Thursday, November 13, 2008

[Moon Thet Pan] 1 New Entry: ဂီတနှင့် ကျန်းမာရေး

ဂီတနှင့် ကျန်းမာရေး

ကိုယ်လက်လှုပ်ရှားမှုပြုလုပ် ချိန်မှာ တေးဂီတကိုနားထောင်တာဟာ လူကိုပိုမိုတက်ကြွစေပြီး ပျော်ရွှင်စေပါတယ်။ ယခုနှစ်ပိုင်းတွင် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ တေးဂီတဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုတယ်ဆိုတာ တွေ့ရပါတယ်။

ဂီတနှင့် နှုတ်မှုရေးရာ

လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှု တခုတည်းပြုလုပ်ရုံဖြင့် သင့်ရဲ့စိတ်အခြေအနေနှင့် ဆုံးဖြတ်နိုင်မှုစွမ်းအားများကို တိုးတက်စေမည်ဖြစ်ပြီး တေးဂီတနှင့်အတူ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပါလျှင် ထိုအကျိုးကျေးဇူးများအပြင် သင့်ရဲ့နှုတ်မှုရေးရာပါ တိုးတက်မှာ ဖြစ်ပါတယ်။

၂၀၀၃ နှစ်တွင် လေ့လာချက်များ အရ လေ့ကျင့်ခန်းလုပ်စဉ်အတွင်းမှာ တေးဂီတကို နားဆင်မည်ဆိုပါလျှင် နှလုံးသွေးကြော ရောဂါရှိသူများတွင် နှုတ်မှုရေးရာ တိုးတက် လာတယ်လို့ သိရှိရပါတယ်။

နှလုံးသွေးကြောရောဂါရှိသူများတွင် ကျိုးကြောင်းဆီလျှော်အောင် တွေးခေါ်မှုအား လျော့ကျ နေတတ်တာကို တွေ့ရပါတယ်။ လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှုများကို ဂီတနှင့်အတူ ပြုလုပ်သူတွေမှာ နှုတ်မှုရေးရာ တိုးတက်မှုဟာ ကိုယ်လက်လှုပ်ရှားမှု တခုတည်းကိုသာ ပြုလုပ်သူများထက် နှစ်ဆမက တိုးတက်လာတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဂီတနှင့် စိတ်ဖိစီးမှု

တေးဂီတဟာ ကိုယ်လက်လှုပ်ရှားမှုနှင့် တွဲဖက်၍ဖြစ်စေ မတွဲဖက်ဘဲဖြစ်စေ လူသားတို့ကို စိတ်ပိုင်းဆိုင်ရာကို ပုံမှန် လည်ပတ်စေတယ်လို့ ဆိုပါတယ်။ ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင် ဖန်တီးပေးတတ်ပါတယ်။

ယခုနှစ်များမှာ တေးဂီတဟာ အနာကျက်မှုကို ပိုမိုမြန်ဆန်စေတယ်ဆိုတာကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ က သဘောပေါက်လာကြပါတယ်။ တေးဂီတရဲ့ သံစဉ်၊ စာသား၊ လှိုင်းအနိမ့်အမြင့် စတဲ့ အရည်အသွေးတွေက ဝေဒနာရှင်တွေကို အတိုင်းအတာတစ်ခု အထိ ငြိမ်းချမ်းစေပြီး ပုံမှန်ကျန်းမာရေးအခြေအနေကို အမြန်ပြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ကလေးအထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ Linda Fisher က ဆိုထားပါတယ်။ ဥပမာ၊ စောင်းသံချိုချိုဟာ နှလုံး ဆိုင်ရာနဲ့ပတ်သတ်ပြီး ရောဂါရှိသူများအတွက် များစွာအထောက်အကူ ပေးပါတယ်။ Harvard တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးခုန်ချက်တွေဟာ classical music နဲ့အတော်လေးကို ဆင်တူပြီး စောင်းသံချိုချိုကလည်း နှလုံးခုန်ချက်တွေကို ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ၁၉၉၀ နှစ်များက လေ့လာချက်အရ တေးဂီတဟာ ခွဲစိတ်ကုသနေတဲ့ ဝေဒနာရှင်တွေရဲ့ နှလုံးခုန်နှုန်းတွေကို လျော့ကျစေပြီး၊ သွေးပေါင်ချိန်နှင့် အသက်ရှုနှုန်းတို့ကို ပုံမှန်ဖြစ်စေတယ်လို့ သိရပါတယ်။

တေးဂီတနှင့် မိခင်လောင်း

စိတ်ဖိစီးမှု၊ စိတ်ကျမှုနှင့် စိတ်ပူပန်မှုများဟာ ကိုယ်ဝန်ဆောင်များအနေနှင့် အများဆုံး ရင်ဆိုင်ရတဲ့ ပြသနာတွေဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွင်လေ့လာချက်များအရ နူညံ့ညင်သာသော တေးသွားများကို နားထောင်တဲ့ ကိုယ်ဝန်ဆောင် များမှာ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်မှုတို့ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်များတွင် စိတ်ကျမှုကို သက်သာစေရန် သုံးသော ဆေးများဟာ ရင်သွေးငယ်ကို ထိခိုက်စေတယ် မထိခိုက်စေဘူးဆိုတာ ယခုထိတိုင် အတိအကျ မသိနိုင်သေးပဲ ရှိနေပါတယ်။ ဒါကြောင့် ဈေးလည်းသက်သာ ရိုးရှင်းတဲ့ ကုသမှုတစ်ခုဖြစ်တဲ့ တေးဂီတကို နားထောင်ပေးခြင်းဖြင့် ဝေဒနာခံစားမှုကို သက်သာစေမှာဖြစ်တဲ့အပြင် မိမိရင်သွေးကိုလည်း စိတ်ကျပျောက်ဆေး ဆိုးကျိုးများရဲ့ဒါဏ်မှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ထို့ပြင် တေးဂီတကို နားထောင်ခြင်းဖြင့်

၁။ လေဖြတ်ထားသူတွေမှာ ခန္ဓာကိုယ် လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း

၂။ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း

၃။ အာရုံစူးစိုက်မှုကို အားပေးခြင်း

၎။ နာကျင်မှုကို သက်သာစေခြင်း

၅။ လူရော စိတ်ကိုပါ ပျော်ရွှင်စေခြင်း

၆။ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း တို့ကို ဖြစ်စေပါတယ်။

ဘယ်လို တေးဂီတမျိုးကို နားဆင်သင့်ပါသလဲ ။

အထက်မှာဖော်ပြထားတဲ့အတိုင်း ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင် ဖန်တီးပေးတတ်တာမို့ မိမိတို့ စိတ်အခြေအနေနဲ့ သင့်တော်တဲ့ တေးဂီတအမျိုးအစား ကို ရွေးချယ် နားဆင်နိုင်ပါတယ်။

နူးညံ့ညင်သာတဲ့ တေးသွားများအပြင် သဘာဝအသံကလေးများဖြစ်တဲ့ ငှက်ကလေးများရဲ့အသံ၊ မိုးတစိမ့်စိမ့်ရွာသံ၊ ဖားအော်သံနှင့် ပင်လယ်ရေလှိုင်းခတ်သံများ ဟာလည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

နူးညံ့တဲ့တေးသွားတွေဟာ ဝေဒနာရှင်တွေရဲ့စိတ်ကို ပြေလျော့စေပြီး ဆေးကုသမှု၊ ခွဲစိတ်ကုသမှုများကို အထောက်အကူဖြစ်စေပါတယ်။

ဘယ်လိုအကျိုးကျေးဇူးများကို ရစေပါမလဲ။

တေးဂီတနှင့် ကိုယ်လက်လှုပ်ရှားမှု ပေါင်းစပ်ခြင်းဖြင့်သင့်အား …

၁။ သင်ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်သေးပေမယ့် အတန်အသင့် လှုပ်ရှားနေချိန် အတွင်းမှာ သင်ရဲ့ ပင်ပန်းမှုတွေကို ၁၀ %ထိ လျှော့ချပေးမှာဖြစ်ပါတယ်။

၂ ။ သင့်ရဲ့စိတ်ကို တေးဂီတက လွှမ်းမိုးနေချိန်မှာ သင့်ရဲ့တွေးခေါ်မှုတွေဟာ အကောင်းမြင်ဝါဒဘက်မှာ ရှိနေမှာ ဖြစ်ပြီး စိတ်တက်ကြွမှု၊ ပျော်ရွှင်မှုများနဲ့ သင်ဟာ ဘ၀ကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တေးဂီတဟာ သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ မောပန်းနွမ်းနယ်မှု၊ ဒေါသ ၊ တွေဝေခြင်းတို့ကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

၃။ ကောင်းမွန်ပျော်ရွှင်စရာ ကောင်းတဲ့ သွေးပူလေ့ကျင့်ခန်း ကိုပေးပါလိမ့်မယ်။

၎။ သင့်ရဲ့ လက်ရှိအချိန်တွေဟာ ပြိုင်ဆိုင်မှုများနဲ့ပြည့်နှက် နေမယ်ဆိုရင် သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုများကို ကျော်လွှားစေမှာဖြစ်ပြီး သင့်ရဲ့ စိတ်လှုပ်ရှားမှုများကို ထိန်းကျောင်းပေးမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ကိုယ်သင့် တေးဂီတနဲ့အတူ လေ့ကျင့်ခန်းမှန်မှန် လုပ်ဖို့ရာ တိုက်တွန်းခြင်းဟာ အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုနေ့စဉ်စားသုံးခြင်းလိုပဲ အရေးကြီးလှပါတယ်။

မွန်းသက်ပန် (ဆေး-၁)

လောကအလှ အွန်လိုင်းမဂ္ဂဇင်း၊ နိုဝင်ဘာလ ၈ ရက်၊ ၂၀၀၈ ခုနှစ်

Sources # live science. Amazing power of music revealed. 15th October 2008.

# Mercola.com. The amazing power of music revealed. 4th November 2008.

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မုတ်သုန်လေ] 1 New Entry: အရိပ်မဲ့ဆောင်းနေ့ရက်များ

အရိပ်မဲ့ဆောင်းနေ့ရက်များ


ဆောင်းက၀င်မယ်မကြံသေး
သူတို့ကတော့ အေးပြနေပြန်ပြီ…
အေးကြ အေးကြ သေလုမတတ် အေးပြကြ
ခဲနေသောသူအတွက် အေးခြင်းလောက်က မှုစရာမရှိ
နေညိုချိန်အရိပ်မဲ့ကောင်းကင် တိမ်တောက်ချိန်က အလှဆုံး
နောက်ဆုံးမီးတောက် ပိုအားပြင်းတယ်ဆိုတာ ယုံတယ်
ဒီတခါဖြတ်သန်းရတဲ့လမ်း ခါတိုင်းထက်ပိုကြမ်းတယ်ဆိုတာ ယုံတယ်
ဖုတ်ဖက်ခါထ နွားရိုင်းသွင်းချိန် အပ၀င်တာ ဘာဆန်းသတုန်း
ညခါးခါးတွေဖြတ်သန်း၊ အမူအယာတွေပျက်ယွင်းနေတယ်ဆိုရင်လည်း
ဖုတ်တစ်ကောင်ရဲ့ နောက်ဆုံးအချိန်ဖြစ်နိုင်တာမို့
အမြန်ဆုံး ကျွတ်တန်းဝင်ပါစေကြောင်း။

      

You received this email because you are subscribed to the real_time feed for http://mothonlay.wordpress.com/feed/. To change your subscription settings, please log into RSSFWD.

[Dawnmanhon( ဒေါင်းမာန်ဟုန် )] 3 New Entries: မြန်မာနိုင်ငံမှာ အင်းစိန်အကျဉ်းထောင်တွင်းက ထောင်တွင်းတရားရုံးက ဖမ်းဆီး

မြန်မာနိုင်ငံမှာ အင်းစိန်အကျဉ်းထောင်တွင်းက ထောင်တွင်းတရားရုံးက ဖမ်းဆီး

ထိန်းသိမ်းထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို စီရင်ချက်ချမှတ်ခဲ့ပြီး အများစုဟာ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီလို စီရင်ချက်ချခံခဲ့ရတဲ့၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦး ရှိခဲ့ပါတယ်။ သူတို့အထဲက မနီလာသိန်းဟာ သူတို့အထဲကပဲ ထောင်ဒဏ်ချမှတ်ခြင်းခံရတဲ့ ကိုဂျင်မီရဲ့ဇနီးဖြစ်ပြီး မနှစ်က ကိုဂျင်မီကိုလာရောက်ဖမ်းဆီးစဉ်မှာ ၄ လအရွယ် သမီးကလေးကို ထားရစ်ခဲ့ပြီး တိမ်းရှောင်နေခဲ့
ရာက ဒီနှစ်ထဲမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အခုစီရင်ချက်ချမှတ်ခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးတို့အတွက် လမ်းလျှောက်ဆန္ဒပြကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက် အမှုကို စတင်
စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယ ၀န်ကြီးရုံးက အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေအပေါ် ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်တာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တဲ့ ကြေညာချက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အခု ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခြင်းခံကြရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မိမိတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသတာကလွဲလို့ ဘာမှမဟုတ်မမှန်တာတွေ လုပ်ဆောင်ခဲ့တာမဟုတ်သလိုမြန်မာနိုင်ငံ ကောင်းမွန်တိုးတက်ရေးအတွက် အခြားသူတွေနဲ့ အတူတကွ လုပ်ဆောင်လိုတဲ့ သူတို့ရဲ့ ဆန္ဒပြင်းပြမှုကို အစဉ်အမြဲ ထုတ်ဖော်ပြသနေသူတွေသာ ဖြစ်တယ်လို့
ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယ၀န်ကြီး ဘေးလ်ရာမဲ (Bill Rammell) က ပြောဆို
လိုက်ပါတယ်။
အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တာဟာ ဆိုးရွားနေတဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ကောင်းမွန်တိုးတက်အောင်၊နိုင်ငံရေးမှာ ပါဝင်ပတ်သက် ဆောင်ရွက်မှုတွေ တိုးများလာအောင် လုပ်ဆောင်ဖို့တွေအတွက် မြန်မာအာဏာပိုင်တွေမှာ စိတ်ဆန္ဒမရှိဘူးဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်လို့လန်ဒန်အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ တာဝန်ရှိသူ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က မနေ့ကပြောဆိုလိုက်ပါတယ်။

X WARRIORS


ရဲဘော်တို့ ခင်ဗျား ကျနော်တို့ ၏ xwarriors အကြောင်းကို စစ်အာဏာရှင်များ နှင့်နောက်လိုက်နောက်ပါများ သိအောင် လိုအပ်သလို ဖော်ပြပေးစေချင်ပါသည်။
လေးစားလျက်
နောင်ရိုး

ကျောင်းသားခေါင်းဆောင်များကို ထောင် ၆၅ နစ်ချမှတ်


၈ လေးလုံးမျိုး ဆက်ခေါင်းဆောင်များ၁၄ ဦးကို ကို စစ်အစိုးရ ထောင်ဒဏ် ၆၅ နစ် မတရားထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ခေါင်းဆောင်များကတော့
၁- ကိုမင်းဇေယျ
၂- ကိုဂျင်မီ
၃- ကိုဇော်ဇော်မင်း
၎- ကိုသန်းတင်
၅ - ကိုဇေယျ ( လူဘောင်သစ်)

၆- ကိုအံဘွယ်ကျော်
၇- ကိုကျော်ကျော်ထွေး
၈- ကိုပန်တိတ်ထွန်း
၉- ကိုသက်ဇော်
၁၀- မသင်းသင်းအေး (ခ) မမီးမီး
၁၁- မမာမာဦး
၁၂- မနီလာသိန်း
၁၃- မစန္ဒာမင်း
၁၄- မသက်သက်အောင် တို့ ဖြစ်ကြပါတယ်။ မစုစုနွေး ကိုလည်းထောင် ၁၂ နစ်ခွဲ ချမှတ် ပါတယ်။

မင်းကိုနိင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့ ကိုမူ မသိရသေးပါ။ ကိုမင်းဇေယျ က ၆၅ နစ်ထဲလားကွာ ဟု ကြွေးကြော်သွားကြောင်းသိရပါတယ်။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 2 New Entries: ရွှေတိဂုံဘုရားပေါ်တွင် တန်ဆောင်တိုင် မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်မှု နှင့် ဘုရားဖူးများ

ရွှေတိဂုံဘုရားပေါ်တွင် တန်ဆောင်တိုင် မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်မှု နှင့် ဘုရားဖူးများ

ရွှေတိဂုံဘုရားပေါ်တွင် တန်ဆောင်တိုင် မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်မှု ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ရာ ဘုရားဖူးများကို တွေ့ရစဉ်။

ဓါတ်ပုံအား ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

"ဘယ်သူတွေ ဘာပြောမလဲ ... ဒါ ... တရားဝင်လုပ်တာ"

ကာတွန်း ဟန်လေး ဧရာဝတီ |

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[May Nyane] 2 New Entries: မွေးနေ့ဆုမွန်

မွေးနေ့ဆုမွန်

ကျမ ဘလော့လောကထဲ စရောက်ကတည်းက ချစ်ခဲ့ရတဲ့ ဘလော့ဂါသမီးလေးတယောက်..
ဒီနေ့ နိုဝင်ဘာ ၁၃ရက်နေ့မှာ အသက်၂၇နှစ် ပြည့်သွားပါပြီတဲ့..။
သမီးလေး ၂၇နှစ်ပြည့်မှသည်.. နောင်နှစ်များစွာတိုင်.. စိတ်ချမ်းသာ.. ကိုယ်ကျန်းမာနဲ့
အေးချမ်း တည်ငြိမ် မှန်ကန်မြဲမြံတဲ့ ဘ၀လမ်းကို အရှည်အကြာကြီးး လျှောက်ခွင့်ရပါစေ..။
ချစ်တဲ့သူတွေနဲ့ အတူတကွ... ဆန္ဒရှိသမျှ နေခွင့်ရပါစေ..။
မချစ်မနှစ်သက်သူတွေနဲ့လည်း ကင်းဝေးပါစေ..။


(အဲလိုလေးလည်း နေရပါစေ..)

