Thursday, November 13, 2008

[ကိုတိုးလေး..............] 1 New Entry: ရွက်ခတ်သားတို့ ဇွဲနဲ့မာန်

ရွက်ခတ်သားတို့ ဇွဲနဲ့မာန်

ပင်လယ်လှိုင်းထန်
မုန်တိုင်းဆန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက် ပဲ့ထက် ရွက်တိုင်
ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း
ကြယ်ရောင်မလက် ပျိုးပျက်လျှပ်ရောင်
မိုးထဲမှောင်ထဲ
တစ်ယောက်ထဲမို့
ခရီးမသာ မနီးပါလည်း
ရွတ်ခတ်ယောင်္ကျား မခြောက်ခြားဘူး
ဇွဲမာန်မပျက် ရှေ့သို့ဆက်၏
လှိုင်းလူးလွန့်လှိမ့်
လှေဦးသိမ့်ကာ
လှိုင်းသော်လှေအောက်
ရောက်ပါစေငြား သတိထားလည်း
လှေလည်းမဟန် ဦးကွဲလန်ကာ
ရွက်တိုင် ပဲ့ခြားရှိစေငြားလည်း
လက်အားကိုထဲ့ ခရီးဆက်မည်
သေသော်မှသည် လျှော့လိမ့်မည်။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.