Thursday, November 13, 2008

[We Fight We Win. -- " More than Media "] 3 New Entries: ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ (မင်းဒင်)

ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ (မင်းဒင်)




ခေတ်ဆန်းချိန် ရောက်လုနီးပါပြီ။

(မင်းဒင် ရေးသည်)

ကိုယ့်ကိုယ်ကို ဝေဖန်တယ် ဆိုလို့  ကြက်မွှေးနဲ့  သပ်ချ သလို တော့ မလုပ်ကြေးပေါ့ဗျာ။ ကျုပ်ကတော့ ရံဖန်ရံခါ ဆိုသလို သံဘရှပ်နဲ့  တိုက်သလို ကိုယ့်ကိုယ်ကို ဝေဖန်ရေး လုပ် မိ ပါရဲ့ ။တောင်စပ်စပ် မြောက်စပ်စပ်မှာ သာမန်ထက်လိုလို ထူးချွန်လိုလို ထင်ရပေမဲ့  တကယ့် နိုင်ငံချစ်စိတ် ဆိုတဲ့  ခေါင်းစဉ်အောက်မှာတော့ .... အရိုင်းမျက်နှာ ကိုယ့်ရုပ်လွှာက နုပ်ပါလှ ခပ်မွဲမွဲ ပင် ဆိုတဲ့  အတိုင်းပါပဲ ဗျာ။ ဒီရက်ပိုင်း ဆို ပိုတောင် ဆိုးသေး။


..............................................

ကျုပ် ဒီကနေ့  အပြင်ကနေပြန်ရောက်လို့ ကွန်ပြူတာရှေ့  လည်း ထိုင်လိုက်ရော ..... ငါးဆက်မြောက် မြန်မာနိုင်ငံတော် ထူထောင်ရေး အတွက် လုံးပန်းနေတဲ့  ရဲရည်တက်တွေ ကို သိက္ခာထပ်လိုက် တဲ့  သတင်းကို တွေ့ လိုက်ရသဗျာ။ရှစ်လေးလုံး မျိုးဆက်ကျောင်း သား ခေါင်းဆောင်တွေကို စစ်အစိုးရက ထောင်ဒါဏ် ၆၅ နှစ် စီ ချမှတ်လိုက်သတဲ့ ။ ဟုတ်ပါ့ ဗျာ ။ ဓာတ်ဆီဈေးတက်တာလေး ထောက်ပြ၊ အစိုးရမင်းများ လုပ်ပုံကိုင်ပုံ အချိုး မပြေဘူး ပြောမိလို့  မြင့်မြတ်သော သူရဲကောင်း ဘဝကိုရောက်သွားတဲ့ သူ တွေက တော့

ကိုမင်းဇေယျ
ကိုဂျင်မီ
ကိုဇော်ဇော်မင်း
ကိုသန်းတင်
ကိုဇေယျ (လူ့ ဘောင်သစ်)
ကိုအံ့ဘွယ်ကျော်
ကိုကျော်ကျော်ထွေး
ကိုပဏ္ဍိတ်ထွန်း
ကိုသက်ဇော်
မသင်းသင်းအေး(ခေါ်) မမီးမီး
မမာမာဦး
မနီလာသိန်း
မစန္ဒာမင်း
မသက်သက်အောင် ... တဲ့ ။



ကိုမင်းဇေယျကတော့  ၆၅ နှစ်ထဲလားကွာ လို့  ထီမထင်ခွန်းတုန့် သတဲ့ ။ မမီးမီး ကလည်း ဘယ်တော့မှ မကြောက်ဘူး၊ ဗမာပြည် လွတ်မြောက်ပါစေ။ အရေးတော်ပုံ အောင်ပါစေ လို့  ကြွေးကြော်သွားသေးသတဲ့ ဗျာ။
မြရိပ်ညို ဟိုတယ် ရှေ့ မှာ အစိုးရမင်းများ ဂုဏ်ပုဒ်ကို လူတကာမြင်အောင် စာဆွဲမိတဲ့  မစုစုနွေးက ဆယ့်နှစ်နှစ် တဲ့ ၊
ကိုမင်းကိုနိုင် ၊ ကိုကိုကြီး နဲ့  ကိုဌေးကြွယ် တို့ တော့  ဘယ်လောက်ချသလဲ မသိရသေးဘူး တဲ့ ။ ထောင်ဒါဏ် အသင်္ချေလိုက် ချမလို့ တသင်္ချေမှာ သုညဘယ်နှစ်လုံး ရှိသလဲ တွက်နေ တုန်း ထင်ပါ့ဗျာ။ လွန်ခဲ့တဲ့  တရက်လောက်ကလည်း ဘလော့ဂါ နေဘုန်းလတ် ဆိုတဲ့  လူငယ် ဟာ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြင် ခြောက်လပါ အဆစ်ရသေးသတဲ့  ဗျား ။
အေးလေ။ သူတို့ နဲ့  နှိုင်းယှဉ်လိုက်ရင် ကျုပ်နိုင်ငံချစ်တယ် ဆိုတာ ပါမွှား စာရင်းတောင် မဝင် ဘူးလေ။
.............................................
သူတို့ တင်မကပါဘူး ဗျာ။ ကျုပ်လိုက်မမှီတဲ့  သူတွေအများကြီးပါ။ မြန်မာ့ သူရဲကောင်း စာရင်းကို အကုန်အစင် ရေးချပြဘို့  ကတော့  ကျုပ်ဘလော့ဂ် ထပ်ချဲ့  ရအောင် ကို ဂူဂယ်နဲ့  လှမ်းညှိ ရအုံး မယ်ထင် ပါရဲ့ ။
တကယ်ပြောတာ ဗျ။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့  ခေါင်းဆောင်အမည် ပြောပြန် တော့ ဒေါ်ဝင်းမြမြ။ ဒေါ်နော်အုန်းလှ အပါအဝင် လူသိပ် မသိတဲ့  သူတွေ ကျန်ခဲ့  မယ်။အရှင် ဂမ္ဘီရ၊ ကိုအောင်ကျော်ကျော်၊ ဦးဝင်းတင် ၊ဦးမြင့်အေး ၊ရှေ့ နေ ဦးအေးမြင့် တို့  အကြောင်း ဆိုလည်း ဒီလိုပဲ ၊ ဒေါက်တာ ဇော်မြင့်မောင် ၊ မတ္တရာ ဦးသန်းလွင် ၊ကိုထင်ကျော် ၊ ဦးတင်ယု၊ ကိုမင်းအောင် ၊ကိုစိုးမြင့်ထိန် ..... တို့  နာမည်တွေ ကျန်အုံးမယ်၊ တကယ်တမ်းသာ နံမည် အပြည့်အစုံ ချရေးရရင် ဂူဂဲယ် ကိုချဲ့ ကို ချဲ့ မှ ဖြစ်မှာ ။ အစိုးရမင်း များကို မချစ်မနှစ်သက်တာက သန်းခြောက်ဆယ်နီးပါးကိုး။
နှစ်ရှည်ထောင်ဒါဏ်တွေ ချီးမြှင့်ခံရတဲ့  ရဲရည်တက်တွေ ရဲ့  ဂုဏ်ဒြပ်ကတော့  ဗျာ။
မစင်တွေ ရွှံ့ ပေနေတဲ့ ဝက်က သူ့ ကိုယ်လုံးနဲ့ ပတ္တမြားတုံးကို ပွတ်သလို ပွတ်လေပြောင်လေ လို့ သာ ဆိုချင်သဗျာ။
........................................