(အဲလိုလေးလည်း အိုမင်းသည်အထိ ......နေသွားရပါစေ)


မြသီလာအလွမ်းပြေ(၁၆)

၁၉၉၁နှစ်ဆန်းစ နေ့ရက်တွေဟာ ကျမအတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။ ကျောင်းကနေ မီးဖွားခွင့်လည်းရပြီ။ သားဖွားမီးယပ် အထူးကုဆရာဝန်မကြီး ဒေါက်တာဒေါ်စမ်းရီက Due Date ပေးတာ ဖေဖော်ဝါရီ ၂၇။ ကျမက Ultra Sound မရိုက်။ အနားမှာ ရှိတဲ့ သူငယ်ချင်း ဆရာဝန်လောင်း တွေက အားပေးတယ်။ မရိုက်နဲ့ ကောင်းတယ်တဲ့။ ကျမဗိုက်ကြီးက အကြီးကြီးပဲ..။ ဒါပေမဲ့ ကျမ သိပ် နေလို့ ကောင်းတယ်။ ကျန်းမာရေး သိပ်ကောင်းတယ်။ အဲဒီ မီးဖွားခွင့်ကာလထဲမှာပဲ ကျမ မီးခိုးငွေ့မီးခိုးမျှင်ကို အပြီး ရေးတာပါ။ ညနေဆို ကျောင်းတပတ် လမ်းလျှောက်.. ကျောင်းရှေ့က ရေပန်းစင်မှာ တမေ့တမောထိုင်ရင်း တွေးရင်း မီးခိုးငွေ့ မီးခိုးမျှင်ကို အပြီးသတ်နိုင်ခဲ့တာပါပဲ။

(မျက်နှာဖုံးဒီဇိုင်း- မောင်သီဟ ပါ)

ပြောသာပြောတာ.. ကျမက မီးခိုးငွေ့မီးခိုးမျှင်ကို ရေးရတာ စိတ်အပင်ပန်းဆုံး။ ပြီးတော့ ကိုယ့်ဘာသာ ပြန်ပြီး အကြိုက်ဆုံး ဖြစ်တဲ့ ၀တ္ထု။ အဲဒီထဲက ဇာတ်ကောင်က Psychosis Character... ကျမသူငယ်ချင်း အက်စ် ခိုင်ငြိမ်း စိတ်ဆိုးလောက်တဲ့ ဇာတ်ရုပ်ပေါ့.. သူကတော့ စိတ်မဆိုးရှာပါဘူး။ အဲဒီထဲက ဇာတ်လိုက်နာမည်က ခိုင်ငြိမ်းလေ.. :P ။ (နောက်ပိုင်း အဲဒီဝတ္ထုကို ဒါရိုက်တာ တယောက်က ၀ယ်ပြီး ဒွေးနဲ့ ရိုက်ဖို့ စီစဉ်ဖူးတယ်.. ဒါပေမဲ့ စိစစ်ရေးက တကယ့် Theme ကိုမှ ပြင်ခိုင်းတာ.. ပြင်မပေးနိုင်လို့ မရိုက်ဖြစ်ခဲ့တော့ပါဘူး)။ အဲဒီ ၀တ္ထုပြီးတော့ ဖေဖော်ဝါရီ လလယ်..။ ဒီလိုနဲ့ Due date ဖေဖော်ဝါရီ ၂၇ရက်နေ့ကို ရောက်လာတယ်။ မှတ်မှတ်ရရ Due date က တပေါင်းလပြည့်ည...။ အဲဒီနေ့မှာ ကျမက နည်းနည်းလေးမှတောင် သရိုးသရီမဖြစ်။ ပြီးတော့ ရွှေတိဂုံဘုရားသွားချင်နေတာလည်း အလွန်အမင်း...။

မာမာ(ယောက္ခမ)က မလုပ်ပါနဲ့ သမီးရယ်လို့ တား..။ ကျမက သွားချင်..။ သူကတော့ ထုံးစံအတိုင်း ကိုယ့်ဘာသာ ရင်ဆိုင်နိုင်ရင် တာဝန်ယူနိုင်ရင် ကြိုက်တာလုပ်ပေါ့..။ အဲလို..။ နောက်ဆုံးတော့ ကျမတို့ ရွှေတိဂုံဘုရား တက်ဖြစ်သွားပါတယ်။ တက်တာမှ ဓာတ်လှေကားနဲ့ မဟုတ်..။ ရိုးရိုးလှေကားနဲ့။ ကိုယ်ဝန်က နေ့စေ့လစေ့..။ တခုခုဖြစ်လို့ကတော့ ဘယ်သူမှ သနားမှာမဟုတ်တဲ့ အလုပ်ပေါ့။ ဘုရားဖူးပြီး အနောက်ဘက်မုခ်ကနေ ပြန်ဆင်း.. အုန်းစိမ်းရည်သောက် (ကိုယ်ဝန်ဆောင်က အုန်းစိမ်းရည် သောက်ရတယ် ဆိုလို့)။ အိမ်ပြန်...။

ဒီနေရာမှာ ကျမနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကို ကျမ ပြောပြဖူးလို့ သိနေတဲ့ အဖြစ်အပျက်လေးတခု ပြောပြချင်ပါတယ်။ အိမ်အပြန် ကျောင်းဝင်းဝရောက်တော့ ည ၁၀နာရီကျော်ပြီ။ ကျောင်းဝင်းက အမြဲတမ်းကလိုပဲ လူရှင်းနေတာပေါ့။ နှစ်ယောက်သား ထုံးစံအတိုင်း Block ရှေ့ကနေဖြတ်... ရေပန်းအ၀ိုင်းကို ဖြတ်ထွက်.... ပြီးတော့ ဗိသုကာဌာနဘက်ဆင်းတဲ့ စကြံ င်္လှေကားဆီ အလာ..။ သီရေတာတွေရှိရာ အမှောင်ဘက်ကနေ ခရေပင်တန်း လမ်းလေးအတိုင်း ရုပ်ရည်သန့်သန့် လူငယ်လေး တယောက် လမ်းလျှောက်လာနေတာ တွေ့လိုက်ရပါတယ်။ ကျမတို့ နှစ်ယောက်လုံး ဘသူများပါလိမ့်လို့ တွေးမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ RIT ၀င်းလေးက ၀န်ထမ်းတွေရဲ့ ရွာလေးတရွာလို ဖြစ်နေတာမို့လို့ ၀င်းထဲမှာ နေတဲ့သူတွေအချင်းချင်း တယောက်နဲ့ တယောက် သိပ်သိကြပါတယ်။ ခု လမ်းလျှောက်လာတဲ့ လူငယ်လေးကိုတော့ ကျမတို့ နှစ်ယောက်လုံး မသိကြပါဘူး။ ကျောင်းပိတ်ရက်မို့ ကျောင်းသားလည်း မဖြစ်နိုင်ပါဘူး။ ပြီးတော့ ထူးခြားတာက သူက ကျမတို့နဲ့ ခဲတပစ်သာသာလောက်ပဲ ဝေးပေမဲ့ ကျမတို့ကို နည်းနည်းမှ လှမ်းမကြည့်ဘူး။ သူ့မျက်နှာကလည်း နည်းနည်း နွမ်းနေသလိုပဲ။ သူ့အမူအယာက ကျမတို့ကို မမြင်ဘဲ သူ့စိတ်ကူးနဲ့သူ လျှောက်သွားနေသလိုမျိုး။

အဲဒီခဏလေးမှာပဲ ရုတ်တရက် ကျမတကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲ စိမ့်ကနဲ...။ တမျိုးကြီးပဲ.. ကျမ တခါမှ အဲလို မခံစားရဖူးပါ။ ဆောင်းညမို့ ရုတ်တရက် ချမ်းသွားသလားလို့တောင် ကျမတွေးလိုက်ပါသေးတယ်။ ကျမတို့ နှစ်ယောက် လည်း အဲဒီအချိန်လေးအတွင်းမှာ စကားမပြောဖြစ်ပါဘူး။ အဲဒီအချိန်မှာပဲ ခုန လူငယ်လေးက ခရေလမ်းကလေးကနေ မီးတွေလင်းနေတဲ့ ပင်မဆောင်ကြီးဆီ ၀င်တဲ့ တံခါးပေါက်လေးဘက်ကို ချိုးဝင်လိုက်ပါတယ်။ အော.. အစောင့်ဝန်ထမ်း အသစ် ဖြစ်မယ် လို့ ကျမ တွေးလိုက်ပါသေးတယ်။ သူကတော့ ပင်မဆောင်ထဲ ၀င်သွားပါပြီ။ ကျမတို့နှစ်ယောက် လည်း စကြံ င်္ လေးအောက် ရောက်ပါပြီ။ အဲဒီအချိန်မှာပဲ ကျမတို့ နှစ်ယောက် တိုင်ပင်ထားသလို ၀င်ပေါက်တံခါး လေးဆီ နောက်ပြန်လှည့်ကြည့်လိုက်မိချိန်မှာတော့ ကျမတို့နှစ်ယောက် လက်ဆွဲပြီး လှေကားကနေ အပြေးတပိုင်း ဆင်းခဲ့ကြတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ၀င်ပေါက် သံဘာဂျာတံခါးက သော့ခတ်ပိတ်ထား လျက်ကြီး ရှိနေပြီး အထဲမှာ လျှောက်ဝင်သွား တဲ့ သူလည်း တယောက်မှ ရှိမနေလို့ပါပဲ..။

တကယ်တော့ လူတယောက်ဝင်မယ်ဆိုရင် တံခါး သော့ဖွင့်ရမယ်.. သံတံခါးကို ဆွဲဖွင့်ရ ဦးမယ်.. ပြီးတော့ ၀င်သွားတဲ့သူ လမ်းလျှောက်သွားတာကို စကြံ င်္တလျှောက် မြင်ရဦးမယ်...။ အမလေး... ခုတောင် ကြက်သီးထ လာသေး။ ကျမတို့နှစ်ယောက် ဘာစကားမှမပြောနိုင်ဘဲ အပြေးတပိုင်းလာခဲ့ကြတာ အိမ်ရောက်တဲ့ အထိပါပဲ။ ကျမတကိုယ်လုံး ချွေးတွေ ရွှဲလို့..။ အိမ်က လူတွေက အံ့သြလို့။ ဒီနှစ်ယောက် ဘာဖြစ်လာလဲပေါ့။ ကျမတို့ နှစ်ယောက်ပြောပြတော့ အိမ်က အဖွားက အဲဒါကြောင့် ကိုယ်ဝန်ဆောင် ညမထွက်ပါနဲ့ ပြောတာ.. ငြိမ်းက နားမထောင်ဘူး.. ဘာ.. ညာ.. ပေါ့။ အိမ်က အလုပ်လုပ်တဲ့ ကောင်မလေး ကတော့ လူတွေပြောနေတာပဲ... ညည သရဲခြောက်တယ်ပေါ့..။ ကျမကတော့ အံ့သြနေတာ ပါပဲ..။ သူက ပိုဆိုးသေး.. ဒါမျိုး အယုံအကြည်မရှိ.. ကြောက်လည်း မကြောက်တတ်တဲ့ သူတွေက ဖြစ်စရာလားပေါ့...။ အမောပြေမှ ကျမတို့နှစ်ယောက် စိမ်ပြေနပြေ ပြန်ပြောဖြစ်ပါတယ်။ ကောင်လေးက ဖြူဖြူသွယ်သွယ်လေးပေါ့..။ လည်ကတုံးအင်္ကျီအဖြူ ပလေကပ် ပုဆိုး အပြာကွက်လေးနဲ့ပေါ့။ အမလေး မျက်စေ့ထဲက မထွက်ဘူး.. ပေါ်တင်ကြီး ပေါ့..။ နှစ်ယောက်လုံး မြင်တာ အကုန်တူတူ..။ တကယ် စင်းစင်းကြီး။ ကျမ စိတ်ထဲ ခုထိ အဲဒီမြင်ကွင်းမမေ့ပါ။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲကို နောက်မှာ ဆက်ပြောပါ့မယ်။

+++++

ဒီလိုနဲ့ မတ်လထဲရောက်လာတဲ့အထိ အထဲက မောင်ထူးမြတ်က တုတ်တုတ်မှ မလှုပ်..။ ဗိုက်ကြီးကလည်း ကြီးလှပြီ။ လမ်းလျှောက်လို့တောင် မကောင်းချင်တော့။ ဒီလိုနဲ့ Due Date ကျော်တာ နှစ်ပတ်ရှိလာတော့ ပြဿနာက ကျမ ဗိုက်အပ်ထားတဲ့ အိုဂျီက ခွင့်ယူသွားပါတယ်။ ကိုယ်ဝန်ကလည်း Over Due ဖြစ်လာပြီ။ နောက်ဆုံးတော့ သူငယ်ချင်း(ဆိုပေမဲ့ ကျမထက်တော့ အသက်ကြီးပါတယ်) စာရေးဆရာ လင်း-ဆေး(၁)(ဒေါက်တာသန်းထွဋ်)ကို တိုင်ပင်ရပါတယ်။ ကိုသန်းထွဋ်က ဆေးရုံတက်လိုက်တော့တဲ့။ ဒါနဲ့ ကိုသန်းထွဋ်တာဝန်ကျတဲ့ အရှေ့ပိုင်းဆေးရုံမှာ ဆေးရုံတက်ရပါတော့တယ်။ အဲဒီနေ့က မတ်လ၁၁ရက် တနင်္လာနေ့၊ ၁၀တန်းစာမေးပွဲတွေ စလို့ မြန်မာစာဖြေတဲ့ နေ့ပါ။ ဆေးရုံးရောက်တဲ့အထိလည်း ဗိုက်က ဘယ့်နှယ်မှမနေသေးတာမို့ ကိုသန်းထွဋ်က ဓားပြင်နေပြီ။ (သူက Surgery တက်နေတာဆိုတော့ :P)။ ခွဲမယ်ပေါ့..။ ကျမက ရိုးရိုးပဲ မွေးချင်..။ ဘုရားစာတွေ ဆို.. ဆုတွေ တောင်းပေါ့..။ ဒါပေမဲ့ ဗိုက်ကနာရိပ်တောင်မပြတော့ ခွဲမယ့်စာရင်းထဲတောင် ထည့်ထားပြီ။

