Friday, October 24, 2008

[Welcome] 3 New Entries: မဂ္ဂဇင်းတွေရှာမယ်

မဂ္ဂဇင်းတွေရှာမယ်




များပြားလှတဲ့ မဂ္ဂဇင်းတွေ ကြားထဲမှာ ကိုယ်လိုချင်တဲ့ မဂ္ဂဇင်းတစ်စောင် ရှာဖွေဖတ်ရတာ မလွယ်ကူတဲ့အလုပ် တစ်ခုပါပဲ။ ဒီအခက်အခဲကို Magazineboy.com က အကူအညီ ကောင်းကောင်းပေးနိုင်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ မဂ္ဂဇင်းအစောင်ပေါင်း ၂၀၀၀ ကျော်တို့ရဲ့ စာရင်းကို အမျိုးအစားအလိုက် ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ် တွေနဲ့ စနစ်တကျ ပြုစုပေးထားပါတယ်။ ဝက်ဘ်ဆိုက်ကို ၀င်ရောက်နိုင်ဖို့ ဒါမှမဟုတ် အသင်းဝင်ဖို့ လင့်ခ်တွေ ပေးထားတာကို လေ့လာနိုင်ပါတယ်။


ကျေနပ်ပါတယ်

ကျေနပ်ပါတယ်


တိကျပြတ်သားတဲ့ အဖြေတစ်ခုအတွက် နောင်တဆိုတာ မရချင်တော့ပါဘူး။ သူလေးရဲ့ ခွင့်မလွတ်နိုင်လောက်တဲ့ အပြစ်တွေအတွက် ပေးဆပ်တယ်လို့ပဲ မှတ်ယူပါတယ်။ နောက်ထပ် အဆက်အသွယ် မလုပ်ဖို့ ကျေးဇူးတင်ခံ ပြောလာတဲ့စကား အတွက် ရင်နင့်စွာနဲ့ပဲ ကျေနပ်လိုက်ပါတယ်။ ကိုယ့်ရဲ့ အတွန့်တက်မှုအတွက်နဲ့ သူလေးကို ဆက်ပြီး နာကျင်စေလိုတဲ့ ဆန္ဒအလျဉ်း မရှိတော့ပါဘူး။ ဖြစ်သမျှ ရင်စည်းခံဖို့ ပြင်ဆင်ပြီးသားမို့ ကျေနပ်ပါတယ်လို့ပဲ ပြောပါရစေ။

ချစ်သူတိုင်း ကိုယ့်ချစ်သူဆီကနေ သန့်စင်တဲ့အချစ်၊ ဖြူစင်တဲ့အချစ်၊ အေးမြတဲ့အချစ်၊ စစ်မှန်တဲ့အချစ်ကို ပဲ လိုလားကြတာ သဘာဝပါ။ တောင့်တကြမှာ အမှန်တရားပါ။ ကိုယ်ကသာ ရှုပ်ဗွေချင် ရှုပ်ဗွေလီနေမယ်၊ ကိုယ့်ချစ်သူကိုကျတော့ သန့်ရှင်းစင်ကြယ် နေတာကိုပဲဖြစ်စေချင်တဲ့ လောကကြီးမှာ ကျွန်တော်လဲ အစတေးခံလိုက်ရပါတယ်။ ဒါပေမယ့် ဆုတောင်းလိုက်ပါတယ်။ သူလေးရဲ့ဘဝ ထာဝရလှပလို့ သန့်ရှင်းစင်ကြယ် နိုင်ပါစေလို့ရယ်ပါ။

မျှော်လင့်စရာ မရှိတော့တဲ့ အပြစ်သား တစ်ယောက်အဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ခနဲ့သဲ့သဲ့ စကားလုံးတွေကိုလည်း နဝင်ချိုအောင် နားထောင်နေရပါတယ်။ ရွှဲ့စောင်းစောင်း အပြောအဆို တွေကိုလည်း တေးသွားတစ်ပုဒ်လို ခံယူနေရပါတယ်။ ပြစ်တင်ပုတ်ခတ်တဲ့ ကြိမ်းမောင်းမှုတွေကိုလည်း တုံ့ပြန်မှုကင်းစွာနဲ့ နာယူနေရပါတယ်။ လေးတွဲ့တဲ့ မျက်ရည်စတွေ၊ ဒယိမ်းဒယိုင် အပြုံးတွေနဲ့ ချိုမြတဲ့ ရှက်ရွံ့နာကျင်မှုတွေ ကြားကနေ မင်းနှလုံးသားရဲ့ ပျော့ပျောင်းမှုကို ရှာဖွေနေဆဲပဲဆိုတာ ဝန်ခံပါတယ်။ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အတွေးရိပ်အောက်မှာ မင်းနာမည်ကို တရမ်းရော်ရော် ခေါ်နေမယ်ဆိုတာ သိစေချင်ပါတယ် .. .. ။


ကွန်ပျူတာအသုံးအနှုန်း၊ အခေါ်အဝေါ်များ



ကွန်ယက်စာမျက်နှာ တွေကို Access လုပ်ရာမှာ တွေ့ရှိတတ်တဲ့ Error Message တွေရဲ့ အဓိပ္ပာယ် အတိအကျကို မသိဘူးဖြစ်နေမယ် ဆိုရင်၊ အသုံး အနှုန်းတွေ၊ အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတာ ရှိမယ်ဆိုရင် Webopedia.com က သူရဲ့ Quick Reference Section မှာ Message တွေ့ရဲ့ အဓိပ္ပာယ် အသေးစိတ်ကို ရှင်းပြ ပေးထားပါတယ်။ Domain Extension တစ်ခုဟာ ဘယ်နိုင်ငံ ပိုင်ဆိုင်တယ်၊ TCP port နံပါတ်တွေရဲ့ လုပ်ဆောင်ပုံ တွေက ဘာကိုဆိုလိုသလဲ ဆိုတာတွေကို လေ့လာနိုင်ပါတယ်။ ဒါ့တွေမက ဝက်ဘ်ဆိုက်ရဲ့ General Search Engine ကိုသုံးပြီး ကွန်ပျူတာ အသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်တွေကို ရှာဖွေလေ့လာနိုင်တဲ့ အကြောင်း မျှဝေပေးလိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.