Thursday, October 16, 2008

[My Burmese Blog] 3 New Entries: Blog Action Day 2008 ~ Poverty

Blog Action Day 2008 ~ Poverty

ဒီနေ့ အောက်တိုဘာလ ၁၅ (Octber 15) ရက်နေ့ဟာ နိုင်ငံတကာ Blog Action Day နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာတ၀န်းက ဘလော့ဂ်တွေမှာ ဒီနှစ် အတွက် ခေါင်းစဉ်ဖြစ်တဲ့ Poverty အကြောင်းကို အားလုံးက ဒီနေ့ တစ်ရက်တဲမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့ဂ်ကလဲ ဒီနှစ်အတွက် Blog Action Day ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။


ကျွန်တော်မှာ အကျင့်တစ်ခုရှိတယ် ခင်ဗျ အဲဒါက တစ်ခုခုဖြစ်တိုင်း၊ လုပ်တော့မယ်ဆိုတိုင်း သူများနေရာက နေအရင်ဆုံး ၀င်ခံစားကြည့်တတ်တာပါပဲ.. တခါတလေ လမ်းဘေးမှာ လူတွေ နေစရာမရှိလို့ လမ်းဘေးမှာ အိပ်နေတာကို မြင်ရတဲ့ အခါ၊ ကြမ်းတမ်းတဲ့ ဘ၀ တွေကို တွေ့ ရတဲ့ အခါ အရမ်းကို ခံစားရပါတယ်။ တခါကလဲ မှတ်မိသေးတယ် ကျွန်တော်ကျောင်းအပြန် လိုင်းကားပေါ် ခပ်နွမ်းနွမ်း အ၀တ်အစား၊ ဖိနပ် အစုတ်နဲ့ တက်လာတဲ့ လူကြီးတစ်ယောက် ကားစပယ်ယာကို ပိုက်ဆံမရှိတဲ့ အတွက် ကားခ မပေးနိုင်ကြောင်းပြောနေတာကို မြင်ရတယ်။ သူ့ပုံကြည့်ရတာ အရွယ်ထက် ရုပ်ကပိုရင့်နေတယ်.. ဆံပင်ကလဲ နီကျင်ကျင်နဲ့ စုတ်ပြုတ်နေတယ် လွယ်အိပ်ကလဲ အဖာတွေနဲ့ အကျီကလဲ အရင်တုန်းက အဖြူပါလို့ တော်တော်ပြောယူရမဲ့ အရောင်နဲ့ အပေါက်တွေနဲ့ ကျွန်တော် စိတ်ထဲ မြင်ရတာ စိတ်မကောင်းဘူး။ မိတ်ဆွေတို့ကပြောနိုင်တယ် အလုပ်မလုပ်လို့ ဆင်းရဲနေတာ မဟုတ်လားလို့ မဟုတ်ဖူး ခင်ဗျ အလုပ် လုပ်သည့်တိုင်အောင် ပိုက်ဆံက ဒီခေတ်မှာ ဘာမှကို သုံးလို့ မရနိုင်အောင် ဖြစ်နေခဲ့ပြီ။ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ဘူး ကံကိုပဲ အပြစ်ဆိုရတော့မှာပဲ။

ကျွန်တော် အမေ အသိတစ်ယောက်ဆို မြောက်ဒဂုံမှာ နေတယ်ဗျာ အမှန်တော့ သူက ကျွန်တော်တို့ အိမ်ငှားနေတဲ့ တစ်ယောက်ပါ.. အဲဒီ အကိုတစ်ယောက်ဆိုဗျာ ၂၈ လောက်ပဲ ရှိ ဦးမယ် ကျွန်တော်တို့ အိမ်ငှားနေတာ မိသားစုက သူရယ်၊ သူ့ရဲ့ ရောဂါသယ် အဖေရယ်၊ ဦးလေးရယ်၊ ညီမတစ်ယောက်ရယ် နေကြတာ.. ကျွန်တော်တို့ အိမ်ငှားနေတာ လခတောင် မပေးနိုင်ရှာဘူး ကျွန်တော်တို့ကလဲ ဘာမှ မယူပါဘူး ဒီအတိုင်းပဲ ထားတာပါ.. ဒါတောင် သူ့ခမျာ အဆင်မပြေကြရှာဘူး.. မီတာခတောင် မဆောင်နိုင်လို့ မီးဖျက်လိုက်တာ အမှောင်ထဲ နေကြရှာတယ်.. မီတာခက ဘယ်လောက်ဆောင် ရမှာလဲဆိုတော့ ၃၀၀၀ တဲ့ အမှန်တော့ သုံးထောင်ဆိုတာ သူများတွေအတွက် ရှိုးပွဲမှာ လက်မှတ်တစ်စောင်ဖိုးတောင် မရှိပါဘူး.. ရှိတဲ့သူတွေ ရှိနေပြီးတော့ မရှိတဲ့သူကြတော့လဲဗျာ =( သူဆို နိုင်ငံခြား ထွက်ဖို့ ကြိုးစားနေတယ်ဗျာ ထွက်ရင်လဲ အလုပ်ကြမ်းပဲ လုပ်ရမှာပါပဲဗျာ ကျွန်တော် စိတ်မကောင်းဘူး.. အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်။