နေစိမ့်  နိုင်သူတချို့  ကတော့  ဒီလူတွေ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးမနေကြဘူး ဆိုချင်ဆိုကြ မယ်ဗျ။ နိုင်ငံတော် ပြည့်အရေးလည်း တချက် လောက်ငဲ့  ကြည်ပါဦးလေ။

ရွေးကောက်ပွဲ လုပ်တယ်။ အာဏာမလွှဲဘူး။

အော့ကြောလန် လူမိုက်အုပ်စုကို အရာတော်ပေး၊ ဟန်းဖုန်းလို ဆုတော်လာဘ်တော် ချပြီး နာဠာဂီရိ ဇာတ်ခင်းသတဲ့ ။

စည်းရုံးရေး ခရီး ဆင်းတာ ဒီပယင်းမှာ ချောင်းပြီး လုပ်ကြံသတ်ဖြတ်တယ်၊့  တရားခံ မမိဘူး ။မသေလို့  လွတ်လာတဲ့ သူတွေ ထောင်ကျတယ်။

မေတ္တာပို့  မိတဲ့  ဘုန်းတော်ကြီး၊ မယ်သီလရှင် ၊ ပါမကျန် သီတင်းသုံးတဲ့  ကျောင်းတိုက်ပါ မြေလှန်တယ်။ ထောင်ချတယ်။ လမ်းဘေးက သောက်ရေ ကပ်မိတဲ့  ဒကာဒကာမ ကိုလည်း ထောင်ချ တယ်။

အမွဲဆုံး တိုင်းပြည် ရဲ့ ခေါင်းဆောင် သမီး မင်္ဂလာဆောင်မှာ ထုတ်ဝတ်လိုက်တဲ့ စိန်တွေက အချမ်းသာဆုံး နိုင်ငံက သူဌေးတွေ လန့် ကုန်တယ်။

ဆုတောင်းပွဲက ပြန်အလာစောင့်ပြီး သံလက်သီးနဲ့  မျက်လုံးကန်းအောင် ထိုးတယ်။ ထိုးတဲ့  သူမမိဘူး ၊ အထိုးခံရတဲ့  သူထောင်ကျတယ်။

လူသိန်းချီ သေတဲ့  မုန်တိုင်း တိုက်လို့  အလောင်းတောင် မကောက်နိုင်သေးဘူး ။ ကယ်ဆယ်ရေး လုပ်ငန်း ပြီးပြီ ကြေငြာတယ်။ နိုင်ငံတကာက မကြည့်ရက်လို့  လှူပါရစေ ဝိုင်း ပြောတာလည်း သဘောင်္တွေ ဝင်မလာနဲ့ တဲ့ ။ ကုလသမဂ္ဂ က သူကြီးမင်း ကိုယ်တိုင် ဖုန်း ဆက်တာလည်း ဖုန်းမကိုင် ဘူးတဲ့ ၊နိုင်ငံတကာ အလှူပစ္စည်းတွေ က ဒုက္ခသည်တွေ လက်မရောက်ခင် မှောင်ခိုတန်း ရောက် ကုန် သတဲ့ ။ ဒုက္ခသည်တွေ ဆီသွားတဲ့  ကား တွေကို လမ်းတဝက်က လှည့်ပြန်ခိုင်း သတဲ့ ။ လှူမဲ့  ပစ္စည်း ထားခဲ့  လို့  အေးဓားပြ တိုက်သတဲ့ ။ တတိုင်းတပြည်လုံး သရောကြီးခိုင်းနေတာ ကို ချက်ကောင်းပဲ ဟေ့ ဆိုပြီး အဓမ္မဆန္ဒခံယူပွဲ လုပ်တယ်။ မဲတောင် ရေမပြီးလောက်သေးဘူး။ နာဒို့  နိုင်တယ် ။ ထ ကြော်ငြာ တယ် ၊ ပြန့် ကျဲနေတဲ့  အလောင်းတွေ လိုက်ကောက်ပြီး မြေမြှုပ်ပေးတဲ့  သူတွေကို ဖမ်းတယ်။ ကယ်ဆယ်ရေးလုပ်မိသူတွေ ထောင်ကျတယ်။

