Monday, October 6, 2008

[:: My Little World ::] 1 New Entry: ကွဲသွားတဲ့မှန်

ကွဲသွားတဲ့မှန်

ကွဲသွားတဲ့ မှန်တစ်ချပ်ကို မူလအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး....


မှန်တစ်ချပ် ကွဲသွားခဲ့တယ်..
အစိတ်စိတ်အမွှာမွှာကွဲကျေသွားခဲ့တာပါ..
သူ့ ကြောင့် ဘယ်သူ့ ကိုမှ မထိခိုက်စေခဲ့ဘူး..
အစိတ်စိတ်အမွှာမွှာ.. ကွဲနေတဲ့ ဒီမှန်ကို ဆက်ပြီး အသုံးပြုဖို့ ဆိုတာ..
မဖြစ်သင့်ဘူး.... မဖြစ်နိုင်ဘူး.....

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် စိတ်ထိခိုက် မနေပါနဲ့ ...
ပြူတင်းပေါက်တစ်ခုရဲ့ လိုအပ်ချက်ဟာ မှန်တစ်ချပ်သာ ဖြစ်ခဲ့တာပါ..
ကွဲသွားတဲ့ ဒီမှန်ရဲ့ နေရာမှာ....
အစားထိုးဖို့  တခြားမှန်တွေ အဆင်သင့်ရှိနေမှာပါ..
ကွာလတီအမျိုးမျိုး.. အရောင်အမျိုးမျိုးနဲ့ ...
အဖြူရောင်ယူမလား.. အညိုရောင်ယူမလား....
သင်လောကကြီးကို ဘယ်လိုမြင်ချင်ပါသလဲ...
အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့ မှန်တစ်ချပ်ကို..
စိတ်တိုင်းကျ .. အမြန်ဆုံး..
ရွေးချယ်လိုက်ပါ...

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် .....
စိတ်ထိခိုက် မနေပါနဲ့ ... စိတ်ထိခိုက်မနေပါနဲ့ ..
စိတ်ထိခိုက်မနေပါနဲ့ ..

မြ

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မာ့ခ်၏ ကိုယ်ပိုင် အတ္တများ] 2 New Entries: Programmer Mind

Programmer Mind

ပရိုဂရမ်ရေးတတ်တဲ့သူတွေဟာ အခြေအနေရရင် ပြန်ပြန်ရေးဖြစ်နေတယ်။
ဘာလို့လဲတော့ မသိဘူး။ သိပ်မစဉ်းစားဖြစ်အောင် လုပ်နေတယ်။
အချိန်တွေတော့ နဲနဲပိုထွက်လာတယ်လို့ ထင်ရတာပဲ။ စက်လဲတော်တော်ပေါ့သွားတယ်။
တခြား လုပ်သင့်တာလေးတွေ လုပ်ရဦးမယ်။

ပျင်းရိခြင်း

ပျင်းရိခြင်းကို အနိုင်တိုက်နိုင်မယ့် အရာ မတွေ့သေးဘူး။

You received this email because you are subscribed to the real_time feed for http://soemin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sawlinux] 1 New Entry: ထိုင်းရွာ မယ်ပလောခီးကို ဒီကေဘီအေ၀င်တိုက်၊ မယ်ပလောခီးသူကြီးအိမ်ကိုလက်နက်ကြီးများဖြင့်ပစ်

ထိုင်းရွာ မယ်ပလောခီးကို ဒီကေဘီအေ၀င်တိုက်၊ မယ်ပလောခီးသူကြီးအိမ်ကိုလက်နက်ကြီးများဖြင့်ပစ်

06 October 2008

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) တပ်ရင်း (၉၀၇) နှင့် (၉၀၆) မှ ဗိုလ်ဒီးကီနှင့် ဗိုလ်ဘာလ နာ ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၄၀) ခန့်သည် ပြီးခဲ့သည့် သောကြာနေ့ ညနေ (၅) နာရီအချိန်ခန့်က ထိုင်းဘက်ခြမ်းရှိ မယ်ပလောခီးရွာသို့ ၀င်ရောက်ကာ အကြမ်းဖက် လုယက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် မယ်ပလောခီးကျေးရွာအပါအ၀င် နယ်စပ်မျဉ်းတလျှောက်တွင် ဒေသအခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာကွပ်ကဲရေးတပ်မှ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ချထားလိုက်သည်။

သောကြာနေ့က ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) ၏ ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက "အဲ့ဒီနေ့ညနေ (၅) နာရီမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရွာထဲဝင်လာတယ်။ ရွာသားတဦး ပိုင်တဲ့ကားကိုလာယူပြီး အဲ့ဒီအိမ်မှာတည်းနေတဲ့ ပြောင်းခင်းလုပ်သားတယောက်ကို လည်း ပစ်သတ်သွားတယ်။ ထိုင်းကျေးရွာသူကြီးကို ဖမ်းဖို့လုပ်တော့ သူကြီးက ထွက်ပြေးသွားတယ်။ သူကြီးအိမ်ကို M(79) နဲ့ နှစ်ချက်ပစ်ပြီး ဈေးဆိုင်ဖွင့်ထားတဲ့ သူကြီးအိမ်က ပစ္စည်းတွေကို ယူသွားတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

"အဓိကကတော့ ဒီကေဘီအေ နယ်ကလူတွေဟာ သူတို့လက်အောက်မှာ လုပ်ကိုင်စားသောက်ရတာ အခွန်အကောက် များတော့ ထိုင်းဘက်ခြမ်းမှာပဲ လာရောက်ရှာဖွေလုပ်စားကြတယ်။ အဲ့ဒါကို ဒီကေဘီအေက ရွာသားတွေကို ပြန်ခိုင်း တယ်။ သူတို့ဆီမှာ အလုပ် လုပ်မယ့်လူ မရှိဘူး။ ရွာသားတွေ ပြန်လာဖို့အတွက် သူတို့အကြမ်းဖက်တဲ့နည်းကို သုံးပြီး ပြန်ခေါ်တာ ဖြစ်တယ်။ အခုလက်ရှိ အခြေအနေအရ မြန်မာဘက်ခြမ်းမှာ ဒီကေဘီအေ တပ်ရင်း (၉၀၇)၊ (၉၀၆)နဲ့ မြန်မာစစ်တပ် ခမရ (၄၁၀)၊ (၄၀၇) တို့ ဒေသတွင်းရွာတွေဖြစ်တဲ့၊ ဘာလတို၊ ကော်စော့၊ ကလဝေါ်၊ ဘီလားလေ့၊ တာဒိုကီမှာ ပူးတွဲပြီး တပ်စွဲ ထားတယ်။ ဒီကေဘီအေက ဘီလားလေ့ ရွာရဲ့ကျောက်တောင်မှာ စေတီတည်ဖို့ လုပ်နေ ကြတယ်။ ဒီလ တရက်၊ နှစ်ရက်၊ သုံးရက်တွေမှာ သူတို့နဲ့ကျနော်တို့ ကြိုကြား ပစ်ခတ်မှုတွေတော့ရှိတယ်။ တိုက်ပွဲကြီး တွေတော့ တခါမှမဖြစ်သေးဘူး။ ကျတော်တို့ နယ်မြေကို သူတို့က နယ်မြေစိုးမိုးရေးလုပ်ဖို့ ကြိုးစားနေတယ်။ ကျနော် တို့ဒေသမှာ ကာလဝေါ်မိုင်းရှိတယ်။ အဲ့ဒီမိုင်းနဲ့ အခြားလုပ်ငန်းတွေကနေ အခွန်အကောက်တွေ ရဖို့အတွက် သူတို့ ကြိုးစားနေတာ ဖြစ်တယ်" ဟု ပြောသည်။

ခေတ်ပြိုင်က စုံစမ်းချက်အရ ဒီကေဘီအေက အဆိုပါ လမ်းကြောင်းကို အသုံးပြုပြီး ဘန်ကောက်တွင် အလုပ်သွား လုပ်မည့် သူများကို ခိုးပို့ရန် စီစဉ်နေသည်ဟု သိရသည်။ ကေအန်ယူနယ်ကနေ တောလမ်းဖြတ်ပြီး ခြေလျင်သွား မည်ဆိုလျှင် ကန်ဖဲ ခရိုင်ကို နှစ်ရက်ဖြင့် ခရီးပေါက်သည်။ လူမှောင်ခို ပို့သည့်အလုပ်ကို လက်ရှိမှာလည်း အဆိုပါ လမ်းကြောသုံးပြီး ဒီကေဘီ အေက လုပ်ကိုင်နေသည်ဟု ဗိုလ်ကြီးဘူးဖောက ပြောသည်။

၎င်းက "နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး စစ်ဆင်လာရင်တော့ ကျနော်တို့ဘက်က ပြန်ပြီးတော့ ခုခံစစ်ဆင်နွှဲဖို့ အရန် သင့်ပဲ။ အဓိကကတော့ ခံစစ်ရှင် ပြောက်ကျားနည်းနဲ့ တိုက်ထုတ်သွားမှာဖြစ်တယ်" ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ဒီကေဘီအေ တပ်ဖွဲ့ ၀င်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ အုန်းဖန်နှင့် မဲဆောက် ကားလိုင်းပြေးဆွဲနေ သည့် ယဉ်မောင်းတဦးဖြစ်သူ နိုင်နိယုံးက "ဒီကေဘီအေတွေ ရွာထဲဝင်တဲ့နေ့က ကျနော် အဲ့ဒီရွာအနားက ကားလမ်းဘေး မှာရှိတယ်။ သူကြီးအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ပစ္စည်းတွေ ယူသွားတယ်လို့ ပြောတယ်။ ဒီရွာသားတွေက အရင် ကတည်းကနေ ဒီကေဘီအေနဲ့ တွဲပြီး အရောင်းအ၀ယ်တွေ လုပ်နေကြတယ်။ ငွေကြေးအရှုပ်အရှင်းကိစ္စတွေလည်း အများကြီး ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ဒီကေဘီအေက အခုလို ပြဿနာလာရှာတာဖြစ်တယ်။ ဒီနေ့တော့ မယ်ပလောခီးရွာမှာ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ရွာထဲမှာ ထိုင်းစစ်တပ်တွေလည်း အများကြီးချထားတယ်" ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ၀င်ရောက်စီးနင်းသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အခြေအနေအမှန်ကို သိရှိရန် ဒီကေဘီအေ (၉၀၇) မှ ဗိုလ်ဘာလနာကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသည်။ ဒီကေဘီအေ တပ်ရင်းများ၏ ဗျူဟာမှူးဖြစ်သော ဗိုလ်မှူးကြီး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး၏ ရုံးသို့ ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ လူကြီးတယောက်မှ မရှိဘူးဟု ဆိုကာ ဖုန်းချသွားသည်။

အဆိုပါ ဒီကေဘီအေ အဖွဲ့သည် ယခုလ (၁) ရက်နေ့က မြန်မာဘက်ခြမ်းရှိ ဘာလာတိုရွာတွင် အိမ် (၄) လုံးနှင့် ပြောင်းခင်း တဲ (၂) လုံးကို မီးရှို့သွားပြီး၊ (၂) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင်လည်း မြန်မာဘက်ခြမ်းရှိ အိမ် (၄) လုံးနှင့် ပြောင်းခင်း အချို့ကို မီးရှို့ဖျက်ဆီးသွားသည်။

အခင်းဖြစ်ပွားခဲ့သည့် မယ်ပလောခီးရွာသည် မဲဆောက်မြို့မှ ကီလိုမီတာ (၁၄၀) အကွာအဝေးအနီးတွင် တည်ရှိပြီး ရွာ အတွင်းဝင်ရောက်ရန် မဲဆောက်-အုန်းဖန် ကားလမ်းဘေး မှ (၃) ကီလိုအကွာအဝေးသို့ ၀င်ရောက်ရပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီး တည်ရှိသည့် ရွာဖြစ်သည်။ ထိုင်းဘက်ခြမ်းတွင် တာခ့်ခရိုင် အုန်းဖန်မြို့နယ် တည်ရှိပြီး မြန်မာ ဘက်ခြမ်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တည်ရှိပြီး ဒီကေဘီအေ တပ်ရင်း (၉၀၁) တပ်ရင်းမှူး စောဘလူး၊ တပ်ရင်း (၉၀၇) တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ တပ်ရင်း (၉၀၆) တပ်ရင်းမှူး ဗိုလ်မောသို တို့၏ တပ်ရင်းများ အခြေစိုက်ပြီး ၎င်းတပ်ရင်း (၃) ရင်းကို (၁) ဗျူဟာဖွဲ့ထားပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးစောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်း မွေးဖြစ်သည်။

By NEJ

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 3 New Entries: နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင်

နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင်

မဇ္ဈိမ-နန်းဒေဝီ၊ အောက်တိုဘာလ ၀၄ ရက် ၂၀၀၈

နယူးဒေလီ။ ။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့်နှင့် ထောင်တွင်း တရားရုံးများတွင် တက်ရောက်နားထောင်ခွင့်များကို ယမန်နေ့က စတင်ကာ ကန့်သတ်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ယခင်က ထောင်ဝင်စာကို တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ စနေနှင့် တနင်္ဂနွေသို့ ပြောင်းလဲလိုက်သလို၊ ထောင်တရားရုံးများတွင် အမှုစစ်ဆေးရာတွင်လည်း နားထောင်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေများက ပြောဆိုကြခြင်း ဖြစ်သည်။အင်းစိန်ထောင် အမှုစစ်ဆေးပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထွက်လာတော့ ထောင် အဝင်၊ အထွက် စစ်ဆေးတဲ့ ဂိတ်က တာဝန်ကျ အရာရှိ တယောက်က မိသားစုဝင်တွေကို ပြောလိုက်တာ။ အထက်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ အကျဉ်းဦးစီးပဲ ရှိတယ်" ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းကလည်း "တခြားအကျဉ်းသားတွေ ပါမပါတော့ မသိဘူး။ အင်းစိန်ထောင် အထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုသည်တွေရဲ့ မိသားစုဝင်တွေ ပေးနားမထောင်တော့ဘူးလို့ ပြောသံကြားတယ်။ အများသဖြင့်တော့ အဲဒီမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ စစ်ဆေးလေ့ရှိတယ်လေ" ဟု ပြောသည်။

ယခုလို ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ အာဏာပိုင်များထံ ယခင် ရပိုင်ခွင့်များအတိုင်း ပြန်လည်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက ယခုလို ပြောသည်။

"မိသားစုဝင် အားလုံးက မကျေနပ်ကြဘူးခင်ဗျ။ လက်ခံစရာလည်း မရှိဘူး၊ ဒီလိုလုပ်တာကတော့။ ဘယ်သူပိတ်တာလဲဆိုတာ မသိရသေးတဲ့အတွက် တနင်္လာနေ့မှာ ထောင်ရှေ့မှာ ကျနော်တို့ မိသားစုဝင်တွေ သွားအရေးဆိုမယ်" ဟု သူက ပြောသည်။

ရှေ့နေ ဦးခင်မောင်ရှိန်က ဥပဒေအရ အများပြည်သူရှေ့ ပွင့်လင်းမြင်သာသည့် ရုံးတင်စစ်ဆေးမှုများ ရရှိရန် တောင်းဆိုခဲ့သည့်အတိုင်း အာဏာပိုင်များမှ တစိတ်တပိုင်း ခွင့်ပြုခဲ့သော်လည်း ယခုလို ပြန်လည် ရုပ်သိမ်းလိုက်သည့်အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအတွက် နောင်တွင် အမှုတွဲ အခြေအနေ အသေးစိတ် သိရှိရန် အခက်အခဲများ တွေ့လာနိုင်ကြောင်း ယခုလို ပြောဆိုသည်။