သတင်းတွေ အမြဲကြားသိနေရတယ်.. ၈ တန်းအရွယ်လေး ပိုက်ဆံ မတတ်နိုင်တော့လို့ ကျောင်းထုတ်လိုက်ရတာ.. ၁၀ တန်းပြီးလို့ တက္ကသိုလ်မတက်နိုင်ပဲ အလုပ်တွေ လုပ်နေရတာ.. ကလေးလေးတွေ မိုးရေထဲမှာ တကြော်ကြော်အော်တောင်း နေကြတာ၊ မိန်းမမီးဖွား စရိတ်အတွက် နေ့ခင်းကြောင်တောင် အဖမ်းခံရမယ်ဆိုတာ သိရက်နဲ့ ရွှေဆိုင်ထဲ ၀င်လုတဲ့သူ၊ ပိုက်ဆံ အကြွေးတွေ အတွက် ကိုယ့်ကို ကိုယ် အဆုံးစီရင်သွားတဲ့ သူတွေ…. အများကြီးပဲ ဒါ ကျွန်တော့် ကြားသိတဲ့ ကျွန်တော့်နားက ပတ်ဝန်းကျင်ပဲ ရှိသေးတယ်.. ကမ္ဘာတစ်ခုလုံး စာဆိုရင် ဘယ်လောက်များနေလိုက်မလဲ…..

Do You Know ???

မိတ်ဆွေ သိလား ကမ္ဘာပေါ်မှာ ၃ စက္ကန့်ကို တစ်ယောက် ဆင်းရဲမွဲတေမှု ကြောင့် သေနေရတယ်…

မိတ်ဆွေ သိလား 26500 - 30000 ခန့် ရှိတဲ့ ကလေးတွေဟာ နေ့စဉ် ဆင်းရဲမွဲတေမှုကြောင့် သေနေကြရတယ်..

မိတ်ဆွေ သိလား လူပေါင်း 8 Million ခန့် ဟာ နှစ်စဉ် ဆင်းရဲမွဲတေမှု ကြောင့် သေနေရတယ်…

မိတ်ဆွေ သိလား ကမ္ဘာ လူဦးရေရဲ့ 80% ဟာ နေ့စဉ် ၀င်ငွေ 10$ ထက်နဲတဲ့ ၀င်ငွေနဲ့ အသက်ရှင်နေကြ ရတယ်…

မိတ်ဆွေ သိလား ကမ္ဘာပေါ်က ကလေးငယ် 121 million ခန့်က ကျောင်းမတက်နိုင် ကြဘူး…

မိတ်ဆွေ သိလား 400 million ခန့် လူတွေဟာ မသန့်ရှင်းတဲ့ သောက်သုံးရေကို နေ့စဉ် သောက်နေကြရတယ်…

မိတ်ဆွေ သိလား 800 million ခန့် လူတွေဟာ နေ့စဉ် အစာရေစာ ၀၀လင်လင် မစားကြရဘူး…

မိတ်ဆွေ သိလား 24000 ခန့် လူတွေဟာ နေ့စဉ် ဆာလောင်မှု သို့ ဆာလောင်မှုနှင့် ဆက်နွယ် ရောဂါတွေ ကြောင့် နေ့စဉ် သေဆုံးနေကြတယ်…

ကျွန်တော်တို့ ဒါတွေကို ဘယ်လို တားမလဲ.. ကျွန်တော်တို့ အမိုးအကာ အောက်မှာ၊ အိပ်စက်၊ စားသောက် နေတဲ့ အချိန်တိုင်းမှာ လူတွေအများစုက မသန့်တဲ့ ရေကိုသောက် အစာအဟာရ မစားကြရဘဲ ကွင်းပြင်မှာ အိပ် သေကြေ နေခဲ့ကြတယ်… သူတို့ အတွက် လိုတာ ဘာဖြစ်နိုင်မလဲ… ကျွန်တော့် အထင် ကျွန်တော်တို့ အားလုံး လက်တွဲ ဖို့ပဲ လိုတာ မဟုတ်ပါလား….