တိုင်းစည်းရုံးရေး တာဝန်ယူမိတဲ့  ဒေါ်ဝင်းမြမြ ရဲ့  မန္တလေး ဈေးချိုထဲက အထည်ဆိုင်ကို သိမ်းသတဲ့ ။

လု့  အခွင့်အရေး အကြောင်း ဟောပြောသူက ဗုံးခွဲပါတယ် ဆိုပြီး ဝန်ခံခိုင်းသတဲ့ ၊

တရားရုံးမှာ စစ်ဆေးနေတုန်း မိသားစုလာပြီး နားထောင်တာ၊အစားကျွေး ရေတိုက် တာ ကို ပိတ်စေ စမြောင် တဲ့ ။ တရားရုံးကို မယုံတော့ ဘူး လို့ အမှု သည်ပြောတာကို ရေးတင်မိတဲ့  ရှေ့  နေတွေ ကိုပါ ထောင်ချပစ် သတဲ့ ။

ကမ်းလွန်ရေနံ တူးတာ သူ့ နယ်မြေကျူးကျော်ပါတယ်ဆိုပြီး ဘင်္ဂလာဒေ့ရှ် က ကန့် ကွက်တော့ တချက်တည်း ဖင်ပိတ် အမြီးကုပ် ပြီး ဆုတ်ခွာလာ
သတဲ့ ။သတင်းထုတ်ပြန်ချက်တွေကလည်း တောင်တခွန်းမြောက်တခွန်းနဲ့ ။ ဖတ်တဲ့သူ မပြောနဲ့ ၊ ရေးတဲ့သူတောင် နားမှ လည်ပါလေစ ဆိုတဲ့ သတင်း တွေ။
.......................................
.......................................
.......................................
.......................................
ကြားလိုက် ဖတ်လိုက်ရသမျှတော့ အဆိုးတကာ့ထိပ်ခေါင်။ အမိုက်တကာ့ ခေါင်ချုပ် ။ယိုသူမရှက် မြင်သူရှက် ဆိုတာချည်းပဲ ဗျာ။ အမေရိကန်နဲ့  တရုတ် က စင်ထိုးစင်ဖန် ဖြစ်နေတာကို မြန်မာ အစိုးရမင်းများက တရုတ်ကို ကပ်ပြီး အမေရိကန် လှမ်းမာန်ဖီနေသေး။ စွန့် လွှတ်စွန့် စား တတ် ပါပေ့ ဗျာ။ တော်ပါပေ့ ဗျား ။ တကယ့်တကယ် အနိုင်ကြဲရမဲ့  နေရာ ကျတော့  ကျုပ်အမေပြောဘူးတဲ့  လူပါးရင်နောက်ဆုတ် ခွေးပါးရင် အမြီးကုပ် ဆိုတဲ့  သြဝါဒ နဲ့  လာညီနေတယ်။ စစ်ဘုရင်များ အပါးလွန်တာ သြချလောက်ပါရဲ့ ။

ကျုပ်ကလည်း သတင်းဖတ်ပြီး အကုန်ယုံတယ်တော့  မထင်လေနဲ့  ဗျ။ အဲဒီ သတင်း မျိုး က တပုဒ်မှန်ရင်တောင် အစိုးရတဖွဲ့ လုံး ဖျာလိပ်သင့်တာ ။ အကုန်သာမှန်ရင်တော့  ရှက် တတ်ရင် ကိုယ့်တွင်း ကိုယ်ယက်ပေတော့ ပဲ ။ တူးနေရင် ပေါက်တူးဖိုး နှမြောစရာဖြစ်မယ်၊ လူ့ တန်ဖိုးနဲ့ တိုင်းခဲ့ရင် ပြော ပါတယ်။
......................................



