Friday, October 24, 2008

[Moon Thet Pan] 1 New Entry: အချိန်မှီ ကုစားခြင်း

အချိန်မှီ ကုစားခြင်း

လောကအလှမှာ ဖော်ပြထားဖူးတဲ့ ကဗျာကလေးကို ကျမမွန်းသက်ပန်ရဲ့ ဘလော့ဂ်ကလေးမှာ ပြန်တင်ပေးထားချင်ပါတယ်။ ကျမကို စာရေးဖို့ အမြဲ တိုက်တွန်းတတ်တဲ့ လောကအလှ ကို ကျေးဇူးတင်ပါတယ်ရှင်။

ရှိခဲ့ဖူးမှာပါ

အတိတ်ဆိုတာ အရိပ်လိုဆိုမှတော့

ငါလည်း မေ့ဖို့မကြိုးစားပါဘူး


သိခဲ့ဖူးမှာပါ

နင်လည်း နှလုံးသားနဲ့ ချစ်ခဲ့ဖူးမယ်ဆိုရင်

အဲဒီအချိန်က ချိုမြိန်တဲ့ အရသာကို


ငါမက်ခဲ့ဖူးတဲ့ အိပ်မက်ကလေးရေ…

နင်… နားလည်နိုင်မှာပါလေ

အစားထိုးခဲ့တာ မဟုတ်ပေမယ့်

တခန်းရပ် ဇာတ်လမ်းရဲ့တဘက်မှာ

တသီးတသန့် ခံစားချက်တချို့နဲ့

ယုံကြည်ခြင်းတွေ ရှင်သန်ရင်း

ပျော်နေနိုင်တဲ့ ငါ့ဘ၀ကို…

မွန်းသက်ပန် (ဆေး-၁)

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.