This Post Is A Part Of Blog Action Day


Blog Action Day 2007

Blog Action Day 2007 on Htoo Tay Zar’s Blog

Credit

Images Via Digital Photo School
Video Via Kevin O’ Connor on Vimeo

Poverty Facts Resources

Global Issues Report
Poverty Around The World
BAD Day on Awearness Blog
Learn About Poverty
Poverty on Wikipedia
Related Posts

သီတင်းကျွတ် လပြည့်နေ့

မနေ့က သီတင်းကျွတ်လပြည့်နေ့ 14 ရက်နေ့မှာ အဘိုးအဘွား၊ ဆွေးမျိုးတွေ လိုက်ကန်တော့ဖြစ်တယ်။ မုန်ဖိုးတွေရတယ်။ နောက် ဘုရားသွားတယ်။ မနေ့က အမေ့မွေးနေ့ လေ အိမ်မှာ ပဲ ထောပတ်ထမင်း လုပ်စားကြပါတယ်။ မနေ့က လူတွေတော်တော်များများ ကြည့်လိုက်ရင် လက်ထဲမှာ ကန်တော့စရာ ပစ္စည်းတွေနဲ့ လမ်းပေါ်မှာ၊ ကားတွေပေါ်မှာ တွေ့ရတယ်။ တချို့ လိုင်းကားတွေ ၂၀၅၊ ၃၅ စတဲ့ လိုင်းတွေက ကားခ အခမဲ့နဲ့ လပြည့်နေ့မှာ ကုသိုလ် လုပ်ကြပါတယ်။


အစက ကျွန်တော် မသိဘူး သီတင်းကျွတ်မှာ ဘာလို့ အဘိုးအဘွား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြလဲ ဆိုတာကိုလေ။ ကျွန်တော်သိတာ မုန့်ဖိုးရဖို့ပဲသိတာ :D အမေ ပြောပြတော့ မှ အဲဒီ အကြောင်းကို သိရတော့တယ်. မြတ်စွာဘုရားက ၀ါတွင်းကလမှာ မယ်တော် မိနတ်သားကို နတ်ပြည်မှာ တရားသွားဟောပြီး ကျေးဇူးဆပ်တာကို ဗုဒဘာသာဝင်တွေက အတုယူပြီး သီတင်းကျွတ်ကာလမှ ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြတာကို မှတ်သားရပါတယ်။ သီတင်းကျွတ်မှာ မြတ်စွာဘုရား တာဝတိသာက ပြန်ကြွလာတာကို ဆီမီးထွန်းပြီး နှစ်တိုင်းပူဇော်ခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။

သီတင်းကျွတ်မှာ လမ်းထဲက ကျွန်တော်တို့ ညီတွေ၊ ညီမတွေ လမ်းသူလမ်းသား လူငယ်တွေ စုပြီး လမ်းဘေးဝဲ ယာမှာ ဆီမီးတွေ ထွန်းကြပါတယ်။ နောက် ဘုရားသွားဖူးကြတယ်။ မနေ့က လပြည့်ညက ကျွန်တော်လဲ မုန့်ဖိုးရတဲ့ ပိုက်ဆံတွေကို Iron Cross ရှိုးပွဲ သွားကြည့်ဖြစ်ပါတယ်။ ပိုက်ဆံပေးပြီး ရှိုးပွဲ ကြည့်ဖူးတာ ပထမဆုံး အကြိမ်ပါပဲ အရင်က ဘော်ဒါတွေရဲ့ underground bands ရှိုးပဲသွားဖူးတာ.. အဆိုတော် အတော်များများပါပါတယ်။ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ နောနော်၊ မောင်မောင် ဇော်လတ်၊ ခင်ဘုန်း၊ ဆုန်သင်းပါရ် တို့ဆိုပါတယ်။ အငဲ နဲ့ လေးဖြူတော့မပါဘူး ခင်ဗျ။ ကိုလေးဖြူက နာဂစ်ရန်ပုံငွေ တစ်ပွဲသာ ဆိုပုံရပါတယ်။ လူအတော်များပါတယ်။

