Unicode vs Fire Fox vs Internet explorer
Fire Fox နဲ့ Geoogle Chrom မှာ ဘာမှ မဖြစ်ပေမဲ့ Internet Explorer မှာတော့ ပြဿနာရှိပါတယ်။ ကျနော်ကတော့ အဲဒီ ပြဿနာကို အောက်ပါ Code ကို ပိုစ့်တိုင်းမှာ ထည့်ပေးခြင်း နည်းနဲ့ ဖြေရှင်းပါတယ်။ သေချာ စစ်ပြီး သေချာ ကုတ်တွေ ပိတ်လိုက်မှ အကုန် အကောင်းအတိုင်း ပြန်ပေါ်လာပါတယ်။
[span style="font-family:Zawgyi-one]မြန်မာစာ[/span]
([,]) နေရာတွင် (<,>) ကို အစားသွင်း အသုံးပြုရန်ဖြစ်သည်။
You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.












သတင်းကျွတ် လပြည့်နေ့က အဘိုး၊ အဘွား၊ ဆွေမျိုးတွေကို လိုက်ကန်တော့ရင်း စကားစပ်မိတဲ့ မယ်လမင်း (melamine) ပါတဲ့ ထုတ်ကုန်တွေ အကြောင်းကို ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ ဆီမှာလဲ နို့မှုန့်ကို ကလေး အဟာအဖြစ်၊ စားသောက်ကုန်တွေ၊ ရေခဲမုန့် စတာတွေမှာ ကုန်ကြမ်းအဖြစ် တွင်တွင် ကျယ်ကျယ် သုံးပါတယ်။ ကျွန်တော်တို့ အမျိုးထဲက ၅ နှစ် အရွယ် ကလေးတစ်ယောက်က အမြဲ သွေးတိုးတိုးနေတာ အခု လပိုင်း မယ်လမင်း ကိစ္စဖြစ်တော့မှ အဲဒီ ကလေးကို ငယ်ငယ်က နှို့မှုန့်တိုက်ခဲ့တဲ့ ပြသနာကို သတိထားမိကြပါတယ်။ ပုံမှန် ကလေး တစ်ယောက်က ၅ နှစ်နဲ့ သွေးတိုးစရာ အကြောင်းတော့ မရှိပါဘူး။ ကျောက်ကပ် မှာ ပြသနာ ရှိနေလို့ သာ ဒီလိုဖြစ်တယ်လို့ ယူဆကြပါတယ်။ နောက်ဒီ မယ်လမင်းက တရုတ်မှာ ကလေးထောင်ချီပြီး ဆေးရုံရောက်နေတယ်ဆိုတာ ပြီးခဲ့တဲ့လကတည်းက သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။
