Friday, October 24, 2008

[Padauk Myay] 2 New Entries: ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း

မောင်စူးစမ်း

(မြန်မာ့နိုင်ငံရေးအခြေအနေကို သူဖြတ်သန်းလာတဲ့နိုင်ငံရေးအတွေ့အကြုံနဲ့ နှိုင်းယှဉ်သုံးသပ်ရေးသားထားတဲ့ ဆရာ မောင်စူးစမ်းရဲ့ ဆောင်းပါးဖြစ်ပါတယ်။ (၂၀.၁၀.၂၀၀၈) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာကို ထပ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဦးဝင်းတင် ထောင်ကလွတ်လာပြီးနောက်ပိုင်းမှာ အရင်တုံးက NLD မှာ လက်တွဲလုပ်ခဲ့တဲ့ ဆရာမောင်စူးစမ်း၊ ဆရာမောင်ဝံသတို့ကို သူနဲ့ အတူလက်တွဲဖို့ ခေါ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့ကြောင့် ဦးဝင်းတင် ရပ်တည်ချက်နဲ့ ဆရာမောင်စူးစမ်း ရပ်တည်ချက် ကွဲလဲ နေတာကို ဘယ်လိုအဖြေရှာမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။)

ထူးခြားမှုလေးပါး

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှု၌ မျဉ်းပြိုင်မရှိ။ နှိုင်းယှဉ်ရန် မရှိ။ တူညီချက်မရှိပေ။ no parallel၊ no comparison၊ no analogy ဟု ဆိုရမည်။ တသီးတခြား ထူးခြားမှု unique ရှိသော ဖြစ်ထွန်းမှုဖြစ်သည်။ ပို့စ်မော်ဒန်စကားနှင့် ပြောလျှင် local ဒေသ အလွန်ဆန်သည်။ သဘောမှာ မြန်မာ့နိုင်ငံရေးကို အကဲခတ်လျှင် သီးခြားထူးခြားချက်တို့ကို အခြေခံရန် လိုခြင်းဖြစ်သည်။ specificity based ဟု ပြောရမည်။ အစစ်အမှန် ယထာဘူတကျရမည်။

မြန်မာ့ခေတ်ပြိုင် နိုင်ငံရေးဖြစ်ထွန်းမှုသည် ရိုးရိုးစင်းစင်းသမာရိုးကျ ဖြစ်ထွန်းသည်မဟုတ်။ ဆန်းဆန်းပြားပြား ဖြစ်ထွန်းသည်။ ရှုပ်ရှုပ်ထွေးထွေးဖြစ်ထွန်းသည်။ အပြတ်အတောက်တွေများသည်။ အကွေ့အကောက်တွေ များသည်။ ဤအချက်ကို သက်သေ ထူပါဟုဆိုလျှင် (၄)ချက်ဖြင့် ပြောဆိုနိုင်သည်။

(၁)လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေး ခေတ်ပြိုင်ဖြစ်ထွန်းမှုတွင် သမ္မတ၊ ၀န်ကြီးချုပ်တွေ ဇာတ်သိမ်း မကောင်း ခဲ့ကြပေ။ လွတ်လပ်ရေးမရမီ ကြားကာလသမ္မတဖြစ်သူ ဒေါက်တာဘဦးမှလွဲ၍ မည်သည့်သမ္မတ၊ မည်သည့် ၀န်ကြီးချုပ်မှ ခပ်အေးအေးဖြင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍ မရှိခဲ့ပေ။

(၂)ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီသည် ဒွန်တွဲနေရာမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် ဇီဝိန်ချုပ်သွားသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး၌ ဒွန်တွဲရှိခဲ့သော ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ သည် တစ်ပါတည်း ဒွန်တွဲပြန်မပေါ်ခဲ့ပေ။ ၂ ခုကြား အဆက်အစပ်ပြတ်သွားသည်။ ဈေးကွက်စီးပွားရေးက အရင် ပေါ်သည်။ ဒီမိုကရေစီ ကျန်ရစ်ခဲ့သည်။ ယခုမှ ဒီမိုကရေစီကို ပြန်စသည်။ တွဲဖြုတ်ပြီးမှ ပြန်ဆက်ရသည်။

(၃) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီက Winning Party not become ruling party ဟုဆိုရမည်။

(၄) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် စစ်ဘက်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်။ ခေတ်သစ်တွင် ဖြစ်ပေါ်လေ့ ရှိသည့်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် လူထု၏ စိတ်ပြဌာန်းချက်ကို ထင်ဟပ်သည်။ the will of the people ဆိုသည်ထက် the will of the powerful ဖြင့် ပေါ်ရသည်။

မဟာဗျူဟာရှုထောင့်

ဆိုခဲ့ပါ ထူးခြားချက်တို့ကို မျက်မှောက်ပြုနေရသည့်အတွက် မြန်မာနိုင်ငံ၏ ခေတ်သစ်ဖြစ်ထွန်းမှုကို ဘယ်လို မဟာဗျူဟာ ရှုထောင့် Strategic Perspective ဖြင့် ကြည့်မလဲဟု ပြဿနာပေါ်သည်။ အချို့က မြန်မာ့နိုင်ငံရေး၏ ခေတ်သစ် ဖြစ်ထွန်းမှုကို မဟာဗျူဟာ ရှုထောင့်မှ ကြည့်ရန်မလို။ ရေတိုပေါ်ပင် ပေါ်ပြူလာ Populist နည်းဖြင့် ချဉ်းကပ်ရုံဖြင့် လုံလောက် သည်ဟု ပြောသည်။ အချို့က မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုကို လောကအလုံးစုံ မှန်ကန်သောစံ (ယူနီဗာဆယ်စံ)တို့ဖြင့် ချိန်ထိုး ကြည့်ရမည်ဟု ဆိုသည်။ အချို့က ဒီမိုကရေစီပုံစံသည် ယူနီဗာဆယ် ဖြစ်သည်ဟု ယူဆသည်။ ပို့(စ်)မော်ဒန်က ဒီမိုကရေစီကို Local ဒေသ လက္ခဏာအဖြစ် သုံးသပ်သည်။ ယူနီဗာဆယ် အခြေခံမူကြီးတို့သည် များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ ဖြောင့်ဖြောင့်မဖြစ် ကောက်ကွေးကုန်သည်။ ထိုင်းနှင့် ပါကစ္စတန်နိုင်ငံရေးတို့ကို ဥပမာယူကြည့်နိုင်သည်။

ကတ္တား၊ ကမ္မ

စာရေးသူသည် နိုင်ငံရေးသမားအနေဖြင့်လည်းကောင်း၊ ဂျာနယ်လစ်အနေဖြင့်လည်းကောင်း၊ အခြေခံ မဟာ ဗျူဟာအရေး Basic Strategic issues တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်၍ သိပ်အလှမ်းမဝေးသည့် ကာလကိုပင် ရည်ညွှန်းလိုသည်။ စာရေးသူသည် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်၌ အမျိုးသားစီမံကိန်းဌာနတွင် အထူး အရာရှိဖြစ်ခဲ့သည်။ ထိုစဉ်က ထုတ်ဝေသော လုပ်သားနေ့စဉ် သတင်းစာ တွင်လည်း ပင်တိုင်ဆောင်းပါးရှင် ဖြစ်ခဲ့သည်။ ထိုစဉ်က တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်လမ်းစဉ်ကို ရွေးချယ်ထားပြီးပြီဖြစ်ရာ စာရေးသူအဖို့ အခြေခံမဟာဗျူဟာ အရေးနှစ်ရပ်နှင့် ရင်ဆိုင်ရသည်။

(၁) ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံအတွက် သမိုင်း၏ ကန့်သတ်ချက် Historical Necessity ဟုတ်၊ မဟုတ်။

(၂) အာဏာရှိလျှင် အခြေအနေ မမှည့်ဝင်းစေကာမူ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်၊ မနိုင်တို့ ဟူ၍ ဖြစ်သည်။

စာရေးသူက ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံအတွက် သမိုင်းလိုအပ်ချက် မဟုတ်ဟု တင်ပြခဲ့ရသည်။ အာဏာသိမ်းရန် အတွက် အဆင်ပြေအောင် သုံးစွဲခြင်း Convenience သာ ဖြစ်သည်။ Necessity နှင့် Convenience မှာ ခြားနားသည်။ Necessity ဆိုသည်မှာ နိယာမသဘောဆောင်၍ သမိုင်းကပေးသော တာဝန်အဖြစ် ဆောင်ရွက်ရခြင်းကို ဆိုလိုသည်။ Convenience မှာ အခြေအနေအရ အဆင်ပြေအောင် ဆောင်ရွက်ရခြင်းကို ဆိုလိုသည်။

ဒုတိယအချက်၌ အာဏာရှိလျှင် လူ့အဖွဲ့အစည်းကို ပြောင်းပစ်နိုင်သည်ဟူသော အယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်။ ဒဿန၌ ကတ္တား Subject နှင့် ကမ္မ Object ရှိသည်။ သဒ္ဒါကို မှီးသော ဒဿနအမြင်ဖြစ်သည်။ နိုင်ငံရေး ဒဿန၌ ကတ္တားဆိုသည်မှာ ဆောင်ရွက်သူ actor ကိုဆိုလိုရာ အကျယ်ပြောလျှင် ခေါင်းဆောင်မှုနှင့် ပါဝါအာဏာတို့ကို ရည်ညွှန်းသည်။ အာဏာရှိလျှင် ခေါင်းဆောင်မှု ထက်မြက်လျှင် ကမ္မပိုင်းဖြစ်သော လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်သည် ဆိုသော အယူအဆဖြစ်သည်။ ဤအမြင်ကိုလည်း စာရေးသူက ကန့်ကွက်ပြောဆိုခဲ့ရသည်။

စပွန်ဆာ

၈၈ ခုနှစ် အရေးအခင်းတွင်လည်း အခြေခံမဟာဗျူဟာ ပြဿနာ နှစ်ရပ်ကို စာရေးသူက တင်ပြခဲ့ရသည်။ ၎င်းတို့မှာ-

(၁) ဗိုလ်ချုပ်ကြီး နေ၀င်းကိုလည်းကောင်း၊ စစ်တပ်ကိုလည်းကောင်း၊ ဂုဏ်ရှိရှိ ထွက်ပေါက် Honorable Exit ပေးရန်နှင့်

(၂) စစ်တပ်၏ အပြုကဏ္ဍ Positive Role of Military ကို အသိအမှတ်ပြုရန် ဖြစ်သည်။

သို့ဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် အစီအစဉ်ပေါ်လာသည်။ စာရေးသူက ရွေးကောက်ပွဲ ၀င်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိဟု တင်ပြခဲ့ရသည်။ ရွေးကောက်ပွဲနိုင်သဖြင့် အာဏာပြဿနာကို ရှေ့တန်းမထုတ်ရန် တင်ပြခဲ့ရ သည်။ စင်ပြိုင်အစိုးရ လမ်းစဉ်သမားတို့နှင့် အတိုက်အခံဖြစ်ရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိတော့သည့် အချိန်ဖြစ် ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် အခြေခံ မဟာဗျူဟာ ပြဿနာနှစ်ရပ်ကို ဖော်ထုတ်ခဲ့ရသည်။ ၎င်းမှာ (၁) စစ်တပ်က စပွန်ဆာလုပ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ကွန်ဗင်းရှင်းတွင် ပါဝင်မလား၊ မပါဝင်ဘူးလား။ (၂) စစ်တပ်က စပွန်ဆာလုပ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲတို့ကို မျက်မှောက်မပြုဘဲ ရှောင်ကွင်းနိုင်မလား can we avoid military sponsored constitution and elections တို့ဟူ၍ ဖြစ်သည်။ စာရေးသူက နိုင်ငံရေးသည် ဖြစ်နိုင်ချေကို ကိုင်တွယ်သော ပညာ Politics is the art of possible ဟု မြင်သည်။