"မိသားစုတွေက အမှုကိစ္စတွေ နားထောင်ခွင့်ရတော့ အမှုတွဲအခြေအနေတွေ၊ အစွပ်စွဲခံရသူတွေရဲ့ တရားသူကြီးတွေက ချေပချက်တွေ အသေးစိတ် သိနေမယ်။ ပိတ်လိုက်တော့ နောက်ထပ် အမှုတွဲ တိုးတက်မှုတွေ မျက်ခြေပြတ်သွားမယ်၊ မိသားစုတွေက ဘယ်သိနိုင်တော့မလဲ" ဟု သူက ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP ၏ ထုတ်ပြန်ချက်တရပ်က ဆိုသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် မြန်မာအာဏာပိုင်များက နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ အကျဉ်းသား ၉ဝဝ၂ ဦး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၉ ဦးခန့်သာ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ကြာသပဒေးနေ့က ကမ္ဘာတဝှမ်းရှိ ထိန်းသိမ်းခံနေရသူများအတွက် ရည်ရွယ်ကျင်းပသည့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာနေ့တွင် မကြာသေးခင်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီး၏ ကျန်းမာရေး ဆိုးဝါးကြောင်း သတင်းများ ထွက်ပေါ်

ဧရာဝတီ | အောက်တိုဘာ ၃၊ ၂၀၀၈

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် (၇၅) နှစ်သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးသည့် အတွက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော်မြတ် စေတီအနီးရှိ ၎င်း၏ နေအိမ်တွင် ဆေးကုသမှု ခံယူနေ ရကြောင်း မိသားစု နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

"ဗိုလ်ချုပ်မှူးကြီးက စက်တင်ဘာလ နောက်ဆုံးအပတ် ကတည်းက ရန်ကုန်အိမ်မှာ ဆေးကုနေတာ"ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

အသေးစိတ် အချက်အလက်ကိုမူ ၎င်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ရှိကျန်းမာရေး အခြေအနေဆိုးဝါးနေမှုကြောင့် မိသားစု ဆရာဝန် အဖွဲ့နှင့် အတူ စင်္ကာပူ နိုင်ငံသို့ ဆေးဝါးကုသမှု ခံယူရန် သွားရောက်ဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း ပြည်တွင်း ပြည်ပ ရှိ နီးစပ်သူများ၏ ပြောဆို ချက်များအရ သိရသည်။ သို့သော် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

ရန်ကုန်မြို့မှ လာသောသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရားဝင်ဖော်ပြထားသည့် အသက်မှာ ၇၅ နှစ် ဖြစ်သော် လည်း အသက်အမှန်မှာ ၇၈ နှစ် နှင့် ၇၉ နှစ် ဖြစ်နိုင်ကြောင်း၊ ၎င်းသည် ပုံမှန်ကျန်းမာရေး စစ်ဆေးမှု များ ရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ မိသားစုဆရာဝန် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့် အပါအ၀င် မိသားစုနှင့် အတူ စင်္ကာပူ နိုင်ငံသို့ ၎င်း၏ အူလမ်းကြောင်း ကင်ဆာ ကုသရန် အတွက် ရက်သတ္တ ၂ ပတ်ကြာ သွားရောက်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက်အန္တရာယ် ကျရောက်နိုင်သော ခွဲစိပ်ကုသမှု ခံယူရမည့် ကျန်းမာရေး လက္ခဏာတွေ့ရှိ ရသည့် အတွက် ဆေးရုံတွင် တပတ်ခန့် နေရန် ၎င်း၏ အကြံပေး ဗေဒင်ဆရာက ဟောကြား ခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြသော သံဃာများ ကို အကြမ်းဖက်ဖြိုခွဲသည့် လုပ်ရပ်အတွက် ၎င်းကို ၀တ်ကြမ္မာပြန်လည်မည်ဖြစ်ကြောင်း မြန်မာပြည်သူ များကြားတွင် ကောလာဟလ ပြောဆိုမှုများလည်း ပျံ့နှံ့နေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း ပြီးခဲ့သည့် မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲထည့်သည့် ဓာတ်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဆက်လက် ဖော်ပြသည်ကို မတွေ့ရှိ ရသောကြောင့် ကျန်းမာရေး ဆိုးဝါးနေကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိအထူးကုဆရာဝန် ၀င်ရောက်ကြည့်ရှူ

ဧရာဝတီ-ကိုသက် | အောက်တိုဘာ ၃၊ ၂၀၀၈

ယမန်နေ့ညနေပိုင်းက မျက်စိအထူးကု ဒေါက်တာကံညွန့်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
"မနေ့ညနေပိုင်းက … မျက်စိဆရာဝန်က တနာရီလောက်ကြည့်ခွင့်ရတယ်လို့ ကြားတယ်။ ဆရာတင်မျိုးဝင်း ကတော့ အဲဒီထက် ပိုကြာတယ်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိနှင့် တခြားကျန်းမာရေးအခြေအနေများကို မသိရ သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လလယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ပါတီဝင်များ ပြင်ပမှပေးပို့သော အစားအစာကို တလခန့်ငြင်းပယ်ခဲ့ပြီးနောက် အာဟာရချို့တဲ့ သည့်ဒဏ်ကို ခံစားခဲ့ရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို ဒေါက်တာတင်မျိုးဝင်း ၀င်ရောက်စစ်ဆေးခွင့် ရခဲ့သည်။

စစ်အစိုးရက ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးစစ်ဆေးရန် တလလျှင် ၂ ကြိမ် ခွင့်ပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: အမျိုးသားမှတ်ပုံတင်

အမျိုးသားမှတ်ပုံတင်

တစ်ခါတုန်းက အလုပ်သမား လျောက်လွှာ မှတ်ပုံတင်တဲ့ ဋ္ဌာနတစ်ခုမှာ မထွေးဆိုတဲ့ အမျိုးသမီးတစ်ယောက် သုံးနှစ်အရွယ် သမီးနှင့်အတူ အလုပ်လုပ်ရန် မှတ်ပုံတင်ဖို့ ရုံးကို ရောက်လာခဲ့တယ်၊ မှတ်ပုံတင်လက်ခံတဲ့ စာရေးလေးက စားပွဲမှာ လူများနေတော့ မထွေးက မလှမ်းမကမ်းမှာရှိတဲ့ ထိုင်ခုံမှာ သမီးနှင့်အတူ ထိုင်စောင့်နေတယ်၊ စာရေးလေးက စားပွဲမှာ လူရှင်းတော့ မထွေးက စာရေးလေးစားပွဲထံ ထလာခဲ့တယ်၊ စာရေးလေးက နာမည်ပြောလို့ မေးတော့ မထွေးက မထွေးပါလို့ ဖြေလိုက်တယ်၊ ပြီးတော့ စာရေးလေးက အမျိုးသားမှတ်ပုံတင် ပါလားလို့ မေးတော့ မထွေးက ဟော့တော့ သူက မနေ့တုန်းကမှ ခရီးထွက်သွားတော့ ယူမထားလိုက်ရဘူးလို့ ဖြေပါတယ်။ ဒါနဲ့ စာရေးလေးက ထပ်မေးတယ်၊ မထွေးရဲ့ အမျိုးသားမှတ်ပုံတင်ကို ပေးပါလို့ ပြောတယ်၊ မထွေးကလည်း ဘာပြန်ပြောလဲဆိုတော့ စောစောက ပြောတဲ့ သူဆိုတာ ကျွန်မယောက်ျားပါ၊ တကယ်ခရီးထွက်သွားလို့ အိမ်စောင့်မရှိလို့ တောင်မှ သူနဲ့ရတဲ့ သမီးလေးကို ခေါ်လာခဲ့ရတယ်၊ ဟိုခုံမှာထိုင်နေတဲ့ကလေးမလေးပဲ၊ ဒီအချိန်မှာ စာရေးလေးက စိတ်ပျက်သော အမူအယာဖြင့် ကုလားထိုင် နောက်မှီကို မှီပြီး ခေါင်းကုတ်နေမိတယ်၊ ခဏနေတော့ ကုလားထိုင် နောက်မှီမှ ခွာပြီး ခါးကို ရှေ့စားပွဲသို့ ကုန်းခါ မထွေးကို ပြောလိုက်ပုံက "ဒီမှာ မထွေး ကျွန်တော် တောင်းနေတာက မထွေးနာမည်ပါတဲ့ မှတ်ပုံတင်ကိုပြောတာ" ဒီတော့မှ မထွေးဖြေလိုက်ပုံက "အော်ဒါလား"ဆိုပြီး သူမ၏ပိုက်ဆံအိတ်ထဲမှ သူမ ၏မှတ်ပုံတင်ကို ထုတ်ပေး လိုက်သတဲ့။ မြန်မာစကားများသေချာနားထောင်မှာနော်မဟုတ်ရင်နားကြားလွဲတတ်တယ်။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: ပဲပြုတ်နဲ့နံပြား (သို့ ...... ) ဗိုလ်ချုပ်သို့ တောင်းပန်စာ

ပဲပြုတ်နဲ့နံပြား (သို့ ...... ) ဗိုလ်ချုပ်သို့ တောင်းပန်စာ

ပဲပြုတ်နဲ့ နံပြား
စားချင်လိုက်တာ။

"ကြည် ... ရေ"လို့ အစချီတဲ့
ဗိုလ်ချုပ်ရဲ့စာ။

နုငယ်စဉ်အခါ
ပြုံးမဲ့ကာ လှောင်စား။

ခုများလေ တောရိပ်ကြားက
တော်လှန်သား စားမြိန်ထုပ်ကို
ဗိုလ်ချုပ်လိုတောင့်တစွဲတယ်
ပဲပြုတ်နံပြား။

ရဲထိန်
(ဗိုလ်ချုပ်အား အဖြစ်ဆိုခဲ့မိခြင်းကို ဤကဗျာနှင့် ကန်တော့၏)

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခင်မင်းဇော်] 1 New Entry: ဘ၀ဒိုင်ယာရီအမှတ် နှစ်၊ အခန်း(၆)

ဘ၀ဒိုင်ယာရီအမှတ် နှစ်၊ အခန်း(၆)

အခန်း(၆)
ကျမနေခဲ့ရတဲ့ ထောင်အခင်းအကျင်းကိုလည်း မျက်စိထဲမြင်အောင် ပြောပြချင်သေးတယ်။ မိန်းမထောင်ကျဆောင်မှာ အခန်း ၁ ၊ ၂၊ ၃ ဆိုပြီး သုံးခန်းရှိတယ်။ ၁ ခန်းမှာ က လူ ၁၀ ယောက်ကျော်ပဲ ထားတယ်။ တကယ့်ကို ပိုက်ဆံပေးနေနိုင်တဲ့ (စီးပွားရေးသမားတွေ အဲဒီအချိန်က ဆန်ကုန်သည်တွေများပါတယ်) လူတွေသာ နေရတယ်။ သူ့မှာ ပျဉ်ပြားတွေကို ကုတင်အကြီးကြီးလို စီရိုက်တားတဲ့ အိပ်စရာနေရာက တခန်းလုံးအပြည့် ရှိနေတယ်။ တခါတလေ အခန်းမှာ လူ ၁၃ ယောက်လောက်ရှိနေရင် တယောက်ကို ပျဉ်ပြား ၂ ပြားခွဲပဲ အိပ်ဖို့ ခွဲတမ်းရလောက်အောင် ကျဉ်းတယ်။

အခန်း၂ က တကယ် ကုတင်ရှိတာကတော့ ၁၂ လုံးလောက်ပဲ ရှိတာပါ။ ကုတင်တွေက ၈ လက်မ အကျယ်လောက် ပျဉ်ပြား ၂ ချပ်ကို အုတ်ခုံနဲ့ တင်ရိုက်ထားတယ်။ ခေါင်းအုံးဖို့ကလည်း အဲဒီ ပျဉ်းပြားပေါ်မှာ ပျဉ်ပြားတုန်းတခုကို အလယ်ချိုင့်ထားတာ ရိုက်ထည့်တာတာပဲဖြစ်တယ်။ ကုတင်တခုနဲ့တခုကြားမှာ ၂ ပေလောက်အကျယ် ရှိတယ်။ အလယ်မင်းလမ်းမကလည်း ၄ ပေလောက်ရှိမယ်။ အဲဒီအောက်မှာပဲ တခြားလူတွေက အိပ်ရတယ်။ အခန်း ၂ မှာကတော့ အယောက်၃၀ ၀န်းကျင် အမြဲရှိတယ်။


ထောင်အခင်းအကျဉ်းကို မြင်သာအောင် ပုံဆွဲပြတာပါ။ အတိအကျတော့ မြေပုံလို မဆွဲတတ်ဘူး။

အဲဒီလို တိုင်တွေနဲ့ပဲ ဆောက်ထားတာ ဖြစ်တယ်။
အခန်း ၁ ကတော့ အကျယ်ကြီးပဲ၊ ခုနလို အုတ်ခုံတွေပေါ်မှာ နှစ်ကြီးကျတဲ့လူတွေကို ပေးထားပြီး ရက်ပိုင်း လပိုင်းကျသူတွေကိုတော့ အောက်ခင်းမှာပဲ အိပ်ရတယ် အဲဒီအခန်းမှာ အနည်းဆုံးအချိန်တောင်မှ လူ ၇၀ ရှိတယ်။ နောက်ပတ်လည် ဆိုတဲ့ နေရာရှိသေးတယ်။ သူတို့ကျတော့ နှစ်နည်းနည်းကျပြီး ပိုက်ဆံနည်းနည်းပေးနိုင်တဲ့လူတွေ နေရတယ်။ သူတို့က ညဖက်ဆို ၁ ခန်း ၂ ခန်း ၃ ခန်းကို အပြင်ကနေ ပတ်ပြီးစကားပြောနေလို့ရတယ်။ အခန်းထဲမှာ နေရသူတွေထက် နည်းနည်းပိုလွတ်လပ်တယ်။ ညဖက် တခန်းနဲ့တခန်း ပေးစရာရှိတာ ဘာညာဆို သူတို့တွေကတဆင့်လုပ်ပေးရတယ်။ အဆောင်ကို ပတ်ထားတဲ့ စင်္ကြန်ပေါ့။ ညလှည့်ကျတဲ့ ထောင်ဝါဒါတွေကတော့ ၁ခန်းရှေ့ဖက် ၁၅ ပေပတ်လည်နေရာမှာ အဆောင်ရဲ့ တခါးမကြီးရှိတဲ့ အခန်းလိုနေရာမှာနေတယ် ။ အခန်းဆိုတာ တခန်းနဲ့တခန်းကိုတော့ ပျဉ်ပြားအပြည့်ကာထားပေမယ့် စင်္ကြန် ပတ်လည် တခုလုံးက သစ်သားတိုင်တွေကို ခပ်ကျဲကျဲ ကာထားတာပဲ။ ဒါမှ အထဲကို လှမ်းကြည့်လိုက်ရင် ဘယ်သူဘာလုပ်နေလဲ အကုန်မြင်နေရမှာလေ။ မီးချောင်းတွေ ပိတ်ခွင့်မရှိဘူး။ ထောင်ကို ညဖက်တွေမှာ မှောင်မနေစေရဘူး။

ထောင်ထဲမှာ အိပ်တဲ့အခါ ခေါင်းအုံးမယူရတော့ ကိုယ့်အ၀တ်အစားလေးတွေကို ကျွတ်ကျွတ်အိတ် ကလေးတွေထဲ ထည့်ပြီး ခေါင်းအုံးတယ်။ တယောက်ကို အ၀တ်အစားအပို ၂ စုံလောက်ပဲ ယူထားခွင့်ပေးတော့ ခပ်ပါးပါး ပဲပေါ့။ စောင်လဲ တယောက်တထည် ယူခွင့်ပေးတယ်။ နယ်ထောင်ဆိုတော့ ထောင်ဝင်စာထွက်ချိန်ပဲ ထောင်ပုံစံဝတ်ရတယ်။ အင်းစိန်ထောင်လိုမျိုးမှာကျတော့ ထောင်ကျဝတ်စုံပဲ နေ့တိုင်းဝတ်ရတယ်။ အပြင်အ၀တ် ၀တ်ခွင့်မရှိဘူး။ ကျမတို့ထောင်ဝင်စာ ၂ ပတ် ၁ ကြိမ်တွေ့ခွင့်ပေးတဲ့ ရက်မှာ ထောင်ကျဝတ်စုံ အဖြူကို ၀တ်ရတယ်။ ထောင်ပိုင်လှည့်တဲ့ တနင်္လာနေ့ မနက်ပိုင်း တန်းစီချိန်ကို ထောင်ဝတ်စုံ ၀တ်ပြီး တန်းစီရတယ်။ ဒီလောက်ပဲ ဆိုတော့ ထောင်ကျဝတ်စုံအဖြူတွေက ဖြူဖြူစင်စင် ရှိပါတယ်။ ခုနောက်ပိုင်းတော့ ထောင်ကျဝတ်စုံက အပြာတွေဖြစ်သွားတယ် ပြောတယ်။ ကျမလဲ သေချာတော့ မသိသေးဘူး။ ဆရာ ဦးဝင်းတင် ထွက်လာတော့ ၀တ်လာတဲ့ ၀တ်စုံအရောင်ဖြစ်မယ်။