လူငယ်တွေ အတော် များများလာကြတယ်။ တချို့တွေဆို ၀တ်ထားလိုက်ကြတာ နိုင်ငံခြား ရောက်နေသလား မှတ်ရတယ်။ အတော် အံ့သြသွားတယ် တချို့မိန်းကလေးတွေ ညလုံးပေါက်နေကြတယ် ကျွန်တော်ဆို အိမ်က ပြန်မလာသေးဘူးလား မတ်စေ့ပို့တာ ၆ စောင်လောက် တောင် ပို့ပြီးမေးတယ်.. သူတို့တွေ ပိုက်ဆံလဲ အတော်ပေါပုံရတယ်ဗျ အထဲမှာ ရေသန့်တစ်ဘူး ၄၀၀ ရာ ၅၀၀ ဗျာ.. ကျွန်တော်ဆို နှမြောလိုက်တာ.. အဲဒီမှာ ဈေးတောင် ရောင်းချင်လာတယ်။ ထားပါ ကျွန်တော်အဲဒီမှာ အတော်ကြာကြာ သီချင်းနဲ့ ခုန်ပေါက်ပြီး ညရောက်တော့ ပြန်ခဲ့ပါတယ်။ အဲဒီပွဲတုန်းက ပါလာတဲ့ ဖုန်းနဲ့ ချစ်စမ်းမောင်ရဲ့ မြန်မာ့ရိုးရား guitar solo တီးပြသွားတာလေးကို အခုတင်ထားပါတယ် အောက်မှာ ခံစားကြည့်ပါဦး။ ဘာပဲပြောပြော သတင်းကျွတ်ညလေးကတော့ အတော်ပျော်စရာ ကောင်းခဲ့ပါတယ်။


Myanmar Guitarist Chit San Maung from Htoo Tay Zar on Vimeo.

Related Posts

Melamine Tainted Product Lists

သတင်းကျွတ် လပြည့်နေ့က အဘိုး၊ အဘွား၊ ဆွေမျိုးတွေကို လိုက်ကန်တော့ရင်း စကားစပ်မိတဲ့ မယ်လမင်း (melamine) ပါတဲ့ ထုတ်ကုန်တွေ အကြောင်းကို ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ ဆီမှာလဲ နို့မှုန့်ကို ကလေး အဟာအဖြစ်၊ စားသောက်ကုန်တွေ၊ ရေခဲမုန့် စတာတွေမှာ ကုန်ကြမ်းအဖြစ် တွင်တွင် ကျယ်ကျယ် သုံးပါတယ်။ ကျွန်တော်တို့ အမျိုးထဲက ၅ နှစ် အရွယ် ကလေးတစ်ယောက်က အမြဲ သွေးတိုးတိုးနေတာ အခု လပိုင်း မယ်လမင်း ကိစ္စဖြစ်တော့မှ အဲဒီ ကလေးကို ငယ်ငယ်က နှို့မှုန့်တိုက်ခဲ့တဲ့ ပြသနာကို သတိထားမိကြပါတယ်။ ပုံမှန် ကလေး တစ်ယောက်က ၅ နှစ်နဲ့ သွေးတိုးစရာ အကြောင်းတော့ မရှိပါဘူး။ ကျောက်ကပ် မှာ ပြသနာ ရှိနေလို့ သာ ဒီလိုဖြစ်တယ်လို့ ယူဆကြပါတယ်။ နောက်ဒီ မယ်လမင်းက တရုတ်မှာ ကလေးထောင်ချီပြီး ဆေးရုံရောက်နေတယ်ဆိုတာ ပြီးခဲ့တဲ့လကတည်းက သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။


