုခြင်းပြဿနာကို၊ လက်နက်အားကိုး အာဏာရှင်စနစ်ဆိုး၏ ဖြေရှင်းမှုမျိုးဖြင့် ဖြေရှင်းခဲ့ ကြသဖြင့်၊ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရပြီး၊ ၎င်းဒါဏ်ကို ပြည်သူတရပ်လုံး ခါးဆီး ခံခဲ့ရသည် မှာ ယနေ့ထိတိုင်ဖြစ်သည်။ တိုင်းပြည် မွဲပြာကျခဲ့ရပြီး၊ ကမ္ဘာ့အလည်မှာ အောက်တန်း နောက်တန်းကျခဲ့ရသည်။ အစဉ်အလာကြီးမားခဲ့သည့် တပ်မတော် သည်လည်း၊ တိုင်းရင်းသား၊ ပြည်သူကိုဖိနှိပ်သည့် လက်ကိုင်တုတ် ယန္တရားအဖြစ် ရောက်ခဲ့ရပြီး၊ လူထု၏ အော့နှလုံးနာမှုကိုခံခဲ့ရ၊ ခံနေရဆဲဖြစ်ခဲ့ရသည်။

ဖက်ဆစ်အမွေဆိုးကိုဆက်ခံခဲ့သည့်အာဏာရှင်၏၊ လက်ဝေခံစစ်အာဏာရူးတစု၏ နဖါးကြိုးထိုးထားခြင်း ခံနေရပြီး၊ တပ်မတော်တွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အဆင့်ဆင့်တိုင်းသည်၊ မိမိတို့၏ အရာရှိ ကိုသာမကတော့ပဲ၊ အရာရှိ၏ မိန်းမ၊ သားသမီး၊ ယောက္ခမ အဆုံး၊ ကြေး ကျွန်များသဖွယ် ဆက်ဆံခံရ၊ လုပ်ကျွေးပြုစုပေးနေကြရသည် ကို၊ တပ်မတော်သားတိုင်းသိလာကြပြီဖြစ်သည်။ မိမိပြည်သူခြင်း အိုးမဲသုတ် သတ်ဖြတ်ခိုင်းထားခြင်း၊ အနှစ်သာရမဲ့ စစ်ပွဲများ ဖန်တည်းပေးထားခြင်းဖြင့်၊ တပ်မတော်သား အားလုံးကို မအားရအောင်၊ မလိုအပ်ပဲအသက်စွန့်ခိုင်းထားခြင်းဖြင့် ၎င်းတို့၏အာဏာကို ကြီးထွား သထက် ကြီးထွားအောင် တည်ဆောက်ထားခဲ့သည်။ တိုင်းရင်းသား၊ညီအ ကိုများနေထိုင်ရာ နယ်စပ်ဒေသများတွင်လည်း၊ စစ်ပွဲ များကြားတွင် မတရားမှု ပေါင်းများစွာကို အစွမ်းကုန်ကျူး လွန်စေသောနည်းဖြင့် ရပ်တည်ခိုင်းခံထားရပြီး၊ ၎င်း၏ အကျိုးဆက်အဖြစ်၊ တပ်မတော်တခုလုံး၏ ဂုဏ်သိက္ခာမှာ၊ ကမ္ဘာ့ အလည်တွင် အဖတ် မဆည်နှိုင်အောင် ကျဆင်းစေခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဇန္နဝါရီ(၄)ရက်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ တပ်မတော်သည်၊ ပြည်သူတရပ်လုံးနှင့် လက်တွဲ၍၊ တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ၊ (၆၁)နှစ် တင်းတင်းပြည့်ပြီ ဖြစ်သည်။

ဒီကနေ့ အာဏာရှင်၏အစေအခိုင်းခံနေရသည့်တပ်မတော် ဘယ်လို ဆက်ရပ်တည်ကြမည်နည်း။

ပြည်သူလူထုတရပ်လုံးအနေနှင့်၊ အာဏာရှင်တစု၏ မတရားပြုကျင့် အုပ်စိုးထားမှုမှလွတ်မြောက်ဖို့ရာ၊ နည်းမျိုးစုံ ဖြင့် ကြိုးစားခဲ့ကြ၊ ကိုးစားနေဆဲပင်ဖြစ်သည်။ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲအတွက် ဒီကနေ့မျိုးဆက်တို့ ပေးဆပ်နေကြရသည်။ ဘုရားသားတော် သံဃာတော်များ လူမဆန်စွာ နှိပ်ကွပ် ခံနေကြရသည်။

အားလုံးမှာ လက်တဆုပ်စာ အာဏာရှင်တို့်၊ မတရားရယူထားသည့် အခွင့်အရေးများလက်မလွှတ်ရရေး တခုတည်း အတွက်သာ၊ စစ်တပ်တခုလုံးမှာအသုံးချခံ အကာအကွယ်ပေးထားခဲ့ရသည်။ အဖိနှိပ်ခံ ပြည်သူ တရပ်လုံးမှာ၊ စားရာမဲ့သောက် ရာမဲ့၊ အနာဂတ်မဲ့၊ နင်းပြား ဘဝများ ဖြစ်နေကြရသည်။

ထိုဘဝများစွာထဲတွင်၊ ဒီကနေ့ တပ်မတော်သားအများစု၏ မိဘများ၊ ဇနီးမယား၊ သားသမီးများလည်း အပါအဝင် ဖြစ်နေကြရသည်။ တပ်မတော်သားများ၏ မိဘ၊ ဇနီး၊ သားသမီးများသည်လည်း ပြည်သူထဲမှ ပြည်သူ များသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီး နှင့် ထပ်တူ ခံစားနေကြရသူများသာဖြစ်ကြသည်။ ပြည်သူလူထုကြီးနှင့် အတူ လွတ်လပ်ရေးကို လိုလားနေကြသူများဖြစ်ကြသည်။ လက်တဆုပ်စာ အာဏာရူး စစ်ခေါင်းဆောင် တစု၏ . . မိမိတို့နှင့် မိမိတို့ကိုသစ္စာခံသူ က္မျန်တစုသာကောင်းစားရေး အတွက်၊ အများစုကို စစ်ကျွန်ပြု ထားသည့် စနစ်ဆိုးကြီးမှ ရုန်းထွက်သည့် "ဒုတိယမြောက် လွတ်လပ်ရေး တိုက်ပွဲ" တွင်၊ ပြည်သူလူထုကြီးနှင့်အတူ ပူပေါင်း ပါဝင်ကြခြင်းဖြင့်၊ တပ်မတော်၏ ဂုဏ်သိက္ခာ ကို အချိန်မှီ ကယ်တင် ကြရမည့် အချိန်ပင် ဖြစ်သည်။

ဒါကြောင့် " မျိုးချစ်တပ်မတော်သားအပေါင်းတို့အနေနှင့် လာမည့် ဇန္နဝါရီ (၄) ရက် နေ့ကစလို့ သင်တို့နှင့် အနီးကပ်ဆုံးရန်သူကို စတင်ရှာဖွေ တော်လှန်ကြခြင်းဖြင့်၊ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲကြီး မှာ၊ ပြည်သူလူထုကြီး နဲ့အတူပူးပေါင်းကာ၊ အာဏာရှင် စနစ်ဆိုးကြီးကို၊ အမိမြေမှ အပြီးတိုင် ဖယ်ရှားကြပါစို့ ဟု (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယမှာ လေးနက်စွာ တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်။

ကိုရင်အေး ( မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် )

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[:: My Little World ::] 3 New Entries: Happy New Year 2009

Happy New Year 2009

ပီနန်သို့ တစ်ခေါက်

Nasi Briyan - Golden Nur at Golden Shoe

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 6 New Entries:

http://www.dawnmanhon.co.cc/feeds/856651006326109733/comments/default

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်လူငယ်များမှ ချီတက်ဆန္ဒပြစဉ် ဖြန့် ဝေခဲ့သော လက်ကမ်းစာစောင်။

(နာဂိုယာ-ဂျပန်)မှ ဘာသာပေါင်းစုံဆုတောင်းပွဲ

၆၁ နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် မတရားအကျဉ်းကျခံနေရသောနိုင်ငံရေးအကျဉ်းသားတို့၏မိသားစုများအတွက် အလှုငွေပေးအပ်လှုဒါန်းပွဲကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ-ဂျပန်)မှ အောက်ပါအစီအစဉ်အတိုင်းကျင်းပပါမည်။

နာဂိုယာရှိ မြန်မာနိုင်ငံသားတိုင်း မည်သူမဆို မလွတ်လပ်သေးသောမြန်မာနိုင်ငံအတွက်၊ ယုံကြည်ချက်ကြောင့်မတရားအကျဉ်းချခံနေရသော ကျွန်ုပ်တို့၏ပြည်တွင်းရှိခေါင်းဆောင်များ၊ရဲဘော်များအတွက် မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၄.၁.၂၀၀၉ (လွတ်လပ်ရေးနေ့-တနင်္ဂနွေ)
နေရာ - မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ) ရုံးခန်းအောက်ထပ်ရှိခန်းမ
အချိန် - ဂျပန်စံတော်ချိန် ညနေ ၄ နာရီမှ ၆ နာရီအထိ
ဆက်သွယ်ရန် - ရဲတင် +၈၁ ၈၀၃၆၂၈၉၉၇၉

မြန်မာ ဘလော့ဂါဖိနှိပ်ခံရပုံ RSF အစီရင်ခံစာဖော်ပြ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်အခြေစိုက် RSFခေါ် နယ်စည်းမခြားသတင်းထောက်များအသင်းက (၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာ့အနှံ့ရှိ သတင်းထောင်တွေအပေါ် သက်ဆိုင်ရာအစိုးရတွေဘက်က ဖမ်းဆီးထောင်ချမှု သတင်းထောက်တွေအပေါ် သက်ဆိုင်ရာအစိုးရတွေဘက်က ဖမ်းဆီးထောင်ချမှု သတင်းထောက်တွေသေဆုံးမှု အစရှိတဲ့ဖြစ်ရပ်တွေကို စာရင်းဇယားနဲ့တကွ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။