အခင်းအဖြစ်ကတော့ မိုးကာသားတွေ ခင်းတာများတယ်။ ကြမ်းပိုးတွေ တက်လာရင် အလွယ်တကူမြင်သာအောင် အရောင်ဖျော့ဖျော့တွေခင်းပြီး တချို့ညတွေမှာ ကြမ်းပိုးစောင့်ဖမ်းကြတယ်။ တခါတလေ ပိုလိုကြမ်းပိုးသတ်ဆေးတွေကို ခိုးသွင်းပြီး ကုတင်ကို ဖျန်းကြတယ်။ အနံ့ထွက်လာတော့ စကားတွေ များကြပေါ့။ နေတာကြာလာတော့လဲ ကြမ်းပိုးကိုက်တာတောင် မသိတော့ဘူး။ အိပ်ပျော်ကြတာပါပဲ။ အများစုက ထောင်ထဲမှာ ၀ဲပေါက်ကြတယ်။ ယားနာတွေ က ယောင်ကိုင်းနေတာပဲ။ ကျမက ကံကောင်းတယ် ပြောရမယ်။ ယားနာလုံးဝမပေါက်ခဲ့ဘူး။ ကျမတို့ထဲက သူငယ်ချင်း ၂ ယောက်ဆိုရင် ထမင်းကိုတောင် လက်နဲ့စားမရအောင် လက်တွေ ယောင်နေတဲ့အထိ ယားနာပေါက်ခဲ့ကြတယ်။

အခန်း ၃ ခန်းရဲ့ နောက်ဖက်မှာ သီးသန့် ကုတင် တလုံးစီနဲ့ အခန်း ၂ ခန်းရှိသေးတယ်။ အဲဒီအခန်းတွေက ကိုယ်မကောင်းသူ ဒါမှမဟုတ် အရူးပုဒ်မနဲ့ ရောက်လာတဲ့ အရူးတွေကို ထားတယ်။ ကျမတို့ရှိနေချိန်မှာ ရောက်လာတဲ့အရူးမကတော့ သိပ်သနားဖို့ကောင်းတယ်။ ရုပ်ရည်က သန့်ပြန့်နေပြီး သူစိတ်ဖောက်ရင် သူ့ကိုဝတ်ပေးထားတဲ့ အ၀တ်တွေ အကုန်စုတ်ဖြဲ ပစ်တတ်တယ်။ ကောင်းနေချိန်မှာတော့ သီချင်းဆိုနေတာ ပဲ ။ သီချင်းဆိုလဲ သိပ်ကောင်းတယ်။
ကျမတို့အုပ်ထဲက သူ့ကို မုန့်သွားပေးနေကျ ကောင်မလေးကို နာမည်မှတ်မိတယ်။ သူ့နာမည်ကို တော့ ခုချိန်မှာ စဉ်းစားမရအောင် ကျမမေ့နေတယ်။ ကျမ သူငယ်ချင်း တယောက်ယောက်နဲ့တွေ့ရင်တော့ သတိရမိမယ်ထင်တယ်။ နောက်ပိုင်း စိတ္တဇဆေးရုံကို ပို့လိုက်တယ်။

အဲဒီထောင်ကျဆောင်နဲ့ အလျားလိုက် ဘေးချင်းကပ်ရက် ၁၅ ပေလောက်အကွာမှာ ရေချိုးကန် ရှိတယ်။ ရေချိုးကန် မှာ ရေတနေ့ ၁ ခါပဲ လာတယ်။ ၃ ပေ ၇ ပေ လောက်ရှိပြီး အနက် ၂ ပေလောက်ရှိတယ် ရေကန်၂ ခုဆက်ရှိတယ်။ ရေလာချိန်မှာ ရေချိုးချတယ်။ ရေချိုးချတဲ့အချိန်မှာ အခန်းလိုက် ဘယ်နှစ်ယောက် အဲလိုခေါ်တယ်။ ၁ ခန်း အယောက် ၂၀ ဆိုရင် အယောက် ၂၀ က ကန်တဖက်စီမှာ တန်းစီရပ်ရတယ်။ ကိုယ်ထမင်းစားတဲ့ ကော်ဇလုံနဲ့ပဲ ရေချိုးရတယ်။ တယောက်ခြောက်ခွက်ဆို ဒါ့ထက်ပိုချိုးလို့မရဘူး။ ရေကန်ဘုတ်ကိုင်က ကန်ထိပ်က တက်ကြည့်နေပြီး သူမကြည်သူကို သေချာ စောင့်ရေတယ်။ ပထမ တခွက်မှာတင်ပဲ တကိုယ်လုံး ရေစိုအောင် လုပ်နိုင်မှ ဖြစ်မယ်။ ၀ုန်းကနဲ လောင်းချိုးလို့မရဘူး။ ကိုယ့် ၆ ခွက်ထဲကပဲ ကိုယ့်အ၀တ်ကိုယ် လျှော်ရတယ်။ ကျမတို့ အဖွဲ့ကတော့ တခါတလေ တယောက်က မချိုးပဲ နေပြီး အဲဒီရေနဲ့ အ၀တ်စုလျှော်ကြတယ်။ ရေလာချိန်အတွင်းမှာ အမြန်ရေချိုးချပြီး တခါတလေ ရေမလာတော့လို့ မချိုးလိုက်ရတဲ့ အခန်းရှိတတ်တော့ အခန်းကိုလဲ အလှည့်နဲ့ခေါ်ရတယ်။ ဒီနေ့ အခန်း၁ ဦးဆုံးဆို နောက်နေ့ ၂ ၊ နောက်နေ့ ၃ အဲလို လှည့်ခေါ်ရတယ်။ ရေခွက်များများချိုးချင်ရင် ရေကန်ဘုတ်ကိုင်ကို လိုင်းဝင်ရတယ်။ တလ ဘယ်လောက်ပေါ့။ ကျမတို့ကတော့ လုံးဝမ၀င်ပဲ လောက်အောင် သုံးတယ်။ နောက်ပိုင်း ရေကန် ကိုင်တဲ့ ဘုတ်ကို အမျိုးသမီးတွေ ရာသီလာချိန်မှာ ရေပိုပေးဖို့ တောင်းဆိုပေးလိုက်တော့ ရသွားတယ်။

ရေချိုးကန်နဲ့ အဆောင်ရဲ့ ထိပ်ဖက် မိန်းမထောင်ဝင်ပေါက်နားမှာ ကျမကိုထားတဲ့ အခန်း၅ ခန်းပါတဲ့တိုက်ဆောင် ရှိတယ်။ တိုက်ဆောင်နောက်ဖက်မှာ ခပ်သေးသေးဘုရားတဆူ ရှိတယ်။ ဘုရားရှေ့မှာ လမ်းက အဆောင်ကို သွားတဲ့လမ်းပေါ့။ လမ်းဟိုဘက်မှာတော့ အုတ်တံတိုင်းအမြင့်ကြီးပေါ့။ ယောက်ျားဆောင်တွေနဲ့ခြားထားတဲ့ အတွင်းအုတ်တံတိုင်း။ အဲဒီအုတ်တံတိုင်းနဲ့ကပ်ရက်က ကျမ ထောင်ထဲဝင်လာတုန်းက လျှောက်ခဲ့ရတဲ့လမ်းပေါ့။ လမ်းနဲ့ ယောက်ျားဆောင် ကြားထဲမှာလဲ စိုက်ခင်းတွေ ရှိတယ်။ ရုံးပတီသီး ချဉ်ပေါင်ရွက် မုန်ညင်း စသဖြင့် ရာသီပေါ်တွေ စိုက်ကြတယ်။

မိန်းမဆောင်ရဲ့ နောက်ဖက်က အုတ်တံတိုင်းကတော့ အပြင်က လမ်းမကြီးနဲ့ ကပ်နေတဲ့ ထောင်ခြံဝင်းထဲက တထပ်ပေါ့။ ထောင်ခြံဝင်းက သံဆူးကြိုးတထပ်၊ အုပ်တံတိုင်းတထပ်ကိုး၊

ကျမ ထောင်ကျတဲ့ ၁၉၉၀ နှစ်ကုန်ပိုင်းမှာ ပုသိမ်မြို့ရဲ့ မိန်းမအကျဉ်းထောင်မှာ သီးသန့် အကျဉ်းသူ ၁၀ယောက် ရှိတယ်။ ကျမ မ၀င်လာခင် တသုတ်ပြန်လွတ်သွားသေးတယ်။ အဲဒီထဲက တနှစ် ထောင်ကျသူရယ် ၇ လ အချုပ်နဲ့ ပြန်လွတ်သူရယ်က တဆယ်ဝန်းကျင်ပဲ။
အဲဒီတသုတ်ပြန်လွတ်သွားချိန်နဲ့ ကျမ ထောင်ထဲရောက်မလာခင် အချိန်ခဏလေးမှာ ရေတိုက်ပွဲ တခု ဖြစ်သွားသေးတယ်တဲ့။ သီးသန့်တွေနဲ့တန်းစီးရဲ့ တိုက်ပွဲပေါ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

You received this email because you are subscribed to the real_time feed for http://khinminzaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[J] 1 New Entry: ExtraOrdinary - Stunt စတန့် လုပ်ရန် မကြိုးစားပါနဲ့ 

ExtraOrdinary - Stunt စတန့် လုပ်ရန် မကြိုးစားပါနဲ့ 


စတန့် ထွင်တာ ကြည့်ဘဲ ကြည့်ပါ ကိုယ်တိုင်လုပ်ဖို့ မကြိုးစားပါနဲ့ 

For this stunt, Doug Danger decides to take on the entire wingspan of a large-body L1011 passenger jet


Albuquerque, New Mexico -- Daredevil escape artist Rick Meisel has been performing the world's cleanest escape act for years


Before a stunned crowd of 55,000 at the Astrodome, Spanky Spangler stages a mid-air collison


Dennis Pinto is the master of the T-bone stunt, where he crashes a motorcycle smack into a van


Mary Ella McLivain a 52-year-old grandmother of three walks the wing of a biplane, 1,000 feet in the air, wearing only a sundress


John Richmond professes to have shot his brother Ken over 100 times; either in the chest, face, or on top of his head.


Enlarge Here's an ab workout that won't catch on. Strongman Tom Owen lets a truck packed with 20 kids


Reno Jaton holds the quarter-mile world record for being dragged on pavement behind a 14,000-horsepower jet car


Steve Hudis jumps the 28,000-pound behemoth through a giant fireball and over 15 motorcycles before crashing to earth


You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: သွားလာလှုပ်ရှား ...

သွားလာလှုပ်ရှား ...

ကျနော်တို့ မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာရေသောက်၊ မြန်မာစကား ပြောနေကြတော့ တချို့ အသုံးအနှုန်းတွေကို ဘာလို့ ဒီလိုသုံးတာလဲလို့ မေးလာရင် မဖြေတတ်တဲ့သူ များပါတယ်။ ခက်တာက မြန်မာအချင်းချင်း ဘာလို့ ဒီလိုသုံးတာလဲလို့ ဘယ်သူမှ မေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသားတစ်ယောက် (သို့) မြန်မာစကားပြောနဲ့ စိမ်းနေတဲ့ သူတွေကပဲ မေးကြလိမ့်မယ်။ မေးလာရင်ကော တိတိကျကျ မဖြေနိုင်တဲ့ သူက များပါတယ်။ 'သွား' နဲ့ 'လာ' ဟာ မြန်မာစကားမှာ အခြေခံကျတဲ့ လှုပ်ရှားမှုပြ ကြိယာဖြစ်တယ်။ ဘယ်လိုအချိန်မှာ 'သွား' ကိုထည့်သုံးပြီး ဘယ်လိုအခြေအနေမှာ 'လာ' ဆိုတဲ့ စကားလုံးကို ထည့်သုံးမလဲလို့ အတိအကျ မေးလိုက်ရင် ပါးစပ်အဟောင်းသားနဲ့ ငေးငိုင်သွားမယ်။ 'သွား' နဲ့ 'လာ' ကို သုံးတာများ ဘာခက်လို့လဲ ဆိုပြီး ဥပမာတချို့ ရွတ်ပြကြလိမ့်မယ်။ ဒီနေရာမှာ ဘာလို့ 'သွား' ကို သုံးထားသလဲလို့ စေ့စေ့ပေါက်ပေါက် မေးလိုက်ရင်လည်း ငုတ်တုတ်မေ့သွားတယ်။ ငါတို့ကို အထင်သေးလှချည့်လား လို့ ထင်တဲ့လူတွေ ကျနော် အောက်မှာ ရေးပြမယ့် စာကြောင်းတွေ ဘာကွာလဲ စဉ်းစားကြည့်ကြပါ။ အရင် စဉ်းစားပြီးမှ နောက် အပိုဒ်တွေကို ဆက်ဖတ်စေချင်ပါတယ်။ ဖတ်ကြည့်ရင်တော့ လွယ်လွယ်လေးတွေပဲ။ လွယ်တယ်ဆိုတာ ကျနော်တို့ ကြီးပြင်းရာ ရေမြေရဲ့ မိခင်ဘာသာစကားမို့လို့ပါ။ လူမျိုးခြားတစ်ယောက်က သိချင်စိတ်နဲ့ ဘာလို့အဲဒီလို သုံးသလဲ မေးလာရင် တေမိဇာတ် ခင်းနေရဦးမယ်။ ဒါကြောင့် သိထားသင့် သိထားထိုက်တယ် ထင်လို့ ကျနော် ဖတ်မှတ်ထားရသမျှ ပြန်ပြီး ဝေမျှလိုက်ပါတယ်။ မောင်ခင်မင် (ဓနုဖြူ) - မိန်းမယောက်ျားထိုစကား စာအုပ်ကနေ ကိုးကားဖော်ပြ လိုက်ပါတယ်။ ကဲ ... အောက်က စာကြောင်းတွေ ဘာကွာသလဲဆိုတာ စဉ်းစားကြည့်ပါဦး။ ဘယ်လို အခြေအနေမျိုးမှာ ဒီလို စာကြောင်းကို သုံးသလဲ ဆိုတာ သုံးသပ်ကြည့်ရင် အလွယ်ဆုံး ဖြစ်မယ်ထင်တယ်။

၁။ ကျနော် မောင်မောင်ဆီ လာမယ်။
၂။ ကျနော် မောင်မောင်ဆီ သွားမယ်။
၃။ မောင်မောင် ထမင်းစားလာတယ်။
၎။ မောင်မောင် ထမင်းစားသွားတယ်။
၅။ ညီမလေး ကြီးလာပြီ။
၆။ ညီမလေး ကြီးသွားပြီ။
( ဒီစာကြောင်းတွေ ဘာကြောင့်မှားသလဲ။ )
၇။ ကျနော် ခင်ဗျားအိမ် သွားပါရစေ။
၈။ ကျနော်ဆီ ခင်ဗျား သွားနိုင်မလား။
၉။ ခင်ဗျား သူငယ်ချင်းအိမ်ကို လာမလို့။