မန်မာပြည် ကြီး က အဆင်ခြင်မဲ့  လုပ်ရပ်တွေ သတင်းတွေ ကြားရတိုင်း ၊ ဖတ်ရတိုင်း ကျနော်တော့ ယောက်ျားတန်မဲ့  မျက်ရည်စို့ မိတာပါပဲ။ ကြောက်တာ မဟုတ်ဘူးဗျ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ရှက်လွန်းလို့ ၊ဝမ်းနည်းလွန်းလို့ ၊ဒါပေမဲ့  ထူးဆန်း တာက မျက်ရည် က ကျမလာဘူး ဗျ။ရင်ထဲက မျက်ရည်ဟာ ဦးနှောက် ကို မကျော်ဖြတ်နိုင်ဘူး ထင်ပါရဲ့ ။ ဆိုင်တာမဆိုင်တာ အသာထား အဲဒီအချိန်မျိုးမှာ ကျုပ်က မိုဟာမက် အလီ ကို သတိရလို့  မျက်ရည်မကျတာ လည်း ဖြစ်နိုင် သဗျာ။
မိုဟာမက် အလီ ကိုလူတိုင်းသိမှာပါ။
သူက အမေရိကန် နိုင်ငံ မက်ဆီဒင် စကွဲယား လက်ဝှေ့ ရုံကြီးမှာ ဆန်နီလစ္စတန် ဆိုတဲ့  လူ့  ဘီလူးကြီး နဲ့  ကမ္ဘာ့  ဟဲဗီးဝိတ် ချန်ပီယံလုပွဲ အဖြစ် ရင်ဆိုင်တွေ့ ခဲ့  ကြဘူးတယ် ဗျ။ လက်ဝှေ့ ပွဲ အကဲခတ်တွေ က ဆန်နီလစ္စတန်ကို အလီ နိုင်ဘို့ ဆိုတာ ဆယ့်ခြောက်လေး တလေး လောက်သာ ရှိ သတဲ့ ။
အဲဒီဗိုလ်လုပွဲ ခြောက်ချီမြောက်မှာ အလီမျက်နှာဟာ ရစရာ မရှိအောင် ဒါဏ်ရာတွေ ပြည့်နေတယ်။ သွေးတွေ လည်း ယိုစီးနေပြီ။ အလီက သူ့ ဆရာ ဒန်လိုဂျီ ကို သူ့  လက်အိတ်တွေ ဖြုတ်ပေး ပါတော့ လို့  တောင်းပန်နေတဲ့  အခြေအနေ။ ဒါပေမဲ့  ဆရာလုပ်သူက မင်းပဲ ကမ္ဘာ့ ချန်ပီယံ ဖြစ်ချင်လှချည်ရဲ့  ဆို ၊ ငါတော့  ဖြုတ်မပေးနိုင်ဘူး။ မင်းဖာသာ ဖြုတ်ချင်ဖြုတ်လို့  ငြင်း တယ်။
ဒါနဲ့  ခုနှစ်ချီမြောက်ကို အလီ ပြန်တက်သွားတယ်။ သွေးအလိမ်းလိမ်းနဲ့  ဖူးယောင်နေတဲ့  မျက်နှာနဲ့  ဆက်ထိုးတယ်။ ခုနှစ်ချီနားတော့  အလီက ကြိုးဝိုင်း ထဲမှာ သေချင်သေပေ့စေ တော့ ဆိုတဲ့  စိတ်နဲ့  ရှစ်ချီမြောက်ထိုးဘို့  ကြိုးဝိုင်းထဲကို ပြန်တက်သွားတယ်။ အဲဒီ အချိန်မှာ လူ့ ဘီလူးကြီး ဆန်နီလစ္စတန် ကြိုးဝိုင်းပေါ်တက် မလာနိုင်တော့ ဘူးတဲ့ ၊ သူ့  က လူ့ ဘီလူးလို အားသန်တယ် ဆိုပြီး အလီကို အားကုန်ထိုးတာတဲ့  ဒါဏ်ချက်တွေ ထဲက မထိ တဲ့  အချက်တွေကြောင့် သူ့ လက်မောင်းကြောတွေ ပြတ်ကုန်ပြီး ဆက်မထိုးနိုင်တာတဲ့  ဗျာ။ ဒီမှာတင် ဘယ်သူမှ ထင်မထားတဲ့  ထင်မထား တဲ့  အလီ ဟာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ် လာတော့ တာပဲ ။ ကမ္ဘာ့ ဟဲဗီးဝိတ် ရာဇဝင်မှာ အကြီးကျယ်ဆုံးသော ကမ္ဗည်း ကို ထိုးခဲ့  သူပေါ့  ဗျာ။
ဘာဆိုင်လို့  လည်း ဟုတ်လား ။ ဆိုင်ပါသော်ကော ဗျာ။ ဒီလောက် စိတ်ထင်တိုင်း ဟောသွမ်းနေတဲ့  အစိုးရမင်းများရဲ့  လက်မောင်းကြော တွေ နဲ့ တူတဲ့  ပြည်သူလူထုက အော့နှလုံးနာနေ တာ ဟာ မကြာခင် စခန်းကော ပွဲကော သိမ်းတော့ ပဲ လက္ခဏ ဗျ ။ ကျုပ်ယုံတာ ကျုပ်ပြောတာပါ ။ လိုက်ယုံ ဘို့  တော့  မပြောလို ပါဘူး။ စစ်အစိုးရမင်းများ နေမဝင်ဘူး ထင်သူများလည်း သဘောတော် အတိုင်းပါ ဗျာ။
........................................
နောက် ကျုပ်တခါ ပြောဘူးတဲ့  ဘီစီ ၄၈၀ မှာ ပါရှားဘုရင် ဇပ်ဇီး(စ်) စစ်သည် နှစ်သိန်း ကျော် စစ်သဘောင်္ တစ်ထောင်ကျော် နဲ့  ဂရိကို လာတိုက်တာ စပါတာ ဘက်က လီယွန်နီဒတ်(စ်) ခေါင်းဆောင်တဲ့ စစ်သူရဲ သုံးရာ အသေခံတိုက်တာ မကြာဘူး စပါတာပြည်သူတွေ ရဲ့  တွန်းလှန်မှုနဲ့  ရင်ဆိုင်ရပြီး ထွက်ပြေးရတာပါ ပဲဗျာ။
အခု ကျုပ်တို့ မြန်မာပြည်မှာ ထရီနီဒတ်(စ်)တွေ ။ ဦးဝင်းတင်တွေ ၊ဒေါ်အောင်ဆန်း စုကြည်တွေ ၊မင်းကိုနိုင်တွေ ။နီလာသိန်းတွေ ၊ တပြုံကြီးရှိတဲ့  တိုင်းပြည်ပါဗျာ။ မယုံဘူးလား ဗျာ။ ဒီရက်ပိုင်းမှာတောင် သူရဲကောင်းမှတ်တမ်းဝင်နေတာ တရာဝန်းကျင် ရှိရော့မယ် ။
......................................
အစိုးရမင်းများ အခုလို မတော်တရော် ရုပ်ပျက်ဆင်းပျက် အလုပ်တွေ စွတ်လုပ်နေတာ တကယ့်တော့  အကြောက်လွန်နေတာ ဗျ ။ သူ တို့ ရှုံးနေတာ ကို သူတို့ သိနေလို့  ဆိုတာ အသေအချာပဲ ။
ကျုပ်ဘဝမှာ ဝမ်းဘိုင်ဝမ်း ဖိုင်တင် ပွဲတွေ နွှဲခဲ့ဘူးတယ်။ ခံလည်းခံခဲ့ ဘူးတယ်။ နိုင်လည်း နိုင် ခဲ့ဘူးတယ်။ ဖိုက်တင်ပွဲတွေမှာ ကျနော် နိုင်တဲ့ အခါ ဆက်ဖိထိုးရင် ပရိသတ်က လက်မခံဘူး ဗျ။ ကျနော်ကိုယ်တိုင်လည်း ဆက်ထိုးချင်စိတ် မရှိဘူး ။ နိုင်တာသေချာ ရင် တဘက်လူ နောက်ကောက် ကျ တာကို ကြည့်နေရရင် အာသာပြေပြီ၊ ကျနော့်  ရှုံးတဲ့  အကြိမ်တွေလည်း တဘက်လူက ထို့ နည်းလည်းကောင်းပါပဲ၊ နိုင်ရက်နဲ့  ဆက်ထိုး တဲ့  သူတွေ လည်း ကြုံခဲ့ ဘူး ပါသဗျာ။ နောက်ပိုင်း သူများသတ်လို့ သေတာချည်းပဲ ။
............................................