အီရတ်နိုင်ငံမှာ လုံခြုံရေးအခြေအနေတိုးတက်လာလို့ သတင်းထောက်တွေ သေဆုံးမှုလျော့နည်းလာပေမယ့် အင်တာနက်မှတဆင့် သတင်းပေးပို့ဖလှယ်ကြတဲ့ ဘလော့ဂါတွေအပေါ် ဖိနှိပ်မှုပိုများလာတဲ့အကြောင်း အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ ထောင်ဒဏ်နှစ်ရှည်ချပြီး အရေးယူတဲ့အထိ ဖိနှိပ်မှုတွေရှိနေလို့ သတင်းလွတ်လပ်ခွင့်တိုးတက်ကောင်းမွန်ခြင်း မတွေ့ရသေးဘူးလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မြန်မာအစိုးရဘက်ကလည်း ကိုနေဘုန်းလတ်တို့လို ဘလော့ဂါတွေကို ထောင်ဒဏ် နှစ်နှစ်ဆယ်ချမှတ်ပြီး အရေးယူမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အပြင် ပြည်ပနှင့် သတင်းဆက်သွယ်မှု၊ သတင်းဖလှယ်မှုစတာတွေကို ပိတ်ပင်တားဆီးကြောင်း ပေါ်လွင်နေတယ်လို့RSFမှပြောပါတယ်။

(bbc)

ဆန္ဒပြလူငယ်များကို ရိုက်နှက်ဖမ်းဆီး

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

"ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ" ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။
http://www.khitpyaing.org/news/December_08/30-12-08c.php

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏။] 2 New Entries: မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…

မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…

မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။

မိဘတို့၌ ဆပ်လို့မကုန်နိုင်သော ဂုဏ်တော်များ ရှိသောကြောင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ် အမြဲဂါရ၀ ရိုသေကြရမည်ဖြစ်သည်။ မိဘမေတ္တာ သီတာရေစင်ပမာ အေးမြသည်သာ ဖြစ်သောကြောင့် သားသမီးတို့အတွက်ဆိုလျှင် အဆန်မရှိ အစုန်သာလျှင်ရှိသော မေတ္တာရှင် များဖြစ်ကြသည်။ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ အစပြု၍ လူဖြစ်အောင် ကျွေးမွေးခဲ့ ကြပြီးလျှင် ငါးအင်သောဝတ္တရား မပျက်ပြားရအောင်လည်း ဆောင်ရွက်ပေးခဲ့ကြသည်။ လူဘုံ အလယ် ဂုဏ်အငယ်ဘို့ ပညာရည်နို့ သောက်စို့နိုင်ရန်လည်း မိဘတို့ကပဲ ဆောင်ရွက်ပေး ခဲ့ကြသည်။ "တောင်းဆိုးပလုန်းဆိုးသာ ပစ်ရိုးထုံးစံရှိသည်၊ သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ"သည့်မိဘများပင် မဟုတ်ပါလော။

အနန္တကျေးဇူးရှင် ထိုမိခင်ဖခင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့အပ်။ အခွင့်သင့် တိုင်း မိမိတတ်နိုင်သမျှ မှန်စွာကျေးဇူးဆပ်ရပါမည်။ မဆပ်နိုင်ဘူး ထားလိုက်ဦး၊ ကျေးဇူး မကန်းမိဘို့ အရေးကြီးသည်။ ကျေးဇူးကန်းမိလျှင် ယခုဘ၀မှာတင် ဒုက္ခပင်လယ်ဝေကြရမည့် အပြင် မဂ်ဖိုလ်မှလည်း ဖီလာဖြစ်သွားနိုင်ပေသည်။ မိဘနှစ်ပါးက သားသမီးဆယ်ကိုးယောက် ကို ကျွေးမွေးထားနိုင်သော်လည်း သားသမီးဆယ်ကိုးယောက်က မိဘနှစ်ပါးကို မကျွေးမွေးနိုင် သည်မှာ အဘယ့်ကြောင့်နည်း။ ကျေးဇူးတရားကို မသိမှုနှင့်သတိတရား မေ့လျော့နေမှုကြောင့် ပင်ဖြစ်သည်။ လောက၌ ရခဲလှသော သူနှစ်ဦးသည်ရှိ၏။ ထိုသူတို့မှာ-
(၁) ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူနှင့်
(၂) သူ့ကျေးဇူးကိုသိပြီး ပြန်လည်ကျေအောင်ဆပ်နိုင်သောသူတို့ဖြစ်ကြသည်။
ရခဲပြီးမွန်မြတ်သည့်သူဖြစ်အောင် မိဘကျေးဇူးကိုသိပြီး ကျေပြွန်အောင်ဆပ်နိုင်ဘို့် သတိတရား မမေ့လျော့ဘဲ ရိုသေလေးမြတ်စွာ ပေးဆပ်ကြရပါမည်။

ထိုသို့မဟုတ်ဘဲ သားသမီးယုတ်တို့မှာကား မိဘဆီမှ အမွေရလမ်းမမြင်လျှင် ထံပါးနီးရပ် မကပ်ကြဘဲ ရှောင်တတ်ကြ၏။ ထို့ကြောင့် "မိဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင်မြတ်လေး၊ သားတို့ ကျွေး၏၊ သမီးတို့မွေး၏၊ ပဲရွေးမရှိ၊ မိဘတို့အား၊ သမီးသားသည်၊ ထံပါးနီးရပ်၊ မကပ်တုန်လျင်း၊ ရှောင်ကြခွင်း၏။"ဟူ၍ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ရေးစပ်တော်မူ ခဲ့ခြင်းဖြစ်ပေသည်။်။ မိဘတို့၌ ဥစ္စာရှိလျှင် မသေခင်ကပင် အမွေခွဲချင်ကြသည့် သားသမီးများ လည်း ရှိကြပေသည်။ မိဘတို့ သေသွားလို့ အမွေမညီကြလျှင် ညီအစ်ကို မောင်နှမချင်း ရုံးတက်ကာ သူ့ထက်ငါအပြိုင်ပြု အမွေလုကြသည်လည်းရှိသည်။ မည်မျှသံဝေဂရစရာ ကောင်းလိုက်သနည်း။ အမွေယူ မှားနေကြသည်။ သားသမီးတို့မည်သည် မိဘတို့၏ ကောင်းမှု အမွေများကို ဆက်လက်ခံယူကျင့်သုံးရမည်သာဖြစ်၏။ ဤမျှတင်မဟုတ်သေး၊ မိဘတို့ဂုဏ် တိုးပွားရေးကို အလေးထားကာ ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။ သားသမီးအမျိုး အစား(၃)မျိုးရှိ၏။ ၎င်းတို့မှာ-
(၁) အတိဇာတ- မိဘထက်သီလ၊ သမာ၊ ပညာစသော ဂုဏ်ကျေးဇူး လွန်မြတ်သောသူ။
(၂) အနုဇာတ- မိဘနှင့် ဂုဏ်ကျေးဇူး တူမျှသောသူ။
(၃) အ၀ဇာတ- မိဘအောက် ဂုဏ်ကျေးဇူး နိမ့်ညံ့သောသူတို့ ဖြစ်ကြပေသည်။

မိဘတို့၏ မွေးကျွေးဟောင်းကို ပြန်လည်ကျေးဇူးဆပ်သည့်လမ်းစဉ်မှာ ဘုရားရှင်ကိုယ်တော် တိုင် ဖြည့်ကျင့်တော်မူခဲ့သော အလွန်ထူးမွန်မြတ်သည့် ပါရမီကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ဘုရားအလောင်းတော်များသည် ယင်းကုသိုလ်တော်မြတ်ကို သတိဉာဏ်ကပ်၍ ဘ၀ အသင်္ချေအနန္တ ဖြည့်ကျင့်တော်မူခဲ့ကြခြင်းဖြစ်သည်။ မဟာနန္ဒိယမျောက်မင်းဘ၀ ဖြစ်စဉ် အခါက ဖခင်မျောက်မင်း မရှိသည့်နောက် စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သည်။ မင်းဖြစ်သည့် အလျောက် စားသောက်ဖွယ်ရာ အဖြာဖြာနှင့် ချောသက်လျာမိဖုရားများ ရှိပင်ငြားသော်လည်း မိခင်အို မျက်မမြင်ကိုသာ ပြုစုလုပ်ကျွေးရန် စည်းစိမ်အများ စွန့်ထားခဲ့၏။ တစ်နေ့တွင် မုဆိုး တစ်ယောက် တောလည်ရောက်လာပြီး မိခင်အိုကြီးကို ပစ်မည်လုပ်တော့ "မိခင်အိုကြီးအား ချမ်းသာထား၍ ကျွန်ုပ်အားသာ သတ်ယူပါ"ဟု အသေခံကာ ကျေးဇူးဆပ်ခဲ့လေသည်။ သုဝဏ္ဏ သာမ လုလင်ဘ၀မှာလည်း မျက်မမြင်မိဘများကို လုပ်ကျွေး၍အသက်မွေးနေစဉ် ဘုရင်မင်း တရား တောလည်သွားရာ သုသဏ္ဏသာမအား သမင်ထင်ကာ အမြင်မှား၍ လေးနှင့်ပစ်ခွင်း လိုက်သည်တွင် မိဘလုပ်ကျွေးသည့်သားမြတ်ဖြစ်သောကြောင့် သိကြားမင်းမနေသာတော့ဘဲ လူ့ပြည်ဆင်းကာ ဆေးကုသပေးရန် မိဘများလိုရာဆု မေးသည့်အခါ "သားရွှေအိုး ထမ်းလာတာကို မြင်လိုပါကြောင်း" ဆုတောင်းလိုက်သဖြင့် မျက်မမြင်မိဘများ စက္ခုနှစ်ကွင်း အလင်းရစေခဲ့သည်မှာလည်း မိဘကိုလုပ်ကျွေးသော အလောင်းတော်၏ ဂုဏ်ကျေးဇူးကြောင့် ပင် ဖြစ်ပေသည်။