မြန်မာစကား ပြောတဲ့အခါမှာ 'သွား' နဲ့ 'လာ' ကို ကလေးကအစ မှန်အောင် သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဝေဖန်ပြတတ်ဖို့ ခက်တယ်။ 'သွား' နဲ့ 'လာ' ဟာ လားရာဘက်ချင်း ဆန့်ကျင်တဲ့ သဘော ဆောင်တယ်လို့ ယေဘုယျ ပြောလို့ ရပေမယ့် အတိအကျတော့ မဟုတ်ပြန်ဘူး။ ဥပမာ 'စားသွားတယ်' နဲ့ 'စားလာတယ်' မှာ လားရာ ဆန့်ကျင်တဲ့ သဘော မပါပါဘူး။ 'သွား' နဲ့ 'လာ' ရဲ့ သဘောကို လေ့လာမယ်ဆိုရင် စာကြောင်းထဲမှာ ပါဝင် ပတ်သက်နေတဲ့ လူတွေကို ထည့်သွင်း စဉ်းစားရင် ဆက်စပ်လေ့လာရတာ ပိုအဆင်ပြေပါလိမ့်မယ်။ စကားပြောတဲ့အခါမှာ ပါဝင် ပတ်သက်တဲ့ သူတွေကို သုံးမျိုး ခွဲခြား သက်မှတ်လို့ ရတယ်။ ပြောသူ၊ နာသူ နဲ့ အခြားသူ ပေါ့။ မောင်မောင်က ဇော်ဇော်ကို ထွန်းထွန်းအကြောင်း ပြောနေတယ်ဆိုရင် မောင်မောင်က ပြောသူ၊ ဇော်ဇော်က နာသူ၊ ထွန်းထွန်းက အခြားသူပေါ့။ 'သွား' နဲ့ 'လာ' ရဲ့ အသုံးဟာ (ပြောသူ - နာသူ - အခြားသူ) ဆက်သွယ်မှုပေါ် အခြေတည်ပြီး ပြောင်းလဲသွားတယ်။

ပြောစကားထဲက အကြောင်းအရာဟာ ပြောသူ နဲ့ နာသူ နှစ်ယောက်ရဲ့ လှုပ်ရှားမှုကို ပြောတယ်ဆိုရင် 'လာ' ကို သုံးပါတယ်။ ဥပမာ စာကြောင်း (၁) မှာ ကျနော်က မောင်မောင်နဲ့ စကားပြောနေတယ်လို့ သဘောသက်ရောက်ပါတယ်။ စာကြောင်း (၃) မှာလည်း မောင်မောင်နဲ့ စကားပြောနေတယ်လို့ နားလည်လိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ 'ကျနော် ခင်ဗျားဆီ သွားမယ်' ၊ 'ခင်ဗျား ကျနော်ဆီ သွားမလား' လို့ သုံးလေ့သုံးထ မရှိပါဘူး။

ပြောသူ၊ နာသူတို့က အခြားသူဆီ ရွေ့လျားသွားရင်တော့ 'သွား' ကို သုံးပါတယ်။ 'ကျနော် ဆရာဝန်ဆီ သွားမလို့' ၊ 'ခင်ဗျားကော ခင်ဗျားဦးလေးဆီ မသွားဘူးလား' ဆိုတဲ့ စာကြောင်းမှာ ဆရာဝန် နဲ့ ဦးလေးဟာ ပြောသူ မဟုတ်၊ နာသူ မဟုတ်ဘဲ အခြားသူ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဥပမာ စာကြောင်း (၂) မှာ မောင်မောင်ဟာ နာသူ မဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ ရပါတယ်။ စာကြောင်း (၄) က မောင်မောင်ဟာလည်း ပြောသူ၊ နာသူ မဟုတ်ဘူးလို့ သိနိုင်တယ်။

ဒါပေမယ့် အခြားသူက ပြောသူနဲ့ နာသူဆီ ရွေ့လျားလာရင်တော့ 'လာ' ကိုပဲ သုံးလေ့ ရှိပါတယ်။ 'မောင်ရွှေ ကျနော်ဆီ လာလိမ့်မယ်' ၊ 'မူမူက ခင်ဗျားဆီ လာမယ်ပြောတယ်' စသဖြင့် သုံးလေ့ ရှိပါတယ်။

ပြောသူ၊ နာသူနဲ့ အခြားသူရဲ့ တည်နေရာကို မူတည်ပြီးတော့လည်း 'သွား' နဲ့ 'လာ' ရဲ့ သုံးပုံက ကွဲသွားပြန်တယ်။ ပြောသူ မတည်ရှိတဲ့ နေရာဆီ ရွေ့လျားတဲ့သဘော ဆိုရင် 'သွား' ကို သုံးပါတယ်။ 'ဒီနေ့ ရွှေရွှေ ကျောင်းမသွားဘူး' လို့ ပြောရင် ပြောသူဟာ ကျောင်းမှာ ရှိမနေတာ သေချာတယ်။ တကယ်လို့ ပြောသူဟာ ကျောင်းမှာ ရှိနေရင် 'ဒီနေ့ ရွှေရွှေ ကျောင်းမလာဘူး' လို့ သုံးနှုန်းပါလိမ့်မယ်။ ပြောသူရဲ့ တည်နေရာကို ရှေ့ရှုလာရင် 'လာ' သုံးပြီး၊ အခြားဘက်ကို ရှေ့ရှုရင်တော့ 'သွား' ကို သုံးတာဖြစ်ပါတယ်။

'ကျနော် ရန်ကုန်ကို လာမယ်' နဲ့ 'ကျနော် ရန်ကုန်ကို သွားမယ်' ဆိုတဲ့ အသုံးနှစ်ခု ဘာကွာသလဲ စဉ်းစားကြည့်ပါဦး။ ကျနော် ရန်ကုန်ကို လာမယ်လို့ ပြောလိုက်ရင် နာသူဟာ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ ကျနော် ရန်ကုန်ကို သွားမယ် လို့ သုံးလိုက်ခြင်းအားဖြင့် ပြောသူကော၊ နာသူပါ ရန်ကုန်မှာ မရှိတာ သေချာတယ်။ ပြောသူကော၊ နာသူပါ နေရာဒေသ တစ်ခုမှာ မရှိသေးပေမယ့် နောင်တစ်ချိန် သွားရောက်မယ့် အခြေအနေ ရှိရင်လည်း 'လာ' ကို သုံးနိုင်ပါတယ်။ 'ရှေ့လကျရင် ကျနော် မြစ်ကြီးနားမှာ ရှိမယ်။ ခင်ဗျား လာခဲ့ပါလား' ဆိုတဲ့ အသုံးမျိုးပါ။

အသုံးအရ အလေးပေးတဲ့သဘော ရိုးတိုးရိတ်တိတ် ကွားခြားပုံကလည်း စိတ်ဝင်စားစရာပါ။ 'ကျော်ကျော် ခင်ဗျားဆီ လာလိမ့်မယ်' လို့ သုံးရင် ခင်ဗျားဘက် ရှေ့ရှုတဲ့သဘောကို အလေးပေးသလို ဖြစ်သွားတယ်။ 'ကျော်ကျော် ခင်ဗျားဆီ သွားလိမ့်မယ်' လို့ သုံးလိုက်ရင်တော့ ကျော်ကျော်ရဲ့ ရွေ့လျားမှုကို အလေးပေးလိုတဲ့ သဘော တွေ့ရတယ်။ တနည်းပြောရရင် ကျော်ကျော်နဲ့ ခင်ဗျား လူနှစ်ယောက်မှာ ခင်ဗျားကို မူတည်ပြီး ပြောတဲ့အခါ 'ကျော်ကျော် ခင်ဗျားဆီ လာလိမ့်မယ်' လို့ သုံးပြီး ကျော်ကျော်ကို မူတည်ပြီး ပြောရင်တော့ 'ကျော်ကျော် ခင်ဗျားဆီ သွားလိမ့်မယ်' လို့ ပြောင်းသုံးပါတယ်။

(ဆက်ရန်)

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[All Together on A Planet ...] 1 New Entry: အီး-သူခိုးများအဖွဲ့ (၁)

အီး-သူခိုးများအဖွဲ့ (၁)

အင်တာနက်ကို ပုံမှန်သုံးစွဲနေရသူတွေအတွက် ဟက်ကာ(Hackers)တွေရဲ့ တိုက်ခိုက်မှုအန္တရာယ်က တနေ့တခြား များလာနေပါတယ်။ ဝက်ဘ်ဆိုက်တွေကို Hackလုပ်တိုက်ခိုက်နိုင်တဲ့အပြင် ကိုယ်ပိုင်အီးမေးလ်အကောင့်တွေကိုပါ Hackလုပ် ချိုးဖောက်ဝင်ရောက်ကာ ကိုယ်ရေးကိုတာ လျို့ဝှက်ချက်တွေကို ရယူနှောင့်ယှက်နိုင်ပါတယ်။ အခုတလောမှာလည်း နည်းပညာနှင့် သတင်းဂျာနယ်အချို့မှာ လက်ရှိသုံးစွဲနေကြတဲ့ အင်တာနက်အီးမေးလ်တွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ဖေါ်ပြလာကြပါတယ်။ အင်တာနက်ဆိုတာကြီးက မလုံခြုံတာမဟုတ်ပဲ လက်ရှိသုံးစွဲနေရတဲ့ အခြေအနေက လုံခြုံမှုမပေးနိုင်တာလို့လည်း သုံးသပ်ချက်တွေ ဖတ်ရပါတယ်။ အီးမေးလ်စကားဝှက် (Password)တွေ မကြာခဏ ပြောင်းပြီးသုံးဖို့နှင့် အက္ခရာတွေ၊ ဂဏန်းတွေ၊ သင်္ကေတတွေပါတဲ့ passwordတွေကို အသုံးပြုဖို့ စသဖြင့် အကြံပြုချက်တွေကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူတွေ အသုံးအများဆုံး အီးမေးလ်ဝန်ဆောင်မှုကတော့ ဂျီမေးလ်(GMail) ဖြစ်ပါတယ်။ အဲဒီတော့ ကျနော့်မှာလည်း ဂျီမေးလ်အကောင့်တစ်ခုရှိပြီး မီဒီယာသတင်းဂျာနယ်တွေမှာ ဖတ်ရတာတွေနဲ့ ကိုယ်သိသလောက်အရ ဂျီမေးလ်သုံးရတာ မလုံခြုံတော့ဘူးလို့ ခံစားလာရပါတယ်။ ဒါနဲ့ပဲ အိုင်တီနယ်ပယ်က ကျွမ်းကျင်သူ သူငယ်ချင်းတစ်ယောက်ကို ဂျီမေးလ်မသုံးပဲ အခြားမေးလ်(ဥပမာ Yahoo Mail) ပြောင်းပြီးသုံးရင် ကောင်းမလားလို့ တိုင်ပင်ကြည့်ဖြစ်ခဲ့တယ်။ အဲဒီသူငယ်ချင်းက အင်တာနက်ထဲမှာ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့တစ်ဖွဲ့အကြောင်း ပြောပြပါတယ်။ သူငယ်ချင်းပြောပြတဲ့ ဒီအဖွဲ့ရဲ့ နာမည်ကိုတော့ ပြန်မပြောချင်တော့ပါဘူး။ Hackingလုပ်တာကို အားပေးရာကျမှာစိုးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ရဲ့  အကြောင်းကိုတော့ လေ့လာမိသလောက် ပြောပြချင်ပါတယ်။ သူတို့အဖွဲ့ကို "အီး-သူခိုးများအဖွဲ့"လို့ နာမည်တပ် အသုံးပြုသွားပါမယ်။ (more…)

You received this email because you are subscribed to the real_time feed for http://www.kjohnblog.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[ဆောင်း] 1 New Entry: ဆောင့်း (သို့ ) ကျမရဲ့ အနုပညာ စံရိပ်ငြိမ်

ဆောင့်း (သို့ ) ကျမရဲ့ အနုပညာ စံရိပ်ငြိမ်


ဘလော့ဖြစ်ရခြင်း
ဆောင်းဆိုတဲ့ နံမည် နဲ့  ဘလော့စတင်လိုက်ပြီဆိုကထဲက အေးချမ်းချင်လို့ ပါရှင်။
ပူလောင်တဲ့ နွေလယ်မှာ ဝေဖြာ ခဲ့တဲ့ ယူကေရဲ့ နင်းလေးတွေနဲ့ အတူ ကျမရဲ့ ဘလော့လေး ဖြစ်ပေါ်လာရပါတယ်ရှင်။ နေ့ စဉ်နဲ့  အမျှ အဆင်မပြေတာ တွေ ပြေပျောက် လို ပြေပျောက်ငြား ဒီဘလော့လေးကို သူငယ်ချင်း ရဲ့ အကူညီနဲ့  ဒီဘလော့လေး ကို ဖန်တီးခဲ့ရပါတယ်ရှင်။

ဘလော့သက်တမ်း
ကျမရဲ့ ဘလော့လေး ၄လတာရှိပါပြီ။ သက်တမ်းလေးတလျောက်ကို ကြည့်လိုက်ရင် ဘလော့ ခရီးအစမှာ ပထမဆုံးပို့ စ် ကိုအင်ဒီ က ကြော်ငြာပေးတာက စပြီး ဧည့်သည်တွေ ရလာခဲ့ပါတယ်။ နောက်ပိုင်း ဘလော့အလည်ထွက် မိတ်ဆက်
ရင်းနဲ့ ဘလော့ကာ မောင်နှမတွေ အနည်းငယ်ရရှိပါတယ်။ ဘလော့ကာ အချို့ နဲ့ လည်း ခင်မင်ခဲ့ ရပါတယ်။

ဘလော့ရခြင်းကြောင့်
မမြင်ရတဲ့ လျှပ်စစ်လှိုင်းထဲက အနုပညာ တခုလို့ ပြောနိုင်တဲ့ ဒီဘလော့လေးဟာ (အင်တာနက်ဖိုးကလွဲရင် ဒိုမိန်းမ၀ယ်ရလို့ ) ငွေကြေး မကုန်ကျ ခဲ့ဘဲနဲ့  ကိုယ်ရေးချင်တာ ရေုးနိုင်ပါတယ်။ ရင်ထဲ ခံစားနေရတာတွေ ဖွင့်ချ အန်ထုတ်နိုင်ပါတယ်။ ဖအေမတူ အမေကွဲ မမြင်ရတဲ့ မောင်နှမ တွေ ရလာပါတယ်။ ကိုယ့်ရဲ့ အခက်ခဲတွေ ကို မမြင်ရတဲ့ မောင်နှမတွေဆီ အကြံဥာဏ် တောင်း အကူညီတောင်း လို့ ရပါတယ်။ ကိုယ် မသိသေး တဲ့ အကြောင်းအရာတွေ သိလာရပါတယ်။ သတိပေးတာတွေ လည်း သိရ၊ ပညာတွေ လည်း ဖလှယ်ကြနဲ့  မမြင်ရတဲ့ မိသားစုအိမ်ကလေးဖြစ်လာရပါတယ်။

အနုပညာ စံရိပ်ငြိမ် လို့  ဘာလို့  ခေါ် ရ ပါသလဲ
ဒီအနုပညာ စံရိပ်ငြိမ်လို့ ခေါ်ရမည့် ကျမရဲ့ အိမ်လေးကို အချိန်နာရီ အများကြီးပေး ဖန်တီးရေးသားခဲ့ ရပါတယ်၊ မရေးခင် လေ့လာ မှတ်သား မဲ့ စာတွေ အများကြီး မှီးငြမ်း ဖတ်ရှု့  ခဲ့ရပါတယ်။ ကိုယ်ဖန်တီးတဲ့ ကိုယ့်အနုပညာ ကို စိတ်ဝင်စားစဘွယ်ဖြစ်အောင် ပြင်ဆင်ရပါတယ်။ အမှားတွေအများကြီး ပြင်ခဲ့ရပါတယ်။ တစ်ပါးသူတွေကိုလည်း အကူညီ တောင်းခဲ့ရပါတယ်။ ဘလော့စာဖတ်သူတွေရဲ့ နှစ်သိမ့်အားပေးမှု့ ၊ တုန့် ပြန်မှု များစွာနဲ့  ကိုယ်ဘလော့အားနည်းချက်တွေကို ပြုပြင်ခဲ့ရပါတယ်။

