Friday, October 24, 2008

[Smoke & Spice] 1 New Entry: ငါးခေါင်းဟင်းချို

ငါးခေါင်းဟင်းချို

တလောက ဈေးပေါပေါနဲ့  ငါးခေါင်းတွေ့  လို့ ၀ယ်လာခဲ့ပါတယ်။
သေချာမချက်ဘူးလို့ အစမ်းချက်ကြည့်ချင်တာနဲ့ နေးတစ်မြန်မာဖိုရမ်မှာ 

ရှာရင်းဖွေရင်းမCrystle ရဲ့  ငါးခေါင်းဟင်းချက်နည်းလေးကို ရှာတွေ့ ပါတယ်။
အစ်မရေးထားတဲ့ နည်းလေးအတိုင်းချက်တာ အဆင်ပြေပါတယ်။ လိုတာတွေ
ကိုတော့ ဖြည်းဖြည်းစီ ၀ယ်ရပါတယ်။


ငါးခေါင်းဟင်းအတွက် လိုအပ်တဲ့အရာတွေကတော့


ငါးခေါင်း
ကြက်သွန်မြိတ်
နံနံပင်
ငရုတ်သီးစိမ်း
မျှစ်ချဉ်
စပါးလင်
ပဲပြား
ငါးဖယ်
ငုံးဥ
ငရုတ်ကောင်း
ငရုပ်သီးစိမ်း တို့ပါပဲ။

အရင်ဆုံး ငါးခေါင်း ကို ထက်ခြမ်းခွဲပြီး ငံပြာရည်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ
ဂျင်း ရည်တို့ နဲ့ နယ်ပြီး ခဏနှပ်ထားပါတယ်။

ဆီ အိုးတည်ပြီး ကြက်သွန်ဖြူ ၊ ငရုပ်သီးမှုန့် တို့ကို ဆီသပ်ပါတယ်။ ဆီသပ်နေစဉ်
ငါးခေါင်းကိုပါ ရောပြီး ဆီသပ်ရပါတယ်။ ချက်မည့်အိုးထဲ သို့ ရေ လိုသလောက်
ထည့်ပြီး ဆီသပ်ထားတဲ့ ငါးခေါင်းနှင့်အတူ စပါးလင် ၊ မျှစ်ချဉ် ကိုထည့်ပါ။
ခဏတည်ပြီး ၊ ပွက်ပွက်ဆူလာလျှင် ပဲပြား ၊ ငုံးဥပြုတ်တို့ကိုထည့်ပါ။ အပေါ့အငံ
လိုလျှင် ငံပြာရည် (သို့မဟုတ်) ကြက်သားKnorr အမှုန့် ကိုထည့်ပါ။ အားလုံးကျက်
ပြီဆိုလျှင် ငရုတ်သီးစိမ်း၊ နံနံပင် တို့ကိုထည့်ပါ။ အချဉ်လိုလျှင် သံပုရာသီး ညှစ်ထည့်
ပါ။

ငါးခေါင်းဟင်းကို အေးချမ်းတဲ့ ရာသီဥတု မှာ ထမင်းပူပူနဲ့ တွဲဖက်စားသုံးရတာ အင်မတန်
ထမင်းမြိန်လှပါတယ်။ 


You received this email because you are subscribed to the real_time feed for http://smokenspice.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.