ဒီတသက်တော့  မြန်မာပြည်မှာ ဒီမိုကရေစီ ဆိုတာ ရမှာ မဟုတ်တော့ ပါဘူး ဗျာလို့  ခို ဘိုးအေ ငြီးသလို ငြီးနေတဲ့ မောင်တွေ မြောက်များစွာသော ကိုယ်ကျိုး စွန့် လွှတ်သူတွေ ကို အားနာစေချင် သဗျာ။ ဘော်ကြော့နေ စားခွက်လုနေကြတဲ့ မောင်တွေလည်း ၆၅ နှစ် ကျခံသွားတဲ့  ရဲရည်တက်တွေ
ရဲ့ မျက်နှာကို တချက်ကလေး စောင်းငဲ့ ကြည့်ကြဦး ဗျ။
တကယ်ဆို ကျုပ်တို့  တမျိုးသားလုံးက ဒီသတင်းမျိုး ကြားတာနဲ့  ငိုလည်းငို ရီလည်း ရီရမှာ ။ သုဝဏ္ဏသျှံ ဇာတ်တော် ထဲကလို ပေါ့။ ငိုတာက ဝမ်းနည်း လို့ ၊ ရီတာက အလုပ်အကျွေးပြု ခွင့်  ရတော့ မှာမို့ လေ။
ဒီနေ့ ခေတ်ကြီးဟာ ဟိုတချိန်က သူ့ ဘိုးဘွားတွေ သံခြေကျင်းတွေခတ်။ ဈေးထဲမှာ လေလံတင်ရောင်းခံရတဲ့  အိုဘားမားတောင် စင်္ကြဝဠေးမင်း ဖြစ်လာ နေတဲ့  အချိန်ပါ ။
ဘာလင်တံတိုင်းပြိုတာ၊ ဆိုဗီယက်ယူနီယံကြီးပြိုကွဲတာ မဖြစ်ခင် တနေ့ ကတော့ ဘယ်သူမှ ယုံကြတာမှ မဟုတ်တာ။
စောင့်သာကြည့်ပါလေ။ စစ်ဝါဒ စုပ်ကနဲ မြုပ်သွားဘို့ ဆိုတာ မနက်ဖြန်လည်း ဖြစ်နိုင်တဲ့  အရာပဲ ဗျ။ မူမမှန်ပုံမမှန်တာတွေ ဟာ ဒီနည်းနဲ့  ချုပ်ငြိမ်း ခဲ့ကြ ရတာချည်းပဲလေ။ အဲဒီနေ့  ကျမှ ကျုပ်ကို သွေးထွက်အောင်မှန်တဲ့ ရှေ့ ဖြစ်ဟော ဆရာလို့ မထင်ကြလေနဲ့ ။
.............................................
စာသား အကုန်အစင်တော့  ကိုက်ညီအပ်စပ်လှတယ် မဟုတ်ပါဘူး ဗျာ။ သီချင်းခေါင်းစဉ်က ကျုပ်ယုံကြည်ချက်နဲ့  အံကိုက်နေတာမို့  ခင်ညွန့် ရည် ဆိုထားတဲ့ ခေတ်ဆန်းချိန် ဆိုတဲ့  သီချင်းလေး ကို ကျုပ်လွှတ်သဘောကျသဗျာ။
အခန်းထဲ အောင်းပြီး စာတိုပေစလေး ရေးလိုက် ၊ မြန်မာပြည်လွတ်မြောက်ရေးအတွက် ဘယ်သူခိုင်းခိုင်း ၊ ခိုင်းတာ လုပ်မဟဲ့  စိတ်ကလေး မွေးလိုက် ၊ငါလုပ်နေလည်း အပိုပါပဲ ဆိုတဲ့  ခပ်ညံ့ညံ့အတွေးတွေ ဝင် လာတဲ့ အခါ မြန်မာ့သူရဲကောင်း တွေ မျက်နှာကို ပြေးမြင်ပြီး ခေတ်ဆန်းချိန်ကို ဖွင့်ဖွင့် နားထောင်လိုက်မိ တာပါပဲ ဗျာ။
ခေတ်ဆန်းချိန်
ဤဆောင်းပါးအား ဆရာမင်းဒင်၏ ဘလော့မှ ကူးယူဖော်ပြပါသည်။

ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် ကိုကူညီပါ


သန်းေ ရွှ မိသားစုကိုကာကွယ်တဲ့ ကာကွယ်ရေးတပ် ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က အပြင်းအထန် ခုခံနေပါတယ်။ ကရင်အမျိုးသားတပ်မတော်ဟာ သံဃာတွေ၊ ကျောင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေကို ကာကွယ်
ပေးထားပါတယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တလျောက်လုံးလက်တွဲ ပြီး သန်းရွေ မိသားစုရဲ့ ဖိနိပ်မှုကိုခုခံနေပါတယ်။ ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် နဲ့  ကျောင်းသားတပ်မတော်ကို အားပေးကြပါ။ ငွေကူညီပါ။ စိတ်ဓါတ်ရေးရာအရကူညီပါ။ နောက်ထပ် ပြောက်ကျားတိုက်ပွဲတွေကို ဆက်လက်ဖေါ်ထုတ်မယ်။လက်နက်ခဲယမ်း၊ စကားပြောစက်များ
ဝယ်ယူနိင်ရေးအတွက် ငွေကူညီပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

ကပ္ပိယ မောင်မှတ်နှင့် နီဝရဏ ငါးပါး


ကျောင်းအောက် ကွပ်ပျစ်ကလေးပေါ်မှာ ရေနွေးကြမ်းအိုးကလေး ဘေးချပြီး ခြေဆင်းထိုင်ရင်း ကပ္ပိယ မောင်မှတ်တယောက် စာအုပ်ကလေး တစ်အုပ် ကို သေသေချာချာ မျက်မှောင်ကြုံ့ ဖတ်နေတယ် သူ့ မျက်မှန်ကလေးကလည်းမှုန်ဝေလို့
ဘာလိုလိုနဲ့ညနေသုံးနာရီတောင် နီးပါပေါ့လား။

ခဏ နေတော့ ..ကြေးနန်းကြိုးအထူ နဲ့ ပြန် ချည်ပြီးဆက်ထားတဲ့  ညာဘက်ကိုင်းကျိုးနေတဲ့မျက်မှန်ကလေးကို သေသေချာချာ ခေါက်ထားပြီး ညိုညစ်ညစ်အ၀တ် မျက်မှန်အိတ်ကလေးထဲကိုထည့်လိုက်တယ်။
ဒီမျက်လုံးတွေလည်း အရင်ကလို ခပ်ဝေးဝေး သရက်ပင်ပေါ်ကို တန်းစီချီတက်နေတတ်တဲ့ခါချဉ်တွေကို မမြင်တော့ဘူး ။
အင်းလေ ဇရာပဲ ကိုး ဘာတတ်နိုင်မတုန်း။
မောင်မှတ်ဟာ သူ့ဟာသူ စဉ်းစားရင်း ရေနွေးကြမ်းလေးတစ်ခွက်ငှဲ့ပြီး ဖြေးဖြေး မှုတ်ရင်း ကျောင်း မြောက်ဘက် ခြံစည်းရိုး နားမှာ ကိုရင်လေးတွေ တံမြက်စည်း ကြမ်းကြီးတွေကို မြင်းလုပ်ပြီး ဆော့နေကြတာကို ပြုံးကြည့်နေမိတယ်။
ရုတ်တရက် " ကပ္ပိယကြီး ဘာတွေ ငေးနေတာလဲ " လို့ နောက်နားကအသံကြားတော့
" ဟိုး ကျောင်း ဘေး ခြံစည်းရိုးနားက ကိုရင်လေးတွေ ကစားနေတာကို ကြည့်နေရင်း တွေးနေတယ်ကိုရင်" ခပ်အေးအေးပဲ မောင်မှတ်ကပြန်ဖြေတယ်။
လာမေးသူကတော့ ကပ္ပိယ မောင်မှတ်တို့ကျောင်းက အသက်ဆယ့်ခြောက်နှစ်အရွယ်လောက် ကိုရင်တပါးပေါ့။

ကိုရင် ဟာ မောင်မှတ်ဘေးနားက စာအုပ်ကလေးကိုကြည့်ပြီး " ကပ္ပိယကြီးဘာစာအုပ်တုန်းဗျ " လို့ မေးတယ်။
"တရားမရခြင်းအကြောင်းရင်းဆိုတဲ့စာအုပ်ကလေးပါကိုရင်ရဲ့ " လို့ မောင်မှတ်ကဖြေရင်း ကွပ်ပျစ်ပေါ်ကထပြီးတော့ ဘေးနား ခြင်းကြမ်းကြီးထဲမှာ ထည့်ထားတဲ့ ၀ါးစိမ်းလုံး နှစ်တောင်လောက်အရှည် ဖြတ်စတွေကိုယူလိုက်ပြီးတော့
သူ့ရဲ့ အင်မတန်ထက်မြက်တဲ့ ဓါးနဲ့စပြီး ခြေနှစ်ချောင်းကို ဆန့် ခင်းထိုင်ရင်း နှီးဖြာပါတော့တယ်။