ဒါ့ကြောင့် ဒီစံအိမ်လေးဟာ ကျွန်မတဦးတည်း မဟုတ်ဘဲ အများရဲ့ အနုပညာ စံရိပ်ငြိမ် လို့ ကျမ တင်စားရတာပါ။

ဒီစံအိမ်လေးမှာ မှီငြမ်းထားတဲ့ စာညွှန်းတွေ ရှိမယ်။ ကိုယ်တိုင် ဖန်တီးတဲ့ အနုပညာတွေ တွေ့ ရမယ်။ ကိုယ်ပိုင်အတွေ့ အကြုံတွေ ဖတ်ရမယ်။ ကိုယ်ပိုင်ခံစားချက်တွေ ရင်ဖွင့်ချင်တာတွေ တွေ့ ရမယ်။ အကူညီ တောင်းလိုတာတွေ တွေ့ ရမယ်။ သူများရေးထားတာ ကို ဘာသာပြန်
မှီးခြမ်းတာတွေ တွေ့ ရမယ်။

အဲ... သူများရေးထားတာကို တိုက်ရိုက် ခိုးချ ကူးချတာကို လုံးဝ တွေ့ ရမှာ မဟုတ်ပါဘူးရှင်။

ဘလော့ဧည့်သည်သို့ 
ကျမရဲ့စံရိပ်ငြိမ်ကို ကျမ အလွန်တန်ဖိုးထားပါတယ်။ ကျမက
အရည်အချင်းကိုသာ တန်ဖိုးထားပါတယ်။ အရည်အတွက်ကို တန်ဖိုးမထားပါဘူး။ အဲဒါကြောင့် ကျမဘလော့မှာ မယဉ်ကျေးတဲ့ အပြောအဆို အပြုအမှု သူတပါး ထိခိုက်မဲ့ အရေးအသားတွေကို ပယ်ဖျက်ထားပါတယ်။ စာဖတ်သူတွေကိုလည်း ကူညီဖို့  တောင်းဆို ထားပါတယ်။

ဘလော့လေးရဲ့ အကျိုးကျေးဇူး
ဘလော့လောက ဟာ အေးချမ်းပါတယ် အနုပညာတွေနဲ့  ဖန်တီးထားပါတယ်၊ မိသားစု စကားဝိုင်းလေး ပါဘဲ၊ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ စကြ နောက်
ကြမယ်၊ အတွေ့ အကြုံဖလှယ်မယ်၊ ဆန်းသစ်တဲ့ စာတွေ ဖတ်ရမယ်၊ မသိသေးတဲ့ ကမ္ဘာကြီးထဲက အကြောင်းအရာတွေ တွေ့ ရမယ်၊ ယဉ်ကျေးမှု့ တွေ ရေမြေဒေသ ဗဟုသုတတွေ သိရမယ်၊ ဘာသာတရားတွေ ပိုနားလည်လာမယ်၊ သီချင်းလေးတွေ အနုပညာတွေ ကို လေ့လာဖို့  နားဆင်ဖို့  ငွေကုန် သက်သာ စွာ ပြည့်ဝလာရမယ်၊ အသိမိတ်ဆွေတွေ တိုးလာမယ်၊ ဒါဟာ ဘလော့ရေးခြင်းရဲ့ ကောင်းကျိုး တွေပါရှင်...

ဘလော့ကြောင့် အကျိုးအမြတ်သာ ရရှိကြပါစေ အဆုံးအရှုံးတွေ ကင်းမဲ့ကြပါစေလို့  ဆုတောင်းရင်း ခေတ္တ နားခဲ့တဲ့ ကျမရဲ့ ဘလော့လေးကို ပြန်လည် စတင်လိုက်ပါတယ်။

၎ သြဂုတ် ၂၀၀၈

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[NYI LYNN SECK 18+ DEN] 1 New Entry: Mandalay

Mandalay

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 1 New Entry: မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် အင်္ဂလန်နိုင်ငံမှ ငွေကြေးဒဏ်ခတ်မှု

မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် အင်္ဂလန်နိုင်ငံမှ ငွေကြေးဒဏ်ခတ်မှု