"မြတ်စွာဘုရား ဘုန်းကံကြီးမားပေစွတကား"ဟူ၍ အပေါ်ယံသာ ကြည်ညိုကာမနေနှင့်။ ကြီးမားစေသော အကြောင်းတရားများကလည်း ထိုကဲ့သို့ မိဘကျေးဇူးကိုသိပြီး လုပ်ကျွေးခဲ့ သော ဘ၀များမှာ အသင်္ချေအနန္တပင် မဟုတ်ပါလော။ ယခုခေတ်၌ ဘုန်းကံကြီးမားသူ နည်းပါး သည်မှာ မိဘကျေးဇူးတရားကိုမေ့ပြီး ပျော်တပြုံးပြုံး မော်မဆုံးနိုင်ဘဲ ငါးအာရုံအင်အစု ခင်မှုနှင့် နေ့ကုန်နေကြလို့သာဖြစ်သည်။ ခေတ်ပညာတတ်ကျွမ်းလာတော့ အိုကြီးချက်မ ဘာမျှမသိလှ သည့် မိဘတွေပါလားဟူ၍လည်း ကဲ့ရဲ့ကာအပြစ်ဆို အညစ်ပိုတတ်ကြသည့် သားသမီးများ လည်းရှိကြသည်။ အမည်နောက်မှာ ဆယ်ဘွဲ့ချိတ်ထားသော်လည်း မိဘကို စော်ကားသော သားသမီးများမှာ အဟိတ်တိရိစ္ဆာန်လိုသာဖြစ်ပေသည်။ ကျောင်းကသင်ပေးထားသော အတတ်ကား သညာသိ၊ နှလုံးသားမှလာသော အသိကား ပညာသိ ဖြစ်လေသောကြောင့် ပါရမီထိုက်သည့် ကုသိုလ်များမှာ ပညာသိဖြင့်လုပ်မှရ၏။

ထိုသို့အသိ ပညာရှိကား မိဘကျေးဇူး မဆိုထားနှင့်၊ "တစ်လုတ်စားဘူး သူ့ကျေးဇူး"ပင် မြဲစွာသတိကပ် ပေးဆပ်တတ်ကြသည်။ လူလားမြောက်အောင် အသက်နှင့်ရင်း မွေးပေးခဲ့ပြီး အလုတပေါင်းများစွာ ကျွေးဘူးထားသော မိဘကျေးဇူးမှာကား ဆိုဖွယ်ရာမရှိတော့ပြီ။ ထို့ ကြောင့် ဘုရားရှင်ထုံး နှလုံးမူပြီး လမ်းညွှန်ပေးထားသည့်အတိုင်း လောကီလောကုတ္တရာ နည်းရှစ်ဖြာဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးကို အခါအခွင့် မလင့်စေဘဲ အမြန်မှန်စွာ ပေးဆပ်ပါလေ။
လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) စားရေးအတွက် ထောက်ပံ့ခြင်း။
(၂) ၀တ်ရေးအတွက် ထောက်ပံ့ခြင်း။
(၃) နေရေးအတွက် ထောက်ပံ့ခြင်း။
(၄) ကျန်းမာရေးအတွက် ထောက်ပံ့ခြင်း။
လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါတရားမရှိသည့် မိဘတို့ကို သဒ္ဓါတရားရှိအောင် တရားဟောပေးခြင်း။
(၂) ကိုယ်ကျင့်သီလကောင်း မရှိသောမိဘများအား သီလရှိအောင် တရားဟောပေးခြင်း။
(၃) စွန့်လွှတ်ပေးကမ်း မလှူဒါန်းကြသော မိဘများကို စွန့်လွှတ်စာဂ အာစာရနှင့် ပြည့်စုံအောင် တရားဟောပေးခြင်း။
(၄) အမှန်အမှား မပိုင်းခြားတတ်ဘဲ ပညာဉာဏ် နည်းပါးသောမိဘများအား ပညာရှိ အောင် တရားဟောပေးခြင်း။
(တရားဓမ္မ မဟောတတ်ကလည်း တခြားနည်းများဖြင့် ဆောင်ရွက်ပေးကြရပါမည်။)

မိဘကျေးဇူး လွန်စွာကြီးလှသောကြောင့် လောကီနည်း တစ်နည်းတည်းဖြင့်တော့ အသက်ရာ တိုင် ပေးဆပ်နိုင်သော်လည်း မိဘကျေးဇူး မကျေနိုင်ပေ။ ၎င်းကို ကိုးခန်းပျို့လင်္ကာမှာ "မိကို လက်ယာ၊ ဖကိုလက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ သုံးတိုင်ဝတ်တွား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားသိုက်ကျူး၊ ရှိတင်ဘူးသည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့။" ဟူ၍ ရေးဆပ်ထားပေသည်။ ထို့ကြောင့် မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေ အောင် ဆပ်ကြရန်မှာ လောကီနည်း တစ်ခုတည်းဖြင့် မလုံလောက်၊ လောကုတ်နည်းဖြင့်ပါ ပြီးမြောက်အောင် ဆောင်ရွက်ပေးကြရပါမည်။ ဤနည်းဖြင့် ဆပ်လျှင်ကား ကျေးဇူးကျေသည့် လမ်းစဉ်ဖြစ်ကြောင်း "မိဘကျေးဇူး၊ ကြွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဖကို၊ ဖြောင့်ဖြချိုသာ၊ စေတနာဖြင့်၊ သဒ္ဓါစာသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကျိုးအားဆောင်ကာ၊ များမြောင်ထေထေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတို့၊ လမ်းစဉ်တည်း။"ဟူ၍ ရှေးပညာရှိတို့က ဗုဒ္ဓမြတ်ဘုရား မြွက်ကြားခဲ့သည့် အတိုင်း ကိုးကားကာ ရေးသားတော်မူခဲ့ကြပေသည်။

ထို့ကြောင့်နောက်ဆုံး နိဂုံးချုပ်ရပါလျှင် "မိဘနှစ်ဖြာ၊ ရှိနေပါလည်း၊ ကျေးဇူးမသိ၊ မဆပ်ဘိက၊ တစ်သက်လုံးလုံး၊ လူဖြစ်ရှုံး၏။"ဆိုသည့် ပညာရှိတို့ သတိပေးထားရာအတိုင်း မိမိကိုယ်ကို သတိဖြစ်စေခြင်းငှာလည်းကောင်း၊ စာရှုသူ ဓမ္မချစ်ခင် သူတော်စင်တို့အားလည်း သတိတရား ပွားများစေခြင်းငှာလည်းကောင်း ဤဓမ္မဆောင်းပါးဖြင့် ပါရမီဒါန ပြုလိုက်ရပါသည်။ စာရှုသူ ပရိတ်သတ်အားလုံး အပူခပ်သိမ်း ဒုက္ခငြိမ်း၍ သန္တိဓါတ်မြတ် ကိန်းနိုင်ကြပါစေသတည်း။

အာရုံအလိုက်များလေ မိုက်အားကောင်းလေဖြစ်မည်…

"ကုသိုလ်ဖြစ်ရုံလောက်နှင့် မကျေနပ်နှင့်၊ ကိလေသာရန်သူတွေကို ပျောက်အောင်ကြိုးစား ကြ။" ဟူ၍ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်မှာတော်မူခဲ့ပါသည်။ ဘုရားအလိုကျ မိန့်မှာ တော်မူခြင်းဖြစ်သည်။ သူမြတ်ပညာရှိစကား နက်ရှိုင်းပါဘိ၏။ ကုသိုလ်ဖြစ်အောင်ပင် မနည်း ကြိုးစားနေတာတောင် အကုသိုလ်က အသာလေးဖြင့် လွယ်လင့်တကူ ၀င်ရောက်လာတတ် သည်။ ဒိဋ္ဌိ၊ တဏှာ၊ မာနတရား(၃)ပါးတို့ကား တစ်လှည့်စီတစ်မျိုး၊ တစ်ပြိုင်နက်တစ်ဖုံ၊ အတွဲလိုက် တစ်သွယ်ဖြင့် ဒလစပ် မနားတမ်းဝင်ရောက်ကာနေတတ်သည်။ အ၀ိဇ္ဇာ၊ တဏှာ တရားများကား မူလနှစ်ဖြာအရင်းခံအဖြစ် သားသမီး အကုသိုလ်တရားတို့ခြွေရံကာ မီးတောက် သဖွယ် မနားတမ်းလောင်ကျွမ်းနေခြင်းကို ဘုရားမပွင့်လျှင် အဘယ်သို့မျှ မသိမမြင် မျက်မမြင် လမ်းလျှောက်နေသကဲ့သို့သာ ဖြစ်နေတော့သည်။

တဏှာ၏သဘော ဆန်းကြယ်လိုက်ပုံကား သတ္တ၀ါအများတို့ကို ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်အောင် သူကပဲဖန်ဆင်းထားခြင်းဖြစ်သည်။ လှလှလေးဖြစ်ချင်ခဲ့လို့ လှနေရသည်။ သွယ်သွယ်လေး ဖြစ်ချင်ခဲ့လို့ သွယ်နေရသည်။ ချမ်းချမ်းသာသာဖြစ်ချင်ခဲ့လို့ ချမ်းသာနေရသည်။ ပေးတော့ ပေးပါသည်။ သူက အကောင်းတော့ ပေးနေသည်မဟုတ်။ အလိမ်အကောက်ချမ်းသာ၊ အတု ချမ်းသာ၊ အနှစ်သာရမရှိသောချမ်းသာတို့ကိုသာပေးပြီး ကျေးဇူးရှင်ကြီး အမည်ခံသည်။ တစ်သံသရာလုံး သူကပဲလုပ်ကျွေးနေခဲ့ရသည့်ပမာ လှည့်ဖြားကာနေသည်။ ထိုသို့သော အတု အယောင် ချမ်းသာတို့ကိုသာ ပေးနေသေးသည်မဟုတ်။ အို၊ နာ၊ သေဒုက္ခမွဲကြီးကိုလည်း မရပ်မနားအောင် ၀ဲရဟတ်လို အလည်ခိုင်းနေပြန်သေးသည်ဖြစ်၏။