ညနေ ၄နာရီလောက်ကျတော့ ဗိုက်က နာချင်သလိုလို ဖြစ်လာပါတယ်။ ကိုသန်းထွဋ်ရေ.. နာပြီဗျ.. ဆိုတော့ ကိုသန်းထွဋ်က ဟုတ်လို့လား..တဲ့။ ဒီလောက်နဲ့တော့ မရသေးဘူး..တဲ့။ နောက် နည်းနည်းပိုနာလာ..။ တကယ်နာတာလို့ ကျမပြောတော့ ကိုသန်းထွဋ်က အမလေး ဒီလောက်နဲ့လည်း မရသေးဘူးတဲ့... ပြုံးစပ်စပ်နဲ့စတယ်။ ပြီးတော့ မောင်ထူးမြတ်အဖေနဲ့ လက်ဘက်ရည်ဆိုင် သွားထိုင်ဦးမတဲ့။ အဲဒီအချိန်မှာပဲ ၁၀တန်းစာမေးပွဲ စောင့်ပြီးအပြန် ညနေစောင်းမှာ ကျမဆီ ၀င်လာကြတဲ့ မေမေနဲ့ မာမာ ရောက်လာတယ်။ အဲဒီခဏလေးမှာပဲ ကျမ တကယ် သိသိသာသာ ဗိုက်နာလာတယ်။ မေမေက အားပေးတယ်.. ချွေးပြိုက်ပြိုက်ကျပြီး ဒူးအချင်းချင်းရိုက်လောက်အောင် နာမှ မွေးမှာ.. တဲ့.. အမလေးလေ... အားရှိစရာပါပဲ....။ အင်းး တကယ်ပါပဲ... နှစ်နာရီလောက် အချိန်အတွင်းမှာ ငါတော့ သေတော့မှာပါပဲလို့ ဘယ်နှကြိမ်မှန်းမသိ တွေးမိလောက်အောင် နာပြီး ည ၇နာရီခွဲမှာတော့ ကျမ သားကြီးကို မွေးထုတ်လိုက်နိုင်ပါတော့တယ်။ ကျမ တကယ် မွေးခန်းထဲ ရောက်သွားတော့ လက်ဘက်ရည်ဆိုင် သွားနေတဲ့သူတွေတောင် ပြန်မလာကြသေးပါ။ သားကို ဒေါက်တာသီတာဦးခင် ဆိုတဲ့ တာဝန်ကျ ဆရာဝန်မလေးက ညှပ်ဆွဲပြီး မွေးပေးခဲ့ရပါတယ်။

ပြဿနာကတော့ ကျမက အရပ်၅ပေ၂လက်မမှာ သားဦးက ၈ပေါင်ခွဲ ရှိပြီး အရပ်လည်း ၂၂လက်မဖြစ်နေတော့ ကလေးကြီးလွန်းတာမို့ ကျမ သိပ်ပင်ပန်းသွားတာကြောင့် အချင်းကျတဲ့ အချိန်မှာ သတိလစ်သွားတာပါပဲ..။ ကျမ သတိလစ်သွားချိန် အောက်စီဂျင် ပေးတာ လက်ဦးလို့ တော်သေးတာလို့ သိရပါတယ်။ (အပြင်မှာတော့ မေမေပါ စိတ်ပူပြီး သတိလစ်မလိုဖြစ်သွားလို့ မေမေ့ကို ပြန်ထိန်းရသေးတယ်လို့ မာမာက ပြောပါတယ်)။ ကျမပြန်သတိရလာတော့ ကိုသန်းထွဋ်က မွေးခန်းထဲ ရောက်နေပါပြီ။ ကိုသန်းထွဋ်က ရယ်ပြီး "မေငြိမ်းတို့က တော့ကွာ.. ကလေးမွေးတာတောင် အကယ်ဒမီရှော့တဲ့..။ အဲဒါ သင်္ကြန်မိုးထဲက သီတာသိမ့်သေတဲ့ အကွက်မျိုး.." တဲ့။ ကျမမှာ ရယ်ရသေးတယ်။ အဲလိုနဲ့ မောင်ထူးမြတ်ကြီး လူ့လောကထဲ ရောက်လာတာပါပဲ..၊။ (မြသီလာနဲ့တော့ သိပ်မဆိုင်..ဒါပေမဲ့ သားမွေးတာကြောင့် မြသီလာဘ၀မှာ ဘာတွေ ထူးလဲ ဆက်ပြောမှာမို့ပါ)။

+++++

နောက်တနေ့ ၁၂ရက်နေ့ ညနေ...။ ကျမရဲ့ ကျန်းမာရေးအခြေနေက အလွန်ကောင်းနေပါ တယ်။ ဆေးရုံမှာ ကလေးတချို့ အသားဝါဖြစ်နေကြတယ်.. တဲ့။ သားကတော့ ဘာမှမရှိ.. သိပ်ကောင်းတယ်တဲ့။ သားကို Nurse တွေက ဗလကြီးလို့ ခေါ်ကြတယ်။

(မောင်ထူးမြတ် တစ်လသားပြည့်တဲ့နေ့က)

ကိုသန်းထွဋ်က ဆေးရုံဆင်းချင်လား.. တဲ့။ ဆင်းလို့ရရင် ဆင်းချင်တာပေါ့လို့ ကျမဖြေလိုက်တော့ အိုကေ ..ရတယ်..တဲ့။ ဒါနဲ့ ကျမ ဆေးရုံကဆင်းပါတယ်..။ နောက်တနေ့က ဗုဒ္ဓဟူးနေ့ မတ်လ ၁၃ရက်နေ့။ ကျမက ပါပါ့ကိုပြောလိုက်သေးတယ်။ ကိုဖုန်းမော် ၃နှစ်ပြည့် ကျောင်းက ဘာမှမလုပ်ဘူးလား.. လို့။ ပါပါက လာမယ့် ရုံးပိတ်ရက် စနေနေ့မှာ ဘုန်းကြီးပင့်မယ်... ဆွမ်းကျွေးကြမယ်.. တဲ့။

စနေနေ့မှာတော့ တအိမ်လုံး ကျောင်းပေါ်သွားကြတယ်..။ ဆင်ဝင်အောက်မှာ ပရိတ်လည်း ရွတ်ကြမှာ...တဲ့။ ခဏကြာတော့ ကျမကို သူက လာခေါ်တယ်။ ကျောင်းပေါ် ခဏ လိုက်ကြည့်ပါလား..တဲ့။ ဘာလို့လဲဆိုတော့ .. လိုက်ကြည့်စမ်းပါ.. တဲ့။ ဒါဆိုရင်တော့ တခုခုပဲ ပေါ့...။ တကယ်ဆို ကလေးမွေးထားတာ တပတ်တောင် မပြည့်သေး..။ ကျမကလည်း အပြင်ထွက်ချင်ချင်..။ သားက အိပ်နေတုန်း။ ကောင်မလေးနဲ့ ခဏထားခဲ့ပြီး ကျောင်းပေါ်တက် ခဲ့တော့တာပဲ။ ကျောင်းပေါ်တီကိုအောက် ကျောင်းသားရေးရာဌာနဘေးမှာ ဓာတ်ပုံတွေ အုန်းပွဲငှက်ပျောပွဲ ကန်တော့ပွဲတွေ စီချထားတယ်။ သူက ကျမကို ဓာတ်ပုံတွေရှေ့ ရောက်အောင် ဆွဲခေါ်သွားတယ်။ အဲဒီမှာ မောင်အောင်မွန်(ဇွန် ၂၁ မြေနီကုန်းမှာ အပစ်ခံရလို့ ဆုံးသွားတဲ့ RIT ကျောင်းသား။ ကျမဆရာ တက္ကသိုလ်ဝင်းမွန်ရဲ့သား) ပုံ၊ နောက် ကိုစိုးနိုင်၊ နောက် ကိုဝင်းမြင့်.. နောက်.. ကိုဖုန်းမော်..တဲ့။ အဲဒီ ကိုဖုန်းမော်ဆိုတဲ့ ဓာတ်ပုံထဲမှာ လူငယ်လေးတယောက် မတ်တပ်ကလေး ရပ်လို့.. လည်ကတုံးအင်္ကျီအဖြူ၊ ပလေကပ်ပုဆိုး အပြာကွက်ကလေးနဲ့။ ဘုရားရေ... အဲဒါ.. ပြီးခဲ့တဲ့ တညသားမှာ ကျမတို့ နှစ်ယောက်တွေ့ခဲ့ရတဲ့ လူငယ်လေးနဲ့ တူလှချည်လား...။ ဒါဖြင့်.. သူ ကိုဖုန်းမော်..လား ဟင်..။ ကျမ ကြက်သီးဖြန်းကနဲထပြီး မျက်ရည်တွေ လည်လာမိတယ်။ ကျမစိတ်ထဲ အဲ့ဒီခဏချင်းမှာ ထိခိုက်သွားလိုက်တာ..။ သူ့ခမျာ ကျောင်းကို စွဲလန်းရှာတယ်..ဆိုပြီး။ အဲဒီညနေမှာ ကျမ ခေါင်းတွေကိုက်နေခဲ့တဲ့အထိပါပဲ။ တကယ်ဆို ကျမက ဒါမျိုးတွေ သိပ်မယုံတတ်တဲ့သူ။ ခုထိလည်း အဲဒီအဖြစ်ကို မကြာခဏ သတိရဆဲ..။ ခုတော့ အတူတူ မြင်ခဲ့တဲ့သူလည်း လူ့လောကထဲမှာ မရှိတော့ပြီ။

+++++

သားရှိလာတဲ့ နောက်ပိုင်းကာလမှာ ကျမရဲ့အချိန်တွေ တော်တော် အကုန်မြန်ကြသလိုပါပဲ..။ အဲဒီ ရက်ပိုင်းထဲမှာပဲ မီးခိုးငွေ့ မီးခိုးမျှင်.. စိစစ်ရေးက ကျပါတယ်။ အဲဒီရက်တွေထဲမှာပဲ ပရုဖ်ဖတ်။ သားတောင် ရက် ၅၀ မပြည့်ခင်မှာပဲ... ၁၉၉၁ မေလပထမပတ်မှာ... တက္ကသိုလ်တွေ ပြန်ဖွင့်မယ်လို့ ကြေငြာပါတယ်။ ကလေးတဘက်နဲ့ ပင်ပန်းမှာပေမဲ့ အမှန်အတိုင်း ၀န်ခံရရင် ကျမ ပျော်သွားပါတယ်။ ကျမရဲ့ ပျောက်နေတဲ့ သူငယ်ချင်းတွေ.. တပည့်တွေ... ကျမ ပြန်ရှာရတော့မယ်။ ကွဲကွာနေသူတွေ ပြန်တွေ့ရတော့မယ်။ ကျမ တခုခု သိရတော့မယ်..။

အဲဒီအခါ ကျောင်းဖွင့်ရက်မှာ ကျမ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အဲဒီကျောင်းတွေ ပြန်ဖွင့်တဲ့ နေ့မှာမှပဲ ကျမတို့ ကျောင်းသားစာရင်းတွေ ခွဲပြီး အတန်းတွေ ခွဲကြပါတယ်။ အတန်းခွဲတဲ့အစည်းအဝေးမှာ ဆရာမကြီးက တယောက်ကို ပထမနှစ်တခန်း ဒုတိယနှစ်တခန်း စီ ယူရမယ်တဲ့။ အတန်းတွေ ခွဲကြတော့... မေငြိမ်းက ဘူမိတန်း(Geology) ကို ယူ.. အဲဒီအခန်းက ယောက်ျားလေး အယောက် ၂၀၀ မိန်းကလေး အယောက်၂၀.. ဘယ်နှယောက် ပြန်တက်မလဲတော့ မသိဘူး။ ယောက်ျားလေးများတော့ နည်းနည်းတော့ ဆိုးတယ်..။ ဒီတော့ မေငြိမ်းက ကလေးအမေလည်း ဖြစ်ပြီ။ စွာလည်း စွာတော့ ထိန်းနိုင်မှာ..။ ကျန်တဲ့ ဆရာမအပျိုလေးတွေဆို ထိန်းနိုင်မှာ မဟုတ်ဘူး... တဲ့။ ဒုတိယနှစ်အတွက်တော့ အီးမေဂျာ(English Major)ကို ယူရမယ်တဲ့။ ပြီးရင် ကိုယ်ယူရတဲ့ မေဂျာ ဌာနတွေကို သွားပြီး ကျောင်းသားစာရင်း ယူကြရမယ်.. တဲ့။ ညနေမှာ Time table တွေ ကပ်မယ်။ နက်ဖြန်က စပြီး အတန်းဝင်ကြရမယ်တဲ့။

အဲဒါက ကျမနဲ့ ကျမရဲ့ မျောက်ကလေးတွေ တွေ့ခဲ့ရတဲ့ အစပျိုးပေါ့။ တက္ကသိုလ်က ကျောင်းသားတွေက သူတို့နဲ့ ဘယ်လောက်မှ အသက်မကွာတဲ့ ဆရာမတယောက်ကို အတန်းတွေ ကြီးသွားတဲ့အထိ... အပြင်လောက ရောက်သွားတဲ့အထိ... အသက်တွေ အများကြီး ကြီးသွားတဲ့ အချိန်တွေအထိ.. ချစ်ခင်ရိုသေသွားတယ်ဆိုတာ ဒီဘက်ခေတ်မှာ မရှိတော့ဘူးလို့ ပြောမယ်ဆိုရင်.. အဲဒီ စကားကို ကျမ သေသေချာချာ ပြန် ငြင်းနိုင်ပါတယ်။ အဲလိုငြင်းဖို့အတွက် အကောင်းဆုံးသက်သေအဖြစ် ကျမဘ၀မှာ ခုထိ တပည့်တွေ အများကြီး ရှိနေသေးလို့ ပါပဲ..။ အဲဒီထဲမှာ ဘူမိဗေဒက ကလေးတွေလည်း ပါတာပေါ့..။ မြသီလာမှာ သူတို့လေးတွေ အကြောင်းတွေ ပြောသွားပါဦးမယ်..။

+++++

You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

=?utf-8?Q?=5b=e1=80=91=e1=80=ad=e1=80=b1=e1=80=95=e1=80=b7=e1=80=9e=e1=80=bd=e1=80=ba=e1=80=84=e1=80=b9=5d_=31_New_Entry=3a_=e1=80=9c=e1=80=b0=e1=80=99=e1=80=ad=e1=80=af=e1=80=80=e1=80=b9=e1=80=94=e1=80=b2=e1=82=94=e1=80=b1=e1=80=95=e1=80=ab=e1=80=84=e1=80=b9=e1=80=b8=e1=81=8d_=e1=80=a1=e1=80=96=e1=80=80=e1=80=ad=e1=80=af=e1=80=9e=e1=80=90=e1=80=b9_=e1=80=94=e1=80=94=e1=80=b9=e1=80=b8=e1=80=90=e1=80=80=e1=80=b9=e1=80=bb=e1=80=95=e1=80=85=e1=80=b9=e1=80=99=e1=80=bd=e1=80=ac=e1=80=b8_=e1=80=99=e1=80=84=e1=80=b9=e1=80=b8=e1=80=90=e1=80=85=e1=80=b9=e1=80=95=e1=80=ab=e1=80=b8=e1=80=99=e1=80=bd_=e1=80=9e=e1=80=ac=e1=80=9e=e1=80=94=e1=80=ac=e1=80=bb=e1=80=95=e1=80=b3=e1=80=99=e1=80=84=e1=80=b9=e1=80=b8=e1=80=90=e1=80=85=e1=80=b9=e1=80=95=e1=80=ab=e1=80=b8=e1=80=bb=e1=80=96=e1=80=85=e1=80=b9=e1=80=9c=e1=80=ac=e1=80=b1=e1=80=9e=e1=80=ac_=e1=80=90=e1=80=94=e1=80=b9=e1=80=b8=e1=80=b1=e1=80=86=e1=80=ac=e1=80=84=e1=80=b9=e1=80=99=e1=80=af=e1=80=94=e1=80=b9=e1=80=b8=e1=80=9c=e1=80=bb=e1=8 0=95=e1=80=8a=e1=80=b9=e1=80=b7=e1=80=b1=e1=80=94=e1=82=94?=

လူမိုက်နဲ့ပေါင်း၍ အဖကိုသတ် နန်းတက်ပြစ်မှား မင်းတစ်ပါးမှ သာသနာပြုမင်းတစ်ပါးဖြစ်လာသော တန်းဆောင်မုန်းလပြည့်နေ့

မိုးဥတုဆုံး တိမ်ဖုံးကင်းစင် မြူလွင်ပပျောက် လပြည့်သို့ရောက်ခဲ့ပြီ …

ရောင်နီကွယ်လရောင်ဆန်း တန်ဆောင်မုန်းအလွမ်းနဲ့

မဂဓတိုင်းရှင် အဇာတသတ်မင်းမြတ်ရင်မှာ သောကဗွေဂရက်ရိုက်

ပူအိုက်လျက်ဖြစ်နေသည်။

မှူးမတ်အလီလီအကြံဖော်လို့ တိတ္ထိတို့ဆီမေးမြန်း မင်းမြတ်ရဲ့သောကပန်း မညိုးနွမ်းနိုင်ခဲ့ပေ။

ခုနှစ်ခုမြောက် လပြည့်ရောက်လို့ တန်းဆောင်မုန်းအလွမ်းနဲ့ မင်းမြတ်ရဲ့နှလုံးအိမ်မှာ နောက်တစ်လီရောင်ရန်း အဘယ်ဆီမှာ မေးမြန်းလျင်ပ သောကငြိမ်းမှာလဲလို့ မူးမတ်တို့ဆင့်ခေါ် အကြံတော်တောင်းခံရလေရက်…

သူတော်ဖက် အကျိုးဆော် ဆေးဆရာကျော်ဇီဝကမှ တောင်းခံရအကြံပေါ် မြတ်ဗုဒ္ဓတော်ကိုတွေ့ဖို့ စီစဉ်လို့ရယ် နန်းတော်မှဖယ်ခွာ မြတ်စွာဘုရားဆီသို့ လရောင်ဆန်းလို့ ကြည်လင်ဖြာ အေးချမ်းခါ အချိန်တော်မှာ ချီတက်ကာလာခဲ့ကြတယ်…

ရဟန်းတော်အပါး ၁၂၅၀ ပစောက်သဖွယ်ခြံရံ ဓမ္မသံလွှမ်းနေတဲ့ ကျောင်းပရဝဏ်မှာ ချောင်းဟန့်သံမျှမကြား

တရားကပ်ငြိမ်ဝပ်လျက် မြတ်ဗုဒ္ဓတရား နားကြားနေကြတဲ့မြင်ကွင်းက ဘုရင့်သောကကို ငြိမ်းသတ်ဖို့ ပက်ဖြန်းလိုက်တဲ့ ရေစမ်းပမာဖြစ်ခဲ့လေတယ်….