စဉ်
၁။ဒေါ်အေးမြတ်ပိုအောင် (ဝန်ကြီးဦးအောင်သောင်း၏ သမီး)
၂။ဒဂုံဝင်းအောင် (ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်-အစိုးရ၏အကျိုးစီးပွါးအတွက်ဆောင် ရွက်ပေးသောသူ-ဇနီး ဒေါ်မိုးမြမြ၊ သား ဦးသူရိန်အောင် (ခရစ္စတိုဖာအောင်)၊ သမီး ဒေါ်အိနှင်း ပွင့် (ခရစ္စဘဲလားအောင်)၊ ဒေါ်အိနှင်းခိုင် (ခရစ္စတီးနားအောင်) )
၃။ဒေါ်နှင်းဝတ်ရည်အောင် (ဗိုလ်ကြီးသိန်းဟန် ၏ဇနီး)
၎။ဗိုလ်ကြီးဋ္ဌေးအောင်
၅။ဗိုလ်မှူးချုပ်ကျော်အောင်
၆။ဗိုလ်မှူးချုပ်ကျော်အောင် (ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ် အဖွဲ့ဝင်)
၇။ဗိုလ်မှူးမိုးအောင် (ဝန်ကြီးဦးအောင်သောင်း၏သား၊ ဇနီး ဒေါက်တာအေးခိုင်ညွှန့်)
၈။ဗိုလ်မှူးကြီးမြင့်အောင် (မန်နေဂျင်း ဒါရိုက်တာ-မြဝတီ ကုမ္ပဏီ- ဇနီး ဒေါ်နုနုရည်၊ သားများ ဦးသီဟအောင်၊ ဦးနေလင်းအောင်)
၉။ဦးမျိုးအောင်
၁၀။ဦးနေအောင် (မန်းနေဂျင်းဒါရိုက်တာ (အောင်ရည်ဖြိုးကုမ္ပဏီလီမီတက်-ဝန်ကြီးဦးအောင် သောင်း၏သား၊ ဇနီး ဒေါ်ခင်မိုးညွှန့်)
၁၁။ဦးနေလင်းအောင် (ဗိုလ်မှူးကြီးမြင့်အောင် ၏သား)
၁၂။ဗိုလ်မှူးကြီးဥာဏ်ထွန်းအောင် (ဒု-ဝန်ကြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌါန- ဇနီး ဒေါ်ဝေဝေ)
၁၃။ဦးဥာဏ်ထွန်းအောင်
၁၄။ဦးညီညီအောင် (ဒု-ဗိုလ်မှူးကြီးကျော်ဝင်း ၏သား၊ ဇနီး ဒေါ်စန်းသီတာဝင်း)
၁၅။ဗိုလ်မှူးပြည်အောင် (ပြည့်အောင်) (ဝန်ကြီးဦးအောင်သောင်း၏သား၊ ဇနီး ဒေါ်နန္ဒာအေး(ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏သမီး))
၁၆။ဒေါ်စန္ဒာအောင် (ဝန်ကြီးဒေါက်တာချမ်းငြိမ်း၏ဇနီး)
၁၇။ဗိုလ်ချုပ်သန်းအောင်
၁၈။ဗိုလ်မှူးချုပ်သန်းထွန်းအောင်
၁၉။ဗိုလ်မှူးချုပ်သိန်းအောင် (ဝန်ကြီး-သစ်တောဝန်ကြီးဌာန-ဇနီး ဒေါ်ခင်ဋ္ဌေးမြင့်)
၂၀။ဦးသီဟအောင် (ဗိုလ်မှူးးကြီးမြင့်အောင်၏ သား)
၂၁။ဒေါ်တင်မျိုးမျိုးအောင် (ဗိုလ်ချုပ်သောင်းအေး ၏ဇနီး)
၂၂။ဒေါက်တာသုနန္ဒာအောင် (ဝန်ကြီးဦးအောင်သောင်း၏ သမီး)
၂၃။ဗိုလ်ချုပ်သူရမြင့်အောင်
၂၄။ဦးသူရိန်အောင် (ခရစ္စတိုဖာအောင်) (ဒဂုံဝင်းအောင် ၏သား)
၂၅။ဗိုလ်မှူးချုပ်တင်ထွန်းအောင်
၂၆။ဗိုလ်မှူးချုပ်တင်ထွန်းအောင် (ဒု-ဝန်ကြီး-အလုပ်သမားဝန်ကြီးဌာန)
၂၇။ဒု-ဗိုလ်မှူးကြီးထွန်းလှအောင်
၂၈။ဦးဝေဖြိုးအောင် (ဗိုလ်မှူးချုပ်ဝေလွင် ၏သား၊ ဇနီး ဒေါ်ဥမ္မာကျော်ထွန်း)
၂၉။ဗိုလ်မှူးချုပ်ဝင်းအောင် (မိုင်းဆတ်တပ်ရင်းမှူး )
၃၀။ဗိုလ်မှူးချုပ်ဝင်းအောင် (ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ် အဖွဲ့ ဝင်)
၃၁။ဒေါ်အေးအေး (ဝန်ကြီးဗိုလ်မှူးချုပ်သူရအေးမြင့် ၏ဇနီး)
၃၂။ဒေါ်အေးအေး (ဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း၏ဇနီး)
၃၃။ဒေါ်ခင်မာအေး (ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ၏ဇနီး)
၃၄။ဗိုလ်မှူးချုပ်ခင်မောင်အေး (မိတ္ထီလာတပ်ရင်းမှူး )
၃၅။ဒေါ်ကြည်ကြည်အေး
၃၆။ဒု-ဗိုလ်မှူးကြီးမောင်အေး -ဇနီး ဒေါ်မြမြစန်း၊ သမီး ဒေါ်နန္ဒာအေး)
၃၇။ဒု-ဗိုလ်မှူးကြီးမောင်မောင်အေး (အငြိမ်းစား)
၃၈။ဗိုလ်မှူးချုပ်မောင်မောင်အေး (တပ်ရင်းမှူး (တပ်မ ၆၆)- ဇနီး ဒေါ်စန်း စန်းရီ)
၃၉။ဒေါ်မြစိန်အေး (ဝန်ကြီးဗိုလ်မှူးချုပ်လွန်းသီ၏ သမီး)
၄၀။ဗိုလ်မှူးချုပ်မြင့်အေး
၄၁။ဒေါ်မြင့်မြင့်အေး (ဝန်ကြီးဗိုလ်မှူးချုပ်မောင်မောင်သိန်း၏ဇနီး)
၄၂။ဒေါ်နန္ဒာအေး (ဒု-ဗိုလ်မှူးကြီးမောင်အေး ၏သမီး၊ ဗိုလ်မှူးပြည်အောင်(ဝန်ကြီးဦးအောင်သောင်း၏သား)၏ဇနီး)
၄၃။ဒေါ်နန်းဖြူဖြူအေး (ဗိုလ်ချုပ်စိုးမောင် ၏ဇနီး)
၄၄။ဗိုလ်ချုပ်သာအေး
၄၅။ဗိုလ်ချုပ်သာအေး (ဇနီး ဒေါ်ဝေဝေခိုင်)
၄၆။ဗိုလ်ချုပ်သောင်းအေး (ဇနီး ဒေါ်တင်မျိုးမျိုးအောင်)
၄၇။ဒေါ်သီတာအေး (ဒု-ဗိုလ်ချုပ်ကြီးစိုးသိန်း (ရေ) ၏ဇနီး)
၄၈။ဒု-ဗိုလ်မှူးကြီးတင်အေး (ဇနီး ဒေါ်ကြည်ကြည်အုန်း၊ သား ဦးဇော်မင်းအေး)
၄၉။ဦးတင်အေး
၅၀။ဦးတင်အောင်အေး
၅၁။ဒု-ဗိုလ်မှူးကြီးထွန်းအေး
၅၂။ဒေါ်ရည်မွန်အေး (ဒု-ဗိုလ်မှူးကြီးစိုးသိန်း(ရေ) Senior Military Officer၏ သမီး)
၅၃။ဒေါ်ယဉ်သူအေး (ဝန်ကြီးဗိုလ်ချုပ်စိုးနိုင်၏ သမီး)
၅၄။ဦးဇော်မင်းအေး (ဒု-ဗိုလ်မှူးကြီးတင်အေး ၏သား)
၅၅။ဒု-ဗိုလ်မှူးကြီးမောင်ဘို (ဇနီး ဒေါ်ခင်လေးမြင့်၊ သား ဦးကျော်စွာမြင့်)
၅၆။ဦးအေးချမ်း (ဒု-ဗိုလ်မှူးကြီးစိုးသိန်း(ရေ) ၏သား)
၅၇။ဒေါ်ခင်မြချစ် (ဒု-ဝန်ကြီး ဗိုလ်မှူးကြီး တင်ငွေ၏ဇနီး)
၅၈။ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် (ဇနီး ဒေါ်မိုးသီတာ)
၅၉။ဗိုလ်မှူးကြီးသန်းဟန်
၆၀။ဗိုလ်ကြီးသိန်းဟန် (ဇနီး ဒေါ်နှင်းဝတ်ရည်အောင်)
၆၁။ဒေါ်သူသူအိဟန် (အငြိမ်းစား ဗိုလ်ချုပ်ညွှန့်တင် ၏သမီး)
၆၂ဒု-ဗိုလ်မှူးကြီးမြတ်ဟိန်း (ဇနီး ဒေါ်ထွေးထွေးညွှန့်)
၆၃။ဗိုလ်မှူးချုပ်မြင့်ဟိန်း
၆၄။ဒု-ဗိုလ်မှူးကြီးထွေးလှ
၆၅။ဗိုလ်ချုပ်စောလှ
၆၆။ဒေါ်နှင်းနန္ဒာလှိုင် (ဗိုလ်ချုပ်မြင့်လှိုင် ၏သမီး)
၆၇။ဗိုလ်ချုပ်မင်းအောင်လှိုင်
၆၈။ဗိုလ်ချုပ်မြင့်လှိုင် (ဇနီး ဒေါ်ခင်သန့်စင်၊ သား ဦးသန့်စင်လှိုင်၊ သမီး ဒေါ်နှင်းနန္ဒာလှိုင်)
၆၉။ဒု-ဗိုလ်မှူးကြီးမြင့်လှိုင်
၇၀။ဗိုလ်မှူးချုပ်ညွှန့်လှိုင်
၇၁။ဒေါ်စုစုလှိုင် (ဗိုလ်မှူးချုပ်လှမြင့် ၏ဇနီး)
၇၂။ဦးသန့်စင်လှိုင် (ဗိုလ်ချုပ်မြင့်လှိုင် ၏သား)
၇၃။ဗိုလ်မှူးချုပ်တင်လှိုင် (ဇနီး ဒေါ်လှသန်းဋ္ဌေး)
၇၄။ဦးတင်လှိုင်
၇၅။ဗိုလ်ချုပ်ဝင်းလှိုင် (အငြိမ်းစား) (သမီး ဒေါ်မငဲ့၊ သား ဦးဝင်းသွေးလှိုင်)
၇၆။ဦးဝင်းလှိုင်
၇၇။ဦးဝင်းသွေးလှိုင် (KESCO ကုမ္ပဏီ ဌါနေကိုယ်စားလှယ် - ဗိုလ်ချုပ်ဝင်းလှိုင် (အငြိမ်းစား)၏သား)
၇၈။ဒေါ်ခင်စောနှင်း (ဒု-ဗိုလ်မှူးကြီး သီဟသူရ တင်အောင်မြင့်ဦး ၏ဇနီး)
၇၉။ဒေါ်နိုင်ဆန်ဟွမ် (စီဆီလီယာနိုင်) (ဦးထွန်းမြင့်နိုင်-စတီဗင်လော ၏ဇနီး)
၈၀။ဗိုလ်မှူးချုပ်ကျော်ဆန်း (ဝန်ကြီး သတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌါန - ဇနီး ဒေါ်ကြည်ကြည်ဝင်း)
၈၁။ဗိုလ်မှူးကြီးတင်ဆန်း
၈၂။ဦးလော်စစ်ဟန် (ဦးထွန်းမြင်နိုင် (စတီဗင်လော) Asia World ကုမ္ပဏီလီမိတက် ၏အဖေ)
၈၃။ဗိုလ်ချုပ်ဆန်းဆင့် (ဇနီး ဒေါ်ခင်မလေး၊ သား ဦးဥက္ကာဆန်းဆင့်)
၈၄။ဗိုလ်မှူးချုပ်သောင်းထိုက်
၈၅။ဗိုလ်ချုပ်သိန်းထိုက်
၈၆။ဒေါ်လှသန်းဋ္ဌေး (ဗိုလ်မှူးချုပ်တင်လှိုင် ၏ဇနီး)
၈၇။ဒေါ်ခင်သက်ဋ္ဌေး (ဒု-ဗိုလ်မှူးကြီးမြင့်ဆွေ ၏ဇနီး)
၈၈။ဗိုလ်ချုပ်သန်းဋ္ဌေး ( ဇနီး ဒေါ်နွယ်နွယ်ဝင်း )
၈၉။ဗိုလ်မှူးချုပ်သန်းဋ္ဌေး (ဒု-ဝန်ကြီး -ဇနီး ဒေါ်စိုးဝတ်ရည်)
၉၀။ဗိုလ်မှူးချုပ်သိန်းဋ္ဌေး
၉၁။ဗိုလ်ချုပ်သိန်းဋ္ဌေး (ဒု-ဝန်ကြီး Defence- ဇနီး ဒေါ်မြင့်မြင့်ခိုင်)
၉၂။ဗိုလ်မှူးကြီးသိန်းဋ္ဌေး (အငြိမ်းစား)
၉၃။ဒေါ်ဇာခြည်ဋ္ဌေး (ဦးဋ္ဌေးမြင့် ၏သမီး)
၉၄။ဗိုလ်မှူးချုပ်သိန်းထိုက်
၉၅။ဦးအိုက်ထွန်း (မန်နေဂျင်းဒါရိုက်တာ-အိုလံပစ် ကုမ္ပဏီလီမိတက်)
၉၆။ဗိုလ်မှူးကြီးခင်မောင်ထွန်း
၉၇။ဒေါက်တာဘုန်းမြင့်ထွန်း (ဒု-ဗိုလ်မှူးကြီးကျော်ဝင်း ၏သား- ဇနီး ဒေါ်စန်းစပါယ်ဝင်း)
၉၈။ဗိုလ်မှူးချုပ်အောင်သန်းထွဋ်
၉၉။ဦးထင်ထွဋ် (ဒေါ်သိမ့်သိမ့်စိုး (ဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)၏သမီး) ၏ခင်ပွန်း)
၁၀၀။ဗိုလ်ချုပ်တင်ထွဋ် (ဝန်ကြီး သမဝါယမဝန်ကြီးဌါန - ဇနီး ဒေါ်တင်တင်ညွှန့်)
၁၀၁။ဗိုလ်မှူးကြီးရဲထွဋ်
၁၀၂။ဗိုလ်မှူးကြီးစိုးသွေး
၁၀၃။ဒုဗိုလ်ချုပ်ကြီး-အောင်ထွေး (ဇနီး-ဒေါ်ခင်နှင်းဝေ)
၁၀၄။ဦးအောင်ထွေး (မန်နေဂျင်းဒါရိုက်တာ- Golden Flower Company )
၁၀၅။ဒေါ်နန်းသန်းထွေး (ဦးအောင်ကိုဝင်း ၏ ဇနီး)
၁၀၆။ဒေါက်တာရီရီထွေး (ဒုဝန်ကြီး-သူရသောင်းလွင်၏ဇနီး)
၁၀၇။ဒေါ်အေမီခိုင် (ဗိုလ်ချုပ်လှအောင်သိန်း- ၏ ဇနီး)
၁၀၈။ဦးချစ်ခိုင် (ဧဒင်အုပ်စု ကုမ္ပဏီ )
၁၀၉။ဗိုလ်ချုပ်ကျော်စွာခိုင်(ဝန်ကြီး-စက်မှု (၁)- ဇနီး-ဒေါ်ခင်ဖြူမာ)
၁၁၀။ဒေါ်ကြင်ခိုင် (ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွှန့်၏ဇနီး)
၁၁၁။ဒေါ်ဝေဝေခိုင် (ဗိုလ်ချုပ်သာအေး- ၏ ဇနီး)
၁၁၂။ဒေါ်နန်းလန်းခမ်း (ဦးအောင်ကိုဝင်း- ၏ ဇနီး)
၁၁၃။ဒေါ်အိနှင်းခိုင် (ခရစ္စတီးနားအောင်) (ဒဂုံဦးဝင်းအောင် ၏ သမီး)
၁၁၄။ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (ဦးဇော်ဇော်- ၏ ဇနီး)
၁၁၅။ဗိုလ်မှူးချုပ်ကျော်စွာခိုင်
၁၁၆။ဒေါ်မြင့်မြင့်ခိုင် (ဒုဝန်ကြီး-ဗိုလ်ချုပ်သိန်းဋ္ဌေး၏ဇနီး)
၁၁၇။ဗိုလ်မှူးချုပ်သူရအောင်ကို (ဒု-ဝန်ကြီး) ဇနီး ဒေါ်မြင့်မြင့်ရီ
၁၁၈။ဦးချစ်ကိုကို
၁၁၉။ဗိုလ်ချုပ်ကိုကို (ဇနီး-စဝ်ငွမ်ခွန်စွမ်)
၁၂၀။ဦးမောင်ကို (မန်နေဂျာ - ထာဝရ Mining Company )
၁၂၁။ဒေါ်မြင့်မြင့်ကို (ဝန်ကြီးဗိုလ်ချုပ်စောထွန်း၏ဇနီး)
၁၂၂။ဒေါ်ဇာခြည်ကို (ဦးဇင်မောင်လွန်း၏ဇနီး-ဗိုလ်မှူးချုပ်လွန်းသီ၏သား)
၁၂၃။ဒေါ်ကြိုင်ကြိုင် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ- State Peace and Development Council ၏ဇနီး)
၁၂၄။ဗိုလ်ချုပ်ထင်အောင်ကျော် (ဇနီး-ဒေါ်ခင်ခင်မော်)
၁၂၅။ဒုဗိုလ်မှူးကြီးခင်မောင်ကျော်(စက်မှု-၂- ဒု-ဝန်ကြီး) - ဇနီး-ဒေါ်မိမိဝေ
၁၂၆။ဒေါ်စန်းစန်းကျော်
၁၂၇။ဦးအောင်ကြည် ( ဝန်ကြီး-ဇနီး-ဒေါ်သက်သက်ဆွေ)
၁၂၈။ဦးအောင်ကြည် (ဝန်ကြီးဦးသောင်း၏သား)
၁၂၉။ဒေါ်လဲ့လဲ့ကြည် (ဒု-ဝန်ကြီးကျော်သူ၏ဇနီး)
၁၃၀။ဒေါ်ခင်အေးကြင် (ဒု-ဗိုလ်ချုပ်ကြီး (ရေ) စိုးသိန်း၏ဇနီး)
၁၃၁။ဦးမြင့်ခန့်
၁၃၂။ဗိုလ်မှူးချုပ်အေးမြင့်ကြူ (ဝန်ကြီး-ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း- ဇနီး-ခင်ဆွေမြင့်)
၁၃၃။ဒေါ်စန်းစန်းကြွယ် (ဦးခင်ရွှေ-၏ဇနီး)
၁၃၄။ဒေါ်ခင်မေလတ် (ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း- ၏ဇနီး)
၁၃၅။ဒေါ်တင်တင်လတ် (ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်၏ဇနီး)
၁၃၆။ဒေါ်ဇေဇင်လတ် (ဦးခင်ရွှေ၏သမီး-တိုးနိုင်မန်း(ဗိုလ်ချုပ်သူရရွှေမန်း၏သား)၏ဇနီး)
၁၃၇။ဒေါ်ခင်မလေး (ဗိုလ်ချုပ်ဆန်းဆင့်၏ဇနီး)
၁၃၈။ဒေါ်ဝေဝေလေး (ဦးကျော်မြတ်စိုး(ဝန်ကြီးဦးစိုးသာ၏သား)၏ဇနီး)
၁၃၉။ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ဇနီး-ဒေါ်ခင်စန်းနွယ် သမီး-ဒေါ်သီတာမျိုး)
၁၄၀။ဗိုလ်မှူးကြီးဟိန်းလင်း
၁၄၁။ဦးခင်ဋ္ဌေးလင်း (ဒါရိုက်တာ ယုဇန ကုမ္ပဏီ)
၁၄၂။ဗိုလ်ချုပ်စိန်လင်း Director, MOD
၁၄၃။ဒေါ်ရွှေရွှေလင်း
၁၄၄။ဗိုလ်မှူးချုပ်ထွန်းနေလင်း
၁၄၅။ဗိုလ်မှူးချုပ်ဝေလင်း
၁၄၆။ဦးဇော်လင်း
၁၄၇။ဦးနေလင်း (ဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်၏သား)
၁၄၈။ဒေါ်ဝေဝေလင်း (ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းစိန်၏ဇနီး)
၁၄၉။ဦးဇင်မောင်လွန်း (ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ၏သား-ဇနီး-ဒေါ်ဇာခြည်ကို)
၁၅၀။ဦးချစ်လွင်
၁၅၁။ဗိုလ်မှူးချုပ်ကျော်ဦးလွင်
၁၅၂။ဦးမောင်မောင်လွင် (ဇနီး-ဒေါ်မီမီထွန်း(ဝန်ကြီးဗိုလ်ချုပ်စောထွန်း၏သမီး)
၁၅၃။ဗိုလ်မှူးချုပ်မျိုးလွင်
၁၅၄။ဗိုလ်ချုပ်စောလွင် (စက်မှု ၂-ဝန်ကြီး-ဇနီး-ဒေါ်မိုးမိုးမြင့်)
၁၅၅။သူရသောင်းလွင် (ဒု-ဝန်ကြီး ပို့ဆောင်ရေးဝန်ကြီးဌါန -မီးရထား-ဇနီး-ဒေါက်တာရီရီထွေး)
၁၅၆။ဦးသောင်းလွင် (ရှေ့နေ- ကျောက်တံတားတရားရုံး)
၁၅၇။ဗိုလ်မှူးချုပ်တင်ဦးလွင်
၁၅၈။ဗိုလ်မှူးချုပ်ဝေလွင်(ဇနီး-ဒေါ်ဆွေဆွေဦး-သား-ဦးဝေဖြိုး၊ဦးဝေဖြိုးအောင်၊ သမီး-ဒေါ်လွင်ယမင်း
၁၅၉။ဦးဝင်းလွင် (ကျော်သာ ကုမ္ပဏီ)
၁၆၀။ဦးအောင်သက်မန်း (ဧရာရွှေဝါ ကုမ္ပဏီ-ဗိုလ်ချုပ်သူရရွှေမန်း ၏သား-ဇနီး-ဒေါ်ခင်နှင်းသီတာ)
၁၆၁။ဗိုလ်ချုပ်သူရရွှေမန်း (ဇနီး-ဒေါ်ခင်လေးသက်၊ သား-ဦးတိုးနိုင်မန်း၊ ဦးအောင်သက်မန်း)
၁၆၂။ဦးတိုးနိုင်မန်း (ဗိုလ်ချုပ်သူရရွှေမန်း ၏သား၊ ဇနီး-ဒေါ်ဇေဇင်လတ်)
၁၆၃။ဒေါ်ခင်ဖြူမာ (ဒု-ဝန်ကြီး ဗိုလ်ချုပ်ကျော်စွာခိုင်၏ဇနီး)
၁၆၄။ဦးအံ့မောင် (သာသနာရေးဝန်ကြီးဌါန)
၁၆၅။ဦးအေးမောင်
၁၆၆။ဗိုလ်ချုပ်လွန်းမောင် (ဇနီး-ဒေါ်မေမြစိန်)
၁၆၇။ဗိုလ်ချုပ်စိုးမောင် (ဇနီး-ဒေါ်နန်းဖြူဖြူအေး)
၁၆၈။ဗိုလ်မှူးချုပ်သန်းမောင်
၁၆၉။ဗိုလ်မှူးချုပ်သန်းမောင်
၁၇၀။ဗိုလ်မှူးချုပ်သူရမြင့်မောင် (ဝန်ကြီး- သာသနာရေးဝန်ကြီးဌါန)သား-ဦးအောင်ကျော်စိုး၊သမီး-ဒေါ်ဇင်မြင့်မောင်)
၁၇၁။ဒေါ်ဇင်မြင့်မောင် (ဝန်ကြီးသူရမြင့်မောင်၏သမီး)
၁၇၂။ဒေါ်အေးအေးမော် (ဦးဋ္ဌေးမြင့်- အစိုးရ၏အကျိုးစီးပွါးအတွက်ဆောင်ရွက်ပေး နေသူ၏ဇနီး)
၁၇၃။ဒေါ်ချိုချိုမော် (ဗိုလ်ချုပ်စောလှ- ၏ဇနီး)
၁၇၄။ဒေါ်ခင်ခင်မော် (ဗိုလ်ချုပ်ထင်အောင်ကျော် ၏ဇနီး)
၁၇၅။ဒေါ်ခင်မိမိ (ဝန်ကြီးဗိုလ်မှူးကြီးဇော်မင်း ၏ဇနီး)
၁၇၆။ဗိုလ်ချုပ်အောင်မင်း (ဝန်ကြီး- ပို့ဆောင်ရေးဝန်ကြီးဌါန-မီးရထား–ဇနီး ဒေါ်ဝေဝေသာ)
၁၇၇။ဗိုလ်မှူးချုပ်အောင်မျိုးမင်း (ဒု-ဝန်ကြီး ပညာရေးဝန်ကြီးဌါန-ဇနီး-ဒေါ်သဇင်နွယ်)
၁၇၈။ဗိုလ်မှူးချုပ်လှမင်း
၁၇၉။ဦးရီမင်း (ဗိုလ်မှူးချုပ်တင့်ဆွေ ၏သား-ဇနီး-ဒေါ်ဆုမွန်ဆွေ)
၁၈၀။ဗိုလ်မှူးကြီးဇော်မင်း (ဝန်ကြီး Electric Power (1)) ဇနီး-ဒေါ်ခင်မိမိ
၁၈၁။ဗိုလ်မှူးချုပ်ဇော်မင်း (ဇနီး-ဒေါ်ညွှန့်ညွှန့်ဝေ)
၁၈၂။ဦးအောင်ခိုင်မိုး (ဒု-ဝန်ကြီးမျိုးမြင့်၏သား )
၁၈၃။ဒေါ်နှင်းရည်မွန် (ဗိုလ်ကြီးနိုင်လင်းဦး-(ဒု-ဗိုလ်မှူးကြီးသီဟသူရတင်အောင်မြင့်ဦး ၏သား)၏ဇနီး)
၁၈၄။ဒေါ်ခင်မြမွန် (ဗိုလ်ချုပ်ကြည်ဝင်း ၏ဇနီး)
၁၈၅။ဒေါ်မိုးမြမြ (ဒဂုံဦးဝင်းအောင်-အစိုးရ၏အကျိုးစီးပွါးအတွက်ဆောင်ရွက်ပေး နေသူ၏ဇနီး)
၁၈၆။ဒေါ်နန်းအေးမြ (ဗိုလ်မှူးချုပ်နေဝင်း ၏ဇနီး)
၁၈၇။ဒေါ်တင်တင်မြ (ဒု-ဝန်ကြီး ဒေါက်တာမြဦး ၏ဇနီး)
၁၈၈။ဒေါ်ခင်ညွှန့်မြိုင် (ဗိုလ်မှူးကြီးမောင်ပါ ၏ဇနီး)
၁၈၉။ဒေါ်စပါယ်မြိုင် (ဦးနေစိုး-ဝန်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း(ကွယ်လွန်)-အစိုးရ၏အကျိုးစီးပွါးအတွက် ဆာင်ရွက်ပေး နေသူ)၏ဇနီး)
၁၉၀။ဦးအောင်မြတ် (Mother Trading -. အစိုးရ၏အကျိုးစီးပွါးအတွက်ဆောင်ရွက်ပေးနေသူ)
၁၉၁။ကိုအောင်ဇော်မြင့် (ဒု-ဗိုလ်မှူးကြီးရဲမြင့် ၏သား)
၁၉၂။ဗိုလ်ချုပ်အေးမြင့် (ဒု-ဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌါန )
၁၉၃။ဦးအေးမြင့်
၁၉၄။ဗိုလ်မှူးချုပ်လှမြင့် (ဇနီး-ဒေါ်စုစုလှိုင်)
၁၉၅။ဦးဋ္ဌေးမြင့် (ယုဇနကုမ္ပဏီ၊ ယုဇနစူပါမားကတ်၊ ယုဇနဆောက်လုပ်ရေးကုမ္ပဏီလီမိတက်- အစိုးရ၏အကျိုးစီးပွါးအတွက်ဆောင်ရွက်ပေး နေသူဇနီး-ဒေါ်အေးအေးမော်၊ သမီး-ဇာခြည်ဋ္ဌေး၊ ညီအစ်ကိုများ-ဦးဝင်းမြင့်၊ ဦးလေးမြင့်၊ ဦးကြင်တိုး)
၁၉၆။ဒေါ်ကေခိုင်မြင့် (ဒု-ဗိုလ်မှူးကြီးရဲမြင့် ၏ သမီး)
၁၉၇။ဗိုလ်ချုပ်ခင်မောင်မြင့် (ဝန်ကြီး- ယဉ်ကျေးမှုဝန်ကြီးဌါန -ဇနီး ဒေါ်ခင်ပြုံး)
၁၉၈။ဗိုလ်မှူးချုပ်ခင်မောင်မြင့်
၁၉၉။ဒေါ်ခင်အေးမြင့်
၂၀၀။ဒေါ်ခင်ဋ္ဌေးမြင့် (ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၏ဇနီး)