အမှီတရားများဖြစ်သည့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော အတွင်းအာယတနတရား (၆)ပါးတို့နှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဓမ္မာရုံဟူသော အပြင်အာယတန တရား(၆)ပါးတို့ ပေါင်းဆုံခြင်းဖြစ်သည့်အခါတိုင်း တဏှာဟူသည့်တရားက "ကောင်းတယ်ကွ၊ နှစ်သက်စရာလေးကွ၊ ရအောင်ယူဟေ့"ဟူ၍ အားပေးအားမြှောက်ပြီး ကောင်းချီးပေးနေ သယောင်နှင့် ဆင်းရဲတွင်းသို့ တွန်းချနေတော့သည်။ အ၀ိဇ္ဇာကလည်း ပိတ်ဖုံးထားတော့ တဏှာလုပ်နေသည့် လုပ်ရပ်အမှန်ကို မတွေ့မမြင်နိုင်ဘဲ သူရှိလို့မှ တော်ကာကျတော့တယ်ဟု ပင် ကျေးဇူးအထူးတင်နေတတ်သည့် ပုထုဇဉ် အန္ဓပုဂ္ဂိုလ်မှာ တောကြီးမျက်မည်းမှာ စမ်းတ၀ါး ၀ါး လမ်းလျှောက်နေသည့် လမ်းပျောက်လို အားငယ်နေသူပမာ သနားစရာကောင်းလှသော ကြောင့် သားရဲတိရစ္ဆာန်တို့ပေါသည့် တောအုပ်ကြီးထဲမှထွက်နိုင်အောင် ထွက်မြောက်ရာ လမ်းမှန်ကို သဗ္ဗညုသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ညွှန်ပြပေးခဲ့သော်လည်း လွတ် မြောက်ရာလမ်းဟူ၍မမြင်၊ တဏှာမြှူဆွယ်ရာသို့သာ ကောက်ကောက်ပါအောင် လိုက်နေလေ တော့သည်။

မျက်စိက မြွေနှင့်တူသည်။ မြွေက ရှုပ်ရှုပ်ယှက်ယှက် ချုံပုတ်ကိုမှ အောင်းနေရန်နှစ်သက် သည်။ ခွေနေဘို့ သူကပျော်သည်။ ထိုသို့ပင် မျက်စိကလည်း ရှုပ်ရှုပ်ယှက်ယှက် အဆင်းရုပ်ကို မှ သူကသဘောကျသည်။ ပန်းချီကားနှစ်ချပ်ကို ထောင်ပြတော့ တစ်ချပ်က စိမ်းစိမ်းစိုစို၊ သာယာသောရှုခင်း ပန်းမျိုးစုံပွင့်နေဟန်၊ တစ်ပုံက ဗလာထင်းထင်း ဘာမှမပါသည့် အဖြူထည် သက်သက်၊ ထိုနှစ်ပုံတွင် အဘယ်ပုံကို သဘောကျတုန်းဆိုတော့ ရှုခင်းပုံ ရှုပ်တုတ်တုတ်ကို မျက်စိက သဘောကျသည်။ အ၀တ်အထည်ဆိုပြန်လည်း ဗလာထင်းထင်း ပိတ်စကိုတော့ သူက ကြိုက်မည်မဟုတ်၊ အပွင့်အခက်အရွက်တို့ဖြင့် ဝေေ၀ဆာဆာပါသည့် စတိုင်နှင့် ဆန်း နေသည့်ဟန်ကိုသာ ရွေးချယ်မှာဖြစ်သည်။ သူ့ကပင် အလှမြင်တတ်လို့ အလှဆင်ရတော့ သည်ဟု ထင်မှတ်၍လည်း ဘ၀င်မြင့်တတ်စေပြန်သည်။ "လှတာမက်တော့ ညစာခက်" ဆိုသည့်စကားပုံလို အလှအပတွေကို နှစ်သက်မက်မောတော့ မခွဲနိုင်မခွါရက်ဖြစ်ကာ သေခါနီးတွင် အခက်ဝင်တော့သည်။ စွဲလန်းမှုနှင့်သေတော့ ပြိတ္တာဘ၀တွင် ဇာတိထင်ပြန် သည်။ ဇာတိထင်တာက ဗျာဓိ၊ မရဏရှိသေးသည့် ဆင်းရဲခြင်း၏ အစပင် မဟုတ်ပါလော။

နားက မိကျောင်းနှင့်တူသည်။ မိကျောင်းက နားအေးပါးအေး၊ သာသာယာယာလေး နေရတာ ကို နှစ်သက်သည်။ ထို့သို့ပင် နားကလည်း သာသာယာယာ၊ အေးအေးဆေးဆေး၊ ငြိမ့်ငြိမ့် ငြောင်းငြောင်းအသံလေးတွေကို သဘောကျသည်။ စည်းဝါးမညီ၊ ကာရံမကိုက်၊ ဒေါင်ဒေါင်ဒင် ဒင်အသံဖြင့် အနီးတွင်အော်ဟစ် ဆူညံနေလျှင်တော့ ကြိုက်မည်မဟုတ်၊ သံစဉ်ချိုတေး အိုအို အေးဆိုသည့် ဂီတသံမျိုးကိုတော့ မွေးစကပင် နှစ်သက်စရာရယ်လို့ မည်သူမျှ မသင်သော် လည်း ချစ်ခင်နှစ်သက် တပ်မက်သည်သာဖြစ်ခဲ့သည်။ တစ်သံသရာလုံး တဏှာက သင်ပေး ထားလို့ နှစ်သက်စရာဟူ၍ မည်သူမျှမသင် အလိုလိုပင် တတ်မြောက်နေပေသည်။ သာယာ ငြိမ့်ငြောင်းတယ်၊ ကောင်းတယ်ကောင်းတယ်နှင့် သေမင်းဆီသို့ တဏှာက မောင်းနှင်နေတော့ သည်။

နှာခေါင်းက ငှက်နှင့်တူသည်။ ငှက်က အပေါ်သို့ပျံဝဲ၍ လေထဲမှာ စီးနေရတာကို နှစ်သက် သည်။ နှာခေါင်းကလည်း ပုတ်အက်အက်အနံ့ကိုတွေ့လျှင်တော့ နှာခေါင်းရှုံ့ကာ ငုံ့၍သွားပေ မည်။ မွှေးကြိုင်သင်းပျံ့ သင်းရနံ့များရလျှင်တော့ ခေါင်းကိုအမော့ခိုင်းပြီး လိုက်၍ သူက ရှူတော့သည်။ ပန်းရနံ့သင်းပျံ့နေသည့် ဥယျာဉ်မျိုးဆိုလျှင်တော့ ဇိမ်ခံ၍ တ၀ကြီးလေညှင်းခံ ချင်သည်။ ဘယ်လောက်များဆိုးတုန်းဆိုတော့ ငါသေလျှင် ပန်းမျိုးစုံဖြင့် အလှဆင်ပေးပါဟုပင် မှာခိုင်းပြန်သေးသည်။ သေတာတောင် ပန်းရနံ့တွေ သင်းလှိုင်နေချင်သည်။ လောဘ လောဘ အကောင်းကိုမှ သူကကြိုက်သည်။ ရုပ်သက်သက် အနံ့ကို တဏှာက လိုချင်သည်၊ ဥပါဒါန်က စွဲမက်သည်၊ မရရအောင်ပြုတော့ လောဘနဲ့ယှဉ်သည့်ကံတွေ လုပ်မိပြီး ဇာတိဆိုတဲ့ မွေဖွား ခြင်းက ပြန်လာဦးမည်။ မရဏဆိုတဲ့ သေမင်းကလည်း နောက်တစ်ကြိမ် သတ်ပေးဘို့ နောက်က ထက်ကြပ်ပါနေဦးမည်သာဖြစ်တော့သည်။

လျှာက အိမ်ခွေးနှင့်တူသည်။ အိမ်ခွေးလေးက အစားအသောက်တွေကို နှစ်သက်သည်။ မီးဖို ချောင်ထဲသို့ ခဏခဏပြေးဝင်တတ်သည်။ တစ်ခုပြီးတစ်ခု စားနေရမှ သူကနှစ်သက်သည်။ ထို သို့ပင် လျှာကလည်း ထမင်းလေးစားပြီးပြန်တော့ အချိုလေးတည်းချင်ပြန်သည်။ အသီးလေး စားချင်ပြန်သည်။ ချိုတာလေးမှ၊ ချဉ်တာလေးမှ၊ စပ်တာလေးမှကြိုက်တာစသဖြင့် လျှာက အမျိုးမျိုး ဖန်တီးခိုင်းတော့သည်။ အမျိုးမျိုး ပြုပြင်ခိုင်းတော့သည်။ အိမ်က အစားအသောက် တွေနှင့်လည်း အားမရ၊ အပြင်က စားသောက်ဆိုင်တွေမှာ စားချင်လာပြန်သည်။ တရုတ် အစားအစာ၊ ကိုရီးယားအစားအစာ၊ မလေးရှားအစားအစာ၊ ဂျပန်အစားအစာစသည်ဖြင့် လာသမျှအစားအစာတွေကို တစ်ခုပြီးတစ်ခု မရိုးတမ်း စားချင်သည်။ "အစားမတော် တစ်လုတ်" ဆိုသည့်စကားပုံလို လောဘအလိုလိုက်ပြီး စားသည့်အလုပ်တွေက ဒုနှင့်ဒေးဆိုတော့ မတော် သည့်အလုပ်ကများပြီး သေလျှင်အောက်ဘုံသို့ သွားရလေတော့သည်။