အထက်ပါတို့ကား စာရေးသူရင်ဆိုင်ခဲ့ရသော အခြေခံမဟာဗျူဟာ ပြဿနာတို့ပင် ဖြစ်သည်။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွင် အခြေခံမဟာဗျူဟာ ရှုထောင့်ဖြင့် လေ့လာသုံးသပ်ခြင်းသည် ခါတိုင်းထက်ပို၍ လိုအပ်လိမ့်မည်ဟု ထင်သည်။

မောင်စူးစမ်း

၂၃ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • လူ့အခွင့်အရေး ရှေကနေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆုအမ်းအနား ရောမမြို့တွင် ကျပ်းပ - ဗွီအိုအေ click here
  • သြစတေးသျှနိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးအရ အရေးယူ ဒဏ်ခတ်မှု စာရင်းတိုးချဲ့သတ်မှတ် - ဗွီအိုအေ click here
  • အရှေ့ဘက် တိုင်းရင်းဒေသတချို့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်ဖြစ်နေဟု လူမှုရေးအဖွဲ့များဝေဖန် - - ဗွီအိုအေ click here
  • နိုင်ငံတကာဖွံ့ဖြိုးမှု ကူညီရေး အမေရိကန် သန္နိဋ္ဌာန် ခိုင်မာဆဲ - ဗွီအိုအေ click here
  • အာဆီယံပဋိညာဉ် အားနည်းချက်တွေရှိနေဟု ညွန့်ပေါင်းအစိုးရ ဝေဖန် - - ဗွီအိုအေ click here
  • သြစတြေးလျနိုင်ငံက မြန်မာစစ်ခေါင်းဆောင်များကို တိုးချဲ့ဒဏ်ခတ်ပိတ်ဆို့ - ခေတ်ပြိုင် click here
  • ပြည်ပသို့ ဆန်တင်ခွင့်ပြု - မဇ္ဈိမ click here
  • တိုးတက်မှု၏ သော့ချက်သည် ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား - မဇ္ဈိမ click here
  • စစ်အစိုးရတပ်များကြောင့် ကျောင်းများ ပိတ်ထားရ - မဇ္ဈိမ click here
  • မြန်မာပြည် ဆန္ဒပြမည့်အစီအစဉ် မစွန့်လွှတ်ဟု ဒေါက်တာဆလိုင်းသန်းထွန်းကပြော - ဒီဗွီဘီ click here
  • ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်မည့် တစ်ခုတည်းသော ခါကာဘိုရာဇီအမျိုးသားသဘာဝဥယျာဉ် မြန်မာဖိုရမ် click here
  • ရခိုင် ဒေသခံပြည်သူများ ၀ါးဈေးကြီးမြင့်မှုကြောင့် အိမ်ဆောက်ရန် အခက်ကြုံ မြန်မာဖိုရမ် click here
  • ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်စဉ်ကာလကြာရှည်လာပါက ရိုက်ခတ်လာနိုင်ဖွယ်အခြေအနေများအပေါ် စီးပွားရေးပညာရှင်များ သုံးသပ် ၀ိကလီးအလဲဗင်း click here
  • ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ အသုံးမလို ပိုလျံယာဉ်မျိုးစုံ ၁၀၁ စီးအား ဈေးပြိုင် အိတ်ပိတ် စနစ်ဖြင့် တောင်ငူမြို့တွင် ရောင်းချမည် ဈေးကွက်၌ တွင်ကျယ်သော ကားအမျိုးအစားများပါဝင်၍ လူအများ စိတ်ဝင်စားနေ ၀ိကလီးအလဲဗင်း click here
  • မန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားရာသီစတင် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေချိန်ကာလဖြစ်၍ ဈေးကွက်မြှင့်တင်ခြင်းနှင့် ၀န်ဆောင်မှုများချောမွေ့ခြင်းတို့ဖြင့်သာ ခရီးသွားအခြေအနေကောင်းမွန်လာ နိုင်မည်ဟု မျော်မှန်း ၀ိကလီးအလဲဗင်း click here
  • ခေတ်လေးခေတ်က နန်းတော်လေးခုကို အသက်ပြန်သွင်းခဲ့သူ မြန်မာတိုင်းမ် click here
  • တိရစ္ဆာန်သားပေါက်သုံးကောင်ကျောက်ကပ်ကျောက်တည်ရောဂါရ မြန်မာတိုင်းမ် click here
  • နျူကလီးယားသဘောတူညီချက်အမေရိကန်ဆီးနိတ်ထောက်ခံ မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 3 New Entries: သေသူတွေကို တံဆိပ်ကပ်ပေးနေတဲ့ နအဖ။

သေသူတွေကို တံဆိပ်ကပ်ပေးနေတဲ့ နအဖ။

မနေ့ က နေ့ စွဲနဲ့  ထုတ်ဝေခဲ့တဲ့ နအဖ သတင်းစာမှာ ဗုံးဆင်နေရင် သေဆုံးသွားသူတစ်ဦးဆိုပြီး အောက်ပါ အတိုင်း သတင်းထုတ်ပြန်ခဲ့တာ တွေ့ ရှိရပါတယ်။


အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းသံဃာတော်တွေကို သိက္ခာချချင်နေတာနဲ့  ထောင်ထွက်တစ်ဦးက (နအဖက မကြာခင်က လွှတ်ပေးလိုက်သော ၉၀၀၂ ယောက်ထဲက အများစုဖြစ်တဲ့ ရာဇ၀တ်မှုနဲ့  ထောင်ကျခဲ့သူ တစ်ဦး) အကြံအစီတစ်ခုနဲ့  (သို့ ) နအဖဘက်က ညွန်ကြားချက်နဲ့  ဘာတွေဆင်လို့  ဘာတွေပေါက်ကွဲပြီး သေရတာလည်းဆိုတာ မသိရဘဲ နအဖက သေတဲ့သူအပေါ် ထုံးစံအတိုင်း ခုတုံးလုပ်လိုက်ပြန်ပြီ။

နအဖက လုပ်ကြံပြီး ဘုန်းကြီးဝတ်ခဲ့တဲ့သူဆိုပြီး သတင်းညာထုတ်တယ်။ နောက်ပြီး အခြားနိုင်ငံနယ်စပ်ဘက်ကို တရားမ၀င်သွားခဲ့တယ်ဆိုပြီး နယ်စပ်ဒေသမှာ ရှိတဲ့ အဖွဲ့ အစည်းတွေနဲ့  ပတ်သက်သလိုလို ဖန်တီး လိုက်ပြန်တယ်။

တကယ်တော့ အဆိုပါ သေဆုံးသွာသူဟာ ထောင်ထွက်ဖြစ်ပါတယ်။ နယ်စပ်က ပြန်လာတာလဲ မဟုတ်ပါဘူး။ ထောင်က လွတ်လာတာတောင် မကြာသေးပါ။ ထောင်က လွတ်လာကတည်းက ဘယ်ကရလာမှန်းမသိတဲ့ ဟာတွေ အိမ်ထဲ တကုပ်ကုပ်နဲ့ တပ်ဆင်နေခြင်းဖြစ်ပါတယ်။ အဆင့် (၁၀) ဆင့်လောက်ထိကို ဆင်ရမယ့် အညွှန်းလိုလိုလည်း ပါပါတယ်။ ဒါနဲ့ ဖြစ်ချင်တော့ ဗုံးက အဆင့်၆-၇ လောက်မှာတင် ပေါက်သွားခြင်း ဖြစ်ပါတယ်လို့  အနီးကပ်သိရှိကြသူတွေက ပြောဆိုပြပါတယ်။

သူ့ဘာသာသူ အေးအေးဆေးဆေးကို ဆင်နေတာတဲ့။ ခုလိုပေါက်သွားတော့မှသာ နအဖပြောတဲ့ ဗုံးဆိုတာကို ဒီလိုပဲ ပေါ်တင်ကြီးဆင်ရသလားလို့ အံ့သြနေကြရပါတယ်လို့  အဆိုပါ ပြောပြသူတွေက ဆက်လက် ပြောပါတယ်။

အခုလို သတင်းညာတွေ ဖန်တီးပေါ်ထွက်နေတာကြည့်ရင် - နအဖခေါင်းဆောင်ကြီးတွေ တော်ကောက်ထားတဲ့ သတင်းထုတ်ညာရေး ၀ံကြီး ကျော်ဆန်းတို့ လက်ထက် သတင်းစာ (ညာ) တွေကတော့ အတော့်ကို အောက်တန်း ကျကျ လုပ်ကြံဖန်တီးတာနိုင်တာမို့  ကျော်ဆန်းကတော့ အရင့်အရင် သတင်းဝံကြီးတွေထက် သာပါပေတယ်။

သတင်း နှင့် ဓါတ်ပုံ အား ကိုနစ်နေမန်း မှ ရယူ မျှဝေပါသည်။ ကိုနစ်နေးမန်း အားကျေးဇူးတင်ပါသည်။

88 ကျောင်းသားများအတွက် .. ဂုဏ်ပြုဆုတံဆိပ်

Influential United States Teachers' Union Gives Major Award to Burma's Student Activists

Contact: Jeremy Woodrum at (202) 234 8022

(Washington, DC) The American Federation of Teachers, the largest organization representing teachers and educational workers in the United States (with more than 1.4 million members) has awarded its "2008 President's International Democracy Award" to a leading Burma's pro-democracy group, the "88 Generation Students". The 88 Generation Students group is led by prominent Burmese democracy leader Min Ko Naing, who is locked up as a political prisoner in the Southeast Asian country of Burma. (The award certificate is attached.)

The AFT announced the award at its national convention, held on July 12, 2008 in Chicago, Illinois. At the event, Democratic Presidential Candidate Senator Obama was a keynote speaker.

Since Min Ko Naing and the other leaders of the 88 Generation Students are locked up as political prisoners in Burma, AFT has sent the award to the U.S. Campaign for Burma to keep until it can be delivered to the 88 Generation Students. USCB will proudly maintain the award.

"We are honored to keep this award on behalf of the 88 Generation Students", says Aung Din, executive director of the USCB and close friend of the '88 student leaders since Burma's 1988 popular democracy uprising. "This award recognizes the enormous courage and sacrifice of Burma's students in the struggle for democracy and human rights," he added.

The 88 Generation Students group is comprised of Burma's most prominent human rights activists after Nobel Peace Prize recipient Aung San Suu Kyi. After Burma's military regime drastically raised the price of fuel in August 2007, the 88 Generation Students organized a non-violent protest walk in which they were joined by hundreds of everyday Burmese people. The 88 students were immediately arrested and have been held ever since. Anger at the arrests and the Burmese regime's treatment of Buddhist monks spiraled into last September's "Saffron Revolution" that saw hundreds of thousands of Buddhist monks marching peacefully for change.

In late August, in a blunt rejection of the United Nations Security Council and just days after two UN envoys traveled to Burma seeking democratic change and improvements in human rights, the country's military regime hauled dozens of the 88 Generation Students from prison cells into court in order to begin "sham" trials that will likely result in their long-term incarceration.

The most prominent of the 88 Generation Students, Min Ko Naing, has won numerous international awards for his peaceful, nonviolent calls for change in Burma including the Civil Courage Prize from the Northcote Parkinson Fund in the United States, the Homo Homini Award from People in Need Foundation in the Czech Republic, the John Humphrey Freedom Award from the International Centre for Human Rights and Democratic Development in Canada, and the Student Peace Prize, widely considered the "junior" Nobel Peace Prize, in Norway.