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်] 1 New Entry: အလွမ်းခရေ ကြွေလေတဲ့ နှလုံးသား

အလွမ်းခရေ ကြွေလေတဲ့ နှလုံးသား

ဝါဆို ခဲ့ပြန်ပြီ။ ဒီလို ၀ါဆိုမိုးတို့ သည်းချိန်မှာ ဒီ ခရေ လမ်းမှာ မိုးရွာထဲ သူငယ်ချင်း တွေ တရုန်းရုန်းနဲ့ ကျောင်းတက်ခဲ့ကြသည်။ ဖြူစင်တဲ့ စေတနာတွေနဲ့ တစ်ယောက်ကို တစ်ယောက် လက်တွဲ ခေါ်ယူရင်း တစ်ယောက် ကွက်လပ်ကို တစ်ယောက်က ဖြည့်ပေးရင်း ကြိုးစား တက်လှမ်း ခဲ့ကြသည်။ ဒီသူငယ်ချင်းတွေ အပါအ၀င် သူနဲ့ နှစ်ယောက်အတူ လမ်း လျှောက် ခဲ့ဖူးသည်။ မိုးရေ စိုရွှဲ နေတာကို မမှုဘဲ မိုးရေကြောင့် ကြွေတဲ့ ခရေ လတ်လတ် ဆတ်ဆတ် တွေကို တမ်းတမ်း မက်မက် ကောက်ခဲ့ ဖူးသည်။ ကျန်းမာရေး ချူချာသူ ကိုယ့်ကို စိုးရိမ် တကြီး ဗျစ်တောက် ဗျစ်တောက် ဆူရင်း ထီးလိုက် မိုးပေးရင်း ရွှဲရွှဲစို ကုန်သော ကိုယ်တို့ နှစ်ယောက်ကို သူငယ်ချင်းတွေ ၀ိုင်းစ, တော့ ရှက်ရမ်း ရမ်းပြီး သူ့ပုခုံးကို စာအုပ်နဲ့ ရိုက်ဖူး သည်။ ပြီးတော့ ရှက်မွှန် မွှန်ပြီး ကားလမ်းကို ကယောင် ကတမ်း ဖြတ်ကူးတော့ ကားတိုက်မိ မလို ဖြစ်လို့ သူက ကမန်းကတန်း ပြေးလာပြီး လှမ်းအဆွဲမှာ ….

(((ကျွီ…..))) ဟေ့ .. အဲလောက်တောင် မိုးမမြင် ကားမမြင် လမ်းပေါ်တက်ကဲ နေရလား.. ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော် သေချင်နေလား .. မင်းတို့ သေချင်လဲ ငါ အမှုပတ် မခံနိုင်ဘူး.. လမ်းဘေး ဆင်းလျှောက်…

ကြောက်မက်ဖွယ် ကား အရှိန်သတ်သံနဲ့ အတူ ဟိန်းဟောက် ငေါက်ငမ်းသံ တို့ကြောင့် လန့် ပြီး ဖျတ်ခနဲ လှည့်ကြည့်ခိုက် မီးဝင်းဝင်း တောက်သော မျက်လုံး အစုံနဲ့ ကားမောင်းသူက ကားကို ဒေါသတကြီး ကွေ့မောင်း သွားခဲ့ပြီ။

နင်ကလဲ !! ဘာလို့ လာဆွဲတာလဲ.. ဟိုမှာ ငါတို့ကို ရစရာ မကျန်အောင် အော်ငေါက်သွားပြီ

ဟဲ့.. နင့်ကို ကားတိုက်မိမှာ စိုးလို့ ပေါ့ဟဲ့

နင့္ကိုပါ တိုက္မိမွာက် မစိုးရိမ္ဘူးလား

ဟေ့အေး.. နင့်ကို တိုက်မိမှာ စိုးလို့ မျက်စိပြာထွက် သွားပြီး ဘာလုပ် လိုက်မိ မှန်းတောင် သတိ မထားလိုက် မိဘူး

ရှက်တာရော လန့်တာပါ ပေါင်းပြီး ရင်ခုန် မောဟိုက် လွန်းလို့ သွေးရှိန် တက်ပြီး နီရဲ နေတဲ့ ကိုယ့်မျက်နှာကို ကရုဏာ သက်စွာ ကြည့် ရင်း ကားငှားပြီး အိမ်အရောက် လိုက်ပို့ ပေးခဲ့တဲ့ သူ… ဒီလို ကားတိုက် မိမှာ စိုးလို့ ဖျတ်ခနဲ လှမ်းဆွဲတဲ့ လက်ဖ၀ါး အတွေ့ နွေးနွေးလေးက တစ်သက်မှာ နှစ်ကြိမ်ထဲ ဆိုပေမယ့် နှလုံးသား ထဲထိ စီးဝင် သွားခဲ့ တယ် မောင်။
************************************************************
ဖြူဖြူစင်စင် နေခဲ့မိတာ အမှားလားမောင်။ မောင့်ဘ၀ လုံခြုံ ပျော်ရွှင်နေမှ ပျော်နိုင်မှာမို့ ဒီလို အခြေအနေနဲ့ နီးစပ်အောင် ဖန်တီးခွင့်တွေနဲ့တောင် အလှမ်းဝေး လွန်းလှလို့ ဖြူစင်တဲ့ သူငယ်ချင်း ဆိုတဲ့ အခြေအနေ လေးတွေကို အနိုင်နိုင် ထိန်းထား ခဲ့ရင်း နီးစပ်ခွင့် လေးတွေကို ရှာကြည့် ခဲ့ပါသေးရဲ့။ ဒါပေမယ့် မောင်ရယ်… အကုသိုလ် ဆိုတာ ၀င်ရင် အပေါင်း အဖော်နဲ့ ၀င်တတ်တယ် ဆိုသည့် အတိုင်း နောက်ဆုံး အနေနဲ့ နှုတ်ဆက်ခွင့် လေးပင် မရခဲ့။ မောင့် အနား မှာလဲ ဆူးမဲ့ တော်ဝင် ပန်းလေး တွေက အစီအရီပါ။ ကန္တာရ ဆူးပင် တစ်ပင် ကနေ ဘယ်အချိန် ဘယ်လို ပွင့်နိုင် မယ်မှန်း မသေချာ နိုင်တဲ့ အခွင့် တစ်ခုကို တော်ဝင်ပန်းနဲ့ မလဲချင် ပါနဲ့ မောင်ရယ်။ မလဲစေချင်ပါဘူး။ နှလုံးသားမှာ မောင်က အပြည့် နေရာ ယူပြီးခါမှ ချစ်မိမှန်း ရိပ်မိ သိရှိ ခဲ့ရတဲ့ နောက်ကျမှု အတွက် ဘယ်လွမ်းကျန် နေချင်ပါ့ မလဲ မောင်ရယ်။ ဒါပေမယ့်လေ.. ကိုယ့်နှလုံးသား စိတ်အဆာ ပြေဖို့ မောင့်ဘ၀ကို ကိုယ့်နားမှာ အဆင်းရဲ ခံပြီး ခေါ်မထား ရက်ဘူးမောင်။ မောင့်ရဲ့ ဖြူစင် အပြစ်ကင်းတဲ့ နှလုံးသားကိုလဲ ဘယ်နည်းနဲ့မှ မနာကျင် စေရက်ဘူး။ ဒီလိုနဲ့ ဆုံးဖြတ်ချက် မခိုင့်တခိုင်ကို အတင်း ဖြတ်ချရင်း မောင်နဲ့ ဝေးရာဆီ ပြေးထွက် ဖို့ ကြိုးစား ခဲ့ရသည်။ ရုန်းထွက်ရာ လမ်းမှာ မိုးစက်တွေ နဲ့အတူ ခရေ တွေ တဖွဲဖွဲ ကြွေနေတယ်မောင်…

ကံကြမ္မာ မုန်တိုင်း တစ်ခုကို မောင့်ဆီ သယ်ဆောင် မလာရက်ဘူး မောင်… နှလုံးသား သစ်ပင် က အချစ်ပန်းတို့ မဝေခင် တည်းက ရာသီကျော် စဉ်းစား ချင့်ချိန်မှု ဦးနှောက်က ပူပင် သောက တွေကြောင့် အလွမ်းတွေ အရင် ကြွေခဲ့ ပြီကော… ကျူရှင် break ပေးချိန်မှာ ထုံးစံ အတိုင်း စကားတွေ ပေါက်ပေါက်ဖောက်ရင်း သီချင်းဆိုရင်းနဲ့ အရင်နေ့ညက မြ၀တီ ရုပ်သံက ပြသ ခဲ့တဲ့ ဇာတ်လမ်းကို ဆွေးနွေး ငြင်းခုန် သလိုလိုနဲ့ မင်းသားကို အဆက်ဖြတ်တဲ့ မင်းသမီး ကိုယ် စား ရှေ့နေ လိုက်ပေး ခဲ့ရင်း မောင့်အတွက် စကား တခွန်း ချန်ဖြစ် ခဲ့သည်။

မင်းသမီးက မင်းသားကို ဖြတ်ပစ်ခဲ့တာ အချစ်တစ်ခု အတွက်နဲ့ ဘ၀ကို မဖျက်စေချင်လို့ ပါဟာ..

ဒါပေမယ့် အဲဒီ အချစ်တစ်ခု မရှိရင်ကို ဘ၀က အဓိပ္ပာယ် နဲ့ အနှစ်သာရ မရှိတော့ဘဲ ခြောက်ခမ်း သေဆုံး ခဲ့သလို ဖြစ်တတ်တယ်ဟ

ဖြစ်တတ်တာ ဖြစ်မှာပါ.. ဖြစ်ကို ဖြစ်ရမယ် ရယ်လို့တော့ မဟုတ်ဘူး မို့လား။ နောက်ပြီး အချစ်ဆိုတာ ပြန်လည် ရှင်သန် နိုင်သလို ထပ်ပြီးလဲ မွေးဖွား နိုင်စွမ်း ရှိတတ်ကြတယ် မို့လား

လင်းလက် နေတဲ့ သူ့မျက်ဝန်း ရုတ်တရက် မှိုင်းမှုန် သွားခဲ့သည်။ ပြီးတော့ အဝေးကို ငေးရင်း တွေးရင်းမှ သူ့ကို လိုက်လျောသလို သဘော တူသလိုလိုနဲ့ မသေမချာ စကားတခွန်း ပြန်ခဲ့သည်။

အင်းးး ဟုတ်ချင် ဟုတ်မှာပေါ့ တဲ့..

ဇာတ်ကားတွေကလဲဟာ ဒီအချစ် အကြောင်းချည့် ရိုက်ပြ နေလိုက်တာ… အချစ်စစ် ဆိုတာ ဘာလဲ။ ပေးဆပ်ခြင်းလား ရယူခြင်းလား။ စွန့်လွှတ်ခြင်းလား။ ပိုင်ဆိုင်ခြင်းလား။ အချစ်ကို ရအောင် ယူနိုင်သူက နိုင်သူလား။ ဒါဆို ချစ်မိသွားတဲ့ မိန်းကလေးက အရှုံးပေး ပါတယ် ဆိုတော့ ဘာကို ရှုံးသွားတာလဲ…

အဲဒါတွေကြောင့် ငါက မြန်မာကားတွေကို မကြိုက်တာ ပေါ့ဟ.. ချစ်တယ် ဆိုတာ အပေးအယူ လုပ်နေတာ မဟုတ်ဘူး။ အရောင်း အ၀ယ် လုပ်နေတာလဲ မဟုတ်ဘူး။ အလဲ အလှယ် လုပ်နေ တာလဲ မဟုတ်ဘူး။ အနိုင်အရှုံး သတ်မှတ် ရအောင် ပြိုင်ပွဲ လုပ်နေ တာလဲ မဟုတ်ဘူးလေ။ ငါကတော့ ချစ်တယ် ဆိုတာဟာ ငါချစ်တဲ့ မိန်းကလေး စိတ်ချမ်းသာ ပျော်ရွှင် ကျေနပ် နေတာ ကို ငါ တစိမ့်စိမ့် ကြည့်ရင်း ပျော်နေတာ.. ငါချစ်တဲ့ မိန်းကလေး အဲလို ဖြစ်နေအောင် ငါက ဖြည့်ဆည်း ပေးနေရတာကို ကျေနပ်နေတာ ဒါဟာ ငါ့အချစ်ပဲ..