ကိုယ်က တောခွေးနှင့်တူသည်။ တောခွေးက စားပြီးလျှင် အိပ်နေရတာကို နှစ်သက်သည်။ ရသမျှ အစားအစာတို့ကို တ၀ကြီးစားပြီးလျှင် အိပ်တော့သည်။ ထို့အတူပင် ကိုယ်ကလည်း တ၀ကြီး စားပြီးတာနှင့် လျောင်းစက်ချင်တော့သည်။ နူးညံ့သည့် မွေ့ရာပေါ်တွင် လျောင်းစက် ကာ တ၀ကြီးအိပ်ပါတော့သည်။ အို၊ နာ၊ သေ ဒုက္ခဘေးကို သူမသိ၊ သူသိတာ စားပြီးလျှင် လဲလျောင်းဘို့ကိုသာ သူသိသည်။ အားလျှင်လည်း အိပ်နေရန်သာ သူကတောင်းဆိုသည်။ အစားများများစားပြီး များများအိပ်တဲ့ဝက် မြန်မြန်သေရသလို ကုန်ဆုံးနေသည့်အချိန်တို့ကိုမှ ပြန်မတွက်မိ၊ လျောင်းတာနှင့် အချိန်ကို ကုန်လွန်ခိုင်းပြီး သေခါနီး နာလို့လျောင်းတော့မှပဲ လျောင်းခဲ့သမျှ မှားလေစွဖြစ်ပြီး သေခြင်း၏အခြားတစ်ဘက်တွင် ဒုက္ခပင်လယ်ဝေ ဖြစ်ရဦးမည် ကိုမြင်ပြီး နောင်တကြီးစွာရသော်လည်း သေမင်းက သနားငဲ့ညှာသည်မဟုတ် အပုပ်ကောင် ဖြစ်စေလေတော့သည်။

မနောက မျောက်နှင့်တူသည်။ မျောက်က အငြိမ်မနေ၊ ဟိုပင်သည်ပင်ကူး၍ နေရတာကိုနှစ် သက်သည်။ ခေါင်းလှုပ် ခြေလှုပ်၍ နေရမှ သူကနှစ်ခြိုက်သည်။ ထိုသို့ပင် မနောကလည်း ဟို အာရုံသည်အာရုံ လူးလာနေရမှ နေပျော်သည်။ "ပါပသမိံရမတိ မနော"- စိတ်သည် မကောင်း သည့်အာရုံကိုမှ နှစ်သက်သည်ဆိုသည့်အတိုင်း မကောင်းသောအာရုံတို့ဆီသို့ ခေါက် တုံ့လူးလာ မြူးထူးနေတတ်သည်။ အိပ်သည့်အချိန်မှာလည်း အငြိမ်မနေတော့ မြန်မြန်အိပ်လို့ မရနိုင်ဘဲ မျက်တွင်းဟောက်ပက်ဖြစ်အောင်လည်း လုပ်တတ်သည်။ ကိုရင်ကြီးတစ်ပါး ဆွမ်းခံ ကြွရင်း ဒကာမချောချောလေး တွေ့ခဲ့ပြီး ကျောင်းအထိပါအောင် မနောက ခေါ်ဆောင်လာ တော့ ကိုရင်ကြီး မအိပ်နိုင်ဖြစ်ပြီးနေတော့သည်။ အတန်ကြာမှ ကိုရင်ကြီးက စဉ်းစားမိသည်မှာ "ငါကသာ အိပ်မရ ဖြစ်နေတာပါ၊ သူကဖြင့် သိမှာ မဟုတ်ပါဘူး"ဟူ၍ စဉ်းစားမိပြီး အိပ်လို့ရပြီး အိပ်ရေးဝတော့သည်ဟူ၏။ သီရိလင်္ကာမှာ ဆွမ်းဘုန်းပေးနေသော ဘုန်းတော်ကြီးကို ဦးပဇင်းက ယပ်တောင်ခပ်ပေးနေရင်း စဉ်းစားခန်းထုတ်နေသည်မှာ မနောအာရုံထဲတွင် သူက လူထွက်ပြီး မိန်းမယူနေသည်။ ထို့နောက် ကလေးတစ်ယောက်ရပြီး ဘုန်းတော်ကြီးဆီ မရောက်တာကြာလို့ လှည်းကလေးနှင့် သားအမိသားအဖသုံးယောက် ခရီးနှင်လာကြရာ လမ်းတွင် လှည်းဘီးက လယ်ကသင်းကိုနင်းမိ၍ လှည်းစောင်းသွားပြီး ကလေးကို ပွေ့ထား သောမိန်းမက လက်မှချော်ထွက်သွားသည့် ကလေးကို မထိန်းနိုင်ဘဲ လှည်းဘီးအောက် သို့ပြုတ်ကျကာ ကလေးလေး ထက်ပိုင်းပြတ်၍ သေပါတော့သည်။ ထိုအဖြစ်ကို ရင်နှစ်အောင် နာပြီး မိန်းမအား ကိုင်ထားသည့်နှင်တံဖြင့် စိတ်ဆိုးဆိုးနှင့် ရိုက်လိုက်ရာ အနီးမှာ ဆွမ်းဘုန်း ပေးနေသော ဘုန်းတော်ကြီးအား ယပ်တောင်နှင့် ခတ်မိသဖြင့် ဆရားတော်ကြီးက အဘိညာဉ်ရ ရဟန္တာဖြစ်သည်နှင့်အညီ "မောင်ပဇင်း…သင်ရိုက်တာ သင့်မိန်းမကိုမထိ၊ ငါ့ကိုသာ လာထိဘိသည်"ဟု မိန့်လိုက်သည့်အခါမှ သတိသံဝေဂ ပြင်းစွာရပြီး တရားအား ထုတ်မှ တရားရခဲ့သည်ဟူသတည်း။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော အတွင်းအာယတန တရားများကို ဖြည့်ဆည်းပေးရ သည်မှာ ပြဆိုခဲ့သော သားကောင်ခြောက်ကောင်ကို လူတစ်ယောက်က ထိန်းကျောင်းနေရ သကဲ့သို့ ထိုသားကောင် ခြောက်ကောင်တို့ ဆွဲရာနောက်သို့ လိုက်နေရသောကြောင့် အနား မရ၊ အငြိမ်မနေနိုင်ဖြစ်နေရသည်ဟု မြတ်ဗုဒ္ဓက ဥပမာပေးဆုံးမတော်မူခဲ့ခြင်းဖြစ်ပေသည်။ ပညာမရှိသော ပုထုဇဉ် အန္ဓ ပုဂ္ဂိုလ်မှာလည်း ထိုအာယတနတရား(၆)ပါးတို့ကို အမှီပြုပြီး တဏှာတောင်းသမျှ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောဟူသော အားရုံခြောက်ပါးနောက်သို့ လိုက်နေသဖြင့် အငြိမ်မနေရတော့ပဲ အကုသိုလ်မီးတို့ကိုသာ အချိန်ပြည့် ၀ါးမျိုနေမိတော့သည်။

ခံစားတာက ဝေဒနာက္ခန္ဓာ၊ မှတ်သားတာက သညာက္ခန္ဓာ၊ ကြံတွေးတာက သင်္ခါရက္ခန္ဓာ၊ မြင်ကြားနံစားထိသိတာက ၀ိညာဏာက္ခန္ဓာ၊ ဖောက်ပြန်ပျက်စီးနေသောသဘောက ရူပက္ခန္ဓာ တို့အပေါ်၌ "ငါ"ဟူသော "ဒိဋ္ဌိ"နှင့် "ငါ့ဥစ္စာ"ဟူသော "တဏှာ"စသည့် သံသရာနယ်ချဲ့တရား များဖြင့် ခံစားမှတ်သိကြံတွေးသိရှိလို့နေတော့ ငရဲမီးတောက် ကြီးထွားအောင် လုပ်နေသည်နှင့် တူသည်ဟု ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့၏။ ၀ိပဿနာ တရား အားထုတ်တယ်ဆိုတာ ဒီကနေ ငရဲမီးငြှိမ်းနေခြင်းဖြစ်သည်ဟုလည်း ဆုံးမတော်မူခဲ့ပါ သည်။ ငါဆိုသည်ကား အခေါ်ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားများမှာ ခန္ဓာငါးပါး သဘောတရားများသာဖြစ်ပေသည်။

ထိုသဘောတရားအစုကို ဟုတ်တိုင်းမှန်စွာရှုတတ်သော ယထာဘူတဉာဏ်ဖြင့် အဖန်ဖန်ရှုပွား ရင်း သင်္ခါရကို ငြီးငွေ့သောနိဗ္ဗိန္ဒဥာဏ် အမှန်ပိုင်ပြီးလျှင် ထိုမှတဆင့် ရှုပွားရင်းဖြင့် သင်္ခါရကို မုန်း နောက်ဆုံး၌ ဒုက္ခ၏အဆုံးကို မဂ်ဥာဏ်ဖြင့် ဧကန်စင်စစ် တွေ့မြင်နိုင်ကြရအောင် ဒိဋ္ဌိကိုဖြုတ် ၀ိပဿနာအလုပ်ဖြင့် တဏှာပြုတ်အောင် ဖြုတ်နိုင်ကြစေကြောင်း စာရှုသူ ပရိတ် သတ်အပေါင်းအား ဓမ္မဒါနပြု နှိုးဆော်မှုပြုလိုက်ရပါသည်။

You received this email because you are subscribed to the real_time feed for http://htunhlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ko htike's prosaic collection] 1 New Entry: သူရဲကောင်းများ

သူရဲကောင်းများ

ကျွန်တော်တို့ တိုင်းပြည်က စစ်သားဆိုတဲ့ လူတွေက တခါတလေ မြောက်ကြွ မြောက်ကြွနဲ့ သူတို့ပဲ တိုင်းပြည်အတွက် အသက်ပေးထားသလို၊ သူတို့ပဲ အများအတွက် စတေးခံပြီး အသက်ရင်းထားရသလိုနဲ့ အခြေခံ စိတ်ဓါတ်ရေးရာအရ ပြန်ကြည့်ရင် ၁၉၈၈ နောက်ပိုင်းမှ စစ်တပ်ထဲ(ဗိုလ်သင်တန်းကို ပြောတာ ဖြစ်ပါတယ်။ သာမန် တပ်သားဘဝကတော့ အခြေခံ တမျိုးစီပါ။) ဝင်တဲ့ လူတွေမှာ တိုင်းပြည်ကို ချစ်လို့ ကာကွယ်ဖို့ထက် အခွင့်အရေးဆိုတာကို မက်ပြီး စစ်ထဲဝင်နေတာဆိုတာ ငြင်းမရပါဘူး။