Burma's military regime is among the worlds most brutal. Besides locking up Aung San Suu Kyi and over 2,100 political prisoners, the regime has recruited more child soldiers than any other country in the world and destroyed 3,200 ethnic minority villages, forcing millions of villagers to flee their homes as refugees or internally displaced.

Today, the Thailand-Burma Border Consortium, a coalition of non-governmental organizations administering refugee camps and assisting displaced persons along the Thailand-Burma border, reported that over 1/2 million people have fled from their homes and are living as internal refugees in eastern Burma. At least one million persons have fled their homes as refugees -- both outside of Burma and inside the country's borders. Also today, the Australian government expanded its travel and financial sanctions on Burma's military regime, banning dozens of cronies of the military regime from traveling to and doing business with Australian firms.##

မြန်မာနိုင်ငံရှိ မြန်မာမိန်းကလေးများအား သတိပေးလိုက်ရအောင်

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T.M.H] 1 New Entry: 3d - 003

3d - 003




Still trying to get used to with Mudbox 2009. Those are what I just did.

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 8 New Entries: အာဏာရူးစစ်အစိုးရ လက်ထဲက သနားစရာ ဗမာ့ လက်ရွေးစင်ဘောလုံးသမားများ...

အာဏာရူးစစ်အစိုးရ လက်ထဲက သနားစရာ ဗမာ့ လက်ရွေးစင်ဘောလုံးသမားများ...

မေဗမာ

ဘာတဲ့ …မာဒေးကားဖလားပြိုင်ပွဲမှာ….
ဗမာအသင်း ကို မလေးရှားဘောလုံးအသင်းက ၄ ဂိုး-ဂိုးမရှိနဲ့ နိုင်သွားတယ်တဲ့ ..
ဟုတ်လား…မဆန်းပါဘူး…။
သိပြိးသားအဖြေဘဲလေ… အရင်က မာဒေးကားချံပီယံ…ဒို့ ဗမာအသင်းဟာ…နအဖ လက်ထက်မှာမှ
အရှူံးကြိးရှူံးနေရတာ ဆန်းတဲ့ ကိစ္စုမှမဟုတ်ဘဲ…။
အရှက်မရှိ၊သိက္ခာမရှိ…တိုင်းပြည်ရဲ့.မျက်နှာ..ဂုဏ်သိက္ခာကိုမထောက်၊
ဘောလုံးပွဲတပွဲကို သူ့ မြေးရွှေသွေးအတွက် ဖျော်ဖြေတဲ့ပွဲလောက်သဘောထားခဲ့ တာဘဲ..။
မနှစ်ကဇွန်လ ၇-ရက်နေ့ကကြားလိုက်ပါသေးတယ်…၊


ဘာတဲ့ ..ကမ္ဘာကျော်ဂျပန်ဘောလုံးသမား..နာကာတာ..ကိုခေါ်ပြီး
မြန်မာ့လက်ရွေးစင်ဟောင်းအသင်းနဲ့ ဘောလုံးကန်တာ ..
နာကာတာနဲ့ အတူ ရွှေသွေး.ဝင်ကန်တဲ့ အသင်းက နိုင်သွားတယ်ဆိုလား..၃ ဂိုးမှာ နာကာတာက ၁ ဂိုးဘဲသွင်းနိုင်ပြီး ..ရွှေသွေးခေါ် ဖိုးလပြည့်က ၂ ဂိုးသွင်းနိုင်ခဲ့ ပါတယ်ဆိုပါလား……။
နာကာတာ ပါဝင်ကစားသည့် ဘောလုံးပွဲ၌ ဗိုလ်ချုပ်မှူးကြီး၏မြေးက နှစ်ဂိုးသွင်း
ရှက်စရာကြီးနော်..နာကာတာက ရွှေသွေးလောက်တောင် မတော်ဘဲ နဲ့ ..တကမ္ဘာလုံးကို လှည့်စားထားတာပေါ့နော်…..အဲဒိသတင်းကို ဖတ်လိုက်၇တဲ့ နေ့ က
ကျမ ရီရလွန်းလို့ ..သေတော့မယ်..။
လုပ်ချင်ရာလုပ်ထားကြဟေ့။။။။။
စဉ်းစားကြည့်ကြပါဦးရှင်။
ကျမတို့ ရဲ့ ဗမာဘောလုံးသမားတွေခမျာမှာတောု့ လေ့ကျင့်ရေး၊ခွန်အားဖြည့်တင်းရေး၊(အစာအဟာရလုံလောက်အောင်ကျွေးမွေးခြင်း)
စိတ်ဓါတ်မြှင့်တင်ရေး၊စတဲ့ ……စတဲ့ ဘောလုံးသမားတယောက်အတွက်လိုအပ်တဲ့အရာတွေ
ဘာမှ ဖြည့်တင်းပေးတာမခံရဘဲ(ဖြည့်မှမဖြည့်နိုင်တာလေ)…..၊
သူတို့ လိုတာကိုအပိုအလျှံတောင်ဖြည့်ပေးနိုင်လောက်တဲ့ …
တိုင်းပြည်ကထွက်သမျှ..သယံဇာတတွေကိုတော့..
စစ်အစိုးရကသူတို့ ဆွေတော်မျိုးတော်တွေအတွက်ဘဲ
လက်ဝါးကြီးအုပ် ၊လုပ်ချင်ရာလုပ်၊ရှူပ်ချင်ရာရှူပ်၊
ထင်တိုင်းကျဲမူဝါဒကိုလက်သုံးတော်ဓါးလို စွဲကိုင်ထားတာကိုး။
အဲဒီဓါးက မတန်မရာကိုင်ထားလို့ ကိုယ့်လက်ကိုယ်ပြန်ရှတော့မယ်ဆိုတာလဲ သတိထားပါဥိး။
ဗမာတွေကန်တဲ့ ဘောလုံးပွဲ ဘယ်ပွဲကိုဘဲကြည့်ကြည်.့..အားရစရာမှ မရှိတာ..၊
သက်လုံမကောင်းတာရယ်..(လိုအပ်တဲ့ .အာဟာရမပြည့်တာလဲပါတယ်)..
လေ့ကျင့်မှုနဲနေတာရယ်…ပေါ်နေတာဘဲလေ…။
ဘရာဇီးလ်နည်းပြခေါ်ပြိးကျင့်တယ်ဆိုဘဲ…ဘယ်နည်းပြခေါ်ခေါ်လေ…၊
အဓိကနဲ့ သာမည ကိုခွဲခြားပြိး ..မဖြည့်တင်းသမျှ..ရှးူံမြဲရှူံ့းနေဦးမှာပါဘဲ…
တကယ်ဆိုရင် …မလိုပါဘူး..၊နိုင်ငံခြားနည်းပြ…။
အရင်က အာရှတလွှားမှာ နံမယ်ကျော်ကြားခဲ့တဲ့ …ဗမာ့လက်ရွေးစင်ဟောင်းကြီးတွေရှိနေတာဘဲ၊..
သူတို့ ကိုနည်းပြပြန်ခန့် ..၊ပြီးရင်…ဘောလုံးသမားတယောက်ချင်းစီအတွက်လိုအပ်တဲ့ ပံ့ပိုးမှုကို..
အပြည့်အဝသာ..ပေးလိုက်…(မခိုကြေး၊မခိုးကြေးနော်)…
မကြာပါဘူး..ကျမတို့ ဗမာ့လက်ရွေးစင်အသင်းဟာ ..တချိန်ကလို..အာရှတလွှားတင်မကဘဲ ကမ္ဘာမကျော်ဘူး..လို့ ဘယ်သူငြင်းနိုင်မလဲ…..။
ဒါပေမဲ့ …..ဒါကလဲ….ဖြစ်လာဦးမှာမဟုတ်ပါဘူး၊။
အာဏာရူးတွေကလုပ်ပေးမှာမှ..မဟုတ်တာ..။
အဲံဒီတော့လဲ..အကောင်းဆုံးအကြံပေးချင်တယ်….မြေးတော်ရွှေသွေးမအေဘေးကိုသာ ဗမာ့လက်ရွေးစင်အသင်းထဲထည့်ပေးလိုက်ပေတော့လို့ သာပြောချင်ပါတော့တယ်ရှင်။။။။။။
…………….
မေဗမာ

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း

ဗွီအိုအေ၊ အောက်တိုဘာလ ၂၄ ရက် ၂၀၀၈

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့လည်း မစ္စတာ တိုးမာ့စ် အိုဟေးကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်းက တင်ပြပေးထားပါတယ်။

မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရလုပ်ရမယ့် အချက် ၄ ချက်ကို အဆိုပြုခဲ့ပါတယ်။

"နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ကိုက်ညီအောင် ပြည်တွင်းဥပဒေတွေကို ပြင်ဆင်ပါ၊ နိုင်ငံရေးခံယူချက်တွေကြောင့် ဖမ်းဆီးထားသူတွေအားလုံးကို လွှတ်ပေးပါ၊ စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ပါ၊ စစ်တပ်မှာ လူ့အခွင့်အရေးသင်တန်း ပေးပါ၊ လွတ်လပ်တဲ့ တရားစီရင်နိုင်မှုနဲ့တရားဥပဒေစိုးမိုးအောင် လုပ်ပါ။"

စက်တင်ဘာလတုန်းက အကျဉ်းသား ၉,၀၀၀လွှတ်ပေးခဲ့တာကို မစ္စတာကင်တားနားက ကြိုဆိုပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၇ ယောက်ပဲ ပါတယ်ဆိုတာကို ထောက်ပြပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော်ရှိနေတာကိုလွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

မစ္စတာကင်တားနားဟာ သူ့ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ သူမ အဆောတလျင် လွတ်လာလိမ့်မယ်လို့လည်း မစ္စတာကင်တားနားက မမျှော်လင့်ပါဘူး။

"လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ ကျနော်အရမ်းကြီး မျှော်လင့်မထားပါဘူး။ သူမဟာ မတရား ဖမ်းဆီးခံထားရတာဖြစ်တယ်ဆိုတာ စစ်အစိုးရ နားလည်လာအောင်လုပ်မယ့် ဗျူဟာတွေကို ကျနော် ကြိုးစားရှာနေ
ပါတယ်။"

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ်အိုဟေး ကင်တားနား ပြောပြသွားတာ ဖြစ်ပါတယ်။ အလားတူပဲ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဗီတစ် မွန်တာ့ဘွန်း (Vitit Muntarbhorn) ကလည်း မြောက်ကိုရီးယားနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိဘူးလို့ နယူးယောက်ခ်မြို့က ကုလသမဂ္ဂဌာနချုပ်မှာပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အမေရိကန် တောင်းဆို

ဗွီအိုအေ၊ အောက်တိုဘာလ ၂၄ ရက် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံထားရတာ ၁၃ နှစ် ပြည့်မြောက်သွားပြီဖြစ်တဲ့အပေါ် အမေရိကန်အစိုးရက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ သတင်းထုတ်ပြန်ရေးဌာနက မစ္စနီကိုးသွန်မဆင်က …

"၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့နေအိမ်အကျယ်ချုပ် ချထားခဲ့တာ ၁၃ နှစ် ပြည့်သွားပါပြီ။ သူမဟာ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မျှော်လင့်ချက်တွေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေဆဲပဲ ဖြစ်ပါ
တယ်။ ဒီအတွက် ကျမတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်" လို့ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီပြောင်းလဲရေးအတွက် ဦးတည်လုပ်ဆောင်သွားဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်တဲ့အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါ
တယ်။