မြတ်ဗုဒ္ဓကိုအရိုသေပြု ထိခြင်းငါးပါးစု၍ ကန်တော့ပြုမင်းမြတ်မှာ ကြည်ညိုသဒ္ဓါထက်၍ လာရင်းအကြောင်းရပ် မေ့ပျောက်မတတ်ပါပဲတဲ့ဗျာ….

သောကမီးဘယ်လိုငြိမ်းနိုင်ပါ့ ဆန္ဒပြင်းသိလို ထိုသို့လိုတိုက်ရိုက်မမေး ရဟန်းပြုခြင်းရဲ့ ယခုအကျိုးကို သိလိုပါတယ်လို့ မေးမြန်းလျှောက်တင်ပါတယ်တဲ့ဗျာ…

မြတ်ဗုဒ္ဓဒေသနာ အကျဉ်းကာပြရလျင် …

အနိမ့်ဆုံးမင်းခယောက်ျားကို မင်းမြတ်ခွင့်ပြုရဟန်းပြုလတ် မင်းမြတ်ကပြန်ရှိခိုး ရိုကျိုးရတဲ့အကျိုးက ယခုမှာကိုယ်တွေ့ မျက်မှောက်ရှေ့ပါပဲ…

နောက်ထပ်အကျိုးအနှစ်သာရ ဖော်ဆောင်ကာပြရလျင်…

သီလစောင့်ထိန်း ကိုယ်နုတ်အပြစ်ငြိမ်း၍ အပြစ်ကင်းစင်ခြင်း၏ အကျိုးချမ်းသာ ယခုမှာကိုယ်တွေ့ မျက်မှောက်ရှေ့ပါပဲ…

သမာဓိကြီးမှူး စိတ်ရူးငြိမ်ကျ ငြိမ်းအေးရချမ်းသာ ယခုမှာကိုယ်တွေ့ မျက်မှောက်ရှေ့ပါပဲ…

ပညာထွန်းလင်း အမှောင်ခွင်းလျက် အရှိပရမတ်၊ အမှန်သစ္စာ ထိုးထွင်းကာသိ၊ ပိုင်းခြားသိလျက် ဒုက္ခမှလွတ်ငြိမ်းခြင်းချမ်းသာ ယခုမှာကိုယ်တွေ့ မျက်မှောက်ရှေ့ပါပဲ…

မြတ်ဗုဒ္ဓဒေသနာ ကြားနာရ၍ ဝမ်းမြောက်ကြည်နူး သဒ္ဓါထူးကာ ဥပသကာခံလျက် သာသာနာမြတ်အကျိုး သယ်ပိုးထမ်းရွက် အကျိုးဆက်လျက် မင်းမြတ်မင်္ဂလာ အောင်ကြောင်းဖြာခဲ့ မမေ့ယနေ့ တန်ဆောင်မုန်းလပြည့်နေ့….

ဤနေ့မှ ဤအကြောင်းကျေးဇူးပြု၍

မဂဓတိုင်းရှင် အဇာတသတ်မင်းမြတ်အား ပမာယူ၍ ဒေဝဒတ်ကဲ့သို့ သူယုတ်မာနှင့် ပေါင်းသင်းရခြင်း၏ မိမိဖခင်အား သတ်ခြင်းကြောင့် သောကဗလောင်ဆူ ရင်ပူရ ငရဲကျရသည့် အပြစ်နှင့် သူတော်ကောင်း ဆေးဆရာ သောတာပန်ဇီဝကနှင့်ပေါင်းသင်းရခြင်း၏ အကျိုးကျေးဇူးကြောင့် သောကပူငြိမ်းလျက် သာသာနာမြတ်အကျိုး သယ်ပိုးထမ်းရွက် အကျိုးဆက်လျက် မင်းမြတ်မင်္ဂလာ အောင်ကြောင်းဖြာခဲ့သည့် အတိုင်းမသိကျေးဇူးကြီးမားသွားပုံကို ပမာထောက် အသိကောက်ထူ နှလုံးသွင်းခံယူရပေမည်။

သူတော်ကောင်းနဲ့ ပေါင်းဖော်ရခြင်းသည် မင်္ဂလာရှိ၏။ အကျိုးကျေးဇူး အတိုင်းမသိများ၏။ သူယုတ်မာနဲ့ ပေါင်းသင်းရခြင်းသည် မင်္ဂလာမရှိ အတိုင်းမသိ အကျိုးယုတ်လျော့၏။

လေးစားစွာဖြင့်

ဝင်းမြင့်

You received this email because you are subscribed to the real_time feed for http://platonicloveaugust4.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: ရွက်ခတ်သားတို့ ဇွဲနဲ့မာန်

ရွက်ခတ်သားတို့ ဇွဲနဲ့မာန်

ပင်လယ်လှိုင်းထန်
မုန်တိုင်းဆန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက် ပဲ့ထက် ရွက်တိုင်
ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း
ကြယ်ရောင်မလက် ပျိုးပျက်လျှပ်ရောင်
မိုးထဲမှောင်ထဲ
တစ်ယောက်ထဲမို့
ခရီးမသာ မနီးပါလည်း
ရွတ်ခတ်ယောင်္ကျား မခြောက်ခြားဘူး
ဇွဲမာန်မပျက် ရှေ့သို့ဆက်၏
လှိုင်းလူးလွန့်လှိမ့်
လှေဦးသိမ့်ကာ
လှိုင်းသော်လှေအောက်
ရောက်ပါစေငြား သတိထားလည်း
လှေလည်းမဟန် ဦးကွဲလန်ကာ
ရွက်တိုင် ပဲ့ခြားရှိစေငြားလည်း
လက်အားကိုထဲ့ ခရီးဆက်မည်
သေသော်မှသည် လျှော့လိမ့်မည်။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 7 New Entries: တေဇ အမျိုးသမီးလေးများကို ဖျက်ဆီး နေတယ်

တေဇ အမျိုးသမီးလေးများကို ဖျက်ဆီး နေတယ်

( အမျိုးသမီးငယ်လေးတွေကို ဖျက်ဆီးနေတဲ့  လူယုတ်မာ တေဇ)

တေဇ ဟာ သူပုဂံလေကြောင်းလိုင်း ကို အလုပ်လာလျောက်တဲ့ လေယဉ်မယ် လေးကိုဖျက်ဆီးနေတာ ကြာပါပြီ။ အခုတာ ယဉ်ယဉ် အမည်ရှိတဲ့ အမျိုးသမီးငယ်လေးကိုဖျက်ဆီးနေပြန်ပြီလို့ သိရပါတယ်။ ယဉ်ယဉ်ရဲ့ အဖေက တပ်မတော် က ဗိုလ်မှုးကြီး တဦး တယောက်ရဲ့ သမီးလို့ သိရပါတယ်။ သမီးရှင် တွေအနေနဲ့  တေဇရဲ့ ပုဂံ လေကြောင်းလိုင်းမှာ အလုပ်လုပ်မယ်ဆိုရင် သတိထားကြပါ။


Summary

Rest of your post

အိန္ဒိယ တာလစ်ပြစ်ဒုံးပျံ စမ်းသပ်ပြစ်လွတ် - ပါကစ္စတန် စိုးရိမ်




နိုဝင်ဘာ ၁၂ ရက်၊ အိန္ဒိယ က ရှာရုရာ ( Shaurya) အမည်ရှိ မြေပြင်မှမြေပြင် တာလတ်ပြစ် ဒုံပျံ ကိုအောင်မြင်စွာ ပြစ်လွတ်လိုက်ပါတယ်။ ဒုံပျံဟာ ကီလိုမီတာ ၆၀၀ အကွာဝေးအထိ ပြစ်လွတ်နိင်တယ်လို့ သိရတယ်။ ဒီဒုံပျံရဲ့ စွမ်းရည်အရဆိုရင် ပါကစ္စတန်နဲ့ တရုပ် နစ်နိင်ငံ ကုန်းတွင်းပိုင်းအထိ ပြစ်ခတ်နိင်မှာဖြစ်တယ်။ တိုက်ချင်းပြစ်ဒုံးပျံ ကိုပြစ်လွတ်စဉ်က ပြစ်မှတ်ကို ၄၈၆ စက္ကန့်  ကြာခဲ့ပြီ ကျယ်လောင်တဲ့အသံကြီးနဲ့ အတူ အ၀ါရောင်နဲ့ အဖြူရောင် မီခိုးတန်းတွေ ကောင်းကင်မှာ ထင်ကျန်ရစ်ခဲ့ပါတယ်။ ဒုံပျံကို နူးကလီးယား ထိပ်ဖူးတပ်ပြစ်ခတ်နိင်ပြီး အလေးချိန်အားဖြင့် တတန် လေးပါတယ်။ ဒုံပျံဟာ အသံထက်မြန်ပြီး အသုံးပြုရတာ
လည်းလွယ်ကူတယ်လို့ ဆိုတယ်။ ပါကစ္စတန် ရေတပ် ဗိုလ်ချုပ်ကြီးကတော့ ဒါဟာ လက်နက်ပြိုင်ဆိုင်မှု ပွဲသစ်တော့ စပြီလို ကောက်ချက် ပေးပါတယ်။


Rest of your post

ဗုဒ္ဓ ၀င်စား သတင်း


အေ ပီ - နိပေါလ်
သိန်းဇော် - အိန္ဒိယ

ဒီနေ့ ကမ္ဘာအင်တာနက်စာမျက်နာ တွေမှာ ပါလာတဲ့သတင်းတပုဒ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်။ သတင်းကတော့ နိပေါနိင်ငံ မြို့ တော် ခပ်တမန်ဒူး နဲ့  ၁၆၈ ကီလိုမီတာတွေတဲ့  ရက်တန်ပူရ် (Ratanpur ) တောထဲမှာ ဗုဒ္ဓ၀င်စား တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ ဗုဒ္ဓ ၀င်စားတယ်လို့ သတင်းကြီးတဲ့ သူကတော့ အသက် ၁၈ နစ်မျှသာရှိသေးတဲ့ ရမ်ဘဟာဒါ ဘမ်ဂျန် (Ram Bahadur Bamjan) အမည်ရတဲ့  လူငယ်လေးတဦးဖြစ်ပါတယ်။ သူက အစာမစား မလှုပ်မရှားပဲ နဲ့ နေလာတာ သုံးနစ်ခန့် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ တော့သူက သူနောက်လိုက်တွေခြံရံပြီး ထွက်လာပါတယ်။ ရှည်လျားလှတဲ့ သူဆံပင်တွေကို ဖါးလျား ချပြီး ညောင်ပင် အောက်မှာတင်ပုလင်ခွေ ထိုင်နေပါတယ်။ သူကိုလာရောက်ဖူးတဲ့သူတွေရှီခိုးဦးချ လုပ်နေသူတွေထဲမှာ လူတွေရော ဗုဒ္ဓဘာသာ သံဃာတွေပါပါဝင်နေခြင်းဖြစ်ပါတယ်။


သူလက်နဲ့  လာရောက်ဖူးမျော်သူရဲ့ ဦးခေါင်းနဲ့ လက်ကို သူက သပ်ပြီး ဆုမွန်ကောင်းပေးနေတာကိုတွေ့ ရပါတယ်။ တယောက်ကဆိုရင် သူကိုဖူးရတာ အလင်းရောင်တွေ ရလာသလို ပဲလို့ ဆိုတယ်။ အမျိုးသမီးကြီးတယောက်ကတော့ သူကိုဖူးမြင်ရတာ ချမ်သာသုခ ကိုခံစားရတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မယုံကြည်တဲ့သူတွေကလည်း ရှိနေပါတယ်။ သူဟာ ဗုဒ ၀င်စားဆိုတာက တရားထိုင်နေရုံ ဘာမှ မစားပဲနေရုံလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ ဗုဒ၀င်စား ကတော့ ဒီလိုစွပ်စွဲချက်တွေကို ဘာမှာ မတုန့် ပြန်ဘူး လို့ ဆိုတယ်။ သူကို ဖူးမျော်ဖို့ လာတဲ့ ချီတဲ့ သူတွေ တန်းစီနေတဲ့ လိုင်းကတော့ ထောင်နဲ့ ချီပြီးရည်လျား နေတယ်။ မြန်မာပြည်ကိုနိပေါက ဗုဒ္ဓ အလောင်းအလျာ ရောက်သွားရင်တော့ အနည်းဆုံး ၆၅ နစ်ပဲ လို့ ယူဆနိင်ပါကြောင်း။


Summary

Rest of your post

ရေနံဈေး ဆက်လက် ကျဆင်း



ကမ္ဘာတလွား စီးပွားရေး ကျဆင်းမှု ဂယက်ရိုက်ခတ်နေချိန်မှာ သတင်းကောင်းလေးကတော့ ဓါတ်ဆီဈေးကျဆင်းနေတာပဲဖြစ်တယ်။ ဓါတ်ဆီဈေးက တပီပါကို အမေရိကန်ဒေါ်လာ ၁၄၇ ကနေ ပြုတ်ကျလာလိုက်တာ ခုဆို တပီပါကို ဒေါ်လာ ၅၇ ဒေါ်လာပဲရှိတော့တယ်။ လက်လီတဂါလံကို တဒေါ်လာနဲ့  ဆင့် ၉၀ လောက်ပဲဝယ်ရတော့တယ်။ ပြီးခဲ့အပတ်က ပင်ဆယ်လ်ဗေးနီးယားကနေ အင်ဒီယားနားပြည်နယ် ဖေါ့ဝိန်းကို ကျနော်နဲ့ မြတ်စိုး ကားမောင်းလာတော့ ဓါတ်ဆီခ ဒေါ်လာ ၄၀ လောက်ပဲပေးရတော့တယ်။ ခရီးက မိုင် ၄၀၀ ကျော်တယ်။ ၇ နစ်နာရီခွဲလောက်မောင်းရတယ်။ အရင်ကဓါတ်ဆီဈေးနဲ့ ဆိုရင် တော့ ဒေါ်လာ ၈၀ လောက်ခိုက်သွားနိင်တယ်။ နိင်ငံတကာ ဓါတ်ဆီဈေး ကျဆင်းလာရင်တော့ မြန်မာ ပြည်မှာလည်း ဆက်လက်ကျဆင်းလာနိင်ပါတယ်။ ရေနံစိမ်း ကတော့ ကမ္ဘာပေါက်ဈေး က
အမေရိကန် မှာတော့ တနေ့ ကို ရေနံ စည်ပီပါပေါင်း ၇၄၀ ၀၀၀ သုံးစွဲပါတယ်။