ကျွန်တော်တို့ ဆီက Dumex နို့မှုန့် company ဆို အဲဒီ တရုတ် နို့မှုန့် ပြသနာဖြစ်တော့ သူ့ဆီက နှို့မှုန့်တွေ အ၀ယ်အတော် လိုက်သွားပါသေးတယ်.. အဲဒီ အတွက် အဲဒီ company က ဈေးတက်ဖို့ မရှိပါဘူး ဘာညာပြောပြီးမှ မကြာသေးဘူး သူလဲ အဲဒီ black lists စာရင်းထဲ ပါသွားပါတယ်။ ကျွန်တော်တို့ဆီမှာပဲ ထုတ်တဲ့ အခြား နို့မှုန့် ထုတ်ကုန်တွေလဲ အတော်များများ ပါပါတယ်။ ဥပမာ - တီဗီမှာ ဗေလုဝ နဲ့ ကြော်ငြာနေတဲ့ Rainbow နှို့မှုန့် ပါပါတယ်၊ နောက် Crown နှို့မှုန့်လဲပါပါတယ်.. သူတို့တွေကို သတင်းစာကနေ ကြေငြာသွားပါတယ်။ PEP, Appeton, Overtine တို့တော့ အခုထိ ပါတယ်ပြောတာ နိုင်ငံခြားမှာရော ပြည်တွင်းမှာပါ မတွေ့ရသေးပါဘူး။ ကျွန်တော့်ဆီကို forward mail က ရောက်လဲတဲ့ မယ်လမင်း ပါဝင်တဲ့ ထုတ်ကုန် စာရင်း ကြည့်လိုက်တော့ ချောကလက်လေးတွေ တန်းစီဆိုတဲ့ M&M Chocolate ပါတာတွေ့ရပါတယ်.. Nestle, Dove တို့လဲ တွေ့ရပါတယ်။ ကျွန်တော် အခုအပတ်ထဲမှာ စာမေးပွဲဖြေတုန်းက ညကော်ဖီ ဖျော်တဲ့ အထဲ အများကြီးထည့်တဲ့ နွားနီလို့ ခေါ်တဲ့ တရုတ်က လာတဲ့ အနီရောင် လိပ်ပြာပုံ၊ နွားပုံလေးတွေနဲ့ အထုတ်လဲပါ ပါတယ်။ ကျွန်တော်လဲ ဆေးရုံမှာ ကလေးတွေကြားထဲ ရောက်ရင် ရောက်ရတော့မယ် ထင်တယ် ခင်ဗျ :D .. ကျွန်တော်က နို့မှုန့်ကြိုက်တယ်. အောက်မှာ မေးလ် ထဲက ရတဲ့ စာရင်းကို တင်ထားလိုက်ပါတယ်…