အဲဒီနောက် အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂ အပါအ၀င် တခြား နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူ လက်တွဲပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေပါ ပါဝင်တဲ့ စစ်မှန်တဲ့ ဒီမို
ကရက်တစ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အချိန်အတိုင်းအတာ အတိအကျသတ်မှတ်ပြီး မြန်မာစစ်အစိုးရက လုပ်ဆောင်သွားဖို့ကိုလည်း တိုက်တွန်းသွားမယ်လို့ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာနေထိုင်နေတဲ့ ၂၁ နှစ်တာကာလအတွင်း ၁၃ နှစ်ကြာနေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။

စစ်တွေတွင် ရဟန်းတော်များ အပေါ် အာဏာပိုင်များ အနီးကပ် စောင့်ကြည့်

နေရဉ္ဖရာ၊ အောက်တိုဘာ ၂၃ ရက် ၂၀၀၈

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ၏ လှုပ်ရှားသွားလာမှုကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေကြောင်း ရဟန်းတော် တပါးက ပြောသည်။

အဓိက ရဟန်းတော်များ ဆွမ်းခံကြွသည့် အချိန်တွင် ဖြစ်ပြီး ရဟန်းတော်များ နောက်က မော်တော်ဆိုင်ကယ်များဖြင့် လိုက်ပါလာပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ကြောင်း သူက ပြောသည်။

စစ်တွေတွင် ရဟန်းတော်များ အနေဖြင့် ကျောင်းတိုက် အလိုက် ဆယ်ပါး၊ အပါးနှစ်ဆယ် စသည်ဖြင့် ဆွမ်းခံ ကြွလေ့ရှိပြီး အဆိုပါ ရဟန်းတော်များ နောက်က ဆိုင်ကယ်နှင့် လိုက်ပါ စောင့်ကြည့်နေခြင်း ဖြစ်သည်။

စက်တင်္ဘာလ ၂၇ ရက်နေ့က ရဟန်းတော်များက ဆွမ်းခံ ကြွသည့် အချိန်ကို အခွင့်ကောင်းယူကာ ဆွမ်းမခံဘဲ ဆန္ဒပြခဲ့သဖြင့် ၎င်းနောက်ပိုင်းတွင် ယခုကဲ့သို့ အာဏာပိုင်များက စောင့်ကြည့်လာခြင်း ဖြစ်သည်။

၎င်းပြင် စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသဖြင့် လုံခြုံရေးကို ဆက်လက်ပြီး ထူထပ်စွာ ချထားဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ယူနီဖေါင်းများကို မ၀တ်ခိုင်းဘဲ အရပ်ဝတ် အ၀တ်များ ၀တ်ခိုင်းကာ စောင့်ကြည့် ခိုင်းထားသည်ဟု သိရသည်။

WiMAX Broadband ဆက်သွယ်မှုစနစ်ကို ပုဂ္ဂလိကမှ စတင်ရောင်းချ

မဇ္ဈိမ၊ အောက်တိုဘာလ ၂၃ ရက် ၂၀၀၈

်ရန်ကုန်။ ။ တယ်လီဖုန်းလိုင်း ရှိစရာမလိုဘဲ အင်တာနက် အသုံးပြုနိုင်သော ဘရော့ဘန်း မြန်နှုန်းမြင့် ၀န်ဆောင်မှုအသစ်ကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတခုမှ ယခုလမှ စတင် ရောင်းချပေးနေသည်။

နည်းပညာဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီများထဲတွင် ပထမဆုံး ၀န်ဆောင်မှု ပေးလာသော REDLINK ကုမ္ပဏီမှ WiMAX ဆက်သွယ်ရေးစနစ်ကို ရန်ကုန်တိုင်း အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်တို့တွင် ယခုလအတွင်း စတင်ရောင်းချပေးခဲ့ရာ နိုဝင်ဘာလမှ စတင်၍ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင်ပါ ရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်အောက်ရှိ မြန်မာတယ်လီပို့မှ ရောင်းချပေးခဲ့သည်မှာ ၆ လကျော် ကြာမြင့်လာချိန်တွင် ယခုလို ပုဂ္ဂလိက ကုမ္ပဏီကပါ အပြိုင် ရောင်းခြင်းလည်း ဖြစ်သည်။

"တနစ်တော့ မပြည့်သေးဘူး။ ၆ လကျော်ပြီ၊ တယ်လီပို့က ရောင်းပေးနေတာ။ ကျမတို့ တယ်လီပို့ကလည်း ဆက်ရောင်းပေးသွားမှာပါ။ REDLINK ကလည်း သူ့ဟာသူ ရောင်းသွားမှာပဲ။ တခြားစီပါ။ ဈေးနှုန်း တူ၊ မတူ ဆိုတာလည်း မသိပါဘူး" ဟု မြန်မာတယ်လီပို့ ရုံးချုပ်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာတယ်လီပို့မှ ကြိုးမဲ့ Broadband WiMAX ဆက်သွယ်ရေးစနစ်ကို ကုန်သည်ကြီးများဟိုတယ်၊ MICT နှင့် Golden Hill ဆက်သွယ်ရေး တာဝါတိုင်များမှတဆင့် ဖမ်းယူနိုင်ရန် စီစဉ်ပေးထားသည်။

Broadband WiMAX ကို မြန်မာတယ်လီပို့တွင် တိုက်ရိုက်လျှောက်လွှာ တင်နိုင်ပြီး လိုင်းသွယ်တန်းခ Fec ၁၅၀၀၊ နှစ်စဉ်ကြေးအဖြစ် Fec ၆၀ နှင့် လစဉ်ကြေးကို ၁၂၈ kbs ကို Fec ၄၅၊ ၃၅၆ kbs ကို Fec 75 အဖြစ် သတ်မှတ်ထားသော်လည်း အင်တာနက်လိုင်း သွယ်တန်းမည့် နေရာကို နည်းပညာရှင်များမှ ကွင်းဆင်း လေ့လာပြီးမှသာ လျှောက်လွှာတင်သွင်းမှုကို လက်ခံမည် ဖြစ်သည်။

"လျှောက်လွှာတင်တာ ၂ ပတ်ကြာမယ်။ ပြီးတော့ အိမ်အနေအထားကို တယ်လီပို့က အိုင်တီသမားတွေ ကွင်းဆင်းပြီးတော့ လိုင်းတပ်လို့ ရမရ ဆိုတာ သိရပြီးမှ လျှောက်လွှာကို အတည်ပြုမယ်။ အဲဒါပြီးမှဘဲ ငွေသွင်းလို့ ရမယ်။ ပြီးတော့ ၄၅ ရက်အတွင်း တယ်လီပို့ကနေ လိုင်းလာတပ်ဆင်ပေးမယ်" ဟု တယ်လီပို့ WiMAX အရောင်းဝန်ထမ်း တဦးက ပြောသည်။

"အိမ်အနေအထားက မြေနိမ့်ပိုင်း ဖြစ်နေတာတို့၊ အကာအကွယ်များနေရင် တာဝါတိုင်ကို လှမ်းချိန်လို့ မရတာမျိုး ဖြစ်တတ်တယ်။ ဒါမျိုးဆိုရင် ဆာဗေး ရလဒ်က Fail ဖြစ်နေတတ်တယ်။ ဒါကြောင့် အိမ်အနေအထားကို ဆာဗေး အရင်ဆင်းပြီးမှ အဲဒီအပေါ်မှာ လျှောက်လွှာ အတည်ဖြစ်မဖြစ် ကြည့်မှာပါ" ဟု သူက ဆက်ပြောသည်။

Broadband WiMAX အင်တာနက်လိုင်းသည် ADSL Broadband အင်တာနက်လိုင်းကဲ့သို့ တယ်လီဖုန်းလိုင်း တပ်ဆင် အသုံးပြုရန် မလိုအပ်သော်လည်း သုံးစွဲသူများကြောင်း သိရသည်။

"ADSL လိုင်းနဲ့အတူတူပါဘဲ။ ADSL လိုင်းက ဖုန်းကောင်းရင် လိုင်းပိုကောင်းတတ်ပါတယ်။ WiMAX ကျတော့ ရာသီဥတုအပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ ခုထိ complain လုပ်တာတော့ မရှိသေးဘူး" ဟု အရောင်းဝန်ထမ်းက ပြောသည်။

Outdoor Unit တခုတည်း ရှိရုံဖြင့် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သော BroadBand WiMAX ဆက်သွယ်မှုစနစ်အား အလွယ်တကူ တပ်ဆင်နိုင်ရုံသာမက ပြည်တွင်းခေါ်ဆိုနိုင်သော သီးခြား VOIP ဖုန်းလိုင်း တခုကိုပါ ဂဏန်း ၇ လုံး တပ်ဆင် အသုံးပြုနိုင်မည် ဖြစ်သည်။

တယ်လီဖုန်း ရှိထားရန် မလိုသော broadband ၀န်ဆောင်မှုကို အရင်က ISP များဖြစ်သည့် ပုဂံ(မြန်မာတယ်လီပို့) နှင့် မြန်မာ့ဆက်သွယ်ရေးမှ ၀န်ဆောင်မှု ပေးခဲ့သော်လည်း outdoor unit များ၏ သက်တမ်း ကျော်လွန်လာသဖြင့် အသုံးပြုရသည်မှာ အဆင်မပြေမှုများ ဖြစ်နေခဲ့သည်။

(ရန်ကုန်ရှိ သတင်းထောက်တဦးက ပေးပို့ချက်ကို နန်းဒေ၀ီ မှ ဖြည့်စွက် ရေးသားထားသည်)

အာရှနှင့်အီးယူခေါင်းဆောင်များက မြန်မာစစ်အစိုးရအား ဖိအားပေးသင့်

HRW-ခေတ်ပြိုင်၊ အောက်တိုဘာလ ၂၃ ရက် ၂၀၀၈

တရုတ်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ကျင်းပရန်ရှိသည့် အာရှ- ဥရောပ အစည်းအဝေးတက်ရောက်သူများအနေဖြင့် မြန်မာစစ်အစိုးရအား ၎င်း၏လူ့အခွင့်အရေးမှတ်တမ်းကို တိုးတက်စေရေး လုပ်ဆောင်ရန် ဖိအားပေးသင့်ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ယနေ့ထုတ်ပြန်ပြောဆိုသည်။ HRW မှ အာရှဒေသဆိုင်ရာဒါရိုက်တာ ဘရက်အဒမ်က "ASEM အဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုလုပ်ဖို့နဲ့ အခြေခံလွတ်လပ်မှုတွေနဲ့ပတ်သက်ပြီး စစ်အစိုးရကို ဖိအားပေးဖို့ အခွင့်အရေးတရပ် ရှိနေပါတယ်။ ASEM ခေါင်းဆောင်တွေ အနေနဲ့ ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာ ဆိတ်ဆိတ်နေလို့ မသင့်ပါဘူး" ဟုပြောသည်။

ယခုအစည်းအဝေးသည် ကုလသမဂ္ဂ၏ ညှိနှိုင်းကြိုးစားမှု မအောင်မမြင်ဖြစ်ပြီးနောက် စစ်အစိုးရကို အရေးပါသည့် ဖိအားပေးမှုမျိုးလုပ်နိုင်သည့် အစည်းအဝေးဖြစ်ကြောင်းလည်း HRW က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အာရှနှင့် ဥရောပနိုင်ငံများ ပူးတွဲဖြေရှင်းရန် ရည်ရွယ်သည့် (၇) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေး (ASEM) ကို ပေကျင်းမြို့တွင် ယခုလ (၂၄-၂၅) ရက်များ၌ ကျင်းပမည်ဖြစ်ပြီး အစီအစဉ်အရ မြန်မာနိုင်ငံမှ ၀န်ကြီးချုပ်သိန်းစိန်အပါအ၀င် (၄၅) နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွင် "လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှု" တစုံတရာ ရှိရမည်ဟု တောင်းဆိုခဲ့သော်လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ၏ ယခုနှစ် မြန်မာခရီးစဉ်အတွင်း ထူးခြားသည့် တိုးတက်မှုတစုံတရာမရရှိခဲ့ပေ။ ပြီးခဲ့သည့် သြဂုတ်လတွင် ထိပ်တန်းမြန်မာခေါင်းဆောင်များက မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ငြင်းဆိုခဲ့သည်သာမက ၎င်းသည်မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟုပင် စွပ်စွဲခံရသည်။