၂၀၀၉ ခုနစ်မှာ ပီပါသန်းပေါင်း ၈၅ ဒသမ ၉၃ လောက်သုံးစွဲနိင်တယ်လို့ ခန့် မှန်းထားကြပါတယ်။ ရေနံဈေးကဆင်းလာတာကို နိင်ငံတကာ ပြည်သူတွေပျော်ရွင်နေသလောက်မပျော်နိင်တဲ့သူတွေကတော့ ရေနံထုတ်လုပ်တဲ့ အိုပက် အဖွဲ့ နိင်ငံတွေဖြစ်ပါတယ်။ အိုပက်ဥက္ကဌ ချော့ဘ် ခါလီက ရေနံဈေးဆက်ကျနေမယ်ဆိုရင် သူတို့ အနေ နဲ့ ထုတ်လုပ်မှု ကို လျော့ချရမယ်လို့ သတိပေးလာပါတယ်။
သူတို့ က ရေနံဈေးဆက်လက်ကျဆင်းနေမှာ ကို စိုးရိမ်တဲ့အတွက် ရေနံထုတ်လုပ်မှု ကိုလျော့ချဖို့ စီစဉ်နေတယ်။

ရေနံဈေးကျဆင်းနေတာကတော့ဗျာ ရှင်းပါတယ်။ ဈေးကွက်မှာတောင်းဆို မှု ကျဆင်းသွားလို့ ပဲပေါ့။ အဓိပ္ပါယ်က လူတွေရေနံသုံးတာကိုလျော့ချလာလို့ ပဲ။ ကားမောင်းနေတာကိုလျော့ချတယ်။ စက်ရုံတွေ ရပ်ဆိုင်းမှု တွေရှိနေတယ်ဆိုတာကို ပြသနေတယ်။ စက်ရုံတွေမလည်ပဲရပ်နေတယ်ဆိုကထည်းက အလုပ်လက်မဲ့ ပြသာနာကလည်းရှိနေပြီဆိုတာကို ပြတယ်လေ။



နိင်ငံတကာ စွမ်းအင် အေဂျင်စီ - IEA - ရဲ့ အဆိုအရတော့ ရေနံ သုံးစွဲမှု ကျဆင်းလာတာ ၁၅ နစ်အတွင်း အမြင့်ဆုံးပဲလို့ ဆိုတယ်။ ကျနော်တို့ ပြည်တွင်းက မြန်မာ လုပ်ငန်းရှင်တွေ ကိုအကြံပေးလို တာကတော့


• ရေနံ ဈေးကို ဒီထက်ပို ပြီး တလဟော ကျဆင်းတာကို အိုပက်က လက်ခံမှာမဟုတ်ဘူး။ ဒီထက်ကျဆင်းနေရင်လည်း ကမ္ဘာစီးပွားရေး က ပျက်သလို ဖြစ်လာနိင်တယ်။ဒါကို ကမ္ဘာခေါင်းဆောင်တွေက လက်မခံဘူး ၀ိုင်းကျားကန်နေတယ်။
• ဒီထက်နည်းနည်းထပ်ကျလာရင် ၊ ငွေပိုငွေလျံလည်းရှိတယ်ဆိုရင် ရေနံ ကိုဝယ်ယူလှောင်ထားသင့်တယ်။ မီးမလောင်အောင်လည်း ဂရုစိုက်ဖို့ လိုမယ်။

• ဒီထက် ပိုပြီး ပိုက်ဆံရှိပြီး မြန်မာ ပြည်မှာလည်း ဘာလုပ်ငန်းမှ လုပ်လို့ မရတဲ့သူတွေကတော့ ရေနံ စတော့ ကို ၀ယ်ယူထားသင့်တယ်လို့ အကြံပေးလိုပါတယ်။

မိုးသီးဇွန်


မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ဘောလုံးအသင်း များ ဂိုးမရှိသရေကျ


ကိုကြီး

တကယ်တော့ မြန်မာနဲ့  ဘင်္ဂလားဒေ့ရှ် က ဘူဘူခြင်း တစ်လုပ်နေကြတာ။ ဈေးထဲမှာ သူတောင်းစားနစ်ယောက်ရန်ဖြစ်သလို ပွဲကြည်ပရိတ်သက်အတွက် မစိုးရိမ်ရပဲ ဟာ သ လိုဖြစ်နေတယ်။ မြန်မာစစ်အစိုးရက ကိုယ်အကြောင်းကိုယ်သိ အမြှီးကုတ်ပြီး ပြန်ခေါက်လာတယ်။ ဒါကို အရှက်ပြေ ဘင်္ဂလားဒေ့ရှ်က မှားယွင်းစွာတောင်းဆိုလို့ မိမိတို့ လက်မခံဘူးလေး၊ဘာလေးလုပ်နေသေးသတယ်။ စစ်တပ်အချင်းချင်း တွင် ဘူးဖြစ်နေကြတာမဟုတ်ပါဘူး။ ဘောလုံးအသင်းမှာ လည်း ဘူပဲ။ မနေ့ က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နစ်သင်း သုဝဏဘောလုံးကွင်းမှာ ကစားတယ်။ ပွဲက 3 rd Grand Royal Challenge လို့ သိရတယ်။ ဒီပွဲမှာ နစ်ဖက်စလုံးက ဂိုးမရှိသရေကျတယ်လေ။

နအဖ စစ်အစိုးရလက်အောက်မှာ မြန်မာဘောလုံးအသင်းကလည်း အောင်ဖျာလိပ်ဘ၀ ကကိုမတက်ဘူး။ ဘောလုံးတလုံးလို ဟိုလူက ကန် ဒီလူက ကန်ဖြစ်နေရတာတော့ကြာပြီ။ မြန်မာ နိင်ပြီ ဒို့ ဗမာ နိင်ပြီဆိုတဲ့ သီချင်းက မေရှင်တို့  မကြည်အောင်တို့ သီချင်းလို ခေတ်ဟောင်းတေးဖြစ်နေရတယ်။ မြန်မာ့ဘောလုံးအဖွဲ့ ချုပ်ကို စစ်ဗိုလ်တွေနဲ့ မက်ဇော်ဇော်လို
လူမျိုးလက်ထဲ ရောက်သွားမှတော့ ခေတ်ဟောင်းတေး က ပြန်ဆိုတေးလောက်တောင်ဖြစ်မလာတာ မဆန်းလှပေဘူး။ ဒို ဗမာနိင်ပြီ သီချင်းကို ပြန်ဖွင့်နိင်ဖို့ ဆိုရင် စကားကြီးသုံးခွန် မှာလိုက်ခြင်ပါတယ်

• ပုဂလိက ကလပ်အသင်းတွေ ဖွင့်ပေးလိုက်
• ပုဂိလိက ဘောလုံးအသင်းတွေကို တည်ထောင်ခွင့်ပေးလိုက်
• အားကစားသမားတွေလွတ်လပ်စွာ ကစားပါစေ

ဒီသုံးခွန်းကိုသာ လိုက်နာပါ။ မြန်မာ့ ခြေစွမ်းကို ကမ္ဘာက သိသွားရစေပါမယ်။ မြန်မာလူငယ်တွေက ဇ ရှိတယ်။ အစဉ်အလာရှိတယ်။ မှတ်မိသေးတယ်။ ၁၉၈၉ခုနစ် ထိုင်းနိင်ငံကို ကျနော်ရောက်တော့ ဆံပင်ညှပ်ဆိုင်တယ်။ ဆံသာ ဆရာထိုင်းလူမျိုးက ဘယ်နိင်ငံကလည်း လို့ ကျနော်ကိုမေးတယ်။ ကျနော်က မြန်မာနိင်ငံကလို့ ပြောတော့ သူက
ဘာမပြောညာမပြောနဲ့ ကျနော်ခြေထောက်ကို ကိုင်လိုက်ပြီး ခြေသိပ်ကောင်းတယ်တဲ့။
မြန်မာ ဘောလုံး အသင်းကိုသူသိပ်တော်တယ်လို့ သူက ချီးကြူးတယ်။ သူက အသက် ၆၀ လောက်ရှိပြီ။ သူခေတ်က အရှေ့ တောင်အာရှမှာ မြန်မာအသင်း ရဲ့ အားမန်ကို သူသိတယ်။
ဗဟာဒူးတို့ အေးမောင်ကြီး ၊ အေးမောင်လေးတို့  က မြန်မာ အားကစားအသင်းရဲ့ သူရဲကောင်းတွေ နိင်ငံ ဂုဏ်ကို ဆောင်ပေးခဲ့တဲ့ အာကစားသူရဲကောင်းကြီးတွေ။ ဒီသူရဲကောင်းကြီးတွေ ခုဘယ်ရောက်နေလည်း ။ ဗဟာဒူးဆို ရင် စီးပွားရေးအရတော်တော်လေးချို့ တဲ့နေတာကြားတော့စိတ်မကောင်းဖြစ်မိတယ်။ စစ်အစိုးရက တော်တော်ယုတ်မာတာ ဒို့ မြန်မာ တွေရဲ့ သူရဲ ကောင်းပုံရိပ်ဆိုရင် နိင်ငံရေးမှ မဟုတ်ဘူး။
အားကစား၊အနုပညာနဲ့ ခေတ်ပေါ် ရော့ ခ် ဂီတရဲ့ သူရဲ ကောင်းတွေ ပုံရိပ်တွေကို အကုန်ဖျောက်ဖျက်နေကြတာကိုး။
ဒီလိုစိတ်ဓါတ်နဲ့ မြန်မာ့ ဘောလုံးအသင်းဟာ လူရာဝင်မှာမဟုတ်ပါဘူး။ မြန်မာ ဘောလုံးအသင်း အောင်မြင်စေချင်ရင်တော့ စကားကြီးသုံခွန်းမှာ လိုက်ခြင်ပါတယ်။ အားကစားမှာ
• စစ်ဗိုလ် တွေဝင်မရှုတ်နဲ့ 
• စစ်ဗိုလ်တွေ ၀င်မရှုပ်နဲ့ 
• စစ်ဗိုလ်တွေ ၀င်မရှုပ်နဲ့ 





(ဓါတ်ပုံ ၁- မြန်မာ အသင်းနဲ့ လာကစားသွားတဲ့  ဘင်္ဂလားဒေ့ရှ် ဘောလုံးအသင်း )

Rest of your post

အမေရိကန်နဲ့  ကနေဒါ သန်းရွေ စစ်အုပ်စုကို ပြစ်တင်ရှုတ်ချ

ဝါရှင်တန်
အမေရိကန်နဲ့ ကနေဒါ အစိုးရ တွေက မြန်မာ စစ်အစိုးရအား ကိုမင်းဇေယျ အပါအ၀င် ၈လေးလုံးမျိုးဆက် ခေါင်းဆောင်
တွေကို မတရား ထောင်ဒဏ်နစ်ရှည် ချမှတ်မှု များ အတွက် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာချက်တွေထုတ်
ပြန်လိုက်ပါတယ်။

အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရောဘတ် ၀ုဒ် ( Robert Wood ) က သန်းရွေ စစ်အစိုးက ကျောင်းသား
ခေါင်းဆောင်တွေကို မတရားထောင်ချ မှု အပါ် အမေရိကန် အစိုးရက ပြစ်တင်ရှုတ်ချလိုက်ကြောင်းနဲ့ စိုးရိမ်ပူပန်းကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အလားတူပဲ ကနေဒါ နိင်ငံခြားရေး ၀န်ကြီး မစ္စတာ လောရင့် ကန်နွမ် ( Lawrence Cannon) က ကျောင်းသားခေါင်းဆောင်တွေနဲ့  နိင်ငံရေး
အကျဉ်းသား တွေကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အစိုးရ နစ်ဖွဲ့ စလုံးရဲ့ ကြေညာချက်
တွေမှာ လူအခွင့်အရေးကိုလေးစားလိုက်နာဖို့ နဲ့  စစ်မှန်တဲ့  တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့  တောင်းဆိုထားပါတယ်။ ( ဓါတ်ပုံ- ကနေဒါနိင်ငံခြားရေးဝန်ကြီး လော့ရင့် ကန်နွမ် သန်းရွေ ကိုပြစ်တင်ရှုတ်ချ နေပုံ )



Rest of your post

နအဖစစ်အုပ်စုလူရမ်းကားများ၏ကြောက်ကြီးကိုးလုံး



မြေလတ်သား-(ပခုက္ကူ)ပေးပို့သည်။

တိုင်းပြည်နှင့်ပြည်သူအပေါ်လူမဆန်စွာစက်ဆုတ်ရွံ့ရှာဖွယ်ကောင်းအောင်မတရားမှုတွေကျူးလွန်းခဲ့တဲ့နအဖလူရမ်းကားအုပ်စုဟာကြောက်ကြီးကိုးလုံး
လို့ဆိုတဲ့အထက်မှာဖော်ပြထားသောကြောက်ရွံ့မှုကြီး(၉)ချက်ကိုသူတို့ရင်ထဲမှာနေ့စဉ်နဲ့အမျှကိန်းအောင်းဖိစီးနှိပ်စက်နေတယ်။ဗုဒ္ဒဘာသာအယူအဆ
ဘက်ကကြည့်ရင်တော့ကံ-ကံ၏အကျိုး၊အကြောင်းရှိရင်အကျိုးရှိမယ်။သိပ္ပံဆိုင်ရာအယူအဆကကြည့်မယ်ဆိုလျှင်လည်းသက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်ဆိုတဲ့သဘောပါဘဲ။မကောင်းတာတွေလုပ်ထားရင်တချိန်ချိန်မှာပြန်လည်သက်ရောက်ခံစားရပါလိမ့်မယ်။

ယနေ့န၀တစစ်အုပ်စုလူရမ်းကားများကတော့ဒီကြောက်ကြီးကိုးလုံးအပြင်၊နောက်ထပ်(၂)ခုတိုးသွားပါပြီ်။တခုကဇတ်တူသား၊စားခံရမည့်ကြောက်ကြီး
တလုံး။တနည်းအားဖြင့်ခွေးချင်းခွေးစားတဲ့၊ခွေးဇတ်လမ်းဆိုရင်လည်းမမှားဘူး။နောက်ကြောက်ကြီးတခုကတော့ရိုမေးနီယားသမ္မတဟောင်း
နီကိုလက်စ်ချောင်စက်စကူးလိုပြည်သူကပြစ်ဒဏ်ခက်ခံရလို့မြောင်းပုတ်ထဲမှာခွေးသေ၊၀က်သေသလိုနိဂုံးချုပ်ခံရမည့်ဇတ်လမ်းပါဘဲ။



ဇတ်တူသားစားလေ့ရှိသောန၀တ၏ခွေးဇတ်လမ်း( "Dog Eat Dog" Business)



မြောင်းပုတ်ထဲမှာခွေးသေ၊၀က်သေသေသလိုနိဂုံးချုပ်ခံရမည့်ဇတ်လမ်း


န၀တစစ်ခေါင်းဆောင်တွေဟာဒီအကြောက်တရား(၁၁)ချက်ကိုကြောက်ရွံ့ပြီး၊ကြပ်ပြေးမှာစစ်သင်္ချိုင်းကုန်းဆောက်၊ အထက်သားစစ်ဗိုလ်ချုပ်လူရမ်းကားအချင်းချင်းစည်းစည်းလုံးလုံးနဲ့စတုတ္တမြန်မာနိုင်ငံတော်ကြီးကိုဖျက်ဆီးနေပါသည်။

(
မှတ်ချက်-ယခုလက်ရှိအာဏာရန၀တစစ်အုပ်စုခေါင်းဆောင်အများစုဟာအထက်အညာကဖြစ်ပြီး၊အာဏာရှင်ဟောင်းဆဒန်ဟူစိန်ကဲ့သို့
ဆွေမျိုးစုအာဏာရှင်စံနစ်ကိုတည်ဆောက်နေပါကြောင်း၊စစ်တပ်အရာရှိအသိုင်းအ၀ိုင်းကဆိုနေပါတယ်။အာဏာရှင်ဟောင်းနေ၀င်း၏
နေ၀င်ချိန်ကဲ့သို့ရောက်နေပြီဟုစစ်တပ်အရာရှိငယ်အသိုင်းအ၀ိုင်းကဟော်ကိန်းထုတ်နေကြပါပြီ။ဒီလိုအထက်အညာဖွားဖောက်ပြန်သော
စစ်ဗိုလ်ချုပ်များကြောင့်အထက်ပြည်ကဒီင်္မိုကရေစီရေးတက်တက်ကြွကြွလှုပ်ရှားသူများသည်၊ရန်ကုန်သို့လာရောက်ဆန္ဒပြနေရသည့်
အခြေအနေသို့ပင်ရောက်ရှိနေပါသည်။ )


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAPPYCLOUD] 1 New Entry: လွမ်းတယ်ဗျို့