အော် ဒါဆို နင်က အချစ်ကို ပေးဆပ်ခြင်းလို့ ယူဆ တာပေါ့ ဟုတ်လား

ဟုတ်ဘူး.. ငါက အဲလို နေရတာကို ပေးဆပ် နေရ ပါလား လို့ကို မမြင်တာ.. ငါ့စိတ်ထဲမှာ ကျေနပ်မှုတွေ ငါရ နေတယ်လေ…

သူ့စကားတွေက တဖြည်းဖြည်းနဲ့ နှုတ်ဖျား မှာသာ မက မျက်ဝန်း မှာပါ လက်ဖြာ လာလေပြီ။ ပြုံးရီ လဲ့စို နေတဲ့ သူ့မျက်ဝန်း များကြောင့် ကိုယ် တားဆီး နိုင်ခြင်းငှာ မစွမ်းသော အခြေအနေ သို့ မရောက်မီ အမြန် စကားစ ဖြတ်ရ တော့မည်မို့

ဒါဆို ဒသနတွေ ကျွမ်းနေပုံ ထောက်ရင် နင် တစ်ယောက် ယောက်ကို ချစ်ဖူးပြီးသား ထင် တယ်။ နင့်ကောင်မလေး ကံကောင်းတာ ပဲပေါ့။ ငါတို့နဲ့ မိတ်ဆက် ပေးဖို့ တရက်ရက် ခေါ်လာ ခဲ့လေ…

ကွက်ခနဲ ပျက်သွားသော မျက်နှာ၊ တင်းခနဲ စေ့သွားသော နှုတ်ခမ်း၊ မသိ မသာလေး တွန့်ချိုး သွားသော မျက်မှောင် တို့နဲ့ အတူ ဖွဖွလေး ချလိုက်သော သက်ပြင်းတို့က တကယ့်ကို ငြင်ငြင် သာသာ လေး ရယ်ပါ။

မင်္ဂလာဆောင်မှပဲ ကြည့်တော့ဟာ.. နင်တို့ စနောက် နေရင် ငါ့ကောင်မလေး ရှက်နေရ ဦးမယ်
(((အောင်မယ်လေးဟဲ့.. အဖြစ်သည်း နေလိုက်တာ)))
သူတို့ နှစ်ယောက်ရဲ့ အခြေအနေကို အကဲခတ် စောင့်ကြည့် နေသော သူငယ်ချင်းတွေ ပြိုင်တူ ၀ိုင်းအော်ရင်း တစ်ယောက် တစ်ပေါက် ကျိန်ဆဲ ကြတော့ သူက ရယ်ဟဟနဲ့။

********************************************************
စာရူး ကဗျာရူးလေးများ ပီပီ ကဗျာစာအုပ် စုထုတ်ဖို့ စိတ်ကူးယဉ် ကြချိန်။ တစ်ယောက် ၂ပုဒ်နှုံး ကဗျာစုဖို့ တောင်းဆိုကြတာမို့ စာအုပ်ဟောင်းလေးထဲက ကဗျာဟောင်းတွေကို ကောင်းနိုးရာရာ ပြန်ရွေးနေချိန်…
ဟိတ် .. ဘာကဗျာတွေ ရှိလဲ ပြဦးလေ
အာာာ ပြဘူး။ ရွေးပြီးရင် ကြည့်ပေါ့..
မပြလဲ နေပေါ့ .. ငါတို့က နင် ကျောင်းလခ သွင်းနေတုန်း နင့်လွယ်အိတ်ထဲက ခါးပိုက်နှိုက် လုပ်ထားပြီး ခိုးဖတ်ပြီးပေါ့။ တစ်ပုဒ် ရွေးပြီးပြီ ဒါပဲ…
ဟမ်.. အစုတ်ပလုတ်တွေ အဲလို လုပ်စရာလား.. စိတ်ပုတ် လိုက်ကြတာ ဘယ် တစ်ပုဒ်တုန်း
(((အိပ်မက် ချစ်သူ တဲ့)))
ပြုံးပြုံးကြီး လှမ်းပြောတဲ့ သူတို့ကို သေချာ မကြည့်ရဲဘဲ လှမ်းပေးလာတဲ့ စာအုပ်ကို လွယ်အိတ်ထဲ ကမန်းကတန်း ထိုးထည့်ရင်း ပြေးထွက် ခဲ့တော့ ကရော်ကရော် အော်ရင်း နောက်ပြောင်သံတွေ နောက်နားဆီမှာ ဝေးလို့ ကျန်ခဲ့ပြီ။ ရင်မောရပါလား မောင်ရယ်…

အိပ်မက် ချစ်သူ

ဖြူစင်တဲ့ စိတ်နှလုံး
ခန့်တည်တဲ့ ရုပ်ရည်
အားထားလောက်တဲ့ လူရည်လူသွေး
ချီးကျူးရတဲ့ လုပ်ဆောင်ချက်တွေနဲ့
အိပ်မက်ထဲက ချစ်သူရေ
အာရုဏ်နဲ့ ဆည်းဆာကြား
လွမ်းလိုက်တာကွယ်
အခက်အခဲ တွေ့ခဲ့ရင်
ရှေ့ကသာ ရင်ဆိုင်လို့
ဘ၀ တကွေ့ တွေ့မယ့် ပြသနာ
သူသာလျှင် ဖြေရှင်းမတဲ့လား

မေတ္တာ သံလျှက်၊ သစ္စာ ဦးသျှောင်
မြဲမြဲ ဆောင်လို့
ဘ၀ခရီးလမ်းတလျှောက်
ကျင့်ဝတ်တွေ စောင့်ချင်ပြန်သတဲ့လား

ဂုဏ်မမက် ငွေမမက်ပေမယ့်
ဖြူစင်ရိုးသားမှု နှလုံးသားလေးတစ်ခု
ပိုင်စိုးမှု ဧကရာဇ် တစ်ဆူ
သူ့ကို ကိုယ်မြတ်နိုးလိုက်ရတာ….

ဒါပေမယ့်လဲလေ.. သူသိရဲ့လား အိပ်မက်ချစ်သူရေ
အပြင်လောက တခွင်မှာတော့
ဂုဏ်၊ အာဏာ၊ ငွေ အမိုး လက်နက်နဲ့
နည်းမျိုးစုံ လက်ကိုင်ပြုလို့
လုယက်ချင်ကြတဲ့ ဗိုင်းရပ်စ်တွေ ထူပြော နေလေရဲ့

ထူထဲတဲ့ ခံယူချက်တွေနဲ့မို့
လုံခြုံအောင် မကာကွယ် နိုင်သေးခင်တော့
အိပ်မက်ထဲက ချစ်သူရယ်
ဘယ်လို အခြေအနေနဲ့မှ အစွန်းထင်း မခံနိုင်တာမို့
Yes or No မပြောရက်
အိပ်မက်ထဲက မထွက်ခဲ့ပါနဲ့ကွယ်။ ။
*************************************************************

ဒီလိုနဲ့ သီတင်းကျွတ်တော့ ကျောင်းတွေလဲ ပြီးခဲ့ပြီ။ လုပ်ငန်းခွင် ၀င်ပြန်တော့ အချင်းချင်း လဲ မြင်တွေ့ရချိန် နည်းလာခဲ့သည်။ တယ်လီဖုန်း များတော့ အဆက်အသွယ် မပြတ် ကြ။ သို့သော် ကံကြမ္မာ မုန်တိုင်းက ရိုင်းသထက် ရိုင်းလာခဲ့ပြီ။


ကိုယ်နဲ့ အတူ ရှိနေရင် ကြုံတွေ့ရမယ့် ဒုက္ခ တွေကြောင့် နာကျင် ခက်ခဲစွာ ခံစား နေရ မှာကို မကြည့်ရက် မမြင် ရက်လို့ ဝေးနေရင် မီးဝေး ချိတ်မာ ဆိုသလို ခံစားချက် သက်သာ ပါစေ တော့ ရယ်လို့ ပြေးထွက် ခဲ့တာပါ မောင်။ ဘ၀မှာ နွေးထွေး လုံခြုံစွာနဲ့ အချစ်ခံရသူ မောင့် အတွက် ကိုယ့်အချစ် မရှိလဲ မိသားစု ပတ်ဝန်းကျင်က ပေးတဲ့ အချစ်နဲ့ လုံလောက် နေမှာပဲ လို့ တွက်ဆ၊ အချိန်နဲ့ ကြင်နာ ယုယမှု မပေး နိုင်တဲ့ ကိုယ့်အချစ် သေးသေးလေးကို မရရုံနဲ့ ဘာမှ မဖြစ် လောက်ဘူးလို့ ထင်ခဲ့မိ တာလဲ ပါပါတယ်မောင်… ဝေးလေလေ ဆွေးမပြေ ဖြစ်ရ မယ်မှန်း သိရင် စတည်းက ဒီလမ်းကို မမြန်း ခဲ့ဘူးမောင်… ဆုံးဖြတ်ချက် မှားမှန်း သိတဲ့ အချိန်မှာ လွမ်းနောင်တ တို့က အထိတ်တလန့် သတိပေး ချိန်မှာ ပြန်ပြင်ဖို့ အချိန်နှောင်း ခဲ့ပြီလေ..

ဘ၀မှာ ကံကြမ္မာ မုန်တိုင်းတို့ ဘယ်လောက် ရိုင်းရိုင်း ကိုယ့်ကို အမြဲ ကာကွယ် ပေးတတ်တဲ့ အားပေးတတ်တဲ့ မောင့်ကို အိပ်မက်ထဲမှာ မြင်လိုက် ရရုံနဲ့ အရာရာကို တစ်ယောက်တည်း ရင်ဆိုင် ရဲလောက်အောင် ဘ၀တစ်ခုလုံး ပြီးပြည့်စုံ အားရှိ သွားတယ် ဆိုရင် ပိုတယ်လို့ ဆိုမှာလားမောင်.. အဲလိုတော့ မပြောပါနဲ့ လောကကြီးရယ်.. ဒီလို ကံကြမ္မာ မုန်တိုင်းတို့ ရိုင်းလေတိုင်း အနားမှာ မောင် မရှိတာ တော်ပါသေးရဲ့.. မဟုတ်ရင် မောင်ပါ ခံစားနေရမှာ ဆိုတဲ့ အတွေးကြောင့် စိတ်သက်သာ ရာရ တတ်လို့ပါ။

ဒါပေမယ့် လဲလေ… မလွမ်းပါနဲ့ လို့ မတားရက် ခဲ့တာ မောင် ပိုလွမ်းမှာ စိုးလို့ပါ။ ၀ါဆို မိုးတို့ ဖြိုင်ဖြိုင် ရွာပြီ ဆိုရင် သစ်စေ့ လေးတွေ ကနေ သစ်ပင်ပေါက် လေးတွေ အပြိုင်းအရိုင်း ထွက်ပေါ် လာသလို အချစ် သစ်စေ့ လေးတွေ ကနေပြီး အလွမ်း ခွန်အားတို့ ရှင်သန် နိုးထလို့ သတိရခြင်း အပင်သစ် လေးတွေ အပြိုင်း အရိုင်း ထွက်ပြူလို့… နှစ်ယောက် အတူ လျှောက် ဖူးတဲ့ လမ်းမဟုတ် ပေမယ့် ခရေပင်တွေ စီတန်း ပေါက်ရောက် နေတဲ့ လမ်းတွေ ဆီကို မိုးရွာချိန် တွေမှာ ရောက်တိုင်း … မိုးကြောင့် ကြွေတဲ့ ခရေဖြူ လတ်လတ်ဆတ်ဆတ် တွေကို ငေးရင်း အလွမ်းခရေ တို့ကလဲ နှလုံးသား သစ်ပင် ထက်က တဖြုတ်ဖြုတ် ကြွေလို့… ခရေ ပင်ရိပ်မှာ ကိုယ်တစ်ယောက်တည်း ခရေတွေနဲ့ အတူ အသည်းတို့ အခါခါကြွေ….
**********************************************************

မောင် လွမ်းကျန် ခဲ့တယ် ထင်တယ် ဆိုတဲ့ စကားတွေကို အတ္တ မကုန်သေးသူ ပီပီ ရင်ခုန် ကျေနပ်စွာ နားထောင် နေမိပေမယ့် အလွမ်း ဒဏ်ရာကို မောင် မခံစား ရစေချင်တဲ့ ဆန္ဒတွေက ဒီရေလှိုင်းလို တလိမ့်လိမ့် တက်လာ ပြန်သည်။ အချစ်ကို ကိုးကွယ်ရင်း နှလုံးသား ကို မနာကျင် စေချင်ဘူးမောင်… လက်ရှိ အခြေအနေကြောင့် မေ့လို့ မရဘူး ဆိုရင်လဲ အပြစ် မြင်စရာ အမှား တွေကို မြင်လို့ မုန်းလိုက် ပါတော့မောင်. ခံစားချက် မဲ့တဲ့ အတ္တကြီးလွန်းပြီး မေတ္တာ တရား ခေါင်းပါး လွန်းတဲ့ မိန်းမ တစ်ယောက် အဖြစ် အပြစ် မြင်လို့ မုန်းမေ့ လိုက် ပါတော့… မုန်းမေ့မှ မောင် ခံစားရ သက်သာ မှာမို့ မောင်မုန်းအောင် တမင် လုပ်ရက် ခဲ့တဲ့ မိန်းမ တစ်ယောက်ကို မောင် မလွမ်း ပါစေနဲ့ လို့ပဲ ဆုတောင်း နေမိတယ် မောင်…

You received this email because you are subscribed to the real_time feed for http://khunmyahlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ရှင်သန်နေဆဲ သီချင်း

ရှင်သန်နေဆဲ သီချင်း

မနက်ဖြန်ဟာ လှန်ကြည့်ခွင့်မရှိတဲ့
ဖဲတစ်ချပ်ဆိုရင်
ကုန်ဆုံးသွားတဲ့ အတိတ်ဟာ
ကောက်ကျစ်တဲ့ ကစားပွဲတစ်ခုရဲ့ နိဒါန်းပဲ
အသစ်မရှိတော့ အဟောင်းကိုပဲ
ဖာထေးပြုပြင်ပြီး ပြန်သုံးနေရ
သီအိုရီတွေမှားနေသေးသ၍
နာကျင်ဆုံးရူံးမူတွေနဲ့ ကြုံနေရဦးမယ်။

ကြိုက်ဈေးမရလို့
ရသလောက်ဈေးနဲ့ ရောင်းပြန်ရမှာလား
တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်ချင်တာ လုပ်ခွင့်မရပဲ
မလုပ်ချင်တာတွေ လုပ်နေရတာကများ
ငါသွားချင်တယ်
ပိတောက်တွေပွင့်တဲ့ အရပ်ဒေသတစ်ခုဆီ
ငါပြန်ရချင်တယ်
တစ်ခါက ရင်ခုန်လိုက်မောဖွယ် နွေဦးညများ။

အမြဲတမ်း သတိတရ ဖြစ်နေဖို့ဆိုရင်
ဖျောက်ဖျက်မရတဲ့ အမာရွတ်တစ်ခု
လိုအပ်ကောင်းလိုအပ်မယ်
တစ်ခုခု မပေးပဲနဲ့ တစ်ခုခု ရပါ့မလား
ပျံသန်းနေတဲ့ စိတ်ကူးနောက်
အရူးလိုလျှောက်လိုက်လို့
ဆောက်တည်ရာမဲ့ နေ့ရက်တွေမှာ
ငါ့အလွမ်းကို လူတွေမသိကြဘူး။
မည်သို့ဆိုစေ
ခွန်အားရှိသ၍
ပျံသန်းနေရဦးမယ်
လူ့ဘ၀ဆိုတာ အတိတ်အကြောင်း
စားမြုံ့ပြန်နေရုံနဲ့ မပြီးဘူးမဟုတ်လား။

စကားနည်းနည်းပြောပြီး များများနားထောင်ပါ
လူတွေက ဟန်ဆောင်ဆက်ဆံနေကြ
Self-selling ဆိုပါလား
ကျနော်ကတော့ ကိုယ့်ကိုကိုယ်ချရောင်းဖို့
ဝါသနာမပါဘူး မိတ်ဆွေ။

သစ်တစ်ပင်ခုတ်လှဲတိုင်း
နေ့တစ်နေ့ကုန်ဆုံးသွားတိုင်း
အဖိတ်အစဉ်များတဲ့ သက္ကရာဇ်တွေထဲ
သိဒ္ဓတ္ထ ထားခဲ့တဲ့ တရားကို
လက်တွေ့ မြည်းစမ်းကြည့်ခွင့်ရခဲ့။

အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်နေသေးသ၍
ဆုံးရူံးမူတွေကြုံနေရဦးမယ်
မိုးရာသီရောက်နေတာတောင်
နွေဦးကို တမ်းတနေမိသူ။

ခင်ဗျားဘက်ကကြည့်တော့ခေါင်း
ကျနော့်ဘက်ကကြည့်တော့ပန်း
မည်သို့ရှိစေ
ပြိုင်ပွဲဆိုတာ
အနိုင်ရဖို့လိုရင်းမဟုတ်လား။

အလံကိုင်ခွင့်ရတဲ့ မိတ်ဆွေများ
သင်တို့ငြိမ်းချမ်းပါစေ
ပြီးတော့ သင်တို့လက်ထဲက အလံ
မြဲမြံနေပါစေ
ဘယ်သူပဲဖြစ်ဖြစ်
(အနည်းဆုံး)
တစ်ယောက်ယောက်ကတော့
အဆင်ပြေဖို့လိုတယ်မဟုတ်လား။
ကျနော်သွားပါဦးမယ်
ငြိမ်းချမ်းနွေးထွေးတဲ့ ရင်ခွင်တစ်ခုဆီကိုလား
ကားစင်တစ်ခုဆီကိုလား
ဘာကများသေချာလို့လဲ။

မနစ်မြုပ်သေးသ၍
လှော်ခတ်ကြ
တစ်ချိန်ချိန်တော့
ကမ်းကပ်ခွင့်
ရတန်ကောင်းရဲ့……..။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.