မေလအတွင်းကလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကြောင့် ဆိုင်ကလုန်းမုန်တိုင်းအတွက် လူသားချင်းစာနာမှု အထောက်ကူလုပ်ငန်းများ နှေးကွေးခဲ့ရကြောင်း၊ အဆိုပါ ဥပဒေသည်လည်း စစ်အစိုးရသက်ဆိုးရှည်ရေးအတွက်သာ ရည်ရွယ်ကြောင်းတို့ကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် တားဆီးပိတ်ပင်မှုများအရ နအဖ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် "ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အာမခံနိုင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲ" အလည် အပတ်ဖြစ်စေ (သို့) နိုင်ငံတကာအစည်းအဝေးများ တက်ရောက်ရန်ဖြစ်စေ ဥရောပနိုင်ငံများသို့ ၀င်ရောက်ခွင့်မရှိပေ။

ယင်းသို့တားဆီးထားသော်လည်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ယမန်နှစ် ASEM အစည်းအဝေး တက်ရောက်ရန် Hamburg သို့လာရောက်ခွင့်ပြုခဲ့သည်။ သို့သော် ဥရောပသမဂ္ဂက အစည်းအဝေးကာလအတွင်း ဦးဥာဏ်ဝင်း နှင့် သီးသန့်တွေ့ဆုံရာတွင် လူ့အခွင့်အရေးမှတ်တမ်းများ တိုးတက်မှုမရှိကြောင်း ပြောဆိုခဲ့သည်။

ယခုကျင်းပမည့် ASEM အစည်းအဝေး၌ မြန်မာနိုင်ငံကို အဓိကကျားကန်ပေးနေသော အိမ်ရှင်တရုတ်နိုင်ငံအပြင် အိန္ဒိယ၊ စင်ကာပူတို့အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အဖွဲ့ဝင်နိုင်ငံများကိုလည်း ဖိအားပေးရန် HRW အဖွဲ့ကြီးက ဥရောပ သမဂ္ဂအား တောင်းဆိုလိုက်သည်။

ထို့အပြင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ပျှမ်းမျှ (၂,၀၀၀) ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးရန်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ဖွဲ့စည်းခွင့်များအပေါ် ချမှတ်ထားသည့် တားဆီးမှုများကို ဖယ်ရှားပေးရန်၊ လူမျိုးစုများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ရာဇ၀တ်မှုကျူးလွန်မှုများအပေါ် တာဝန်ယူဖြေရှင်းပေးရန်၊ အသက် (၁၈) နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်းနေမှုကို ရပ်တန့်ပြီး စုဆောင်းထားသည့် ကလေးစစ်သားများကိုလည်း ပြန်လွှတ်ပေးရန် နအဖအား ဖိအားပေးရေးအတွက် အာရှနှင့် ဥရောပခေါင်းဆောင်များကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကြီးက ယနေ့ထုတ်ပြန်တောင်းဆိုလိုက်သည်။

(၂၀၀) ကျပ်တန်ထီရောင်းမည်၊ အခွန် နှစ်ဆတိုးရရန်ရည်ရွယ်

ခေတ်ပြိုင်၊ အောက်တိုဘာလ ၂၃ ရက် ၂၀၀၈

အောင်ဘာလေ ထီတစောင် ကျပ် (၂၀၀) နှုန်းဖြင့် တိုးမြှင့်သတ်မှတ်ရောင်းချရခြင်းသည် အောင်ဘာလေ သိန်းဆုအခွန်ငွေ နှစ်ဆတိုး ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက "လက်ရှိ ကျပ် (၁၀၀) နဲ့ ရောင်းနေတဲ့ ထီလက်မှတ်တွေကနေ တနှစ် ပျှမ်းမျှအခွန် ကျပ်ငွေ (၁၂) ဘီလီယံကျော်ရနေတယ်။ အဲဒါ လာမယ့် ၂၀၀၉ ခုနှစ်က စပြီး ကျပ်ငွေ (၂၄) ဘီလီယံကျော်ရအောင် စီမံကိန်းချပြီး လုပ်တာဖြစ်တယ်" ဟုပြောသည်။

လာမည့် ဒီဇင်ဘာ (၁) ရက်မှ စတင်ကာ အောင်ဘာလေထီတစောင်ကို ကျပ် (၂၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ၂၀၀၉ ခု ဇန်န၀ါရီ (၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြသည်။

ဇန်န၀ါရီတွင် ဖွင့်လှစ်မည့် အောင်ဘာလေထီ အကြိမ် (၂၄၀) မြောက်မှစ၍
သိန်း ၁,၀၀၀ (၁) ဆု ၊ သိန်း ၅၀၀ (၁) ဆု၊ သိန်း ၃၀၀ (၃) ဆု၊ သိန်း၂၀၀ (၅) ဆု၊ သိန်း ၁၀၀ (၁၇) ဆု အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။ ယခုလက်ရှိ ထီအက္ခရာ (၃၆) လုံး ရောင်းချနေရာမှ အက္ခရာ အလုံး (၃၀) သာ ရောင်းချမည်ဟုလည်း ကြေညာထားသည်။

လောလောဆယ် ကျပ် (၁၀၀) တန် ထီလက်မှတ်စနစ်တွင် အမြင့်ဆုံး ဆုကြေးငွေသည် ကျပ် သိန်း (၅၀၀) ဖြစ်ပြီး ရှေ့နှစ်တွင် ကျပ်သိန်း (၁,၀၀၀) သတ်မှတ်လိုက်ခြင်းသည် တရားမ၀င် ချဲထီလောကကို တိုက်ဖျက်ရန်ဖြစ်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ အရာရှိတဦးက ပြောသည်။

၎င်းက "ဒါက တရားမ၀င်တဲ့ ချဲထီလောကကို တိုက်ဖျက်နိုင်ဖို့ ဆုငွေကို သိန်း (၁,၀၀၀) လို့ သတ်မှတ်လိုက်တာပါ။ ထီအက္ခရာကိုလည်း လျှော့ထားတယ်လေ။ ပေါက်အား များအောင်လို့ပါ" ဟု ပြောသည်။

ထီလုပ်ငန်းရှင်များကမူ ယခုကဲ့သို့ ထီဆုတိုးလိုက်သည့်အတွက် အပိုဆုပေးမှုများ ပျောက်သွားနိုင်သည်ဟု ခန့်မှန်းပြောဆိုကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံအောင်ဘာလေ သိန်းဆုဌာနခွဲက ထီဆိုင်ကြီးများကို (၁၁) စောင်ပါ ထီ (၁) အုပ်ကို ကျပ် (၁,၀၀၀) နှုန်းဖြင့် လက်ကားရောင်းချပေးပြီး ထီဆိုင်များက (၁) စောင်လျှင် ကျပ် (၁၀၀) နှုန်းဖြင့် ပြန်ရောင်းပါက ထီ (၁) အုပ်ကုန်တိုင်း ကျပ် (၁၀၀) အမြတ်ရမည့်သဘောဖြစ်သည်။

သို့သော် ထီဆိုင်ကြီးများက ၎င်းတို့ဝယ်သည့် ထီလက်မှတ်များကို အက္ခရာစုံတွဲခြင်း၊ မင်္ဂလာစုံတွဲ တွဲခြင်းတို့ပြုလုပ်ပြီး ထီ (၁) စောင် ကျပ် (၁၃၀) ခန့်မှ ကျပ် (၁၅၀) အထက် နှုန်းထားအမျိုးမျိုးဖြင့် ပြန်ရောင်းချကြသဖြင့် အမြတ်အစွန်း ကြီးမားစွာ ရရှိကြသည်။

ထို့ကြောင့်လည်း အစိုးရသတ်မှတ်သည့် ကျပ်သိန်း (၅၀၀) ဆု ပေါက်ခဲ့ပါက ထီဆိုင်ကြီးများက နောက်ထပ် ကျပ် သိန်း (၅၀၀) ခန့် အပိုဆောင်းပြီး ကျပ် သိန်း (၁,၀၀၀) ခန့်အထိ ပေးကြသည်။

သို့သော် အစိုးရက ထီဆုကြီးကို သိန်း (၁,၀၀၀) အထိ တိုးမြှင့်တော့မည်ဖြစ်သည့်အတွက် အပိုဆုများမပေးတော့ဟု ထီလောကတွင် သတင်းပြေးနေသည်။

ဝါရင့်ထီကုန်သည်တဦးက "သိန်း (၁,၀၀၀) ပေးမယ်ဆိုတဲ့ သတင်းကြောင့် ထီထိုးသူတွေ အတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။ ဒါပေမယ့် အပိုဆုတွေ မပေးတော့ဘူးလို့ သတင်းတွေဖြစ်နေတယ်။ ဒါကြောင့် ထီဈေးကွက် ကျသွားနိုင်တယ်" ဟုပြောသည်။

မြန်မာပြည်တွင်း၌ အစိုးရအောင်ဘာလေ ထီအပြင် ထိုင်းအိုင်တီဗွီ ချယ်နယ်မှ တနေ့နှစ်ကြိမ် ဖော်ပြသည့် အစုရှယ်ယာဈေးနှုန်း နောက်ဆုံးဂဏန်း နှစ်လုံးကို လောင်းကစားသည့် (၂) လုံးထီ၊ တလ နှစ်ကြိမ်ဖွင့်လှစ်သည့် ထိုင်းထီကို အခြေခံလောင်းကစားသည့် ချဲထီတို့လည်း ပျံ့နှံ့နေပြီး ယခုနောက်ပိုင်း စင်ကာပူနိုင်ငံမှ အောင်ဘာလေထီကိုပါ ထိုးနေကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ယင်းလောင်းကစားမှုများကို နယ်မြေခံရဲများက ပုံမှန်ဆက်ကြေးကောက်ယူကာ ခွင့်ပြုထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

နိုင်ငံရပ်ခြားသို့ ထွက်ခွါရသူ မြန်မာနိုင်ငံသား ပိုများလာ

မဇ္ဈိမ၊ အောက်တိုဘာလ ၂၃ ရက် ၂၀၀၈

ချင်းမိုင်။ ။ လာမည့်နှစ်များတွင် ဒေသတွင်းနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင်ရှာဖွေသူ မြန်မာနိုင်ငံသားများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ရကြောင်း "အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နိုင်ငံသားများအဖွဲ့" (IMO) က ထုတ်ဖော်ပြောဆိုသည်။

အရှေ့တောင်အာရှအတွင်း ရွှေ့ပြောင်း နိုင်ငံသားများနှင့် ပတ်သက်၍ ယုံကြည် ကိုးစားလောက်ဖွယ် စာရင်းဇယား ရရှိရန် ခက်ခဲသော်လည်း စီးပွားရေး မပြေလည်မှုများက မြန်မာနိုင်ငံသားများကို နိုင်ငံတကာ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး စားဝတ်နေရေး ပိုပြေလည်မည့် နေရာကို ရှာကြစေရန် ဆက်လက် "တွန်းပို့" နေဦးမည်ဖြစ်ကြောင်း ယခုတပတ် တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် IMO ၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