ကိုရင်ဟာ စာအုပ်ကလေးကို ယူပြီးဘေးနားမှာထိုင်လိုက်တယ်။
ပြီးတော့ အမှာ နဲ့မာတိကာလောက်ဖတ်ပြီးရင်ပဲ
" ကပ္ပိယကြီး ပြန်ဟော ပေးပါလား ဗျာ နှီးဖြာရင်း နဲ့ နော် " လို့ တောင်းဆိုလိုက်တယ်။
ကပ္ပိယကြီး မောင်မှတ်ဟာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း သူ့ ပါးစောင်မှာ ငုံထားတဲ့  ဆေးရည်တွေကို ပျစ်ကနဲ ဘေးနားက ၀ါးဆစ်ဘူးခွက်ကလေးထဲကိုထွေးထုတ်ရင်း
" စာအုပ်ရေးတဲ့ ဆရာတော် ... အဲ ဟောကြားတဲ့ဆရာတော်ဆိုလိုချင်တာကပေါ့လေ နီဝရဏ တရားငါးပါးကြောင့် တရားမရနိုင်ဘူး ဆိုတာပေါ့ ကိုရင်ရယ်"
ကိုရင်လေးဟာ သူ့ရဲ့  ဦးပြည်းစိမ်း လေးကို ကုတ်ရင်း " ကပ္ပိယကြီးရဲ့ အသေအချာ နားလည်အောင်ရှင်းပြမှပေါ့ဗျ ၊ အကျဉ်းမချုပ်နဲ့လေ မြန်မာ လိုနားလည်အောင်လဲ သေချာဟောမှပေါ့" လို့
စောဒကတက်ပြီး ထပ်တောင်းဆိုလိုက်တော့တယ်။
ကပ္ပိယကြီးဟာ ပြုံးနေရာ က တဟားဟားရယ်ရင်း "ဟုတ်ပါ့ကိုရင်လေးရယ် တခါတလေလည်း နားမလည်တာကိုက ပို အထင်ကြီးစရာတွေဖြစ်နေတတ်တာကိုးဗျ လောကကြီးက လို့ အစချီရင်း အောက်ပါအတိုင်း ပြောပြပါတော့တယ်။

နီဝရဏ ငါးပါး
နီဝရဏ တရား ငါးပါးရှိပါတယ်။
၁။ ကာမစ္ဆန္ဒ = ကာမ အာရုံ၌ လိုလား တပ်မက်သာယာမှု
၂။ ဗျာပါဒ= စိတ်ဆိုးမှု၊အမျက်ထွက်မှု၊မလိုမုန်းတီးမှု
၃။ ထိန မိဒ္ဓ = ငိုက်မျဉ်းထိုင်းမှိုင်းမှု
၎။ ဥဒ္ဓိစ္စ ကုက္ကုစ္စ = ပျံ့လွင့်ပူပန်မှု
၅။ ၀ိစိကိစ္ဆာ = ယုံမှားသံသယဖြစ်မှု ဆိုပြီး နီဝရဏ တရားငါးပါးရှိတယ် တဲ့ ကိုရင်လေးရဲ့။

-----------------------------------------------

ဆရာတော်ဘုရားရဲ့ တရားထဲက ပုံပြင်လေးတစ်ပုဒ်ကိုထုတ်နှုတ်ပြီး ပြောရမယ်ဆိုရင်တော့ဗျာ....လို့  နိဒါန်းထပ်ပျိုးပြီး အောက်ပါ ဇာတ်လမ်းလေးကို ဆရာတော်ဟောခဲ့တဲ့အတိုင်းပြန်ပြောပါတော့တယ်။

ဈာန်ရခဲ့သူ မီးသွေးဖုတ်

နီဝရဏတရားတွေ ၀င်လာရင် ရပြီးသားဈာန်တောင် လျောတဲ့အကြောင်း သာဓက တစ်ခုပြပါဦးမယ်

တစ်ခါက ရဟန်းသာမဏေ သုံးဆယ်တို့ဟာ မဟာစေတီတော် ကိုဖူးမြော်ပြီး တောလမ်းခရီးက ပြန်ကြွလာကြပါတယ်။
လမ်းမှာ မီးသွေးဖုတ်ပြီး ပြန်လာတဲ့ ဒကာကြီးတယောက်နဲ့တွေ့ ကြပါတယ်။ မီးသွေးတွေ ပေရေမည်းညစ်ပြီး မီးလောင် ငုတ်တိုလို ဖြစ်နေတဲ့
သူ့ကို မြင်တဲ့အခါ ကိုရင်တွေ ဦးပဉ္ဇင်းတွေက "ဒါ ကိုရင့် အဖေ၊ကိုရင့်အဖိုး" လို့ တစ်ပါးနဲ့တစ်ပါး စကြနောက်ကြပြောင်လှောင်ကြပါတယ်။

အနားရောက်လာတဲ့အခါ"ဒကာကြီးနာမည်ဘယ်လိုခေါ်သလဲ" လို့မေးကြတော့ မီးသွေးဖုတ်တဲ့ဒကာကြီးက ၀မ်းနည်းပက်လက်နဲ့ လျှောက်ထားပါတော့တယ်။

လ ၊ နေကို ကိုင်ခဲ့

ပြောင်လှောင်ရယ်မော နေကြတဲ့  ရှင်ရဟန်း ငယ်တွေကို-
" အရှင်ဘုရားတို့ တပည့်တော် ကို ကြည့် ပြီး ပြောင်လှောင် နေကြသလား ၊ အရှင်ဘုရားတို့က သင်္ကန်းဝတ်ရုံထားတာနဲ့ ပြည့်စုံပြီလို့ မမှတ်ကြပါနဲ့။ တပည့်တော်လည်း
ဟိုတုန်းကတော့ အရှင်ဘုရားတို့ လို ရဟန်းပဲပေါ့။"