ကျွန်တော် ဒီလိုပြောလို့ လူမုန်းများလာနိုင်ပါတယ်။ လူအတော်များများ အမြင်ကတ်တာ ခံရနိုင်ပါတယ်။ အနာပေါ် တုတ်ကျသလို ဆက်ဆက်ခါ နာသွားမယ့် လူတွေလည်း တပုံကြီးပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ရှေ့ရေးအတွက် တိုင်းပြည်မှာ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ လူတွေရဲ့ စိတ်ဓါတ်ရေးရာက အရမ်းအရေးကြီးပါတယ်။ အခုတော့ အဲဒီ လူတွေက အခွင့်အရေး ရနိုင်တယ် ဆိုတဲ့ မျှော်မှန်းချက်နဲ့ဝင်တာဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခွင့်အရေးသမား (သို့) ဖျက်စီးရေး သမားတွေကို မွေးထုတ်ဖို့ သက်သက်ဖြစ်နေပါတော့တယ်။

စစ်သင်တန်းမှာ ဘယ်လို ပင်ပန်းတာ၊ ဘယ်လို ကြိုးစားရတာ ဆိုတာတွေ .. မင်း တို့ရော လုပ်နိုင်သလား ဆိုတာတွေ ပြောမယ့် စကားလုံးတွေကိုလည်း မြင်နေရပါတယ်။ ဒါပေမယ့် ဆိုက္ကားသမား ဆိုက္ကားနင်းလို့ ခြေထောက်တောင့်တာ သဘာဝပါပဲ။ ကားစပယ်ရာက တနေကုန် အော်ရလို့ အသံနာနိုင်ပြီး မောတာ သဘာဝပါပဲ။ စစ်သား စစ်သင်တန်းမှာ ပင်ပန်းတယ်ဆိုတာ ကိုယ့်ဘာသာ အခွင့်အရေးအတွက် အပင်ပန်းခံမူတစ်ခုပါပဲ။ အဲဒါကို .. တိုင်းပြည်အတွက် အပင်ပန်းခံနေရတယ် ဆိုတဲ့ စိတ်ကြီးဝင်နေမူကလည်း သနားစရာပါပဲ။

ကျွန်တော် ကိုယ်တိုင်လည်း ၁၉၈၈ ပြီးမှ ၁၀ တန်းအောင်ခဲတာပါ။ ကျောင်းတွေ ပိတ်ထားတော့ ဘာမှ တတ်လို့ မရ .. ဖွင့်တာဆိုလို့ နှစ်စဉ် ခေါ်တဲ့ ဗိုလ်သင်တန်း ဆိုတာပဲ ရှိတယ်။ အဲဒီမှာ ကျွန်တော်နဲ့ အတူတူအောင်တဲ့ သူငယ်ချင်းတွေ ဗိုလ်သင်တန်းဆိုတာကြီးကို လျှောက်ကြလေရဲ့။ ပါတဲ့ လူရော.. မပါတဲ့ လူရော ရှိကြပါတယ်။ .. အဲ . ကျွန်တော် ပြောချင်တာက .. အဲဒီ သူငယ်ချင်းတွေ (ငယ်ပေါင်းသူငယ်ချင်းတွေပါ) ကို ကျွန်တော် သေချာ ပြန်တွေးကြည့်တော့ .. အဲဒီ အချိန်မှာ ဗိုလ်သင်တန်း တတ်ဖို့ လျှောက်တယ် ဆိုတာ မလိမ်တမ်း ဝင်ခံခိုင်းရရင် တိုင်းပြည်ချစ်လို့ ဝင်တယ် ဆိုတဲ့ လူ တစ်ယောက်မှ မပါဘူ။ သူတို့ စကားတွေထဲမှာ သင်တန်းဆင်းရင် ဘာရာထူးရမယ်၊ ဘယ်မှာ "ခွင်" ဘယ်လို ကောင်းရင် ဘယ်လောက်ရမယ်။ အချိန်တန်ရင် ရာထူးတိုးမယ် ဆိုတဲ့ ခပ်ပေါ့ပေါ့ ခပ်ပေါပေါ အချောင်သမားဆိုတဲ့ စိတ်ဓါတ်က အခြေခံနေတာများပါတယ်။

အခု ရေးနေတဲ့ အကြောင်းအရာက အဲဒီ ၈၈ နောက်ပိုင်း စစ်ထဲဝင်တဲ့ လူတွေကို နှိပ်ကွပ်ဖို့ သက်သက်ရေးတာ မဟုတ်ပါဘူး။ စာက ချော်နေသလို ဖြစ်နေမှာ ဆိုးလို့။ သူရဲကောင်းဆိုတာနဲ့အချောင်သမားဆိုတာ စိတ်ဓါတ်ရေးရာ အရ ဘယ်လောက်ကွာသလဲဆိုတာ ပြဖို့ အဖြူအမဲ သိသာအောင် စာသား အစပျိုးတာသက်သက်ပါ။

အားလုံး သိပြီး ဖြစ်တဲ့ (မသိတဲ့ လူလည်း ရှိနိုင်ပါတယ်။) မနေ့က NLD က လူငယ် ၉ ယောက် အဖမ်းခံရတဲ့ ကိစ္စပါ။

သတင်းနဲ့ဓါတ်ပုံကို ပြန်လည် တွဲမိအောင် အောင်မှာ ဖတ်ကြည့်ပါ။

30 December 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင် ရုံးရှေ့ မှစတင်ထွက်ခွာသွားခြင်းဖြစ်ပါသည်။

ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်အချို့ ကိုအန်အယ်လ်ဒီရုံးရှေ့မှ ထွက်ခွာပြီး ပြည်လမ်းပြည်သူ့လွှတ်တော်သို့ အသွားတွင် ရဲလုံထိန်းနှင့်စစ်ဒေသကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ခဲ့ရသူများကFreedomNews Groupသို့ပြောပြသည်။

ဖမ်းဆီးခံရသူများတွင် ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ကိုရဲနီဦး၊ကိုပြည့်ပြည့်၊ကိုအောင်ဖြိုးဝေ၊ကိုဝင်းမြင့်၊ကိုမင်းသိန်း၊
ကိုကောင်းထက်လှိုင်နှင့် ကိုသက်မောင်ထွန်းတို့ဖြစ်သည်။

Today(30 Dec 2008), the National League for Democracy (NLD) party held a ceremony to mark the 61st anniversary of Burma Independence Day at their headquarters. After the event, nine NLD Youth members marched from NLD headquarters to Sanchaung Township, Rangoon, holding photographs and placards with Daw Aung San Suu Kyi's image. They called for the release of all political prisoners, and demanded national reconciliation.
When they arrived at the public square in Sanchaung Township, they were arrested by members of the Swan Arr Shin (People's Power Force) the regime's hired thugs, and brutally beaten. Their whereabouts are now unknown.
The nine are:
Tun Tun Win (from Sanchaung Township), Htet Htet Oo Way (from Shwepyithar Township), Ye Ni Oo(Thkhin Ko Daw Hmaing's grandson, NLD Sanchaung Township), Pyae Pyae(Sanchaung Township NLD), Aung Phyo Wai, Min Thein, Win Myint Maung (aka) Pe Pyoat(Kha Yan NLD Youth), Kaung Htet Naing, and Thet Maung Tun.
-ENDS-

Sources from AAPP,
Long Walk for Freedom and
Ko Aung Myo Tint

အခုလိုဆန္ဒဖော်ထုတ်တဲ့သူတွေကိုလုံထိန်းနဲ့စွမ်းအားရှင်တွေက
၃၀၊၁၂၊၂၀၀၈ရက်နေ့မှာပြည်လမ်းမပေါ်မှာရိုက်နှက်ဖမ်းဆီးသွားကြပါတယ်
စိုးသန်း ဓါတ်ပုံ
NLD လူငယ် (၉)ဦး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေစဉ် လုံထိန်းမှရိုက်နှက် ဖမ်းဆီးခံရ
ဒီဇင်ဘာ (၃၀) ၂၀၀၈ NLD(LA)AUS မှသတင်းရရှိခြင်း
ကိုထွန်းထွန်းဝင်း (စမ်းချောင်း လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ၁ နှင့် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့ဝင်)
ကိုပြည့်ပြည့် (စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မထက်ထက်ဦးဝေ(ရွှေပြည်သာအဖွဲ့ဝင်)
ကိုရဲနီစိုး(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ကောင်းထက်လှိုင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
သက်ထွန်းမောင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ဝင်းမြင့်အောင်(ခ) ပဲပြုတ်(ခရမ်းလူငယ်)
အောင်ဖြိုးဝေ(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မင်းသိမ်း

သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာကတားဆီးနိုင်မလဲ။ သင်ပြောချင်ရာဖွင့်ပြောလိုက်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့် ပိုစတာများကိုင်၍ ယနေ့နေ့လည်ငြိမ်းချမ်းစွာ ချီတက်လာစဉ်
လွှတ်တော်ရှေ့အရောက်၌ လုံထိန်ကားများဖြင့် ပိတ်ဆို့ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။
လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းလည်းသိရှိရပါသည်။ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကို ဖမ်းရိုက်ဟုဆိုကာ လုံထိမ်းများက နံပါတ်တုတ်များဖြင့် ဦးခေါင်းအား ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်။ လုံထိမ်းများနှင့်အတူ အရပ်ဝတ်များလဲ ဟိုင်းလတ်ကားတစီးအပြည့် ပါသည်။.