"တိုင်းပြည်၏ လက်ရှိ လုံလောက်သော အခြေခံအဆောက်အဦ မရှိခြင်း၊ ကျွမ်းကျင်မှု နည်းပါးသည့် အလုပ်တပ်ဖွဲ့သာ ရှိနေခြင်းတို့ကြောင့် နောက်ထပ် စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတား ဖြစ်နေသည်။ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရရှိရန် အလားအလာမှာ အကန့်အသတ်နှင့်သာ ရှိနေခြင်းကြောင့် လူအများအပြားကို အခြားနိုင်ငံများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရန် အားပေးသလိုဖြစ်နေသည်" ဟု IMO က ဆိုသည်။

မကြာသေးခင် နှစ်များအတွင်း နိုင်ငံတွင်းမှ ထွက်ခွါလာခဲ့သူ အရေအတွက်မှာ ၃ သန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းသည်။

ဤသို့ တိုင်းပြည်ပြင်ပ ထွက်စေရန် "တွန်းပို့သည့် အချက်များ" သည် မြန်မာနိုင်ငံတွင် ပိုများနေမည်ဟု မျှော်လင့်ရကာ၊ မြန်မာတွင် စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်စာလျှင် ဝင်ငွေကွာဟမှုက ပို၍ ကြီးမား လာဦးမည်ဟုလည်း ဆိုထားသည်။

ထိုင်းနိုင်ငံသည် တဦးချင်းဝင်ငွေတွင် မြန်မာနိုင်ငံထက် ၆ ဆ များနေခြင်းကြောင့် မြန်မာနိုင်ငံသားများ အဓိက ထွက်ခွါရာနိုင်ငံ ဖြစ်မြဲ ဖြစ်နေသည်။ ယခင် အလားအလာများနှင့် မတူဘဲ ယခုအခါတွင် ရွှေ့ပြောင်း အလုပ်သမားဦးရေက နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများထက် ပို၍များနေသည်ဟု IMO က ပြောသည်။ မြန်မာနိုင်ငံသားများတွင် ဤသို့ ရွှေ့ပြောင်း ထွက်ခွါသူများအနက် အမျိုးသမီးများက အမျိုးသားများထက် အရေအတွက် ပိုများလိမ့်မည်ဟုလည်း တွက်ဆထားသည်။ တရားဝင် စာရင်းဇယားများအရ ထိုင်းဘုရင့်နိုင်ငံတွင် ရောက်ရှိနေသာ မြန်မာရွှေ့ပြောင်း နိုင်ငံသားများတွင် အမျိုးသမီးမှာ ၄၆ ရာခိုင်နှုန်း ရှိသည်။

ဒေသတွင်းနိုင်ငံများတွင် တိုင်းပြည်တွင်းမှ ရွှေ့ပြောင်း ထွက်ခွါသူ အများဆုံးရှိသော မြန်မာနိုင်ငံမှ နိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် လူဦးရေ ၂ သန်းခန့် ရှိနေသည်။ ယင်းတို့ထဲမှ အများစုမှာ တရားဝင် ခွင့်ပြုချက် ဘာမျှမရှိဘဲ တရားမဝင်သော်၎င်း၊ မည်သည့်လက်မှတ်မှ မရှိဘဲသော်၎င်း နေကြရသည်။

တရားဝင် အသိအမှတ်ပြုမှု မရှိခြင်းနှင့် ရွှေ့ပြောင်း နိုင်ငံသားများကို ခံစားခွင့် အခွင့်အရေးများ ပေးအပ်မှု မရှိခြင်းကြောင့် ယင်းတို့အနေဖြင့် စော်ကားခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ သူတို့ နေထိုင်ရသော ဝန်းကျင် အနေအထားမှာလည်း ကူးစက်ရောဂါ ပိုမို ကူးစက် ဖြစ်ပွားခံရနိုင်ခြင်း ကဲ့သို့သော အန္တရာယ်များ ရှိနေသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာအာဏာပိုင်များအကြား ၂ဝဝ၃ ခုနှစ် နားလည်မှု စာချွန်လွှာကို အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၂ သန်းခန့်မှာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် အပါအဝင် အခြေခံ လူမှုစောင့်ရှောက်မှုများ မရှိဘဲ ဖြစ်နေသည်။

အဆိုပါ မြန်မာများအနက် အလုပ်လုပ်ခွင့်ပါမစ် ရရှိထားသူများမှာ ၂ဝဝ၇ နှစ်လယ်အထိ ၄၈၅၉၂၅ ရှိသည်။ ယင်းအရေအတွက်သည် အိမ်ရှင်နိုင်ငံက လက်ခံခွင့်ပြုခဲ့သော စုစုပေါင်း အလုပ်လုပ်ခွင့်ပါမစ်၏ ၉၁ ရာခိုင်နှုန်း ရှိသည်။ အများစုသော ရွှေ့ပြောင်း အလုပ်သမားများမှာ ငါးအအေးခန်းစက်ရုံ၊ စိုက်ပျိုးရေး၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် အိမ်ဖေါ်များအဖြစ် လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံတွင်း အနာဂါတ် စီးပွားရေး အခွင့်အလမ်းများ ချို့တဲ့မှုကြောင့် ၂ဝဝ၄ ခုနှစ်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား လျှောက်ထားမှု ကနဦးအဆင့် လိုအပ်ချက်အရ ကလေးသူငယ်ပေါင်း ၇၇ဝဝဝ ၏ လျှောက်လွှာများကို စိစစ်ပြီး ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ ကြုံနေရသော အန္တရာယ်ကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချနိုင်ရေးအတွက် အလုပ်သမား ရှာဖွေရေးလုပ်ငန်းများကို ပိုမိုကြီးကြပ်ရန်၊ နှစ်နိုင်ငံအကျိုးတူ သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ ရွှေ့ပြောင်း လူဦးရေများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်နှင့် အချို့သော ကျား-မ ဆိုင်ရာ အကဲဆတ်သည့် ပြဿနာများကို ဖြေရှင်း ကိုင်တွယ်ရန်တို့ကို IMO အဖွဲ့ကြီးက အကြံပြု တင်ပြထားသည်။

ဒေသတွင်း ရွှေ့ပြောင်းရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ နိုင်ငံတွင်း ကျန်ရှိခဲ့သည့် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများထံ လွှဲပြောင်းပေးပို့ငွေမှာ ၂ဝဝ၆ ခုနှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁၁ရ သန်း ရှိသည်။

ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံရင်းသို့ တရားဝင် ပြန်လည် လွှဲပြောင်းပေးပို့သည့် ငွေမှာ ၁၉၉ဝ ခုနှစ်တွင် ဒေါ်လာ ၄ ဒဿမ ၂ ဘီလျံရှိရာမှ ၂ဝဝ၆ ခုနှစ်တွင် ဒေါ်လာ ဘီလျံ ၅ဝ သို့ တိုးတက်လာခဲ့သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Zarganar of Burma & Burmese People] 1 New Entry: White Rainbow - Burmese Poetry Festival 2006 Part One

White Rainbow - Burmese Poetry Festival 2006 Part One


ဇာဂနာ၊ စောဝေ၊ ဇော်သက်ထွေးနဲ့ အောင်ဝေး ပြီးတော့

၂၀၀၆ အဖြူရောင် သက်တံ အမှတ်တရ

အပိုင်း ၁

မိုးမခ ရုပ်သံ

အောက်တိုဘာ ၂၃၊ ၂၀၀၈

အဖြူရောင် သက်တံ ၂၀၀၆ ကဗျာရွတ်ဆိုပွဲ ဖြစ်ပါတယ်။ ခုခံအားကျဆင်းတဲ့ရောဂါ ကူးစက်ခံထားရတဲ့ မြန်မာကလေးငယ်များအတွက် အဲသည်တုံးက မြန်မာ အနုပညာ ညီအကိုမောင်နှမတွေရဲ့ အနုပညာအလှူပွဲ တခုဖြစ်ပါတယ်။

ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူတွေက ၂၀၀၇ စက်တင်ဘာအရေးအခင်းမှာ ပြည်ပမဲဇာရောက်ခဲ့ရသူ အောင်ဝေး၊ အဲဒီနောက် ကဗျာတပုဒ်နဲ့ အကျဉ်းကျနေသူ စောဝေ၊ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းမှာ အဖမ်းဆီးခံခဲ့ရတဲ့ ဇာဂနာ၊ ဇော်သက်ထွေးတို့တွေ အပါအ၀င် ဖြစ်ပါတယ်။

သူတို့တွေကို အမှတ်တရ အနေနဲ့၊ ပြီးတော့ စစ်အစိုးရဖိနှိပ်မှုတွေကြောင့် ခုချိန်မှာ ခိုကိုးရာမဲ့ ချို့တဲ့လျက်ရှိနေတဲ့ HIV ရောဂါသင့် ကလေးသူငယ်များ အားလုံးသို့

၂၀၀၆ တုံးက ထိုးခဲ့တဲ့ခေါင်းလောင်း …

အခု … လက်ဆင့်ကမ်းလိုက်တဲ့ …

လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်းသံ …

ကဗျာ …

(ဒီနေရာက သွာုးကည့်နိုင်ပါပြီ - MoeMaKa Dot Net Video Archives)

You received this email because you are subscribed to the real_time feed for http://zarganar-windoor.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: နေ့စေ့လစေ့

နေ့စေ့လစေ့

(၁)
နေညိုချိန်
ပြိုကွဲဘ၀များရဲ့ အတွေးစုရပ်။

(၂)
'ဖက်စပ်'နဲ့ 'နယ်စပ်'က
သမီးနဲ့ သား
အခြားသောသူများ။

ရေဒီယိုထဲပါနေကျ
အာသိသများ
အန်ဖတ်များ။

ကြိုးဝိုင်းထဲက
လက်ညှိုးနဲ့
လက်မများ။

လမ်းမတွေထက်က
လက်သီးစုပ်နဲ့
လက်အုပ်ချီများ။

(၃)
တာဝေးပြေးပွဲမှာ
ပူးတွဲ ပထမ - မရှိ။

ရဲဘော် ထက်မိုး
(၁၀ ဇူလိုင် ၂၀၀၄)

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[KyiMayKaung] 1 New Entry: The Burma Border Consortium reports that 66,000 in Burma displaced in last year alone --

The Burma Border Consortium reports that 66,000 in Burma displaced in last year alone --

http://www.burmabloggers.net/?p=1011

The statistics can't get more reliable than this. TBBC feeds refugees in the camps along the Burma-Thai Border and has done so since at least 1997, when I first met Director, Jack Dunford.

You see what a weak case ICG has when it recently called for a regularization of aid on grounds that that alone would create democracy.

The junta has learned to play the game and plays it "well."

Even long time dissidents have been taken in and speak as if 2010 were some magic number.