လွမ်းတယ်ဗျို့


(၁)
တရုံးရုံးဖြစ်နေသော လူအုပ်ကြီးကို ကြည့်ကာ စိတ်ပျက်သွားမိသည်။ ရုံးကပြန်ရန် ဖယ်ရီကား စောင့်နေရင်း ကျွန်တော့်လို ဖယ်ရီစောင့်နေကြသည့် အလုပ်သမား ကုလားတွေ တရုံးရုံးဖြစ်နေကြသည်က စိတ်မချမ်းသာစရာ။ ကိုယ့်နိုင်ငံက ပန်းဆိုးတန်းမှာ ဘက်(စ်)ကားတိုးစီးကြသည့် သူတွေကို သတိရမိသည်။ ကိုယ့်နိုင်ငံမှာပဲတိုးစီးရတဲ့ ဘ၀ရှိတယ်မှတ်နေတာ ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလည်း အောက်ခြေလူတန်းစားတွေရဲ့ ဘ၀ဟာ ဒီလိုပါပဲလား…. သြော်….နေရာ…နေရာ။
(၂)
စဉ်းစားရင်း နေရာတစ်ခုအတွက် လူတွေပြောကြဆိုကြ၊ စကားများကြ၊ ရန်ဖြစ်တာတွေ စိတ်ထဲပေါ်လာမိသည်။ အောက်ခြေလူတန်းစားတွေ နေရာလုတော့ တစ်ယောက်နှင့် တစ်ယောက်ရန်ဖြစ်ကြရုံ၊ ထိုးကြကြိတ်ကြရုံ နောက်ဆုံး တစ်စုံတစ်ဦး အသက်ဆုံးရုံ လောက်သာရှိတာ။ ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေ၊ သမ္မတတွေ၊ ဗိုလ်ချုပ်တွေ နေရာလုကြရင် လူတွေအများကြီး ဆင်းရဲဒုက္ခရောက်ကြရတယ်။ ငွေကြေးတွေ သောက်သောက်လဲ ကုန်ကြတယ်။ အရမ်းဆိုးလွန်းရင် လူ့အသက်တွေပါ စတေးကြရပြန်ရော။ နောက်နိုင်ငံအချင်းချင်း နေရာလုမှုတွေပေါ်လာရင်ရော။ စစ်ပွဲတွေဖြစ်ကြပြန်ရော။ နေရာလေးတစ်ခုကြောင့် ဖြစ်လာတဲ့ လောဘတွေက လူ့သမိုင်းတွေကို အရုပ်ဆိုးအကျဉ်းတန် ညစ်နွမ်းစေပါ့လား။
(၃)
ဟိုရောက် ဒီရောက်တွေးနေရင်း ပတ်ဝန်းကျင်ကို အကြည့်ရောက်သွားသည် အလျှိုလျှို မိုးမျှော်နေကြသည့် တာဝါကရိန်းများ၊ စက်မောင်းသံ၊ တွင်ထိုးသံ၊ ပစ္စည်းတင်သံ၊ ချသံ၊ အိုး… အသံပေါင်းစုံက နားအတွင်း ၀င်လာသည်။ ပရောဂျက်ကြီးတစ်ခုလုံး မီးတွေ ထိန်ထိန်လင်းနေသည်။ လူတွေသာ ပြောင်းသွားသည်။ စက်တွေက မရပ်။ နှစ်ဆယ့် လေးနာရီ မောင်းနှင်ရင်း တစတစ အကောင်အထည် ပေါ်လာသည့် အဆောက်အဦး တွေနှင့် အပြိုင်ပေါ့။ တာဝါကရိန်း တွေကိုကြည့်ရင်း တံလျှပ်မြူတို့ ဝေ့ဆိုင်းနေသည့် ကောင်းကင်ယံမှာတော့ လပြည့်ဝင်းကြီးက ပြူးပြူးကြီး ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အော်...ဒီနေ့ လပြည့်နေပါ့ပဲ။
(၄)
"သီတင်းကျွတ် ပွဲတော်ကြီးပြီးတော့
တန်ဆောင်မုန်း၊ တန်ဆောင်တိုင်
ဆီမီးကမြိုင်။
မသိုးအလှ မြတ်သင်္ကန်းကပ်ဖို့
ရွှေတန်ဂုံ ကုန်းပေါ်တူပြိုင်ပြိုင်
ကထိန်သင်္ကန်းမို့၊ ကပ်လို့ကို မဆုံး
ရွှင်ပြုံးညီညာ ကေသီခိုင်။"

ကြားဖူးတဲ့ သီချင်းထဲကစာသားလေး တချို့တ၀က် အမှတ်ရရင်း ဒီနေ့"တန်ဆောင်မုန်းလပြည့်နေ့"ပါလား။ စိတ်ထဲမှာ လွမ်းလိုက်တာဗျာ။ ကျွန်တော်ခု ဒူဘိုင်းဆိုတဲ့ ကုလားအများစုနေတဲ့နိုင်ငံမှာ ရောက်နေတာလေ။ ဘယ်လောက်ပဲ ရုပ်ဝတ္ထုတွေပေါပါစေ ကိုယ့်နိုင်ငံကို လွမ်းတာတော့ လွမ်းတာပဲဗျာ။ ဒီအချိန်မှာ ကျွန်တော်နေတဲ့ မြို့လေးရော ဘယ်လိုရှိပါ့မလဲ။ ဆောင်းဝင်စမှာ ခပ်ထွေထွေလေး ကွေးနေမလား။ အရင် ကျွန်တော်ရှိတုန်းကလိုပဲ တန်ဆောင်မုန်း လပြည့်နေ့မှာ ဘုရားကို မသိုးသင်္ကန်းကပ်လှူဖို့ တလှုပ်လှုပ် ဖြစ်နေကြမလား။ အင်း...မြို့သူမြို့သားတွေလည်း အရင်လို သိပ်မပြေလည်ကြတော့ လုပ်နိုင်ကြပါ အုန်းမလား။ တောင်တောင်အီအီ လျှောက်တွေးနေမိတယ်ဗျာ။
(၅)
သူငယ်ချင်းနှင့် အတူ မသိုးသင်္ကန်းယက်တဲ့ပွဲကို မလိုက်ချင် လိုက်ချင်နှင့် ရောက်ခဲ့ဖူးတယ်။ ဖိုးမောင်က ပွဲသိပ်ဝါသနာ မပါဘူး။ ကိုယ့် ဘာသာအေးအေးနေချင်တာ။ ဟိုရောက်တော့ အားပါးတကယ်ကိုပဲ သဘောကျ သွားတယ်။ လူတွေတရုံးရုံးနှင့် ဆီမီးတွေ ထွန်းတဲ့သူကထွန်း၊ တချို့ရေချမ်းလဲတဲ့သူကလဲ၊ ပန်းလဲတဲ့သူ အိုးအစုံပါပဲဗျာ။ ဖိုးမောင်စိတ်အ၀င်စားဆုံးက မသိုးသင်္ကန်း ယက်တာကိုပါပဲဗျာ။
မျက်နှာမှာ သနားခါးအဖွေးသား၊ စံပယ်ကုံးတွေ အထွေးလိုက် ပန်ထားကြတဲ့ သက္ကန်းသမလေးတွေအပြိုင်အဆိုင် အချောအလှ ပြိုင်ကြတဲ့ အချိန်ပေါ့။ အခင်းအကျင်းတွေကလည်းအစုံပါပဲ။
အရင်ဆုံး ခပ်ဝေးဝေးမှာဖြန့်ခင်းထားတဲ့ အစေ့ပါတဲ့ ၀ါဂွမ်းတွေကို ပြိုင်ပွဲစတာနှင့် အမျိုးသမိးလေးတွေ ပြေးကောက်ကြတယ်။ နောက်ရပြီဆိုတာနှင့် ၀ါအစေ့ထုတ်တဲ့ လက်လုပ်စက်ကလေးမှာ ၀ါဂွမ်းတွေလိုထည့်ပြီး အစေ့တွေထုတ်တယ်။ ရလာတဲ့ ၀ါဂွမ်းကို ပွသွားအောင် ဂွမ်းဖတ်တဲ့ လက်လုပ်စက်ကလေးနှင့် ဂွမ်းဖတ်တယ်။ နောက်ပြီး ဗိုင်းတောင့်လို့ ခေါ်တဲ့ ဂွမ်းတောင့် မာမာကျစ်ကျစ်လေးတွေရအောင် လုပ်တယ်။ အဲဒါပြီးမှ ဗိုင်းငင်တော့တာပဲဗျိုး။ တဒီဒီ၊ တအီအီနှင့် ဗိုင်းငင်နေတာလေး ကြည့်ရတာ ဂီတသံစဉ်လိုပဲဗျာ။ ရလာတဲ့ ချည်လုံးသေးသေးလေးတွေကိုစုပြီး ချည်ခင်ဖြစ်အောင်လုပ်။ ချည်ခင်ဖြစ်တော့ သင်္ကန်းအရောင် ဆေးဆိုးရတယ်။ ဆေးဆိုးပြီးတော့ ခြောက်အောင် မီးကင်ပါတယ်။ ခြောက်ပြီဆိုမှ ယက္ကန်းစင်မှာ တပ်လို့ရအောင် လိပ်တုံးချည်ရတယ်။ လိပ်တုံးချည်ပြီးတော့မှလိပ်တုံးကို လက်သက္ကန်းစင် သေးသေးလေးပေါ်မှာ တင်လိုက်တယ်။ နောက်နှပ်ပေါက်တွေထဲကို ချည်မျှင်တွေတပ်ပေးပါတယ်။ အဲဒီလိုလုပ်နေချိန်မှာ အခြား တစ်ယောက်ကလည်း ယက်ဖောက်ချည်အတွက်၊ ယက်ဖောက်ယောက်ပေးနေပါတယ်။ အားလုံးစုံတဲ့ အချိန်မှာ ယက္ကန်းစတင် ခတ်တော့ပါတယ်။ အဲလိုနဲ့ တစ်ညလုံး နီးပါးသင်္ကန်းတစ်ထည်ပြီးအောင် ယက်လုပ်ကြရပါတယ်။ အာရုံမတက်မီပထမဆုံး ပြီးတဲ့သူတွေရဲ့ သင်္ကန်းနှင့် ဘုရားဆင်းတုတော်ကို ကပ်လှူကြတာပါ။ ဘာသာရေး ပွဲတော်မို့ ပျော်သလို သူတို့တွေရဲ့ စည်းလုံးမှုနှင့် ကျွမ်းကျင်မှု၊ အချင်းချင်းနားလည်မှုတွေကို တွေ့ရတာဟာ ကြည့်တဲ့သူတွေရဲ့ စိတ်ထဲမှာ အရမ်းကြည်နူးရတာပါပဲဗျာ။ သူတို့ရဲ့ အားထုတ်မှုတွေကို ကြည့်ပြီး ဘေးကနေ ဆုငွေပေးတဲ့သူတွေလည်း ရှိတာပေါ့။ အဲဒီတုန်းက သူတို့တွေရဲ့ အသွင်အပြင် အမူအရာတွေကို ကျွန်တော်အခုအချိန်မှာ ပြန်မြင်ယောင်နေမိတယ်ဗျာ။
ဒါကြောင့် ကျွန်တော်ဖိုးမောင် လွမ်းတယ်ဗျာ။ သူငယ်ချင်းတွေနဲ့အတူ ဆိုင်းဘုတ်ကြီးတွေ ရွေ့ပြောင်းခဲ့တာတွေ၊ ကွမ်းယာဆိုင်တွေ မရွှေ့ခဲ့တာတွေ။ သူငယ်ချင်းတွေစုပြီး ထမင်းဟင်းချက်ပြုတ်စားသောက်ခဲ့ကြတာတွေ ။ နောက်အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ အဒေါ်၊ ဦးလေးတွေကို ကန်တော့ပြီး မုန့်ဖိုးတောင်းခဲ့တာတွေကို အရမ်းလွမ်းမိတယ်ဗျာ။ ဆေးပေါင်းခတဲ့ည၊ ကြယ်ပေါင်းစုံတဲ့ည၊ အဲသူခိုးကြီးည (အပျော်သဘော ချစ်ခင်နောက်ပြောင်ကြတဲ့ည)၊ ကထိန်သင်္ကန်းကပ်လှူဖို့ အပြိုင်အဆိုင် ကြိုးစားကြတဲ့ည၊ အို...ဂုဏ်ပုဒ်တွေ အများကြီးနှင့် ကြယ်အပေါင်းဝန်းရံပြီး ထိန်ထိန်သာနေတဲ့လမင်းကြီး ပြောင်ပြောင်ရွှန်းရွှန်း ၀င်းပနေတဲ့ညတွေကို လွမ်းတယ်ဗျာ။ အဲဒါတွေအပြင် သနပ်ခါး အဖွေးသားနှင့် ယက္ကန်းခတ်တဲ့ ယက္ကန်းပျိုလေးတွေလည်း လွမ်းမိတာပေါ့ဗျာ။ တကယ်ပဲဗျာ... သောက်ကျိုးနဲ.... အားရပါးရ ပက်ပက်စက်စက်ကို လွမ်းနေမိတယ်ဗျို့။
(၆)
ရွှီ....ရွှီ....
ခရာတုတ်သံကြောင့် ကျွန်တော့ အလွမ်းတွေလွင့်သွားတယ်ဗျာ။ ကြည့်လိုက်တော့ ဂိတ်စောင့် လုံခြုံရေး ကုလားတွေနှင့် အလုပ်သမားကုလားတွေ စကားများရန်ဖြစ်နေကြတာကိုး။ စိတ်ထဲကအလွမ်းတွေ ဘယ်ရောက် သွားမှန်းတောင်မသိတော့ဘူး။ ဖယ်ရီကားစောင့်ရင်း တိုးဝှေ့တွန်းထိုးရင်း အချင်းချင်းစကားများကြတာ နောက်ဆုံး လုံခြုံရေးတွေ ၀င်ထိန်းရတဲ့ အဆင့်ရောက်လာကြတာပါ။ အဲဒီအချိန် ကျွန်တော်စောင့်နေတဲ့ ဖယ်ရီကားရောက်လာတယ်။ ဖယ်ရီကားပေါ်တတ်ရင်း အလုပ်သမားအုပ်စုကို စိတ်မသက်မသာ ကြည့်နေ မိတယ်ဗျာ။
စိတ်ထဲပေါ်လာတာက နေရာအကြောင်းပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ဗုဒ္ဓရှင်လတ်ထက်မှာလည်း ကောသမ္ဗီပြည်သားတွေ ရေလုရင်းတုတ်ဆွဲ၊ ဓါးဆွဲ၊ သတ်ကြ၊ ဖြတ်ကြတော့မယ့် အခြေအနေမှာ ဗုဒ္ဓ၀င်ရောက်တားမြစ်ခဲ့တဲ့ အတွက် အေးအေးချမ်းချမ်း ပြီးစီးသွားခဲ့တယ်။ ယနေ့ကမ္ဘာကြီး မှာရော နေ့စဉ်နှင့်အမျှ နေရာတိုင်းမှာ နေရာလုကြတဲ့အဖြစ်တွေ ဘယ်လောက်များများရှိနေမလဲ။ ပဒေသရာဇ် ခေတ်ကလည်းတမျိုးတဖုံ။ ကိုလိုနီခေတ်ကြတော့လည်းတမျိုးတဘာသာ။ ဆိုရှယ်လစ်ခေတ်ကြတော့လည်း တနည်းတလမ်း။ အခု နည်းပညာခေတ်၊ ဈေးကွက်စီးပွားရေး ခေတ်မှာရော ဈေးကွက်အတွက်၊ နည်းပညာ အတွက် တိုက်ပွဲတွေ နေရာလုမှုတွေ ဘယ်လောက်များရှိနေမလဲ။
(၇)
ကားပေါ်လိုက်လာတာ ကမ္ဘာ့အမြင့်ဆုံး မျှော်စင်အဆောက်အုံကြီး တည်ဆောက်နေတဲ့အနားကို ရောက် လာတော့ အမြင့်ဆုံး မျှော်စင်ကြီးနှင့်အတူ ရွှင်းရွှင်းပပသာနေတဲ့ လ၀န်းကြီးက ကျွန်တော့်ကို ပြုံးကြည့်နေတယ်။ လမင်းကြီးက ကျွန်တော့်ကို စကားတစ်ခွန်းပြောလိုက်သလို ခံစားရတယ်ဗျာ။ "ဖိုးမောင်ရေ အရာရာတိုင်းဟာ သူ့အကြောင်းနဲ့သူ့အကျိုး ဖြစ်ပျက်စီးဆင်းနေကြတာပါ။ အဲဒီအထဲမှာ မင်းအနေနှင့် အလိုက်သင့်လေး စီးမျောလိုက်စမ်းပါ။ ယောနိသောမနသိကာရဆိုတဲ့ အသင့်အတင့်နှလုံးသွင်း တတ်တဲ့ စိတ်ကလေး မွေးနိုင်အောင် ကြိုးစားစမ်းပါကွာ" လို့ ပြုံးပြုံးကြီး ပြောနေသလိုပါပဲဗျာ။ ကျွန်တော်ကလည်း "ဖိုးလမင်းကြီးရေ ဒီလိုလပြည့်ညမျိုးတွေမှာ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး ခင်ဗျားရဲ့ အလင်းရောင် အောက်မှာ အေးအေးချမ်းချမ်း အပူအပင်ကင်းကင်းနှင့် ကြည်နူးပျော်ရွှင်တာ မြင်ချင်မိတာပေါ့ဗျာ။ အဲလိုဖြစ်ဖို့ဆိုတာ လူသားအားလုံး လောဘ ဒေါသ၊ မောဟတွေ ကင်းစင်ကြမှ ဖြစ်မှာပေါ့။ ကျွန်တော်ကိုယ်တိုင် အဲဒီိစိတ်တွေ မကင်းတော့ တခြားလူတွေ ကင်းပါစေလို့ ဆုတောင်းရင် တစ်ကမ္ဘာလုံးက ကျွန်တော့်ကို လက်ညှိုးဝိုင်းထိုးကြမယ် ထင်တယ်ဗျာ" လို့ စိတ်တွင်းက ပြန်ပြောမိလိုက်ပါတယ်။