"အရှင်ဘုရားတို့ ကို ကြည့်ရတာ စိတ်တည်ငြိမ်မှုလေး လောက်တောင် မရကြသေးပါဘူး ။ တပည့်တော်ဟာ အင်မတန် တန်ခိုးကြီးတဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့ပါတယ်"။
"ကောင်းကင်ကိုမြေကြီး ၊ မြေကြီး ကို ကောင်းကင်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အဝေးကို အနီး ၊အနီးကို အဝေး ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ စင်္ကြ၀ဠာ တိုက်တစ်သောင်း
ကို ခဏခြင်း ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ အရှင်ဘုရားများ အခု တပည့်တော် ရဲ့ လက်တွေကို ကြည့်ကြပါ၊ တောထဲကမျောက်လက်နဲ့ တူနေပါပြီ။ ဒါပေမယ့် ဒီလက်ဝါးတွေနဲ့ပဲ
လတွေနေတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ဒီခြေထောက်တွေနဲ့ လတွေ နေတွေကို ထိခဲ့ပါတယ် အဲဒီတန်ခိုးတွေဟာ တပည့်တော်ရဲ့ မေ့လျော့ ပေါ့ဆ မှုကြောင့် ကွယ်ပျောက် ခဲ့ရတာပါ
အရှင်ဘုရားတို့  မမေ့မလျော့ကြပါနဲ့၊ မမေ့ မလျော့ ကျင့်ကြံ နေထိုင်ကြမယ်ဆိုရင် ဇာတိ၊ ဇရာ၊ ဗျာတိ ၊ မရဏ ဆိုတဲ့ သံသရာ ဘေးဆိုးကြီး ထဲက လွတ်မြောက်ကြပါမယ် ဘုရား၊တပည့်တော်ကို ကြည့်ပြီး သတိဝင်ကာ မမေ့မလျော့ နေစေချင်ပါတယ်ဘုရား"-လို့ သံဝေဂ ဖြစ်အောင် လျှောက်ထားလိုက်ပါတယ်။
ရဟန်း သာမဏေ သုံးဆယ်တို့ဟာ ဒကာကြီးရဲ့စကားတွေကို ကြားပြီး သံဝေဂ ဖြစ်ကာ ၀ိပဿနာ တရားပွားများ အားထုတ် ကြလို့  အဲဒီမှာပဲ အားလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။
တဲ့  ဗျား.........။အဲဒါရဲ့ မူရင်းကတော့ ၀ိဘင်္ဂအဌကထာပါပဲဗျား လို့ ပြောရင်း သူ့ဘေးနားက ဓါးသွေးကျောက် ကလေးပေါ်မှာ စဥ့်အိုးထဲကရေကို အုန်းမှုတ်ခွက်နဲ့ခပ်ပြီးလောင်းလိုက်ရင်း သူ့ နှီးဖြာဓါးကို ပြန်သွေးနေတယ်။
ပတ်ဝန်းကျင် တခုလုံး ဓါးသွေးသံ နဲ့ ဟိုး ကျောင်း စည်းရိုး နားက ကစားနေတဲ့ ကိုရင်ငယ်လေးတွေရဲ့အသံကလွဲလို့ ကပ္ပိယကြီးမောင်မှတ်လဲ စကားမပြောဘူး ကိုရင်လေးလဲစကားမပြောဘူး အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတယ်။

" ကပ္ပိယကြီး.........ဒီပုံပြင်အရဆိုရင် အဲဒီအဖျက်တရားငါးပါးကို သတိမမူမိရင်
ဘယ်လိုသူတော်စင်မဆို တနေ့ မှာ သူတော်ကောင်းတရားနဲ့လွဲတတ်တယ်ပေါ့နော်" လို့မှတ်ချက်ချလိုက်ပါတယ်။
ကပ္ပိယကြီးကတော့ ကိုရင်လေးကို ပြုံးကြည့်လိုက်ရင်း သူ့ဓါးထက်မထက်ကို
သူ့  မေးစေ့ကို တင်းနေအောင်မော့ပြီးမှ ပါးသိုင်းမွေးအချို့ကို
ဓါးနဲ့ရိတ်ချသလိုစမ်းလိုက်ပြီး " စိတ္တေန နိယျတေ လောကောလို့ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး
ဟောသွားဘူးသကိုး ကိုရင်လေးရယ် စိတ်သည်လောကကို ဆောင်အပ်သည်လို့ 
အနက်ဖွင့်ကြသကိုး ဒီတော့ သင်္ကန်းကြီးပဲ ၀တ်ဝတ် ၊
လူဝတ်ကြီးနဲ့ပဲနေနေ အဲဒီ မနောကံကို ဖြူနိုင်သမျှ ဖြူကြပြီး
မဂ္ဂင်ရှစ်ပါး နဲ့နေနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ... ကျုပ်မလည်း ကပ္ပိယ ဆိုတော့ ကပ္ပိယ အလုပ်တွေ နဲ့ ကပ္ပိယ ပီသနေလိုက်တာ ကိုရင်လေးလုပ်မှ ဓမ္မကထိက လိုလိုတောင် စိတ်ထဲ ထင်မိသွားသဗျား ကဲကဲ ကိုရင်လည်း ကိုရင်ပီပီ ကိုရင့်အလုပ်ကို ကိုရင် ပီသအောင်လုပ်ပေတော့ဗျား ဟား...ဟား...ဟား...ဟား "ဟုရယ်ရင်း နောက်ထပ်ဝါးစိမ်းပိုင်းဖြတ်တစ်ခုအားယူကာ ပြန်လည်နှီးဖြာခြင်းစတင်ပါတော့၏။

ကပ္ပိယမောင်မှတ်

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.