အဲဒီ လူ ၉ ယောက်ကို မေးရင် အခုလို အဖမ်းခံ အရိုက်ခံရမှာ မသိဘူးလား မေးကြည့် .. သိတယ် .. လို့ တပြိုင်နက် ဖြေကြမှာ။ ထောင်နှစ်ရှည် ချခံနိုင်ရတယ် မသိဘူးလား မေးကြည့် .. သိတယ် .. လို့ ဖြေကြဦးမှာ။ ဘဝပျက်သွားနိုင်တယ် ဆိုတာ မသိဘူးလား မေးကြည့် .. သိတယ် .. ဆိုတာပဲ ထွက်လာဦးမယ်။

ဘာအခွင့်အရေး မျှော်လင့်ချက်ရှိလဲ မေးကြည့်ပါ။ .. ထောင် .. ဗဟိုထောာက်လှမ်းရေး (ဗလထ) ညှင်းပမ်းရေး စခန်း .. နှစ်ရှည်မိသားစုနှင့် ခွဲနေရမယ် .. ကျန်ခဲ့မယ့် မိသားစုတွေရဲ့ စီးပွားရေးတွေကို ယုတ်မာစွာ ဖျက်ဆီးတာ ခံရမယ် .. အဲဒါတွေရမယ်။ ဒါတွေက မျှော်လင့်ချက် မဟုတ်ပါဘူး။ တကယ်လက်တွေ့ဖြစ်လာမှာတွေ။

ဒါဆို ဘာအတွက် လုပ်တာလဲ .. ဟုတ်ကဲ့ . ကျွန်တော် သူတို့ ကိုယ်စားဖြေရရင် "တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုစွန့် အနစ်နာခံတဲ့ သူရဲကောင်း စိတ်ဓါတ်နဲ့ လုပ်ကြတာ" လို့ ဖြေရမှာပါပဲ။

သူရဲကောင်းစိတ်ဓါတ် နဲ့ အခွင့်အရေးအတွက် အချောင်သမား စိတ်ဓါတ် ဆိုတာတွေကို ... လူငယ်ချင်း အတူတူ .. မြန်မာနိုင်ငံသားခြင်းအတူတူ ခွဲခြားမြင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Htoo Myat] 1 New Entry: Immortal Cities : Children of The Nile

Immortal Cities : Children of The Nile

Sim City သဘော ကျပါသလား... ဒါကလည်း Sim City ဆန်ဆန်ပါပဲ။ ဒါပေမဲ့ Sim City ထက် အဆပေါင်း များစွာ ပိုခက်ပါတယ်။ ကြည့်လို့ကောင်းပါတယ်။ Graphic ကို medium ထားထားရင် အဆင်ပြေပါတယ်။ သိပ်မလေးပါဘူး။ လုံးဝ အနီးကပ်အထိ ဆွဲလို့ရပါတယ်။

Sim City မှာက မြို့ကို အကွက်ချတာ၊ အစိုးရ၀င်ငွေနဲ့ ဆားဗစ်ကို မျှတအောင် ပေးရတာ လောက်ပါပဲ။

ဒီ ဂိမ်းမှာကတော့ လူတွေအားလုံးကို ကိုယ်က စီမံခန့်ခွဲရပါတယ်။ ဆေးရုံတွေ ဆောက်ချင်တယ်ဆို ၀ုန်းခနဲ ဆောက်လိုက်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်ဆီမှာ ရှိတဲ့ ပညာတတ် အရေအတွက်နဲ့ ကိုက်အောင် သေချာ စီမံရပါတယ်။ အစိုးရ အဆောက်အဦးတွေ အတွက် လိုအပ်တဲ့ အုတ်တွေကို ဖုတ်တဲ့ အုတ်ဖုတ်သမားတွေ၊ ပိရမစ်တွေ ဆောက်၊ ကျောက်တွေတူးတဲ့ အလုပ်သမားတွေ ကနေ စာရေးတွေ၊ ဘုန်းကြီးတွေ အထိကို စီမံခန့်ခွဲရပါတယ်။

ပညာတတ် တစ်ယောက် အလုပ်ကနေ အငြိမ်းစား ယူသွားတဲ့ အချိန်မှာ နောက် အစားထိုးဖို့ ပညာတတ် တစ်ယောက် ရှိမနေရင်၊ အဲဒီနေရာဟာ ဆေးကုတဲ့ ဘုန်းကြီးလို ဖြစ်နေရင် ကောင်းကောင်း ပြဿနာ ရှိပါတယ်။ ဆေးကုသမျှ မပေးနိုင်လို့ လူတွေ သဘောမကျတာ သိပ်မြင့်လာရင် ပြောင်းပြေးကုန်ကြပါတယ်။ အထူးသဖြင့် Noble တွေ တစ်ယောက် ထွက်သွားရင် သူ့အောက်မှာ လုပ်နေတဲ့ အလုပ်သမားတွေပါ ပျောက်ကုန်တဲ့ အတွက် အင်မတန် ထိခိုက်ပါတယ်။ ပြည်သူတွေကို ကျေနပ်အောင် လုပ်ပေးဖို့ကလည်း အလွန်တသန်း ခက်ခဲပါတယ်။ ဘုရား ရှိခိုးချင်တယ် ဆိုရင်တောင် ဘုရားက ဆယ်ပါးလောက် ရှိနေတဲ့အတွက် ဘုရားကျောင်း ၁၀ ကျောင်း ဆောက်ပေးရမလို ဖြစ်နေပါတယ်။ (Shrine မဆောက်ပဲ Temple ဆောက်ပါ။ အထူးပြု ဘုရား မပေးထားပါနဲ့။)

ပညာတတ်တွေ ရှိလည်း ကိုယ့်အောက်မှာ အမှုထမ်းကြဖို့ ဆိုတာဟာ Prestige မြင့်တက်ဖို့ လိုပါတယ်။ အဲဒါအတွက် နယ်မြေသစ် စူးစမ်း ရှာဖွေရေးတွေ လုပ်ရတယ်။ ရုပ်တုတွေ ဆောက်ရတယ်။ Propaganda ဆိုတဲ့ အကွက်က ကျောက်တိုင်ကြီးတွေ ကတော့ တစ်ခုခု အောင်မြင်ထားတာ ရှိမှ ဆောက်လို့ရပါတယ်။ အဓိက အရေးကြီးတာကတော့ သချိုင်္င်းဂူ ဆောက်ဖို့ပါပဲ။ ကိုယ်မသေခင် ပြီးအောင် ဆောက်ရပါတယ်။ မပြီးခင် သေသွားရင် Prestige က အင်မတန် ကျဆင်းသွားပါတော့တယ်။ ပိရစ် အကြီးဆုံးကြီးကိုတော့ ဘုရင် ဆယ်ဆက်လောက် ကြာမှ ဆောက်တာ ကောင်းပါမယ်။ ဘုရင် နှစ်ဆက်လေက်တော့ အနည်းဆုံး အချိန်ယူ ဆောက်ရမယ် ထင်မိတယ်။

ပိရမစ်တွေ ဆောက်ရာမှာ Lime stone နဲ့ Fine lime stone တွေကို မျှသုံးရတာမျိုးဆိုတော့ Overseer တွေကို စီမံခန့်ခွဲပြီး အလုပ်သမားတွေကို ဆိုက်နှစ်ခု ပြိုင် အတူးခိုင်းရပါတယ်။ ဆောက်ဖို့ အတွက်က နောက် Overseer ကို ဆောက်လုပ်ရေးမှာ စီမံခန့်ခွဲခိုင်းရပါတယ်။ လူအင်အား၊ အထောက်အပံ့နဲ့ အချိန် အင်မန် ပေးပြီး ဆောက်ရပါတယ်။ ကျနော့်တစ်သက်မှာ အဲလောက် ခက်ခဲတဲ့ စီမံခန့်ခွဲမှု ဂိမ်းကို အခုမှ တွေ့ဖူးတဲ့အတွက် ပိုစ့်တစ်ပိုစ့် သတ်သတ် တင်ရတာဖြစ်ပါတယ်။

ကိုယ့်မြို့ကို ကိုယ် ကာကွယ်ဖို့ စစ်တပ် ဆောက်လို့ရတယ်။ မြို့စောင့်တပ်ရယ်၊ စစ်တပ်ရယ်၊ ရေတပ်ရယ် ရှိပါတယ်။ စစ်တပ်က မြို့စောင့်တပ်လို မဟုတ်ပဲ လေ့ကျင့်ကွင်းတွေ ဆောက်ပေးရပါတယ်။ စစ်တပ်မှာ မြားတပ်၊ ဓါးနဲ့ ချားရီရော့တ် တပ် ရယ်လို့ ဖွဲ့စည်းရပါတယ်။ ရေတပ်ကတော့ နိုင်းလ်မြစ် ခြားနေတဲ့ ရန်သူဆီ စစ်ချီရင် အသုံးပြုရတာပါ။ ရေတပ်အတွက်လည်း ကွန်မန်ဒါ တစ်ယောက် လိုပါတယ်။ သင်္ဘောနဲ့ ချားရိရော့တ်တွေ ဆောက်ဖို့ ကုန်ကြမ်းဖြစ်တဲ့ (အီဂျစ်မှာမထွက်တဲ့) သစ်အချောတွေ ရအောင် ကုန်သွယ်ဖို့လည်း အင်မတန်မှ ခက်ခဲပါတယ်။

ကျနော် ဒီပိုစ့်ကို ဆက်ရေးလို့ မဖြစ်နိုင်သေးဘူးဗျာ... ကျနော့်သူငယ်ချင်း တစ်ယောက်က အင်နီမေးရှင်းဆိုပြီး ပေးလိုက်တဲ့တစ်ခုဟာ Program ပေါင်းစုံကို ၀င်းဒိုးတွေ အမျိုးစုံ ပွင့်လာတဲ့ဟာ တစ်ခုအနေနဲ့ ပွင့်လာတယ်။ အင်မတန် လေးတဲ့ ဒီစက်အတွက် အရမ်း ပိုလေးလံစေပါတယ်။ ကျနော့်အနေနဲ့ ၀င်းဒိုးတွေ တန်းစီ ပြန်ပိတ်ဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ရီစတတ်ပဲ ချရပါတော့မယ်။ ဒီလိုမျိုးဟာ ကျနော်တို့ အပြင်ဘ၀မှာ အကောင်ကြီးတဲ့လူက ငယ်တဲ့လူကို အနိုင်ကျင့်သလိုမျိုး ကွန်ပျူတာ ပညာ ပိုတတ်တဲ့ လူက မတတ်တဲ့လူကို အနိုင်ကျင့်တဲ့ ကြီးနိုင်ငယ်ညှင်း သဘောမျိုးလို့ပဲ မြင်ပါတယ်။ သူငယ်ချင်းဆီကလည်း ဒီလို ရမယ် မထင်ထားတော့ ယုံကြည်မှုကို အလွဲသုံးစား အလုပ်ခံလိုက်ရတာလည်း ပါပါတယ်။ ဒါဟာ ဒုတိယ အကြိမ်ပါ။ တတိယအကြိမ် ထပ်ခံရရင်တော့ ကျနော့်အမှားပေါ့။ ကျနော် ဆက်မရေးချင်တော့ဘူးဗျာ... ကျေးဇူးပါ။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My Burmese Blog] 1 New Entry: Twitter Buttons

Twitter Buttons

Twitterbuttons

TwitterButtons ဆိုတာကတော့ Twitter ယူဇာ တွေ အတွက် ကိုယ့်ဆိုဒ်၊ ဘလော့ဂ်မှာ button ထည့်ချင်တဲ့ အခါသုံးနိုင်တဲ့ ဆိုဒ်တစ်ခုပါ။ သူ့မှာ အပေါ်ဆုံးက text box မှာ ယူဇာထည့်လိုက်ပြီး go နှိပ်လိုက်ရင် အောက်ဘက်က button ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ပုံအောက်က ကုဒ်ကူးပြီး ကိုယ့် ဆိုဒ်မှာ ထည့်ရုံပါပဲ။

Related Posts

You received this email because you are subscribed to the real_time feed for http://www.htootayzar.com/myblog/feed/. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 2 New Entries: .......HaPpY nЗW YeAR.......