ကဲဗျာ ကျွန်တော်အပါအ၀င်ပေါ့ လောကကြီးက သတ္တ၀ါအားလုံး တန်ဆောင်မုန်းလပြည့်ညနှင့်အတူ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်သော လောကကို အလှဆင်နိုင်သော လောက အလှတရားကို ထိန်းသိမ်းနိုင်သော လူသားများဖြစ်ပါစေလို့ ဆန္ဒမွန်ဖြင့် ကောင်းတောင်းလိုက်မိပါကြောင်း။

အကောင်းဆုံးမေတ္တာမွန်ဖြင့်
(ဖိုးမောင်)

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: ရွက်ခတ်သားတို့ ဇွဲနဲ့မာန်

ရွက်ခတ်သားတို့ ဇွဲနဲ့မာန်

ပင်လယ်လှိုင်းထန်
မုန်တိုင်းဆန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက် ပဲ့ထက် ရွက်တိုင်
ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း
ကြယ်ရောင်မလက် ပျိုးပျက်လျှပ်ရောင်
မိုးထဲမှောင်ထဲ
တစ်ယောက်ထဲမို့
ခရီးမသာ မနီးပါလည်း
ရွတ်ခတ်ယောင်္ကျား မခြောက်ခြားဘူး
ဇွဲမာန်မပျက် ရှေ့သို့ဆက်၏
လှိုင်းလူးလွန့်လှိမ့်
လှေဦးသိမ့်ကာ
လှိုင်းသော်လှေအောက်
ရောက်ပါစေငြား သတိထားလည်း
လှေလည်းမဟန် ဦးကွဲလန်ကာ
ရွက်တိုင် ပဲ့ခြားရှိစေငြားလည်း
လက်အားကိုထဲ့ ခရီးဆက်မည်
သေသော်မှသည် လျှော့လိမ့်မည်။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: တတိယလှိုင်းခေတ် ပြောက်ကျားစစ် - အပိုင်း (၃)

တတိယလှိုင်းခေတ် ပြောက်ကျားစစ် - အပိုင်း (၃)

ဆောင်းပါးရှင် - ဆရာဂါမဏိ

ဆရာဂါမဏိရဲ့  တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း(၃) ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။ အိဂျစ်က ဘာသာရေးအခြေခံ ဝါဒီတယောက်က ထောက်လှမ်းရေး တွေဟာ မိစ္ဆာဒိဋ္ဌိတွေ ဟုတ်မဟုတ်၊ သူတို့ကို သတ်လို့ ပါဏာတိပါတာ ကံထိုက် မထိုက် မေးခွန်းကို အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီအား ၂ဝဝ၇ ဒီဇင်ဘာလမှာ အင်တာနက်ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင်ကဏ္ဍတခု မှာ မေးခဲ့ပုံ၊ နောက်ပိုင်းမှာတော့ အယ်လ်ကိုင်ဒါဟာ နည်းပညာခုန်ပျံကျော်လွှားသွားနိုင်ပြီး ဗီဒီယိုခွေတွေကို အင်တာနက် ပေါ် တိုက်ရိုက် အပြည့် တင်နိုင်လာတဲ့အထိ ရောက်လာခဲ့ပုံ စတဲ့ အကြောင်းအရာ များကို ဆရာဂါမဏိက ကွက်ကွက်ကွင်းကွင်း ရှင်းလင်းရေးသား ပြောဆိုထားပါတယ်။ ယခုလို ဆောင်းပါးရေးသား ပေးပို့လာတဲ့ ဆရာဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

၂ဝဝ၃ ဇွန်လ ၂၄ ရက်မှာ အမေရိကန်သမ္မတဘွတ်ရှ်က အယ်လ်ကိုင်ဒါ ခါင်းဆောင်ပိုင်းဟာ လုံးဝနီးနီး အစွယ် ကျိုးသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဘင်လာဒင်ကို မဖမ်းမိသေးပေမဲ့ အမေရိကန်ကိုရော၊ ကမ္ဘာကိုပါ အန္တရာယ် ပေးနိုင်တဲ့ အနေအထား မရှိတော့ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။ ဥရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းက ဗုံးခွဲမှု တွေဟာ ဘင်လာ ဒင်ကြောင့်မဟုတ်ဘဲ ဒေသခံစစ်သွေးကြွတွေကြောင့်သာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အခုတော့ အယ်လ်ကိုင်ဒါဟာ အမေရိကန်၊ ဥရောပနဲ့ ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတွေ ထင်ခဲ့သလို အားပျော့ချိနဲ့သွားတာ မဟုတ်ဘူးဆိုတာကို လက်ခံလာကြပါပြီ။ ဥပမာတခုအနေနဲ့ ပြရရင် ဘင်လာဒင်ဟာ ၂ဝဝ၃ ခုမှာ ဆော်ဒီအာရေးဗျနိုင်ငံထဲ "အိပ်ခိုင်းထားတဲ့" ကလပ်စည်းတွေကို နှိုးထလှုပ်ရှားစေခဲ့ပြီး ကားဗုံးခွဲမှု တွေ လုပ်ကြံသတ်ဖြတ်မှု တွေ တသီကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၂ ခု ကျူနီးရှားက ဂျူးဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက် ဗုံးခွဲမှု၊ ၂ဝဝ၅ ခု လန်ဒန် မြေအောက်ရထားလိုင်း ဗုံးခွဲမှုတွေဟာ ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ်က ဘင်လာဒင့်လက်ထောက်တွေ ညွှန်ကြားမှုအရ ဖြစ်ခဲ့တာကို အခုမှသိလာရပါတယ်။

ပါကစ္စတန်သမ္မတ မူရှာရပ်ဖ်ကို ၂ဝဝ၃ ခုနှစ်နှောင်းပိုင်းမှာ လုပ်ကြံခဲ့ရာမှာလည်း အောင်မြင်လုနီး ဖြစ်ခဲ့ပါသေး တယ်။ ၂ဝဝ၆ မှာ ဗြိတိန်နိုင်ငံက အမေရိကန်ကို ပျံသန်းတဲ့ ခရီးသည်လေယာဉ်ကို ဖောက်ခွဲဖို့လည်း လုပ်ခဲ့ပါတယ်။

တကယ်တော့ အယ်လ်ကိုင်ဒါဟာ ဆိုဗီယက်စစ်တပ်နဲ့ ကေဂျီဘီထောက်လှမ်းရေး၊ ဆော်ဒီအာရေဗျ ပဒေသရာဇ် အာဏာရှင်စနစ်၊ စီအိုင်အေထောက်လှမ်းရေးနဲ့ အမေရိကန်-နေတိုး စစ်တပ်တို့ကို နှစ်ပေါင်းများစွာရင်ဆိုင် ယှဉ်ပြိုင်ခဲ့၊ ကတုံးပေါ်ထိပ်ကွက်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာတွေထုတ်ယူနိုင်ခဲ့ပြီး မိမိရှင်သန် တည်တန့်ရေးနဲ့ ဆက်လက်တိုက်ပွဲဝင်ရေး အတွက် အသုံးချနိုင်ခဲ့ပါတယ်။

၂ဝဝ၁ ခု စက်တင်ဘာ (၁၁)ရက်နောက်ပိုင်း အမေရိကန်ဝင်တိုက်တာကို တိမ်းရှောင်နိုင်ခဲ့တဲ့ အိုစာမာဘင်လာဒင် နဲ့ အယ်လ်ကိုင်ဒါ ဗဟိုအဖွဲ့ဟာ စောစောပိုင်းတုံးက ခေါင်းဆောင်ပိုင်းတွေ ဖမ်းမိ ကျဆုံးခဲ့တာတွေကို အခုအခါ ပြန်လည် အစားဖြည့်နိုင်ခဲ့ရုံမက ရန်ပုံငွေရှာ၊ လူသစ်စု၊ သင်တန်းပေးတာတွေလည်း တိုးချဲ့လုပ်လာနိုင်ပါတယ်။ ဒါ့အပြင် မြေအောက် ပြောက်ကျားတပ်ဖွဲ့တွေထဲမှာ အကောင်းဆုံးဝါဒ ဖြန့်ချီရေးယန္တရားကိုလည်း တည်ဆောက် နိုင်ခဲ့ပါတယ်။



အယ်လ်ကိုင်ဒါ အဖွဲ့ကို ဦးစီး ကောင်စီတခုက ကိုင်တွယ် အုပ်ချုပ်နေပါတယ်။ ဒီကောင်စီဟာ လျော့လျဲလျဲ စုစည်း ထားတဲ့ လူအုပ်စုပုံစံမပေါက်ဘဲ အဖွဲ့အစည်း ပုံစံကျကျနဲ့ ပုံမှန် အစည်းအဝေးတွေ ထိုင်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဘင်လာဒင်ဆီ အစီရင်ခံတင်ပြရပါတယ်။ အရေးကြီး ဆုံးဖြတ်ချက် တချို့ကိုတော့ ဘင်လာဒင်က အတည်ပြုရပါ တယ်။ ဗဟိုအဖွဲ့မှာ အင်အား (၂ဝဝ)လောက်ရှိပြီး အတော်များများက ပုံမှန်လစာ တွေရကြပါတယ်။ လက်အောက်ခံအဖွဲ့ တွေကိုတော့ ရန်ပုံငွေရှာဖွေရေး၊ ထောက်ပို့ စတဲ့ လုပ်ငန်းတာဝန်အလိုက် ကလပ်စည်းတွေ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ဝင် တွေဟာ ဒေါင်လိုက်ဖွဲ့စည်းပုံအရ ကိုယ့်အစုထဲက လူတွေကိုဘဲ သိကြပါတယ်။ တခြားအစုတွေ ကို သိခွင့်မရှိပါဘူး။

အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီက ၂ဝဝ၇ ဒီဇင်ဘာလမှာ အင်တာနက်ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင်ကဏ္ဍတခု ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ သတင်းစာဆရာတွေနဲ့ သာမန်လူတွေက မေးခွန်းပေါင်း ၁၈၈၈ ခုကို ချက်တင်ရိုက် မေးခဲ့တဲ့အခါ ဇာဝါဟီရီက ၂ ပတ်-၃ ပတ်အကြာမှာ ငါးပုံတပုံလောက်ကို သေသေချာချာ ဖြေပေးခဲ့ပါတယ်။ အိဂျစ်က ဘာသာရေးအခြေခံ ဝါဒီတယောက် မေးတဲ့ ထောက်လှမ်းရေး တွေဟာ မိစ္ဆာဒိဋ္ဌိတွေဟုတ်မဟုတ်၊ သူတို့ကိုသတ် လို့ ပါဏာတိပါတာ ကံထိုက်မထိုက် မေးခွန်းကို ဟုတ်ကြောင်း၊ ဒါကြောင့် တယောက်မကျန်သတ်၍ရကြောင်း ဖြေပေးခဲ့သလို အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စိန်ခေါ်ရှုတ်ချ မေးခွန်းထုတ်ထားတွေကိုလည်း ပြန်လည်ဖြေရှင်းခဲ့ ပါတယ်။

ဒီလိုလုပ်ငန်းတွေကို တာဝန်ယူစီစဉ်ပေးရတဲ့ အယ်လ်ကိုင်ဒါရဲ့ ပြန်ကြားရေးဌာန (ဝါ) ဝါဒဖြန့်ချိရေးမီဒီယာဌာနကို အယ်လ်ဆာဟာ့ဘ် (ဗမာလို တိမ်တိုက်များ)လို့ ခေါ်ပါတယ်။ ဒီ မီဒီယာအဖွဲ့ဟာ ၂ဝဝ၅ ခုမတိုင်မီက ကိုယ့်ဗီဒီယို အခွေ တွေဖြန့်နိုင်ဖို့ အယ်လ်ဂျာဇီးယားရား ရုပ်သံသတင်းဌာနလို တခြားမီဒီယာ ထွက်ပေါက်တွေ အပေါ် မှီခိုခဲ့ရပါတယ်။ အင်တာနက်ပေါ်မှာလည်း ဗီဒီယို အပိုင်းတိုလေးတွေဘဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျာဇီးယား ကလည်း ဒီကနေ့ မြန်မာလိုလွှင့်တဲ့အသံလွှင့်ဌာနတွေလိုဘဲ ဘင်လာဒင်မိန့်ခွန်းတွေကို ဖြတ်ချင်သလိုဖြတ် လွှင့်ချင်သလိုလွှင့်လို့ ဆိုလိုရင်း အဓိပ္ပာယ် တလွဲတချော်ဖြစ်ရတာတွေ၊ အကြမ်းဖက်ဝါဒ အားပေးတယ်လို့ ဥရောပနဲ့အမေရိကန်က စွပ်စွဲမှာကို စိုးရိမ်ပြီး မီဒီယာရဲ့ဘက်မလိုက်မှုဆိုတဲ့ စိတ်ကူးယဉ်ဝါဒကို ကျင့်သုံးတာတွေကြောင့် အယ်လ်ကိုင်ဒါ အဖွဲ့သားတွေက မကျေလည်ကြပါဘူး။ ၂ဝဝ၅ ခုမှာဆိုရင် အယ်လ်ဂျာဇီးယားဟာ ဘင်လာဒင် မိန့်ခွန်းတွေကို လုံးဝလွှင့်မပေးတော့ပါဘူး။ တဖက်မှာ အင်တာနက် ဝန်ဆောင်လုပ်ငန်းတွေအနေနဲ့ အစ္စလမ် အစွန်းရောက်ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်ပေးဖို့လည်း အမေရိကန် အစိုးရနဲ့ မဟာမိတ်တွေက အောင်အောင်မြင်မြင် စည်းရုံးဖြောင်းဖြနိုင်ခဲ့ပါတယ်။ အဲဒီတုံးက အစ္စလမ် ကွန်ပျူတာ ပါရဂူ တော်တော်များများကိုလည်း အရှင် သို့မဟုတ် အသေ ဖမ်းမိခဲ့ပါတယ်။

