Thursday, November 13, 2008

[ပန်းခရမ်းပြာ] 1 New Entry: ဆန်းဒေး ဒံပေါက် ပါတီ

ဆန်းဒေး ဒံပေါက် ပါတီ

ဒီတပတ် ဆန်းဒေးမှာ မွေးနေ့ပွဲလေး တစ်ခုကို ရောက်သွားတယ်။ သူငယ်ချင်း စန္ဒာရဲ့ မွေးနေ့။ ဒီအုပ်စုထဲမှာ ဘယ်က ဘယ်လို စလိုက်တယ် မသိဘူး။ ဆရာမကြီး အမည်ရတဲ့ သုံးယောက်ရှိတယ်။ ခေမာ၊ စန္ဒာ၊ မချို …. တဲ့။ ခေါ်ကြပါ။ ခေါ်ကြပါ။ ဆရာလေးလို့ အခေါ်မခံရရင် ပြီးတာပါပဲ။

အခု ဆရာမကြီး တစ်ယောက်ရဲ့ မွေးနေ့ဆိုတော့ ဂိုဏ်းဝင်တွေ အကုန်လုံး နီးပါး တက်ရောက် ကြရတာပေါ့။ ရွာက ပြန်လာကာစ မောင်ဘုန်းနဲ့ သူ့အချစ်လည်း ရောက်လာတယ်။ ကိုစိုင်းကတော့ ပျက်ကွက် စာရင်းထဲမှာ…။ အားလုံးက သူ့ကို သတိတရနဲ့ မေးနေကြတာ သူသိပါလေစ။ :D

မွေးနေ့ရှင်က စေတနာလည်းကောင်း၊ ချက်တဲ့သူကလည်း လက်ရာကောင်းနဲ့။ စားလို့ ကောင်းမှကောင်း။ ဒံပေါက်၊ ကြက်သား၊ ချဉ်ပေါင်ဟင်း…တွေကို ဓာတ်ပုံ မရိုက်ဖြစ်လိုက်ဘူး။



မြန်မာ ဝေါဟာရမှာကိုက အစားအသောက် …တဲ့၊ စားစရာ သောက်စရာ…တဲ့၊ စားကောင်း သောက်ဖွယ်…တဲ့။ အဲဒီလိုနဲ့ပဲ သံဗူးခွံ အလွတ်လေးတွေ များလာတယ်။

Tiger ကုန်တော့ Black အတွက် KMA စီစဉ်တဲ့ Game က ပျော်စရာ။ အားလုံး တစ်ယောက် နှစ်ကျပ်စီ စုလိုက်တယ်။ ပြီးတော့ တစ်ယောက် တစ်ရွက်စီ ပြန်ဝေလိုက်တယ်။ ပိုက်ဆံမှာ ပါတဲ့ နောက်ဆုံး နံပါတ် သုံးလုံးကိုပေါင်း၊ ဂဏန်း အကြီးဆုံး ရတဲ့ သုံးယောက်က တစ်ဆယ်ဆီ ထပ်ပေး၊ အဲဒါနဲ့ Black တစ်လုံးဘိုး ပြည့်သွားရော။ အားလုံး တဝါးဝါး တဟားဟားနဲ့ ပျော်စရာ။ Game တီထွင်သူ KMA ကတော့ တစ်ဆယ်ထပ်ပေးရတဲ့ အထဲ ပါသွားရှာတယ်။

အားလုံးစုပြီး ဓာတ်ပုံ ရိုက်ကြတယ်။ မွေးနေ့ရှင်က ပုံထဲမှာ ထိပ်ဆုံးက။ ပျော်ရွှင်စရာ အမှတ်တရ မွေးနေ့ပွဲလေးပါပဲ။
Happy Birthday စန္ဒာ …. ။
ထာဝရ ပျော်ရွှင်နှိုင်ပါစေ….။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.