.......HaPpY nЗW YeAR.......

Happy New Year ၊ Happy New Year နဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ နှစ်သစ်ကို နည်းအမျိုးမျိုးနဲ့ ကြိုဆိုနေလိုက်ကြတာ ပျော်စရာကြီး။

ကျွန်တော်ကတော့ အဆောင်မှာ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ FIFA2009 ဘောလုံးဂိမ်းဆော့ရင် ကောင်းမလား ၊ ဇာတ်ကားဟောင်းထဲက ဇာတ်လမ်းကောင်း ကားတွေ ရှာပြီးကြည့်ရင် ကောင်းမလား စဉ်းစားရင်း ဂျီတော့ခ်က သူငယ်ချင်းတွေ ၊ ဘလော့ဂ်က သူငယ်ချင်းတွေ အကုန်လုံးကိုတော့ လိုက်ပြီး နုတ်ဆက်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း နုတ်မဆက်နိင်လိုက်ရင် သူငယ်ချင်းမဟုတ်ဘူးလားလို့ အထင်မလွဲကြပါနဲ့။ အားလုံးဟာ ဘလော့ဂ်ဂါ မောင်နှမတွေ မဟုတ်လား။

ကျွန်တော့်ဆီမှာလည်း မွေးကတည်းက လူလောကစည်းစိမ်မခံစားရအောင် ဖြစ်လာတဲ့ ( အရက်သေစာ သောက်စားရင် ယားယံတက်တဲ့ ရောဂါ ) ရှိလေတော့ ဘယ်လိုမှကို ထိလို့မရဘူး။ ဆရာဝန် ကိုစိုးထက်ကလည်း ပြန်ခါနီးပြောသွားတယ် ( သေချင်ရင်တော့ သောက်တဲ့ ) ယဉ်ယဉ်လေး ဆုံးမသွားတာ ။ အော်..အခုတော့လည်း ချဲလ်ဆီးဖန်တူ အစ်ကိုကြီး ( နှစ်သစ်မှာ မိန်းမနဲ့ နှပ်နေလိုက်ပြီ ) ကောင်းပ့ါ ကောင်းပ့ါ။ ကျွန်တော်ကတော့ ဖော်မစုံ ဒီမောင်တစ်ယောက်တည်းပဲ ။

နောက်ဆုံး ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ ထမင်းအိုးလေးတည် ၊ လက်ဖက်သုတ်လေး သုပ်ပြီး ထိုင်စားတော့မည်လို့ပဲ ဆုံးဖြက်လိုက်ပါတော့တယ်။ ထမင်းပူပူလေးနဲ့ လက်ဖက်သုတ်ကို တွဲစားရတာဟာ ကျွန်တော့် အကြိုက်ဆုံးအစားအစာဆိုတော့ နှစ်သစ်ကို အဲဒီဟာလေးစားရင်း ချမ်းအေးလှတဲ့ မော်စကို ဆောင်းညရဲ့ နှစ်သစ်ကို ရေနွေးကြမ်းလေးနဲ့ ကြိုဆိုလိုက်ပါတော့မည်။

" နှစ်သစ်မှာ အလုပ်အကိုင် ၊ ကျန်းမာရေး ၊ လူမှုရေး ၊ တွေ အားလုံး အစစအရာရာ အဆင်ပြေပြီး ၊ မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း များနှင့် ပျော်ရွှင်စွာ ဆုံဆည်းနိင်ကြပြီး ကံကောင်းခြင်းတွေကို ဘလော့ဂ်ဂါတွေနှင့်အတူ ကျွန်တော်တို့ နိင်ငံအပေါ်လည်း
အတူကျရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည် "

Welcome To - 2009

Hotel Rwanda - ရ၀မ်ဒါ

နှစ်သစ်ကူးအတွက် ကျောင်းကလည်း ပိတ်လိုက်ပြီဆိုတော့ ၊ အခုတလော ပျင်းနေတာနဲ့ ရုပ်ရှင်တွေပဲ ထိုင်ကြည့်နေမိတယ်။ ဒီမှာနှစ်သစ်ကူးကလည်း နိင်ငံတကာနဲ့ မတူဘူး။ ဇန်န၀ါရီ ( ၁ ) ရက်ကနေ ( ၇ ) ရက်နေ့ထိ ပိတ်ပါတယ်။ သူတို့ နှစ်ကူးချိန်က အဲဒီရက်တွေပါတဲ့။ အဲဒါပြီးရင်တော့ ဇန်န၀ါရီလကုန်သည်အထိ စာမေးပွဲများကို ဖြေဆိုပေတော့။ စကားပြန်ဆပ်ရလျှင် အခုကြည့်မိတဲ့ ဇာတ်ကားဟောင်းနာမည်ကတော့ " ရ၀မ်ဒါ ( သို့ ) ဟိုတယ် ရ၀မ်ဒါ " ဇာတ်လမ်းပါ။

" ရ၀မ်ဒါ ( သို့ ) Hotel Rwanda "

ဒီဇာတ်ကားမှာ လူမည်းနာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ Don Cheadle က ဟိုတယ် မန်နေဂျာ Paul အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကကျောရိုးကတော့ တနိင်ငံတည်းမှာ အတူနေထိုင်ကြတဲ့ Hutu လူမျိုးနဲ့ Tutsi လူမျိုးတို့ရဲ့ လူမျိုးရေး မုန်းတီးမှုကြောင့် အပြစ်မဲ့တဲ့ Tusti သိန်းပေါင်းများစွာ အပြစ်မဲ့စွာ အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။

လက်ရှိအုပ်ချုပ်နေတဲ့ Hutu အစိုးရကို သတ်ဖြက် ၊ ပုန်ကန်မှု့ကြောင့် နှိပ်နင်းရာကနေ ၊ လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပေါ်ပြီး Tusti လူမျိုးသောင်းပေါင်းများစွာ အသတ်ဖြက်ခံခဲ့ရပါတယ်။

Paul နှင့် သူ၏ Husti လူမျိုးများ

မန်နေဂျာ Paul မှာ ဇနီးတစ်ယောက်နဲ့ သားသမီး ( ၃ ) ယောက်ရှိပြီး ၊ သူ့ရဲ့ ဇနီးသည်ကိုယ်တိုင်ကလည်း Tusti လူမျိုးတစ်ဦးပါ။ တစ်နေ့တော့ Hutu သမ္မတ အသတ်ခံရမှုကြောင့် သူရဲ့စစ်တပ်က Tusti လူမျိုးမှန်သမျှကို လိုက်လံ ဖမ်းဆီး သတ်ဖြက်ရင်း ၊ Paul အိမ်သို့အရောက်မှာ Paul က သူနဲ့ရင်းနီးတဲ့ ကပ္ပတိန်ဗိုလ်ကြီးကို သူနှင့် သူ့မိသားစုအား မသတ်ဖြက်ဘဲ လွတ်ပေးခဲ့ပါလျှင် ရှိသမျှ ပိုက်ဆံ အကုန်အော၍ ပေးမည် ဖြစ်ကြောင်း ကတိပေးပြီး ကယ်တင်ခဲ့ပါတယ်။

ထို့နောက် လူဖြူများတည်းခိုရာ ဟိုတယ်ကို ခေါ်ဆောင်သွားပြီး လုံခြုံစွာနေရသော်လည်း တစတစ ဆိုးရွားလာသော လူမျိုးတုန်းသတ်ဖြက်မှုကြောင့် ထိုနယ်တွင် တာဝန်ထမ်းဆောင်နေသော NU မှ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦးမှ နိင်ငံခြားသား အားလုံးကို သက်ဆိုင်ရာ နိင်ငံသို့ပြန်ပို့တော့မည် ဖြစ်ကြောင်း Paul အား ပြောဆိုခဲ့ပါတယ်။

Paul နှင့်သူ၏ မိသားစု

Paul မှ အကယ်၍ ဤဟိုတယ်မှ လူဖြူအားလုံးထွက်ခွာသွားလျှင် အခုဟိုတယ်တွင် လာရောက်ခိုလှုံနေသော Husti လူမျိုးအားလုံး အသတ်ခံရနိင်ကြောင်း ပြောကြားသော်လည်း တာဝန်ကြောင့် မည်သို့မျှ မတက်နိင်ကြောင်း ပြောဆိုပြီး အစောင့်ချထားသော UN တပ်များကို ရုပ်သိမ်းသွားခဲ့ရာမှ.....

မိသားစုနှင့် လူမျိုးအတွက် Paul တစ်ယောက်ဘယ်လိုကယ်တင်မလဲ

အငတ်ငတ်အပြက်ပြက်နှင့် ပက်ပက်စက်စက် အသတ်ခံရသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းအား အချစ် ၊ အမုန်း ၊ စစ် ၊ သုံးမျိုးစလုံးပါဝင်အောင် လက်စွမ်းပြ ရိုက်ကူးထားသော အကယ်ဒမီဆုရ " Hotel Rwanda " အား ဇာတ်ကားကောင်း တစ်ခုဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.