အယ်လ်ကိုင်ဒါဟာ ဒီနောက်ပိုင်းမှာတော့ နည်းပညာခုန်ပျံကျော်လွှားသွားနိုင်ပြီး ဗီဒီယိုခွေတွေကို အင်တာနက် ပေါ် တိုက်ရိုက် အပြည့် တင်နိုင်လာပါတယ်။ အယ်လ်ဆာဟာ့ဘ် မီဒီယာဌာနရဲ့ အယ်ဒီတာတွေနဲ့ ထုတ်လုပ်သူ တွေဟာ ဆိုနီဗေယိုအမျိုးအစား လက်ပ်တော့ ကွန်ပျူတာတွေနဲ့ ထိပ်တန်း ဗီဒီယိုကင်မရာတွေ သုံး၊ မိမိတို့ဖိုင် တွေကို ပီဂျီပီ ပရိုဂရမ်နဲ့ ဝှက်စာသွင်းပြီး ထားပါတယ်။ ၂ဝဝ၅ ခုမှာ အယ်လ်ဆာဟာ့ဘ်က ဗီဒီယို (၁၆)ခွေ ထုတ်ခဲ့တယ်။ ၂ဝဝ၇ ခုမှာတော့ (၉၇)ခွေအထိ ခြောက်ဆတိုးထုတ်လာပါတယ်။ အခုဆို သုံး-လေးရက်တခွေ နှုန်းလောက် ထွက်နေပါတယ်။ အရည်အသွေး ကလည်း သိသိသာသာ တိုးတက်လာပြီး ဗီဒီယိုအများစုမှာ ဘာသာပေါင်းစုံနဲ့ စာတန်းထိုးတာတွေ ပါလာသလို တချို့ အခွေတွေမှာ သုံးဖက်မြင် ကာတွန်းရုပ်ရှင် သရုပ်ဖော်ပုံ တွေလည်း ထည့်လာနိုင်ပါတယ်။ သတင်းကားအဆင့်ရှိတဲ့ ဗီဒီယိုခွေ၊ အိုင်ပေါ့ဒ်ဖိုင်၊ လက်ကိုင်ဖုံးအတွက် ဗီဒီယိုဖိုင်၊ အမ်ပီသရီးအတွက် အသံသက်သက်ဖိုင် စသဖြင့် အမျိုးအစားစုံစုံ ထုတ်လုပ် နေပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဖိုးစံ] 1 New Entry: Talk face to face with Gmail voice and video chat

Talk face to face with Gmail voice and video chat



>>DOWNLOAD<<

Related media files: http://www.youtube.com/v/JFGJRfoK9xQ&color1=0xb1b1b1&color2=0xcfcfcf&fs=1

You received this email because you are subscribed to the real_time feed for http://phosan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပန်ဒိုရာ] 1 New Entry: ကျီးမနိုးခင်ရေးတဲ့စာ

ကျီးမနိုးခင်ရေးတဲ့စာ

မနှစ်က တန်ဆောင်မုန်း လပြည့်ညက လမင်းကြီးသာနေရင် ကောင်းကင်ကြီးကို ကြည့်ပြီး တခုခုရေးပါလားလို့ ပြောတဲ့လူကပြောလို့ လပြည့်ဝန်းကြီးကို ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ရင်း ဒီစာလေး ရေးဖြစ်ခဲ့တယ်။ ဒီနေ့လည်း ညကျရင် အပြင်ထွက်ပြီး လရောင်ကို လိုက်ဖမ်းဦးမှပါပဲလေလို့ စဉ်းစားတော့ မိုးက တနေ့လုံးရွာနေတယ်။ လသာဖို့ဝေး ကြယ်ကလေး တလုံးတလေ တောင် မရှိဘူး။

ဒါက မနှစ်က လ ပါ။


လတ်တလော သတင်းတွေကြောင့် စိတ်တွေ အရောင်မထွက်နိုင်ပဲ မွဲခြောက်ခြောက် ဖြစ်နေတဲ့ အချိန်မှာ တချိန် တောက်ပခဲ့တဲ့ ဆေးရောင်စုံတွေနဲ့ ပြန်ခြယ်ကြည့်ရရင်တော့ ကျီးမနိုးပွဲ လုပ်ခဲ့တာကို သတိရပါတယ်။

တန်ဆောင်မုန်းလမှာ စောရနက္ခတ်က ကွန့်မြူးသတဲ့။ ဒါကြောင့် လူငယ်တွေဟာ ခိုးချင်ဝှက်ချင် စိတ်တွေ ပေါ်လာပြီး ခင်မင်သူတွေရဲ့ ပစ္စည်းတွေကို ၀ှက်ထားတာတို့ ဟိုနေရာ ဒီနေရာ ရွှေ့ထားတာတို့ လုပ်ပြီး ကျီစယ် နောက်ပြောင်ကြတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာ တက္ကသိုလ် ကျောင်းသူဘ၀က မိန်းကလေးတွေချည်း အတူတူနေကြတဲ့ နေရာတခုမှာ တန်ဆောင်မုန်း လပြည့်ညကို ဖြတ်သန်းခဲ့ကြပုံကို သတိရတယ်။

ကိုယ်ရယ် ကိုယ်နဲ့ ခုတင်ချင်းကပ်လျက် သူငယ်ချင်းရယ် ဘယ်သူ့ကို ဘယ်လို နောက်ရင် ကောင်းမလဲ ဆိုတာ ထိုင်စဉ်းစားကြတယ်။ ညဦးပိုင်းမှာ စဉ်းစားနေကြတုန်းပဲ စာမေးဖို့ဆိုပြီး သူငယ်ချင်း တချို့ အခန်းထဲ ရောက်လာတယ်။ သိပ်တော့ မသင်္ကာလှဘူး။ တကယ်ဆို သူတို့နဲ့ ကိုယ်တို့ကလည်း မေဂျာတူတာမဟုတ်။ အတန်းကလည်း ငယ်သေးတယ်။

သူတို့ပြန်သွားတဲ့အခါ ခုတင်ပေါ်က ဆင်းမယ်ကြံတော့ ပါသွားပြီ။ ဘာမှတ်လဲ။ ဖိနပ်။ အိမ်နေရင်းစီးတဲ့ ဖိနပ်တွေ မရှိတော့ဘူး။ သို့သော်လည်း ဒင်းတို့ ပျော်သွားမှာစိုးလို့ မသိချင်ယောင် ဆောင်ပြီး အသာလေးပဲ နေလိုက်တယ်။ နည်းနည်း ညဥ့်နက်လာတော့ အခန်းအပြင်မှာ ဆူဆူညံညံအသံတွေ ရယ်သံတွေကြားလို့ ထွက်ကြည့်လိုက်တော့…။ အခန်းတွေရဲ့ အလယ် အောက်ထပ်ကိုဆင်းတဲ့ လှေခါးပေါက် မှာ ကြိုးရှည်ရှည် တစ်ချောင်းနဲ့ငါးခြောက်တွေသီသလို သီပြီး တန်းစီချထားတာ ဖိနပ်တွေသာမက အကျီတချို့နဲ့ အတွင်းပစ္စည်းတွေ…။ မိန်းကလေးတွေ အားလုံးလည်း တ၀ါးဝါး တဟားဟား ကိုယ်ပစ္စည်း ကိုယ်ပြန်ရှာကြပေါ့။

အဲဒီလိုနဲ့ ညဥ့်နက်လို့ လူတွေ အိပ်တဲ့လူအိပ်နေပြီ။ ကိုယ်တို့အခန်းမှာက ကိုယ်တို့ နှစ်ယောက်အပြင် နောက်တစ်ယောက်ရှိသေးတယ်။ သူက သိပ်ပြီးရိုးသလောက် သဘောလည်းကောင်းပါတယ်။ ကြံစည်ထားတဲ့အတိုင်း ကိုယ့်သူငယ်ချင်းက သူ့ကို အခန်းပြင် ခဏ ခေါ်ထုတ်သွားတဲ့အချိန်မှာ လှုပ်ရှားပါတော့တယ်။

နောက်တော့ သူတို့ ပြန်ဝင်လာတယ်။ ကိုယ်တို့ နှစ်ယောက်က စောစော အိပ်တော့မယ် ဆိုပြီး အိပ်ရာဝင်ပြီး အိပ်ကြပါတော့တယ်။ ရိုးသားတဲ့ သူငယ်ချင်းလေးက စာကျက်နေတော့ တော်တော်နဲ့ မအိပ်သေးဘူး။ အိပ်ချင်ယောင်ဆောင်နေတဲ့ နှစ်ယောက်ဟာ သူအိပ်တော့မယ့် အချိန်ကို စောင့်နားထောင်နေကြတယ်။ သူစာကျက်ပြီးလို့ အိပ်မယ်ဆိုပြီး ခြင်ထောင်ကို ဆွဲချသံကို ကြားလိုက်ရတယ်။ အဲဒီမှာ တွေ့တော့တာပဲ။

ဝရုန်းသုန်းကားနဲ့ ခြင်ထောင်ကို ဟိုဘက်ထောင့်ကဆွဲချကြည့် ဒီဘက်ထောင့်က ဆွဲချကြည့်နဲ့ နဲ့ ဘယ်လိုမှမရလို့ သူ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဒီလိုပါ။ အကြောင်းကတော့ သူအဆင်သင့် ပြင်ထားတဲ့ ခြင်ထောင်ကို ကိုယ်က ပြောင်းပြန်လှန်ပြီး ပြန်ထောင်လိုက်တာကိုး။ ဆွဲချရမယ့် အပိုင်းက ခေါင်မိုးပေါ်မှာ ရောက်နေတာပေါ့။ နောက်တော့ သဘောပေါက်သွားတယ်။ ကိုယ်တို့လုပ်တယ်ဆိုတာ သူ သိတော့သိမှာပေါ့။ ကိုယ်တို့ကို တစ်ခွန်းနှစ်ခွန်း လှမ်းခေါ်ကြည့်သေးတယ်။ ဒါပေမယ့် ဒီက တုတ်တုတ်မလှုပ် အိပ်ချင်ယောင်ဆောင်နေတယ် ဆိုတော့ ဘာမှမပြောတော့ပဲ ခြင်ထောင်လေး ပြန်ဖြုတ် ပြန်ထောင်ပြီး အိပ်သွားပါတော့တယ်။

အပြင်မှာတော့ အဲဒီည ဘယ်သူတွေ ဘယ်လိုဆက် သောင်းကျန်းကြလဲ မသိပါဘူး။ အိပ်လိုက်ကြတယ်။ မနက်တော့ ၅ နာရီလောက်မှာ အသာလေး အိပ်ရာထကြတယ်။ ညက ဖိနပ်လာခိုးထားတဲ့ သူငယ်ချင်းတွေထဲက နှစ်ယောက်ရဲ့ ရုပ်ပြောင်ပုံကို ကိုယ်ကဆွဲတယ်။ ပြီးတော့ အလိုရှိသည် ဆုငွေ ဘယ်လောက် ဆိုပြီး သူတို့ အခန်းရှေ့မှာ သွားကပ်တယ်။ နောက်တခန်းကိုကျတော့ အခန်းရှေ့ကနေ တုတ်တချောင်းနဲ့ ကန့်လန့် ခံထားလိုက်တယ်။ ပြီးတော့မှ အသာလေး ကိုယ့်အခန်း ပြန်အိပ်နေတော့တာပေါ့။ မိုးလင်းလာတော့ ဆူဆူညံညံပေါ့လေ။ မသိချင်ယောင် ဆောင်နေလိုက်တယ်။ အမယ်.. ကာတွန်းပုံ အဆွဲခံရတဲ့ နှစ်ယောက်က သူတို့ပုံတွေ တူတယ်ဆိုပြီး သဘောတောင်ကျလို့ ဆိုပဲ။ တုတ်နဲ့ အပိတ်ခံရတဲ့ အခန်းကတော့ ထွက်မရလို့ ဘေးခန်းက ဖွင့်ပေးရတယ်။

အခုလည်း ကျီးမနိုးပွဲကို ဘလောဂ့်တွေထဲမှာ ဘယ်လိုလုပ်လို့ရနိုင်မလဲ ဆိုပြီး တွေးကြည့် နေမိသေးတယ်။ ရပ်ကွက်ထဲမှာ ဆိုင်းဘုတ်တွေ ပြောင်းချိတ်ကြသလို ဘန်နာတွေ ပြောင်းချိတ်လို့ရရင် ရယ်ရမယ်။ တံခါးဝမှာ ကန့်လန့်ခံ ထားသလို ဆီပုံးတွေကို သွားဆို့လိုက်ရမလား။ အချစ်ကဗျာ နုနုရွရွရေးတဲ့ ဘလောဂ့်မှာ တရားစာရေးတဲ့ ဘလော့ဂ်က သံဝေဂပို့စ်ကို ဖြုတ်ခိုးပြီး သွားတင်လိုက်တာတို့ ဘာတို့။ ဒီလို လိုက်မွှေလို့ရရင် ဘယ်လိုနေမလဲပေါ့။ ကျီစားသန်က ရန်များ၏ တော့ မဖြစ်အောင် သတိထားရမယ်။

အားလုံး ခဏဖြစ်ဖြစ် ပြုံးပျော်နိုင်ကြပါစေ။


You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညိမ်းညို] 1 New Entry: ယုံကြည်တယ်

ယုံကြည်တယ်

ယုံကြည်တယ်
ကလိမ်ကကျစ် ပစ်သွင်းခံလိုက်ရတဲ့လက်သီးတစ်လုံးကို
အရိုးသားဆုံးမျက်လုံးနဲ့
ယုံကြည်ရဲရင့် ကလပ်ပေါ်တင်ကြည့်ဝံ့တယ်ဆိုတာ။

ယုံကြည်တယ်
ပုတ်သင်တွေရဲ့ ကျော့ကွင်းတစ်ထောင်မှာ
စိတ်ဓာတ်ကို ဓားသွားလိုထောင်ပြီး
ရှောင်ခွာရုန်းထွက်ခဲ့ကြမယ်ဆိုတာ။

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ယုံကြည်တယ်
ဗရုတ်ဗရက်ခေတ်ကြီးထဲ
ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။

ယုံကြယ်တယ်
ဇကောထဲထည့်အလှိမ့်ခံရပေမဲ့
ဇီးဖြူသီးတွေလို တွန်းထိုးကန်ကျောက်မနေဘဲ
နှမ်းစေ့ကလေးတွေလို သိပ်သည်းစည်းလုံးနေထိုင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
မက်လုံးတစ်သိန်းလောက်ပေးနေပါစေ
ဂျပန်ခေတ် စကားပြန်တစ်ယောက်လို
လက်ဝေခံကြီးထွားဖို့ စက်ဆုပ်ရွံရှာတတ်ကြတယ်ဆိုတာ။

ယုံကြည်တယ်
မုန်တိုင်းကြမ်းကြမ်း လေပြင်းရမ်းရမ်း
တောပန်းတစ်ပွင့်ရဲ့အရိုင်းသစ္စာမှာ ဓားတစ်လက်ဆွဲချိတ်
အရိပ်မည်းကြီးကို ဖယ်ရှားပစ်ကြမယ်ဆိုတာ။

ယုံကြည်တယ်
အရွေ့ဟာ ဘယ်လောက်ပဲသေးငယ်ပါစေ
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတိုင်ဆီ တစ်ဆင့်နီးကပ်လာရမယ်ဆိုတာ။

ယုံကြည်တယ်
ရင်ဘတ်ပေါ် ခြေရာတွေဘယ်လောက်ပဲဖြတ်နင်းပါစေ
တစ်ညွှန့်အချိုးဖဲ့ခံရရင် သုံးညွှန့်တိုးထွက်လာမဲ့သတ္တိနဲ့
နွေဦးမျှော်တေးတစ်ပုဒ်ကို ဟစ်ကြွေးနေမယ်ဆိုတာ။

ယုံကြည်တယ်
ကဗျာကိုကဗျာလို ရေးလို့မရတဲ့နေ့စွဲများမှာ
ကဗျာကို ကဗျာမဟုတ်သလိုရေးရသည့်တိုင်
ဖုံးထားလဲ မြင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
လောကဥယျာဉ်မြေမှာ
လမင်းတစ်ရာရွှန်းတင့် ပြုံးပန်းတစ်ရာထွန်းပွင့်ဖို့
နှလုံးအိမ်ထဲ ကဗျာတွေပျံဝဲနေမယ်ဆိုတာ။

ယုံကြည်တယ်
ဘယ်ရာဇ၀င်ဘယ်ခေတ်ရောက်ရောက်
ကဗျာခြေထောက်တွေ သန်မာဖျတ်လတ်လတ်နေမယ်ဆိုတာ။

ယုံကြည်တယ်
လက်ညှိုးနဲ့လက်မအကြား
ချွန်မြသံမဏိအသွားနဲ့
ငါတို့ကဗျာတွေ ဆက်လက်မွေးဖွားနေဦးမယ်ဆိုတာ။

ညိမ်းညို

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[NYI LYNN SECK 18+ DEN] 1 New Entry: High Resolution Maps of Myanmar Release (1)

High Resolution Maps of Myanmar Release (1)

High Resolution Maps of Myanmar
Release (1)


All are in CC, free share, editable, redistributable, modifiable but not for commercial use.
Dimension: 2048x2880 Jpeg format
EPS version also available for Researcher, Students and Designers (difficult to upload, so come and take from me if needed)
Recently release: Kachin Map, Kayah Map, Kayin Map, Chin Map, Mandalay Map
Suggestion and correction are warmly welcome!





You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.