Thursday, November 13, 2008

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ခြေလှမ်း ၂၇

ခြေလှမ်း ၂၇


တနှစ်ပြီး တနှစ်
မှတ်တမ်းတွေ
စိုက်ထူခဲ့တာ
ခုဆို
အကြိမ် ၂၇ တောင် ရှိခဲ့ပြီ။

ငါ့အတွက်၊
အနီးဆုံးနဲ့ အရင်းနှီးဆုံး သူတွေအတွက်၊
ပြီးတော့
ကမ္ဘာလောကကြီး အတွက်
ဘာတွေ လုပ်နိုင်ခဲ့ပြီလဲ???
ပြန်ဆန်းစစ်တိုင်းလည်း...
မရေရာ မသေချာ။

အနားသတ်မရှိတဲ့
အတွေးစုတွေကြား
မရပ်တန့်နိုင်တဲ့
ခရီးလမ်းတလျှောက်
၂၇ ကတော့
နောက်နားဆီ ကျန်နေတုန်း။

တောင်တောင်အီအီ
စကားလုံးပဲ့တွေနဲ့
အချိန်ကုန်နေမယ့်အစား
ရှေ့သို့ ခြေတစ်လှမ်း
ရွေ့လျားရဦးမယ်။

ဒီလိုနဲ့
ခြေလှမ်းပေါင်း ၆၀၊ ...၊ ၇၀
*******
-----
xxx
.
လမ်းဆုံးအထိ
မျောပါရုံ။ ။


s0wha1
(13/11/2008)

27 ၁၃ 13 ၂၇ 13 27 ၂၇ ၁၃ 27 13 27 ၂၇ ၁၃ 13 ၁၃ ၂၇ 27 13 27 ၁၃ ၂၇ 27 13 ၂၇ 13 ၁၃ 27

နိုဝင်ဘာ ၁၃ ရက်နေ့မှာ မွေးတဲ့သူတွေကို wikipedia မှာ ဒီလို ရှာတွေ့တယ်။ ကျွန်မနဲ့ တနှစ်ထဲ မွေးတဲ့သူကို ၃ ယောက် တွေ့တယ်။ အနီရောင်နဲ့ ပြထားတယ်။ ဘာရယ်ဟုတ်ပါဘူး။ အန်တီငြိမ်းလို ကိုယ်နဲ့ တရက်ထဲ မွေးတဲ့၊ ကျော်ကြားထင်ရှားသူတွေကို လိုက်ရှာကြည့်တာ။ ဟိ။


November 13 FridaY FrIdAy FRIDAY fr1day friday fRiDaY fRIDAy 13 November

ဒီဆိုဒ်မှာတော့ ၃ ယောက်ပဲ တွေ့တယ်။ အမှတ်တရပေါ့လေ။ အဲဒီ ၃ ယောက်အနက် ၁ ယောက်ပဲ wikipedia မှာ ပါတယ်။ ကျန်တဲ့ နှစ်ယောက်က ဘာလို့ မပါလဲ မသိဘူး။ ကျွန်မလည်း အပေါ်က List ထဲ နာမည်တွေ များလွန်းလို့ သေချာတော့ မကြည့်မိဘူး။ မွေးတဲ့နှစ်နဲ့ တိုက်ကြည့်လိုက်တာ။

November 13th birthdays

1850: Robert Louis Stevenson, British author
1912: Eugene Ionesco, Romanian born French Playwright
1949: Whoopi Goldberg, American actress

27 ၁၃ 13 ၂၇ 13 27 ၂၇ ၁၃ 27 13 27 ၂၇ ၁၃ 13 ၁၃ ၂၇ 27 13 27 ၁၃ ၂၇ 27 13 ၂၇ 13 ၁၃ 27

ဘာပဲဖြစ်ဖြစ် ကျွန်မ အသက် ၁နှစ် ကြီးသွားပြန်ပြီပေါ့။


s0wha1
(၁၃၊၁၁၊၂၀၀၈)

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.