Products Recalled - Melamine Contaminated

BRAND II ITEM DESC
1 BAIRONG GRAPE CREAM CRACKERS
2 DOVE H/NUT ALM & RAISIN CHOC
3 DOVE HAZELNUT CHOC
4 DOVE MILK CHOCOLATE
5 Dreyers Choc Cake Ice Cream 887ml
6 Dreyers Choc Cake Ice Cream 887ml
7 Dreyers Cookie & Cream Ice Cream 887ml
8 Dreyers Cookie & Cream Ice Cream 887ml
9 Dreyers Mint Chip Ice Cream 887ml
10 Dreyers Mint Chip Ice Cream 887ml
11 Dreyers Rocky Road Ice Cream 887ml
12 Dreyers Rocky Road Ice Cream 887ml
13 Dreyers Strawberry Ice Cream 887ml
14 Dreyers Strawberry Ice Cream 887ml
15 Dreyers Toast Almond Ice Cream 887ml
16 Dreyers Toast Almond Ice Cream 887ml
17 Dreyers Vanilla Ice Cream 887ml
18 Dreyers Vanilla Ice Cream 887ml
19 DUTCH LADY STER M LF BANANA
20 DUTCH LADY STER MK LF PLAIN
21 DUTCH LADY STER MK LF CHOC
22 DUTCH LADY STER MK LF SBERRY
23 DUTCH LADY STER M LF HNYDEW
24 DUTCH LADY STER M LF HNYDEW
25 DUTCH LADY STER MILK PLAIN
26 DUTCH LADY STER MK LF CHOC
27 DUTCH LADY STER MK LF SBERRY
28 DUTCH LADY STER M LF BANANA
29 FIRST CHOICE CALCIUM SESAME CRACKERS
30 FIRST CHOICE CALCIUM SALTINE CRACKERS
31 FIRST CHOICE CALCIUM S ONION CRACKERS
32 FIRST CHOICE CALCIUM SEAWEED CRACKERS
33 GINBIS PARTY ANIMAL BUTTER BISC
34 GINBIS PARTY ANIMAL SEAWEED BIS
35 GINBIS PARTY ANIMAL CNUT
36 GINBIS ANIMAL BISCUIT
37 Koala Cocoa Biscuit 40g
38 Koala Cocoa Biscuit 40g
39 KRAFT OREO WAFER STICKS 18S
40 KRAFT OREO WAFER STICKS 5S
41 KRAFT OREO W/STICK WH CHOC 18S
42 KRAFT OREO W/STICK WH CHOC 5S
43 Lotte Koala Cocoa Funpack 210g
44 Lotte Koala Cocoa Funpack 210g
45 M & M Chocolate Peanut 200g icon_cry.gif
46 M & M Chocolate Peanut 200g icon_cry.gif
47 M&M CHOC CANDIES PLAIN% icon_cry.gif
48 M&M CHOC CANDIES PEANUT% icon_cry.gif
49 M&M CHOC CANDIES-PLAIN icon_cry.gif
50 M&M CHOC CANDIES-PEANUTS icon_cry.gif
51 M&M FUNSIZE MILK icon_cry.gif
52 M&M FUNSIZE PEANUT icon_cry.gif
53 M&M Chocolate Candies Plain 200g icon_cry.gif
54 M&M Chocolate Candies Plain 200g icon_cry.gif
55 MEIJI UJIKINTOKI 2978
56 MEIJI UMAKABO CHOCOLATE
57 MEIJI FAMILY PACK-GREEN TEA
58 MEIJI CHESTNUT & REDBEAN
59 MENTOS BOTTLE YOGHURT PROMO PK
60 MENTOS BOTTLE YOGHURT
61 Monmilk BREAKFAST MILK MALT
62 Monmilk BREAKFAST MILK WALNUT 6S
63 Monmilk BREAKFAST MILKMALT 6S
64 Monmilk CHOCOLATE MILK 6S
65 Monmilk COFFEE MILK 6S
66 Monmilk HI CAL LOW FAT
67 Monmilk HI CAL LOW FAT MILK
68 Monmilk HI CAL LOW FAT MILK 6S
69 Monmilk HI CAL MILK
70 Monmilk HI CAL MILK 6S
71 Monmilk MILK DELUXE 12S
72 Monmilk PURE MILK
73 Monmilk PURE MILK
74 Monmilk PURE MILK 6S
75 MonmilkBREAKFAST MILK WALNUT
76 NABISCO IN A BISKIT CHICKEN
77 NESTLE NES D/STICK MINI VANILLA
78 NESTLE NES DISTICK MINI CHOCO
79 NESTLE MILK & BERRY STARS CRL
80 NO FRILLS WAFER BLUEBERRY
81 NO FRILLS WAFER CHOCOLATE
82 NO FRILLS WAFER PEANUT
83 Orion Fresh Pie 138g
84 Orion Fresh Pie 138g
85 Orion Tiramisu 138g
86 Orion Tiramisu 138g
87 PEI TIAN CREAM BISCUIT
88 Rabbit Milk Sweet 150g
89 SILANG NATURAL OAT CRACKER
90 Snicker Candies Funsize 240g
91 Snicker Candies Funsize 240g
92 SNICKERS PEANUT CHOCOLATE%
93 SNICKERS SNACKSIZE BARS PNUT 5
94 TAKE ONE BABY BITES 24S
95 TAKE ONE BABY BITE CK VG
96 TAKE ONE BABY BITE CARROT
97 Vitasoy Chocolate Drink 4s 125ml
98 Vitasoy Chocolate Drink 4s 125ml
99 Vitasoy Melon Soya Bean Milk 4s 125ml
100 Vitasoy Melon Soya Bean Milk 4s 125ml
101 Vitasoy Q Soya Milk 4s 125ml
102 Vitasoy Q Soya Milk 4s 125ml
103 WANT WANT MILK CANDY
104 Want Want Flavoured Milk 250ml
105 Yili Hi Cal Low Fat Milk 1L
106 Yili Hi Cal Low Fat Milk 6s 250ml
107 Yili Hi Cal Milk 1L
108 Yili Hi Cal Milk 6s 250ml
109 Yili Pure Milk 1L
110 Yili Pure Milk 6s 250ml
111 Youcan Masterbean Multipack
112 Youcan Passion Multipack
113 Youcan Silk Sliced and Passion Strawberry
114 Youcan Stawberry Multipack
115 Youcan Traditional Sesame Multipack 4s
116 Youcan Unusual Multipack 4s
Related Posts

You received this email because you are subscribed to the real_time feed for http://www.htootayzar.com/myblog/feed/. To change your subscription settings, please log into RSSFWD.