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Smoke & Spice] 1 New Entry: ငါးခေါင်းဟင်းချို

ငါးခေါင်းဟင်းချို

တလောက ဈေးပေါပေါနဲ့  ငါးခေါင်းတွေ့  လို့ ၀ယ်လာခဲ့ပါတယ်။
သေချာမချက်ဘူးလို့ အစမ်းချက်ကြည့်ချင်တာနဲ့ နေးတစ်မြန်မာဖိုရမ်မှာ 

ရှာရင်းဖွေရင်းမCrystle ရဲ့  ငါးခေါင်းဟင်းချက်နည်းလေးကို ရှာတွေ့ ပါတယ်။
အစ်မရေးထားတဲ့ နည်းလေးအတိုင်းချက်တာ အဆင်ပြေပါတယ်။ လိုတာတွေ
ကိုတော့ ဖြည်းဖြည်းစီ ၀ယ်ရပါတယ်။


ငါးခေါင်းဟင်းအတွက် လိုအပ်တဲ့အရာတွေကတော့


ငါးခေါင်း
ကြက်သွန်မြိတ်
နံနံပင်
ငရုတ်သီးစိမ်း
မျှစ်ချဉ်
စပါးလင်
ပဲပြား
ငါးဖယ်
ငုံးဥ
ငရုတ်ကောင်း
ငရုပ်သီးစိမ်း တို့ပါပဲ။

အရင်ဆုံး ငါးခေါင်း ကို ထက်ခြမ်းခွဲပြီး ငံပြာရည်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ
ဂျင်း ရည်တို့ နဲ့ နယ်ပြီး ခဏနှပ်ထားပါတယ်။

ဆီ အိုးတည်ပြီး ကြက်သွန်ဖြူ ၊ ငရုပ်သီးမှုန့် တို့ကို ဆီသပ်ပါတယ်။ ဆီသပ်နေစဉ်
ငါးခေါင်းကိုပါ ရောပြီး ဆီသပ်ရပါတယ်။ ချက်မည့်အိုးထဲ သို့ ရေ လိုသလောက်
ထည့်ပြီး ဆီသပ်ထားတဲ့ ငါးခေါင်းနှင့်အတူ စပါးလင် ၊ မျှစ်ချဉ် ကိုထည့်ပါ။
ခဏတည်ပြီး ၊ ပွက်ပွက်ဆူလာလျှင် ပဲပြား ၊ ငုံးဥပြုတ်တို့ကိုထည့်ပါ။ အပေါ့အငံ
လိုလျှင် ငံပြာရည် (သို့မဟုတ်) ကြက်သားKnorr အမှုန့် ကိုထည့်ပါ။ အားလုံးကျက်
ပြီဆိုလျှင် ငရုတ်သီးစိမ်း၊ နံနံပင် တို့ကိုထည့်ပါ။ အချဉ်လိုလျှင် သံပုရာသီး ညှစ်ထည့်
ပါ။

ငါးခေါင်းဟင်းကို အေးချမ်းတဲ့ ရာသီဥတု မှာ ထမင်းပူပူနဲ့ တွဲဖက်စားသုံးရတာ အင်မတန်
ထမင်းမြိန်လှပါတယ်။ 


You received this email because you are subscribed to the real_time feed for http://smokenspice.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၂)

ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၂)

ရေးသူ - စစ်ငြိမ်းဒီရေ


နာရီကို ၀ယ်လို့ ရတာပေါ့ …
အချိန်ကို မပိုင်ကြတော့ …
နောင်တ တွေကို …
ပိဿချိန်နဲ့ ရောင်းစားလို့ ရရင် …
လူတိုင်းဟာ သန်းကြွယ် သူဋ္ဌေးတွေ။

zstruggle.jpg

ပြည်ပ မထွက်ခွာခင် ကျနော့်ဘကြီး တစ်ယောက် အိမ်မှာ ပုန်းရှောင်ရင်နဲ့
ကျနော်က ဘကြီးကို …
လွတ်လပ်ရေး မရခင် ကိုလိုနီခေတ်က ပညာရေး စနစ်ဟာ ကျွန်ပညာရေး စနစ်
ဘဲလို့ စကား စပ်မိစပ်ရာ ပြောဖြစ်တော့ …

သူက …
ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် မြန်မာပြည်က လူတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်
တဲ့ အရေအတွက် မရှိသလောက်ဘဲ။ နိုင်ငံကသာ ကိုလိုနီဖြစ်နေတာ။ အရှေ့
တောင် အာရှက တခြားနိုင်ငံတွေကို စကားထဲတောင် ထည့်မပြောဘူး။
အာရှက ချမ်းသာပါတယ်ဆိုတဲ့ ဂျပန်တွေတောင် ရန်ကုန်မှာ သွားစိုက်
ဆရာဝန် ဆေးခန်းတွေ၊ ဓါတ်ပုံလုပ်ငန်းတွေ တို့တိုင်းပြည်မှာ လာလုပ်
ရတာ ကွ။ မြန်မာ လန်းချား မဆွဲဘူး။ မြန်မာ နောက်ဖေး မကျုံးဘူးကွ။




လွတ်လပ်ရေး ရခါစ ဖဆပလခေတ်မှာ တရုတ်တွေက "မောင်ဗမာ"
စက်ဘီးပေါ် ပြည်တွင်းချုပ် အ၀တ်ထုတ်တွေ တင်ပြီး တစ်လမ်းဝင်
တစ်လမ်းထွက် အော်ပြီး ဈေးလိုက်ရောင်းတာ။ "တာမွေ သုဿန်" က
သုဘရာဇာ တရုတ်ကြီး တစ်ယောက် ဆိုရင် သူက သုဘရာဇာ အလုပ်
လုပ်ပြီ ချမ်းသာတာ ကျိတ်ကျိတ်တက်ပဲ။ သူ့သမီးတွေကို ယူမဲ့လူ မရှိလို့
သတင်းစာ ထဲက ကြော်ငြာ ထည့်တယ်။ တိုက်တစ်လုံး၊ ကားတစ်စီး
လက်ဖွဲ့ပေးမယ်၊ မည်သည့်ဗမာ လူပျို မဆို သားမှတ်မှတ် မယားမှတ်မှတ်
ပေါင်းသင်း ဆက်ဆံမယ် ဆိုရင် ပေးစားရန် အဆင့်သင့် ရှိတယ်တဲ့။

ငါတို့ဗမာတွေက တရုတ်လူမျိုးကို မြင်ရင် ဘိန်းစားလို့ သဘောထားတာ …
လို့ ပြောခဲ့တဲ့ ကျနော့် ဘကြီး အမျိုးချစ်ပုံကတော့ စံဘဲဗျာ။

မလေးရှားမှာ နိုင်ငံရေး စလုပ်ကြတော့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဘက် တစ်ဦး
က ပြောပါတယ်။ ဆရာမြသန်းတင့် "ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်
မည်" ၀တ္ထုမှာ စက်လှေပိုင်ရှင် ဓနရှင် "ဦးဘရန်" ကို မသတ်သင့်ဘူးလို့
သူ့အထင် သူ့အယူအဆ ကို ပြောပါတယ်။

ဥပဒေဖြင့် လူသား စားခြင်း…

မဆလခေတ် တောင်ဥက္ကလာပ အဂ္ဂိယ ဘုန်းတော်ကြီး
ဦးလာဘက လူသားစားတော့ သေစား သေစေ …

88 တုန်းက မြောက်ဥက္ကလာပ ကိုရောင်ကြီးဗွေ တစ်ယောက်
ရဲကံညွန့် အသဲ မီးကင်းစားတော့ သေစား သေစေ …

ရန်ကုန်ပြည်သူ့ ဆေးရုံးကြီး ရင်ခွဲရုံက လူသေအလောင်း အတွင်းကလီစာ
တွေကို မဆလခေတ် တရုတ်တန်းက "ရွှေအိုးကြီး" ဆိုင် အသုံးပြုတော့
ရန်ကုန်ရောက်ရင် "နီလာဒန်ပေါက်နဲ့ ရွှေအိုးကြီး"မှ မစားဘူးရင် အလကား
ဘဲလို့ သူသူ ငါငါ စားကြသောက်ကြ …
ရွှေအိုးကြီးမှာ စားဘူးတဲ့ အထဲ မပါဘူးလို့ မငြင်းကြနဲ့ …
ဥပဒေက ခွင့်ပြုထားတဲ့ စားသောက်ဆိုင်ပါ …
လူ့အသားကို လူက ပြန်စား …
ဟားဟား … ဟားဟား။


(ဆက်လက်ဖော်ပြမည်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 1 New Entry: ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အား ဂုဏ်ပြုခြင်း။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အား ဂုဏ်ပြုခြင်း။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Heart Museum] 2 New Entries: အညတရ၏ အမှတ်တရ မှတ်တမ်း

အညတရ၏ အမှတ်တရ မှတ်တမ်း

လူလ
မင်္ဂလာပါ ကိုဟ။ ဘယ်လိုလဲ လာချောင်းသွားတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...
23 Oct 08 02:15


မဗေဒါ
ထပ်တူထပ်မျှကိုယ်ချင်းစာပြီး ခံစားရတယ်ဆိုရင် ယုံမလားတော့မသိဘူး..
22 Oct 08 08:45

မဗေဒါ
အစ်ကိုရေ.. သတင်းကြားပြီးတော့ ဘာပြောရမှန်းမသိဘူး.. စိတ်မကောင်းဘူး..
22 Oct 08 08:44

Republic
ပြတိုက်ကြီး အမြန်ဆုံး ပျော်ရွှင် ငြိမ်းချမ်းပါစေဗျာ ၊၊ သတိရလျက်ပါ 22 Oct 08 08:28

ဆောင်းကဗျာ
ဆောင်းအခုမှသိရတယ်..တကယ်စိတ်မကောင်းဖြစ်ရပါတယ်ရှင် 21 Oct 08 17:00

ShwunMi
အစ်ကိုဟတ်.. စိတ်သက်သာအောင်နေပါနော်..။ သတိရနေပါတယ်..။ 21 Oct 08 05:53

မိုးမြင့်တိမ်
အကိုရေ လာလည်ပါတယ် တရားနဲ့ဖြေပါနော်အကို
20 Oct 08 16:09

MayMoe
ဦးလေးဂျီး ကျမ်းမာရေးဂရုစိုက်နော် 20 Oct 08 09:13

ကလေးငယ်လေး
သမီး ဆုတောင်းပေးနေပါတယ်.. ဦးဦးရယ်.. မငိုပါနဲ့ နော်..
19 Oct 08 11:20

ကလေးငယ်လေး
ဦးဦးရေ.. ဖိုးဖိုးဆုံးသွားတာ သမီးစိတ်မကောင်းဖြစ်မိပါတယ်။ ဖိုးဖိုး ကောင်းရာဘုံဘ၀ရောက်ပါစေ။
19 Oct 08 11:19

slip
အစ်ကိုရေ စိတ်မကောင်းပါဘူးဗျာ။ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။
19 Oct 08 00:56

Apprenticeship
May peace, love, and joy to be with you and your family.
18 Oct 08 22:29

လူလ
မင်္ဂလာပါ ကိုဟကြီး။ နေကောင်းသလား။ ရက်လည်ဆွမ်းတွေ ပြီးသွားပြီပေါ့၊ ရွှင်လန်းချမ်းမြေ့ပါစေ...
18 Oct 08 21:34

မျိုးဝင်းဇော်
ခင်ဗျားလဲ ကျန်းမာရေး၈ရုစိုက်ပါဗျာ
18 Oct 08 21:23

မျိုးဝင်းဇော်
ခုမှသိတယ်ဗျာ မရောက်ဖြစ်တာနဲ့ ထပ်တူဝမ်းနည်းပါတယ် ကျွန်တော်စိတ်မကောင်းပါဘူးဗျာ
18 Oct 08 21:21

ညမီးအိမ်
နောက်ကျမှ သိခဲ့ရလို့ ညီ့ ကိုခွင့်လွှတ်ပါ။ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်တယ်အစ်ကိုရာ။
18 Oct 08 20:19

ညမီးအိမ်
အစ်ကိုရေ ကျွန်တော်ဘလောဂ်တွေလိုက်မကြည့်မိတော့ အစ်ကို ဖေဖေ သတင်းကျွန်တော်မကြားမိဘူးဗျ။
18 Oct 08 20:18

စိုင်းထွန်း
မရောက်တာ ကြာပေါ. အစ်ကိုရယ်
18 Oct 08 16:12

kom
ဘာမှ မပြောရက် လှို့ ငုတ်တုတ်လေး ထိုင်ပြီး ပြန်သွားပါတယ။် ကျန်းမာပါစေ။
18 Oct 08 06:26

သစ်ဆင်း
အလည်ရောက်ပါတယ်။ ကဗျာမပီ၊စာမမှီလေး ဖတ်သွားတယ်။ ကျန်တာကတော့ အစုံစားပါပဲ။ စားနိုင်သလောက်ပေါ့။ ကျေးဇူးပါ
18 Oct 08 04:21

ShwunMi
.. နောက်တစ်ကြိမ် ထပ်ရောက်လာပါတယ်။ .. 18 Oct 08 03:32

ဝင်းဇော်
မင်္ဂလာပါ၊ ပျောက်ချက်သားကောင်းလှချည့်လား၊
17 Oct 08 20:33

ရွှန်း
ကိုဟတ်.. အလုပ်တွေ ရှုပ်နေလား.. အစစ အဆင်ပြေပါစေ.. 17 Oct 08 15:39

အညတရ၏ အမှတ်တရ မှတ်တမ်း

Oct 19, 2008

အနက်ရောင်အိပ်မက်တစ်ခု၏ ၀ိညာဉ်များ.....

မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း

ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေကြားမှာ အင်မတန်မှ အားတတ်သရောရှိပြီး...။ မောင်နှစ်မတွေအကြား အသစ်၊ အဟောင်းမရွေး...။ အရှိန်အ၀ါ မရွေးပဲ လိုက်လံအားပေး တတ်သော....။ ညီအစ်ကို မောင်နှမများ၏ ကြိုးစား ပမ်းစားရေးသားထားသော အကြောင်းအရာများနှင့် ပတ်သတ်၍ မည်သည့်အခါမှ ပြီးပြီးရော မှတ်ချက် များ ပေးလေ့မရှိပဲ...။ သေသေချာချာ ဖတ်ရှုဝေဖန်အားပေးတတ်သော ကျွန်တော်တို့၏ ဘလော့ဂါ ရောင်းရင်း ကြီး (သို့မဟုတ်) အစ်ကိုကြီး ကိုနုလုံးသားပြတိုက်၏ ဖခင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်းပါ...။ ကျွန်တော့်လိုပဲ အခြားသော ဘလော့ဂါ ညီအစ်ကို၊ မောင်နှမများမှလဲ အလားတူ ၀မ်းနည်းကြေကွဲကြမည် ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါကြောင်း.....။

p.s- မနက်ဖြန် (၁၉.၁၀.၂၀၀၈) တနင်္ဂနွေနေ့တွင် ရက်လည်ဆွမ်းကျွေး ပြုလုပ်မည်ဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://heartmuseum.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: ATM

ATM

သူငယ်ချင်း။ သင်သည် တပါတ်ကို ATM machine ကို ဘယ်နှစ်ခါ အသု့းံပြူမိပါသလဲ။ တို့တော့ သိတ်ပြီး သုံးမိတယ် မထင်ဘူး။ ပိုက်ဆံလဲ ရှိမှ မရှိဘဲ။ လခဝင် တဲ့ တချိန် သု့ံ့းတယ်။ြ့ပီးရင် ၁၀၀ သို့မဟုတ် ၂၀၀ လောက် ကြိုထုတ် ထားလိုက်တယ်။ အဲဒီ ထဲ ကနေ နဲနဲ နဲနဲ နဲ့ ယူ သုံး နေမိတယ်။ အိမ်မှာ နဲနဲထား။ pulse ထဲမှာ နဲနဲထားပြီး သုံးနေတာ ကုန် သွားရင် တခါထုတ်တယ်။ အဲဒီတော့ သိတ် သုံးမိတယ် မထင်မိပါဘူး။ သွား ရင်းလာရင်း လူရှင်းရင် ထုတ်ထားတယ်.။ဲ့ ATM machine ကို လေ့လာ ကြည့်မိတယ် ဘယ် တော့မှ လူပြတ် တယ် မတွေ့မိဘူး။ စက် ကဘဲ နဲနေ လှိုလား။ နဲတော့မနည်းဘူး။ သုံးလေးလုံး ပေးထားတာဘဲ။ သုံးတဲ့ သူတွေ ကဘဲ ကဒီး ကဒီး ၂၀ . ၃၀ ။၅၀ ။ ၅၀၀ ဘဲ ။ ၁၀၀၀ ဘဲ။ ဘဲ ထုတ် သုံးနေ ကြ သလား စဉ်းစား လို့မရဘူး။ ကိုယ် ထုတ်ချင် တဲ့အခါ ကြရင် လူများနေရင် သိတ် စိတ်တိုတာဘဲ။ တချို့ ကလုပ်တယ်။ ပိုက်ဆံထည့်တယ်။ print out လုပ်တယ်။ ပြန်စစ်တယ်။ အင်း သူ့ပိုက်ဆံ များလို့ထင်တယ် လို့ နားလည်မှူပေးပြီး စောင့်ရပါတယ်။ ဘယ်လို သဘောရသလဲ။ စက်ရှေ့မှာ လူအမြဲ များနေရခြင်း က ဘာသဘောလဲ။ ရှင်းပြ ကြပါဦး။ survey လုပ်ကြည့်နေတယ်။ ပြီးရင်တော့ ကွန်ကလူးရှင်း ဆွဲ လို့ရမှာဘဲ။ သင် ၏ ပူးပေါင်း ကူညီ ခြင်း ကို လေ ဖြင့် ကျေးဇူးတင်ပါသည်.။

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 7 New Entries: ဧကကပုဂ္ဂလပညတ်- ၃၈

ဧကကပုဂ္ဂလပညတ်- ၃၈

ဧကကပုဂ္ဂလပညတ်-

၃၈။ အားထုတ်မှုမရှိသဖြင့် ရဟန္တာဖြစ်သော {အသင်္ခါရပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူ သည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဘုံတည်း ဟူ သော အောက်အဖို့ရှိသော {သြရမ္ဘာဂိယ} သံယောဇဉ် ငါးပါးတရားတို့၏ ကုန်ခြင်း ကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်း သဘောမရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည်
အထက်ဗြဟ္မာဘုံ၌သာ ကျင်လည်စေခြင်း အဖို့ရှိသော {ဥဒ္ဓမ္ဘာဂိယ} သံယောဇဉ် ငါးပါး တရားတို့ကို ပယ်ခြင်းငှါ အားထုတ်မှု မရှိဘဲ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို အားထုတ်မှု မရှိသဖြင့် ရဟန္တာဖြစ်သော {အသင်္ခါရ- ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ဧကကပုဂ္ဂလပညတ်- ၃၇

ဧကကပုဂ္ဂလပညတ်-

၃၇။ အသက်တမ်းထက်ဝက်သို့ ဆိုက်ထိကျော်လွန်မှ ရဟန္တာဖြစ်သော {ဥပဟစ္စ-ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော {သြရမ္ဘာဂိယ} သံယောဇဉ်ငါးပါး တရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်း သဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန် ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် အသက်တမ်းထက်ဝက်ကို ကျော်လွန်သော အခါ၌ လည်းကောင်း၊ သေရာကာလအနီးသို့ ကပ်ရောက်သောအခါ၌ လည်းကောင်း အထက်ဗြဟ္မာဘုံ၌သာလျှင် ကျင်လည်စေခြင်းအဖို့ ရှိသော {ဥဒ္ဓမ္ဘာဂိယ} သံယော ဇဉ်ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို အသက်တမ်း ထက်ဝက်သို့ ဆိုက်ထိကျော်လွန်မှ ရဟန္တာဖြစ်သော {ဥပဟစ္စ-ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ဧကကပုဂ္ဂလပညတ်- ၃၆

ဧကကပုဂ္ဂလပညတ်-

၃၆။ အသက်တမ်း ထက်ဝက်မတိုင်မီ အတွင်း၌ ရဟန္တာဖြစ်သော {အန္တရာပရိ-နိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ ရှိသော {သြရမ္ဘာဂိယ} သံယောဇဉ် ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်းသဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြု လတ္တံ့၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေသော ကာလ၏ အခြားမဲ့၌ လည်းကောင်း၊ အသက်တမ်းထက်ဝက် (အလယ်)သို့မရောက်မီ အတွင်း၌လည်းကောင်း အထက် ဗြဟ္မာ့ဘုံ၌သာလျှင် ကျင်လည်စေခြင်း အဖို့ရှိသော {ဥဒ္ဓမ္ဘာဂိယ} သံယောဇဉ် ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို အသက်တမ်း ထက်ဝက် (အလယ်) မတိုင်မီအတွင်း ရဟန္တာဖြစ်သော {အန္တရာ-ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ဧကကပုဂ္ဂလပညတ်- ၃၅

ဧကကပုဂ္ဂလပညတ်-

၃၅။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန်ပြန်မလာသော {အနာဂါမီ} ပုဂ္ဂိုလ်ဟူ သည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူ သော အောက်အဖို့ရှိသော {သြရမ္ဘာဂိယ} သံယောဇဉ် ငါးပါးတရားတို့၏ ကုန်ခြင်း ကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန် လည်ခြင်း သဘောမရှိမူ၍ ထိုရူပသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ဤပုဂ္ဂိုလ် ကို ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန် ပြန်မလာသော {အနာဂါမီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ဧကကပုဂ္ဂလပညတ်- ၃၄

ဧကကပုဂ္ဂလပညတ်-

၃၄။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာ ပြန်လာသော {သကဒါဂါမီ} ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့၏ ခေါင်းပါးခြင်းကြောင့် သကဒါဂါမ်ဖြစ်၏၊ တစ်ကြိမ်သာလျှင် ဤလူ့ဘုံသို့ ပြန်လာ၍ ဆင်းရဲ၏ အဆုံးကို ပြု၏၊ ဤပုဂ္ဂိုလ်ကို ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာ ပြန်လာသော {သကဒါဂါမီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ဧကကပုဂ္ဂလပညတ်- ၃၃

ဧကကပုဂ္ဂလပညတ်-

၃၃။ တစ်ဘ၀သာ ပဋိသန္ဓေမျိုးစေ့ရှိသော{ဧကဗီဇီ}ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်း ကြောင့် သောတာပန် ဖြစ်၏၊ အပါယ်လေးပါးသို့ ကျခြင်းသဘော မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏၊ ထိုပုဂ္ဂိုလ်သည် တစ်ကြိမ်သာ လျှင် လူ့ဘ၀၌ဖြစ်၍ ဆင်းရဲ၏ အဆုးံ ကို ပြု၏၊ ဤပုဂ္ဂိုလ်ကို တစ်ဘ၀သာလျှင် ပဋိသန္ဓေမျိုးစေ့ရှိသော {ဧကဗီဇီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ဧကကပုဂ္ဂလပညတ်- ၃၂

ဧကကပုဂ္ဂလပညတ်-

၃၂။ နှစ်ဘ၀ သုံးဘ၀စသည် (မြင့်မြတ်သောအမျိုး) တစ်မျိုးမှ (မြင့်မြတ်သော အမျိုး) တစ်မျိုး၌ ဖြစ်၍ ပဋိသန္ဓေနေသော {ကောလံကောလ} ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏၊ အပါယ်လေးပါးသို့ ကျခြင်းသဘော မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏၊ ထိုပုဂ္ဂိုလ်သည် နှစ်ဘ၀လည်းကောင်း၊ သုံးဘ၀လည်းကောင်း (မြင့်မြတ်သော) အမျိုးတို့၌ ကျင် လည်ပြေးသွား၍ ဆင်းရဲ၏အဆုံးကို ပြု၏၊ ဤပုဂ္ဂိုလ်ကို နှစ်ဘ၀ သုံးဘ၀စသည် (မြင့်မြတ်သောအမျိုး) တစ်မျိုးမှ (မြင့်မြတ်သောအမျိုး) တစ်မျိုး၌ဖြစ်၍ ပဋိသန္ဓေ နေသော {ကောလံ ကောလ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.